← Chapters

အခန်း (၁၁၃-၁၁၄)

Vol. 12 Ch. 113-114

အခန်း (၁၁၃-၁၁၄)

Vol. 12 Ch. 113-114

အခန်း။ ၁၁၃

"နားလည်ပါပြီ"

ဝမ်ပင်းသည် မီးနဂါးကျွမ်းကျင်မှုအပေါ် အလွန်အမင်း မျှော်လင့်ချက်ကြီးမားနေသည်။ ထိုမျှော်လင့်ချက်များနှင့်အတူ သူသည် ခါးမှ ညမိစ္ဆာဓားကို ဆွဲထုတ်လိုက်ပြီး ခြေလှမ်းအနည်းငယ်အတွင်းမှာပင် သဲခုံကို ဖြတ်ကျော်ကာ ထိပ်ဆုံးသို့ ပြန်လည်ရောက်ရှိသွားသည်။ သူသည် လူမည်းရိပ်နှစ်ခုကို ထိပ်တိုက်ရင်ဆိုင်လိုက်ပြီ ဖြစ်သည်။

နောက်တစ်ခဏတွင် ထိုနှစ်ဦးမှာ လက်ဟန်များကို ထပ်မံစတင်လိုက်ကြသည်။

လေထုထဲတွင် မီးတောက်အငွေ့အသက်များကို တစ်ဖန်ခံစားလိုက်ရသည်နှင့် ဝမ်ပင်းသည် ကျည်ဆန်တစ်တောင့်ကဲ့သို့ ပြေးထွက်သွားပြီး မျက်တောင်တစ်ခတ်အတွင်းမှာပင် တစ်

ဦး၏ရှေ့သို့ ရောက်ရှိသွားကာ ညမိစ္ဆာဓားဖြင့် လည်ပင်းကို ထိုးစိုက်လိုက်သည်။

ထိုသူ၏ ခေါင်းမှာ စောင်းသွားပြီး လက်ဟန်ဖော်နေမှုမှာ ရုတ်တရက် ရပ်တန့်သွားတော့သည်။ ထို့နောက် သူသည် အမည်းရောင် မီးခိုးငွေ့အဖြစ် ပြောင်းလဲသွားကာ အဆုံးမရှိသော သဲကန္တာရထဲသို့ ပျောက်ကွယ်သွားတော့သည်။

ဝမ်ပင်းသည် တစ်ဦးကို လျှပ်စီးကဲ့သို့ မြန်ဆန်စွာ သတ်ဖြတ်နိုင်ခဲ့သော်လည်း အခြားတစ်ဦး၏ လက်ဟန်ဖော်မှုကိုမူ မတားဆီးနိုင်ခဲ့ပေ။

လက်ဟန်မှာ ပြီးမြောက်သွားပြီဖြစ်ကာ မီးတောက်များမှာလည်း ကောင်းကင်တစ်ခုလုံးကို ဖုံးလွှမ်းသွားချေပြီ။

လွှမ်းမိုးထားသော မီးပင်လယ်ကြီးက သူ့ထံသို့ တိုးဝင်လာသော်လည်း ဤတစ်ကြိမ်တွင် ဝမ်ပင်းသည် ရှောင်မပြေးတော့ပေ။ ယင်းအစား သူသည် နောက်သို့ဆုတ်ရန် ကြိုးစားနေသော အခြားတစ်ဦးထံသို့ လက်ကို တိုက်ရိုက်ဆန့်ထုတ်လိုက်သည်။ ထိုသူ၏အရှိန်မှာ ဝမ်ပင်းနှင့်ယှဉ်လျှင် အလွန်နှေးကွေးလွန်းလှသည်။

ထိုသို့ဖြင့် မီးတောက်များက ဝမ်ပင်းကို ဝါးမြိုလိုက်ချိန်မှာပင် ညမိစ္ဆာဓားမှာ ထိုသူ၏ ရင်ဘတ်ကို ဖောက်ထွက်သွားတော့သည်။

ရှူး

လေပြင်းတစ်ချက် တိုက်ခတ်သွားပြီး ထိုသူမှာ အမည်းရောင် မီးခိုးငွေ့အဖြစ် ပြောင်းလဲသွားသည်နှင့်အမျှ မီးတောက်များမှာလည်း အတူတူ ပျောက်ကွယ်သွားတော့သည်။

ဝမ်ပင်းသည် မီးတောက်များထဲမှ ထွက်လာပြီး ညမိစ္ဆာဓားကို အိမ်ထဲသို့ ပြန်ထည့်လိုက်သည်။ သူ၏လက်ကောက်ဝတ်ရှိ ကျန်ရှိနေသော အပူရှိန်ကို သုတ်ဖယ်ရင်း "တကယ်လို့ ငါ့မှာ စင်ကြယ်သောခန္ဓာအတုသာ မရှိရင် ဒီမီးတောက်တွေက ငါ့အသားကို တိုက်ရိုက် လောင်ကျွမ်းသွားစေမှာပဲ" ဟု ရေရွတ်လိုက်မိသည်။

ဝမ်ပင်းသည် ဤမီးတောက်အတတ်ပညာနှင့် ပတ်သက်၍ နားလည်မှုအသစ်တစ်ခု ရရှိသွားခဲ့သည်။

၎င်းမှာ သာမန် လက်သီးချင်းထိုးခြင်း သို့မဟုတ် ဓားသိုင်းပညာရပ်များနှင့် နှိုင်းယှဉ်၍မရနိုင်ပေ။ နက်နဲသောအဆင့်သို့ မရောက်သေးလျှင်ပင် သို့မဟုတ် သွေးကြောတံခါး မပွင့်သေးလျှင်ပင် ဤအတတ်ကို ကျွမ်းကျင်ပါက သွေးကြောပညာရပ်ကဲ့သို့သော အစွမ်းကို ထုတ်ဖော်နိုင်သည်။

ခေတ္တမျှ စဉ်းစားပြီးနောက် ဝမ်ပင်းက စနစ်ကို ပြောလိုက်သည်။

"ဒုတိယထပ်ကို ဝင်မယ်"

"ဒုတိယထပ် ရှုပ်ထွေးသော အရှုပ်အထွေးများ"

စနစ်၏အသံ ပျောက်ကွယ်သွားသည်နှင့် သူ၏ရှေ့တွင် လှိုင်းတွန့်သဏ္ဌာန် အဝင်ဝတစ်ခု ပေါ်လာသည်။ ဝမ်ပင်းသည် တွန့်ဆုတ်မနေဘဲ တိုက်ရိုက် ဝင်ရောက်လိုက်သည့်အခါ ပတ်ဝန်းကျင် ရှုခင်းမှာ ပြောင်းလဲသွားပြီး သိပ်သည်းလှသော တောအုပ်ကြီးတစ်ခုထဲသို့ ရောက်ရှိသွားသည်။

ပတ်ပတ်လည်တွင် နေရောင်ကို ကွယ်ထားသော မြင့်မားသည့် သစ်ပင်ကြီးများ ရှိနေပြီး အေးမြသော လေထုကို ခံစားရသည်။

သို့သော် သူ အခြေချလိုက်သည်နှင့် မလှမ်းမကမ်းတွင် အသားအရောင် နီရဲနေသော လူသားနှစ်ဦး ပေါ်လာကာ သူတို့မှာ ဒုတိယထပ်၏ အစောင့်အရှောက်သစ်များပင်။

ပထမထပ်မှ အစောင့်များနှင့် မတူသည်မှာ သူတို့သည် လက်ဟန်ဖော်ရန် အချိန်မဆွဲကြခြင်းပင်။ ဝမ်ပင်းကို မြင်သည်နှင့် သူတို့သည် လက်များကို မြှောက်ကာ အတတ်ပညာများကို ထုတ်ဖော်လိုက်ကြသည်။

၁၀ မီတာခန့် ရှည်လျားသော မီးမြွေနှစ်ကောင်မှာ အရှိန်အဟုန်ဖြင့် ပြေးဝင်လာပြီး ၅ မီတာပတ်လည်ရှိသမျှကို မီးတောက်များဖြင့် ဖုံးလွှမ်းသွားကာ သစ်ပင်ကြီးများကိုပင် ချက်ချင်း လောင်ကျွမ်းစေတော့သည်။

ဒုတိယထပ်၏ ထူးခြားမှုကို သိမြင်လိုက်သဖြင့် ဝမ်ပင်းက ပြတ်ပြတ်သားသားပင် "ဒါကို မြန်မြန်ပဲ အဆုံးသတ်လိုက်ကြရအောင်" ဟု ပြောလိုက်သည်။

သူသည် မီးမြွေများ၏ အစွမ်းကို စမ်းသပ်ရန် ရည်ရွယ်ချက်မရှိပေ။ သူသည် ပါးစပ်ကို ဖွင့်လိုက်ပြီး နဂါးအမျက်ဒေါသကို ထိုသူများထံသို့ ထုတ်လွှတ်လိုက်တော့သည်။

နဂါးဟိန်းသံကြီးက ပဲ့တင်ထပ်သွားသည်။

ချက်ချင်းပင် သူ၏ခြေဖဝါးအောက်ရှိ ဖုန်မှုန့်များနှင့် သစ်ရွက်များမှာ မုန်တိုင်းတစ်ခုကဲ့သို့ လွင့်စင်သွားတော့သည်။

မည်သည့် ထူးခြားမှုမျှ မရှိဘဲ ခန္ဓာကိုယ်လေ့ကျင့်ခြင်း အဆင့် ၈ ရှိသော ကျင့်ကြံသူနှစ်ဦးမှာ အမည်းရောင် မီးခိုးငွေ့များအဖြစ် ပြောင်းလဲသွားကြသည်။

ထိုသို့ အဆုံးသတ်ပြီးနောက် ဝမ်ပင်းသည် တတိယထပ်နှင့် စတုတ္ထထပ်တို့သို့ ဆက်လက်

တက်လှမ်းခဲ့ရာ မည်သည့်ဖိအားမျှ မရှိခဲ့ပေ။

နောက်ဆုံးတွင် သူ၏အစွမ်းမှာ ခန္ဓာကိုယ်လေ့ကျင့်ခြင်း နယ်ပယ်ရှိသူများကို အပြတ်အသတ် ချေမှုန်းနိုင်သည့် အဆင့်သို့ ရောက်ရှိနေပြီဖြစ်ရာ အစောပိုင်းအထပ်များမှ အစောင့်အရှောက်များမှာ သူ့အတွက် ခြိမ်းခြောက်မှု မဟုတ်တော့ပေ။

သို့သော် အနိုင်ရရှိရန်မှာလည်း လွယ်ကူလှသည်တော့ မဟုတ်ပေ။

တတိယထပ်၏ အစောင့်အရှောက်မှာ မီးလုံးကျွမ်းကျင်မှုကို အသုံးပြုသော ခန္ဓာကိုယ်

လေ့ကျင့်ခြင်း အဆင့် ၉ ကျင့်ကြံသူဖြစ်ပြီး စင်ကြယ်သောခန္ဓာအတုရှိနေ၍သာ ဝမ်ပင်း

အနေဖြင့် ခဏချင်းအတွင်း ဖြေရှင်းနိုင်ခဲ့ခြင်းပင်။

ထိုတိုက်ပွဲမှတစ်ဆင့် သူတို့၏ အားနည်းချက်ကြီးတစ်ခုကိုလည်း ဝမ်ပင်း ရှာဖွေတွေ့ရှိခဲ့သည်။ သူတို့မှာ အဝေးမှ တိုက်ခိုက်လျှင် အဆင့်ကျော်၍ တိုက်နိုင်လောက်အောင် အစွမ်းထက်သော်လည်း အနီးကပ်တိုက်ခိုက်ခံရလျှင်မူ အဆင့်တူကျင့်ကြံသူတစ်ဦးကပင် အလွယ်တကူ အနိုင်ယူနိုင်စွမ်း ရှိသည်။

စတုတ္ထထပ်၏ အစောင့်အရှောက်မှာ အဆင့် ၁၀ ကျင့်ကြံသူဖြစ်ပြီး သူအသုံးပြုသော အတတ်ပညာများမှာ သိပ်ပြီး ထူးထူးခြားခြား ပြောစရာမရှိလှပေ။

မည်သို့ပင်ဆိုစေ သူ့ကို ရှင်းလင်းပြီးနောက် ဝမ်ပင်းသည် ပဉ္စမထပ်သို့ ရောက်ရှိလာပြီး အဆင့် ၁၁ ရှိသော အစောင့်အရှောက်နှင့် တွေ့ဆုံခဲ့သည်။ ထိုအစောင့်အရှောက် ထုတ်ဖော်လိုက်သော မီးနဂါးကျွမ်းကျင်မှုမှာ နဂါးအမျက်ဒေါသထက်ပင် ပိုမိုအစွမ်းထက်နေသည်။

တစ်ချက်တည်းဖြင့်ပင် ၁၀ မီတာကျော် မြင့်သော တောင်စောင်းတစ်ခုမှာ ပြိုကျပျက်စီးသွားပြီး လူတစ်ရပ်စာရှိသော ကျောက်တုံးကြီးမှာလည်း မီးတောက်များထဲတွင် အရည်ပျော်သွားခဲ့သည်။

အကယ်၍ စင်ကြယ်သောခန္ဓာအတုနှင့် မသေမျိုးလေပြေဝတ်ရုံ၏ အကာအကွယ်ဒိုင်းသာ မရှိခဲ့လျှင် သူသည် ထိုမီးနဂါးကျွမ်းကျင်မှုအောက်တွင် ရှုံးနိမ့်သွားနိုင်သည်ဟု ဝမ်ပင်း ခံစားလိုက်ရသည်။ တိုက်ပွဲအပြီးတွင် ဝမ်ပင်းသည် ပျက်စီးသွားသော အကာအကွယ်ဒိုင်းနှင့် ပြာအဖြစ် ပြောင်းလဲသွားသော ဝတ်ရုံကိုကြည့်ကာ ဝမ်းနည်းမည့်အစား ကျေနပ်နေမိသည်။

နောက်ကျောမှ အေးစိမ့်မှုကို ခံစားလိုက်ရသဖြင့် ဝမ်ပင်းက အလျင်အမြန်ပင် "အခွင့်အရေးကို သုံးမယ်။ မီးနဂါးကျွမ်းကျင်မှုကို အပြည့်အဝ နားလည်ချင်တယ်" ဟု ပြောလိုက်သည်။

"အခွင့်အရေး အသုံးပြုမှု အောင်မြင်သည်"

စနစ်၏အသံ ပျောက်ကွယ်သွားသည်နှင့် ဝမ်ပင်းသည် ကိုယ့်ကိုကိုယ် မထိန်းချုပ်နိုင်တော့ဘဲ တင်ပျဉ်ခွေထိုင်လျက်သား ဖြစ်သွားကာ အနီရောင်အလင်းတန်းများက သူ၏ဦးနှောက်ထဲသို့ စီးဝင်လာတော့သည်။

နာရီဝက်ခန့်အကြာတွင် ဝမ်ပင်း မျက်လုံးဖွင့်လိုက်ပြီး လက်တစ်ချက် ဝေ့ယမ်းလိုက်ရုံဖြင့် ၃ မီတာမှ ၄ မီတာခန့် ရှည်လျားသော မီးနဂါးတစ်ကောင်မှာ ဟိန်းဟောက်လျက် ထွက်ပေါ်လာသည်။

၎င်းမှာ ပဉ္စမထပ်မှ အစောင့်အရှောက်၏ မီးနဂါးကဲ့သို့ မကြီးမားသော်လည်း ၁၀ မီတာအကွာရှိ မြေပြင်ပေါ်တွင် ၅ မီတာမှ ၆ မီတာခန့် ကျယ်သော ကျင်းကြီးတစ်ခုကို ဖြစ်ပေါ်စေခဲ့သည်။

ဤအစွမ်းမှာ ခန္ဓာကိုယ်လေ့ကျင့်ခြင်း အဆင့် ၁၃ ရှိသော ကျင့်ကြံသူတစ်ဦး၏ အစွမ်းကုန်တိုက်ခိုက်မှုနှင့် ညီမျှနေပြီဖြစ်သည်။

ထို့နောက် ချက်ချင်းပင် သူ၏ ကိုယ်ရေးအချက်အလက်များ ပေါ်လာသည်။

[အမည် - ဝမ်ပင်း]

[လိင် - ကျား]

[အဆင့် - ခန္ဓာကိုယ်လေ့ကျင့်ခြင်း အဆင့် ၁၂]

[ပါရမီ - ကြယ် ၃ ပွင့်]

[သွေးကြောပညာရပ် - အဝါရောင်အဆင့်အောက် နဂါးအမျက်ဒေါသ (အသင့်အတင့် အောင်မြင်မှု)၊ မီးနဂါးကျွမ်းကျင်မှု (အခြေခံအဆင့်)]

ဝမ်ပင်းသည် အချက်အလက်များကို တစ်ချက်ကြည့်ကာ မီးနဂါးကြောင့် ဖြစ်ပေါ်သွားသော ကျင်းကြီးကို ကြည့်ရင်း အတွေးနက်နေမိသည်။

"အခြေခံအဆင့်မှာတင် ဒီလောက် ထိတ်လန့်ဖို့ကောင်းနေရင် အပြည့်အဝ တတ်မြောက်သွားရင် ဘယ်လောက်တောင် အစွမ်းထက်လိုက်မလဲ"

စာကြည့်တိုက်ဆောင်မှ ထွက်လာပြီးနောက် ဝမ်ပင်းသည် သားရဲလေ့ကျင့်ရေးကွင်းသို့ တန်းတန်းမတ်မတ်သွားကာ မီးနဂါးကျွမ်းကျင်မှုကို စတင်လေ့ကျင့်တော့သည်။

မွန်းတည့်ချိန်အထိ လေ့ကျင့်ပြီးသောအခါ ပျံလွှားငါးကျွန်းမှ မြောင်ရင် တစ်ဖန်ရောက်ရှိလာကြောင်း သိလိုက်ရသည်။ သို့သော် ယနေ့တွင် သူမနှင့်အတူ ထိုနေ့က မိစ္ဆာကြီး ပါမလာခဲ့ပေ။

မြောင်ရင်သည် ထမင်းစားချိန်တွင် ရောက်ရှိလာပြီး ချင်မိုကို လက်ဖက်ရည်တိုက်ခြင်း၊ ပုခုံးနှိပ်ပေးခြင်းများ ပြုလုပ်ပေးနေသည်။ အထူးသဖြင့် ချင်မို ချွေးထွက်နေသည်ကို မြင်သောအခါ ရေဇလုံတစ်ခု ယူလာပြီး လက်ကိုင်ပုဝါဖြင့် မျက်နှာသုတ်ပေးနေသေးသည်။

သူမ၏ ဂရုစိုက်ပုံမှာ ကလေးထိန်းတစ်ယောက်နှင့်ပင် တူနေတော့သည်။

ဝမ်ပင်း ထမင်းလာစားသည်ကို စောင့်နေကြသော ရန်လီလီနှင့် ဟွမ်ယီတို့မှာ ထိုမြင်ကွင်းကိုကြည့်ကာ ကြောင်အမ်းအမ်း ဖြစ်နေကြသည်။

ချင်မိုမှာ ဘေးတွင်ထိုင်နေရင်း မြောင်ရင်၏လက်ကို မတတ်သာသည့်အမူအရာဖြင့် တွန်းဖယ်လိုက်ကာ "မင်း ဘာလို့ ဒီကို ရောက်နေတာလဲ" ဟု မေးလိုက်သည်။

မြောင်ရင်က နွေးထွေးစွာ ပြုံးလျက် "သခင်လေး... မြောင်ရင်က တစ်လမ်းလုံး နောက်က လိုက်လာခဲ့တာပါ" ဟု ဖြေသည်။

"မဟုတ်ဘူး... ဘာလို့ ငါ့နောက်ကို လိုက်နေတာလဲ။ မြန်မြန် ပြန်တော့လို့ ငါပြောပြီးပြီလေ။ မင်းရဲ့ ပြုစုမှုကို ငါမလိုဘူး။ ငါက ကိုယ့်ကိုကိုယ် ဂရုစိုက်နိုင်တဲ့ အရွယ်ရောက်နေပြီ မဟုတ်ဘူးလား" ချင်မိုက စိတ်မရှည်စွာဖြင့် မြောင်ရင်ကို ပြန်လွှတ်ရန် ကြိုးစားနေသည်။

ထိုစဉ် ဝမ်ပင်းမှာ ဒုတိယထပ်သို့ တက်လာပြီး ပြုံးလျက် "အဝေးက ရောက်လာတဲ့ ဧည့်သည်ပဲ။ အေးအေးဆေးဆေး ထိုင်ပြီး စကားပြောကြတာပေါ့" ဟု ပြောလိုက်သည်။

"ဂိုဏ်းချုပ်"

ရန်လီလီနှင့် အခြားသူများမှာ ချက်ချင်းပင် ထရပ်လိုက်ကြသည်။

ဝမ်ပင်းကို မြင်လိုက်ရသောအခါ မြောင်ရင်မှာ လန့်သွားပြီး ဝမ်ပင်းကို လက်ညှိုးထိုးကာ စကားပြောရန် ပြင်လိုက်သော်လည်း ဘေးရှိ ချင်မိုကို အားနာသဖြင့် ချက်ချင်း ပြန်ပိတ်လိုက်ကာ "ရှင်က..."

ဝမ်ပင်း စိတ်ထဲမှ ခိုးရယ်လိုက်မိသည်။

"မြောင်ရင် ဘာပြောမလဲဆိုတာ ငါ ကြိုသိနေတယ်။ ဟိုတစ်ညက တောင်ခြေမှာ အေးအေးဆေးဆေး ထိုင်နေတဲ့လူ မဟုတ်လားလို့ မေးတော့မှာလေ"

ဝမ်ပင်းက ပြုံးလျက် "မိန်းကလေးမြောင်ရင်... ထိုင်ပါ။ လီလီ... မိန်းကလေးမြောင်ရင်အတွက် ထမင်းစားတုတ် အပိုတစ်စုံ ယူပေးလိုက်ဦး" ဟု ပြောလိုက်တော့သည်။

အခန်း။ ၁၁၄

လီလီက ခေါင်းညိတ်ပြပြီး မြောင်ရင်အတွက် ပန်းကန်နှင့် ထမင်းစားတုတ် သွားယူရန် အောက်ထပ်သို့ အပြေးအလွှား ဆင်းသွားတော့သည်။

ဝမ်ပင်းကမူ သူထိုင်နေကျနေရာတွင် ထိုင်လိုက်ပြီး ခူးခပ်ထားပြီးသား ထမင်းပန်းကန်ကို မယူမီ သူ၏ဘေးမှ လွတ်နေသော နေရာကို တစ်ချက်ကြည့်ကာ စပ်စုချင်စိတ်ဖြင့် မေးလိုက်သည်။

“အကြီးအကဲယွမ်တို့ရော ဘယ်ရောက်ကုန်ကြတာလဲ”

ဟွမ်ယီက ချက်ချင်းပင် ပြန်ဖြေလိုက်သည်။

“အကြီးအကဲယွမ်က ကျောက်ချင်းကို ကျင့်စဉ်တွေ သင်ပေးနေတာ။ ဦးလေးဝမ်ကတော့ တစ်ရေးအိပ်နေတယ်။ သူတို့ ထမင်းလာစားကြမှာ မဟုတ်ဘူး”

“အင်း... ဒါဆိုရင်လည်း မစောင့်တော့ဘူး စားကြစို့”

ဝမ်ပင်းက ထမင်းစားတုတ်ကို ကိုင်လိုက်ပြီး ဟင်းများကို စတင်ခူးခပ်တော့သည်။

ထိုအချိန်မှာပင် ရန်လီလီက ပန်းကန်နှင့် ထမင်းစားတုတ်ကို ကိုင်ဆောင်ကာ အပေါ်ထပ်သို့ ပြန်တက်လာသည်။ သူက မြောင်ရင်ရှေ့မှ စားပွဲပေါ်တွင် အသာအယာ တင်ပေးလိုက်ပြီး “ရော့... ဒီမှာ ထိုင်ပြီး ငါတို့နဲ့အတူတူ စားပါဦး။ ဒီဟင်းတွေက တကယ် အရသာရှိတာ”

မြောင်ရင်က စားပွဲပေါ်မှ ဟင်းများကို တစ်ချက်ကြည့်လိုက်သော်လည်း ခေါင်းခါပြကာ “ကျွန်မ ဗိုက်မဆာသေးဘူး” ဟု ပြန်ဖြေလိုက်သည်။

ရန်လီလီက မြောင်ရင် စိတ်မပါသည်ကို မြင်သောအခါ အနေရခက်သွားပြီး “ကောင်းပြီလေ... မစားဘူးဆိုရင်လည်း မင်းပဲ နစ်နာမှာပေါ့” ဟု ပြောလိုက်သည်။

ပြောပြီးသည်နှင့် သူသည် သူ၏နေရာတွင် ပြန်လည်ထိုင်ကာ ထမင်းစားတုတ်ကို ကောက်

ကိုင်ပြီး အားရပါးရ စားသောက်တော့သည်။ သူ့အတွက်မူ လူတစ်ယောက် လျော့သွားလေ သူပိုစားရလေပင်။ မြောင်ရင် မစားသည်မှာ သူ့အတွက်တော့ အတော်ပင်။

ဒီရက်ပိုင်းများတွင် ဟွမ်ယီ ချက်သည့်ဟင်းများမှာ နာမည်ကြီးစားဖိုမှူး ဟွမ်ကုန်း လက်ရာထက်ပင် ပိုမိုကောင်းမွန်နေသလား အောက်မေ့ရသည်။ ရန်လီလီအတွက်မူ ထမင်းတစ်ပန်းကန်၊ နှစ်ပန်းကန်ဆိုသည်မှာ သွားကြားထိုးရန်တောင် မလောက်ချင်ပေ။

မြောင်ရင်ကမူ ရန်လီလီ၏ အငမ်းမရ စားသောက်ပုံကို ကြည့်ပြီး စိတ်ထဲမှ အထင်သေးမိသွားသည်။ ဤလူ ထမင်းတစ်ခါမျှ မစားဖူးသည်လားဟုပင် သူမ သံသယဝင်မိသည်။ အမူအရာမှာလည်း လုံးဝကို မကျော့ရှင်းပေ။

တကယ်တော့ သူမ ငြင်းပယ်လိုက်ခြင်းမှာ ဗိုက်မဆာသောကြောင့် မဟုတ်ပေ။ သူမအနေနှင့် ချင်မိုနှင့် တစ်စားပွဲတည်း ထိုင်စားရန်မှာ အဆင့်အတန်းအရ မဝံ့ရဲခြင်းလည်း ပါဝင်သလို မသေမျိုးဂိုဏ်း၏ ဂိုဏ်းချုပ်က သူမကို လှည့်စားခဲ့သည်ဟု ခံစားနေရသဖြင့် စိတ်တိုကာ ထမင်းစားချင်စိတ် ပျောက်ဆုံးနေခြင်းပင်။

သူမက ချင်မိုဘက်သို့ လှည့်လိုက်ပြီး “သခင်လေး... သခင်ကြီး ချင်ရှန်းက ဒီကာလအတွင်းမှာ မြောင်ရင်ကို သခင်လေးဘေးမှာ နေခိုင်းလိုက်ပါတယ်” ဟု ပြောလိုက်သည်။

“သူ့အမိန့်တွေကို မနာခံနိုင်ဘူး”

ချင်မိုက ချက်ချင်းပင် ငြင်းဆိုလိုက်သည်။

မြောင်ရင်ကမူ ချင်မို ဤသို့ပြောမည်ကို သိရှိနေသည့်ပုံစံဖြင့် “သခင်လေး... ဒါက သခင်ကြီးကိုယ်တိုင် ပေးတဲ့ အမိန့်ပါ” ဟု ထပ်ပြောလိုက်ပြန်သည်။

“ငါ့အဖေက...”

ချင်မို တစ်ခဏလောက် ဆွံ့အသွားသည်။ ရန်လီလီကို တစ်ချက်ကြည့်၍ ဟွမ်ယီကို တစ်ချက်ကြည့်ပြီး ငြင်းဆိုရန် အကြောင်းပြချက်များ ရှာဖွေနေတုန်း ဝမ်ပင်းကို သွားမြင်လိုက်ကာ “အဲဒါ... အဲဒါကလည်း မရသေးဘူး။ မသေမျိုးဂိုဏ်းရဲ့ စည်းကမ်းအရ ဂိုဏ်းသားမဟုတ်တဲ့သူတွေက ဂိုဏ်းထဲမှာ အများဆုံး တစ်နာရီပဲ နေခွင့်ရှိတာ”

မြောင်ရင်က “သခင်လေး... ဒါက သခင်ကြီးရဲ့ ဆုံးဖြတ်ချက်ပဲ။ သခင်လေး လိုက်နာမှ ဖြစ်မယ်” ဟု ပြန်ပြောသည်။

ချင်မိုက မတတ်သာသလို ပြုံးလိုက်ပြီး ရန်လီလီဘက်သို့ လက်ညှိုးထိုးပြကာ “ငါ မင်းကို လိမ်နေတာ မဟုတ်ဘူး။ မသေမျိုးဂိုဏ်းရဲ့ စည်းကမ်းက တကယ် အဲဒီအတိုင်းပဲ။ မယုံရင် အစ်ကိုရန်ကို မေးကြည့်။ သူပဲ ငါ့ကို အဲဒီစည်းကမ်းအကြောင်း ပြောပြတာ။ နာမည်ကြီး စားဖိုမှူး ဟွမ်ကုန်းတောင်မှ ဂိုဏ်းကို ခဏခဏ လာပေမဲ့ တစ်နာရီထက် ပိုမနေရဘူး”

“သခင်လေးရယ်... လိမ်မယ်ဆိုရင်လည်း နည်းနည်းလောက် ယုတ္တိရှိတာလေး လိမ်ပါဦး”

စားဖိုမှူး ဟွမ်ကုန်းကို အကြောင်းပြချက်အဖြစ် သုံးလိုက်ခြင်းမှာ သူမအတွက်မူ လုံးဝကို မဖြစ်

နိုင်သည့် ကိစ္စပင်။

စားဖိုမှူး ဟွမ်ကုန်းမှာ ကျင့်ကြံခြင်းအဆင့် သိပ်မမြင့်မားသော်လည်း အရှေ့အိုင်တွင်မူ နာမည်ကြီး စားဖိုမှူးတစ်ဦးဖြစ်သည်။ အင်အားကြီးအဖွဲ့အစည်းများမှ လူကုံထံများပင် သူ၏ထံ၌ ဟင်းချက်ခိုင်းရန် မနည်းဖိတ်ခေါ်ရခြင်းပင်။

မသေမျိုးဂိုဏ်းလို ကြယ်တစ်ပွင့်တောင် မရှိသည့် ဂိုဏ်းက သူ့ကို မောင်းထုတ်မည်ဆိုသည်မှာ သူမ လုံးဝ မယုံကြည်ပေ။

သူမ စကားလည်းဆုံးရော ရန်လီလီက ဘေးမှနေ၍ အားတက်သရော ခေါင်းညိတ်ပြကာ “မင်းတို့ သခင်လေး ပြောတာ အမှန်ပဲ။ အဲဒါက မသေမျိုးဂိုဏ်းရဲ့ တကယ့် စည်းကမ်းပဲ။ မင်း ဒီရောက်နေတာ တစ်နာရီ ပြည့်တော့မယ်။ တောင်အောက်ဆင်းဖို့ အချိန်တန်ပြီ” ဟု ဝင်ပြောလိုက်သည်။

“တကယ်ပဲ အဲဒီလို စည်းကမ်း ရှိတာလား”

“ငါက မင်းကို လိမ်ပါ့မလား။ သံသယရှိရင် နောက်ရက်တွေ ဟွမ်ကုန်း တောင်ပေါ်တက်လာတဲ့အခါ စောင့်ကြည့်လေ။ အဲဒါဆို မင်း သိလိမ့်မယ်”

“ကျွန်မ မယုံဘူး”

အမှန်အတိုင်းပြောရလျှင် မသေမျိုးဂိုဏ်းအနေဖြင့် စားဖိုမှူးကြီး ဟွမ်ကုန်းကို တောင်ပေါ်မှ

မောင်းချရဲမည့် သတ္တိရှိလိမ့်မည်ဟု သူမ မယုံကြည်ပေ။ ပျံလွှားငါးကျွန်းကဲ့သို့ အင်အားကြီးအဖွဲ့ပင် ထိုသို့ မလုပ်ရဲခဲ့ပေ။

ထိုအချိန်တွင် ဝမ်ပင်းက သူ၏ထမင်းပန်းကန်နှင့် စားပွဲတင်တုတ်ကို ချလိုက်ပြီး စပြောတော့သည်။

"မိန်းကလေးမြောင်ရင်... မသေမျိုးဂိုဏ်းထဲကို ဝင်ဖို့ စိတ်ပါဝင်စားမှု ရှိရဲ့လား။ ဂိုဏ်းထဲဝင်လိုက်ရင် မင်းရဲ့သခင်လေးကို တိုက်ရိုက်ပြုစုစောင့်ရှောက်လို့ရမယ်။ မဟုတ်ရင်တော့ ခဏနေရင် မင်း ဂိုဏ်းထဲကနေ ထွက်သွားရတော့မှာ"

"မသေမျိုးဂိုဏ်းထဲ ဝင်ရမယ် ဟုတ်လား... ရှင် နောက်နေတာလား။ ကျွန်မကို မောင်းထုတ်ရဲလိမ့်မယ်လို့ ကျွန်မ မယုံဘူး"

မြောင်ရင်က ပြုံးလျက် ပေါ့ပေါ့ပါးပါးပင် ပြောလိုက်သည်။ သို့သော် သူမ လှည့်ကြည့်လိုက်သောအခါ သူမ၏သခင်လေးက ဝမ်ပင်းကို မျက်စိမှိတ်ပြကာ အချက်ပြနေသည်ကို အံ့ဩဖွယ် တွေ့လိုက်ရသည်။

ဝမ်ပင်းက အနည်းငယ်ပြုံးလိုက်ပြီး မြောင်ရင်ကို ကြည့်ကာ "စိတ်မကောင်းပါဘူး... ကျွန်တော်ကတော့ တကယ်ကို မောင်းထုတ်ရဲပါတယ်" ဟု ပြောလိုက်သည်။

"ရှင်..."

ဝမ်ပင်း၏ တည်ကြည်သော မျက်နှာပေးကို မြင်လိုက်ရသောအခါ မြောင်ရင် စိတ်တိုသွားသည်။ သို့သော် သူမတို့နှစ်ဦးကြားတွင် သူမ၏သခင်လေးက ကျေနပ်အားရစွာ ပြုံးနေသည်ကို မြင်လိုက်ရသဖြင့် သူမက ချက်ချင်းပင် ခေါင်းငြိမ့်လိုက်ပြီး "ကောင်းပြီလေ... ကျွန်မ ဝင်မယ်" ဟု ဆိုလိုက်တော့သည်။

"မဟုတ်သေးဘူးလေ..."

ချင်မို၏ အပြုံးများမှာ ရုတ်တရက် အေးခဲသွားသည်။ သူသည် နဖူးကို လက်ဖြင့်အုပ်ကာ မြောင်ရင်ကို ကြည့်ရင်း ခေတ္တမျှ စကားမဆိုနိုင်ဘဲ ဖြစ်သွားသည်။

ထို့နောက် မြောင်ရင်ကို ဂိုဏ်းသားအဖြစ် လက်ခံလိုက်သော ဝမ်ပင်းကို ကြည့်ကာ စိတ်ပျက်လက်ပျက်ဖြင့် ကောင်းကင်ကို မော့ကြည့်ရင်း သက်ပြင်းချလိုက်မိသည်။

"ဂိုဏ်းချုပ်... ကတော့... ဟင်း"

သို့သော် ဝမ်ပင်း၏ စိတ်အခြေအနေကမူ တစ်မျိုးဖြစ်သည်။ ကြယ်သုံးပွင့်ပါရမီရှင်တစ်ဦးကို ဂိုဏ်းထဲသို့ ထပ်မံစည်းရုံးနိုင်ခဲ့သည့်အပြင် သူမမှာ ခန္ဓာကိုယ်လေ့ကျင့်ခြင်း အဆင့် ၁၂ သို့ ရောက်ရှိနေသူဖြစ်သဖြင့် သူ အလွန်ပင် ပျော်ရွှင်နေသည်။

အဆင့် ၁၂ ကျင့်ကြံသူတစ်ဦးမှာ ယခုအချိန်တွင် မသေမျိုးဂိုဏ်းအတွက် အားထားရမည့် မျက်နှာပန်းလှသော အင်အားတစ်ခုပင်။

ဒုန်း ဒုန်း ဒုန်း…

ရုတ်တရက် လှေကားထစ်များဆီမှ ကမူးရှူးထိုး ပြေးတက်လာသော ခြေသံများကို ကြားလိုက်ရသည်။

လူတိုင်း လှည့်ကြည့်လိုက်သောအခါ အကြီးအကဲယွမ်လျောင်မှာ အောက်ထပ်မှ အပြေးအလွှား တက်လာသည်ကို တွေ့လိုက်ရသည်။ သူသည် အခန်းထဲ၌ ရောက်ရှိနေသော ထူးခြားလှပသည့် သူစိမ်းမလေးကိုပင် သတိမထားမိဘဲ ဝမ်ပင်းရှိရာသို့သာ ဦးတည်သွားသည်။

မြောင်ရင်မှာမူ ယွမ်လျောင်၏ ခန့်ညားသော ရုပ်ရည်ကြောင့် အနည်းငယ် မိန်းမောသွားရသည်။

အပေါ်ထပ်သို့ ရောက်သည်နှင့် ယွမ်လျောင်က ဝမ်ပင်းအနားသို့ တိုးကပ်ကာ "ဂိုဏ်းချုပ်ပြောတဲ့ အထပ်ဆယ်ထပ်မျှော်စင်ဆိုတာ ဘာလဲဟင်" ဟု အလောကြီးစွာ မေးလိုက်သည်။

"အသစ်ရောက်လာတဲ့ အရာတစ်ခုပေါ့"

ဝမ်ပင်းက ပေါ့ပေါ့ပါးပါးပင် ပြန်ဖြေလိုက်ပြီး ရန်လီလီရှေ့ရှိ မျှစ်ဟင်းပန်းကန်ဆီသို့ ထမင်းစားတုတ်ကို ဆန့်လိုက်သည်။

သို့သော် သူ နှိုက်မည်အလုပ်တွင် ရန်လီလီမှာ စိတ်လှုပ်ရှားစွာဖြင့် ရုတ်တရက် ထရပ်လိုက်သဖြင့် စားပွဲမှာ သိမ့်ခနဲ တုန်သွားပြီး ဝမ်ပင်းညှပ်ထားသော မျှစ်မှာ ပန်းကန်ထဲသို့ ပြန်ကျသွားတော့သည်။

"ဂိုဏ်းချုပ်... တောင်းပန်ပါတယ်..."

ရန်လီလီက အလျင်အမြန် တောင်းပန်လိုက်သည်။

ဝမ်ပင်းက မတတ်သာသလို ပြုံးလိုက်ပြီး "မလောကြပါနဲ့ ထိုင်ပါ... မင်းတို့ကို အလျင်စလို ဖြစ်စေချင်တာ မဟုတ်ပါဘူး။ ထမင်းစားပြီးရင် အားလုံးကို အဲဒီကို ခေါ်သွားပြမယ်" ဟု ပြောလိုက်သည်။

ဝမ်ပင်း စကားအဆုံးတွင် ချင်မို၊ ဟွမ်ယီ၊ ရန်လီလီနှင့် ယွမ်လျောင်တို့၏ မျက်နှာများမှာ ချက်ချင်းပင် ဝမ်းသာအားရ ဖြစ်သွားကြသည်။ လေထုထဲတွင် ပျော်ရွှင်မှုများ ပျံ့လွင့်နေသည်မှာ မျက်မမြင်တစ်ဦးပင် ခံစားမိနိုင်လောက်သည်။

ဝမ်ပင်းက အေးအေးဆေးဆေး ထိုင်ခိုင်းထားသော်လည်း သူတို့၏ စိတ်များမှာ မတည်ငြိမ်နိုင်တော့ဘဲ ထမင်းစားချင်စိတ်ပင် မရှိကြတော့ပေ။

ဘေးမှ ကြည့်နေသော မြောင်ရင်မှာမူ ဤမြင်ကွင်းကို ကြည့်ကာ နားမလည်နိုင်အောင် ဖြစ်နေသည်။ အထူးသဖြင့် သူမသခင်လေး၏ အမူအရာမှာ သူမကို ပို၍ပင် ဇဝေဇဝါ ဖြစ်စေသည်။

သူမ မှတ်မိသလောက် သူမ၏သခင်လေးမှာ ဤကဲ့သို့သော အမူအရာမျိုး ပြလေ့မရှိပေ။ နောက်ဆုံးအကြိမ် ဤမျှအထိ ဝမ်းသာအားရဖြစ်ခဲ့သည်မှာ အမျိုးအနွယ်ဆက်ခံသူအဖြစ် ကြေညာခံရသည့်နေ့က ဖြစ်သည်။

သို့သော် ယခုအခါ အသစ်ရောက်လာသော အရာတစ်ခုအကြောင်း ကြားရုံမျှဖြင့် ဆက်ခံသူရာထူး ရစဉ်ကကဲ့သို့ အမူအရာမျိုး ပြနေခြင်းမှာ အံ့ဩစရာပင်။

ထိုအရာက ဆက်ခံသူရာထူးလောက်အထိ တန်ဖိုးရှိနေသလားဟု သူမ တွေးတောနေမိသည်။

သူမ အတွေးထဲ နစ်နေစဉ်မှာပင် ဝမ်ပင်းက ထရပ်လိုက်ပြီး "စားပွဲကို ရှင်းလင်းလိုက်ကြ။ ပြီးရင် ငါ့နောက်ကို လိုက်ခဲ့" ဟု အမိန့်ပေးလိုက်သည်။

ဝမ်ပင်း စကားအဆုံးတွင် လူတိုင်းက ပျော်ရွှင်စွာဖြင့် စားပွဲကို ဝိုင်းဝန်းရှင်းလင်းကြတော့သည်။ ချင်မိုကလည်း ကူညီရန် ပြင်လိုက်သော်လည်း မြောင်ရင်က တားမြစ်လိုက်သည်။

"သခင်လေး... သခင်လေးက ဒီလိုအလုပ်မျိုးကို ဘယ်လုပ်ရပါ့မလဲ"

"ဒါဆိုရင် မင်းပဲ လုပ်လိုက်တော့"

ချင်မိုက နောက်သို့ ခြေတစ်လှမ်း ဆုတ်လိုက်သည်။

"ဟုတ်ကဲ့"

မြောင်ရင်က ခေါင်းငြိမ့်ပြပြီး ပန်းကန်ခွက်ယောက်များကို အလျင်အမြန် သိမ်းဆည်းတော့သည်။ ထိုစဉ် သူမ၏ဘေးမှ ယွမ်လျောင်က ရွှေဒင်္ဂါး တစ်ထောင်တန် လက်မှတ်တစ်

စောင်ကို ထုတ်ယူလိုက်ပြီး ဝမ်ပင်းကို ပြောလိုက်သည်။

"ဂိုဏ်းချုပ်... ဒါက ရွှေဒင်္ဂါး တစ်ထောင်ပါ။ အဲဒီ အထပ်ဆယ်ထပ်မျှော်စင်ထဲကို ဝင်ခွင့်ပြုဖို့ တောင်းဆိုချင်ပါတယ်"

မြောင်ရင်မှာ ထိုနေရာမှာတင် ကြောင်အမ်းအမ်း ဖြစ်သွားတော့သည်။

ဒါက ဘာတွေလဲ။

အခွင့်အရေး တစ်ကြိမ်ရဖို့အတွက် ရွှေဒင်္ဂါး တစ်ထောင်တောင် ပေးရတာလား။

All Chapters