← Chapters

အခန်း (၇၅-၇၆)

Vol. 8 Ch. 75-76

အခန်း (၇၅-၇၆)

Vol. 8 Ch. 75-76

အခန်း (၇၅ )- ရန်သူဘက်က သူလျှိုလည်း မျက်စိလည်သွားရပြီ

“တင်ပြပါတယ် အိမ်ရှေ့စံမင်းသား... ရှေ့ငါးမိုင်အကွာမှာ တောအုပ်တစ်ခုရှိပါတယ်၊ စခန်းချနားခိုဖို့ သင့်တော်ပါတယ်"

ရှောင်ရှန်းသည် မြင်းပေါ်တွင် ပျင်းရိစွာဖြင့် ရှိနေသော်လည်း ၊ ကင်းထောက်၏ တင်ပြချက်ကို ကြားလိုက်သည်နှင့် စိတ်ဓာတ်များ တက်ကြွသွားသည်။

“ငါးမိုင်.. ဝေးလွန်းတယ်! ဒီနေရာမှာပဲ စခန်းချမယ်"

“ဒါပေမဲ့ မင်းသား... ဒီနေရာက မြေနိမ့်ပိုင်းဖြစ်နေလို့ မိုးရွာရင်...”

“ငါကိုယ်တော် ပြောပြီးပြီလေ၊ ဒီမှာပဲ စခန်းချမယ်လို့"

ရှောင်ရှန်းက စိတ်မရှည်သံဖြင့် ပြောလိုက်သည်။

“တစ်နေကုန် စစ်ချီလာတာ၊ ငါကိုယ်တော် အရမ်းပင်ပန်းနေပြီ"

စစ်သေနာပတိချုပ် ချင်ချန်းမှာ ထိုစကားကို ကြားပြီး မျက်မှောင်ကြုတ်ကာ ရောက်ချလာသည်။

“အရှင့်သား... နောက်ထပ် နှစ်မိုင်လောက် ဆက်သွားဖို့ ကျွန်တော်မျိုး အကြံပြုပါရစေ၊ အဲ့နေရာက မြေပြန့်ဖြစ်လို့ ခုခံကာကွယ်ဖို့ ပိုလွယ်ကူပါတယ်”

“ချင်စစ်သူကြီး...”

ရှောင်ရှန်းက သမ်းဝေလိုက်ရင်း ။

"ခင်ဗျား မေ့နေတာလား၊ ငါကိုယ်တော်က ဒီစစ်တပ်ရဲ့ ဦးဆောင်သူဆိုတာကို …"

ချင်ချန်းမှာ မျက်နှာ ပျက်သွားပြီး တစ်ခုခု ပြောရန် ပြင်လိုက်စဉ်မှာပင် ၊

မင်းသမီး ရှောင်နီရှန်းက အေးစက်သော မျက်နှာထားဖြင့် ကြားဖြတ်ပြောလိုက်သည်။

“မောင်လေး... မင်းက စစ်တပ်ကြီးတစ်ခုလုံးရဲ့ ဘေးအန္တရာယ်ကို ကစားစရာလုပ်နေတာပဲ”

ရှောင်ရှန်းက ပခုံးတွန့်ပြလိုက်ကာ ပြန်ဖြေလေ၏။

“အစ်မတော်... ငါကိုယ်တော်က စစ်သည်တွေကို ငဲ့ညှာရုံပါ ၊ ကြည့်ပါဦး... လူတိုင်းက အရမ်းပင်ပန်းနေကြပြီလေ”

သူသည် အသံကို တမင်မြှင့်ပြောလိုက်သည်။

“စစ်သည်တို့... ဟုတ်တယ်မဟုတ်လား"

ရှောင်ရှန်း သေသေချာချာ ရွေးချယ်ထားသော “အမြှောက်စာ” စစ်သူကြီးများက ချက်ချင်းပင် လိုက်ပြောကြတော့သည်။

“အိမ်ရှေ့စံမင်းသား အလွန် ထက်မြက်လှပါတယ်"

“ကျွန်တော်မျိုးတို့ တကယ်ပဲ ပင်ပန်းနေပါပြီ"

“ဒီမှာပဲ စခန်းချတာ အကောင်းဆုံးပါပဲ”

ရှောင်နီရှန်းမှာ ဒေါသကြောင့် ရင်ဘတ်မှာ နိမ့်ချည်မြင့်ချည် ဖြစ်နေသော်လည်း ဘာမှ မတတ်နိုင်ပေ။ စစ်ထွက်လာကတည်းက သူမ၏ မောင်ဖြစ်သူမှာ စစ်ရေးကို နှောင့်နှေးအောင် တမင်တကာ လုပ်နေသည့်အလား ထင်မှတ်ရသည်။

မကြာမီမှာ တပ်တစ်ခုလုံး ထိုနေရာတွင်ပင် စခန်းချလိုက်ကြတော့သည်။

ပုံမှန်ဆိုလျှင် လူရိုင်းမျိုးနွယ်စုကို တိုက်ခိုက်ရန် ချီတတ်လာသည့် တပ်ဖွဲ့ကြီးအတွင်း တင်းမာသော လေထုများဖြင့် ပြည့်နှက်နေသင့်သော်လည်း၊

ရှောင်ရှန်း၏ “ထက်မြက်သော ဦးဆောင်မှု” အောက်တွင် ၊ စခန်းတစ်ခုလုံးမှာ ထူးဆန်းသော ပေါ့ပေါ့ပါးပါး အငွေ့အသက်များဖြင့် ဖုံးလွှမ်းနေလေ၏။

“လာကြ... လာကြ... လောင်းကြစမ်း၊ ဒီကြက်ဖကတော့ သေချာပေါက် နိုင်မှာပဲ"

“ဟားဟား... မင်းရှုံးပြီသာမှတ် ၊ ငါ့ကြက်က မြို့တော်ကလာတဲ့ ကြက်တိုက်ချန်ပီယံကွ ”

စခန်း၏ ထောင့်တစ်နေရာတွင် စစ်သည်အချို့မှာ ဝိုင်းဖွဲ့နေကြပြီး စိတ်လှုပ်ရှားစွာဖြင့် ကြက်တိုက်နေကြသည်။ မလှမ်းမကမ်းတွင်လည်း နောက်ထပ် အဖွဲ့တစ်ဖွဲ့က အန်စာတုံးဖြင့် လောင်းကစားဆော့နေကြပြီး သြဘာပေးသံများဖြင့် ဆူညံနေတော့သည်။

ချင်ချန်းမှာ ထိုမြင်ကွင်းကို မြင်ပြီး ပေါက်ကွဲကာ ဒေါသတကြီးဖြင့် တားဆီးရန် ပြင်လိုက်သော်လည်း ရှောင်ရှန်း၏ တားဆီးခြင်းကို ခံလိုက်ရသည်။

“ချင်စစ်သူကြီး... ဒီလောက်ကြီး လေးနက်မနေပါနဲ့”

ရှောင်ရှန်းသည် အပြုံးမပျက် ပြောလေသည်။

“စစ်သည်တွေက နေ့ညမပြတ် စစ်ချီလာတာ၊ အနားယူသင့်တာပေါ့. ငါကိုယ်တော်က သူတို့ကို နည်းနည်းပါးပါး စိတ်အပန်းဖြေခွင့် ပေးထားတာ၊ စိတ်ဓာတ် တက်ကြွအောင်လို့ပါ"

“ နည်းနည်းပါးပါး စိတ်အပန်းဖြေတာ ဟုတ်လား”

ချင်ချန်းမှာ အံကြိတ်ထားရသည်။

“အရှင့်သား... ဒါက စစ်စခန်းပါ၊ ပြည့်တန်ဆာအိမ်နဲ့ လောင်းကစားရုံ မဟုတ်ဘူး"

ရှောင်ရှန်းက ‘ငါ အကုန်သိတယ်’ ဆိုသည့် မျက်နှာပေးဖြင့်။

“ချင်စစ်သူကြီး... စစ်ဗျူဟာမှာ ဆိုထားတယ်လေ ‘စစ်သည်တွေရဲ့ စိတ်ဓာတ်ကို အသုံးချလို့ ရပါတယ်’ တဲ့ ၊ သူတို့ စိတ်ပျော်မှ စစ်တိုက်ရင် အားရှိမှာပေါ့"

ချင်ချန်းမှာ ဒေါသထွက်လွန်းသဖြင့် စကားပင် ပြန်မပြောနိုင်တော့ပေ။ ဤအိမ်ရှေ့စံသည် စစ်ဗျူဟာကို လွဲမှားစွာ အသုံးချနေ၏။

‘တကယ်ကို အဓိပ္ပာယ် မရှိလိုက်တာ’’

ညစာစားချိန်တွင် ၊ ချင်ချန်းနှင့် ရှောင်နီရှန်းတို့ကို ထိတ်လန့်သွားစေသည့် ကိစ္စတစ်ခု ဖြစ်ပေါ်လာခဲ့သည်။

စားဖိုဆောင်မှ အသားကင်နံ့များ လှိုင်လှိုင်ထနေပြီး ၊ စစ်သည်များက သူသူကိုယ်ကိုယ် တန်းစီကာ အသားတုံးကြီးများကို ကိုက်ဆွဲလျက် ထမင်းဖြူနှင့် တွဲစားနေကြသည်။ ပို၍ လွန်ကဲသည်မှာ အရက်များကိုပင် တိုက်ကျွေးနေခြင်းပင်။

“အရှင့်သားး" ရှောင်နီရှန်းမှာ လုံးဝ သည်းမခံနိုင်တော့ဘဲ အော်ဟစ်လေတော့သည်။

“ နင် ဘာတွေ လုပ်နေတာလဲ စစ်တပ်ထဲမှာ ဒီလောက်အထိ ဇိမ်ခံနေလို့ ရမလား ၊ ရိက္ခာက နဂိုကတည်းက ရှားပါးနေတာကို နင်က ဒီလိုမျိုး ဖြုန်းတီးပစ်နေတယ်ပေါ့”

ရှောင်ရှန်းက အပြစ်ကင်းသော မျက်နှာလေးဖြင့်။

“အစ်မတော်... ငါကိုယ်တော်က စစ်သည်တွေကို ငဲ့ညှာလို့ပါ….စစ်တိုက်တယ်ဆိုတာ စိတ်ဓာတ်ချင်း ယှဉ်တာ မဟုတ်လား၊ စစ်သည်တွေ ဝဝလင်လင် စားထားမှ ရန်သူကို တိုက်နိုင်မှာပေါ့"

“နင်...”

ရှောင်နီရှန်းမှာ ဒေါသကြောင့် စကားပင် ဆက်မပြောနိုင်တော့ပေ။

ရှောင်ရှန်း၏ စိတ်ထဲမှာတော့ ခိုးရယ်နေမိသည်။

‘ပြီးပြည့်စုံလိုက်တာ ဒီအရှိန်နဲ့သာ ဆက်သွားရင် နောက်တစ်ပတ်ဆို ဒီစစ်တပ်က အရက်သမား၊ အစားကြူးတဲ့သူတွေ ဖြစ်ကုန်မှာပဲ၊ အဲ့ကြရင် လူရိုင်းမျိုးနွယ်စုကတောင် တိုက်စရာ မလိုဘဲ သူ့အလိုလို ပြိုလဲသွားမှာ သေချာတယ်'

ညနက်ပိုင်းတွင် ရှောင်ရှန်းသည် သူ၏ တဲအတွင်း၌ ဆီမီးရောင်ဖြင့် မြေပုံကို လေ့လာကြည့်ရှုနေသည်။

အမှန်စင်စစ် သူ လေ့လာနေသည်မှာ ရန်သူကို တိုက်မည့် ဗျူဟာ မဟုတ်ဘဲ မည်သည့်လမ်းကြောင်းက “ထွက်ပြေးရန်” အကောင်း‌ဆုံး လမ်းကြောင်း ဖြစ်မည်ကိုသာ။

“ဒီလမ်းက တောင်ဘက်ကို သွားတယ်၊ လူသူ နည်းပါးလို့ နာမည်ဖျောက်နေဖို့ ကောင်းတယ်...”

ရှောင်ရှန်းသည် မြေပုံပေါ်တွင် တစ်ချက် ဝိုင်းလိုက်သည်။

“ဒီမှာ တောင်ကလေး တစ်လုံးရှိတယ်၊ ရှုခင်းလှတယ်လို့ ကြားတယ်၊ အဲ့ဒီမှာ တောထွက်နေရင် မဆိုးဘူး...”

သူ၏ လှပသော “ထွက်ပြေးရေး စီမံကိန်းကြီး” ထဲ နစ်မြုပ်နေစဉ် ၊ ဗိုက်က ရုတ်တရက် အသံပေးလာ၏။

“ဗိုက်ဆာလိုက်တာ...”

ရှောင်ရှန်း တစ်ယောက် ဗိုက်ကို ပွတ်သပ်ရင်း နေ့လယ်က စားဖိုဆောင်တွင် အသားအများကြီး ကင်ထာသည်ကို သတိရလိုက်သည်။

လက်ကျန်ရှိဦးမည် တွေးကာ သူ၏ တဲမှ တိတ်တဆိတ် ထွက်လာခဲ့ပြီး စားဖိုဆောင်ဘက်သို့ လျှောက်လာခဲ့သည်။

စခန်းတစ်ခုလုံးမှာ တိတ်ဆိတ်နေပြီး ကင်းလှည့်စစ်သည် အနည်းငယ်သာ ရှိသည်။ ရှောင်ရှန်း၏ ပုံမှန် “ ပေါ့ပေါ့ပါးပါး” နေတတ်သော ပုံစံကြောင့် စစ်သည်များက သူ့ကို မြင်သော်လည်း ရိုသေစွာ အလေးပြုပြီး ဘာမှ မမေးကြပေ။

စားဖိုဆောင် အနားသို့ ရောက်လာချိန်တွင်၊ ရှောင်ရှန်းသည် ရိက္ခာဆောင်အနီး ခိုးကြောက်ခိုးဝှက် လှုပ်ရှားနေသော လူရိပ်အချို့ကို ရုတ်တရက် မြင်လိုက်ရသည်။

အခန်း(၇၆)

လရောင်အောက်တွင် ထိုသူများ၏ ဝတ်စုံမှာ သာရှစစ်သည်များနှင့် မတူဘဲ လက်ထဲတွင်လည်း တစ်ခုခုကို ကိုင်ထားကြသည်။

“အဲ့ဒါ... မီးတုတ်လား”

ရှောင်ရှန်း မျက်မှောင်ကြုတ်လိုက်သည်။

‘ ဒီလူတွေက ရိက္ခာတွေကို မီးရှို့ချင်နေတာလား..’

သာမန်လူသာဆိုလျှင် ဤအခြေအနေမျိုးတွင် ချက်ချင်း အော်ဟစ် သတိပေးမည် ဖြစ်သော်လည်း ရှောင်ရှန်း၏ ပထမဆုံး တုံ့ပြန်မှုမှာ ဤအတိုင်းသာ ဖြစ်လေ၏။

‘ကောင်းလိုက်တာ ရှို့လိုက်ကြစမ်း၊ ရိက္ခာတွေ မီးလောင်သွားရင် စစ်တပ်က ရှေ့ဆက်သွားလို့ မရတော့ဘူး၊ အဲ့ကြရင် ငါကိုယ်တော်လည်း အိမ်ပြန်ဖို့ အကြောင်းပြချက် ရပြီ'

သူသည် ဘာမှ မမြင်သလို ဟန်ဆောင်ကာ တိတ်တိတ်လေး နောက်ဆုတ်လိုက်သည်။ သို့သော် ကံကြမ္မာက သူ့ကို နောက်ပြောင်ချင်နေသည့်အလား ၊ နောက်ကိုအလှည့်တွင် ခြေချော်ကာ ဘေးက ရေပုံးကို ကန်မိသွားလေ၏။

“ဝုန်း——”

ပုံးမှောက်သွားပြီး ကျယ်လောင်သံနှင့် အတူ၊ ရေများ ဝေါခနဲ့ ဖိတ်ကျကုန်သည်။

ထိုလူရိပ်များမှာ ချက်ချင်း လှည့်ကြည့်လိုက်ပြီး နေရာတွင် ရပ်နေသော ရှောင်ရှန်းကို မြင်သွားခဲ့သည်။

နှစ်ဖက်စလုံး အကြည့်ချင်း‌ဆုံတွေ့ရင်း လေထုမှာ ခဏတာ အေးခဲသွားတော့သည်။

“မကောင်းတော့ဘူး ၊ အမိခံလိုက်ရပြီ”

လူရိုင်းမျိုးနွယ်စု၏ သူလျှိုခေါင်းဆောင်သည် အော်ဟစ်လိုက်ပြီး ဓားမြှောင်ကို ထုတ်ကာ ရှောင်ရှန်းဆီသို့ ပြေးဝင်လာတော့သည်။

ရှောင်ရှန်းမှာ လန့်ဖျပ်သွားပြီး နောက်သို့ ဆုတ်လိုက်သော်လည်း ၊ မြေပြင်ပေါ်ရှိ ရေများကြောင့် ချော်လဲကာ နောက်သို့ လန်ကျသွားသည်။

သို့သော် သူ လဲကျခါနီးမှာပင် ၊ သူလျှို၏ ဓားမြှောင်က သူ့မျက်စိရှေ့သို့ ရောက်ရှိလာခဲ့သည်။

ထိုအရေးကြီးသော အချိန်တွင် ရှောင်ရှန်း၏ ခန္ဓာကိုယ်သည် ဗီဇအရ ရှောင်ဖယ်မိလိုက်ပြီး၊ ပုံမှန်အချိန်တွင် သူ အထင်မြင်သေးစွာ ယူဆထားသော ‘ တောက်ပြောင်ပြီး လက်တွေ့အသုံးမဝင်ဘူး’' ဟု ဆိုသည့် သူ၏ ချပ်ဝတ်တန်ဆာပေါ်တွင် ဆင်ယင်ထားသည့် ချွန်ထက်သော အလှဆင်ပစ္စည်းမှာ သူလျှို၏ လည်ပင်းကို ဖြတ်တောက်ပစ်လိုက်သည်။

“ဖျောက်——”

သွေးများ ပန်းထွက်လာပြီး ၊ ထိုသူလျှိုမှာ မယုံကြည်နိုင်စွာဖြင့် မျက်လုံးများ ပြူးကျယ်လျက် ကိုယ့်လည်ပင်းကို အုပ်ကာ ဖြည်းဖြည်းချင်း လဲကျသွားတော့သည်။

ရှောင်ရှန်းလည်း ဖင်ထိုင်လျက်သား လဲကျသွားပြီး ၊ သူ ပြန်ထလာချိန်တွင် အလောင်းတစ်လောင်းနှင့် ထွက်ပြေးသွားသော နောက်ကျောအချို့ကိုသာ မြင်လိုက်ရတော့သည်။

“ ဒါ ဘာဖြစ်တာလဲ”

ကင်းလှည့်စစ်သည်များမှာ အသံကြားသဖြင့် လျင်မြန်စွာ ပြေးလာကြသည်။

ရှောင်ရှန်း ဘာမှ မတုံ့ပြန်နိုင်ခင်မှာပင် ၊ စစ်သည်များက သူ့ကို ဝိုင်းလိုက်ကြပြီး အားကျသော အကြည့်များဖြင့် ကြည့်နေကြသည်။

“အိမ်ရှေ့စံမင်းသားက တကယ့်ကို သူရဲကောင်းပဲ၊ လူရိုင်းမျိုးနွယ်စုက သူလျှိုကို ကိုယ်တိုင် ဖမ်းဆီးနိုင်ခဲ့တယ်"

“ငါ... ငါက...”

ရှောင်ရှန်းတစ်ယောက် စကားမဲ့နေ၏။ ဤသည်မှာ တိုက်ဆိုင်မှုသက်သက်ပါဟု ရှင်းပြချင်သော်လည်း စကားလုံးများက လည်ချောင်းထဲမှာတင် တစ်ဆို့နေတော့သည်။

မကြာမီမှာပင် စခန်းတစ်ခုလုံး ဆူညံသွားတော့သည်။ ချင်ချန်းနှင့် ရှောင်နီရှန်းတို့လည်း ရောက်ချလာကာ မြေပြင်ပေါ်ရှိ အလောင်းနှင့် အသုံးမပြုရသေးသော မီးသွေးများကို မြင်ပြီးနောက် ဤကိစ္စ၏ ကြီးလေးမှုကို ချက်ချင်း နားလည်သွားကြသည်။

“အရှင့်သား ညဘက်မှာ ကိုယ်တိုင် ကင်းလှည့်ရင်းက သူလျှိုကို ရှာဖွေတွေ့ရှိပြီး နှိမ်နင်းလိုက်တာလား၊ ဒါက စစ်တပ်တစ်ခုလုံးရဲ့ ရိက္ခာကို ကယ်တင်လိုက်တာပဲ”

ချင်ချန်းသည် ရှောင်ရှန်းကို မယုံနိုင်သော အကြည့်များဖြင့် ကြည့်နေပြီး၊ သူ၏ အကြည့်ထဲတွင် အနည်းငယ်မျှသော လေးစားမှုများပင် ပါဝ‌င်နေလေ၏။

ရှောင်ရှန်း သည် သူလျှိုကို “ရဲရဲဝံ့ဝံ့” ဖမ်းဆီးနိုင်ခဲ့သည့် သတင်းမှာ မြို့တော်သို့ လျင်မြန်စွာ ရောက်ရှိသွားပြီး ဧကရာဇ်မင်းမှာ အလွန်ပင် ဝမ်းမြောက်နေသည်။

ဤသို့ဖြင့် ချင်းချန် နှင့် ရှောင်နီရှန်းတို့၏ စောင့်ရှောက်မှုအောက်တွင် ၊ သူသည် ခရီးစဉ်၏ မူလပန်းတိုင်ဖြစ်သော မြောက်ပိုင်းနယ်စပ် ဟွမ်ဖုန်းစစ်စခန်းသို့ ရောက်ရှိလာခဲ့တော့သည်။

အဝါရောင် သဲများက ကောင်းကင်တစ်ခုလုံး ဖုံးလွှမ်းနေပြီး ၊ တိုက်ခတ်လာသော လေပြင်းများမှာ မျက်နှာကို ဓားနှင့်မွှန်းသကဲ့သို့ စပ်ဖျင်းဖျင်း ရှိလှသည်။

လေထုထဲတွင် စစ်မြေပြင်၏ သံမဏိသွေးနှင့် သတ်ဖြတ်ခြင်း အငွေ့အသက်များ လှိုင်လှိုင်ထနေ၏။

ဆောက်လုပ်ထားသော စစ်တဲများမှာ ဝပ်နေသည့် သားရဲကြီးများနှင့် တူနေပြီး၊ အလံများမှာ လေထဲတွင် တဖျပ်ဖျပ် အသံနှင့်အတူ လွင့်ပျံလျက် ရှိသည်။

ဤကဲ့သို့ လေးနက်သော လေထုအတွင်း၌ ပတ်ဝန်းကျင်နှင့် လုံးဝ လိုက်ဖက်မှုမရှိသည့် ခမ်းနားလှသော မြင်းရထားတစ်စီးမှာ သက်တော်စောင့် ရာပေါင်းများစွာ၏ ခြံရံမှုဖြင့် စစ်စခန်းတံခါးဝသို့ ဖြည်းညှင်းစွာ ဆိုက်ရောက်လာခဲ့သည်။

မြင်းရထား လိုက်ကာ ပွင့်သွားပြီးနောက်၊ ဖရိုဖရဲ ဖြစ်နေသော ခေါင်းနှင့် အိပ်ချင်မူးတူး ဖြစ်နေသော လူငယ်လေးတစ်ဦးသည် တဝါးဝါး သမ်းဝေလိုက်ကာ မြင်းရထားပေါ်မှ ခေါင်းလေး ပြူးထွက်လာခဲ့၏။

All Chapters