← Chapters

အခန်း (၂၂၇-၂၂၈)

Vol. 20 Ch. 227-228

အခန်း (၂၂၇-၂၂၈)

Vol. 20 Ch. 227-228

ထာဝရသိုင်းတာအိုအရှင်

အခန်း (၂၂၇) - အားအပြင်းဆုံး ဟင်းလင်းပြင်ပူပေါင်း

ဘာသာပြန် - အားသစ်

“ဒီအချိန်ရောက်မှတော့ ယုံတာ မယုံတာက ဘာများထူးအုံးမှာလဲ။ ခေါင်းဆောင်... ရှင့်မှာ အဖြေတစ်ခုခုရှိလို့လား”

ဖူလင်က ခပ်တိုးတိုး ပြောလိုက်သည်။ လူတိုင်း၏ အကြည့်များက လင်းဖုန်းထံသို့ စုပြုံရောက်ရှိသွားလေသည်။

သို့သော် လင်းဖုန်းက ဂရီမန်ကိုကြည့်ကာ လေးနက်သောအသံဖြင့် ပြောလိုက်သည်။

“ဂရီမန်... မင်းရဲ့ မွေးရာပါစွမ်းရည်ကို မှတ်မိသေးတယ်မလား။ ငါ့အတွက် အဲဒီပုတ်သင်သုံးကောင်ကို ဘယ်လိုနည်းနဲ့ဖြစ်ဖြစ် ထိန်းထားပေးဖို့ မင်းကို အားကိုးရလိမ့်မယ်။ ကျန်တာတော့ ငါ့အလှည့်ပဲ။ ငါ ဟင်းလင်းပြင်ပူပေါင်းနည်းစနစ်ကို သုံးမယ်။ အောင်မြင်သည်ဖြစ်စေကျရှုံးသည်ဖြစ်စေ ငါ ဟင်းလင်းပြင်ပူပေါင်းကို သုံးပြီးတာနဲ့ အားလုံးက အသက်နဲ့လဲပြီး ရှေ့ကို တိုးကြရမယ်။ ငါတို့ လွတ်နိုင်မလွတ်နိုင်ဆိုတာကတော့ ငါတို့ရဲ့ ကံတရားအပေါ်မှာပဲ မူတည်တယ်”

လူတိုင်း၏ ရင်ထဲတွင် ထိတ်ခနဲ ဖြစ်သွားသည်။ လင်းဖုန်းတစ်ယောက် အရာအားလုံးကို ရင်းပြီး တိုက်ခိုက်ရန် ပြင်ဆင်ထားကြောင်း သူတို့ ကောင်းကောင်း သိလိုက်ကြသည်။

လင်းဖုန်း၏ ဟင်းလင်းပြင်ပူပေါင်းက အလွန် အစွမ်းထက်ကြောင်း သူတို့ သိထားကြသော်လည်း ယခု သူတို့ ရင်ဆိုင်နေရသည်က ထိပ်တန်းအဆင့် နတ်ဆိုးစစ်သူကြီးသုံးကောင် ဖြစ်သည်။ လင်းဖုန်း၏ ဟင်းလင်းပြင်ပူပေါင်းက အလုပ်ဖြစ်ပါမည်လော။

လူတိုင်း တိတ်ဆိတ်သွားကြသည်။ သို့သော် လင်းဖုန်းကို မယုံကြည်လျှင်ပင် သူတို့တွင် တခြား ရွေးချယ်စရာ လမ်းမရှိချေ။

ဂရီမန်က ရုတ်တရက် ပြုံးလိုက်ပြီး လေသံအေးအေးဖြင့် ပြောလိုက်သည်။

“ငါ မင်းကို ယုံတယ်။ အောင်မြင်မြင် မအောင်မြင်မြင် ငါတို့ တိုက်ကြည့်ရမယ်။ နတ်ဆိုးစစ်သူကြီးသုံးကောင် ဖြစ်နေတော့ရော ဘာဖြစ်သေးလဲ။ သေခြင်းနဲ့ ရှင်ခြင်းကြားမှာ ငါတို့ရဲ့ အလားအလာတွေကို အစွမ်းကုန်ထုတ်ဖော်အသုံးပြုလိုက်မယ်ဆိုရင် မျိုးရိုးဗီဇကန့်သတ်ချက်ကို ချိုးဖျက်ပြီးတော့ ဒုတိယအကြိမ် အသက်ဝိညာဉ် အသွင်ပြောင်းလဲမှုကိုတောင် ပြုလုပ်နိုင်ရင် ပြုလုပ်နိုင်မှာပေါ့”

“မှန်တယ်... အသက်အန္တရာယ် ကြုံရတဲ့အချိန်ဆိုတာကက ကြောက်စရာကောင်းသလို ကြီးမားတဲ့ အခွင့်အရေးလည်း ရှိနေတတ်တယ်။ ငါတို့အားလုံး အစွမ်းကုန် တိုက်ကြရအောင်”

ကျန်သိုင်းသမားများသည်လည်း သူတို့ရင်ထဲရှိ ဖိအားများကို ထုတ်လွှတ်သည့်အနေဖြင့် ကျယ်လောင်စွာ အော်ဟစ်ဟိန်းဟောက်လိုက်ကြသည်။ နတ်ဆိစစ်သူကြီးသုံးကောင်နှင့် ရင်ဆိုင်ရချိန်တွင် အသက်ရှင်နိုင်ရန် မျှော်လင့်ချက်ရှိသေးသည်ဟု သူတို့ လုံးဝမယုံကြည်ကြပေ။

သို့သော် သူတို့သည်ကား သိုင်းသမားများ ဖြစ်ကြ၏။ အကယ်၍ သူတို့ သေရမည်ဆိုလျှင်ပင် တိုက်ပွဲထဲတွင်သာ သေဆုံးသွားကြပေမည်။

ထို့ကြောင့် သူတို့သည် အရာအားလုံးကို ပုံအောတိုက်ခိုက်ရန် ဆုံးဖြတ်လိုက်ကြသည်။

ဘုန်း ဘုန်း ဘုန်း

ခြေသံများက တဖြည်းဖြည်း နီးကပ်လာသည်။ လူတိုင်း အသက်ကိုပင် အောင့်ထားပြီး အပြည့်အဝ အာရုံစိုက်ထားကြသည်။ လင်းဖုန်းနှင့် ဂရီမန်တို့က ရှေ့ဆုံးတွင် ရပ်နေကြပြီး သူတို့၏ စိတ်နှလုံးထဲတွင်လည်း ဖိအားများကြောင့် ခဲဆွဲထားသကဲ့သို့ လေးလံတင်းမာနေသည်။

များမကြာမီ ဧရာမပုတ်သင်သုံးကောင် ပြန်လည် ပေါ်ပေါက်လာသည်။ သူတို့၏ မျက်လုံးများက နီမြန်းနေပြီး သတ်ဖြတ်လိုစိတ်များဖြင့် ပြည့်နှက်နေသည်။ ထိုပုတ်သင်တို့သည်ကား သတ်ဖြတ်ရန်အတွက်သာ သီးသန့်ဖန်တီးထားသော သန့်စင်သည့် သတ်ဖြတ်ရေး သားရဲများ ဇီဝလက်နက်များ ဖြစ်ကြပြီး ကြောက်မက်ဖွယ်အကောင်းဆုံး ဇီဝပြုပြင်သားရဲများလည်း ဖြစ်ကြသည်။ သူတို့တွင် မည်သည့် ဆင်ခြင်တုံတရားမျှ မရှိပေ။

သာမန် နတ်ဆိုးစစ်သူကြီးများပင်လျှင် သတ်ဖြတ်ရန်နှင့် ဖျက်ဆီးရန်သာ စဉ်းစားနေသော ဤပုတ်သင်သုံးကောင်ကဲ့သို့ ကြောက်မက်ဖွယ်ရာ ကောင်းလိမ့်မည် မဟုတ်ပေ။

သတ္တမမြောက် ယဉ်ကျေးမှု၏ ဇီဝစစ်လက်နက်များဖြစ်သော ဤဇီဝပြုပြင်သားရဲများသည်ကား အမှန်တကယ်ပင် ကြောက်စရာကောင်းလှ၏။ လောင်ဘီသမ်က သတ္တမမြောက် ယဉ်ကျေးမှုက ပို၍ ဒုက္ခပေးနိုင်သည်ဟု အဘယ်ကြောင့် ပြောရသည်ကို လင်းဖုန်း ကိုယ်တိုင် ခံစားသိရှိလိုက်ရလေပြီ။

ဂါး

နောက်တစ်စက္ကန့်တွင် ပုတ်သင်သုံးကောင်သည် ခေါင်းကိုမော့ကာ ဟိန်းဟောက်လိုက်ပြီး အရိပ်သုံးခုအဖြစ် ပြောင်းလဲကာ လင်းဖုန်းတို့အုပ်စုထံသို့ တဟုန်ထိုး ပြေးဝင်လာကြသည်။ တစ်ချိန်တည်းမှာပင် ဂရီမန်၏ မျက်နှာက သွေးထွက်‌နေသည့်အလား နီမြန်းသွားပြီး သူ၏ မွေးရာပါစွမ်းရည်ကို အစွန်းကုန် ထုတ်ဖော်လိုက်သည်။

“ရပ်စမ်း”

ဂရီမန်က ခပ်ပြတ်ပြတ် ဟိန်းဟောက်လိုက်ပြီး သူ့တစ်ကိုယ်လုံးရှိ ကြယ်တာရာစွမ်းအားများအားလုံး ရူးသွပ်စွာ ပေါက်ကွဲထွက်လာသည်။ ဂရီမန်တွင် ဟင်းလင်းပြင်ဆိုင်ရာ မွေးရာပါပါရမီ ရှိကြောင်း လင်းဖုန်း သိထားသော်လည်း ဂရီမန်၏ ဟင်းလင်းပြင်စွမ်းရည်က အလွန် အားနည်းလွန်းလှသည်။ ဂရီမန်အနေဖြင့် ထိုပုတ်သင်သုံးကောင်ကို ထိန်းထားနိုင်လိမ့်မည်ဟု လင်းဖုန်း မယုံကြည်ပေ။

သို့သော် ဂရီမန်သာ မပါလျှင် လင်းဖုန်း၏ ဟင်းလင်းပြင်ပူပေါင်းက ပုတ်သင်သုံးကောင်ကို လွှမ်းခြုံနိုင်ရန် အခွင့်အရေး ပိုနည်းပေလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် ပုတ်သင်သုံးကောင်၏ အရှိန်က အလွန်တရာ လျင်မြန်လှသောကြောင့်ပင်။ လင်းဖုန်း သူ၏စိတ်စွမ်းအားဖြင့်ပင် သူတို့ကို ပစ်မှတ်မထားနိုင်ပေ။

လင်းဖုန်း၏ စိတ်စွမ်းအားက ပုတ်သင်သုံးကောင်ကို အချိန်ပြည့် လွှမ်းခြုံထားသည်။ သူ့ခန္ဓာကိုယ်အတွင်းရှိ ကြယ်တာရာစွမ်းအားများကလည်း ဆူပွက်နေသည်။

ဂရီမန်တစ်ယောက် ပုတ်သင်သုံးကောင်ကို ထိန်းထားနိုင်သည်ဖြစ်စေ မထားနိုင်သည်ဖြစ်စေ သူ ဟင်းလင်းပြင်ပူပေါင်းကို အသုံးပြုရမည်သာ။ အကယ်၍ မအောင်မြင်ခဲ့ပါက သူတို့၏အသက်ကို ကံတရားအပေါ်တွင်သာ ပုံအပ်ရတော့မည်။ လင်းဖုန်းတစ်ယောက်သာ မသေနိုင်သော အစွမ်းသတ္တိကြောင့် အသက်ရှင်နိုင်သော်လည်း အခြားသူများကမူ သေဆုံးသွားနိုင်ပေသည်။

ပုတ်သင်သုံးကောင်၏ ဟိန်းဟောက်သံများက ဥမင်အတွင်း ဟိန်းထွက်နေဆဲဖြစ်သည်။ ဂရီမန်၏ ဟိန်းဟောက်သံများကလည်း မပြတ်တမ်း ထွက်ပေါ်နေသည်။

ထိုတစ်ဒင်္ဂမျှအချိန်အတွင်း အရာအားလုံးက ရပ်တန့်သွားပုံရသည်။ လင်းဖုန်း၏ မျက်လုံးများ ပြူးကျယ်သွားသည်။ ဤသည်ကား သူရင်းနီးသည့် ခံစားချက်မျိုးပင်။ ပုတ်သင်သုံးကောင်၏ ပတ်ဝန်းကျင်ရှိ ဟင်းလင်းပြင်မှာ အလွန်ထူးဆန်းသော စွမ်းအားတစ်ခုကြောင့် ပုံပျက်သွားသကဲ့သို့ သူ ခံစားလိုက်ရသည်။

ပုတ်သင်သုံးကောင်မှာ ရုတ်တရက်ရပ်တန့်သွားပြီး လေထုထဲတွင် ခဏတာမျှ ပိတ်မိသွားကြသည်။ လင်းဖုန်း၏ စိတ်စွမ်းအားက ပုတ်သင်သုံးကောင်၏ မျက်လုံးများထဲရှိ ရူးသွပ်မှုများကြားမှ ထိတ်လန့်သွားသည့် အရိပ်အယောင်များကိုပင် မြင်တွေ့နေရသည်။

အံ့ဩသွားတာလား။

လင်းဖုန်း အများကြီး တွေးမနေတော့ပေ။ သူသည် မသိစိတ်ဖြင့် လက်ကို ဝှေ့ယမ်းလိုက်ရာ သူခန္ဓာကိုယ်အတွင်းရှိ များပြားလှသည့် ကြယ်တာရာစွမ်းအားများက ရူးသွပ်စွာ ထွက်ပေါ်လာသည်။

အလွန်ကြီးမားလှသော ကြယ်တာရာပူပေါင်းတစ်လုံးက ပုတ်သင်သုံးကောင်ကို ချက်ချင်း လွှမ်းခြုံလိုက်သည်။ ပုတ်သင်နှစ်ကောင်၏ ခန္ဓာကိုယ် ထက်ဝက်ကမူ ကြယ်တာရာပူပေါင်းထဲသို့ မရောက်ရှိသေးပေ။

လင်းဖုန်းသည် ကြယ်တာရာပူပေါင်းထဲသို့ ကြယ်တာရာစွမ်းအားမျှင် ၇၀၀၀၀ ကျော်ကို အရူးအမူး ထည့်သွင်းလိုက်တော့သည်။

ကြယ်တာရာစွမ်းအားမျှင် ၇၀၀၀၀ နှင့်ပေါင်းစပ်ထားသော ဟင်းလင်းပြင်ပူပေါင်းတစ်လုံးသည်ကား မည်မျှအထိ အစွမ်းထက်ပါသနည်း။

အမှန်တကယ်တော့ လင်းဖုန်းကိုယ်တိုင်ပင် မသိပေ။ ယခင်ကလိုဆိုလျှင် သူ ကြယ်တာရာစွမ်းအားမျှင် ၈၀၀၀၀ ကျော်ဖြင့် ဟင်းလင်းပြင်ပူပေါင်းကို ပိုမို အစွမ်းထက်စေနိုင်သော်လည်း မကြာသေးမီက ပုတ်သင်၏ တိုက်ခိုက်မှုကို ခုခံရန်အတွက် ကြယ်တာရာစွမ်းအားမျှင် ၁၀၀၀၀ ကို အသုံးပြုခဲ့ရသည်။

သို့တစေ ကြယ်တာရာစွမ်းအားမျှင် ၇၀၀၀၀က အလွန်ပင် ထိတ်လန့်စရာ ကောင်းလှ၏။ လင်းဖုန်း ဤတစ်ကြိမ်တွင် တကယ်ပင် အရာအားလုံးကို ပုံအောလိုက်ခြင်း ဖြစ်သည်။ သူသည် သူ့ခန္ဓာကိုယ်အတွင်းရှိ ကြယ်တာရာစွမ်းအား အားလုံးကို ဟင်းလင်းပြင်ပူပေါင်းထဲသို့ ထည့်သွင်းလိုက်သည်ဖြစ်ရာ သူ့ ခန္ဓာကိုယ်ထဲတွင် ကြယ်တာရာစွမ်းအား အစအနပင် မကျန်တော့ပေ။

ဤသည်က လင်းဖုန်း အသုံးပြုခဲ့ဖူးသမျှထဲတွင် အားအပြင်းဆုံး ဟင်းလင်းပြင်ပူပေါင်းပင်။

“ပြိုကွဲစမ်း”

လင်းဖုန်း ရူးသွပ်စွာ အော်ဟစ်လိုက်သည်။

လင်းဖုန်းကိုယ်တိုင်ပင် သူ အသုံးပြုလိုက်သော အားအပြင်းဆုံး ဟင်းလင်းပြင်ပူပေါင်း၏ စွမ်းပကားကို မသိပေ။ ဤနည်းစနစ်နှင့်ဆိုလျှင် သူ သာမန်နတ်ဘုရားနယ်ပယ် သိုင်းသမားများနှင့်ပင် ရင်ဆိုင်နိုင်စွမ်းရှိသည်ဟု ခံစားခဲ့ရဖူးသည်။ ယခုမူ သူ အားအပြင်းဆုံး ဟင်းလင်းပြင်ပူပေါင်း၏ စွမ်းအားကို စမ်းသပ်နိုင်ပြီ ဖြစ်သည်။

ဟင်းလင်းပြင်ပူပေါင်းမှာ ဧရာမကြယ်ကြီးတစ်လုံး ပေါက်ကွဲသွားသကဲ့သို့ ရုတ်တရက် ပြိုကွဲပျက်စီးသွားသည်။ အထဲတွင် မည်းနက်နေသော လေစီးကြောင်းများပင် ပေါ်လာပြီး ပုတ်သင်သုံးကောင်ကို ချက်ချင်း လွှမ်းခြုံသွားသည်။

ဝုန်း

ပုတ်သင်သုံးကောင်၏ အကြေးခွံများက တစ်ခုပြီးတစ်ခု ကြေမွသွားပြီး အသားနှင့် သွေးများ နေရာအနှံ့သို့ လွင့်စင်သွားသည်။ ပုတ်သင်များသည် သူတို့၏ ခေါင်းများကို မော့ကာ ဟိန်းဟောက်လိုက်ကြပြီး အလွန် နာကျင်နေပုံရ၏။

သို့သော် ထိုမျှသာ ဖြစ်သည်။

ဟင်းလင်းပြင်ပူပေါင်းက တကယ်ပင် အစွမ်းထက်လှသော်လည်း ပုတ်သင်သုံးကောင်စလုံးကို အမှုန့်ဖြစ်အောင် မလုပ်နိုင်ခဲ့ပေ။ ဤပုတ်သင်သုံးကောင်က အလွန်ပင် အစွမ်းထက်လွန်းလှသဖြင့် အားလုံးကို မျှော်လင့်ချက် ကင်းမဲ့သွားစေသည်။

လင်းဖုန်း၏ အားအကောင်းဆုံး ဟင်းလင်းပြင်ပူပေါင်းသည်ကား ပုတ်သင်သုံးကောင်ကို ဒဏ်ရာရရုံသာ ဖြစ်စေခဲ့သည်။ ပုတ်သင်များကို သတ်ရန်ကမူ မဖြစ်နိုင်ပေ။

“ပြေးကြ... မြန်မြန်”

လင်းဖုန်းက အော်ပြောလိုက်သည်။ သူ မအောင်မြင်ခဲ့ပေ။ သူတို့ ဘာများဆက်လုပ်နိုင်ပါဦးမည်နည်း။ သေရမည်ကိုသာ ထိုင်စောင့်နေကြမည်လော။

ဖူလင်၊ ဒါဒန်၊ လင်းရွှီနှင့် အခြားသူများလည်း မြန်မြန်ဆန်ဆန် တုံ့ပြန်လိုက်ကြသည်။ ဟင်းလင်းပြင်ပူပေါင်းက ပုတ်သင်သုံးကောင်ကို လွှမ်းခြုံထားသည့် အချိန်ကို အခွင့်ကောင်းယူကာ သူတို့အားလုံး အစွမ်းကုန် ရှေ့သို့ ပြေးထွက်သွားကြသည်။ ဂရီမန်ကမူ စောစောက ဟင်းလင်းပြင်စွမ်းရည်ကို အသုံးပြုခဲ့ရသဖြင့် သူ့ခန္ဓာကိုယ်မှာ တန်ပြန်အားကို ခံစားနေရသည်။ ထို့ကြောင့် ယခုအချိန်တွင် သူ၏ လှုပ်ရှားမှုများက သိသိသာသာ နှေးကွေးနေလေသည်။

လင်းဖုန်း ပြတ်သားစွာဖြင့် ဂရီမန်ကို ဆွဲယူကာ ပခုံးပေါ်တွင် ထမ်းပြီး လျှပ်စီးကဲ့သို့ ရှေ့သို့ ပြေးထွက်သွားတော့သည်။

ဟင်းလင်းပြင်ပူပေါင်း ပြိုကွဲသွားသည်နှင့် ဒဏ်ရာရနေသော ပုတ်သင်သုံးကောင်စလုံးမှာ သတ်ဖြတ်လိုစိတ်များဖြင့် လင်းဖုန်းတို့အုပ်စုကို ကြည့်ကာ ရူးသွပ်စွာ ဟိန်းဟောက်လိုက်ကြသည်။

“ပြေး... ပြေး”

လင်းဖုန်း တွေဝေတုံ့ဆိုင်းမနေတော့ပေ။ သူ ဂရီမန်ကို ထမ်းကာ ရှေ့တူရူသို့ အရူးအမူး ပြေးထွက်သွားသည်။ ဂရီမန်ကို ထမ်းထားသော်လည်း လင်းဖုန်း၏ အရှိန်က မနှေးလှပေ။

ဝှစ်

ပုတ်သင်သုံးကောင်၏ မျက်လုံးများထဲမှ မရေမတွက်နိုင်သော မီးခိုးရောင် အလင်းတန်းများ ထွက်ပေါ်လာသည်။ လင်းရွှီနှင့် အိုရန်ကျင်းတို့ကား ကံမကောင်းလှပေ။ သူတို့ အနည်းငယ် နှေးကွေးသွားသဖြင့် အလင်းတန်းများ၏ ထိုးဖောက်ခြင်း ခံလိုက်ရသည်။

မူလက သူတို့ နှစ်ဦးစလုံး သေလုမြောပါးဖြစ်သည်အထိ ဒဏ်ရာရခဲ့ခြင်း မဟုတ်ပေ။ အလွန်ဆုံးမှ သူတို့၏ ခန္ဓာကိုယ်တွင် သွေးထွက်နေသော အပေါက်ငယ်တစ်ခုသာ ဖြစ်လာသည်။ အသွင်ပြောင်းနယ်ပယ် သိုင်းသမားတစ်ဦး၏ ခန္ဓာကိုယ်ကြံ့ခိုင်မှုဖြင့်ဆိုလျှင် ထိုသည်က သေစေနိုင်လောက်သည်အထိ မပြင်းထန်ပေ။ သို့သော် ဒဏ်ရာကြောင့် သူတို့၏ အရှိန်က နှေးကွေးသွားပြီး ပုတ်သင်သုံးကောင် သူတို့ကို လိုက်မှီသွားသည်။ ပုတ်သင်များက သူတို့၏ ပါးစပ်များကို ဖွင့်ဟကာ ထိုနှစ်ဦးကို အရှင်လတ်လတ် ဝါးမြိုပစ်လိုက်ကြတော့သည်။

နောက်ထပ် လူနှစ်ဦး ပုတ်သင်များ၏ ဝါးမြိုခြင်းကို ခံလိုက်ရပြန်သည်။ သိုင်းသမား ဆယ်ဦးထဲတွင် လင်းဖုန်း အပါအဝင် လေးဦးသာ ကျန်တော့၏။ ထို့ပြင် ဂရီမန်မှာ အလွန်အားနည်းနေပြီး တိုက်ခိုက်နိုင်စွမ်း မရှိတော့ပေ။

လင်းဖုန်းသည် လူတိုင်းကို ဦးဆောင်ကာ ရူးရူးမူးမူး ပြေးထွက်သွားသော်လည်း မကြာမီမှာပင် ဥမင်လမ်းက လမ်းနှစ်ခွ ဖြစ်သွားသည်။

“လမ်းခွဲကြစို့။ လူတိုင်း လမ်းခွဲကြ။ ဂရီမန်နဲ့ ငါက ဘယ်ဘက်လမ်းကို သွားမယ်။ ဖူလင်၊ ဒါဒန်... မင်းတို့က ညာဘက်လမ်းကို သွား။ မှတ်ထားပါ... မင်းတို့ အသက်ရှင်အောင် နေကြရမယ်”

ထိုသို့ ပြောပြီးနောက် လင်းဖုန်း ဂရီမန်ကို ဦးဆောင်ကာ ဘယ်ဘက်လမ်းသို့ ချက်ချင်း ပြေးဝင်သွားသည်။

အမှန်တကယ်တော့ လင်းဖုန်းသည် ခုနက လောင်ဘီသမ်၏ လမ်းညွှန်မှုကို ကြားလိုက်ရပြီး ဖြစ်သည်။ လမ်းနှစ်ခုစလုံးက နောက်ဆုံးတွင် ထိန်းချုပ်ခန်းသို့ ရောက်ရှိမည် ဖြစ်သည်။ သို့သော် သူတို့ တစ်လမ်းတည်း မသွားသင့်ကြောင်း သူ ကောင်းကောင်း သိထားပေသည်။

အကယ်၍ သူတို့ အမှန်တကယ် သေရမည်ဆိုလျှင်ပင် လမ်းတစ်ဖက်မှ လူများ သေဆုံးသွားပါက အခြားတစ်ဖက်မှ လူများကမူ ထိန်းချုပ်ခန်းသို့ ရောက်ရှိရန် အခွင့်အရေး ရှိနေဆဲပင် ဖြစ်ပေမည်။

“လင်းဖုန်း... ငါ့ကို ချထားခဲ့ပါ။ မဟုတ်ရင် ငါတို့ နှစ်ယောက်စလုံး သေလိမ့်မယ်”

ဂရီမန်က အားနည်းတိုးလျသော အသံဖြင့ ပြောလိုက်သည်။ လင်းဖုန်းသည် နောက်မှ ပုတ်သင်နှစ်ကောင်၏ ခြေသံကို ထင်ထင်ရှားရှား ကြားနေရသည်။ ဤပုတ်သင်များသည် အသိဉာဏ်အချို့ ရှိကြပြီး လိုက်လံ ဖမ်းဆီးရန်အတွက် လမ်းခွဲရမည်ကို သိကြသည်။

ဂရီမန်ကို ခေါ်သွားရခြင်းက အမှန်တကယ်ပင် အဆင်မပြေလှပေ။ လင်းဖုန်း ခဏမျှ စဉ်းစားလိုက်ပြီးနောက် သူ့ဘေးတွင် အခန်းတစ်ခု ရှိနေသည်ကို သတိထားမိလိုက်သည်။ သူသည် ထိုအခန်းတံခါးကို ချက်ချင်း ရိုက်ဖွင့်လိုက်ပြီး ဂရီမန်ကို အခန်းထဲတွင် ထားခဲ့လိုက်သည်။

“ဂရီမန်... ဒီမှာပဲ နေခဲ့ပါ။ ငါ ထိန်းချုပ်ခန်းကို သေချာပေါက် ရောက်အောင်သွားပြီး တာဝန်ကို အပြီးသတ်မယ်”

ထိုသို့ ပြောပြီးနောက် သူသည် အနောက်ရှိ ပုတ်သင်နှစ်ကောင်ကို ကြည့်ကာ ကျယ်လောင်စွာ အော်ဟစ်ဟိန်းဟောက်လိုက်ပြီး ပုတ်သင်နှစ်ကောင်၏ အာရုံကို ဆွဲဆောင်ကာ သူ့နောက်သို့ လိုက်လာအောင် လုပ်ဆောင်လိုက်သည်။

ထာဝရသိုင်းတာအိုအရှင်

အခန်း (၂၂၈) - စိတ်ဓာတ်ကျခြင်း

ဘာသာပြန် - အားသစ်

“မြန်မြန်... မြန်မြန်လုပ်ပါဦး။ ထိန်းချုပ်ခန်းက ဘယ်မှာလဲ”

လင်းဖုန်းသည်လည်း စတင်ထိတ်လန့်လာခဲ့လေပြီ။ သူ့နောက်မှ ပုတ်သင်နှစ်ကောင်သည် အလွန်လျင်မြန်သွက်လက်ရုံသာမက သေစေနိုင်သော အလင်းတန်းများကိုပါ ပစ်လွှတ်တိုက်ခိုက်နိုင်သောကြောင့်ပင်။

ဆွစ်

နောက်ထပ် အလင်းတန်းနှစ်ခုက လင်းဖုန်း၏ ခန္ဓာကိုယ်ကို ချက်ချင်း ထိုးဖောက်သွားပြန်သည်။

ထိုအလင်းတန်းများက အလွန်ပူပြင်းပြီး ထူးဆန်းသည့် စွမ်းအားတစ်ခုက သူ့ခန္ဓာကိုယ်ထဲတွင် ပေါက်ကွဲထွက်ပေါ်လာသဖြင့် ခုခံရန် အလွန်ခက်ခဲလှသည်။ လင်းဖုန်းတွင် ချပ်ဝတိတန်ဆာ မရှိတော့သည်ကို မဆိုထားနှင့်၊ ရှိနေလျှင်ပင် ဤအလင်းတန်းများကို သူ ခုခံနိုင်မည် မဟုတ်ပေ။

ကံကောင်းထောက်မစွာဖြင့် လင်းဖုန်းတွင် မသေနိုင်သော အစွမ်းသတ္တိနှင့် အံ့ဩစရာကောင်းသည့် ပြန်လည်ကုသနိုင်စွမ်း ရှိနေသည်။ အလင်းတန်းကြောင့် သူ့ခန္ဓာကိုယ် ထုတ်ချင်းပေါက်သွားရလျှင်ပင် သူ အလွန်လျင်မြန်စွာ ပြန်လည်ကောင်းမွန်လာနိုင်သည်။

လင်းဖုန်းသည် သူပေါင်းစပ်ခဲ့သမျှ သားရဲမျိုးရိုးဗီဇများထဲတွင် ဝက်အူရစ်ပိုးကောင် မျိုးရိုးဗီဇက အစွမ်းအထက်ဆုံးဖြစ်သည်ဟု အမြဲခံစားခဲ့ရသည်။ အကြောင်းမူကား မသေနိုင်သော အစွမ်းသတ္တိမှာ အလွန်ပင် ယုတ္တိမတန်လောက်အောင် အစွမ်းထက်လွန်းသောကြောင့်ပင်။ သူ သာမန်သားရဲနှင့် နတ်ဆိုးမျိုးကွဲပေါင်းများစွာကို တွေ့ခဲ့ဖူးသော်လည်း ဝက်အူရစ်ပိုးကောင်၏ မသေနိုင်သော အစွမ်းသတ္တိနှင့် ယှဉ်နိုင်သော စွမ်းရည်မျိုး ပိုင်ဆိုင်ထားသည့် သားရဲမျိုး တစ်ကောင်မျှပင် မရှိပေ။

ဝက်အူရစ်ပိုးကောင်များသည်ကား သာမန်သာ မဟုတ်သည်က အသေအချာပင်။ နှမြောစရာကောင်းသည်မှာ ပြိုင်ဘက်ကင်းလက်သီးသူတော်စင်က ထိုကိစ္စကို ကိုယ်တိုင် စုံစမ်းစစ်ဆေးနေခြင်းပင် ဖြစ်သည်။ သူတော်စင်ကိုယ်တိုင် စုံစမ်းနေသဖြင့် စုံစမ်းမှုက မည်မျှအထိ ရောက်ရှိနေပြီလဲဆိုသည်ကို မည်သူမျှ မသိနိုင်ပေ။

နဂါးကျောက်တုံးမြို့ပြင်တွင် တွေ့ခဲ့ရသော ဝက်အူရစ်ပိုးကောင် အနည်းငယ်က အကုန်လုံး မဟုတ်နိုင်ကြောင်း လင်းဖုန်း ယုံကြည်နေသည်။ ထိုစဉ်က နတ်ဆိုးစစ်သူကြီး တစ်ကောင်မျှပင် မတွေ့ခဲ့ရပေ။ လင်းဖုန်းအနေဖြင့် မသေနိုင်သော အစွမ်းသတ္တိကို အားကိုး၍သာ သေစေနိုင်သော ခြိမ်းခြောက်မှုများမှ အကြိမ်ကြိမ် လွတ်မြောက်ခဲ့ရသည်။

အကယ်၍ သူသာ မွေးရာပါစွမ်းရည် မသေနိုင်သောအစွမ်းသတ္တိ မရှိပါက ပုတ်သင်နှစ်ကောင်၏ ကမူးရှူးထိုး လိုက်လံတိုက်ခိုက်မှုကြောင့် သူ ယမမင်းနှင့် ဆုံရသည်မှာ ကြာပြီ ဖြစ်လိမ့်မည်။

“ဟိုးရှေ့က တံခါးကို မြင်လား။ အဲဒီထဲမှာ ထိန်းချုပ်ခန်း ရှိတယ်”

လင်းဖုန်း မည်မျှကြာအောင် ပြေးလာခဲ့သည်ကို မသိတော့။ သူ လောင်ဘီသမ်၏ လမ်းညွှန်မှုကိုသာ လိုက်နာပြီး ရှေ့သို့ ရူးရူးမူးမူး ပြေးလာခဲ့သည်။

ထိုအချိန်တွင် လောင်ဘီသမ်၏ အသံ ထပ်မံထွက်ပေါ်လာသည်။ သူတို့ ထိန်းချုပ်ခန်းသို့ ရောက်ရှိလာပြီ ဖြစ်၏။ သို့သော် လင်းဖုန်း စေ့စေ့ပိတ်ထားသော တံခါးကို တွေ့လိုက်ရသည်။ ထိုတံခါးကို သူ မည်သို့ ဖွင့်ရပါမည်နည်း။

“လောင်ဘီသမ်... တံခါးကို မြန်မြန်ဖွင့်ပေး”

ထိုတံခါးကို လင်းဖုန်းကိုယ်တိုင် ဖွင့်ရန် နည်းလမ်းမရှိပေ။

“ငါ အချိန်နည်းနည်း လိုတယ်။ မင်း တောင့်ခံထားနိုင်မလား ဆိုတဲ့အပေါ်မှာပဲ မူတည်တယ်”

“ဘယ်လောက်ကြာမှာလဲ”

“မိနစ်ဝက်လောက်ဆို ရပြီ”

လင်းဖုန်း သူ့နောက်မှ ပြေးလိုက်လာသော ပုတ်သင်နှစ်ကောင်ကို လှည့်ကြည့်လိုက်သည်။ မိနစ်ဝက်လောက် သူ တောင့်ခံထားနိုင်မလားဆိုသည်က ပြောဖို့ ခက်လှ၏။ အဘယ်ကြောင့်ဆိုသော် သူ့တွင် ကြယ်တာရာစွမ်းအား တစ်စက်မျှ မကျန်တော့သောကြောင့်ပင်။

“ကောင်းပြီ... မိနစ်ဝက်နော်။ မင်း တတ်နိုင်သမျှ မြန်မြန်လုပ်။ မဟုတ်လို့ ငါ သေသွားရင် မင်း မျိုးရိုးဗီဇပေါင်းစပ်ကိရိယာအတွက် နောက်ထပ် ကိုယ်စားလှယ်တစ်ယောက်ကို အကြာကြီး ထပ်စောင့်ရလိမ့်မယ်”

“မစိုးရိမ်ပါနဲ့။ ငါလည်း မင်းကို အသက်ရှင်စေချင်ပါတယ်။ မင်းမရှိရင် ဟိုအာကာသယာဉ်ထဲမှာ အိပ်နေရမှာက ပျင်းစရာကြီးကွ”

ထိုသို့ပြောပြီးနောက် လောင်ဘီသမ်၏ ညွှန်ကြားချက်အရ လင်းဖုန်း ဆက်သွယ်ရေးကိရိယာကို တံခါးဘေးရှိ လျှပ်စစ်သုံး သော့ပေါ်သို့ တင်လိုက်သည်။

တစ်စက္ကန့်... နှစ်စက္ကန့်... သုံးစက္ကန့်...

သုံးစက္ကန့်သာ ရှိသေးသော်လည်း ပုတ်သင်နှစ်ကောင်က မှီလာခဲ့လေပြီ။

ဝှစ် ဝှစ်

ပုတ်သင်နှစ်ကောင်က လင်းဖုန်းကို အခွင့်အရေးမပေးဘဲ သူတို့၏ မျက်လုံးများထဲမှ အလင်းတန်းများစွာကို ချက်ချင်း ပစ်လွှတ်လိုက်သည်။

“ချီးပဲ”

လင်းဖုန်း မကျေမချမ်း ဆဲရေးလိုက်မိသည်။ သူ ထိုထူထပ်လှသော အလင်းတန်းများကို အတတ်နိုင်ဆုံး ရှောင်ရှားရပေမည်။ မဟုတ်လျှင် သူ မသေနိုင်သော အစွမ်းသတ္တိ ရှိနေလျှင်ပင် သူ့ခန္ဓာကိုယ်တစ်ခုလုံး ပျားအုံကဲ့သို့ အပေါက်များစွာ ဖြစ်သွားပေလိမ့်မည်။ ထိုသို့ဖြစ်သွားပါက ပြန်လည်ကုသနိုင်ရန်အတွက် အားအင်များစွာ ကုန်ဆုံးသွားပေလိမ့်မည်။

ထို့ပြင် ပုတ်သင်နှစ်ကောင်က သူ့ကို မလွတ်တန်း ကြည့်နေကြဆဲပင်။ ထိုနှစ်ကောင်က သူ့ကို ပြန်လည်ကုသရန် အချိန်ပေးပါမည်လော။

“လောင်ဘီသမ်... မြန်မြန်လုပ်စမ်းပါ”

“အေးအေး... ဆက်သွယ်ရေးကိရိယာကို ပြန်ယူလိုက်တော့။ မင်း ကံကောင်းသွားတယ်။ မိနစ်ဝက်ထိ မကြာတော့ဘူး။ စက္ကန့်နှစ်ဆယ်လောက်ပဲ လိုတော့မယ်”

“စက္ကန့်နှစ်ဆယ် ဟုတ်လား”

သုံးစက္ကန့်သာ ရှိနေသေးသဖြင့် သူ ဆက်သွယ်ရေးကိရိယာကို ချက်ချင်း သိမ်းလိုက်ပြီး မြေပြင်ပေါ်တွင် လှိမ့်ကာ ရှောင်လိုက်သည်။

ဝှစ်

အလင်းတန်းများက လင်းဖုန်း၏ လက်မောင်းကို ကပ်လျက် ဖြတ်သွားသဖြင့် လက်မောင်းတွင် သွေးများ ရွှဲရွှဲစိုသွားသည်။ သို့သော် ထိုသည်ကား အပေါ်ယံအရေပြား ပွန်းပဲ့ရုံသာဖြစ်သဖြင့် သူ လျင်မြန်စွာ ပြန်ကောင်းလာမည် ဖြစ်သည်။ လင်းဖုန်း နောက်သို့ လှည့်ကြည့်လိုက်သောအခါ ထိုအလင်းတန်းများက တံခါးသွားမှန်သည်ကို တွေ့လိုက်ရသည်။

လင်းဖုန်းက ပုတ်သင်နှစ်ကောင်၏ အစွမ်းကို အသုံးပြုကာ ထိုတံခါးကို အတင်းအဓမ္မ ပွင့်စေရန် ကြံစည်ခဲ့ခြင်းဖြစ်၏။ သို့ပေသော်လည်း ယခုအခါတွင်မူ ပုတ်သင်များ၏ ပြင်းထန်သော စွမ်းအင်အလင်းတန်းများပင်လျှင် ထိုတံခါးကို ဘာမှမတတ်နိုင်သည်ကို တွေ့လိုက်ရသည်။

ထိုတံခါးသည်လည်း အထူးသတ္တုစပ်ဖြင့် ပြုလုပ်ထားပုံရသည်။ အလင်းတန်းများကို မဆိုထားနှင့် ပုတ်သင်နှစ်ကောင်စလုံး အတင်းဝင်တိုက်လျှင်ပင် အသုံးဝင်မည် မဟုတ်ပေ။

“အခုတော့ လောင်ဘီသမ်ကိုပဲ အားကိုးရတော့မယ်။ သူ အမြန်ဆုံး လုပ်နိုင်ပါစေလို့ပဲ ဆုတောင်းရမယ်”

လင်းဖုန်း အံကို ကြိတ်လိုက်သည်။ စောစောက မြေပြင်ပေါ်သို့ လှိမ့်ကာရှောင်လိုက်ခြင်းကြောင့် အချိန်အနည်းငယ် ထပ်ရလိုက်သည်။

လေးစက္ကန့်... ငါးစက္ကန့်... ခြောက်စက္ကန့်...

လက်ရှိအချိန်တွင် လင်းဖုန်းအတွက် တစ်စက္ကန့်ချင်းစီတိုင်းက တစ်နှစ်တာအလား ကြာရှည်လွန်းနေသည်။ ပုတ်သင်နှစ်ကောင်က တစ်လှမ်းချင်း နီးကပ်လာသည်။ မီးခိုးရောင် အလင်းတန်းများက ပိုက်ကွန်ကြီးတစ်ခုအလား လင်းဖုန်း၏ လှုပ်ရှားမှုကို ကန့်သတ်ထားသည်။

လင်းဖုန်း ထွက်ပြေးရန်အတွက်မူ မည်မျှအထိ ပြေးနိုင်ပါမည်နည်း။ ထို့ပြင် သူ့နောက်တွင် မာကျောသော နံရံများသာ ရှိနေသည်။ ပြေးစရာ နေရာမရှိပေ။

“ငါ ဒီတိုင်း အသေမခံနိုင်ဘူး”

လင်းဖုန်းသည် ထိုအလင်းတန်းများကို မရှောင်နိုင်တော့ကြောင်း သိလိုက်သဖြင့် ထွက်ပြေးခြင်းကို ရပ်လိုက်သည်။

ဝှစ်

လင်းဖုန်း ရုတ်တရက် မတ်တပ်ရပ်လိုက်ပြီး ပုတ်သင်တစ်ကောင်ထံသို့ ပြေးဝင်သွားသည်။

“ဝဲဂယက်စွမ်းအား ခြောက်ခု”

ယခင်က ဟင်းလင်းပြင်ပူပေါင်းကြောင့် ပုတ်သင်၏ ခန္ဓာကိုယ်ပေါ်တွင် ဒဏ်ရာရထားသည်ကို သူ တွေ့လိုက်ရသည်။ ထိုသားရဲ၏ ကိုယ်ပေါ်ရှိ အကြေးခွံများက ကွဲအက်ကာ ကွာကျနေပြီး သွေးစို့နေသော အ‌ပေါ်သားကို တွေ့နေရသည်။

ဖြောင်း

သို့သော် လင်းဖုန်း ထိုပုတ်သင်ထံသို့ မရောက်မီမှာပင် အခြားပုတ်သင်တစ်ကောင်၏ အမြီးက သူ့ကို ပြင်းပြင်းထန်ထန် ရိုက်ချလိုက်သည်။

ထိုပုတ်သင်ကား အလွန်ပင် အစွမ်းထက်လှ၏။ လင်းဖုန်း ယခင်က တွေ့ခဲ့ဖူးသော မည်သည့်သားရဲထက်မဆို ပိုအစွမ်းထက်‌ပေသည်။ ရိုက်ချက်တစ်ခုကြောင့် လင်းဖုန်း လွင့်ထွက်သွားပြီး ခန္ဓာကိုယ်အတွင်းရှိ အရိုးများလည်း ကွဲအက်ကုန်သည်။

“တကယ်ကို စိတ်ပျက်စရာပဲ”

လင်းဖုန်းသည် တတိယအဆင့် အသွင်ပြောင်းနယ်ပယ်သို့ ရောက်ရှိပြီးကတည်းက နတ်ဆိုးစစ်သူကြီးတစ်ကောင်နှင့် ရင်ဆိုင်ရလျှင်ပင် ဤမျှလောက် စိတ်ပျက်ဖွယ် အခြေအနေမျိုးကို ရောက်ရလိမ့်မည်ဟု မထင်ထားခဲ့ပေ။ သို့သော် ယခုအခါ သူ မှားသွားခဲ့ပြီဖြစ်ကြောင်း သိလိုက်ရသည်။

ကြယ်တာရာစွမ်းအားမျှင် ၈၀၀၀၀ ဆိုတော့ရော ဘာများထူးသွားလဲ။ ကြယ်တာရာစွမ်းအား ကုန်ဆုံးသွားသည်နှင့် သူက သာမန်သိုင်းသမားများထက် များစွာ အားသာချက်တော့ပေ။

သူ အမြဲတစေ ကြိုးစား‌လေ့ကျင့်ခဲ့သော ခန္ဓာကိုယ် ကြံ့ခိုင်မှုကရော မည်မျှအထိ အသုံးဝင်သနည်း။ ယင်းကား ကြယ်တာရာစွမ်းအားလောက်ပင် အသုံးမဝင်လှပေ။

သူ နိုးထစေခဲ့သော မွေးရာပါစွမ်းရည်များ အထူးသဖြင့် မသေနိုင်သော အစွမ်းသတ္တိကသာ တကယ့်တကယ်ကြီးမားသည့် အခန်းကဏ္ဍမှ ပါဝင်နေသည်။ လင်းဖုန်း၏ အခြားသော မွေးရာပါစွမ်းရည်များမှာမူ ယခုအချိန်တွင် ဘာမှမစွမ်းနိုင်ကြတော့ပေ။

ခုနစ်စက္ကန့်... ရှစ်စက္ကန့်... ကိုးစက္ကန့်... ဆယ်စက္ကန့်...

ပုတ်သင်နှစ်ကောင်သည် လင်းဖုန်းထံသို့ တစ်လှမ်းချင်း ချဉ်းကပ်လာပြီး သွေးစိုနေသော ပါးစပ်များကို ဟကာ ဝါးမြိုပစ်တော့မည့်ဟန် ပြုနေသည်။ ထိုအဖြစ်ကို လင်းဖုန်း ဘာမှမတတ်နိုင်ဘဲ ကြည့်နေမိသည်။ သို့သော် တံခါးကမူ လှုပ်ရှားမှု စိုးစိမျှပင် မရှိသေးပေ။ သူ ရုတ်တရက် အားရပါးရအော်ဟစ်ရယ်မောလိုက်သည်။ ပါးစပ်ထဲတွင် သွေးများဖြင့် ပြည့်နေသော်လည်း သူ ဂရုမစိုက်ဘဲ ရယ်မောနေဆဲပင်။

“ဒီတစ်ခါတော့ ငါ တကယ်ပဲ လမ်းဆုံးသွားပြီထင်တယ်။ ငါ နောက်ဆုံးအနေနဲ့ ဒီလိုမျိုး လမ်းဆုံးသွားခဲ့တာ ဘယ်လောက်တောင် ကြာခဲ့ပြီလဲ”

လင်းဖုန်း ယခင်က မြောက်ပိုင်းတောင်တန်း အခြေစိုက်စခန်း မြေအောက်ဥမင်ထဲတွင် သင်းခွေချပ်နတ်ဆိုးများနှင့် တွေ့ခဲ့ရစဉ်က အကြောင်းကို ပြန်လည် သတိရလိုက်မိသည်။ ထိုစဉ်ကပင် သူ ဤမျှလောက် စိတ်ပျက်ဖွယ်ကောင်းသည့် အခြေအနေမျိုး မကြုံခဲ့ရပေ။

သို့သော် ယခုမူ သူ အမှန်တကယ်ပင် မျှော်လင့်ချက်မဲ့ အခြေအနေသို့ ရောက်နေပြီ ဖြစ်၏။ လက်ရှိအခြေအနေသည်ကား နဂါးကျောက်တုံးမြို့ပြင်တိုက်ပွဲတုန်းက အခြေအနေနှင့် မခြားတော့ပေ။

သို့သော် ထိုစဉ်က လင်းဖုန်း မျိုးရိုးဗီဇကန့်သတ်ချက်ကို ချိုးဖျက်ကာ မျှော်လင့်ချက်မဲ့သော အခြေအနေကို ပြောင်းပြန်လှန်ကာ ပြန်လည် တိုက်ခိုက်နိုင်ခဲ့သည်။ နောက်ဆုံးတွင် သူ ပြိုင်ဘက်ကင်းလက်သီးသူတော်စင် ရောက်လာသည်အထိ အစွမ်းကုန် တောင့်ခံထားနိုင်ခဲ့သည်။ ဤတစ်ကြိမ်တွင်ရော သူ ဘာဆက်လုပ်နိုင်ဦးမည်နည်း။

“အသက်အန္တရာယ် ကြုံရတဲ့အချိန်က ကြောက်စရာကောင်းသလို ကြီးကျယ်တဲ့ အခွင့်အရေးတွေလည်း ရှိနေတတ်တယ်...”

လင်းဖုန်း သူ့နောက်မှ နံရံကို အားပြုကာ ဖြည်းညှင်းစွာ မတ်တပ်ရပ်လိုက်သည်။ သူ့ခန္ဓာကိုယ်အတွင်းတွင် ဒဏ်ရာများဖြင့် ပြည့်နှက်နေသော်လည်း သူ ဆက်လက်တိုက်ခိုက်ရန် အင်အားရှိနေဆဲပင်။

လင်းဖုန်း၏ စိတ်ထဲရှိ စိတ်စွမ်းအားစက်လုံးက သူ၏ အဓိကအခြေခံပင်။ စိတ်စွမ်းအားက အဆင့်တစ်ခုသို့ ရောက်ရှိသွားသောအခါ အရပ်မျက်နှာအားလုံးကို လွှမ်းခြုံနိုင်သည့် စိတ်စွမ်းအားမုန်တိုင်းတစ်ခုကို ဖန်တီးနိုင်သည်။

သို့သော် ထိုသည်ကား စိတ်စွမ်းအားက အဆင့်တစ်ခုသို့ ရောက်မှသာ လုပ်ဆောင်နိုင်ခြင်း ဖြစ်၏။ လက်ရှိတွင် လင်းဖုန်း၏ စိတ်စွမ်းအားက အလွန်အားနည်းနေဆဲသာ။ သူ့လက်ရှိစိတ်စွမ်းအားဖြင့်ဆိုလျှင် သာမန်လူများကိုသာ အနည်းငယ် သက်ရောက်မှု ရှိစေနိုင်သည်။ စိတ်ဓာတ်ကြံ့ခိုင်စိတ်ဓာတ်ကြံ့ခိုင်သော သိုင်းသမားများကိုပင် သူ ဘာမှ မတတ်နိုင်ပေ။

“စိတ်စွမ်းအားမုန်တိုင်း”

သို့သော် ယခုလက်ရှိအချိန်တွင် လင်းဖုန်း၌ အခြားရွေးချယ်စရာ ဘာမှမရှိတော့ပေ။ သူ အံတင်းတင်းကြိတ်ကာ ဆုံးဖြတ်ချက်ချလိုက်သည်။ ထိုအခိုက် သူ့စိတ်ထဲရှိ စိတ်စွမ်းအားစက်လုံးက ရုတ်တရက် ပြင်းပြင်းထန်ထန် လည်ပတ်သွားသည်။

All Chapters