← Chapters

အခန်း (၂၃၅-၂၃၆)

Vol. 22 Ch. 235-236

အခန်း (၂၃၅-၂၃၆)

Vol. 22 Ch. 235-236

Chapter 235

~

အခန်း ၂၃၅ : နတ်ဘုရား ဆင်းသက်လာခြင်း...

~

​သားရဲမျိုးနွယ်တို့၏ ဗဟိုနယ်မြေမှ လီပေါင်း တစ်သိန်းရှစ်ထောင်ခန့် ဝေးကွာသော အရပ်တွင် ကျန်ရှိနေသော သားရဲဧကရာဇ် တစ်ရာကျော်မှာ တစ်စက္ကန့်မျှပင် မရပ်နားဘဲ အစွမ်းကုန် ထွက်ပြေးနေကြသည်။ အကယ်၍ သားရဲနတ်ဘုရား တမန်တော်က သားရဲနတ်ဘုရားသည် ဤဂြိုဟ်မှထွက်ခွာ၍ ဟင်းလင်းပြင်ကို ဖြတ်ကျော်ခြင်းအား တားမြစ်ထားသည်ဟု မပြောခဲ့လျှင် သူတို့သည် ကြယ်တာရာကောင်းကင်ယံထဲသို့ ထွက်ပြေးသည်မှာ ကြာလှလေပြီ။

​သူတို့သည် သွေးမျိုးဆက် နတ်ဘုရားစွမ်းရည်မှတစ်ဆင့် ထိုစဉ်က မြင်ကွင်းများကို မြင်တွေ့ခဲ့ကြရသည်။ သားရဲဧကရာဇ် တစ်ရာကျော်ရှိသည့်အနက် ချီလင်ခေါင်းဆောင်၊ တိုက်ကျားတပ်ဦးခေါင်းဆောင်နှင့် ဝံပုလွေတပ်ဦးခေါင်းဆောင်ကဲ့သို့သော ဧကရာဇ် နောက်ဆုံးအဆင့်ရှိ အစွမ်းထက် တည်ရှိမှုများမှာ အဆင့် ၉ ရှိသူများထဲတွင် ထူးချွန်သူများ ဖြစ်ကြသည်။ သို့သော်လည်း ပြိုင်ဘက်က အမှတ်မထင် ထုတ်ဖော်လိုက်သည့် သိုင်းကွက်တစ်ခုကိုပင် သူတို့ ခုခံနိုင်စွမ်းမရှိကြ။ ခြင်ရိုက်သလို လက်ဝါးတစ်ချက်တည်းဖြင့် အသတ်ခံလိုက်ရသည်။

​လူသားမျိုးနွယ်တွင် ဤမျှ အစွမ်းထက်သော ကြယ်စင်ဧကရာဇ်အဆင့် သိုင်းပညာရှင်တစ်ဦး မည်သည့်အချိန်က ပေါ်ပေါက်လာခဲ့သနည်း။ ကောင်းကင်ပိတ်လှောင်မျှော်စင်၏ အာနိသင် ပျောက်ကွယ်သွားသည်နှင့် ချက်ချင်းပင် ဧကရာဇ်ဖြစ်လာခဲ့သည်ကို စဥ်းစားလိုက်လျှင် သူ အနည်းငယ်မျှ ဆင်ခြင်တုံတရား ရှိသင့်သည် မဟုတ်ပါလော။ ဧကရာဇ်ဖြစ်လာသည်နှင့် တစ်ပြိုင်နက် မိမိနှင့် အဆင့်တူ ဧကရာဇ်တစ်ရာကျော်ကို ချေမှုန်းပစ်ခဲ့သည့်အပြင် ထိုသူများမှာ လူသားများထက် ပိုမိုသန်မာသော သားရဲဧကရာဇ်များ ဖြစ်နေကြသည်။ သားရဲနတ်ဘုရား တမန်တော်ပင်လျှင် သူ၏လက်ချက်ဖြင့်ပင် ကျဆုံးခဲ့ရ၏။

​ဤအတွေးကြောင့် ထွက်ပြေးနေကြသော သားရဲဧကရာဇ်များမှာ တစ်ကိုယ်လုံး ကြက်သီးမွေးညင်းများ ထလာကြပြီး သူတို့၏ ထွက်ပြေးသည့် အရှိန်မှာလည်း ပိုမို မြန်ဆန်လာခဲ့သည်။

​"အားလုံးပဲ မကြောက်ကြပါနဲ့.."

​ထိုစဉ် အနက်ရောင် အကြေးခွံများ ဖုံးလွှမ်းနေပြီး အမြင့် နှစ်မီတာကျော်ရှိသော အနက်ရောင် ခြင်္သေ့ကြီးတစ်ကောင်က စိတ်လှုပ်ရှားစွာဖြင့် ရုတ်တရက် စကားပြောလိုက်သည်။

​"ငါ သားရဲနတ်ဘုရား အရှင်မြတ်နဲ့ ဆက်သွယ်လို့ ရခဲ့ပြီ။ သားရဲနတ်ဘုရား တမန်တော် သေဆုံးတာနဲ့ လူသားမျိုးနွယ်ရဲ့ လုပ်ရပ်တွေကို သိရတော့ အရှင်မြတ်က အလွန်ပဲ ဒေါသထွက်နေပြီး နတ်ဘုရား အပြစ်ပေးမှုကို ဆင်းသက်စေဖို့ ဆုံးဖြတ်လိုက်ပြီ.."

​"သားရဲနတ်ဘုရား အရှင်မြတ်က ငါတို့ထဲက တစ်ယောက်ကို နတ်ဘုရား ဆင်းသက်ဖို့ ခန္ဓာကိုယ်အဖြစ် အသုံးပြုပြီး အဲဒီလူကို သတ်ဖို့ ဒီကမ္ဘာထဲကို ကြွမြန်းလာလိမ့်မယ်.."

​"အဲဒီအချိန်ကျရင် ဒီလူသားဧကရာဇ်က ခုခံနိုင်စွမ်း လုံးဝ ရှိတော့မှာ မဟုတ်ဘူး.."

​ထိုသို့ပြောပြီးနောက် အနက်ရောင် ခြင်္သေ့၏ မျက်နှာမှာ တည်ကြည်သွားပြီး ခပ်တိုးတိုး အသံဖြင့် မေးလိုက်သည်။

"သားရဲနတ်ဘုရား အရှင်မြတ် ဆင်းသက်ဖို့အတွက် ခန္ဓာကိုယ်အဖြစ် အနစ်နာမယ့်သူ ဘယ်သူရှိလဲ.."

​"ငါ လုပ်မယ်.."

​စကားဆုံးသည်နှင့် တစ်ပြိုင်နက် ငွေရောင်ကျောကုန်းရှိသော ဂေါ်ရီလာတစ်ကောင်က သားရဲအုပ်ထဲမှ ဖြည်းဖြည်းခြင်း ထွက်လာသည်။ သူ၏ ခန္ဓာကိုယ်မှာ ပေါက်ကွဲထွက်တော့မည့် အင်အားများ ပါဝင်သည့် ကြွက်သားများဖြင့် ဖွဲ့စည်းထားပြီး သူ၏ အရေပြားမှာ သံမဏိကဲ့သို့ မည်းနက်ကာ သတ္တုရောင်များ တောက်ပနေသည်။ သူ၏ ကျောကုန်းထက်တွင် လရောင်ဖြာကျနေသကဲ့သို့ ငွေဖြူရောင် အမွေးအမှင်များ ဖုံးလွှမ်းနေပြီး အေးစက်ကာ ခန့်ညားသော အရှိန်အဝါကို ထုတ်လွှတ်နေသည်။ သူ၏ မျက်ဝန်းထဲတွင် အလွန်အမင်း ကြည်ညိုအားကျသော အရိပ်အယောင်များ တောက်ပ​နေပေ၏။ သူ၏ ပြောဆိုပုံမှာ ဤအခွင့်အရေးကို အခြားသူတစ်ယောက်က လုယူသွားမည်ကိုပင် စိုးရိမ်နေပုံရသည်။

​ထိုသားရဲ၏ အမူအရာကို မြင်သောအခါ အနက်ရောင် ခြင်္သေ့က အနည်းငယ် ခေါင်းညိတ်ပြပြီး သတင်းကို သားရဲနတ်ဘုရားထံသို့ ပေးပို့လိုက်သည်။ ထို့နောက် ငွေရောင်ကျောကုန်း ဂေါ်ရီလာကို ပြောလိုက်သည်။

"မင်းရဲ့ စိတ်ဝိညာဥ်ပင်လယ်ကို ဖွင့်ထားပြီး သားရဲနတ်ဘုရား အရှင်မြတ်ရဲ့ နာမတော်ကို မင်းရဲ့ နှလုံးသားထဲကနေ တိုင်တည်လိုက်ပါ.."

​ဂေါ်ရီလာမှာ ခေါင်းညိတ်ပြီး တည်ကြည်သော အမူအရာဖြင့် မျက်လုံးများကို ပိတ်ကာ တိုးတိုးလေး ရွတ်ဆိုနေတော့သည်။

​အချိန်များ ကုန်ဆုံးသွားခဲ့သည်။ အနက်ရောင် ခြင်္သေ့သည် လူသားဧကရာဇ်၏ ခြေရာကို ရှာဖွေနေသကဲ့သို့ ဂေါ်ရီလာ၏ အခြေအနေကိုလည်း အနီးကပ် စောင့်ကြည့်ရင်း အစောင့်အရှောက်အဖြစ် တာဝန်ယူနေခဲ့သည်။

​ဂေါ်ရီလာ၏ ခန္ဓာကိုယ်ပတ်လည်တွင် နတ်ဘုရားအလင်းတန်းများ စတင် ပြန့်နှံ့လာပြီး သူ၏ အရှိန်အဝါမှာ ပိုမို နက်နဲလာချိန်မှာပင် သူတို့၏ ရှေ့မလှမ်းမကမ်းတွင် ပုံရိပ်တစ်ခု ရုတ်တရက် ပေါ်လာခဲ့သည်။ လူငယ်သည် ဝတ်ရုံနက်ကို ဝတ်ဆင်ထားပြီး သူ၏ ချောမောလှပသော မျက်နှာတွင် အေးစက်မှုများ ပြည့်နှက်နေသည်။ သားရဲဧကရာဇ်များကို တွေ့လိုက်ရသောအခါ သူ၏ မျက်နှာတွင် ရက်စက်သော အပြုံးတစ်ခု ပေါ်လာပြီး သူ၏ အသံမှာ မိစ္ဆာတစ်ကောင်ကဲ့သို့ သူတို့၏ နားထဲသို့ ရောက်လာခဲ့သည်။

​"နောက်ဆုံးတော့ မင်းတို့ကို ရှာတွေ့ပြီ..."

​သူတို့ တုံ့ပြန်ရန် အချိန်မရခင်မှာပင် သူသည် အနက်ရောင် စွမ်းအင်များ ဝန်းရံနေသော လှံရှည်ကြီးကို ဝှေ့ယမ်းကာ ဟင်းလင်းပြင်ကို ဖြတ်ကျော်ပြီး သူတို့၏ ရှေ့သို့ မျက်စိတစ်မှိတ်အတွင်း ရောက်ရှိလာခဲ့၏။

​" နတ်ဘုရား ဆင်းသက်တာ အနှောင့်အယှက် မပေးနိုင်အောင် သူ့ကို မြန်မြန် တားကြ..."

အနက်ရောင် ခြင်္သေ့က ထိတ်လန့်တကြား ဟိန်းဟောက်ရင်း ရှေ့သို့ ပြေးထွက်သွားသော်လည်း နတ်မိစ္ဆာလှံရှည်၏ အပိုင်းပိုင်း ဖြတ်တောက်ခြင်းကိုသာ ခံလိုက်ရ၏။ သူ၏ ခန္ဓာကိုယ် ချေမွခံလိုက်ရချိန်တွင် လူငယ်သည် ဆိုးသွမ်းစွာ ပြုံးလိုက်ပြီး ပါးစပ်ကို အကျယ်ကြီး ဟကာ အနက်ရောင် ခြင်္သေ့ဧကရာဇ်၏ အသားနှင့် သွေးများကို စုပ်ယူလိုက်ပြီး အားမရသေးသကဲ့သို့ သူ၏ နှုတ်ခမ်းကို လျှာဖြင့် သပ်လိုက်သည်။

​အနက်ရောင် ခြင်္သေ့ဧကရာဇ် မျက်စိတစ်မှိတ်အတွင်း အသတ်ခံလိုက်ရသည်ကို မြင်သောအခါ အခြားသော သားရဲဧကရာဇ်များ၏ နှလုံးသားထဲတွင် ကြောက်ရွံ့မှုများ ပေါက်ကွဲထွက်ပေါ်လာတော့သည်။ သို့သော် နတ်ဘုရား ဆင်းသက်ခြင်းကို ခံယူနေသော ဂေါ်ရီလာကို ကြည့်ရင်း သူတို့သည် သူတို့၏ ယုံကြည်ချက်အတွက် ခဏတာ ဝေခွဲမရဖြစ်ပြီးနောက် ရှေ့သို့ ပြေးဝင် တိုက်ခိုက်လိုက်ကြသည်။

​"သားရဲမျိုးနွယ်အတွက်..."

​ထို့နောက်တွင်မူ...

​"စွတ်... စွတ်... စွတ်..."

​အသားများ လှီးဖြတ်ခံရသည့် အသံများမှာ ဆက်တိုက် ထွက်ပေါ်လာတော့သည်။ အသက်ရှူ သုံးကြိမ်စာအတွင်းမှာပင် သားရဲဧကရာဇ် တစ်ရာကျော်မှာ အသတ်ခံလိုက်ရပြီး သူတို့အားလုံးမှာ ဂူချန်၏ ခန္ဓာကိုယ် ဆင့်ကဲဖြစ်စဉ်အတွက် အာဟာရအဖြစ် သူ၏ ဝမ်းဗိုက်အတွင်းသို့ ရောက်ရှိသွားကြသည်။

​ခန္ဓာကိုယ်ကို သန့်စင်ပြီးသားဖြစ်သည့်အပြင် သူတို့ထက် အဆပေါင်း ရာချီသော နိယာမအမှတ်အသားများကို ပိုင်ဆိုင်ထားကာ ဧကရာဇ်အဆင့် လက်နက်နှင့် သူတို့၏ လှုပ်ရှားမှုတိုင်းကို ကြိုတင် သိမြင်နိုင်သော ကောင်းကင်တာအို မျက်လုံးများကို ပိုင်ဆိုင်ထားသည့် ဂူချန်ကို သူတို့ ခုခံနိုင်စွမ်း မရှိကြချေ။ သူတို့သည် လှုပ်ရှားမှု တစ်ကွက်ကိုပင် ခံနိုင်စွမ်း မရှိခဲ့ကြ။ အကယ်၍ သူတို့ ထွက်ပြေးခဲ့လျှင် အသက်ရှူ အနည်းငယ်စာ ပိုမို ကြာရှည်နိုင်ပေလိမ့်မည်။ သို့သော် ဂေါ်ရီလာကို ကာကွယ်ရန်အတွက် သူတို့သည် လမ်းကို တစ်ယောက်ပြီးတစ်ယောက် ပိတ်ဆို့ခဲ့ကြသဖြင့် ဂူချန်အတွက် အချိန်ကုန် သက်သာစေခဲ့သည်။

​"ငါ မင်းကို... နတ်ဘုရား ဆင်းသက်တာကို... အနှောင့်အယှက် ပေးခွင့်မပြုဘူး..."

ဝံပုလွေဘုရင်ကြီး တစ်ကောင်မှာ သူ၏ ခန္ဓာကိုယ်မှာ နတ်မိစ္ဆာလှံရှည်ဖြင့် အထိုးခံထားရသည့်တိုင်အောင် ဂေါ်ရီလာ၏ ရှေ့တွင် တစ်လှမ်းမျှ မဆုတ်ဘဲ ကြံ့ကြံ့ခံ ရပ်နေဆဲပင်။

​ဂူချန်က စကားတစ်လုံးမျှ မပြောဘဲ သူ့ကို အေးစက်စွာ ကြည့်လိုက်သည်။ သူသည် နတ်မိစ္ဆာလှံရှည်ကို ကိုင်ထားရင်း သူ၏ လက်ဖဝါးကို အနည်းငယ် လှည့်လိုက်ရာ ရေတွက်မရနိုင်သော အနက်ရောင် စွမ်းအင်ဓားများမှာ ဝံပုလွေဘုရင်ကို ဖုံးလွှမ်းသွားပြီး အသားစများအဖြစ် ကြိတ်ခြေပစ်လိုက်တော့သည်။

​သို့သော် သားရဲဧကရာဇ် အားလုံးကို သတ်ဖြတ်ပြီးနောက် ဂူချန်သည် အရှိန်အဝါများ ဆက်တိုက် မြင့်တက်နေသော ဂေါ်ရီလာကို သတ်ရန် မရွေးချယ်ခဲ့ချေ။ ယင်းအစား သူသည် စားပွဲနှင့် ကုလားထိုင်ကို ထုတ်ယူကာ ထိုင်လိုက်ပြီး လက်ဖက်ရည်ကို သောက်ရင်း တစ်ဖက်လူ၏ ပြောင်းလဲမှုကို တည်ငြိမ်စွာ စောင့်ကြည့်နေတော့သည်။ အမှန်အတိုင်း ပြောရလျှင် ဤသားရဲနတ်ဘုရား မည်မျှ အစွမ်းထက်သည်ကို သူ သိချင်နေမိသည်။ သူသည် မိမိထက် သန်မာရန် မဖြစ်နိုင်သော်လည်း ဖြစ်ခဲ့လျှင်ပင် သူ၏ စနစ်မျက်နှာပြင်ပေါ်ရှိ သန်းနှင့်ချီသော စေတနာရမှတ်များမှာ အလကားထားသည် မဟုတ်ပေ။

​"ဝုန်း..ဂါးး.."

​မကြာမီမှာပင် ငွေရောင်ကျောကုန်း ဂေါ်ရီလာမှာ ရုတ်တရက် မျက်လုံးများ ပြူးလာပြီး ကောင်းကင်ယံသို့ မော့ကာ ဟိန်းဟောက်လိုက်ရာ သူ၏ အသံမှာ မိုးကြိုးပစ်သကဲ့သို့ ဖြစ်နေပြီး သူ၏ ခန္ဓာကိုယ်မှာ တောင်ကြီးတစ်လုံးကဲ့သို့ ကြီးမားလာသည်။ ခဏချင်းမှာပင် ကောင်းကင်ယံတွင် ကြီးမားလှသော အက်ကြောင်းကြီးတစ်ခု ပွင့်သွားပြီး အဆုံးမရှိသော နတ်ဘုရားအလင်းတန်းများမှာ ရေတံခွန်ကဲ့သို့ စီးကျလာကာ သူ၏ ခန္ဓာကိုယ်ကို ဖုံးလွှမ်းသွားတော့သည်။

​နတ်ဘုရားအလင်း၏ နှစ်ခြင်းကို ခံယူပြီးနောက် ဂေါ်ရီလာ၏ ရုပ်သွင်မှာ အံ့ဩစရာကောင်းလောက်အောင် ပြောင်းလဲသွားသည်။ သူ၏ ခန္ဓာကိုယ်မှာ ထပ်မံ ကြီးမားလာပြီး ကြွက်သားများမှာ တောင်တန်းများကဲ့သို့ ထွက်ပေါ်နေကာ အရေပြားပေါ်ရှိ ရှေးဟောင်း ပုံစံများမှာ နတ်ဘုရားအလင်းကြောင့် လင်းထိန်လာပြီး အဆုံးမရှိသော ဖိအားများကို ထုတ်လွှတ်နေသော ရွှေရောင် သင်္ကေတများအဖြစ် ပြောင်းလဲသွားသည်။ ကျောကုန်းပေါ်ရှိ ငွေဖြူရောင် အမွေးအမှင်များမှာ တောက်ပသော ရွှေရောင်အဖြစ် လုံးဝ ပြောင်းလဲသွားပြီး နတ်ဘုရား အရှိန်အဝါများ ဖုံးလွှမ်းနေသကဲ့သို့ အမွေးအမှင်တိုင်းမှာ စူးရှသော အလင်းများဖြင့် တောက်ပနေသည်။

​"ဘုန်း..ဘုန်း..ဘုန်း.."

​ဂေါ်ရီလာသည် သူ၏ ရင်ဘတ်ကို လက်သီးဖြင့် ထုကာ ကမ္ဘာကြီးကို တုန်ခါစေသော ဟိန်းဟောက်သံကို ထုတ်လွှတ်လိုက်ရာ အသံလှိုင်းများမှာ ဆူနာမီကဲ့သို့ အရပ်မျက်နှာ အသီးသီးသို့ ပြန့်နှံ့သွားပြီး ပတ်ဝန်းကျင်ရှိ သစ်ပင်အားလုံးကို အမြစ်မှ လန်ထွက်သွားစေသည်။ သူ၏ အရှိန်အဝါမှာ ဖရိုဖရဲချောက်နက်ကြီးကဲ့သို့ ကြောက်မက်ဖွယ်ကောင်းပြီး သူ၏ စွမ်းအားမှာ ကောင်းကင်ယံကဲ့သို့ ကျယ်ပြောလှသည်။

​ဂူချန်သည် ဤအရာအားလုံးကို မြင်တွေ့နေရသော်လည်း သူ၏ မျက်နှာတွင် ထိတ်လန့်မှု အရိပ်အယောင် အနည်းငယ်မျှ ရှိမနေ။ သို့သော်လည်း သားရဲနတ်ဘုရားအတွက်မူ ဤသည်မှာ အလွန်ပင် လှောင်ပြောင်ခံရသကဲ့သို့ ဖြစ်နေသည်။ သူ၏ ရှေ့တွင်ရှိသော လူငယ်သည် သူ၏ နတ်ဘုရား ဆင်းသက်ခြင်းကို တားဆီးနိုင်စွမ်း ရှိသည်ကို သူ သိသော်လည်း ပြီးဆုံးသည်အထိ ခွင့်ပြုပေးခဲ့ခြင်း ဖြစ်သည်။ ဤသည်မှာ သူ့ကို အလေးမထားကြောင်း ထင်ရှားလှသည်။

​ထိုအချိန်၌ ဂေါ်ရီလာ၏ ခန္ဓာကိုယ်အတွင်းမှ ဖော်ပြ၍မရသော စွမ်းအားတစ်ခု ပေါက်ကွဲထွက်လာပြီး ပတ်ဝန်းကျင်ရှိ လေထုကို ဆူပွက်သွားစေသည်။ သူက ဂူချန်ကို ရက်စက်သောအကြည့်ဖြင့် စိုက်ကြည့်လိုက်ပြီး လူသားဘာသာစကားဖြင့် ပြောလိုက်သည်။

​"လူသား... မင်းရဲ့ မောက်မာမှုအတွက် မင်း တန်ဖိုးကြီးကြီး ပေးရလိမ့်မယ်.."

Chapter 236

~

အခန်း ၂၃၆ : ဂူချန်၏ ဇွဲလုံ့လ...

~

​"..."

​ဂူချန်သည် သူ၏ စိတ်ထဲတွင် အနည်းငယ် စိတ်ပျက်ကာ သက်ပြင်းချလိုက်မိသည်။ နတ်ဘုရားဆိုသည်မှာ ထူးခြားသည့် အရာတစ်ခုခု ရှိလိမ့်မည်ဟု သူ ထင်မှတ်ခဲ့သော်လည်း အမှန်တကယ်တွင်မူ နောက်ထပ် လူမိုက်တစ်ယောက်သာ ဖြစ်နေသည်။ သူ ပြိုင်ဘက်ကို အေးစက်စွာ ကြည့်လိုက်ပြီး သူ၏ လက်ကို ဝှေ့ယမ်းလိုက်သည်။

​ငွေရောင်ကျောကုန်း ဂေါ်ရီလာ၏ နှလုံးသားထဲတွင် သေခြင်းတရား၏ အငွေ့အသက်များ ရုတ်တရက် ပေါ်ပေါက်လာသည်။ ထိုစွမ်းအား၏ အရင်းအမြစ်ကို သူမသိလိုက်ခင်မှာပင် သူ၏ ခန္ဓာကိုယ်မှာ လေထုထဲတွင် တင်းကျပ်စွာ အချုပ်အနှောင် ခံလိုက်ရသည်။ သူ၏ မျက်လုံးများ ပြူးကျယ်သွားပြီး ခန္ဓာကိုယ်ပတ်လည်ရှိ ရွှေရောင် နတ်ဘုရားမီးလျှံများမှာ မှိတ်တုတ်မှိတ်တုတ် ဖြစ်လာကာ ကျောကုန်းပေါ်ရှိ တောက်ပသော သင်္ကေတများမှာလည်း ဖော်ပြ၍မရသော စွမ်းအားတစ်ခုကို ခုခံရန် ကြိုးစားသည့်အလား တဖျတ်ဖျတ် လက်လာတော့သည်။

​"ဂျွတ်..."

​ဟင်းလင်းပြင် မှာ ရုတ်တရက် တွန့်လိမ်ကာ ပြိုကွဲသွားပြီး ကောင်းကင်ယံမှ မမြင်ရသော ဧရာမ လက်ဝါးကြီးတစ်ချောင်း ထွက်ပေါ်လာကာ လက်ချောင်းငါးချောင်းကကောင်းကင်တိုင်ကြီးများကဲ့သို့ ပိတ်ဆို့လာသည်။ ဂေါ်ရီလာ၏ တောင်ကြီးသဖွယ် ခန္ဓာကိုယ်မှာ အတင်းအဓမ္မ အကျဉ်းချခံလိုက်ရပြီး သူ၏ အရိုးများမှာ တစစီ ကျိုးကြေသွားကာ ရွှေရောင်အမွေးများအောက်ရှိ အရေပြားမှာလည်း တစ်လက်မချင်း ကွဲအက်လျက် သွေးများမှာ ချော်ရည်များကဲ့သို့ ပန်းထွက်လာသည်။

​ဂေါ်ရီလာသည် မကျေနပ်မှုနှင့် ကြောက်ရွံ့မှုများ ရောပြွမ်းလျက် ကောင်းကင်သို့ မော့ကာ ဟိန်းဟောက်လိုက်သော်လည်း ထိုမမြင်ရသော လက်ဝါးကြီးကို အနည်းငယ်မျှပင် မလှုပ်ခါနိုင်ခဲ့ချေ။

​"ဝုန်း..."

​ဧရာမ လက်ဝါးကြီးမှာ ရုတ်တရက် တင်းကျပ်စွာ ဆုပ်ကိုင်လိုက်သည်။ ခဏချင်းမှာပင် ဂေါ်ရီလာ၏ ခန္ဓာကိုယ်မှာ ကျိုးပဲ့လွယ်သော မြေအိုးတစ်လုံးကဲ့သို့ အစိတ်စိတ်အမွှာမွှာ ကွဲထွက်သွားတော့သည်။ ရွှေရောင်အသားစများနှင့် အရိုးအပိုင်းအစများမှာ မိုးသည်းထန်စွာ ရွာသွန်းသကဲ့သို့ ကျဆင်းလာပြီး မငြိမ်းသတ်နိုင်သေးသော နတ်ဘုရားမီးလျှံများနှင့် ရောနှောကာ ပတ်ဝန်းကျင် မိုင်တစ်ထောင်အတွင်းရှိ နယ်မြေများကို အနီရင့်ရောင် ဆိုးသွားစေသည်။ သူ၏ ဦးခေါင်းမှာ အောက်သို့ မကျခင်မှာပင် မမြင်ရသော စွမ်းအားကြောင့် ဖုန်မှုန့်အဖြစ် ကြိတ်ခြေခံလိုက်ရပြီး နီရဲနေသောရွှေရောင် မျက်ဝန်းများမှာ နောက်ဆုံးအချိန်တွင် ထိတ်လန့်မှုများဖြင့် အေးခဲသွားတော့သည်။

​"နတ်ဘုရားတွေက တကယ်ပဲ ဒီလောက်တောင် အားနည်းတာလား.."

​ဂူချန်သည် ပြိုင်ဘက်၏ အသားနှင့် သွေးများကို တစ်လုပ်တည်းဖြင့် ဝါးမျိုလိုက်ပြီး သူ၏ နှုတ်ခမ်းကို မဲ့လိုက်သည်။ ဤနတ်ဘုရားသည် ဧကရာဇ်အဆင့်ရှိ သားရဲဧကရာဇ်ကို ခန္ဓာကိုယ်အဖြစ် အသုံးပြုကာ ဆင်းသက်လာခြင်း ဖြစ်သော်လည်း သူ၏ အလေးအနက်ထားသည့် တိုက်ကွက်တစ်ခုကိုပင် မခံနိုင်ခဲ့ချေ။ ဂေါ်ရီလာ၏ အင်အားမှာ သူယခင်က သတ်ခဲ့သော သားရဲနတ်ဘုရား တမန်တော်ထက် နည်းနည်းသာ ပိုသန်မာသည်။ ဤသို့ကြည့်လျှင် နတ်ဘုရားများသည်လည်း သူထင်ထားသလောက် မသန်မာကြဟု ဆိုနိုင်သည်။

​နောက်ပိုင်းရက်များတွင် ဂူချန်သည် သူ၏ လှည့်စားမှုလမ်းစဉ်ကိုယ်ပွား ကိုးယောက်ကို စေလွှတ်၍ မရေမတွက်နိုင်သော စက်ရုပ်များနှင့် မဟာမိတ်သိုင်းပညာရှင်များကို ဦးဆောင်ကာ နယ်မြေများ တိုးချဲ့စေပြီး ပြင်ပမျိုးနွယ်စုများကို သတ်ဖြတ်စေခဲ့သည်။ တစ်ချိန်တည်းမှာပင် သူသည် လူသားမျိုးနွယ် နယ်မြေအသီးသီးသို့ သွားရောက်ကာ ကမ္ဘာပေါ်ရှိ လူသားတို့၏ စွမ်းအင်များကို စုဆောင်းခဲ့သည်။ မဟာမေတ္တာ ဧကရာဇ်ဟူသော အမည်နာမမှာ မဟာမိတ်အဖွဲ့၏ နယ်မြေအားလုံးသို့ ပြန့်နှံ့သွားပြီး လူအများအပြားက သူ့ကို စံပြပုဂ္ဂိုလ်နှင့် အိုင်ဒေါအဖြစ် သတ်မှတ်ကြသည်။ သူ၏ ယုံကြည်ခြင်းစွမ်းအားမှာလည်း အလွန် ကြောက်မက်ဖွယ်ကောင်းသော အတိုင်းအတာသို့ ရောက်ရှိလာခဲ့သည်။

​ယခုအချိန်တွင် ဂူချန်သည် ကောင်းကင်ဘုံနန်းတော်၏ ဗဟိုရှိ ထိပ်တန်း ဝိညာဉ်ချီစုစည်းမှု ပစ္စည်းများဖြင့် တည်ဆောက်ထားသော အခန်းထဲတွင် တင်ပျဉ်ခွေထိုင်ကာ သူ၏ စိတ်ထဲရှိ စနစ်မျက်နှာပြင်ကို ခေါ်ယူလိုက်သည်။

​[အိမ်ရှင် - ဂူချန်]

[လက်ရှိနယ်ပယ် - ကြယ်စင်ဧကရာဇ်အဆင့် ၉ အထွတ်အထိပ်]

[လက်ရှိ သိုင်းပညာပါရမီ - ကောင်းကင်ဘုံတာအို မျက်လုံး(အဆင့်-X)၊ သေမင်းလက်ဝါး (အဆင့်-SSS)၊ စွမ်းအင်သုံးပါးပြန်လည်ခြင်း (အဆင့်-SSS)၊ ခန္ဓာနန်းတော် (အဆင့်-X)]

[လက်ရှိသိုင်းပညာ - ဗုဒ္ဓလက်ဝါး (အဆင့်၉)၊ ချီလင်ကောင်းကင်ပြုပြင်ခြေလှမ်း (အဆင့်၉)၊ အဆင့်-S နေမင်းစကြာယန်ကျင့်စဥ်(အဆင့် ၁၈ ပြီးပြည့်စုံခြင်း)...]

[ကံကြမ္မာအဆင့် - မြင့်မားသောအဆင့်]

[စနစ်အတွင်းရှိ ပစ္စည်းများ - ကောင်းကင်နှင့်မြေကြီး စစ်တုရင်ခုံ၊ အစွန်းရှစ်ဖက် နတ်မိစ္ဆာလှံပုဆိန်၊ နတ်ဘုရားတံဆိပ်တော် ၊ ကံကြမ္မာမျှော်စင်၊ လူသားပင်လယ်၊ ကောင်းကင်တံဆိပ်တော်...]

[သုံးသပ်ချက် - မကြုံစဖူး လူသားမျိုးနွယ် စစ်နတ်ဘုရား၊ ကောင်းကင်ကိုးထပ်နှင့် မြေဆယ်ထပ်အတွင်း မည်သည့် သက်ရှိမျှ သင်နှင့် ယှဉ်ပြိုင်နိုင်စွမ်း မရှိပါ]

​"ဒီနေရာကို ရောက်ဖို့ တကယ်ပဲ ခက်ခဲတဲ့ ခရီးလမ်းတစ်ခု ဖြစ်ခဲ့တယ်..."

​သူသည် ဤကမ္ဘာသို့ ကူးပြောင်းလာခဲ့ပြီး ပထမအဆင့် သိုင်းပညာရှင်ဘဝမှ ဧကရာဇ်အဆင့်အထိ ကြိုးစားအားထုတ်ကာ ကျင့်ကြံခဲ့ရပုံများကို ပြန်လည် စဉ်းစားရင်း ဂူချန်သည် အလွန် စိတ်လှုပ်ရှားမိသည်။ လွန်ခဲ့သည့် ရက်ပေါင်း သုံးဆယ်ကျော်အတွင်း သူသည် နေ့စဉ်မပြတ် ကြိုးစားအားထုတ်ကာ ကျင့်ကြံခဲ့ပြီး ထိုအတွင်း၌ ရှိခဲ့သော အခက်အခဲများကို သူကိုယ်တိုင်သာ သိသည်။ အခြားသူများမှာ သူ၏ အောင်မြင်မှုကိုသာ မြင်ကြသော်လည်း သူ၏ လက်ရှိ အနေအထားသို့ ရောက်ရှိရန် မည်မျှ ကြိုးစားခဲ့ရသည်ကို မည်သူမျှ နားလည်နိုင်မည် မဟုတ်ပေ။

​သူ စနစ်မျက်နှာပြင်ကို ခေါ်ယူလိုက်တိုင်း ထိုအပြာရောင်အလင်းတန်းများက သူ၏ မျက်စိသူငယ်အိမ်ကို မည်မျှ ထိခိုက်စေခဲ့သည်ကို သူတို့ စိတ်ကူးပင် ယဉ်နိုင်မည် မဟုတ်။ ထို့ပြင် ဒင်... ဒင်... ဒင်... ဟူသော အသံများမှာလည်း သူ၏ နားကြားအာရုံကို မည်မျှ အနှောင့်အယှက် ပေးခဲ့သနည်း။ သို့သော်လည်း ဤမျှ ခက်ခဲသော ပတ်ဝန်းကျင်တွင်ပင် ဂူချန်သည် ဇွဲမလျှော့ဘဲ ကြိုးစားခဲ့သည်။ သူ၏ ယနေ့ ရရှိထားသော အောင်မြင်မှုများမှာ ရသင့်ရထိုက်သော အရာများပင် ဖြစ်သည်။

​ဂူချန်သည် လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်း ဆန်းကြယ်သားရဲများကို သတ်ဖြတ်ခြင်းဖြင့် ရရှိလာသော ကံကြမ္မာအဆင့်များနှင့် လက်ဆောင်ထုတ်များမှ ရရှိထားသော နတ်ဘုရားလက်နက်များကို ကြည့်လိုက်သော်လည်း သူ၏ မျက်နှာတွင် ယခင်ကကဲ့သို့ စိတ်လှုပ်ရှားမှုများ မရှိတော့ချေ။ အမှန်အတိုင်း ပြောရလျှင် သူပိုင်ဆိုင်သော နတ်ဘုရားလက်နက်များ အလွန်များပြားနေသဖြင့် မည်သည့်အရာကို သုံးရမည်ကိုပင် မသိတော့။ အဆုံးမဲ့မိစ္ဆာဧကရာဇ်ထံမှ ရရှိသော သတင်းအချက်အလက်များနှင့် သားရဲနတ်ဘုရား ဆင်းသက်ပြီးနောက် ကျန်ရှိခဲ့သော နတ်ဘုရားစိတ်ဆန္ဒ အပိုင်းအစများအရ နတ်ဘုရားများကြားတွင်ပင် နတ်ဘုရားလက်နက်များမှာ အလွန် ရှားပါးကြောင်း ဂူချန် သိရှိခဲ့သည်။

​အဆင့်နိမ့် နတ်ဘုရားအချို့မှာ နတ်ဘုရားလက်နက်များပင် မရှိကြဘဲ သူတို့၏ နတ်ဘုရားစွမ်းအားကိုသာ အားကိုး၍ တိုက်ခိုက်ကြသည်။ သားရဲနတ်ဘုရားကဲ့သို့ အဆင့်မြင့် နတ်ဘုရားများသာ နတ်ဘုရားလက်နက်များကို ပိုင်ဆိုင်ကြပြီး ထိုသည်မှာလည်း အလွန် ရှားပါးသဖြင့် ပုံမှန် အခြေအနေတွင် အသုံးမပြုဝံ့ကြချေ။ သို့သော် ဂူချန်မှာမူ သူအလိုရှိသည့် အချိန်တိုင်း တွန့်ဆုတ်မှုမရှိဘဲ ထိုလက်နက်များကို အသုံးပြုနေခြင်း ဖြစ်သည်။

​"အဲဒီ ခြေလှမ်းကို လှမ်းရမယ့် အချိန် ရောက်ပြီ.."

​ဂူချန် အသက်ပြင်းပြင်း ရှူလိုက်ပြီး စနစ်မျက်နှာပြင်ပေါ်ရှိ ဆယ်ဂဏန်းအထိ ရှိနေသော စေတနာရမှတ် လက်ကျန်ကို ကြည့်ကာ တွန့်ဆုတ်မှုမရှိဘဲ အမှတ်များ ပေါင်းထည့်လိုက်သည်။

'နတ်ဘုရားတွေလား.. သူတို့ရဲ့ အကန့်အသတ်ကို ကြည့်လိုက်ရအောင်..'

​[ဒင်]

[ကျင့်ကြံခြင်း စတင်နေသည်...]

[အိမ်ရှင်ကို စစ်ဆေးတွေ့ရှိရသည်... ကျင့်ကြံခြင်း အရှိန် မြင့်တက်လာသည်...]

[သင်သည် ခန္ဓာကိုယ် သန့်စင်ခြင်းကို အောင်မြင်ထားပြီး ဖြစ်သည်၊ သင်၏ ခန္ဓာကိုယ်မှာ မရေမတွက်နိုင်သော အကြိမ်ပေါင်းများစွာ ပြန်လည် မွေးဖွားခြင်းကို ခံယူထားပြီး ဖြစ်သဖြင့် ထူးကဲပြီး သန့်စင်နေသည်၊ ၎င်းသည် နတ်ဘုရား ခန္ဓာကိုယ်နှင့် အလွန် ဆင်တူနေပြီး နတ်ဘုရားစွမ်းအားများ သွန်းလောင်းခြင်းကို ပုံမှန်မဟုတ်သော အခြေအနေများ မရှိဘဲ ထူးကဲစွာ လက်ခံနိုင်သည်]

[ကျင့်ကြံခြင်း အရှိန် ၁၀၀ ရာခိုင်နှုန်း မြင့်တက်လာသည်]

[သင်၏ စိတ်အခြေအနေမှာ အလွန် တည်ငြိမ်နေသည်၊ မည်သည့် စိတ်မိစ္ဆာမဆို သင့်အနီးသို့ ရောက်သည်နှင့် ပျောက်ကွယ်သွားလိမ့်မည်၊ လောကီ အာရုံများက သင့်ကို မချုပ်နှောင်နိုင်တော့ချေ၊ သင်သည် မည်သည့် စိတ်လှုပ်ရှားမှု၏ လွှမ်းမိုးမှုမျှ မရှိဘဲ မိမိ၏ ဆန္ဒအတိုင်းသာ လုပ်ဆောင်နိုင်ပြီး အကြွင်းမဲ့ ကျိုးကြောင်းဆီလျော်မှုသို့ ရောက်ရှိသွားပြီ ဖြစ်သည်]

[သင်၏ ခန္ဓာကိုယ်အတွင်းရှိ ဒုတိယ နှလုံးသားသည်လည်း သင်၏ ခန္ဓာကိုယ်ကို နတ်ဘုရား ခန္ဓာကိုယ်အဖြစ် ပြောင်းလဲရာတွင် များစွာ အထောက်အကူ ဖြစ်စေသည်]

[သင်၏ အတွင်း၌ရှိသော ကောင်းကင်၊ မြေကြီးနှင့် လူသား စွမ်းအင် သုံးပါးမှာ အဆုံးမရှိ ကျယ်ပြောလှသည်၊ သင်၏ ခန္ဓာကိုယ် သို့မဟုတ် ဝိညာဉ် ထိခိုက်မှု ဖြစ်ပေါ်လာပါက နတ်ဘုရားအလင်း၏ အကူအညီဖြင့် ချက်ချင်း ပြန်လည် ကောင်းမွန်လာလိမ့်မည်]

[စေတနာတန်ဖိုး ၂၉၆,၀၀၀ ကို အသုံးပြု၍ သင်သည် နတ်ဘုရားမီးလျှံကို ထွန်းညှိလိုက်ပြီ ဖြစ်သည်၊ သင်၏ နတ်ဘုရားဝိညာဉ်မှာ ရွှေရောင် နတ်ဘုရား အသိစိတ်အဖြစ် ပြောင်းလဲသွားပြီး ကိုယ်ပွားပေါင်း သန်းနှင့်ချီ၍ ခွဲထွက်နိုင်ကာ စိတ်ကူးတစ်ခုတည်းဖြင့် ကမ္ဘာတစ်ခုလုံးကို လွှမ်းခြုံနိုင်သည်၊ နိယာမတရား အများအပြားကို အပြည့်အဝ တတ်မြောက်သွားပြီး ဒေသန္တရ စည်းမျဉ်းများကိုပင် ခဏတာ ပြောင်းလဲစေနိုင်သည်]

[ဂုဏ်ယူပါသည်၊ သင်သည် နတ်ဘုရားတစ်ပိုင်း အဆင့်သို့ အောင်မြင်စွာ တက်လှမ်းနိုင်ခဲ့ပြီ ဖြစ်သည်]

[ကောင်းကင်ဘုံ ကိုးထပ် မိုးကြိုးများသည် ကြီးမားသော ဘေးဒုက္ခကို ယူဆောင်လာသော်လည်း သင်၏ သန်မာသော ခန္ဓာကိုယ်ဖြင့် အလွယ်တကူ ခုခံနိုင်ခဲ့သည်]

[ကမ္ဘာ့အလိုဆန္ဒသည် ဝင်ရောက် နှောင့်ယှက်နေပြီး ကမ္ဘာပေါ်ရှိ ဝိညာဉ်ချီစွမ်းအင် သိပ်သည်းဆကို လျှော့ချကာ နတ်ဘုရားဘေးဒုက္ခကို ပိုမို ကြာရှည်ပြီး ခက်ခဲအောင် လျှို့ဝှက် လုပ်ဆောင်နေသည်]

[ကျင့်ကြံခြင်း အရှိန် ၅၀၀ ရာခိုင်နှုန်း လျော့နည်းသွားသည်]

​"ဟမ့်.."

​ဤစာတန်းကို မြင်သောအခါ ဂူချန်သည် အထင်သေးစွာဖြင့် ပြုံးလိုက်သည်။ ငါးဆ ပိုခက်ခဲသွားလျှင်လည်း ဘာဖြစ်သနည်း။ သူ့တွင် စေတနာတန်ဖိုးများ အလုံအလောက် ရှိနေသည်။

​[စေတနာတန်ဖိုး ၁,၅၅၈,၆၀၀ ကို အသုံးပြု၍ သင်သည် အံ့ဩဖွယ်ကောင်းသော ဇွဲလုံ့လဖြင့် နတ်ဘုရားဘေးဒုက္ခကို ဖြတ်ကျော်နိုင်ခဲ့သည်၊ သင်သည် နတ်ဘုရားမီးလျှံကို အသုံးပြု၍ နတ်ဘုရားအနှစ်သာရ ကို ဖန်တီးခဲ့ပြီး သင်၏ တည်ရှိမှုကို နိယာမတရားများ၏ အရင်းအမြစ်တစ်ခုအဖြစ် ပြောင်းလဲကာ လူသားဘဝမှ လုံးဝ လွတ်မြောက်သွားပြီ ဖြစ်သည်]

[ဂုဏ်ယူပါသည်၊ သင်သည် စစ်မှန်သော နတ်ဘုရားအဆင့်သို့ အောင်မြင်စွာ တက်လှမ်းနိုင်ခဲ့ပြီ ဖြစ်သည်]

[သင်သည် ဟင်းလင်းပြင်ထဲတွင် သင်ကိုယ်တိုင် ထိန်းချုပ်နိုင်သော နတ်ဘုရားနိုင်ငံတော် တစ်ခုကို ဖွင့်လှစ်နိုင်ပြီ ဖြစ်သည်၊ ထိုနေရာတွင် နိယာမတရားများကို သင်ကိုယ်တိုင် ထိန်းချုပ်နိုင်ပြီး ယုံကြည်သူများ၏ ဝိညာဉ်များ ထာဝရ နေထိုင်နိုင်သည်]

[သင်သည် သက်ရှိအားလုံး၏ ယုံကြည်ခြင်းကို စုပ်ယူ၍ နတ်ဘုရားစွမ်းအားအဖြစ် ပြောင်းလဲနိုင်သည်၊ ယုံကြည်သူ များလေလေ နတ်ဘုရားစွမ်းအား ပိုမို သန်မာလေလေ ဖြစ်သည်]

[နတ်ဘုရားအနှစ်သာရ ရှိနေသရွေ့ သင်၏ သက်တမ်းမှာ ထာဝရ ဖြစ်သည်]

[နိုးထလာသော နတ်ဘုရားအနှစ်သာရများ - သတ်ဖြတ်ခြင်း၊ သေခြင်း၊ ဟင်းလင်းပြင်၊ မဟာမေတ္တာ...]

[သင့်တွင် ယုံကြည်ခြင်းစွမ်းအား ရှိနေသည်ကို စစ်ဆေးတွေ့ရှိရသဖြင့် သင်၏ နတ်ဘုရားအနှစ်သာရ အဆင့်ကို သတ်မှတ်နေသည်...]

[သင့်တွင် ယုံကြည်ခြင်း မီးလျှံပေါင်း ဘီလီယံ ငါးဆယ် ရှိနေသည်ကို စစ်ဆေးတွေ့ရှိရသဖြင့် နတ်ဘုရားအနှစ်သာရကို အလယ်အလတ်အဆင့်ဟု သတ်မှတ်သည်]

[သင့်ကို အလယ်အလတ်အဆင့် နတ်ဘုရားအဖြစ် အောင်မြင်စွာ သတ်မှတ်ပြီး ဖြစ်သည်]

[သင်၏ ဘွဲ့အမည်နာမကို အလိုအလျောက် ဖန်တီးပေးလိုက်ပါပြီ]

[ဘွဲ့ - မိုရက်စ် ဂူ နာရစ် ချန် ဘီလ်ဇီဘတ်]

​မလုံလောက်သေးချေ။ အများကြီး လိုသေးသည်။ သူ၏ စုဆောင်းမှုမှာ များစွာ ကျန်သေး၏။ သူ၏ ခန္ဓာကိုယ်အတွင်းမှ အပြောင်းအလဲများနှင့် အဆက်မပြတ် ထွက်ပေါ်နေသော နတ်ဘုရားစွမ်းအားများကို ကြည့်ရင်း ဂူချန်သည် ဘာမှမပြောဘဲ အမှတ်များ ဆက်တိုက် ပေါင်းထည့်နေခဲ့သည်။

​[အဆင့်တက်လှမ်းခြင်း စတင်နေသည်...]

All Chapters