← Chapters

အခန်း (၁၆၇-၁၆၈)

Vol. 10 Ch. 167-168

အခန်း (၁၆၇-၁၆၈)

Vol. 10 Ch. 167-168

အပိုင်း (၁၆၇) အားလုံးက အပြစ်ရှာရန် လာရောက်ကြခြင်း။

ကျင်းဘုရင်အမိန့်ပေးလိုက်သည်နှင့် ရထားလုံးက ဦးခေါင်းကို စတင် လှည့်လိုက်၏။

ဖန်ကျန်းရီက နောက်မှ လိုက်သွားရန် မလောဘဲ သူ၏ ရထားလုံးဆီသို့ ပြန်သွားခဲ့သည်။

မျက်စိရှေ့ရှိ ဟန်လင်အမတ်တစ်စုက ခေါင်းငုံ့ထားကြဆဲဖြစ်ပြီး မည်သူကမှ အသံ ထွက်မလာကြချေ။

ဖန်ကျန်းရီက ဆက်ပြောလိုက်၏။ "ခင်ဗျားတို့က အိမ်ရှေ့စံနဲ့ ကျုပ် အုပ်ချုပ်ထားတဲ့ ရပ်ကွက် ဘယ်လိုနေလဲ ဆိုတာကို မကြည့်ချင်ကြဘူးလား။ ခင်ဗျားတို့ သွားကြည့်ကြပါ။ ဘာအပြစ်အနာအဆာပဲ တွေ့တွေ့ ကျုပ်မှားကြောင်း ဝန်ခံပေးမယ်။"

လူတိုင်း၏ ဒူးခေါင်းများက နာကျင်နေခဲ့သည်မှာ ကြာပြီဖြစ်ပြီး ယခုချိန်မှာတော့ တကယ်ပဲ လူအတော်များများက မတ်တပ်ထရပ်ရန် တွေဝေနေခဲ့ကြသည်။

သို့သော်လည်း ရှေ့ဆောင်ဖြစ်သည့် ယန်ရင်းချိုက်က ခေါင်းငုံ့ထားဆဲဖြစ်ပြီး မည်သည့်လှုပ်ရှားမှုမှ မရှိသောကြောင့် အားလုံးက ရမ်းသန်း၍ ထရပ်ရန် မဝံ့ရဲကြပေ။

မည်သူမှ မလှုပ်ရှားသည်ကိုမြင်တော့ ဖန်ကျန်းရီက ဆက်ပြောလိုက်သည်။ "အမတ်ကြီးယန်... ထပါတော့လား။"

ယန်ရင်းချိုက်က ခေါင်းမော့ကာ ဖန်ကျန်းရီကို မုန်းတီးစွာ တစ်ချက်ကြည့်လိုက်ပြီး ခနဲ့တဲ့တဲ့ ပြောလိုက်၏။ "အမတ်ဖန်ရဲ့ နှုတ်အစွမ်းက တကယ့်ကို ထက်မြက်တာပဲ။ အခု အရှင်မင်းကြီးက ခင်ဗျားစကားကိုပဲ အပြည့်အဝ နားထောင်နေပြီဆိုတော့ ကျုပ် တကယ် အရှုံးပေးလိုက်ပါပြီ။"

ဖန်ကျန်းရီက အထင်သေးစွာ ပြုံးလိုက်သည်။ "ကျုပ်က မေတ္တာတရားကို တကယ် လက်တွေ့ကျင့်သုံးနေတာ။ ခင်ဗျားတို့ကကော … ထိုင်ပြီးတော့ တရားချနေရုံ သက်သက် စကားလုံးအကြီးကြီးတွေနဲ့ အော်ဟစ်နေကြတာပဲ။

သေရမယ့်သူကို စကားလှလှတွေနဲ့ ဖျောင်းဖျလို့ မရနိုင်သလို သတ်သေမယ့်သူကိုလည်း ကရုဏာနဲ့ ကယ်တင်လို့ မရနိုင်ဘူး။

ဟူး... ကျုပ် ဖန်ကျန်းရီက အရမ်း သဘောကောင်းလွန်းနေလို့ ခင်ဗျားတို့ကို ဒီလောက် အများကြီး ပြောပြနေတာ။

ကဲပါလေ … ကျုပ် သွားတော့မယ်။ ခင်ဗျားတို့ ပန်းရှန်းရပ်ကွက်ကို သွားချင်ရင်လည်း တန်းသွားကြပါ။ မသွားချင်ဘဲ ဆက်ပြီး ဒူးထောက်နေချင်ရင်လည်း ကျုပ်က စောင့်ကြည့်ဖို့ လူရှာပေးခဲ့မယ်။

ဒါပေမဲ့ ခင်ဗျားတို့ကို အခုပဲ သွားဖို့ အကြံပေးချင်တယ်။ အီးမြန်မြန်ပေါက်ပြီး လမ်းလျှောက်လိုက်ရင် ပိုပြီးတော့တောင် ပေါ့ပါးသွားနိုင်သေးတယ်။"

စကားပြောပြီးချိန်မှာတော့ ဖန်ကျန်းရီက ရထားလုံးထဲသို့ ပြန်ဝင်သွားပြီး ရထားလုံးက လေတိုက်သကဲ့သို့ မြန်ဆန်စွာ ထွက်ခွာသွားခဲ့၏။

ဟန်လင်အမတ်များက အနောက်ဘက်မှနေ၍ ကျယ်လောင်စွာ ဆဲဆိုနေကြသည်။

အတန်ကြာ တွေဝေပြီးနောက် ယန်ရင်းချိုက်က တုန်ရီစွာဖြင့် မတ်တပ်ထရပ်လိုက်၏။

ယခုချိန်မှာတော့ သူက ခန္ဓာကိုယ်တစ်ခုလုံး နာကျင်နေသည်ကို ခံစားနေရပြီး အထူးသဖြင့် ဒူးနှစ်ဖက်ပင်။ တစ်ရက်နှင့်တစ်ည တိတိ ဒူးထောက်ထားရသောကြောင့် မည်သည့် ရောဂါများ ကျန်ရစ်ခဲ့မည်ကို မသိနိုင်ချေ။

အနောက်ဘက်ရှိ ဟန်လင်အမတ်တစ်စုကလည်း ထိုနည်းတူပင်။ မတ်တပ်ထရပ်ပြီးနောက် သူတို့၏ ဒူးခေါင်းများကို ပွတ်သပ်နေကြသည်။

ယန်ရင်းချိုက်က နောက်သို့ လှည့်ကြည့်ကာ ပြောလိုက်၏။ "သွားကြမယ် … ဖန်ကျန်းရီရဲ့ အုပ်ချုပ်မှု ဘယ်လိုနေလဲ ဆိုတာကို ပန်းရှန်းရပ်ကွက်ကို သွားပြီး ကြည့်ကြတာပေါ့။ ဒီလို လူယုတ်မာမျိုးကို ဆက်ပြီး မောက်မာခွင့် ပေးထားမယ်ဆိုရင် ကျုပ်တို့ မျက်နှာ ဘယ်မှာ သွားထားရတော့မလဲ။"

အားလုံးက တစ်ယောက်ပြီးတစ်ယောက် ခါးသက်စွာ ပြုံးလိုက်ကြသည်။

ယခုချိန်မှာတော့ ဘယ်မှာ အရှက်တရား ရှိတော့မည်နည်း။ အကုန်လုံး ကုန်ခမ်းသွားခဲ့ပြီ မဟုတ်ပါလား။

လူအုပ်ထဲမှ ကုထျန်က အထစ်ထစ် အငေါ့ငေါ့ဖြင့် စကားပြောလာ၏။ "အကယ်၍ ဖန်ကျန်းရီက တကယ်ပဲ အုပ်ချုပ်တာ ကောင်းနေမယ်ဆိုရင် ကျုပ်တို့ ဘယ်လိုလုပ်ကြမလဲ။"

ယန်ရင်းချိုက်က ဒေါသတကြီး ပြောလိုက်သည်။ "အုပ်ချုပ်တာ ကောင်းတယ် ဟုတ်လား။ ဒီလို မိုးသည်းထန်တာမျိုးက တစ်နှစ် နှစ်နှစ်လောက် နေရင် တစ်ခါတော့ ဖြစ်တတ်တာပဲ။ အားလုံး အဲလိုအချိန် ဒုက္ခရောက်ကြတာ မဟုတ်လား။ ဖန်ကျန်းရီကများ မှော်ပညာ တတ်နေလို့လား။ သူက ဘယ်လိုလုပ် ဖြေရှင်းနိုင်မှာလဲ။”

"ဒါပေမဲ့ အရှင်မင်းကြီးက ပန်းရှန်းရပ်ကွက်ကို သွားကြည့်ပြီးပြီလေ။ ဖန်ကျန်းရီ ကိုယ်တိုင်ကလည်း ယုံကြည်ချက် အပြည့်ရှိနေတယ်။ ဖြစ်နိုင်တာက..."

ယန်ရင်းချိုက်က နှာမှုတ်လိုက်၏။ "ဖူး... ဒီလူယုတ်မာက အခွင့်အရေး ရသွားလို့ အပျော်လွန်ပြီး မောက်မာနေတာပါ။ ခင်ဗျားတို့ အားလုံးက အလွန် ဉာဏ်ကောင်းကြတဲ့သူတွေချည်းပဲ။ ဖန်ကျန်းရီရဲ့ လှည့်ကွက်တွေကို ဖောက်မမြင်နိုင်ကြဘူးလား။"

"ကျုပ်အမြင်တော့ လူယုတ်မာ အခွင့်အရေး ရသွားတာပဲ။ ကျုပ်တို့ အခုသွားတာက သူ့ရဲ့ ဟန်ဆောင်မှုတွေကို ဖော်ထုတ်ဖို့ပဲ။"

ဟန်လင်အမတ်များက အားနည်းစွာဖြင့် ထောက်ခံလိုက်ကြ၏။ "ကျုပ်တို့က အမတ်ကြီးယန်နဲ့ အတူတူ သွားဖို့ ဆန္ဒရှိပါတယ်။"

"အားလုံးရဲ့ ခန္ဓာကိုယ်တွေလည်း မခံနိုင်တော့ဘူးဆိုတော့ ဘယ်သူ့ဆီမှာ ငွေပါလဲ။ ရထားလုံး အရင် သွားငှားကြတာပေါ့။"

ထိုစကားကို ကြားချိန်မှာတော့ အားလုံးက မိမိတို့၏ ကိုယ်ပေါ်ရှိ ပစ္စည်းများကို စတင် စမ်းသပ် ရှာဖွေကြသည်။

ထို့နောက် တစ်ယောက်ပြီးတစ်ယောက်၏ မျက်နှာများက စတင် ပြောင်းလဲလာ၏။

"ကျုပ်ပိုက်ဆံတွေ ပျောက်သွားပြီ။"

"ဟာ... ကျုပ်ဟာလည်း ပျောက်သွားပြီ။ ကျုပ် အိမ်ကထွက်လာတုန်းက ငွေဆယ်တေလ်းတောင် ပါတာ။ အခုမှ ငါးတေလ်းပဲ သုံးရသေးတယ်။ ဘယ်... ဘယ်လိုလုပ် ကျန်တဲ့ငွေတွေက...။"

"ကျုပ်ပိုက်ဆံတွေလည်း ပျောက်သွားပြီ။"

ယန်ရင်းချိုက်က မျက်စိရှေ့တွင် ပိုက်ဆံ အဆက်မပြတ် ရှာဖွေနေသည့် လူအုပ်ကြီးကို ကြည့်ရင်း မျက်ရည်များပင် ထွက်ကျလာတော့မလို ဖြစ်သွားပြီး ငိုသံပါကြီးဖြင့် အော်ဟစ်လိုက်သည်။ "အကုန်လုံး ပျောက်သွားတာလား။"

တစ်စုံတစ်ယောက်က အံကြိတ်ကာ ပြောလိုက်၏။ "ပျောက်သွားပြီ။ အကုန်လုံး ပျောက်သွားပြီ။ အဲဒီ လူဆိုးလူသွမ်းတွေထဲမှာ သူခိုး ပါလာတာ သေချာတယ်။ တောက်... အမြင်ကတ်စရာ ကောင်းလိုက်တာ။"

"ယန်ကော်အန်း သေသင့်တယ်။ ရပ်ကွက်ရဲ့ လုံခြုံရေးက ဒီလောက်ထိ ဆိုးရွားနေတာကိုး။ အသုံးမကျတဲ့ကောင် …. မင်းကြီးကျွေးတဲ့ ထမင်းကို စားထားတာ အလကားပဲ။"

"ဒါဆိုရင် ကျုပ်တို့ ပန်းရှန်းရပ်ကွက်ကို သွားအုံးမှာလား။"

"သွားရမှာပေါ့။ ဒီအခြေအနေ ရောက်နေမှတော့ ဘာလုပ်လို့ ရတော့မှာလဲ။"

...

ပန်းရှန်းရပ်ကွက်ထဲတွင် ဖန်ကျန်းရီက ကျန်းဆန်ကို တင်းချွမ်ထံ သတင်းပို့ရန် စောစောစီးစီးတည်းက စီစဉ်ထားခဲ့၏။

ထို့ကြောင့် လမ်းပေါ်ရှိ ပြည်သူများကို အရေးပေါ် အကြောင်းကြားထားလိုက်သည်။

လမ်းပေါ်ရှိ သန့်ရှင်းရေးကို သပ်သပ်ရပ်ရပ် ဖြစ်နေအောင် သေချာလုပ်ထားရမည်ဖြစ်ပြီး စည်းကမ်းမလိုက်နာသည့် အပြင်လူများ လာလျှင် အားလုံးကို မောင်းထုတ်ပစ်ရမည်။

စကားနားမထောင်သူများကို အချုပ်ထဲသို့ တိုက်ရိုက် ဆွဲခေါ်သွားမည် ဖြစ်၏။

ပြည့်တန်ဆာရုံများက ဧည့်သည်များကို အတင်းအဓမ္မ ခေါ်ယူခြင်းမျိုး မလုပ်ရဘဲ ပညာတတ်များက လမ်းမပေါ်သို့ ထွက်ကာ လက်ဖက်ရည်ဆိုင်ဘေးတွင် ကဗျာလင်္ကာများကို ကျယ်လောင်စွာ ရွတ်ဆိုနေရမည်။

ဝန်ဆောင်မှုပေးသည့် နေရာအသီးသီးမှ ဂုဏ်သရေရှိ ဧည့်သည်တော်များနှင့် တွေ့လျှင် အားလုံးက နွေးထွေးစွာ ကြိုဆိုရမည်။

ကလေးများကိုလည်း စီစဉ်ထားပြီးဖြစ်ရာ အနည်းဆုံးတော့ ယဉ်ကျေးပျူငှာစွာ နေထိုင်ပြီး ဆူပူ အော်ဟစ်ခြင်း မရှိစေရချေ။

သန့်ရှင်းရေးအဖွဲ့က လူဦးရေ များပြားပြီး စည်းရုံးရေးစွမ်းရည်က အလွန် အားကောင်းလှ၏။

တောက်ယွမ်ခရိုင် မဟုတ်ပေမဲ့ ဤမျှသေးငယ်သည့် ကိစ္စလေးကိုတော့ ဖန်ကျန်းရီက အပြည့်အဝ ယုံကြည်ချက် ရှိနေခဲ့သည်။

...

အချိန်အတန်ကြာပြီးနောက် .... ဟန်လင်အမတ်များက နောက်ကျမှ ရောက်ရှိလာကြ၏။

လမ်းလျှောက်လာရန်မှာ မဖြစ်နိုင်ချေ။ တကယ်ပဲ ဆက်လျှောက်ရန် အင်အား မရှိတော့သောကြောင့် ဖြစ်သည်။ လူတစ်ချို့က အိမ်ပြန်၍ ငွေသွားယူကာ ရထားလုံးများ ငှားရမ်းပြီး အားလုံးကို လာကြိုခဲ့ခြင်း ဖြစ်၏။

လမ်းတစ်လျှောက်လုံး ရထားလုံးထဲတွင် ဆဲဆိုသံများ ဆက်တိုက် ထွက်ပေါ်နေခဲ့သည်။

သို့သော်ငြား ယန်ကော်အန်းကို ဆဲဆိုနေခြင်းလား၊ ဖန်ကျန်းရီကို ဆဲဆိုနေခြင်းလား သဲသဲကွဲကွဲ မသိရချေ။

အခက်အခဲပေါင်းစုံကို ကျော်ဖြတ်ပြီးနောက် ဟန်လင်အမတ်များက ပန်းရှန်းရပ်ကွက်သို့ ရောက်ရှိလာသည်။ ထိုအချိန်မှာတာ့ အားလုံးက ကြက်သေသေသွားကြ၏။

မျက်စိရှေ့ရှိ လမ်းမများပေါ်တွင် လူသွားလူလာ သိပ်မများသော်လည်း လုံးဝ မရှိသည်တော့ မဟုတ်ချေ။

တုန်းကျင်းရပ်ကွက်၏ လမ်းမများထက်တွင်တော့ ဖန်ကျန်းရီ မှာကြာထားသူများမှလွဲ၍ ပြည်သူတစ်ယောက်ကိုမှ မတွေ့ရပေ။

ကျောက်ပြားခင်းလမ်းများက သန့်ရှင်းသပ်ရပ်နေပြီး တစ်ခါတစ်ရံ နေရာအချို့တွင် ရေအိုင်ငယ်လေးများ ရှိနေသော်လည်း ယေဘုယျအားဖြင့် ကြည့်မည်ဆိုလျှင်တော့ အရေးမကြီးတော့ချေ။

အားလုံးက လမ်းမပေါ်တွင် ကြောင်တောင်တောင်ဖြင့် ရပ်နေကြသည်။

တစ်စုံတစ်ယောက်က ယန်ရင်းချိုက်ကို မေးလိုက်၏။ "အမတ်ကြီးယန်... ဒါ ဘယ်လိုလုပ်မလဲ။"

ယန်ရင်းချိုက်က အံကြိတ်လိုက်သည်။ "ပညာပေးမှုက အဓိကပဲ။ လမ်းပေါ်မှာ ရေမဝပ်ဘူးဆိုတာ ဖန်ကျန်းရီက ပိုက်ဆံထုတ်ပြီး ရေနုတ်မြောင်းတွေကို ပြန်ပြင်ထားလို့ ဖြစ်ရမယ်... သူတို့ရဲ့ လုံခြုံရေးနဲ့ ပညာပေးမှု အခြေအနေကို သွားကြည့်ကြတာပေါ့။ ကျုပ်တို့ ခွဲပြီး သွားကြမယ်။"

အားလုံးက စကားကို ကြားချိန်မှာတော့ အားနည်းစွာဖြင့် လူစုခွဲလိုက်ကြ၏။

ပင်ပန်းနေပြီ။ တကယ်ကို ပင်ပန်းနေခဲ့ပြီ ဖြစ်သည်။

ဤအချိန်ရောက်မှ ကိုယ့်ကိုယ်ကိုယ် လှည့်စားနေဖို့က အဓိပ္ပာယ် မရှိတော့ချေ။ သူတို့ အခုချိန်မှာ အရှုံးပေးလိုက်ချင်၏။

ဟန်လင်အမတ်များက အဖွဲ့များခွဲကာ ပန်းရှန်းရပ်ကွက်၏ နေရာအနှံ့အပြားတွင် စတင် စုံစမ်း ထောက်လှမ်းကြသည်။

ယန်ရင်းချိုက်က လမ်းမကြီးပေါ်တွင် လျှောက်လှမ်းနေရင်း လက်ဖက်ရည်ဆိုင်နှင့် စားသောက်ဆိုင်များမှ ထွက်ပေါ်လာသည့် ကျယ်လောင်သော စာဖတ်သံများကို နားထောင်ကာ ပို၍ စိတ်ပျက်အားငယ်လာခဲ့၏။

လမ်းဘေးရှိ အောက်ခြေအရာရှိလေးများက ခါးတွင် ဓားကို ချိတ်ဆွဲထားပြီး ခါးကို မတ်မတ်ထားကာ လမ်းပေါ်တွင် လျှောက်လှမ်းနေကြသည်။

ပတ်ဝန်းကျင်ရှိ ပြည်သူများက သူတို့ကို အရေးမစိုက်သကဲ့သို့ ပုံမှန်အတိုင်းပင်။

ဈေးဆိုင်များရှေ့သို့ သွားရောက်ကာ ဟင်းသီးဟင်းရွက်များ ဝယ်ယူချိန်တွင် စည်းကမ်းသေဝပ်နေ၏။

မြေကြီးပေါ်တွင် အမှိုက်များ ရှိနေလျှင်လည်း အရာရှိလေးများက ကိုယ်တိုင် ကောက်ယူ ရှင်းလင်းကြသည်။

ဤမြင်ကွင်းက ယန်ရင်းချိုက်ကို လုံးဝ အံ့အားသင့်သွားစေခဲ့ပေသည်။ သာမန်နေ့ရက်များတွင် ပညာတတ်များ၏ မွေးရာပါ မောက်မာမှုကြောင့် ဤဟန်လင်အမတ်များနှင့် အရာရှိများ အားလုံးက အရပ်ဘက် အရာရှိငယ်လေးများကို အထင်သေးလေ့ ရှိကြ၏။

နန်းတွင်းအစိုးရဆိုသည်က စနစ်တစ်ခုဖြစ်ပြီး ထိုသူတို့ကတော့ စနစ်ထဲမှ အောက်ဆုံးအဆင့်ရှိ ဝက်အူများပင် ဖြစ်သည်။

ဝက်အူများ ဖြစ်နေလျှင်တောင် အမြဲတမ်း ဝန်ထမ်းစာရင်းထဲတွင် မပါဝင်ချေ။

ထို့အပြင် သူတို့၏ ကိုယ်ပေါ်တွင် သာမန် ပြည်သူများတွင်သာ ရှိတတ်သည့် လက္ခဏာရပ်များအပြည့် ရှိနေတတ်၏။

အပျင်းထူခြင်း၊ အထက်ကို လိမ်လည်ကာ အောက်ကိုဖိနှိပ်ခြင်းတို့က ထိုသူတို့၏ လက္ခဏာရပ်များပင်။

ထို့ကြောင့် သာမန် အရာရှိများက အောက်ခြေဝန်ထမ်းများကို အုပ်ချုပ်ရာတွင် အပြစ်ပေးခြင်းနှင့် အာဏာပြခြင်းတို့ကို ပေါင်းစပ်အသုံးပြုမှသာ ဤလူများက ရိုးသားစွာ အလုပ်လုပ်ကြမည်။ ကြိမ်ဒဏ် မပေးလျှင် စကားနားမထောင်ကြချေ။

သို့ပေမည့် ပန်းရှန်းရပ်ကွက်မှ အရာရှိငယ်လေးများက အဝတ်အစား သပ်ရပ်ပြီး စကားပြောဆိုရာတွင် ယဉ်ကျေးကာ ပြည်သူများအပေါ် ဆက်ဆံရာတွင်လည်း အနည်းငယ်မှ မောက်မာသည့် ပုံစံ မရှိကြပေ။

ဤအရာက ယန်ရင်းချိုက်၏ မှတ်ဉာဏ်ထဲရှိ အရာရှိငယ်များနှင့် လုံးဝကို ကွဲလွဲနေခဲ့သည်။

သူ မသိသည်ကတော့ ပန်းရှန်းရပ်ကွက်၏ လုံခြုံရေးက ဖန်ကျန်းရီ ကိုယ်တိုင် တိုက်ရိုက် တာဝန်ယူထားသည့် အရာဖြစ်ကြောင်းပင်။

သန့်ရှင်းရေးအဖွဲ့ကို လီယွမ်ကျောက်ထံ လွှဲပြောင်းပေးထားသော်လည်း လုံခြုံရေးအပိုင်းတွင်တော့ သူ့ကို လုံးဝ အရှုပ်ခံမည် မဟုတ်ချေ။

ဖန်ကျန်းရီ၏ အမြင်တွင် သန့်ရှင်းရေးက အလွန် အရေးကြီးပြီး ပြင်းထန်သည့် ကွင်းဆက်တုံ့ပြန်မှုများ ရှိ၏။ သို့ပေမည့် သူ အဓိကထားသည်က လုံခြုံရေးပင် ဖြစ်သည်။ ပြည်သူများက မိမိတို့၏ ကိုယ်ပိုင် လုံခြုံရေးကို အာမခံချက် မရှိပါက အခြားအရာများ အားလုံးက အလကားပင်။

ထို့ကြောင့် ဖန်ကျန်းရီက အရာရှိငယ်လေးများကို အုပ်ချုပ်ရာတွင် အလွန် ပြင်းထန်ပြီး အကျိုးခံစားခွင့် နှင့် အပြစ်ပေးမှု နှစ်မျိုးလုံးကို အသုံးပြုထား၏။

အသုံးပြုသည့် နည်းလမ်းကတော့ တိုင်ကြားစာများကို စုဆောင်းသည့် စနစ်ပင် ဖြစ်သည်။

အရာရှိငယ်လေးတိုင်းတွင် ကိုယ်ပိုင် ဇယားများ ရှိကြပြီး ပြည်သူများ၏ တိုင်ကြားမှုကို ခံရပါက အကြောင်းရင်းကို စုံစမ်းစစ်ဆေးပြီးနောက် မှတ်တမ်းတင်ထားမည်။ အကြိမ်အရေအတွက် များပြားလာပါက ပြင်းထန်သော ပြစ်ဒဏ်ခံရမည့်အပြင် တိုက်ရိုက် ထုတ်ပယ် ခံရမည်။

ဤခေတ်တွင် လူ့အခွင့်အရေးအကြောင်း ပြောပြမည့်သူ မရှိချေ။ ဖန်ကျန်းရီက ပြဿနာများကို တိုက်ရိုက် အကြမ်းဖက်သည့် နည်းလမ်းဖြင့် ဖြေရှင်းရသည်ကို အနှစ်သက်ဆုံးပင်။

အစောပိုင်းတွင် ဖန်ကျန်းရီ ကိုယ်တိုင် ပြစ်မှုကျူးလွန်သည့် အရာရှိငယ်များကို အပြစ်ပေးရာ၌ ကြီးကြပ်ခဲ့၏။

ကိစ္စက သိပ်မကြီးမားဘဲ ပြည်သူများထံမှ တိတ်တဆိတ် ငွေညှစ်ခဲ့လျှင်တောင် ကျန်းပြောင်က လမ်းပေါ်သို့ ဆွဲထုတ်ကာ ကြိမ်လုံးတစ်ချို့ ကျိုးသည်အထိ ရိုက်နှက်ခဲ့သည်။

ဘေးတွင် ကြည့်ရှုနေသည့် အခြားသော အရာရှိငယ်လေးများ အားလုံးက အတိုင်းမသိ ကြောက်လန့်သွားကြ၏။

ငွေကြေးပိုင်းတွင်တော့ ဖန်ကျန်းရီက လုံးဝ နှမြောခြင်း မရှိချေ။ ပုံမှန်ရက်များတွင် ကြက်ဥ၊ ဆန်၊ ဂျုံနှင့် ဆီတို့ကို ဝေငှပေးလေ့ရှိသောကြောင့် အရာရှိငယ်လေးများ၏ ဘဝက များစွာ တိုးတက်လာခဲ့သည်။

ပြည်သူများက ရုံးတော်သို့ ကိုယ်တိုင်လာရောက် ကျေးဇူးတင်စကားဆိုပါက အထူး ဆုကြေးငွေများ လည်း ရရှိဦးမည်။

ထို့ကြောင့် ပန်းရှန်းရပ်ကွက်ရှိ အရာရှိငယ်လေးများ၏ အလေ့အထများက အလျင်အမြန် ပြောင်းလဲသွားခဲ့ပြီး မောက်မာသူ အလွန်ရှားသည်။

အပိုင်း (၁၆၈) ပန်းရှန်းရပ်ကွက်မှ မြင်ကွင်းများ။

"ပန်းရှန်းရပ်ကွက်ရဲ့ အခြေအနေက မြို့တွင်းထက်တောင် ပိုကောင်းနေမယ်လို့ ထင်မထားခဲ့ဘူး။"

ယန်ရင်းချိုက်၏ ဘေးနားရှိ ဟန်လင်အမတ်တစ်ဦးက မအောင့်အည်းနိုင်ဘဲ ချီးကျူးစကား ဆိုလိုက်၏။ သို့သော်လည်း သူက စကားမှားသွားမှန်း ချက်ချင်း သိလိုက်ရသောကြောင့် အလျင်အမြန် ခေါင်းငုံ့သွားသည်။

ထိုအရာက တခြားသူတွေရဲ့ ဂုဏ်သတင်းကို မြှင့်တင်ပေးပြီး ကိုယ့်ဘက်က အားနည်းသွားအောင် လုပ်ခြင်းပင်။

ယန်ရင်းချိုက်ကလည်း ခါးသက်စွာ သက်ပြင်းချလိုက်၏။ မှန်တယ်။ တကယ့် အမှန်တရားက ဒီလိုပဲလေ... ဒါပေမဲ့ တကယ်ပဲ ဒီလောက်ထိ ပြီးပြည့်စုံအောင် လုပ်နိုင်တဲ့သူ ရှိပါ့မလား။

ယန်ရင်းချိုက်က သဘာဝကျစွာပင် လက်မခံနိုင်သောကြောင့် အဖွဲ့လိုက် ဆက်လက် လျှောက်လှမ်း သွားကြသည်။

ခြေလှမ်း အနည်းငယ် လျှောက်လိုက်ရုံဖြင့် ခြေထောက်များက နာကျင်လာကြသည်။ ဘေးဘက်တွင် လက်ဖက်ရည်ဆိုင် တစ်ဆိုင် ရှိနေကာ ထိုနေရာတွင် ပညာတတ်တစ်ချို့က ဟိုတစ်စု ဒီတစ်စု ထိုင်နေကြ၏။

လက်ဖက်ရည်ဆိုင်၌ လူအများကြီး ထိုင်ရန် မဖြစ်နိုင်သည်က ထင်ရှားသည်။

ယန်ရင်းချိုက်တို့အဖွဲ့ကလည်း နောက်ထပ် အဖွဲ့ငယ်လေးများ ထပ်ခွဲကာ အသီးသီး နေရာရှာ ကြတော့၏။

နေရာရပြီးနောက် စားပွဲထိုးလေးက နွေးထွေးစွာဖြင့် လက်ဖက်ရည် တစ်ကရား လာချပေးသည်။

ယန်ရင်းချိုက်က ပူနွေးနေသည့် လက်ဖက်ရည်ကို ကြည့်ရင်း ငေးမောနေပြီး စိတ်ထဲတွင် ဘာတွေ တွေးနေမိမှန်း မသိချေ။

ရုတ်တရက် စားပွဲထိုးလေးက ပြန်ရောက်လာပြီး နေကြာစေ့ တစ်ပွဲကို စားပွဲပေါ် လာတင်ပေး၏။

ယန်ရင်းချိုက်က အံ့အားသင့်စွာ ပြောလိုက်သည်။ "ဒါ ကျုပ်တို့ မှာထားတာ မဟုတ်ဘူးနော်။"

စားပွဲထိုးလေးက ပြုံးကာ ပြော၏။ "ဒါက ဧည့်သည်တော်တို့ကို လက်ဆောင်ပေးတာပါ။ ပိုက်ဆံမယူပါဘူး။ စိတ်အေးအေးထားပြီး သုံးဆောင်ပါ။"

"ဟင်... ဘာလို့ အလကား ပေးရတာလဲ။ မင်းက ကျုပ်တို့ကို သိနေလို့လား။"

ယန်ရင်းချိုက်က အားတက်သွားခဲ့၏။

ကောင်းပြီ။ နောက်ဆုံးတော့ အပြစ်အနာအဆာကို ရှာတွေ့သွားခဲ့ပြီ။

လူတစ်ယောက်က တမင်တကာ လာပြီး ဂရုစိုက်ပြနေတယ်။ နေကြာစေ့ တစ်ပွဲက မင်းရဲ့ အစစ်အမှန် မျက်နှာကို ဖော်ပြသွားတာပဲ။

စားပွဲထိုးလေးက ယန်ရင်းချိုက်၏ အမူအရာကို ကြည့်ကာ နားမလည်နိုင် ဖြစ်သွားသည်။ ပြီးနောက် ရှင်းပြလိုက်သည်။ "ဧည့်သည်တော်... ခင်ဗျား အထင်လွဲနေပါပြီ။ ကျုပ်က ခင်ဗျားကို ဘယ်လိုလုပ် သိနိုင်မှာလဲ။"

"ဒီနေကြာစေ့က စားပွဲတိုင်းကို တစ်ပွဲစီ လက်ဆောင် ပေးတာပါ။ မယုံရင် ခင်ဗျား ကြည့်လိုက်ပါ။"

ယန်ရင်းချိုက်တို့ အဖွဲ့က အခြား စားပွဲများကို လိုက်ကြည့်လိုက်ရာ တကယ်ပင် ထိုအတိုင်း ဖြစ်နေပြီး စားပွဲတိုင်းတွင် နေကြာစေ့ တစ်ပွဲစီ တင်ထားကြောင်း တွေ့လိုက်ရ၏။

ချက်ချင်းပင် သူက တွေဝေစွာဖြင့် မေးလိုက်သည်။ "ဘာလို့ အလကား ပေးရတာလဲ။ မင်းတို့ရဲ့ ဒီနေကြာစေ့က အရင်းအနှီး မလိုဘူးလား။"

စားပွဲထိုးလေးက ပြော၏။ "ဒါကို ဧည့်သည်တော် မသိတာပါ။ ခင်ဗျားက ကျုပ်တို့ ပန်းရှန်းရပ်ကွက်ကို အခုမှ ရောက်ဖူးတာ ဖြစ်မယ်။

ရပ်ကွက်ထဲက လက်ဖက်ရည်ဆိုင်တွေက အခုဆိုရင် ပြိုင်ဆိုင်မှု အရမ်း ပြင်းထန်နေတယ်။ ဒါကြောင့် ဒါက ဧည့်သည်တွေကို ဆွဲဆောင်ဖို့ ကျုပ်တို့ အထူး စီစဉ်ထားတဲ့ ဝန်ဆောင်မှုပဲ။ ဒါတင်မကသေးဘူး။ ကျုပ်တို့ရဲ့ လက်ဖက်ရည်က အပြင်ရပ်ကွက်တွေထက် ကြေးပြား အနည်းငယ် ပိုသက်သာသေးတယ်။

သာမန် လက်ဖက်ရည်ဆိုင်တွေမှာဆိုရင် ဒီလက်ဖက်ရည် တစ်ကရားကို အနည်းဆုံး ကြေးပြား ဆယ့်ငါးပြားလောက် ပေးရမှာပါ။ ကျွန်တော်တို့ဆီမှာတော့ ကြေးပြား ဆယ့်နှစ်ပြားပဲ ပေးရပြီး နေကြာစေ့ကိုလည်း အခမဲ့ လက်ဆောင် ပေးသေးတယ်။

ကြည့်ရတာ ကျုပ်တို့က အမြတ်နည်းသွားတယ်လို့ ထင်ရပေမဲ့ ပန်းရှန်းရပ်ကွက်က တခြားနေရာတွေနဲ့ မတူဘူး။ ကျုပ်တို့ဆီမှာ လုံခြုံရေးကောင်းတော့ လာပြီး ဆက်ကြေးတောင်းမယ့်သူ မရှိဘူး။ ပြီးတော့ ဧည့်သည်လည်း များတော့ အရင်ကထက်တောင် ပိုပြီး အမြတ်ရသေးတယ်။

ဒါကြောင့် ကျုပ်တို့က နာမည်ကောင်းနဲ့ ရေရှည် ရပ်တည်နိုင်ဖို့ကို အဓိကထားတာပါ။ ခင်ဗျားတို့ သဘောကျရင် နောက်တစ်ခါ ထပ်လာမှာပဲ မဟုတ်လား။"

ယန်ရင်းချိုက်က စားပွဲထိုးလေးကို လက်ညှိုးထိုးကာ အံ့ဩစွာ ပြောလိုက်၏။ "ဟေ... မင်းလို စားပွဲထိုးလေးက တော်တော် သိတတ်တာပဲ။"

စားပွဲထိုးလေးက ဂုဏ်ယူစွာ ပြုံးလိုက်သည်။ "ဒါက ဘာမှ မဟုတ်သေးပါဘူး။ ရပ်ကွက်ထဲက ဘယ်ဆိုင်မဆို ဒီလိုပဲ အရောင်းအဝယ် လုပ်ကြတာပါ။ ခင်ဗျားတို့ သုံးဆောင်ကြပါ။ ကျုပ် မနှောင့်ယှက်တော့ဘူး။ လိုအပ်တာရှိရင် အချိန်မရွေး ခေါ်လိုက်ပါ။"

စကားပြောပြီးချိန်မှာတော့ စားပွဲထိုးလေးက ထွက်သွားခဲ့၏။

ဟန်လင်အမတ်များက အချင်းချင်း ကြည့်ကာ မည်သူကမှ စကားမပြောကြတော့ဘဲ လက်ဖက်ရည်ခွက်ကို ကိုင်ကာ တိတ်ဆိတ်စွာ သောက်နေကြ၏။ တစ်ယောက်ချင်းစီ၏ စိတ်ထဲတွင် အတွေးကိုယ်စီ ရှိနေကြသည်။

လက်ဖက်ရည် တစ်ခွက် သောက်ပြီးနောက် ယန်ရင်းချိုက်၏ အနောက်ဘက်မှ ပညာတတ်အချို့၏ ကဗျာရွတ်ဆိုသံများ ထွက်ပေါ်လာ၏။

သူက စူးစမ်းလိုစိတ်ဖြင့် ကိုယ်ကို လှည့်ကာ သေချာ နားထောင်လိုက်သည်။

"ဒီကဗျာက အရပ်လေးမျက်နှာလုံး လှပမှု အပြည့်ပဲ။ တမင်တကာ ဖန်တီးထားတာ မဟုတ်သလို တမင်တကာ ဖန်တီးလို့ရတဲ့ အရာမျိုးလည်း မဟုတ်ဘူး။ ညီအစ်ကိုရှန်... ရက်အနည်းငယ်လောက် မတွေ့ရတဲ့ အတောအတွင်း တိုးတက်မှုက အရမ်း မြန်ဆန်နေပါလား။ ကျုပ်တို့တော့ လိုက်မမီနိုင်တော့ဘူး..."

"ဟားဟား... အားနာစရာတွေ ပြောနေပြန်ပါပြီ။ လက်ဖက်ရည် သောက်ပါအုံး။"

ယန်ရင်းချိုက်က မအောင့်အည်းနိုင်ဘဲ အနောက်ဘက်ရှိ လူ၏ ပခုံးကို ပုတ်လိုက်၏။ "မင်း..."

ရှန်ရီက နောက်သို့ လှည့်ကြည့်လိုက်ပြီး မျက်စိရှေ့ရှိ အသက်ကြီးကြီး အဘိုးကြီးကို စူးစမ်းလိုစိတ်ဖြင့် ကြည့်ကာ မေးလိုက်သည်။ "အဘိုး... ဘာများ ပြောစရာ ရှိလို့လဲ။"

ယန်ရင်းချိုက်က စကားစလိုက်၏။ "ကျုပ်က ယန်ရင်းချိုက်ပါ။ မိတ်မဆက်ရသေးဘူးနော်..."

"အို... ကျုပ်က ရှန်ရီပါ။"

"ကျုပ် မေးချင်တာက မင်းတို့က ဘာလို့ လက်ဖက်ရည်ဆိုင်မှာ စာဖတ်နေကြတာလဲ။ ပန်းရှန်း ရပ်ကွက်မှာ စာကြည့်တိုက် မရှိလို့လား။"

ရှန်ရီက ပြုံးလိုက်သည်။ "ခင်ဗျား ဘာတွေ ပြောနေတာလဲ။ ကဗျာတွေ၊ စာတွေ ရွတ်ဆိုဖို့ နေရာ ရွေးနေစရာ လိုလို့လား။ ဒီလက်ဖက်ရည်ဆိုင်မှာ ထိုင်ပြီး လမ်းသွားလမ်းလာတွေကို ကြည့်ရတာကလည်း အရသာ တစ်မျိုးပဲလေ။

ပြီးတော့ လမ်းဖြတ်သွားတဲ့ ပြည်သူတွေကလည်း ကျုပ်တို့ရဲ့ ကဗျာရွတ်သံတွေကို ကြားရတော့ တစ်ခုခု သင်ယူသွားနိုင်တာပေါ့။

အလှတရားဆိုတာ ကူးစက်တတ်တယ် ဆိုတဲ့ စကားတစ်ခွန်း ရှိတယ်။ ဒီစကားက တကယ့်ကို ကောင်းလွန်းတယ်... ဒါပေမဲ့ ဘယ်သူပြောခဲ့တာလဲ ဆိုတာကိုတော့ မေ့သွားပြီ...။

ရပ်ကွက်ရဲ့ ဓလေ့က အမြဲတမ်း ဒီလိုပါပဲ။ အဘိုးက အပြင်ရပ်ကွက်က လာတာ ဖြစ်ရမယ်။"

ယန်ရင်းချိုက်၏ စိတ်ထဲတွင် အနည်းငယ် စိတ်ပျက်သွားသည်။ ထို့ကြောင့် ပြောလိုက်၏။ "တုန်းကျင်းရပ်ကွက်က လာတာပါ။"

ရှန်ရီက ထိုစကားကို ကြားချိန်မှာတော့ အထင်သေးသည့် အမူအရာ ပေါ်လာသည်။

ယန်ရင်းချိုက်က အခြေအနေကို ရိပ်မိသွားပြီး အလျင်အမြန် မေးလိုက်၏။ "ဘာဖြစ်လို့လဲ။ မင်းက တုန်းကျင်းရပ်ကွက်အပေါ် အမြင်မကြည်တာတွေ ရှိနေလို့လား။"

ရှန်ရီက ဒေါသတကြီး ပြောလိုက်၏။ "မကျေနပ်ချက် ဟုတ်လား။ အကြီးအကျယ် မကျေနပ်တာပဲ။ အကုန်လုံးက ခွေးသူခိုးတွေချည်းပဲ။ အထူးသဖြင့် ယန်ကော်အန်းပဲ။ ဒီလိုလူကို စံပြပုဂ္ဂိုလ်အဖြစ် သတ်မှတ်ခဲ့မိတဲ့ ကျုပ်မျက်လုံးတွေ ကန်းနေခဲ့တာပဲ။"

ယန်ရင်းချိုက်က တုန်ရီစွာဖြင့် ရှန်ရီကို လက်ညှိုးထိုးကာ ပြောလိုက်သည်။ "မင်း... မင်း ဘယ်လိုလုပ် ဒီလို စကားမျိုး ပြောရဲရတာလဲ။ ယန်ကော်အန်းက စာမေးပွဲ ပထမရထားသူ၊ လက်ရှိ ဟန်လင် အကယ်ဒမီရဲ့ အမတ်ကြီးလေ။"

"အဲဒီတော့ ဘာဖြစ်လဲ။ သူ ကျုပ်ရှေ့ ရောက်လာရင်လည်း ကျုပ်က ဆဲမှာပဲ။" ရှန်ရီက အနည်းငယ်မှ မကြောက်ရွံ့ချေ။

ယခင်က လူဆွဲထုတ်ခံခဲ့ရသည့် မြင်ကွင်းက သူ၏ မှတ်ဉာဏ်ထဲတွင် စွဲထင်နေဆဲပင်။

သူက ပန်းရှန်းရပ်ကွက်ထဲတွင် အချိန်အတော်ကြာ လည်ပတ်နေခဲ့ရာ သတ္တိတွေ ပိုကောင်းလာပြီး လူကလည်း ပို၍ ရိုင်းစိုင်းလာခဲ့၏။ အရင်ကဆိုလျှင်တော့ ဤကဲ့သို့ သတ္တိမျိုး ရှိမည် မဟုတ်ချေ။

"စာမေးပွဲ ပထမရထားတယ် ဆိုပေမဲ့ သူ့ကို ကြည့်ရတာ စာတွေကို ခေါင်းထဲ ဝင်အောင် ဖတ်ထားတာ မဟုတ်ဘူး။ ပညာရှိကြီးတွေရဲ့ စကားတွေကို အလွတ်ကျက်ထားရုံနဲ့ ဘာအသုံးကျမှာလဲ။ စကားလုံးတွေ ဘယ်လောက်ပဲ လှပနေပါစေ ဆင်းရဲဒုက္ခရောက်နေတဲ့ ပြည်သူတွေကို မကယ်တင်နိုင်ဘူးလေ။

ကျုပ်အမြင်ကို ပြောရရင်တော့ ဆရာစိုက်< သခင်လေးလီတို့နဲ့ နှိုင်းယှဉ်လိုက်ရင် လုံးဝကို ကောင်းကင်နဲ့ မြေကြီးလို ကွာခြားသွားတာပဲ။"

ယန်ရင်းချိုက် ကြောင်အမ်းသွားခဲ့၏။ "ဆရာစိုက်နဲ့ သခင်လေးလီဆိုတာ ဘယ်သူတွေလဲ။"

"ဒီနှစ်ယောက်ရဲ့ နာမည်ရင်းက ဘာလဲဆိုတာတော့ မသိဘူး။ ဒါပေမဲ့ လူတိုင်းက သူတို့ကို ဒီလိုပဲ ခေါ်ကြတာပဲ။ ဒီနှစ်ယောက်က ပန်းရှန်းရပ်ကွက်ရဲ့ အစစ်အမှန် အုပ်ချုပ်သူတွေလေ။"

ယန်ရင်းချိုက်က ချက်ချင်းပဲ စိတ်ထဲတွင် သဘောပေါက်သွားပြီး ဆက်မေးလိုက်သည်။ "မင်းက ပန်းရှန်းရပ်ကွက်က လူလား။"

ရှန်ရီက ခေါင်းယမ်းလိုက်၏။ "မဟုတ်ဘူး။ ကျုပ်က တုန်းကျင်းရပ်ကွက်က လူပဲ။ ဒါပေမဲ့... မကြာခင် ပြောင်းလာတော့မှာ။"

ထို့နောက် သူက ရုတ်တရက် ပြုံးလိုက်ပြီး ပြောသည်။ "အဘိုး... တွေ့ဆုံရတာ ဖူးစာပါလို့ပဲ သတ်မှတ်လိုက်ပါ။ ကျုပ် ခင်ဗျားကို ပြောပြမယ်။ အကယ်၍ ခင်ဗျား တုန်းကျင်းရပ်ကွက်မှာ နေတယ်ဆိုရင်လည်း မြန်မြန် ပြောင်းလာတာ အကောင်းဆုံးပဲ။

ကျုပ်အမြင်အရဆိုရင် လအနည်းငယ်လောက် နေရင် ပန်းရှန်းရပ်ကွက်က အိမ်တွေ ဈေးတက်တော့မှာ။ အဲဒီအချိန်ကျရင် ဝယ်ချင်ရင်တောင် ဝယ်လို့ရမှာ မဟုတ်တော့ဘူး။ ဟားဟားဟား..."

ယန်ရင်းချိုက်က မကျေမနပ်ဖြင့် မေးလိုက်၏။ "တုန်းကျင်းရပ်ကွက်က မင်းမျက်လုံးထဲမှာ အဲဒီလောက်တောင် ဆိုးရွားနေလို့လား။"

"ဟုတ်တယ်။"

"..."

ရှန်ရီ၏ ပြတ်သားသည့် အဖြေသည် အားလုံးကို အပြင်းအထန် ရိုက်နှက်လိုက်သကဲ့သို့ပင်။

ယန်ရင်းချိုက်၏ ဘေးနားရှိ လူက ထပ်မံ ကြိုးစားကြည့်လိုက်၏။ "ဒါဆို... ပန်းရှန်းရပ်ကွက်မှာ မကျေနပ်စရာရော မရှိဘူးလား။"

"မကျေနပ်ချက်..." ရှန်ရီက မျက်မှောင်ကြုတ်ကာ အစွမ်းကုန် စဉ်းစားလိုက်သည်။

"မကျေနပ်ချက်ကတော့... သိပ်မရှိပါဘူး။ ဒါပေမဲ့ မနေ့က မိုးရွာပြီးနောက် ပထမဆုံးအကြိမ် ကျင်းပတဲ့ မီးပုံပွဲမှာ ဇာတ်လမ်းတစ်ပုဒ် ကပြသွားတာကို ကြည့်ရတာတော့ တော်တော်လေး စိတ်အနှောင့်အယှက် ဖြစ်မိတယ်။ လုံးဝကို... အရှက်မရှိတာပဲ။"

ထိုအကြောင်းကို ပြောလိုက်ချိန်မှာတော့ ရှန်ရီ၏ မျက်နှာက ရှုံ့တွသွားပြီး ထိုဇာတ်လမ်းက သူ့ကို ကြီးမားသည့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုများ ပေးခဲ့ပုံရ၏။

ယန်ရင်းချိုက်တို့ အဖွဲ့၏ မျက်လုံးများက တောက်ပသွားပြီး အလျင်အမြန် မေးလိုက်ကြသည်။ "ဘာဇာတ်လမ်းလဲ။ ဘာတွေ ကပြသွားတာလဲ။"

"မြွေဖြူမလေး ဇာတ်လမ်းလေ။ မြွေမိစ္ဆာမလေးနဲ့ ဘုန်းကြီးတို့ ချစ်ကြိုက်ကြတဲ့ အကြောင်းကို ကပြသွားတာ... ဒီဇာတ်လမ်းကို တွေးမိတိုင်း ခေါင်းကိုက်တယ်။ ဘာတွေ ကပြသွားမှန်းကို မသိဘူး။ ရှုပ်ယှက်ခတ်နေတာပဲ။

ပထမပိုင်းမှာတော့ လှပပြီး ဝမ်းနည်းစရာကောင်းတဲ့ အချစ်ဇာတ်လမ်းလေး ဖြစ်နေပေမဲ့ အဲဒီဘုန်းကြီးက ပိုင်စုကျိန့်ကို အဓမ္မကျင့်ပြီးတဲ့နောက်မှာ ဇာတ်လမ်းက ဘာလို့ ရုတ်တရက် ပြောင်းလဲသွားရတာလဲ... ဇာတ်ညွှန်းရေးတဲ့သူက လုံးဝ ဗဟုသုတ မရှိတာပဲ။"

ရှန်ရီနှင့် စားပွဲတစ်လုံးတည်း ထိုင်နေသူက ပြုံးကာ ပြောလိုက်သည်။ "ဟေး... ညီအစ်ကိုရှန်။ ခင်ဗျား ဒါကို နားမလည်တာပါ။ ကျုပ်ဘိုးဘေးတွေက မြွေဖမ်းတဲ့သူတွေလေ။

မြွေတွေရဲ့ မိတ်လိုက်တဲ့ အချိန်က (စစ်ချန်ငါးခု = ၁၀ နာရီ) တောင် ကြာတယ်ဆိုတာ သိရဲ့လား။ ပိုင်စုကျိန့်က မြွေလေ။ ရွှီရှန်း နိုင်မှာမဟုတ်ဘူး။ ဖာဟိုင်က မှော်စွမ်းအင် မြင့်မားတော့ သေချာပေါက် ပြဿနာ မရှိနိုင်ဘူး။"

All Chapters