← Chapters

ရွှမ်ကျုံးပြည်နယ်ပျက်စီးခြင်း

Vol. 12 Ch. 1140

ရွှမ်ကျုံးပြည်နယ်ပျက်စီးခြင်း

Vol. 12 Ch. 1140

ရွှမ်ကျုံးပြည်နယ် စတင်ပျက်စီးလာစဥ် ပိုင်ရှောင်ချန်းနှင့် ကုန်းစွန်းဝမ်အာတို့က ဧရာမအက်ကြောင်းကြီး၏ အပြင်ဘက် ပျံထွက်လာ၏။ သူတို့က ပြင်းထန်သောတိုက်ကွက်ကြီးကို ကုန်းရုန်းခံနေရသည့်လူများ ဖြစ်သည်။ ပို၍တိတိကျကျပြောရပါက ငရဲတံခါးကိုဖွင့်၍ မရေမတွက်နိုင်သော သရဲတစ္ဆေများကို လွှတ်ပေးလိုက်ဟန်တူသော ကုန်းစွန်းဝမ်အာ ဆင့်ခေါ်ခဲ့သည့် အနက်ရောင်မီးခိုးများဖြစ်ပေသည်။

သို့သော် ဧရာမပေါက်ကွဲမှုအားကြီးကို ရင်ဆိုင်လိုက်ရသည်တွင် ထိုသရဲများမှာ အားနည်းပြီး ပြန်ပင်မတိုက်ခိုက်နိုင်ပေ။ မျက်စိတစ်မှိတ်အတွင်း သူတို့မှာ ဖယ်ရှားခံလိုက်ရတော့သည်။ အနက်ရောင်မီးခိုးများပြည့်နှက်နေသော နေရာတစ်ခုလုံးမှာလည်း ထိုနည်းတူပင်။

ဖျက်စီးခြင်းတိုက်ကွက်ကြီးက ကုန်းစွန်းဝမ်အာ၏ အရိုးစစ်သင်္ဘောကြီးကို ဝင်ဆောင့်ကာ ဆက်လက်ရိုက်ခတ်လာသည်။ ထိုအရိုးစစ်သင်္ဘောကြီးသည် ကမ္ဘာရတနာတစ်ပါးနှင့် အဆင့်တူသလောက်ရှိပြီး ကြောက်ခမန်းလိလိ ခုခံခြင်းဆိုင်ရာဂုဏ်သတ္တိများ ရှိသည်။ လွန်ခဲ့သောနှစ်များက ပိုင်ရှောင်ချန်းသည် မြောက်ပိုင်း၏မဟာဓားကိုသုံး၍သာ ၄င်းကို ထိုးဖောက်နိုင်ခဲ့ပြီး သူ၏စွမ်းအားရင်းမြစ်များကိုလည်း အလွန်အကျွံကုန်ခမ်းသွားစေခဲ့သည်။

ယခုတွင် စစ်သင်္ဘောကြီး၏ ဒိုင်းအကာ ချက်ချင်းထွက်ပေါ်လာသော်လည်း ပေါက်ကွဲအားပြင်းသော တိုက်ကွက်ကြီးကို တခဏလေးသာ ရပ်တန့်သွားစေသည်။ ထို့နောက် ဒိုင်းသည် အစိတ်စိတ်အမြွှာမြွှာကွဲကြေသွားပြီး စစ်သင်္ဘောမှာ ကုန်းစွန်းဝမ်အာ ပြန်မယူနိုင်လိုက်ခင် ဘေးသို့ လည်ထွက်သွား၏။ ယခု သူမ၏မျက်ဝန်းလေးများထဲတွင် စိတ်ပျက်မှုများ အထင်းသားမြင်နိုင်သည်။ သူမ၏ မျှော်လင့်ချက်များအားလုံး ပိုင်ရှောင်ချန်းအပေါ် မူတည်နေပြီဖြစ်ကြောင်း သူမ ပြောနိုင်သည်။

ပိုင်ရှောင်ချန်းက ဟိန်းဟောက်၍ မြောက်ပိုင်း၏ မဟာဓားကို ထိုးသွင်းလိုက်သည်။ ဓားကွက်က လေမုန်တိုင်းကြီးအား ထိသွားသောအခါ ကောင်းကင်တုန်ခါ၍ မြေပြင်တို့ အက်ကွဲစေသော ထစ်ခြုန်းမြည်ဟည်းသံများ အရပ်မျက်နှာတစ်ခွင် ပြည့်နှက်သွားသည်။ မြောက်ပိုင်း၏ မဟာဓားကား ကမ္ဘာရတနာတစ်ပါးဟူ၍ နာမည်ကြီးလောက်ပေသည်။ ဤတိုက်ကွက်က ကောင်းကင်ဧကရာဇ်အဆင့်ထက် ကျော်လွန်သည့်တိုင် ၄င်းက တောင်ခံနိုင်သေး၏။

သို့သော် ပိုင်ရှောင်ချန်း ပေးဆပ်ရမည့် တန်ဖိုးက ကြီးမားသည်။ သူက မရေမတွက်နိုင်သော နတ်ဘုရားအာရုံပေါင်းများစွာ ရိုက်ခတ်နေသည့်အလား ခံစားနေရသည်ဖြစ်ပြီး သူ ပင့်သက်ရှိုက်သွားကာ သူ၏မျက်လုံးများ သွေးရောင်လွှမ်းသွားသည်။ ဖျက်စီးခြင်းစွမ်းအားကို ခုခံရန် ထာဝရအတွဲ၏ ပြန်လည်ကုစားခြင်းစွမ်းအားများက သူ့ကို တဟုန်ထိုးဖြတ်စီးသွားပြီး သူက မာန်သွင်းအော်ဟစ်လိုက်သည်။ တချိန်တည်းမှာပင် သူက သူ့ရှေ့တွင် မဟာဓားကို အကာအကွယ်သဘော ကိုင်ဆောင်ထားပြီး သူ့လက်မောင်းကို တင်းကြပ်နေအောင် ဖက်တွယ်ထားသော ကုန်းစွန်းဝမ်အာနှင့်အတူ နောက်သို့ ယိမ်းထိုးသွား၏။

သို့ပေမည့် အဆုံးသတ်တွင် သူက တိုက်ကွက်၏ စွမ်းအားကို မဖယ်ရှားနိုင်လိုက်ပေ။ ထိုတိုက်ကွက်က ရွှမ်ကျုံးပြည်နယ်အားလုံးဖျက်စီးရန် လုံလောက်သည်အထိ အားကောင်းသည် မဟုတ်ပါလော။

မြောက်ပိုင်း၏မဟာဓားမှာ အချိန်အတော်ကြာသည်အထိ တောင့်ခံထားသော်လည်း တဆတ်ဆတ်တုန်ခါလာတာ့သည်။ ထိုအချိန်တွင် ပိုင်ရှောင်ချန်း၏မျက်နှာနှင့်လည်ပင်းတို့အပေါ်တွင် သွေးကြောပြာကြီးများ ထောင်တက်လာကာ သူ အသက်မနည်းရှူနေရတော့သည်။ သူက လိပ်ဒယ်အိုးကို ထုတ်နိုင်သော်လည်း ယခုလောလောဆယ်တွင် မြောက်ပိုင်း၏ မဟာဓားကဲ့သို့ တူညီသောအကာအကွယ်နီးပါးကိုသာ ပေးစွမ်းနိုင်မည်ဖြစ်ကြောင်း သိသည်။ ၄င်းက တိုက်ကွက်၏စွမ်းအားကို ခံနိုင်သော်လည်း ပျောက်ကွယ်အောင် လုပ်နိုင်မည် မဟုတ်ပေ။

ကံကောင်းထောက်မစွာ သူသည် လွန်ခဲ့သောအချိန်အနည်းငယ်က စိတ်ကူးယဥ်၍ပင် မရသော သက်စောင့်အားအဆင့်များဖြင့် ပြည့်နှက်နေသော ဧရာမဖက်တီးကြီးတစ်ယောက် ဖြစ်လာခဲ့လေသည်။ ထို့ကြောင့် သူ၏ ပြန်လည်ကုစားခြင်းစွမ်းအားများ မည်မျှလောင်ကျွမ်းနေစေကာမူ သူ့ကို ဆက်လက်ရပ်တည်နိုင်ရန် ထပ်ရှိသေးသည်။

ထိုသို့ဖြင့် အဖြစ်အပျက်များကား မဆုံးဖြတ်နိုင်သော အချိန်ကာလတစ်ခုအထိ ဆက်သွားလေသည်။ ပိုင်ရှောင်ချန်းက သူ၏ပြန်လည်ကုစားခြင်းစွမ်းအားများ တချိန်လုံး အပြင်းအထန်အလုပ်လုပ်နေခြင်းနှင့်အတူ တိုက်ကွက်၏ရှေ့တွင် မားမားမတ်မတ်ရပ်နေ၏။ နောက်ဆုံးတွင် လေပြင်းများ တစတစ ငြိမ်သက်လာပြီး တိုက်ကွက်မှာ အဆုံးသတ်သို့ ရောက်နေပြီဖြစ်ကြောင်း ပိုင်ရှောင်ချန်း သဘောပေါက်လိုက်သည်။

၄င်းတို့အားလုံး ပြီးဆုံးသွားချိန်တွင် ပိုင်ရှောင်ချန်းမှာ အသက်မနည်းရှူနေရတော့သည်။ သူက သိသိသာသာတုန်ရီနေပြီး ကုန်းစွန်းဝမ်အာသည်လည်း ထိုနည်းတူပင်။ သူတို့နှစ်ယောက် အကြည့်ချင်းဖလှယ်လိုက်ကြစဥ် သူတို့အသက်ဘေးမှ လွတ်မြောက်လာခဲ့၍ မည်မျှစိတ်သက်သာရာရသွားကြောင်း မြင်နိုင်ပေသည်။ အကြောက်တရားများကား သူတို့၏မျက်လုံးများထဲတွင် ကျန်ရစ်နေသေး၏။

ယခု သူတို့ရင်ဆိုင်ခဲ့ရသည့်အရာများက သူတို့နှစ်ဦးကြား ဆက်ဆံရေးကို ပို၍ရှုပ်ထွေးသောအဆင့်တစ်ဆင့်ထံ ဦးတည်သွားစေခဲ့သည်။ ၄င်းမှာ ကုန်းစွန်းဝမ်အာ သဘောမကျသည့်အရာ ဖြစ်၍ သူမက ကပျာကယာအကြည့်လွှဲလိုက်ပြီး ပိုင်ရှောင်ချန်းထံမှ ခွာလိုက်လေသည်။ ပိုင်ရှောင်ချန်းကမူ ချောင်းဟန့်ပြီး မြောက်ပိုင်း၏မဟာဓားကို သိမ်းဆည်းပြီးနောက် အဝေးကို လှမ်းကြည့်လိုက်သည်။

ရွှမ်ကျုံးပြည်နယ်ကား မရှိတော့ပေ။ ပင့်ကူအိမ်များသာမက ဖုန်များလည်း ပြောင်တလင်းခါသွားလေပြီ။ မည်သည့်အရိပ်အယောင်ကိုမဆိုထားနှင့် ဧရာမအက်ကွဲကြောင်းကြီးပင် မတွေ့ရတော့ချေ။

နတ်ဘုရားအာရုံဖြင့် စစ်ဆေးကြည့်ရှုပြီးနောက် ပိုင်ရှောင်ချန်းသော်လည်းကောင်း၊ ကုန်းစွန်းဝမ်အာသော်လည်းကောင်း အက်ကြောင်းကြီးရှိခဲ့ဖူးသည့်နေရာတွင် တစ်ခါက စေးပျစ်ခဲ့သော အတန်ငယ်ခြောက်ကပ်နေသည့် အရည်များကလွဲ၍ ဘာမှအာရုံမပေ။

သူတို့နှစ်ယောက်လုံး အတိုင်းထက်အလွန် စိတ်လေးနေပြီး ကျရောက်တော့မည့်အန္တရာယ်ကြီးကို အာရုံရနေသည်။ ဥအိတ်ကြီးထဲတွင် တည်ရှိနေခဲ့သည်က မည်သည့်အရာဖြစ်စေ သူတို့အတွက်ပင် အလွန်တရာ ချောက်ချားဖွယ်ကောင်းပြီး ယခုတွင် ၄င်းကား လွတ်မြောက်သွားပြီဖြစ်သည်။

သို့သော် ထိုသတ္တဝါက အတင်းအကြပ် မတိုက်ခိုက်ခဲ့၍ သူတို့ကို အနှောင့်အယှက်ပေးခြင်းမှ ဟန့်တားနေသည့် ၎င်းနှင့်ပတ်သက်သော ချို့ယွင်းနေသော မှတ်ဥာဏ်တစ်ခုခုရှိနေခြင်းကြောင့်လား သူတို့ကို သိချင်သွားစေသည်။ ၄င်းမှာ ချုံအောင်း၍ ချိုသွေးရန် ပုန်းကွယ်သွားသည်လည်း ဖြစ်တန်ရာသည်။

ဤအချိန်တွင် ကုန်းစွန်းဝမ်အာက အဆမတန်ဝတုတ်နေသော ပိုင်ရှောင်ချန်းကို ကြည့်ကာ သူ ဥအိတ်ကြီးမှ သက်စောင့်အားများစုပ်ယူနေသော မြင်ကွင်းကို ပြန်တွေးမိလိုက်သည်။ အကယ်၍ ပိုင်ရှောင်ချန်းသာ ထိုဆုံးဖြတ်ချက်မချခဲ့ပါက သူတို့နှစ်ယောက်လုံး ဖြစ်ပွားခဲ့သည့် ကပ်ဘေးမှ လွတ်မြောက်ရန် ပို၍ခက်ခဲမည့်ပုံပေါ်သည်။

ကုန်းစွန်းဝမ်အာမှာ မိစ္ဆာဧကရာဇ်၌ သူမ၏တာအိုသစ်စေ့ရှိသည်ကို စဥ်းစားကြည့်ပါက မဆိုစလောက် တော်သေးလေသည်။ သူမ သေခဲ့လျှင်တောင်မှ ပြန်အသက်သွင်းခံရမည်ဖြစ်သည်။ သို့သော် သူမမှာ အသက်ပြန်သွင်းခံရလျှင် မိစ္ဆာဧကရာဇ်က သရဲမယ်တော်ကို ပြန်နိုးရန် တိတ်တဆိတ် ကြိုးစားမည်ကိုလည်း ပူပန်ရလေသည်။

အခြားတစ်ဖက်တွင် ပိုင်ရှောင်ချန်းက သူ၏တာအိုသစ်စေ့ကို အပြည့်အဝပိုင်ဆိုင်ထားသည်။ ယခုတွင် ဤဖြစ်ရပ်ကို အင်ပါယာနိုင်ငံနှစ်နိုင်ငံလုံး၏ အစွမ်းထက်ပညာရှင်များ သိသွားကြပြီ ဖြစ်သည်။

" ငါတို့ ဒီကိစ္စကို တတ်နိုင်သမျှ မြန်မြန် တင်ပြဖို့ လိုတယ် "

ပိုင်ရှောင်ချန်းက ကျန်ရှိနေသေးသော အကြောက်တရားများဖြင့် ရင်တဒိန်းဒိန်းခုန်လျက် ပြောသည်။

ကုန်းစွန်းဝမ်အာက ခေါင်းညိတ်လိုက်၏။ သူတို့သည် တစ်လမ်းက ယွမ်ဟိုင်စီရင်စုထံဦးတည်ပြီး နောက်တစ်လမ်းက ကုန်းစွန်းဝမ်အာ သွားရန်ရည်ရွယ်ထားသည့်လမ်းကို ဦးတည်နေသော လမ်းခွဲတစ်ခုရောက်သည်အထိ ဆက်သွားလိုက်ကြသည်။ ထိုနေရာအရောက်တွင် သူတို့က တခဏ ရပ်လိုက်ကြ၏။

နောက်ဆုံးတွင် ကုန်းစွန်းဝမ်အာက တိုးတိုးကလေး ပြောလာသည်။

" ကျေးဇူးနော် "

သူမက ပိုင်ရှောင်ချန်း၏ခွန်းတုံ့ပြန်စကားကိုပင် မစောင့်တော့ဘဲ လှည့်၍ သူမ၏ စီမံရေးရာနန်းတော်ထံ ဦးတည်သွားလေသည်။

ပုံမှန်အခြေအနေဆိုလျှင် ပိုင်ရှောင်ချန်းသည် ကုန်းစွန်းဝမ်အာ၏ ကျေးဇူးအတင်ခံရသည့်အတွက် သူ့ကိုယ်သူ အလွန်ကျေနပ်နေမည်ဖြစ်သည်။ သို့သော် ယခုအချိန်တွင် ထိုအရာမျိုးအတွက် သူ စိတ်မပါပေ။ သေစေနိုင်သောမြူကိစ္စကြီး ဖြေရှင်းပြီးသွားသော်လည်း သူသည် လောကနတ်ဘုရားတစ်ပါးနည်းတူ အစွမ်းထက်ပုံရသည့် ကြောက်စရာကောင်းလောက်အောင် စွမ်းအားကြီးသော ဖြစ်တည်မှုတစ်ခုကို ရန်စမိခဲ့လေပြီ။

ထိုမျှသာမက သူ မည်မျှအပြင်းအထန်ကြိုးစားစေကာမူ သူ့ခြေထောက်သူ ငုံ့ကြည့်သောအခါ အမှန်တကယ် မမြင်ရပေ။ သူ အလွန်တရာ ဝဖြိုးနေသည်။ သို့သော် သူရရှိခဲ့သည့် သက်စောင့်အားအားလုံးကို သေသေချာချာ သဟဇာတဖြစ်အောင်လုပ်နိုင်ပါက သူ၏အပြင်ခန္ဓာကိုယ်နှင့် ကျင့်ကြံခြင်းအခြေခံကား ပို၍မြင့်မားသော အဆင့်တစ်ခုသို့ တက်သွားလောက်မည်ဖြစ်၍ စိတ်လှုပ်ရှားဖွယ်ကောင်းသည်။

သူက တစ်ယောက်တည်းနေချင်စိတ်မရှိတော့သည်ဖြစ်၍ ယွမ်ဟိုင်စီရင်စုထံ ပြန်သွားလိုက်သည်။

မဟာကောင်းကင်သခင်နှင့် သရဲကြီးဘုရင်မှာ ပြင်းပြသောမျှော်လင့်ချက်များဖြင့် သူ့ကို စောင့်နေကြလေသည်။ သူတို့ လမ်းခွဲခဲ့ပြီးနောက် မြူများ တစတစလွင့်ပျယ်သွားသော်လည်း ရွှမ်ကျုံးပြည်နယ်မှာ ထူးထူးဆန်းဆန်း ဖယ်ရှားခံလိုက်ရရာ ၄င်းအား မျက်စိဖြင့် တပ်အပ်မြင်လိုက်ရသည့် လူတိုင်း တုန်လှုပ်သွားခဲ့ကြသည်။

ထို့နောက်တွင် သူတို့က ပိုင်ရှောင်ချန်းနှင့် ဆက်သွယ်မှုရန် မျှော့်လင့်၍ နယ်စပ်၌ စိုးရိမ်တကြီး စောင့်စားနေခဲ့ကြလေသည်။

သူတို့က လေဟုန်ခွင်း၍ သူတို့ထံ တဝီဝီလာနေသော ဧရာမအဆီတုံးကြီးကို မြင်သောအခါ တချို့က နတ်ဘုရားအာရုံအရ မည်သူမည်ဝါဖြစ်ကြောင်း ဖော်ပြသည့်တိုင်အောင် ဟန့်တားရန် လှုပ်ရှားလိုက်ကြသည်။ သရဲကြီးဘုရင်နှင့် မဟာကောင်းကင်သခင်တို့နှစ်ယောက်လုံး တအံ့တသြ ကြည့်လိုက်ကြလေသည်။

" မင်း... "

ပိုင်ရှောင်ချန်းက သူတို့ရှေ့တွင် ဆင်းသက်လိုက်ပြီး မတ်မတ်ရပ်နိုင်အောင် ကြိုးစားလိုက်ရာ ရှေ့နောက် ယိမ်းထိုးနေလေသည်။ သူက အတန်ငယ်ရှက်နေဟန်ဖြင့် ပြောသည်။

" ဒီကိုပြန်လာတုန်း စားတာများသွားတယ်။ ေဩာ် … ဒါနဲ့ အဲဒီနေရာက အင်မတန် အန္တရာယ်များတယ်။ အချိန်အတိုင်းအတာတစ်ခုအထိ လုံးဝမလိုအပ်ဘဲ ဘယ်သူမှ အဲဒီကို မသွားကြနဲ့။ ကဲ ကျုပ် တံခါးပိတ်ကျင့်ကြံတော့မယ်။ ဒီကပ်ဘေးကြီးကနေ ကျုပ် တော်တော်လေး အမြတ်ရလိုက်တယ် "

ထို့နောက် သူက တည်နေရာရွှေ့ပြောင်းကာ ပျောက်ကွယ်သွားသည်။

မဟာကောင်းကင်းသခင်နှင့်သရဲကြီးဘုရင်မှာ အနေရခက်စွာ အကြည့်ချင်းဖလှယ်လိုက်ကြပြီး အခြားပညာရှင်များမှာလည်း ထိုနည်းတူပင်။ ပိုင်ရှောင်ချန်းမှာ သေစေနိုင်သည်အထိ အန္တရာယ်များသော နေရာတွင် မထိခိုက်ခဲ့သည့်အပြင် ဧရာမဖက်တီးကြီးအဖြစ် ပြန်ထွက်လာခဲ့လေသည်။ ယင်းမှာ အံ့ဩဖွယ်ရာ ဖြစ်နေပေတော့သည်။

မကြာမီ ပိုင်ရှောင်ချန်းသည် ယွမ်ဟိုင်မြို့တော်က သူ၏မြင့်မြတ်သောနယ်မြေသို့ ပြန်ရောက်သွား၏။ သူက ဧရာမအက်ကြောင်းကြီးထဲမှ ထူးဆန်းသောဖြစ်တည်မှုကြောင့် အတော်လေး စိတ်လေးနေသေးသည်။ သူသည် ကိုယ်တိုင်ကိုယ်ကျသွားရောက်မစစ်ဆေးမီ သူတော်စင်ဧကရာဇ်ကို သတိပေးခဲ့ပြီးဖြစ်သော်လည်း သူတွေ့ကြုံမြင်တွေ့ခဲ့သမျှအရာအားလုံး၏ အသေးစိတ်အချက်အလက်များကို ထပ်မံတင်ပြရန် ကျောက်စိမ်းပေလွှာနှစ်ခု ထုတ်လိုက်သည်။ တစ်ခုက ကောင်းကင်ဧကရာဇ် သက်တော်ရှည်ဝိညာဥ်ထံဖြစ်ပြီး နောက်တစ်ခုက သူတော်စင်ဧကရာဇ်မြို့ထံ ပို့ရန် စီစဥ်လိုက်သည်။

" လောကနတ်ဘုရားတွေပဲ ဒီအခြေအနေကို တကယ် ကိုင်တွယ်ဖြေရှင်းနိုင်လိမ့်မယ် "

သူက ခေါင်းကို ခါယမ်းလိုက်သည်။ ကံကောင်းထောက်မစွာ သူသည် သူ၏ထာဝရထီးနက်ဖြင့် ထိုသတ္တဝါကို ထိုးပစ်ခဲ့လေသည်။ ထိုအခြင်းအရာက ထိုသတ္တဝါကို ထိခိုက်ဒဏ်ရာရစေခဲ့သည့်အပြင် လိုက်ဖမ်းခြင်းမှ ဟန့်တားစေသည့် ကြီးမားသော ထင်မြင်ချက်တစ်ခု ချန်ရစ်စေခဲ့ဟန်တူသည်။

" ကြည့်ရတာ ငါအခု အန္တရာယ်ကင်းတဲ့ပုံပေါ်တယ်။ သူတော်စင်ဧကရာဇ် ကိုယ်တိုင် မကြာခင် လာရောက်စစ်ဆေးပေးဖို့ မျှော်လင့်ရမှာပဲ "

သူက အချိန်ကပဓာနဖြစ်သည်ကို ခါတိုင်းထက် ပို၍ ကောင်းကောင်းသိလာသဖြင့် သက်ပြင်းချလိုက်သည်။ ယနေ့အဖြစ်အပျက်များက ကောင်းကင်ဧကရာဇ်တစ်ပါးဖြစ်ခြင်းကပင် သူ့ကို ဘေးမကင်းစေနိုင်ကြောင်း နောက်တစ်ဖန် သက်သေပြလိုက်ပြန်လေပြီး။ အကယ်၍ ထာဝရအင်မော်တယ်နယ်မြေများတွင် အမှန်စင်စစ် အခြေချလိုပါက ပို၍အစွမ်းထက်သော ကျင့်ကြံခြင်းအခြေခံတစ်ခု လိုအပ်ပေသည်။

သူက အံကြိတ်၍ ရေရွတ်လိုက်သည်။

" ငါ ဒီသက်စောင့်အားတွေအားလုံးနဲ့ သဟဇာတဖြစ်ရင် အလယ်ပိုင်းကောင်းကင်ဧကရာဇ်အဆင့်တက်လောက်တယ် "

သူ့မျက်ဝန်းများထဲတွင် ပြတ်သားခြင်းအရိပ်အယောင်များ တဖျပ်ဖျပ်လက်လာြပီး သူက သီးသန့်အခန်းတွင် တင်ပျဥ်ခွေထိုင်ချလိုက်ကာ ယပ်တောင်အစုတ်ကြီးဖြင့် ဆက်သွယ်လိုက်သည်။ တခဏကြာသော် သူပျောက်သွားလေပြီ။

All Chapters