← Chapters

အလယ်ပိုင်း ကောင်းကင်ဧကရာဇ်အဆင့်

Vol. 12 Ch. 1141

အလယ်ပိုင်း ကောင်းကင်ဧကရာဇ်အဆင့်

Vol. 12 Ch. 1141

အပြင်ဘက် မည်းမှောင်နေသော ဟင်းလင်းပြင်ကြီးထဲတွင် တစ်ခုတည်းသော မြင်ရသည့်အလင်းလေးက ခပ်ဖျော့ဖျာ့တောက်ပနေသော ယပ်တောင်အစုတ်ကြီးမှ လာနေပေသည်။ ယပ်တောင်၏ ပင်မရင်ပြင်ပေါ်က လေထုကြီး ပုံပျက်ရှုံ့တွသွားချိန် စုပ်ယူခဲ့သော သက်စောင့်အား အားလုံးကြောင့် မဟားဒယား ဝဖြိုးနေသော ပိုင်ရှောင်ချန်း ပေါ်လာလေ၏။

အတန်ငယ်ဝေးသောနေရာမှကြည့်လျှင် သူက တအိအိ လိမ့်နေသော အဆီတုံးကြီးအလား။

" ငါ ဒီသက်စောင်အားတွေကို တတ်နိုင်သမျှ မြန်မြန် လှုံ့ဆော်ဖို့လိုတယ်။ ငါ အရမ်းဝလွန်းနေတယ်ကွာ "

နောက်တစ်ကြိမ်ထပ်၍ သူက ခြေထောက်ကို ငုံ့ကြည့်လိုက်သော်လည်း သူ့ဗိုက်ကိုသာ မြင်ရသည်။ တကယ်တမ်းပြောရလျှင် သူက အဝလွန်နေသဖြင့် ဗိုက်ကိုပင် လက်ဖြင့်ထိရန် ခက်ခဲနေသည်။ ၄င်းမှာ အလွန် သက်တောင့်သက်သာ မရှိပေ။

သူ့မျက်ဝန်းများက ပြတ်သားခြင်းများဖြင့် တဖျပ်ဖျပ်လက်နေပြီး သူက နောက်တစ်ဆင့်ကို စိန်ခေါ်ရန် ယပ်တောင်အရိုးများထံ ပျံသန်းသွားလိုက်သည်။

သူသည် အလွန်ပြိုင်ဘက်ကင်းသော နည်းလမ်းဖြင့် ရွှမ်ကျုံးပြည်နယ်က အဖြစ်အပျက်များမှ အကျိုးအမြတ်ရခဲ့လေသည်။ ပုံမှန်ဆိုပါက အစောပိုင်းကောင်းကင်ဧကရာဇ်အဆင့်မှ အလယ်ပိုင်းကောင်းကင်ဧကရာဇ်အဆင့်သို့တက်ရန်မှာ ကာလကြာရှည်မည့် အလွန်ခက်ခဲသော ဖြစ်စဥ်တစ်ခု ဖြစ်သည်။ ၄င်းသည် များသောအားဖြင့် အဖိုးတန်ရတနာ အမြောက်အမြားနှင့် ကံကြမ္မာကောင်းလည်း လိုအပ်မည် ဖြစ်သည်။

သို့သော် ယခု သူ၏ခန္ဓာကိုယ်ထဲတွင် ကြောက်ခမန်းလိလိ သက်စောင့်အားများဖြင့် ပြည့်နှက်နေပြီး ၎င်းက သူ့ကို မည်မျှဝေးဝေး ခေါ်သွားလိမ့်မည်လဲ မသေချာသည့်တိုင် တစ်ချီတည်း အဆုံးသတ်လိုက်ရန် လိုလေသည်။ သူ့အတွက် တစ်ကြိမ်သာရှိမည်ဖြစ်ပြီး ၄င်းကို သေသေချာချာ အခွင့်ကောင်းမယူနိုင်ပါက နောက်ထပ် အခွင့်အရေးက မည်သည့်အချိန်လာလိမ့်မည်ကို ပြောရန် မဖြစ်နိုင်ပေ။

ဤသက်စောင့်အားများ မရခင်က သူ၏အစီအစဥ်မှာ ကျင့်ကြံအားထုတ်ရာတွင် တွန်းပို့ပေးရန် ယပ်တောင်စုတ်ကြီးမှ ပေးအပ်သော ဆုလာဘ်များအား အသုံးပြုရန် ဖြစ်ခဲ့သည်။ သို့သော် ရုတ်တရက် အပြောင်းအလဲများဖြစ်ပြီးနောက် သူစိတ်ပြောင်းသွားသည်။

" ငါ့တစ်ခုတည်းသော အခွင့်အရေးက မီးကုန်ယမ်းကုန်ချဖို့ပဲ။ ငါ အဆင့်တွေမှာ သွားနိုင်သမျှ ဝေးဝေးသွားပြီးတော့ အဆင့်တက်ဖို့ ကြိုးစားရမယ် "

သူက အံတင်းတင်းကြိတ်၍ နောက်တစ်ဆင့်ကို ခြေချလိုက်လေသည်။

သူသည် အဆင့်များကို ထပ်ခါတလဲလဲ မအောင်မြင်သော်လည်း လက်မလျှော့ပေ။ သူသည် သူ၏ကျရှုံးမှုများအတွက် အကြောင်းရင်းများကို သုံးသပ်ဆင်ခြင်ပြီး စစ်ဆေးမှုများ လုပ်ဆောင်ပြီးနောက် အဆင့်များကို ဆက်လက်စိန်ခေါ်လေသည်။ သူ မထင်မှတ်ထားသည့် အရာတစ်ခုမှ မဖြစ်ပွားခဲ့ကြောင်း အတည်ပြုရန် ယွမ်ဟိုင်စီရင်စုကို သွားလိုက်၊ ပြန်လိုက် လုပ်နေသည့်အတောအတွင်း နှစ်လခန့်ကုန်ဆုံးသွားသည်။

သူတော်စင်ဧကရာဇ်နှင့် မိစ္ဆာဧကရာဇ်သည် ရွှမ်ကျုံးပြည်နယ်က အဖြစ်အပျက်များကို အချိန်အတော်ကြာကတည်းက သိရှိခဲ့ပြီးဖြစ်သော်လည်း တစ်ယောက်မှ ဘာမှမလုပ်ကြပေ။ ပိုင်ရှောင်ချန်းမှာ ထိုကိစ္စနှင့်ပတ်သက်၍ ဆက်လက်စိုးရိမ်နေသေးသော်လည်း ယွမ်ဟိုင်စီရင်စုသည် သူ့အတွက် အရေးကြီးသည့်တိုင် ဒုတိယအင်မော်တယ်နယ်မြေရှိ နယ်နိမိတ်တိုင်းက ဧကရာဇ်နှစ်ပါးအတွက် အရေးပါကြောင်း သူ့ကိုယ်သူ သတိပေးလိုက်သည်။

ထိုသို့ဖြင့် ပိုင်ရှောင်ချန်းသည် အဆင့်တစ်ဆင့်ပြီးတစ်ဆင့် ကျော်ဖြတ်သွား၏။ ထို့နောက် သူသည် အဆင့်ငါးဆယ်ကို အောင်မြင်သွားသည်။ နောက်ဆုံးတွင် အဆင့်ငါးဆယ့်တစ်၌ အကန့်အသတ်ကို ရောက်ရှိသွားပြီး သူ မည်သို့လုပ်စေကာမူ အဆင့်ကို မကျော်ဖြတ်နိုင်တော့ပေ။

သူက အဆင့်ငါးဆယ့်တစ်ကို လက်မလျှော့ခင် စမ်းသပ်မှုအနည်းငယ် လုပ်ဆောင်လိုက်သည်။

" အာ ဘာပဲဖြစ်ဖြစ် ... ငါ့လက်ရှိအဆင့်နဲ့ အဆင့် ငါးဆယ်ပဲ ကျော်နိုင်တာပေါ့ "

ဤအချိန်တွင် သူသည် ရရှိခဲ့သည့် ဆုလာဘ်များအားလုံးကို ထုတ်ကြည့်လိုက်ပြီး အထူးသဖြင့် အဆင့်ငါးဆယ်မှ ဆုလာဘ်ကြောင့် အတော်လေး သဘောကျသွားလေသည်။

သူ မသိသည့် ဆေးလုံးများစွာရှိသော်လည်း ဆေးတာအိုပညာရပ်တွင် သူ၏ကျွမ်းကျင်မှုကျေးဇူးကြောင့် မသေဆေးများအဖြစ် အတည်ပြုနိုင်လေသည်။ မှော်သင်္ကေတနှစ်ခုဖြင့် ထွင်းထုထားသော ဝါးပေလွှာတစ်ခုလည်းရှိ၏။ ၎င်းတို့က ဘာကို ဆိုလိုသည်ကို သူ နားမလည်သော်လည်း ပထမ မှော်သင်္ကေတကို အနီးကပ်ကြည့်လိုက်သောအခါ ငရဲတွင်းထဲ ကျဆင်းသွားသည့်အလားခံစားလိုက်ရသည်။ သူ၏စိတ်မှာ သေခြင်းတရားဖြင့်သာ ပြည့်နှက်သွားသည့်အလားပင်။

တခဏကြာသော် သူပြန်သက်သာသွား၏။ သူ ရင်တဒိန်းဒိန်းခုန်လာကာ ဒုတိယ မှော်သင်္ကေတကို မကြည့်ရဲတော့ပေ။ သို့သော် သူသည် ဤဝါးပေလွှာက မည်သည့်အရာဖြစ်သည်ကို သိသွားလေပြီ။

" အဆင့်ငါးဆယ်အတွက် ဆုလာဘ်က ရှင်သန်ခြင်းနဲ့ သေခြင်းတရား တာအိုအနှစ်သာရရဲ့ အစိတ်အပိုင်းတစ်ခုပဲ "

သူက ဝါးပေလွှာကို ကျစ်ကျစ်ပါအောင်ဆုပ်၍ ယပ်တောင်၏ ပင်မရင်ပြင်တွင် တရားအားထုတ်ရန် ထိုင်ချလိုက်သည်။ ယခင်က တရားထိုင်ရလွယ်ကူသော်လည်း ယခု သူက အဆမတန်ဝပြဲနေ၍ တင်ပျဥ်ခွေထိုင်ရန် ခက်လေသည်။ တစ်နည်းနည်းဖြင့် သူ ထိုင်နိုင်သွား၏။

သူက မန္တန်လက်ကွက်တစ်ကွက် လျင်မြန်စွာ ဖော်၍ ကျင့်ကြံခြင်းအခြေကို လည်ပတ်စေလိုက်ပြီး ပဝေသဏီအတွဲ၏ ပထမအဆင့် အတိတ်စိတ်ဆန္ဒကို စတင်အားထုတ်လေသည်။ ကျင့်ကြံခြင်းအခြေခံစွမ်းအားများ သူ့ခန္ဓာကိုယ်ထဲဝင်ရောက်လာသဖြင့် သူ၏စွမ်းအင်လမ်းကြောင်းများ ချက်ချင်း တုန်ခါလာသည်။ စွမ်းအားများက သူ့ခန္ဓာကိုယ်အတွင်းရှိ ပင်မစွမ်းအင်လမ်းကြောင်းများပေါ်တွင် စုဆုံသွားပြီးနောက် သူ၏နှလုံးသားထဲတွင် ပြီးဆုံးသွားသည်။ ဤဖြစ်စဥ်အတောအတွင်း သူ၏စိတ်အစဥ်သည် ကိုယ်အတွင်း၌ ဧရာမနဂါးကြီးတစ်ကောင်ရှိေနသည့်အလား ဟိန်းဟောက်သံကြီးအဖြစ် မြင့်တက်လာကာ အသံများ ထွက်ပေါ်လာသည်။

နဂါးကြီးက သူ၏နှလုံးသားထဲတွင် ပေါက်ကွဲတတ်သောစွမ်းအားများဖြင့် တဟုန်းဟုန်းတောက်လောင်နေပြီး ရံဖန်ရံခါ သူ၏ဒန်တျန်နယ်ပယ်ထဲတွင် ရှိသည်။

ပိုင်ရှောင်ချန်းသည် အနှီနဂါးကြီးဟုထင်ရသောအရာက အမှန်တွင် အခြားကောင်းကင်ဧကရာဇ်များနှင့် ကွာခြားသော သူ၏တာအိုသစ်စေ့ဖြစ်ကြောင်း သိသည်။ သူ၏တာအိုသစ်စေ့ကား ပြည့်ဝစုံလင်လှပြီး ကျင့်ကြံခြင်းအခြေခံတိုးတက်လာတိုင်း ပို၍စွမ်းအားကြီးမားလာသည်။

ကံဆိုးစွာပင် သူက အဆင့်တက်ရန် အလွန် အလှမ်းဝေးသေးသည်။

" ကောင်းကင်ဧကရာဇ်အဆင့်မှာ တာအိုသစ်စေ့က ပထမ အမြစ်ချတယ်။ အဲဒီနောက် အညှောင့်ထွက်၊ ဖူးပွင့်လာပြီး အသီးသီးတယ် “

" ကောင်းကင်ဧကရာဇ်တစ်ပါးဖြစ်ဖြစ်ချင်း တာအိုသစ်စေ့က ပုံစံယူတယ်။ ခန္ဓာကိုယ်ထဲက စွမ်းအင်လမ်းကြောင်းတွေက အမြစ်ပေါက်လေးတွေလိုပဲ။ ကြီးထွားလာမှပဲ အမြစ်ဖြစ်လာမယ် “

" အစောပိုင်းကောင်းကင်ဧကရာဇ်အဆင့်မှာ အမြစ်ပေါက်လေးတွေက ပျံ့နှံ့လာပြီး နောက်ဆုံးမှာ အမြစ်ဖြစ်လာတယ်။ အလယ်ပိုင်းကောင်းကင်ဧကရာဇ်အဆင့်မှာ ... အမြစ်တွေက အာဟာရဓာတ်ပေးပြီးတော့ တာအိုသစ်စေ့ အညှောင့်ထွက်လာမယ် “

" ဒါက အခုဖြစ်နေတာပဲ "

သူ၏တာအိုသစ်စေ့ဖြစ်သည့် နဂါးကြီးသည် နောက်ဆုံး၌ သူ၏ဒန်တျန်နယ်ပယ် တစ်ခုတည်းအပေါ် ဦးတည်လာသဖြင့် သူ၏မျက်လုံးများ ဝင်းလက်သွားသည်။

၄င်းက ကျုံ့လာစဥ် သူ၏တာအိုသစ်စေ့အညှောင့်ထွက်ခြင်းမှ ဖြစ်ပေါ်လာပုံရသည့် ထူးဆန်းသောစွမ်းအင်တစ်ခုက သူ့ခန္ဓာကိုယ်တလျှောက် ဖြတ်စီးသွားလေသည်။ သူက တဆတ်ဆတ်တုန်ရီလျက် အရေးကြီးသောအခိုက်အတန့်တစ်ခုရောက်ရှိလာခဲ့ပြီဖြစ်ကြောင်း သဘောပေါက်လိုက်ပြီး သူ၏ကိုယ်အတွင်း လွန်ခဲ့သောလများက ပိတ်လှောင်ခံထားရသည့် သက်စောင့်အားများ လွတ်မြောက်တော့မည် ဖြစ်ပေသည်။

သက်စောင့်အား မြောက်မြားစွာ ဝုန်းခနဲထွက်လာသဖြင့် ကောင်းကင်ဘုံမှ လာသော မိုးခြိမ်းသံများကဲ့သို့ တဂျိန်းဂျိန်းထစ်ခြုန်းသံများ သူ့ခန္ဓာကိုယ်ထဲ ပြည့်နှက်သွားတော့သည်။

သူက ပဝေသဏီအတွဲ၏ အတိတ်စိတ်ဆန္ဒဖြင့် အလုပ်လုပ်နေစဥ် သက်စောင့်အားများကား သူ၏တာအိုသစ်စေ့ထံသို့ အတားအဆီးမရှိ တဟုန်ထိုးသွားနေလေသည်။

သူ၏တာအိုသစ်စေ့သည် ချိုမြိန်သောနှင်းပေါက်များဖြင့် ကြုံတွေ့ခဲ့ရသည့် ပက်ကြားအက်နေသောမြေကြီးပမာ၊ တန်ခိုးရှင်များအတွက် စားပွဲသောက်ပွဲကြီးဖြင့် ပက်ပင်းတိုးလိုက်ရသည့် ဆာလောင်နေသော လူတစ်ယောက်သဖွယ် မယုံကြည်နိုင်ဖွယ် ပြင်းအားဖြင့် တဆတ်ဆတ်တုန်ခါလာတော့သည်။ တာအိုသစ်စေ့က ၄င်းဆီလာနေသော သက်စောင့်အားများအားလုံးကို အငမ်းအရဝါးမြိုနေသည့် တွင်းနက်ကြီးတစ်ခု ဖြစ်လာသည်။

၄င်းက အလွန်လျင်မြန်သော အမြန်နှုန်းဖြင့် ကျုံ့လာစဥ် ပိုင်ရှောင်ချန်းသည် တဖြေးဖြေး ပိန်လာ၏။ တချိန်တည်းမှာပင် သူ၏တာအိုသစ်စေ့ အရှိန်အဝါကား အားကောင်းသထက် အားကောင်းလာတော့သည်။

ကြည့်ရသရွေ့ ခမ်းနားကြီးသော ဆင့်ကဲပြောင်းလဲမှုကြီးတစ်ခု ဖြစ်နေဟန်တူသည်။

သို့သော် ဤအချိန်သည် ဖြစ်ပျက်ခဲ့သမျှအားလုံးနှင့်ပတ်သက်၍ ပိုင်ရှောင်ချန်း စိုးရိမ်နေသော အခိုက်အတန့်ဖြစ်သည်။ သူ၏တာအိုသစ်စေ့မှာ အင်ပါယာမျိုးနွယ်စုနှစ်စု၏ အမွေအနှစ်မှော်ပညာရပ်များနှင့် ကွာခြားသည်။ ထာဝရအသက်ရှည်အတွဲနှင့်ပတ်သက်၍ ထူးခြားသည်မှာ ၎င်းက အံ့ဖွယ်ထူးကဲသည့် သက်စောင့်အားပမာဏ လိုအပ်ခြင်းပင် ဖြစ်သည်။ အမှန်တကယ်ဆိုရပါက လောလောဆယ် သူ စိတ်တိုင်းကျရှိသည့် မြောက်မြားစွာသော သက်စောင့်အားပမာဏကြီးဖြင့်ပင် သူ၏တာအိုသစ်စေ့ကို အပြည့်အဝအညှောင့်ထွက်စေရန် လုံလောက်သည့်ပုံ မပေါ်ပေ။

သူသည် မူလအရွယ်အစားနှင့် ပုံစံကို ကျုံ့သွားပြီဖြစ်ပြီး ဆက်လက်ကျုံ့နေသေးသည်။ သူ၏ကိုယ်ပိုင်သက်စောင့်အား၊ကျင့်ကြံခြင်းအခြေခံနှင့် သူ့ကို ဖြစ်စေသည့်အရာအားလုံး တာအိုသစ်စေ့အတွင်း စုပ်ယူခံလိုက်ရသည့်အလားပင်။ ဤနည်းအတိုင်းဆက်သွားပါက တာအိုသစ်စေ့အညှောင့်မထွက်မီ သူ၏ ခန္ဓကိုယ်နှင့်ဝိညာဥ်ကား ဖျက်စီးခံရတော့မည် ဖြစ်သည်။

ပို၍ဆိုးသည်မှာ ဤဖောက်ထွက်သည့် ဖြစ်စဥ်ကို သူ့အနေဖြင့် နှောင့်ယှက်ရန်သော်လည်းကောင်း၊ နောက်ပြန်ရန်သော်လည်းကောင်း မတတ်နိုင်ပေ။ ယခု ဤလမ်းကို သူ လျှောက်ခဲ့ပြီဖြစ်၍ အောင်မြင်မှ ဖြစ်ပေမည်။

ကံကောင်းထောက်မစွာ ပိုင်ရှောင်ချန်းသည် ဤအဖြစ်အပျက်ကို မျှော်မှန်းပြင်ဆင်ထားပြီးဖြစ်သည်။ ကောင်းကင်ဧကရာဇ်အဆင့်တွင် သူသည် အဆင့်တက်ရန် ကြိုးစားမှု တစ်ခါမှ မလုပ်ခဲ့ဖူးသည်သာမက အကြံတစ်ခုမှ အပေးမခံခဲ့ရဖူးပါသော်လည်း ထာဝရအသက်ရှည်နည်းကျင့်စဥ်နှင့်ပတ်သက်၍ သူသိသည့်အရာနှင့် ယခင်အတွေ့အကြုံများအပေါ် အခြေခံ၍ ဖြစ်စဥ်တွင် ရင်းမြစ်များကုန်ဆုံးသွားမည့် အရေးကြီးသောအခိုက်အတန့်တစ်ခုကို ရောက်လောက်မည်ဖြစ်ကြောင်း ခန့်မှန်းခဲ့ထားပြီးဖြစ်သည်။

ဤဖြစ်နိုင်ခြေအတွက် ပြင်ဆင်ထားပြီးဖြစ်၍ သူ မထိတ်လန့်သွားပေ။ သူ၏ခန္ဓာကိုယ်က ဆက်လက်ကျုံ့လာစဥ် သူက အိတ်ကိုပုတ်၍ ယပ်တောင်စုတ်ကြီး၏ ပထမဆုံးအဆင့်ငါးဆယ်မှ ရရှိခဲ့သည့် ဆေးတစ်လုံး၊ အင်မော်တယ်မြက်များနှင့် အခြားဆုလာဘ်များကို ထုတ်လိုက်သည်။ သူသည် မဟာကောင်းကင်သခင်နှင့် သူ၏လက်အောင်ငယ်သားတချို့ကို ဆုလာဘ်အနည်းငယ်ပေးခဲ့သော်လည်း သူ့အတွက်သူ များစွာ သိမ်းဆည်းထားခဲ့၍ ယခုအချိန်တွင် သူက တုံ့ဆိုင်းမနေဘဲ ပါးစပ်ထဲ အကုန်ပစ်ထည့်လိုက်လေသည်။

ဆေးလုံးများနှင့် မြက်များက ချက်ချင်းပင် မည်သည့်ခြောက်သွေ့နေသော ဖြစ်စဥ်ကို မဆို ဟန့်တား၍ သူ့ကိုယ်တွင်းသို့ သက်စောင့်အားများ စီးဝင်သွားစေသည်။ တာအိုသစ်စေ့မှာမူ ပြီးမြောက်ရန် အလွန်နီးကပ်နေသောကြောင့် အမွှေးတိုင်တစ်တိုင်လောင်ကျွမ်းချိန်ကုန်လွန်သွားပြီးနောက် ၄င်းသည် စူးရှတောက်ပသော အလင်းများ ဝင်းလက်လာလေသည်။

အလင်းက သူ့ခန္ဓာကိုယ်ထဲ ပြည့်နှက်သွားပြီးနောက် ယပ်တောင်အစုတ်ကြီး၏ အလင်းကို ကျော်လွန်သွားကာ ပျံ့နှံ့လာ၏။

အဝေးမှကြည့်ပါက ပိုင်ရှောင်ချန်းသည် အနက်ရောင်ဟင်းလင်းပြင်ကြီးအတွင်းက စူးရှတောက်ပနေသော မီးအိမ်တစ်လုံးအလား အဆုံးစွန်ထိ လင်းထိန်နေတော့သည်။

ထိုအချိန်တွင် သူက မျက်လုံးများဖွင့်ပြီး သူ၏တာအိုသစ်စေ့ကို စိတ်လှုပ်တရှား စစ်ဆေးလိုက်ရာ ယခုတွင် ၄င်း၏အပြင်သို့ အညှောင့်သေးသေးလေးတစ်ခု ထွက်လာပြီကို တွေ့မြင်လိုက်ရသည်။

" ငါ အတိတ်စိတ်ဆန္ဒကို ပြီးမြောက်သွားပြီ။ တာအိုသစ့်စေ့လဲ အညှောင့်ထွက်လာပြီ။ အလယ်ပိုင်းကောင်းကင်ဧကရာဇ်အဆင့်ပဲ "

All Chapters