← Chapters

အခန်း (၂၇၇-၂၇၈)

Vol. 28 Ch. 277-278

အခန်း (၂၇၇-၂၇၈)

Vol. 28 Ch. 277-278

အခန်း။ ၂၇၇

ထိုခဏတွင် အနက်ရောင်မြူခိုးများ ဖုံးလွှမ်းနေသော မိစ္ဆာရဟန်း၏ ခြောက်ကပ်အေးစက်လှသော မျက်ဝန်းများအတွင်း ထူးဆန်းသော အရောင်အဝါတစ်ခု ရုတ်တရက် လက်ခနဲ ဖြစ်သွားသည်။

သူကိုယ်တိုင်ပင်လျှင် အနည်းငယ် လောနေပုံပင်။ ထို့ကြောင့် အေးစက်စွာ အမိန့်

ပေးလိုက်သည်။

"လှုပ်ရှားတော့"

သူ မည်သူ့ကို ပြောနေခြင်းဖြစ်သည်ကို မည်သူမျှ မသိကြပေ။ အဘယ်ကြောင့်ဆိုသော် ဤဝိညာဉ်နယ်နိမိတ်၏ အဆုံးသတ်တွင် ရှိသင့်ရှိထိုက်သူအားလုံးမှာ ပေါ်ထွက်နေပြီးသား ဖြစ်နေသောကြောင့်ပင်။

အခြား ဘယ်သူ ရှိသေးလို့လဲ။

လှုပ်ရှားဟူသော စကားလုံး ထွက်ပေါ်လာသည်နှင့် မိစ္ဆာရဟန်း၏ ပါးစပ်အတွင်းမှ အဖြူရောင် အလင်းတန်းတစ်ခု ပေါ်ထွက်လာသည်။ လူတိုင်း၏ ထင်မှတ်ချက်ကို ကျော်လွန်သွားသော အဖြူရောင် အလင်းတန်းပင်။

ထိုအဖြူရောင် အလင်းတန်းသည် ကလေးငိုသံသခင်၏ နောက်ကျောဘက်သို့ ရုတ်တရက် ထိုးဖောက်ဝင်ရောက်သွားပြီး ရင်ဘတ်မှ ပြန်လည်ထွက်ပေါ်လာသည်။

ဓားဦးထိပ် ထွက်ပေါ်လာသည့် ခဏမှာပင် ပြင်းထန်လှသော စွမ်းအားတစ်ခုမှာ ရိုက်ခတ်မှုများအဖြစ် ပေါက်ကွဲထွက်လာတော့သည်။

ဓားရိုးမှ ဒီရေလှိုင်းများကဲ့သို့ ပြင်းထန်သော တုန်ခါမှုများကို ထုတ်လွှတ်နေပြီး ဒီရေစက်တိုင်းတွင် ထူးခြားသော စွမ်းအားများ ပါဝင်နေသဖြင့် ကလေးငိုသံသခင်၏ ခန္ဓာကိုယ်မှာ အဆက်မပြတ် ပေါက်ကွဲနေတော့သည်။

ဓားရိုးကို ဆုပ်ကိုင်ထားသူမှာမူ ထင်မှတ်မထားဘဲ တာအိုရောင်းရင်းကျန်းဖြစ်နေကာ မိစ္ဆာရဟန်း၏ ဝါးမြိုခြင်းကို အတူတူ ခံခဲ့ရသည့် တာအိုရောင်းရင်းကျန်းပင်။

လူတိုင်းက သူမအား မိစ္ဆာရဟန်း၏ ဝါးမြိုခြင်းကို ခံလိုက်ရပြီဟု ထင်မှတ်ထားကြသည်။ အကယ်၍ သူတို့သာ မိစ္ဆာရဟန်း ဖြစ်ခဲ့မည်ဆိုလျှင်လည်း ထိုသို့ပင် လုပ်ဆောင်ကြပေလိမ့်မည်။

သို့သော် မထင်မှတ်ထားသော အပြောင်းအလဲတစ်ခု ဖြစ်ပေါ်လာခဲ့ခြင်းပင်။

ကလေးငိုသံသခင်မှာ လျှင်မြန်စွာ တုံ့ပြန်နိုင်ခဲ့သဖြင့် သူ၏ခန္ဓာကိုယ်ကို အနိုင်နိုင်ကာကွယ်ပြီး ဓားကို ခုခံထားနိုင်သည်။ သို့သော်လည်း လူဖြစ်စေ၊ မိစ္ဆာဖြစ်စေ ခန္ဓာကိုယ်သည် အကောင်းဆုံးသော ခံစစ်တံတိုင်းပင်။

ခန္ဓာကိုယ်မှာ ထိုကဲ့သို့ ပြင်းထန်သော ဒဏ်ရာကို ရရှိသွားခြင်းက နတ်ဘုရားဝိညာဉ်တွင် အားနည်းချက်များ ဖြစ်ပေါ်လာစေသည်။

မိစ္ဆာရဟန်းမှာလည်း အကွက်ကျကျ ပူးပေါင်းဆောင်ရွက်လျက် ကလေးငိုသံသခင်ကို တစ်ပြိုင်နက်တည်း တိုက်ခိုက်ကာ ၎င်း၏ ဝါးမြိုချေဖျက်မှုကို အရှိန်မြှင့်လိုက်သည်။

"တာအိုရောင်းရင်းကျန်း မင်း ရူးသွားပြီလား။ မင်းကိုယ်တိုင်လည်း မိစ္ဆာရဟန်းရဲ့ ဝါးမြိုတာကို ခံထားရတာပဲကို ဘာလို့ သူ့အတွက် အလုပ်လုပ်ပေးနေရတာလဲ"

မိစ္ဆာများမှာ သူတို့အား စတင်တိုက်ခိုက်လိုက်သော ထိုအေးစက်သည့် အမျိုးသမီး ကျင့်ကြံသူထံသို့ အကြည့်များ လွှဲလိုက်ကြသည်။

တာအိုရောင်းရင်းကျန်းက အေးစက်စွာ ပြုံးလျက် ပြောလိုက်သည်။

"ငါသာ အတူတူ အဝါးမြိုမခံခဲ့ရင် မိစ္ဆာရဟန်းက မင်းတို့ကို ချေဖျက်နိုင်အောင် ငါ ဘယ်လို ကူညီပေးနိုင်မှာလဲ။ ငါ ဒီအချိန်ကို စောင့်နေခဲ့တာ။ မင်းတို့ မိစ္ဆာတွေက သူများကို လှည့်ကွက်တွေနဲ့ ကစားခဲ့ပေမဲ့ အခုတော့ ကိုယ်တိုင် အကစားခံနေရပြီ မဟုတ်လား။ ဟားဟားဟား"

ရူးသွပ်စွာ ရယ်မောရင်း တာအိုရောင်းရင်းကျန်း၏ မျက်နှာမှာ ကြောက်မက်ဖွယ်ကောင်းအောင် ပြောင်းလဲသွားပြီး ထပ်မံ တိုက်ခိုက်လိုက်ပြန်သည်။

အဖြူရောင် သက်တံတစ်ခု ဖြတ်သန်းသွားရာ အားအနည်းဆုံးဖြစ်သော ဟန်ယွိလင်မှာ စိတ်စွမ်းအား အကာအကွယ်ကို အနိုင်နိုင် မြှောက်လိုက်သော်လည်း ထူးခြားသော မှော်ပညာများကို ပိုင်ဆိုင်သည့် ရှေးဟောင်းမျိုးနွယ်စုနှင့် ရင်ဆိုင်ရသောအခါ သူမ၏ အကာအကွယ်မှာ ထိရောက်မှု မရှိဘဲ ဒိန်းဟူသော အသံနှင့်အတူ ပေါက်ကွဲသွားကာ သူမ၏ ကိုယ်ပေါ်တွင် ဒဏ်ရာများ ပြည့်နှက်သွားတော့သည်။

"မိစ္ဆာတွေအတွက် အလုပ်လုပ်နေတဲ့သူတွေက သေသင့်တယ်"

အဖြူရောင်သက်တံမှာ ဒေါသတကြီး အော်ဟစ်လိုက်ပြီးနောက် အခြားတစ်ဖက်သို့ လျှင်မြန်စွာ ပြေးထွက်သွားပြန်သည်။ အဝေးတစ်နေရာမှမူ လျှို့ဝှက်ဆန်းပြားသော ချီးမွမ်းသံတစ်ခု ထွက်ပေါ်လာသည်။

"ကောင်းတယ်"

တာအိုရောင်းရင်းကျန်းမှာ အလစ်အငိုက် တိုက်ခိုက်နေသည့်ကြားမှ ထိုစကားကို မည်သူပြောလိုက်သည်ကို မျက်လုံးထောင့်မှနေ၍ လှမ်းကြည့်လိုက်မိသည်။

ထိုနောက်တွင် သူမသည် စုန်ယန်ကို မြင်လိုက်ရသည်။

စုန်ယန်က သူမကို အဝေးမှလှမ်းကြည့်ကာ " မိစ္ဆာတွေအတွက် အလုပ်လုပ်ပေးတဲ့သူတွေဟာ သေသင့်တယ်တဲ့ ပြောတာ တကယ်ကောင်းတယ်။ ဒီနေရာမှာ ကိုယ့်လူမျိုးနဲ့ တွေ့ရမယ်လို့ မထင်ထားဘူး။ တာအိုရောင်းရင်းကျန်း... ငါတို့က လူသားမျိုးနွယ်ချင်းတူတူပဲဆိုတော့... ပူးပေါင်းကြမလား" ဟု ချီးကျူးစကားပြောလိုက်သည်။

စကားပြောနေစဉ်အတွင်း မိစ္ဆာရတနာကို ပိုင်စိုးရန် ကြိုးစားနေရသဖြင့် အလွန်အမင်း နာကျင်နေရသော်လည်း သူ၏မျက်နှာတွင် တောက်ပသော အပြုံးတစ်ခု ပေါ်ထွက်လာသည်။ အထူးသဖြင့် ကြည်လင်သန့်စင်နေသော သူ၏မျက်ဝန်းများက အခြားသူကို လွယ်လွယ်ကူကူ ယုံကြည်မှုဖြစ်ပေါ်စေနိုင်သည်။

တာအိုရောင်းရင်းကျန်း : ...

ဤအမျိုးသားမှာ အလွန်ပင် အရှက်မရှိလှကြောင်း သူမ ခံစားလိုက်ရသည်။ သူတို့မှာ ပထမဆုံးအကြိမ် တွေ့ဖူးခြင်းဖြစ်သော်လည်း ဟောင်းနွမ်းနေသော မိတ်ဆွေများကဲ့သို့ စကားပြောနေခြင်းပင်။

သို့သော် သူပြောသည့် စကားများမှာလည်း ကျိုးကြောင်းဆီလျော်မှု ရှိနေသည်။

"ဘာလို့လဲဆိုတော့... ဒီအမျိုးသားက မိစ္ဆာတွေကိုတင်မကဘဲ မိစ္ဆာရဟန်းကိုပါ တိုက်ခိုက်နေသူဖြစ်လို့ လူသားတွေရဲ့ ဘက်တော်သားလို့ပဲ ပြောရမှာ မဟုတ်လူးလား"

တာအိုရောင်းရင်းကျန်းက "မင်းကိုယ်မင်း အရင်ဂရုစိုက်စမ်းပါ" ဟု ပြန်ပြောလိုက်သည်။

သူမ၏ တုံ့ပြန်မှုကြောင့် အထက်တွင်ရှိနေသော မိစ္ဆာရဟန်းမှာ မျက်မှောင်ကြုတ်သွားသည်။ အမှန်စင်စစ်တွင်မူ သူမ ပြန်ပြောသည်ဖြစ်စေ၊ မပြောသည်ဖြစ်စေ စုန်ယန်၏ ထိုစကားက သံသယဆူးခက်ကို စိုက်ပျိုးပြီးသား ဖြစ်သွားသည်။

ထိုဆူးခက်၏ အရေးကြီးပုံမှာ နာကျင်စေခြင်း မဟုတ်ပေ။ ပူးပေါင်းရန် ပြောဆိုသော အဓိပ္ပာယ်မရှိသည့် စကားများကို ပြန်မေ့သွားနိုင်သော်လည်း ထိုစကားများက အဟန့်အတားတစ်ခုကိုမူ အမှန်တကယ် ဖန်တီးနိုင်စွမ်းရှိသည်။

ဤအခိုက်အတန့်တွင် ရှိနေသူအားလုံး၏ အုပ်စုများနှင့် ရပ်တည်ချက်များမှာ အလျင်အမြန်ပင် ပြောင်းလဲနေကြသည်။ ဤသည်မှာ လူလေးယောက်မှာ ခြောက်အုပ်စုကွဲနေခြင်းဟူသော ဆိုရိုးစကားကို လက်တွေ့သက်သေပြနေခြင်းပင်။

စကားပြောနေစဉ်အတွင်း တာအိုရောင်းရင်းကျန်း၏ လှုပ်ရှားမှုများမှာ နှေးကွေးမသွားဘဲ မိစ္ဆာရဟန်းအပေါ် ခုခံနေသည့် ဟန်ချက်မှာလည်း အလျင်အမြန် ပျက်ပြားလာသည်။

စူးရှသော အော်ဟစ်သံနှင့်အတူ အားအနည်းဆုံးဖြစ်သော လူသားအမျိုးသမီး ကျင့်ကြံသူတစ်ဖြစ်လဲ ချီပြည်နယ်ကြီးမှ ဘိုးဘေးကြီးမှာ သွေးအေးစွာ သေဆုံးသွားရရှာသည်။

ထို့နောက်တွင် ကလေးငိုသံသခင်၏ အလှည့်ပင်။ ကလေးငိုသံသခင်မှာ မသေသေးသော်လည်း အနိုင်နိုင်သာ အသက်ဆက်နေရသည်။

အခြားတစ်ဖက်တွင်လည်း အင်းဆက်ဘုရင်မှာ တာအိုရောင်းရင်းကျန်းကို အသည်းအသန် ခုခံနေရသလို မိစ္ဆာရဟန်း၏ ဝါးမြိုချေဖျက်မှုကိုလည်း အားစိုက်ကာ တွန်းလှန်နေရသည်။

အဟန့်အတားများ လျော့နည်းသွားသောအခါ မိစ္ဆာရဟန်းသည် စုန်ယန်ကို တုံ့ဆိုင်းခြင်းမရှိဘဲ တိုက်ခိုက်တော့သည်။

သူသည် လူတိုင်း၏ စိတ်ထဲတွင် နှလုံးသားမိစ္ဆာတစ်ခုစီ စိုက်ပျိုးထားခဲ့သည်ကို မှတ်မိနေသည်။ ဤအမျိုးသားတွင်လည်း မရှိစရာ အကြောင်းမရှိပေ။

နှလုံးသားမိစ္ဆာနှင့် ရင်ဆိုင်ရသောအခါ အခက်ခဲဆုံးအချက်မှာ ကြောက်ရွံ့စိတ်ဖြင့် ၎င်းကို သတ်ဖြတ်ပစ်လိုက်ခြင်းပင်။

ထိုသို့လုပ်ဆောင်ပါက စိတ်ဝိညာဉ်နယ်ပယ်တွင် အမြဲတမ်း အက်ကွဲကြောင်းများ ဖြစ်ပေါ်သွားစေပြီး နှလုံးသားမိစ္ဆာကို အသက်ရှင်လျက် ထားရှိခြင်းထက်ပင် ပိုမိုဆိုးရွားစေသည်။

အစောပိုင်းက စုန်ယန်မှာ အားအနည်းဆုံးဖြစ်သဖြင့် မိစ္ဆာရဟန်းက ဂရုမစိုက်ခဲ့သော်လည်း ယခုမူ ကျန်ရှိသမျှသော အင်အားအားလုံးကို စုန်ယန်ထံသို့သာ ဦးတည်လိုက်တော့သည်။

ဗုဒ္ဓဘုရားရှင်တို့သည် လူသားများကို အလင်းပြရန် တစ်သက်တာလုံး အချိန်ယူကောင်း ယူကြလိမ့်မည်။ သို့သော် မိစ္ဆာတို့ကမူ ခဏချင်းအတွင်း၌ပင် ဖြားယောင်းသွေးဆောင်နိုင်ကြသည်။ စိတ်တစ်ချက်အတွင်းမှာ ဗုဒ္ဓဖြစ်နိုင်သလို မိစ္ဆာလည်း ဖြစ်သွားနိုင်သည်ဆိုသည်မှာ အပြောသက်သက်မဟုတ်ပေ။

"အကယ်လို့ သံဃာတော်တစ်ပါးက သူ အချစ်ရဆုံးအမျိုးသမီးက သူ့ရှေ့မှာ ဝတ်လစ်စလစ်ဖြစ်နေပြီး ဒါကို ဘယ်သူမှ သိမှာမဟုတ်ပါဘူးလို့ နားနားကပ်ပြီး တိုးတိုးလေး ပြောနေတာကို ကြုံရရင်... သူ့ရဲ့ နှလုံးသားဟာလည်း တုန်လှုပ်သွားမှာ အသေအချာပဲ။

ဘဝဆိုတာ တိုတောင်းလွန်းတယ်။ ဘယ်လိုပဲ နေထိုင်ခဲ့ပါစေ... နှစ်တစ်ရာကြာရင်တော့ အားလုံးက မြေကြီးဖြစ်ရမှာပဲ။ လက်ရှိမှာ ရရှိနိုင်တဲ့ ပျော်ရွှင်မှုကို ဘာကြောင့် ငြင်းပယ်ရမှာလဲ။ ဒါဆို အဲဒီသံဃာတော်က မှားနေလားဆိုရင် သူမမှားဘူး။ ဘာလို့လဲဆိုတော့ တပ်မက်မှုဆိုတာ လူသားတစ်ယောက်နဲ့ အနီးစပ်ဆုံး၊ အရှိတရားအကျဆုံး အရာမို့လို့ပဲ။

ကဲ... မင်းရဲ့ နှလုံးသားမိစ္ဆာကို ငါ့ကို ပြစမ်း"

စိတ်အာရုံနယ်ပယ်အားလုံးမှာ မိစ္ဆာရဟန်း၏ သွေးဆောင်ဖြားယောင်းမှုများ ဖြစ်ရာ ထိုနယ်ပယ်အတွင်း၌ ဖြစ်ပျက်သမျှကို သူသည် သဘာဝအလျောက် မြင်တွေ့နေရသည်။

ထိုအရာများကို ကြည့်ရှုပြီးနောက် မိစ္ဆာရဟန်း၏ ယုတ်မာလှသော မျက်နှာတွင် ကောက်ကျစ်သည့် အပြုံးတစ်ခု ပေါ်လာပြီး နာကျင်ဟန်ဆောင်သော အသံဖြင့် ပြောလိုက်သည်။

"နယ်စပ်ဒေသက နွားတွေ ဆိတ်တွေဆိုတာ အိပ်မက်တစ်ခုပါပဲ။ အခု မင်း ဒီကိုရောက်နေပြီဆိုတော့ နယ်စပ်အလွန်အထိ မင်းနဲ့အတူ လိုက်ပါမယ့်သူက မရှိတော့ဘူး မဟုတ်လား"

ထိုအသံမှာ လေထုထဲတွင် ဝဲပျံနေပြီး အဆုံးမရှိသော ဝမ်းနည်းပူဆွေးမှုများဖြင့် ပြည့်နှက်နေကာ စကားလုံးတိုင်းတွင် ကြောက်မက်ဖွယ်ကောင်းသော သွေးဆောင်မှုစွမ်းအားများ ပါဝင်နေသည်။

ထို့နောက် သူ၏ မျက်နှာထားမှာ ချက်ချင်းပင် ပြောင်းလဲသွားပြီး ပြင်းထန်စွာ မေးခွန်းထုတ်

လိုက်သည်။

"သူမ ဘယ်လို သေသွားတာလဲ မင်း မကာကွယ်နိုင်ခဲ့လို့လား ဒါမှမဟုတ်... မင်းကိုယ်တိုင် သတ်လိုက်တာလား"

စကားဆုံးသည်နှင့် တစ်ဖက်မှ အမျိုးသားမှာ နာကျင်လှသော အမူအရာ ပေါ်ထွက်လာပြီး ဝေဒနာများကြောင့် တစ်ကိုယ်လုံး တုန်ယင်နေသည်ကို မြင်လိုက်ရတော့သည်။

အခန်း။ ၂၇၈

မိစ္ဆာရဟန်းက မိုးကြိုးပစ်လိုက်သကဲ့သို့ ဒေါသတကြီး အော်ဟစ်လိုက်သည် ဋ

"ပြောစမ်း"

ထိုအမျိုးသားမှာ ပိုမို၍ နာကျင်ခံစားနေရဟန် ရှိသည်။ ၎င်း၏ ပရိယာယ်မှာ အောင်မြင်နေသည်ဟု မြင်သောအခါ မိစ္ဆာရဟန်းက ဆက်လက်၍ "မြန်မြန်ပြောစမ်း" ဟု ဖိအားပေးတော့သည်။

ရှူး... ရှူး...

ဒုတိယမြောက် ရွှေနက်ရောင် မိစ္ဆာရတနာ ပုတီးစေ့မှာ ကျားအစင်းကြောင်း ပုံရိပ်များအောက်တွင် လုံးဝ နစ်မြုပ်သွားပြီး ပျောက်ကွယ်သွားတော့သည်။ ပိုင်စိုးမှုအဆင့် တိုးတက်မှု နောက်တစ်ခု ရရှိသွားပြီ ဖြစ်သည်။

...

မိစ္ဆာရဟန်းသည် အစောပိုင်းက ပြင်းထန်သော ဝေဒနာများကို ခံစားနေရသည့် အမျိုးသား၏ မျက်ဝန်းထဲတွင် ခဏတာမျှ လက်ခနဲ ပေါ်ထွက်လာသော လှောင်ပြောင်လိုစိတ်နှင့် နောက်

ပြောင်လိုသည့် အရိပ်အယောင်ကို သတိထားမိလိုက်သည်။

ထို့နောက်တွင် ထိုအမျိုးသားသည် တတိယမြောက် ရွှေနက်ရောင် မိစ္ဆာရတနာ ပုတီးစေ့ပေါ်သို့ လက်တင်လိုက်ပြန်သည်။

မိစ္ဆာရဟန်းမှာ ဆွံ့အသွားရတော့သည်။

ထိုအခိုက်အတန့်မှာပင် လှောင်ပြောင်သရော်နေသော အမျိုးသားမှာ ရုတ်တရက် အသက်ပြင်းပြင်းတစ်ချက် ရှူလိုက်ပြီး တုန်ယင်နေသော အသံဖြင့် ပြောလိုက်သည်။

"သူမ... သူမကို ကျွန်တော်ကိုယ်တိုင် သတ်လိုက်တာ။ ကျွန်တော့်လက်နဲ့ပဲ သတ်လိုက်တာ ကျွန်တော်... ကျွန်တော် လုပ်ကိုလုပ်ရမှာမို့လို့ ကျွန်တော် မမှားဘူး ကျွန်တော် မမှားဘူး"

သူ၏ အသံမှာ အလွန်အမင်း တုန်ယင်နေပြီး ကိုယ့်ကိုကိုယ် အတင်းအကျပ် ထိန်းချုပ်ထားရသည့်အလားပင်။

အကယ်၍ လွန်ခဲ့သော ခဏတာကသာ ဖြစ်ပါက မိစ္ဆာရဟန်းသည် ဤအားနည်းချက်ကို အသုံးချကာ တစ်ဖက်လူ၏ ကျင့်ကြံမှုအနှစ်သာရကို ချက်ချင်း ဖျက်ဆီးပစ်ပေလိမ့်မည်။

သူ့ရှေ့တွင် ရှိနေသောသူမှာ အလွန်အမင်း အေးစက်ရက်စက်သူတစ်ဦးဖြစ်မည်ဟု သူခန့်မှန်းခဲ့သော်လည်း စိတ်အာရုံနယ်ပယ်တွင် နှလုံးသားမိစ္ဆာ အမှန်တကယ် ပေါ်ထွက်လာခဲ့သဖြင့် သူသည် ထိုသူ၏ ခံစားချက်များကို အဆမတန် ချဲ့ကားပေးနိုင်ပြီး နှလုံးသားထဲမှ သေးငယ်သော အက်ကြောင်းလေးကိုပင် ပြိုလဲသွားအောင် လုပ်ဆောင်နိုင်သည်။

သို့သော် ယခုမူ ဤအမျိုးသားမှာ သူ့ကို ဟန်ဆောင်ပြနေခြင်းဖြစ်ကြောင်း သူသဘောပေါက်သွားပြီ ဖြစ်သည်။ ဤအမျိုးသားတွင် နှလုံးသားမိစ္ဆာ မရှိပေ။

ဤအမျိုးသားသည် တတိယမြောက်ပုတီးစေ့ကို ပိုင်စိုးရန် အချိန်လောက်ငစေရန်အတွက် သူ့ရဲ့ သရုပ်ဆောင်မှုမှာ ပူးပေါင်းပါဝင်ပေးခြင်းဖြင့် အချိန်ဆွဲနေခြင်းပင်။

မိစ္ဆာရဟန်းသည် သူ၏ မူလအစီအစဉ်ကို စွန့်လွှတ်လိုက်ပြီး သူ၏ ပတ်ဝန်းကျင်ရှိသူများကို စူးစိုက်ကြည့်လိုက်ရာ သူ၏အကြည့်မှာ တာအိုရောင်းရင်းကျန်းထံသို့ ရုတ်တရက် ရောက်ရှိသွားသည်။

သူ စကားမပြောရသေးခင်မှာပင် စုန်ယန်က အရင်ဦးအောင် ပြောလိုက်သည်။ စုန်ယန်၏ အသံမှာ အလွန်ပင် စိတ်ရင်းမှန်နေဟန် ရှိသည်။

"တာအိုရောင်းရင်းကျန်း... ကျွန်တော့်အတွက် မိစ္ဆာရဟန်းကို တားထားပေးပါ။ အချိန်နည်းနည်းလောက် ဝယ်ပေးပါဦး။ ကျွန်တော်သာ ဒီကနေ လွတ်သွားရင် လူသားမျိုးနွယ်က ဧကန်မုချ ထွန်းကားလာမှာပါ"

မိစ္ဆာရဟန်း : ...

ထို့နောက် မိစ္ဆာရဟန်းက ချက်ချင်း လိုက်ပြောသည်။

"တာအိုရောင်းရင်းကျန်း... မြန်မြန်လုပ်စမ်း မင်းနဲ့ ငါနဲ့က ဝိညာဉ်ကတိသစ္စာ ပြုထားပြီးသားပဲ။ ငါက သစ္စာဖောက်စရာ အကြောင်းမရှိဘူး။ မိစ္ဆာတွေအားလုံးကို သတ်ဖို့ ငါမင်းကို ကူညီမယ်"

စုန်ယန်က "လိမ်ညာမှုတွေနဲ့ ပြည့်နေတဲ့ မိစ္ဆာယုတ်" ဟု ပြန်ပြောသည်။

မိစ္ဆာရဟန်းမှာ "မင်းလည်း ငါနဲ့ သိပ်မထူးပါဘူး" ဟုသာ စိတ်ထဲက တွေးလိုက်မိတော့သည်။ သို့သော် သူက ဆက်၍ "ဒီကောင့်ရဲ့ ကျင့်ကြံမှုအဆင့်က အရမ်းနိမ့်လွန်းတယ်။ သူက မိစ္ဆာရတနာကို ရသွားရင်တောင် သူ့အတွက် သေတွင်းတူးတာနဲ့ အတူတူပဲ သူ ဘာအကျိုးအမြတ်မှ ရမှာမဟုတ်ဘူး" ဟု ပြောလိုက်သည်။

လူသားတစ်ဦးနှင့် မိစ္ဆာတစ်ပါးမှာ တစ်ဦးကိုတစ်ဦး ပြန်လှန် ချေပနေကြသည်။

တာအိုရောင်းရင်းကျန်းသည် မိစ္ဆာများအပေါ် အသည်းအသန် ကလဲ့စားချေလိုစိတ် ပြင်းထန်နေခြင်းကို ကြည့်ခြင်းအားဖြင့် သူမမှာ ခံစားချက်ကို ရှေ့တန်းတင်သူတစ်ဦးဖြစ်ကြောင်း သိသာလှသည်။ ယခုအခါတွင်မူ သူမသည် စုန်ယန်နှင့် မိစ္ဆာရဟန်းတို့၏ စကားများကြားတွင် အကြိမ်ကြိမ် ဇဝေဇဝါ ဖြစ်နေရသည်။

ထို့ကြောင့် သူမ၏ လှုပ်ရှားမှုများမှာ မြန်လည်းမမြန် နှေးလည်းမနှေးဘဲ လက်ရှိအခြေအနေကိုသာ ထိန်းထားနိုင်တော့သည်။

စုန်ယန်ကမူ မသူ့ထံတွင် အချိန်များစွာ မကျန်တော့သည်ကို သိသဖြင့် အကြည့်ကို ချက်ချင်း ပြန်လွှဲလိုက်တော့သည်။

သူ၏ အတွေးများမှာ လျင်မြန်စွာ ပျံ့နှံ့သွားပြီး ရွှေနက်ရောင် ပုတီးစေ့အတွင်းသို့ ထိုးဖောက်

ဝင်ရောက်သွားရာ မကြာမီမှာပင် ကျန်ရှိနေသော စိတ်ဆန္ဒတစ်ခုကို ခံစားလိုက်ရကာ ၎င်းမှာ ကျားဧကရာဇ်၏ ကျန်ရစ်သော စိတ်ဆန္ဒပင်။

စုန်ယန်က သူ၏ အတွေးကို အလျင်အမြန်ပင် ဆက်သွယ်လိုက်သည်။

"မျိုးနွယ်စုခေါင်းဆောင်... ကျွန်တော်ကလည်း ကျားမျိုးနွယ်စုဝင် တစ်ယောက်ပါ။ ကျွန်တော့်ရဲ့ သွေးကြောထဲမှာ ကျားမျိုးနွယ်ရဲ့ သွေးတွေ စီးဆင်းနေပါတယ်။ ကျွန်တော်က မြေခွေးမျိုးနွယ်နဲ့ ဝံပုလွေမျိုးနွယ်တွေကို အမြစ်ပြတ်အောင် ချေမှုန်းပြီး ကျွန်တော်တို့ ဆွေမျိုးသားချင်းတွေအတွက် ကလဲ့စားချေဖို့ မိစ္ဆာရဟန်းကို သတ်ပါ့မယ်။ ခေါင်းဆောင်ကြီး... ကျွန်တော့်ကို ကူညီပါ"

ကျားဧကရာဇ်၏ စိတ်ဆန္ဒမှာ လျင်မြန်စွာပင် ပြန်လည်ရောက်ရှိလာသည်။

"မင်းရဲ့ စိတ်တံခါးကို ဖွင့်ထားလိုက် ပိုင်စိုးဖို့အတွက် အားထုတ်နေစရာ မလိုတော့ဘူး။ ငါကိုယ်တိုင် ဒီမိစ္ဆာရတနာကို မင်းရဲ့ နတ်ဘုရားဝိညာဉ်ထဲကို တိုက်ရိုက် သယ်ဆောင်ပေးမယ်"

စုန်ယန်သည် ပိုင်စိုးရန် ကြိုးပမ်းမှုကို ပိုမိုအရှိန်မြှင့်လိုက်သည်။ ဝိညာဉ်ဆိုးများစွာက မိစ္ဆာရတနာပေါ်ရှိ ပြင်းထန်သော စိတ်ဝိညာဉ်များကို ဖယ်ရှားရန် ကိုယ့်ကိုကိုယ် ဖောက်ခွဲကာ ကူညီပေးနေကြသည်။

သူက မိစ္ဆာရတနာအတွင်းသို့ ထိုးဖောက်ဝင်ရောက်ရင်း ရိုသေစွာ ပြန်ဖြေလိုက်သည်။

"ဒါဆိုရင်... ခေါင်းဆောင်ကြီး ပြင်ဆင်ထားပါ။ ကျွန်တော်လည်း လိုအပ်တာတွေ လုပ်ဆောင်ပါ့မယ်။ ခေါင်းဆောင်ကြီး တစ်ကနေ တစ်ရာအထိ ရေတွက်ပေးပါ။ အဲဒီနောက်မှာ ကျွန်တော် စိတ်တံခါးဖွင့်ပြီး ခေါင်းဆောင်ကြီးကို လက်ခံပါ့မယ်"

ကျားဧကရာဇ်မှာ ကျန်ရစ်သော စိတ်ဆန္ဒတစ်ခုသာ ဖြစ်သဖြင့် သူ၏ နယ်မြေတွင် အသာစီးရနေသော်လည်း ကြီးကြပ်သူအဆင့်သာ ရှိတော့သည်။ သူသည် အခြားသူများ မိစ္ဆာရတနာကို လုယူခြင်းမှ တားဆီးနိုင်သော်လည်း သူကိုယ်တိုင် ယူဆောင်သွားနိုင်ခြင်း မရှိပေ။

သူသည် ၎င်းကို တစ်စိတ်တစ်ပိုင်းသာ ထိန်းချုပ်နိုင်ပြီး အခြားသူများ ကျူးကျော်ဝင်ရောက်ခြင်းကိုသာ ဟန့်တားနိုင်သည်။

အဆက်မပြတ် ကျူးကျော်ခံရမှုများ၊ အထူးသဖြင့် အင်းဆက်ဘုရင်နှင့် အမြီးခုနစ်ချောင်းရှိ မိစ္ဆာမြေခွေးတို့၏ တိုက်ခိုက်မှုများကြောင့် သူ၏ အင်အားမှာ အလွန်အမင်း အားနည်းနေပြီ ဖြစ်သည်။ မိစ္ဆာရတနာကို အလုခံရတော့မည့် အခြေအနေအထိ အားနည်းနေခြင်းပင်။

မိစ္ဆာရဟန်းမှာ မူလက ခရမ်းရောင်နန်းတော် အဆင့် ကျင့်ကြံသူများကို ဝါးမြိုပြီးမှ မိစ္ဆာရတနာ ကိုးခုလုံးကို တစ်ပြိုင်နက် သိမ်းပိုက်ရန် ရည်ရွယ်ထားခြင်းပင်။

ကျားဧကရာဇ်၏ စိတ်သည် သူအသက်ရှင်စဉ်ကကဲ့သို့ ကြည်လင်ပြတ်သားခြင်း မရှိတော့ပေ။ စုန်ယန်၏ စိတ်အားထက်သန်မှုကို မြင်သောအခါ သူသည် အမှန်တကယ်ပင် စတင်ရေတွက်တော့သည်။

"တစ်..."

"နှစ်..."

"သုံး..."

သူ တစ်ဆယ့်သုံးသို့ ရောက်သောအခါ တစ်စုံတစ်ခု မှားယွင်းနေကြောင်း ရုတ်တရက် သတိပြုမိလိုက်သည်။ တတိယမြောက် ရွှေနက်ရောင် မိစ္ဆာရတနာ ပုတီးစေ့မှာ စုန်ယန်၏ ကျားအစင်းကြောင်းများအောက်တွင် လုံးဝ နစ်မြုပ်သွားပြီ ဖြစ်သည်။

ပိုင်စိုးမှုအဆင့် တိုးတက်မှု နောက်တစ်ခု ထပ်တိုးသွားပြန်ပြီ ဖြစ်သည်။

...

ကျားဧကရာဇ်သည် သူ၏ အစီအစဉ်ကို စုန်ယန်က သိမြင်သွားပြီဖြစ်ကြောင်း နောက်ဆုံးတွင် သဘောပေါက်သွားပြီး ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။

"မင်းလို အညတရလေးက ငါ့ကိုတောင် လှည့်စားရဲတယ်ပေါ့လေ"

စုန်ယန်က သူ့ကို လျစ်လျူရှုလိုက်ပြီး စတုတ္ထမြောက် ပုတီးစေ့ပေါ်သို့ လက်တင်လိုက်သည်။

"ကျားဧကရာဇ်ဟာ သူ့ရဲ့ ကျန်ရစ်နေတဲ့ ဝိညာဉ်အစအနနဲ့ ငါ့ကို လွှမ်းမိုးဖို့ ဒါမှမဟုတ် ခန္ဓာကိုယ်ကို သိမ်းပိုက်ဖို့ ကြံစည်နေတာက သိသာလွန်းနေတာပဲဟာ။ ဒီလိုအခြေအနေမျိုးမှာ ငါ ဘယ်လိုလုပ်ပြီး သဘောတူနိုင်ပါ့မလဲ"

ကျားဧကရာဇ်သည် သူ၏ ကျန်ရစ်သော ဝိညာဉ်ကို အသုံးပြု၍ အစွမ်းကုန် ပြန်လည်ခုခံတော့သည်။

ကျားဧကရာဇ်မှာ ဒေါသတကြီး ဟိန်းဟောက်နေစဉ်မှာပင် အဝေးတစ်နေရာ၌ မိစ္ဆာရဟန်းထံမှ စူးရှသော အော်ဟစ်သံတစ်ခု ထွက်ပေါ်လာသည်။ ၎င်းမှာ ကလေးငိုသံသခင်၏ အော်ဟစ်သံပင်။ အမြီးခြောက်ချောင်းရှိ မြေခွေးမှာ နောက်ဆုံးတွင် လုံးဝ ဝါးမြိုချေဖျက်ခြင်း ခံလိုက်ရပြီ ဖြစ်သည်။

မိစ္ဆာရတနာ ကိုးခုအနက် ခြောက်ခုသာ ကျန်တော့သည်ကို မြင်သောအခါ မိစ္ဆာရဟန်းမှာ ပိုမို ဒေါသထွက်လာပြီး သူ၏ ဝါးမြိုမှုကို အရှိန်မြှင့်ကာ အားနည်းနေသော သမင်မိစ္ဆာနှင့် ရှေးဟောင်းသွားတို့ကို ပစ်မှတ်ထားလိုက်သည်။ သူ၏ သည်းခံနိုင်မှု အကန့်အသတ်မှာ လေးခုသာ ဖြစ်သည်။

သူသည် ကျားဧကရာဇ်၏ ဒေါသကိုလည်း ခံစားနေရသည်။ ကျားဧကရာဇ်၏ ကျန်ရစ်သော စိတ်ဆန္ဒသည် မူလက ထိုကျားသွေးဆက်ရှိသူအပေါ် အလိုလိုက်ချင်သလို ဘေးမှ ထိုင်ကြည့်ချင်သလို ရှိနေခဲ့သော်လည်း ယခုမူ ကျားဧကရာဇ်ကိုယ်တိုင် ထိုသူကို စတင်တိုက်ခိုက်နေပြီ ဖြစ်သည်။

ကျားဧကရာဇ်မှာ အားနည်းနေပြီ ဖြစ်သော်လည်း သူ၏ ခုခံမှုမှာ အလွန်ပင် ခိုင်မာလှသည်။ ၎င်းက စုန်ယန်အတွက် အချိန်ပို ရရှိစေခဲ့သည်။

အင်အားပြိုင်ဆိုင်မှုများစွာကြားတွင် လူတိုင်းမှာ ရန်သူဖြစ်ကြပြီး လူတိုင်းတွင် ကိုယ်ပိုင် ရပ်တည်ချက်များ ရှိနေကြသည်။ အပြန်အလှန် သတ်ဖြတ်မှုများမှာ အရပ်မျက်နှာအနှံ့ ပေါက်ကွဲထွက်ပေါ်နေသည်။

ဒုက္ခပင်လယ်ပြင်၏ အရှိန်အဝါများမှာလည်း အဆုံးမရှိ တိုးပွားလာနေပြီး မီးခိုးရောင် ကုလားကာကြီးတစ်ခုအဖြစ် ပြောင်းလဲကာ ကျားမျိုးနွယ်စု၏ ရတနာလုံးကြီးနောက်ကွယ်မှ တိုးဝှေ့၍ ထွက်ပေါ်လာသည်။

ထိုရတနာလုံးကြီး၏ ကြီးမားသော အပြောင်းအလဲများက ဒုက္ခပင်လယ်ပြင်အတွင်းသို့ ထိုးဖောက်ဝင်ရောက်မှုကို ပိုမို ပြင်းထန်စေနေခြင်းပင်။

ဤလျှို့ဝှက်နယ်မြေနှင့် ဒုက္ခပင်လယ်ပြင်ကြားရှိ အကွာအဝေးမှာလည်း တစ်စတစ်စ ပိုမိုကျဉ်းမြောင်းလာနေတော့သည်။

All Chapters