← Chapters

အခန်း (၁၉၂-၁၉၄)

Vol. 14 Ch. 192-194

အခန်း (၁၉၂-၁၉၄)

Vol. 14 Ch. 192-194

အပိုင်း(၁၉၂) မိစ္ဆာလား၊ ဗုဒ္ဓလား။ လျန်ယွဲ့အတွက် အန္တရာယ်

"ဧကရာဇ် ထွက်သွားပြီ။" ချင်းဖုန်းဟော်က ပြောလိုက်သည်။

အနက်ရောင်ဝတ်ရုံနှင့် လူငယ်တစ်ဦးက မိန်းကလေးနှစ်ဦးကို ဦးဆောင်ကာ မြို့တော်မှ ထွက်ခွာသွားပြီး မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်သွားသည်ကို ပစ္စုပ္ပန်ရွာမှ ရွာသားတစ်စုက ကြည့်နေကြ၏။

နန်းတွင်းဝန်ကြီးများက ဤအရာကို ကြိုတင်သိရှိထားပြီးဖြစ်ရာ ဧကရာဇ် အချိန်မြစ်ထဲ ဝင်ရောက်သွားသည်ကို ကြည့်ရန် မြို့တံခါးဝတွင် စောင့်ဆိုင်းနေခဲ့ကြသည်။

"ဧကရာဇ်က အသက်ကို စတေးပြီး ဗုဒ္ဓတိုင်းပြည်ကို တစ်ယောက်တည်း သွားပြီ။ ငါတို့တွေ ဒီထက်ပိုပြီး ကြိုးစားသင့်တယ်။"

"ပြန်သွားကြစို့... "

"မဟာကျင်းရဲ့ လက်ရှိကံကြမ္မာနဲ့ ကုန်ခမ်းသွားမှာမဟုတ်တဲ့ အရင်းအမြစ်တွေ ပေါင်းစပ်လိုက်ရင် ဧကရာဇ်က နန်းရင်းဝန်ကို အောင်မြင်စွာ ကယ်တင်နိုင်တဲ့အချိန်ကျရင် နံနက်ခင်းအလင်းနယ်ပယ် အဖွဲ့ဝင် ဆယ်ယောက် ထပ်တိုးလာအောင် ငါတို့ ကြိုးစားကြမယ်... "

ထိုသို့ပြောရင်း ချင်းဖုန်းဟော်က နောက်လှည့်ကာ နံနက်ခင်းအလင်းနယ်ပယ်သို့ ရောက်ရန် တစ်လှမ်းသာ လိုတော့သည့် လရောင်ထွန်းလင်းနယ်ပယ် အထွတ်အထိပ်အဆင့်ရှိ ကျင့်ကြံသူများကို ကြည့်ပြီး ပြောလိုက်သည်။

"တိုင်းပြည် ရတနာတိုက်က အရင်းအမြစ်တွ မင်းတို့ ကြိုက်သလိုသုံး။ မင်းတို့က နံနက်ခင်းအလင်းနယ်ပယ်ကို ဖောက်ထွက်နိုင်သရွေ့ အရင်းအမြစ် အဆတစ်ရာ ဒါမှမဟုတ် တစ်ထောင်လောက် ဖြုန်းတီးပစ်ရင်တောင်မှ မများဘူး... "

ဤလူများသည် မဟာကျင်း၏ နောက်ဆုံးကျန်ရှိနေသော အင်အားစုများပင်။ ဂိုဏ်းပေါင်းစုံ မဟာမိတ်အဖွဲ့နှင့် တိုက်ပွဲတွင် ပြင်းထန်သော သေဆုံးဒဏ်ရာရမှုများ ရှိခဲ့သော်လည်း ကံကောင်းထောက်မစွာဖြင့် တိုင်းပြည် အစောင့်အရှောက် နတ်သားရဲနှင့် ဧကရီတို့က ဖိအားအများစုကို ခံနိုင်ရည်ရှိခဲ့သဖြင့် လရောင်ထွန်းလင်းနယ်ပယ် အစွမ်းထက်ပုဂ္ဂိုလ် (၂၀)ကို ကယ်တင်နိုင်ခဲ့သည်။

ဧကရာဇ် မြို့တော်မှ ထွက်ခွာသွားသောနေ့၌။

မဟာကျင်းရှိ လရောင်ထွန်းလင်းနယ်ပယ် နောက်ဆုံးအဆင့်နှင့် အထွတ်အထိပ်အဆင့်ရှိ ကျင့်ကြံသူ (၂၀)တို့သည် တံခါးပိတ် ကျင့်ကြံတော့မည်ဖြစ်ကြောင်းနှင့် ဧည့်သည်များကို လက်ခံတွေ့ဆုံတော့မည်မ ဟုတ်ကြောင်း တစ်ပြိုင်နက် ကြေညာခဲ့ကြသည်။

တိုင်းပြည် ရတနာတိုက်ကို ဖွင့်လှစ်ခဲ့ပြီး ၎င်း၏ စည်းစိမ်ဥစ္စာအားလုံးကို ဤလူများထံ ပုံအောပေးခဲ့သည်။

တိုင်းပြည်တစ်ခုလုံး၏ အမြင့်ဆုံးသော အရင်းအမြစ်များဖြင့် နံနက်ခင်းအလင်းနယ်ပယ်သို့ ဖောက်ထွက်မည့် လရောင်ထွန်းလင်းနယ်ပယ် အစွမ်းထက်ပုဂ္ဂိုလ် (၁၀၀)ကို ပံ့ပိုးပေးမည် ဖြစ်သည်။

…

...

လန်ယတိုင်းပြည်။

အနောက်ဘက် နယ်စပ်နှင့် ကပ်လျက် နယ်နိမိတ်မှတ်တိုင်ကို ကျော်လွန်သွားသောအခါ အရှေ့ဘက်တွင် ကျယ်ပြောလှသော ကန္တာရနီကြီး ရှိနေပြီး အနောက်ဘက်တွင် မြေဩဇာကောင်းသော မြေမည်းများရှိကာ၊ စိမ်းလန်းစိုပြည်သော တောင်တန်းများနှင့် ကြည်လင်သော ရေပြင်များက အသက်ရှူမှားလောက်အောင် လှပသော ရှုခင်းတစ်ခုကို ဖန်တီးထား၏။

လန်ယတိုင်းပြည်က နယ်စပ်တိုင်းပြည်ငယ်လေးတစ်ခု ဖြစ်သည်။ အစွမ်းထက်ဆုံး စစ်သည်တော်မှာ လရောင်ထွန်းလင်းနယ်ပယ် အထွတ်အထိပ်သို့ ရောက်ရှိနေသော လန်ယတိုင်းပြည်၏ အုပ်ချုပ်သူဖြစ်သည်။

ထိုအချိန်။

လန်ယမြို့တော်။

လူသုံးယောက်ပါဝင်သော အုပ်စုတစ်စုက မြို့တော်အတွင်း လှည့်လည်ကြည့်ရှုနေကြပြီး သူတို့ထဲမှ တစ်ဦးမှာ အနက်ရောင်ဓားတစ်လက်ကို လွယ်ထားသည့် ရိုးရိုးရှင်းရှင်း ရုပ်ရည်ရှိသော အမျိုးသားတစ်ဦးပင်။

"သခင်လေး။ လန်ယမှာရှိတဲ့ အိမ်တိုင်းက ဗုဒ္ဓကို ကိုးကွယ်ကြတယ်။ ပြီးတော့ လမ်းပေါ်မှာ ကတုံးဘုန်းကြီး တချို့တောင် ရှိသေးတယ်။ မဟာကျင်းမှာဆိုရင် ဒီလိုမျိုးတွေကို မတွေ့ရဘူး။" စုချင်ချိုး၏ လှပသော မျက်လုံးများတွင် စပ်စုလိုစိတ်များ ပြည့်နှက်နေ၏။

"ဘာကတုံးဘုန်းကြီးတွေလဲ။ သူတို့က ဇန်ကျင့်ကြံသူတွေလေ... " ဝူတျဲက ပြင်ပေးလိုက်သည်။

အနက်ရောင်ဓားကို လွယ်ထားသည့် အမျိုးသားမှာ အခြားသူ မဟုတ်ဘဲ ရုပ်ပြောင်းလဲထားသော မုန့်ချင်ကျိုးပင် ဖြစ်သည်။

တခြားရွေးချယ်စရာ မရှိပေ။ ဂိုဏ်းပေါင်းစုံ မဟာမိတ်အဖွဲ့နှင့် တိုက်ပွဲ ပြီးဆုံးကတည်းက ဓားသူတော်စင် မုန့်ချင်း၏ ရုပ်သွင်က တောရိုင်းမြေ တစ်ခုလုံးကို ပျံ့နှံ့သွားခဲ့ပြီး လူတိုင်းက သူ့ကို သိကြသည်ဟုပင် ဆိုနိုင်၏။

သူသာ မျက်နှာကို မပြောင်းလဲလျှင် ဓားသူတော်စင် အနောက်ဘက်ကို သွားလည်ပတ်မည်ဆိုသော သတင်းက သူ မဟာကျင်း နယ်မြေထဲမှ မထွက်ခင်မှာပင် တောရိုင်းမြေ တစ်ခုလုံးကို ပျံ့နှံ့သွားလောက်ပြီ ဖြစ်သည်။

အနောက်ဘက် ဗုဒ္ဓတိုင်းပြည်က အချဉ်ရိုက်ပြီး ကြံရာမရနည်းလမ်းများ သုံးလာမည်ကို မုန့်ချင်ကျိုးက စိုးရိမ်သည့်အတွက် သရုပ်မှန်ကို ဖုံးကွယ်ထားခဲ့၏။

စုချင်ချိုးနှင့် ဝူတျဲတို့တွင် ပထမတစ်ယောက်က မဟာကျင်း မြို့တော်မှာ နာမည်နည်းနည်း ရထားသူ ဖြစ်ပြီး ဒုတိယတစ်ယောက်မှာ ပြောစရာပင် မလိုပေ။ ကျောက်မိသားစု ပျက်စီးသွားပြီးနောက်ပိုင်း မုန့်ချင်ကျိုးနှင့် တုန်းဖန်လျူလီတို့ နှစ်ယောက်တည်းကသာ သူ၏နာမည်ရင်းကို သိကြပြီး လူရှေ့ တစ်ခါမှ ထွက်မပြဖူးပေ။

"ဗုဒ္ဓကျင့်ကြံသူတွေက နံ့သာပေါင်း ပူဇော်တာတွေကို အားထားပြီး သတ္တဝါတွေရဲ့ စိတ်စွမ်းအားကို စုပ်ယူပြီး ကျင့်ကြံကြတာ။ ဗုဒ္ဓတိုင်းပြည်က အနောက်ဘက်အစွန်ဆုံးကို လုံးဝ ထိန်းချုပ်ထားပြီးပြီဆိုတော့ ပြင်ပကမ္ဘာကို စိမ့်ဝင်ချင်တာ သဘာဝပါပဲ။ အံ့ဩစရာ မရှိပါဘူး။" မုန့်ချင်ကျိုးက အေးဆေးစွာ ပြောလိုက်သည်။

လမ်း၏ တစ်ဖက်တစ်ချက်စီတွင်။

တစ်ခါတစ်ရံ သင်္ကန်းဝတ်ဆင်ထားပြီး ပုတီးစိပ်နေသော ဘုန်းကြီးတစ်ပါး သို့မဟုတ် နှစ်ပါးခန့် ဖြတ်သွားလေ့ ရှိသည်။ ထိုသို့ ဖြတ်သွားတိုင်း လူအုပ်ကြီးက သူတို့ကို လမ်းဖယ်ပေးရန် ဖယ်ရှားပေးကြပြီး လူများက သူတို့ကို "ဆရာတော်"ဟု ရိုသေစွာ ခေါ်ဆိုကြသည်။

ပင်လယ်လွှမ်းနယ်ပယ် အဆင့်ရှိ အစွမ်းထက် မိစ္ဆာတစ်ကောင်ကို တိမ်တက်နယ်ပယ် အဆင့်ရှိ ကိုရင်လေး တစ်ပါးက ဆွဲခေါ်သွားသည်ကိုပင် မုန့်ချင်ကျိုး ကြားလိုက်ရပြီး ဝူတျဲက ၎င်းကို "မိစ္ဆာစွမ်းအားကို ယဉ်ပါးအောင် လုပ်ခြင်း"ဟု သွယ်ဝိုက်၍ ပြောဆိုခဲ့သည်။

ယခုအခါ အသိဉာဏ်ရှိနေပြီ ဖြစ်သော ပင်လယ်လွှမ်းနယ်ပယ်မှ အစွမ်းထက် မိစ္ဆာသည် ခေါင်းငုံ့ကာ ရိုသေစွာ နေပြီး အနည်းငယ်မျှပင် သွားမဖြဲရဲပေ။ ၎င်း၏ သားရဲမျက်လုံးများတွင် ကြောက်ရွံ့မှုများ ပြည့်နှက်နေ၏။

"ဘုန်းကြီးတွေရဲ့ အဆင့်အတန်းက အရမ်းကို မြင့်မြတ်တာပဲ။" ဝူတျဲက အံ့ဩတကြီး ရေရွတ်လိုက်သည်။

၎င်းတင် မကသေးပေ။

လန်ယတိုင်းပြည်၏ အလံတွင်ပင် ဇန်ဗုဒ္ဓဘာသာ၏ စကြာသင်္ကေတကို တိုင်းပြည်အလံအဖြစ် အသုံးပြုထား၏။

ဒဏ္ဍာရီများအရ လန်ယတိုင်းပြည်၏ အုပ်ချုပ်သူသည် သက်သတ်လွတ်စားပြီး နေ့စဉ် ဗုဒ္ဓဘာသာ ကျမ်းစာများကို ရွတ်ဖတ်ကြောင်း၊ ဗုဒ္ဓဘာသာ ဘုန်းကြီးများကို လန်ယတိုင်းပြည်၏ အမြင့်မြတ်ဆုံး ဧည့်သည်တော်များအဖြစ် ကြေညာသည့် ဥပဒေများကို ထုတ်ပြန်ကြောင်းနှင့် အတ္တကင်းမဲ့ဗုဒ္ဓသည် လန်ယတိုင်းပြည်၏ နတ်ဘုရား ဖြစ်ကြောင်း ဆိုကြသည်။ ဇန်ဗုဒ္ဓဘာသာ ကျင့်ကြံသူတစ်ဦးကို စော်ကားသူ မည်သူ့ကိုမဆို သေဒဏ်ပေးလေ့ ရှိသည်။

မုန့်ချင်ကျိုး ရောက်ရှိလာချိန်တွင် မျက်နှာအမူအရာမှာ ပို၍ အေးစက်ပြီး တင်းမာလာ၏။

ဗုဒ္ဓတိုင်းပြည်ဆိုတာ တကယ့်ကို ကင်ဆာအကျိတ်ဆိုးကြီးပဲ။ အပေါ်ယံတော့ လောကကြီးကနေ လွတ်မြောက်ပြီး လောကီရေးရာတွေကို ကျော်လွန်ဖို့ဆိုတဲ့ အယူအဆကို မြှင့်တင်နေပေမဲ့ တကယ်တမ်းကျ သတ္တဝါအားလုံးကို စည်းမျဉ်းစည်းကမ်းတွေနဲ့ ချည်နှောင်ထားပြီး သူတို့တွေ ပူပင်သောကကင်းကင်းနဲ့ ကျင့်ကြံနိုင်ဖို့ ပိုမြင့်မားတဲ့ နယ်ပယ်တွေကို ရှာဖွေနိုင်ဖို့အတွက် သတ္တဝါတွေကို ကိရိယာတွေအဖြစ် ကျွန်ပြုထားတာပဲ။

မုန့်ချင်ကျိုးက တည်းခိုခန်းတစ်ခုကို ပေါ့ပေါ့ပါးပါး ရှာဖွေကာ အခန်း(၃)ခန်း ငှားလိုက်ပြီး ခေတ္တအနားယူရန် နေရာချလိုက်သည်။

နေ့လယ်စာစားချိန်။

သူတို့သုံးယောက်က တည်းခိုခန်းရှိ စားပွဲတစ်လုံးပတ်လည်တွင် ထိုင်ကာ အစာစားနေကြ၏။

တစ်ချိန်တည်းပင် အရက်သောက်နေသူများ၏ စကားပြောဆိုမှုများကိုလည်း အာရုံစိုက် နားထောင်နေကြသည်။

မုတ်ဆိတ်မွေးထူထူနှင့် ဗလကောင်းသော အမျိုးသားတစ်ဦးက အရက်သောက်ထားသဖြင့် မျက်နှာနီရဲနေကာ ဗလုံးဗထွေးဖြင့် ပြောလိုက်သည်။ "ဟီးဟီး။ ငါပြောပြမယ်။ ငါ့ရဲ့ ဒုတိယသမီးလေးကို ပြီးခဲ့တဲ့လက ဆရာတော် တစ်ပါးက ရွေးချယ်သွားတယ်။ သူမမ့ာ ကြီးမားတဲ့ အလားအလာရှိပြီး မဟာယာန ဗုဒ္ဓဘာသာကို လေ့လာဖို့ ဗုဒ္ဓတိုင်းပြည်ဆီ ခေါ်သွားမယ်လို့ ပြောတယ်။ နောင်တစ်ချိန်ကျရင် သူက ကြီးမြတ်တဲ့ ဇန်ကျင့်ကြံသူတစ်ယောက် ဖြစ်လာနိုင်တယ်။"

ထိုသို့ပြောနေစဉ် မုတ်ဆိတ်မွေးထူထူနှင့် အမျိုးသားက ဂုဏ်ယူဝင့်ကြွားစွာ ပြောဆိုနေပြီး သူ၏အသံတွင် တောင့်တမှုနှင့် မျှော်လင့်ချက် အရိပ်အယောင်များ ပါဝင်နေ၏။

စားပွဲရှိ အခြားသူများမှာ ထိုစကားကို ကြားသောအခါ အလွန် မနာလိုဖြစ်သွားကြသည်။

သူတို့ထဲမှ တစ်ဦးက သက်ပြင်းမချဘဲ မနေနိုင်တော့ပေ။

"ဟွမ်ကြီး။ မင်းက တကယ် ကံကောင်းတာပဲ။ မင်းရဲ့မိန်းမနဲ့ သမီးအကြီးမက ဗုဒ္ဓဘာသာကို လေ့လာဖို့ ဗုဒ္ဓတိုင်းပြည်ကို ခေါ်သွားခံရတာတင် မကသေးဘူး။ အခုဆိုရင် မင်းရဲ့ ဒုတိယသမီးလေးပါ အထူးအခွင့်အရေး ရသွားပြီ။ အနာဂတ်မှာ မင်းက ကြီးမြတ်တဲ့ ဗုဒ္ဓဘာသာ ဆရာတော် (၃)ပါးပါဝင်တဲ့ မိသားစုဝင်တစ်ယောက် ဖြစ်လာတော့မှာပဲ။ မင်းက တကယ်ကို ဂုဏ်ယူစရာပဲ... "

မုတ်ဆိတ်မွေးထူထူနှင့် အမျိုးသားက ပြုံးကာ လက်ဝှေ့ယမ်းပြီး နှိမ့်ချဟန်ဆောင်ကာ ပြောလိုက်သည်။ "ပြောရခက်ပါတယ်။ ဘယ်သူသိမလဲ။ တစ်နေ့နေ့ ဆရာတော်က ငါ့ကို မနှစ်မြို့တော့ဘဲ ဉာဏ်ထိုင်းတယ်လို့ ထင်ပြီး အိမ်ပြန်လွှတ်လိုက်ရင်လည်း လွှတ်လိုက်မှာပေါ့။"

လူအုပ်ကြီးက စကားပြောကာ ရယ်မောနေကြသည်။

ရုတ်တရက် လူတစ်ယောက် တုန်တုန်ယင်ယင်ဖြင့် ဝင်လာပြီး အော်ပြောလိုက်၏။

"ဟွမ်ကြီး... ဟွမ်ကြီး... ကြောက်စရာကောင်းတဲ့ ကိစ္စတစ်ခု ဖြစ်သွားပြီ။"

"မင်းရဲ့ ဒုတိယသမီး ဒုက္ခရောက်နေပြီ... "

ထိုစကားကို ကြားသောအခါ မုတ်ဆိတ်မွေးထူထူနှင့် အမျိုးသားက အမူးပြေသွားပြီး ရုတ်တရက် အိပ်မက်မှ နိုးလာသကဲ့သို့ ဖြစ်သွားသည်။

တဖြည်းဖြည်းနှင့် သတင်းများ ပျံ့နှံ့သွား၏။

ဤမုတ်ဆိတ်မွေးထူထူနှင့် အမျိုးသား၏ ဒုတိယသမီးမှာ သေဆုံးသွားပြီး တောင်ပေါ်တွင် လမ်းသွားလမ်းလာ တစ်ဦးက တွေ့ရှိခဲ့သည်ဟု ဆိုကြသည်။

အလောင်းမှာ လုံးဝ ကိုယ်တီးလုံးဖြစ်နေပြီး သေဆုံးမှုမှာ အလွန် ရက်စက်ကြမ်းကြုတ်ကာ အရေခွံနှင့် အရိုးသာ ကျန်ရှိတော့ပြီး မကောင်းဆိုးဝါး မှော်ပညာတစ်မျိုးမျိုးဖြင့် စုပ်ယူခံလိုက်ရသကဲ့သို့ ဖြစ်နေ၏။

…

...

မုန့်ချင်ကျိုးက စားပွဲကို လက်ညှိုးဖြင့် ခေါက်ကာ တိုးတိုးလေး ပြောလိုက်သည်။ "ဝူတျဲ၊ ဒီကိစ္စကို သွားစုံစမ်း။"

"ဟုတ်ကဲ့ပါ သခင်လေး။"

ဝူတျဲ မတ်တပ်ရပ်ကာ နောက်လှည့်ပြီး ထွက်သွား၏။

အမွှေးတိုင်တစ်တိုင် မကုန်မီမှာပင် ဝူတျဲ ပြန်ရောက်လာပြီး သူ၏ လှပသောမျက်နှာလေးမှာ တင်းမာနေကာ အေးစက်သော လေသံဖြင့် တိုးတိုးလေး ပြောလိုက်သည်။

"တစ်ခုခုတော့ သေချာပေါက် မှားနေပြီ... "

"အဲဒီကောင်မလေးက အသက်အနှစ်သာရတွေကို စုပ်ယူခံရလို့ သေဆုံးသွားတာ။ ပြီးတော့ ခန္ဓာကိုယ်တစ်ခုလုံး ဒဏ်ရာတွေ ပြည့်နေတယ်။ သူ့ရဲ့ အသိစိတ်က လုံးဝ ပြိုကွဲနေပြီ။ အဲဒါက သူ ဝါးမျိုမခံရခင် ရက်ပေါင်းများစွာ လူမဆန်တဲ့ ညှဉ်းပန်းနှိပ်စက်မှုတွေကို ခံစားခဲ့ရတယ်ဆိုတာကို ပြသနေတယ်... "

"ကောင်မလေးရဲ့ ခန္ဓာကိုယ်ပေါ်က အမာရွတ်တွေအရ ဗုဒ္ဓဘာသာရဲ့ အရိပ်အယောင်ကို တွေ့ခဲ့တယ်... "

မုန့်ချင်ကျိုးက သက်ပြင်းချကာ ပြောလိုက်သည်။ "ငါ ထင်ထားတဲ့အတိုင်းပဲ။"

ဒီနေရာရောက်မှ အနောက်ဘက် ဗုဒ္ဓတိုင်းပြည်နဲ့ပတ်သက်တဲ့ မှုန်ဝါးဝါးအမြင်တစ်ခု နောက်ဆုံးတော့ ရသွားပြီ။

မိစ္ဆာဗုဒ္ဓတွေနဲ့ ယုတ်မာတဲ့ ဘုန်းကြီးတွေပဲ...

ဇန်နဲ့ တာအိုကို တကယ်ကျင့်ကြံတဲ့သူတွေက ဘယ်တော့မှ နယ်မြေတစ်ခုကို သိမ်းပိုက်ပြီး အာဏာလုဖို့ မကြိုးစားဘူး...

သူတို့က ဗုဒ္ဓတွေ မဟုတ်ဘူး၊ မိစ္ဆာတွေပဲ...

အကယ်၍ သူက တကယ့် မဟာယာန ဗုဒ္ဓဘာသာကို ကျင့်ကြံသည့် စစ်မှန်သော ဗုဒ္ဓတစ်ပါးဆိုလျှင် မုန့်ချင်ကျိုး၏ လေးစားမှုကို ရနိုင်သော်လည်း အခုအချိန်တွင်တော့...

သူ့နှလုံးသားထဲတွင် အဆုံးအစမဲ့ သတ်ဖြတ်ချင်စိတ်မှလွဲ၍ ဘာမှ မရှိတော့ပေ။

ဝူတျဲက ဆက်ပြောသည်။

"ပြီးတော့၊ အပြန်လမ်းမှာ လန်ယဘုရင်က တမန်တော်မလေး တစ်ယောက်ကို ဖမ်းဆီးထားပြီး ဗုဒ္ဓတိုင်းပြည်ကို ပူဇော်ဖို့ ပြင်ဆင်နေတယ်လို့ ကြားခဲ့တယ်။"

ထိုစကားကို ကြားသောအခါ မုန့်ချင်ကျိုး လက်သီးဆုပ်လိုက်ပြီး မေးလိုက်သည်။ "အဲဒီတမန်တော်မလေးရဲ့ နာမည်ကို စုံစမ်းလို့ရခဲ့လား။"

"ရခဲ့ပါတယ်။"

"ပြော... "

"လျန်ယွဲ့တဲ့... "

ဘုန်း...

မုန့်ချင်ကျိုး၏ ချီစွမ်းအင် အနည်းငယ် ပေါက်ကြားသွားရာ မျက်စိတစ်မှိတ်အတွင်း စားသောက်ဆိုင်တစ်ခုလုံး အပိုင်းပိုင်း ကွဲကြေသွားပြီး မြေပြင်အနှံ့ အက်ကွဲကြောင်းများ ပျံ့နှံ့သွားတော့သည်။

…

အပိုင်း(၁၉၃) လန်ယတိုင်းပြည်ကို သေချာစုံစမ်းခြင်း၊ ဘုရင်၏ လျှို့ဝှက်ချက်

"ဝူတျဲ၊ ချင်ချိုး... မင်းတို့ အတွေ့အကြုံယူရမယ့် ပထမဆုံး အခွင့်အရေး ရောက်လာပြီ။"

"လန်ယတိုင်းပြည်ကို သေချာ စုံစမ်းစစ်ဆေးပြီးတော့ သူတို့ရဲ့ ရာဇဝတ်မှု အားလုံးကို ဖော်ထုတ်။ တကယ်လို့ သူတို့ရဲ့ ရာဇဝတ်မှုတွေက ခွင့်လွှတ်လို့ မရနိုင်ဘူးဆိုရင် မင်းတို့နှစ်ယောက် လန်ယမြို့တော်ကို ဖျက်ဆီးပြီး လျန်ယွဲ့ကို ကယ်တင်နိုင်မလား။"

လက်ဖက်ရည်ဆိုင်တစ်ဆိုင်၏ သီးသန့်အခန်း တစ်ခုထဲ၌ မုန့်ချင်ကျိုးက လက်ရန်းကိုမှီကာ လန်ယနန်းတော်ကို နက်ရှိုင်းပြီး အေးစက်သော အကြည့်များဖြင့် ကြည့်ရင်း အေးစက်သော လေသံဖြင့် ပြောလိုက်သည်။

စားသောက်ဆိုင်များနှင့် တည်းခိုခန်းများအတွက် ကျသင့်ငွေများကို ရှင်းလင်းရန် ပိုက်ဆံထုတ်ပေးနေသော စုချင်ချိုးက ဗလာကျင်းနေသော ပိုက်ဆံအိတ်ကို ကြည့်ကာ ပြိုလဲကျချင်စိတ် ပေါက်သွားသည်။ သူက ကမ္ဘာကြီးကိုပင် မမြင်ဖူးသေးဘဲ အိတ်ကပ်များမှာ မျက်နှာထက်ပင် ပိုမို ရှင်းလင်းဗလာကျင်းနေပြီ ဖြစ်သည်။ ကမ္ဘာအနှံ့ ခရီးသွားရသည်မှာ တကယ်ကို မလွယ်ကူလှပေ။

စုချင်ချိုးက အနာဂတ်တွင် ကျေးဇူးတင်မခံရဘဲ ငွေကုန်ကြေးကျများသော ကိစ္စများကို လျှော့လုပ်ရန် မုန့်ချင်ကျိုးအား အနည်းငယ် ညည်းတွားပြောဆိုတော့မည့်ဆဲဆဲ လန်ယကိုချေမှုန်းရန် စစ်ဆင်ရေးအကြောင်း ကြားလိုက်ရသည်။ သူ၏ မျက်နှာအမူအရာကို ချက်ချင်း ထိန်းချုပ်မရတော့ဘဲ ပါးစပ်ကို အုပ်ကာ အံ့ဩတကြီး ရေရွတ်လိုက်၏။

"သခင်လေး... ကျွန်မတို့ ဒီကိုလာတာ နန်းရင်းဝန်ကို ကယ်ဖို့ မဟုတ်ဘူးလား။"

"အခု လန်ယတိုင်းပြည်ကို ဖျက်ဆီးပစ်လိုက်ရင် အနောက်ဘက် ဗုဒ္ဓတိုင်းပြည်က သိသွားမှာကို မစိုးရိမ်ဘူးလား။"

ဝူတျဲ၏ အကြည့်များမှာ တည်ငြိမ်နေပြီး အေးဆေးစွာ ပြောလိုက်သည်။

"ဒီအစေခံက အစွမ်းကုန် ကြိုးစားပါ့မယ်။"

စုချင်ချိုးနှင့် မတူဘဲ ဝူတျဲက ရှုဘုရင်၏ လေ့ကျင့်ပေးမှုကြောင့် ငယ်စဉ်ကတည်းက သတ်ဖြတ်ရေးစက်ရုပ် တစ်ရုပ် ဖြစ်လာခဲ့သည်။ မုန့်ချင်ကျိုးနှင့် မတွေ့မီက သူ၏ လက်များမှာ လူထောင်ပေါင်းများစွာ၏ သွေးများဖြင့် စွန်းထင်းနေခဲ့သည်။

"ဟေး... " စုချင်ချိုး လန့်သွားပြီး အပြစ်ကင်းစင်သော မျက်လုံးဝိုင်းဝိုင်းလေးထဲ တွေဝေမှုများ ပြည့်နှက်နေ၏။

"လျန်ယွဲ့က သခင်လေးရဲ့ မိတ်ဆွေဟောင်းပါ။ ရှေးဟောင်း နတ်ဘုရားမြို့တော်မှာ သူတို့ ဆုံဖူးတယ်။ လန်ယ အုပ်ချုပ်သူက လျန်ယွဲ့ကို ဖမ်းဆီးရဲတဲ့အပြင် ဗုဒ္ဓတိုင်းပြည်ကိုတောင် ပူဇော်ချင်နေသေးတယ်။ ဒါကတော့ သေဒဏ်ထိုက်တဲ့ ပြစ်မှုပဲ။" ဝူတျဲက ပြောလိုက်သည်။

ထိုစကားကို ကြားရာ စုချင်ချိုး နောက်ဆုံးတွင် မှတ်မိသွား၏။

လျန်ယွဲ့ ဆိုသည်မှာ ရှေးဟောင်း နတ်ဘုရားမြို့တော်က တောင်ပံ(၆)ဖက်ပါသော တမန်တော်မလေးပင်…

ဧကရီ တုန်းဖန်လျူလီ ပြောဖူးသည်ကို သူ ကြားဖူးသည်။ အရှင်မနှင့် ဧကရာဇ်တို့ နတ်ဘုရားမြို့တော်တွင် တိတ်တဆိတ် နေထိုင်ခဲ့စဉ်က သူတို့သည် လျန်ယွဲ့နှင့် အရင်းနှီးဆုံး ဖြစ်ခဲ့သည်။

သူတို့ ခွဲခွာချိန်မှာပင် ဧကရာဇ်က လျန်ယွဲ့အား ရှေးဟောင်း နတ်ဘုရားမြို့တော်မှ ထွက်ခွာပြီး လောကကြီးထဲတွင် လှည့်လည်သွားလာနိုင်ရန် မျှော်လင့်ကြောင်း အားပေးစကား ပြောကြားခဲ့သည်။

ကြည့်ရသည်မှာ လျန်ယွဲ့က ဧကရာဇ်၏ ဆုံးမစကားများကို လိုက်နာကာ လူ့လောကတွင် လှည့်လည်သွားလာရင်း ကိုယ်ပိုင်လမ်းကြောင်းကို ဖောက်လုပ်ရန် ပြင်ဆင်နေပုံရသည်။

မမျှော်လင့်ဘဲ လန်ယတိုင်းပြည်တွင် ဘေးဒုက္ခနှင့် ကြုံတွေ့ခဲ့ရ၏။

"အိုး။ ဒါဆိုရင်တော့ ပြဿနာမရှိပါဘူး။" စုချင်ချိုးက ခေါင်းညိတ်လိုက်သည်။

ဧကရာဇ်က သူ၏လူများကို မည်မျှ ကာကွယ်တတ်ကြောင်း စုချင်ချိုး ကောင်းကောင်း သိထားပြီ းဖြစ်သည်။

ဧကရာဇ်၏ ရင်းနှီးသူများကို ထိပါးရဲသူ မည်သူမဆိုသည် နဂါး၏ ပြောင်းပြန်အကြေးခွံကို ထိပါးခြင်းနှင့် အတူတူပင်ဖြစ်သည်။ ထိုသို့ဆိုလျှင် လန်ယတိုင်းပြည်က သေမင်းတံခါးဝသို့ ရောက်နေလေပြီ။

မုန့်ချင်ကျိုးက အေးဆေးစွာ ပြောလိုက်သည်။

"သွားကြ... "

"မင်းတို့နှစ်ယောက် စစ်ဆင်ရေးကို ကိုယ်တိုင် ဆုံးဖြတ်နိုင်တယ်။ လျန်ယွဲ့ကို ကယ်တင်နိုင်သရွေ့ ကိစ္စတွေက မင်းတို့အပေါ်မှာပဲ မူတည်တယ်။"

"ဒါပေါ့။ ဒါက မင်းတို့အတွက် စမ်းသပ်မှုတစ်ခုလည်း ဟုတ်တယ်။"

"မင်းတို့ အရည်အချင်းမမီဘူးလို့ ထင်ရင်တော့ မင်းတို့နှစ်ယောက် မြို့တော်ကို ပြန်သွားကြ။"

…

...

နှစ်ရက်အကြာ။

လန်ယ နန်းတော်။

ချောမောလှပသော နန်းတွင်းအစေခံလေးတစ်ဦးက လှုပ်ရှားနေပြီး မသိမသာ ဆော့ကစားချင်သော မျက်လုံးများဖြင့် မီးဖိုချောင်ထဲသို့ ခိုးဝင်ပြီး ရင်ဘတ်ထဲမှ စာရင်းစာအုပ်တစ်အုပ်ကို ဆွဲထုတ်ကာ တိတ်တဆိတ် လှန်လှောကြည့်ရှုနေသည်။

"ဝါး... "

"ဒီလန်ယအုပ်ချုပ်သူက တကယ့်ကို ဖော်လံဖား ကပ်ဖားကောင်ပဲ။ တိုင်းပြည်ရဲ့ ဘဏ္ဍာငွေ တစ်ဝက်နီးပါးကို ဗုဒ္ဓတိုင်းပြည်ရဲ့ မျက်နှာသာရဖို့ အသုံးပြုထားတယ်။"

"ဟင်... "

"ဒီစာရင်းစာအုပ်မှာ ဘာလို့ လူကုန်ကူးတဲ့ အချက်အလက်တွေ ပါနေရတာလဲ... "

"လန်ယဧကရီ၊ လန်ယမင်းသမီးနဲ့ တခြား အမျိုးသမီး ဆွေမျိုးတွေက ပျော်ရွှင်ခြင်း အရဟတ္တဆီကို ပူဇော်ပသမှုတွေ လုပ်ခဲ့တယ်။ အဲဒီနောက်မှာတော့ မင်းသမီး (၃)ပါး သေဆုံးသွားပြီး ဧကရီကတော့ ဒုက္ခိတ ဖြစ်သွားတယ်... "

နန်းတွင်းအစေခံလေး၏ မျက်လုံးများ ရုတ်တရက် ပြူးကျယ်သွားပြီး သူ၏ အသက်ရှူသံများ မြန်ဆန်လာကာ မျက်လုံးများထဲတွင် ဒေါသများ တောက်လောင်လာသည်။

ဘယ်လောက်တောင် ကောက်ကျစ်ယုတ်မာတဲ့ လန်ယအုပ်ချုပ်သူလဲ...

လန်ယတိုင်းပြည် အုပ်ချုပ်သူ၏ မိခင်အရင်းပင်လျှင် တစ်ချိန်က ဗုဒ္ဓတိုင်းပြည်သို့ ပူဇော်ခံခဲ့ရသည်။

ဘုရင်ကိုယ်တိုင် ထိုကဲ့သို့ ဖြစ်နေလျှင် လန်ယတိုင်းပြည်၏ အောက်ခြေတွင် ညစ်ညမ်းမှုနှင့် အကျင့်ပျက် ခြစားမှုများ မည်မျှ ပုန်းကွယ်နေကြောင်း စိတ်ကူးကြည့်နိုင်ပေသည်။

"အရမ်းကြီး လန့်မနေပါနဲ့။ နင် ခုနက လုပ်လိုက်တဲ့ အသံကြောင့် အစောင့်တွေ သတိထားမိသွားတယ်။ ဒါပေမဲ့ ငါ သူတို့ကို ရှင်းပစ်လိုက်ပါပြီ။"

အနက်ရောင်အရိပ်တစ်ခုက လိမ်ကောက်လှု ပ်ရှားသွားပြီး နန်းတွင်းဝတ်စုံကို ဝတ်ဆင်ထားသော ဝူတျဲ ထွက်ပေါ်လာသည်။ သူက စုချင်ချိုး၏ လက်ထဲရှိ စာရင်းစာအုပ်ကို အေးတိအေးစက် တစ်ချက်ကြည့်လိုက်ပြီး ပြောလိုက်သည်-

"ဆက်မကြည့်နဲ့တော့။"

"ငါ စုံစမ်းပြီးသွားပြီ။ လန်ယတိုင်းပြည်က အပေါ်ယံကြည့်ရင်တော့ ကောင်းကောင်း ဖွဲ့စည်းတည်ထောင်ထားတဲ့ တိုင်းပြည်တစ်ခုလို ထင်ရပေမဲ့ တကယ်တမ်းကျတော့ ဗုဒ္ဓတိုင်းပြည်က မွေးထားတဲ့ ခွေးတစ်ကောင်ပဲ။ ဘုန်းကြီးတွေ သူတို့ရဲ့ မူလယင်စွမ်းအင်ကို ပြုစုပျိုးထောင်ဖို့ အမျိုးသမီး ကျင့်ကြံသူတွေကို အဓိကထား စုဆောင်းပေးနေတာ။"

"လန်ယတိုင်းပြည်မှာ အကျဉ်းထောင် စုစုပေါင်း သုံးထောင် တည်ဆောက်ထားပြီးတော့ အဲဒီထဲမှာ အပြစ်ကင်းတဲ့ အမျိုးသမီး ကျင့်ကြံသူ တစ်သိန်းကျော်ကို အကျဉ်းချထားတယ်။"

"ရာစုနှစ်တစ်ခုကျော် ကာလအတွင်းမှာ လန်ယတိုင်းပြည်က ဗုဒ္ဓတိုင်းပြည်ကို အမျိုးသမီး ကျင့်ကြံသူ စုစုပေါင်း... တစ်သန်းကျော် ပူဇော်ခဲ့ပြီးပြီ... "

ဤနေရာသို့ ရောက်သောအခါ၊ သေခြင်းရှင်ခြင်းကို မြင်တွေ့နေကျဖြစ်သော ဝူတျဲပင် သတ်ဖြတ်ချင်စိတ် အနည်းငယ်ဖြင့် ပြောဆိုလာပြီး သူ၏ နှလုံးသားမှာ လှုပ်ခတ်သွားခဲ့သည်။

စုချင်ချိုး မှင်သက်သွားပြီး မိုးကြိုးပစ်ခံလိုက်ရသလို ခန္ဓာကိုယ်တစ်ခုလုံး ကျွမ်းလောင် အက်ကွဲသွားသလို ခံစားလိုက်ရ၏။

သူသည် ငယ်စဉ်ကတည်းက တုန်းဖန်လျူလီနောက်သို့ လိုက်ခဲ့ပြီး မြို့တော်တွင် မွေးဖွားကြီးပြင်းခဲ့ကာ တုန်းဖန်လျူလီ၏ ကောင်းစွာ ကာကွယ်စောင့်ရှောက်မှုကို အမြဲရရှိခဲ့သည်။ သူက ဤမျှလောက် အမှောင်ထုကို ယခင်က တစ်ခါမျှ မမြင်တွေ့ခဲ့ဖူးပေ။

စုချင်ချိုး၏ ရင်ဘတ်မှာ နိမ့်ချည်မြင့်ချည် ဖြစ်နေပြီး လက်သီးများကို ဆုပ်ထားကာ မျက်လုံးများ နီရဲလျက် ပြောလိုက်သည်။

"ဝူတျဲ။ ငါတို့ လျန်ယွဲ့ကို ကယ်တင်မယ်၊ ပြီးတော့ အဲဒီ အပြစ်ကင်းတဲ့ အမျိုးသမီး ကျင့်ကြံသူတွေ အားလုံးကိုပါ လွှတ်ပေးရမယ်... "

ထိုစကားကို ကြားသောအခါ ဝူတျဲက ပထမဆုံး မျက်လုံးကို ကျော့ရှင်းစွာ လှန်လိုက်ပြီးနောက် ယဉ်ကျေးမှုမရှိဘဲ မေးလိုက်သည်။

"ဘယ်လို ကယ်မှာလဲ။"

"နင်နဲ့ငါ နှစ်ယောက်လုံးက လရောင်ထွန်းလင်းနယ်ပယ်တစ်ပိုင်း အဆင့်မှာပဲ ရှိသေးတယ်။ လန်ယတိုင်းပြည်က ဘယ်လောက်ပဲ အားနည်းနေပါစေ သူက လရောင်ထွန်းလင်းနယ်ပယ် အထွတ်အထိပ်အဆင့်ရှိတဲ့ ဘုရင်တစ်ပါး၊ လရောင်ထွန်းလင်းနယ်ပယ် အလယ်အဆင့်နဲ့ နောက်ဆုံးအဆင့်ရှိတဲ့ စစ်သူကြီးတွေနဲ့ ဝန်ကြီးတွေက (၁၀)ယောက်ကျော် ရှိတယ်။ ပြီးတော့ စစ်တပ်အင်အား နှစ်သိန်း ရှိတဲ့ အလယ်အလတ်အဆင့် အင်အားစုတစ်ခု ဖြစ်နေတုန်းပဲ။"

"နင့်ကိုယ်နင် အရှင်သခင် တစ်ပါးလိုမျိုး တိုင်းပြည်တစ်ခုလုံးကို တစ်ယောက်တည်း ရင်ဆိုင်နိုင်တဲ့သူလို့ ထင်နေတာလား။"

စုချင်ချိုး ခေါင်းငိုက်စိုက်ကျသွားပြီး စိတ်ပျက်အားငယ်ကာ ကိုယ့်ကိုယ်ကိုယ် သနားနေပုံကို မြင်သောအခါ ဝူတျဲ အနည်းငယ် စိတ်ပျော့သွားပြီး ညင်သာစွာ ပြောလိုက်သည်။

"ပြီးတော့ ငါတို့တာဝန်က လျန်ယွဲ့ကို ကယ်ဖို့ပဲလေ။ သခင်လေးရဲ့ စွမ်းအားနဲ့ဆိုရင် လန်ယတိုင်းပြည်ကို ဖျက်ဆီးပစ်ဖို့က ကိတ်မုန့်တစ်ချပ် စားရသလိုပဲ လွယ်တယ်။ ဘာလို့ ငါတို့ကို အဲဒါကို လုပ်ခိုင်းရတာလဲ။"

"သူနဲ့အတူ ဗုဒ္ဓတိုင်းပြည်ကို လိုက်သွားရင် ငါတို့ရဲ့ မိုက်မဲမှုနဲ့ အပြစ်ကင်းစင်မှုတွေကြောင့် အမှားတွေလုပ်မိပြီး ဘေးဒုက္ခတွေ ဖြစ်လာမှာကို သူ စိုးရိမ်လို့ပေါ့။"

"ဒါကြောင့် ငါတို့ လုပ်ရမှာက လျန်ယွဲ့ကို ကယ်တင်ဖို့ပဲ။ ပြီးရင် သခင်လေးက သေချာပေါက် လှုပ်ရှားလာပြီး လန်ယကို ကိုယ်တိုင် ဖျက်ဆီးပစ်လိမ့်မယ်။"

စုချင်ချိုး၏ မျက်လုံးများတွင် မျက်ရည်များ ဝဲတက်လာပြီး သနားစရာကောင်းသော အမူအရာဖြင့် မော့ကြည့်ကာ ခေါင်းကို စောင်းလျက် မယုံကြည်နိုင်စွာ မေးလိုက်သည်။

"တကယ်ပဲလား..."

"နင် ငါ့ကို လိမ်နေတာ မဟုတ်ဘူးမလား။"

ဝူတျဲက အနည်းငယ် ရယ်ချင်သွားပြီး စုချင်ချိုး၏ နဖူးကို လက်ချောင်းဖြင့် အကြိမ်အနည်းငယ် ခေါက်ကာ ရယ်မောကြိမ်းမောင်းလိုက်သည်။

"အရူးမလေး၊ ငါက နင့်ကို ဘာလို့ လိမ်ရမှာလဲ။ သခင်လေးက ဘယ်လိုလူမျိုးလဲဆိုတာ နင် သိသားပဲ။"

ခဏတာ သေချာစဉ်းစားပြီးနောက် စုချင်ချိုးက မျက်ရည်များကြားမှ ရယ်မောလိုက်ပြီး ဝူတျဲ၏ ခါးကို နောက်ပြောင်ကာ ထိုးဆွရင်း ပြောလိုက်သည်။ "နင်ကမှ အရူးမ၊ အရူးမလေး... "

…

...

တစ်ချိန်တည်းမှာပင်။

လန်ယနန်းတော်၊ အတွင်းနန်းဆောင်ရှိ အခန်းတစ်ခန်း။

လန်ယဘုရင်က အပေါ်ပိုင်း ဗလာကျင်းနေပြီး ဘေးတွင် လှပသော အမျိုးသမီးတစ်ဦးက အိပ်မောကျနေကာ နှိုး၍မရနိုင်ပေ။

လန်ယဘုရင်က တံတွေးကို အားပါးတရ မျိုချလိုက်ပြီး မျက်လုံးသူငယ်အိမ်များ ကျုံ့လိုက်ကျယ်လိုက် ဖြစ်နေကာ ခန္ဓာကိုယ် တောင့်တင်းသွားပြီး ခက်ခဲစွာဖြင့် စကားပြောလိုက်သည်။

"စီနီယာ၊ လန်ယကို ဒီလောက် ရုတ်တရက် ဘာကိစ္စများ ရှိလို့ လာရတာလဲဆိုတာ မေးခွင့်ပြုပါ။"

အနက်ရောင်အရိပ်သည် လေထဲတွင် တင်ပလ္လင်ခွေထိုင်နေပြီး မျက်နှာကို ဖုံးကွယ်ထားသည်။ ရေတွက်၍ အနိုင်သော ဓားအသိများက သူ၏ ခန္ဓာကိုယ်အနှံ့ ဝဲပျံနေပြီး ၎င်းတို့အထဲမှ ဓားစွမ်းအင် အချို့က ကမ္ဘာကြီးကို ဖျက်ဆီးနိုင်စွမ်းရှိသကဲ့သို့ လန်ယအုပ်ချုပ်သူအပေါ် ပစ်မှတ်ထားနေ၏။

"ကိစ္စလေးတစ်ခုပါ။ ဒါ စူးစမ်းထောက်လှမ်းတဲ့ မှော်ပစ္စည်းတစ်ခုပဲ၊ ဒါပေမဲ့ ကံမကောင်းတာက ငါက မျက်မမြင် ဖြစ်နေတယ်။ ငါက ကြားပဲကြားနိုင်ပြီး မမြင်နိုင်ဘူး။ အဲဒါ ငါ့ကို ရှင်းပြပေးပါဦး။"

ထိုသို့ပြောရင်း...

လက်တစ်ချက် ဝှေ့ယမ်းလိုက်ရာ အနက်ရောင်အရိပ်က တိတ်တဆိတ် လှုပ်ရှားနေသော ပုံရိပ်နှစ်ခုကို မှန်တစ်ချပ်ထဲသို့ ပစ်ထည့်လိုက်သည်။ ထိုသူနှစ်ဦးက မီးဖိုချောင်တွင် ပုန်းအောင်းကာ တစ်ခုခုကို ဆွေးနွေး နေကြသည်။

သူတို့၏ စကားများအရ ထိုနှစ်ယောက်မှာ နောက်ကွယ်တွင် ရည်ရွယ်ချက်များ ရှိနေသည်ကို သိနိုင်ရန် မခက်ပေ။

"မျက်မမြင်... ဓားပညာ... တိုင်းပြည်တစ်ခုကို တစ်ယောက်တည်း ရင်ဆိုင်တာ... မင်းက... မုန့်ချင်းလား..." လန်ယဘုရင်က အပြင်းအထန် တုန်ယင်သွားပြီး မျက်လုံးများမှာ မယုံကြည်နိုင်စွာ ပြူးကျယ်သွား၏။

မုန့်ချင်ကျိုးက ပြုံးပြီး ခေါင်းညိတ်ကာ ပြောသည်။

"ဒီအချိန်အတွင်း ဒီမှာပဲ ငါ ကျင့်ကြံမယ်။ လန်ယတိုင်းပြည် တစ်ဆင့်ပြီးတစ်ဆင့် ဘယ်လို ပျက်စီးသွားမလဲ ဆိုတာကို မင်းကိုယ်တိုင် မျက်မြင်သက်သေအဖြစ် ကြည့်နေလိုက်။”

…

အပိုင်း(၁၉၄) နန်းတော်ထဲ ခိုးဝင်ခြင်း၊ လျှို့ဝှက်ချက် ဖော်ထုတ်ခံရခြင်း

"မုန့်ချင်... မင်းကို ငါ သတိပေးလိုက်မယ်။ အဆင်အခြင်မဲ့တဲ့ အလုပ်တွေ မလုပ်နဲ့။ မကြာခင် ဗုဒ္ဓတိုင်းပြည်က ပျော်ရွှင်ခြင်းအရဟတ္တကိုယ်တိုင် လန်ယကို လာပြီးတော့ အဲဒီ တမန်တော်မလေးကို ခေါ်ဆောင်သွားတော့မှာ။"

"ဒါ့အပြင် ငါ့ရဲ့ အသက်ဝိညာဉ်သွေးကို ပျော်ရွှင်ခြင်းအရဟတ္တက ယူသွားပြီးပြီ။ ငါသေတာနဲ့ ဗုဒ္ဓတိုင်းပြည်က ချက်ချင်း သိသွားလိမ့်မယ်... "

"အတ္တကင်းမဲ့ဗုဒ္ဓက ကျင့်ကြံရာကနေ ထွက်လာပြီး ကောင်းကင်ထောက်တိုင်နယ်ပယ်ကို ဖောက်ထွက်သွားပြီ။ ငါ့ကို တစ်ခုခု ဖြစ်အောင်လုပ်ရင် မင်းက ပြိုင်ဘက်ကင်း ကောင်းကင်ထောက်တိုင်နယ်ပယ် အစွမ်းထက်ပုဂ္ဂိုလ် တစ်ယောက်ရဲ့ လက်စားချေတာကို ရင်ဆိုင်ရလိမ့်မယ်... "

လန်ယဘုရင်က သူ၏အင်အားကို ပြသရန် ကြိုးစားလိုက်ပြီး သူ၏ စကားများသည် ခက်ထန်ပုံရသော်လည်း တကယ်တမ်းတွင် ဗုဒ္ဓတိုင်းပြည်နှင့် ပတ်သက်သည့် အချက်အလက်များကို ရူးသွပ်စွာ ပေါက်ကြားအောင် လုပ်နေခြင်းသာ ဖြစ်၏

၎င်းက ခြိမ်းခြောက်မှုတစ်ခုလည်း ဖြစ်သလို အညံ့ခံသော အမူအရာတစ်ခုလည်း ဖြစ်သည်။

၎င်းက မုန့်ချင်ကျိုးကို စကားမပြောနိုင်အောင် ဖြစ်စေပြီး ရယ်ချင်စိတ်ကိုလည်း ဖြစ်ပေါ်စေခဲ့သည်။ သူက ပြောလိုက်သည်-

"မင်းက တကယ်ကို... သူရဲဘောကြောင်တဲ့ကောင်ပဲ။"

သူက အဓိကအချက် နှစ်ချက်ကို သိရှိလိုက်ရသည်။ ပျော်ရွှင်ခြင်း အရဟတ္တက လန်ယကို လာရောက် လည်ပတ်တော့မည်ဖြစ်ကြောင်းနှင့် အတ္တကင်းမဲ့ဗုဒ္ဓက ကောင်းကင်ထောက်တိုင်နယ်ပယ်ကို ဖောက်ထွက်သွားပြီ ဖြစ်ကြောင်းပင်။

အမှန်တကယ်တော့ အတ္တကင်းမဲ့ဗုဒ္ဓက ကျင့်ကြံရာမှ ထွက်လာပြီးနောက် ကောင်းကင်ထောက်တိုင်နယ်ပယ်သို့ ဖောက်ထွက်နိုင်ခဲ့ခြင်း ရှိမရှိ ဆိုသည်မှာ အမြဲပင် ခန့်မှန်းချက်တစ်ခုသာ ဖြစ်ခဲ့ပြီး တိကျသေချာသော သတင်း မရှိခဲ့ပေ။

ယခုအခါ လန်ယအုပ်ချုပ်သူက သူ့ကိုယ်သူ အတော်လေး ကျေနပ်နေပြီး တိကျသေချာသော သတင်းကို မတတ်သာဘဲ ပေးလိုက်ခြင်း ဖြစ်သည်။

"ဓားသူတော်စင်။ မင်းက မယုံနိုင်လောက်အောင် အစွမ်းထက်ပါတယ်။ ဂိုဏ်းပေါင်းစုံ မဟာမိတ်အဖွဲ့နဲ့ တိုက်ပွဲမှာ နံနက်ခင်းအလင်းနယ်ပယ် အယောက်(၁၀၀)ကို သတ်ဖြတ်ခဲ့တယ်။ လန်ယဘုရင် ငါတောင်မှ မင်းကို အတော် လေးစားမိပါတယ်။ ဒါပေမဲ့ ဗုဒ္ဓတိုင်းပြည်ရဲ့ ရှေ့မှောက်မှာတော့ မင်းရဲ့ သေးငယ်တဲ့ စွမ်းရည်တွေက သစ်ပင်ကို လှုပ်ဖို့ ကြိုးစားနေတဲ့ ပုရွက်ဆိတ်တစ်ကောင်လိုပါပဲ။" လန်ယဘုရင်က နှိမ့်ချဟန်ဆောင်ကာ ပြောလိုက်သည်။

"ဓားသူတော်စင်။ မင်းက မဟာကျင်းရဲ့ နန်းရင်းဝန် ကျန်းစန်းဟိုင်ကို ကယ်တင်ဖို့ လာတာဖြစ်ရမယ်။ အဟက်... အချိန်တွေကို ဖြုန်းတီးမနေဖို့ အကြံပေးချင်ပါတယ်။"

"မဟာကျင်းရဲ့ နန်းရင်းဝန် ကျန်းစန်းဟိုင်ဟာ အခု မိုင်သန်းပေါင်းများစွာ ကျယ်ဝန်းတဲ့ ကန္တာရရဲ့ အရှေ့တောင်ဘက်က ကျယ်ပြောလှတဲ့ အိုအေစစ် တစ်ခုထဲမှာ ပိတ်မိနေတယ်။ သူတို့က မရေမတွက်နိုင်တဲ့ ဇန်ကျင့်ကြံသူတွေရဲ့ ဝိုင်းရံပိတ်ဆို့တာကို ခံထားရပြီးတော့ ခဲယမ်းမီးကျောက်နဲ့ ရိက္ခာတွေ ကုန်ခမ်းတော့မယ့် အခြေအနေမှာ ရှိနေတယ်။"

"ငါ မင်းကို သတိပေးမယ်။ ဘယ်သူ့ကိုမှ ကယ်ဖို့ စိတ်ကူးတောင် မယဉ်နဲ့... "

သူက ငါ့ကို မြှောက်ပင့်ပေးတယ်။ သတင်းအချက်အလက်တွေကို ဖွင့်ပြောတယ်။ ပြီးတော့ တစ်ချိန်တည်းမှာပဲ ခြိမ်းခြောက်နေသေးတယ်။

မုန့်ချင်ကျိုးက အာမေဍိတ်သံဖြင့် မပြောဘဲ မနေနိုင်တော့ပေ။ "မင်းက တကယ့်ကို ပါရမီရှင်တစ်ယောက်ပဲလို့ ပြောရမယ်။"

လန်ယဘုရင်က မျက်တောင်တစ်ချက် မခတ်ဘဲ လက်နှစ်ဖက်ကို ဆုပ်ကာ ပြောလိုက်သည်။ "ဓားသူတော်စင်... ခင်ဗျားက ကျုပ်ကို မြှောက်ပင့်လွန်းနေပါပြီ။"

လန်ယဘုရင်က ဗုဒ္ဓတိုင်းပြည်၏ မျက်နှာသာရရန် သူ၏ဇနီး၊ သမီး နှင့် မိခင်ကိုပင် ရောင်းစားခဲ့ကြောင်း ပုံရိပ်ယောင်ထဲတွင် စုချင်ချိုးနှင့် ဝူတျဲတို့ ဆွေးနွေးနေသည်ကို မုန့်ချင်ကျိုးက ကြည့်ကာ လန်ယဘုရင်ကို ထူးဆန်းစွာ ကြည့်ပြီး မေးလိုက်သည်။

"သူတို့ပြောတာ အမှန်ပဲလား။"

"သေချာတာပေါ့။ ဗုဒ္ဓဘာသာ ဘုန်းကြီးတွေက မယုံနိုင်လောက်အောင် မြင့်မြတ်ကြတယ်။ သူတို့မှာ ထူးဆန်းတဲ့ အကြိုက်တွေရှိပြီး အဆင့်အတန်းမြင့်တဲ့ အမျိုးသမီးတွေကို ထိန်းချုပ်ချင်ကြပေမဲ့ ကျုပ်က အဲဒါကို ဆန္ဒအလျောက် လုပ်ခဲ့တာပါ၊ လုံးဝ... အတင်းအကျပ် ခိုင်းစေခံရတာ မဟုတ်ပါဘူး... "

လန်ယဘုရင်၏ မျက်နှာမှာ တုန်ယင်နေပြီး မျက်လုံးများထဲတွင် ဝမ်းနည်းမှုနှင့် ရင်နာမှု အရိပ်အယောင်များ ဖျတ်ခနဲ ပေါ်လာသည်။

မုန့်ချင်ကျိုး၏ မျက်နှာအမူအရာ ချက်ချင်း အေးစက်သွားပြီး ပြောလိုက်၏။

"ဆက်ကြည့်နေ။ ပြီးတော့ ကြည့်နေတုန်း ငါ့ကို နည်းနည်း ရှင်းပြဦး။"

"မင်းရဲ့ စိတ်နေသဘောထား ရိုးသားတာကို ကြည့်ပြီးတော့ ငါ လန်ယဘုရင်က သဘောတူလိုက်ပါ့မယ်။" လန်ယဘုရင်က ခေါင်းညိတ်လိုက်သည်။

…

...

ဝူတျဲက ပင်လယ်လွှမ်းနယ်ပယ် အထွတ်အထိပ်အဆင့်ကို ဖောက်ထွက်ပြီး လရောင်ထွန်းလင်းနယ်ပယ်တစ်ပိုင်း ရောက်ရှိသွားကတည်းက အခြားလူများ၏ စိတ်ခံစားမှုများကို ခြယ်လှယ်နိုင်စွမ်းမှာ ပိုမို၍ ကျွမ်းကျင်လာပြီး ကြောက်မက်ဖွယ် ကောင်းလာခဲ့သည်။

သူက လန်ယနန်းတော်၏ စီရင်ပိုင်ခွင့်အောက်ရှိ အစောင့်တပ်ဖွဲ့၏ တပ်မှူးဖြစ်သော ပင်လယ်လွှမ်းနယ်ပယ် အလယ်အဆင့်ရှိ ကျင့်ကြံသူတစ်ဦးကို အလွယ်တကူ ထိန်းချုပ်နိုင်ခဲ့၏။

ဝူတျဲ ရရှိခဲ့သော သတင်းအချက်အလက် အများစုကို ထိုအစောင့်တပ်ဖွဲ့ တပ်မှူးက ပေးအပ်ခဲ့ခြင်းဖြစ်သည်။

နန်းတွင်းအစေခံများအဖြစ် ရုပ်ဖျက်ထားသော မိန်းကလေးနှစ်ဦးက နန်းတော်တစ်ဝိုက်တွင် လွတ်လွတ်လပ်လပ် လျှောက်သွားနိုင်ခဲ့ကြသည်။

"ဒီရက်ပိုင်း နန်းတော်တစ်ခုလုံးကို ငါ ရှာပြီးသွားပြီ။ ဒါပေမဲ့ လျန်ယွဲ့ရဲ့ အရိပ်အယောင် ဘာတစ်ခုမှ မတွေ့ရဘူး။ အစောင့်တပ်ဖွဲ့ တပ်မှူးတောင် သူ့အကြောင်း ဘာမှမသိဘူး။" ဝူတျဲက အတော်လေး ဒုက္ခရောက်နေသည့် လေသံဖြင့် ပြောလိုက်သည်။

စုချင်ချိုးက အရှေ့မှ အစောင့်တပ်ဖွဲ့ တပ်မှူးကို စပ်စုချင်စိတ်ဖြင့် ကြည့်လိုက်သည်။ သူ၏ မျက်လုံးများမှာ ဗလာကျင်းနေပြီး ဝူတျဲ၏ အနောက်တွင် လမ်းလျှောက်နေသော အလောင်းကောင်ကဲ့သို့ တောင့်တင်းစွာ ရပ်နေသည်။ ထိုစကားကို ကြားသောအခါ စုချင်ချိုးက ချက်ချင်းပင် သတင်းပို့ရန် စတင်ပြောဆိုလိုက်သည်။

"ငါ့ကို လုပ်ခိုင်းထားတဲ့ အခင်းအကျင်းက ပြီးသွားပြီ။ ငါတို့ လျန်ယွဲ့ကို ကယ်တင်ပြီးတာနဲ့ တိုင်းပြည် ရတနာတိုက်၊ လက်မှုပညာရှင်များ ကျောင်းတော်၊ လက်နက်တိုက် ပြီးတော့ မြို့တော်မှာရှိတဲ့ အရေးကြီးတဲ့ ယန္တရားတွေ အားလုံးကို ချက်ချင်း ဖောက်ခွဲပစ်လို့ရပြီ... "

"ဒါတင်မကသေးဘူး၊ နန်းတော်ရဲ့ အနက်ရှိုင်းဆုံးနေရာမှာ စာကြည့်တိုက်တစ်ခု ရှိတယ်ဆိုတာကိုလည်း ငါ တွေ့ခဲ့တယ်။ အဲဒီမှာ မထင်ရှားတဲ့ အရှိန်အဝါတွေ ပုန်းအောင်းနေတယ်။ အဲဒါတွေက လရောင်ထွန်းလင်း နယ်ပယ် အစွမ်းထက်ပုဂ္ဂိုလ်တွေ ဖြစ်နိုင်တယ်လို့ အစက ငါ သံသယရှိခဲ့တယ်။"

"တကယ်လို့ ဧကရာဇ်ကသာ ငါ့ရဲ့ အရှိန်အဝါကို ဖုံးကွယ်ပေးနိုင်တဲ့ နတ်ဘုရားအဆင့်တစ်ပိုင်း ဝိညာဉ်ရတနာ တစ်ခု မပေးခဲ့ဘူးဆိုရင် အဲဒီ လရောင်ထွန်းလင်းနယ်ပယ် အစွမ်းထက်ပုဂ္ဂိုလ်တွေက ငါ့ကို သေချာပေါက် တွေ့သွားလောက်ပြီ။"

ထိုစကားကို ကြားသောအခါ ဝူတျဲ၏ မျက်လုံးများ အရောင်လက်သွား၏။

စာကြည့်တိုက်လား...

လရောင်ထွန်းလင်းနယ်ပယ် အစောင့်အကြပ် သုံးလေးယောက်...

"လန်ယတိုင်းပြည်က အလယ်အလတ်အဆင့် အင်အားစုလေးတစ်ခု သက်သက်ပဲလေ။ ဘယ်လို အဖိုးတန်တဲ့ နတ်ဘုရားကျမ်းစာတွေက လရောင်ထွန်းလင်းနယ်ပယ် ကျွမ်းကျင်သူ အများအပြားကို စောင့်ရှောက်ဖို့ လိုလို့လဲ။ လန်ယတိုင်းပြည် တစ်ခုလုံးမှာတောင် လရောင်ထွန်းလင်းနယ်ပယ် ကျွမ်းကျင်သူ ဆယ်ဂဏန်းကျော်လောက်ပဲ ရှိတာ။ ပြီးတော့ သူတို့ထဲက တစ်ဝက်လောက်က ကျမ်းစာဆောင်မှာ ရှိနေတယ်ဆိုတော့... "

"လျန်ယွဲ့ အဲဒီမှာ ရှိနေတယ်လို့ ငါ ထင်တယ်။"

"ဒီည လှုပ်ရှားကြစို့။ အထဲကို ခိုးဝင်ဖို့ နည်းလမ်းရှာရအောင်။"

ဤသို့ဖြင့်…

မိန်းကလေးနှစ်ဦးက အစီအစဉ်တစ်ခုကို သဘောတူညီခဲ့ကြပြီးနောက် သူတို့၏ လမ်းခွဲသွားကြသည်။

ဝူတျဲက အမှောင်ထုထဲတွင် တိတ်တဆိတ် သွားလာနေစဉ် လမ်းတစ်လျှောက်တွင် အစောင့်များနှင့် သူလျှိုများနှင့် ကြုံတွေ့ခဲ့ရသည်။ အခြားတစ်ဖက်မှ လူများ မျက်လုံးပြူးသွားပြီး အော်ဟစ်တော့မည့်ဆဲဆဲ နတ်ဘုရားဝိညာဉ် အပ်များစွာက ပစ်ထွက်လာပြီး သူတို့၏ ခေါင်းထဲသို့ ဖောက်ထွင်းဝင်ရောက်သွားကာ သူတို့၏ စိတ်နှင့် ခံစားချက်များကို ထိန်းချုပ်လိုက်သည်။

အချိန်တိုလေး အတွင်းမှာပင် စာကြည့်ဆောင် အနီးတစ်ဝိုက်တွင် တပ်စွဲထားသော အစောင့်အားလုံး အင်အားမဲ့သွားကြ၏။

သူတို့ထဲတွင် ပင်လယ်လွှမ်းနယ်ပယ် အထွတ်အထိပ်အဆင့် ကျင့်ကြံသူတစ်ဦးလည်း ပါဝင်ခဲ့ပြီး သူလည်း ကင်းလွတ်ခွင့် မရခဲ့ပေ။ သို့သော်လည်း အခြားသူများထက် နတ်ဘုရားဝိညာဉ် အပ်အနည်းငယ် ပို၍ အစိုက်ခံလိုက်ရပြီး မျက်လုံးများ လုံးဝ မှိုင်းရီသွားတော့သည်။

"ငါ ထင်ထားတဲ့ အတိုင်းပဲ။"

ဝူတျဲက စာကြည့်ဆောင်တွင် တိုင်းပြည်အမိန့်တော်တစ်ခုကို တွေ့ရှိခဲ့ပြီး ၎င်းကို ဖြန့်ကာ လက်ရေးကို သေချာစွာ လေ့လာလိုက်သည်။ ထို့နောက် ၎င်းတွင် ပါဝင်သော ဝိညာဉ်အငွေ့အသက်နှင့် တိုင်းပြည်အမိန့်တော်တွင် ပူးတွဲပါရှိသော အထူး ဝိညာဉ်တံဆိပ်တုံးကိုပါ သူက အတုခိုးလိုက်သည်။

တိုင်းပြည်အမိန့်တော်များကို အတုအယောင် ပေးပို့ခြင်းမှ ကာကွယ်ရန် တိုင်းပြည်အသီးသီးမှ ဧကရာဇ်များသည် တိုင်းပြည်အမိန့်တော်များတွင် အတုအပ ကာကွယ်ရေး အမှတ်အသားအဖြစ် လူသိများသော တံဆိပ်တစ်ခုကို ချန်ထားလေ့ရှိကြသည်။

သို့သော် လန်ယအုပ်ချုပ်သူက လရောင်ထွန်းလင်းနယ်ပယ် အထွတ်အထိပ်အဆင့်တွင်သာ ရှိပြီး နံနက်ခင်း အလင်းနယ်ပယ် အစွမ်းထက်ပုဂ္ဂိုလ် မဟုတ်ပေ။ ဝိညာဉ်တာအိုတွင် ထိပ်တန်း ပါရမီရှင်တစ်ဦး ဖြစ်သော ဝူတျဲအတွက်မူ သူ့ကို အနိုင်နိုင် အတုခိုးရန် ဖြစ်နိုင်သေးသည်။

တစ်နာရီတိတိ ကြာပြီးနောက် ဝူတျဲက ဝိညာဉ်စွမ်းအင်များကို အကြိမ်ကြိမ် ကုန်ခမ်းစေခဲ့ပြီးနောက် ချွေးများ ရွှဲနစ်နေလျက် အတုအယောင် တိုင်းပြည် အမိန့်တော်ကို ကောက်ယူကာ တောက်ပသော အပြုံးတစ်ခုကို ဖော်ပြလိုက်သည်-

"ပြီးသွားပြီ။"

ထိုစဉ်မှာပင်။

စာကြည့်ဆောင် အပြင်ဘက်မှ အသံတစ်သံ ထွက်ပေါ်လာ၏။ "အရှင်မင်းကြီး ဘယ်မှာလဲ။ တိုင်းပြည်ရေးရာတွေ ဆက်တိုက် နှစ်ရက်လုံးလုံး လျစ်လျူရှုထားတယ်။ ဒီစစ်သူကြီးက ဖြေရှင်းချက် လိုချင်တယ်။"

ဝူတျဲ၏ မျက်နှာအမူအရာ အနည်းငယ် ပြောင်းလဲသွားပြီးနောက် သူ၏ မျက်လုံးအိမ် အရောင်မှာ မီးခိုးရောင်သို့ ပြောင်းသွားသည်။

သူ ထိန်းချုပ်ထားသော အစောင့်များမှတစ်ဆင့် သူတို့၏ အမြင်အာရုံကို တိုက်ရိုက် ဝင်ရောက်စီးနင်းလိုက်ပြီး အရပ်မြင့်မြင့်နှင့် လက်နက်အပြည့်အစုံ ဆင်ထားသော စစ်သူကြီးတစ်ဦး စာကြည့်ဆောင်ဆီသို့ ခြေလှမ်း ကျဲကျဲကြီးများဖြင့် လျှောက်လာသည်ကို ရှင်းလင်းစွာ မြင်လိုက်ရသည်။

"လရောင်ထွန်းလင်းနယ်ပယ် အစောပိုင်းအဆင့် စစ်သူကြီး ချန်းယွီ၊ သူက လန်ယဘုရင်ရဲ့ ယောက်ဖပဲ။"

ဝူတျဲ၏ အသက်ရှူသံများ ရုတ်တရက် ရပ်တန့်သွားပြီး မိမိ၏ နဖူးကို နောင်တရစွာဖြင့် ပုတ်လိုက်သည်။

နောက်ဆုံးတွင် ၎င်းမှာ ပေါ့ဆမှုကြောပင်။

ဝိညာဉ်များကို ခြယ်လှယ်နိုင်သော သူ၏ ပြိုင်ဘက်ကင်း စွမ်းရည်နှင့်ဆိုလျှင် နန်းတော် တစ်ခုလုံးနှင့် လရောင်ထွန်းလင်းနယ်ပယ်အောက်ရှိ ကျင့်ကြံသူအားလုံးကို ရိုးရိုးလေး ထိန်းချုပ်လိုက်ရုံဖြင့် ရနိုင်သည် မဟုတ်ပါလား။ ထိုသို့ဆိုလျှင် သူက နန်းတော်တစ်ခုလုံးတွင် မျက်လုံးများနှင့် နားများ ရှိနေမည် ဖြစ်ပြီး အခြေအနေများက ဤသို့ဖြစ်မည် မဟုတ်ပေ။ ယခုမူ အဖြစ်အပျက်မှာ အလွန် ရုတ်တရက်ဆန်သဖြင့် တုံ့ပြန်ရန် အချိန်ပင် မရှိတော့။

"နေပါဦး... "

"တစ်ခုခုတော့ မှားနေပြီ။ ပုံမှန်ဆိုရင် စာကြည့်ဆောင်အနား တစ်ယောက်ယောက် ချဉ်းကပ်လာရင် အစောင့်တွေက သူတို့ ရှိနေတာကို စစ်ဆေးဖို့ လျှို့ဝှက်အချက်ပြတစ်ခု ပို့ပေးရမှာလေ။ ဒီနေ့ ဘာလို့ အဲဒါ မရှိရတာလဲ... "

"ဧကန္တ..."

စစ်သူကြီး ချန်းယွီက ရုတ်တရက် ရပ်တန့်သွားပြီး ပတ်ဝန်းကျင်ကို လှည့်ကြည့်လိုက်ရာ သူ၏ မျက်လုံးများမှာ သတိဝီရိယရှိလာပြီး ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

"စာကြည့်ဆောင်ထဲမှာ ရှိနေတာ ဘယ်သူလဲ။ အခုချက်ချင်း ထွက်ခဲ့စမ်း... "

ဝူတျဲက သက်ပြင်းသဲ့သဲ့ချလိုက်ပြီး မျက်လုံးသူငယ်အိမ်များမှာ တစ်ဖန် မီးခိုးရောင် ပြောင်းသွားပြန်၏။

စုချင်ချိုးနောက်သို့ လိုက်နေသော အစောင့်တပ်ဖွဲ့ တပ်မှူးကို ထိန်းချုပ်ကာ သစ်သားရုပ်လို အသက်မပါသော အသံဖြင့် ပြောလိုက်သည်။ "ချင်ချိုး၊ ငါ့ကို တွေ့သွားပြီ။ နင် အခုချက်ချင်း အစောင့်တပ်ဖွဲ့ တပ်မှူးကို ခေါ်ပြီး ကျမ်းစာဆောင်ဆီ သွားရမယ်။ ငါ တိုင်းပြည်အမိန့်တော်တစ်ခုကို အတုလုပ်ထားပြီး နင့်ဆီ လာပို့ခိုင်းထားမယ်။ မှတ်ထား။ နင်လုပ်တဲ့ အရာတိုင်းမှာ သတိထား... "

ထိုစကားကို ကြားသောအခါ စုချင်ချိုးက အလျင်စလို မေးလိုက်သည်။ "ဒါဆို နင်ကရော... "

အစောင့်တပ်ဖွဲ့ တပ်မှူးက တောင့်တင်းပြီး သစ်သားရုပ်လို ပြုံးပြလိုက်သည်။ "နင်တို့ ကျမ်းစာဆောင်ထဲကို ဝင်သွားပြီးရင် ငါ လန်ယနန်းတော်ထဲမှာ ရုတ်ရုတ်သဲသဲ ဖြစ်အောင် လုပ်လိုက်မယ်။ အဲဒီအချိန် လူတိုင်းရဲ့ အာရုံစိုက်မှုက ငါ့ဆီကို ရောက်လာလိမ့်မယ်။"

"နင်လုပ်ရမှာက လျန်ယွဲ့ကို ကာကွယ်ဖို့ပဲ။ ကျန်တာ ငါ့တာဝန်ထားလိုက်။"

...

All Chapters