← Chapters

ကျေးဇူးတင်ပါတယ် ဘိုးဘေးကြီး

Vol. 36 Ch. 360

ကျေးဇူးတင်ပါတယ် ဘိုးဘေးကြီး

Vol. 36 Ch. 360

ကျန်းချန်က ရည်ရွယ်ချက်ရှိရှိဖြင့် အပြစ်ရှာလိုက်သည်။

"ဒါပေမဲ့ စောစောက သူတို့ရောက်လာတော့ မင်းတို့အားလုံးဝိုင်းပြီး အော်ဟစ်အားပေးခဲ့ကြတာပဲ မဟုတ်လား"

"ကျန်းဘိုးဘေးကြီး... ဒါက အထင်လွဲတာပါ"

အင်မော်တယ်ဘုရင် ဝူလော့က ဖြောင့်မတ်တည်ကြည်သောလေသံဖြင့် ပြန်လည်ဖြေကြားသည်။

"ဒီဓားပြတွေကို ဘိုးဘေးကြီး သုတ်သင်နိုင်မယ်ဆိုတာ ကျွန်တော်တို့က အစကတည်းက ယုံကြည်ပြီးသားပါ။ သူတို့တွေ ထောင်ချောက်ထဲကို ကိုယ့်ဖော်ကိုယ်ပတ်ဝင်လာတာ မြင်လိုက်ရလို့ မအောင့်နိုင်ဘဲ ဝမ်းသာအားရ အော်ဟစ်မိသွားတာပါ"

အခြားအင်မော်တယ်ဘုရင်များကလည်း အပြိုင်အဆိုင်ပင် ဝင်ရောက်ထောက်ခံကြတော့သည်။

"မှန်ပါတယ်... ကျွန်တော်တို့က မကြာခင်ရောက်လာတော့မယ့် အောင်ပွဲအတွက် ဂုဏ်ပြုနေကြတာပါ"

"ယုတ်မာတဲ့ ရန်သူတွေ အကုန်သေကျေပျက်စီးတော့မယ်ဆိုတာ သိလို့ ပျော်လွန်းလို့ ခုန်ပေါက်မိနေတာပါ"

"ဝူကျိဂူဗိမာန်က သောင်းကျန်းနေတာ ကြာလှပါပြီ... သူတို့က အစောကြီးကတည်းက ပျက်စီးသင့်နေတာပါ"

"ကျန်းဘိုးဘေးကြီးက အလယ်အင်မော်တယ်လောကရဲ့ နောင်လာနောက်သားတွေအတွက် မွန်မြတ်တဲ့ ကိစ္စရပ်ကို လုပ်ဆောင်ပေးလိုက်တာပဲ... ဒါကို သမိုင်းမှာ ကမ္ပည်းတင်ထားရမှာပါ"

"ကျွန်တော်တို့ ပြန်ရောက်ရင် ဘိုးဘေးကြီးရဲ့ ဂုဏ်ကျေးဇူးကို နောင်လာနောက်သားတွေ ချီးမွမ်းနိုင်ဖို့ အထိမ်းအမှတ် ကျောက်တိုင် စိုက်ထူပါ့မယ်"

ကျန်းချန်မှာ ဤကဲ့သို့ မျက်နှာပြောင်တိုက်ပြီး အခြေအနေကြည့် လိုက်လျောညီထွေနေတတ်သည့် လူတစ်စုကို ကြည့်ကာ အံ့အားသင့်သွားရသည်။ သူတို့က အဖြူကို အမည်းဖြစ်အောင် ပြောနိုင်စွမ်းရှိနေမှတော့ သူလည်း ဘာမှ ဆက်မပြောနိုင်တော့ပါချေ။

"ဟုတ်လို့လား"

"ဒါမှမဟုတ် ဝူကျိဂူဗိမာန် ရောက်လာတာကို မြင်တော့ မင်းတို့ရဲ့ ရတနာတွေကို ငါ့ကို ပေးစရာမလိုတော့ဘူးလို့ ထင်သွားလို့များလား"

သူ စကားပင် မဆုံးသေးမီမှာပင် အင်မော်တယ်ဘုရင် ဝူလော့က သူ၏ သိုလှောင်လက်စွပ်ကို ချွတ်၊ သူ၏ အင်မော်တယ်ဓားကို ဖြုတ်ပြီး အဆင့် ၇ အင်မော်တယ် ချပ်ဝတ်တန်ဆာကိုပါ ချွတ်လိုက်လေပြီ။ ထို့နောက် ကျန်းချန်ကို ရိုသေစွာဖြင့် ဆက်သလိုက်သည်။

"ကျန်းဘိုးဘေးကြီး... ပင်ပန်းသွားပါပြီ"

"ကျွန်တော့်ရဲ့ ပစ္စည်းလေးတွေကို ဘိုးဘေးကြီးဆီမှာပဲ လုံလုံခြုံခြုံ သိမ်းဆည်းပေးထားပါဦး... ဘိုးဘေးကြီးအတွက် ဝန်ထုပ်ဝန်ပိုး မဖြစ်စေဖို့ မျှော်လင့်ပါတယ်"

သူ၏ ပုံစံမှာ အလွန်လေးလံသော ဝန်ထုပ်ဝန်ပိုးတစ်ခုကို ဂိုဏ်းချုပ်ကျန်းထံ လွှဲပြောင်းပေးအပ်နေသည့်အလားပင်။

"ရပါတယ်... ရပါတယ်..."

ဤလူအိုကြီးမှာ အလွန်ပင် အလိုက်သိလွန်းသဖြင့် ကျန်းချန်ပင် ဆွံ့အသွားရသည်။ အခြားသူများကလည်း နောက်ကျမခံကြပါချေ။

"ကျန်းဘိုးဘေးကြီး... ဒါက ကျွန်တော့်ဟာပါ"

"ကျွန်တော့်ဟာလည်း ရှိပါသေးတယ်... မြန်မြန်လေး သိမ်းပေးပါဦး"

"ကျွန်တော်တို့အတွက် ဒီပစ္စည်းတွေကို သိမ်းပေးရတာ တကယ်ကို အားနာစရာကောင်းလှပါတယ်"

သူတို့မှာ လူပြန်ဝင်စားဖို့ အပြေးအလွှားသွားနေကြသည့်အလားဖြစ်နေသဖြင့် ကျန်းချန်မှာပင် လက်မလည်အောင် ဖြစ်သွားရသည်။ အခြားနည်းလမ်းလည်း မရှိတော့ပါချေ။ ဝူကျိဂူဗိမာန်လည်း ပျက်စီးသွားပြီ၊ ဧကရာဇ်တစ်ပိုင်းအဆင့်ကလည်း အရှုံးပေးသွားပြီဖြစ်သဖြင့် ဤလူတစ်စု၏စိတ်ထဲမှ နောက်ဆုံးမျှော်လင့်ချက်မီးစမှာလည်း ငြိမ်းသတ်ခြင်းခံလိုက်ရလေပြီ။ အင်မော်တယ်ဘုရင် လင်မို၏ အဖြစ်ကို ကြည့်ပြီး ၎င်းတို့မှာ အသက်ရှင်သန်ခွင့်ရဖို့သာ အလေးထားကြတော့သည်။

ပစ္စည်းအားလုံးကို သိမ်းဆည်းပြီးနောက် ထိုလူတစ်စုမှာ အမြန်ဆုံးနှုန်းဖြင့် ထွက်ပြေးသွားကြတော့သည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် ရှုပ်ပွနေသော စစ်တလင်းနှင့်အတူ ကြောင်တောင်တောင်ဖြစ်နေသော ကျန်းချန်သာ ကျန်ရစ်ခဲ့သည်။ သူက သူတို့ကို ဓားပြတိုက်နေခြင်း ဖြစ်သော်လည်း အဘယ်ကြောင့် ဤလုပ်ငန်းစဉ်မှာ အတင်းအကျပ် အတင်းပေးနေသလိုမျိုး ခံစားနေရသနည်း။

ကံကောင်းထောက်မစွာဖြင့် ရရှိလိုက်သော အကျိုးအမြတ်ကမူ အလွန်ကြီးမားလှ၏။ ဝူကျိဂူဗိမာန်နှင့် ဤလူတစ်စုထံမှ သိမ်းဆည်းရမိသော ပစ္စည်းအားလုံးကို ကံတရားအမှတ်များအဖြစ် ပြောင်းလဲလိုက်သောအခါ စုစုပေါင်း ၆၈.၇၄ သန်း ရရှိခဲ့သည်။ ထို့ပြင် ဧကရာဇ်တစ်ပိုင်းအဆင့် ချန်ကျိုး၏ မမျှော်လင့်ထားသော အရှုံးပေးမှုကြောင့် လူတိုင်းမှာ အကြီးအကျယ် တုန်လှုပ်သွားကြသဖြင့် အမှတ်အတော်များများ ထပ်မံရရှိခဲ့ရာ နောက်ဆုံးတွင် သူ၏ စုစုပေါင်း ကံတရားအမှတ်မှာ ၇၀ သန်းကို ကျော်လွန်သွားခဲ့လေပြီ။

သူ အမှတ်များကို တွက်ချက်နေစဉ်မှာပင် ယွမ်ကျန်း၊ ယွမ်ရှန့်၊ ယွမ်ရှုနှင့် ဖေးရှန်ဂိုဏ်းမှ အခြားသော အကြီးအကဲများ ဝိုင်းအုံလာကြသည်။ လူတိုင်းက ဘိုးဘေးကြီးမှာ မည်မျှအစွမ်းထက်ကြောင်း၊ အင်မော်တယ်အားလုံးကို နှိမ်နင်းနိုင်ရုံသာမက အလယ်အင်မော်တယ်လောက၏ ယခင် နံပါတ်တစ် ပညာရှင်ကြီးပင် အရှုံးပေးသွားရကြောင်း မြှောက်ပင့်ပြောဆိုကြတော့သည်။

သို့သော် ချက်ချင်းဆိုသလိုပင် ၎င်းတို့အားလုံးမှာ စိုးရိမ်ပူပန်သောမျက်နှာများ ဖြစ်သွားကြသည်။

"ဘိုးဘေးကြီး... ဧကရာဇ်တစ်ပိုင်းအဆင့် ချန်ကျိုး ပြောသွားတဲ့အတိုင်းဆိုရင် အထက်အင်မော်တယ်လောကမှာရှိနေတဲ့ ကျွန်တော်တို့ဂိုဏ်းရဲ့ ဘိုးဘေးတွေရဲ့ အခြေအနေက မကောင်းဘူးထင်တယ်"

ယခင် မျိုးဆက်အဆက်ဆက်မှ ဘိုးဘေးများမှာ ၎င်းတို့၏ စိတ်ထဲတွင် အထွတ်အမြတ်ထားရာများ ဖြစ်ကြသည်။ ၎င်းတို့နှင့် မတွေ့ဖူးကြသော်လည်း ၎င်းတို့မှာ ဂိုဏ်း၏ အကြီးမားဆုံး ဂုဏ်ယူစရာများဖြစ်၏။ အထက်အင်မော်တယ်လောကတွင် ပစ်မှတ်ထားခံရနိုင်ကြောင်း ယခင်က ခန့်မှန်းခဲ့ကြသော်လည်း ၎င်းမှာ ခန့်မှန်းချက်သာ ဖြစ်ခဲ့သော်လည်း ယခု သတင်းကအတည်ဖြစ်သွားသောအခါ ဂိုဏ်းချုပ် ယွမ်ကျန်းပင်လျှင် တွေဝေသွားတော့သည်။

"ဟုတ်တယ်... ဘိုးဘေးတွေ အဆင်ပြေရဲ့လားဆိုတာ ဘယ်သူသိနိုင်မှာလဲ"

"ဧကရာဇ်တစ်ပိုင်းအဆင့် ချန်ကျိုးက နောက်ဆုံးမှာ အကျအဆုံးများခဲ့တယ်လို့ ပြောသွားတယ်... ကျွန်တော်တို့ ဘာလုပ်သင့်သလဲ"

အခြားအကြီးအကဲများမှာလည်း အလားတူပင် စိတ်ပျက်အားလျော့နေကြသည်။ တစ်ဖက်တွင်လည်း ၎င်းတို့သည် ဘိုးဘေးများကို ကြည်ညိုကြပြီး ဘာမှမဖြစ်စေချင်ကြပေ။ အခြားတစ်ဖက်တွင်လည်း အထက်အင်မော်တယ်လောကသို့သွားပြီးနောက် အစွမ်းထက်သော နောက်ခံလူများထံတွင် ခိုလှုံရန် မူလက စီစဉ်ထားခဲ့ကြ၏။ ဖေးရှန်ဂိုဏ်းမှ တက်လှမ်းသွားကြသော အင်မော်တယ်ဘုရင် အရေအတွက်မှာ တစ်ထောင်ကျော်ရှိပြီး ထိုအရေအတွက်မှာ ယနေ့ခေတ် အလယ်အင်မော်တယ်လောကတွင်ရှိသော စုစုပေါင်း အင်မော်တယ်ဘုရင် အရေအတွက်နီးပါးတူညီပေသည်။

၎င်းမှာ မည်မျှကြီးမားသော အင်အားစုကြီး ဖြစ်သနည်း။ ထို့ပြင် ၎င်းတို့အနက် အများစုမှာ လွန်ခဲ့သော နှစ်ပေါင်း သန်း ၇၀ သို့မဟုတ် ၈၀ ခန့်က အထက်အင်မော်တယ်လောကသို့ သွားခဲ့ကြသူများ ဖြစ်သည်။ ဤမျှ ကြာမြင့်လှသော နှစ်များအတွင်း အင်မော်တယ်ဧကရာဇ် သို့မဟုတ် ဧကရာဇ်တစ်ပိုင်းအဆင့် အနည်းငယ်ပင် ပေါ်ထွက်လာနိုင်သည် မဟုတ်ပါလော။ ယွမ်ရှု၊ ယွမ်မူနှင့် အခြားသူများ၏ အမြင်တွင် ၎င်းတို့သာ အထက်အင်မော်တယ်လောကသို့ ရောက်သွားပါက ကောင်းစွာ အကာအကွယ် ရလိမ့်မည်ဟု ထင်မှတ်ထားခဲ့ကြသည်။ သို့သော် ယခုမူ အခြေအနေက ထင်သလောက် မလွယ်ကူကြောင်း မြင်လာရသည်။

"စိုးရိမ်စရာ မရှိပါဘူး"

ကျန်းချန်က ပခုံးတွန့်လျက် ပြောလိုက်သည်။

"စိတ်မပူကြပါနဲ့... ငါရှိနေသရွေ့ အားလုံးအဆင်ပြေသွားမှာပါ"

သူက ထိုသို့ပြောလိုက်သော်လည်း လက်တွေ့တွင်မူ သူကိုယ်တိုင်လည်း ထိုတပည့်များကို တွေ့ချင်စိတ်များ ပိုမိုပြင်းပြလာသည်။ ဤကဲ့သို့သောစကားများဖြင့် ယွမ်ကျန်းနှင့် အခြားသူများကို လုံးဝ စိတ်ချသွားစေရန် မစွမ်းဆောင်နိုင်ပါချေ။ ကျန်းဘိုးဘေးကြီး၏ ပုဂ္ဂိုလ်ရေးအစွမ်းမှာ သာလွန်သော်လည်း အထက်အင်မော်တယ်လောကမှာ အင်မော်တယ်ဧကရာဇ်များကြီးစိုးရာ ကမ္ဘာကြီးဖြစ်သည်။ အထူးသဖြင့် ယွမ်ရှု၊ ယွမ်မူနှင့် အခြားတပည့်များမှာ ကျန်းချန်သည် ပထမဆုံးမျိုးဆက် ဘိုးဘေးဖြစ်ကြောင်း မသိကြသဖြင့် ၎င်းတို့က ဤသို့ တွေးနေကြသည်။

အဲဒီလောက်များတဲ့ ဘိုးဘေးတွေတောင် အကျအဆုံး များခဲ့တယ်ဆိုရင် မင်းတက်သွားလည်း ထူးခြားလာမှာမဟုတ်ဘူး...

"ကဲ... မင်းတို့အားလုံး တောင်တံခါးကို အရင်ပြန်ကြတော့... ငါ သူတို့နဲ့ ဆွေးနွေးစရာ ရှိသေးတယ်"

ကျန်းချန်မှာ စိတ်ဓာတ်ပိုင်းဆိုင်ရာ အကြံပေးနေဖို့ အချိန်မရှိပါချေ။

"နောက်ကိုးနှစ်နေရင် ဖေးရှန်ဂိုဏ်းက လူတိုင်းကို အထက်အင်မော်တယ်လောကကို ငါ ခေါ်သွားမယ်"

"အဲဒီအချိန်ကျရင် မင်းတို့ရော ဘာလုပ်ဖို့စီစဉ်ထားလဲ"

အလောင်းကောင်ဘုရင် သုံးပါးဖြစ်သော ရှောင်ကွန်း၊ ရှာလီ အပါအဝင် လူ ၁၂ ယောက်မှာ ချက်ချင်းပင် ရင်ဘတ်ကို ပုတ်လျက် ပြောလိုက်ကြသည်။

"ဂိုဏ်းချုပ်ကျန်း... ကျွန်တော်တို့ကတော့ ဘယ်ကိုပဲသွားသွား ဘိုးဘေးကြီးနောက်ကပဲ လိုက်မှာပါ"

၎င်းတို့မှာ ကျန်းချန်ကဲ့သို့ အားကိုးထိုက်သော ခြေထောက်ကြီးကို လက်မလွှတ်ချင်ကြပါချေ။ ဖေးရှန်ဂိုဏ်းသားများနှင့် နှိုင်းယှဉ်ပါက ၎င်းတို့၏ ဂိုဏ်းချုပ်ကျန်းအပေါ် ယုံကြည်မှုမှာ အဆပေါင်းများစွာ ပို၍ မြင့်မားလှသည်။

ရှောင်ကွန်းက ထပ်လောင်းပြောဆိုသည်။

"တကယ်တော့ အသိဉာဏ်ပွင့် အင်မော်တယ်သစ်ပင်ရဲ့ အခွင့်အရေးသာမရှိခဲ့ရင် ကျွန်တော် အစောကြီးကတည်းက အထက်လောကကိုတက်ပြီး အစ်ကိုကြီးရွှီယွမ်နဲ့ သွားဆုံနေပါပြီ"

ကျိယွမ်ကလည်း သက်ပြင်းချလိုက်သည်။

"ဟုတ်ပါတယ်... ကျွန်တော်လည်း စီနီယာအစ်ကိုတွေဖြစ်တဲ့ ချင်ယွမ်နဲ့ လျိုယွမ်တို့ကို မြန်မြန် တွေ့ချင်နေပါပြီ"

လျိုယွမ်က လက်ခုပ်တီးလျက် ရယ်မောလိုက်သည်။

"ဟားဟား... ဒီလူအိုကြီးကတော့ အထက်အင်မော်တယ်လောကရဲ့ ဆေးဖော်စပ်ခြင်း ပညာရပ်တွေကို ပိုပြီးတွေ့ချင်နေတာပါ..."

အခြားသူများက သူ့ကို သနားကရုဏာသက်သော အကြည့်များဖြင့် ကြည့်လိုက်ကြပြီး ရုတ်တရက်ပင် သူတပါးဒုက္ခကို ဝမ်းသာသလို ခံစားလိုက်ရသည်။ တကယ့်ကို သနားစရာကောင်း၏။ အကြီးကျယ်ဆုံးသော ဆေးပညာရှင်ကြီးက ဘေးနားမှာ ရှိနေတာတောင် သူမသိရှာချေ။

စဉ်းစားကြည့်လျှင် အသိဉာဏ်ပွင့် အင်မော်တယ်သစ်ပင်၏ ဆေးပညာစမ်းသပ်မှုတွင် ဂိုဏ်းချုပ်ကျန်းသည် အဆင့် ၈ အင်မော်တယ်ဆေးလုံးများကို ဖော်စပ်ပြီး သူ၏တန်ခိုးအာဏာကို ပြသခဲ့သော်လည်း ကံဆိုးစွာဖြင့် ဤလူအိုကြီးမှာ ထိုအရာကို လုံးဝမသိခဲ့ပေ။

"မင်းတို့က ငါ့ကို ဘာလို့ အဲဒီလို ကြည့်နေကြတာလဲ"

အင်မော်တယ်ဘုရင် လျိုယွမ်က ဇဝေဇဝါ ဖြစ်သွားသည်။

"ငါ တစ်ခုခု မှားပြောမိလို့လား"

"မင်းတို့တွေက တကယ်ကို အရိုင်းအစိုင်းတွေပဲ... ဆေးပညာရဲ့ အထွတ်အထိပ်ကို တက်လှမ်းဖို့ ငါ့ရဲ့ စွဲမြဲတဲ့စိတ်ဆန္ဒကို မင်းတို့ နားမလည်နိုင်တာက မဆန်းပါဘူး"

ရှောင်ကွန်း၊ ရှာလီနှင့် အခြားသူများက တဟားဟား ရယ်မောလိုက်ကြသည်။

"ဟုတ်ပါပြီ... ဟုတ်ပါပြီ... ငါတို့နားမလည်ပါဘူး"

ကျိယွမ်၊ ဝူကျွယ်နှင့် အခြားသူများကလည်း ရည်ရွယ်ချက်ရှိရှိဖြင့် လှောင်ပြောင်သည့်သဘောဖြင့် ချီးမွမ်းလိုက်ကြသည်။

"မင်းရဲ့နယ်ပယ်က တကယ်ကိုမြင့်မားလှပါတယ်..."

"လေးစားပါတယ်... လေးစားပါတယ်..."

ကျန်းချန်ကလည်း သူ့ကို အမှန်အတိုင်းပြောပြဖို့ ပျင်းနေသည်။ သူသည် ထိုကဲ့သို့ အလုပ်များလှသော ဆေးဖော်စပ်ခြင်းဘဝထဲတွင် နောက်ထပ် ရက်ပေါင်းများစွာ ထပ်ပြီးမနေချင်တော့ပေ။ အနည်းငယ် ရယ်မောပြီးနောက် အင်မော်တယ်ဘုရင် ကျိယွမ်က ရှက်ကိုးရှက်ကန်းဖြင့် သူ့အနားသို့ ချဉ်းကပ်လာသည်။

"ဂိုဏ်းချုပ်ကျန်း... ကျွန်တော့်မှာ အားနာစရာကောင်းတဲ့ တောင်းဆိုမှုတစ်ခု ရှိပါတယ်... ကျွန်တော့်ကို အင်မော်တယ်ကံကြမ္မာ အမှတ်အသား ၂၀ လောက် ပေးလို့ ရမလား... ကျွန်တော့်ရဲ့ တပည့်တွေနဲ့ မြေးတပည့် အချို့ကိုပါ အထက်လောကကို ခေါ်သွားချင်လို့ပါ"

ဝူကျွယ်၊ မင်ချီနှင့် အခြားသူများမှာ အစက အားနာစရာကောင်းမှန်းသိရင် မတောင်းနဲ့လေဟု ပြောရန် ပြင်လိုက်ကြသော်လည်း ကျိယွမ် စကားဆုံးသွားသောအခါ အားလုံးမှာ တိတ်ဆိတ်သွားကြသည်။ ချက်ချင်းဆိုသလိုပင် ရှောင်ကွန်းကလည်း ရယ်မောလျက် သူ၏ လက်ဖဝါးများကို ပွတ်သပ်လိုက်၏။

"ဂိုဏ်းချုပ်ကျန်း... ကျွန်တော့်ကိုလည်း ၃၀ လောက် ပေးလို့ရမလား... ကျွန်တော့်မှာလည်း ခေါ်သွားချင်တဲ့ မျိုးဆက်သစ်လေးတွေ ရှိလို့ပါ"

"ကျွန်တော့်ကိုလည်း ပေးပါဦး... စိတ်မချရတဲ့ တပည့်အချို့ ရှိနေလို့ပါ..."

All Chapters