← Chapters

အခန်း (၅၁၁-၅၁၂)

Vol. 37 Ch. 511-512

အခန်း (၅၁၁-၅၁၂)

Vol. 37 Ch. 511-512

‎အခန်း ( ၅၁၁ ) - သေချာပေါက် သေဆုံးရမည့် လမ်း၊ ကွေ့ရွှီးနယ်မြေ ပွင့်လာခြင်းနှင့် ဧကရာဇ်များ အားလုံး ဝင်ရောက်ခြင်း

‎

‎

‎

‎နှစ်များတစ်လျှောက် ကွေ့ရွှီးနယ်မြေ၏ တည်နေရာ အတိအကျကို စုံစမ်းရန် ကြိုးစားခဲ့သော နတ်ဆိုးဧကရာဇ်အဆင့် တည်ရှိမှုများ ရှိခဲ့သော်လည်း သူတို့၏စုံစမ်းမှုအားလုံးမှာ အချည်းနှီးသာ ဖြစ်ခဲ့သည်။

‎

‎

‎ရှာနာနတ်ဆိုးဧကရာဇ်မှ ခေါင်းခါကာ ပြောဆိုလိုက်၏။

‎

‎

‎" ကွေ့ရွှီးနယ်မြေကို ဘယ်နေရာမှာမှ ရှာမတွေ့နိုင်ပါဘူး... နတ်ဆိုးနယ်မြေရဲ့ အနက်ရှိုင်းဆုံးနေရာမှာ ဝင်ပေါက်တစ်ခုပဲ ရှိပါတယ် "

‎

‎

‎" အတိတ်တုန်းက... ရှေးဟောင်း နတ်ဆိုးဧကရာဇ်တစ်ပါးက ဒီကွေ့ရွှီးနယ်မြေရဲ့ ဝင်ပေါက်ကနေတစ်ဆင့် သူ့ရဲ့ တည်နေရာ အတိအကျကို စုံစမ်းဖို့ ကြိုးစားခဲ့ဖူးတယ်... ဒါပေမယ့် အဲ့ဒီ နတ်ဆိုးဧကရာဇ်က သဲလွန်စတွေကို နောက်ယောင်ခံလိုက်ခဲ့ပေမဲ့ နောက်ဆုံးမှာ ဘာမှ မတွေ့ခဲ့ရဘူး... အဲ့ဒီနောက်ပိုင်းမှာ ဒီကိစ္စကို စွန့်လွှတ်လိုက်ကြပြီး တခြား ဘယ်နတ်ဆိုးဧကရာဇ်ကမှ ကွေ့ရွှီးနယ်မြေရဲ့ တည်နေရာ အတိအကျကို စုံစမ်းဖို့ မကြိုးစားကြတော့ပါဘူး "

‎

‎

‎လျှို့ဝှက်ဆန်းကြယ်လှသော ကွေ့ရွှီးနယ်မြေ၊ ၎င်း၏တည်နေရာကို မသိရသလို ၎င်း၏ မူလဇာစ်မြစ်မှာလည်း လျှို့ဝှက်ချက်တစ်ခု ဖြစ်နေဆဲပင်။

‎

‎

‎နတ်ဆိုးချီများဖြင့် ဖုံးလွှမ်းနေသော ဟွမ်သွမ့်ဂူပေါက်သည် အဆုံးအစမဲ့သော ကပ်ကမ္ဘာများကတည်းက နတ်ဆိုးနယ်မြေ၏ အနက်ရှိုင်းဆုံးနေရာတွင် တည်ရှိနေခဲ့ကြောင်းကိုသာ ရှာနာနတ်ဆိုးဧကရာဇ် သိထားလေသည်။

‎

‎

‎" ကွေ့ရွှီးနယ်မြေ ပွင့်ဖို့ ဘယ်လောက်လိုသေးလဲ "

‎

‎

‎အဆုံးမဲ့ နတ်ဆိုးချီများဖြင့် ဖုံးလွှမ်းနေဆဲဖြစ်သော ဟွမ်သွမ့်ဂူပေါက်ကို ကြည့်ကာ ကုချန်မှ မေးမြန်းလိုက်၏။

‎

‎

‎" ဘယ်သူမှ ပွင့်မယ့်အချိန် အတိအကျကို မပြောနိုင်ပါဘူး "

‎

‎

‎ရှာနာနတ်ဆိုးဧကရာဇ်မှ ခေါင်းခါလျက် ပြောဆိုလေသည်။

‎

‎

‎" ကျွန်မတို့က အချိန်ကာလ အကြမ်းဖျင်းကိုပဲ ခံစားသိရှိနိုင်တာပါ... ကွေ့ရွှီးနယ်မြေက လာမယ့် ဆယ်စုနှစ် အနည်းငယ်အတွင်း ပွင့်လာမယ်လို့ ခန့်မှန်းရပေမယ့် ဘယ်အချိန် အတိအကျ ပွင့်မယ်ဆိုတာတော့ ဘယ်သူမှ မပြောနိုင်ပါဘူး "

‎

‎

‎" ဒါကြောင့် လောလောဆယ် ကျွန်မတို့ လုပ်နိုင်တာက စောင့်ဖို့ပါပဲ "

‎

‎

‎စောင့်ရုံပဲ ရှိတာပေါ့။

‎

‎

‎ရှာနာနတ်ဆိုးဧကရာဇ်၏ စကားများကို နားထောင်လျက် ကုချန်သည် ဖြည်းညင်းစွာ ခေါင်းညိတ်လိုက်၏။

‎

‎

‎မည်သို့ပင်ဆိုစေကာမူ ဆယ်စုနှစ် အနည်းငယ်မျှသာ ဖြစ်ရာ အဆုံးအစမဲ့နီးပါး သက်တမ်းကို ပိုင်ဆိုင်ထားပြီးဖြစ်သော ကုချန်အတွက် ၎င်းမှာ တစ်ရေးအိပ်ရုံမျှသာ ကြာမြင့်မည့် အချိန်တစ်ခုပင် ဖြစ်သည်။

‎

‎

‎စောင့်ဆိုင်းခြင်းက အဆင်ပြေပါသည်။ ဤအချိန်ကို အသုံးပြု၍ မည်သည့် နတ်ဆိုးဧကရာဇ်များ ရောက်ရှိလာမည်ကို သူ ကြည့်ရှုနိုင်သလို ကွေ့ရွှီးနယ်မြေအတွင်း ဝင်ရောက်ပြီးနောက် နတ်ဆိုးဧကရာဇ်တစ်ပါးကို သိမ်းသွင်းရန် အကောင်းဆုံး ပစ်မှတ်ကိုလည်း ဆုံးဖြတ်နိုင်ပေသည်။

‎

‎

‎သို့သော် ကွေ့ရွှီးနယ်မြေသည် နှစ်ထောင်ပေါင်းများစွာကြာမှ တစ်ကြိမ်ပွင့်တတ်ပြီး ပိတ်မည့်အချိန်ကိုလည်း တစ်ခါမျှ အသေအချာ မသိရကြောင်း ရှာနာနတ်ဆိုးဧကရာဇ်ထံမှ ကုချန် သိရှိခဲ့ရ၏။

‎

‎

‎သို့သော် ကွေ့ရွှီးနယ်မြေအတွင်းရှိ သက်ရှိများသည် ကြိုတင်အသိပေးချက်တစ်ခုကို ဝေဝေဝါးဝါး ခံစားရလေ့ရှိကြသည်။

‎

‎

‎ထို့ကြောင့် အကောင်းဆုံး ရွေးချယ်မှုမှာ ကွေ့ရွှီးနယ်မြေ ပိတ်တော့မည်ကို ခံစားမိသည်နှင့် တပြိုင်နက် အတွင်းရှိ ကံကြမ္မာအကျိုးပေးများကို တပ်မက်ခြင်းမရှိဘဲ အမြန်ဆုံး ထွက်ခွာရန်ပင် ဖြစ်သည်။

‎

‎

‎သမိုင်းတစ်လျှောက်၌လည်း ကွေ့ရွှီးနယ်မြေ ပိတ်တော့မည့်အချိန်တွင် နတ်ဆိုးဧကရာဇ်တစ်ပါးသည် မရရှိသေးသော ကံကြမ္မာအကျိုးပေးများကို လောဘတက်ကာ အချိန်မီ ထွက်ခွာခြင်းမပြုခဲ့သောကြောင့် ကွေ့ရွှီးနယ်မြေအတွင်း ပိတ်မိသွားသည့် အဖြစ်အပျက်များ အကြိမ်များစွာ ရှိခဲ့ဖူး၏။ သို့သော် ကွေ့ရွှီးနယ်မြေ နောက်တစ်ကြိမ် ပြန်ပွင့်လာသောအခါ ထိုနတ်ဆိုးဧကရာဇ်၏ အရိပ်အယောင်ကိုပင် မတွေ့ရတော့ချေ။

‎

‎

‎ကွေ့ရွှီးနယ်မြေထဲတွင် ပိတ်မိ၍ အချိန်မီ မထွက်ခွာနိုင်ခြင်းသည် သေချာပေါက် သေဆုံးရမည့် လမ်းပင်တည်း။

‎

‎

‎ဤသည်မှာ နတ်ဆိုးဧကရာဇ်များ အားလုံး တိတ်တဆိတ် လက်ခံထားသော အချက်တစ်ချက် ဖြစ်သည်။

‎

‎

‎ထို့ကြောင့် ကွေ့ရွှီးနယ်မြေထဲတွင် မည်သို့သော ကံကြမ္မာအကျိုးပေးနှင့် ကြုံတွေ့ရပါစေ ကွေ့ရွှီးနယ်မြေ ပိတ်တော့မည်ကို ခံစားသိရှိရသည်နှင့် တပြိုင်နက် အရာအားလုံးကို စွန့်လွှတ်ပြီး ချက်ချင်း ထွက်ပြေးရမည်ပင်။

‎

‎

‎သို့မဟုတ်ပါက ကွေ့ရွှီးနယ်မြေထဲတွင် ထာဝရ ပိတ်မိနေပြီး လမ်းပျောက်ကာ ကျဆုံးသွားရပေလိမ့်မည်။

‎

‎

‎ထို့အပြင် ကွေ့ရွှီးနယ်မြေသည် အဆုံးအစမဲ့ ထူးဆန်းအံ့သြဖွယ် ကောင်းလှသည်။ လူတိုင်းက ဟွမ်သွမ့်ဂူပေါက်မှတစ်ဆင့် ဝင်ရောက်ကြသော်လည်း ၎င်း၏ ကြီးမားကျယ်ပြောမှုကြောင့် နတ်ဆိုးဧကရာဇ်အဆင့် တည်ရှိမှုများပင်လျှင် အတွင်း၌ အချင်းချင်း တွေ့ဆုံရန် အလွန်တရာ ခက်ခဲလှသည်။

‎

‎

‎ကုချန်နှင့် ရှာနာနတ်ဆိုးဧကရာဇ်တို့သာလျှင် သခင်နှင့် အစေခံ ဆက်ဆံရေး ရှိနေသောကြောင့် ဝိညာဉ်အာရုံခံစားမှုမှတစ်ဆင့် အချင်းချင်း ဆက်သွယ်နိုင်ကောင်း ဆက်သွယ်နိုင်ပေလိမ့်မည်။

‎

‎

‎သို့သော် သူတို့မှ အခြား နတ်ဆိုးဧကရာဇ်များ၏ သဲလွန်စများကို ရှာဖွေလိုပါက ဖြစ်နိုင်ခြေ အလွန်တရာ နည်းပါးပေလိမ့်မည်။

‎

‎

‎ထို့ကြောင့် ဤအချက်က ကုချန်အား အတွေးတစ်ခု ဝင်သွားစေခဲ့၏။

‎

‎

‎ဤအခွင့်အရေးကို အသုံးချ၍ ကွေ့ရွှီးနယ်မြေထဲသို့ ဝင်ရောက်ကာ အခြား နတ်ဆိုးဧကရာဇ်တစ်ပါးကို အစေခံအဖြစ် သိမ်းသွင်းရန် ကြိုးစားလိုသော်လည်း ၎င်းမှာ သူ၏ ကံကြမ္မာအပေါ်တွင်သာ မူတည်နေလိမ့်မည်။

‎

‎

‎အကယ်၍ သူသည် တိုက်တိုက်ဆိုင်ဆိုင် နတ်ဆိုးဧကရာဇ်တစ်ပါးနှင့် ဆုံတွေ့ရ၍ ထိုနတ်ဆိုးဧကရာဇ်သည်လည်း ယောင်ဧကရာဇ်ကဲ့သို့ ရှေးဟောင်း နတ်ဆိုးဧကရာဇ် ဖြစ်နေပါက သိမ်းသွင်းအောင်မြင်ရန် ခက်ခဲလှရာ သူကိုယ်တိုင် ထောင်ချောက်ထဲ ကျသွားခြင်းမျိုး ဖြစ်နိုင်၏။ ထိုသို့စေရန် ထိုအကြံကို စောစောစီးစီး စွန့်လွှတ်လိုက်သင့်၏။

‎

‎

‎ထို့ကြောင့် ယခုကွေ့ရွှီးနယ်မြေ ခရီးစဉ်သည် ကံကြမ္မာအကျိုးပေးများကို ရှာဖွေရန်သာ အဓိကဖြစ်လိမ့်မည်။ အဆုံးမဲ့ဓားကို နတ်ဆိုးဧကရာဇ် နတ်ဘုရားလက်နက်အဖြစ် အဆင့်တက်လှမ်းနိုင်ရန် ကူညီပေးနိုင်မည့် နတ်ဆိုးဧကရာဇ်အဆင့် နတ်ဘုရားသတ္တုတစ်ခုကို ရှာတွေ့နိုင်ပါက အကောင်းဆုံး ဖြစ်ပေမည်။

‎

‎

‎နတ်ဆိုးဧကရာဇ်တစ်ပါးကို သိမ်းသွင်းရန် ကိစ္စကတော့ ကံတရားအပေါ်မှာသာ မူတည်ပေတော့မည်။

‎

‎

‎အချိန် မည်မျှ ကြာမြင့်စွာ စောင့်ဆိုင်းခဲ့ရမှန်း မသိရသော်လည်း ကုချန် အပါအဝင် နတ်ဆိုးဧကရာဇ် ငါးပါးသာ ဤနေရာတွင် တိတ်ဆိတ်စွာ စောင့်ဆိုင်းနေကြကာ အခြား နတ်ဆိုးဧကရာဇ်များ ထပ်မံ ရောက်ရှိလာခြင်း မရှိတော့ပေ။

‎

‎

‎ဟွမ်သွမ့်ဂူပေါက်ကို ဖုံးလွှမ်းနေသော နတ်ဆိုးချီများသည်လည်း အချိန်နှင့်အမျှ ဖြည်းညင်းစွာ ပျောက်ကွယ်သွားကာ ဟွမ်သွမ့်ဂူပေါက်ကြီးကို အပြည့်အဝ ဖော်ထုတ်ပေးလိုက်လေသည်။

‎

‎

‎" အဲ့ဒီ နတ်ဆိုးဧကရာဇ်ကြီးက တကယ်ပဲ မလာဘဲ နေနိုင်တာလား "

‎

‎

‎ဟွမ်သွမ့်ဂူပေါက် အပြည့်အဝ ပွင့်တော့မည်ကို မြင်သော်လည်း နတ်ဆိုးဧကရာဇ်ကြီး၏ အရိပ်အယောင်ကို မတွေ့ရသေးသဖြင့် ရှာနာနတ်ဆိုးဧကရာဇ်မှာ အနည်းငယ် စိတ်ပျက်သွားခဲ့၏။

‎

‎

‎ထိုသူ၏ စိတ်သဘောထားအရ အန္တရာယ်များစွာကို တိကျစွာ ရှောင်ရှားနိုင်စေမည့် ကံကြမ္မာတာအိုကို ကျွမ်းကျင်ပိုင်နိုင်ထားသဖြင့် ကွေ့ရွှီးနယ်မြေ ပွင့်လာသည့်အခါ မည်သည့်အခွင့်အရေးကိုမျှ သူ လက်လွတ်ခံမည် မဟုတ်ပေ။

‎

‎

‎ဒီတစ်ခါ ဘာလို့ အဲ့ဒီလူက တုပ်တုပ်မှမလှုပ်ရတာလဲ။

‎

‎

‎သူနဲ့ အရှင်သခင်ကြားက ဆက်ဆံရေးကို သူ သိသွားလို့များလား။ ပြီးတော့ ဒီတစ်ခေါက် ကွေ့ရွှီးနယ်မြေကို လာရင် ပစ်မှတ်ထားခံရမယ်ဆိုတာကိုပါ သူ သိနေလို့ အိမ်မှာပဲ နေနေတာလား။

‎

‎

‎ဒါပေမယ့် ဒါက လုံးဝကို မဖြစ်နိုင်တာပဲ!

‎

‎

‎နတ်ဆိုးဧကရာဇ်ကြီး၌ ထိုအရာကိုပင် တွက်ချက်နိုင်စွမ်းရှိလိမ့်မည်ဟု ရှာနာနတ်ဆိုးဧကရာဇ် လုံးဝ မယုံကြည်ပေ။

‎

‎

‎အကြိမ်ကြိမ် စဉ်းစားပြီးနောက် ထိုသူသည် ကံကောင်း၍ ဤဘေးအန္တရာယ်မှ လွတ်မြောက်သွားခြင်း ဖြစ်သည်ဟုသာ ကောက်ချက်ချနိုင်တော့သည်။

‎

‎

‎" နှမြောစရာပဲ "

‎

‎

‎ရှာနာနတ်ဆိုးဧကရာဇ်မှာ အနည်းငယ် မကျေမနပ် ဖြစ်နေမိ၏။ အကယ်၍ ထိုနတ်ဆိုးဧကရာဇ်ကြီးသာ ရောက်လာပြီး အရှင်သခင်၏ သိမ်းသွင်းခြင်းကို ခံလိုက်ရပါက သူသည် အရှင်သခင်၏ ပထမဆုံး အစေခံအဖြစ် ထိုသူ့ကို ဖိနှိပ်နိုင်ပေလိမ့်မည်။ ယခုမူ ဤအခွင့်အရေးကို သူ လက်လွတ်ရတော့မည်ပုံ ပေါ်နေပြီပင်။

‎

‎

‎" ဝုန်း! "

‎

‎

‎ရှာနာနတ်ဆိုးဧကရာဇ် အတွေးထဲ နစ်မျောနေစဉ်မှာပင် ဟွမ်သွမ့်ဂူပေါက်၌ ရုတ်တရက် အပြောင်းအလဲတစ်ခု ဖြစ်ပေါ်လာခဲ့၏။

‎

‎

‎ဟွမ်သွမ့်ဂူပေါက်ကို ဖုံးလွှမ်းနေသော နတ်ဆိုးချီများသည် နောက်ဆုံးတွင် အပြည့်အဝ ပျောက်ကွယ်သွားကာ ဟွမ်သွမ့်ဂူပေါက်၏ အစစ်အမှန် ရုပ်သွင်ကို ဖော်ထုတ်ပေးလိုက်လေသည်။

‎

‎

‎" ကွေ့ရွှီးနယ်မြေ ပွင့်ပြီ! "

‎

‎

‎ယောင်ဧကရာဇ်သည် အပြည့်အဝ ပွင့်ဟသွားသော ဟွမ်သွမ့်ဂူပေါက်ကို မော့ကြည့်လိုက်လျက် စိတ်လှုပ်ရှားစွာ ပြောဆိုလိုက်၏။

‎

‎

‎" ဟက်... ငါအရှင် အရင် သွားနှင့်မယ်! "

‎

‎

‎ကွေ့ရွှီးနယ်မြေ နောက်ဆုံးတွင် ပွင့်သွားသည်ကို မြင်သောအခါ ဆက်လက်၍ မအောင့်အည်းနိုင်တော့သော ချူးဧကရာဇ်သည် ချက်ချင်း ထရပ်ကာ ဟွမ်သွမ့်ဂူပေါက်ထဲသို့ ဝင်ရောက် ပျောက်ကွယ်သွားလေတော့သည်။

‎

‎

‎ကွေ့ရွှီးနယ်မြေ ပွင့်မည့်အချိန်ကို စောင့်ဆိုင်းနေရခြင်း မဟုတ်ပါက သူသည် ရှာနာနတ်ဆိုးဧကရာဇ်နှင့် အချိန်ကြာကြာ အတူနေလိုမည် မဟုတ်ပေ။

‎

‎

‎ယခု ကွေ့ရွှီးနယ်မြေ ပွင့်သွားပြီဖြစ်ရာ အချိန်မဆွဲလိုတော့သဖြင့် သူသည် ပထမဆုံး ဝင်ရောက်မည့် အခွင့်အရေးကို အရယူလိုက်ခြင်း ဖြစ်သည်။

‎

‎

‎" ဟီးဟီး... တာအိုမိတ်ဆွေတို့... ငါအရှင်လည်း သွားတော့မယ် "

‎

‎

‎ယောင်ဧကရာဇ်မှာ အနည်းငယ် ပြုံးလိုက်ကာ ဒုတိယမြောက်သူအဖြစ် ဝင်ရောက်သွားလေသည်။

‎

‎

‎" ကွေ့ရွှီးနယ်မြေ... ဒီတစ်ခေါက် ငါအရှင်အတွက် အသုံးဝင်မယ့် တစ်ခုခုကို ရှာတွေ့နိုင်ဖို့ မျှော်လင့်ပါတယ် "

‎

‎

‎ချီဖျန့်ဧကရာဇ်သည်လည်း ထရပ်လိုက်၍ ဟွမ်သွမ့်ဂူပေါက်ထဲသို့ မဝင်ရသေးသော ရှာနာနတ်ဆိုးဧကရာဇ်နှင့် ကုချန်တို့ကို တစ်ချက်ကြည့်ကာ ဝင်ရောက်သွားလေသည်။

‎

‎

‎" အရှင်သခင်... ကျွန်မလည်း သွားတော့မယ် "

‎

‎

‎ရှာနာနတ်ဆိုးဧကရာဇ်သည် ကုချန်ထံသို့ လျှို့ဝှက်စွာ ဝိညာဉ်သတင်းစကား ပေးပို့လိုက်ပြီးနောက် ချက်ချင်းပင် အနောက်မှလိုက်ကာ ဟွမ်သွမ့်ဂူပေါက်ထဲသို့ ဝင်ရောက်သွားလေသည်။

‎

‎

‎ရှာနာနတ်ဆိုးဧကရာဇ် ကွေ့ရွှီးနယ်မြေထဲသို့ ဝင်ရောက်သွားသောအခါ သူနှင့် အဆက်အသွယ် ပြတ်တောက်သွားကြောင်း ကုချန် ချက်ချင်း သိရှိလိုက်လေသည်။

‎

‎

‎ဒီကွေ့ရွှီးနယ်မြေက အဆုံးမဲ့ကမ္ဘာတွေ အားလုံးကနေ သီးခြား ကင်းလွတ်နေတဲ့ အံ့သြဖွယ် နေရာတစ်ခုဆိုတာ တကယ်ပဲလား။

‎

‎

‎ကုချန်မှာ တိတ်တဆိတ် အံ့အားသင့်သွားရလေသည်။

‎

‎

‎သူနှင့် ရှာနာနတ်ဆိုးဧကရာဇ်တို့ကြားရှိ ဝိညာဉ်ဆက်သွယ်မှုသည် အဆုံးမဲ့ကမ္ဘာများ အားလုံးကို ဖြတ်ကျော်၍ တစ်ယောက်၏ တည်ရှိမှုကို တစ်ယောက် ခံစားသိရှိနိုင်၏။

‎

‎

‎သို့သော် ရှာနာနတ်ဆိုးဧကရာဇ် ကွေ့ရွှီးနယ်မြေထဲသို့ ဝင်ရောက်သွားသောအခါ သူတို့၏ ဆက်သွယ်မှုများသည် လုံးဝ ပျောက်ကွယ်သွားကာ ဘာကိုမျှ ဆက်လက် ခံစားသိရှိနိုင်ခြင်း မရှိတော့ချေ။

‎

‎အခန်း ( ၅၁၂ ) - အဆက်အသွယ်ပြတ်တောက်ခြင်း၊ ရှောင်လင်ဧကရီထံမှ သတင်းနှင့် ကြယ်အကြွင်းအကျန် ယဇ်ပလ္လင်

‎

‎

‎

‎ကုချန်သည် သူ၏အတွေးများကို ထိန်းချုပ်လိုက်ပြီး နောက်ဆုံးတွင် ဟွမ်သွမ့်ဂူပေါက်ရှေ့သို့ ရောက်ရှိလာကာ ခြေတစ်လှမ်းလှမ်း၍ အထဲသို့ ဝင်ရောက်သွားလေသည်။

‎

‎

‎တစ်ချိန်တည်းမှာပင် အင်မော်တယ်နယ်မြေအတွင်း၌.....

‎

‎

‎ကုချန်၏ ပင်မခန္ဓာကိုယ်နှင့် သူ၏ တတိယကိုယ်ပွားတို့သည် တစ်ချိန်တည်းမှာပင် အံ့အားသင့်သည့် အမူအရာများကို ပြသလိုက်ကြ၏။

‎

‎

‎အဘယ်ကြောင့်ဆိုသော် သူ၏ပင်မခန္ဓာကိုယ်ရော တတိယကိုယ်ပွားပါ ဒုတိယကိုယ်ပွား၏ တည်ရှိမှုကို တစ်ပြိုင်နက်တည်း မခံစားနိုင်တော့သောကြောင့်ပင်။

‎

‎

‎ဤသည်မှာ ယခင်က တစ်ကြိမ်တစ်ခါမျှ မဖြစ်ဖူးခဲ့သော အရာဖြစ်သည်။

‎

‎

‎ကုချန်မှ "ချီတစ်ခုမှ သန့်စင်သူသုံးပါး ခွဲထွက်ခြင်း" နည်းလမ်းကို သင်ယူပြီး ကိုယ်ပွားနှစ်ခု ဖန်တီးခဲ့သည့် အချိန်မှစ၍ အဆုံးအစမဲ့ ကောင်းကင်ဘုံများက ခြားနားထားလျှင်တောင်မှ မည်သည့်အချိန်၊ မည်သည့်နေရာတွင်မဆို ပင်မခန္ဓာကိုယ်နှင့် ကိုယ်ပွားနှစ်ခုတို့သည် တစ်ယောက်နှင့်တစ်ယောက်၏ တည်ရှိမှုကို အမြဲတမ်း ခံစားသိရှိနိုင်ခဲ့သည်။

‎

‎

‎သို့သော် ယခု ဒုတိယကိုယ်ပွားသည် ဒဏ္ဍာရီလာ ကွေ့ရွှီးနယ်မြေထဲသို့ ဝင်ရောက်သွားပြီးနောက် ပင်မခန္ဓာကိုယ်၊ တတိယကိုယ်ပွားတို့နှင့် အဆက်အသွယ် ပြတ်တောက်သွားသည့်အလား ခြေရာလက်ရာမကျန် ပျောက်ကွယ်သွားလေသည်။

‎

‎

‎ထိုခံစားချက်မှာ ပထမဆုံးကိုယ်ပွားသည် ဤကျယ်ပြောလှသော ကောင်းကင်ဘုံကြီးအတွင်းတွင် ဆက်လက် တည်ရှိမနေတော့ဘဲ အခြားသော လုံးဝ ကွဲပြားခြားနားသည့် ကောင်းကင်နှင့် မြေကြီးတစ်ခုဆီသို့ ထွက်ခွာသွားသကဲ့သို့ ဖြစ်နေသည်။

‎

‎

‎" တစ်ခုခုတော့ ထူးဆန်းနေတယ်..... "

‎

‎

‎ကုချန်၏ ပင်မခန္ဓာကိုယ်မှ တီးတိုး ရေရွတ်လိုက်၏။

‎

‎

‎ကိုယ်ပွားမှ ပင်မခန္ဓာကိုယ်နှင့် အဆက်အသွယ် မရနိုင်ခြင်း ဆိုသည်မှာ သူသည် ပင်မခန္ဓာကိုယ်နှင့် ကိုယ်ပွား၏ တိုက်ခိုက်ရေးစွမ်းရည်များကို ပေါင်းစပ်ရန် "ချီတစ်ခုမှ သန့်စင်သူသုံးပါး ခွဲထွက်ခြင်း" နည်းလမ်းကို အသုံးမပြုနိုင်တော့ကြောင်း ဆိုလိုခြင်းပင်။

‎

‎

‎ယင်းရလဒ်အနေဖြင့် နတ်ဆိုးဧကရာဇ်အဆင့်ကို ရင်ဆိုင်ရာတွင် သူ၏ အကြီးမားဆုံး တိုက်ကွက်ကို ဆုံးရှုံးသွားရလေသည်။

‎

‎

‎နတ်ဆိုးနယ်မြေတွင်ရှိသော သူ၏ ဒုတိယကိုယ်ပွားသည် နတ်ဆိုးဧကရာဇ်အဆင့်သို့ပင် မရောက်သေးချေ။

‎

‎

‎ကံကောင်းထောက်မစွာဖြင့် ယခင် တံခါးပိတ်ကျင့်ကြံမှု နှစ်ကြိမ်ပြီးနောက် ဒုတိယကိုယ်ပွား၏ တိုက်ခိုက်ရေးစွမ်းရည်နှင့် အဆင့်သည် အင်မော်တယ်ဘုရင်အဆင့်၏ အထွတ်အထိပ်သို့ ရောက်ရှိလာခဲ့ပြီး ဧကရာဇ်တစ်ပိုင်းအဆင့်သို့ ရောက်ရှိလာခဲ့သည်။

‎

‎

‎"ချီတစ်ခုမှ သန့်စင်သူသုံးပါး ခွဲထွက်ခြင်း" ၏ ပေါင်းစပ်အာနိသင် မရှိလျှင်တောင်မှ "ကောင်းကင်ဘုံအလုံးစုံ အမှန်တရား နားလည်ခြင်း" ၏ အားဖြည့်မှုဖြင့် ဒုတိယကိုယ်ပွား၏ တိုက်ခိုက်ရေးစွမ်းရည်သည် နတ်ဆိုးဧကရာဇ်အဆင့် တည်ရှိမှုတစ်ခုနှင့် 'ယှဉ်ပြိုင်' နိုင်ကာ မိမိကိုယ်ကို ကာကွယ်နိုင်စွမ်း ရှိပေသည်။

‎

‎

‎ထို့အပြင် သတင်းကောင်းမှာ သူတစ်ယောက်တည်းသာ ကွေ့ရွှီးနယ်မြေထဲသို့ ဝင်ရောက်သွားခြင်း မဟုတ်ဘဲ ရှာနာနတ်ဆိုးဧကရာဇ်လည်း ရှိနေခြင်းပင်ဖြစ်သည်။

‎

‎

‎ကွေ့ရွှီးနယ်မြေထဲတွင် ရှာနာနတ်ဆိုးဧကရာဇ်နှင့် သူ၏ကိုယ်ပွားတို့ အဆက်အသွယ် ရကောင်း ရနိုင်ပေလိမ့်မည်။ ကိုယ်ပွားနှင့် ရှာနာနတ်ဆိုးဧကရာဇ် အမြန်ဆုံး ပြန်လည် ပေါင်းဆုံနိုင်ပါက ရှာနာနတ်ဆိုးဧကရာဇ်၏ အကာအကွယ်ဖြင့် သူ၏ ဒုတိယကိုယ်ပွား၏ လုံခြုံရေးသည် အတိုင်းအတာတစ်ခုအထိ အာမခံချက် ရှိပေလိမ့်မည်။

‎

‎

‎ကုချန်၏ ပင်မခန္ဓာကိုယ်သည် ကိုယ်ပွား၏ ကွေ့ရွှီးနယ်မြေ ခရီးစဉ် ချောမွေ့ပါမည်လားဟု တွေးတောနေစဉ်မှာပင် သူ၏ ဆံပင်များကြားမှ လင်းလက်တောက်ပသော ကြယ်ရောင်တစ်စ ရုတ်တရက် ကျဆင်းလာကာ တစ်ချိန်တည်းမှာပင် ကြယ်ရောင်ထဲမှ အေးစက်သော အသံတစ်ခု ထွက်ပေါ်လာလေသည်။

‎

‎

‎" အချိန်ကျပြီ... ဝိညာဉ်တစ်သောင်း တာအိုကျမ်း ရှိနေတဲ့ တည်နေရာ အတိအကျကို ဒီကြယ်ရောင်ထဲမှာ မှတ်တမ်းတင်ထားတယ်... မင်းရဲ့ နတ်ဘုရားဝိညာဉ်နဲ့ စူးစမ်းကြည့်လိုက်ရုံနဲ့ အဲ့ဒါတွေကို မြင်နိုင်ပါလိမ့်မယ် "

‎

‎

‎ထိုအသံမှာ ရှောင်လင်ဧကရီ၏ အသံဖြစ်သည်။ ဝိညာဉ်တစ်သောင်း တာအိုကျမ်း၏ တည်နေရာ အတိအကျကို နောက်ဆုံးတွင် သူ အပြည့်အဝ ခံစားသိရှိသွားပြီဖြစ်သည်။

‎

‎

‎" ကောင်းပြီ "

‎

‎

‎ကုချန်၏မျက်လုံးများတွင် ထက်ရှသော အလင်းရောင်တစ်ချက် လင်းလက်သွားကာ ဖြည်းညင်းစွာ ခေါင်းညိတ်လိုက်၏။ ထို့နောက် ကြယ်ရောင်ထဲသို့ နတ်ဘုရားအာရုံ အနည်းငယ် ပို့လွှတ်လိုက်ရာ အဆုံးအစမဲ့ ဝေးကွာသော နေရာတစ်ခုမှ အရာတစ်ခုက သူ့ကို ခေါ်ဆောင်နေသကဲ့သို့ ချက်ချင်း ခံစားလိုက်ရသည်။

‎

‎

‎ထိုနေရာ၏ တည်နေရာကို ခံစားသိရှိလိုက်ရသောအခါ ကုချန်၏ မျက်လုံးများထဲတွင် အံ့အားသင့်မှု အနည်းငယ် မပေါ်လာဘဲ မနေနိုင်ခဲ့ချေ။

‎

‎

‎အဘယ်ကြောင့်ဆိုသော် ရှောင်လင်ဧကရီ ပေးလိုက်သော နေရာသည် အင်မော်တယ်နယ်မြေတွင် ရှိနေပုံမရဘဲ အဆုံးမဲ့ကမ္ဘာများအတွင်း၌သာ ဖြစ်နေသည်ကို သူ မှိန်ဖျော့ဖျော့ ခံစားခဲ့ရသောကြောင့်ပင်။

‎

‎

‎" အောက်ဘုံမှာလား "

‎

‎

‎ကုချန်၏အတွေးများမှာ လှုပ်ရှားသွားကာ ယွဲ့လင်ကောင်းကင်ဘုံ၏ နယ်စပ်ရှိ ခမ်းနားကြီးကျယ်လှသော အင်မော်တယ်ဂိတ်တံခါးရှေ့သို့ ရောက်ရှိသွား၏။ ထို့နောက် အင်မော်တယ်ဘုရင် အမှတ်အသားကို အသုံးပြု၍ အင်မော်တယ်ဂိတ်တံခါးကို ဖွင့်ကာ အဆုံးမဲ့ကမ္ဘာများအတွင်းသို့ တိတ်တဆိတ် ဝင်ရောက်သွားလေသည်။

‎

‎

‎အဆုံးမဲ့ကမ္ဘာသို့ ရောက်ရှိလာသောအခါ သူ့ကို ခေါ်ဆောင်နေသည့် ခံစားချက်မှာ ပိုမို ပြင်းထန်လာခဲ့၏။

‎

‎

‎ကုချန်သည် မျက်လုံးများကို မှိတ်ကာ တစ်ခဏမျှ အာရုံခံလိုက်ရာ ထိုနေရာသည် ဟွမ်သွမ့်ပင်လယ်၏ အနက်ရှိုင်းဆုံးနေရာတွင် ဖြစ်နေကြောင်း တွေ့ရှိလိုက်ရသည်။

‎

‎

‎ထို့ကြောင့် သူသည် အချိန်မဆွဲတော့ဘဲ အဆုံးမဲ့ကမ္ဘာမှ ချက်ချင်း ထွက်ခွာကာ ဟွမ်သွမ့်ပင်လယ်၏ အနက်ရှိုင်းဆုံးဆီသို့ ဦးတည်သွားလေတော့သည်။

‎

‎

‎...

‎

‎

‎ကုချန်၏ ပင်မခန္ဓာကိုယ်မှ ရှောင်လင်ဧကရီပေးလိုက်သော နေရာအတိုင်း ဝိညာဉ်တစ်သောင်း တာအိုကျမ်း၏ တည်နေရာကို ရှာဖွေနေချိန်၌ ကုချန်၏ ဒုတိယကိုယ်ပွားသည် အလွန်အမင်း ထူးဆန်းသော ကမ္ဘာတစ်ခုတွင် သူ့ကိုယ်သူ တွေ့ရှိလိုက်ရ၏။

‎

‎

‎ဤသည်မှာ ပျက်စီးနေသော စကြဝဠာကြီး တစ်ခုဖြစ်သည်။

‎

‎

‎ကြယ်များအားလုံး ငြိမ်းသတ်သွားကာ အလင်းရောင် တစ်စက်မျှပင် မရှိတော့ချေ။

‎

‎

‎ဗလာနတ္ထိဖြစ်လျက် မှောင်မိုက်နေသော စကြဝဠာထဲတွင် မရေမတွက်နိုင်သော ကြယ်အလောင်းကောင်များသာ မလှုပ်မယှက် ကျန်ရစ်နေပြီး လုံးဝ တိတ်ဆိတ်နေလေသည်။

‎

‎

‎ဤနေရာသည် သက်ရှိဟူ၍ လုံးဝမရှိတော့သည့် 'သေဆုံး' နေသော စကြဝဠာကြီး တစ်ခုနှင့် တူနေ၏။ ဤစကြဝဠာအတွင်းရှိ အဆုံးမဲ့တာအိုများပင်လျှင် ပျက်စီးယိုယွင်းခြင်းနှင့် ဆုတ်ယုတ်ကျဆင်းခြင်း အရိပ်အယောင်များကို သယ်ဆောင်နေလေသည်။

‎

‎

‎ကုချန်မှ သူ၏နတ်ဘုရားအာရုံကို အနည်းငယ် ဖြန့်ကျက်လိုက်ရုံဖြင့် ဤစကြဝဠာထဲတွင် သူတစ်ဦးတည်းသာ သက်ရှိဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့သည်။ သူမှလွဲ၍ သက်ရှိအရိပ်အယောင် တစ်ခုမျှပင် မရှိတော့ချေ။

‎

‎

‎တစ်ချိန်တည်းမှာပင် သူသည် သူ၏ ပင်မခန္ဓာကိုယ်၊ တတိယကိုယ်ပွားတို့နှင့် အဆက်အသွယ် လုံးဝ ပြတ်တောက်သွားကြောင်းကိုလည်း ခံစားလိုက်ရသည်။

‎

‎

‎" ဒီကွေ့ရွှီးနယ်မြေက တကယ်ကို ကြောက်စရာကောင်းတယ် "

‎

‎

‎ကုချန်သည် လေးနက်‌မှုများ ပါဝင်သော လေသံဖြင့် တီးတိုး ရေရွတ်လိုက်၏။

‎

‎

‎ပင်မခန္ဓာကိုယ်၊ တတိယကိုယ်ပွားတို့နှင့် အဆက်အသွယ် ပြတ်တောက်သွားကြောင်း သိရှိပြီးနောက် ကုချန်သည် သူ၏ ခန္ဓာကိုယ်သုံးခုကို ပေါင်းစည်းနိုင်ခြင်း ရှိမရှိ သိနိုင်ရန် "ချီတစ်ခုမှ သန့်စင်သူသုံးပါး ခွဲထွက်ခြင်း" ကို အသုံးပြုရန် ကြိုးစားကြည့်ခဲ့သည်။

‎

‎

‎သို့သော် ရလဒ်မှာတော့ သူ့ကို စိတ်ပျက်စေခဲ့၏။ ယခင်က အဆုံးအစမဲ့ ကောင်းကင်ဘုံများကို ဖြတ်ကျော်၍ပင် အလွယ်တကူ အသုံးပြုနိုင်ခဲ့သော "ချီတစ်ခုမှ သန့်စင်သူသုံးပါး ခွဲထွက်ခြင်း" နည်းလမ်းသည် ယခုအခါ လုံးဝ အသုံးပြု၍ မရတော့ချေ။

‎

‎

‎သို့သော် တစ်ခုတည်းသော သတင်းကောင်းမှာ ကွေ့ရွှီးနယ်မြေထဲသို့ ဝင်ရောက်ပြီးနောက် ရှာနာနတ်ဆိုးဧကရာဇ်နှင့် သူ၏ ဝိညာဉ်ဆက်သွယ်မှုကို ပြန်လည်ရရှိခဲ့ကြောင်း တွေ့ရှိရခြင်းဖြစ်သည်။

‎

‎

‎သို့သော် ရှာနာနတ်ဆိုးဧကရာဇ်ကို ကိုယ်စားပြုသော ဝိညာဉ်အလင်းစက်လေးမှာ သူနှင့် အလွန်အမင်း ဝေးကွာနေ၏။ ရှာနာနတ်ဆိုးဧကရာဇ်၏ တည်နေရာ အကြမ်းဖျင်းကိုသာ မှိန်ဖျော့ဖျော့ ခံစားသိရှိနိုင်ပြီး အခြေခံအကျဆုံး ဝိညာဉ်ဆက်သွယ်မှုကိုပင် လုပ်ဆောင်၍ မရနိုင်ချေ။

‎

‎

‎ဤကွေ့ရွှီးနယ်မြေထဲတွင် ရှာနာနတ်ဆိုးဧကရာဇ်နှင့် သူ၏ဆက်သွယ်မှုကို ပိတ်ဆို့နေသော ရှင်းပြ၍မရသည့် စွမ်းအားတစ်ခု ရှိနေပုံရသည်။

‎

‎

‎ကံကောင်းထောက်မစွာဖြင့် ကွေ့ရွှီးနယ်မြေထဲသို့ မဝင်ရောက်မီနှင့် ကွေ့ရွှီးနယ်မြေထဲ ရောက်ပြီးနောက် သူ၏တည်နေရာကို ခံစားသိရှိနိုင်ပါက ချက်ချင်း လာရောက်ရန် ရှာနာနတ်ဆိုးဧကရာဇ်ကို သူ မှာကြားထားခဲ့ပြီးဖြစ်သည်။

‎

‎

‎သို့သော် ကွေ့ရွှီးနယ်မြေသည် အဆုံးအစမဲ့ အန္တရာယ်များဖြင့် ပြည့်နှက်နေ၏။ ရှာနာနတ်ဆိုးဧကရာဇ်မှ အစွမ်းကုန် ကြိုးစား၍ လာမည်ဆိုလျှင်တောင် လမ်းခရီးတွင် အချိန်များစွာ ယူရပေလိမ့်မည်။ အကယ်၍ လမ်းခုလတ်တွင် တားမြစ်နယ်မြေ တစ်ခုခု သို့မဟုတ် အန္တရာယ် တစ်ခုခုကြောင့် နှောင့်နှေးသွားပါက နှစ်ရာပေါင်းများစွာပင် ကြာမြင့်သွားနိုင်ချေရှိသည်။

‎

‎

‎ထို့ကြောင့် ရှာနာနတ်ဆိုးဧကရာဇ်ကို ကိုယ်စားပြုသော အလင်းစက်လေးသည် သူ့ဆီသို့ ဖြည်းညင်းစွာ ရွေ့လျားလာနေကြောင်း အတည်ပြုပြီးနောက် ကုချန်သည် အာရုံပျံ့လွင့်စေသော အတွေးများကို ဘေးဖယ်ထားလိုက်ကာ သူရောက်ရှိနေသော ပျက်စီးနေသည့် စကြဝဠာကို စတင် စူးစမ်းလေ့လာလိုက်လေသည်။

‎

‎

‎သူသည် သူ၏နတ်ဘုရားအာရုံကို ဖြန့်ကျက်ပြီး ဤပျက်စီးနေသော စကြဝဠာထဲတွင် သက်ရှိဟူ၍ လုံးဝမရှိတော့ကြောင်း အတည်ပြုပြီးဖြစ်သည်။

‎

‎

‎သို့သော် တစ်ချိန်တည်းမှာပင် ဤစကြဝဠာအတွင်း၌ 'လျှို့ဝှက်ဆန်းကြယ်သော' နေရာတစ်ခုကိုလည်း ရှာတွေ့ခဲ့သည်။

‎

‎

‎၎င်းမှာ ဤပျက်စီးနေသော စကြဝဠာထဲတွင် တစ်ချိန်က နေထိုင်ခဲ့ကြသည့် သက်ရှိများ ချန်ရစ်ထားခဲ့သော အကြွင်းအကျန်များ ဖြစ်ပုံပင်။

‎

‎

‎ဤကွေ့ရွှီးနယ်မြေထဲတွင်လည်း သက်ရှိများ ရှိနေခဲ့သည်လော။

‎

‎

‎သို့မဟုတ် ဤပျက်စီးနေသော စကြဝဠာသည် အကြောင်းအရင်း တစ်ခုခုကြောင့် ဤကွေ့ရွှီးနယ်မြေထဲသို့ မတော်တဆ ဝင်ရောက်လာခဲ့ကာ ၎င်း၏နေထိုင်သူများ အားလုံး လုံးဝ မျိုးတုံးပျောက်ကွယ်သွားရခြင်း ဖြစ်မည်လော။

‎

‎

‎ကုချန်၏အတွေးများမှာ ရှုပ်ယှက်ခတ်နေသော်လည်း ညင်သာစွာ ခြေလှမ်းလိုက်လျက် ပျက်စီးနေသော စကြဝဠာ၏ ဗဟိုဆီသို့ ရောက်ရှိသွားခဲ့၏။ ထိုနေရာသည် ယခင်က သူ ထူးခြားမှုကို ခံစားမိခဲ့သည့် နေရာပင်ဖြစ်သည်။

‎

‎

‎အေးစက်၍ တိတ်ဆိတ်နေသော စကြဝဠာ လေဟာနယ်အတွင်း တိုင်းတာ၍မရနိုင်လောက်အောင် ကျယ်ပြောလှသော တိုက်ကြီးတစ်ခု တိတ်ဆိတ်စွာ မျောလွင့်နေလေသည်။

‎

‎

‎အနီးကပ် ကြည့်လိုက်သောအခါ ထိုအရာမှာ ဘယ်လိုလုပ် တိုက်ကြီးတစ်ခု ဖြစ်နိုင်မည်နည်း။ ၎င်းမှာ မရေမတွက်နိုင်သော ကြယ်အလောင်းကောင်များ စုပေါင်းထားသည့် အရာဖြစ်ကြောင်း ရှင်းလင်းနေ၏။

‎

‎

‎မရေမတွက်နိုင်သော ကြယ်အလောင်းကောင်များ ပေါင်းဆုံကာ ဤဧရာမ ကုန်းမြေကြီးကို ဖန်တီးထားခြင်း ဖြစ်သည်။

‎

‎

‎ထိုအဆုံးအစမဲ့သော ကြယ်အကြွင်းအကျန်များပေါ်တွင် မရေမတွက်နိုင်သော ကြယ်အလောင်းကောင်များ စုပုံကာ တည်ဆောက်ထားသည့် ရှေးဟောင်း ယဇ်ပလ္လင်တစ်ခု မားမားမတ်မတ် ရပ်တည်နေလေသည်။

‎

All Chapters