← Chapters

ရုတ်ခြည်းအဖြစ်အပျက်

Vol. 12 Ch. 1148

ရုတ်ခြည်းအဖြစ်အပျက်

Vol. 12 Ch. 1148

အစောင့်အရှောက်ဝိညာဥ်ထွက်သွားပြီးနော် အဆင့်မှာ တစတစပျောက်ကွယ်လာပြီး ပိုင်ရှောင်ချန်းက ယပ်တောင်အစုတ်ကြီးအပေါ် ပြန်၍တည်နေရာရွှေ့ပြောင်းခံလိုက်ရသဖြင့် အေးစက်စက်နှာမှုတ်လိုက်သည်။

" အဲဒီ အစောင့်အရှောက်ဝိညာဥ်က ထိန်းချုပ်တဲ့သူမရှိဘဲနေတာ ကြာပြီ။ ဘယ်လောက်ရိုင်းစိုင်းလိုက်လဲ။ နောက်ကျရင် သူ့ကို နည်းနည်းပါးပါး ကြပ်မတ်ပေးရမယ်"

သူက ထိုသုံးသပ်ချက်အားတွေးသည်နှင့်အမျှ ပို၍မှန်ကန်သည့် ပုံပေါ်လာတော့သည်။ ထိုမျှသာမက ယခုလောလောဆယ်တွင် အစောင့်အရှောက်ဝိညာဥ် နိုးနေကြောင်း သိ၍ နောက်ထပ်အဆင့်များထပ်စိန်ခေါ်ရန်မှာ အကြံကောင်းဖြစ်သည့်ပုံမပေါ်ပေ။

" နောက်ထပ်တစ်လ စောင့်လိုက်မယ်။ အဲ့အချိန်ကျ သူ အိပ်ပျောက်နေလောက်တယ်။ ဒါဆို ငါပြန်ဝင်နိုင်ပြီ "

သူ၏အတွေးစများက ထိုနေရာကိုရောက်သော် သူက ယွမ်ဟိုင်စီရင်စုကို မပြန်ခင် နောက်ဆုံးတစ်ခေါက် ဝေ့ဝိုက်ကြည့်လိုက်သည်။

ယခု ရွှမ်ကျုံးပြည်နယ်ရှိ မတော်တဆမှုပြီးကတည်းက တစ်နှစ်နီးပါး ကုန်ဆုံးသွားခဲ့ပြီ ဖြစ်သည်။ ယွမ်ဟိုင်စီရင်စုသည် ကောင်းကင်တံတားကျင့်ကြံသူများ တသဲသဲရောက်လာကြသဖြင့် ပို၍စည်ကားသောနေရာတစ်နေရာဖြစ်လာကာ နေ့စဥ်နှင့်အမျှ တိုးတက်လာလေသည်။

မဟာကောင်းကင်သခင်နှင့် သရဲကြီးဘုရင်တို့နှစ်ယောက်လုံးမှာ သူတို့၏စိတ်ကူးများ အကောင်အထည်ပေါ်လာသဖြင့် ဂုဏ်ယူပြီးစိတ်လှုပ်ရှားနေကာ ပိုင်ရှောင်ချန်းမှာလည်း ထိုနည်းတူပင် ဖြစ်ပေသည်။

သူက ယပ်တောင်အစုတ်ကြီးရှိ အဆင့်များကို စိန်ခေါ်ခြင်းမှ ခဏအနားယူထားသဖြင့် စီရင်စုရှိ ကိစ္စရေးရာများကို စီမံခန့်ခွဲရန် မဟာကောင်းကင်သခင်၊ သရဲကြီးဘုရင်တို့နှင့်အတူ အလုပ်လုပ်ရင်း သူ၏အချိန်အများစုကို ကုန်ဆုံးလေသည်။ မကြာခင် တစ်လကုန်လွန်သွား၏။

ပိုင်ရှောင်ချန်းက ယပ်တောင်ထံ ပြန်သွားရန် တွေးနေချိန်မှာပင် အလွန်ထူးဆန်းသောအရာတစ်ခု ဖြစ်ပွားလာလေသည်။

မိစ္ဆာဧကရာဇ်နိုင်ငံတော် ထိန်းချုပ်သော မြောက်ပိုင်းစီရင်စုလေးစုတွင် ညတွင်းချင်း ပင့်ကူအိမ်များ ပေါ်ပေါက်လာလေသည်။ ရွှမ်ကျုံး ပြည်နယ်တွင် ဖြစ်ခဲ့အတိုင်းပင်။ ခြားနားချက်က နောက်ဆုံးတစ်ခေါက်က ပြည်နယ်တစ်ခုသာ သက်ရောက်ခံခဲ့ရသော်လည်း. ... ဤတစ်ကြိမ်တွင် မြောက်ပိုင်းစီရင်စုလေးစုရှိ ပြည်နယ်ဆယ့်ခြောက်ခုလုံး ဘယ်သူမှ တုံ့ပြန်ရန် အခွင့်အရေးပင် မရလိုက်ခင် အလွန်လျင်မြန်စွာ ဖြစ်ပျက်သွားခြင်း ဖြစ်ပေသည်။

ဖုံးလွှမ်းသွားသော နေရာများမှ ထွက်ပြေးရန်သော်လည်းကောင်း၊ သတိပေးစာများ ပေးပို့ရန်သော်လည်းကောင်း တစ်ယောက်မှ အခွင့်အရေး မရလိုက်ပေ။ တစ်ညတည်းနှင့် မြောက်ပိုင်းစီရင်စုလေးစုလုံး သုဿန်တစပြင် ဖြစ်သွားတော့သည်။

ကောင်းကင်ဧကရာဇ် ကျဲ့တိ ထွက်သွားခြင်းနှင့်အတူ ပတ်ဝန်းကျင်ကို စောင့်ကြည့်ရန် အခြားမည်သည့်ကောင်းကင်ဧကရာဇ်တစ်ပါးမှ မကျန်ခဲ့ခြင်းကြောင့် ညတွင်းချင်း ဖြစ်ပျက်သွားခဲ့ပေသည်။

ပိုင်ရှောင်ချန်းကို ထိတ်လန့်တုန်လှုပ်သွားစေခဲ့သည်က သူသည် ယွမ်ဟိုင်စီရင်စုတွင်ရှိနေ၍ အလွန်နီးကပ်ပြီး စူးရှသော ကောင်းကင်ဧကရာဇ်အဆင့်အာရုံရှိသည့်တိုင်အောင် ဖြစ်ပျက်နေသောအရာတစ်ခုကိုမှ သူ မသိခဲ့ခြင်းပင် ဖြစ်သည်။

ပင့်ကူအိမ်များ အပြည့်အဝပေါ်လာပြီးနောက်တွင်မှ ကောင်းကင်နှင့်မြေပြင်တွင် ပုပ်သိုးဆွေးမြည့်နေသည့်အာရုံတစ်ခုအလား သက်စောင့်အားများ စုပ်ယူနိုင်သော ရင်းနှီးသော မကောင်းဆိုးဝါးအရှိန်အဝါဖြင့် ပြည့်နှက်သွားကြောင်း ရုတ်ချည်း သတိထားမိလိုက်လေသည်။

ရွှမ်ကျုံး ပြည်နယ်တွင် သူ ကိုယ်တိုင်ကိုယ်ကျ ထိပ်တိုက်တွေ့ခဲ့သည့်အရှိန်အဝါပင်။

သို့ထိတိုင် ကပ်ဘေးကြီးကား ဆက်လက်ဖြစ်တည်လာ၏။ ကြည့်ရသရွေ့ ထိုမြောက်ပိုင်းစီရင်စုလေးစုသာ အကန့်အသတ်ဖြစ်ပုံမရပေ။ ပိုင်ရှောင်ချန််းက အရှိန်အဝါကို သတိထားမိလိုက်သည်နှင့်တစ်ပြိုင်နက် ပင့်ကူအိမ်များ ယွမ်ဟိုင်စီရင်စုတွင် ပေါ်ပေါက်လာခဲ့ပြိီဖြစ်ကြောင်း သဘောပေါက်လိုက်သည်။

သူက တုန်လှုပ်သွားသဖြင့် ချက်ချင်းပင် ယပ်တောင်အစုတ်ကြီးထံသွားရန် အတွေးများအားလုံးကို ခေါင်းထဲက ထုတ်ပြီး ထိုအစား နယ်စပ်ထံ အလောသုံးဆယ်သွားလိုက်၏။ ထိုအချိန်တွင် မဟာကောင်းကင်သခင်နှင့် သရဲကြီးဘုရင်မှာ ဖြစ်ပျက်နေသည့်အရာနှင့်ပတ်သက်၍ သတင်းရနေပြီးဖြစ်သဖြင့် နှစ်ယောက်လုံး မှင်သက်သွားလေသည်။

သတင်းကား ဒုတိယအင်မော်တယ်နယ်မြေတစ်လျှောက် လျင်မြန်စွာ ပျံ့နှံ့သွားရာ အံ့သြတကြီးဖြစ်သွားစေတော့သည်။ ၄င်းက အမှန်ဖြစ်ကြောင်း မယုံကြည်ရဲသည့် လူများပင် ရှိလေသည်။

၄င်းက စီရင်စုလေးစုလုံး ပါဝင်ပတ်သက်နေသည့် ကိစ္စတစ်ခုဖြစ်သည် ... မဟုတ်ပါလော။

ထိုစီရင်စုလေးစုတွင် ကောင်းကင်ဧကရာဇ်မရှိသော်လည်း မရေမတွက်နိုင်သော အဆင့်နိမ့်ကျင့်ကြံသူများကို မဆိုထားဘိ နတ်ဘုရားတစ်ပိုင်းအဆင့်ပညာရှင် ဒါဇင်များစွာနှင့် နတ်အဆင့်ကျင့်ကြံသူရာချီရှိသည်။ စုစုပေါင်းလျှင် သူတို့သည် ဒုတိယအင်မော််တယ်နယ်မြေတစ်ခုလုံး၏ သုံးပုံတစ်ပုံနီးပါး ဖြစ်လေသည်။

ကျင့်ကြံသူများစွာနှင့် အစွမ်းထက်ပညာရှင်များစွာ တစ်ယောက်မှ မလွတ်မြောက်နိုင်သည့်အပြင် သတင်းများ မပေးပို့နိုင်ဘဲ ညတွင်းချင်း ရုတ်တရက် ပျောက်သွားသည်မှာ ဒုတိယအင်မော်တယ်နယ်မြေရှိ လူတိုင်း၏ နှလုံးသားများအတွင်းသို့ အကြောက်တရားများ ရိုက်ထည့်လိုက်သည့် ထိတ်လန့်ချောက်ချားဖွယ် အဖြစ်အပျက်ကြိီးတစ်ခု ဖြစ်သည်။

ပင့်ကူအိမ်များ ကျယ်ပြန့်လာသဖြင့် မတော်တဆမှုများ ဆက်လက်ဖြစ်နေ၏။ ပိုင်ရှောင်ချန်းက နယ်စပ်ကို ရောက်သွားသည့်အချိန်တွင် ညနေစောင်းခါနီးနေလေပြီ။ ပင့်ကူအိမ်ကြီးကား ယွမ်ဟိုင်စီရင်စုရှိ နေရာမျိုးစုံတွင် ပေါ်ပေါက်လာရင်း သိသိသာသာ ကျယ်ပြန့်လာလေသည်။

မဟာကောင်းကင်သခင်၊ သရဲကြီးဘုရင်နှင့် ကျိုးရီရှင်းတို့အားလုံး စိတ်ပျက်လက်ပျက် ဝေ့ဝိုက်ကြည့်လိုက်ကြသည့်တိုင် ပိုင်ရှောင်ချန်းက အမှန်တကယ်ပင် သူတို့ထက် ပို၍ စိုးရိမ်နေ၏။ သူသည် ရွှမ်ကျုံးပြည်နယ်တွင် မည်သည့်အရာအခြေချခဲ့သည်ကို ကိုယ်တိုင်မြင်တွေ့ခဲ့ရ၍ သူ၏မျက်လုံးများ ပိတ်ပြီး ထိုအရာအားလုံးကို ပြန်တွေးလိုက်သည်တွင် ယွမ်ဟိုင်စီရင်စု၌ ထိုသို့ဖြစ်ပျက်ခွင့်မပေးနိုင်ကြောင်း ပို၍ခိုင်မာသွားစေတော့သည်။

" ချီးတဲ့မှပဲ … သူတော်စင်ဧကရာဇ်နဲ့ မိစ္ဆာဧကရာဇ် ဘာဖြစ်ချင်နေတာလဲ "

ပိုင်ရှောင်ချန်းမှာ အလွန်လျင်မြန်သော အမြန်နှုန်းဖြင့် ပြန့်ကားလာသော ပင့်ကူအိမ်ကြီးကြောင့် အသက်မှန်မှန်မရှူနိုင်တော့ဘဲ ထိုသို့ အားကိုးရာမဲ့သောအခြေအနေကြီးတွင် သူ၏မျက်နှာမှာ ဖြူဆုတ်နေတော့သည်။

သူသည် အလယ်ပိုင်းကောင်းကင်ဧကရာဇ်အဆင့်တွင် ဖြစ်ပြီး မြောက်ပိုင်း၏ မဟာဓားကြီးလည်း ရှိလျှင်တောင်မှ ထိုဥအိတ်ကြီးက ထွက်လာခဲ့သည့် မည်သည့်အရာမဆို လက်ဖဝါးတစ်ချက်ဖြင့် ရွှမ်ကျုံး ပြည်နယ်တစ်ခုလုံးကို ဖျက်စီးနိုင်လေသည်။ ပိုင်ရှောင်ချန်း ပြောနိုင်သည်မှာ လောကနတ်ဘုရားတစ်ပါးသာ ထိုစွမ်းအားအဆင့်ကို ရင်ဆိုင်နိုင်မည် ဖြစ်သည်။

ပိုင်ရှောင်ချန်းသည် မြောက်ပိုင်းစီရင်စုလေးစုတွင် တစ်ခုမှ အသက်လုံးလုံး ရှိတော့မဟုတ်ကြောင်း မှန်းဆထားနိုင်ပြိီးဖြစ်သည်။ သူက မျက်လုံးများ ရဲရဲနီလျက် ပင့််ကူအိမ်ကြီး ပြန့်ကားလာခြင်းမှ ဟန့်တားရန်အလို့ငှာ မန္တန်ဝင်္ကပါတစ်ခု နေရာချရန် ကြိုးစားလိုက်သည်။

ကံဆိုးစွာပင် သူ၏ မန္တန်ဝင်္ကပါက သန်မာခဲ့လျှင်တောင်မှ ပင့်ကူအိမ်ကြီးအား ရင်ဆိုင်ရာတွင် ကြေမွေပျက်စီးသွားဦးမည်ဖြစ်သည်။ ၄င်းသည် မြေပြင်များအား ခဲရောင်ပြောင်းစေကာ တောင်တန်းများ ပြိုကျ၍ မြစ်ချောင်းများ ခမ်းခြောက်ပြီး အပင်များ ညှိုးနွမ်းခြောက်သွေ့သွားစေလျက် ယွမ်ဟိုင်စီရင်စု၏ အပိိုင်းများစွာကို ဖုံးလွှမ်းနေပြီး ဖြစ်သည်။ အရာရာတိုင်းမှာ ဖုန်များအဖြစ် ပြုန်းတီးနေလေပြီ။

" ရှောင်ချန်း ငါတို့ လူတွေကို ခေါ်ပြီး ထွက်သွားရမယ်။ ဒါက ငါတို့ရဲ့ တစ်ခုတည်းသော ရွေးချယ်စရာပဲ "

မဟာကောင်းကင်သခင်သည် ယွမ်ဟိုင်စီရင်စု၏ တိုးတက်မှုအတွက် သွေးချွေးမျက်ရည်များ ပေးဆပ်ထားခဲ့ရ၍ ဤကဲ့သို့ စကားများပြောလိုက်သည့်အတွက် သူ့နှလုံးသားမှာ သွေးစိမ်းရှင်ရှင်ကျနေပြီဖြစ်သည်။

သရဲကြီးဘုရင်က အံတင်းတင်းကြိတ်၍ ထပ်လောင်းပြောဆိုလိုက်သည်။

" ရှောင်ချန်း၊ မဟာကောင်းကင်သခင်ပြောတာ မှန်တယ်။ ထွက်သွားတာကပဲ တစ်ခုတည်းသော ရွေးချယ်စရာပဲ။ မိစ္ဆာဧကရာဇ်ကော သူတော်စင်ဧကရာဇ်ကော အခု ဘာမှ လုပ်မှာမဟုတ်ဘူး။ သူတို့အတွက် ဒီပင့်ကူအိမ်တွေ ယွမ်ဟိုင်စီရင်စုကနေ ငါ့တို့ကို ဖယ်ရှားလိုက်ရင်ကိုပဲ တန်နေပြီလေ "

ကျိုးရီရှင်းပင် တူညီသည့် ခါးသီးသောအကြံကို ပေးလေသည်။

ပိုင်ရှောင်ချန်းမှာ အတန်ငယ် ေငးကြောင်နေလျက် ယွမ်ဟိုင်စီရင်စုကို ဝေ့ကြည့်လိုက်သည်။ အရာအားလုံးက အလျင်အမြန် ဖြစ်ပျက်နေ၏။ သူသည် လွန်ခဲ့သောနှစ်အနည်းငယ်က သူ၏လူများအတွက် အခြေခံအုတ်မြစ်အဖြစ် ဖြေးဖြေးချင်း ပြောင်းလာခဲ့သော နယ်မြေမှာ ညတွင်းချင်း ပြောင်းလဲသွားလိမ့်မည်ဟု သူတစ်ခါမှ စိတ်ကူးမခဲ့ဖူးပေ။

သူက နတ်ဘုရားအာရုံတချို့ပင် စေလွှတ်၍ စီရင်စုရှိ ကျင့်ကြံသူများကို စစ်ဆေးလိုက်ရာ တချို့တွင် ဘာမှခံစားရပုံမပါ်သော အမူအရာများရှိကြပြီး သူတို့ပတ်ဝန်းကျင်ရှိ အရာအားလုံးကို အငမ်းမရဝါးစားတော့မည့်ပုံပေါက်နေလေပြီ။ သူက မျက်လုံးများ နီရီလျက် မျက်လုံးများကိုမှိတ်လိုက်ပြီး ပြောသည်။

" ကောင်းပြီ။ ကျုပ်တို့ ထွက်သွားမယ်"

သူ၏အသံတွင် နာကျင်မှုများ၊ အားကိုးရာမဲ့ခြင်းများဖြင့် ပြည့်နှက်နေ၏။ ကောင်းကင်တံတားဒေသကို ချန်ရစ်ထားခဲ့ရသကဲဲ့သို့ ဘယ်သူမှ ထပ်ထွက်မသွားချင်ပေ။

ယွမ်ဟိုင်စီရင်စုသည် သူတို့၏ အိမ်အသစ်ဖြစ်လာခဲ့သော်လည်း ယခုတွင် ဘေးအန္တရာယ်ကြီးဖြင့် ရင်ဆိုင်နေရရာ အခြား ရွေးချယ်စရာမရှိပေ။

သူ၏နှလုံးသားမှာ နာကျင်မှုများဖြင့် တဆစ်ဆစ်အောင့်နေသော်လည်း အခြေအနေကို ပြောင်းပြန်လှန်ရန် သူ့မှာ အစွမ်းအစမရှိပေ။ သူက အံတင်းတင်းကြိတ်ကာ မြောက်ပိုင်း၏မဟာဓားကို ထုတ်ပြီးနောက် ယွမ်ဟိုင်စီရင်စုမှ ကျင့်ကြံသူများကို ၄င်းအထဲပေးပို့ရန် သူ၏အလယ်ပိုင်းကောင်းကင်ဧကရာဇ်အဆင့်စွမ်းအားကို အသုံးပြုလိုက်သည်။

အမှန်တွင် လူများသည် ယွမ်ဟိုင်စီရင်စု၏ အခြေခံဖြစ်သောကြောင့် သူတို့မည်သည့်နေရာ သွားစေကာမူ ဒုတိယယွမ်ဟိုင်စီရင်စုတစ်စု ထပ်မံဖန်တီးရန် ကြန့်ကြာနေမည်မဟုတ်ပေ။

မဟာကောင်းကင်သခင်၊ သရဲကြီးဘုရင်၊ ကျိုးရီရှင်းနှင့် အခြားအစွမ်းထက်ပညာရှင်များက ပုံမှန်ကိုယ်ဟန်အမူအရာကို အားတင်းထိန်းသိမ်းပြီး အမိန့်များ ထုတ်ပြန်လိုက်ကြသည်။ ယွမ်ဟိုင်စီရင်စုသည် ကြီးမားသော်လည်း မဟာကောင်းကင်သခင်က ကောင်းစွာစီစဥ်ခဲ့ပြီး ပေါ့ဆမှုတစ်စုံတရာမရှိအောင်လဲ စေ့စေ့စပ်စပ်လုပ်ဆောင်လေသည်။ ထို့ကြောင့် ပင့်ကူအိမ်ကြီး ပြန့်ကားလာပြီး ပိုင်ရှောင်ချန်းက တတ်နိုင်သမျှ အပြင်းအထန်ကြိုးပမ်းနေစဥ် စီရင်စုရှိ လူအားလုံးနီးပါအား မဟာဓားထဲ ပို့နေကြသည်။

မကြာခင် မြောက်ပိုင်း၏ မဟာဓားမှာ ပြည့်လုနီးပါးဖြစ်သွားလေသည်။ ထိုအချိန်တွင် ပိုင်ရှောင်ချန်းသည် ပင့်ကူအိမ်များ စီရင်စုတွင် ဆက်လက်ပြည့်နှက်လာသည်ကို စောင့်ကြည့်ရင်း လေထဲတွင် ရပ်နေ၏။

နေအိမ်အဆောက်အအုံများအားလုံး၊ ပိုင်ရှောင်ချန်း၏ စံအိမ်ပင် တဖြေးဖြေး ဝါးမြိုခံနေရပြီဖြစ်သည်။

အမှန်ပင် ဤတင်မရပ်သေး။ ယွမ်ဟိုင်စီရင်စုကို အပြီးသတ်ပြီးနောက် ပင့်ကူအိမ်ကြီးသည် ဒုတိယအင်မော်တယ်နယ်မြေအတွင်းထဲ ဆက်လက်ပြန့်ကားသွားသည်။ မည်သည့်အကြောင်းအရင်းကြောင့် မသိရပါသော်လည်း ၄င်းသည် အခြားစီရင်စုများကို ပို၍လျင်မြန်စွာ ဖြတ်သန်းသွားလေသည်။

ပိုင်ရှောင်ချန်းမှာ ပင့်ကူအိမ်ကြီးနှင့်ရင်ဆိုင်ရာတွင် နောက်ဆုတ်ရန်မှတစ်ပါး ရွေးးချယ်စရာမရှိပေ။ တချိန်လုံး သူ၏မျက်နှာသည် တင်းမာခက်ထန်နေပြီး မျက်ဝန်းများ စူးရှတောက်ပနေသည်။ သူက မည်သည်တို့ဖြစ်ပျက်လိမ့်မည်ကို ကြည့်ရန် စောင့်ဆိုင်းနေခြင်းသာ ဖြစ်သည်။ သူပြောနိုင်သည်မှာ ၄င််းသည် သေချာပေါက် သူတော်စင်ဧကရာဇ်နှင့် မိစ္ဆာဧကရာဇ်တို့ငြိမ်နေရသည့် တစ်ခုတည်းေသာ ရည်ရွယ်ရာ အကြောင်းကိစ္စတစ်ရပ် ဖြစ်လိမ့်မည်။

မည်သည့်အကြောင်းကိစ္စရပ်ပင်ဖြစ်စေ အင်မော်တယ်နယ်မြေတစ်ခုလုံး၏ ဆုံးရှုံးမှုကား ပေးဆပ်ရန် လိုလားသည့် တန်ဖိုးတစ်ခုလည်း မဟုတ်ပေ။

" သူတိို့ လာကိုလာရမယ် "

သူက လက်သီးဆုပ်ကာ တွေးလိုက်သည်။ ခပ်လှမ်းလှမ်းတွင် ထင်းလင်းမြင်သာသော တင်းမာခက်ထန်မှုများ၊ ဒေါသအရိပ်အယောင်များလွှမ်းနေသည့် အမူအရာဖြင့် ကောင်းကင်ဧကရာဇ် သက်တော်ရှည်ဝိညာဥ် ပေါ်လာသည်ကို သူ သတိထားမိလိုက်၍ သူ၏အမူအရာ ရိပ်ခနဲ ဖြစ်သွားလေသည်။

အနားရောက်သည်နှင့် သူက ပိုင်ရှောင်ချန်းကို ကြည့်၍ ပြော၏။

" ဧကရာဇ်တွေ တကယ်ရက်စက်လိုက်ကြတာကွာ "

ယခု သူ၏ကိုယ်ပိုင်စီရင်စုမှာ ပင့်ကူအိမ်များပျံ့နှံ့လာသဖြင့် အထိတ်တလန့်အော်ဟစ်သံများဖြင့် ပွက်ပွက်ညံနေလေသည်။ ကျင့်ကြံသူများစွာက ထွက်ပြေးရန် ကြိုးစားပါသော်လည်း မြန်သင့်သလောက် မမြန်ကြပေ။

All Chapters