← Chapters

ဝါးမျိုနေသော ဥအိတ်ကြီး

Vol. 12 Ch. 1149

ဝါးမျိုနေသော ဥအိတ်ကြီး

Vol. 12 Ch. 1149

ပိုင်ရှောင်ချန်းမှာ ကောင်းကင်ဧကရာဇ်သက်တော်ရှည်ဝိညာဥ်နှင့်အတူ တိတ်ဆိတ်စွာ ရပ်နေ၏။

သက်တော်ရှည်ဝိညာဥ်သည် နောက်ဆုံး၌ အကူအညီရောက်လာလိမ့်မည်ကို သိ၏။ သူသည် အခြေအနေကို ပိုင်ရှောင်ချန်းထက် အနည်းငယ်ပို၍ နားလည်သည် မဟုတ်ပါလော။ သို့သော် တချိန်တည်းမှာပင် သူ၏ကျင့်ကြံခြင်းအခြေခံမှာ သူ၏လူများကို ကယ်တင်ရန်မှတစ်ပါး ၊ ဖြစ်ပျက်နေသော ကပ်ဘေးကြီးနှင့် ပတ်သက်၍ တစ်ခုခုလုပ်ရန် မလုံလောက်ကြောင်း သိလေသည်။

နောက်ဆုံး၌ ပိုင်ရှောင်ချန်းမှာ ပင့်ကူအိမ်များ၏ အဆုံးသတ်ကိုပင် မမြင်ရတော့ပေ။ အရာရာတိုင်းမှာ ထိသမျှ မည်သည့်သက်စောင့်အားကိုမဆို နုတ်ယူချင်နေသော ပုပ်သိုးဆွေးမြေ့ခြင်းအရှိန်အဝါတစ်ခုကို ထုတ်လွှတ်နေသည့် အရာများဖြင့် ဖုံးလွှမ်းခံလိုက်ရလေပြီ။

ထိုအချိန်တွင် ပင့်ကူအိမ်များသည် ဒုတိယအင်မော်တယ်နယ်မြေ၏ တစ်ဝက်ခန့်ကို ဖုံးလွှမ်းသွားပြီး ကောင်းကင်ဧကရာဇ်များသာ ရှောင်တိမ်းနိုင်သည့် အမြန်နှုန်းတစ်ခုဖြင့် ရွေ့လျားနေသည်။

ရောထွေးနေသော ခံစားချက်များ၊ အထူးသဖြင့် ခံပြင်းနာကျည်းခြင်းအား ကောင်းကင်ဧကရာဇ်သက်တော်ရှည်ဝိညာဥ်၏ မျက်နှာပေါ်တွင် မြင်နိုင်သည်။ သူ့အတွက် ဒုတိယအင်မော်တယ်နယ်မြေသည် အိမ်ဖြစ်ပြီး ယခုတွင် သူက သူ၏အိမ် ဖြည်းဖြည်းချင်း ဖျက်စီးခံနေရသည်ကို စောင့်ကြည့်ရုံသာ တတ်နိုင်လေသည်။

" ကောင်းကင်တံတားဘုရင်၊ မင်း ကျုပ်ကို တင်ပြခဲ့တဲ့ ရွှမ်ကျုံး ပြည်နယ်က မတော်တဆဖြစ်ရပ်က သူတော်စင်ဧကရာဇ်နဲ့ မိစ္ဆာဧကရာဇ်နှစ်ပါးလုံး ကြိုတင်ခန့်မှန်းထားပြီးသားကိစ္စပဲ။ အခုလက်ရှိအခြေအနေကတော့ သူတို့က ဒီလို တသွေမတိမ်းဖြစ်အောင် တိတ်တဆိတ် လုပ်ဆောင်နေခဲ့ကြတာကို သက်သေပြလိုက်တာပဲ ”

" ဒါကြောင့် မင်းရဲ့ သူတော်စင်ဧကရာဇ်ဆီပို့ခဲ့တဲ့ အစီရင်ခံစာက မဖြေကြားခံရတာ။ ပြီးတော့ သူက သတင်းမပြန့်အောင် ဟန့်တားထားခဲ့တယ်။ မင်းက သူတော်စင်ဧကရာဇ်နိုင်ငံတော်ရဲ့ ကောင်းကင်ဧကရာဇ်တစ်ပါးမဟုတ်လို့ ကျုပ်တို့တွေ သိတာကို မင်း မသိဘူး မဟုတ်လား ”

" အဲဒီ ဧရာမဥအိတ်ကြီးအထဲမှာရှိနေတာက ... မိုးမြေဧကရာဇ်ရဲ့ ကိုယ်ပွားပဲ "

ပိုင်ရှောင်ချန်းသည် ထိုစကားကိုကြားသောအခါ သူ့မျက်လုံးများ တဖျပ်ဖျပ်လက်လာပြီး ကောင်းကင်ဧကရာဇ် သက်တော်ရှည်ဝိညာဥ်ကို လှည့်ကြည့်လိုက်သည်။

" မိုးမြေဧကရာဇ် "

ဤအချိန်တွင် ကောင်းကင်ဧကရာဇ် သက်တော်ရှည်ဝိညာဥ်က ထာဝရအင်မော်တယ်နယ်မြေများ၏ အပေါ်ရှိ ကောင်းကင်ကြီးနှင့် ၄င်း၏နေရာအများစုတွင် ပြည့်နှက်နေသည့် ဧရာမဘီလူးကြီးကို မော့ကြည့်လိုက်သည်။

" ယပ်တောင်အစုတ်ကြီး ရောက်လာတုန်းက ဧရာမမိုးမြေဧကရာဇ်ကြီးရဲ့ လက်ကို တိုက်မိပြီး အနက်ရောက်ကျောက်ခဲတစ်လုံး ပဲ့သွားစေခဲ့တယ်။ အဲဒီဖြစ်ရပ်ပြီးနောက် ကောင်းကင်ဧကရာဇ်နှစ်ပါးလုံး ပျောက်နေခဲ့တာ မှတ်မိလား။ အဲဒါ သူတို့ ကျောက်တုံးကို လုနေတာကြောင့်ပဲ ”

" လောကနတ်ဘုရားတစ်ပါးအတွက် မိုးမြေဧကရာဇ်တစ်ပါးရဲ့အသားတစ်တုံးက အင်မတန် တန်ဖိုးကြိီးတယ်။ အဲဒါက မိုးမြေဧကရာဇ်အဆင့်ကို ဖောက်ထွက်ဖို့ နည်းလမ်းနဲ့ပတ်သက်တဲ့ လျှို့ဝှက်ချက်တွေ ကောင်းကောင်းရှိနိုင်တယ်လေ။ မရေရာတဲ့သဲလွန်စတွေတောင် ဖော်ပြလို့်မရလောက်အောင် တန်ဖိုးကြီးပြီး လောကနတ်ဘုရားတစ်ပါးကို ရုးသွပ်သွားစေနိုင်တယ် ”

" လောကနတ်ဘုရားနှစ်ပါးက အသားတုံးအပေါ် ဘယ်လောက်ပဲ သတိထားနေနေ အဲဒါက လွတ်မြောက်သွားခဲ့တယ်။ အဲဒီနောက် ရက်စက်ယုတ်မာတဲ့ လောကနတ်ဘုရားနှစ်ပါးက အသားတုံး အရွက်ရောက်မလာသရွေ့ အဲဒီအတွင်းက မိုးမြေဧကရာဇ်အဆင့် လျှို့ဝှက်ချက်တွေ ပေါ်ထွက်လာမှာမဟုတ်ဘူးဆိုတာ သဘောပေါက်သွားကြတယ် ”

" အဲဒီအသားတုံးက သက်စောင့်အားတွေ တဖြည်းဖြည်း ဝါးမျိုလိမ့်မယ်ဆိုတာကို သူတို့ သိတယ်။ ဒါကြောင့် ရွှမ်ကျုံးပြည်နယ်ရဲ့ မတော်တဆမှုက အဲဒီအသားတုံး ကြီးထွားဖို့ ကြိုးစားနေတာလို့ သိတာပေါ့ ”

" ဒါပေမဲ့ အဲဒီအသားတုံး ရရှိသွားတဲ့ ကြီးထွားမှုအဆင့်နဲ့ပတ်သက်ပြီး ဘဝင်မတွေ့ကြဘူး။ သူတို့က တကယ့် မိုးမြေဧကရာဇ် ကိုယ်ပွားအဖြစ် ကြီးထွားစေချင်ကြတာ။ ဟုတ်တယ် ... ဒုတိယအင်မော်တယ်နယ်မြေကို အဲဒီအသားတုံးအတွက် အစာဖြစ်ခွင့်ပေးဖို့ ဆုံးဖြတ်ခဲ့ကြတယ် ”

" သူတို့က စောင့်ပဲစောင့်နေတာ။ မ်ိုးမြေဧကရာဇ်ကိုယ်ပွား ကြီးထွားတာရပ်သွားတဲ့အချိန်ကျရင် သူတို့ ပေါ်လာလိမ့်မယ် "

ကောင်းကင်ဧကရာဇ် သက်တော်ရှည်ဝိညာဥ်မှာ ဒေါသထွက်နေလျက် မည်သည့်အရာကိုမှ မထိမ်ချန်ထားဘဲ သူသိသမျှအကုန် ပိုင်ရှောင်ချန်းကို ပြောပြလေသည်။

ပိုင်ရှောင်ချန်းက သူ ပြောပြသည့်ဇာတ်ကြောင်းကို ကြားလိုက်သည်တွင် အသက်ရှူကြပ်လာပြီး နှလုံးအောင့်လာတော့သည်။ သူ၏မျက်လုံးများသည်လည်း အေးစက်စက် အလင်းများဖြင့် စတင်တောက်ပလာသည်။

အကွက်ချ၍ အဆုံးသတ်တွင် စွန့်လွှတ်ခံလိုက်ရခြင်းက ကောင်းကင်တံတားတာအိုဖြင့် သူ ရင်ဆိုင်ခဲ့ရသည့်အချိန်ကအတိုင်း သူ့ကို ခံစားလိုက်ရစေသည်။

" အဲဒီကိုယ်ပွားကို အင်မော်တယ်နယ်မြေက အသက်တွေ အများကြီးစားခွင့်ပေးတာက သူတော်စင်ဧကရာဇ်နဲ့ မိစ္ဆာဧကရာဇ် မီးနဲ့ကစားနေတာထက် မပိုဘူး "

ဤကဲ့သို့အရာတစ်ခု ဖြစ်ပျက်နေကြောင်း သူ ခန့်မှန်းထားခဲ့ပြီး ဖြစ်ပါသော်လည်း ကောင်းကင်ဧကရာဇ်သက်တော်ရှည်ဝိညာဥ်၏ ပါးစပ်မှ ကြားရသည်က သူ၏ နှလုံးသားကို ကုန်လွန်သွားသည့် အခိုက်အတန့်တိုင်း အေးစက်သည်ထက် အေးစက်လာစေသည်။

ပိုင်ရှောင်ချန်းသည် လွန်လွန်ကျူးကျူး မေတ္တာကရုဏာတရားကြီးမားသည့် လူမျိုးမဟုတ်သော်လည်း အသက်ပေါင်းများစွာ စတေးခံရခြင်းမှာ သူလက်မခံနိုင်သည့်အရာ ဖြစ်သည်။ ၄င်းတို့အားလုံးက လူတစ်ယောက်အား ကောင်းကင်အလွန်ကရန်သူကြီးကို တန်ပြန်တိုက်ခိုက်နိုင်စေရန်အလို့ငှာ မိုးမြေဧကရာဇ်အဆင့်သို့ ပို့ပေးရန်အတွက် ဖြစ်လျှင်တောင်မှ သူ့အတွက် တရားလွန်နေသေးသည်။

ပိုင်ရှောင်ချန်းမှာ နေမထိမထိုင်သာဖြစ်လာပြီး ကောင်းကင်ဧကရာဇ် သက်တော်ရှည်ဝိညာဥ်၏ ဒေါသကား ဆက်လက် ကြီးထွားလာတော့သည်။ ထိုအချိန်တွင် ပင့်ကူအိမ်ကြီးကား ကျယ်ပြန့်သထက် ကျယ်ပြန့်လာ၏။ ထိုအချိန်တစ်ဝိုက်တွင် သူတို့ထံသို့ အမြန်ဆုံးအရှိန်ဖြင့် တဟုန်ထိုးနေသော မီတာ ၃၀၀၀ အရှည် လျှပ်စီးတန်းကြီးတစ်တန်း ပေါ်ပေါက်လာသည်။

မိုးကောင်းကင်သည် ၄င်းနှင့်အတူပါလာသည့် ကြောက်ခမန်းလိလိ မိုးခြိမ်းသံကြီးကြောင့် စုတ်ပြဲသွားပုံရပြီး ပင့်ကူအိမ်ကြီးပင် တခဏတာ ရပ်တန့်သွားသည်။

ပိုင်ရှောင်ချန်းနှင့် ကောင်းကင်ဧကရာဇ်သက်တော်ရှည်ဝိညာဥ်က မော့ကြည့်လိုက်ရာ မြင့်မြတ်သောအလင်းများ တလက်လက်တောက်ပနေသော မျက်ဝန်းများဖြင့် သူတော်စင်ဧကရာဇ်ကို မြင်လိုက်ရလေသည်။

သူ့ဘေးတွင်ကား အေးစက်ပြီး အကြင်နာတရားမရှိသော ဂူထျန်ကျွင်းနှင့် မျက်နှာပေါ်တွင် နူးညံ့ပျော့ပျောင်းသော အပြုံးတစ်စဖြင့် စီမာယွမ်ဟွာဖြစ်သည်။ နောက်ဆုံးတွင် ဆံပင်ဖြူနေသော်လည်း စူးရှထက်မြက်သော မျက်လုံးများနှင့် ချိန်စုဖြစ်သည်။

ကောင်းကင်ဧကရာဇ် သက်တော်ရှည်ဝိညာဥ်နှင့်အတူ သူတော်စင်ဧကရာဇ်နိုင်ငံတော်မှ ကောင်းကင်ဧကရာဇ်လေးပါး ရောက်လာကြလေပြီ။

သူတော်စင်ဧကရာဇ်၏ မျက်လုံးများထဲတွင် အလွယ်တကူမဖုံးဖိနိုင်သည့် စိတ်လှုပ်ရှားနေသောအရိပ်အယောင်တစ်ခုကို မြင်နိုင်လေသည်။ ပိုင်ရှောင်ချန်းနှင့် ကောင်းကင်ဧကရာဇ်သက်တော်ရှည်ဝိညာဥ်ကို လုံးဝအဖက်မလုပ်ဘဲ သူက ပင့်ကူအိမ်ထံ ရိပ်ခနဲလှုပ်ရှားပြီး ပို၍ နီးနီးကပ်ကပ် စစ်ဆေးကြည့်လိုက်လေသည်။ စီမာယွမ်ဟွာနှင့် အခြားကောင်းကင်ဧကရာဇ်များက ကောင်းကင်ဧကရာဇ်သက်တော်ရှည်ဝိညာဥ်ကို အရိုအသေပေးရန် ဦးတည်လိုက်ကြပြီး ပိုင်ရှောင်ချန်းကို မည်မျှ ကြည့်မရစေကာမူ ယဥ်ကျေးသမှုဖြင့် ခေါင်းညိတ်ပြလိုက်ကြသည်။

ဘယ်သူမှ ဘာမှ မပြောနိုင်ခင် ပြင်းထန်သော ထစ်ခြုန်းသံတစ်သံ ကောင်းကင်တွင် ပြည့်နှက်သွားကာ အနက်ရောက်တိမ်တိုက်တစ်ခုက ဧရာမရုပ်တုကြီးအသွင် လျင်မြန်စွာ ဖြစ်တည်လာရင်း ပျံ့နှံ့လာလေသည်။

အရှိန်အဝါကြီးမားသော မိစ္ဆာချီများ ရုပ်တုကြိီးမှ ထွက်လာကာ လူရှစ်ယောက် ပုံစံဖြစ်တည်လာသဖြင့် အရာရာတိုင်း ထစ်ခြုန်းမြည်ဟည်းသွားတော့သည်။

သူတို့ထဲက တစ်ယောက်က တော်ဝင်ဝတ်ရုံများကို ဝတ်ဆင်ထားပြီး တော်ဝင်သရဖူတစ်ခု ဆောင်းထား၏။ သူသည် သက်လတ်ပိုင်းအရွယ်ဖြစ်ပြီး ဒေါသမထွက်ဘဲနှင့် ကြောက်စရာကောင်းသည့်ပုံပေါ်နေသော လူမျိုးဖြစ်သည်။ သူ၏မျက်လုံးများမှာ အထူးသဖြင့် သတိပြုဖွယ်ရာ ဖြစ်ပြီး ကောင်းကင်နှင့်မြေကြီးအားလုံး၏ ပြောင်းလဲခြင်းများ ပါဝင်နေဟန်တူကာ သူက ပိုင်ရှောင်ချန်းနှင့် အခြားကောင်းကင်ဧကရာဇ်များကို ကြည့်လိုက်သောအခါ သူတို့မှာ အတန်ငယ် ပင့်သက်မရှိုက်မိဘဲ မနေနိုင်တော့ပေ။

ပိုင်ရှောင်ချန်းသည် ယခင်က သူ့ကို ဤမျှနီးနီးကပ်ကပ် တစ်ခါမှ မမြင်ခဲ့ဖူးသော်လည်း ဤလူကား ... မိစ္ဆာဧကရာဇ်မှလွဲ၍ တခြားသူမဟုတ်ကြောင်း တန်းသိလိုက်သည်။

သူ၏တော်ဝင်ဝတ်ရုံနှင့် လောကနတ်ဘုရားအရှိန်အဝါသည် သူ့ကို ကောင်းကင်ယံတွင် ထွန်းလင်းတောက်ပနေသော နေမင်းကြီးအလား ဖြစ်နေစေတော့သည်။ သူက ပို၍အေးစက်ပြိီး အကြင်နာတရားကင်းမဲ့သည့်အတွက် သူ့ဘေးပတ်လည်ရှိ နေရာတိုင်းတွင် မြူများဖြစ်တည်စေနိုင်သည့်အလားဖြစ်နေသည်မှာ သူတော်စင်ဧကရာဇ်နှင့် အလွန်တူညီလေသည်။ သူနှင့်ပတ်သက်၍ တစ်စုံတခုက သူတော်စင်ဧကရာဇ်ထက် အတန်ငယ်ပို၍ သြဇာအာဏာကြီးမားသည့်ပုံလည်း ပေါ်လွင်စေသည်။

အကယ်၍ အနီးကပ်ကြည့်ရှုပါက သူ၏သူငယ်အိမ်များတွင် မဟူရာဓားနှစ်ချောင်းပါရှိသည်ကို မြင်နိုင်၏။

သူသည် သူတော်စင်ဧကရာဇ်နည်းတူ တစ်ယောက်တည်းလာခဲ့ခြင်းမဟုတ်။ သူ့နောက်တွင် လူခုနစ်ဦးရပ်နေ၏။ အချို့က ယောက်ျား၊ အချို့က မိန်းမဖြစ်သော်လည်း အားလုံးကား ... မိစ္ဆာဧကရာဇ်နိုင်ငံတော်၏ ကောင်းကင်ဧကရာဇ်များပင်။

ကုန်းစွန်းဝမ်အာ၊ ဝိညာဥ်ဝါးမျိုသခင်၊ မူလနတ်ဆိုးမင်းသား၊ ကောင်းကင်ဧကရာဇ်ဝိရူပက္ခ၊ ကောင်းကင်ဧကရာဇ်ကျဲ့တိ စသည်ဖြင့် ကောင်းကင်ဧကရာဇ်အားလုံးရှိကြသည်။ မျက်နှာပေါ်တွင် အညိုရောင်အကွက်များဖြင့် ခါးကုန်းကုန်းအဖွားအိုတစ်ယောက်လည်းရှိ၏။ သို့သော် ပိုင်ရှောင်ချန်းမှာ အနက်ရောင်ဝတ်ရုံနှင့် သက်လတ်ပိုင်းအရွယ်အမျိုးသားတစ်ယောက်ကိုသာ အာရုံစိုက်နေ၍ သူ့အတွက် သူတို့အားလုံးက ဝေဝါးနေလေသည်။

ထိုလူက သိသာစွာပင် ကောင်းကင်ဧကရာဇ်တစ်ပါး၏ အခိုးအငွေ့များ ထုတ်လွှတ်နေပြီး အထင်ကြီးဖွယ်ကောင်းရာ မိစ္ဆာဧကရာဇ်နောက် ဒုတိယသာ လိုက်လေသည်။ ပိုင်ရှောင်ချန်းက သူကို မြင်သည်နှင့်တစ်ပြိုင်နက် ထိုလူကလည်း သူ့ကို မြင်သွား၏။ သူတို့မှာ မီတာ ၆၀၀ ခန့်သာ ကွာဝေးသည် မဟုတ်ပါလော။

" ကောင်းကင်တံတားတာအို "

ပိုင်ရှောင်ချန်မှာ မျက်လုံးများ သွေးချင်းချင်းနီလာရင်း ဟိန်းဟောက်လိုက််သည်။ ဤလူသည်ကား တုလင်ဖေး၏ အဖေ၊ ကောင်းကင်တံတားတာအိုမှလွဲ၍ တခြားလူမဟုတ်ပေ။

" ပိုင်ရှောင်ချန်း "

ကောင်းကင်တံတားတာအိုက ပိုင်ရှောင်ချန်းကို မျက်လုံးများ ကျဥ်းမြောင်းလျက် အေးစက်စွာကြည့်ကာ ရေရွတ်လိုက်သည်။

ပိုင်ရှောင်ချန်းသည် ကောင်းကင်တံတားတာအိုနှင့် တစ်နေရာရာတွင် တွေ့ဆုံလောက်မည့်အကြောင်းနှင့် သူ၏နှလုံးသားထဲက အမုန်းတရားများကို ထိန်းချုပ်နိုင်မည်လားဆိုသည်ကို မကြာခဏတွေးခဲ့ဖူးသည်။

ဤအခိုက်အတန့်တွင် သူသည် မထိန်းချုပ်နိုင်ကြောင်း သဘောပေါက်လိုက်လေပြီ။ လှုပ်ရှားရန် သင့်တော်သည့်အချိန် ဟုတ်၊ မဟုတ်အရေးမကြီး။ ကောင်းကင်တံတားတာအိုကို သူ မြင်လိုက်သည့်အခိုက်အတန့်တွင် သူ၏ကျင့်ကြံခြင်းအခြေခံနှင့် သတ်ဖြတ်လိုစိတ်မှာ သူတို့သဘောဆန္ဒအလျောက် ပေါက်ကွဲသွားတော့သည်။

သူက ဘာမှမပြောသလို တုံ့ဆိုင်းခြင်းလည်းမရှိ၊ သည်းခံမနေဘဲ ရှေ့တက်ကာ ကောင်းကင်တံတားတာအိုထံ ပြေးဝင်သွားတော့သည်။

ကောင်းကင်တံတားတာအိုက ထိုအရာအားလုံးကြောင့် အံ့သြသွားပုံမရပေ။ သူ၏မျက်လုံးများက အေးစက်စက်အလင်းဖြင့် ဝင်းလက်လာကာ သူက ရှေ့တက်လိုက်ပြီး ညာလက်ဖြင့်မန္တန်လက်ကွက်တစ်ကွက်ဖော်၍ သူ၏ တာအိုတံခါးပေါက်ကိုးပေါက်ကို ဆင့်ခေါ်လိုက်သည်။

တာအိုတံခါးပေါက်များက သူ့ရှေ့တွင် မန္တန်ဝင်္ကပါတစ်ခုဖန်တီးလိုက်ရာ တလက်လက် စူးရှတောက်ပသော အလင်းများ ဖြာထွက်လာသည်။ ထို့နောက် သူက လက်ဖြင့်တွန်းထုတ်လိုက်ရာ အစောပိုင်းကောင်းကင်ဧကရာဇ်အဆင့် အခိုးအငွေ့များ ထွက်ပေါ်လာတော့သည်။ သို့သော် သူ၏အတိုက်အခိုက်စွမ်းရည်အပေါ် အခြေခံ၍ သူက အလယ်ပိုင်းကောင်းကင်ဧကရာဇ်အဆင့်နှင့် အလွန်နီးကပ်နေပြီဖြစ်ကြောင်း ပြောနိုင်သည်။

All Chapters