← Chapters

အခန်း (၂၇၄၇-၂၇၄၈)

Vol. 215 Ch. 2747-2748

အခန်း (၂၇၄၇-၂၇၄၈)

Vol. 215 Ch. 2747-2748

အခန်း(၂၇၄၇)

“တကယ်ကို အစွမ်းထက်တာပဲ”

နဂါးဝါအင်‌မော်တယ်ဂိုဏ်းမှ ကောင်းကင်အင်မော်တယ်စတုတ္ထအဆင့် ကျင့်ကြံသူက ကျန်းချန်၏ တစ်ကွက်တည်းဖြင့် အသတ်ခံလိုက်ရသည်ကို မြင်လျှင် အမြဲတစေ တည်ငြိမ်အေးစက်သော မျက်နှာထားရှိသည့် ချူလင်းယွင်၏ မျက်နှာထက်တွင် အံ့ဩတုန်လှုပ်သော အရိပ်အယောင်များ ဖုံးဖိမရစွာ ဖြစ်ပေါ်လာခဲ့သည်။

ကောင်းကင်အင်မော်တယ် ပထမအဆင့်မှ ကောင်းကင်အင်မော်တယ် စတုတ္ထအဆင့်ကို အလွယ်တကူ သတ်ဖြတ်နိုင်သည့်စွမ်းရည်မျိုးကို တလော့အင်အားစုမှ ထိပ်တန်း ပါရမီရှင်များသာ လုပ်ဆောင်နိုင်လိမ့်မည်ဟု ဖြ။

သို့ဆိုလျှင် သူမ ရှေ့မှ အနက်ရောင်ဝတ်စုံဝတ် လူငယ်သည် တလော့အင်အားစု တစ်ခုခုမှ ထိပ်တန်းပါရမီရှင် တစ်ဦး ဖြစ်နေနိုင်ပါသလော။

ယင်းသို့ တွေးမိသည်နှင့် ချူလင်းယွင်၏ လှပသော မျက်ဝန်းလေးတွင် မျှော်လင့်များ အရိပ်အ‌ယောင်များ လက်ခနဲ ဖြစ်သွားခဲ့သည်။

သူမက ကျန်းချန်ကို အလျင်အမြန်ပင် ဒူးထောက်ကာ ပြောလိုက်၏။

“အစ်ကိုလေးက တလော့အင်အားစုက ပါရမီရှင်တစ်ဦး ဖြစ်မယ် ထင်တယ်.. အစ်ကိုလေး အနေနဲ့ ရွမ်ယီအင်မော်တယ်ဂိုဏ်းကို ကယ်တင်ပေးဖို့ တောင်းဆိုချင်ပါတယ်.. ဒါဆိုရင်လင်းယွင်က ဒီကျေးဇူးကို ဆပ်ဖို့အတွက် အစ်ကိုလေးရဲ့ အစေခံအဖြစ် ခိုင်းသမျှ လုပ်ပေးဖို့ အသင့်ပါပဲ”

တလော့အင်အားစုများတွင် ရွှေအင်မော်တယ်အဆင့် ကျင့်ကြံသူများ မရေမတွက်နိုင်အောင် ရှိကြသည်။

သူမရှေ့မှ လူငယ်က ရွှေအင်မော်တယ်အဆင့် ကျင့်ကြံသူကို ခေါ်ယူနိုင်မည် ဆိုလျှင် သူမတို့ ရွမ်ယီအင်မော်တယ်ဂိုဏ်းလက်ရှိ ရင်ဆိုင်နေရသော အကျပ်အတည်းကို ဖြေရှင်းရန်မှာ အလွန်တရာ လွယ်ကူသော ကိစ္စပင် မဟုတ်ပါလော။

“ငါက တလော့အင်အားစုက ပါရမီရှင်မဟုတ်ပါဘူး.. အရင်ထပါဦး”

ကျန်းချန်က လက်တစ်ဖက်ကို‌ ဝှေ့ယမ်းလိုက်ရာ အင်မော်တယ်စွမ်းအား တစ်ခုသည် ချူလင်းယွင်ကို ချက်ချင်းပင် ထူမ ပေးလိုက်သည်။

သူက အနည်းငယ် စဥ်းစားပြီးမှ ချူလင်းယွင်ကို ပြောလိုက်သည်။

“မင်းတို့ ရွမ်ယီအင်မော်တယ်ဂိုဏ်းအကြောင်း ငါ့ကို ပြောပြပါဦး.. မင်းဆီမှာ ထာဝရရှင်သန်ခြင်း အင်မော်တယ်ဘုရင်ရဲ့ သွေးမျိုးဆက် ရှိနေပါလျက်နဲ့ ဘာလို့ ဒီလိုသေးငယ်တဲ့ ရွမ်ယီ အင်မော်တယ်ဂိုဏ်းမှာ ရှိနေရတာလဲ”

ချူလင်းယွင်၏ သွေးမျိုးဆက်ပါရမီအရ ဆိုလျှင် သူမသည် တလော့အင်အားစုတွင်ဖြစ်စေ၊ အင်မော်တယ်ဘုရင်အဆင့် အင်အားစုတွင် ဖြစ်စေ ထိပ်တန်း ပါရမီရှင်များထဲမှ တစ်ဦး ဖြစ်နေသင့်သည်။

ဤကဲ့သို့ ရွှေအင်မော်တယ်အဆင့် တစ်ဦးမျှပင် မရှိသော ရွမ်ယီအင်မော်တယ်ဂိုဏ်းတွင် ချူလင်းယွင် အဘယ်ကြောင့် နေထိုင်နေရမှန်းကို ကျန်းချန် အမှန်တကယ်ပင် နားမလည်နိုင် ဖြစ်နေခဲ့သည်။

“ဒါက ရှင်းပြရရင်တော့ အရှည်ကြီးပဲ အစ်ကိုလေး”

ချူလင်းယွင်က ကျန်းချန်ကို ဘာမှဖုံးကွယ်မထားဘဲ သူမ သိသမျှ အရာအားလုံးကို ပြောပြလိုက်သည်။

လွန်ခဲ့သောနှစ်ပေါင်းများစွာက ထာဝရရှင်သန်ခြင်းအင်မော်တယ်ဘုရင်သည် အင်မော်တယ်နယ်မြေတစ်ခုကို စိုးမိုးသည့် အင်မော်တယ်ဘုရင်ဖြစ်လာခဲ့ပြီး သူတည်ထောင်ခဲ့သည့် ထာဝရရှင်သန်ခြင်း အင်မော်တယ် နယ်မြေသည်လည်း အင်မော်တယ်လောကရှိ အင်အားအကြီးဆုံး အင်မော်တယ်နယ်မြေများထဲမှ တစ်ခု ဖြစ်ခဲ့သည်။

နောက်ပိုင်းတွင် ထာဝရရှင်သန်ခြင်း အင်မော်တယ်နယ်မြေ၌ စစ်ပွဲတစ်ပွဲ ဖြစ်ပွားခဲ့ပြီး ထာဝရရှင်သန်ခြင်း အင်မော်တယ်နယ်မြေသည် အစိတ်စိတ်အမြွှာမြွှာ ပြိုကွဲသွားခဲ့ကာ ထာဝရရှင်သန်ခြင်း အင်မော်တယ်ဘုရင် ပင်လျှင် ပျောက်ကွယ်သွားခဲ့ရသည်။

ချူလင်းယွင်၏ ဘိုးဘေးသည် ထာဝရရှင်သန်ခြင်းအင်မော်တယ်ဘုရင်၏ သွေးမျိုးဆက်တစ်ဦး ဖြစ်သည်။

ထာဝရရှင်သန်ခြင်း အင်မော်တယ်နယ်မြေ ဖရိုဖရဲ ပြိုကွဲနေသော အချိန်တွင် ချူလင်းယွင်၏ ဘိုးဘေးသည် ကလေးငယ်လေးသာ ရှိသေးသဖြင့် ထာဝရရှင်သန်ခြင်း အင်မော်တယ်နန်းတော်မှ အစေခံတစ်ဦးသည် ချူလင်းယွင်တို့ ဘိုးဘေးကို ခေါ်ဆောင်ကာ ထွက်ပြေးခဲ့သည်။

နေရာအနှံ့ လှည့်လည်သွားလာပြီးနောက်တွင် ထိုအစေခံသည် ချူလင်းယွင်၏ ဘိုးဘေးကို မြောက်ပိုင်းအေးစက်သောအင်မော်တယ်နယ်မြေ ဆီသို့ ခေါ်ဆောင်လာခဲ့ပြီး ဤနေရာတွင် ရွမ်ယီအင်မော်တယ်ဂိုဏ်းကို တည်ထောင်ခဲ့သည်။

သို့ရာတွင် ချူလင်းယွင်၏ ဘိုးဘေးသည် ထာဝရရှင်သန်ခြင်းအင်မော်တယ်ဘုရင်၏ သွေးမျိုးဆက် ဖြစ်သော်လည်း ထာဝရရှင်သန်ခြင်း အင်မော်တယ်ဘုရင်၏ အမွေအနှစ်များ ပါမလာခဲ့ပေ။

ထို့ကြောင့် မြောက်ပိုင်းအေးစက်သော အင်မော်တယ်နယ်မြေရှိ ရွမ်ယီအင်မော်တယ်ဂိုဏ်းသည် ဂိုဏ်းချုပ် အဆက်ဆက် ပြောင်းလဲလာခဲ့သော်လည်း ရွှေအင်မော်တယ် အဆင့်သို့ ရောက်ရှိသူ တစ်ဦးမျှပင် မရှိခဲ့ပေ။

လွန်ခဲ့သော သုံးနှစ်ခန့်က ကျင့်ကြံခြင်းနှင့် တစ်ခါမျှ မထိတွေ့ဖူးသော ချူလင်းယွင်သည် ထာဝရရှင်သန်ခြင်း အင်မော်တယ်ဘုရင်၏ သွေးမျိုးဆက်ကို မတော်တဆ နိုးထစေခဲ့ပြီး သုံးနှစ်အတွင်းမှာပင် သာမန်လူသားဘဝကနေ ပကတိအင်မော်တယ် အဆင့်သို့ ရောက်ရှိခဲ့သည်။

အကယ်၍ ချူလင်းယွင်ကိုသာ ရှစ်နှစ် သို့မဟုတ် ဆယ်နှစ်ခန့် အချိန်ပေးလိုက်လျှင် ရွှေအင်မော်တယ်အဆင့်သို့ တက်လှမ်းရန်မှာ ခက်ခဲလိမ့်မည် မဟုတ်ချေ။

သို့ရာတွင် ရွမ်ယီအင်မော်တယ်ဂိုဏ်းနှင့် အမြဲတစေ မသင့်မြတ်ခဲ့သော နဂါးဝါအင်မော်တယ်ဂိုဏ်းသည် ရွမ်ယီအင်မော်တယ်ဂိုဏ်းတွင် ချူလင်းယွင် ကဲ့သို့ ပါရမီရှင် တစ်ဦး ထွက်ပေါ်လာသည်ကို သိရှိပြီးနောက်တွင် သူမ ကြီးထွားလာမည်ကို အလိုမရှိခဲ့ပေ။

လွန်ခဲ့သော သုံးနှစ်အတွင်း နဂါးဝါအင်မော်တယ်ဂိုဏ်းသည် နေရာအနှံ့တွင် ရွမ်ယီအင်မော်တယ်ဂိုဏ်းကို ပစ်မှတ်ထားခဲ့သည်။

သို့သော်လည်း ရွမ်ယီအင်မော်တယ်ဂိုဏ်းနှင့် နဂါးဝါအင်မော်တယ်ဂိုဏ်းသည် အင်အားချင်း အတူတူနီးပါး ဖြစ်၍ နဂါးဝါအင်မော်တယ်ဂိုဏ်းသည် ရွမ်ယီအင်မော်တယ်ဂိုဏ်းကို ဘာမှမလုပ်ဆောင်နိုင်ခဲ့ပေ။

သိပ်မကြာမီက နဂါးဝါအင်မော်တယ်ဂိုဏ်း၏ ဂိုဏ်းချုပ် ဟွမ်ထျန်းဟွာသည် ကောင်းကင်အင်မော်တယ် နဝမအဆင့်ကို ကျော်ဖြတ်ပြီး ခြေလှမ်းတစ်ဝက် ရွှေအင်မော်တယ် အဆင့်သို့ ရောက်ရှိသွားခဲ့ရာ ဂိုဏ်းနှစ်ခုကြားရှိ ဟန်ချက်သည် အဆုံးသတ်တွင် ပျက်ပြားသွားခဲ့သည်။

ရွမ်ယီအင်မော်တယ်ဂိုဏ်းသည် နဂါးဝါအင်မော်တယ်ဂိုဏ်း တိုက်ခိုက်မှုအောက်တွင် ဆက်တိုက်ဆိုသလို ဆုတ်ခွာခဲ့ရပြီး အင်အားကို ပြန်လည် ထိန်းသိမ်းရန်နှင့် ပြန်လည်ထူထောင်ဖို့အခွင့်အရေးရှာဖွေနိုင်ရန် အတွက် ဂိုဏ်း၏ ထူးချွန်သောတပည့်များကို လူစုခွဲကာ ထွက်ပြေးစေခဲ့သည်။

“မိန်းကလေးချူ.. မင်းဆိုလိုတာက ရွမ်ယီအင်မော်တယ်ဂိုဏ်းထဲမှာ အင်မော်တယ်ဘုရင်ရဲ့ မျိုးဆက်တွေ အများကြီးရှိနေသေးတယ် ဆိုတဲ့သဘောလား”

ချူလင်းယွင်၏ ရှင်းပြမှုကို နားထောင်ပြီးနောက်တွင် ကျန်းချန်၏ မျက်ဝန်းထဲ၌ ထက်ရှသော အလင်းတန်းတစ်ခု ဖျတ်ခနဲ ဖြစ်သွားခဲ့သည်။

ချူလင်းယွင်က အလျင်အမြန် ခေါင်းညိတ်ကာ ပြောလိုက်သည်။

“ရွမ်ယီအင်မော်တယ်ဂိုဏ်းမှာ ကျွန်မတို့ မျိုးနွယ်ဝင်တွေ အများကြီးရှိပါတယ်.. အခုထိ ဂိုဏ်းထဲမှာ ကျန်နေသေးတဲ့ ကျွန်မရဲ့ဖခင်လည်း ပါဝင်ပါတယ်”

ထိုစကားကိုကြားလျှင် ကျန်းချန် အနည်းငယ်မျက်မှောင်ကြုတ်သွားခဲ့သည်။

ထာဝရရှင်သန်ခြင်း အင်မော်တယ်ဘုရင်သည် သူ့အပေါ်တွင် ကျေးဇူးရှိခဲ့ဖူး၏။

အကယ်၍ ရွမ်ယီအင်မော်တယ်ဂိုဏ်းတွင် ထာဝရရှင်သန်ခြင်းအင်မော်တယ်ဘုရင်၏ မျိုးဆက်များ အမှန်တကယ်ရှိနေသည် ဆိုလျှင် သူက မဖြစ်မနေ ကူညီပေးရပေလိမ့်မည်။

သို့သော်လည်း နဂါးဝါအင်မော်တယ်ဂိုဏ်းတွင် ခြေလှမ်းတစ်ဝက် ရွှေအင်မော်တယ်အဆင့် ကျင့်ကြံသူတစ်ဦး ရှိနေခဲ့၏။

သူ၏ လက်ရှိအင်အားအရ တစ်ဖက်လူက ရွှေအင်မော်တယ် ပထမအဆင့်သို့ မရောက်သေးဘဲ ခြေလှမ်းတစ်ဝက် ရွှေအင်မော်တယ်အဆင့် ဖြစ်နေလျှင်ပင် ကိုင်တွယ်နိုင်မည် မဟုတ်ပေ။

အကယ်၍ သူသာ ရွမ်ယီအင်မော်တယ်ဂိုဏ်းသို့ သွားမည် ဆိုလျှင် အင်မော်တယ်ဘုရင်၏ မျိုးဆက်များကို မကယ်နိုင်မည့် အပြင် သူကိုယ်တိုင်ပါ ထောင်ချောက်ထဲ ပိတ်မိသွားနိုင်ခြေ ရှိသည်။

“တကယ်လို့ အစ်ကိုလေး အတွက် အခက်အခဲ ဖြစ်နေတယ်ဆိုရင်လည်း ကျွန်မ တောင်းဆိုတာကို မေ့လိုက်လို့ရပါတယ်”

ကျန်းချန်က ဘာစကားမျှ ပြန်မပြောသည်ကို မြင်လျှင် ချူလင်းယွင် ခပ်တိုးတိုး ပြောလိုက်သည်။

သူမက ကျန်းချန်ကို အနည်းဆုံး တလော့အင်အားစု တစ်ခုခုမှ ပါရမီရှင်တစ်ဦး ဖြစ်နေလိမ့်မည်ဟု အစက ထင်ထားခဲ့ခြင်းဖြစ်သည်။

ကျန်းချန်သာ နောက်ကွယ်မှ အစွမ်းထက် ကျင့်ကြံသူများကို အကူအညီ တောင်း‌ပေးနိုင်မည် ဆိုလျှင် ရွမ်ယီအင်မော်တယ်ဂိုဏ်း အနေဖြင့် နဂါးဝါအင်မော်တယ်ဂိုဏ်းကို အနိုင်ယူရန်မှာ လွယ်ကူသော ကိစ္စ ဖြစ်၏။

သို့သော် ကျန်းချန်၏ နောက်ကွယ်တွင် မည်သည့် အင်အားစုမှ ရှိမနေလျှင် ကျန်းချန်၏ ပါရမီက မည်မျှပင် ထူးချွန်နေပါစေ၊ နဂါးဝါအင်‌မော်တယ်ဂိုဏ်းကို ယှဥ်ပြိုင်နိုင်ရန်မှာ မဖြစ်နိုင်ပေ။

သူမ အနေဖြင့် သူမ၏ ဆွေမျိုးများကို ကယ်တင်ချင်သော်လည်း ကျန်းချန်ကို အလဟဿ အသေခံခိုင်း၍ မဖြစ်ချေ။

“စိတ်မပူပါနဲ့.. ငါနဲ့ထာဝရရှင်သန်ခြင်း အင်မော်တယ်ဘုရင်တို့ရဲ့ကြားမှာ နက်ရှိုင်းတဲ့ ပတ်သက်မှုတွေ ရှိခဲ့ဖူးတယ်.. ငါတို့ ဆုံတွေ့နေပြီ ဆိုမှတော့ ငါဒီအတိုင်း လက်ပိုက်ကြည့်နေမှာ မဟုတ်ဘူး”

ကျန်းချန်၏ မျက်ဝန်းများတွင် ပြတ်သားသော အရိပ်အယောင်များ လင်းလက်လာခဲ့ပြီး တည်ငြိမ်စွာ ပြောလိုက်သည်။

“နဂါးဝါအင်မော်တယ်ဂိုဏ်းက လူတွေ လာတာကို ဒီနေရာကပဲ စောင့်ကြရအောင်”

သူ၏ လက်ရှိ အင်အားဖြင့်ဆိုလျှင် ရွမ်ယီအင်မော်တယ်ဂိုဏ်းကို တိုက်ရိုက် သွားရောက်ကူညီခြင်းသည် ဥာဏ်ရှိသော ရွေးချယ်မှု မဟုတ်ပေ။

နဂါးဝါအင်မော်တယ်ဂိုဏ်း အတွက် ချူလင်းယွင်သည်သာ အန္တရာယ်ရှိသော တည်ရှိမှုတစ်ခု ဖြစ်၏။

သူမ လွတ်မြောက်လာပြီး ကြီးထွားလာမည့် အခွင့်အရေးကို နဂါးဝါအင်မော်တယ်ဂိုဏ်းသည် လုံးဝ ခွင့်ပြုလိမ့်မည်မဟုတ်ပေ။

ယခုသူက နဂါးဝါအင်မော်တယ်ဂိုဏ်းမှ ကောင်းကင်အင်မော်တယ် စတုတ္ထအဆင့် ကျင့်ကြံသူကို သတ်ဖြတ်လိုက်ပြီဖြစ်ရာ နဂါးဝါအင်မော်တယ်ဂိုဏ်းသည် သိပ်မကြာခင်မှာပင် အစွမ်းထက် ကျင့်ကြံသူများကို စစ်ကူအဖြစ် စေလွှတ်နိုင်ပေသည်။

အစပိုင်းတွင် နဂါးဝါအင်မော်တယ်ဂိုဏ်း၏ အစွမ်းအထက်ဆုံးပုဂ္ဂိုလ်များကို စေလွှတ်လိမ့်မည် မဟုတ်ပေ။

အကယ်၍ ၎င်းတို့က ကောင်းကင်အင်မော်တယ် သတ္တမအဆင့် ကျင့်ကြံသူ တစ်ဦးကို စေလွှတ်လိုက်လျှင်ပင် သူ့ကို အတော်လေး အထင်ကြီးနေပြီဟု ဆိုနိုင်၏။

နဂါးဝါအင်မော်တယ်ဂိုဏ်းက ကောင်းကင်အင်မော်တယ်သတ္တမအဆင့်နှင့် ထိုအဆင့်အောက်ရှိ ကျင့်ကြံသူများကို စေလွှတ်သရွေ့ သူက တစ်ယောက်မကျန် သတ်ဖြတ်ပစ်မည်သာ ဖြစ်သည်။

ဤနည်းအားဖြင့် နဂါးဝါအင်‌မော်တယ်ဂိုဏ်း၏ အင်အားကို လျော့ချနိုင်ရုံသာမက ရွမ်ယီအင်မော်တယ်ဂိုဏ်း အပေါ်တွင် ကျရောက်နေသည့် ဖိအားများကိုလည်း တစ်ဖက်တစ်လမ်းမှ သက်သာစေလိမ့်မည် ဖြစ်သည်။

ထို့နောက်တွင် ကျန်းချန်တို့ နှစ်ယောက်သည် တိတ်တဆိတ် စောင့်ဆိုင်းနေခဲ့ကြသည်။

မကြာခင်မှာပင် ကောင်းကင်အင်မော်တယ် ဆဋ္ဌမအဆင့်ကျင့်ကြံသူ၏ အရှိန်အဝါ နောက်သို့ လိုက်လာကြသော ကောင်းကင်အင်မော်တယ် ပထမအဆင့် ကျင့်ကြံသူသုံးဦးသည် ကျန်းချန်တို့၏ ရှေ့တွင် ပေါ်လာခဲ့သည်။

လေထဲတွင် ကျန်ရစ်နေသော ကောင်းကင်အင်မော်တယ်စတုတ္ထအဆင့်၏ အရှိန်အဝါကို ခံစားမိလျှင် သူတို့၏ အမူအရာက ချက်ချင်းဆိုသလိုပင် ပြောင်းလဲသွားကြ၏။

ကျန်းချန်ကို ကြည့်နေသော သူတို့၏ အကြည့်တွင် မယုံကြည်နိုင်လောက်အောင် အံ့ဩထိတ်လန့်သော အမူအရာများ ဖြစ်ပေါ်နေခဲ့သည်။

“သေသွားပြီလား”

သူတို့ထက် အရင်ရောက်နှင့်နေသော ကောင်းကင်အင်မော်တယ် စတုတ္ထအဆင့်သည် ဤနေရာတွင် ခြေရာလက်ရာပင် မကျန်ရှိအောင် ပျောက်ကွယ်သွားလိမ့်မည်ဟု သူတို့ လုံးဝ ထင်မထားခဲ့ကြပေ။

ဤနေရာတွင် တိုက်ပွဲကြီးတစ်ပွဲ ဖြစ်ပွားခဲ့သည့် အရိပ်အယောင်မျိုးကိုပင် သူတို့ မခံစားခဲ့ရပေ။

ယင်းမှာ ကောင်းကင်အင်မော်တယ် စတုတ္ထအဆင့် ကျင့်ကြံသူသည် ခုခံရန်ပင် အချိန်မရဘဲ ဤနေရာတွင် ကျဆုံးသွားခြင်းဖြစ်သည်ဟု အဓိပ္ပာယ်ရနေသည် မဟုတ်ပါလား။

“ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ”

သူတို့ မျက်နှာချင်းဆိုင်မှ အနက်ရောင်ဝတ်စုံဝတ် လူငယ်လေးသည် ကောင်းကင်အင်မော်တယ် ပထမအဆင့်သာ ရှိရာ ဤမျှလောက် ကြောက်စရာကောင်းသည့် တိုက်ခိုက်ရေးစွမ်းရည်မျိုး အဘယ်ကြောင့် ရှိနေရပါသနည်း။

အခန်း(၂၇၄၇)ပြီး၏။

အခန်း(၂၇၄၈)

“သွားကြစို့.. ဒီကောင်က သိပ်ကို မွန်းစတားဆန်လွန်းတယ်.. ငါတို့ သူ့ကို ယှဥ်နိုင်မှာ မဟုတ်ဘူး.. မြန်မြန်ပြန်ပြီး ဂိုဏ်းက အစွမ်းထက် ကျင့်ကြံသူတွေဆီ သတင်းပို့ကြရအောင်”

သူတို့ထဲမှ တစ်ယောက်က သတိပြန်ဝင်လာပြီး နံဘေးမှ အဖော်နှစ်ယောက်ကို ခေါ်ကာ အလျင်အမြန် လှည့်ပြန်ရန် ပြင်လိုက်သည်။

“ရောက်လာမှတော့ မင်းတို့ရဲ့အသက်ကို ဒီမှာ ထာဝရ ထားခဲ့ရလိမ့်မယ်”

ကျန်းချန်က ခံစားချက်ကင်းမဲ့သော အမူအရာဖြင့် ပြောလိုက်သည်။

ထို့နောက် သူက ဓားချက်တစ်ချက် ထုတ်ဖော်လိုက်ရာ ထိုဓားချက်သည် နဂါးဝါအင်မော်တယ်ဂိုဏ်းက ကောင်းကင်အင်မော်တယ် ပထမအဆင့် ကျင့်ကြံသူ သုံးဦးနှင့် ၎င်းတို့ရှိနေသည့် ပေတစ်ထောင် ပတ်ဝန်းကျင် ဧရိယာကို တစ်ခဏအတွင်း ဘာမှမကျန်ရှိသည် အထိ ချေမှုန်းပစ်လိုက်သည်။

ထိုသုံးဦးသည် မည်သို့မျှ ပြန်လည် ခုခံနိုင်စွမ်းမရှိဘဲ ကျန်းချန်၏ ဓားချက်အောက်တွင် လုံးဝ ပျောက်ကွယ်သွားခဲ့သည်။

ကျန်းချန်က ကောင်းကင်အင်မော်တယ် ပထမအဆင့် ကျင့်ကြံသူ သုံးဦးကို သတ်ဖြတ်ပြီး သိပ်မကြာခင်မှာပင် ကောင်းကင်အင်မော်တယ် သတ္တမအဆင့်သို့ ရောက်ရှိနေသည့် အားကောင်းသော အရှိန်အဝါ တစ်ခုသည် အဝေးရှိ ကောင်းကင်ယံကနေ ပျံ့နှံ့လာခဲ့သည်။

ထိုလူမှာ ရဲ့စန်းမူ၏ တားဆီးခြင်းကို ခံခဲ့ရသည့် အဝါရောင်ဝတ်စုံဝတ် လူလတ်ပိုင်းအရွယ် အမျိုးသား ဖြစ်သည်။

ပတ်ဝန်းကျင်လေထုထဲရှိ သွေးညှီနံ့များကို ခံစားမိလျှင် အဝါရောင်ဝတ်စုံဝတ် လူလတ်ပိုင်းအရွယ် အမျိုးသား၏ ကျန်းချန်အပေါ်ကြည့်နေသည့် အကြည့်က ချက်ချင်းဆိုသလိုပင် အလွန်အမင်း အေးစက်သွားခဲ့သည်။

“ကောင်လေး ငါမင်းကို အထင်သေးခဲ့မိပြီ ထင်တယ်”

သူ့ရှေ့မှ ကောင်းကင်အင်မော်တယ် ပထမအဆင့် ကျင့်ကြံသူသည် ကောင်းကင်အင်မော်တယ် စတုတ္ထအဆင့်ကျင့်ကြံသူတစ်ဦးနှင့် ကောင်းကင်အင်မော်တယ် ပထမအဆင့် ကျင့်ကြံသူ သုံးဦးကို ဤမျှအထိ မြန်မြန်ဆန်ဆန် သတ်ပစ်နိုင်လိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။

ကံကောင်းစွာဖြင့် သူက သူ၏ ဝှက်ဖဲကို အသုံးပြုပြီး ရဲ့စန်းမူ၏ တားဆီးခြင်းကနေ ရုန်းထွက်နိုင်ခဲ့သည်။

သို့မဟုတ်လျှင် ချူလင်းယွင်သည် ထိုကောင်လေး၏ ကယ်တင်ခြင်းကို အမှန်တကယ် ခံရတော့မည် ဖြစ်၏။

အဝါရောင်ဝတ်စုံဝတ် လူလတ်ပိုင်းအရွယ် အမျိုးသား ကျင့်ကြံသူ ပေါ်လာသည်ကိုမြင်လျှင် ချူလင်းယွင်၏ မျက်နှာက ချက်ချင်းပင် ဖြူဖျော့သွားခဲ့သည်။

ဟွမ်ဝမ်ချန် ဟု အမည်ရသည့် အဝါရောင်ဝတ်စုံဝတ် လူလတ်ပိုင်းအရွယ် အမျိုးသားသည် နဂါးဝါအင်မော်တယ်ဂိုဏ်း၏ အစွမ်းအထက်ဆုံး ပုဂ္ဂိုလ်ငါးဦး ထဲမှ တစ်ဦး ဖြစ်ပြီး သူ၏ ကျင့်ကြံခြင်း အဆင့်သည် ကောင်းကင်အင်မော်တယ် သတ္တမအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။

ဟွမ်ဝမ်ချန် ဤနေရာသို့ ရောက်ရှိလာပုံထောက်လျှင် ကောင်းကင်အင်မော်တယ် သတ္တမအဆင့် ကျင့်ကြံသူ ဖြစ်သည့် ရဲ့စန်းမူသည်ပင် ဟွမ်ဝမ်ချန်ကို မတားဆီးနိုင်ခဲ့မှန်း ဖော်ပြနေခဲ့၏။

ယနေ့တွင် သူမတို့ အနေဖြင့် သေဘေးကနေ လွတ်မြောက်ရန် မလွယ်လောက်တော့ဟု ချူလင်းယွင် ထင်မြင်မိခဲ့သည်။

“ကောင်လေး.. ဒါက ငါတို့ နဂါးဝါအင်မော်တယ်ဂိုဏ်းနဲ့ ရွမ်ယီအင်‌မော်တယ်ဂိုဏ်းတို့ ကြားက ကိစ္စပဲ.. မင်း ဝင်မပါဖို့ ငါ အကြံပေးချင်တယ်”

ဟွမ်ဝမ်ချန်က ကျန်းချန်ကို စိုက်ကြည့်နေသော်လည်း အလွယ်တကူ တိုက်ခိုက်ခြင်း မပြုခဲ့ပေ။

ဤလူငယ်သည် သူ၏ လက်အောက်ငယ်သားများကို မျက်စိတစ်မှိတ် အတွင်း လျင်မြန်စွာ သတ်ဖြတ်နိုင်ခဲ့သော်လည်း ကောင်းကင်အင်မော်တယ် ပထမအဆင်သာ ရှိသေး၍ ဟွမ်ဝမ်ချန်က အလေးအနက်ထားစရာ မလိုဟု ယူဆထားခဲ့သည်။

သို့သော်လည်း ကောင်းကင်အင်မော်တယ် ပထမအဆင့်ဖြင့် ကောင်းကင်အင်မော်တယ် စတုတ္ထအဆင့် ကျင့်ကြံသူကို အလွယ်တကူ သတ်ဖြတ်နိုင်ခဲ့သည့် ထိုလူငယ်၏ ပါရမီသည် အလွန်တရာပင် ထူးခြားနေခဲ့သည်။

ဤကဲ့သို့ ပါရမီရှင်မျိုးသည် တလော့အင်အားစုကနေ ထွက်ပေါ်လာသည့် ပါရမီရှင်တပည့် တစ်ဦး ဖြစ်နိုင်ခြေ အလွန်များ၏။

ထို့ကြောင့် မဖြစ်မနေ အခြေအနေမျိုးမှ လွဲ၍ ဟွမ်ဝမ်ချန်က ကျန်းချန်နှင့် ရင်မဆိုင်ချင်ခဲ့ပေ။

ကျန်းချန်က ဟွမ်ဝမ်ချန်ကို အေးစက်စက် ကြည့်ကာ ပြောလိုက်သည်။

“ငါ မဖြစ်မနေ ဝင်ပါမှာပဲ.. ဘာလို့လည်းဆိုတော့ ရွမ်ယီအင်မော်တယ်ဂိုဏ်းရဲ့ ကိစ္စက ငါကျန်းချန်ရဲ့ကိစ္စ ဖြစ်နေလို့ပဲ”

“ကောင်းပြီလေ.. မင်းက ဝင်ပါမယ်လို့ ဆုံးဖြတ်ထားမှတော့ ငါ့ကို ရက်စက်တယ် ဆိုပြီး အပြစ်မတင်နဲ့တော့”

စကားဆုံးသည်နှင့် ဟွမ်ဝမ်ချန်၏ ခန္ဓာကိုယ်ကနေ လူသတ်ငွေ့များ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။

ချူလင်းယွင်၏ ပါရမီက အလွန်တရာ ကြောက်မက်ဖွယ်ရာကောင်းလွန်း၏။

သူမသာ လွတ်မြောက်သွားခဲ့လျှင် အနာဂတ်တွင် သူတို့ နဂါးဝါအင်မော်တယ်ဂိုဏ်း အတွက် ဘေးအန္တရာယ်များ ဖြစ်လာစေလိမ့်မည် ဖြစ်သည်။

ယင်းအတွက်ကြောင့် မည်သို့ပင် ဖြစ်စေကာမူ အနာဂတ်တွင် ဖြစ်လာနိုင်မည့် ပြဿနာများကို ရှောင်ရှားရန်အတွက် ယနေ့တွင် ချူလင်းယွင်ကို အသေသတ်ရမည် မဟုတ်ပါလား။

“မိန်းကလေးချူ.. မင်း နောက်ဆုတ်လိုက်ပါ”

ကျန်းချန်က ချူလင်းယွင်ကို ပြောလိုက်သည်။

ထို့နောက်တွင် သူ၏ ခန္ဓာကိုယ်ကနေ ကောင်းကင်အင်မော်တယ် စွမ်းအားများက ကြောက်မက်ဖွယ် ထွက်ပေါ်လာခဲ့သည်။

“ငါ့လက်ထဲက ဓားက ကောင်းကင်အင်မော်တယ် သတ္တမအဆင့် ကျင့်ကြံသူကို သတ်နိုင်မလား ဆိုတာ ငါကျန်းချန်လည်း သိချင်နေတာနဲ့ အတော်ပဲ”

“ဟားဟား.. မင်းရဲ့ ကောင်းကင်အင်မော်တယ် ပထမအဆင့် ကျင့်ကြံမှုလေးနဲ့ ငါ့ကို သတ်ချင်နေတာလား”

ဟွမ်ဝမ်ချန်က မထီမဲ့မြင်ပြုံးကာ လှောင်ပြောင်လိုက်သည်။

သူက ကောင်းကင်အင်‌မော်တယ် သတ္တမအဆင့် ကျင့်ကြံသူ ဖြစ်သော်လည်း ကျန်းချန်ကမူ ကောင်းကင်အင်မော်တယ် ပထမအဆင့်မျှသာ ရှိနေသေး၏။

ထိုကောင်လေးသည် ထူးခြားသော ပါရမီရှိပြီး အဆင့်ကျော် တိုက်ခိုက်နိုင်သည်မှာ မှန်သော်လည်း အဆင့်ခြောက်ဆင့်လောက် အထိ ကျော်ပြီး တိုက်ခိုက်ရန် ဆိုသည်ကမူ လုံးဝမဖြစ်နိုင်သော ကိစ္စပင် မဟုတ်ပါလော။

သူသိထားသလောက် တလော့အင်အားစုမှ အထူးချွန်ဆုံးပါရမီရှင်များသည်ပင် အဆင့်လေးဆင့်လောက် ကျော်ဖြတ်တိုက်ခိုက်နိုင်လျှင် ကောင်းကင်ကိုပင် ဆန့်ကျင်နေသော ပါရမီရှင်ဟု ညွှန်းဆို၍ ရနေပြီ ဖြစ်သည်။

ကျန်းချန်၏ မျက်နှာထားက တည်ငြိမ်နေခဲ့ပြီး ဟွမ်ဝမ်ချန်နှင့်အပိုစကားများ ပြောမနေတော့ပေ။

သူက လက်ထဲရှိ ထျန်းယွမ်အင်မော်တယ်ဓားကို လှုပ်ရှားလိုက်ရာ ကြောက်မက်ဖွယ်ရာကောင်းသော လူသတ်ငွေ့များ ပျံ့နှံ့လာခဲ့သည်။

“အင်‌မော်တယ်ဖျက်ဆီးခြင်းဓားသိုင်း.. အင်မော်တယ်များကိုသုတ်သင်ခြင်း”

ကျန်းချန်က အင်မော်တယ်ဘုရင်အဆင့် ဓားသိုင်းကို ထုတ်ဖော်လိုက်ရာ အင်‌မော်တယ်များကိုပင် သတ်ဖြတ်နိုင်သည့် အရှိန်အဝါများ ကိန်းအောင်းနေသည့် သတ်ဖြတ်ခြင်းဓားအလင်းတန်း တစ်ခုသည် ဟွမ်ဝမ်ချန် ထံသို့ သက်ရောက်လာခဲ့သည်။

ထိုဓားချက် ထွက်ပေါ်လာချိန်တွင် ဟင်းလင်းပြင်သည်ပင် ဓားအလင်းကြောင့် အက်ကွဲသွားခဲ့ရ၏။

ကျန်းချန်၏ ကြောက်မက်ဖွယ်ဓားချက်ကို မြင်လျှင် ကောင်းကင်အင်မော်တယ် သတ္တမအဆင့် ဖြစ်သည့် ဟွမ်ဝမ်ချန်၏ မျက်နှာအမူအရာက အကြီးအကျယ် ပြောင်းလဲသွားခဲ့သည်။

ကျန်းချန်က ကောင်းကင်အင်မော်တယ် ပထမအဆင့်သာ ရှိသော်လည်း ဤမျှကြောက်မက်ဖွယ်ရာကောင်းသော ဓားချက်ကို ထုတ်‌ဖော်နိုင်လိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။

သူက ထိုဓားချက်ထံကနေ အန္တရာယ် အရိပ်အ‌ငွေ့ကိုပင် ခံစားမိနေခဲ့သည်။

“နဂါးဝါနတ်ဆိုးနှိမ်နင်း လက်သီးသိုင်း”

ဟွမ်ဝမ်ချန်က သူ၏စိတ်ထဲမှ ထိတ်လန့်မှုကို ဖိနှိပ်လိုက်ပြီး အနည်းငယ်မျှပင် ပေ့ါဆရဲခြင်း မရှိတော့ဘဲ ကျယ်လောင်စွာ ကြုံးဝါးလိုက်ကာ ကြောက်မက်ဖွယ် လက်သီးချက်ဖြင့် ကျန်းချန်ကို ထိုးနှက်လိုက်သည်။

“ဝုန်း..”

လက်သီးချက်နှင့်အတူ ကြောက်မက်ဖွယ် လက်သီးအလင်းသည် လေထဲတွင် အဝါရောင်နဂါးတစ်ကောင် အဖြစ်သို့ ချက်ချင်းပင် ပြောင်းလဲသွားခဲ့ပြီး ကြောက်မက်ဖွယ် နဂါးဟိန်းသံကို ပြုလုပ်လိုက်ကာ ကျန်းချန် ထုတ်ဖော်လိုက်သည်နှင့် ဓားချက်နှင့် ထိပ်တိုက် ဆုံတွေ့သွားခဲ့သည်။

“ဝုန်း..”

“ဝုန်း..”

“ဝုန်း..”

ဟင်းလင်းပြင်က တုန်ခါသွားပြီး တိမ်တိုက်များ ကွဲကြေကာ ပေါက်ကွဲသံများ ဆက်တိုက်ဆိုသလို ထွက်ပေါ်လာခဲ့သည်။

ဟွမ်ဝမ်ချန်၏ ခန္ဓာကိုယ်က တုန်ယင်သွားခဲ့ပြီး ပေရာချီ ကွာဝေးသည့် နောက်သို့ လွင့်ထွက်သွားကာ မျက်နှာတစ်ခုလုံး ဖြူဖျော့သွားခဲ့သည်။

သူက ခန္ဓာကိုယ် အတွင်းမှ ဗြောင်းဆန်နေသော စွမ်းအားများကို အတင်းအကျပ် ဖိနှိပ်လိုက်ပြီးနောက်တွင် ဓားတစ်လက်ကို ကိုင်ဆွဲကာ ဝင့်ကြွားစွာ ရပ်နေသော ကျန်းချန်ကို ထိတ်လန့်တုန်လှုပ်သော အမူအရာဖြင့် ကြည့်လိုက်မိသည်။

သူ့ရှေ့မှ ကောင်းကင်အင်မော်တယ် ပထမအဆင့် ကျင့်ကြံသူဖြစ်သည့် အနက်ရောင်ဝတ်စုံဝတ် လူငယ်သည် အမှန်တကယ်ပင် ကြောက်မက်ဖွယ်ရာ ကောင်းလွန်းနေခဲ့၏။

သူ၏ ကောင်းကင်အင်မော်တယ် သတ္တမအဆင့် ကျင့်ကြံမှုဖြင့်ပင် ထိုလူငယ်နှင့် ရင်ဆိုင်ရာတွင် ခုခံနိုင်စွမ်း မရှိခဲ့ပေ။

ဟွမ်ဝမ်ချန်သည် နှစ်ပေါင်းများစွာ အသက်ရှင်လာခဲ့ပြီး ထူးခြားသော ပါရမီရှင်များစွာကို မြင်တွေ့ဖူးသော်လည်း ဤမျှ ကြောက်မက်ဖွယ်ရာကောင်းသော ပါရမီရှင်မျိုးကို တစ်ခါမှ မတွေ့ခဲ့ဖူးပေ။

ကျန်းချန်၏ မျက်ဝန်းများက အေးစက်နေခဲ့သည်။

သူက ဟွမ်ဝမ်ချန်ကို အသက်ရှူရန် အခွင့်အရေးပင် လုံးဝမပေးလိုတော့ချေ။

ဟွမ်ဝမ်ချန်၏ မျက်နှာက အကြီးအကျယ်ပင် ပျက်ယွင်းသွားခဲ့ပြီး ကျန်းချန်၏ ဓားချက်ကို ခုခံနိုင်ရန် အတွက် သူ၏ ကောင်းကင်အင်မော်တယ် စွမ်းအားများကို အကန့်အသတ်အထိ ချက်ချင်းဆိုသလို မြှင့်တင်ခဲ့သည်။

သို့သော်လည်း ကောင်းကင်အင်မော်တယ် ပထမအဆင့် အထွတ်အထိပ်တွင် ရှိနေသည့် ကျန်းချန်၏ လက်ရှိကျင့်ကြံခြင်း အဆင့်အရ သူ၏ ခန္ဓာကိုယ်အတွင်းရှိ ကောင်းကင်အင်မော်တယ် စွမ်းအားများသည် သာမန် ကောင်းကင်အင်မော်တယ် တတိယအဆင့် သို့မဟုတ် စတုတ္ထအဆင့် ကျင့်ကြံသူများထက် အားမနည်းပေ။

ထို့အပြင် သူက တလော့အင်မော်တယ် အဆင့်ဓားကို အသုံးပြု၍ အင်မော်တယ်ဘုရင် အဆင့် အင်မော်တယ် ဖျက်ဆီးခြင်းဓားသိုင်းကို ထုတ်ဖော်လိုက်သောအခါ သူ၏ စွမ်းအားသည် အမှန်တကယ်ပင် ကြောက်မက်ဖွယ်ရာကောင်းသော အဆင့်သို့ ရောက်ရှိသွားခဲ့သည်။

ဟွမ်ဝမ်ချန် ကဲ့သို့ ကောင်းကင်အင်မော်တယ် သတ္တမအဆင့် ကျင့်ကြံသူ တစ်ဦးပင်လျှင် လုံးဝ တားဆီးနိုင်ခြင်း မရှိခဲ့ပေ။

“ဝုန်း..”

ကျယ်‌လောင်သော ပေါက်ကွဲသံနှင့်အတူ ဟွမ်ဝမ်ချန်၏ ခန္ဓာကိုယ်သည် ကျန်းချန်၏ ဓားချက်ကြောင့် နောက်သို့ တစ်ဖန် လွင့်ထွက်သွားခဲ့ပြီး သွေးတစ်လုတ်ကိုပင် အန်ထုတ်လိုက်ရသည်။

သူက သူ့ကိုယ်သူ တည်ငြိမ်အောင် မလုပ်ဆောင်နိုင်ခင်မှာပင် ကျန်းချန်၏ လက်ထဲရှိ ထျန်းယွမ်အင်မော်တယ်ဓားက တစ်ဖန် လှုပ်ရှားသွားခဲ့သည်။

ထို့နောက်တွင် အင်မော်တယ်ဖျက်ဆီးခြင်း ဓားသိုင်း၏ တတိယမြောက် ဓားကွက် ဖြစ်သည့် အင်မော်တယ်များကိုသတ်ဖြတ်ခြင်း ဓားချက်သည် ဟွမ်ဝမ်ချန်၏ ခန္ဓာကိုယ်တစ်ခုလုံးကို လွှမ်းခြုံသွားခဲ့သည်။

ဟွမ်ဝမ်ချန်က ကောင်းကင်အင်မော်တယ် စွမ်းအားဖြင့် ခန္ဓာကိုယ် ပတ်ပတ်လည်ကို ကာကွယ်ခဲ့သော်လည်း ကျန်းချန်၏ ကြောက်မက်ဖွယ် ဓားချက်အောက်တွင် ဘာမှအသုံးမဝင်ခဲ့ပေ။

တစ်ခဏ အတွင်းမှာပင် ဟွမ်ဝမ်ချန်၏ အကာအကွယ်နှင့်ခန္ဓာကိုယ်သည် ကျန်းချန်၏ ဓားချက်အောင်တွင် ကွဲကြေသွားခဲ့ပြီး အဝါရောင်အင်မော်တယ် အလင်းများ ထွက်ပေါ်နေသည့် အင်‌မော်တယ်ခရစ္စတယ် တစ်ခုသာ ကျန်ရစ်ခဲ့တော့သည်။

ထိုအင်မော်တယ် ခရစ္စတယ်သည် သခင်မဲ့နေသည့် ခွေးတစ်ကောင် အလား အဝေးသို့ အလျင်အမြန် ထွက်ပြေးရန် ကြိုးစားနေခဲ့၏။

ကျန်းချန်က လက်တစ်ဖက်ကို အသာအယာ ဆန့်ထုတ်လိုက်ရာ အင်မော်တယ် စွမ်းအားသည် အင်မော်တယ် ခရစ္စတယ်နှင့် ၎င်း၏ ပတ်ဝန်းကျင် ဟင်းလင်းပြင်ကို တစ်ခဏအတွင်း ပိတ်ဆို့လိုက်သည်။

နောက်ထပ် တစ်ခဏတွင် ကျန်းချန်၏ ပုံရိပ်သည် အင်မော်တယ်ခရစ္စတယ် ရှိနေသည့် နေရာ၌ ပေါ်လာခဲ့ပြီး အင်မော်တယ် ခရစ္စတယ်ကို ဖမ်းဆုပ်လိုက်၏။

အခန်း(၂၇၄၈)ပြီး၏။

All Chapters