← Chapters

အခန်း (၂၇၄၉-၂၇၅၀)

Vol. 215 Ch. 2749-2750

အခန်း (၂၇၄၉-၂၇၅၀)

Vol. 215 Ch. 2749-2750

အခန်း(၂၇၄၉)

“ကောင်လေး.. မင်းက ငါ့ကို အတင်းအကျပ် ဖိအားပေးနေတာပဲ.. ဒီနေ့ ငါဟွမ်ဝမ်ချန် သေရမယ် ဆိုရင်တောင် မင်းကို ငါနဲ့အတူ သေရွာဆီ အဖော်ခေါ်သွားမယ်”

ဟွမ်ဝမ်ချန်၏ အလွန်အမင်း ဒေါသထွက်နေသော မျက်နှာက အဝါဖျော့ဖျော့ အင်မော်တယ်ခရစ္စတယ် ပေါ်တွင် ပေါ်လာခဲ့သည်။

ကျန်းချန်က သူ့ကို အလွှတ်ပေးရန် လုံးဝ အစီအစဥ် မရှိသည်အားမြင်လျှင် အင်မော်တယ်ခရစ္စတယ် ထံကနေ တောက်ပသော အလင်းတန်းများသည် မီး‌တောင်ပေါက်ကွဲသကဲ့သို့ ရုတ်တရက် ပေါက်ကွဲထွက်လာခဲ့၏။

ကျန်းချန်၏ မျက်နှာအမူအရာ ပြောင်းလဲသွားခဲ့ပြီး သူ၏ ခန္ဓာကိုယ်ကို နောက်သို့ ဆုတ်ခွာရင်း ထျန်းယွမ်အင်မော်တယ်ဓားဖြင့် ဓားချက်ပေါင်း များစွာကို ဆက်တိုက်ဆိုသလို ထုတ်ဖော်လိုက်သည်။

တောက်ပသော ဓားအလင်းများသည် ကျန်းချန်၏ ရှေ့မှာပင် ဓားကွန်ရက်တစ်ခု အဖြစ်သို့ ချက်ချင်းဆိုသလို ယှက်နွှယ်သွားခဲ့ပြီး အင်မော်တယ်ခရစ္စတယ်က‌နေ ပေါက်ကွဲထွက်လာသည့် ကြောက်မက်ဖွယ်စွမ်းအားများကို ပိတ်ဆို့လိုက်သည်။

“ဝုန်း..”

ဟင်းလင်းပြင်က ကွဲကြေသွားခဲ့ပြီး ကမ္ဘာလောက တစ်ခုလုံးပင် တုန်ခါသွားခဲ့သည်။

ကျန်းချန်၏ ခန္ဓာကိုယ်က အနည်းငယ် တုန်ယင်သွားခဲ့ပြီး ခန္ဓာကိုယ် တစ်ခုလုံးသည် ဟင်းလင်းပြင်ထဲတွင် နောက်သို့ ခြေလှမ်း ဒါဇင်ပေါင်းများစွာ ဆုတ်ခွာလိုက်ရ၏။

ကောင်းကင်အင်မော်တယ် သတ္တမအဆင့် ကျင့်ကြံသူတစ်ဦး၏ အင်မော်တယ်ခရစ္စတယ် ထဲတွင် ကိန်းအောင်းနေသော စွမ်းအားသည် အမှန်တကယ်ပင် အလွန်တရာ ကြောက်မက်ဖွယ် ကောင်းလွန်းနေခဲ့သည်။

အကယ်၍ အစောပိုင်းတွင် သူသာ လျင်မြန်စွာ တုံ့ပြန်နိုင်ခဲ့ခြင်းမရှိခဲ့လျှင် ဟွမ်ဝမ်ချန်၏ တိုက်ခိုက်မှုအောက်၌ အကြီးအကျယ် ထိခိုက် ဒဏ်ရာရသွားနိုင်ပေသည်။

“ကောင်းကင်အင်မော်တယ် သတ္တမအဆင့် အင်မော်တယ်ခရစ္စတယ်ကို ဆုံးရှုံးလိုက်ရတာ နှမြောစရာပဲ”

ကျန်းချန်က ဟွမ်ဝမ်ချန် သူ့ကိုယ်သူ ဖောက်ခွဲလိုက်သည့် နေရာကို ကြည့်ရင်း နှမြောသော အမူအရာဖြင့် ခေါင်းခါရမ်းလိုက်သည်။

အင်မော်တယ်ခရစ္စတယ်သည် ကျန်းချန်၏ ခွန်အားကို မြှင့်တင်ရန် အတွက် အသုံးဝင်သော နည်းလမ်းများထဲမှ တစ်ခုဖြစ်သည်။

သို့သော်လည်း ကျန်းချန်၏ လက်ရှိကျင့်ကြံခြင်းအဆင့်အရ ကောင်းကင်အင်မော်တယ် အဆင့်အောက်ရှိ အင်မော်တယ်ခရစ္စတယ်များသည် အသုံးမဝင်သလောက် ဖြစ်နေခဲ့ပြီး အဆင့်နိမ့် ကောင်းကင်အင်မော်တယ် ခရစ္စတယ်များ ပင်လျှင် အသုံးဝင်ချင်မှ ဝင်တော့မည် ဖြစ်သည်။

သို့ရာတွင် ကောင်းကင်အင်မော်တယ် သတ္တမအဆင့် ခရစ္စတယ်ကမူ သူ၏ ကျင့်ကြံမှုကို များစွာ တိုးတက်စေနိုင်သည်။

သို့သော်လည်း ကောင်းကင်အင်မော်တယ် ခရစ္စတယ်ထဲရှိ အင်မော်တယ် အသိစိတ်သည် ပကတိအင်မော်တယ် ခရစ္စတယ် ထဲရှိ အင်မော်တယ် အသိစိတ်ထက် အဆပေါင်းများစွာ ပိုမို၍ အားကောင်းနေခဲ့သည်။

ထိုအသိစိတ်က ကောင်းကင်အင်မော်တယ် ခရစ္စတယ်၏ စွမ်းအင်ကို အပြည့်အဝ ထိန်းချုပ်နိုင်ပြီး တစ်ခဏအတွင်းမှာပင် ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သော ဖောက်ခွဲမှုကို လုပ်ဆောင်နိုင်၏။

ထို့ကြောင့် အနာဂတ်တွင် အင်မော်တယ် ခရစ္စတယ်များကို စုဆောင်းပြီး စွမ်းအင်များ စုပ်ယူကာ သူ၏ ကျင့်ကြံမှုကို မြှင့်တင်ရန်မှာ မလွယ်ကူတော့ပေ။

“ကောင်းကင်အင်မော်တယ် သတ္တမအဆင့် ကျင့်ကြံသူက ဒီလိုပဲ သေဆုံးသွားပြီလား”

သူမ ရှေ့မှ မြင်ကွင်းကို မှင်တက်စွာကြည့်ရင်း ချူလင်းယွင်သည် အချိန်အတော်ကြာသည် အထိ သတိပြန်ဝင်မလာခဲ့ပေ။

ရွမ်ယီအင်မော်တယ်ဂိုဏ်းနှင့် နဂါးဝါအင်မော်တယ်ဂိုဏ်းတို့တွင် ကောင်းကင်အင်မော်တယ် သတ္တမအဆင့် ဆိုသည်မှာ အစွမ်းထက်ပုဂ္ဂိုလ်တစ်ဦး အဖြစ် သတ်မှတ်နိုင်၏။

ထိုနှစ်ဂိုဏ်းလုံးဖြင့် ကြည့်လျှင်ပင် ကောင်းကင်အင်မော်တယ် သတ္တမအဆင့် ကျင့်ကြံသူမှာ ဆယ်ဦးထက် မပိုပေ။

ကောင်းကင်အင်မော်တယ် ပထမအဆင့်တွင်သာ ရှိသေးသော ကျန်းချန်သည် ကောင်းကင်အင်မော်တယ် သတ္တမအဆင့် ဟွမ်ဝမ်ချန်ကိုပင် အလွယ်တကူ သတ်ဖြတ်နိုင်ခဲ့ရုံသာမက နတ်ခရစ္စတယ်ကိုပင် ပေါက်ကွဲအောင် ဖိအားပေးနိုင်ခဲ့လိမ့်မည်ဟု ချူလင်းယွင် လုံးဝ မတွေးမိခဲ့ချေ။

ဤအခိုက်အတန့်တွင် ချူလင်းယွင်၏ လှပသောမျက်ဝန်းလေးထဲတွင် မျှော်လင့်ချက် အရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့သည်။

ကောင်းကင်အင်မော်တယ် သတ္တမအဆင့် ကျင့်ကြံသူကိုပင် အလွယ်တကူ သတ်ဖြတ်နိုင်သည့် ဤကဲ့သို့ မွန်းစတားဆန်သောပါရမီရှင် ကျန်းချန်၏ အကူအညီဖြင့်သာ ဆိုလျှင် သူတို့၏ ရွမ်ယီအင်မော်တယ်ဂိုဏ်းသည် ရှုံးနိမ့်ရာကနေ အောင်ပွဲသို့ ပြောင်းလဲရန် အခွင့်အရေး ရှိကောင်းရှိနိုင်သည် မဟုတ်ပါလော။

ကျန်းချန်က ဟွမ်ဝမ်ချန်ကို သတ်ဖြတ်လိုက်သည့် အချိန်မှာပင် အပြာရောင်ဝတ်စုံဝတ် အဘိုးအိုတစ်ဦးသည် ကောင်းကင်ယံကနေ အပြေးအလွှား ရောက်ရှိလာခဲ့သည်။

ထိုအပြာရောင်ဝတ်စုံဝတ် အဘိုးအိုမှာ ရဲ့စန်းမူပင် ဖြစ်သည်။

“မိတ်ဆွေလေး ဘာတွေဖြစ်နေတာလဲ.. ဟွမ်ဝမ်ချန်ကရော ဘယ်မှာလဲ”

မည်သည့် ထိခိုက်ဒဏ်ရာမှ မရရှိထားသည့် ကျန်းချန်တို့ နှစ်ယောက်ကို မြင်လျှင် ရဲ့စန်းမူ၏ အိုမင်းသော မျက်ဝန်းထဲတွင် အံ့အားသင့်သော အရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့သည်။

သူက ဟွမ်ဝမ်ချန်ကို တားဆီးရန် အစွမ်းကုန် ကြိုးစားခဲ့သော်လည်း ဟွမ်ဝမ်ချန်သည် မထင်မှတ်ဘဲ အင်မော်တယ်နည်းစနစ် တစ်ခုကို အသုံးပြုကာ သူ့ကို ပိတ်ဆို့ခဲ့သည်။

ယင်းနောက်တွင် ဟွမ်ဝမ်ချန်သည် ကျန်းချန်နှင့် ချူလင်းယွင်တို့နောက်သို့ လိုက်လံဖမ်းဆီးရန် ထွက်ခွာသွားခဲ့သည်။

ရဲ့စန်းမူသည် သူ့ကို ပိတ်ဆို့ထားသော အချုပ်အနှောင်ကနေ ရုန်းထွက်ရန် အားစိုက်ထုတ်မှုများစွာကို ပြုလုပ်ခဲ့ရသည်။

အစောပိုင်းက ဤနေရာတွင် တုန်လှုပ်ချောက်ချားဖွယ်ရာကောင်းသော စွမ်းအင်လှိုင်းများ ပေါက်ကွဲထွက်လာခဲ့ရာ ကျန်းချန်တို့ နှစ်ဦးသည် ဟွမ်ဝမ်ချန်၏ ရက်စက်စွာ သတ်ဖြတ်ခြင်းကို ခံလိုက်ရပြီဟု သူထင်ထားခဲ့၏။

သို့ရာတွင် မထင်မှတ်ဘဲ ကျန်းချန်တို့ နှစ်ဦးက မည်သည့်ထိခိုက်ဒဏ်ရာမှ မရရှိထားသည်ကို တွေ့လိုက်ရသည်။

ရဲ့စန်းမူ အံ့အားသင့်နေသည့်အချက်မှာ ကျန်းချန် တို့နောက်သို့ လိုက်လာသော ဟွမ်ဝမ်ချန် ပျောက်ကွယ်နေခြင်းပင်။

ဟွမ်ဝမ်ချန်က လမ်းမှားသွားပြီး ဤနေရာသို့ ရောက်မလာခဲ့ခြင်း ဖြစ်နိုင်ပါသလော။

“သူ့ကို ကျွန်တော် သတ်လိုက်ပြီ”

ကျန်းချန်က တည်ငြိမ်စွာ ပြောလိုက်သည်။

“ခုနက ကြောက်စရာကောင်းတဲ့ စွမ်းအင်လှိုင်း ပေါက်ကွဲမှုကို ခံစားမိမှာပေါ့.. အဲဒါက အင်မော်တယ် ခရစ္စတယ်ထဲကနေ ဟွမ်ဝမ်ချန် သူ့ကိုယ်သူ အဆုံးစီရင်မှုကြောင့် ပေါက်ကွဲမှု ဖြစ်လာခဲ့တာပဲ”

ကျန်းချန်၏ စကားကိုကြားလျှင် ရဲ့စန်းမူသည် နားကြားမှားနေသလားဟုပင် သူ့ကိုယ်သူ သံသယဝင်သွားခဲ့သည်။

ဟွမ်ဝမ်ချန်က သေဆုံးသွားခဲ့ပြီ ဖြစ်သည်။

ထို့အပြင် ကျန်းချန်၏ ဖိအားကြောင့် အင်မော်တယ်ခရစ္စတယ်ကို ပေါက်ကွဲအောင် လုပ်ဆောင်လိုက်သော်လည်း ကျန်းချန်ကို ထိခိုက်အောင် မလုပ်ဆောင်နိုင်ခဲ့ပေ။

ယင်းမှာ အရမ်းကို အံ့ဩစရာ ကောင်းလွန်းနေခဲ့၏။

သိထားရမည့် ဟွမ်ဝမ်ချန်သည် ကောင်းကင်အင်မော်တယ် သတ္တမအဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်ပြီး သူ၏ စွမ်းရည်သည် ရဲ့စန်းမူ ထက်ပင် အနည်းငယ် ပိုသာနေခဲ့သည်။

ကျန်းချန်ကမူ ယခုမှ ကောင်းကင်အင်မော်တယ် ပထမအဆင့်တွင်သာ ရှိနေသေး၏။

ကောင်းကင်အင်မော်တယ် ပထမအဆင့်ဖြင့် ကောင်းကင်အင်မော်တယ် သတ္တမအဆင့်ကို အလွယ်တကူ သတ်ဖြတ်နိုင်သည့် မွန်းစတားမျိုး ဤကမ္ဘာပေါ်တွင် မည်ကဲ့သို့ ရှိနေနိုင်ပါမည်နည်း။

“မိတ်ဆွေလေးကျန်းချန်က တကယ်ကို ပြိုင်ဘက်ကင်းပါရမီရှင်ပဲ.. ငါ ရဲ့စန်းမူ လေးစားမိပါတယ်”

ရဲ့စန်းမူက မှင်တက်ရာကနေ ပြန်လည် သတိဝင်လာပြီးနောက်တွင် ချက်ချင်းဆိုသလိုပင် ကျန်းချန်ကို လက်သီးဆုပ်၍ ဂါဝရပြုကာ အရိုအသေပေးလိုက်သည်။

“မိတ်ဆွေလေးကျန်းချန်.. အခု ငါတို့ ရွမ်ယီအင်မော်တယ်ဂိုဏ်းက သေရေးရှင်ရေး အကျပ်အတည်း ဆိုက်‌ရောက်နေခဲ့ပြီ.. ငါ့အနေနဲ့ ရွမ်ယီအင်မော်တယ်ဂိုဏ်းကို ပြန်ဖို့ စီစဥ်ထားတယ် သခင်မလေးကိုတော့ မင်းလက်ထဲကိုပင် အပ်ခဲ့ပါရစေ”

“နဂါးဝါ အင်မော်တယ်ဂိုဏ်းမှာ ခြေလှမ်းတစ်ဝက် ရွှေအင်မော်တယ်အဆင့် ကျင့်ကြံသူတစ်ယောက် ရှိနေတယ်.. မင်းပြန်သွားရင်တောင် ဘာမှ အသုံးဝင်လိမ့်မယ်လို့ ငါမထင်ဘူး”

ကျန်းချန်က ခေါင်းခါရမ်းလိုက်ပြီး ချက်ချင်းဆိုသလိုပင် မေးလိုက်သည်။

“နဂါးဝါအင်မော်တယ်ဂိုဏ်းမှာ ကောင်းကင်အင်မော်တယ်သတ္တမအဆင့်နဲ့ အဲဒီအထက်က ကျင့်ကြံသူ ဘယ်နှစ်ယောက်ရှိသေးလဲ.. သူတို့အားလုံးက ရွမ်ယီ အင်မော်တယ်ဂိုဏ်းကို တိုက်ခိုက်နေကြတာလား”

“နဂါးဝါအင်မော်တယ်ဂိုဏ်းမှာ အနည်းဆုံး ကောင်းကင်အင်မော်တယ် သတ္တမအဆင့်ကို ရောက်နေတဲ့ ကျင့်ကြံသူ ငါးယောက်ရှိတယ်.. မိတ်ဆွေလေးကျန်းချန် ခုနလေးတင် သတ်ဖြတ်လိုက်တဲ့ ဟွမ်ဝမ်ချန် အပြင် နောက်ထပ် လေးယောက်ရှိသေးတယ် သူတို့ထဲက သုံးယောက်က ရွမ်ယီအင်မော်တယ်ဂိုဏ်းကို တိုက်ခိုက်နေပြီး ကျန်တစ်ယောက်ကတော့ နဂါးဝါအင်မော်တယ်ဂိုဏ်းရဲ့ ဌာနချုပ်ကို စောင့်ကြပ်နေတယ်”

ထိုစကားကိုကြားလျှင် ကျန်းချန်၏ မျက်ဝန်းများက အနည်းငယ် တောက်ပသွားခဲ့သည်။

“ဒီလိုဆိုမှတော့ ကျွန်တော်တို့ နဂါးဝါအင်မော်တယ်ဂိုဏ်းကို တိုက်ရိုက်သွားပြီး နဂါးဝါအင်မော်တယ်ဂိုဏ်းရဲ့ ဌာနချုပ်ကို စောင့်ကြပ်နေတဲ့ အဲဒီကောင်ကို အရင် သတ်ပစ်ကြတာပေါ့”

နဂါးဝါအင်မော်တယ်ဂိုဏ်းတွင် ခြေလှမ်းတစ်ဝက် ရွှေအင်မော်တယ်အဆင့် ကျင့်ကြံသူတစ်ဦး ရှိနေသဖြင့် ရွမ်ယီအင်မော်တယ်ဂိုဏ်းနှင့် နဂါးဝါအင်မော်တယ်ဂိုဏ်းတို့ တိုက်ခိုက်နေသည့် နေရာသို့ သွားရောက်ပြီး ရင်ဆိုင်ရန် ဆိုသည်မှာ ဥာဏ်ရှိသော ရွေးချယ်မှု မဟုတ်ပေ။

ယခုအခါတွင် နဂါးဝါအင်မော်တယ်ဂိုဏ်းသည် သူတို့၏ အင်အားအများစုကို ရွမ်ယီအင်မော်တယ်ဂိုဏ်းအား တိုက်ခိုက်ရန် အသုံးပြုထားသည် ဖြစ်ရာ နဂါးဝါအင်မော်တယ်ဂိုဏ်း၏ ဌာနချုပ်သည် အားနည်းနေမည်မှာ သေချာ၏။

ထို့ကြောင့် ရွမ်ယီအင်မော်တယ်ဂိုဏ်းကို ပြန်၍ စစ်ကူပေးမည့်အစား နဂါးဝါအင်မော်တယ်ဂိုဏ်းကို တိုက်ရိုက် သွားရောက်ချေမှုန်းသည်က ပိုကောင်းလိမ့်မည် မဟုတ်ပါလား။

သူတို့သာ နဂါးဝါအင်မော်တယ်ဂိုဏ်းကို စောင့်ကြပ်နေသည့် အစွမ်းထက် ကျင့်ကြံသူကို သတ်ဖြတ်ပြီး နဂါးဝါအင်မော်တယ်ဂိုဏ်း၏ ဌာနချုပ်ကို အားနည်းအောင် လုပ်ဆောင်ခဲ့မည် ဆိုလျှင် နဂါးဝါအင်မော်တယ်ဂိုဏ်းသည် ဤအတိုင်း ထိုင်ကြည့်နေလိမ့်မည် မဟုတ်ပေ။

ထိုအချိန်သို့ ရောက်လျှင် ရွမ်ယီအင်မော်တယ်ဂိုဏ်း၏ အကျပ်အတည်းသည် သဘာဝကျစွာပင် ယာယီပြေလည်သွားလိမ့်မည် ဖြစ်၏။

ကျန်းချန်၏ စကားကိုကြားလျှင် ရဲ့စန်းမူ၏ မျက်နှာက တောက်ပသွားခဲ့သည်။

ကျန်းချန်၏ ဝေကို ဝိုင်းရံပြီး ကျောက်ကို ကယ်တင်သည့် နည်းဗျူဟာက အမှန်တကယ်ပင် ကောင်းလွန်းနေခဲ့သည်။

သို့သော်လည်း ရဲ့စန်းမူက အနည်းငယ် တုံ့ဆိုင်းသောအမူအရာဖြင့် ပြောလိုက်သည်။

“မိတ်ဆွေလေးကျန်းချန် နဂါးဝါအင်မော်တယ်ဂိုဏ်းကို စောင့်ကြပ်နေတဲ့သူက ဟွမ်ထျန်းချီလို့ ခေါ်တယ်.. သူက နဂါးဝါအင်မော်တယ် ဂိုဏ်းချုပ်ရဲ့ ညီ ဖြစ်ပြီး သူ့ရဲ့ ကျင့်ကြံခြင်းအဆင့်က ကောင်းကင်အင်မော်တယ် အဋ္ဌမအဆင့်ကို ရောက်နေခဲ့ပြီ.. သူ့ကို ရင်ဆိုင်ဖို့ သိပ်မလွယ်လောက်ဘူး ထင်တယ်”

ကျန်းချန်က တည်ငြိမ်စွာပင် ပြောလိုက်သည်။

“ကောင်းကင်အင်မော်တယ် အဋ္ဌမအဆင့် ဖြစ်တော့ရော ဘာဖြစ်လဲ.. ခင်ဗျားသာ ကျုပ်နဲ့ ပူးပေါင်းလိုက်မယ် ဆိုရင် သူ့ကို သတ်ဖို့က မဖြစ်နိုင်တာ မဟုတ်ဘူး”

သူက ယခုအခါတွင် ကောင်းကင်အင်မော်တယ် သတ္တမအဆင့် ကျင့်ကြံသူကိုပင် အလွယ်တကူ သတ်ဖြတ်နိုင်နေပြီ ဖြစ်သည်။

အကယ်၍ သူသာ အင်မော်တယ်ကျောက်တိုင်၏ အင်မော်တယ်ချေမှုန်းခြင်း စွမ်းအားကို အသုံးပြုမည် ဆိုလျှင် ကောင်းကင်အင်မော်တယ် အဋ္ဌမအဆင့် ကျင့်ကြံသူကို မသတ်နိုင်လျှင်ပင် အနည်းဆုံး ဒဏ်ရာအပြင်းအထန် ရရှိအောင် လုပ်ဆောင်နိုင်မည် ဖြစ်သည်။

ထို့အပြင် သူ့တွင် တလော့အင်မော်တယ် ဆေးလုံးတစ်လုံးလည်း ရှိနေသေး၏။

အကယ်၍ အန္တရာယ် ရှိလာခဲ့လျှင် သူ၏ စွမ်းရည်ကို မြှင့်တင်ရန် တလော့အင်မော်တယ် ဆေးလုံးကို သောက်သုံးလိုက်ရုံပင် ဖြစ်သည်။

ထိုအချိန်သို့ ရောက်လျှင် သူ၏ ကျင့်ကြံခြင်းအဆင့်သည် တစ်ဆင့် သို့မဟုတ် နှစ်ဆင့်ခန့် တိုးတက်လာမည် ဖြစ်ရာ ကောင်းကင်အင်မော်တယ် အဋ္ဌမအဆင့် ကျင့်ကြံသူကို သတ်ဖြတ်ရန်မှာ အလွန်ပင် လွယ်ကူသွားလိမ့်မည် မဟုတ်ပါလော။

အခန်း(၂၇၄၉)ပြီး၏။

အခန်း(၂၇၅၀)

နဂါးဝါအင်မော်တယ်ဂိုဏ်း တည်ရှိရာ နေရာ ဖြစ်သည့် နဂါးဝါတောင်သည် မူလက ဓားပြအုပ်စုတစ်စု၏ ဓားပြစခန်း တစ်ခုသာ ဖြစ်ခဲ့သည်။

ထိုဓားပြအုပ်စုသည် အလွန်အမင်း အားနည်းပြီး ကောင်းကင်အင်မော်တယ် အဆင့်သို့ ရောက်ရှိနေသည့် ကျင့်ကြံသူ တစ်ဦးမျှပင် မရှိခဲ့ချေ။

နောက်ပိုင်းတွင် ဓားပြအုပ်စု၏ ခေါင်းဆောင်ဖြစ်သူ ဟွမ်ထျန်းဟွာသည် နဂါးဝါတောင်တန်းထဲတွင် ရွှေအင်မော်တယ်အဆင့် ကျင့်ကြံသူတစ်ဦး ချန်ထားရစ်ခဲ့သော အမွေအနှစ်တချို့ကို မတော်တဆ ရှာဖွေတွေ့ရှိခဲ့သည်။

ဟွမ်ထျန်းဟွာသည် ရွှေအင်မော်တယ်အဆင့် အမွေအနှစ်ကို ရရှိပြီးနောက်တွင် အဆုံးသတ်၌ စတင်၍ တိုးတက်လာခဲ့၏။

သူက ပကတိအင်မော်တယ်အဆင့် ကျင့်ကြံသူ တစ်ဦးဘဝကနေ ကောင်းကင်အင်မော်တယ် အဆင့်သို့ ရောက်ရန် နှစ်ပေါင်းထောင်ချီ အချိန်ယူခဲ့ရပြီး နဂါးဝါအင်မော်တယ်ဂိုဏ်းကို တည်ထောင်ခဲ့သည်။

နဂါးဝါအင်‌မော်တယ်ဂိုဏ်းကို တည်ထောင်ပြီးနောက်တွင် ယခင်ထက် ပို၍ အင်အား တောင့်တင်းလာသော်လည်း ဓားပြတိုက်သည့် အကျင့်ကမူ ပြောင်းလဲမသွားခဲ့ပေ။

သူတို့က အားနည်းသူများကို နှိပ်စက်ပြီး ပစ္စည်းများကို လုယူကြသည်။

ထို့ကြောင့်ပင် နဂါးဝါအင်မော်တယ်ဂိုဏ်းသည် အလွန်အမင်းလျင်မြန်စွာ တိုးတက်လာခဲ့ပြီး နှစ်ပေါင်းတစ်သောင်း မပြည့်မီမှာပင် ရွမ်ယီအင်မော်တယ်ဂိုဏ်းနှင့် တန်းတူနီးပါး တိုးတက်လာခဲ့၏။

ယခုအခါတွင် ဟွမ်ထျန်းဟွာသည် ကောင်းကင်အင်မော်တယ်နဝမအဆင့်ကို ကျော်ဖြတ်ကာ ခြေလှမ်းတစ်ဝက် ရွှေအင်မော်တယ်အဆင့်ကို တက်လှမ်းနိုင်ခဲ့ပြီး ရွမ်ယီ အင်မော်တယ်ဂိုဏ်းကို သိမ်းပိုက်ရန်ပင် ကြိုးပမ်းနေပြီ ဖြစ်သည်။

ရွမ်ယီအင်မော်တယ်ဂိုဏ်းသည် နဂါးဝါအင်မော်တယ်ဂိုဏ်းနှင့် သိပ်မဝေးပေ။

ထို့ကြောင့် ကျန်းချန်တို့၏ အရှိန်အဟုန်ဖြင့် နာရီဝက် မပြည့်မီမှာပင် နဂါးဝါအင်မော်တယ်ဂိုဏ်း တည်ရှိရာ နဂါးဝါတောင်ဆီသို့ ရောက်ရှိလာခဲ့ကြသည်။

“ဘယ်က အပေအတေတွေလဲ.. နဂါးဝါတောင်တန်းကနေ အခုချက်ချင်းထွက်သွားကြစမ်း.. နဂါးဝါအင်မော်တယ်ဂိုဏ်းရဲ့ ပိုင်နက်ကို ကျူးကျော်ရင် သေလမ်းတစ်လမ်းပဲ ရှိတယ်”

ကျန်းချန်တို့သုံးဦးက နဂါးဝါတောင်တန်း၏ အပြင်ဘက်ရှိ ဟင်းလင်းပြင်တွင် ပေါ်လာသည်နှင့် တစ်ပြိုင်နက် နဂါးဝါအင်မော်တယ်ဂိုဏ်းမှ တပည့်နှစ်ဦးသည် ကောင်းကင်ယံသို့ ပျံတက်လာခဲ့ပြီး ကျန်းချန်တို့ကို အော်ငေါက်လိုက်ကြသည်။

လွန်ခဲ့သော နှစ်များအတွင်း နဂါးဝါအင်မော်တယ်ဂိုဏ်းသည် အလွန်ပင် လျင်မြန်စွာ တိုးတက်လာခဲ့သည်။

အထူးသဖြင့် ဂိုဏ်းချုပ်ဖြစ်သူ ဟွမ်ထျန်းဟွာက ခြေလှမ်းတစ်ဝက် ရွှေအင်မော်တယ်အဆင့်ကို တက်လှမ်းသွားပြီးနောက်တွင် နဂါးဝါအင်မော်တယ်ဂိုဏ်းသည် အနီးအနားရှိ အင်အားစုများကိုပင် လွှမ်းမိုးလာခဲ့သည်။

တစ်ချိန်က မိုင်ပေါင်းတစ်သောင်း ဧရိယာအတွင်း အင်အားကြီးသူ ဖြစ်သည့် ရွမ်ယီအင်မော်တယ်ဂိုဏ်း ပင်လျှင် သူတို့နဂါးဝါအင်မော်တယ်ဂိုဏ်း၏ ခြေထောက်အောက်တွင် နင်းချေခြင်း ခံနေရပြီ ဖြစ်သည်။

ယင်းအတွက်ကြောင့် နဂါးဝါအင်မော်တယ်ဂိုဏ်းသို့ လာရောက် ရမ်းကားရဲသူ ရှိလိမ့်မည်ဟု သူတို့ လုံးဝ ထင်မထားခဲ့ကြပေ။

ကျန်းချန်က ထိုနှစ်ဦးကို အေးစက်စက် ကြည့်လိုက်ပြီးနောက်တွင် ထျန်းယွမ်အင်မော်တယ်ဓားကို အသုံးပြုကာ ဓားကွက် တစ်ကွက်ကို ထုတ်ဖော်လိုက်သည်။

နောက်ထပ်တစ်ခဏတွင် အေးစက်သော ဓားအလင်းတန်းသည် ထျန်းယွမ်အင်မော်တယ်ဓားကနေ အရှိန်အဟုန်ဖြင့် ထွက်ပေါ်လာခဲ့၏။

ထိုခဏဝယ် နဂါးဝါအင်မော်တယ်ဂိုဏ်းမှ တပည့်နှစ်ဦးသည် ရေခဲတိုက်ထဲ ကျသွားသကဲ့သို့ ချက်ချင်းဆိုသလို ခံစားလိုက်ရသည်။

သူတို့က တုံ့ပြန်ရန်ပင် အချိန်မရလိုက်ဘဲ ဓားအလင်းတန်းသည် သူတို့နှစ်ဦး၏ လည်ပင်းကို ထိုးဖောက်သွားခဲ့သည်။

ဓားအလင်းတန်းပျက်ပြယ်သွားသည့်အခါ သူတို့နှစ်ဦး၏ လည်ပင်းကနေ သွေးစက်များ စီးကျလာခဲ့၏။

ချက်ချင်းဆိုသလိုပင် သူတို့နှစ်ဦး၏ မျက်ဝန်းများတွင် အသက်လက္ခဏာများ ကင်းမဲ့သွားခဲ့ပြီး ဦးခေါင်းများ ပြတ်တောက်သွားကာ ဟင်းလင်းပြင်ကနေ အလောင်းများအဖြစ် ပြုတ်ကျသွားခဲ့သည်။

သူတို့နှစ်ဦးကနေ ကြွင်းကျန်ရစ်သည့် အင်မော်တယ်ခရစ္စတယ်များသည် ထိတ်လန့် တုန်လှုပ်စွာဖြင့် နဂါးဝါအင်မော်တယ်ဂိုဏ်း ဘက်သို့ ထွက်ပြေးသွားခဲ့ကြသည်။

ကျန်းချန်က ၎င်းတို့နောက်သို့ မလိုက်တော့ဘဲ နဂါးဝါအင်မော်တယ်ဂိုဏ်း ထံသို့ အင်မော်တယ်ခရစ္စတယ်များ ထွက်ပြေးသွားသည်ကို တမင်တကာ လွှတ်ပေးထားလိုက်သည်။

သူ့အနေဖြင့် နဂါးဝါအင်မော်တယ်ဂိုဏ်းသို့ လာခြင်းကို အစကတည်းကပင် ဖုံးကွယ်ရန် ရည်ရွယ်ချက် မရှိခဲ့ပေ။

ဆိုရလျှင် သူက ထိုနှစ်ယောက်ကို နဂါးဝါအင်မော်တယ်ဂိုဏ်းသို့ ပြန်သွားစေပြီး အကြီးအကဲများထံ အစီအရင်ခံခိုင်းလိုက်ခြင်းသာ။

မကြာမီမှာပင် နဂါးဝါအင်မော်တယ်ဂိုဏ်း အတွင်းဘက်ကနေ တပည့်များစွာသည် ဂိုဏ်း၏ အပြင်ဘက်သို့ ပြေးထွက်လာခဲ့ကြသည်။

“ငါတို့ နဂါးဝါအင်မော်တယ်ဂိုဏ်းက လူကို သတ်ရဲတာ မင်းတို့လား”

နဂါးဝါအင်မော်တယ်ဂိုဏ်းမှ တပည့်များသည် ကျန်းချန်တို့သုံးဦးကို ဒေါသတကြီးဖြင့် စိုက်ကြည့်နေခဲ့ကြသည်။

ယခုအခါ သူတို့၏ နဂါးဝါအင်မော်တယ်ဂိုဏ်းသည် အလွန်အမင်း အင်အားကြီးနေသဖြင့် ရွမ်ယီအင်မော်တယ်ဂိုဏ်းပင်လျှင် သူတို့လက်အောက်၌ ရှုံးနိမ့်နေရပြီ ဖြစ်သည်။

သို့တိုင် သူတို့ နဂါးဝါအင်မော်တယ်ဂိုဏ်း ပိုင်နက်ထဲသို့ ဝင်လာပြီး ဂိုဏ်း၏ အဝင်ဝမှာပင် နဂါးဝါအင်မော်တယ်ဂိုဏ်းမှ တပည့်များကို သတ်ဖြတ်ရဲသူ ရှိနေသေး၏။

ယင်းမှာ နဂါးဝါအင်မော်တယ်ဂိုဏ်းကို မထီမဲ့မြင်ပြုမူရာ ကျလွန်းနေသည် မဟုတ်ပါလား။

ကျန်းချန်က ဓားကို ကိုင်ဆွဲ၍ တည်ငြိမ်စွာ ရပ်နေခဲ့သည်။

သူ၏ မျက်ဝန်းများက အေးစက်နေခဲ့၏။

“ငါ မင်းတို့တွေကို မသတ်ချင်ဘူး.. ဟွမ်ထျန်းချီကို အမြန်ဆုံး ထွက်လာပြီး အသေလာခံခိုင်းလိုက်”

ကျန်းချန်၏ စကားသံက ကမ္ဘာလောကကြီး တစ်ခုလုံးတွင် ပဲ့တင်ထပ်သွားခဲ့ရာ နဂါးဝါအင်မော်တယ်ဂိုဏ်းမှ တပည့်များသည် နားကြားမှားသလားဟုပင် သူတို့ကိုယ် သူတို့ ဇဝေဇဝါ ဖြစ်သွားခဲ့၏။

ဟွမ်ထျန်းချီသည် နဂါးဝါအင်မော်တယ်ဂိုဏ်း၏ အကြီးအကဲ လေးဦး အနက် တစ်ဦး ဖြစ်ပြီး ကောင်းကင်အင်မော်တယ် အဋ္ဌမအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။

သို့သော်လည်း သူတို့ရှေ့မှ ကောင်းကင်အင်မော်တယ် ပထမအဆင့် လူငယ်လေးသည် နဂါးဝါအင်မော်တယ်ဂိုဏ်းကို ပေါ်ပေါ်ထင်ထင် ရောက်လာခဲ့ပြီး ဟွမ်ထျန်းချီကို စိန်ခေါ်နေခဲ့သည်။

ယင်းမှာ မည်မျှပင် ရူးသွပ်ရာ ကျလွန်းနေပါသနည်း။

“ဟမ့်.. နို့နံ့တောင် မစင်သေးတဲ့ ကောင်လေးကများ ငါတို့နဂါးဝါအင်မော်တယ်ဂိုဏ်းဆီ လာပြီး စကားကြီးစကားကျယ် ပြောရဲတယ်.. နဂါးဝါအင်မော်တယ်ဂိုဏ်းကို စော်ကားရင် ဘယ်လိုရလဒ်နဲ့ တွေ့ကြုံရမလဲ ဆိုတာ အားလုံးပဲ ပြလိုက်ကြရအောင်”

နဂါးဝါအင်မော်တယ်ဂိုဏ်းမှ ပကတိအင်မော်တယ် ဆဋ္ဌမအဆင့်ရှိ တပည့်တစ်ဦးသည် နှာခေါင်းရှုံ့ကာ အေးစက်စက် ပြောလိုက်ပြီး သူ၏ နံဘေးရှိ လူတစ်ဒါဇင်ကျော်နှင့်အတူ ကျန်းချန်ထံ အရှိန်အဟုန်ဖြင့် တိုးဝင်လာခဲ့သည်။

ကျန်းချန်က ခံစားချက်ကင်းမဲ့သော အမူအရာဖြင့်ပင် သူ၏လက်ထဲမှ ဓားကို တစ်ချက် ဝှေ့ယမ်းလိုက်သည်။

တစ်ခဏအတွင်းမှာပင် နဂါးဝင်အင်မော်တယ်ဂိုဏ်းမှ တပည့်တစ်ဒါဇင်ကျော်သည် သူ၏ ဓားအလင်းတန်းဖြင့် လွှမ်းမိုးခံလိုက်ရပြီး ၎င်းတို့၏ ခန္ဓာကိုယ်နှင့် ခန္ဓာကိုယ် အတွင်း၌ စုစည်းထားသော အင်မော်တယ်ခရစ္စတယ် အားလုံးသည် ဓားအလင်းတန်းထဲတွင် တစ်ခါတည်း ပျောက်ကွယ်သွားခဲ့သည်။

လက်ရှိ ကျန်းချန်၏ စွမ်းရည်အရ နဂါးဝါအင်မော်တယ်ဂိုဏ်းမှ ပကတိအင်မော်တယ် အဆင့် တပည့်များသည် မြေပြင်ပေါ်ရှိ ပုရွက်ဆိတ်များနှင့် မခြားနားတော့ပေ။

“ငါတို့ နဂါးဝါအင်မော်တယ်ဂိုဏ်းကို ဘယ်သူ လာရမ်းကားနေတာလဲ”

ထိုအချိန်တွင် ဒေါသတကြီးကြုံးဝါးလိုက်သော အသံတစ်သံသည် နဂါးဝါအင်မော်တယ်ဂိုဏ်း၏ အတွင်းဘက်ကနေ ထွက်ပေါ်လာခဲ့သည်။

ချက်ချင်းဆိုသလိုပင် အဝါရောင်ဝတ်စုံကို ဝတ်ဆင်ထားသည့် ဆံပင်အနီရောင်နှင့် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးသည် အလွန်အမင်း အားကောင်းသော အရှိန်အဝါများနှင့်အတူ နဂါးဝါအင်မော်တယ်ဂိုဏ်း အတွင်းကနေ ထွက်ပေါ်လာခဲ့သည်။

ထိုလူလတ်ပိုင်း၏ ကျင့်ကြံခြင်းအဆင့်သည် ကောင်းကင်အင်မော်တယ် အဋ္ဌမအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။

ထိုသူမှာ နဂါးဝါအင်မော်တယ်ဂိုဏ်း၏ အကြီးအကဲ လေးဦးအနက် တစ်ဦးဖြစ်သော ဟွမ်ထျန်းချီ ဖြစ်သည်မှာ ထင်ရှား၏။

ဟွမ်ထျန်းချီ ပေါ်လာပြီး တစ်ခဏ အတွင်းမှာပင် နဂါးဝါအင်မော်တယ်ဂိုဏ်း၏ အတွင်းကနေ နောက်ထပ် ပုံရိပ်လေးခု ထပ်မံ၍ ထွက်ပေါ်လာခဲ့သည်။

ထိုလေးဦး၏ ကျင့်ကြံခြင်း အဆင့်သည်လည်း ကောင်းကင်အင်မော်တယ် အဆင့်သို့ ရောက်ရှိနေကြပြီ ဖြစ်သည်။

၎င်းတို့အားလုံးသည် နဂါးဝါအင်မော်တယ်ဂိုဏ်းကို စောင့်ကြပ်နေကြသည့် အကြီးအကဲများ ဖြစ်သည်မှာ ထင်ရှားနေခဲ့၏။

“ရဲ့စန်းမူ.. လက်စသတ်တော့ မင်းကိုး”

ကျန်းချန်၏ နံဘေးတွင် ရပ်နေသော ရဲ့စန်းမူကို မြင်လျှင် ဟွမ်ထျန်းချီ၏ မျက်ဝန်းများက ရုတ်တရက် ကျဥ်းမြောင်းသွားခဲ့သည်။

ဟွမ်ထျန်းချီသည် ရွမ်ယီအင်မော်တယ်ဂိုဏ်း၏ ကောင်းကင်အင်မော်တယ် သတ္တမအဆင့် ကျင့်ကြံသူ ဖြစ်သည့် ရဲ့စန်းမူကို မစိမ်းပေ။

သို့သော်လည်း ယခုအခါတွင် ရွမ်ယီအင်မော်တယ်ဂိုဏ်းသည် သူတို့ နဂါးဝါအင်မော်တယ်ဂိုဏ်း၏ တိုက်ခိုက်မှုအောက်တွင် ကိုယ့်ကိုယ်ကိုယ် ကာကွယ်ရန်ပင် ခက်ခဲသော အခြေအနေသို့ ရောက်ရှိနေခဲ့သည်။

သို့ဖြစ်ရာ ရဲ့စန်းမူက နဂါးဝါအင်မော်တယ်ဂိုဏ်း ဆီသို့ ရုတ်တရက် လူခေါ်လာပြီး လာရောက် ရမ်းကားလိမ့်မည်ဟု ဟွမ်ထျန်းချီ ဘယ်လိုမှ မထင်ထားခဲ့ချေ။

ဟွမ်ထျန်းချီက ရဲ့စန်းမူကို ကြည့်ကာ မထီမဲ့မြင် ခနဲ့လိုက်သည်။

“ရဲ့စန်းမူ မင်းတို့ ရွမ်ယီအင်မော်တယ်ဂိုဏ်းက ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့တောင် အနိုင်နိုင် ဖြစ်နေတဲ့အချိန်မှာ မင်းက ငါတို့ နဂါးဝါအင်မော်တယ်ဂိုဏ်းကို လူခေါ်လာပြီး ရမ်းကားရဲမယ်လို့ မထင်ထားခဲ့ဘူး”

ရဲ့စန်းမူက အေးစက်စက် ပြောလိုက်သည်။

“ဟွမ်ထျန်းချီ.. ငါတို့ ရွမ်ယီအင်မော်တယ်ဂိုဏ်းက ဘယ်သူ့ကိုမှ ပြဿနာမရှာဘဲ အေးအေးဆေးဆေး နေထိုင်ခဲ့တယ်.. ဒါပေမဲ့ မင်းတို့ နဂါးဝါအင်မော်တယ်ဂိုဏ်းက ငါတို့ ရွမ်ယီအင်မော်တယ်ဂိုဏ်းနဲ့ စစ်ပွဲစတင်ခဲ့တယ် မင်းတို့ နဂါးဝါအင်မော်တယ်ဂိုဏ်းက ရွမ်ယီအင်မော်တယ်ဂိုဏ်းကို ဖျက်ဆီးချင်နေမှတော့ ဒီနေ့ ငါက မင်းတို့ နဂါးဝါအင်မော်တယ်ဂိုဏ်းကို ဖျက်ဆီးပစ်မယ်”

“နဂါးဝါအင်မော်တယ်ဂိုဏ်းကို တိုက်ခိုက်ဖို့ ရွမ်ယီအင်မော်တယ်ဂိုဏ်းက မင်းကို လွှတ်လိုက်တာလား မင်းရဲ့ ရည်ရွယ်ချက်က ရွမ်ယီအင်မော်တယ်ဂိုဏ်းကို အသက်ရှူပေါက် ချန်ပေးဖို့ပဲ ဖြစ်ရမယ်”

ဟွမ်ထျန်းချီက မထီမဲ့မြင်အမူအရာဖြင့် အထင်သေးစွာ ပြောလိုက်သည်။

“နှမြောဖို့ကောင်းတာက မင်းမှာ ငါတို့ နဂါးဝါ အင်မော်တယ်ဂိုဏ်းကို ဖျက်ဆီးနိုင်တဲ့ အရည်အချင်း ရှိမနေတာပဲ”

ရဲ့စန်းမူသည် ကောင်းကင်အင်မော်တယ် သတ္တမအဆင့် ကျင့်ကြံသူမျှသာ ဖြစ်သော်လည်း သူကမူ ကောင်းကင်အင်မော်တယ် အဋ္ဌမအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။

ထို့အပြင် ဤနေရာက နဂါးဝါအင်မော်တယ်ဂိုဏ်း တည်ရှိ‌သောနေရာဖြစ်၍ သူ့အနေဖြင့် ပို၍ အားသာချက် ရှိနေခဲ့သည်။

“အဲဒီလို အရည်အချင်းရှိ မရှိ ဆိုတာ စမ်းကြည့်ရင် သိရမှာပေါ့”

စကားဆုံးသည်နှင့် ရဲ့စန်းမူက သူ၏ ခန္ဓာကိုယ်ထဲမှ အင်မော်တယ် စွမ်းအားများကို လှုံ့ဆော်၍ လက်ဝါးရိုက်ချက်တစ်ချက်ကို ထုတ်ဖော်လိုက်ရာ အစိမ်းရင့်ရောင် အလင်းတန်းတစ်ခုသည် ဟွမ်ထျန်းချီ ထံသို့ ဦးတည်လာခဲ့သည်။

“ဒီလောက် စွမ်းအားလေးနဲ့များ ငါတို့ နဂါးဝါအင်မော်တယ်ဂိုဏ်းကို လာတိုက်ရဲတယ်”

ဟွမ်ထျန်းချီက နှာခေါင်းရှုံ့ကာ‌ အေးစက်စက် ရေရွတ်လိုက်သည်။

ထိုခဏဝယ် သူ၏လက်ထဲတွင် မီးလျှံများ ရစ်သိုင်းနေသည့် လေးပေခန့်ရှည်သော ဓားရှည်တစ်လက် ပေါ်လာခဲ့သည်။

ဓားရှည် ပေါ်လာသည်နှင့်အမျှ ကောင်းကင်နှင့်မြေကြီး အကြားရှိ အပူချိန်သည် ရုတ်တရက် များစွာ မြင့်တက်သွားခဲ့၏။

ဟွမ်ထျန်းချီက ရှေ့သို့ ခြေတစ်လှမ်း လှမ်းလိုက်ကာ လေးပေခန့် ရှည်သော ဓားရှည်ကို လက်နှစ်ဖက်ဖြင့် ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်၍ ရဲ့စန်းမူထံ ဓားချက် တစ်ချက် ထုတ်ဖော်လိုက်သည်။

“ဝုန်း..”

ကြောက်မက်ဖွယ် ဓားအလင်းသည် အဝါရင့်ရောင် မီးလျှံများကို သယ်ဆောင်ကာ ရဲ့စန်းမူ၏ လက်ဝါးရိုက်ချက်နှင့် တစ်ခဏအတွင်း ထိပ်တိုက် တွေ့ဆုံသွားခဲ့၏။

အခန်း(၂၇၅၀)ပြီး၏။

All Chapters