← Chapters

ပြစ်ချက်ကင်းသော အခွင့်အရေး

Vol. 12 Ch. 1154

ပြစ်ချက်ကင်းသော အခွင့်အရေး

Vol. 12 Ch. 1154

အဘွားကြီး၏ မျက်နှာမှာ အဆိပ်ခတ်ခံနေရသည့်အလား မည်းမှောင်လာသည်။ အနက်ရောင်သွေးစက်များက သူမထံမှ တစက်စက် စီးကျနေပြီး သူမ၏ခေါင်းထိပ်ပေါ်တွင် ပေါ်လာခဲ့သည့် အနက်ရောင် မှော်သင်္ကတတစ်ခုကြောင့် ပို၍ သိသာနေတော့သည်။

အနက်ရောင်မှော်သေင်္ကတက လျင်မြန်စွာ တဖျပ်ဖျပ်လက်သွားပြီး ၄င်းကို အနီးကပ်ကြည့်လိုက်သည့် မည်သူမဆို ၄င်းက အဘွားကြီးနှင့် တစ်ထေရာတည်းတူသော ပုံရိပ်ကြီးတစ်ခုအား ဖိနှိပ်နေသည်ကို မြင်ရမည်ဖြစ်သည်။

ထိုပုံရိပ်သည်ကား သူမ၏ တာအိုသစ်စေ့မှ ထုတ်လွှတ်သည့် ယင်ယန်နတ်ဝိညာဥ်မှလွဲ၍ တခြားမဟုတ်ပေ။

ကြည့်သရွေ့ မှော်သင်္ကတသည် လောလောဆယ်တွင် အဆိပ်၏ ဝါးမျိုခြင်းခံရနေသော သူမ၏ ကိုယ်တစ်ပိုင်းပြတ်ကြီးအတွင်းရှိ တာအိုသစ်စေ့ကို ချုပ်နှောင်နေပုံရ၏။ သူမ သေသွားပါက တာအိုသစ်စေ့သည် ၄င်းနည်းဟန်ဖြင့် လွတ်မြောက်နိုင်မည်မဟုတ်ဘဲ နောက်ဆုံး၌ ဖယ်ရှားခံလိုက်ရမည် ဖြစ်သည်။ ထိုသို့ဆိုပါက အဘွားအိုကြီးမှာ ပြန်လည်အသက်သွင်းခံရမည့် အခွင့်အရေးကို ဆုံးရှုံးသွားမည်ဖြစ်သည်။

ပိုင်ရှောင်ချန်းနှင့် အခြားရှိသမျှလူတိုင်း လုံးလုံးလျားလျား အံ့သြတုန်လှုပ်သွားကြ၏။ သို့ထိုတိုင် ဤမျှဖြင့် မပြီးသေးး။ အဘွားကြီးက ထွက်ပြေးရန် ကြိုးစားလိုက်ချိန်မှာပင် ထိတ်လန့်ကြောက်ရွံ့မှုများ ဖုံးလွှမ်းနေသော မျက်နှာဖြင့် ထွက်ပြေးရန် ကြိုးစားနေသော လူတစ်ယောက် ပေါ်လာလေသည်။

၄င်းသည်ကား ဝိညာဥ်ဝါးမျိုသခင်က လွဲ၍ တခြားလူမဟုတ်ပေ။

သူက ကြောက်စရာကောင်းလောက်အောင် သွေးတပွက်ပွက်အန်နေပြီး သူ၏အရှိန်အဝါမှာ နှိုင်းယှဥ်နိူင်သည်ထက် အားနည်းနေလေသည်။ သူသည် ကြောက်လန့်နေပုံရပြီး အမြန်ဆုံးအရှိန်နှင့် ရွေ့လျားနေသော်လည်း အဘွားကြီးကို ချိတ်ဆက်နေသောမှော်သင်္ကတနှင့်ဆင်တူသည့် အနက်ရောင် မှော်သင်္ကတတစ်ခုက သူ၏ခေါင်းအထက်တွင် ဝဲနေသည်။ အဓိကခြားနားချက်မှာ ဤမှော်သင်္ကတတွင် ဝိညာဥ်ဝါးမျိုသခင်၏ ခန္ဓာကိုယ်ကို တိုက်စားနေသော မှော်နိယာမတစ်ခု၏ စွမ်းအားပါဝင်နေပုံရသည်။

သူ့နောက်တွင်ကား ပျောက်ကွယ်နေသော မြူထုထဲမှ တဟုန်ထိုး ထွက်လာနေပြီဖြစ်သော လောင်မြိုက်နေသော အနီရောင်အလင်းတစ်ခု ဖြစ်သည်။

ပိုင်ရှောင်ချန်းသည် အနီရောင်အလင်းကို မြင်သည်နှင့်တစ်ပြိုင်နက် ရင်းနှီးသောအရာတစ်ခုကို အာရုံရလိုက်၏။ ၄င်းသည် အမှန်တွင် အဝေးသို့ ထွက်ပြေးလွတ်မြောက်ရန် ကြိုစားနေသည့် ရက်စက်ကြမ်းကြုတ်သော မကောင်းဆိုးဝါးတစ်ကောင်ဖြစ်ကြောင်း သိသာပေသည်။

နောက်ဆုံးတွင် ပေါ်လာသည်က စက္ကူဖတ်ကဲ့သို့ ဖြူဖတ်ဖြူလျော် မျက်နှာနှင့် လက်မောင်းတစ်ဖက်ပြတ်နေသော ကောင်းကင်ဧကရာဇ် ဝိရူပက္ခဖြစ်သည်။ သို့သော် သူက ဒေါသတကြီး ရန်လိုသော ပုံဖြင့် အနီရောင်အလင်းနောက်သို့ လိုက်ပါသွားလေသည်။

" လိုက်ကြ " သူက အော်သည်။

" သေခါနီးနေပြီ "

ကောင်းကင်ဧကရာဇ် ဝိရုပက္ခ လိုက်ဖမ်းသည်နှင့်တပြိုင်နက် ကောင်းးကင်ဧကရာဇ်ကျဲ့တိ၊ ကောင်းကင်တံတားတာအိုနှင့် မူလနတ်ဆိုးမင်းသားတို့က အံကြိတ်ပြီး အနီရောင်အလင်း၏ လမ်းကြောင်းကို တားဆီးရန် တဟုန်ထိုးသွားလိုက်ကြသည်။ ဂူထျန်ကျွင်း၊ စီမာယွမ်ဟွာနှင့် ကောင်းကင်ဧကရာဇ် သက်တော်ရှည်ဝိညာဥ်တို့သည်လည်း ၄င်း ဆုတ်ခွာနိုင်သည့် အခြားလမ်းကြောင်းများကို ပိတ်ဆို့ရန် လူခွဲလိုက်ကြသည်။

ပိုင်ရှောင်ချန်းက သူတို့နှင့်အတူ ပူးပေါင်းလိုက်သည်။ သို့သော် သူတို့ နေရာယူရန် လှုပ်ရှားလိုက်ချိန်မှာပင် သွေးရောင်အလင်းကြီးက ရပ်သွားပြီး ၄င်းအတွင်းမှ စူးစူးဝါးဝါးအော်သံတစ်သံ ပဲ့တင်ထပ်လာ၏။

ယခု အလင်းကြီး ရပ်သွားပြီဖြစ်၍ လူတိုင်း ဖွတ်တစ်ပိုင်းဖြစ်ပုံရသော ထူးထူးဆန်းဆန်း သတ္တဝါကြီးကို မြင်လာရသည်။

၄င်းတွင် လူတစ်ယောက်၏ ခြေလက်အင်္ဂါနှင့် ကိုယ်ခန္ဓာရှိသော်လည်း သွေးရောင်အကြေးခွံများဖြင့် ဖုံးလွှမ်းနေ၏။ ၄င်း၏ မျက်နှာသွင်ပြင် ပြတ်သားလာသောအခါ အထီးကြီး ဖြစ်ကြောင်း ပေါ်လွင်သွားလေသည်။ သို့သော် ၄င်း၏ မျက်လုံးများ၌ မျက်ဆံနှစ်ခုရှိပြီး ၄င်း၏ပါးစပ်မှ ရှည်လျားသော လျှာနှစ်ခွကြီးက ထွက်လိုက်ဝင်လိုက် တွန့်လိမ်နေ၏။

ထိုသတ္တဝါကြီး၏ အော်သံကြောင့် ဖြစ်ပေါ်လာသော လေမုန်တိုင်းတွင် နှောင်းပိုင်းကောင်းကင်ဧကရာဇ်အဆင့်နှင့် တူညီသောစွမ်းအားများပါဝင်နေ၍ ၄င်း တိုက်ခတ်လာစဥ် ကျဲ့တိကဲ့သို့ ပို၍အားနည်းသော ကောင်းကင်ဧကရာဇ်များမှာ နောက်ဆုတ်ရန်မှတစ်ပါး အခြားရွေးချယ်စရာမရှိပေ။ ပိုင်ရှောင်ချန်းမှာမူ သူ့ကိုယ်သူ ကာကွယ်ရန် ချက်ချင်းပင် မြောက်ပိုင်း၏ မဟာဓားကို လွှဲရမ်းလိုက်သည်။

ဂူထျန်ကျွင်းနှင့် ကောင်းကင်ဧကရာဇ် ဝိရူပက္ခသာ ၄င်းကို ခံနိုင်သည်အထိ အစွမ်းထက်ကြသည်။ အမှန်တွင် သူတို့က သိသိသာသာ အားနည်းနေသော မိုးမြေဧကရာဇ်ကိုယ်ပွားကြီးအပေါ်သို့ ဝှက်ဖဲများ ပစ်လွှတ်ရင်း ရှေ့တက်သွားနေကြသည်။

ကိုယ်ပွားက မျက်ဝန်းများတွင် အမျက်ဒေါသများဖြင့် ပြည့်နှက်နေလျက် တန်ပြန်တိုက်ခိုက်လေရာ နေရာတိုင်း၌ ပေါက်ကွဲသံများ မြည်ဟည်းနေတော့သည်။ ပိုင်ရှောင်ချန်းက သူ့ကို ဆွဲဆောင်မိမည်စိုး၍ နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်သည်။ သို့သော် ထိုသည်က အကြောင်းမထူး၊ ကိုယ်ပွားကြီးက ရုတ်တရက် လှည့်၍ သူ့ဘက် ပြေးဝင်လာတော့သည်။

သူ၏မျက်ဆံနှစ်ခုမှာ မုန်းတီးနာကြည်းခြင်းများဖြင့် ပြည့်နှက်နေပြီး ပိုင်ရှောင်ချန်းက ထိုသည်ကို သတိထားမိလိုက်သည်နှင့် တစ်ပြိုင်နက် ရင်တဒိန်းဒိန်းခုန်လာတော့သည်။

" သူ တကယ် ငါ့ကို ကလဲ့စားချေချင်နေတာပဲ "

သို့သော် ပိုင်ရှောင်ချန်းသည် နောက်ဆုတ်ခြင်းက ရွေးချယ်စရာမဟုတ်ကြောင်းလည်း သိ၏။ သူက သူ့ကိုယ်သူ အားတင်း၍ မြောက်ပိုင်း၏ မဟာဓားကို ခေါင်းပေါ်မြှောက်ကာ မိုးမြေဧကရာဇ်ကိုယ်ပွားကို ပိုင်းချလိုက်သည်။

ကိုယ်ပွားကြီးက စူးစူးဝါးဝါး အော်ဟစ်ကာ နောက်ယိုင်သွားပြီး နောက်တစ်ကြိမ်ထပ်၍ အခြားကောင်းကင်ဧကရာဇ်များ၏ အဝိုင်းခံလိုက်လေသည်။ ယခုတွင် သူ့ဘက် ကိုယ့်ဘက်လုပ်နေရမည့်အချိန်မဟုတ်၍ လူတိုင်းက မိုးမြေဧကရာဇ်ကိုယ်ပွားကြီးအား ချေမှုန်းရန် အစွမ်းကုန်အားထုတ်နေကြသည်။

'' ဒါကြီး လွတ်မသွားစေနဲ့ "

ကောင်းကင်ဧကရာဇ် ဝိရူပက္ခက အလောတကြီးအော်လိုက်သည်။

" သူ့ရဲ့ ပြန်လည်ကုစားခြင်းစွမ်းအားက မယုံနိုင်စရာပဲ။ ပြန်ကုသဖို့ အချိန်မပေးကြနဲ့ "

အခြားကောင်းကင်ဧကရာဇ်များအားလုံး မီးကုန်ယမ်းကုန် အလောတကြီး တိုက်ခိုက်လိုက်ကြသည်။ သူတို့၏ ပူးပေါင်းထားသော အဆက်မပြတ်ထိုးနှက်ချက်များက မိုးမြေဧကရာဇ်ကိုယ်ပွားကြီးကို တဖြေးဖြေး အထိနာလာစေကာ အားနည်းသွားစေတော့သည်။

တကယ်တော့ ယခုလေးတင် အသစ်ရောက်ရှိလာကြသောကောင်းကင်ဧကရာဇ်များမှာ မျက်မြင်ကိုယ်တွေ့ မြင်လိုက်ရသည့် မြင်ကွင်းကြောင့် အဆုံးစွန်ထိ အံ့သြတုန်လှုပ်နေခဲ့ကြသည်။ အဘွားကြီး၏ စိတ်ဆင်းရဲဖွယ် ကံကြမ္မာ၊ ဝိညာဥ်ဝါးမျိုသခင်၏ ခန္ဓာကိုယ်ပျော်ကျနေသော မြင်ကွင်းနှင့် ကောင်းကင်ဧကရာဇ် ဝိရုပက္ခ၏ ပျောက်ဆုံးနေသော လက်တို့ အားလုံးမှာ ဤကိုယ်ပွားမည်မျှ ထိတ်လန့်တုန်လှုပ်ဖွယ်ကောင်းလောက်အောင် စွမ်းအားကြီးကြောင်း ပြသနေတော့သည်။

ထိုမျှသာမက ထိုအရာကြီး လွတ်မြောက်ပြီး ဤအခွင့်အရေးကို သူတို့ ဆုံးရှုံးသွားလျှင် ၄င်း၏ ပြန်လည်ကုစားခြင်းစွမ်းအားနှင့် သက်စောင့်အားများ စုပ်ယူနိုင်စွမ်းကို ထည့်တွက်ပါက သူတို့ ၄င်းကို ပြန်တွေ့သည့်အချိန်တွင် ၄င်းသည် အပြည့်အဝပြန်လည်သက်သာလျှင်သက်သာ၊ သို့မဟုတ် နီးကပ်နေမည် ဖြစ်သည်။

ထိုသို့ ဖြစ်ပျက်ခဲ့ပါက သူတို့ထဲရှိ တစ်ယောက်မှ တာဝန်ပြီးမြောက်နိုင်မည် မဟုတ်တော့ပေ။ မိစ္ဆာဧကရာဇ်နှင့် သူတော်စင်ဧကရာဇ်တို့ ကိုယ်တိုင်လာရောက်အပြီးသတ်ရခြင်းနှင့် အဆုံးသတ်သွားလျှင် ပေးအပ်မည့် ဆုလာဘ်များမှာ ထိမ်ချန်ခံရလျှင်ခံရ၊ မဟုတ်လျှင် ကန့်သတ်ခံရမည်ဖြစ်သည်။

မိုးမြေဧကရာဇ်ကိုယ်ပွား၏ မျက်လုံးများထဲတွင် စိတ်ပျက်သွားသော အရိပ်အယောင်တစ်ခု ပေါ်ပေါက်လာ၏။ ၄င်းက မလွတ်မြောက်နိုင်တော့ကြောင်းနှင့် တစတစအားနည်းလာကြောင်း သိကာ ခေါင်းနောက်လှန်၍ ဟိန်းဟောက်လိုက်၏။

ထိုသို့ဖြစ်ပျက်သွားစဥ် ၄င်းသည် အရေပြားဖြင့်ပြုလုပ်ထားသော ဧရာမပူဖောင်းကြီးတစ်လုံးကဲ့သို့ ဖောင်းကားလာကာ ကြီးသည်ထက်ကြီးမားလာတော့သည်။ ယင်းဖြစ်ရပ်က လူတိုင်းကို စိတ်လှုပ်ရှားစွာ နောက်ဆုတ်သွားစေသည်။

သူတို့နောက်ဆုတ်လိုက်ကြချိန်မှာပင် မိုးမြေဧကရာဇ်ကိုယ်ပွား၏ ခန္ဓာကိုယ် ရုတ်တရက် ပေါက်ကွဲသွားရာ အရပ်မျက်နှာတစ်ခွင် ပေါက်ကွဲသံကြီးတစ်သံ မြည်ဟည်းသွားတော့သည်။

ကောင်းကင်ဧကရာဇ် ကျဲ့တိ၊ မူလနတ်ဆိုးမင်းသား၊ ကောင်းကင်ဧကရာဇ်ဝိရူပက္ခနှင့် ကောင်းကင်တံတားတာအိုတို့အားလုံး သွေးများအန်လိုက်ကြရသည်။ ဂူထျန်ကျွင်း၊ စီမာယွမ်ဟာ၊ ချိန်စု၊ ကောင်းကင်ဧကရာဇ် သက်တော်ရှည်ဝိညာဥ်နှင့် ပိုင်ရှောင်ချန်းပင် ထိုနည်းတူပင်။ လူတိုင်း နောက်သို့လွင့်ထွက်သွားကြတော့သည်။

" ဒါကြီးက စွမ်းအားကြီးလိုက်တာ "

ပိုင်ရှောင်ချန်းက တဆစ်ဆစ်နာကျင်မှုများ သူ့ကို လွှမ်းမိုးသွားစဥ် မြောက်ပိုင်း၏ မဟာဓားကို ခပ်တင်းတင်းဆုပ်ကိုင်၍ ပင့်သက်ရှိုက်လိုက်သည်။ တအံ့တသြလှမ်းကြည့်နေစဥ် သူသည် မလှမ်းမကမ်း၌ သွေးများအန်နေလျက် နောက်သို့ ယိမ်းယိုင်သွားသော ကောင်းကင်တံတားတာအိုကို တွေ့လိုက်ရ၏။

ထိုအချိန်တွင် သူ၏မျက်လုံးများ လင်းလက်သွားသည်။

" လူတိုင်းက မိုးမြေဧကရာဇ်ရဲ့ အပြင်ခန္ဓာကိုယ်ကို လုနေကြတာ။ ငါ ဒီအခွင့်အရေးကို သုံးပြီး ကောင်းကင်တံတားတာအိုကို သတ်လို့ရရင် ရလောက်မယ် "

ချက်ချင်းပင် သတ်ဖြတ်လိုစိတ်များ သူ့ရင်ထဲတွင် မြင့်တက်လာတော့သည်။

ကိုယ်ပွားကြီးက ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲလိုက်ပြီးနောက် အခြားတုန်လှုပ်ဖွယ် အဖြစ်အပျက်တစ်ခု ဖြစ်ပွားသွား၏။ ပေါက်ကွဲမှု ဖြစ်ပွားခဲ့သည့် နေရာတွင် တစ်မီတာခန့် အရှည်ရှိသော ဖွတ်ကြီးတစ်ကောင် ပေါ်လာလေသည်။ ၄င်းသည် သိသာစွာပင် နောက်ဆုံးအခြေအနေသို့ ရောက်နေပြီး လက်ကျန်စွမ်းအင်အနည်းငယ်သာ ရှိတော့ရာ ၄င်းကို သုံး၍ ထွက်ပြေးရန် ကြိုးစားလိုက်သည်။

မထင်မှတ်ထားဖွယ်ကောင်းစွာ ၄င်း ရွေးချယ်လိုက်သည့် ဦးတည်ချက်က ကောင်းကင်တံတားတာအိုရှိသည့်နေရာပင်။ ဖွတ်ကြီးက သူ့ထံချဥ်းကပ်လာသည်နှင့်တစ်ပြိုင်နက် သူ၏မျက်လုံးများက အနက်ရောင်အလင်းဖြင့် လက်ခနဲဖြစ်သွားပြီး သူက လျင်မြန်စွာ လက်နှစ်ဖက်ဖြင့် မန္တန်လက်ကွက်တစ်ကွက် ဖော်လိုက်သည်။

" ဂိတ်တံခါးဆယ်ပေါက် ပေါင်းစည်းခြင်း "

ပေါက်ကွဲမှုအားကြီးကြောင့် လူတိုင်းနောက်လွင့်ထွက်နေဆဲမှာပင် ကောင်းကင်တံတားတာအိုက မှော်သင်္ကတမျိုးစုံကို ဆင့်ခေါ်လိုက်ရာ ဧရာမဂိတ်တံခါးကြီးအသွင် အတူတကွ ပေါင်းစည်းသွား၏။ ဂိတ်တံခါးကြီးက ချုပ်နှောင်စွမ်းအားများ ထုတ်လွှတ်၍ ဖွတ်ကြီးထံ တဟုန်ထိုးဦးတည်သွားသဖြင့် ထစ်ခြုန်းသံများ လေထဲ ပြည့်နှက်သွားတော့သည်။

ဖွတ်ကြီးက အသိဉာဏ်မရှိသည့်အပြင် အလိုအလျောက်သာ ပြုမူနေခြင်းဖြစ်သည်။ ထို့အတွက်ကြောင့် ၄င်းက ဧရာမမှော်တံခါးကြီးအား ခေါင်းဖြင့် တိုက်လိုက်ရာ ထိုတိုက်အား၏ အောက်တွင် တံခါးကြီးမှာ ချက်ချင်း ကွေးလာတော့သည်။

တံခါးကြီးက အစိတ်စိတ်အမြွှာမြွှာကွဲကြေသွားပြီး မရေမတွက်နိုင်သော မှော်သင်္ကတများအသွင်းပြောင်းကာ ယခုတွင် သတိလစ်နေပြီး သေနေလောက်ပြီဖြစ်သော ဖွတ်ကြီး၏ပတ်လည်တွင် ရစ်ပတ်ပြီးနောက် ၄င်းကို ကောင်းကင်တံတားတာအိုထံ ဆွဲလာတော့သည်။

" ကောင်းကင်တံတားတာအို ... ဘယ်လိုတောင် အတင့်ရဲတာလဲ "

ထိုသည်မှာ ဂူထျန်ကျွင်း၊ စီမာယွမ်ဟွာ၊ ကောင်းကင်ဧကရာဇ်ဝိညာဥ်အိုနှင့် ချိန်စုတို့၏ ဒေါသူပုန်ထသွားသော တုံ့ပြန်မှုဖြစ်သည်။ သို့သော် သူတို့က အတော်ဝေးဝေးသို့ တွန်းထုတ်ခံလိုက်ရ၍ တစ်ခုခုလုပ်ရန် အချိန်မရှိပေ။ ကောင်းကင်ဧကရာဇ်ဝိရူပက္ခနှင့် သူ၏ရောင်ရင်းများမှာမူ အကုန်လုံး ကောင်းကင်တံတားတာအိုကို အပြေးအလွှား ကာကွယ်လိုက်ကြသည်။

မိစ္ဆာဧကရာဇ်နိုင်ငံကျင့်ကြံသူများ စိုးရိမ်ရသရွေ့ ကောင်းကင်ဧကရာဇ်အသစ်တစ်ပါးအနေဖြင့် ကောင်းကင်တံတားတာအိုသည် မည်သည့်နည်းနှင့်မျှ သူ့အတွက် အလောင်းကို သိမ်းထားရန် ကြိုးစားရဲမည် မဟုတ်ပေ။ ထို့ပြင် ကောင်းကင်ဧကရာဇ် ဝိရူပက္ခသည် သူတို့ ကမ်းလှမ်းခံခဲ့ရသည့် ဆုလာဘ်ကိုရရန် ဆုံးဖြတ်ထားပြီး ဖြစ်၏။

ဂူထျန်ကျွင်းနှင့် သူ၏ရောင်ရင်းများ အလောင်းကိုရယူနိုင်လျှင် ခေါင်းကိုက်စရာကြီးဖြစ်မည် ဖြစ်သည်။

အရာအားလုံးက အလွန်လျင်မြန်စွာ ဖြစ်ပျက်သွား၏။ လူတိုင်း လှုပ်ရှားလာကြချိန် ပိုင်ရှောင်ချန်းက အသက်ပြင်းပြင်းတစ်ချက်ရှူသွင်းလိုက်ပြီး သူ၏နှလုံးသားမှာ ဒုန်းဆိုင်းခုန်လာတော့သည်။ အမှန်မှာ သူသည် တချိန်လုံး အကွက်ချနေခဲ့ပြီး ဖြေးဖြေးချင်း ကောင်းကင်တံတားတာအိုနား ကပ်သွားလေသည်။

" အကောင်းဆုံး အခွင့်အရေးပဲ "

တခဏလေးသာ တုံ့ဆိုင်းပြီးနောက် သူက မိုးမြေဧကရာဇ်၏ အမြန်နှုန်းထက်ပင် ပိုမြန်စေရန် တောင်ဖြိုသိုင်း၊ ထာဝရပြုစားခြင်းသိုင်းနှင့် သူ၏အပြင်အား အလုံးစုံကို အသုံးပြုလိုက်သည်။ သူက သူ၏လှုပ်ရှားမှုကို စွမ်းအားထပ်ထည့်ရန် ကျင့်ကြံခြင်းအခြေခံကိုပင် လည်ပတ်လိုက်သည်။ တဂျိန်းဂျိန်းထစ်ခြုန်းသံများပဲ့တင်ထပ်သွားပြီး သူက ကောင်းကင်တံတားတာအို၏ဘေးတွင် ရုတ်တရက်ပေါ်လာကာ မြောက်ပိုင်း၏ မဟာဓားကို သူ့ထံ ရက်စက်ကြမ်းကြုတ်စွာ ခုတ်ပိုင်းချလိုက်သည်။

" ကျုပ်က ခင်ဗျား အသက်ကို နှုတ်ယူဖို့လာခဲ့တာပဲ ကောင်းကင်တံတားတာအို "

သူက ကျယ်လောင်စွာ အော်လိုက်သည်။

All Chapters