← Chapters

အခန်း (၅၁၄-၅၁၆)

Vol. 35 Ch. 514-516

အခန်း (၅၁၄-၅၁၆)

Vol. 35 Ch. 514-516

အခန်း (၅၁၄) မင်းရဲ့သေဆုံးမှုအပေါ်ကနေ ငါမြင့်တက်လာမယ်

“ ရှောက်ရွှမ် “

“ အားရွှမ် မင်းအဆင်ပြေလား “

စစ်သည်‌တော်များကြားထဲမှ အသံများ ထွက်ပေါ်လာသည်။

ပြင်းထန်သည့် အညိုရောင်မီးတောက်များကြောင့် မြင်ကွင်းသည် မရှင်းလင်းနေပေ။ အထူးသဖြင့် ရှောက်ရွှမ် ဘေးနားတွင် ဖြစ်သည်.နတ်ဆရာသည် သူ့စွမ်းအားများကို ထိုနေရာ တဝိုက်တွင် အကုန်အစင် အသုံးချထားပုံရသည်။

မီးလုံးသည် သူ့ကိုဦးတည်ကာ တိုက်ခိုက်လိုက်ခြင်းဖြစ်ကြောင်း ရှောက်ရွှမ် သိလိုက်သည်။ အညိုရောင်မီးလုံးကို ဖြတ်သန်းရင်းနှင့်ပင် သူ့ကို စိုက်ကြည့်နေသည့် နတ်ဆရာ၏ အကြည့်ကို သူအာရုံခံမိနေခဲ့သည်။

ရှောက်ရွှမ်သည် မီးတောက်ဦးချိုစစ်သည်တော်များကို ဦးဆောင်ခဲ့သည်။ နတ်ဆရာသည် အဘယ်ကြောင့် သူ့ကို မုန်းတီးနေသနည်း။ ဝမ်ရှစ်နတ်ဆရာသည် ယခင်ကတည်းကပင် ရှောက်ရွှမ်ကို မြင်ဖူးခဲ့သည်။ သဲကန္တာရထဲတွင် ကျောက်တုံးဖြူ မြို့တော်သခင်ငယ်လေးနှင့်အတူ သူသည် ရှောက်ရွှမ် ၊ လဲ့နှင့် ထွော်တို့ကို မြင်ဖူးခဲ့သည်။ သူသည် လဲ့နှင့်ထွော်တို့ကို ပြန်ပေးဆွဲရန် ကူညီပေးခဲ့သူလည်းဖြစ်သည်။ သို့သော်လည်း အခြေအနေသည် သူ့ခန့်မှန်းနိုင်မှုအတွင်းမှ ထွက်သွားခဲ့သည်။ ထိုစဉ်ကတည်းမှ စတင်ပြီး သူရှောက်ရွှမ်ကို သတိထားရမည့် လူစာရင်းတွင်ထည့်ထားခဲ့

လေသည်။ အကယ်၍ သူရှောက်ရွှမ်ကို နောက်တစ်ကြိမ် တွေ့ခဲ့ပါက သူ့ကို အထင်သေးဆက်ဆံတော့မည် မဟုတ်ပေ။

လူတိုင်းကို တစ်ကြိမ်တည်းသတ်ဖြတ်ရန်မှာမူ ခက်ခဲလွန်းသဖြင့် သူ့အနေဖြင့် အန္တရာယ်အများဆုံးလူကိုသာ အဦရုံစိုက်လိုက်ခြင်းဖြစ်သည်။

မီးလုံးများသည် ကြီးမားလာနေပြီး တောင်တန်းများသဖွယ် ဖြစ်နေခဲ့သည်။ ရှောက်ရွှမ်ကို ဖိနှိပ်နေသည့် မီးလုံးများသည် အခြားသူများကို ဖိနှိပ်နေသည့် မီးလုံးများထက် ပိုမိုမြန်ဆန်စွာကြီးထွားနေခဲ့သည်။

ယခင်ကမူ ရှောက်ရွှမ်သည် ဒဏ်ရာရသူများကိုပင် ကူညီသယ်ဆောင်ပေးနိုင်ခဲ့သေးသည်။ ယခုတွင်မူ တောင်တန်းများစွာသည် သူ့ခေါင်းပေါ်တွင် ရှိနေသကဲ့သို့ သူခံစားနေရပြီဖြစ်သည်။ သူ

သည် လမ်းလျှောက်ခြင်းပြေးခြင်းကိုလည်း မလုပ်နိုင်တော့ပေ။

ဝုရှ်........

ရှောက်ရွှမ်နှင့် ခြေနှစ်လှမ်းအကွာမှ မြှားတံတစ်ချောင်းပျံသန်းလာခဲ့သည်။ သို့‌သော်လည်း မီးတောက်များကြောင့် တဖက်လူသည် သူ့ပစ်မှတ်ကို သေချာမမြင်နိုင်ခဲ့ဟန် တူသည်။ ထို့ကြောင့် သူ့မြှားတံ လွဲသွားလေသည်။

တစ်စုံတစ်ယောက်သည် အခွင့်ကောင်းယူပြီး ရှောက်ရွှမ်ကို သတ်ဖြတ်ရန် ကြံစည်ခဲ့သည်။

မီးတောက်မျိုးစေ့၏ လွမ်းမိုးမှုဖြင့် တဖက်လူသည် ထိုကဲ့သို့သော နေရာမျိုးတွင် တဖက် ပစ်မှတ်ကို ထိမှန်စေရန် ခွန်အားများစွာ သုံးစွဲရန်

လိုအပ်ပေမည်။

ဝမ်ရှစ်များ နီးကပ်လာပြီကို ရှောက်ရွှမ် ခံစားမိလိုက်သည်။ မီးတောက် ဦးချို မျိုးနွယ်စုမှ စစ်သည်တော်များကို တိုက်ခိုက်ရန် ခက်ခဲသဖြင့် သူတို့အားလုံး သူ့ထံဦးတည် ချီတက်လာသည်ဟု သူခံစားမိလိုက်သည်။ မီးတောက်ဦးချိုမျိုးနွယ်စုသည် အုပ်စု ဖွဲ့ပြီး နေနေကြပြီဖြစ်သည်။ လူအုပ်ကြီးမှ ထုတ်လွတ်လိုက်သည့် မီးတောက်မျိုးစေ့ စွမ်းအားသည် ဝမ်ရှစ်များကို တွန်းကန်နေခဲ့သည်။

သူတို့သည် ရှောက်ရွှမ် အနီးတဝိုက်ကို မမြင်နိုင်ကြသော်လည်း အထဲတွင် ရှိနေသည့်လူသည် ဝမ်ရှီမဟုတ်သည်ကိုတော့ သူတို့သိနေခဲ့ကြသည်။ သူတို့မတိုက်ခိုက်ပဲ နေမည် မဟုတ်ပေ။

လှုပ်ရှားမှုများကို အာရုံခံလိုက်ပြီးနောက် အချိန်မ

ရှိတော့ကြောင်း ရှောက်ရွှမ် သိလိုက်ရသည်။ အေးခဲ‌နေသည်ဟူသည့် ခံစားချက်များကို တွန်းကန်ရန်အတွက် သူ့လက်များကို မြှောက်တင် လွဲယမ်းလိုက်သည်။ အပေါ်မှဖိအားအပြင် သူသည် ကျောက်တုံးတီကောင်ဘုရင်နှင့်တွေ့ဆုံစဉ်ကနှင့် တူညီသည့် ခံစားချက်ကို ခံစားလိုက်ရသည်။ သူ့တစ်ကိုယ်လုံး ကျောက်တုံးဖြစ်သွားဟန်ရပြီး သူ့ကြွက်သားများသည် ထိန်းချုပ်မှုမှ လွတ်ကင်းသွားဟန် ရသည်။

သူသာ မလွတ်မြောက်နိုင်လျှင် သေသွားနိုင်ပေသည်။

မီးတောက်ဦးချိုးများလည်း ချည်းကပ်လာနေပြီဖြစ်ကြောင်းကို ရှောက်ရွှမ် ခံစားလိုက်မိသည်။ အကယ်၍ သူတို့၏ အရေအတွက်သာ နည်းနေခဲ့လျှင် သူတို့သည် မီးတောက် မျိုးစေ့၏ ဖိအားကို ခံနိုင်ရည်ရှိမည်မဟုတ်ပဲ ရှောက်ရွှမ်ကိုလည်းကယ်တင်နိုင်လိ့မ်မည် မဟုတ်‌ပေ။ သူတို့

အနေဖြင့် ကြီးမားသည့် လူအုပ်ကြီးဖြင့် အတူတကွ လှုပ်ရှားရန် လိုအပ်သည်။ သို့သော်လည်း ဝမ်ရှစ်များသည် သူတို့ကို တားဆီးထားလိုက်လေသည်။ ရှောက်ရွှမ်အနေဖြင့် သူတို့ကို စောင့်မနေနိုင်တော့ပေ။

သူ့ခန့်မှန်းမှု မှန်ကန်ခဲ့သည်။ ထော်နှင့် အခြားသူများသည် ရှောက်ရွှမ်ကို ကယ်တင်ရန် ကြိုးစားနေကြသည်။ သို့သော်လည်း အုပ်စုအတွင်းမှ သူတို့ထွက်လိုက်သည်နှင့် ပြင်းထန်သည့် ဖိအားကို ခံစားလိုက်ရသည်။ သူတို့အနေဖြင့် ရှောက်ရွှမ်ကို ကယ်တင်ရန်မှာ မဖြစ်နိုင်ပေ။ ရှောက်ရွှမ်နှင့် သူတို့နီးကပ်လာလေလေ အတားအဆီးများကို သူတို့ကြုံတွေ့လာရလေ ဖြစ်သည်။ မီးတောက် မျိုးစေ့၏ တိုက်ခိုက်မှုသည် ရှောက်ရွှမ်၏ ဘေးနားတွင် အခြားနေရာများထက် ပြင်းထန်နေခဲ့သည်။ သူတို့သည် အုပ်စုလိုက် တစ်လက်မချင်းသာ သူ့ထံသွားနိုင်ကြသည်။ မဟုတ်လျှင်လည်း နောက်ထပ်လူများ ရောက်လာရန် စောင့်နေဖို့ လိုအပ်သည်။

သို့သော်လည်း အချိန်သည် မည်သူ့အတွက်မှ ရပ်နားပေးခြင်း မရှိပေ။

ရှောက်ရွှမ် အသက်ကိုပြင်းစွာရှူလိုက်သည်။ သူ့ခန္ဓာကိုယ်မှ အကြောများအားလုံး နာကျင်နေခဲ့သည်။

သူ့ခန္ဓာကိုယ်အတွင်းမှ နတ်စွမ်းအားများသည် အကန့်အသတ်သို့ရောက်နေခဲ့ပြီဖြစ်သည်။ သူ့အရိုးအဆစ်များသည် အက်ကွဲတော့မည်ကိုပင် သူခံစားနေရသည်။ သူ့စိတ်ထဲတွင် မျိုးနွယ်စု မီးတောက်များလှိုင်းထန်နေခဲ့ပြီး အော်ဟစ်နေခဲ့ကြသည်။ သို့သော်လည်း ယခုအခြေအနေသည် မလုံလောက်သေးပေ။

သူ့စိတ်ထဲတွင် နတ်မီးတောက် များ၏ အပေါ်ယံ

အခွံ အလွှာသည် အဖြူရောင်အလငး်များဖြင့် ဖုံးအုပ်နေခဲ့သည်။ အပြင်လွှာသည် တောက်ပလွန်းသဖြင့် အတွင်းမှ မီးတောက်များကိုပင် မမြင်ရတော့ပေ။ သူသည် အနီရောင်နတ်မီးတောက်များဖြစ်စေ၊အပြာရောင် အမွေအနှစ်ကိုဖြစ်စေ မမြင်နိုင်တော့ပေ။

ကြက်ဥပုံစံ အခွံ၏အတွင်း၌ အဖြူရောင်အလင်းတန်းများ ထွက်ပေါ်လာခဲ့သည်။ ထို့နောက် နတ်မီးတောက်နှင့် အမွေအနှစ်တို့ကို ဆက်သွယ်ပေးလိုက်သ်ည။

ပြင်းထန်လှသည့် ကြီးမားသည့်စွမ်းအားထုကြီးသည် သူ့အေးခဲနေသည့် ကြွက်သားများကို ပြန်လည် အရည်ဖျော်ပေးလိုက်ဟန် ရှိသည်။ သူ့သွေးများသည် ဆူပွက်လာခဲ့လေသည်။ သူ့ခွန်အားသည် အလျှင်အမြန်ပင် တိုးတက်လာခဲ့ပြီး သူ့ကြွက်သားများ တုန်ခါသွားသည်။ ထို့နောက်တွင် သူသည် လက်ကိုမြှောက်လိုက်ပြီး

သူ့ဓါးကို ပြန်လည် မတင်နိုင်ပြီဖြစ်သည်။

သူ့ခန္ဓာကိုယ်ပေါ်မှ မီးပွားများ လွင့်စင်လာခဲ့သည်။ ဤတစ်ကြိမ်တွင် ထိုအရာများသည် သူ့အရိုးအဆင်တန်ဆာများမှ ထွက်ပေါ်လာခြင်း မဟုတ်ပေ။ သူတို့သည် ပင်လယ်ကိုဖြတ်သန်းစဉ်ကပင် ပျောက်ကွယ်သွားပြီး ဖြစ်ဟန်တူသည်။ သူ့အနေဖြင့် ထိုစွမ်းအားများကို အချိန်အတန်ကြာသည်အထိ အသုံးမပြုနိုင်ခဲ့ပေ။ ယခုတစ်ကြိမ်တွင်မူ မီးပွားလေးများသည် သူ့အရည်အပြားမှ ထွက်ပေါ်လာပြီး သူတို့သည် သူ့အရိုးအဆင်တန်ဆာများနှင့် သက်ဆိုင်ခြင်းမရှိပေ။ ထိုမီးပွားများသည် အညိုရောင် မီးတောက်များ ရှောက်ရွှမ်ကို ဝန်းရံခြင်းမှ ဖြစ်ပေါ်လာခဲ့ခြင်း ဖြစ်လေသည်။

မီးပွားများ များပြားလာသည်နှင့် အမျှ အညိုရောင်မီးတောက်များသည်လည်း ကြီးထွားလာခဲ့လေသည်။ ထို့နောက် ရှောက်ရွှမ်ကို ဖုံးအုပ်သွား

ကြလေသည်။

ဖိအားများသည် အရပ်မျက်နှာတိုင်းမှ သူ့အားလေးလံသည့် ကျောက်တုံးများ ကဲ့သို့ ဖိနှိပ်လာကြလေသည်။

အစပိုင်းတွင် သူသည် သေးငယ်သည့် လှိုင်းလုံးများကို ခံစာလိုက်ရသည်။ သို့သော် မကြာခင်တွင် ထိုဖိအားလှိုင်းလုံးများသည် ကြီးမားလာခဲ့သည်။ သူ့ကိုဖိနှိပ်နေသည့် ဖိအားသည်လည်း ကြီးမားလာပြီး သူ့ကိုတောင်လောင်နေခဲ့သည့် မီးတောက်များ ပိုမိုကြီးမားလာခဲ့သည်။ ပို၍လည်း တောက်ပလာခဲ့လေသည်။

မြန်မြန်လေး ..... မြန်မြန်လေး

ရှောက်ရွှမ် ခန္ဓာကိုယ်မှ မွေးညှင်းပေါက်များ

အားလုံးမှ စိတ်စွမ်းအားများ ထွက်ပေါ်လာသကဲ့သို့ခံစားလိုက်ရပြီး အတားအဆီးများအားလုံကို ကျော်ဖြတ်နိုင်စေရန် ကူညီနေသကဲ့သို့ဖြစ်သည်။

ချိုးဖျက်စမ်း.....ချိုးဖျက်စမ်း.....ချိုးဖျက်စမ်း

ကရက်.......

ဤသည်မှာ အရိုးကျိုးသွားသည့် အသံဖြစ်သည်။

ကရက်....ကရက် ...... ကရက်......

သူ့ဘေးနားပတ်လည်တွင် အသံသည် ပို၍ ဆူညံလာခဲ့သည်။

အတားအဆီးများသည် တဖြေးဖြေးချင်း ပျောက်ကွယ်သွားးနေသည်။ သူ့ကိုဖိနှိပ်နေသည့် အားသည် လည်း ပျောက်ကွယ်သွားနေကာ သူခံစားနေရသည့် ပင်ပန်းနွမ်းနယ်မှုသည် မှိန်ဖျော့သွားခဲ့ပြီဖြစ်သည်။

သူ့ခြေထောက်အောက်မှ မြေပြင်သည် အက်ကွဲသွားသည်။ မီးတောက်များ သူ့ကို ပထမဆုံးအကြိမ်ဝန်းရံနေခဲ့စဉ်က သူသည် မြေပြင်ပေါ်တွင် မည်သည့်အမှတ်အသားကိုမှ မဖြစ်စေခဲ့ပေ။ ယခုတွင်မူ ဖိအားနည်းသွားသည့်အချိန်တွင် ခြေရာများ မြေပြင်ပေါ်တွင် ပေါ်လခဲ့သည်။ ထိုခြေရာများသည် ခန္ဓာကိုယ်အတွင်းမှ စွမ်းအားများ ပေါက်ကွဲမှုကြောင့် ဖြစ်လာခဲ့ခြင်း ဖြစ်သည််။

သူ့နှေးကွေးနေခဲ့သည့် နှလုံးခုံသံသည် ပြန်လည် မြန်ဆန်လာခဲ့ပြန်သည်။ သူ့ဖိအားများကို ဖြေဖျောက်စေရန်အတွက် ရှောက်ရွှမ် အသက်ကို

လေးလေးနှင့် နက်နက်ရှိုင်းရှိုင်း ရှုသွင်းလိုက်သည်။ ထို့နောက် ကျယ်လောင်စွာ အော်ဟစ်လိုက်လေသည်။

ကျယ်လောင်သည့် အသံနှင့်အတူ ရှောက်ရွှမ် ကိုယ်ပေါ်မှ မီးတောက်များ ကောင်းက်ထက်သို့ ပျံသန်းသွားကြသည်။ ထို့နောက် တွင် အညိုရောင်မီးတောက်အလွှာကို ဖြတ်သန်းသွားပုံမှာ နဂါးတစ်ကော်င အချုပ်အနှောင်မှ လွတ်သွားသည်နှင့် တူနေခဲ့သည်။

ရှောက်ရွှမ် သူ့လက်များကို မတင်လိုက်သည်။ သူ့ဓါးသည် ကြောက်မက်ဖွယ် အရောင်အဆင်းဖြင့် တောက်ပနေခဲ့သည်။ ထို့နောက် သူ့ရှေ့ကို ထောင့်ဖြတ် ခုတ်ပိုင်းလိုက်သည်။ သူ့ဓါးဦးနှင့် လက်နှစ်ဝါးခန့်အကွာတွင် ဝမ်ရှီ သုံးယောက် ရှိနေခဲ့သည်။ ဓါးသည် သူတို့ကို မထိသော်လည်း ဓးါထံမှ စွမ်းအားသည် သူတို့၏ လည်ပင်းများကို အလွယ်တကူပင် ပိုင်းဖြတ်သွားခဲ့လေသည်။

နတ်ဆရာသည် ရှောက်ရွှမ် မီးတောက်မျိုးစေ့၏ ဝါးမြိုမှုကို ခံရတော့မည်ကို စောင့်နေခဲ့သည်။ သို့သော်လည်း တစ်စုံတစ်ခု မှားနေသည်ကို သူသိလိုက်သည်။

သူ့နှဖူးမှ ချွေးပေါက်များကျဆင်းလာလေသည်။

နတ်ဆရာသည် ရှောက်ရွှမ် ရှိနေသည့်နေရာကို စိုက်ကြည့်လိုက်သည်။ ထိုအခိုက်တွင် ရှောက်ရွှမ်သည်လည်း တိုက်ဆိုင်စွာဖြင့် မော့ကြည့်နေခဲ့လေသည်။ နတ်ဆရာသည် ရှောက်ရွှမ်၏ လင်းလက်တောက်ပနေသည့် မျက်လုံးများကို မြင်လိုက်ရသည်။

“ သူ့ကိုတား.....သူ့ကိုတား..... “ နတ်ဆရာ၏ ကြောက်လန့်တကြားအော်ဟစ်လိုက်သည့်အသံ

ထွက်ပေါ်လာခဲ့သည်။

လူတိုင်းသည် မည်သည့်အရာက နတ်ဆရာကို ထိုမျှ ထိတ်လန့်နေစေသည်ကို အံ့သြနေကြလေသည်။

မီးတောက်တွင်းများ တစ်ခုခုဖြစ်လို့လား........

ပြန့်ကျဲနေသည့် ဝမ်ရှစ်များသည် နတ်ဆရာ၏ အသံထွက်ပေါ်နေသည့်နေရာသို့ စတင် ချီတက်လာကြသည်။

ရှောက်ရွှမ် ရှေ့သို့ ခြေတစ်လှမ်းလှမ်းလိုက်သည်။ ခြေလှမ်းတိုင်းသည် ကျဆင်းနေသည့် မီးလုံးများ၏ စွမ်းအားများပါဝင်နေဟန်ရသည်။

သူ့ပင်ပန်းနွမ်းနယ်နေမှုများသည် ပျောက်ကွယ်သွားပြီဖြစ်သည်။ သူ့ခြေလှမ်းတိုင်းသည် စွမ်းအားများကို ဆယ်ဆခန့် တိုးလာစေသည့်နှယ် သူခံစားနေရသည်။

အသံများ ပျောက်ကွယ်သွားသည်နှင့်အတူ ခြေလှမ်းတိုင်းသ်ည လျှင်မြန်လာခဲ့ပြီး ပို၍ လည်း ပေါ့ပါးလာခဲ့သည်။ ခြေလှမ်း ရာများသည် ပိုမိုမှိန်ဖျော့လာခဲ့ပြီး နောက်ဆုံးတွင် မည်သည့်ခြေရာမှ မကျန်နေတော့ပေ။ လှုပ်ရှဦးနေသည့် မြက်ပင်များကိုသာ မြင်နေရသည်။

ဓါးတစ်ချောင်းသည် မီးတောက်များကြားထဲမှ ထွက်ပေါ်လာပြီး ဝမ်ရှစ်တစ်ယောက်၏ ရင်ဘတ်ကို ထိုးစိုက်သွားသည်။ ထိုသူသည် မြားဖြင့်ပစ်ရန် ကြံစည်နေခြင်းဖြစ်သည်။

ရှောက်ရွှမ်သည် မီးတောက်တွင်းနှင့် နီးကပ်နေပြီ

ဖြစ်သည်။ သူသည် အရှိန်ကိုမြင့်တင်လိုက်လေသည်။

သူ့ထံပြေားလာနေကြသည့် ဝမ်ရှစ်များသည် သူ့ပြိုင်ဖက်များ မဖြစ်နိုင်ကြပေ။ သူတို့ သူ့ထံနီးကပ်လာသည်နှင့် သူတို့သည် အခြားမျိုးနွယ်စုမှ မီးတောက် မျိုးစေ့ကို တိုက်ခိုက်နေရသကဲ့သို့ တွန်းကန်မှုမျိုးကို ခံစားလိုက်ရသည်။

နတ်ဆရာက သူသည် ကြမ်းတမ်းသည် မီးတောက် သားရဲကြီးကို တိုက်ခိုက်နေရသည့်နှယ် ခံစားနေရသည်။ ရှောက်ရွှမ် အဘယ်ကြောင့် လွှတ်မြောက်နိုင်ခဲ့သနည်း။ မီးတောက် မျိုးစေ့၏ ဖိအားအောက်တွင် သူသည်အဘယ်ကြောင့် လွယ်ကူစွာ လှုပ်ရှားနေနိုင်ဆဲ ဖြစ်သနည်း။ စဉ်းစားနေရန်အတွက် အချိန်မရှိတော့ပေ။ နတ်ဆရာ၏ စိတ်ထဲတွင် အတွေးတစ်ခုသာ ရှိတော့သည်။ ထိုအတွေးသည် သူ့နှလုံးသားကို နာကျင်စေသည်။

ထိုအခိုက်အတန့်တွင် သူသည် သူ့ဆုံးဖြတ်ချက်နှင့်ပတ်သက်ပြီး နောင်တရနေခဲ့ပြီဖြစ်သည်။ သူသည် မီးတောက်တွင်းနားတွင် အဘယ်ကြောင့် အစောင့်အကြပ်များ ပိုများများ မချထားမိလေသနည်း။ သူ့မျိုးနွယ်စု၏ လုပ်‌ဆောင်နိုင်စွမ်းကိုပင် သူသံသယ ဝင်လာနေခဲ့ပြီဖြစ်သည်။

သူ၏ မီးတောက် မျိုးစေ့သည် ဤလူများ ကိုရပ်တန့်နိုင်ပေမည်လော။

ဤတစ်ကြိမ်တွင် သူ့ယုံကြည်ချက်များ ပျောက်ဆုံးသွားပြီဖြစ်သည်။ အစောင့်များသည် ရှောက်ရွှမ်ကိုတားဆီးထားနိုင်ခြင်း မရှိကြပေ။ သူသည် လျင်မြန်လွန်းလှ၏။ သူ့အမြင်အာရုံသည် အညိုရောင်မီးတောက်များကြောင့် ထိခိုက်နေခြင်းမရှိပေ။

ထိုအခိုက်တွင် အညိုရောင်မီးတောက်များအားလုံးသည် သူ့မြင်ကွင်းတွင် မှိန်ဖျော့သွားခဲ့ပြီဖြစ်သည်။ အရာအားလုံးသည် ရှင်းလင်းနေပေသည်။ သူ့ကို မည်သို့လုပ်ဆောင်ရမည်ကို ပြောပြပေးနေသည့် အသံတစ်ခု ရှိနေပုံရသည်။

ရှောက်ရွှမ် ပြေးဝင်လာနေသည်ကို ဝမ်ရှစ်များ ကြည့်နေကြရသည်။ ရှောက်ရွှမ်သည် ဆယ်ပေခန့်ဝေးကွာာသည့်နေရာမှ သူ့ခေါင်း‌ပေါ်ကို ကျော်လွန်ကာ ခုန်လိုက်ပြီး မီးတောက်တွင်း နားသို့ ပြေးသွားလိုက်သည်။

နတ်ဆရာမျက်လုံးများသည် မျက်လုံးချိုင့်များမှ ပြုတ်ထွက်လာပုံရသည်။ သူ့နှလုံးသားသည်လည်း မထိန်းနိုင်စွာ တုန်ခါနေခဲ့သည်။ သူလုံးဝယုံကြည်နိုင်ခြင်းမရှိပေ။ ထိုသူသည် အမှန်တကယ်ပင် သူ့မီးတောက် မျိုးစေ့ကို ပစ်မှတ်ထားနေခဲ့သည်။ သူ တစ်ယောက်ထဲ မီးတောက် မျိုးစေ့

ကို ဖျက်ဆီးနိုင်မယ်လို့တကယ်ပဲ ယုံကြည်နေတာလား...........။

ရူးနေတဲ့လူပဲ ........

သေချာပေါက် ရူးနေတာ.......

မီးတောက် ဦးချိုမျိုးနွယ်စု၏ မီးတောက်မျိုးစေ့သာ ရှိနေသေးလျှင် သူ့ကြိုးစားမှု အရာထင်ကောင်းထင်နိုင်ပေမည်။ သို့သော်လည်း သူသည် တစ်ယောက်တည်းသာ ဖြစ်လေသည်။ သူတစ်ယောက်ထဲက သူ့မျိုးနွယ်စုရဲ့ မီးတောက် မျိုးစေ့ကို ကိုယ်စားပြုနိုင်လို့လား။ ဝမ်ရှစ်နတ်ဆရာသည် တစ်စုံတစ်ယောက်က မျိုးနွယ်စုတစ်ခု၏ မီးတောက်မျိုးစေ့ကို တိုက်ရိုက်တိုက်ခိုက်သည်ကို မကြားဖူးခဲ့ပေ။ မီးတောက်များထဲသို့ ခုန်ချခြင်းသည် သေချာပေါက် မိမိကိုယ်ကို သတ်သေ

ခြင်းသာ ဖြစ်သည်။

သို့သော်လည်း မကြာခင်တွင် နတ်ဆရာသည် သူ့ကိုဖိနှိပ်နေသည့် ဖိအားတစ်ခုကို ခံစားမိလိုက်သည်။ ထိုဖိအားသည် ပြင်းထန်လွန်းသဖြင့် သူသည် မြေပြင်ပေါ်သို့ပင် လဲပြိုကျလုလုဖြစ်သွားရပြီး မလှုပ်ရှားနိုင်တော့ပေ။

ရှောက်ရွှမ် လေထဲသို့ခုန်တက်လိုက်သည်။ သူ့လက်ဝါးသည် ဝမ်ရှစ် မီးတောက်တွင်းမှ မီးတောက်များကို လက်လှမ်းနေခဲ့သည်။ အညိုရောင်မီးတောက်များကို လွန်မြောက်သွားသည်နှင့် သူ့လက်သည် အေးစက်သော ကျောက်တုံးတစ်ခုကို ထိတွေ့မိလိုက်သည့်အလား ခံစားလိုက်ရသည်။

သူ့လက်သည် ရုတ်တရက် ကြီးမားလာဟန် ရသည်။ ဝမ်ရှစ်မီးတောက်တွင်း တစ်ခုလုံးကို သူ့

လက်ဝါးများထဲတွင် ဆုပ်ကိုင်ထားနိုင်ပုံပေါ်နေသည်။ လက်ဝါးတစ်ဖက်သည် မြေပြင်ကို ဖုံးလွှမ်းနိုင်ပြီး သူ့လက်ဝါးအောက်တွင် လျှပ်စီးကြောင်းများပေါ်လာခဲ့သည်။ သူသည်အဆုံးမရှိသည့် ကောင်းကင်ထက်မှ စွမ်းအားများကို ပိုင်စိုးထားပုံပေါ်နေသည်။

သူ့လက်ဝါးကို ဖိနှိပ်ချလိုက်သည်တွင် အညိုရောင်မီးတောက် တောင်တန်းများသည် တဖြည်းဖြည်း ပြန့်ကျဲသွားကြလေသည်။

ထိုမီးတောက်လေးများသည် မိုးချိန်းသံကဲ့သို့သော အသံကို ထုတ်ဖော်နေကြသည်။ လေသည် မီးတောက်များကို ယိမ်းထိုးနေစေသည်။

ရှည်လျားသည့် မီးတောက် တောင်တန်းများသည် ပြန့်ကျဲကုန်ကြပြီဖြစ်သည်။ ထိုပြောင်းလဲမှုကို ဝမ်ရှစ်မျိုးနွယ်စုဝင်တိုင်း ခံစား

လိုက်ရသည်။ ထိုအခိုက်အတန့်တွင် လူတိုင်း တိုက်ခိုက်နေခြင်းကို ရပ်တန့်လိုက်ပြီး ပြောင်းလဲမှုများကြောင့် စိတ်လှုပ်ရှားနေကြသည်။

ရှောက်ရွှမ်၏ စိတ်ထဲတွင် အဖြူရောင် ဥခွံသည် မယုံကြည်နိုင်ဖွယ် ပေါက်ကွဲထွက်လာခဲ့သည်။ သူ့လက်ဝါးကို နောက်တစ်ကြိမ် ဖိချလိုက်သည်။ ထိုဖိနှိပ်မှုသည် ကောင်းကင်နှင့်မြေကြီးကို အက်ကွဲသွားစေနိုင်သည့်ပုံရှိနေသည်။

မျိုးနွယ်စုများနှင့် မီးတောက်တို့၏ တိုက်ပွဲတွင်သေခြင်း မဟုတ်လျှင် ရှင်ခြင်းသာ ကျန်ရှိတော့သည်။

ငါမင်းရဲ့ သေဆုံးခြင်းကနေ ပြန်ထလာမယ် .........

မီးတောက်ဦးချိုတွေက သူတို့ရဲ့အရင်က ဂုဏ်ကျက်သရေတွေကို ပြန်ရလိမ့်မယ်.......

“ သေစမ်း ......”

ဝုန်း....ဝုန်း .....

ကောင်းကင်သည် အက်ကွဲသွားဟန်ရသည်။

နားကွဲလုမတတ် အသံများ ထွက်ပေါ်လာခဲ့သည်။ လေထုသည် လည်း ပေါက်ကွဲတော့မည့်ပုံပေါ်နေပြီဖြစ်သည်။ ပြင်းထန်သည့် လေသည် တိုက်ခတ်လာလေပြီ။ သက်ရှိများ အားလုံးသည် အဆုံးသတ်ကို ကြုံတွေ့ရတော့မည်လည်း ဖြစ်သည်။

ဝမ်ရှစ်များသည် အစွမ်းအထက်ဆုံး၊ အသန်မာဆုံး စွမ်းအားအပြင်းဆုံး မီးတောက်တောင်တန်းသည် သူတို့၏ အဆုံးသတ်ကို ရောက်တော့မည် ကဲ့သို့သော ခံစားချက်ကို ခံစားလိုက်ရသည်။

ပေါက်ကွဲသံများသည် လေထုထဲတွင် ပဲ့တင်ထပ်နေခဲ့သည်။ တောအုပ်အတွင်း ပုန်းအောင်းနေကြသည့် လူအများပင် ထိုအသံများကို ကြားလိုက်ရသည်။

တောအုပ်အတွင်း၌ ငှက်များသည် ကြောက်ရွံ့စွာဖြင့် ပျံသန်းထွက်ပြေးသွားကြလေသည်။ သားရဲများသည်ပင် မနေနိုင်တော့ပဲ ထွက်ပြေးကြလေ၏။

တုန်ခါ ပေါက်ကွဲသံများ ရပ်တန့်သွားသည့်အချိန်တွင် အညိုရောင် မီးတောက်တောင်တန်းသည် တဖြေးဖြေးချင်း မှိန်ဖျော့လာခဲ့သည်။ အရာအားလုံး

သည် ပြန်လည်ကြည်လင်လာပြီဖြစ်သည်။

နေ့လည်ခင်းနေရောင်ခြည် ပြန်လည် ထွက်ပေါ်လာသည်။ နေရောင်ခြည်သည် ကုန်းမြေပေါ်တွင် လှပစွာ ထွန်းလင်းနေလေသည်။

သို့သော်လည်း ကုန်းမြေပေါ်တွင်မူ အရာအားလုံးသည် အေးခဲနေခဲ့ပြီး တိတ်ဆိတ်ခြင်းသာ ရှိနေခဲ့သည်။

အခန်း (၅၁၅) မင်းဘယ်သူလဲ

လူတိုင်းသည် ရုတ်တရက် ပြောင်းလဲမှုများကြောင့် အံ့သြသွားကြလေသည်။

ဘာတွေ....... ဖြစ်သွားတာလဲ .......

သူတို့အားလုံးသည် အဖြေကို သိပြီးဖြစ်သော်လည်း လက်မခံနိုင်ကြခြင်းဖြစ်သည်။

ဒဏ်ရာရနေသည့် မီးတောက်ဦးချို စစ်သည်တော်တစ်ယောက်သည် သူ့လက်နက်ကို ဆုပ်ကိုင်ထားလိုက်သည်။ သူသည် သေသည်အထိ တိုက်ခိုက်ရန် ပြင်ဆင်ထားပြီးဖြစ်သည်။ သို့သော်လညး် သူ့ရန်သူသည် ရုတ်တရက် ပျော်ကွယ်သွားလေသည်။

ရုပ်ပိုင်းဆိုင်ရာ ပျောက်ကွယ်သွားခြင်းမျိုး မဟုတ်ပဲ ထိုသူသည် ဝိဉာဉ်ပျောက်ဆုံးနေသည့် ရုပ်သေးရုပ်တစ်ခုအသွင် ဖြစ်သွားခြင်းမျိုးဖြစ်သည်။ သူ့မျက်နှာသည် ဖြူဖျော့နေခဲ့ပြီး သူ့အကြည့်မျးသည် ဗလာကျင်းနေခဲ့သည်။ သူသည် တုန်ခါသံများကို အာရုံစိုက်နေရင်း ထိုနေရာတွင်ပင် ကျောက်တုံးတစ်ခုအလား ရပ်တည်နေခဲ့သည်။ သူ့ပါးပြင် တုန်ခါနေသည်မှ လွဲလျှင် သူသည် ကျောက်တုံးတစ်ခုနှင့်သာ တူနေခဲ့သည်။

ထိုသူများသည် ချိန်းခြောက်နိုင်သည့်အရာများ မဟုတ်ကြတော့သဖြင့် မီးတောက် ဦးချိုများ စစ်သည်တော်များသည် ထိုသူများကို ထပ်မံတိုက်ခိုက်ခြင်း မပြုတော့ပေ။ အမဲလိုက်သကဲ့သို့သာ ဖြစ်သည်။ သူတို့သည် ကြောက်မက်ဖွယ်သားရိုင်းတစ်ကောင်ကို အမဲလိုက်နေစဉ် သားရိုင်းသည် သေးငယ်သည့် မွေးခါစ သားရဲတစ်ကောင် ဖြစ်သွားသည့်နှယ်ဖြစ်သည်။ ထိုသားရဲပေါက်

လေးသည် သွားများပင် မပေါက်သေးပေ။ အလွယ်တကူလညး် သတ်ဖြတ်နိုင်လေသည်။ ထို ခံားချက်သည်ထူးဆန်းနေသဖြင့် လူတိုင်းသည် တိုက်ခိုက်လိုစိတ်များ မရှိကြတော့ပေ။

ထို့နောက် ပေါက်ကွဲသံတစ်ခုနှင့်အတူ ထိုခံစားချက် ပျောက်ကွယ်သွားလေသည်။ မီးတောက် မျိုးစေ့မှ တွန်းကန်နေမှုများလည်း ပျောက်ဆုံးသွားခဲ့သည်။ မီးတောက် ဦးချိုများသည် နောက်ထပ်မီးတောက် မျိုးစေ့တစ်ခု တည်ရှိနေသည်ဟူသည့် ခံစားချက်ကို မခံစားကြရတော့ပေ။

အရာတိုင်းသည် လျှင်မြန်စွာဖြင့် ဖြစ်ပျက်သွားခဲ့ခြင်းဖြစ်သည်။ ကောင်းကင်ဘုံမှ လူသည် ငရဲသို့ပြုတ်ကျသွားဟန် ရသည်။ သူတို့အားလုံး အငိုင်မိသွားကြလေပြီ။

“ ဘာတွေဖြစ်သွားတာလဲ ဟ” သုန့်ကန်း တံတွေးမျိုးချလိုက်ပြီး ပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။ သူသည် မီးတောက် မျိုးစေ့မရှိပဲ နေသားကျနေပြီဖြစ်သည်။ ထို့ကြောင့် သူသည် အခြားလူများကဲ့သို့ မီးတောက် မျိုးစေ့နှင့်ပတ်သက်ပြီး အာရုံခံနိုင်စွမ်းမရှိနေပေ။ သူ့ပတ်ဝန်းကျင်ကို လေ့လာလိုက်ပြီးနောက် သူခန့်မှန်းကြည့်လိုက်သည်။ သို့သော်လည်း မယုံနိုင်ဖြစ်နေသဖြင့် သူထုတ်မပြောရဲပေ။

“ ငါထင်တာ....... ဝမ်ရှစ်တွေရဲ့ မီးတောက် မျိုးစေ့ ပျောက်ကွယ်သွားပြီ ထင်တယ် “ တောက်ကျန်း ပြောလိုက်သည်။ သူသည်လည်း မယုံကြည်နိုင်ဖြစ်နေခဲ့သည်။

မရှိတော့ဘူး ဟုတ်လား...... ဒါက မီးတောက်မျိုးစေ့လေ....... ဒါက မျိုးနွယ်စုတစ်ခုလုံးရဲ့ အစွမ်းအထက်ဆုံးသော အရာတစ်ခုလေ .........

သေးငယ်သည့် မျိုးနွယ်စုငယ်လေးများထံတွင် အားနည်းသည့် မီးတောက်မျိုးစေ့များ ရှိတတ်ကြသည်။ သို့သော်လည်း ဝမ်ရှစ်များသည် ကြီးမားသည့် မျိုးနွယ်စုကြီးတစ်ခု ဖြစ်သည်။ သူသို့သည် လတ်တလောလေးပင် သူတို့ကို ဖိနှိပ်နေသည့် ကြီးမားသည့် ဖိအားကြီးကို ရင်ဆိုင်ခဲ့ရသေးသည်။ မီးတောက်မျိုးစေ့များသည်လည်း မတူညီသည့် အဆင့်များတွင် ရှိတတ်ကြသည်။

ထိုမျှစွမ်းအားကြီးသည့်အရာကို ရင်ဆိုင်ရပြီးနောက်တွင် အမဲလိုက်ခေါင်းဆောင်များသည် မီးတောက်တွင်းသို့သွားရန် အကြံအစည်ကို လက်လျော့်လိုက်ကြပြီး ဝမ်ရှီစစ်သည်များကိုသာ အရင်သတ်ဖြတ်ရန် ဆုံးဖြတ်ထားကြသည်။ ထို့နောက် တွင်မှ သူတို့တွင်ရှိနေသည့် စစ်သည်များကို ပေါင်းစည်းပြီး မီးတောက်တွင်းကို တိုက်ခိုက်မည် ဖြစ်သည်။ အကယ်၍ ထိုသို့ပြုလုပ်လျှင်ပင် အလုပ်မဖြစ်ခဲ့လျှင် သူတို့သည် သူတို့၏ နတ်ဆရာများကို ဖိတ်ခေါ်တော့မည်

ဖြစ်သည်။

သူတို့အားလုံး ထို့အတွက် ပြင်ဆင်ထားကြပြီးဖြစ်သည်။ သို့သော်လည်း အရာရာသည် ရုတ်တရက်ပင် ပြောင်းလဲသွားခဲ့လေပြီ။

ဤမျှ စွမ်းအားကြီးမားသည့် အရာကို တစ်စုံတစ်ယောက်သည် အဘယ်သို့ အနိုင်ယူနိုင်ခဲ့သနည်း.........။

ထိုအခိုက်အတန့်တွင် လူတိုင်းသည် “ မည်သူ မီးတောက်မျိုးစေ့ကို ဖျက်ဆီးခဲ့သနည်း” ဟူသည်ဘ အတွေးများကိုသာ တွေးနေမိသည်။

ဝမ်ရှစ်များ ဖက်တွင် လူတိုင်းသည် စိတ်ဝိဉာဉ်မရှိသည့် အလောင်းကောင်များကဲ့သို့ လမ်းလျှောက်နေကြလေသည်။ ထိုရုတ်တရက် ရုပ်ပိုင်းဆိုင်ရာ

ထိုးနှက်မှုသည် သူတို့ကို ကစဉ်းကလျား ဖြစ်သွားစေသည်။

ထိုအရာကို သူတို့ မယုံကြည်နိုင်ကြပေ။ သို့သော်လည်း သူတို့အထဲမှ နတ်စွမ်းအားများပျောက်ကွယ်သွားနေသည်ကို သူတို့ ခံစားမိကြသည်။ နတ်စွမ်းအားများ မရှိတော့သဖြင့် သူတို့အားလုံး ပင်ပန်းနွမ်းနယ်မှုကို ခံစားလိုက်ကြရလေ၏။ သူတို့ ၏ လက်နက်များသည် ပို၍ လေးလံလာဟန်ရပြီး သူတို့၏ ခြေထောက်များကိုလည်း မရွေ့လျားနိုင်ကြတော့ပေ။ ခြေလှမ်းတိုင်းသည် ခက်ခဲလှ၏။ သူတို့ကြွက်သားများမှ နာကျင်မှုနှင့် ဒဏ်ရာများသည်လည်း ပို၍ သိသာထင်ရှားလာခဲ့လေပြီ။ သူတို့ ခန္ဓာကိုယ်ပေါ်မှ နတ်အမှတ်အသားများသည်လည်း တဖြေးဖြေး မှိန်ဖျော့ပျောက်ကွယ်သွားကြလေသည်။ ထို့နောက် တွင် ပြာမှုန်များ အဖြစ်သို့ပြောင်းလဲသွားကြ၏။

သူတို့အားလုံး သူတို့၏ ဦးခေါင်းများကို

မီးတောက်တွင်းဖက်သို့ လှည့်ကြည့်လိုက်ကြသည်။

အညိုရောင်မီးတောက်များ မရှိတော့ပေ။ သူတို့ အားလုံးထိုအရာကို မြင်လိုက်ရသည်။

သူတို့၏ မီးတောက်တွင်းအတွင်း၌ မီးတောက်များ မရှိတော့ပေ...........။ သူတို့မျိုးနွယ်စုကို ကာကွယ်‌စောင့်ရှောက်ပေးနေခဲ့သည့် စွမ်းအားရင်းမြစ်သည် ပျောက်ကွယ်သွားခဲ့ပြီဖြစ်သည်။

ဤအရာသည် မည်သည်ကို ဆိုလိုနေကြောင်းသူတို့အားလုံး သိထားကြလေသည်။ သူတို့သည်လည်း အခြားမျိုးနွယ်စုများကို ဖျက်ဆီးဖူးကြသူများ ဖြစ်ကြသည်။ သူတို့သည် မျိုးနွယ်စု ပျက်သုဉ်းသွားသဖြင့် လှည့်လည်သွားလာနေရသည့်လူများ ၊ အသတ်ခံနေရသည့် ကျွန်များအကြော်ငးကို တွေးမိလိုက်ကြသည်။

လူတိုင်းသည် ဤကမ္ဘာကြီး၏ ကြမ်းတမ်းမှုများကို သဘောပေါက်နားလည် ကြလေသည်။ အားကြီးသူသည် အားနည်းသူကို စားသုံးမည်ဖြစ်သည်။ သို့သော်လည်း အတိတ်တုန်းကမူ သူတို့သည် အားကြီးသူများ သတ်ဖြတ်သူများသာ ဖြစ်ခဲ့ကြသည်။ ယနေ့တွင်မူ သူတို့သည် သားသတ်သမား၏ ဓါးအောက်မှ အသားတုံးများသာ ဖြစ်သွားကြပြီဖြစ်သည်။

သူတို့သည် မုန်တိုင်းကြားထဲတွင် အကာအကွယ်မရှိသည့် ငှက်ငယ်များ သဖွယ်ဖြစ်သွားကြလေပြီ။

ယနေ့သည် တောက်ပပြီး နေသာသည့် နေ့တစ်နေ့ဖြစ်သည်။ သို့သော်လည်း နေရောင်အောက်တွင်ပင် ဝမ်ရှီမျိုးနွယ်စုများသည် အေးစက်မှုတို့ကို ခံစားနေကြရသည်။ သူတို့၏ စိတ်များသည် လေလွင့်နေကြပြီး သူတို့၏ အရိုးများသည် အေး

စက်နေခဲ့ကြလေပြီ။ သို့သော်လည်းသူတို့အနေဖြင့် ရွေးချယ်စရာမရှိပဲ အမှန်တရားကို လက်ခံရတောမည် ဖြစ်သည်။

မီးတောက်တွင်းနားတွင် .......

ဝမ်ရှစ်နတ်ဆရာ၏ နှုတ်ခမ်းများ လှုပ်ရှားလာသည်။ သူသည် တစ်စုံတစ်ခုကို ပြောလိုသော်လည်း အသံမထွက်နိုင်ဖြစ်နေရသည်။ စကားလုံးတစ်လုံးမှ မထွက်လာပေ။ တစ်စုံတစ်ယောက်သည် သူ့လည်ပင်းကို ညှစ်ထားဟန် ရသည်။

ဘယ်လိုလုပ်ပြီးတော့ ဖြစ်နိုင်ပါ့မလဲ..........

မဖြစ်နိုင်ဘူး ........

ထိုစကားသံများသည် သူ့စိတ်ထဲတွင် ပဲ့တင်ထပ်နေခဲ့လေသည်။

မီးတောက်တွင်းနားတွင် ဆောင့်ကြောင့်ထိုင်နေခဲ့သည့် လူတစ်ယောက် ရှိနေခဲ့သည်။ ထိုသူသည် မီးတောက်ဦးချို မျိုးနွယ်စုမှ လူတစ်ယောက် ဖြစ်သည်။ ထိုအခိုက်အတန့်တွင် သူ့လက်ဝါးသည် မီးတောက်တွင်း ရှိ မီးတောက် မျိုးစေ့ ရှိနေခဲ့ဖူးသည့် နေရာအပေါ်တွင် ရှိနေခဲ့သည်။

နတ်ဆရာသည် သူ့လက်ကို စိုက်ကြည့်လိုက်လေသည်။ သူ့မျက်စိသည် အရာအားလုံးကို ဖောက်ထွင်းမြင်လိုက်ရသည်နှင့်တူသည်။ ထိုလက်ဝါးအောက်မှ အညိုရောင်မီးတောက်များ တဖန်ပြန်လည် ထွန်းလင်းလာမည်ကို သူမျှော်လင့်နေဟန် ရသည်။

အား......

ဖျော့တော့သည့် အသံတစ်ခု ထွက်ပေါ်လာသည်။

ရှောက်ရွှမ် သူ့လက်ဝါးကို ပြန်သိမ်းလိုက်ပြီးနောက် မီးတောက်တွင်းကို ကြည့်လိုက်သည်။

မီးတောက်တွင်းသည် သေဆုံးနေပြီဖြစ်သည်။ ထိုအခိုက်အတန့်မှ စပြီး နောက်တဖန် ပြန်လည် ထွန်းတောက်လာတော့မည် မဟုတ်ပေ။

အရိပ်တစ်ခု ဖြတ်သန်းသွားသော်လည်း ရှောက်ရွှမ် ထိုအရိပ်ကို တားဆီးခြင်းမပြုပေ။ ဝမ်ရှစ်နတ်ဆရာ ရူးသွပ်စွာပြေးနေသည်ကို သူကြည့်နေခဲ့သည်။ နတ်ဆရာသည်ဒယိမ်းဒယိုင်ပြေးနေပြီး ဒူးထောက်ကျသွားခဲ့၏။ သူသည် အရူးတစ်ယာက်သဖွယ် မီးတောက်တွင်းကို သူ့လက်များဖြင့် တူးဆွနေလေသည်။ သူ့ကိုကြည့်ရသည်မှာ

တစ်စုံတစ်ခုကို တွေ့ရန်အတွက် မျှော်လင့်နေဟန် ရသည်။

ကျောက်ခဲများ မြေတွင်းထဲမှ ထွက်ပေါ်လာသည်။ သိူ့သော်လည်း သာမန် မြေကြီးခဲများကျောက်ခဲများသာ ဖြစ်သည်။

“ မဖြစ်နိုင်ဘူး....... လုံးဝမဖြစ်နိုင်ဘူး “

ဝမ်ရှစ်နတ်ဆရာသည် သူ့လက်များ သွေးထွက်လာသည်အထိ တူးဆွနေခဲ့သည်။ သူ့အသံသည် အက်ကွဲနေခဲ့ပြီး သူစွမ်းနိုင်သလောက် အော်ဟစ်နေခဲ့သည်။ ရုတ်တရက် သူ့မျက်လုံးများ ရှောက်ရွှမ် အပေါ်သို့ ကျဆင်းလာသည်။ သူ့အကြည့်များတွင် ဒေါသနှင့် အတူ အမုန်းတရားများ ပါဝင်နေပြီး ကြောက်ရွံ့မှုတ်စစွန်း တစ်စကိုလည်း တွေ့မြင်ရသည်။ အဆုံးသတ်တွင် သူဆုံးဖြတ်ချက် ချလိုက်သည့်ဟန်ဖြင့် သတ္တုဓါးတစ်ချောင်းကို

ထုတ်ယူလိုက်သည်။ ထို့နောက် ခုန်တက်လိုက်ပြီး ရှောက်ရွှမ်ကို ဓါးနှင့် ထိုးလိုက်သည်။

ရှောက်ရွှမ် သူ့ကိုတည်ငြိမ်စွာသာ ကြည့်နေလိုက်သည်။ ထို့နောက် ဓါးသွားကို လက်ချောင်းနှစ်ခုဖြင့် ဖမ်းဆုပ်ထားလိုက်သည်။

ရိုးရှင်းသည့် လှုပ်ရှားမှုလေးသည် နတ်ဆရာကို သတိပြန်ဝင်လာစေခဲ့သည်။

သူ့ခွန်အားများ မရှိနေတော့ပေ။ အကယ်၍ သူ့ခွန်အားများသာ ဆက်ရှိနေသေးလျှင်လည်း သူသည် အကောင်းဆုံးသော စစ်သည်တော် တစ်ယောက် မဟုတ်နေပေ။ သူ့ပြိုင်ဖက်သည် ဓါးကို လက်ချောင်းနှစ်ခုဖြင့်ပင် ထိန်းထားလေသည်။

“အား........ “

နတ်ဆရာ သူ့ဓါးကို လွတ်လိုက်ခြင်း မရှိသေးပဲ သူ့ခွန်အားရှိသမျှကိုသုံးကာ တိုက်ခိုက်နေဆဲဖြစ်သည်။ ဓါးသည် လှုပ်ရှားခြင်း မရှိပေ။ ဓါးသည် ကြီးမားသည့် နံရံကို ထိုးနေရကဲ့သို့သာဖြစ်သည်။ သူ ရှောက်ရွှမ် မျက်လုံးများကို စိုက်ကြည့်လိုက်သည်။

ဝမ်ရှစ် မီးတောက်မျိုးစေ့ မရှိတော့သော်လည်း သူ့ထံတွင် ရုပ်ပိုင်းဆိုင်ရာ အာရုံခံစားနိုင်မှုများ ကျန်ရှိနေသေးသည်။ သူသည် ရှောက်ရွှမ်ထံမှ မီးတောက်ဦးချိုများလည်းမဟုတ် ဝမ်ရှစ်များလည်း မဟုတ်သည့် စွမ်းအားတစ်ခုကို အာရုံခံမိလိုက်သည်။ အမှန်တကယ်တွင် ထိုစွမ်းအားမျိုးသည် မျိုးနွယ်စုများထံမှ မဟုတ်ပေ။ ဒါက တကယ်ပဲ မီးတောက်မျိုးစေ့ရဲ့ စွမ်းအားတွေလား ......။

ရှောက်ရွှမ် မီးတောက်များကို ငြိမ်းသတ်နေပြီး သူတို့၏မျှော်လင့်ချက်များကိုပါ အဆုံးသတ်နေခဲ့သည့် မြင်ကွင်းသည် နတ်ဆရာ၏ စိတ်ထဲတွင် ထပ်ခါတလဲလဲ ပေါ်လာခဲ့သည်။ ဤသူသည် သေချာပေါက် သာမန် မျိုးနွယ်စုဝင်တစ်ယောက် မဟုတ်နေပေ။

“ မင်း..... မင်းဘယ်သူလဲ “ နတ်ဆရာ ရေရွတ်လိုက်သည်။

ရှောက်ရွှမ် ပြန်မဖြေပေ။

“ မင်းက ဘယ်သူလဲ.... ဘယ်သူလဲ “

နတ်ဆရာ၏ ရူးသွပ်ဖွယ်မေးနေသည့်စကားများကို လျစ်လျုရှုထားလိုက်သည်။ ရှောက်ရွှမ် လက်ဝှေ့ယမ်းလိုက်သည်တွင် နတ်ဆရာ သူ့ဓါးနှင့်

အတူ လွင့်စင်သွားလေသည်။ “ မင်းက ငါ့ကို လာမေးနေတယ်၊ ငါက ဘယ်လိုလုပ်ပြီးတော့ သိမှာလဲ “

နတ်ဆရာ မည်သို့ဆိုလိုသည်ကို ရှောက်ရွှမ် သိနေခဲ့သော်လည်း အမှန်တကယ်တွင် ရှောက်ရွှမ်ထံ၌လည်း အဖြေ မရှိနေပေ။

နတ်ဆရာတစ်ခါပြောဖူးသည်မှာ မျိုးနွယ်စုတစ်ခု၏ မီးတောက် မျိုးစေ့ကို ဖျက်ဆီးနိုင်ရန်မှာ တစ်စုံတစ်ယောက်သည် ဓလေ့ အစဉ်အလာများအတိုင်း လုပ်ဆောင်ရန် လိုအပ်သည်ဟု ဆိုသည်။ မဟုတ်လျှင်လည်း အမွေအနှစ် ကို အသုံးပြုရန် လိုအပ်သည်ဟု ဆိုသည်။ သို့သော်လည်း သူ့ခန္ဓာကိုယ်ထဲမှ စွမ်းအားများသည် မီးတောက် ဦးချို မျိုးနွယ်စု မီးတောက် မျိုးစေ့မှ ထွက်ပေါ်လာခြင်းမဟုတ်ပေ။

သူ ဤကမ္ဘာကို လာခဲ့သည့်အချိန်မှစပြီး ရှောက်ရွှမ်သည် ထိုစွမ်းအားကိုမည်သည့် စွမ်းအားများ ဖြစ်သည်ကို မသိခဲ့ရပေ။ သူ မည်သည့်အရာကိုယူဆာင်လာခဲ့လေသနည်း။ သို့သော်လည်း အရာများစွာက ပြောပြနေသည်မှဦ သူ့စွမးအားများသည် မီးတောက်မျိုးစေ့မှ စွမ်းအားများသာ ဖြစ်ကြလေသည်။ မီးတောက် ဦးချို မျိုးနွယ်စုတင်မကပဲ အခြားမျိုးနွယ်စုများမှ မီးတောက် စွမ်းအားများလည်း ပါဝင်နေသည်။

ရှောက်ရွှမ်သည် တစ်ကြိမ်က ကူမျိုးနွယ်စုမှအပြန်တွင် မိ‌ကျောင်းများ ပေးသည့် ကျောက်တုံးကို ယူပြန်လာခဲ့သေးသည်။ ၎င်းကို ရေလကျောက်တုံးအဖြစ် ပြောင်းလဲနိုင်ပေသည်။ ဤသည်မှာ သူတို့မျိုးနွယ်စုသာ တတ်နိုင်သည့် အရာဖြစ်သည်ဟုတစ်စုံတစ်ယောက် ပြောခဲ့သည်။

ထို့အပြင် သူသည် မိုးရေစက် မျိုးနွယ်စုသို့ တစ်ခါ သွာခဲ့ဖူးသေးသည်။ ထိုအခိုက်တွင် သူုတ့

န နှစ်ထောင်ပေါင်းများစွာ မအောင်မြင်ခဲ့သည့် မိုးဆင့်ခေါ်ခြင်း သည် ရုတ်တရက် အောင်မြင်သွားခဲ့ဖူးသည်။

…….

အရာအားလုံးသည် သူ့ကို ဤနေရာသို့ ဆင့်ခေါ်လာခဲ့သည့် စွမ်းအားနှင့်ပတ်သက်နေသည်။

ဤသည်မှာ မည်သည့်စွမ်းအားများ ဖြစ်လေသနည်း။ ရှောက်ရွှမ် ကိုယ်တိုင်ပင် မသိနေပေ။

တဖက်သို့လှည့်လိုက်ပြီး သူ့စစ်သည်တော်များထံသို့ သူပြန်သွားလိုက်သည်။

ဆက်လက်ပြီးတိုက်ခိုက်နေရန် မလိုအပ်တော့ပေ။

ဝမ်ရှစ်များသည်လည်း သတိပြန်ဝင်လာကြသည်။ သူတို့သည် တိုက်ခိုက်လိုစိတ်များ ကုန်ဆုံးသွားခဲ့ကြပြီဖြစ်သည်။

မီးတောက် ဦးချိုများ ခြေတစ်လှမ်းတိုးလာစဉ်တွင် သူတို့အားလုံး နောက်ဆုတ်လိုက်ကြသည်။

တစ်စုံတစ်ယောက်သည် ကြောက်ရွံ့စွာဖြင့် အော်ဟစ်လိုက်လေသည်။ ထို့နောက် အဝေးသို့ ထွက်ပြေးသွားသည်။ ရုတ်တရက် ကြောက်ရွံ့မှူသည်ကူးစက်သွားပြီး တဖက်မှလူများ ထွက်ပြေးကုန်ကြလေသည်။

ဝမ်ရှစ်များ အလျင်အမြန် ရှုံးနိမ့်သွားကြသဖြင့် ကျွန်ပိုင်ရှင်များ ထိတ်လန့်သွားကြသည်။ သို့သော်လည်း ဤသည်မှာသူတို့အတွက်တော့

ကောင်းမွန်သည့် ရလာဒ်တစ်ခု ဖြစ်နေဆဲဖြစ်သည်။

ယခုတွင် သူတို့သည် မီးတောက်မျိုးစေ့များ ပျောက်ဆုံးကုန်သည့် စစ်သည်တော်များကို လိုချင်နေကြပြီဖြစ်သည်။ သူတို့တွင် တစ်ချိန်က စွမ်းအားများရှိခဲ့ကြသဖြင့် သူတို့ကိုလိုချင်သည်မှာ သဘာဝကျလေသည်။ ဤအချိန်သည် ကျွန်ပိုင်ရှင်များ အနေဖြင့် လှုပ်ရှားရန် အကောင်းဆုံးသော အချိန်ဖြစ်သည်။

လူသစ်စုဆောင်းရန် အချိန်ပင်တည်း..........

ကျွန်ပိုင်ရှင်များသည် အစပိုင်းတွင်ကြောက်လန့်နေကြသေးသည်။ သို့သော်လည်းသူတို့သည် မကြာခင်တွင်ပင် သွေးညီနံ့နံနေသည့် လက်သည်းများ ထုတ်ထားသည့် သားရဲများသဖွယ်ပြောင်းလဲ

သွားကြသည်။

အခြေအနေများမှားယွင်းနေသည်ကို မီးတောက်ဦးချိုများ သိလိုက်ကြသည်။ အကယ်၍ ကျွန်ပိုင်ရှင်များသာ ဤနေရာတွင် ရှိမနေခဲ့လျှင် သူတို့သည် အားနည်းသူများကို သတ်ဖြတ်ရန် မစဉ်းစားကြပေ။ သို့သော်လည်း ကျွန်ပိုင်ရှင်များ ရှိနေခြင်းသည် ဝမ်ရှစ်များ စွမ်းအားများ ပြန်ရလာမည်ဟု ဆိုလိုနေခြင်းပင်ဖြစ်သည်။ သို့ဆိုလျှင် သူတို့သည် လက်စားချေရန် ပြန်လာကြပေမည်။

သူတို့ မည်သည့်အကြောင်းကြောင့် ထိုသို့အဖြစ်ခံမည်နည်း။

“ သူတို့အားလုံးကို သတ်........ ကျွန်ပိုင်ရှင်တွေနဲ့ ထွက်မပြေးစေနဲ့။ ကျွန်တွေနဲ့ သူတို့ရဲ့ ဆရာသခင်တွေကို သတ်ကြ။ လူတိုင်းကို သတ် “ ကျန်းလော် အော်ဟစ်လိုက်သည်။ ကျွန်ပိုင်ရှင်များသည်

အလွန်အမင်းမသန်မာကြသော်လည်း သူသည် သူတို့ကို သတိထားနေဆဲဖြစ်သည်။

အမဲလိုက်ခေါင်းဆောင် သုံးယောက်တို့နှင့် စစ်သည်များသည် ခေါင်းဆောင်နှစ်ယောက်နှင့် အခြားသူများ တိုက်ပွဲမြေပြင်ကို သန့်ရှင်းသည်အထိ သတ်ဖြတ်လိုက်ကြသည်။ ထို့နောက် ဒဏ်ရာရသူများကို ကုသပေးလိုက်ကြပြီး သေဆုံးသူများ ကို ရေတွက်ကြည့်လိုက်သည်။

ရှောက်ရွှမ် ပြန်လာသည့်အချိန်တွင် ဆီဆာမြေပြင်တွင် လဲလျောင်းနေသည်ကို တွေ့လိုက်လေသည်။ ကြည့်ရသည်မှာ ၎င်းသည် ဒဏ်ရာရသွားဟန် ရသည်။ ဆီဆာနှင့် အခြားသားရဲများသည် ဝမ်ရှစ်သားရဲများနှင့် ရင်ဆိုင်နေခဲ့ရသဖြင့် ရှောက်ရွှမ်နှင့်အတူ ရှိမနေခဲ့ပေ။

သူ့ခန္ဓာကိုယ်ပေါ်တွင် သွားရာများစွာကိုတွေ့မြင်ရ

ပြီး ဆီဆာသည် သွေးများစွာ ထွက်နေခဲ့သည်။ လှံစိုက်ထားသကဲ့သို့သော အပေါက်တစ်ခုကိုလည်း သူ့နောက်ကျောတွင် တွေ့မြင်ရသည်။

ရှောက်ရွှမ် လှမ်းလာနေသည်ကို ကြားလိုက်ရသည့်အခါတွင် ဆီဆာ့ နားရွက်များ ထောင်လာခဲ့သည်။ သူသည် သူ့ဒဏ်ရာများကို လျှာဖြင့် လျှက်လိုက်ပြီး ရှောက်ရွှမ်ကို ကြည့်နေခဲ့သည်။

ရှောက်ရွှမ် ခြေလှမ်းများ ရပ်တန့်သွားလေသည်။

ဆီဆာ၏ မျက်လုံးတစ်ဖက် ရှိမနေတော့ပေ။

အခန်း (၅၁၆) ရောယှက်နေသည့် ခံစားချက်များ

စစ်သည်တော်တစ်ယောက်သည် ဒဏ်ရာရနေခဲ့သည့် ဆီဆာထံသို့ အလောတကြီးသွားလိုက်လေသည်။ စစ်ပွဲ၌ ဆေးပညာရှင်များသည် နောက်တန်းတွင် ပါလာခဲ့ပြီး ဒဏ်ရာရသူများကို လိုက်ရှာနေကြကာ ကုသပေးနေကြသည်။

ဆီဆာ ထိုစစ်သည်တော်ကို သူ့ဖက်ကဖြစ်မှန်းသိလိုက်သဖြင့် ကုသခြင်းကို ငြင်းဆန်နေခြင်း မပြုတော့ပေ။

မြေပြင်တွင် ထိခိုက်ဒဏ်ရာရသူများဖြင့် ပြည့်နှက်နေခဲ့သည်။ အများစုသည် ခြေလက်များကို ဆုံးရှုံးထားကြရသည်။ ကိုက်ခဲထားသည့် ဒဏ်ရာများကို သူတို့၏ ခန္ဓာကိုယ်များပေါ်တွင် မြင်တွေ့နိုင်သည်။ တစ်ဝက်တစ်ပျက် သွေ့ချောနေသည့် သွေးများ စွန်းပေနေသည့် မြေပြင်ပေါတွင် ဖြတ်

လျှော်နေကြသဖြင့် စေးကပ်နေပုံရသည့် ခြေသံများကိုလည်း ကြားနေရသည်။ သွေးညှီနံ့များသည် တစ်စုံတစ်ယောက်ကို အော့အန်သွားစေရန်အတွက် လုံလောက်သည်။

ရှောက်ရွှမ် စိတ်များ ပြန်လည် တည်ငြိမ်သွားသည်။ သူ့ခန္ဓာကိုယ်မှ စွမ်းအားများ အပြင်သို့ ဆွဲယူသွားခြင်း ခံလိုက်ရသကဲ့သို့ ခံစားလိုက်ရသည်။ သူ ဆီဆာထံသို့ လမ်းလျှောက်သွားလိုက်ပြီး သူ့မျက်လုံးများမှ သွေးများကို သုတ်ပေးလိုက်သည်။ သားရဲကိုက်ခဲထားသည့် ဒဏ်ရာသည် သိသာထင်ရှားနေလေသည်။

ဆီဆာ၏ ဒဏ်ရာများကို ကြည့်လိုက်ပြီး ရှောက်ရွှမ် သူ့ခေါင်းကို ပွတ်သပ်ပေးလိုက်ာ ပြောလိုက်သည် “ မင်းအသက်ရှင်နေသေးတာကံကောင်းတာပဲ “

သူကြမ်းပြပ်ပေါ်မှ အရာအားလုံးကို လျစ်လျုရှုထားလိုက်ကာ ထိုနေရာတွင်ပင်ထိုင်နေလိုက်ပြီး တိုက်ပွဲကွင်းပြင်ကို လေ့လာကြည့်လိုက်သည်။

ဆေးပညာရှင်များသည် ဒဏ်ရာရသူများကို ကယ်တင်နိုင်ရန်အတွက် အကောင်းဆုံး ကြိုးစားနေကြလေသည်။ မျိုးနွယ်စုမှ နတ်စစ်သည်တော်များထံတွင် ပြန်လည် ကုသနိုင်စွမ်းများ ရှိနေကြသည်။ သူတို့သည် ွဤအခိုက်အတန့်ကို ကျော်လွန်နိုင်ပါက သေချာပေါက် အသက်ရှင်မည် ဖြစ်သည်။

ဤနေရာမှ သိပ်မဝေးသည့် နေရာတစ်ခုတွင် ရှေးငှက်ကြီးတစ်မျိုးသည် ကြမ်းပြင်ပေါတွင် လှဲလျောင်းနေခဲ့ကာ ဝမ်းဗိုက်ကို ကောင်းက်ထက်သို့ မျက်နှာမူထားလေသည်။ သူ့ခြေထောက် နှစ်ချောင်းသည် ဆေးပင်များ တိရိစ္ဆာန် သားရည်များဖြင့် ဖုံးအုပ်ထားခြင်း ခံရသည်။ သူ့ဒဏ်ရာ

သည် ပြင်းထန်ကြောင်း မပြင်းထန်ကြောင်း မသိသော်လည်း သူ့ခန္ဓာကိုယ်ပေါ်မှ ပြတ်ရှရာများစွာမှ သွေးများ ထွက်နေခဲ့သည်။ ဆေးပညာရှင်တစ်ယောက်သည် ထိုငှက်ကြီးကို ကြည့်ရှုပေးနေခဲ့လေသည်။

ရှောက်ရွှမ် ပြောနိုင်သည်မှာ ငှက်ကြီးသည် ဆီဆာထက် ပိုကောင်းမွန်သည့် အခြေအနေတွင် ရှိမနေခဲ့ပေ။ သူတို့၏ ပြိုင်ဖက်များသည် ကြမ်းတမ်းကြလေသည်။ သူတို့အနေဖြင့် ဤတိုက်ပွဲမှ အသက်ရှင်လျက် ထွက်လာနိုင်ခဲ့သည့်မှာပင် ကံကောင်းနေပြီး ဖြစ်သည်။

ကံကောင်းသည်မှာ သားရဲများ၏ ပြန်လည်ကုသနိုင်စွမ်းသည် နတ်စစ်သည်များကဲ့သို့ပင် ဖြစ်နေခြင်း ဖြစ်သည်။ ဆီဆာသည် ရက်အနည်းငယ်ကြာပြီးနောက်တွင် ပြန်ကောင်းလာမည်ဖြစ်သည်။ သူ့မျက်လုံးသည်တော့ ဆုံးရှုံးသွားရပြီဖြစ်၏။

ရှောက်ရွှမ် ဆီဆာကို ထပ်မံပွတ်သပ်ပေးလိုက်သည် “ မင်းလုပ်ခဲ့တာ ကောင်းပါတယ် “

ဆီဆာ သူ့နှုတ်သီးဖျားဖြင့် ရှောက်ရွှမ်ကို ထိတွေ့လိုက်ကာ မြေပြင်တွင် အနားယူနေလိုက်သည်။

ဆီဆာကို ကုသပေးနေခဲ့သည့် စစ်သည်တော်သည် ရှောက်ရွှမ်ကို စိတ်ဝင်စားနေခဲ့လေသည်။

သူ့ထံတွင် သိလိုစိတ်များ ရှိနေခဲ့၏။

သူကြားခဲ့သည်မှာ မဟာအကြီးအကဲသည် ဝမ်ရှစ်တို့၏ မီးတောက်မျိုးစေ့ကို ငြိမ်းသတ်ခဲ့သည်ဟု ဆိုသည်။

မဟာအကြီးအကဲသည် ထိုအရာကို မည်သို့ လုပ်ခဲ့လေသနည်း။ မည်သို့ဖြစ်သွားသည်ကို သူမမြင်လိုက်ရသဖြင့် သူစိတ်မကောင်းဖြစ်နေခဲ့သည်။ သူတို့အားလုံးသည် မီးတောက်များ တဖြေးဖြေး ငြိမ်းသွားသည်ကိုသာ ခံစားမိခဲ့သည်။

မကြာခင်တွင် ညနေခင်းသို့ရောက်လာခဲ့ပြီဖြစ်သည်။ အမဲလိုက် ခေါင်းဆောင် သုံးယောက်တို့ သူတို့၏လူများကို ပြန်ခေါ်လိုက်သည်။ သူတို့သည် အတန်ငယ်ဝေးသည့် နေရာအထိ လိုက်ဖမ်းခဲ့ကြသော်လည်း ကျွန်ပိုင်ရှင်များကို လိုက်မမှီနိုင်ခဲ့ပေ။ ထို့ကြောင့် သူတို့အားလုံးပြန်လာ ခဲ့ကြသည်။

ဝမ်ရှစ်မျိုးနွယ်စုတွင် မီးတောက် ဦးချို မျိုးနွယ်စုမှ လူများနှင့် ဝမ်ရှစ်များ ဖမ်းဆီးထားခဲ့သည့် အကျဉ်းသားအချို့သာ ကျန်နေခဲ့လေသည်။

ထိုအကျဉ်းသားများသည် ဝမ်ရှစ်များမရှိတော့သဖြင့် မည်သို့ဆက်လုပ်ရန် မသိဖြစ်နေကြသည်။ ထွက်သွားလိုကြသူများမှာမူ ထွက်သွားကြသည်။ ဆက်လက်နေထိုင်လိုသူများကိုမူ မီးတောက်ဦးချိုများ မျိုးနွယ်စုက လက်ခံထားလိုက်သည်။ မှန်ပေသည် သူတို့သည် မျိုးနွယ်စုအတွက်‌တော့ အလုပ်လုပ်ပေးရမည် ဖြစ်သည်။

ဝမ်ရှစ်များ၏ မိန်းမများနှင့်ကလေးများသည် အချိန်အတန်ကြာကတည်းကပင် တိုက်ပွဲမစတင်မှီကတည်းကပင် ထွက်သွားခဲ့ကြပြီးဖြစ်သည်။

“ ကျုပ်တို့ ရှာဖွေ‌ရေးလုပ်နေတုန်း မြေ‌အောက် လိုဏ်ဂူတစ်ခုကို တွေ့ခဲ့ရတယ်။ ဝမ်ရှစ်မျိုးနွယ်စုက ကလေးတွေနဲ့ အမျိုးသမီးတွေကို အဲ့ဒီမှာ ထားထားတာ ဖြစ်မယ်။ ဒါပေမယ့် ငါတို့ တွေ့တဲ့အချိန်ကြတော့ သက်ရှိတစ်ယောက်မှ မတွေ့တော့ဘူး ။

လူအိုတချို့ရဲ့ အလောင်းတွေကိုတော့ တွေ့တယ်။ သူတို့က အသတ်ခံထားရတာ ဖြစ်ဖို့များတယ်။ မိန်းမတွေ ကလေးတွေကိုတော့ မတွေ့ရဘူး။ ပြီးတော့ သေဆုံးနေတဲ့ ကျေးကျွန်တချို့ကိုလည်း တွေ့ခဲ့သေးတယ်။ ကျန်တဲ့လူတွေကိုတော့ ကျွန်ပိုင်ရှင်တွေ ခေါ်သွားပြီထင်တယ် “ ကွေ့ဟယ် အခြားခေါင်းဆောင် နှစ်ယောက်တို့ကို ပြောလိုက်သည်။

ရှုံးနိမ့်သည့် မျိုးနွယ်စုမှ လူများသည် စစ်ပွဲ၏ အကျဉ်းသားများ ဖြစ်ကြလေသည်။ ထိုကျွန်ပိုင်ရှင်များ၏ လက်ထဲတွင် သူတို့သည် သေချာပေါက် ကျေးကျွန်များ ဖြစ်သွားကြတော့မည် ဖြစ်သည်။ သူတို့သာ ကျေးကျွန်များ ဖြစ်သွားပြီးပါက လွတ်မြောက်ရန်မှာ မဖြစ်နိုင်သလောက် ဖြစ်သည်။

စစ်ပွဲကွင်းပြင်တွင် နတ်စွမ်းအားများ ရှိနေသည့် ဝမ်ရှီများ မရှိကြတော့ပေ။ ဝမ်ရှစ်အချို့တို့သာ

တိုက်ပွဲမှ လွတ်မြောက်သွားနိုင်ခဲ့ကြသည်။ ကျွန်ပိုင်ရှင်များသည် ကျေးကျွန်များစွာကိုလည်း မရှာနိုင်ခဲ့ကြပေ။ ဉာဏ်ကောင်းသည့် ကျွန်ပိုင်ရှင်များသည် ဝမ်ရှစ် အကြီးအကဲအချို့ကို အစောပိုင်းကတည်းကပင် ကျွန်ပြုလိုက်ကြပြီးဖြစ်သည်။

ဝမ်ရှစ်မျိုးနွယ်စုသည် ရာဇဝင်တွင် ပျောက်ကွယ်သွားပြီဟု ပြောနိုင်သည်။

မျိုးနွယ်စုခေါင်းဆောင် ဖေးကျီသည် မီးတောက် မျိုးစေ့ ငြိမ်းသွားသည်နှင့် တစ်ပြိုင်နက် သူ့ကိုယ်သူ သတ်သေသွားခဲ့လေသည်။

ဝမ်ရှစ်နတ်ဆရာသည်လည်း ရေကန်တစ်ကန်ထဲ ပြုတ်ကျနေခဲ့ပြီး သွေးများကို အန်ထုတ်နေခဲ့သည်။ မီးတောက် မျိုးစေ့၏ စွမ်းအားများကို ထုတ်ယူအသုံးပြုရခြင်းသည် သူ့ကိုပင်ပန်း

နွမ်းနယ်စေသည်။ သူသည် မီးတောက် မျိုးစေ့ရှိနေသေးလျှင် အသက်ရှင်သန်နိုင်သေးသော်လည်း ယခုတွင်မူ ဓါတ်ငွေ့ကုန်ခမ်းသွားသည့် ဓါတ်ငွေ့ မီးအိမ်ကဲ့သို့ ဖြစ်နေခဲ့ပြီဖြစ်သည်။ သူ့အနေဖြင့် မကြာခင်တွင်ပင် သေဆုံးသွားနိုင်‌ချေ ရှိသည်။

ခေါင်းဆောင် ကျန်းလော် သည် အမဲလိုက်ခေါင်းဆောင် သုံးယောက်တို့၏ တင်ပြချက်များကို တိတ်ဆိတ်စွာပင် နားထောင်နေခဲ့သည်။ ယနေ့တွင် ဝမ်ရှစ်များ၏ မီးတောက်မျိုးစေ့ပျောက်ကွယ်သွားခဲ့ပြီဖြစ်သည်။ လွတ်မြောက်သွားကြသူများသည်လည်း ခရီးသွားများ ၊ ကျွန်များသာ ဖြစ်သွာကြတော့မည် ဖြစ်သည်။ အကယ်၍ မီးတောက် မျိုးနွယ်စုကော ထိုကဲ့သို့သော အခြေအနေကို တစ်နေ့ ကြုံရလျှင်ကော...........

“ မူလ မီးတောက် မျိုးစေ့ ပျောက်ကွယ်သွားတာက ကောင်းမွန်တဲ့ ကိစ္စတစ်ခု ဖြစ်နိုင်ချေ ရှိတယ်

“ ခေါင်းဆောင် သက်ပြင်းချလိုက်သည်။

ယခုကဲ့သို့သော တိုက်ပွဲမျိုးကို ကြုံတွေ့ရသည်မှာ သူတို့အတွက် ပထမဆုံးအကြိမ်ဖြစ်လေသည်။ မီးတောက် မျိုးစေ့ကို ဖျက်ဆီးလိုက်နိုင်ခြင်း၏ နောက်ဆက်တွဲ အခြေအနေကို သူတို့ ပထမဆုံး မြင်တွေ့ဖူးလိုက်ခြင်းလည်း ဖြစ်သည်။ မီးတောက် မျိုးစေ့ အဆင့်တိုးတက်ပြောင်းလဲသွားသဖြင့် အခြားသူများ၏ တိုက်ခိုက်မှုများကို စိတ်ပူနေစရာ မလိုအပ်တော‌့ပေ။

တစ်နေ့တွင် မျိုးနွယ်စုသည်လည်းကြီးမားသ်ည့ ပြောင်းလဲမှုကြီးကို ကြုံလာရနိုင်ပေသည်။ ပင်လယ်တဖက်ခြမ်းတွင် ရှိနေသည့် မီးတောက်မျိုးစေ့သည် သမိုင်းထဲတွင်သာ ကျန်ခဲ့တော့မည် ဖြစ်သည်။

တောအုပ်ထဲတွင် နတ်ဆရာ နှင့်အခြားသူများ

သည် မျိုးနွယ်စုရှိရာသို့ ပြန်နေကြလေသည်။ ဖြစ်သွားသမျှ အရာအားလုံးသည် အစစ်အမှန် ဖြစ်သည်ဆိုခြင်းကို သူတို့လက်မခံနိုင်ကြသေးပေ။

ဘယ်လောက်တောင် ကြာနေခဲ့ပြီလဲ။

သူတို့သည် ခေတ္တ မျှ ထိုနေရာတွင် ပုန်းအောင်းရန်အတွက် စဉ်းစားခဲ့ကြသည်။ သို့သော်လည်း သူတို့ထိုနေရာသို့‌ရောက်သည်နှင့် မျိုးနွယ်စုထံသို့ ပြန်ရပြန်သည်။

တိုက်ပွဲပြီးသွားပြီလားဟ.....မြန်လှ ချည်လား။

လူတိုင်းပင် ထိတ်လန့်နေကြ၏။ ဘဝင်မြင်ခဲ့ကြသည့် ဝမ်ရှစ်များ မရှိတော့ပြီလော။ သူတို့အားလုံးသည် အခြေအနေများ မကောင်းခဲ့ပါက

ထွက်ပြေးရန်အတွက်ကိုပင် စီစဉ်ထားခဲ့ကြသေးသည်။ သို့သော်လည် တိုက်ပွဲသည် အလျှင်အမြန်ပင် ပြီးဆုံးသွားချေပြီ။ ရက်အနည်းငယ်ကြာပြီးနောက်တွင် သူတို့သည် ဝမ်ရှစ်များ၏ နယ်မြေတွင် အိမ်များကို ဆောက်ခြင်း လယ်ယာများကို စိုက်ပျိုးခြင်းများကို ပြုလုပ်ကြလေသည်။ ဝမ်ရှစ်များ၏ မြေသည် ယခုတွင် သူတို့၏ မြေများ ဖြစ်သွားကြပြီဖြစ်သည်။

အလောင်းများကို မြေမြုပ်ခြင်း ၊ ဒဏ်ရာရသူများကို ကုသပေးခြင်း၊ မြေနေရာများကို စီစဉ်ခြင်း၊ ခရီးသွားများအတွက်စီစဉ်ခြင်း ၊ လယ်ယာများ နေရာချခြင်း၊စသည့်အရာများဖြင့် မျိုးနွယ်စုသည် အလုပ်များနေခဲ့သည်။ သူတို့သည်ဝမ်ရှစ်များ၏ ရတနာများ အားလုံးကိုလည်း ယူခဲ့သေးသည်။ နှစ်‌ပေါင်းများစွာ စုဆောင်းမှုများကြောင့် ဝမ်ရှစ်များထံတွင် မျာစွာသော ရတနာများ ရှိနေခဲ့လေသည်။ သို့သော်လည်း ယခုတွင် မီးတောက်ဉီးချို မျိုးနွယ်စုမှ ပိုင်ဆိုင်သည့် အရာများ ဖြစ်လာကြပြီဖြစ်သည်။

ဝမ်ရှစ်များ ၏ ခြိမ်းခြောက်မှု မရှိတော့သဖြင့် သူတို့သည် မြေယာများကို စိတ်ကြိုက်ပင် ချဲ့ထွင်နိုင်ခဲ့ကြသည်။ တောအုပ်သည် ကျယ်ပြန့်သော်လည်း လယ်ယာစိုက်ပျိုးရေးအတွက်တော့ အသုံးဝင်ခြင်း မရှိ‌ပေ။ ထို့အပြင် တောအုပ်ထဲတွင် သားရဲ အရိုင်းများစွာ ရှိနေသေးသည်။

သူတို့အားလုံး အလုပ်ကြိုးစားနေကြစဉ် ဝမ်ရှီမျိုးနွယ်စု တိုက်ခိုက်ခြင်းခံရပြီး ရှုံးနိမ့်သွားသည့် သတင်းများသည် အခြားမျိုးနွယ်စုများထံသို့ ပြန့်နှံ့သွားခဲ့လေသည်။

မန်မျိုးနွယ်စု ခေါင်းဆောင်သည် ထိုသတင်းများကို ကြားကြားချင်းမယုံနိုင်ခဲ့ပေ။ ဝမ်ရှစ်များသည် အခြားနေရာများသို့ ထွက်ပြေးနေရကြောင်း သူသိလိုက်ရသည်။ လူအချို့သည် ထိုသူများကို မေးမြန်းပြီး ဖြစ်စဉ်ကို အတည်ပြုနိုင်

ရန် ကြိုးစားနေကြသည်။

ဤသည်မှာ မယုံနိုင်လောက်စရာ သတင်းမျိုးပင် ဖြစ်သည်။

“ တကယ်ပဲ ဝမ်ရှစ်တွေ မျိုးသုဉ်းသွားပြီလား “

ဟွမ်ယဲ့သည်လည်း ထိုသတင်းများကို မယုံကြည်နိုင်ပေ။ မီးတောက် ဦးချို မျိုးနွယ်စု ပြန်လာတာ ဘယ်လောက်ပဲ ကြာသေးလို့လဲ ...... သူတို့ပြောတာက မင်းတို့လုပ်နိုင်ရင် ငါတို့လည်း လုပ်နိုင်တယ်လို့ ပြောခဲ့တာပဲ .....ပြီးတော့ တကယ်လည်း သူတို့ ဖြစ်အောင် လုပ်နိုင်ခဲ့ကြတယ်။

ဤသည်မှ စိတ်ကူးယဉ်ကြည့်၍ မရနိုင်သည့် ကိစ္စဖြစ်သည်။

အကယ်၍ သူတို့ ရှုံးနိမ့်သွားခဲ့ပြီး သူတို့၏ မီးတော်က မျိုးစေ့သာ ကျန်ရှိနေသေးလျှင် သူတို့ ပြန်လည် နိူးထလာနိုင်မည်ဖြစ်သည်။ ဆယ်နှစ်၊ နှစ်တစ်ရာ၊ နှစ်တစ်ထောင် ခန့်ကြာလျှင် ပင်ဖြစ်စေ မီးတောက် မျိုးစေ့သာ ကျန်ရှိနေသေးလျှင် မျှော်လင့်ချက် ရှိနိုင်ပေသည်။

သို့သော်လည်း ဤတစ်ကြိမ်သည် ကွာခြားနေခဲ့သည်။ ဝမ်ရှစ်များသည် တိုက်ပွဲဆုံးရှုံးယုံမက မီးတောက်မျိုးစေ့ပါ ငြိမ်းသွားခဲ့ပြီဖြစ်သည်။ ဤသည်မှာ အဆိုးဝါးဆုံးသော ရှုံးနိမ့်မှုဖြစ်ပြီးသူတို့အနေဖြင့် နာလန်ပြန်ထူနိုင်ရန် မဖြစ်နိုင်တော့ပေ။

ထို့ကြောင့် မန်မျိုးနွယ်စု ခေါင်းဆောင်နှင့် နတ်ဆရာတို့သည် သူတို့၏ ကျောရိုးထဲတွင် စိမ့်အေးသွားသည်ကိုပင် ခံစားလိုက်ကြရသည်။

မီးတောက်ဦးချို မျိုးနွယ်စုသည် အမှန်တကယ်ပင် အောင်မြင်ခဲ့လေပြီ။

“ မီးတောက် ဦးချိုတွေက ဝမ်ရှစ်တွေကို အနိုင်ယူနိုင်ဖို့ အချိန် ဘယ်လောက် ယူလိုက်ရသလဲ ။ ဘာလို့ ငါတို့က ဘာသတင်းမှမရတာလဲ “ မျိုးနွယ်စု ခေါင်းဆောင် ကမေးလိုက်သည်။ မီး‌တောက်ဦးချိုများ ထူးးထူးဆန်းဆန်းပြုမူနေကြသည့် အချိန်တွင်ပင် ထိုကိစ္စကို စုံစမ်းရန် လူများကို သူတို့ စေလွှတ်ထားခဲ့ကြသည်။ တိုက်ပွဲစတင်သည်နှင့် သတင်းများကို သူတို့ချက်ချင်းရလိုက်ပြီးဖြစ်သည်။

လေသံတိုးတိုးဖြင့် ထိုသူက ပြောလိုက်သည် “ နေ့.....နေ့ဝက်ပဲ ...... “

“ ဘာ..... “

လူတိုင်းသည် သူတို့၏ ထိုင်ခုံများမှ ထခုန်မိလိုက်ကြလေသည်။

“ နေ့ဝက်ပဲ ဟုတ်လား “ မျိုးနွယ်စု ခေါင်းဆောင်သည် သူ့နားများကို လုံးဝမယုံကြည်နိုင်တော့ပေ။

“ ဟုတ်တယ်၊ သတင်းပို့သူတွေက အဲ့လိုပြောတာပဲ “ သတင်းပေး ခေါင်းညိတ်လိုက်ပြီး ပြောလိုက်သည်။

နေ့ဝက် ...... ဝမ်ရှစ် မျိုးနွယ်စု.........နှစ်ရာပေါင်းများစွာ ရှင်သန်နေခဲ့သည့် မျိုးနွယ်စုကြီးတစ်ခုသည် ထိုကဲ့သို့ အမှန်တကယ် ပျောက်ကွယ်သွားခဲ့သည်လော။

လူတိုင်း၏ နဖူးပေါ်တွင် ချွေးအေးများ စီးကျလာလေသည်။ ဟောင်ရဲပြောလိုက်သည် “ မီးတောက် ဦးချို မျိုးနွယ်စုကို သွားပြီးတော့ သူတို့ဘဘာတွေကို လုပ်နေတယ်ဆိုတာကို ကြည့်လာခဲ့ကြ။ သတင်းတွေကို အတည်ပြုလိုက်ကြ “

ဟွမ်ယဲ့ထံတွင် ရောလျက်နေသည့် ခံစားချက်များရှိနေခဲ့သည်။ သူသည် ယခုမှသာ မီးတောက် ဦးချိုမျိုးနွယ်စုထံမှ ပြန်လာခြင်းဖြစ်ပြီး ယခု နောက်တဖန်ပြန်သွားရမည်လော........။

မန် မျိုးနွယ်စု အပြင် အခြားမျိုးနွယ်စုများ၊ မြက်ခင်းလွင်ပြင်မှ မျိုးနွယ်စုများသည်ပင် သတင်းများကို ကြားသိလိုက်ရသည်။

ထို့ကြောင့် ဟွမ်ယဲ့သူ့ပစ္စည်းများကို သိမ်းဆည်းထားလိုက်ပြီး မီးတောက် ဦးချိုများထံသို့ နောက်တစ်ခေါက် ထပ်သွားရန်ပြင်လိုက်သည်။ သူသည်

လမ်းတွင် ကုကျီနှင့် ချွေ့ကူတို့နှင့် တွေ့ခဲ့သေးသည်။ သူတို့ သုံးယောက် အချင်းချင်းမြင်လိုက်ရသည့်အချိန်တွင် သုံးယောက်လုံး သက်ပြင်းကိုယ်စီ ချလိုက်မိသည်။

All Chapters