← Chapters

အခန်း (၅၂၀-၅၂၂)

Vol. 35 Ch. 520-522

အခန်း (၅၂၀-၅၂၂)

Vol. 35 Ch. 520-522

အခန်း (၅၂၃) ကောင်းကင်၏ သွေးကြောများ

လိုဏ်ဂူထဲတွင် မဟုတ်လျှင် အခြားနေရာများတွင် ပြန့်ကျဲနေလေသလော......။

သိလိုစိတ်ပြင်းပြစွာဖြင့် ရှောက်ရွှမ် အနီးပတ်ဝန်းကျင်ကို ရှာကြည့်လိုက်သည်။ သူသည် အစေ့အဆန်များနှင့်တူသည့် အပင်တချို့ကို တွေ့လိုက်သည်။ သို့သော်လည်း ထိုအပင်များသည် ကျိမိသားစု စိုက်ပျိုးလေ့ရှိသည့် အပင်များ မဟုတ်ကြပေ။ ထိုအပင်များသည် ကုန်းမြေ၏ သဘာဝပေါက်ပင်များနှင့်သာ တူနေသည်။ သူသည် ထိုအပင်များကို ဤကုန်းမြေတွင် မကြာခနတွေ့ဖူးခဲ့သည်။ အချို့လူမျိားပြောဖူးသည်ကို သူအမှတ်ရလိုက်သည်။ မျိုးနွယ်စုများ ဤနေရာသို့ ရောက်စဉ်က စိုက်ပျိုးသည့် အပင်များရှိခဲ့သော်လည်း နောက်ပိုင်းတွင် မျိုးနွယ်စုများသည် သီးနှံပိုထွက်ပြီး ဤကုန်းမြေနှင့်အဆင်ပြေသည့် သီးနှံများကိုသာ ပြောင်းလဲစိုက်ပျိုးခဲ့ကြသည်ဟု

ဆိုသည်။ မူလ သီးနှံများသည် လူများ၏မေ့လျော့ခြင်းကို ခံခဲ့ရသည်။

သူသာ ယခင် နှစ်ထောင်ပေါင်းများစွာကစိုက်ပျိုးခဲ့ဖူးသည့် သီးနှံပင်များကို မြင်ရလျှင်လည်း ထူးဆန်းနေတော့မည် မဟုတ်ပေ။ ဤလိုဏ်ဂူထဲတွင်လည်း ထိုသီးနှံများကို မြင်တွေ့ချင်မြင်တွေ့ရနိုင်သည်။

သို့သော်လည်း နှစ်တစ်ထောင် ကြာမြင့်ခဲ့ပြီ ဖြစ်သဖြင့် ကျိမိသာစု၏ သီးနှံများကို မမြင်တွေ့နိုင်တော့ပေ။

အချိန်တစ်ခုကြာပြီးနောက် ရှောက်ရွှမ် မည်သည့်အရေးပါသည့် ပစ္စည်းကိုမှ ရှာမတွေ့ခဲ့ပေ။

ထိုကျိမိသားစုမှ အရိုးစုများသည် သူတို့နှင့်အတူ မည်သည့်အရာကိုမှ မယူဆောင်လာခြင်းပေလော။ မဟုတ်လျှင် သီးနှံမျာသည့် ပုပ်သိုးသွားခြင်းပေလော။

မဟုတ်လျှင် တစ်စုံတစ်ယောက် ဤနေရာသို့ရောက်လာခဲ့ပြီး ယူဆောင်သွဦးခြင်းပင် ဖြစ်လေသလော။

မဖြစ်နိုင်ပေ။ လုယက်သူ နှစ်ယောက်တို့သည့် ဤနေရာသို့ လွန်ခဲ့သည့်နှစ်များ အတွင်းရောက်လာဖူးကြသည်။ အကယ်၍ တစ်စုံတစ်ယောက်သာ ဤနေရာသို့ အရင်ရောက်လာခဲ့လျှင် သက်ရှည်သစ်ရွှက်သည် ဤနေရာတွင် ရှိနေတော့မည် မဟုတ်‌ပေ။

ငါများမှားနေတာလား

ရှောက်ရွှမ် လိုဏ်ဂူအဝတွင် မတ်တပ်ရပ်နေလိုက်ပြီး ပတ်ဝန်းကျင်ကိုလေ့လာလိုက်ပြန်သည်။

ထိုနေရာတွင် ခြုံနွယ်ပိတ်ပေါင်းများ ထူထပ်နေပြီး သူအမည်မသိသည့် အပင်များစွာလည်း ရှိနေခဲ့သည်။ သစ်ပင်များများစွာ ရှိမနေခဲ့ပဲ ညိုးနွမ်းနေသည့် အပင်တချို့ကိုသာတွေ့နိုင်သည်။ နေရာတစ်ခုလုံးသည် ဗလာကျင်းနေသည်ဟုပင် ပြော၍ရသည်။

ဤနေရာတွင် အခြားနေရာများထက် သစ်ပင်များနည်းပါးလေသည်။ ခြုံနွယ်များသာ ထူထပ်နေခြင်းဖြစ်သည်။

ရွှေကောက်ပဲသီးနှံကို မြုပ်နှံခဲ့သည့်နေရာကို ရှောက်ရွှမ် အမှတ်ရလိုက်သည်။ ထိုနေရာသည် အာဟာရများ စုပ်ယူခံထားရသဖြင့် သစ်ပင်များ ညိုးခြောက်နေလေ့ရှိသည်။ ထိုနေရာတွင် စပါး

စေ့ ကို မြုပ်နှံထားကြောင်း ထိုအချက်ဖြင့် သိနိုင်သည်။

ဟုတ်တယ်၊ ဒီနေရာမှာ တစ်ခုခုတော့ ရှိနေရမယ် ။

ရှောက်ရွှမ် နေရာတစ်ဝိုက်ကို သေချာလေ့လာလိုက်ပြန်သည်။ သို့သော်လည်း ဤတစ်ကြိမ်တွင် သူသည် ခြုံနွယ်များကို ကြည့်ရှုခြင်း မရှိတော့ပေ။ ထို့အစား သူနေရာတစ်ခုလုံးကို ခြုံကြည့်လိုက်သည်။ ထို့နောက် သူ့ခြေသလုံးထက် မြင့်သည့်အပင်တစ်ခုပေါ်တွင် သူ့အကြည့်များရောက်သွားလေသည်။

သူ ယခင်က ထိုအပင်ကို သတိမပြုမိခဲ့‌ပေ။ ထိုအပင်ကို ကြည့်ရသည်မှာရင်းနှီးနေဟန် ပေါ်သည်။

ရှောက်ရွှမ် သည် တော်အုပ်နှင့်ရင်းနှီးပြီး အပင်အမျိုးအစားပေါင်းများစွာကို မြင်ဖူးထားသူဖြစ်သည်။ ဤပင်သည် သာမန်မြင်နေကြ အပင်မဟုတ်ပေ။ သူစဉ်းစားလိုက်ပြီးနောက် ထိုအပင်သည် ကျိမိသားစု လယ်ကွင်းများတွင် စိုက်ပျိုးလေ့ရှိသည့် အပင်ဖြစ်နိုင်ကြောင်း သူတွေးမိလိုက်သည်။

သူ ကျိမိသားစုထံသွားလည်ခဲ့စဉ်က သူလယ်ကွင်းများထံ ရောက်ဖူးခဲ့ပြီး သူတို့ စိုက်ပျိုးနေသည့်အပင်များကို မြင်ဖူးခဲ့သည်။ အချို့သေသာ အပင်များသည် အထူးအသုံးပြုရန်အတွက် ဖြစ်ကြသည်။

သူတို့ထဲမှ တစ်ခုကို “ ကောင်းကင်၏သွေးကြောများ “ ဟု ခေါ်လေသည်။ ရွှေရောင် လယ်ကွင်းများထဲတွင် ကြီးမာလေးလံသည့် ကုန်းမြေများပေါ်တွင် ထိုအပင်ကို စိုက်ပျိုးတတ်ကြလေသည်။ ကျွန်များသည် ထိုအပင်များ ရှိနေသည့်

လယ်ကွင်းထဲသို့ သွားခွင့်မရကြပေ။ ရှောက်ရွှမ် ထိုလယ်ကွင်းများထံ ရောက်သွားသောလည်း ကျိမိသာစုဝင်များသည် သူ့အား မောင်းထုတ်ခဲ့ကြသည်။

ရွှေရောင်လယ်ခင်းများသည် သူတို့၏ ကောက်ပဲသီးနှံများကြောင့် နာမည်ကျော်ကြားလေသည်။ ပိုင်ရှင်များသည် မတူညီသည့် ကောက်ပဲသီးနှံများကို စိုက်ပျိုးလေ့ ရှိကြသည်။ ရှောက်ရွှမ်သည် ကောင်းကင်သွေးကြောများ အပင်၏ပုံစံကိုပင် မေ့လျောလုဆဲဆဲ ဖစ်နေပြီ ဖြစ်သည်။

သူယခုကြည့်နေခဲ့သည့် ကောက်ပင်သည် ကျိမိသားစု စိုက်ပျိုးသည့် ကောင်းကင်သွေးကြောများ အပင်နှင့်ဆင်တူလေသည် နှိုင်းယှဉ်ကြည့်လျှင် လယ်ခင်းများတွင် စိုက်ပျိုးသည့် အပင်များသည် သစ်ရွက်များပိုများပြီး ပို၍ ကျန်းမာသန်စွမ်းဟန် ရသည်။ ယခုသူကြည့်နေသည့်

အပင်မှာမူ အနည်းငယ် ကြုံလှီနေသည်။ အကယ်၍ သတိမထားမိလျှင် ထိုအပင်နှစ်ခုတို့ကြား ကွာခြားချက်ကို ပြောနိုင်လိမ့်မည် မဟုတ်ပေ။

ရှောက်ရွှမ် ယခင်က သတိမထားမိလိုက်သည့် အချက်တစ်ခုလည်း ရှိသေးသည်။ သူသည် ယခင်က ထိုအပင်၏ အပေါ်ပိုင်းကို မမြင်ဖူးပေ။ သူသိထားသည်မှာ အပင်၏ တန်ဖိုးအရှိဆုံးသော အပိုင်းသည် အမြစ်ပိုင်းဖြစ်ပြီး လူ၏သွေးကြောများနှင့် ဆင်တူသည်ဟုသိထားလေသည်။ ထို့ကြောင့်ပင် ကောင်းကင်သွေးကြောများအပင်ဟု ခေါ်ခြင်းဖြစ်လေသည်။

ဒါကတကယ်ပဲ ထူးဆန်းတဲ့အပင်လား။

ဒါက ကျိမိသားစု သုံးယောက်တို့ ယူဆောင်လာခဲ့တဲ့အပင်လား။

ပတ်ဝန်းကျင်ကို နောက်တစ်ကြိမ်လေ့လာကြည့်လိုက်ပြီးနောက် နော်ကထပ်အပင်အနည်းငယ်ကို ရှောက်ရွှမ် သတိပြုလိုက်မိသည်။ သူတို့အားလုံးသည် ရွှေရောင် လယ်ခင်းမှ အပင်များနည်းတူ သန်စွမ်းကြလေသည်။

ရှောက်ရွှမ် သူ့ဓါးမြောင်ကို မြေကြီးထဲ ထိုးထည့်လိုက်ပြီး အပင်တစ်ပင်ကို နူတ်ယူလိုက်သည်။ တစ်စုံတစ်ခုမှားနေသည်ကို သူခံစားလိုက်ရသည်။ ထို့နောက် သူနှင့် ဆယ်မီတာခန့် ကွာဝေးသည့်နေရာတစ်ခုကို သူလှမ်းကြည့်လိုက်သည်။ ပထမတွင် သူသည် ထိုအရာကို သာမန် ခြုံပုတ်တစ်ခုဟု ထင်လိုက်သေးသည်။ သို့သော်လည်း တစ်စုံတစ်ခု မှားယွင်းနေလေသည်။

သူ ထိုခြုံပုတ်ဆီသို့ လျှောက်သွားလိုက်သည့် အချိန်တွင် ထိုအရာသည် ခြုံပုတ်မဟုတ်သည်ကို

သူမြင်လိုက်ရသည်။ ၎င်းသည် သစ်ကိုင်းများစွာ ရှိနေသည့်အပင်တစ်ပင်ဖြစ်၏။ သစ်ရွှက်များသ်ည ကြီးမားလှခြင်းမရှိနေပေ။ သို့သော်လည်း ထိုသစ်ရွှက်များသည် ကောင်းကင်သွေးကြော အပင်၏ သစ်ရွှက်များနှင့် ဆင်တူလှသည်။

ကွာခြားချက်တစ်ခုမှာ သူမြင်လိုက်ရသည့်အပင်သည် ယခင်အပင်များနှင့်မတူစွာ သစ်သား ပင်စည်တစ်ခု ရှိနေခြင်း ဖြစ်သည််။

ဤပင်သည် သူမြင်ဖူးသမျှ ကောင်းကင်သွေးကြော အပင်မာျးတွင် အသန်မာဆုံးသော အပင်တစ်ပင် ဖြစ်နိုင်လေသည်။ ၎င်းသည် လူတစ်ယောက်၏ ကိုယ် တစ်ဝက်ခန့်သာ မြင့်သော်လည်း နေရာတစ်ခုလုံးတွင် အကြီးမားဆုံးသော ကောင်းကင်သွေးကြော အပင်ဖြစ်သည်။

ကြည့်ရသည်မှာ ထိုအပင်သည် သာမန် မြက်ပင်ရို

မှ သစ်ပင်တစ်ပင်၏ ပင်စည်ကဲ့သို့ ဖွံ့ဖြိုးလာခဲ့ဟန် တူသည် ။ ဒါက ကျိမိသားစု စိုက်ထားတဲ့ မူလအပင်များလား။

ဒါပေမယ့် နှစ်တစ်ထောင် ကြာတာတောင် ဒီလောက်လေးပဲ ပြောင်းလဲတာလား။

ဘာပဲဖြစ်ဖြစ်လေ ဒါကကြီးမားတဲ့ တွေ့ရှိမှုတစ်ခုပဲ ။

ရှောက်ရွှမ် ရင်ပူသွားသည်။ သူသည် အပင်၏အမြစ်ကို မြင်နိုင်ရန် မစောင့်နိုင်ဖြစ်နေခဲ့သည်။ သို့သော်လည်း သူသည် အပင်ကို ထိခိုက်မိသွဦးမည်ကိုလည်း ကြောက်နေခဲ့လေသည်။

ထို့ကြောင့် ဓါးမြောင်ကို ယူလိုက်ပြီး အထူးသတိထားကာ အပင်ကို ထူးဖော်လိုက်သည်။

မြေကြီးအနည်းငယ်ကို ဖယ်ရှားလိုက်သည့်အချိန်တွင် ထိုအပင်တစ်ပင်လုံးကို ရှောက်ရွှမ် မြင်လိုက်ရပြီ ဖြစ်သည်။

မြေကြီးထဲတွင် အမြစ်များသည်နက်ရှိုင်းစွာနေရာယူထားပေသည်။ ပထမတွင် ရှောက်ရွှမ်သည် ထိုအပင်ကို တူးဖော်ယူရန် လွယ်ကူမည်ဟု ထင်ထားခဲ့သည်။ သို့သော်လည်း အပင်သည် ဂျင်ဆင်းပင်ကို တူးရသည်ထက်ပင် ခက်ခဲနေခဲ့သည်။

သူပို၍ တူးလေလေ ၊ ပို၍ ထိတ်လန့်လာမိလေလေဖြစ်သည်။ အပင်တစ်ခုလုံးကို မြင်လိုက်ရသည့်အချိန်တွင်မူ သူကြက်သီးများထသွားမိသည်။

၎င်းကိုကြည့်ရသည်မှာ ရင်းနှီးကျွမ်းဝင်နေပေသည်။

အရမ်းကို ရင်းနှီိးနေပေသည်။

ကျိမိသားစု သည် အပင်ကို ရှောက်ရွှမ်အားပြသခဲ့စဉ်က အပင်၏ အမြစ်မျာသည် လူသားသွေးကြောများနှင့်တူသည်ကို ပြောပြခဲ့ဖူးသည်။ ယခုသူကိုင်ထားသည့် အပင်၏ အမြစ်များသည် လုံးဝပင် လူသားသွေးကြောများနှင့် တူနေခဲ့ပေသည်။

လက်တစ်ဝါးအရွယ်ခန့်ရှိသည့် အမြစ်များ၏ စနစ်သည် လူသားသွေးကြောများနှ၍့် တစ်ပုံစံတည်းပင်ဖြစ်သည်။ အထူ ၊ အရှည်၊ ပုံစံများသည်ပင် သွေးကြောများနှင့် တူနေခဲ့သည်။

အပင်၏အသုံးဝင်ပုံကိုတော့ သူသေချာ မသိသေးပေ။ ကျိမိသားစု၏အပြောအရ ဆေးဖက်ဝင်သည်ဟုသာ သူသိထားသည်။ သူခန့်မှန်းရလျှင် ထိုအပင်သည် လူသားသွေးကြောများ အတွက် ကောင်းမွန်မည်ဟု ထင်မိသည်။

ရှောက်ရွှမ် ဘေးပတ်ဝန်းကျင်ရှိ အပင်များကိုလည်း ထပ်မံကြည့်ရှုလိုက်သည်။ နေရာသေးးသေးလေးတွင ်ထိုအပင်လေးများ ရှိနေကြသည်။ သူတို့ကိုကြည့်ရသည်မှာအ းနည်းလှပြီး အကြီးဆုံးအပင်က သူတို့ထံမှာ အာဟာရများကို လုယူထားဟန် ရသည်။

ရှောက်ရွှမ်သူတို့ထဲမှ အချို့ကို တူးဖော်ရန် ကြံစည်လိုက်သည်။ ကျိမိသားစုသည် ကြီးမားသည့် လယ်ကွက်များဖြင့် ထိုအပင်များကို စိုက်ပျိုးပြီး အစောင့်များစွာ ထားထားလေရာ အပင်များသည် တန်ဖိုးရှိလိ့မ်မည် မှာသေချာသည်။

ထိုအချိန်တွင် ညနေအချိန်သို့ရောက်လာခဲ့ပြီဖြစ်သည်။ ရှောက်ရွှမ် ဤနေရာတွင်သာ တစ်ညနေရန် ဆုံးဖြတ်လိုက်ပြီး ပတ်ဝန်းကျင်ကို လေ့လာလိုက်သည်။

ထို့နောက် တောဝက်ရိုင်းတစ်ကောင်ကို အမဲလိုက်လိုက်ပြီး သစ်သီးအချို့ကိုလည်း ခူးယူလာခဲ့လိုက်သည်။ ထိုစဉ်တွင် သားရဲတစ်ကောင်၏ အမဲလိုက်ခြင်းကို ခံနေရသည့် ရှဉ့်တစ်ကောင်ကို မြင်တွေ့လိုက်ရသည်။ သာမန်မြင်ကွင်းဖြစ်သဖြင့် သူထွက်သွားရန် ကြံလိုက်သော်လည်း နောက်ဆုံးတွင် ထိုရှဉ့်ကို သူကယ်တင်လိုက်လေသည်။

ဤသည်မှာ ရှောက်ရွှမ် ကြင်နာတတ်လွန်း‌သော်ကြောင့် မဟုတ်ပေ။ သူသည် ကောင်းကင်သွေးကြော အပင်၏ အစွမ်းများကို စမ်းသပ်ရန် လိုအပ်နေသောကြောင့် ဖြစ်လေသည်။

ကြောက်လန့်နေသည့် ရှဉ့်လေးကို ရှောက်ရွှမ် ကြိုးဖြင့် ချည်နှောင်ထားလိုက်သည်။ ၎င်းသည် မည်မျှပင် ရုန်းကန်သည်ဖြစ်စေ အချုပ်အနှောင်မှ မလွတ်မြောက်နိုင်ရှာပေ။

သူ့ဆန်းစစ်မှုကို မလုပ်မှီအရင်ဦးစွာ ညစာကို စားသုံးလိုက်သည်။ သူသည် သူ့လက်ကို ရှဉ့်ကိုက်ခံလိုက်ရသေးသည်။ ထို့နောက် သူ ရှဉ့်ကို တစ်ဖက် ဆေးပင်ကို လက်တစ်ဖက်ဖြင့်ကိုင်ထားလိုက်သည်။

ရှဉ့်လေးသည် ဆေးပင်ကို ရှောင်တိမ်းနေခဲ့သော်လည်း ရှောက်ရွှမ် အတင်းပင် သူ့ပါးစပ်နားသို့ ဆေးပင်ကို တွန်းပို့လိုက်သည်။ ရှဉ့်သည် ဆေးပင်ကို ကိုက်လိုက်ပြီး ချက်ချင်းပင် ငြိမ်သက်သွားလေသည်။

တစ်စက္ကန့်ခန့်ကာပြီးနောက် ရှဉ့်သည်ဆေးပင်ကို ရူးသွပ်စွာ ကိုက်ခဲနေခဲ့သည်။ ထိုအသံသည် ရှောက်ရွှမ်ကို စာဖိုမှုးများတစ်စုံတစ်ခုကို နူတ်နူတ်စင်းနေသည့်အသံကို အမှတ်ရစေသည်။

အပင်ကို အဝေးသို့ ဆွဲယူလိုက်သည့်အချိန်တွင် ရှဉ့်သည် ပြင်းထန်စွာတိုက်ခိုက်ပြီး အပင်ကို ဆက်လက်စားသုံးရန် ပြင်လေတော့သည်။ သို့သော်လည်း ၎င်းသည် အလွန်သေးငယ်သဖြင့် မည်သို့မှမတတ်နိုင်ပဲ ရှိနေသည်။

ထို့နောက် ရှောက်ရွှမ် ရှဉ့်ထံမှ အပြောင်းအလဲများကို လေ့လာလိုက်သည်။

များစွာသော တိရိစ္ဆာန်လေးများသည် ဆေးပင်များနှင့်ပတ်သက်လျှင် အလိုလို သိစိတ်များရှိတတ်ကြသည်။ အကယ်၍ ရှဉ့်ငယ်သည် ဆေး

ပင်ကိုစားသုံးနိုင်ရန် ထိုမျှ ကြိုးစားနေခဲ့လျှင် ဆေးပင်သည် သေချာပေါက် အကျိုးထူးသော အသုံးဝင်မှုများ ရှိနေရပေမည်။

အခန်း (၅၂၄) အမွေအနှစ် ဆက်ခံခြင်း

အပင်၏အမြစ်များကို အကိုက်မခံရသေးခင်က ၎င်းတွင် ထူးဆန်းသည့် အနံ့များ မရှိသေးပေ။ ရှဉ့်သည် အပင်နားသို့ပင် အနားမကပ်လိုခဲ့ပေ။

သို့သော်လည်း အမြစ်များကို ကိုက်ဝါးပြီးသည့်နောက်တွင်မူ ခါးသက်သကအနံ့တစ်ခု ထွက်ပေါ်လာခဲ့လေသည်။

ရှောက်ရွှမ်သည်အပင်ကို မစားကြည့်ရဲပေ။ တောအုပ်အတွင်းမှ တွေ့သည့်ပစ္စည်းကို ကြုံရာကျပန်း စားသုံးခြင်းသည် သေဆုံးသည်အထိ ဖြစ်နိုင်သည်ကို သူသိပေသည်။ အစွမ်းအထက်ဆုံးသော အစာချေစနစ်ရှိသည် စစ်သည်တော်ပင်လျှင် ထိုကဲ့သို့သော ကိစ္စကို ပြုလုပ်လိ့မ်မည် မဟုတ်ပေ။ မကြာသေးခင်က မျိုးနွယ်စုမှ လူများသည် ကောက်ပဲသီးနှံနှင့်တူသည့် အပင်

တစ်ခုကို တွေ့ရှိပြီး မျိုးနွယ်စုထံသို့ပြန်ယူလာခဲ့ကြသည်။ သူတို့သည် အချို့သော အပင်များကို စားသုံးလိုက်ကြပြီး နှစ်ရက်ခန့် ဝမ်းလျောသွားကြလေသည်။ အဆုံးသတ်တွင် သူတို့၏ အူများ တုန်ယင်နေပြီး ကျန်နေခဲ့ရသည်။

ထို့ကြောင့်ပင် ရှောက်ရွှမ်သည် လုံခြုံစိတ်ချရစေရန်အတွက် ရှဉ့်နှင့်အရင်ဆုံးစမ်းသပ်ကြည့်လိုက်ခြင်းဖြစ်သည်။

အပင်ကို ဘေးဖယ်လိုက်သည့်အချိန်တွင် ရှဉ့်သည် လှုပ်ရှားရုန်းကန်နေခဲ့ပြီး မကြာခင်တွင် လှုပ်ရှားမှုများ ငြိမ်သက်သွားခဲ့သည်။ ၎င်းကို ကြည့်ရသည်မှာ အိပ်စက်နေသည့်အလား ငြိမ်ချမ်းနေလေသည်။ ၎င်း၏ ငြင်သာသော အသက်ရှုမှုရှိနေ၍သာ ၎င်းအသက်ရှင်နေသေးကြောင်း သိရခြင်းဖြစ်သည်။

၎င်း၏ ကိုယ်ပေါ်မှ ဒဏ်ရာများသည် သွေးတိတ်သွားခဲ့ပြီဖြစ်သည်။ အရိုးပင်ပေါ်နေခဲ့သည့် ဒဏ်ရာတစ်ခုဆိုလျှင် အသားနုတက်နေပြီး အနာကျက်နေသည်ကိုပင် မြင်နိုင်သည်။

ရှောက်ရွှမ်သာ ရှဉ့်ကို ဤအတိုင်းထားလိုက်လျှင် သူရထားသည့် ဒဏ်ရာများကြောင့် တစ်ရက်ပင် ခံချင်မှ ခံလိမ့်မည် ဖြစ်သည်။ သို့သော် ကြည့်ရသည်မှာ ယခုတွင် ၎င်းသည် ပြန်လည်ကုသနေသည့်ပုံပေါ်သည်။

မီးတောက်များ ငြိမ်းသက်သွားခဲ့သည်။ ရှောက်ရွှမ် ထင်းများကို ထပ်မထည့်တော့ပေ။ ရှဉ့်ကို သေချာကြည့်ရန်အတွက် သူ၏ ရေလကျောက်တုံးကို ထုတ်ယူလိုက်သည်။

ဤနေရာတဝိုက်တွင် သားရဲများလည်း ရှိနေကြ

သည်။ ရှောက်ရွှမ်သည် လှုပ်ရှားနေသည့် အစိမ်းရောင်မျက်ဝန်းများကို မကြာခနမြင်နေရသည်။ သူတို့သည် ရှောက်ရွှမ် ထံမှ ထွက်ပေါ်နေသည့် သန်မာလှသည့် အရှိန်အဝါများကြောင့် တိုက်ခိုက်ရဲကြခြင်း မရှိကြပေ။ ထို့နောက် ထိုသားရဲများ ထွက်ခွာသွားကြလေသည်။

ရှောက်ရွှမ် ရှဉ့်ငယ်လေးကိုသာ ဆက်ကြည့်နေလိုက်သည်။ သားရဲများရန်မှ ကာကွယ်ပေးနေသည့် သူ့အရှိန်အဝါများကိုမူ ဆက်လက်ထုတ်ဖော်ထားလိုက်သည်။

ရှောက်ရွှမ် ရှဉ့်ငယ်ကို ကြည့်နေသဖြင့် ညမအိပ်လိုက်ရပေ။ သူသည် တစ်ညလုံး ရှဉ့်ငယ်ကို လေ့လာခြင်းဖြင့် ကုန်ဆုံးခဲ့သည်။

နေထွက်လာသ့် အချိန်တွင် ရှဉ့်ငယ်လေးသည်လည်း အိပ်ယာထာလာခဲ့ပြီဖြစ်သည်။

၎င်းသည် နိုးထလာသည်နှင့် ချုပ်နှောင်ခံထားရသည်ကို အမှတ်ရသွားပြီး ရုန်းကန်နေခဲ့လေသည်။ ရှောက်ရွမ်ကို သူမြင်လိုက်သည်။ ရှောက်ရွှမ် ညက သူ့ကို‌ဆေးပင်ကြွေးခဲ့သော်လည်း ၎င်းသည် ရုန်းကန်နေဆဲဖြစ်သည်။ တောရိုင်း တိရိစ္ဆန်လေးများသည် လူသားများကို ကြောက်ရွံ့တတ်ကြပေသည်။

ရှောက်ရွှမ် ရှဉ့်ပေါ်မှ အနာဖေးများကို ကြည့်လိုက်သည်။ အနာဖေးများသည် ကွာကျနေပြီဖြစ်ပြီး အသားနုများတက်ကာ ဒဏ်ရာကျက်နေပြီဖြစ်သည်ကို သူမြင်လိုက်ရသည်။

သူ့ခြေထောက်ပေါ်မှ အရိုးပေါ်နေခဲ့သည့် ဒဏ်ရာသည်ပင် သက်သာနေပြီဖြစ်သည်။ ၎င်း၏ စွမ်အးာအပြည့်ဖြင့် ရုန်းကန်နေသည့်ပုံကို ကြည့်လိုက်ပြီး နောက် ဒဏ်ရာရနေသည့် ပုံစံ

မဟုတ်‌တော့ကြောင်း ရှောက်ရွှမ် သတ်မှတ်လိုက်သည်။

သူတစ်ညလုံးမအိပ်ရသေးသော်လည်း စိတ်လှုပ်ရှားမှုများကြောင့် ရှောက်ရွှမ် လန်းဆန်းနေခဲ့သည်။

ဒါက အကျိုးအမြတ်ပဲမဟုတ်ဘူးလား..........။ ငါက သစ်ရွှက်အကြောင်းတော့ မသိရသေးဘူး၊ ဒါပေမယ့် ဆန်းကြယ်တဲ့အပင်တစ်ပင်ကို ရှာတွေ့ခဲ့ပြီ။

ကောင်းကင်သွေးကြောများ အပင်သည် သေချာပေါက် ဆန်းကြယ်သည့်အပင်ပင် ဖြစ်လိမ့်မည်။

ကျိမိသားစုသည် လယ်ယာမြေများစွာတွင် ထို

အပင်ကို စိုက်ပျိုးထာသည်မှာ အံ့သြစရာတော့ မဟုတ်တော့ပေ။

ရှောက်ရွှမ် အပင်တချို့ကို ဖုံးကွယ်ထားလိုက်ပြီး အပြင်လူများ မမြင်လွယ်စေရန် ပြလုပ်ပေးလိုက်သည်။ အပင်များသည် တိရိစ္ဆာန်များကို ဆွဲဆောင် နိုင်ခြင်း ရှိမရှိတော့ သူသေချာမသိသော်လည်း တတ်နိုင်သမျှ မည်သူမျှ မမြင်လျှင် အကောင်းဆုံးဖြစ်ပေသည်။

ရုန်းကန်နေဆဲဖြစ်သည့် ရှဉ့်ကို ကြည့်လိုက်ပြီး ရှောက်ရွှမ် မျက်လုံးများ စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်သွားလေသည်။

တန်ဖိုးရှိသည့် ခရီးတစ်ခု ဖြစ်ခဲ့လေပြီ။

ရှောက်ရွှမ် နေရာတစ်ခုလုံးကို ပတ်ကြည့်လိုက်ပြီး

နောက် ထိုနေရာတွင် အနည်းဆုံး ကောင်းကင်သွေးကြော အပင်ငါးဆယ်ထက်မနည်း ရှိနေသည်ကို သိလိုက်သည်။ ၎င်းသည် ကျိမိသားစု စိုက်ပျိုးထားသည်လောက်တော့ မရှိနေပေ။ သို့သော်လည်း သူကျေနပ်နေခဲ့သည်။ အပင်များသာ ရှိနေခဲ့လျှင် မျိုးပွားရန် မျိုးစေ့များကိုလည်း ရယူနိုင်မည် မဟုတ်ပေလော။

နှစ်များစွာ ကြာခဲ့လျှင်ပင် ထိုအပင်ငါးဆယ်တို့ ဤနေရာတွင် ရှင်သန်နေနိုင်ခြင်း်မှာ ထိုအပင်ကြီး ကြောင့် ဖြစ်သည်ဟု ရှောက်ရွှမ် ယုံကြည်လိုက်သည်။ အာဟာရကို ရရှိသည့်အပင်များသည် ကြီးထွားလာမည် ဖြစ်သည်။

နှစ်ထောင်ပေါင်းများစွာ ကြာခဲ့ပြီး မရေမတွက်နိုင်သည့် မျိုးစေ့များ ကျဆင်းခဲ့ပြီးဖြစ်သည်။ သို့သော်လည်း ထိုအပင်ကြီး တစ်ပင်ရှိနေသော်ကြောင့် လက်ရှိ အပင်ငါးဆယ်သာ ရှင်သန်နိုင်ခဲ့သည်။

မြေပြင်တွင် အာဟာရများကုန်ခမ်းလာလျှင် အပင်များ ရှင်သန်နိုင်တော့မည် မဟုတ်ပေ။ ရှောက်ရွှမ် လက်ရှိအပင်များကို တွေ့လိုက်ရသည်မှာကံကောင်းသည်ဟု ပြော၍ရနိင်သည်။ ရှောက်ရွှမ်သည် ထိုအပင်များ အားလုံးကို မျိုးနွယ်စုထံသို့ပြန်ယူသွားရန် စိတ်ကူးနေခဲ့သည်။

အကယ်၍ မျိုးနွယ်စုသည် လုံလောက်သည့် အာဟာရ မြေသြဇာကိုသာ ပေးနိုင်ခဲ့လျှင်အပင်များသည် လက်ရှိထက် ပို၍ ကြီးထွားလာလိမ့်မည် ဖြစ်သည်။

ကျိမိသားစု ချန်ထားခဲ့သည့်အမွေအနှစ်များကို နှစ်ထောင်ပေါင်းများစွာအကြာမှ အမွေဆက်ခံရခြင်းကို မည်သူမှ မျှော်လင့်ထားမိမည် မဟုတ်ပေ။ သက်ရှည်သစ်ရွှက်မှာမူ ရိမျိုးနွယ်စုထံမှ ဖြစ်သဖြင့် ထည့်တွက်ရန် မလိုအပ်ပေ။

ရှောက်ရွှမ် သူ့ကိုယ်သူ တည်ငြိမ်စေရန် အသက်ကို ပြင်းပြင်းရှုလိုက်သည်။ သူသည် ရိမိသားစုကို ကျေးဇူးတင်နေမိပေသည်။

လျှောက်ကြည့်လိုက်ပြီးနောက် ရှောက်ရွှမ် တောင်ကုန်းလေးပေါ်သို့ တက်လိုက်သည်။

သူညသ် သူ့ပတ်ဝန်းကျင်ကို အမြင့်တစ်နေရာမှ ကြည့်ချင်နေပေသည်။ သူတစ်စုံတစ်ခုကို မေ့ကျန်နေမည်ကို သူမလိုလားပေ။

တောင်ကုန်းထက်မှကြည့်ရသည့်မြင်ကွင်းသည် ဆန်းကြယ်လှသည်။ သူသည် ကောင်းကင်သွေးကြော အပင်များစွာကို မြင်နေရသည်။ အခြားသော အပင်များသည် အားနည်းလှပေသည်။

သူခေတ္တခန ပတ်ဝန်းကျင်ကိုလေ့လာလိုက်သည်။ ထို့နောက် လိုဏ်ဂူကိုလည်း ထပ်မံလေ့လာလိုက်သည်။ ထိုနေရာတွင် အာဟာရအတွက် တိုက်ခိုက်နေရသည့်အခြားအပင်များကိုပါ မြင်လိုက်ရသည်။

ဤသည်မှာ ကောင်းကင်သွေးကြော အပင်များမှလွဲ၍ အခြားအပင်များ သာမန်ဖြစ်နေသည့် ပတ်ဝန်းကျင်သာဖြစ်သည်။ ရှောက်ရွှမ်သည် ကောင်းကင်သွေးကြော အပင်များကို တူးယူရန် ကြံစည်ထားလိုက်သည်။ ထိုစဉ် ရင်းနှီးနေသည့် တစ်စုံတစ်ခုကို သူတွေ့လိုက်ရသည်။

ဒါက .......

သူ့မျက်လုံးများ ပြူးကျယ်သွားပြီး ပေါက်ကွဲ

ထွက်လုမတတ်ဖြစ်သွာသည်။

ဂေါ်ဖီ........ ဂေါ်ဖီထုပ်တွေလား.......။

အခန်း (၅၂၅) ဂေါ်ဖီထုပ်

ရှောက်ရွှမ် သူကြည့်နေရသည့်အရာကို မယုံကြည်နိုင်ဖြစ်နေမိသည်။ သူထိုအရာကို ခေတ္တမျှ စိုက်ကြည့်‌နေလိုက်သည်။ သူထင်ယောင်ထင်မှား ဖြစ်နေခြင်း မဟုတ်ကြောင်းသေချာသွားမှသာ ထိုဟင်းရွက်ပင်ဆီသို့ သူသွားလိုက်သည်။

ရှောက်ရွှမ် ထိုဂေါ်ဖီထုပ်ကို သတိမပြုမိခဲ့သည်မှာ အံ့ဩစရာမရှိပေ။ ဂေါ်ဖီထုပ်သည် ကြီးမားလွန်းလှ၏။

တောအုပ်ကြီးထဲတွင် ဆန်းကြယ်သည့် သစ်ပင်ပန်းပင်များ ရှိနေခဲ့၏။ ထို့ကြောင့်သူသည် ပတ်ဝန်းကျင်ကို အလေးအနက်ထားမကြည့်မိခဲ့ခြင်း ဖြစ်သည်။

သို့သော်လည်း သူတောင်ကုန်းထက်မှ လှမ်းကြည့်လိုက်သည့် အချိန်တွင်မူ အပင်တစ်ပင်လုံးကို မြင်လိုက်ရသဖြင့် လျစ်လျုရှုရန် ခက်ခဲသွားခဲ့ပြီ ဖြစ်သည်။

ထိုအပင်၏ အရွက်များသည် သာမန် ဂေါ်ဖီပင်တစ်ပင်၏ အရွက်များနှင့် ကွာခြားနေသော်လည်း ဂေါ်ဖီပင် အစစ်ပင် ဖြစ်လေသည်။ သို့သော်လည်း ထိုအပင်သည် ရှောက်ရွှမ်ထက်ပင် မြင့်မားနေခဲ့လေသည်။

ရှောက်ရွှမ် အပင်အနားတိူကပ်သွားလိုက်ပြီး အပင်ကို သေချာကြည့်လိုက်သည်။

ငြင်သာသည့် အသံတစ်ခုကို ရှောက်ရွှမ်ကြားလိုက်ရသည်။

သူတဖက်သို့လှည့်ကြည့်လိုက်သည့် အချိန်တွင် သူ့လက်မောင်းခန့်ကြီးမားသည့် ပိုးကောင်တစ်ကောင် ဂေါ်ဖီထုပ်အပြင်ဖက်ရှိ အရွက်များကို စားသုံးနေသည်ကို တွေ့လိုက်ရသည်။ ၎င်းသည် ရှောက်ရွှမ်ကို အာရုံခံမိလိုက်ဟန်ဖြင့် ဝါးနေခြင်းကို ရပ်တန့်လိုက်ပြီး ခန္ဓာကိုယ်ကို ကွေးညွတ်လိုက်ကာ ရှောက်ရွှမ်ကို ကြည့်လာခဲ့သည်။

ရှောက်ရွှမ်သာ ထိုပိုးကောင်သည် အပင်စားပိုးကောင် တစ်ကောင် ဖြစ်သည်ကို မသိထားလျှင် မြွေတစ်ကောင်ဟုသာ ထင်မိလိမ့်မည် ဖြစ်သည်။

ပိုးကောင်၏ကိုယ်ပေါ်တွင် အစက်အပျောက်များရှိနေပြီး တောအုပ်အတွင်းကျက်စားတတ်သည့် မြွေစိမ်းများနှင့် ဆင်တူနေခဲ့သည်။ ပိုးကောင်၏ မျက်လုံးနှစ်လုံးသည်လည်း မြွေမျက်လုံးများကဲ့သို့သာ ဖြစ်သည်။

ရှောက်ရွှမ်ထိုပိုးကောင်များကို မြင်ဖူးသဖြင့် ကြောက်လန့်သွားခြင်းမရှိပဲ စိတ်လှုပ်ရှားစွာဖြင့် လေ့လာနေလိုက်သည်။

ရှောက်ရွှမ်ထံမှ အန္တရာယ်အငွေ့အသက်ကို မရသည့် အခါတွင် ပိုးကောင်သည် ဆက်လက်ပြီး သစ်ရွှက်များကိုသာ ဝါးစားနေလိုက်လေသည်။

တောအုပ်အတွင်းမှ ပိုးကောင်များသည် ပိုးဖလံ သို့မဟုတ် လိပ်ပြာအဖြစ်သို့ အသွင်ပြောင်းနိုင်ရန်အတွက် နှစ်ပေါင်းများစွာ ကြာမြင့်တတ်လေသည်။ ထိုပိုးကောင်သည် မကြာခင် အသွင်ပြောင်းတော့မည့် အဆင့်တွင် ဖြစ်သည်။

ရှောက်ရွှမ် ပိုးကောင်ထံမှ အကြည့်လွဲလိုက်ပြီး အပင်ကို ပြန်ကြည့်လိုက်သည်။

ထို့နောက် သူ့ဓားကို ထုတ်ယူလိုက်ပြီး အစိတ်အပိုင်းတစ်ခု လှီးဖြတ်လိုက်သည်။ ၎င်းတွင် ဆိုးဝါးသည့် ရနံ့များ ရှိမနေခဲ့သော်လည်း ဝါးစားကြည့်ရန်မှာမူ ကောင်းမွန်သည့် ရွေးချယ်မှု မဟုတ်ပေ။ ပိုးကောင်ဘာမှ မဖြစ်သော်လည်း သူဘာမှမဖြစ်ဟု မပြောနိုင်ပေ။ လှီးဖြတ်ထားသည့် အစိတ်အပိုင်းကို ရှဉ့်ငယ်ရှေ့တွင် သူချပေးလိုက်သည်။ ရှဉ့်သည် သစ်ရွက်ကိုစိတ်ဝင်စားသည့် ပုံ မရှိပေ။ ခေတ္တရုန်းကန်နေပြီးနောက် တစ်ကိုက်ကိုက်လိုက်သော်လည်း မကြာမှီမှာပင် ပြန်ထွေးထုတ်လိုက်သည်။

ရှောက်ရွှမ်အကြိမ်များစွာ ကြိုးစားပြီးမှသာ ရှဉ့်ငယ်သည် သစ်ရွက်ကို ဒေါသတကြီးကိုက်ပြီး မျိုချလိုက်လေသည်။

ကောင်းပြီလေ သနားစရာ ရှဉ့်လေးကို ထပ်မ

နှိပ်စက်တော့ပါဘူး….။

ရှောက်ရွှမ်အနားပတ်ဝန်းကျင်ကို လျှောက်ကြည့်လိုက်သည်။ ထိုနေရာရှိအပင်များသည် ကောင်းကင်သွေးကြောများအပင်များ၏ အာဟာရ လုယက်သွားမှုကြောင့် ကြီးထွားသန်မာလှခြင်းမရှိပေ။ သူတွေ့ခဲ့သည့် ဂေါ်ဖီပင်သည် ကောင်းကင်သွေးကြောပင်မျယးနှင့် အတန်ငယ် ဝေးသည့်အပြင် ထိုမျှ ကြီးထွားသန်မာလာနိုင်ခြင်းအရ ထိုအပင်သည် သန်မာသည့် မျိုးစိတ်တစ်ခုခု ဖြစ်ရပေမည်။

ထိုနေရာတစ်ဝိုက်တွင် ဂေါ်ဖီပင် သုံးဆယ်ခန့်ကို သူမြင်လိုက်ရသည်။ သို့သော်လာ်း သူပထမဆုံးတွေ့ခဲ့သည့် အပင်သည် အကြီးမားဆုံးဖြစ်သည်။

အချို့သော ဂေါ်ဖီပင်များတွင် တိရိစ္ဆန်များ အင်းဆက်များ၏ ခြေရာလက်ရာများကို သူတွေ့

လိုက်ရသည်။ ထိုအပင်များ ဆက်လက်ရှင်သန်မည် မရှင်သန်မည်ကို သူမသိသဖြင့် ထိုအပင်များကို ခုတ်ယူခြင်းမပြုတော့ပေ။

ထို့နောက် သူလိုဏ်ဂူဆီသို့ ပြန်လာခဲ့လိုက်သည်။ သူသာ် တစ်ညလုံး ရှဉ့်ငယ်ကို လေ့လာမှုများပြုနေခဲ့သည်။ ထို့နောက် အနားယူရန်အတွက် မြက်ခင်းပေါ်တွင် ထိုင်နေလိုက်ပြီး ကျန်နေသည့် အသားခြောက်များကို စားသုံးလိုက်သည်။

ရှောက်ရွှမ်သည် ထိုဂေါ်ဖီပင်များ၏ မူလ အကြောင်းအရာများကို တွေးကြည့်နေခဲ့လေသည်။

ဒီနေရာက သဘာဝပေါက်ပင်တွေပဲလား….။

လူများသည်လည်း ထိုကဲ့သို့သော အပင်များကို

စိုက်ပျိုးလေ့ရှိကြသည်။ သို့သော်လည်း သူတို့စိုက်ပျိုးသည့် အပင်များသည် ထူထဲသည့် ပင်စည်နှင့် အရွက်များ ရှိကြသည်။ အျိုးနွာ်စုမှလူများသည် အများအားဖြင့် ပင်စည်များကို စားသုံးကြခြင်းဖြစ်သည်။ ဤနေရာမှ ဂေါ်ဖီထုပ်များမှာမူ သေးငယ်သည့် ပင်စည်များသာ ရှိနေကြသည်။ မျိုးနွယ်စုတွင် သူတွေ့ဖူးသည့် အကြီးဆုံးသော ဂေါ်ဖီထုပ်မှာ သူ့ခါးလောက်ရှိပေသည်။ သို့သော်လည်း ထိုအပင်သည်ပင် သူတွေ့ခဲ့သည့် အပင်လောက်ကြီးမားခြင်းမရှိပေ။

သန္ဓေပြောင်းတာများလား….။

ပင်လယ်ဘေးမှ ဟင်းသီးဟင်းရွက်အပင်များကို‌ရှောက်ရွှမ်ပြန်အမှတ်ရလိုက်သည်။

ကျိမိသားစု၏ နေထိုင်ရာနေရာတွင် ဂေါ်ဖီနှင့်တူသည့် အပင်များကို သူမြင်ဖူးခဲ့သည်။ ထိုအပင်

များ၏ အရွက်များသည်လည်း ယခုအပင်ကဲ့သို့ပင် ကြီစမားသည်။ သို့သော်လည်း အရွက်များသည် ထူထပ်စွာ ရစ်ခွေနေခြင်းမရှိပေ။ ထို့အပြင် ထိုအပင်များသည့် သု့ဒူးခေါင်းလောက်သာ မြင့်မားပေသည်။ မျိုးနွယ်စုမှ လူများသည် ထိုအပင်များကို များစွာစိုက်ပျိုးကြခြင်း မရှိကြပေ။

ဘုရင့်မြို့တော်မှ ကျွန်ပိုင်ရှင်များသာ ဟင်းသီးဟင်းရွက်များကို သဘောကျတတ်ကြခြင်းဖြစ်သည်။ ထို့ကြောင့်ပင် သူတို့ထံ၌ မျိုးစေ့များ ရျှိနခဲ့ခြင်း ဖြစ်သည်။

ယခု ဂေါ်ဖီထုပ်များငည် မျိုးနွယ်စုတွင် ရှိသည့် အပင်များနှင့်ကော ကျွန်ပိုင်ရှင်များ၏ ဂေါ်ဖီထုပ်များနှင့်ပါ မတူညီပေ။ ယခုအချိန်အထိ ဤမျှကြီးမားသည့် ဂေါ်ဖီထုပ်များကို ရှောက်ရွှမ်မည်သည့်နေရာတွင်မှ မမြင်ဖူးခဲ့ပေ။

ဤနေရာတွင် နေထိုင်ခဲ့ကြသည့် မျိုးနွယ်စုသည် မျိုးစေ့များကို ချန်ထားခဲ့ခြင်းပင် ဖြစ်လေမည်လော။

ကျိမိသားစုဝင် သုံးယောက်တို့ မသေဆုံးမီက ဤနေရာတွင် မျိုးစေ့များကို ချန်ထားခဲ့ခြင်း ဖြစ်လေမည်လော…..။

အပင်မျိုးစိတ်နှစ်ခုတို့ပေါင်းစပ်သွားပြီးတော့ မတူညီတဲ့အပင်မျိုးစိတ်အသစ်တစ်ခု ထွက်ပေါ်လာတာများလား…..။

ရှောက်ရွှမ်များ အတွေးလွန်နေတာလား….။

အပင်များကို မျိုးသပ်ရာတွင် အလွန်ခက်ခဲပြီး အချိန်ကြာလှပေသည်။ မျိုးနွယ်စုတွင် လက်ရှိ

စိုက်ပျိုးနေသည့် အပင်များပင်လျင် ခက်ခက်ခဲခဲ မျိုးစပ်ထားခဲ့ရခြင်းဖြစ်သည်။

ယခုတွင် ရှောက်ရွမ်သည် ပင်လယ် တဖက်ကမ်းဆီမှ မတူညီသည့် မျိုးစိတ်နှစ်ခုကို ပေါင်းစပ်သည့်အကြောင်းကို တွေးနေခဲ့၏။ အကောင်းဆုံးသော မျိုးစိတ်နှစ်ခုပေါင်းစပ်ပြီး အသင့်တေယ်ဆုံးသော အပင်မျိုးစိတ်တစ်ခု ဖြစ်လာခြင်း….။

ဤ ဂေ့ါဖီပင်၏ အရွက်များထက် အထက်သို့ တက်ရမည့်အစား အထပ်ထပ် ရစ်ခွေနေခဲ့သည်။

မည်သို့ပင်ဖြစ်စေ ရှောက်ရွှမ်သည် သူ့တွေ့ရှိမှုအတွက် ကျေနပ်နေခဲ့လေ၏။

ဒါပေမယ့် ဒါတွေက စားလို့ရရဲ့လား….။

စမ်းသပ်မှုအချို့ပြုလုပ်ရန် သူဆုံးဖြတ်လိုက်သည်။

မူလက သူတွေ့လိုက်သည့် ဂေါ်ဖီပင်ကို ဓါးဖြင့် အနည်းငယ် ဖြတ်လိုက်သည်။ အပြင်ဖက်အှ အရွက်များသည် ရင့်နေပြီ ဖြစ်သဖြင့် အရွက်နုများရှိသည့် အလယ်ဗဟိုလ်သို့ ဓါးဖြင့် ရှင်းလင်းလိုက်သည်။

သူ့အရပ်ထက်ပင်မြင့်မားသည့် အပင်သည် လေးလံလှပေသည်။ အရွက်များသည်လည်း ထူထပ်စွာပေါက်နေခဲ့သည်။ ဤအပင်သာ အကယ်၍ စားသုံး၍ ရခဲ့လျှင် မ်ျုးနွယ်စုအတွက် သတင်းကောင်းတစ်ခုသာ ဖြစ်သည်။

ထို့နောင်ဂေါ်ဖီထုပ်ကို ထမ်း၍ဂူဆီသို့ ပြန်လာခဲ့လိုက်သည်။ ထို့နောက် တစ်စုံတစ်ခုကို မေ့

နေသည်ကို သတိရလိုက်ပြီး ရှဉ့်ငယ်ကို ပြန်ရှာလိုက်သည်။

သို့သော်လည်း ရှဉ့်ငယ်သည် ချည်နှောင်ထားသည်များကို ကိုက်ဖြတ်ပြီး လွတ်မြောက်သွားခဲ့ပြီ ဖြစ်သည်။ အချုပ်အနှောင်မှပင် လွတ်မြောက်သွားနိာင်သည်အထိ ပြန်လည် သန်မာသွားဟန်ရသည်။

ကောင်းကင်သွေးကြောအပင်များတွင် ကိုက်ခဲရာများ မကျန်နေခဲ့သဖြင့် ရှဉ့်ငယ်သည် ထိုအပင်များကို သတိမပြုမိဟန်ရသည်။

လုယက်သူများ အနေဖြင့် ရတနာ အစစ်အမှန်သည် လိုဏ်ဂူပနီးတွင် ရှိနေသည့် အပင်များ ဖြသ်နေလိမ့်မည်ဟု မတွေးမိခဲ့ကြပေ။ မည်သို့ပင် ဖြစ်စေ မည်သူသည် သူတို့၏ ရတနယများကို မြေပြင်ပေါ်တွင် ကျဲဖြန့်ထားလိမ့်မည်နည်း။

ရှောက်ရွှမ် ပစ္စည်းများကို စုစည်းလိုက်ပြီး ကောင်းကင်သွေးကြောအပင်များနှင့်အတူ သားရေအိတ်အတွင်းသို့ ထည့်ထားလိုက်သည်။ ထို့နောက် ဂေါ်ဖီထုပ်ကိုလည်း ချည်နှောင်လိုက်ပြီး ထွက်သွားလိုက်သည်။

ဤနေရာတွင် သူတစ်ယောက်ထဲသာဖြစ်သဖြင့် ကိစ္စများစွာကို မလုပ်နိုင်ခဲ့ပေ။ မျိုးနွယ်စုမှ လူများစွာ၏ အကူအညီပါမှသာ ကောင်း‌ကင်သွေး‌ေကြာပင်များကို တူးယူနိုင်ပေမည်။

ကျန်နေခဲ့သည့် ကောင်းကင်သွေးကြောပင်များနှင့် ဂေါ်ဖီထုပ်များသည်လည်းတန်ဖိုးရှိလှသဖြင့် မျိုးနွယ်စုမှလူများကို စေလွတ်ပြီး တူးယူခိုင်းမည် ဖြစ်သည်။

အစောင့်များသည် ယမန်နေ့က လူဖမ်းပွဲကြောင့် သတိအပြည့် ဖြစ်နေကြလေသည်။

ထိုစဥ်တွင် ကြီးမားသည့် အရာတစ်ခုကို ထမ်းယူလာသည့် သံသယဖြစ်ဖွာ်ပုံရိပ်တစ်ခုကို သူတို့ တွေ့လိုက်ကြသည်။ သူတို့ တိုင်ခိုက်ရန်ပြင်လိုက်ကြသော်လည်း ထိုပုံရိပ်သည် ရှောက်ရွှမ်ဖြစ်နေသည်ကို သိလိုက်သဖြင့် လက်နက်များကို ပြန်ချထား လိုက်ကြသည်။

သူမည်သည့်အရာကို သယ်ဆောင်လာသည်ကို သူတိူ့မသိကြသော်လည်း သူကိုယ်တိုင် သယ်ဆောင်လာသဖြင့် အရေးကြီးသည့် တစ်စုံတစ်ခု ဖြစ်မည်မှာ သေချာပေသည်။

အစောင့်များသာ သိချင်နေကြသည်မဟုတ်ပေ။ ရှောက်ရွှမ်ကို မြင်လိုက်ရသည့် လူတိုင်းပင် သိချင်စိတ်များ ဖြစ်လာကြသည်။ သူသယ်လာသည့်

အလုံးကြီးသည် ကြီးမားလွန်းသဖြင့် လျစ်လျုရှုထားရန် မဖြစ်နိုင်ပေ။

ရှောက်ရွှမ်သူတို့ကို ရှင်းပြခြင်းမပြုတော့ပဲ ဂေါ်ဖီထုပ်ကို မျိုးနွယ်စုအတွင်းသို့ သယ်ဆောင်လာခဲ့လေသည်။

အခန်း (၅၂၀) သူတို့နောက်ကိုလိုက်

ဟွေ့မျိုးနွယ်စုမှ ဧည့်သည်များထံ ရှောက်ရွှမ်သွားလည်သည့်အချိန်တွင် အခြားမျိုးနွယ်စုမှ လူများ အကြည့်များကို ဖလှယ်နေကြလေသည်။ သူတို့သည် သူနှင့်သိပ်မဝေးသဖြင့် လှုပ်ရှားမှုတိုင်းကို မြင်တွေ့ရနိုင်သည်။

သူတို့ ရှောက်ရွှမ် လမ်းလျှောက်နေသည့်ဖက်ကို ကြည့်လိုက်ကြပြီး လူအုပ်ကြီးသည် သက်ပြင်းချလိုက်ကြလေသည်။

ခြေလက်ရှစ်ခု မျိုးနွယ်စုသည် တဖန် ထပ်လုပ်ပြန်ပေပြီ။

ငယ်ရွယ်သည့် ယောက်ျားလေးများသည် လှပသည့် အမျိုးသမီးများကို မငြင်းဆန်နိုင်ကြပေ။

ကြည့်ရသည်မှာ မဟာအကြီးအကဲသည်လည်း ချွင်းချက် ဟုတ်ဟန် မတူပေ။

သူသည် ခြေလက်ရှစ်ခု မျိုးနွယ်စု ၏နေအိမ်ထံသို့ လျှောက်လာခဲ့သည်။ အပြင်ဖက်တွင် အဖြူရောင် ပင့်ကူ၏ ထိပ်တွင် ရှု ထိုင်နေခဲ့ပြီးပင့်ကူ၏ အမွေးအမျှင်များကို ငါးရိုးဖြင့် ပြုလုပ်ထားသည့် ခေါင်းဖီးဖြင့် ဖီးသင်ပေးနေလေသည်။ ရှုသည် ခြေလက်ရှစ်ခု မျိုးနွယ်စုတွင် အရည်အချင်းရှိသည့် စစ်သည်တော် တစ်ယောက် ဖြစ်လေသည်။ သူမသည်လှပသော်လည်း အန္တရာယ်ရှိသည် မိန်းကလေးတစ်ယောက် ဖြစ်သည်။

ထိုသို့ဖြစ်လာသည်ကို ခြေလက်ရှစ်ခု မျိုးနွယ်စုမှ လူများ ကျေနပ်စွာဖြင့် ကြည့်နေခဲ့ကြသည်။

အကယ်၍ ထိုလူငယ်‌လေးသာ ရှုကို နှစ်သက်သွားခဲ့လျှင် ကောင်းသည့်ကိစ္စတစ်ခု ဖြစ်ပေသည်။ သူတို့သည် သူ့ထံမှတဆင့် မီးတောက် ဦးချိုမျိုးနွယ်စုအကြောင်းကို ပိုသိလာရနိုင်သည်။

ရှောက်ရွှမ် သူမထံသို့ လာနေသည်ကို မြင်လိုက်ရသဖြင့် ရွှီ၏ လှုပ်ရှားမှုများ ရပ်တန့်သွားခဲ့သည်။ သူမလက်မှ ခေါင်းဖီးကိုလည်း တင်းကျပ်စွာ ကိုင်ထားလိုက်မိသည်။ ထို့နောက် သူမ တဖြေးဖြေး ခေါင်းမော့ ကြည့်လိုက်သည်။ သူမဘာမှမပြောနိုင်မီမှာပင် ရှောက်ရွှမ် သူမကို လေကဲ့သို့ ဖြတ်လျှောက်သွားခဲ့သည်။

“.... “ သူမ ကြောင်အမ်းအမ်းဖြစ်သွားပြီးပင့်ကူအမွေးများကို ဆုပ်ကိုင်လိုက်မိသည်။

ကြည့်နေကြသည့်လူအုပ်ကြီးသည်လည်း ထပ်တူ အံ့သြသွားကြသည်။ မဟာအကြီးအကဲက ဘာ

များ လုပ်မလို့လဲ .......။

အခြားသူများတွေးနေသည်ကို ရှောက်ရွှမ် ဂရုမစိုက်နိုင်ပေ။ သူသည် အရှိန်အဝါနှစ်ခုကိုသာ အာရုံစိုက်နေခဲ့သည်။ သူယခင်က ခံစားမိသည်နှင့်တော့ မတူနေခဲ့ပေ။ ဤတစ်ကြိမ်တွင် အရှိန်အဝါနှစ်ခု ဖြစ်နေလေပြီ။ ထိုသူများသည် ခိုးဝင်လာပြီး သက်ရှည်သစ်ရွက်ကို လာဝှက်ထားခဲ့သည့် လူများ ဖြစ်နိုင်ပေသည်။

ထိုသူနှစ်ယောက်တို့သည် ရှာတွေ့ရန်ပင် မဖြစ်နိုင်သည့်အခြေအနေတွင် ရှိနေသည်။ ထို့ကြောင့် ရှောက်ရွှမ်သည် ဤအခွင့်အ‌ရေးကို လက်လွတ်မခံနိုင်ပေ။

ရှောက်ရွှမ် လာနေသည်ကို အာရံခံမိလိုက်သည့်ဟန်ဖြင့် ထိုနှစ်ယောက်တို့ ထွက်ပြေးကြလေသည်။

မင်းတို့ ထွက်ပြေးနိုင်မယ်လို့ ထင်နေတာလား .......။

ရှောက်ရွှမ် ဒူးကွေးလိုက်ပြီး စပရိန်တစ်ခုကဲ့သို့ အားယူလိုက်သည်။ ထို့နောက် လျင်မြန်လှသည့်အရှိန်ဖြင့် ရှေ့သို့ ခုန်သွားလိုက်သည်။ အခြားသူများသည် သူ့ပုံရိပ်မှုန်ဝါးဝါးကိုသာ မြင်လိုက်ရသည်။

မျိုးနွယ်စု ခုနှစ်ခုတို့မှလူများ ကြောင်အမ်းအမ်း ဖြစ်နေကြသည်။

“ သူ..... ဘာတွေ ဖြစ်သွားတာလဲ “ တစ်စုံတစ်ယောက် မေးလိုက်သည်။

“ ဘယ်သူသိမှာလဲ ...... ဖြစ်နိုင်တာက သူတစ်ခုခုသွားစားတာများလား ၊ ငါကြားတာတော့ မီးတောက်ဦးချိုများမျိုးနွယ်စုက အသားစားရတာကို သဘောကျတယ်တဲ့ “

“ သူတို့က အသားကြိုက်တာ မှန်တယ်လေ၊ ဒါပေမယ့် သူတို့မှာ မသားမှမရှားတာ၊ သူတို့က အခုဆိုရင် မျိုးနွယ်စုကြီးတစ်ခုဖြစ်နေပြီလေ၊ တကယ်လို့ သူအသားစားချင်ရင်တောင် အခုလိုထွက်သွားဖို့ လိုအပ်လို့လား “

“ ဘယ်သူသိမှာလဲ ...... သူတို့က ဘာပဲဖြစ်ဖြစ် မီးတောက် ဦးချို မျိုးနွယ်စုကလေ “ မီးတောက်ဦးချိုများ၏ ရိုင်းစိုင်းသည့် ပုံစံကို သူတို့မေ့နိုင်တော့မည် မဟုတ်ပေ။

“ သူက အပြေးတော်တော်လေး မြန်တာပဲ။ ငါ သူနဲ့ ပြိုင်နိုင်မှာမဟုတ်လောက်ဘူး “

တစ်စုံတစ်ယောက် ပြောလိုက်သည်။ သူတို့သည် အစပိုင်းက မဟာအကြီးအကဲဖြစ်သည့် ရှောက်ရွှမ် ထံမှ စကားနိုက်ရန် ကြိုးစားနေကြခြင်းဖြစ်သည်။ ရှောက်ရွှမ် မည်မျှမြန်ဆန်သည်ကို တွေ့လိုက်ရသည့်အချိန်တွင်မူ သူတို့အားလုံး အတွေးများကို ပြန်တွေးမိလိုက်ကြသည်။

ရှောက်ရွှမ် ဘာလုပ်နေသည်ကို သူတို့နားမလည်နိုင်ကြပေ။ မျိုးနွယ်စုအပြင်ဖက်သို့ ပြေးထွက်သွဦးသဖြင့် သူတို့တွင် သိချင်စိတ်များ ပြည့်နှက်နေကြလေသည်။ သူ့ပုံစံအရ တစ်စုံတစ်ခုနောက်သို့ လိုက်ဖမ်းနေဟန် ရသည်။

မျိုးနွယ်စုမှလူများသည်မြင်ကွင်းကို ပိုမြင်ရစေရန်အတွက် အိမ်ခေါင်မိုးများပေါ်သို့တက်လိူက်ကြလေသည်။ မီးတောက် ဦးချို မျိုးနွယ်စု၏ ပိုင်နက်ဖြစ်သဖြင့် သူတို့သည် လွတ်လွတ်လပ်လပ် လှုပ်ရှားနိုင်ကြခြင်းမရှိကြပေ။

“ တစ်စုံတစ်ယောက် ရှေ့မှာ ပြေးနေတယ် “ ခေါင်မိုးပေါ်မှ တစ်စုံတစ်ယောက် အော်ဟစ်လိုက်သည်။

ရှောက်ရွှမ်၏ ရှေ့တွင် လျင်မြန်စွာ ပြေးသဖြင့် မျက်နှာများကို မမြင်နိုင်သည့် ပုံရိပ်နှစ်ခုတို့ကို တွေ့မြင်နိုင်သည်။ ကြည့်ရသည်မှာ ထိုသူနှစ်ယောက်တို့သည် ရှောက်ရွှမ်၏ ပစ်မှတ်များဖြစ်ကြဟန် တူသည်။

တစ်စုံတစ်ခု ဖြစ်နေလေပြီ, ငါတို့ထက်ပိုပြီးတော့ တခြားလူတွေကလည်း မျိုးနွယ်စုဆီကို လာခဲ့ကြတာများလား........။

ငှက်မွေးမျိုးနွယ်စု၊ ထျန်းရှန် မျိုးနွယ်စု၊ နှင့် ဟွေ့မျိုးနွယ်စုတို့မှ လူများ သူတို့၏ ငှက်များကို အသီးသီးခေါ်ယူလိုက်ကြသည်။ ကောင်းကင်

ထက်မှ ကြည့်လျှင် ပိုမြင်ရမည်ဖြစ်သည်။ မီးတောက် ဦးချိုများ တွင် ငှက်ငယ်များသာ ရှိနေခဲ့သည်။ ကြီးမားသော ငှက်ကြီးများ မရှိတော့သည်မှာ ကြာပြီဖြစ်သည်။ သူတို့အနေဖြင့် စိတ်ပူနေစရာ မရှိတော့ပေ။

“ ငါလည်း လိုက်မယ် “

လှေရှည် မျိုးနွယ်စု မှ လူလည်း ငှက်မွေးမျိုးနွယ်စုထံ ပြောလိုက်သည်။

“ သွားစမ်းပါ၊ ထျန်းရှန် ဒါမှမဟုတ် ဟွေ့မျိုးနွယ်စုဆီကိုသွား..... သူတို့ သိမ်းငှက်တွေက ပိုကြီးတယ် “

ငှက်မွေးမျိုးနွယ်စုမှ ငှက်များသည် အနည်းငယ် သေးငယ်ကြသဖြင့် သူတို့၏ပျံသန်းနိုင်စွမ်းသန

ည် အကန့်အသတ် ရှိလေသည်။ မျိုးနွယ်စုနှစ်ခုတို့သည် ပြင်ပလူများကို သူတို့၏ သိမ်းငှက်များပေါ်တွင် လိုက်ပါခွင့်ပြုကြလိမ့်မည် မဟုတ်‌ပေ။

ငှက်အချို့ကောင်းကင်ထက်သို့ ပျံသန်းတက်သွားပြီး ရှောက်ရွှမ် ပြေးထွဥ်သွားသည့် ဖက်သို့ လိုက်သွားကြသည်။

ပထမတွင် ခိုးဝင်လာသည့်လူနှစ်ယောက်တို့ကို မီးတော်က ဦးချိုအစောင့်များက သတိမပြုမိကြသေးပေ။ သို့သော်လည်း ခိုးဝင်လာသူများ ထွက်ပြေးသွားကြသည်နှင့် သူတို့၏ နတ်စွမ်းအားများ လှုံ့ဆော်ခံလိုက်ရပြီး ထောက်လှမ်းမိသွားခဲ့သည်။

သိသာနေသည်မှာ ထောက်လှမ်းမိသည့် စွမ်းအားများသည် သူတို့မျိုးနွယ်စုမှ မဟုတ်ကြပေ။ ထို့အပြင် နောက်ထပ်‌ရောက်လာသည့် မျိုးနွယ်စု ခု

နှစ်ခုတို့မှ လူများထံမှလည်း မဟုတ်ပေ။ ဖြစ်နိုင်သည်မှာသူတို့ရက်ပေါင်းများစွာ လိုက်ရှာနေသည့် ခိုးဝင်လာသူများထံမှပင်ဖြစ်ရပေမည်။

သူတို့ကို လိုက်ဖမ်း........။

အစောင့်များသည် လျင်မြန်လှသော်လည်း မည်သူမှ ရှောက်ရွှမ် နောက်သို့ မှီအောင် မလိုက်နိုင်ကြပေ။

မျိုးနွယ်စု အစွန်အဖျားသို့ အစောင့်များ ရောက်သွဦးသည့်အချိန်တွင် သူတို့နှင့် ရှေ့မှပြေးနေသော သုံးယောက်ကြားတွင် အလွန်ကွာလှမ်းသွားခဲ့ပြီဖြစ်သည်။ စက္ကန့်တိုင်းပင် ကွာဝေးမှုသည် ပိုများလာခဲ့သည်။ သူတို့နောက်တွင် ကျန်နေခဲ့သော်လည်း သူတို့ ဆက်လိုက်ဖမ်းနေကြဆဲဖြစ်သည်။ မဟာအကြီးအကဲကို ကူညီပေးနိုင်လျှင် အကောင်းဆုံးဖြစ်သည် မဟုတ်ပေ

လော......။

အစောင့်များထဲမှ သိပ်မမြန်သောလူများသည် လိုက်ဖမ်းခြင်းကို ရပ်တန့်လိုက်ကြလေသည်။ ထို့အစား သူတို့သည် ခေါင်းဆောင်များထံ သွားရောက်သတင်းပို့လိုက်ကြပြီး လိုအပ်သည်များကို ပြင်ဆင်လိုက်ကြသည်။

မြေပြင်တွင်မူ ရှောက်ရွှမ်သည် သူ့ရှေံမှ လူနှစ်ယောက်ကို လိုက်ဖမ်းနေဆဲဖြစ်သည်။ သူ့ခြေထောက်များသည် လျင်မြန်လွန်းသဖြင့် မည်သူမှ သူ့ခြေထောက်များကို မြင်နိုင်လိမ့်မည် မဟုတ်ပေ။ သူ့ကိုကြည့်ရသည်မှာ မြင်ခင်းပေါ်တွင် တိုက်ခတ်သွားသည့် လေပြေနှင့်တူနေသည်။

မင်းတို့ ငါ့လက်က တစ်ကြိမ်တော့လွတ်နိုင်လိ့မ်မယ်။ ဒုတိယအကြိမ်ဆိုတာတော့ မရှိနိုင်‌တော့

ဘူး။

ငါမင်းတို့ကို ဒီနေ့မိအောင်ဖမ်းမယ်လို့ ကျိန်ဆိုတယ်...........

ရှောက်ရွှမ် အရှိန်မြင့်လိုက်သည်။ သူသည် လေအလျင်နှင့်ပင် ပြေးနေသလိုဖြစ်နေသည်။

သူ့နောက်မှလိုက်လာကြသည့် အစောင့်များသည် ရှောက်ရွှမ်ကိုမမြင်ကြရတော့ပေ။ သူ့ မီးတောက် မျိုးစေ့ကို အာရုံခံ၍သာ သူမည်သည့်နေရာသို့ရောက်နေပြီဖြစ်သည်ကို ခန့်မှန်းကြရသည်။

“ သူ့နောက်ကိုလိုက် “ အစောင့်ခေါင်းဆောင် အော်ပြောလိုက်သည်။ ယခုအချိန်တွင်မှ နောက်ပြန်လှည့်စရာအကြောင်း မရှိတော့ပေ။

ငှက်မွေးမျိုးနွယ်စု၊ ထျန်းရှန် မျိုးနွယ်စုနှင့် ဟွေ့မျိုးနွယ်စုတို့သည် လေထဲတွင်ပင် ရှိနေကြပြီး ဆွံ့အနေကြသည်။ ရှောက်ရွမ် ဤမျှ လျှင်မြန်လိမ့်မည်ဟု သူတို့မတွေးထားခဲ့မိပေ။ သူတို့သည် လည်း နောက်မှ လိုက်မမှီနိုင်ဖြစ်နေကြသည်။

ခိုးဝင်လာသူနှစ်ယောက်တို့သည် အံ့သြနေကြသည်။ ထိုလူငယ်သည် မည်သည့်အတွက်ကြောင့် သူတို့ကို အမှီလိုက်နိုင်နေသနည်း။ ယခင်အကြိမ်က သူဤမျှလျင်မြန်ခြင်းမရှိခဲ့ပေ။

ကောင်းကင်ထက်မှလူများနှင့် အစောင့်များကို ထိုလူနှစ်ယောက် လုံးဝလျစ်လျုရှုထားလေသည်။ ထိုသူများသည် သူတို့အတွက် အန္တရာယ်ပေးနိုင်မည် မဟုတ်ကြောင်း သူတို့သိထားကြသည်။ အဓိက အန္တရာယ်ပေးနိုင်သည်မှာ ရှောက်ရွှမ်သာ ဖြစ်သည်။

သူတို့နှစ်ယောက်နှင့် ရှောက်ရွှမ်သာ ရှိသည်မှာ ကံကောင်းပေသည်။

သူတို့နှစ်ယောက် လမ်းခွဲလိုက်ကြပြီး မတူညီသည့်အရပ်မျက်နှာများဆီသို့ ပြေးသွားလိုက်ကြသည်။

ရှောက်ရွှမ်အနေဖြင့် တစ်စက္ကန့်ခန့် တုံ့ဆိုင်းသွားသည်နှင့် သူတို့အတွက် လွတ်လမ်း ပေါ်လာပြီဖြစ်သည်။

သို့‌သော်လည်း ရှောက်ရွှမ်သည် တုံ့ဆိုင်းနေခြင်း မရှိပေ။ သူသည် နဂိုလ်အရှိန်ဖြင့်ပင် ခိုးဝင်လာသူတစ်ယောက်နောက်သို့ လိုက်သွဦးလေသည်။

အား...... ဒီလူငယ်က ဘာလို့မရပ်တန့်ရတာလဲ

.......။

ရှောက်ရွှမ် လိုက်ဖမ်းရန်ရွေးချယ်လိုက်သည့် လူသည် ရှောက်ရွှမ်ကို အကြိမ်များစွာ ကျိန်ဆဲနေခဲ့သည်။ သူ့အနေဖြင့် အခြားနည်းလမ်း တစ်ခုခုကို အသုံးပြုရန်လိုအပ်နေလေပြီ။

ထိုသူ မြေပြင်ကို လေ့လာလိုက်သည့်အခါတွင် မီးတောက် ဦးချိုများ မျိုးနွယ်စု နယ်မြေထဲတွင် မဟုတ်တော့သည်ကို သိလိုက်သည်။ တောအုပ်သည် ထူထပ်လာခဲ့ပြီး သူ၏ရှေ့တွင်ကြီးမားသည့် တောအုပ်ကြီးရှိနေသည်။

ဒါပဲ.....

ထိုသူပျော်ရွှင်သွားသည်။ သူသည် တောအုပ်ထဲတွင် ပုန်းအောင်းသည့်အရည်အချင်းတွင် အလွန်

ထူးချွန်လေသည်။

မင်းတောအုပ်ထဲမှာ ပုန်းနေယုံနဲ့ မင်းကို ရှာလို့မတွေ့ဘူးလို့မင်းထင်နေတာလား .......။

အခန်း (၅၂၁) လုယက်သူ၏ လျှို့ဝှက်ချက်

ရှေ့တွင်ရှိနေသည့်တောအုပ်သည် ထူထပ်သော်လည်း ထိပ်လန့်ဖွယ်ကောင်းသည့် သားရဲတောအုပ်နှင့်တော့ ကွာခြားနေဆဲဖြစ်သည်။

ထိုနေရာတွင် သစ်ပင်များစွာ ရှိနေသော်လည်း ကြီးမားပြီးရှေးကျသည့် သစ်ပင်များမဟုတ်ကြပေ။ နှစ်ရာကျော်သက်တမ်းရှိသည့် သစ်ပင် အနည်းငယ်သာ ရှိသည်။ထို့အပြင် တောအုပ်အတွင်း၌ လူများ၏ လှုပ်ရှားမှုများကို မတွေ့ရပေ။ အများဆုံးအနေဖြင့် ကုန်သည်များသာ တစ်ခါတစ်ရံ တောအုပ်ကို ဖြတ်သန်းကြပုံပေါ်သည်။

သားရဲများလည်း ရှိမနေကြပေ။ အချို့သေးငယ်သည့် တိရိစ္ဆာန်လေးများသာ ရှိနေခဲ့သည်။

ထိုသူသည် တောအုပ်အတွင်းသို့အလျင်အမြန်ဝင်လာခဲ့လိုက်ပြီး ပုန်းအောင်းရန်နေရာကို လိုက်ရှာလိုက်သည်။ သူ့ပြေးနေသည့် လမ်းကြောင်းသည် သာမန်မဟုတ်ပဲ ခန့်မှန်းရန် ခက်ခဲသည်။ သူသည် တောအုပ်အတွင်း ကွေ့ပတ်ပြေးနေခဲ့လေသည်။

သစ်ရွက်များကြောင့် မြင်ကွင်းမရှင်းတော့သဖြင့် ရှောက်ရွှမ် ထိုသူကို သေချာမမြင်ရတော့ပေ။ သူသည် သစ်ရွက်များ ထိခိုက်မိသံများနှင့် လေတိုးသံကိုသာ အခြေခံ၍ လိုက်ဖမ်းနေရခြင်း ဖြစ်သည်။

ထိုသူသည် ပြေးသည့်နေရာတွင် ဆရာဖြစ်ကြောင်း ရှောက်ရွှမ် သိလိုက်ရသည်။ သူသည် တောအုပ်အတွင်း၌ အသံအနည်းငယ်သာ ထွက်ပြီး လှုပ်ရှားနိုင်သည်။ ကြည့်ရသည်မှာသူကြားနေရသည့်အသံများသည် သူ့အား လမ်းလွဲ

ရန် ထိုသူ တမင်လုပ်နေသည့်အသံများ ဖြစ်ဟန်တူသည်။

ရှောက်ရွှမ် ထိုသူ၏ မီးတောက် မျိုးစေ့ကို အာရုံခံကြည့်ရန် ကြိုးစားလိုက်သည်။ သို့သော်လည်း မီးတောက်မျိုးစေ့သည် ပျောက်ကွယ်နေဟန်ရသည်။

ထူးဆန်းပေသည်။

ရှောက်ရွှမ် အရှိန်ကို နှေးလိုက်ပြီး ရှေ့သို့ဆက်သွားလိုက်သည်။

ရှောက်ရွှမ် တောထဲဝင်လာစဉ်တွင် တောအုပ်ထဲမှ သတ္တဝါငယ်လေးများသည် သစ်ပင်များပေါ်မှ ရှောက်ရွှမ်ကို ငေးကြည့်နေခဲ့ကြသည်။ ရှောက်ရွှမ် ထိုသတ္တဝါငယ်လေးများကို ဂရုစိုက်နေခြင်း မရှိ

ပေ။

သူ့ရှေ့ရှိ ထူထပ်နေသည့် သစ်ရွက်များကြောင့် ရှေ့တွင် မည်သည့်အရာရှိနေသည်ကို တော့ ရှောက်ရွှမ် မပြောတတ်ပေ။ သို့သော်လည်း ရေစီးသံများကို ကြားနေရသဖြင့် မြစ်တစ်ခုခု ရှိနေသည်ဟု ရှောက်ရွှမ် ထင်လိုက်သည်။

မြစ်ကမ်းစပ်တွင် ခိုးဝင်လာသူ ဝတ်ဆင်ထားခဲ့သည့် သားရည် အဝတ်ကို တွေ့လိုက်ရသည်။ အဝတ်နှင့်အတူ ဘောင်းဘီနှင့် ဖိနပ်များကိုလည်း မြင်တွေ့လိုက်ရသည်။

ရှောက်ရွှမ် အနီးကပ်သွားမကြည့်ပဲ မြစ်ကမ်းပေါ်မှသာ ပတ်ဝန်းကျင်ကို လေ့လာလိုက်သည်။

ဤနေရာရှိသစ်ပင်များသည် ပို၍ ကြီးမားပေ

သည်။ လူအနည်းငယ်သာ ဤနေရာသို့‌ေ ရာက်ဖူးသည့်ဟန်ဖြင့် ဤနေရာရှိသစ်ပင်များသည် တောအုပ်အစပ်မှသစ်ပင်များထက် သက်တမ်း ပိုကြီးရင့်ကြသည်။

သစ်ပင်များသည် အလွန်အမင်းမြင့်မားခြင်းမရှိကြပေ။ ရှောက်ရွှမ်သည် နေရာတစ်ခုလုံးကို သေချာ လေ့လာနေခဲ့သည်။

မြေပြင်ကို လေ့လာလိုက်ပြီးသည့်နောက်တွင် ရှောက်ရွှမ် သစ်ပင်များပတ်လည် သွားလာနေလိုက်ပြီး သစ်ကိုင်းများကို မော့ကြည့်လိုက်သည်။ သူသည် တခါတရံတွင် ဘေးပတ်ဝန်းကျင်မှ အသံများကိုလည်း နားထောင်နေတတ်သည်။ ရှောက်ရွှမ် ၏ ခြေသံများမှ လွဲ၍ တောအုပ်သည် တိတ်ဆိတ်နေခဲ့လေသည်။ တစ်ခါတစ်ရံတွင် အဝေးတစ်နေရာမှ ငှက်များ ၏အသံများကို ကြားနေရသည်။

ထိုနေရာတွင် အချိန်အနည်းငယ် ကုန်ခဲ့ပြီးနောက် ရှောက်ရွှမ် ထွက်လာလိုက်သည်။

ရှောက်ရွှမ် ထွက်သွားသည်နှင့် ထိုနေရာသည် ပြန်လည် တိတ်ဆိတ်သွားပြန်သည်။

အချိန်တစ်ခုကြာပြီးနောက် တွင် မြစ်ကမ်းစပ်မှ သစ်ပင်တစ်ပင်အနီးတွင် ငြင်သာသည့် အသံတစ်ခု ထွက်ပေါ်လာသည်။

မြေပြင်မှ မီတာနှစ်ဆယ်ခန့်မြင့်သည့် သစ်ပင်တစ်ပင်ပေါ်တွင် သစ်ကိုင်းကြီး နှစ်ခုရှိနေပြီး ထိုသစ်ကိုင်ငးများကြားမှ မျက်လုံးတစ်စုံကို မြင်တွေ့နိုင်သည်။ မျက်လုံးများသည် ဘေးပတ်ဝန်းကျင်ကို လေ့လာကြည့်ရှုနေခဲ့သည်။

သေချာမကြည့်လျှင် မျက်လုံးများသည် သစ်ပင်၏မျက်လုံးများဟုပင် ထင်ရလောက်သည်အထိ ထိုသူသည် သစ်ပင်နှင့် အလွန်နီးကပ်နေခဲ့လေသည်။ တစ်ခါတရံ ငြင်သာသည့် အသက်ရှုသံများကိုကြား ရသည်။

ထိုသူမှာ ရှောက်ရွှမ်၏ ပစ်မှတ်ပင်ဖြစ်သည်။

ဘေးပတ်ဝန်းကျင်ကို ကြည့်လိုက်ပြီးနောက် ထိုသူသစ်ပင်ပေါ်မှ ခုန်ချလာခဲ့ပြီး ထွက်သွားရန် ပြင်လိုက်သည်။ ခြေလှမ်းနှစ်လှမ်းမျှ လှမ်းလိုက်ပြီးနောက် အန္တရာယ်ရှိသည် ဟူသည့် ခံစားချက်ကို ခံစားလိုက်ရသည်။

ပြေး......

သူ့‌ခြေထောက်များ ဆန့်တန်းသွားပြီး ထွက်ပြေး

ရန် ပြင်ဆင်လိုက်သည်။ သူမပြေးနိုင်ခင်မှာပင် တစ်စုံတစ်ခု သူ့ခြေထောက်များကို ရစ်ပတ်ထားသည်ကို သူခံစားလိုက်ရသည်။ သစ်ပင်ပေါ်မှ နွယ်ကြိုးများသည် မြေပြင်ပေါ်သို့ ပြုတ်ကျနေခဲ့လေသည်။

မျက်တောင်တခတ်အတွင်းမှာပင် သူ့ခြေထောက်များသည် တင်းးကြပ်စွာ တုပ်နှောင်ခြင်းကို ခံလိုက်ရသည်။

သူ့ဓါးကို ဆွဲထုတ်ယူရန် ပြင်လိုက်သော်လည်း အချိန်မရတော့ပေ။ နွယ်ပင်သည် သူ့ခြေထောက်များကို ချုပ်နှောင်ထားပြီး သူထွက်မပြေးနိုင်တော့ပေ။

မဝေးလှသည့်နေရာတစ်ခုဆီမှ ခြေသံများ နီးကပ်လာသည်ကို ကြားရနိုင်သည်။

ခြေသံများကို သူကြားလိုက်ရသဖြင့် ထိုသူ စိတ်ပျက်စွာ သက်ပြင်းချလိုက်သည်။

“ ကောင်းပြီလေ၊ ငါမပြေးတော့ဘူး “ သူ ခေါင်းမော့လိုက်ပြီး နီးကပ်လာနေသည့် ရှောက်ရွှမ်ကို ပြုံးကာ ကြည့်လိုက်သည်။

ရှောက်ရွှမ် ပြန်ပြုံးလိုက်ပြီး လျင်မြန်သည့်လှုပ်ရှားမှုတစ်ခုနှင့်အတူသူ့ဓါးသည် ထိုသူ၏ လည်ပင်းပေါ်သို့ ရောက်နေခဲ့လေပြီ.

“ ကျုပ်ကို မသတ်ပါနဲ့၊ ကျုပ်မှာမကောင်းတဲ့ စိတ်ဆန္ဒတွေ မရှိပါဘူး ....... ကျုပ်က သိချင်ယုံတင်ပါ။ ခင်ဗျားတို့က ဝမ်ရှစ်တွေကို ဖျက်ဆီးခဲ့တယ်လို့ကြားလို့ ကျုပ်ကိုယ်တိုင် လာကြည့်ချင်တာပါ “

ရှောက်ရွှမ် အချိန်မဖြုန်းတော့ပဲ ထိုသူကို ပြောလိုက်သည် “ ထွက်လာခဲ့ “

ထိုသူ မျက်ခုံးများပင့်သွားပြီး မည်သို့မှ ပြန်မပြောတော့ပေ။

အင်းဆက်အချို့နှင့် ငှက်များ၏ အသံများမှလွဲ၍ တောအုပ်သည် တိတ်ဆိတ်နေခဲ့လေသည်။

“ မင်းမထွက်လာရင် အလောင်းကောင် ဖြစ်သွားမယ် “ ရှောက်ရွှမ် ဓါးကို ဝင့်လိုက်ပြီး ပြောလိုက်သည်။

“ ခနလေး “

အသက်အရွယ်မပြောနိုင်သည့် အမျိုးသမီးအသံ

တစ်ခုသည် နောက်ကျောဖက်ဆီမှ ထွက်ပေါ်လာခဲ့လေသည်။

ထိုသူ့ကို ကြည့်ရသည်မှာငယ်‌ရွယ်သေးသော်လည်း ရင့်ကျက်သည့် ဟန်ပန် အပြည့်ဖြင့် ဖြစ်သည်။ သူမ မျက်နှာသည် ရိုးရှင်းလှပြီး မေ့လွယ်သည့် မျက်နှာမျိုးဖြစ်သည်။ သူမသည် မီးတောက် ဦးချို မျိုးနွယ်စု မှ အမျိုးသမီးများ ဝတ်ဆင်ထားသည့်အတိုင်း ဝတ်ဆင်ထားခဲ့သည်။ သူမသည် မီးတောက် ဦးချို မျိုးနွယ်စု မှ အမျိုးသမီးများကဲ့သို့ သားရည် စကတ်နှင့် မီးတောက် ပုံ သဏ္ဌာန် ဝတ်စုံကို ဝတ်ဆင်ထားကာ အရိုး လက်ဝတ်ရတနာများကိုလည်း ဆင်မြန်းထားသည်။ သူမထိုသို့ဝတ်ဆင်ထားသဖြင့် မျိုးနွယ်စုအတွင်း အလွယ်တကူ ဝင်ရောနိုင်ပေမည်။

“ အသိဉာဏ်ရှိတဲ့ လူတွေလို စကားပြောရ‌အောင် ၊ ဘယ်သူကမှ ဘယ်သူ့ကို သတ်စရာမလိုအပ်ပါ

ဘူး “ ထိုအမျိုးသမီးတည်ငြိမ်စွာ ပြောလာခဲ့သည်။ “ ရှင် အခုထိ မသတ်သေးတာကို ကြည့်ရရင် ရှင်လည်း ကျွ်မတို့ အကြောင်းကို စိတ်ဝင်စားတဲ့ပုံပဲ “

ရှောက်ရွှမ် သူ့ဓါးကို ပြန်သိမ်းလိုက်သော်လည်း နွယ်ပင်များကိုမူ ဆုပ်ကိုင်ထားဆဲဖြစ်သည်။

အမျိုးသမီးသည် အဖမ်းခံထားရသည့် လူကို ခေါင်းခါလိုက်ပြီး ကြည့်လိုက်သည်။ ထိုနွယ်ပင်များသည် ရှုပ်ထွေးနေပြီး လွတ်မြောက်ရန်ခက်ခဲနိုင်ကြောင်း သူမသိလိုက်သည်။

ရှောက်ရွှမ် သူတို့နှစ်ယောက် အကြည့်ချင်း ဖလှယ်နေကြသည်ကို မသိချင်ယောင်ဆောင်လိုက်ပြီး မေးလိုက်သည် “ မင်းတို့က ဘယ်သူတွေလဲ၊ မင်းတို့ဘာလို့ မီးတောက် ဦးချိုမျိုးနွယ်စုကို လာခဲ့တာလဲ။ မင်းတို့ သိချင်စိတ်သက်သက်နဲ့

တော့ လာတယ်လို့ ငါမထင်ဘူး။ သေချာပြော မဟုတ်ရင် မင်းခြေထောက် ကို ဆုံးရှုံးရလိမ့်မယ် “

သူ နောက်ပြောင်နေခြင်း မဟုတ်သည်ကို သူတို့နှစ်ယောက်လုံး သိလိုက်ကြသည်။

အခြားနည်းလမ်းမရှိတော့သည်ကို သိလိုက်သဖြင့် ထိုသူ ပြောလိုက်သည် “ လုယက်သူ ဆယ့်တစ်ပါ “

အမျိုးသမီးကလည်း “ လုယက်သူ ဆယ့်နှစ်ပါ “

ထိုသူ ဆက်ပြောလိုက်သည် “ ကျုပ်တို့ မလိမ်ပါဘူး။ ခင်ဗျားကျုပ်တို့ လုယက်သူတွေကို သိလိမ့်မယ်လို့ ထင်ပါတယ်။ ကျုပ်တို့ နာမည်တွေက ကျုပ်တို့ အဆင့်တွေပဲ “

ဤသည်မှာ တစ်ဝက်တစ်ပျက်သာ မှန်သည့် အရာဖြစ်သည်။ သူတို့၏ အဆင့်များသည် လျှို့ဝှက် နာမည်များနှင့် ပုံစံတူသည်။ သူတို့၏ နာမည်အစစ်အမှန်ကို သူတို့ အလွယ်တကူ ထုတ်မပြောတတ်ကြပေ။ သူတို့အချင်းချင်းပင် နာမည် အရင်းများကို သိမထားကြပေ။

ရှောက်ရွှမ် ပြန်မဖြေပေ။ ထို့အစား သူ စိုက်၍သာ ကြည့်နေခဲ့သည်။ သူသည် သူတို့နှင့်ပတ်သက်ပြီး တစ်စုံတစ်ခု ထူးဆန်းနေသည်ကို သတိထားလိုက်မိသည်။

ထိုလုယက်သူများသည် မတူညီသည့် အရှိန်အဝါများ ရှိနေကြသည်ကို သူသိလိုက်သည်။

လုယက်သူများသည် အထူးမျိုးနွယ်စုတစ်ခု ဟု

ပြော၍ ရ‌ကြောင်း သူသိထားပြီးဖြစ်သည်။ သူတို့သည် အခြားမျိုးနွယ်စုများနှင့် မတူညီကြပေ။ သူတို့နေထိုင်သည့် နေရာအတိအကျကိုလည်း မည်သူမှ မသိကြပေ။

လူများစွာသည် သူတို့ကို မုန်းတီးကြပြီး သူတို့ကို လိုက်ရှာရန်ကြိုးစားခဲ့ကြဖူးသည်။ အထးသဖြင့် အဖိုးတန်ပစ္စည်များကို ဆုံးရှုံးလိုက်ရသည့်လူများ ဖြစ်သည်။ သူတိုသည် လုယက်သူများ၏ မီး‌ောက် မျိုးစေ့ကိုပင် ငြိမ်းသတ်ပြီး သူတို့ကို ကမ္ယာပေါ်မှ မောင်းထုတ်ရန်ပင် ကြိုးစားခဲ့ကြဖူးသည်။

သို့သော်လည်း မည်သူမှ မအောာင်မြင်နိုင်ခဲ့ပေ။

မှန်ပေသည်။ သူတို့အောင်မြင်ကြလိမ့်မည် မဟုတ်ပေ။ လုယက်သူများ၏ မီးတောက် မျိုးစေ့ မရှိတော့သည်မှာ အချိန်ကြာလှပြီ

ဖြစ်သည်။

ရှောက်ရွှမ် အစကထင်ထားခဲ့သည်မှာ မီးတောက် ဦးချို မျိုးနွယ်စုသည် မီးတောက် မျိုးစေ့ကို ပထမဆုံးပေါင်းစပ်နိုင်သည့် မျိုးနွယ်စုဟု ထင်ထားခဲ့သည်။ ယခုတွင် ထိုအရာမဖြစ်နိုင်တော့ဟန် တူသည်။

ထို့ကြောင့်ပင် လုယက်သူများသည် အလွန်အမင်းလျှို့ဝှက်နေရခြင်းပင်ဖြစ်ပေမည်။ သူတို့သည် မီးတောက် မျိုးစေ့နှင့်ပေါင်းစပ်နိုင်ပြီး ဖြစ်သဖြင့် အခြားမျိုးနွယ်စုများကဲ့သို့ မီး‌တောက် မျိုးစေ့အနားတွင် စုဝေးနေရန် မလိုအပ်ပေ။ သူတို့သည် လိုအပ်သည့်အချိန်မှသာ လူစုဝေးကြသည့် မျိုးနွယ်စုများ ဖြစ်ကြသည်။

မည်သူမှ သူတို့၏ မျိုးနွယ်စုကို ခြေရာမခံနိုင်သည်မှာ အံ့သြစရာတော့ မဟုတ်တော့ပေ။

“ မီးတောက် ဦးချိုမျိုးနွယ်စုဆီကနေ မင်းတို့ဘာခိုးသွားသေးလဲ “ ရှောက်ရွှမ် မေးလိုက်သည်။

“ ဘာမှမခိုးပါဘူး။ ငါတို့ အဖမ်းခံရတော့ ဘာမှကို မလုပ်ရသေးဘူး “ လုယက်သူ ဆယ့်တစ်က ပြောလိုက်သည်။ သူသသည် အမှန်အတိုင်းပြောနေခြင်း ဖြစ်သည်။

“ မင်းတို့နှစ်ယောက်အပြင် တခြားလူတွေ ရှိသေးလား “ ရှောက်ရွှမ် မေးလိုက်သည်။

“ ငါမသိဘူး။ ငါတို့ တစ်ယောက်ရဲ့ အစီအစဉ်ကို တစ်ယောက်မသိကြဘူး ။ ငါတို့ ကိုယ်ပိုင် လှုပ်ရှားကြတာ “ လုယက်သူ ဆယ့်တစ်ပြန်ဖြေလိုက်သည်။

“ မင်းတကယ်မသိတာလား ။ မင်းက တစ်စုံတစ်ခုကို မြုပ်နှံထားတဲ့အိမ်ကို သွားခဲ့သေးတယ်လေ “ ရှောက်ရွှမ် ထပ်မေးလိုက်သည်။

လုယက်သူ ဆယ့်တစ်နှင့် ဆယ့်နှစ်တို့၏ အမူအယာများ ပြောင်းလဲသွားကြလေသည်။ သူတို့ တစ်စုံတစ်ခုကို မြုပ်နှံခဲ့သည်ကို သူမည်သို့သိနေသနည်း။ မီးတောက် ဦးချို မျိုးနွယ်စုသည် တစ်စုံတစ်ခုကို သတိပြုထားမိပြီးဖြစ်နေသလော.........။

“ အဲ့ဒီ လုယက်သူ ခုနှစ်ပါ “ သူတို့နှစ်ယောက်ဖုံးကွယ်ရန် မကြိုးစားကြ‌တော့ပေ။ သူတို့သည် လုယက်သူ ခုနှစ်ကို ပစ္စည်းမြုပ်နှံထားသည့်နေရာကို ပြောပြခဲ့ကြသည်။ ဖြစ်နိုင်သည်မှာ ထိုနေရာသို့ သွားလိုက်သည့်လူသည် လုယက်သူ ခုနှစ်ပင် ဖြစ်လိမ့်မည်။

ခုနှစ်ဟုတ်လား ...... ထိုသူသည် ဤနှစ်ယောက်ထက် အဆင့်မြင့်ပေသည်။ သူတို့ ၏ တုံ့ပြန်မှုများ မြန်ဆန်နေရခြင်းသည် အံ့သြစရာတော့ မဟုတ်တောပေ။

“ မင်းတို့မြုပ်နှံထားတဲ့ ပစ္စည်းကို ဘယ်ကနေ ခိုားလာခဲ့တာလဲ “ ရှောက်ရွှမ် မေးလိုက်သည်။

သူတို့ နှစ်ယောက် ပြန်မဖြေပဲ အကြည့်ချင်းဖလှယ်လိုက်ကြသည်။

“ တကယ်လို့ မင်းတို့သာ ရိုးသားမယ်ဆိုရင် ငါမင်းကို ပြန်လွတ်ပေးမယ် “

“ တကယ်ပဲလား “ သူတို့နှစ်ယောက် ရှောက်ရွှမ်ကို ကြည့်လိုက်သည်။ သူ့စကားများထဲမှ အမှန်

တရားကို သူတို့မြင်နိုင်ပုံပေါ်သည်။

“ တကယ်ပေါ့ “

အခန်း (၅၂၂) လိုဏ်ဂူထဲမှလူများ

ရှောက်ရွှမ် သူတို့နှစ်ယောက်နောက်မှ နီးကပ်စွာလိုက်လာခဲ့သည်။

လုယက်သူဆယ့်တစ်နှင့် ဆယ့်နှစ်တို့၏ အဆိုအရ သူတို့နှစ်ယောက် မီးတောက်ဦးချို မျိုးနွယ်စုနှင့်မနီးမဝေးတွင် ပုန်းအောင်းနေကြစဉ် လျှို့ဝှက် မြေအောက် လိုဏ်ဂူတစ်ခုကို တွေ့ရှိခဲ့ကြသည်ဟု ဆိုသည်။

သူတိူ့သည် ကူမျိုးနွယ်စုသို့သွားပြီး ပြန်လာကြသည့် မီးတောက်ဦးချို မျိုးနွယ်စုနောက်သို့ လိုက်နေခဲ့ခြင်း ဖြစ်သည်။ အစပိုင်းတွင် သူတို့သည် ထိုသူများထံမှ ပစ္စည်းများကို ခိုးယူရန် ကြံစည်ခဲ့ကြခြင်း ဖြစ်လေသည်။ ထို့နောက် တွင် ပစ္သည်းများကို ဖွက်ထားရန် နေရာရှာရင်းနှင့်မှ မြေအောက်လိုဏ်ဂူကို တွေ့လိုက်ရခြင်း ဖြစ်သည်။

မြေအောက်လိုဏ်ဂူများသည် အသုံးဝင်သဖြင့် မျိုးနွယ်စုများသည် မြေအောက်လိုဏ်ဂူများကို တူးဖော်သည့် အလေ့အကျင့်ရှိတတ်ကြသည်။ အချို့ကို ပစ္စည်းများသိုလှောင်ရန်အတွက် အသုံးပြုတတ်ကြပြီး အချို့ကို တိုက်ပွဲများဖြစ်လျှင် ပုန်းအောင်းစရာ နေရာအဖြစ် အသုံးပြုတတ်ကြသည်။ သူတို့တွေ့ရှိခဲ့သည့် လိုဏ်ဂူသည် ရွေ့ပြောင်းသွားသည့် သို့မဟုတ် မတည်ရှိတာ့သည့် မျိုးနွယ်စုတစ်ခုခု၏ လိုဏ်ဂူဖြစ်နိုင်ပေသည်။

ထိုဂူသည် တောအုပ်အနက်ပိုင်းတွင် လုံခြုံစွာတည်ရှိနေခဲ့သည်။ လူသားများ၏ ခြေရာလက်ရာများကို မမြင်ရသဖြင့် ထိုလိုဏ်ဂူကို စွန့်ပစ်ထားသည်မှာ အချိန်အတန်ကြာခဲ့ပြီးဖြစ်ကြောင်း သိနိုင်သည်။ လုယက်သူများသာ မတွေ့ခဲ့ပါက ထိုလိုဏ်ဂူကို ယခုအချိန်အထိ ရှာတွေ့လိမ့်မည်

မဟုတ်ပေ။

လိုဏ်ဂူနေရာကို ပြောပြပေးပြီး ခေါ်သွားပေစပါက လုယက်သူနှစ်ဦးကို လွှတ်ပေးမည် ဖြစ်ကြောင်း ရှောက်ရွှမ်ကတိပေးလိုက်သည်။

လုယက်သူဆယ့်တစ်နှင့် ဆယ့်နှစ်တို့သည် လျင်မြန်သော အပြေးသမားများဖြစ်ကြလေသည်။ သူတို့ကို မကြာခန လူအများမြငိတွေ့ကြသော်လည်း မှီအောင် လိုက်မဖမ်းနိုင်ကြပေ။ ထို့ကြောင့် ရှောက်ရွှမ်၏ အပေးအယူကို သိလိုက်သည့်အခါတွင် လိုဏ်ဂူကို လိုက်ပြရန် သူတို့ ရွေးချယ်လိုက်ကြသည်။

သူတို့နှစ်ယောက်သည် ဇနီးမောင်နှံများဖြစ်ကြသဖြင့် တစ်ဦးအဖမ်းခံရပါက ကျန်တစ်ဦးမှ ချန်ထားခဲ့လိမ့်မည် မဟုတ်ပေ။ လုယက်သူဆယ့်နှစ်သည်လည်း ရှောက်ရွှမ် သူမ ယောကျာ်းကို

သတ်ဖြတ်မည်ကို စိုးရိမ်နေပေသည်။

“ ဒီနား တစ်ဝိုက်မှာပဲ၊ ငါမှတ်မိတယ်” လုယက်သူ ဆယ့်တစ် ပြောလိုက်သည်။

သူသည် နွယ်ကြိုးများထံမှ လွှတ်မြောက်နိုင်ရန်အတွက် သူ့ဓါးကို အသုံးပြုမှသာ ဖြစ်နိုင်ပေမည်။ သူရုန်းကန်လေလေ နွယ်ကြိုးများသည် သူ့ခြေထောက်ကို ပိုမိုတင်းကြပ်စွာ ချည်နှောင်ထားမိလေလေဖြစ်နေသည်။ သူ့ခြေထောက်များသည်ပင် ထုံထိုင်းနေခဲ့ပြီ ဖြစ်သည်။ သူသာ ဒုက္ခိတ ဖြစ်သွားခဲ့လျှင် သူ့ယုံကြည်ချက်များသည် ကျဆင်းသွားလိမ့်မည် ဖြစ်သည်။ သူ့အဆသ့်သာ်လည်း တက်လာနိုင်စရာ အကြောင်းမရျှိတာ့ပဲ နံပါတ် ဆယ့်တစ်နေရာတွင်သာ အမြဲရှိနေတော့မည် ဖြစ်သည်။ သူသာ အဆင့်မြင့်တက်နိုင်ပါက လျှို့ဝှက်ချက်များကို ပိုသိနိုင်ခြင်း၊ ဆုလာဘ်များကို ပိုရနိုင်ခြင်းနှင့် သူ့မျိုးနွယ်စုတွင် လေးစားမှုပိုရခြင်း ရသည့်ကောင်းကျိုးများ ရှိနိုင်ပေသည်။

ထို့ကြောင့်သူသည် သူ့ခြေထောက်ကို ဆုံးရှုံးမခံနိုင်သဖြင့် ကျေကျေနပ်တပ်နှင့် ရှောက်ရွှမ်နှင့်ပူးပေါင်းရန် သဘောတူလိုက်ခြင်းဖြစ်သည်။ ရှောက်ရွှမ်‌အနေဖြင့် ကတိကို တည်မည်ဟုလည်း သူမျှော်လင့်နေခဲ့သည်။ လုယက်သူဆယ့်တစ်သည် ရှောက်ရွှမ်ကို စတင်မြင်ဖူးခဲ့သည့် အချိန်ကိုပြန်တွေးမိသွားသည်။ လွန်ခဲ့သော နှစ်နှစ်ခန့်က ရှောက်ရွှမ်သည် ဤမျှလောက် သန်မာခြင်းမရှိပေ။

“ ကောင်းပြီလေ” ရှောက်ရွှမ် နောက်တစ်ကြိမ် ဤနေရာသို့လာပါက လမ်းပြပေးမည့်သူ မပါလာနိုင်တော့သည်ကို သိနေသဖြင့် ပတ်ဝန်းကျင်ကို သေချာ လေ့လာမှတ်သားနေခဲ့၏။

သူ့နောက် လိုင်နေခဲ့သည့် အစောင့်များသည် သူ့သတင်းပို့ချက်ကို ရလိုက်သဖြင့် မျိုးနွယ်စုထံသို့ ပြန်သွားကြလေသည်။ ကောင်းကင်ထက်မှ

လိုက်ပါလာခဲ့သည့် မျိုးနွယ်စုများသည်လည်း တောအုပ်အတွင်းရောက်သည်နှင့် ရှောက်ရွှမ်တို့ကို မျက်ခြေ ပြတ်သွားကြသည်။

ယခုတွင် သူတို့နောက်သို့ လိုက်နေသည့် မည်သူမှ မရှိတော့ပေ။

ဤအခြေအနေသည် လုယက်သူနှစ်ယောက်တို့အတွက် အခြေအနေကောင်းပင်ဖြစ်သည်။ သို့သော်လည်း သူတို့ ထိုသို့မခံစားရပေ။ ထို့အစားသူတို့နှစ်ယောက် ပို၍ သတိထားလာကြသည်။

ရှောက်ရွှမ်ထံတွင် သူတို့နှစ်ယောက်လုံးကို ရင်ဆိုင်ရန်အတွက် ယုံကြည်ချက်နှင့် စွမ်းအားများရှိနေသည် မဟုတ်ပေလော။

သူ့ခြေထောက်ဆုံးရှုံးရမည်ကို ကြောက်

သည့်အတွက် လုယက်သူသည် ပို၍သတိထားရန်သာ ဆုံးဖြတ်လိုက်သည်။ ဤလူငယ်ကိုပြန်လည်တိုင်ခိုက်ခြင်းသည် ကောင်းသည့်‌ရွေးချယ်မှုမဟုတ်ဟု သူခံစားနေရသည်။

“ အဲ့ဒီမှာပဲ”

လုယက်သူ ဆယ့်တစ် နေရာတစ်ခုကို ညွှန်ပြလိုက်သည်။ ထို့နောက် ရှောက်ရွှမ်ထံတွင် သူ့အားသတ်ဖြတ်လိုသည့် ဆန္ဒရှိနေမနေ အကဲခတ်လိုက်သည်။

သေးငယ်သည့်တောင်ကုန်းလေးနှစ်ခု အကြားတွင် မြက်ခင်းပြင်လေးတစ်ခုရှိနေသည်ကို ရှောက်ရွှမ် သတိပြုလိုက်မိသည် ။

လုယက်သူ ဆယ့်နှစ်သည် လက်ထဲတွင် ဓါးကို

ကိုင်ထားပြီး တုံ့ဆိုင်းစွာဖြင့် လျှောက်လာခဲ့သည်။

သူတို့နှစ်ယောက်တွင် သီးသန့်အမှတ်အသားများ ရှိနေခဲ့ပြိး သူတို့နှစ်ယောက်သာ သိပေသည်။ ထို့ကြောင့် လိုဏ်ဂူနေရာကို အလွယ်တကူပင် ရှာတွေ့နိုင်ခဲ့ကြ၏။

တစ်မီတာခန့်ရှိသည့် ကျောက်တုံးကြီးတစ်တုံး ရှိနေသည့်နေရာမှ မြေကြီးများကို သူမ တူးဆွလိုက်သည်။

ကျောက်တုံးသည် လေးလံလှသဖြင့် သူမ ကျောက်တုံးကို ဖယ်မရန် အချိန်တစ်ခုပေးလိုက်ရသည်။ သူတို့သည် ပြေးလွှားခြင်းတွင် လျှင်မြန်လှသော်လည်း အလေးအပင်များမရာတွင်မူ အားနည်းပေသည်။

ရှောက်ရွှမ်အနည်းငယ် ကူညီပေးလိုက်သဖြင့် ကျောက်တုံးကို မနိုင်သွားသည်။

လုယက်သူနှစ်‌ယောက်တို့ မီး‌တောက်ဦးချို မျိုးနွယ်စု၏ ခွန်အားကို အထင်ကြီးမိသွားကြသည်။

“ အဲ့ဒီအောက်မှာပဲ”

အကြည့်ချင်း ဖလှယ်လိုက်ကြပြီးနောက် လုယက်သူနှစ်ယောက်တို့ အရင်ခုန်ဝင်လိုက်သည်။

လိုဏ်ဂူသည် နက်ရှိုင်းသော်လည်း ရှည်လျားခြင်းတော့ မရှိနေပေ။ အတွင်းခန်းသည် ရှစ်ဆယ် စတုရန်းမီတာခန့် ကျယ်ပြန့်သည်။ လိုဏ်ဂူအအိုးကို ကျောက်တုံးတိုင်များမှ ထောက်ကူပေးထားသည်။

ခြေလှမ်းအနည်းငယ်မျှဖြင့် လိုဏ်ဂူတစ်ခုလုံးကို ရှောက်ရွှမ် ခြုံကြည့်လိုက်နိုင်သည်။

လုယက်သူဆယ့်နှစ် ရေလကျောက်တုံး၏ အလင်းရောင်ဖြင့် လိုဏ်ဂူကို လင်းထိန်စေလိုက်ပြီး နံရံတွင် မှီနေခဲ့သည့် အရိုးခြောက် သုံးခုကို ညွှန်ပြလိုက်သည်။

“ ကျွန်မတို့ အဲ့ဒီအရိုးခြောက်တွေဆီကလည်း ပစ္စည်းတွေရခဲ့တယ်”

သူတို့သည် သက်ရှည်သစ်ရွှက်၏ အမည်ကို ရှောက်ရွှမ်မပြောသဖြင့် မသိကြပေ။ ပစ္စည်း ဟူသည့် အကြမ်းဖြင်း နာမည်ဖြင့်သာ ပြောလိုက်သည်။ သူတို့သည် ထိုပစ္စည်းဖြင့် အဆင့်တစ်အတွင်းဝင်နိုင်သော်လည်း မဝင်ပဲ မီးတောက်ဦးချို မျိုးနွယ်စုအတွင်း ဖွက်ထားမိခဲ့သဖြင့် နောင်တရနေခဲ့သည်။

မီးတောက်မျိုးနွယ်စုက လူရိုင်းတွေက သက်ရှည်သစ်ရွှက်ရဲ့ တကယ့်တန်ဖိုးအစစ်အမှန်ကို သိပါ့မလား…..။ သူတို့မသိရင် အကောင်းဆုံးပဲ။ အခွင့်အရေးရရင် မျိုးနွယ်စုဆီကို ထပ်ခိုးဝင်ပြီးတော့ သစ်ရွက်ကို ပြန်ခိုးလို့ ရနိုင်တယ်….။ ကံမကောင်းသည်မှာ သူတို့သည် ရှောက်ရွှမ်၏ ရည်မှန်းချက်အစစ်အမှန်ကို မသိနေကြခြင်းဖြစ်သည်။

အရိုးစုများ၏ အဝတ်အစားများသည် မှတ်မိနိုင်ခြင်းမရှိလောက်သည် အထိ ဆွေးမြေ့နေပြီ ဖြစ်သည်ကို ရှောက်ရွှမ် သတိပြုလိုက်မိသည်။ ထိုသူများကို မမှတ်မိနိုင်တော့သော်လည်း သူတို့၏ အရိုးအဆစ်များအရ သူတို့ခေတ်အခါတွင် သန်မာသည့် စစ်‌သည်တော်များ ဖြစ်ခဲ့ပေလိမ့်မည်။

သူ သက်ရှည်သစ်ရွှက်ကိုတွေ့ခဲ့သည့် သစ်သား ကုဗတုံးကို ရှောက်ရွှမ်သတိရလိုက်မိသည်။ သစ်သားတုံးသာ် အရောင်ပြောင်းလဲသွားပြီ ဖြစ်သော်လည်း ဆွေးမြေ့သွားခြင်းမရှိပေ။ အဆင့်မြင့်သစ်သားဖြစ်သဖြင့် နှစ်ထောင်ပေါင်းများစွာ ကြံ့ကြံ့ခံနိုင်ဟန်တူသည်။ အတွင်းမှ သစ်ရွှက်သည်ပင် လတ်လတ် ဆတ်ဆတ် ခူးယူထားသည့် အတိုင်း လတ်ဆတ်နေဆဲ ဖြစ်သည်။

သစ်ရွက်ပေါ်တွင် ရေးထားသည့် ကြိုးထုံး ဂမ္ဘီရ ပညာကို အချိန်အတော်ကြာကပင် ယိမျိုးနွယ်စုက မှတ်တမ်းတင်ထားခဲ့ခြင်း ဖြစ်သည်။ ထိုအချက်ကို ဘုရင် မြို့တော်ထံသို့ ရှောက်ရွှမ်သွားခဲ့စဉ်က အတည်ပြုထားပြီး ဖြစ်သည်။ ပင်လယ်တဖက်ကမ်းတွင် ရှိနေသဖြင့် ထိုအရာကို လူများက နှစ်ထောင်ပေါင်းများစွာက ယူဆောင်လာခဲ့ခြင်း ဖြစ်ရပေမည်။

အရိုးစုများ၏ အနေအထားကိုကြည့်လိုက်ပြီး

ရှောက်ရွှမ် လုယက်သူနှစ်ယောက်ကို မေးလိုက်သည် “ မင်းတို့အရင်တစ်ခေါက်လာတုန်းက အရိုးစုတွေကို ထိထားသေးလား”

အကြည့်ချင်းဖလှယ်နေကြသည့် လုယက်သူနှစ်ယောက်တို့ ရှောက်ရွှမ်၏ ရုတ်တရက် အမေးကြောင့် ထိတ်လန့်သွားလေသည်။

“ မထိဘူး၊ ကျုပ်တို့ ပစ္စည်းတွေရှာဖို့ နေရာ‌နည်းနည်း ရွေ့တယ် ပြီးတော့ နဂိုလ် မူလပုံစံအတိုင်းပြန်ထားပေးခဲ့တယ်” သူတို့သည် ပစ္စည်းများခိုးယူရန် ရောက်လာခဲ့ကြသော်လည်း နှစ်ပေါင်းများစွာကြာနေပြီ ဖြစ်သည့် အရိုးစုများကိုမူ လေးစားမှုဖြင့် ဆက်ဆံ ခဲ့ကြလေသည်။

အရိုးစုသုံးခုတို့သည် တစ်စုံတစ်ခုကို ကြည့်နေသည့် ပုံစံဖြင့် အရပ်မျက်နှာတစ်ခုဆီသို့ ကြည့်နေခဲ့ကြသည်။

သူတို့ကြည့်နေပုံရသည့်ဖက်ကို ရှောက်ရွှမ်ကြည့်လိုက်ရာတွင် ကျောက်တုံးတိုင်လုံးတစ်ခုကို မြင်တွေ့လိုက်ရ၏။

ထိုတိုင်လုံးပေါ်တွင် စာလုံးများစွာနှင့် ပုံစံများစွာကို ရေးထွင်းထားသည်။ ထိုအရာများကို မူလနေထိုင်ခဲ့သည့် မျိုးနွယ်စုမှ ပြုလုပ်ထားခဲ့ပုံပေါ်သည်။ စကားလုံးများနှင့် ပုံစံများမှာမူ ရှုပ်ထွေးနေသည်။ ထို့ကြောင့် လုယက်သူနှစ်ယောက်တို့သည် ထိုအရာများကို ဂရုမစိုက်နိုင်ခဲ့ကြပေ။

တိုင်လုံးပေါ်မှ ပုံစံသည် သစ်ပင်တစ်မျိုးနှင့်တူနေပြီး ထိုအရာကို ယခင်က မြင်ဖူးခဲ့သည့် ရှောက်ရွှမ် ရုတ်တရက် ရင်ထိတ်သွားသည်။

ထိုအရာမှာ ဘုရင်မြို့တော် ကျိမိသားစု၏ မျိုးနွယ်စုအမှတ်အသား ဖြစ်သည်။ ထိုအရာသည် ရှေးဟောင်းကျိမျိုးနွယ်စု အမှတ်အသားပင်တည်း။

ကျိမိသားစုနှင့် ယိမိသားစုတို့သည် ပင်လယ်တဖက်သို့ အရင်ဦးစွာရောက်လာခဲ့ကြသည့် မျိုးနွယ်စုများ ဖြစ်ကြလေသည်။ ထို့အပြင် မုမိသားစုလည်း ရှိသေးသည်။ သို့သော်လည်း မု မိသားစုသည် ရှီမိသားစုအဖြစ် နာမည်ပြောင်းခဲ့ပြီး ကျိမိသားစုပျောက်ကွယ်သွားလျိန်တွင် သဲကန္တာရကို ထိန်းချုပ်ခဲ့သည်။ ထိုနေရာသို့ ရောက်လာကြသည့်လူများထဲတွင် အတွင်းကြိတ် တိုက်ပွဲများးစွာ ဖြစ်ပွားခဲ့၏။ ကျိမိသားစုမှ လူသုံးယောက်သည် ယိမိသားစုမှ သစ်ရွှက်ကို ခိုးယူလာခဲ့ပြီး ဤနေရာတွင် ဘာလာလုပ်နေသနည်း…..။

နှစ်ထောင်ပေါင်းများစွာ ကုန်လွန်ခဲ့ပြီ ဖြစ်သဖြင့် ရှောက်ရွှမ်အနေဖြင့် ထိုအကြောင်းအရာများကို မ

သိနိုင်တော့ပေ။

ရှောက်ရွှမ် ဘေးပတ်ဝန်းကျင်ကို ကြည့်လိုက်သော်လည်း မည်သည့် သဲလွန်စကိုမှ မတွေ့ရတော့ပေ။

သူတို့အပြင်ပြန်ထွက်လာသည့် အချိန်တွင် ရှောက်ရွှမ်သည်။ လုယက်သူ ဆယ့်တစ်မေးသည့် မေးခွန်းများအားလုံးကို လျစ်လျုရှုထားခဲ့သည်။ ထို့နောက် ကတိအတိုင်း သူ့ကို လွတ်ပေးလိုက်သည်။

လွတ်လပ်သွားသည့် အခါတွင် လုယက်သူနှစ်ယောက်တို့ မေးခွန်းများကို ထပ်မမေးတော့ပဲ ထွက်သွားလိုက်ကြသည်။

ပုံရိပ်နှစ်ခုတို့ ပြေးလွှားပြီး လိုဏ်ဂူထဲပြန်ဝင်သွား

သည်ကို ရှောက်ရွှမ်တွေ့လိုက်ရသည်။

ကျိ မိသားစုတွင် အခြားဓလေ့ထုံးစံများ ရှိနေသေးသည်။

သူတို့သည် သူတို့၏ လိုဏ်ဂူများထဲတွင် အစေ့အဆန်များကို သိုလှောင်ထားတတ်သည်။ ဤအရိုးစုများကို ကြည့်ရသည်မှာ သူတိူ့၏သေဆုံးခြင်းအတွက် ပြင်ဆင်ထားဟန်တူသည်။ သူတို့က ဓလေ့ထုံးစံတွေကို လိုက်နာ ဦးမလား….။

ရှောက်ရွှမ် လိုဏ်ဂူကို စစ်ဆေးကြည့်ခဲ့သော်လည်း မည်သည့်အစေ့အဆန်ကိုမှ မတွေ့ခဲ့ရပေ။ ထိုအရာများသည် ဖုံမှုန့်များဖြစ်သွားခြင်း သို့မဟုတ် တိရိစ္ဆာန်များ၏ စားသုံးခြင်းကို ခံလိုက်ရပုံပေါ်သည်။ သို့သော်လည်း ထိုကိစ္စကို ရှောက်ရွှမ်စိတ်ထဲထားမနေတော့ပေ။ ထုံးစံအရ ကျိမိသားစုသည် အစေ့အဆန်များကို ထည့်စရာ အိုးများဖြင့် ထည့်ထားလိမ့်မည် ဖြစ်သည်။

သို့သော်လည်း ထိုနေရာတွင် မည်သည့် အိုးခွက်မှ မတွေ့ခဲ့ပေ။

ထိုသူများသာ သူတို့သေဆုံးမည်ကို သိခဲ့လျှင် မျိုးနွယ်စုထံ မပြန်နိုင်တော့မည်ကို သိခဲ့လျှင် သူတို့ မည်သို့ လုပ်မည်နည်း……

All Chapters