← Chapters

အခန်း (၅၂၃-၅၂၅)

Vol. 35 Ch. 523-525

အခန်း (၅၂၃-၅၂၅)

Vol. 35 Ch. 523-525

အခန်း (၅၂၃) ကောင်းကင်၏ သွေးကြောများ

လိုဏ်ဂူထဲတွင် မဟုတ်လျှင် အခြားနေရာများတွင် ပြန့်ကျဲနေလေသလော......။

သိလိုစိတ်ပြင်းပြစွာဖြင့် ရှောက်ရွှမ် အနီးပတ်ဝန်းကျင်ကို ရှာကြည့်လိုက်သည်။ သူသည် အစေ့အဆန်များနှင့်တူသည့် အပင်တချို့ကို တွေ့လိုက်သည်။ သို့သော်လည်း ထိုအပင်များသည် ကျိမိသားစု စိုက်ပျိုးလေ့ရှိသည့် အပင်များ မဟုတ်ကြပေ။ ထိုအပင်များသည် ကုန်းမြေ၏ သဘာဝပေါက်ပင်များနှင့်သာ တူနေသည်။ သူသည် ထိုအပင်များကို ဤကုန်းမြေတွင် မကြာခနတွေ့ဖူးခဲ့သည်။ အချို့လူမျိားပြောဖူးသည်ကို သူအမှတ်ရလိုက်သည်။ မျိုးနွယ်စုများ ဤနေရာသို့ ရောက်စဉ်က စိုက်ပျိုးသည့် အပင်များရှိခဲ့သော်လည်း နောက်ပိုင်းတွင် မျိုးနွယ်စုများသည် သီးနှံပိုထွက်ပြီး ဤကုန်းမြေနှင့်အဆင်ပြေသည့် သီးနှံများကိုသာ ပြောင်းလဲစိုက်ပျိုးခဲ့ကြသည်ဟု

ဆိုသည်။ မူလ သီးနှံများသည် လူများ၏မေ့လျော့ခြင်းကို ခံခဲ့ရသည်။

သူသာ ယခင် နှစ်ထောင်ပေါင်းများစွာကစိုက်ပျိုးခဲ့ဖူးသည့် သီးနှံပင်များကို မြင်ရလျှင်လည်း ထူးဆန်းနေတော့မည် မဟုတ်ပေ။ ဤလိုဏ်ဂူထဲတွင်လည်း ထိုသီးနှံများကို မြင်တွေ့ချင်မြင်တွေ့ရနိုင်သည်။

သို့သော်လည်း နှစ်တစ်ထောင် ကြာမြင့်ခဲ့ပြီ ဖြစ်သဖြင့် ကျိမိသာစု၏ သီးနှံများကို မမြင်တွေ့နိုင်တော့ပေ။

အချိန်တစ်ခုကြာပြီးနောက် ရှောက်ရွှမ် မည်သည့်အရေးပါသည့် ပစ္စည်းကိုမှ ရှာမတွေ့ခဲ့ပေ။

ထိုကျိမိသားစုမှ အရိုးစုများသည် သူတို့နှင့်အတူ မည်သည့်အရာကိုမှ မယူဆောင်လာခြင်းပေလော။ မဟုတ်လျှင် သီးနှံမျာသည့် ပုပ်သိုးသွားခြင်းပေလော။

မဟုတ်လျှင် တစ်စုံတစ်ယောက် ဤနေရာသို့ရောက်လာခဲ့ပြီး ယူဆောင်သွဦးခြင်းပင် ဖြစ်လေသလော။

မဖြစ်နိုင်ပေ။ လုယက်သူ နှစ်ယောက်တို့သည့် ဤနေရာသို့ လွန်ခဲ့သည့်နှစ်များ အတွင်းရောက်လာဖူးကြသည်။ အကယ်၍ တစ်စုံတစ်ယောက်သာ ဤနေရာသို့ အရင်ရောက်လာခဲ့လျှင် သက်ရှည်သစ်ရွှက်သည် ဤနေရာတွင် ရှိနေတော့မည် မဟုတ်‌ပေ။

ငါများမှားနေတာလား

ရှောက်ရွှမ် လိုဏ်ဂူအဝတွင် မတ်တပ်ရပ်နေလိုက်ပြီး ပတ်ဝန်းကျင်ကိုလေ့လာလိုက်ပြန်သည်။

ထိုနေရာတွင် ခြုံနွယ်ပိတ်ပေါင်းများ ထူထပ်နေပြီး သူအမည်မသိသည့် အပင်များစွာလည်း ရှိနေခဲ့သည်။ သစ်ပင်များများစွာ ရှိမနေခဲ့ပဲ ညိုးနွမ်းနေသည့် အပင်တချို့ကိုသာတွေ့နိုင်သည်။ နေရာတစ်ခုလုံးသည် ဗလာကျင်းနေသည်ဟုပင် ပြော၍ရသည်။

ဤနေရာတွင် အခြားနေရာများထက် သစ်ပင်များနည်းပါးလေသည်။ ခြုံနွယ်များသာ ထူထပ်နေခြင်းဖြစ်သည်။

ရွှေကောက်ပဲသီးနှံကို မြုပ်နှံခဲ့သည့်နေရာကို ရှောက်ရွှမ် အမှတ်ရလိုက်သည်။ ထိုနေရာသည် အာဟာရများ စုပ်ယူခံထားရသဖြင့် သစ်ပင်များ ညိုးခြောက်နေလေ့ရှိသည်။ ထိုနေရာတွင် စပါး

စေ့ ကို မြုပ်နှံထားကြောင်း ထိုအချက်ဖြင့် သိနိုင်သည်။

ဟုတ်တယ်၊ ဒီနေရာမှာ တစ်ခုခုတော့ ရှိနေရမယ် ။

ရှောက်ရွှမ် နေရာတစ်ဝိုက်ကို သေချာလေ့လာလိုက်ပြန်သည်။ သို့သော်လည်း ဤတစ်ကြိမ်တွင် သူသည် ခြုံနွယ်များကို ကြည့်ရှုခြင်း မရှိတော့ပေ။ ထို့အစား သူနေရာတစ်ခုလုံးကို ခြုံကြည့်လိုက်သည်။ ထို့နောက် သူ့ခြေသလုံးထက် မြင့်သည့်အပင်တစ်ခုပေါ်တွင် သူ့အကြည့်များရောက်သွားလေသည်။

သူ ယခင်က ထိုအပင်ကို သတိမပြုမိခဲ့‌ပေ။ ထိုအပင်ကို ကြည့်ရသည်မှာရင်းနှီးနေဟန် ပေါ်သည်။

ရှောက်ရွှမ် သည် တော်အုပ်နှင့်ရင်းနှီးပြီး အပင်အမျိုးအစားပေါင်းများစွာကို မြင်ဖူးထားသူဖြစ်သည်။ ဤပင်သည် သာမန်မြင်နေကြ အပင်မဟုတ်ပေ။ သူစဉ်းစားလိုက်ပြီးနောက် ထိုအပင်သည် ကျိမိသားစု လယ်ကွင်းများတွင် စိုက်ပျိုးလေ့ရှိသည့် အပင်ဖြစ်နိုင်ကြောင်း သူတွေးမိလိုက်သည်။

သူ ကျိမိသားစုထံသွားလည်ခဲ့စဉ်က သူလယ်ကွင်းများထံ ရောက်ဖူးခဲ့ပြီး သူတို့ စိုက်ပျိုးနေသည့်အပင်များကို မြင်ဖူးခဲ့သည်။ အချို့သေသာ အပင်များသည် အထူးအသုံးပြုရန်အတွက် ဖြစ်ကြသည်။

သူတို့ထဲမှ တစ်ခုကို “ ကောင်းကင်၏သွေးကြောများ “ ဟု ခေါ်လေသည်။ ရွှေရောင် လယ်ကွင်းများထဲတွင် ကြီးမာလေးလံသည့် ကုန်းမြေများပေါ်တွင် ထိုအပင်ကို စိုက်ပျိုးတတ်ကြလေသည်။ ကျွန်များသည် ထိုအပင်များ ရှိနေသည့်

လယ်ကွင်းထဲသို့ သွားခွင့်မရကြပေ။ ရှောက်ရွှမ် ထိုလယ်ကွင်းများထံ ရောက်သွားသောလည်း ကျိမိသာစုဝင်များသည် သူ့အား မောင်းထုတ်ခဲ့ကြသည်။

ရွှေရောင်လယ်ခင်းများသည် သူတို့၏ ကောက်ပဲသီးနှံများကြောင့် နာမည်ကျော်ကြားလေသည်။ ပိုင်ရှင်များသည် မတူညီသည့် ကောက်ပဲသီးနှံများကို စိုက်ပျိုးလေ့ ရှိကြသည်။ ရှောက်ရွှမ်သည် ကောင်းကင်သွေးကြောများ အပင်၏ပုံစံကိုပင် မေ့လျောလုဆဲဆဲ ဖစ်နေပြီ ဖြစ်သည်။

သူယခုကြည့်နေခဲ့သည့် ကောက်ပင်သည် ကျိမိသားစု စိုက်ပျိုးသည့် ကောင်းကင်သွေးကြောများ အပင်နှင့်ဆင်တူလေသည် နှိုင်းယှဉ်ကြည့်လျှင် လယ်ခင်းများတွင် စိုက်ပျိုးသည့် အပင်များသည် သစ်ရွက်များပိုများပြီး ပို၍ ကျန်းမာသန်စွမ်းဟန် ရသည်။ ယခုသူကြည့်နေသည့်

အပင်မှာမူ အနည်းငယ် ကြုံလှီနေသည်။ အကယ်၍ သတိမထားမိလျှင် ထိုအပင်နှစ်ခုတို့ကြား ကွာခြားချက်ကို ပြောနိုင်လိမ့်မည် မဟုတ်ပေ။

ရှောက်ရွှမ် ယခင်က သတိမထားမိလိုက်သည့် အချက်တစ်ခုလည်း ရှိသေးသည်။ သူသည် ယခင်က ထိုအပင်၏ အပေါ်ပိုင်းကို မမြင်ဖူးပေ။ သူသိထားသည်မှာ အပင်၏ တန်ဖိုးအရှိဆုံးသော အပိုင်းသည် အမြစ်ပိုင်းဖြစ်ပြီး လူ၏သွေးကြောများနှင့် ဆင်တူသည်ဟုသိထားလေသည်။ ထို့ကြောင့်ပင် ကောင်းကင်သွေးကြောများအပင်ဟု ခေါ်ခြင်းဖြစ်လေသည်။

ဒါကတကယ်ပဲ ထူးဆန်းတဲ့အပင်လား။

ဒါက ကျိမိသားစု သုံးယောက်တို့ ယူဆောင်လာခဲ့တဲ့အပင်လား။

ပတ်ဝန်းကျင်ကို နောက်တစ်ကြိမ်လေ့လာကြည့်လိုက်ပြီးနောက် နော်ကထပ်အပင်အနည်းငယ်ကို ရှောက်ရွှမ် သတိပြုလိုက်မိသည်။ သူတို့အားလုံးသည် ရွှေရောင် လယ်ခင်းမှ အပင်များနည်းတူ သန်စွမ်းကြလေသည်။

ရှောက်ရွှမ် သူ့ဓါးမြောင်ကို မြေကြီးထဲ ထိုးထည့်လိုက်ပြီး အပင်တစ်ပင်ကို နူတ်ယူလိုက်သည်။ တစ်စုံတစ်ခုမှားနေသည်ကို သူခံစားလိုက်ရသည်။ ထို့နောက် သူနှင့် ဆယ်မီတာခန့် ကွာဝေးသည့်နေရာတစ်ခုကို သူလှမ်းကြည့်လိုက်သည်။ ပထမတွင် သူသည် ထိုအရာကို သာမန် ခြုံပုတ်တစ်ခုဟု ထင်လိုက်သေးသည်။ သို့သော်လည်း တစ်စုံတစ်ခု မှားယွင်းနေလေသည်။

သူ ထိုခြုံပုတ်ဆီသို့ လျှောက်သွားလိုက်သည့် အချိန်တွင် ထိုအရာသည် ခြုံပုတ်မဟုတ်သည်ကို

သူမြင်လိုက်ရသည်။ ၎င်းသည် သစ်ကိုင်းများစွာ ရှိနေသည့်အပင်တစ်ပင်ဖြစ်၏။ သစ်ရွှက်များသ်ည ကြီးမားလှခြင်းမရှိနေပေ။ သို့သော်လည်း ထိုသစ်ရွှက်များသည် ကောင်းကင်သွေးကြော အပင်၏ သစ်ရွှက်များနှင့် ဆင်တူလှသည်။

ကွာခြားချက်တစ်ခုမှာ သူမြင်လိုက်ရသည့်အပင်သည် ယခင်အပင်များနှင့်မတူစွာ သစ်သား ပင်စည်တစ်ခု ရှိနေခြင်း ဖြစ်သည််။

ဤပင်သည် သူမြင်ဖူးသမျှ ကောင်းကင်သွေးကြော အပင်မာျးတွင် အသန်မာဆုံးသော အပင်တစ်ပင် ဖြစ်နိုင်လေသည်။ ၎င်းသည် လူတစ်ယောက်၏ ကိုယ် တစ်ဝက်ခန့်သာ မြင့်သော်လည်း နေရာတစ်ခုလုံးတွင် အကြီးမားဆုံးသော ကောင်းကင်သွေးကြော အပင်ဖြစ်သည်။

ကြည့်ရသည်မှာ ထိုအပင်သည် သာမန် မြက်ပင်ရို

မှ သစ်ပင်တစ်ပင်၏ ပင်စည်ကဲ့သို့ ဖွံ့ဖြိုးလာခဲ့ဟန် တူသည် ။ ဒါက ကျိမိသားစု စိုက်ထားတဲ့ မူလအပင်များလား။

ဒါပေမယ့် နှစ်တစ်ထောင် ကြာတာတောင် ဒီလောက်လေးပဲ ပြောင်းလဲတာလား။

ဘာပဲဖြစ်ဖြစ်လေ ဒါကကြီးမားတဲ့ တွေ့ရှိမှုတစ်ခုပဲ ။

ရှောက်ရွှမ် ရင်ပူသွားသည်။ သူသည် အပင်၏အမြစ်ကို မြင်နိုင်ရန် မစောင့်နိုင်ဖြစ်နေခဲ့သည်။ သို့သော်လည်း သူသည် အပင်ကို ထိခိုက်မိသွဦးမည်ကိုလည်း ကြောက်နေခဲ့လေသည်။

ထို့ကြောင့် ဓါးမြောင်ကို ယူလိုက်ပြီး အထူးသတိထားကာ အပင်ကို ထူးဖော်လိုက်သည်။

မြေကြီးအနည်းငယ်ကို ဖယ်ရှားလိုက်သည့်အချိန်တွင် ထိုအပင်တစ်ပင်လုံးကို ရှောက်ရွှမ် မြင်လိုက်ရပြီ ဖြစ်သည်။

မြေကြီးထဲတွင် အမြစ်များသည်နက်ရှိုင်းစွာနေရာယူထားပေသည်။ ပထမတွင် ရှောက်ရွှမ်သည် ထိုအပင်ကို တူးဖော်ယူရန် လွယ်ကူမည်ဟု ထင်ထားခဲ့သည်။ သို့သော်လည်း အပင်သည် ဂျင်ဆင်းပင်ကို တူးရသည်ထက်ပင် ခက်ခဲနေခဲ့သည်။

သူပို၍ တူးလေလေ ၊ ပို၍ ထိတ်လန့်လာမိလေလေဖြစ်သည်။ အပင်တစ်ခုလုံးကို မြင်လိုက်ရသည့်အချိန်တွင်မူ သူကြက်သီးများထသွားမိသည်။

၎င်းကိုကြည့်ရသည်မှာ ရင်းနှီးကျွမ်းဝင်နေပေသည်။

အရမ်းကို ရင်းနှီိးနေပေသည်။

ကျိမိသားစု သည် အပင်ကို ရှောက်ရွှမ်အားပြသခဲ့စဉ်က အပင်၏ အမြစ်မျာသည် လူသားသွေးကြောများနှင့်တူသည်ကို ပြောပြခဲ့ဖူးသည်။ ယခုသူကိုင်ထားသည့် အပင်၏ အမြစ်များသည် လုံးဝပင် လူသားသွေးကြောများနှင့် တူနေခဲ့ပေသည်။

လက်တစ်ဝါးအရွယ်ခန့်ရှိသည့် အမြစ်များ၏ စနစ်သည် လူသားသွေးကြောများနှ၍့် တစ်ပုံစံတည်းပင်ဖြစ်သည်။ အထူ ၊ အရှည်၊ ပုံစံများသည်ပင် သွေးကြောများနှင့် တူနေခဲ့သည်။

အပင်၏အသုံးဝင်ပုံကိုတော့ သူသေချာ မသိသေးပေ။ ကျိမိသားစု၏အပြောအရ ဆေးဖက်ဝင်သည်ဟုသာ သူသိထားသည်။ သူခန့်မှန်းရလျှင် ထိုအပင်သည် လူသားသွေးကြောများ အတွက် ကောင်းမွန်မည်ဟု ထင်မိသည်။

ရှောက်ရွှမ် ဘေးပတ်ဝန်းကျင်ရှိ အပင်များကိုလည်း ထပ်မံကြည့်ရှုလိုက်သည်။ နေရာသေးးသေးလေးတွင ်ထိုအပင်လေးများ ရှိနေကြသည်။ သူတို့ကိုကြည့်ရသည်မှာအ းနည်းလှပြီး အကြီးဆုံးအပင်က သူတို့ထံမှာ အာဟာရများကို လုယူထားဟန် ရသည်။

ရှောက်ရွှမ်သူတို့ထဲမှ အချို့ကို တူးဖော်ရန် ကြံစည်လိုက်သည်။ ကျိမိသားစုသည် ကြီးမားသည့် လယ်ကွက်များဖြင့် ထိုအပင်များကို စိုက်ပျိုးပြီး အစောင့်များစွာ ထားထားလေရာ အပင်များသည် တန်ဖိုးရှိလိ့မ်မည် မှာသေချာသည်။

ထိုအချိန်တွင် ညနေအချိန်သို့ရောက်လာခဲ့ပြီဖြစ်သည်။ ရှောက်ရွှမ် ဤနေရာတွင်သာ တစ်ညနေရန် ဆုံးဖြတ်လိုက်ပြီး ပတ်ဝန်းကျင်ကို လေ့လာလိုက်သည်။

ထို့နောက် တောဝက်ရိုင်းတစ်ကောင်ကို အမဲလိုက်လိုက်ပြီး သစ်သီးအချို့ကိုလည်း ခူးယူလာခဲ့လိုက်သည်။ ထိုစဉ်တွင် သားရဲတစ်ကောင်၏ အမဲလိုက်ခြင်းကို ခံနေရသည့် ရှဉ့်တစ်ကောင်ကို မြင်တွေ့လိုက်ရသည်။ သာမန်မြင်ကွင်းဖြစ်သဖြင့် သူထွက်သွားရန် ကြံလိုက်သော်လည်း နောက်ဆုံးတွင် ထိုရှဉ့်ကို သူကယ်တင်လိုက်လေသည်။

ဤသည်မှာ ရှောက်ရွှမ် ကြင်နာတတ်လွန်း‌သော်ကြောင့် မဟုတ်ပေ။ သူသည် ကောင်းကင်သွေးကြော အပင်၏ အစွမ်းများကို စမ်းသပ်ရန် လိုအပ်နေသောကြောင့် ဖြစ်လေသည်။

ကြောက်လန့်နေသည့် ရှဉ့်လေးကို ရှောက်ရွှမ် ကြိုးဖြင့် ချည်နှောင်ထားလိုက်သည်။ ၎င်းသည် မည်မျှပင် ရုန်းကန်သည်ဖြစ်စေ အချုပ်အနှောင်မှ မလွတ်မြောက်နိုင်ရှာပေ။

သူ့ဆန်းစစ်မှုကို မလုပ်မှီအရင်ဦးစွာ ညစာကို စားသုံးလိုက်သည်။ သူသည် သူ့လက်ကို ရှဉ့်ကိုက်ခံလိုက်ရသေးသည်။ ထို့နောက် သူ ရှဉ့်ကို တစ်ဖက် ဆေးပင်ကို လက်တစ်ဖက်ဖြင့်ကိုင်ထားလိုက်သည်။

ရှဉ့်လေးသည် ဆေးပင်ကို ရှောင်တိမ်းနေခဲ့သော်လည်း ရှောက်ရွှမ် အတင်းပင် သူ့ပါးစပ်နားသို့ ဆေးပင်ကို တွန်းပို့လိုက်သည်။ ရှဉ့်သည် ဆေးပင်ကို ကိုက်လိုက်ပြီး ချက်ချင်းပင် ငြိမ်သက်သွားလေသည်။

တစ်စက္ကန့်ခန့်ကာပြီးနောက် ရှဉ့်သည်ဆေးပင်ကို ရူးသွပ်စွာ ကိုက်ခဲနေခဲ့သည်။ ထိုအသံသည် ရှောက်ရွှမ်ကို စာဖိုမှုးများတစ်စုံတစ်ခုကို နူတ်နူတ်စင်းနေသည့်အသံကို အမှတ်ရစေသည်။

အပင်ကို အဝေးသို့ ဆွဲယူလိုက်သည့်အချိန်တွင် ရှဉ့်သည် ပြင်းထန်စွာတိုက်ခိုက်ပြီး အပင်ကို ဆက်လက်စားသုံးရန် ပြင်လေတော့သည်။ သို့သော်လည်း ၎င်းသည် အလွန်သေးငယ်သဖြင့် မည်သို့မှမတတ်နိုင်ပဲ ရှိနေသည်။

ထို့နောက် ရှောက်ရွှမ် ရှဉ့်ထံမှ အပြောင်းအလဲများကို လေ့လာလိုက်သည်။

များစွာသော တိရိစ္ဆာန်လေးများသည် ဆေးပင်များနှင့်ပတ်သက်လျှင် အလိုလို သိစိတ်များရှိတတ်ကြသည်။ အကယ်၍ ရှဉ့်ငယ်သည် ဆေး

ပင်ကိုစားသုံးနိုင်ရန် ထိုမျှ ကြိုးစားနေခဲ့လျှင် ဆေးပင်သည် သေချာပေါက် အကျိုးထူးသော အသုံးဝင်မှုများ ရှိနေရပေမည်။

အခန်း (၅၂၄) အမွေအနှစ် ဆက်ခံခြင်း

အပင်၏အမြစ်များကို အကိုက်မခံရသေးခင်က ၎င်းတွင် ထူးဆန်းသည့် အနံ့များ မရှိသေးပေ။ ရှဉ့်သည် အပင်နားသို့ပင် အနားမကပ်လိုခဲ့ပေ။

သို့သော်လည်း အမြစ်များကို ကိုက်ဝါးပြီးသည့်နောက်တွင်မူ ခါးသက်သကအနံ့တစ်ခု ထွက်ပေါ်လာခဲ့လေသည်။

ရှောက်ရွှမ်သည်အပင်ကို မစားကြည့်ရဲပေ။ တောအုပ်အတွင်းမှ တွေ့သည့်ပစ္စည်းကို ကြုံရာကျပန်း စားသုံးခြင်းသည် သေဆုံးသည်အထိ ဖြစ်နိုင်သည်ကို သူသိပေသည်။ အစွမ်းအထက်ဆုံးသော အစာချေစနစ်ရှိသည် စစ်သည်တော်ပင်လျှင် ထိုကဲ့သို့သော ကိစ္စကို ပြုလုပ်လိ့မ်မည် မဟုတ်ပေ။ မကြာသေးခင်က မျိုးနွယ်စုမှ လူများသည် ကောက်ပဲသီးနှံနှင့်တူသည့် အပင်

တစ်ခုကို တွေ့ရှိပြီး မျိုးနွယ်စုထံသို့ပြန်ယူလာခဲ့ကြသည်။ သူတို့သည် အချို့သော အပင်များကို စားသုံးလိုက်ကြပြီး နှစ်ရက်ခန့် ဝမ်းလျောသွားကြလေသည်။ အဆုံးသတ်တွင် သူတို့၏ အူများ တုန်ယင်နေပြီး ကျန်နေခဲ့ရသည်။

ထို့ကြောင့်ပင် ရှောက်ရွှမ်သည် လုံခြုံစိတ်ချရစေရန်အတွက် ရှဉ့်နှင့်အရင်ဆုံးစမ်းသပ်ကြည့်လိုက်ခြင်းဖြစ်သည်။

အပင်ကို ဘေးဖယ်လိုက်သည့်အချိန်တွင် ရှဉ့်သည် လှုပ်ရှားရုန်းကန်နေခဲ့ပြီး မကြာခင်တွင် လှုပ်ရှားမှုများ ငြိမ်သက်သွားခဲ့သည်။ ၎င်းကို ကြည့်ရသည်မှာ အိပ်စက်နေသည့်အလား ငြိမ်ချမ်းနေလေသည်။ ၎င်း၏ ငြင်သာသော အသက်ရှုမှုရှိနေ၍သာ ၎င်းအသက်ရှင်နေသေးကြောင်း သိရခြင်းဖြစ်သည်။

၎င်း၏ ကိုယ်ပေါ်မှ ဒဏ်ရာများသည် သွေးတိတ်သွားခဲ့ပြီဖြစ်သည်။ အရိုးပင်ပေါ်နေခဲ့သည့် ဒဏ်ရာတစ်ခုဆိုလျှင် အသားနုတက်နေပြီး အနာကျက်နေသည်ကိုပင် မြင်နိုင်သည်။

ရှောက်ရွှမ်သာ ရှဉ့်ကို ဤအတိုင်းထားလိုက်လျှင် သူရထားသည့် ဒဏ်ရာများကြောင့် တစ်ရက်ပင် ခံချင်မှ ခံလိမ့်မည် ဖြစ်သည်။ သို့သော် ကြည့်ရသည်မှာ ယခုတွင် ၎င်းသည် ပြန်လည်ကုသနေသည့်ပုံပေါ်သည်။

မီးတောက်များ ငြိမ်းသက်သွားခဲ့သည်။ ရှောက်ရွှမ် ထင်းများကို ထပ်မထည့်တော့ပေ။ ရှဉ့်ကို သေချာကြည့်ရန်အတွက် သူ၏ ရေလကျောက်တုံးကို ထုတ်ယူလိုက်သည်။

ဤနေရာတဝိုက်တွင် သားရဲများလည်း ရှိနေကြ

သည်။ ရှောက်ရွှမ်သည် လှုပ်ရှားနေသည့် အစိမ်းရောင်မျက်ဝန်းများကို မကြာခနမြင်နေရသည်။ သူတို့သည် ရှောက်ရွှမ် ထံမှ ထွက်ပေါ်နေသည့် သန်မာလှသည့် အရှိန်အဝါများကြောင့် တိုက်ခိုက်ရဲကြခြင်း မရှိကြပေ။ ထို့နောက် ထိုသားရဲများ ထွက်ခွာသွားကြလေသည်။

ရှောက်ရွှမ် ရှဉ့်ငယ်လေးကိုသာ ဆက်ကြည့်နေလိုက်သည်။ သားရဲများရန်မှ ကာကွယ်ပေးနေသည့် သူ့အရှိန်အဝါများကိုမူ ဆက်လက်ထုတ်ဖော်ထားလိုက်သည်။

ရှောက်ရွှမ် ရှဉ့်ငယ်ကို ကြည့်နေသဖြင့် ညမအိပ်လိုက်ရပေ။ သူသည် တစ်ညလုံး ရှဉ့်ငယ်ကို လေ့လာခြင်းဖြင့် ကုန်ဆုံးခဲ့သည်။

နေထွက်လာသ့် အချိန်တွင် ရှဉ့်ငယ်လေးသည်လည်း အိပ်ယာထာလာခဲ့ပြီဖြစ်သည်။

၎င်းသည် နိုးထလာသည်နှင့် ချုပ်နှောင်ခံထားရသည်ကို အမှတ်ရသွားပြီး ရုန်းကန်နေခဲ့လေသည်။ ရှောက်ရွမ်ကို သူမြင်လိုက်သည်။ ရှောက်ရွှမ် ညက သူ့ကို‌ဆေးပင်ကြွေးခဲ့သော်လည်း ၎င်းသည် ရုန်းကန်နေဆဲဖြစ်သည်။ တောရိုင်း တိရိစ္ဆန်လေးများသည် လူသားများကို ကြောက်ရွံ့တတ်ကြပေသည်။

ရှောက်ရွှမ် ရှဉ့်ပေါ်မှ အနာဖေးများကို ကြည့်လိုက်သည်။ အနာဖေးများသည် ကွာကျနေပြီဖြစ်ပြီး အသားနုများတက်ကာ ဒဏ်ရာကျက်နေပြီဖြစ်သည်ကို သူမြင်လိုက်ရသည်။

သူ့ခြေထောက်ပေါ်မှ အရိုးပေါ်နေခဲ့သည့် ဒဏ်ရာသည်ပင် သက်သာနေပြီဖြစ်သည်။ ၎င်း၏ စွမ်အးာအပြည့်ဖြင့် ရုန်းကန်နေသည့်ပုံကို ကြည့်လိုက်ပြီး နောက် ဒဏ်ရာရနေသည့် ပုံစံ

မဟုတ်‌တော့ကြောင်း ရှောက်ရွှမ် သတ်မှတ်လိုက်သည်။

သူတစ်ညလုံးမအိပ်ရသေးသော်လည်း စိတ်လှုပ်ရှားမှုများကြောင့် ရှောက်ရွှမ် လန်းဆန်းနေခဲ့သည်။

ဒါက အကျိုးအမြတ်ပဲမဟုတ်ဘူးလား..........။ ငါက သစ်ရွှက်အကြောင်းတော့ မသိရသေးဘူး၊ ဒါပေမယ့် ဆန်းကြယ်တဲ့အပင်တစ်ပင်ကို ရှာတွေ့ခဲ့ပြီ။

ကောင်းကင်သွေးကြောများ အပင်သည် သေချာပေါက် ဆန်းကြယ်သည့်အပင်ပင် ဖြစ်လိမ့်မည်။

ကျိမိသားစုသည် လယ်ယာမြေများစွာတွင် ထို

အပင်ကို စိုက်ပျိုးထာသည်မှာ အံ့သြစရာတော့ မဟုတ်တော့ပေ။

ရှောက်ရွှမ် အပင်တချို့ကို ဖုံးကွယ်ထားလိုက်ပြီး အပြင်လူများ မမြင်လွယ်စေရန် ပြလုပ်ပေးလိုက်သည်။ အပင်များသည် တိရိစ္ဆာန်များကို ဆွဲဆောင် နိုင်ခြင်း ရှိမရှိတော့ သူသေချာမသိသော်လည်း တတ်နိုင်သမျှ မည်သူမျှ မမြင်လျှင် အကောင်းဆုံးဖြစ်ပေသည်။

ရုန်းကန်နေဆဲဖြစ်သည့် ရှဉ့်ကို ကြည့်လိုက်ပြီး ရှောက်ရွှမ် မျက်လုံးများ စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်သွားလေသည်။

တန်ဖိုးရှိသည့် ခရီးတစ်ခု ဖြစ်ခဲ့လေပြီ။

ရှောက်ရွှမ် နေရာတစ်ခုလုံးကို ပတ်ကြည့်လိုက်ပြီး

နောက် ထိုနေရာတွင် အနည်းဆုံး ကောင်းကင်သွေးကြော အပင်ငါးဆယ်ထက်မနည်း ရှိနေသည်ကို သိလိုက်သည်။ ၎င်းသည် ကျိမိသားစု စိုက်ပျိုးထားသည်လောက်တော့ မရှိနေပေ။ သို့သော်လည်း သူကျေနပ်နေခဲ့သည်။ အပင်များသာ ရှိနေခဲ့လျှင် မျိုးပွားရန် မျိုးစေ့များကိုလည်း ရယူနိုင်မည် မဟုတ်ပေလော။

နှစ်များစွာ ကြာခဲ့လျှင်ပင် ထိုအပင်ငါးဆယ်တို့ ဤနေရာတွင် ရှင်သန်နေနိုင်ခြင်း်မှာ ထိုအပင်ကြီး ကြောင့် ဖြစ်သည်ဟု ရှောက်ရွှမ် ယုံကြည်လိုက်သည်။ အာဟာရကို ရရှိသည့်အပင်များသည် ကြီးထွားလာမည် ဖြစ်သည်။

နှစ်ထောင်ပေါင်းများစွာ ကြာခဲ့ပြီး မရေမတွက်နိုင်သည့် မျိုးစေ့များ ကျဆင်းခဲ့ပြီးဖြစ်သည်။ သို့သော်လည်း ထိုအပင်ကြီး တစ်ပင်ရှိနေသော်ကြောင့် လက်ရှိ အပင်ငါးဆယ်သာ ရှင်သန်နိုင်ခဲ့သည်။

မြေပြင်တွင် အာဟာရများကုန်ခမ်းလာလျှင် အပင်များ ရှင်သန်နိုင်တော့မည် မဟုတ်ပေ။ ရှောက်ရွှမ် လက်ရှိအပင်များကို တွေ့လိုက်ရသည်မှာကံကောင်းသည်ဟု ပြော၍ရနိင်သည်။ ရှောက်ရွှမ်သည် ထိုအပင်များ အားလုံးကို မျိုးနွယ်စုထံသို့ပြန်ယူသွားရန် စိတ်ကူးနေခဲ့သည်။

အကယ်၍ မျိုးနွယ်စုသည် လုံလောက်သည့် အာဟာရ မြေသြဇာကိုသာ ပေးနိုင်ခဲ့လျှင်အပင်များသည် လက်ရှိထက် ပို၍ ကြီးထွားလာလိမ့်မည် ဖြစ်သည်။

ကျိမိသားစု ချန်ထားခဲ့သည့်အမွေအနှစ်များကို နှစ်ထောင်ပေါင်းများစွာအကြာမှ အမွေဆက်ခံရခြင်းကို မည်သူမှ မျှော်လင့်ထားမိမည် မဟုတ်ပေ။ သက်ရှည်သစ်ရွှက်မှာမူ ရိမျိုးနွယ်စုထံမှ ဖြစ်သဖြင့် ထည့်တွက်ရန် မလိုအပ်ပေ။

ရှောက်ရွှမ် သူ့ကိုယ်သူ တည်ငြိမ်စေရန် အသက်ကို ပြင်းပြင်းရှုလိုက်သည်။ သူသည် ရိမိသားစုကို ကျေးဇူးတင်နေမိပေသည်။

လျှောက်ကြည့်လိုက်ပြီးနောက် ရှောက်ရွှမ် တောင်ကုန်းလေးပေါ်သို့ တက်လိုက်သည်။

သူညသ် သူ့ပတ်ဝန်းကျင်ကို အမြင့်တစ်နေရာမှ ကြည့်ချင်နေပေသည်။ သူတစ်စုံတစ်ခုကို မေ့ကျန်နေမည်ကို သူမလိုလားပေ။

တောင်ကုန်းထက်မှကြည့်ရသည့်မြင်ကွင်းသည် ဆန်းကြယ်လှသည်။ သူသည် ကောင်းကင်သွေးကြော အပင်များစွာကို မြင်နေရသည်။ အခြားသော အပင်များသည် အားနည်းလှပေသည်။

သူခေတ္တခန ပတ်ဝန်းကျင်ကိုလေ့လာလိုက်သည်။ ထို့နောက် လိုဏ်ဂူကိုလည်း ထပ်မံလေ့လာလိုက်သည်။ ထိုနေရာတွင် အာဟာရအတွက် တိုက်ခိုက်နေရသည့်အခြားအပင်များကိုပါ မြင်လိုက်ရသည်။

ဤသည်မှာ ကောင်းကင်သွေးကြော အပင်များမှလွဲ၍ အခြားအပင်များ သာမန်ဖြစ်နေသည့် ပတ်ဝန်းကျင်သာဖြစ်သည်။ ရှောက်ရွှမ်သည် ကောင်းကင်သွေးကြော အပင်များကို တူးယူရန် ကြံစည်ထားလိုက်သည်။ ထိုစဉ် ရင်းနှီးနေသည့် တစ်စုံတစ်ခုကို သူတွေ့လိုက်ရသည်။

ဒါက .......

သူ့မျက်လုံးများ ပြူးကျယ်သွားပြီး ပေါက်ကွဲ

ထွက်လုမတတ်ဖြစ်သွာသည်။

ဂေါ်ဖီ........ ဂေါ်ဖီထုပ်တွေလား.......။

အခန်း (၅၂၅) ဂေါ်ဖီထုပ်

ရှောက်ရွှမ် သူကြည့်နေရသည့်အရာကို မယုံကြည်နိုင်ဖြစ်နေမိသည်။ သူထိုအရာကို ခေတ္တမျှ စိုက်ကြည့်‌နေလိုက်သည်။ သူထင်ယောင်ထင်မှား ဖြစ်နေခြင်း မဟုတ်ကြောင်းသေချာသွားမှသာ ထိုဟင်းရွက်ပင်ဆီသို့ သူသွားလိုက်သည်။

ရှောက်ရွှမ် ထိုဂေါ်ဖီထုပ်ကို သတိမပြုမိခဲ့သည်မှာ အံ့ဩစရာမရှိပေ။ ဂေါ်ဖီထုပ်သည် ကြီးမားလွန်းလှ၏။

တောအုပ်ကြီးထဲတွင် ဆန်းကြယ်သည့် သစ်ပင်ပန်းပင်များ ရှိနေခဲ့၏။ ထို့ကြောင့်သူသည် ပတ်ဝန်းကျင်ကို အလေးအနက်ထားမကြည့်မိခဲ့ခြင်း ဖြစ်သည်။

သို့သော်လည်း သူတောင်ကုန်းထက်မှ လှမ်းကြည့်လိုက်သည့် အချိန်တွင်မူ အပင်တစ်ပင်လုံးကို မြင်လိုက်ရသဖြင့် လျစ်လျုရှုရန် ခက်ခဲသွားခဲ့ပြီ ဖြစ်သည်။

ထိုအပင်၏ အရွက်များသည် သာမန် ဂေါ်ဖီပင်တစ်ပင်၏ အရွက်များနှင့် ကွာခြားနေသော်လည်း ဂေါ်ဖီပင် အစစ်ပင် ဖြစ်လေသည်။ သို့သော်လည်း ထိုအပင်သည် ရှောက်ရွှမ်ထက်ပင် မြင့်မားနေခဲ့လေသည်။

ရှောက်ရွှမ် အပင်အနားတိူကပ်သွားလိုက်ပြီး အပင်ကို သေချာကြည့်လိုက်သည်။

ငြင်သာသည့် အသံတစ်ခုကို ရှောက်ရွှမ်ကြားလိုက်ရသည်။

သူတဖက်သို့လှည့်ကြည့်လိုက်သည့် အချိန်တွင် သူ့လက်မောင်းခန့်ကြီးမားသည့် ပိုးကောင်တစ်ကောင် ဂေါ်ဖီထုပ်အပြင်ဖက်ရှိ အရွက်များကို စားသုံးနေသည်ကို တွေ့လိုက်ရသည်။ ၎င်းသည် ရှောက်ရွှမ်ကို အာရုံခံမိလိုက်ဟန်ဖြင့် ဝါးနေခြင်းကို ရပ်တန့်လိုက်ပြီး ခန္ဓာကိုယ်ကို ကွေးညွတ်လိုက်ကာ ရှောက်ရွှမ်ကို ကြည့်လာခဲ့သည်။

ရှောက်ရွှမ်သာ ထိုပိုးကောင်သည် အပင်စားပိုးကောင် တစ်ကောင် ဖြစ်သည်ကို မသိထားလျှင် မြွေတစ်ကောင်ဟုသာ ထင်မိလိမ့်မည် ဖြစ်သည်။

ပိုးကောင်၏ကိုယ်ပေါ်တွင် အစက်အပျောက်များရှိနေပြီး တောအုပ်အတွင်းကျက်စားတတ်သည့် မြွေစိမ်းများနှင့် ဆင်တူနေခဲ့သည်။ ပိုးကောင်၏ မျက်လုံးနှစ်လုံးသည်လည်း မြွေမျက်လုံးများကဲ့သို့သာ ဖြစ်သည်။

ရှောက်ရွှမ်ထိုပိုးကောင်များကို မြင်ဖူးသဖြင့် ကြောက်လန့်သွားခြင်းမရှိပဲ စိတ်လှုပ်ရှားစွာဖြင့် လေ့လာနေလိုက်သည်။

ရှောက်ရွှမ်ထံမှ အန္တရာယ်အငွေ့အသက်ကို မရသည့် အခါတွင် ပိုးကောင်သည် ဆက်လက်ပြီး သစ်ရွှက်များကိုသာ ဝါးစားနေလိုက်လေသည်။

တောအုပ်အတွင်းမှ ပိုးကောင်များသည် ပိုးဖလံ သို့မဟုတ် လိပ်ပြာအဖြစ်သို့ အသွင်ပြောင်းနိုင်ရန်အတွက် နှစ်ပေါင်းများစွာ ကြာမြင့်တတ်လေသည်။ ထိုပိုးကောင်သည် မကြာခင် အသွင်ပြောင်းတော့မည့် အဆင့်တွင် ဖြစ်သည်။

ရှောက်ရွှမ် ပိုးကောင်ထံမှ အကြည့်လွဲလိုက်ပြီး အပင်ကို ပြန်ကြည့်လိုက်သည်။

ထို့နောက် သူ့ဓားကို ထုတ်ယူလိုက်ပြီး အစိတ်အပိုင်းတစ်ခု လှီးဖြတ်လိုက်သည်။ ၎င်းတွင် ဆိုးဝါးသည့် ရနံ့များ ရှိမနေခဲ့သော်လည်း ဝါးစားကြည့်ရန်မှာမူ ကောင်းမွန်သည့် ရွေးချယ်မှု မဟုတ်ပေ။ ပိုးကောင်ဘာမှ မဖြစ်သော်လည်း သူဘာမှမဖြစ်ဟု မပြောနိုင်ပေ။ လှီးဖြတ်ထားသည့် အစိတ်အပိုင်းကို ရှဉ့်ငယ်ရှေ့တွင် သူချပေးလိုက်သည်။ ရှဉ့်သည် သစ်ရွက်ကိုစိတ်ဝင်စားသည့် ပုံ မရှိပေ။ ခေတ္တရုန်းကန်နေပြီးနောက် တစ်ကိုက်ကိုက်လိုက်သော်လည်း မကြာမှီမှာပင် ပြန်ထွေးထုတ်လိုက်သည်။

ရှောက်ရွှမ်အကြိမ်များစွာ ကြိုးစားပြီးမှသာ ရှဉ့်ငယ်သည် သစ်ရွက်ကို ဒေါသတကြီးကိုက်ပြီး မျိုချလိုက်လေသည်။

ကောင်းပြီလေ သနားစရာ ရှဉ့်လေးကို ထပ်မ

နှိပ်စက်တော့ပါဘူး….။

ရှောက်ရွှမ်အနားပတ်ဝန်းကျင်ကို လျှောက်ကြည့်လိုက်သည်။ ထိုနေရာရှိအပင်များသည် ကောင်းကင်သွေးကြောများအပင်များ၏ အာဟာရ လုယက်သွားမှုကြောင့် ကြီးထွားသန်မာလှခြင်းမရှိပေ။ သူတွေ့ခဲ့သည့် ဂေါ်ဖီပင်သည် ကောင်းကင်သွေးကြောပင်မျယးနှင့် အတန်ငယ် ဝေးသည့်အပြင် ထိုမျှ ကြီးထွားသန်မာလာနိုင်ခြင်းအရ ထိုအပင်သည် သန်မာသည့် မျိုးစိတ်တစ်ခုခု ဖြစ်ရပေမည်။

ထိုနေရာတစ်ဝိုက်တွင် ဂေါ်ဖီပင် သုံးဆယ်ခန့်ကို သူမြင်လိုက်ရသည်။ သို့သော်လာ်း သူပထမဆုံးတွေ့ခဲ့သည့် အပင်သည် အကြီးမားဆုံးဖြစ်သည်။

အချို့သော ဂေါ်ဖီပင်များတွင် တိရိစ္ဆန်များ အင်းဆက်များ၏ ခြေရာလက်ရာများကို သူတွေ့

လိုက်ရသည်။ ထိုအပင်များ ဆက်လက်ရှင်သန်မည် မရှင်သန်မည်ကို သူမသိသဖြင့် ထိုအပင်များကို ခုတ်ယူခြင်းမပြုတော့ပေ။

ထို့နောက် သူလိုဏ်ဂူဆီသို့ ပြန်လာခဲ့လိုက်သည်။ သူသာ် တစ်ညလုံး ရှဉ့်ငယ်ကို လေ့လာမှုများပြုနေခဲ့သည်။ ထို့နောက် အနားယူရန်အတွက် မြက်ခင်းပေါ်တွင် ထိုင်နေလိုက်ပြီး ကျန်နေသည့် အသားခြောက်များကို စားသုံးလိုက်သည်။

ရှောက်ရွှမ်သည် ထိုဂေါ်ဖီပင်များ၏ မူလ အကြောင်းအရာများကို တွေးကြည့်နေခဲ့လေသည်။

ဒီနေရာက သဘာဝပေါက်ပင်တွေပဲလား….။

လူများသည်လည်း ထိုကဲ့သို့သော အပင်များကို

စိုက်ပျိုးလေ့ရှိကြသည်။ သို့သော်လည်း သူတို့စိုက်ပျိုးသည့် အပင်များသည် ထူထဲသည့် ပင်စည်နှင့် အရွက်များ ရှိကြသည်။ အျိုးနွာ်စုမှလူများသည် အများအားဖြင့် ပင်စည်များကို စားသုံးကြခြင်းဖြစ်သည်။ ဤနေရာမှ ဂေါ်ဖီထုပ်များမှာမူ သေးငယ်သည့် ပင်စည်များသာ ရှိနေကြသည်။ မျိုးနွယ်စုတွင် သူတွေ့ဖူးသည့် အကြီးဆုံးသော ဂေါ်ဖီထုပ်မှာ သူ့ခါးလောက်ရှိပေသည်။ သို့သော်လည်း ထိုအပင်သည်ပင် သူတွေ့ခဲ့သည့် အပင်လောက်ကြီးမားခြင်းမရှိပေ။

သန္ဓေပြောင်းတာများလား….။

ပင်လယ်ဘေးမှ ဟင်းသီးဟင်းရွက်အပင်များကို‌ရှောက်ရွှမ်ပြန်အမှတ်ရလိုက်သည်။

ကျိမိသားစု၏ နေထိုင်ရာနေရာတွင် ဂေါ်ဖီနှင့်တူသည့် အပင်များကို သူမြင်ဖူးခဲ့သည်။ ထိုအပင်

များ၏ အရွက်များသည်လည်း ယခုအပင်ကဲ့သို့ပင် ကြီစမားသည်။ သို့သော်လည်း အရွက်များသည် ထူထပ်စွာ ရစ်ခွေနေခြင်းမရှိပေ။ ထို့အပြင် ထိုအပင်များသည့် သု့ဒူးခေါင်းလောက်သာ မြင့်မားပေသည်။ မျိုးနွယ်စုမှ လူများသည် ထိုအပင်များကို များစွာစိုက်ပျိုးကြခြင်း မရှိကြပေ။

ဘုရင့်မြို့တော်မှ ကျွန်ပိုင်ရှင်များသာ ဟင်းသီးဟင်းရွက်များကို သဘောကျတတ်ကြခြင်းဖြစ်သည်။ ထို့ကြောင့်ပင် သူတို့ထံ၌ မျိုးစေ့များ ရျှိနခဲ့ခြင်း ဖြစ်သည်။

ယခု ဂေါ်ဖီထုပ်များငည် မျိုးနွယ်စုတွင် ရှိသည့် အပင်များနှင့်ကော ကျွန်ပိုင်ရှင်များ၏ ဂေါ်ဖီထုပ်များနှင့်ပါ မတူညီပေ။ ယခုအချိန်အထိ ဤမျှကြီးမားသည့် ဂေါ်ဖီထုပ်များကို ရှောက်ရွှမ်မည်သည့်နေရာတွင်မှ မမြင်ဖူးခဲ့ပေ။

ဤနေရာတွင် နေထိုင်ခဲ့ကြသည့် မျိုးနွယ်စုသည် မျိုးစေ့များကို ချန်ထားခဲ့ခြင်းပင် ဖြစ်လေမည်လော။

ကျိမိသားစုဝင် သုံးယောက်တို့ မသေဆုံးမီက ဤနေရာတွင် မျိုးစေ့များကို ချန်ထားခဲ့ခြင်း ဖြစ်လေမည်လော…..။

အပင်မျိုးစိတ်နှစ်ခုတို့ပေါင်းစပ်သွားပြီးတော့ မတူညီတဲ့အပင်မျိုးစိတ်အသစ်တစ်ခု ထွက်ပေါ်လာတာများလား…..။

ရှောက်ရွှမ်များ အတွေးလွန်နေတာလား….။

အပင်များကို မျိုးသပ်ရာတွင် အလွန်ခက်ခဲပြီး အချိန်ကြာလှပေသည်။ မျိုးနွယ်စုတွင် လက်ရှိ

စိုက်ပျိုးနေသည့် အပင်များပင်လျင် ခက်ခက်ခဲခဲ မျိုးစပ်ထားခဲ့ရခြင်းဖြစ်သည်။

ယခုတွင် ရှောက်ရွမ်သည် ပင်လယ် တဖက်ကမ်းဆီမှ မတူညီသည့် မျိုးစိတ်နှစ်ခုကို ပေါင်းစပ်သည့်အကြောင်းကို တွေးနေခဲ့၏။ အကောင်းဆုံးသော မျိုးစိတ်နှစ်ခုပေါင်းစပ်ပြီး အသင့်တေယ်ဆုံးသော အပင်မျိုးစိတ်တစ်ခု ဖြစ်လာခြင်း….။

ဤ ဂေ့ါဖီပင်၏ အရွက်များထက် အထက်သို့ တက်ရမည့်အစား အထပ်ထပ် ရစ်ခွေနေခဲ့သည်။

မည်သို့ပင်ဖြစ်စေ ရှောက်ရွှမ်သည် သူ့တွေ့ရှိမှုအတွက် ကျေနပ်နေခဲ့လေ၏။

ဒါပေမယ့် ဒါတွေက စားလို့ရရဲ့လား….။

စမ်းသပ်မှုအချို့ပြုလုပ်ရန် သူဆုံးဖြတ်လိုက်သည်။

မူလက သူတွေ့လိုက်သည့် ဂေါ်ဖီပင်ကို ဓါးဖြင့် အနည်းငယ် ဖြတ်လိုက်သည်။ အပြင်ဖက်အှ အရွက်များသည် ရင့်နေပြီ ဖြစ်သဖြင့် အရွက်နုများရှိသည့် အလယ်ဗဟိုလ်သို့ ဓါးဖြင့် ရှင်းလင်းလိုက်သည်။

သူ့အရပ်ထက်ပင်မြင့်မားသည့် အပင်သည် လေးလံလှပေသည်။ အရွက်များသည်လည်း ထူထပ်စွာပေါက်နေခဲ့သည်။ ဤအပင်သာ အကယ်၍ စားသုံး၍ ရခဲ့လျှင် မ်ျုးနွယ်စုအတွက် သတင်းကောင်းတစ်ခုသာ ဖြစ်သည်။

ထို့နောင်ဂေါ်ဖီထုပ်ကို ထမ်း၍ဂူဆီသို့ ပြန်လာခဲ့လိုက်သည်။ ထို့နောက် တစ်စုံတစ်ခုကို မေ့

နေသည်ကို သတိရလိုက်ပြီး ရှဉ့်ငယ်ကို ပြန်ရှာလိုက်သည်။

သို့သော်လည်း ရှဉ့်ငယ်သည် ချည်နှောင်ထားသည်များကို ကိုက်ဖြတ်ပြီး လွတ်မြောက်သွားခဲ့ပြီ ဖြစ်သည်။ အချုပ်အနှောင်မှပင် လွတ်မြောက်သွားနိာင်သည်အထိ ပြန်လည် သန်မာသွားဟန်ရသည်။

ကောင်းကင်သွေးကြောအပင်များတွင် ကိုက်ခဲရာများ မကျန်နေခဲ့သဖြင့် ရှဉ့်ငယ်သည် ထိုအပင်များကို သတိမပြုမိဟန်ရသည်။

လုယက်သူများ အနေဖြင့် ရတနာ အစစ်အမှန်သည် လိုဏ်ဂူပနီးတွင် ရှိနေသည့် အပင်များ ဖြသ်နေလိမ့်မည်ဟု မတွေးမိခဲ့ကြပေ။ မည်သို့ပင် ဖြစ်စေ မည်သူသည် သူတို့၏ ရတနယများကို မြေပြင်ပေါ်တွင် ကျဲဖြန့်ထားလိမ့်မည်နည်း။

ရှောက်ရွှမ် ပစ္စည်းများကို စုစည်းလိုက်ပြီး ကောင်းကင်သွေးကြောအပင်များနှင့်အတူ သားရေအိတ်အတွင်းသို့ ထည့်ထားလိုက်သည်။ ထို့နောက် ဂေါ်ဖီထုပ်ကိုလည်း ချည်နှောင်လိုက်ပြီး ထွက်သွားလိုက်သည်။

ဤနေရာတွင် သူတစ်ယောက်ထဲသာဖြစ်သဖြင့် ကိစ္စများစွာကို မလုပ်နိုင်ခဲ့ပေ။ မျိုးနွယ်စုမှ လူများစွာ၏ အကူအညီပါမှသာ ကောင်း‌ကင်သွေး‌ေကြာပင်များကို တူးယူနိုင်ပေမည်။

ကျန်နေခဲ့သည့် ကောင်းကင်သွေးကြောပင်များနှင့် ဂေါ်ဖီထုပ်များသည်လည်းတန်ဖိုးရှိလှသဖြင့် မျိုးနွယ်စုမှလူများကို စေလွတ်ပြီး တူးယူခိုင်းမည် ဖြစ်သည်။

အစောင့်များသည် ယမန်နေ့က လူဖမ်းပွဲကြောင့် သတိအပြည့် ဖြစ်နေကြလေသည်။

ထိုစဥ်တွင် ကြီးမားသည့် အရာတစ်ခုကို ထမ်းယူလာသည့် သံသယဖြစ်ဖွာ်ပုံရိပ်တစ်ခုကို သူတို့ တွေ့လိုက်ကြသည်။ သူတို့ တိုင်ခိုက်ရန်ပြင်လိုက်ကြသော်လည်း ထိုပုံရိပ်သည် ရှောက်ရွှမ်ဖြစ်နေသည်ကို သိလိုက်သဖြင့် လက်နက်များကို ပြန်ချထား လိုက်ကြသည်။

သူမည်သည့်အရာကို သယ်ဆောင်လာသည်ကို သူတိူ့မသိကြသော်လည်း သူကိုယ်တိုင် သယ်ဆောင်လာသဖြင့် အရေးကြီးသည့် တစ်စုံတစ်ခု ဖြစ်မည်မှာ သေချာပေသည်။

အစောင့်များသာ သိချင်နေကြသည်မဟုတ်ပေ။ ရှောက်ရွှမ်ကို မြင်လိုက်ရသည့် လူတိုင်းပင် သိချင်စိတ်များ ဖြစ်လာကြသည်။ သူသယ်လာသည့်

အလုံးကြီးသည် ကြီးမားလွန်းသဖြင့် လျစ်လျုရှုထားရန် မဖြစ်နိုင်ပေ။

ရှောက်ရွှမ်သူတို့ကို ရှင်းပြခြင်းမပြုတော့ပဲ ဂေါ်ဖီထုပ်ကို မျိုးနွယ်စုအတွင်းသို့ သယ်ဆောင်လာခဲ့လေသည်။

All Chapters