← Chapters

အခန်း (၈၃၅-၈၃၆)

Vol. 84 Ch. 835-836

အခန်း (၈၃၅-၈၃၆)

Vol. 84 Ch. 835-836

အပိုင်း (၈၃၅) ဖေးရှန်းကျောင်းဆောင် ၊ ရှီးရွှမ်နတ်သမီး ၊ တရားမျှတမှုအတွက် လက်စားချေခြင်း

ဖေးရှန်းကျောင်းဆောင်

ဤကျောင်းဆောင်တွင် ပူဇော်ပသထားသည်မှာ ဖေးရှန်းကျောင်းဆောင်၏ ဘိုးဘေးဖြစ်သူ ရှီးရွှမ်နတ်သမီး ဖြစ်သည်။ နတ်ဘုရားမရုပ်တုသည် လက်ထဲတွင် ဓားရှည်တစ်စင်းကို ကိုင်ဆောင်ထားပြီး ဟင်းလင်းပြင်ထဲ၌ ပေါ့ပါးလွင့်မျောနေသကဲ့သို့ သန့်ရှင်းစင်ကြယ်ကာ လောကီအညစ်အကြေးကင်းစင်သော အရှိန်အဝါရှိလှသည်။

ဖေးရှန်းကျောင်းဆောင်သည် မူလက ယန်ဝိညာဉ် ပညာရှင် အများအပြား ရှိခဲ့ဖူးသော အလွန်အင်အားကြီးသည့် တာအိုဂိုဏ်းကြီးတစ်ခု ဖြစ်ခဲ့သော်လည်း ယခုအခါတွင်မူ အနည်းငယ် မှေးမှိန်လာခဲ့ပြီဖြစ်သည်။ သို့သော်လည်း လက်ရှိကျောင်းထိုင်မှာ ယင်ဝိညာဉ် အထွတ်အထိပ်အဆင့်တွင် ရှိနေဆဲပင်။

ဤမျိုးဆက်၏ ကျောင်းထိုင်အမည်မှာ ယွီရွှမ်ဇီ ဖြစ်ပြီး မိစ္ဆာနှိမ်နင်းသည့် တာအိုဓားပညာကို ကျင့်ကြံထားသော သက်လတ်ပိုင်း တာအိုဆရာတစ်ဦးဖြစ်သည်။ သူသည် တပည့်များကို ဦးဆောင်ကာ မိစ္ဆာများကို နှိမ်နင်းလေ့ရှိသဖြင့် အနီးနားရှိ လူထု၏ ကြည်ညိုလေးစားမှုကို အလွန်ရရှိထားသည်။ ယင်ဝိညာဉ်အထွတ်အထိပ်အဆင့်မှာ မည်သည့်နေရာတွင်မဆို ထိပ်တန်းပညာရှင်တစ်ဦးဟု ဆိုနိုင်သည်။

အမှန်စင်စစ် ဒုတိယအဆင့် အလယ်အလတ်မှာပင် သာမန်လူသားများအတွက် နတ်ဘုရားကဲ့သို့ ဖြစ်နေပြီဖြစ်သော်လည်း ယခုကဲ့သို့ လောကကြီး ပြောင်းလဲလာချိန်တွင်မူ ၎င်းတို့မှာ သာမန်ကာလျှံကာ ပညာရှင်များအလား ထင်မှတ်ရတော့သည်။

ယွီရွှမ်ဇီ၏ ရည်မှန်းချက်မှာ တတိယအဆင့် သို့ တက်လှမ်းကာ ယန်ဝိညာဉ်အဆင့်ကို ရရှိပြီး ဂိုဏ်း၏ ဂုဏ်သိက္ခာကို ပြန်လည်မြှင့်တင်ရန်ဖြစ်သည်။ သို့သော် သူသည် တရားမျှတမှုကို ဦးစားပေးသော်လည်း ထူးခြားသော အခွင့်အလမ်းများ မရှိခဲ့သဖြင့် ကာလရှည်ကြာစွာ အတားအဆီး တစ်ခုတွင် ပိတ်မိနေခဲ့သည်။

သူသည် တပည့်များကို လက်ခံရာတွင် စာရိတ္တကို အလွန်အလေးထားပြီး "အရေအတွက်ထက် အရည်အချင်း" ကိုသာ ရွေးချယ်သည်။ သူ၏ တပည့်များမှာလည်း ဆရာဖြစ်သူ၏ အရှိန်အဝါကြောင့် မတရားမှုကို မခံချင်သော၊ မိစ္ဆာများကို မုန်းတီးသောသူများ ဖြစ်ကြသည်။

"ဘိုးဘေးကြီး စောင့်ရှောက်ပါ... မထိုက်တန်တဲ့ တပည့်ဖြစ်သူ ကျွန်ုပ်ဟာ တတိယအဆင့်ကို တက်လှမ်းပြီး ယန်ဝိညာဉ်ကို ရရှိကာ ဖေးရှန်းကျောင်းဆောင်ကို ပြန်လည် ထွန်းလင်းနိုင်ပါစေ"

ယွီရွှမ်ဇီသည် ပလ္လင်ပေါ်တွင် ဒူးထောက်ကာ အလွန်ကြည်ညိုစွာ ဆုတောင်းနေသည်။ မကြာသေးမီက တပည့်နှစ်ဦးကို ခေါ်ဆောင်ကာ ခရီးထွက်ခဲ့စဉ်က သူ၏ စိတ်ဓာတ်ကို များစွာ တုန်လှုပ်စေခဲ့ပြီး တရားကျင့်ကြံလိုစိတ်ကို ပိုမိုခိုင်မာစေခဲ့သည်။

ရှီးရွှမ်နတ်သမီး၏ ရုပ်တုမှာလည်း လူအများ၏ ကြည်ညိုမှု စွမ်းအင်များကြောင့် ရွှေကိုယ်ထည်အသွင်သို့ ပြောင်းလဲကာ ထူးခြားသော အစွမ်းများ ရှိနေသည်။ တပည့်များမှာလည်း ရုပ်တုအောက်တွင် ကျင့်ကြံရင်း သိလိုသမျှကို အလွယ်တကူ နားလည်သဘောပေါက်နိုင်ကြသည်။

ယွီရွှမ်ဇီ အမွှေးတိုင်ထွန်းပြီးချိန်တွင် သူ၏ ကျင့်စဉ်အဆင့်မှာ လှုပ်ခတ်လာပြီး ယန်ဝိညာဉ်အဆင့်သို့ တက်လှမ်းရန် အခွင့်အရေးတစ်ခုကို ရရှိလိုက်သလို ခံစားလိုက်ရသည်။

သို့သော် ထိုစဉ်မှာပင်

သူသည် ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါတစ်ခုကို ခံစားလိုက်ရသဖြင့် လှည့်ကြည့်လိုက်ရာ ကောင်းကင်ယံမှ အလင်းတန်းတစ်ခု ဒုံးပျံလို ပျံသန်းလာပြီး ကျောင်းဆောင်တံခါးကို ချိုးဖျက်ကာ ဝင်ရောက်လာသည်ကို တွေ့လိုက်ရသည်။

"ဘယ်သူလဲ"

ယွီရွှမ်ဇီက ဟိန်းဟောက်လိုက်သည်။ ထိုအလင်းတန်းမှာ အလွန်မြန်လှပြီး ရှီးရွှမ်နတ်သမီးရုပ်တု၏ လည်ပင်းကို တစ်ပတ်ပတ်လိုက်သည်။

ဂျွတ်

နတ်သမီးရုပ်တု၏ ရွှေကိုယ်ထည်မှာ ပြတ်တောက်သွားပြီး အလင်းတန်းသည် နတ်သမီး၏ ဦးခေါင်းကို သယ်ဆောင်ကာ ပြန်လည် ပျံထွက်ရန် ပြင်လိုက်သည်။ ယွီရွှမ်ဇီသည် အမျက်ချောင်းချောင်းထွက်သွားပြီး

"သတ္တိရှိလှတဲ့ မိစ္ဆာကောင်"

ချွန်း

သူသည် ဓားကို ဆွဲထုတ်ကာ အလင်းတန်းရှိရာသို့ အားကုန်ထိုးနှက်လိုက်သည်။ သူသည် သတ်ဖြတ်ခြင်းအတတ်ကို ကျွမ်းကျင်သော အထွတ်အထိပ် ယင်ဝိညာဉ်ပညာရှင် ဖြစ်သော်လည်း... ထိုအလင်းတန်းမှာ ရုတ်တရက် သူရှိရာသို့ လှည့်လာရာ သူသည် လုံးဝ ခုခံနိုင်စွမ်း မရှိခဲ့ပေ။

ဗုန်း

ယွီရွှမ်ဇီ၏ ဦးခေါင်းမှာ မြေပြင်သို့ ပြုတ်ကျသွားသည်။ ခေါင်းပြတ်နေသော သူ၏ ခန္ဓာကိုယ်သည် ဓားကို ရှေ့သို့ ဆက်လက်ထိုးလျက်သား... သူ၏ ပြင်းပြသော စိတ်ဆန္ဒကြောင့် ခန္ဓာကိုယ်မှာ လဲမကျသေးဘဲ ရှိနေသည်။ ဖေးရှန်းကျောင်းထိုင် ယွီရွှမ်ဇီ ကွယ်လွန်သွားပြီဖြစ်သည်။

ထိုဆူညံသံကြောင့် ဖေးရှန်းကျောင်းဆောင်မှ တပည့်များ ပြေးဝင်လာကြသည်။ ရှေ့ဆုံးမှ လာသူမှာ မျက်နှာလေးထောင့်ကျကျနှင့် ခိုင်မာသော ပုံစံရှိသည့် လူငယ်တာအိုဆရာတစ်ဦးဖြစ်သည်။ သူသည် ဆရာဖြစ်သူ၏ အလောင်းနှင့် ဦးခေါင်းမရှိတော့သော ဘိုးဘေးရုပ်တုကို မြင်လိုက်ရချိန်တွင် မျက်နှာတစ်ခုလုံး ဖြူလျော်သွားတော့သည်။

"ဆရာကြီး"

ထိုလူငယ်မှာ အော်ဟစ်ငိုကြွေးလိုက်ပြီး ဘေးနားရှိ တပည့်များမှာလည်း ဒူးထောက်ကာ ပူဆွေးဝမ်းနည်းနေကြတော့သည်။

နေရောင်ခြည်နုနု စတင်ထွက်ပေါ်လာချိန်...

လီယန်ချူသည် တရားထိုင်နေပြီး သူ၏ အရှိန်အဝါမှာ အလွန်ပင် မြင့်မြတ်လှသည်။ သူ၏ ယန်ဝိညာဉ် မှာ ချင်းယွန်းကျောင်းဆောင်၏ အပေါ်တွင် ရပ်နေပြီး နေ့သစ်၏ ပထမဆုံး နေရောင်ခြည်အတွင်းရှိ နေမင်း၏ အနှစ်သာရကို စုပ်ယူနေသည်။

သာမန်ကျင့်ကြံသူများအတွက် ဝိညာဉ်ခွဲထွက်ခြင်းမှာ ဖယောင်းတိုင်မီးကိုပင် ကြောက်ရသော်လည်း လီယန်ချူမှာမူ နေရောင်ခြည်ကိုပင် စုပ်ယူနေခြင်းဖြစ်သည်။ မျက်စိဖြင့် မမြင်နိုင်သော ရွှေရောင်အမှုန်အမွှားများမှာ သူ၏ ယန်ဝိညာဉ်အတွင်းသို့ စီးဝင်ကာ စွမ်းအားကို ပိုမိုကြီးမားစေသည်။

ရုတ်တရက်

သူသည် ရင်းနှီးသော အရှိန်အဝါတစ်ခုကို ခံစားလိုက်ရသဖြင့် မျက်လုံးဖွင့်ကာ စိတ်အာရုံကို ဖြန့်ကျက်လိုက်သည်။ မကြာမီမှာပင် ထိုအရှိန်အဝါ၏ ပိုင်ရှင်ကို ရှာတွေ့သွားသည်။

၎င်းမှာ ရိုးရှင်းသော တာအိုဝတ်စုံကို ဝတ်ထားသော်လည်း နတ်ဘုရားတစ်ပါးကဲ့သို့ ခန့်ညားသော တာအို လူအိုကြီးတစ်ဦးဖြစ်သည်။ သူသည် စက္ကူထီးတစ်ချောင်းကို ချိုင်းကြားတွင် ညှပ်ထားပြီး ကျောတွင် မက်မွန်သားဓားကို လွယ်ထားသည်။ လမ်းဘေးတွင် လူတစ်ယောက်က ထိုတာအိုအိုကြီးကို တိုက်မိဟန်ဆောင်ကာ သူ၏ ပိုက်ဆံအိတ်ကို ခိုးယူသွားသည်။

ဂျွတ်

တာအို လူအိုကြီးမှာ လျင်မြန်စွာပင် ထိုသူ၏ လက်ကောက်ဝတ်ကို ဖမ်းဆွဲကာ လိမ်ချိုးလိုက်သည်။

"အား"

ထိုအသက် ၁၇-၁၈ အရွယ် လူငယ်မှာ နာကျင်လွန်းသဖြင့် အော်ဟစ်လိုက်ရသည်။ တာအို လူအိုကြီးက အေးစက်စွာ ပြုံးရင်း

"မျက်စိမရှိတဲ့ သူခိုးလေး၊ တာအိုဆရာရဲ့ ပိုက်ဆံကိုမှ ခိုးရလား၊ မိုးကြိုးပစ်ခံရမှာ မကြောက်ဘူးလား"

ဟု ဆိုကာ ပိုက်ဆံအိတ်ကို ပြန်ယူလိုက်သည်။

ထိုစဉ် လူမိုက် ၃-၄ ယောက်က သူ့ကို ဝိုင်းလိုက်ကြသည်။ ခေါင်းဆောင်ဖြစ်သူ လူငယ်က

"သူ့ကို ရိုက်ကြစမ်း" ဟု အမိန့်ပေးလိုက်ရာ လူငယ်နှစ်ဦးက ပြေးဝင်သွားသည်။ သို့သော်...

ဗုန်း ဗုန်း ဗုန်း

တာအို လူအိုကြီး၏ လက်သီးအောက်တွင် လူငယ်များမှာ မျက်စိတစ်မှိတ်အတွင်း မြေပြင်ပေါ်သို့ လဲကျကုန်သည်။

ခေါင်းဆောင်ဖြစ်သူမှာ ချက်ချင်းပင် အမူအရာပြောင်းသွားကာ

"အဘိုး... လူငယ်တွေ မသိလို့ပါ၊ လွှတ်ပေးပါဦး"

ဟု ဆိုကာ မိမိခါးမှ ပိုက်ဆံအိတ်ကိုပါ ထုတ်ပေးလိုက်ရသည်။

တာအိုအိုကြီးက ထိုသူ၏ ဗိုက်ကို ကန်ထုတ်လိုက်ရင်း

"ဒီနေရာမှာ မင်းတို့က လာခိုးရဲသေးတယ်ပေါ့ မပတ်သက်သင့်တဲ့သူနဲ့ ပတ်သက်မိရင် အသက်တောင် ပါသွားလိမ့်မယ် သွားကြစမ်း နောက်တစ်ခါ မြင်ရင် ခြေထောက်ကို ချိုးပစ်မယ် "

တာအို လူအိုကြီးမှာ အလွန်ပင် ခန့်ညားထည်ဝါနေသော်လည်း လူငယ်များ ထွက်ပြေးသွားချိန်တွင်မူ ခိုးယူခံရမည့် ပိုက်ဆံအိတ်ကို ကာကွယ်နိုင်သည့်အပြင် နောက်ထပ် ပိုက်ဆံအိတ်တစ်ခုပါ ရလိုက်သဖြင့် ဝမ်းသာသွားပုံရသည်။

သို့သော် အိတ်ထဲတွင် ကြေးပြားအနည်းငယ်သာ ပါသည်ကို တွေ့ရသောအခါ

"ဟက် လူဆင်းရဲတွေပဲ " ဟု ရေရွတ်လိုက်သည်။

သူသည် လမ်းဘေးမှ ပေါက်စီနှစ်လုံးဝယ်ကာ အားရပါးရ စားရင်း မြို့ထဲသို့ လျှောက်လာခဲ့သည်။

ချင်းယွန်းကျောင်းဆောင် အပေါ်မှ လီယန်ချူသည် ဤမြင်ကွင်းကို မြင်တွေ့ရသောအခါ ပြုံးလိုက်မိသည်။ ထို့နောက် သူ၏ ဝိညာဉ်ကို ခန္ဓာကိုယ်ထဲ ပြန်သွင်းကာ အပြင်သို့ အပြေးထွက်လာခဲ့သည်။

"ဆရာဦးလေး.. မတွေ့တာကြာပြီနော်၊ အရင်အတိုင်းပဲ ကျန်းမာသန်စွမ်းနေတာပဲ"

တာအို လူအိုကြီးက ရယ်မောရင်း

"တူတော်... မင်းကတော့ အခြေအနေ တော်တော်ကောင်းနေပုံပဲ၊ ငါလည်း မင်းဆီ ခိုလှုံဖို့ လာခဲ့တာလေ"

ဟု ဆိုသည်။

ဤတာအိုအိုကြီးမှာ အခြားသူမဟုတ်... ယခင်က လုံဟူရှန်း ၏ နတ်ဘုရားတာအိုဆရာကြီး လေးဦးအနက် အကြီးအကဲဖြစ်သော ကျန်းတာအိုဆရာကြီး ပင် ဖြစ်သည်။

သူတို့နှစ်ဦး ကျောင်းဆောင်ထဲသို့ ဝင်လာကြသည်။ တာအို လူအိုကြီးက ကျောင်းဆောင်အသစ်ကို ကြည့်ကာ အံ့ဩနေသည်။ လီယန်ချူက မော်ရှန်းတောင်မှ ချီလုံတာအိုဆရာ က အိမ်ကို ဖျက်ဆီးသွားခဲ့ကြောင်း ရှင်းပြလိုက်သည်။ လီယန်ချူ၏ မြည်းကြီး မှာလည်း တာအို လူအိုကြီးကို မြင်သောအခါ ဝမ်းသာအားရ ပြေးလွှားပြနေသည်။

ကျောင်းဆောင်အတွင်း လီယန်ချူက တာအို လူအိုကြီးကို အဆင့်မြင့် ဝိညာဉ်လက်ဖက်ရည်ဖြင့် ဧည့်ခံလိုက်သည်။

"ဆရာဦလေး .. ဒီမှာ အဝသောက်ပါ၊ ကျွန်တော်တို့ အခု ချမ်းသာနေပါပြီ"

တာအို လူအိုကြီးက ရယ်မောရင်း လီယန်ချူ၏ နာမည်ကျော်ကြားမှုများကို ချီးကျူးစကားဆိုသည်။ လီယန်ချူက ဆရာဦးလေး၏ ကျင့်စဉ်အဆင့် ပြန်လည်ကောင်းမွန်လာခြင်း ရှိမရှိ မေးမြန်းရာ တာအို လူအိုကြီးက ခေါင်းခါပြသည်။ လီယန်ချူက သူ၏ ဆေးနည်းများနှင့် ရတနာများဖြင့် ကူညီပေးချင်သော်လည်း တာအို လူအိုကြီးက ငြင်းပယ်လိုက်သည်။

"ငါ့အခြေအနေက နည်းနည်း ထူးခြားတယ်၊ မင်း စိတ်မပူပါနဲ့။ လုံဟူရှန်း က ပျင်းဖို့ကောင်းတယ်၊ ဝေမြို့ က ပိုစည်ကားတာပေါ့။ ငါ ဒီမှာနေရင်း မင်းရဲ့ ကံတရားကို နည်းနည်း မျှဝေခံစားရင် ကျင့်စဉ်တွေက အလိုလို ပြန်တက်လာမှာပါ"

တာအို လူအိုကြီး ရောက်ရှိလာပြီး နောက်တစ်ရက်တွင် လူငယ်တာအိုဆရာ နှစ်ဦး ရောက်ရှိလာသည်။ အမျိုးသားမှာ မျက်နှာလေးထောင့်နှင့် တည်ငြိမ်ပြီး အမျိုးသမီးမှာ လှပချောမောသည်။ ၎င်းတို့နှစ်ဦးစလုံး၏ မျက်နှာတွင် ကြီးမားသော ဝမ်းနည်းမှုများ ဖုံးလွှမ်းနေသည်။

၎င်းတို့မှာ လင်ယွန်း နှင့် လင်လင်း တို့ ဖြစ်ကြသည်။ လီယန်ချူသည် ယခင်က ကြာပန်းဖြူဂိုဏ်း ကိစ္စကို ဖြေရှင်းစဉ်က ၎င်းတို့နှင့် သိကျွမ်းခဲ့ခြင်းဖြစ်သည်။

"လင်ယွန်း... ဘာဖြစ်လို့လဲ "

လင်ယွန်းက ဝမ်းနည်းကြေကွဲစွာဖြင့်

"တာအိုဆရာလီ... ဖေးရှန်းကျောင်းဆောင်က နတ်သမီးရုပ်တုရဲ့ ဦးခေါင်းကို တစ်စုံတစ်ယောက်က ဖြတ်သွားခဲ့တယ်၊ ကျွန်တော်တို့ရဲ့ ဆရာကြီးလည်း ခေါင်းဖြတ်သတ်ခံလိုက်ရပါတယ် "

လီယန်ချူမှာ အလွန်အံ့ဩသွားသည်။ ယွီရွှမ်ဇီမှာ တရားမျှတမှုကို မြတ်နိုးသော တာအိုဆရာတစ်ဦးဖြစ်သဖြင့် သူ အလွန်လေးစားခဲ့သူဖြစ်သည်။

"ယွီရွှမ်ဇီဆရာကြီး ကွယ်လွန်သွားပြီလား..."

လင်ယွန်းက ဆက်ပြောပြသည်မှာ ဆရာကြီးသည် တစ်ချက်ပင် ပြန်မတိုက်နိုင်ဘဲ ခေါင်းဖြတ်သတ်ခံခဲ့ရခြင်းဖြစ်ကြောင်း၊ ထိုသူ၏ ကျင့်စဉ်အဆင့်မှာ တတိယအဆင့် ဖြစ်နိုင်ကြောင်း ဆိုသည်။

ယွီရွှမ်ဇီသည် မိစ္ဆာများကို နှိမ်နင်းရန် သတ္တိရှိရှိ တိုက်ပွဲဝင်ခဲ့သူဖြစ်သော်လည်း ယခုအခါ မိမိကျောင်းဆောင်အတွင်းမှာပင် အသတ်ခံလိုက်ရခြင်းမှာ အလွန်ပင် ကြေကွဲစရာ ကောင်းလှသည်။

"စိတ်မပူပါနဲ့... ဒီကိစ္စကို ကျွန်တော် သေချာပေါက် စုံစမ်းစစ်ဆေးပြီး နောက်ကွယ်က လူသတ်သမားကို ရှာဖွေပြီး သတ်ပစ်ပါ့မယ်"

လီယန်ချူ၏ မျက်နှာမှာ အေးစက်ခက်ထန်သွားတော့သည်။

သူ၏ ပြတ်သားသော ကတိစကားကြောင့် လင်ယွန်းမှာ များစွာ အားတက်သွားရတော့သည်။

အပိုင်း (၈၃၆) ဘိုးဘေး၏ ကူညီစောင့်ရှောက်မှု

ဖေးရှန်းကျောင်းဆောင်

ရှီးရွှမ်နတ်သမီး၏ ရွှေကိုယ်ထည်ရုပ်တုမှာ ယခုအခါ ဦးခေါင်းမရှိသော ကိုယ်ထည်သက်သက်သာ ကျန်ရှိတော့ပြီး တစ်ကျောင်းဆောင်လုံးတွင် ဝမ်းနည်းကြေကွဲမှု အရှိန်အဝါများ လွှမ်းမိုးနေသည်။

လင်ယွဲ သည် ငယ်ရွယ်သော တာအိုသီလရှင်လေးတစ်ဦးဖြစ်ပြီး အလွန်အမင်း ချောမောလှပသည်မဟုတ်သော်လည်း မျက်ခုံးအစုံတွင် သူရဲကောင်းပီသသော အရှိန်အဝါရှိကာ ကျောတွင် ဓားရှည်တစ်စင်းကို လွယ်ထားသည်။ ဖေးရှန်းကျောင်းဆောင်တွင် ကြီးမားသောကိစ္စရပ်များ ဖြစ်ပွားနေသဖြင့် ကျောင်းတံခါးကို ပိတ်ထားပြီး ဧည့်သည်များကို လက်မခံသော်လည်း လင်ယွဲသည် ကျောင်းဆောင်အတွင်းမှ ဆူညံသံများကို ကြားလိုက်ရသည်။

သူမသည် ထိုအသံရှိရာ ကျောင်းဆောင်နောက်ဘက်သို့ ပြေးသွားကြည့်ရာ သန်မာထွားကြိုင်းသော သားသတ်သမားတစ်ဦးကို တွေ့လိုက်ရသည်။ သူ၏လက်ထဲတွင် အသားဖြတ်သည့် ဓားမြှောင်တစ်စင်းရှိပြီး အေးစက်သော အလင်းတန်းများ ဖြာထွက်နေသည်။ သားသတ်သမားသည် လင်ယွဲကို မြင်သောအခါ သားရဲတစ်ကောင်ကဲ့သို့ သွားဖြူဖြူကြီးများကို ထုတ်ပြကာ ရယ်မောလိုက်သည်။

"နင်က ဘယ်သူလဲ ငါတို့ ဖေးရှန်းကျောင်းဆောင်ကို ဘာလို့ ကျူးကျော်ဝင်ရောက်လာတာလဲ "

လင်ယွဲက ငေါက်ငမ်းလိုက်သည်။

ထွားကြိုင်းသော သားသတ်သမားသည် သူ၏ ယပ်တောင်အလား ကြီးမားသော လက်ဝါးကြီးဖြင့် သူမကို လှမ်းဖမ်းလိုက်သည်။ လင်ယွဲသည် "ချွန်း" ဟူသော အသံနှင့်အတူ ဓားကို ဆွဲထုတ်ကာ နဂါးတစ်ကောင် အာကာသတွင် ပျံဝဲသကဲ့သို့ လျင်မြန်စွာ ထိုးနှက်လိုက်သည်။

တိ

အဆင့်မြင့်သံမဏိဖြင့် ပြုလုပ်ထားသော ဓားရှည်မှာ ထိုသားသတ်သမား၏ လက်ဝါးကို မဖောက်ထွင်းနိုင်ဘဲ ကျောက်သားကို ထိုးမိသကဲ့သို့ မီးပွင့်သွားသည်။ လင်ယွဲသည် မျက်လုံးများ အေးစက်သွားကာ လက်ကောက်ဝတ်ကို လှည့်၍ သားသတ်သမား၏ လည်ပင်းကို ဆက်တိုက် ထိုးနှက်သော်လည်း သူသည် မရှောင်တိမ်းဘဲ သံချိတ်သဖွယ် လက်ချောင်းများဖြင့် သူမကို ပြန်လည် ဖမ်းဆွဲရန် ကြိုးစားသည်။

ဗုန်း

လင်ယွဲ၏ ကိုယ်ပေါ်တွင် စိမ်းဖန့်ဖန့် အလင်းတန်းတစ်ခု ပေါ်ထွက်လာပြီး ကာကွယ်ရေး အကာအကွယ်တစ်ခုအလား သားသတ်သမား၏ လက်ဝါးကို တားဆီးပေးလိုက်သည်။ ၎င်းမှာ ဖေးရှန်းကျောင်းဆောင်၏ ဘေးကင်းရေး ကာကွယ်မှုရတနာ ဖြစ်သော်လည်း ကြီးမားသော အားအရှိန်ကြောင့် လင်ယွဲမှာ နောက်သို့ လွင့်ထွက်သွားရသည်။

"မိစ္ဆာ" သူမ ရေရွတ်လိုက်သည်။ သူမသည် ထိုသူ့ထံမှ ပြင်းထန်သော မိစ္ဆာစွမ်းအင်နှင့် သွေးစိမ်းရှင်ရှင် အနံ့အသက်များကို ခံစားလိုက်ရသည်။

သားသတ်သမားက အေးစက်စွာ ရယ်မောရင်း

"ဖေးရှန်းကျောင်းဆောင်ရဲ့ တပည့်တွေက တကယ်ကို ကိုင်တွယ်ရ ခက်တာပဲ၊ ဒီလို အဆင့်မြင့် ကာကွယ်ရေးပစ္စည်းတွေ ရှိနေတာကိုး"

ဟု ဆိုသော်လည်း ထပ်မံ တိုက်ခိုက်ခြင်းမပြုဘဲ တည်ငြိမ်စွာ ရပ်နေသည်။

"မိစ္ဆာတွေ ကျူးကျော်နေပြီ"

လင်ယွဲက အော်ဟစ်အချက်ပေးလိုက်သည်။

ကျောင်းဆောင်တွင် တပည့်ပေါင်း ဒါဇင်နှင့်ချီ ရှိသဖြင့် ထိုအသံကို ကြားလျှင် ချက်ချင်း ရောက်လာကြမည်ဖြစ်သည်။ သို့သော် သူမ၏ အော်သံအဆုံးတွင် ပတ်ဝန်းကျင်မှာ တိတ်ဆိတ်မြဲ တိတ်ဆိတ်နေသည်။

လင်ယွဲသည် တစ်ခုခု မှားယွင်းနေပြီဖြစ်ကြောင်း ချက်ချင်း သိလိုက်သည်။ ပြင်ပမှ ပညာရှင် သို့မဟုတ် မိစ္ဆာဝိညာဉ်တစ်ခုခုက ပုံရိပ်ယောင်နယ်မြေ ကို ဖန်တီးထားခြင်း ဖြစ်ပေလိမ့်မည်။ သူမသည် ရင်ဘတ်ထဲမှ ကြက်သွေးနှင့် အနီရောင်ဆေး ရောစပ်ရေးသားထားသော ဘေးရန်ကင်းစင်စေသည့် အဆောင် ကို ထုတ်ကာ မီးရှို့လိုက်သည်။

အဆောင်မှာ မီးစွဲလောင်သွားပြီး ပတ်ဝန်းကျင်မှာ ရေလှိုင်းအလား တုန်ခါသွားသော်လည်း ခဏချင်းမှာပင် နဂိုအတိုင်း ပြန်ဖြစ်သွားသည်။

"ဒုက္ခပဲ" အဆောင်က အလုပ်မဖြစ်ပေ။ ထိုစဉ် သူမ၏ နားထဲသို့ အေးစက်သော လေတစ်ချက် တိုးဝင်လာပြီး ကြက်သီးမွေးညင်းများ ထသွားစေသည်။

"နုနုနယ်နယ် မိန်းကလေးလေးက တကယ်ကို မွှေးတာပဲ"

ဟု အိုမင်းပြီး အေးစက်သော အသံတစ်ခု ထွက်ပေါ်လာသည်။

လင်ယွဲ၏ စိတ်အာရုံမှာ ချက်ချင်းပင် ဝေဝါးသွားပြီး သူမ၏ ကာကွယ်ရေးရတနာမှာ မပျက်စီးသော်လည်း ဝိညာဉ်မှာ မိစ္ဆာအတတ်ဖြင့် ချည်နှောင်ခံလိုက်ရသည်။ သူမသည် ခန္ဓာကိုယ်ထဲတွင် အားအင်များ ကုန်ခမ်းသွားကာ မြေပြင်ပေါ်သို့ လဲကျသွားတော့သည်။ သူမ တွေ့လိုက်ရသည်မှာ အနီရောင် ပန်းထိုးဖိနပ်တစ်စုံ...

သားသတ်သမားက ရယ်မောရင်း

"ပန်းအဘွား ကျေးဇူးပါပဲ၊ မဟုတ်ရင် ဒီကောင်မလေး အော်နေရင် အလုပ်ရှုပ်ဦးမယ်"

ဟု ဆိုသည်။ သူ၏ ကြောက်မက်ဖွယ်ကောင်းသော မျက်နှာတွင် ယခုအခါ နူးညံ့သော အပြုံးတစ်ခု ပေါ်နေသည်။

လဲကျနေသော လင်ယွဲ၏ ရှေ့တွင် ဆံပင်ဖြူဖြူနှင့် အဘွားအိုတစ်ဦး ရပ်နေသည်။ သူမသည် သာမန်တောသူအဘွားအိုနှင့် တူသော်လည်း ခြေထောက်တွင် အနီရောင် ပန်းထိုးဖိနပ်ကို စီးထားပြီး ဆံပင်တွင် တောပန်းဖြူတစ်ပွင့်ကို ပန်ထားသည်။ သူမ၏ မျက်နှာတွင် အနီရောင် အလှပြင်ဆေးများကို ရဲရဲတောက် လိမ်းကျံထားသည်။

"ယွီရွှမ်ဇီက ငါ့ရဲ့ အချစ်ဆုံး မြေးလေးကို သတ်ခဲ့တယ်၊ ဒီကလဲ့စားကို ငါ သေချာပေါက် ချေရမယ်"

ဟု အဘွားအိုက ဆိုကာ လင်ယွဲကို ကြည့်၍ အေးစက်စွာ ပြုံးသည်။

သားသတ်သမားက လင်ယွဲကို သိုးတစ်ကောင်အလား ပခုံးပေါ် ထမ်းတင်လိုက်သည်။ လင်ယွဲသည် အလွန်ကြောက်လန့်သွားသည်။ သူမ မှတ်မိသွားပြီ... ဤသားသတ်သမားမှာ သူမ၏ဆရာ ယခင်က နှိမ်နင်းခဲ့ဖူးသော မိစ္ဆာဂိုဏ်းမှ လူသတ်သမား ဖြစ်သည်။

ပတ်ဝန်းကျင်မှာ ပြောင်းလဲသွားပြီး ဝက်မျက်နှာနှင့် တာအိုဆရာ၊ ကိုယ်ခန္ဓာ တစ်ဝက်သာရှိသော အဖိုးကြီး၊ လျှာရှည် ငရဲသား စသည့် မိစ္ဆာပေါင်းစုံမှာ ကျောင်းဆောင်အတွင်းသို့ စီးနင်းဝင်ရောက်နေကြသည်။ ၎င်းတို့အားလုံးမှာ လူသားများကို သတ်ဖြတ်စားသောက်တတ်သည့် ကြောက်မက်ဖွယ်ရာများသာ ဖြစ်သည်။

ဖေးရှန်းကျောင်းဆောင်၏ ပင်မဆောင်အတွင်းတွင် အလွန်ပြင်းထန်သော တိုက်ပွဲများ ဖြစ်ပွားနေသည်။ တပည့်များမှာ ဓားများ၊ အဆောင်များဖြင့် ခုခံနေကြသော်လည်း မိစ္ဆာများ၏ စွမ်းအားမှာ ပိုမိုကြီးမားလှသည်။ လင်ယွဲသည် သူမ၏ ညီနောင်များ သတ်ဖြတ်ခံနေရသည်ကို မြင်သောအခါ ဒေါသနှင့် ဝမ်းနည်းမှုများ ပြင်းထန်လာသည်။

ရုတ်တရက်

ဦးခေါင်းမရှိသော ရှီးရွှမ်နတ်သမီး၏ ရွှေကိုယ်ထည်မှ အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး လင်ယွဲ၏ ကိုယ်ထဲသို့ စီးဝင်သွားသည်။ လင်ယွဲသည် မိစ္ဆာအတတ်ကို ချိုးဖျက်နိုင်ခဲ့ပြီး စွမ်းအားများ ရုတ်တရက် တိုးလာသည်။

သူမသည် သားသတ်သမား၏ ပခုံးပေါ်မှ ခုန်ဆင်းကာ

"မိစ္ဆာတွေကို သုတ်သင်မယ်"

ဟု ဟစ်အော်လိုက်သည်။

သူမ၏ အရှိန်အဝါမှာ ပြောင်းလဲသွားပြီး လက်ဝါးတစ်ချက် ရိုက်ထုတ်လိုက်ရုံဖြင့် မိစ္ဆာတစ်ကောင်၏ ဦးခေါင်းမှာ ကွဲအက်သွားသည်။

သို့သော် ထိုစဉ် မြူခိုးများအတွင်း ဖုံးကွယ်နေသော ပဟေဠိဆန်သည့် လူရိပ်တစ်ခု ပေါ်လာသည်။ ထိုသူသည် လျင်မြန်စွာပင် လင်ယွဲကို ဖမ်းဆွဲရန် ကြိုးစားသည်။ လင်ယွဲက ဓား ဖြင့် တိုက်ခိုက်သော်လည်း ထိုသူ၏ မြူခိုးများအတွင်းသို့ စုပ်ယူခြင်း ခံလိုက်ရသည်။

လင်ယွဲသည် ထိုသူ၏ ဖမ်းဆွဲခြင်းကို ခံလိုက်ရသော်လည်း သူမ၏ ကိုယ်ပေါ်တွင် ငါးရောင်ခြည် အလင်းတန်းများ တောက်ပလာပြီး ထိုလူရိပ်၏ လက်ဝါးမှာ မီးလောင်သွားတော့သည်။

"ဟော... ဖေးရှန်းကျောင်းဆောင်မှာ မီးစွမ်းအင်ရှင် ရှိနေတာပဲ "

ဟု ထိုလူရိပ်က အံ့ဩသွားသည်။

လင်ယွဲ၏ ကိုယ်ထဲတွင် ရှိနေသော စွမ်းအားမှာ ဘိုးဘေး ရှီးရွှမ်နတ်သမီးက သူမ၏ နောက်မျိုးဆက်များအတွက် ချန်ထားခဲ့သော နောက်ဆုံး ကာကွယ်မှုဖြစ်သည်။

လင်ယွဲသည် မြေပြင်မှ ဓားတစ်စင်းကို ဆွဲယူလိုက်သည်။ ၎င်းမှာ သတ်ဖြတ်ခံလိုက်ရသော သူမ၏ မောင်လေး လင်ရှန်း ၏ ဓားဖြစ်သည်။ လင်ရှန်းမှာ ရိုးသားပြီး ကြိုးစားသူဖြစ်သော်လည်း ယခုအခါ ဝက်မျက်နှာ မိစ္ဆာ၏ စားသောက်ခြင်းကို ခံနေရပြီဖြစ်သည်။

သူမ၏ တခြားသော စီနီယာများဖြစ်သည့် လင်ခုံးနှင့် လင်ကျန့်တို့လည်း သတ်ဖြတ်ခံလိုက်ရပြီဖြစ်သည်။

လင်ယွဲသည် အလွန်အမင်း ဒေါသထွက်နေသော်လည်း သူမ၏ စွမ်းအားမှာ ထိုမြူခိုးလူရိပ်ကို မယှဉ်နိုင်ပေ။ သူမ၏ ဓားမှာ ကျိုးပဲ့သွားပြီး နောက်သို့ လွင့်ထွက်ကာ သွေးများ အန်ထုတ်လိုက်ရသည်။

လင်ယွဲက ထိုသူကို ကြည့်ကာ

"ဝူဝေတာအိုဂိုဏ်းရဲ့ ဂိုဏ်းချုပ်က မိစ္ဆာလို ဟန်ဆောင်ပြီး ဒီလိုလုပ်ရဲတယ်ပေါ့၊ ထျန်းရွှီဂိုဏ်းချုပ်... မင်းကို မိုးကြိုးပစ်မှာ မကြောက်ဘူးလား "

ဟု ကြွေးကြော်လိုက်သည်။

ထိုလူရိပ်မှာ တုန်လှုပ်သွားသော်လည်း အေးစက်စွာ ရယ်မောရင်း

"ဘာတွေ လျှောက်ပြောနေတာလဲ"

ဟု ဆိုကာ ပြင်းထန်သော စွမ်းအားဖြင့် တိုက်ခိုက်လိုက်သည်။

ဝုန်း

ထိုစဉ် ကောင်းကင်ယံမှ မိုးကြိုးတစ်ချက် ပစ်ချလိုက်ရာ လင်ယွဲကို တိုက်ခိုက်နေသော မိစ္ဆာမှာ ပြာအဖြစ်သို့ ပြောင်းလဲသွားသည်။ လူတိုင်းမှာ အံ့ဩသွားကြသည်။ လောကကြီးတွင် တရားမျှတမှု ပျောက်ကွယ်နေချိန်၌ မည်သူက မိုးကြိုးကို စေခိုင်းနိုင်သနည်း။

ကောင်းကင်ယံရှိ တိမ်တိုက်များကြားတွင် ခန့်ညားထည်ဝါသော လူငယ်တစ်ဦးကို တွေ့လိုက်ရသည်။ သူသည် ခါးတွင် ရှေးဟောင်းဓားတစ်စင်းကို ချိတ်ထားပြီး တိမ်စီးကာ ဆင်းသက်လာသည်။

"သတ္တိရှိလှချည်လား"

လီယန်ချူ၏ အသံမှာ မိုးကြိုးသံအလား ဟိန်းထွက်လာသည်။

ဝုန်း ဝုန်း ဝုန်း

ကောင်းကင်မှ မိုးကြိုးငါးသွယ် ပစ်ချလိုက်ရာ သားသတ်သမား၊ ပန်းအဘွားနှင့် ကျူးကျော်လာသော မိစ္ဆာအားလုံးမှာ ခဏချင်းမှာပင် ပြာအဖြစ်သို့ ပြောင်းလဲသွားတော့သည်။

"နတ်ဘုရားတွေ ကြွလာတာလား"

"ငါတို့ ဖေးရှန်းကျောင်းဆောင်ကို ကယ်တင်လိုက်ပြီ"

ဖေးရှန်းကျောင်းဆောင်မှ တပည့်များမှာ အားတက်သွားကြသည်။ မြေပြင်ပေါ်တွင် ဝူဝေတာအိုဂိုဏ်းချုပ် ထျန်းရွှီသည် ဒူးထောက်လျက်သား ရှိနေသည်။ သူသည် လီယန်ချူ၏ မိုးကြိုးဒဏ်ကို ခံလိုက်ရသဖြင့် ကိုယ်တွင်းအင်္ဂါများ ပျက်စီးနေပြီဖြစ်သည်။

လီယန်ချူသည် ထိုသူ့ရှေ့တွင် ဆင်းသက်လိုက်ပြီး

"ကျင့်ကြံသူတစ်ယောက်ဖြစ်ပြီး မိစ္ဆာတွေနဲ့ ပေါင်းရဲတယ်ပေါ့"

ဟု ဆိုကာ သတ်ဖြတ်လိုသော အရှိန်အဝါကို ထုတ်ဖော်လိုက်သည်။

ထျန်းရွှီက တစ်ခုခု ပြောရန် ကြိုးစားသော်လည်း လီယန်ချူက လက်ဝါးတစ်ချက် ရိုက်ထုတ်လိုက်ရာ သူသည် သွေးမြူများအဖြစ် ပျောက်ကွယ်သွားသည်။

လီယန်ချူသည် သူ၏ ဝိညာဉ် ကို ဖမ်းဆွဲကာ ဝိညာဉ်ရှာဖွေခြင်း အတတ်ဖြင့် စစ်ဆေးလိုက်သည်။ ထျန်းရွှီသည် ယခင်က ယွီရွှမ်ဇီကို မနာလိုဖြစ်ခဲ့သဖြင့် မိစ္ဆာများနှင့် ပေါင်းကာ ဤကဲ့သို့ လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။

လီယန်ချူသည် ဒဏ်ရာရနေသော တပည့်များကို အဆင့်မြင့် ဆေးလုံးများ ပေးကမ်းလိုက်ရာ ၎င်းတို့မှာ ချက်ချင်းပင် ပြန်လည် ကျန်းမာလာကြသည်။

ထို့နောက် သူသည် လင်ယွဲကို ကြည့်ကာ သူမ၏ ကိုယ်ထဲမှ ဘိုးဘေးရှီးရွှမ်နတ်သမီး၏ အငွေ့အသက်ကို အသုံးချ၍ ဖန်တီးခြင်းအလင်းအတတ်ဖြင့် ဘိုးဘေး၏ ဝိညာဉ်အကြွင်းအကျန် ကို နှိုးလိုက်သည်။

ရှီးရွှမ်နတ်သမီး၏ ဝိညာဉ် ပေါ်ထွက်လာပြီး လီယန်ချူကို ကျေးဇူးတင်စကား ဆိုသည်။ လီယန်ချူက နတ်သမီး၏ ဦးခေါင်း မည်သည့်နေရာတွင် ရှိသည်ကို မေးမြန်းရာ နတ်သမီးက

"ဒါဟာ လွန်ခဲ့တဲ့ နှစ်ပေါင်းတစ်ထောင်က ငါ့ကို သတ်ခဲ့တဲ့ နတ်ဘုရားကျွန် တွေရဲ့ လက်ချက်ပဲ၊ သူတို့က အခုထက်ထိ လူ့လောကမှာ ရှိနေတုန်းပဲလား"

ဟု ဆိုကာ ဦးခေါင်းရှိရာကို ညွှန်ပြလိုက်သည်။

လီယန်ချူသည် ရှီးရွှမ်နတ်သမီး၏ ဝိညာဉ်ကို ခေါ်ဆောင်ကာ ဦးခေါင်းရှိရာသို့ တိမ်စီး၍ ပျံသန်းထွက်ခွာသွားတော့သည်။

လင်ယွဲသည် ဝေးကွာသွားသော လီယန်ချူ၏ ကျောပြင်ကို ကြည့်ရင်း ထူးဆန်းသော ခံစားချက်တစ်ခု ရရှိနေတော့သည်။

All Chapters