အခန်း (၁၁၅-၁၁၆)
Vol. 12 Ch. 115-116
🍋 Chapter 115
စားသောက်ဝိုင်းမှာ မုယန်အား စိတ်ရွှင်လန်းအောင် လုပ်ပေးဖို့ ရည်ရွယ်ထားခြင်း ဖြစ်သော်လည်း ယခုကဲ့သို့ အနှောင့်အယှက် ပေါ်လာသည်မှာ အနည်းငယ် စိတ်ပျက်စရာ ကောင်းသွားသည်။
သို့သော် မိန်းကလေး နှစ်ယောက်မှာ သူတို့ဘာသာ နောက်တစ်ကြိမ် ဆုံတွေ့ဖို့ ချိန်းဆိုလိုက်ကြပြီး ကျိုးထျန်းကို တစ်ယောက်တည်း ထားရစ်ခဲ့ကာ ဟိုတယ်အခန်းထဲသို့ တိုးတိုးတိတ်တိတ် စကားပြောရန် တန်းတန်းမတ်မတ် ထွက်သွားကြသည်။
၎င်းမှာ ကျိုးထျန်းအတွက် သူ၏ အလုပ်များကို စီစဉ်ရန် အချိန်ရသွားစေသည်။
ပထမဆုံးအနေဖြင့် သူသည် ထျန်းချိုင် နည်းပညာကုမ္ပဏီမှ မန်နေဂျာအချို့ကို ဖုန်းဆက်ပြီး ပရိုမိုးရှင်း ဗီဒီယို ထုတ်လုပ်ရေးကို အရှိန်မြှင့်ရန် ညွှန်ကြားလိုက်သည်။
ကျောက်ရှင်း၏ Weibo ပရိုမိုးရှင်းနှင့်လည်း ချိတ်ဆက် လုပ်ဆောင်ရန် လိုအပ်သည်။
လေဆိပ်ဓာတ်ပုံနှင့် ပတ်သက်ပြီး တုံ့ပြန်ရန် အစီအစဉ်ကို နောက်နှစ်ရက်အတွင်း လုပ်ဆောင်ရန် သတ်မှတ်ထားပြီးသား ဖြစ်သည်။
ထို့ကြောင့် ထျန်းချိုင် နည်းပညာကုမ္ပဏီသည်လည်း အခွင့်အရေးကို လက်ဆုပ်လက်ကိုင်ယူပြီး ကျောက်ရှင်းနှင့်အတူ ပူးပေါင်း တိုက်စစ်ဆင်ရန် လိုအပ်သည်။
လောလောဆယ်တွင် သူ့၌ အမြတ်အစွန်း ရနိုင်သော လုပ်ငန်းနှစ်ခုသာ ရှိသည်၊ ၎င်းတို့မှာ ဂိမ်းနှင့် ရုပ်ရှင်တို့ ဖြစ်ပြီး နှစ်ခုလုံးက အလွန်အရေးကြီးသည်။
ယင်းတို့က တစ်ခုနှင့်တစ်ခု အပြန်အလှန် အထောက်အကူပြုပြီး ပိုမိုကောင်းမွန်သည့် ရလဒ် ထွက်မထွက်ဆိုသည်မှာ လက်ရှိ လူသိရှင်ကြား ကြော်ငြာမှုအပေါ်တွင် လုံးဝ မူတည်နေသည်။
လူထု၏သဘောထားကို အပြုသဘောဆောင်သည့် ဘက်သို့ ဦးတည်အောင် တွန်းပို့နိုင်လျှင် နှစ်ဆမျှ ပိုမိုထိရောက်ပေလိမ့်မည်။
ထိုအရာများကို စီစဉ်ပြီးနောက် သူသည် ဂျက်ဆီ ပေးပို့ထားသော အချက်အလက်များကို ဖွင့်ကြည့်လိုက်သည်။
"မာခွန်း၊ အမျိုးသား၊ အသက် ၂၇ နှစ်၊ ရှီးရှန်းပြည်နယ်၊ တာထုံမြို့တွင် မွေးဖွားသည်။"
သူ့ အသက်ကို မြင်လိုက်ရသည့်အခါ ကျိုးထျန်းမှာ ခပ်တိုးတိုး ရယ်မိသွားသည်။
"ဒီကောင်က ၂၇ နှစ်ပဲ ရှိသေးတာလား! ကြည့်ရတာ ၃၅ နှစ်လောက် ရှိပြီဆိုရင်တောင် ငါ ယုံမိမှာပဲ"
သူ ဆက်ဖတ်လိုက်သည်။
"လက်ရှိတွင် ရှီးရှန်းပြည်နယ် Jingcai ယဉ်ကျေးမှုနှင့် ဖျော်ဖြေရေးကုမ္ပဏီ၏ ပိုင်ရှင်ဖြစ်သည်။ အများပိုင်မဟုတ်သော ကုမ္ပဏီဖြစ်ပြီး ခန့်မှန်းခြေ စုစုပေါင်း ပိုင်ဆိုင်မှုမှာ သန်း ၈၀ ရှိသည်။"
"ဒီကုမ္ပဏီက သိပ်မကြီးပါလား၊ သန်း ၈၀ ပဲ ရှိတာလား၊ ဒါကလည်း ခန့်မှန်းတန်ဖိုးပဲ ရှိဦးမှာ၊ အားလုံးက လေထိုးထားတာတွေပဲ ဖြစ်မှာပါ"
ကျိုးထျန်းသည် ထိုလူကို အထင်ကြီးလွန်းသွားသလားဟု တွေးမိသွားသည်။
"မာကျန်းဟဲ၊ အမျိုးသား၊ အသက် ၆၈ နှစ်၊ ရှီးရှန်းပြည်နယ်၊ တာထုံမြို့တွင် မွေးဖွားသည်။ မာခွန်း၏ ဖခင်ဖြစ်သည်။"
"လက်ရှိတွင် ရှီးရှန်းပြည်နယ် Coking Coal Group ၏ ဥက္ကဋ္ဌ ဖြစ်သည်။ ကုမ္ပဏီတွင် ကျောက်မီး သွေးတွင်းကြီး ၆ ခုနှင့် ဌာနခွဲ ၆ ခု ရှိပြီး တစ်နှစ်လျှင် ထုတ်လုပ်မှု တန်ချိန် ၈ သန်းကျော်နှင့် နှစ်စဉ် ဝင်ငွေမှာ ယွမ် ၁၈ ဘီလီယံ ကျော်ရှိသည်။
"လက်ရှိတွင် ရှီးရှန်းပြည်နယ် ရွှေတွင်းလုပ်ငန်းစု ၏ ဒါရိုက်တာဖြစ်ပြီး ရှယ်ယာ ၇ ရာခိုင်နှုန်း ပိုင်ဆိုင်ကာ တန်ဖိုးမှာ ယွမ် ၈.၄ ဘီလီယံ ရှိသည်။"
"လက်ရှိတွင် ရှီးရှန်းပြည်နယ် နိုင်ငံတကာ သတ္တုတွင်း ကုမ္ပဏီ၏ ပိုင်ရှင်ဖြစ်ပြီး တန်ဖိုးမှာ ယွမ် ၁.၉ ဘီလီယံ ရှိသည်။"
"လက်ရှိတွင် ရှီးရှန်းပြည်နယ် Tianxia အိမ်ခြံမြေ ဖွံ့ဖြိုးရေး ကုမ္ပဏီလီမိတက်၏ ဥက္ကဋ္ဌ ဖြစ်ပြီး တန်ဖိုးမှာ ယွမ် ၃၀ ဘီလီယံ ရှိသည်။"
ကျိုးထျန်းဖတ်ပြီးနောက် တံတွေးကို ခက်ခက်ခဲခဲ မျိုချလိုက်ရသည်။
"ဝါး... တကယ်ကို အထင်ကြီးစရာပဲ။ မာခွန်း ဒီလောက် မောက်မာနေတာ မဆန်းပါဘူး၊ သူ့အဖေက တကယ့်ကို ရက်စက်တဲ့ လူစားမျိုးပဲ"
"ကျောက်မီးသွေးတွင်း၊ ရွှေ၊ နိုင်ငံတကာ သတ္တုတွင်း၊ အိမ်ခြံမြေ... အကုန်လုံးကို လက်ဝါးကြီးအုပ်ထားတာပဲ"
"ပြီးတော့ ဒီလောက်ကြီးမားတဲ့ ကျောက်မီးသွေးတွင်း ကုမ္ပဏီကို တည်ထောင်နိုင်ဖို့ဆိုရင် သူတို့ရဲ့ အစိုးရပိုင်း ကျောထောက်နောက်ခံကလည်း အတော်လေး တောင့်တင်းမှာ သေချာတယ်"
သူ ခေါင်းခါလိုက်မိသည်။
မလွယ်ကူလှပေ၊ အလွန် ခက်ခဲလိမ့်မည်။
အကယ်၍ သူတို့သာ အတည်အပေါက် လုပ်လာလျှင် သူ ဒုက္ခအကြီးအကျယ် ရောက်နိုင်သည်။
၎င်းမှာ ထွားကျိုင်းလှသော သတ္တဝါကြီးတစ်ကောင်ပင်!
"ဒါပေမဲ့ သူတို့ရဲ့ သြဇာအာဏာက ရှီးရှန်းပြည်နယ်မှာပဲ အဓိက ရှိတာ။ ရှန်ဟိုင်းမှာတော့ သူတို့ ခြေကုပ် သိပ်မရှိသေးဘူး၊ ဒါက ငါ့အတွက် အားသာချက်ပဲ"
သူ ခဏ စဉ်းစားလိုက်သည်။ စီးပွားရေး အင်အားသက်သက်နှင့်ဆိုလျှင် ဟယ်ဝေရွှမ်း၏ Baoge တောင်မှ သူတို့ကို ယှဉ်နိုင်ဖို့ ခဲယဉ်းပေလိမ့်မည်။
ကံကောင်းထောက်မစွာဖြင့် ပြီးခဲ့သည့် ဆယ်စုနှစ်အတွင်း ပြည်တွင်း ကျောက်မီးသွေး လုပ်ငန်းမှာ ကျဆင်းနေခဲ့သည်။
ထို့ကြောင့်ပင် သူတို့က အိမ်ခြံမြေနှင့် ရုပ်ရှင်လုပ်ငန်းဘက်သို့ ခြေဆန့်လာခြင်း ဖြစ်ပေလိမ့်မည်။
"ဘာပဲဖြစ်ဖြစ် ဒီကောင့်ကို သင်ခန်းစာ ပေးရမယ်။ သူ့ရဲ့ နောက်ခံကို ကြောက်ပြီး နောက်ဆုတ်နေလို့ မဖြစ်ဘူး"
လောကကြီးတွင် သင်က ခြေတစ်လှမ်း နောက်ဆုတ်လိုက်လျှင် တစ်ဖက်လူက အေးအေးဆေးဆေး နောက်ဆုတ်သွားမည်ဟု မဆိုလိုကြောင်း ကျိုးထျန်း သိသည်။
အခြေအနေ အတော်များများတွင် သင်သည် အကျပ်အတည်းဆိုက်သည်အထိ တဖြည်းဖြည်း နောက်ဆုတ်ပေးရတတ်သည်။
အခြေအနေက ထိုသို့ ဖြစ်နေမှတော့ "အခါတစ်ရာ ရိုက်နှက်ခံရမယ့်အစား တစ်ခါတည်းနဲ့ အပြတ်ရှင်းလိုက်တာ" က ပိုကောင်းပေလိမ့်မည်။
ထို့နောက် သူသည် မာခွန်း၏ကိုယ်ရေးအချက်အလက်များကို ဆက်ကြည့်လိုက်သည်။
ဖတ်ပြီးနောက် သူသည် ရွံရှာစက်ဆုပ်သည့် မျက်နှာထား ဖြစ်သွားသည်။
"ဒီကောင်ကတော့... သူ့ကို ကာမဂုဏ် လိုက်စားသူလို့ ခေါ်တာတောင် အဲဒီစကားလုံးကို စော်ကားရာ ရောက်လိမ့်မယ်။ သူက ဘယ်သူ့ကိုမဆို မရှောင်ဘူးပဲ"
အမျိုးသမီး အနုပညာရှင်များ၊ အနုပညာရှင်များ၏ အမျိုးသမီး လက်ထောက်များ၊ ရုပ်ရှင်ရိုက်ကွင်းမှ အမျိုးသမီး ဝန်ထမ်းများ၊ ဟိုတယ် စားပွဲထိုးများ၊ စားသောက်ဆိုင် ဝန်ထမ်းများ၊ သူနာပြုများ၊ ပြုစုစောင့်ရှောက်သူများနှင့် လူနာများ၏ မိသားစုဝင်များအထိ။
သူ ဆုံသမျှ လူတိုင်းနီးပါးနှင့် အိပ်ခဲ့သည်။ သူ မပတ်သက်ဖူးသည့် လုပ်ငန်းဟူ၍ မရှိသလောက်ပင်။
ဆယ်ကျော်သက်များမှသည် အသက်လေးဆယ်ကျော် အမျိုးသမီးများအထိ အရသာမျိုးစုံကို သူ နှစ်သက်သည်။
အမှန်စင်စစ် သူ အကြိုက်ဆုံးမှာ အမျိုးသမီးအနုပညာရှင်များ ဖြစ်သည်မှာ သံသယဖြစ်ဖွယ် မရှိပေ။
အချက်အလက်များကို ဖတ်ပြီးနောက် ကျိုးထျန်းသည် ထိုလူက ရုပ်ရှင်ကုမ္ပဏီ ထောင်ထားခြင်းမှာ ပိုက်ဆံရှာရန် မဟုတ်ဘဲ မိန်းကလေးများနှင့် ကစားရန် ဖြစ်မည်ဟုပင် သံသယဝင်လာမိသည်။
သူတို့ကုမ္ပဏီက ရင်းနှီးမြှုပ်နှံထားသည့် ရုပ်ရှင်တိုင်းတွင် ခေါင်းဆောင်မင်းသမီး၊ ဒုတိယမင်းသမီး၊ တတိယမင်းသမီးနှင့် ကြည့်ကောင်းသည့် မင်းသမီးများအားလုံးမှာ သူနှင့်အတူ ဟိုတယ်တည်းခိုသည့် မှတ်တမ်းများ ရှိနေသည်။
“အသက် ၂၇ နှစ်မှာတင် ကျန်းမာရေး ဒီလောက် ပျက်စီးနေတာ မဆန်းပါဘူး၊ ဒါတွေ အကုန်လုံးက အလုပ်များလွန်းလို့ (ကာမဂုဏ် လိုက်စားလွန်းလို့) ဖြစ်မှာပဲ..”
“သူ့အဖေက ၆၈ နှစ်၊ သူက ၂၇ နှစ်။ အဖေ အသက်ကြီးမှ ရတဲ့ သား ဖြစ်ပေမဲ့ ဒါက ဒီလောက်အထိ အလိုလိုက်သင့်တယ်လို့ မဆိုလိုဘူးလေ..”
ကာမဂုဏ်ဆိုသည်မှာ ရက်စက်သည့် သခင်မတစ်ဦး ဖြစ်ပြီး မာခွန်းမှာတော့ အပြင်းအထန် ထိခိုက်နေပြီ ဖြစ်သည်။
“ငါသာ ကျောက်ရှင်း နေရာမှာဆိုရင် ဒီလိုလူမျိုးဆီ အညံ့ခံမယ့်အစား သေတာကမှ ပိုကောင်းဦးမယ်..”
ကျိုးထျန်းသည် စိုးရိမ်စိတ်ဖြင့် ခေါင်းကိုက်လာသည်။ ဤကဲ့သို့ လူမျိုးက မည်သို့ တည်ရှိနေနိုင်ပါသနည်း။
ကိုယ်ရေးကိုယ်တာ ဘဝ ဤမျှ ရှုပ်ထွေးနေမှတော့ သူသည် ရောဂါမျိုးစုံနှင့် ဖြစ်နေမည်မှာ သေချာသည်။
“ဟင်... ရောဂါတွေလား?”
“ဒီကောင်က ဒီလောက် ရှုပ်ရှုပ်ထွေးထွေး နေနေတာတောင် ရောဂါ တစ်ခုမှ မရှိဖူးဘူးလား?”
ဂျက်ဆီ စုံစမ်းထားသည့် မှတ်တမ်းများတွင်တော့ ထိုအကြောင်း မပါဝင်ပေ၊ အကြောင်းမှာ သူသည် ပိုင်ဆိုင်မှုနှင့် ပတ်သက်မှုများကိုသာ အဓိက စုံစမ်းခဲ့ပြီး ကျန်းမာရေး မှတ်တမ်းများကိုတော့ သေချာ မစုံစမ်းခဲ့သောကြောင့် ဖြစ်သည်။
သူသည် ဂျက်ဆီထံသို့ ချက်ချင်းပင် ထပ်မံ ဆက်သွယ်လိုက်ပြီး ထိုလူ၏ ဆေးမှတ်တမ်းများကို ရှာဖွေခိုင်းလိုက်သည်။ အသေးစိတ်လေ ပိုကောင်းလေပင်။
မိနစ်အနည်းငယ် ကြာပြီးနောက် မာခွန်း၏ ဆေးမှတ်တမ်းများ ရောက်လာပြီး ကျိုးထျန်းသည် တစ်ဝက်ခန့် ဖတ်ပြီးသည်နှင့် တုန်လှုပ်ခြောက်ခြားသွားတော့သည်။
“ဒီကောင်မှာ ပြဿနာတွေ ဘယ်လောက်တောင် များနေတာလဲ?!”
သူသည် အလွန်ပင် ရွံရှာသွားသဖြင့် သူ့ ဖုန်းကိုပင် လွှင့်ပစ်ချင်စိတ် ပေါက်သွားသည်။
"ဒါပေမဲ့ သူက သူ့မှာ ရောဂါတွေ ဒီလောက် များနေတာ သိရဲ့သားနဲ့ ဘယ်နေရာမဆို လျှောက်ရှုပ်နေတုန်းပဲ။ ဒါက တခြားသူတွေကို ဒုက္ခပေးနေတာ မဟုတ်ဘူးလား?"
သူ တွေးလေလေ ပိုပြီး ရွံရှာလေလေဖြစ်လာသည်။
ဒီကောင်က တကယ့်ကို လောက်ကောင်ပဲ။ သူ့ကို ကြည့်ရတာတောင် မခံနိုင်တော့ဘဲ ပတ်သက်ဖို့ဆိုတာ ပိုတောင် မဖြစ်နိုင်သေးသည်။
‘သူက မသန့်ရှင်းရုံတင် မဟုတ်ဘူး၊ ညစ်ပတ်တာ၊ တကယ်ကို ညစ်ပတ်တာ’
‘တောက်... ဒါလည်း ကောင်းတာပါပဲ။ ဒါက ငါ့အတွက် အချိန်မရွေး သုံးလို့ရမယ့် အစွမ်းထက်တဲ့ လက်နက်တစ်ခု ပေးလိုက်သလိုပဲ’
အကယ်၍ သူ၏ ရောဂါနှင့် သူနှင့် ပတ်သက်ခဲ့သည့် မင်းသမီးစာရင်းကိုသာ အတူတူ ထုတ်ပြန်လိုက်မည်ဆိုလျှင် တရုတ် အနုပညာလောက တစ်ခုလုံး အဆင့် ၁၂ ရှိသော ငလျင်တစ်ခု လှုပ်ခတ်သွားသကဲ့သို့ ဖြစ်သွားပေလိမ့်မည်။
သို့သော် အခြေအနေမှာ ထိုအဆင့်ထိ မရောက်သေးသောကြောင့် မရက်စက်သေးပေ။
အဓိကအချက်မှာ ယခုလေးတင် ရောက်လာသည့် သတင်းအချက်အလက်အချို့က သူ့ကို အကြီးအကျယ် တုန်လှုပ်သွားစေခြင်း ဖြစ်သည်။
၎င်းမှာ သူ၏ လောကအမြင်ကိုပင် ရိုက်ချိုးလိုက်သလို ခံစားရသည်။
"အဖေတူ သားပဲ"
[ဒင်~... စနစ်၏ တာဝန်ပေးချက် ထုတ်ပြန်ချက်]
[အချိန်အကန့်အသတ်ရှိသော မနာလိုမှု တာဝန်]
[တစ်လအတွင်း လူပေါင်း ၅၀၀၀ ထက်မနည်းကို အမြင့်ဆုံး အဆင့်သို့ ရောက်ရှိအောင် လုပ်ဆောင်ပါ]
[တာဝန်ဆုလာဘ်: သံပရာအာရုံခံနိုင်စွမ်း]
[ဆုလာဘ် အချက်အလက်: သံပရာအာရုံခံနိုင်စွမ်းသည် Host အား အန္တရာယ်ကို အာရုံခံနိုင်သည့် စွမ်းရည်ကို ပေးအပ်မည် ဖြစ်သည်။ အန္တရာယ်အဆင့်ပေါ် မူတည်ပြီး သံပရာအာရုံခံနိုင်စွမ်းသည် Host အား သတိပေးရန် ချဉ်သည့် အဆင့်အမျိုးမျိုးကို ထုတ်ပေးမည် ဖြစ်သည်။]
ရုတ်တရက် ပေါ်လာသည့် တာဝန်ပေးချက်ကို မြင်လိုက်ရသည့်အခါ ကျိုးထျန်း ခေါင်းခါလိုက်မိသည်။
"သံပရာအာရုံခံနိုင်စွမ်း?"
"ဒါက ငါ့ကို အန္တရာယ်အတွက် သတိပေးမယ့် စွမ်းရည်ပဲ"
"ဒါပေမဲ့ ဒီတာဝန်က အတော်လေး ခက်ခဲတယ်"
"အချိန်က အများကြီး ရတယ်ဆိုပေမဲ့ လူပေါင်း ၅၀၀၀ ကို အမြင့်ဆုံး အဆင့် ရောက်အောင် လုပ်ဖို့ဆိုတာ မလွယ်ဘူး"
အခုအချိန်အထိ လူ ၃၀၀ ခန့်ကသာ သူ့ကို အမြင့်ဆုံး အဆင့် ပေးထားကြသေးသည်။
ယင်းကတစ်ဆင့် လီမွန်မျိုးစေ့ စွမ်းရည်ဖြင့် သူသည် တစ်နှစ်လျှင် ယွမ် ၃ သန်းနီးပါးကို အလကား ရနေခြင်းဖြစ်သည်။
အကယ်၍ သူသည် လူပေါင်း ၅၀၀၀ ကို လီမွန်မျိုးစေ့ များ စိုက်ပျိုးနိုင်မည်ဆိုလျှင် တစ်နှစ်လျှင် ယွမ် သန်း ၅၀ နီးပါး ရရှိမည် ဖြစ်သည်။
ထိုအခါကျလျှင် သူသည် ဘာမှမလုပ်ဘဲ အိပ်ရာပေါ်မှာ လှဲပြီး နေ့တိုင်း ပိုက်ဆံရေနေရုံသာ ရှိတော့သည်။
"အခက်အခဲ မြင့်မားလေ၊ ဆုလာဘ် ကြီးမားလေပဲ။ ဒါက ကျိုးကြောင်းဆီလျော်ပါတယ်၊ ဒါပေမဲ့ ငါ သေချာ စီစဉ်ဖို့တော့ လိုအပ်တယ်"
အမြင့်ဆုံး အဆင့်အား ရရှိရန်မှာ မလွယ်ကူပေ၊
ကြီးမားသည့် လှုံ့ဆော်မှု တစ်ခုခု လိုအပ်သည်။
၎င်းအား လူမှုကွန်ရက်ပေါ်မှာ စာအနည်းငယ် တင်ရုံနဲ့တော့ ဖြေရှင်းလို့ ရမှာ မဟုတ်ပေ။
"ကြည့်ရတာ ငါ ဒါကို ရေရှည်အတွက် စဉ်းစားဖို့လိုအပ်လိမ့်မယ်"
🍋 Chapter 116
ဤတာဝန်သည် အလွန်တရာ အရေးတကြီး လုပ်ဆောင်ရန် မလိုသေးပေ။
အချိန်တစ်လခန့် ကျန်ရှိနေသေးသည် မဟုတ်ပါလား။ ယခု လတ်တလောတွင်မူ မာခွန်းကိုသာ အရင်ဆုံး ကိုင်တွယ်ဖြေရှင်းရန်လိုအပ်သည်။
သူတို့ ထမင်းဝိုင်းကို နှောင့်ယှက်ဖျက်ဆီးခဲ့သည်ဟူသော အချက်တစ်ခုတည်းနှင့်ပင် သူ့ကို သင်ခန်းစာပေးရန် လုံလောက်လှပြီ ဖြစ်၏။
ထို့အပြင် သူh နောက်ကြောင်းမှာလည်း အလွန်ပင် ညစ်ပတ်လှသည်ဖြစ်ရာ သူ့ကို အရေးမယူဘဲ လွှတ်ထားခြင်းသည် လူ့အဖွဲ့အစည်းအပေါ် ကျေးဇူးကန်းရာ ရောက်ပေလိမ့်မည်။
၎င်းအပြင် မာခွန်းကို ယခုအချိန်၌ အရေးယူခြင်းသည် ကျိုးထျန်း၏ကိုယ်ပိုင် စီးပွားရေး အကျိုးအမြတ်များအတွက်လည်း အထောက်အကူ ဖြစ်စေသည်။
ဟာသရုပ်ရှင်နှင့် ‘Planet House’ တို့သည် တစ်ချိန်တည်းမှာပင် ရုပ်ရှင်ရုံတင်ရန် စီစဉ်ထားသောကြောင့် ဖြစ်၏။
တစ်နိုင်ငံလုံးတွင် ရုပ်ရှင်ရုံ အရေအတွက်မှာ အကန့်အသတ်ရှိပြီး ရုပ်ရှင်ကား အနည်းငယ်ကိုသာ တစ်ပြိုင်နက်တည်း ပြသနိုင်မည် ဖြစ်သည်။
ဆိုလိုသည်မှာ ထိုကာလအတွင်း ရရှိနိုင်သော အမြင့်ဆုံး ရုံဝင်ငွေမှာ ကန့်သတ်ချက် ရှိနေပေသည်။
ယခုနှစ်၏အစည်ကားဆုံး အမျိုးသားနေ့ အားလပ်ရက်တွင် ‘Planet House’ ကို ရုံမတင်ခဲ့ခြင်းမှာ အင်အားကြီး ရုပ်ရှင်ကားကြီးများစွာနှင့် ထိပ်တိုက်မတိုးစေရန်အတွက် ဖြစ်သည်။
ယခုအခါ ၎င်းနှင့် တစ်ချိန်တည်း ရုံတင်မည့် ကားများထဲတွင် အကြီးမားဆုံး ခြိမ်းခြောက်မှုမှာ ဝူချိုင် နည်းပညာ၏ ဟာသရုပ်ရှင်ကားပင် ဖြစ်၏။
ထိုရုပ်ရှင်တွင် နာမည်ကြီး ဟာသသရုပ်ဆောင်များနှင့် လူငယ်သရုပ်ဆောင် အများအပြား ပါဝင်ထားသည်။
၎င်းမှာ အထူးပြုလုပ်ချက် မပါဝင်သလောက်ဖြစ်သော မြို့ပြဟာသကား တစ်ကားသာ ဖြစ်သော်လည်း ကုန်ကျစရိတ်မှာ ယွမ်သန်း ၃၀၀ ရှိသည်ဟု ဆိုထားသည်။
ဇာတ်လမ်းသွားနှင့် အထူးပြုလုပ်ချက်များကိုသာ အဓိက အားထားရသည့် ‘Planet House’ ၏ ထုတ်လုပ်ရေး ကုန်ကျစရိတ်နှင့် မရှေးမနှောင်းပင်။
ထိုသရုပ်ဆောင်များ မည်မျှအထိ အခကြေးငွေ ရယူထားကြသည်ကို သိသာလွန်းလှသည်။
ကျိုးထျန်းသည် ပြုံးလိုက်ပြီး သူhဖုန်းမှတစ်ဆင့် ဝူချိုင် နည်းပညာကို မီဒီယာများမှ တိုက်ခိုက်ရန် စီစဉ်ညှိနှိုင်းလိုက်၏။
"လက်ဆောင်အသေးစားလေးက မကြာခင် ရောက်လာတော့မှာပါ၊ မနက်ဖြန်ကျရင်တော့ ပွဲကောင်းကြည့်ရဖို့သာ စောင့်နေလိုက်တော့"
နောက်တစ်နေ့ နံနက်တွင် သူသည် နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျနေစဉ် ထုံးစံအတိုင်း ဖုန်းမြည်သံကြောင့် နိုးလာရသည်။
"ဘယ်သူလဲကွ၊ မနက် ၆ နာရီပဲ ရှိသေးတာကို"
သူ မသိသော ဖုန်းနံပါတ် ဖြစ်သဖြင့် ခေတ္တမျှ ဝေခွဲမရဖြစ်နေပြီးမှ နောက်ဆုံးတွင် ဖုန်းဖြေလိုက်သည်။
"ဟယ်လို... ဘယ်သူလဲ" ဟု သူက အိပ်ချင်မူးတူးဖြင့် မေးလိုက်၏။
"နင် ငါတို့ဟိုတယ် စားသောက်ဆိုင်ရဲ့ စောင့်ကြည့်ကင်မရာ မှတ်တမ်းတွေကို ကူးသွားတယ်နော်၊ အခု ဘာလုပ်ဖို့ ကြံစည်နေတာလဲ"
တစ်ဖက်မှ အေးစက်စက် အသံကို ကြားလိုက်ရသဖြင့် ကျိုးထျန်း မျက်လုံးကို ပွတ်လိုက်မိသည်။
"မစ္စဟယ်... ကျွန်တော်က ခင်ဗျားတို့ဟိုတယ်ရဲ့ နာမည်ဂုဏ်သတင်းကို ကာကွယ်ပေးဖို့ ကြိုးစားနေတာပါ။
အဲ့ဒီလူက ဧည့်သည်တွေရှေ့မှာ ရိုင်းရိုင်းစိုင်းစိုင်း ဆဲဆိုနေတာလေ၊ ခင်ဗျားတို့ ဟိုတယ်ကလည်း စည်းကမ်းအတိုင်း သူ့ကို ထွက်သွားခိုင်းခဲ့တာပဲ။ ကျွန်တော်ကတောင် ခင်ဗျားတို့ကို ကျေးဇူးတင်လွှာ ပေးပို့ဖို့ စဉ်းစားနေတာ"
"နင် တစ်စုံတစ်ယောက်ကို ထောင်ချောက်ဆင်ချင်တာ ဆင်နိုင်တယ်၊ ဒါပေမဲ့ ငါတို့ Baoge ကိုတော့ ဆွဲမသွင်းနဲ့"
"စိတ်မပူပါနဲ့၊ ခင်ဗျားတို့ဟိုတယ် နာမည်ကို ကျွန်တော် လုံးဝထည့်ပြောမှာ မဟုတ်ပါဘူး"
"အဲ့ဒါလည်း မရသေးဘူး"
ကျိုးထျန်း ခေါင်းကို ကုတ်လိုက်မိပြီး ထိုအမျိုးသမီး၏စကားများ နောက်ကွယ်တွင် တစ်စုံတစ်ခု ရှိနေသည်ကို ခံစားမိလိုက်သည်။
'သူက ဘာလို့ ဒီကိစ္စလေးအတွက်နဲ့ ငါ့ကို ရုတ်တရက်ကြီး ဖုန်းဆက်ရတာလဲ'
'ဒီလို လုပ်ငန်းရှင်ကြီးက ငါ့ကို လိုက်နှောင့်ယှက်နေရအောင်အထိ အားနေလို့လား'
'မဟုတ်ဘူး၊ ဒီမိန်းမရဲ့အကြောင်း ငါသိသလောက်ဆိုရင် သူက အတော်လေး ပါးနပ်တဲ့သူပဲ။ သူ့ရဲ့ စကားလုံးတိုင်း၊ လုပ်ရပ်တိုင်းက ကြိုတင်စီစဉ်ထားတာတွေချည်းပဲ၊ သူက ဒီအတိုင်း အားနေမှာ မဟုတ်ဘူး'
သူ ခေတ္တမျှ စဉ်းစားလိုက်ပြီးမှ မေးလိုက်သည်။
"မစ္စဟယ်... ခင်ဗျား ဘာကို ဆိုလိုတာလဲဆိုတာ ပွင့်ပွင့်လင်းလင်းပဲ ပြောလိုက်ပါ၊ စကားကို လှည့်ပတ်မနေပါနဲ့တော့"
"နင် ဟိုတယ်ရဲ့ စောင့်ကြည့်ကင်မရာ မှတ်တမ်းကို ဗီဒီယိုသက်သေအဖြစ် သုံးလို့ရတယ်၊ ဒါပေမဲ့ အလဲအလှယ်အနေနဲ့ ငါ့ဆီမှာ ပိုနေတဲ့ ယွမ် ၁၀ သန်းကို ‘Planet House’ မှာ ရင်းနှီးမြှုပ်နှံချင်တယ်"
"ဟာ... သွားပြီ" ကျိုးထျန်း ဆဲလိုက်မိသည်။
'ဒီမိန်းမကတော့ တကယ် ရက်စက်တာပဲ။ သူက အခြေအနေကို အခွင့်ကောင်းယူပြီး ငါ့ဆီကနေ ပိုက်ဆံ ညှစ်ထုတ်ဖို့ ကြိုးစားနေတာပဲ'
'သူ့ဦးနှောက်က ဘယ်လို အလုပ်လုပ်နေတာလဲ၊ ဘာလို့ ဒီလိုကိစ္စမျိုးကို စဉ်းစားမိရတာလဲ'
ကျိုးထျန်း ယခုမူ လုံးဝ အိပ်ချင်ပြေသွားပြီဖြစ်သည်။
'သူက မာခွန်းရဲ့ အမှတ်အသားနဲ့ အဲ့ဒီ ဟာသရုပ်ရှင်ကားကြားက ပတ်သက်မှုကို သိနေတာ ဖြစ်ရမယ်။ နောက်ပြီး ငါ စောင့်ကြည့်ကင်မရာ မှတ်တမ်းတောင်းတာကို ကြည့်ပြီး ငါက မာခွန်းနဲ့ ဝူချိုင် နည်းပညာကို ပစ်မှတ်ထားတော့မယ်ဆိုတာကိုလည်း သူ သိသွားခဲ့တာပဲ'
'ဒီလိုဆိုရင် ငါ့ရဲ့ ကြားဝင်ဆောင်ရွက်မှုကြောင့် ဟာသရုပ်ရှင်ရဲ့ ရုံဝင်ငွေ ကျဆင်းသွားလိမ့်မယ်လို့ သူ ခန့်မှန်းထားတာပေါ့'
'ဒီလို ပြောင်းလဲမှုက ‘Planet House’ ရဲ့ အကျိုးအမြတ်တွေကို သိသိသာသာ မြင့်တက်လာစေနိုင်တယ်လေ'
'အဲ့ဒါအပြင် သူက ယွမ် ၁၀ သန်း ရင်းနှီးမြှုပ်နှံဖို့ ပြောလာတာကလည်း စိတ်ဝင်စားစရာပဲ။ အရင်က ငါ သူနဲ့ ရုပ်ရှင် ရုံဝင်ငွေအပေါ်မှာ လောင်းကြေးထပ်ခဲ့ဖူးတယ်၊ စာချုပ်ဖောက်ဖျက်ရင် ပေးရမယ့် လျော်ကြေးက ယွမ် ၁၀ သန်းနီးပါး ရှိတယ်လေ'
'သူက သူ့ရဲ့ ဆုံးရှုံးနိုင်ခြေကို ကာကွယ်လိုက်တာပဲ။ ဘာပဲဖြစ်ဖြစ် ရုပ်ရှင်က ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ သူကတော့ ပိုက်ဆံ မရှုံးတော့ဘူး၊ အမြတ်တောင်ရဦးမယ်'
'ပြီးတော့ ငါ သူ့ရဲ့ ရင်းနှီးမြှုပ်နှံမှုကို သဘောတူလိမ့်မယ်ဆိုတာကိုလည်း သူက ယုံကြည်မှု ရှိနေတာ'
'ဘာလို့လဲဆိုတော့ ငါက ဝူချိုင် ရုပ်ရှင်တွေကို တိုက်ခိုက်ဖို့အတွက် လက်နက်တစ်ခုအနေနဲ့ ဟိုတယ်ရဲ့ စောင့်ကြည့်ကင်မရာ မှတ်တမ်းကို လိုအပ်နေတာကိုး'
'သူက ကျောက်ရှင်း ဆီကို မသွားဘဲ ငါ့ဆီကို တိုက်ရိုက်လာပြီး ရင်းနှီးမြှုပ်နှံမှုအကြောင်း ပြောတာက ငါတို့ကြားက ဆက်ဆံရေးကို သူ နားလည်ထားလို့ပဲ'
ကျိုးထျန်း မေးစေ့ကို ပွတ်လိုက်ပြီး မျက်နှာပျက်သွားသည်။
'ဒီမိန်းမက တကယ့်ကို ကြောက်ဖို့ကောင်းတာပဲ၊ ကိုင်တွယ်ရတာ ခက်ခဲလွန်းတယ်။ ငါ လုပ်သမျှကို သူ အကုန် မြင်နေရသလို ခံစားနေရတယ်၊ တကယ် စိတ်ရှုပ်ဖို့ ကောင်းတာပဲ'
သူ့မှာ တခြား ရွေးချယ်စရာ မရှိတော့ပေ။
ဟယ်ဝေရွှမ်း၏ ကမ်းလှမ်းချက်ကို စိတ်လိုက်မာန်ပါဖြင့် ငြင်းပယ်ရန် မဖြစ်နိုင်ပေ။
ထို့အပြင် သူ့ ရင်းနှီးမြှုပ်နှံမှုကို လက်ခံလိုက်ခြင်းက Baoge ကို သူနှင့် တစ်လှေတည်းစီး တစ်ခရီးတည်းသွား ဖြစ်စေလိမ့်မည်။
လက်တွေ့မှာ မည်မျှအထိ အသုံးဝင်မည်ကို မသိရသော်လည်း အနည်းဆုံးတော့ Baoge ၏ အရှိန်အဝါက ကြောက်စရာ ကောင်းလှသည်။
"ကောင်းပြီ... ခင်ဗျားရဲ့ ရင်းနှီးမြှုပ်နှံမှုကို ကျွန်တော် လက်ခံလိုက်မယ်၊ ဒါပေမဲ့ ၁၀ သန်းပဲ ဖြစ်ရမယ်၊ ပိုလို့ မရဘူး"
"ရပြီ၊ ခဏနေရင် စာချုပ်ပြင်ဆင်ပြီး ဟွမ်းရှီ ရုပ်ရှင်နှင့် ဗီဒီယိုထုတ်လုပ်ရေး ဆီကို ပို့ပေးလိုက်မယ်။ နင်တို့ဘာသာ ပြန်စစ်ဆေးပြီးရင် ငါ့ဆီ ပြန်ပို့ပေးလိုက်ပေါ့။ ပိုက်ဆံကိုတော့ အမြန်ဆုံးလွှဲပေးလိုက်မယ်"
"မစ္စဟယ်... ကျွန်တော် ခင်ဗျားကို မေးချင်တာ တစ်ခုရှိတယ်"
"ပြောလေ"
ဟယ်ဝေရွှမ်း အသံမှာ အရင်အတိုင်း အေးစက်နေဆဲပင်။
"အရင်တစ်ခေါက်က နီလာမျက်နှာပြင်နဲ့ နာရီကို မကြာသေးခင်က တွေ့မိသေးလား"
ကျိုးထျန်းသည် လျိုပေါင်ချင်းကို ထိုနာရီ နှစ်လုံးအကြောင်း နေ့တိုင်း မေးမြန်းနေသော်လည်း ယခုအထိ ဘာသတင်းမှ မရရှိသေးပေ။
ဟယ်ဝေရွှမ်းသည် ထိုနာရီကို စိတ်ဝင်စားနေခဲ့သဖြင့် သူက တစ်နေရာရာတွင် တွေ့ခဲ့သည်ဖြစ်စေ၊ သို့မဟုတ် တစ်ဦးဦးထံမှ ဝယ်ယူခဲ့သည်ဖြစ်စေ ဖြစ်နိုင်သည်ဟု သူက တွေးမိလိုက်ခြင်း ဖြစ်သည်။
ထိုအမျိုးသမီးသည် လျိုမိသားစု၏အမှုတွင် ပါဝင်ပတ်သက်နေမည်ကို သူ လုံးဝသံသယမရှိပေ။
Baoge သည် ထိုကဲ့သို့ အဆင့်အတန်းနှင့် အင်အားရှိသည့် ကုမ္ပဏီမျိုး ဖြစ်သဖြင့် ဥက္ကဋ္ဌဖြစ်သူက ဤကဲ့သို့ ကိစ္စမျိုးကို ပြုလုပ်လိမ့်မည် မဟုတ်ပေ။
"မတွေ့ဘူး၊ အဲ့ဒီနောက်ပိုင်း သူ့ကို မတွေ့တော့ဘူး"
တစ်ဖက်မှ အသံမှာ ခေတ္တမျှ တုံ့ဆိုင်းသွားပြီးမှ ဆက်ပြောလာသည်။
"နင်နဲ့ အကြိမ်အနည်းငယ် ဆုံဖူးတဲ့သူ တစ်ယောက်အနေနဲ့ ငါ တစ်ခု ပြောပြမယ်။ များသောအားဖြင့် ဒီလို အဖိုးတန် ပစ္စည်းစုဆောင်းသူတွေကြားမှာပဲ တိုက်ရိုက်လည်ပတ်နေတတ်တာ၊ ဈေးကွက်ထဲကို ရောက်ချင်မှ ရောက်မှာ"
"အော်..." ကျိုးထျန်း အနည်းငယ် ဇဝေဇဝါ ဖြစ်သွားသည်။
"ဒါနဲ့ ဒါက ခင်ဗျားရဲ့ ကိုယ်ပိုင်ဖုန်းနံပါတ်လား၊ ခင်ဗျားရုံးခန်းကို ဖုန်းဆက်ပြီး ချိန်းဆိုမှုတွေ လုပ်မနေရအောင် ကျွန်တော် သိမ်းထားလိုက်မယ်"
တစ်ဖက်မှ ပြန်မဖြေခဲ့သော်လည်း ကျိုးထျန်းကမူ သူ မှန်ကန်ကြောင်း သိလိုက်သည်။
"ငြိမ်နေတာက သဘောတူတယ်လို့ မှတ်ယူလိုက်မယ်။ တစ်ခုခု လိုအပ်ရင် ခင်ဗျားဆီ တိုက်ရိုက် ဖုန်းဆက်လိုက်မယ်"
"ငါ့ရဲ့ အနားယူချိန်က မနက် ၁၂ နာရီ ၃၅ မိနစ်ကနေ မနက် ၄ နာရီ ၃၅ မိနစ်အထိပဲ။ ပြီးတော့ အရေးကြီးတဲ့ကိစ္စ မဟုတ်ရင် ဖုန်းမဆက်နဲ့၊ မဟုတ်ရင် Block ပစ်မယ်"
ထိုသို့ ပြောပြီးသည်နှင့် ဟယ်ဝေရွှမ်း ဖုန်းချသွားလေသည်။
"မနက် ၆ နာရီကြီး ဘာလို့ ဖုန်းဆက်တာလဲလို့ တွေးနေတာ၊ ဒီမိန်းမက မနက် ၅ နာရီမတိုင်ခင်ကတည်းက ထတာကိုး။ တကယ် ရက်စက်တာပဲ"
"ဒါဆို သူက တစ်နေ့ကို လေးနာရီပဲ အိပ်တာလား။ သူ ရူးနေတာပဲ ဖြစ်ရမယ်"
"မင်းထက် ချမ်းသာတဲ့သူတွေက မင်းထက် ပိုကြိုးစားတယ်လို့ ပြောကြပေမဲ့ ဒါကတော့ အလွန်အကျွံပဲ စက်ရုပ်တွေတောင် ခံနိုင်မှာ မဟုတ်ဘူး"
သူ ခေါင်းခါလိုက်ပြီး ထိုအမျိုးသမီးကို ရုတ်တရက် သနားမိသွားသည်။
"ငါကတော့ ပျော်ပျော်ပါးပါးပဲ နေချင်တယ်။ ငါသာ သူ့လိုဆိုရင် ပိုက်ဆံသာ ရှိမယ်၊ အဲ့ဒါကို သုံးဆောင်ဖို့ အသက်တောင်ရှိမှာ မဟုတ်ဘူး"
ထိုပျင်းရိသော အတွေးအခေါ်ကို လက်ကိုင်ထားကာ သူသည် ဖုန်းကို ဘေးသို့ ပစ်ချလိုက်ပြီး စောင်ထဲသို့ ခေါင်းပြန်တိုးဝင်သွားလေသည်။
...
ည ၈ နာရီခန့်တွင် လူအများအပြားသည် ၎င်းတို့ ဖုန်းများမှတစ်ဆင့် Weibo ကို ကြည့်ရှုနေကြသည်။
မနေ့က ကျောက်ရှင်း နှင့် လျှို့ဝှက်ဆန်းကြယ်သော အမျိုးသားတစ်ဦး လေဆိပ်တွင် အတင်းပြေးလွှားနေသည့် သတင်းမှာ လူတိုင်းကို စိတ်လှုပ်ရှားစေခဲ့သည်။
ယခုအချိန်အထိ သက်ဆိုင်သူများက လာရောက် ရှင်းလင်းခြင်း မရှိသေးပေ။
လူထု၏ စိတ်ဝင်စားမှုမှာ လျော့ပါးသွားခြင်း မရှိဘဲ ပြန်လည်မျှဝေမှု များစွာဖြင့် ထိုသတင်းမှာ ထိပ်တန်း ခေါင်းစဉ်အဖြစ် ရှိနေဆဲ ဖြစ်သည်။
သို့သော် မိနစ်အနည်းငယ် အကြာတွင် ကျောက်ရှင်း၏ သတင်းကို ကျော်တက်သွားသည့် ပိုပေါက် ကွဲအားကောင်းသော သတင်းတစ်ခု ထွက်ပေါ်လာခဲ့သည်။
"စားသောက်ဆိုင်တစ်ခုတွင် အမျိုးသားတစ်ဦး ဆူပူသောင်းကျန်းခဲ့ပြီး မောက်မာသော စကားများကို ပြောကြားခဲ့ 'တရုတ်ပြည်မှာ ငါမရနိုင်တဲ့ မိန်းမဆိုတာမရှိဘူး!'"