← Chapters

အခန်း (၁၃၇-၁၃၈)

Vol. 14 Ch. 137-138

အခန်း (၁၃၇-၁၃၈)

Vol. 14 Ch. 137-138

အခန်း (၁၃၇) အစုလိုက်အပြုံလိုက် သင်္ချိုင်းမြေတွင် ခိုကင်ခြင်းနှင့် ဒုက္ခရောက်နေသော နန်ကုန်းယွမ်

အကြံဉာဏ်များစွာ ရရှိခဲ့ပြီးနောက် ယွင်ဟွားသည် ယွင်အိမ်တော်ရှိ ခွေးဝင်ပေါက်မှတစ်ဆင့် အလွန်ကျေနပ်အားရစွာဖြင့် တွားသွားထွက်လာခဲ့၏။

သေခြင်းရှင်ခြင်းစာအုပ်သည် သူ၏ နဖူးကိုပင် မမြှောက်နိုင်တော့ဘဲ စိတ်ထဲတွင် အေးစက်သွားသည်ကို ခံစားလိုက်ရသည်။ ၎င်းသည် ယွင်ဟွားကို သနားစရာကောင်းသော အမူအရာဖြင့် ကြည့်လိုက်လေသည်။

“ဟေး... ပန်းကလေး... နင်က ယွင်မိသားစု ဘိုးဘေးတွေဆီ ယင်စွမ်းအင်တွေ အားလုံးပေးမယ်လို့ ကတိပေးထားတာလေ... ဒါဆို နင့်ရဲ့ ကျင့်ကြံခြင်းကရော ဘယ်လိုလုပ်မလဲ…”

၎င်းသည် ပန်းကလေးအား ကမ္ဘာလောကကို စိုးမိုးစေချင်နေဆဲ ဖြစ်သည်။

ယွင်ဟွားမှာမူ ဂရုမစိုက်ပေ။ သူမ၏ စိတ်က အတော်လေး ကျယ်ပြန့်လှသည်။

“ငါ့မှာ နင်နဲ့ ရှောင်ပေပေ့ ရှိနေတာပဲ... ပြီးတော့ ရှောင်ပေပေ့မှာလည်း သူ့ရဲ့ ရတနာတွေ ရှိနေတာမို့ ငါတို့က ကြောက်စရာမလိုပါဘူး..”

“ဟုတ်တယ်... ပေပေ့မှာ ရတနာရှိတယ်... ဟွားဟွားကတော့ အေးဆေးသာ အိပ်ပြီး အနားယူနေလိုက်..”

သေခြင်းရှင်ခြင်းစာအုပ်…...

အမှန်ပင် မောပန်းလှသည်။

ယွင်ဟွားသည် နောက်ဆုံးအကြိမ် ကျင့်ကြံခဲ့သည့် နေရာကို ရှာတွေ့သွားပြီး စောင်ကို ခင်းကာ ခြေထောက်ကို ချိတ်ထိုင်၍ မျက်လုံးများကို မှိတ်လိုက်သည်။ ထို့နောက် သူမ၏ မူလခန္ဓာကိုယ်စွမ်းအားများကို စုစည်းလိုက်ရာ သူမ၏ နဖူးပေါ်တွင် အမှတ်အသားတစ်ခု ပေါ်လာပြီး ပတ်ဝန်းကျင်၏ အပူချိန်မှာ လျင်မြန်စွာ ကျဆင်းသွားလေသည်။

မိုင်ပေါင်းများစွာ ပတ်လည်အတွင်းရှိ ယင်စွမ်းအင်များသည် သူမ၏ ဒန်တျန်အတွင်းသို့ ချက်ချင်းပင် စီးဝင်လာပြီး ပတ်ဝန်းကျင်ရှိ ကြွေကျနေသော အရွက်များကို လှုပ်ခတ်စေသည်။

ရုတ်တရက်။

ဤမြင်ကွင်းကြောင့် ထိတ်လန့်သွားသော ခိုတစ်ကောင်သည် ပျံသန်းရန် အလွန်အမင်း ရုန်းကန်ရင်း အတောင်ပံများကို ခတ်လိုက်လေ၏။

အမှတ်တမဲ့နှင့်ပင် ၎င်းမှာ ယွင်ဟွား၏ လက်ထဲသို့ ကျရောက်လာခဲ့သည်။

"ကူး ကူး..."

"ကူး ကူး..."

ယွင်ဟွားသည် သူမ၏ လက်ထဲတွင် ထူးခြားသည်ကို သတိပြုမိသွားရာ သူမ၏ မျက်ခုံးများ တွန့်ကွေးသွားပြီး ၎င်းကို ဖမ်းဆုပ်လိုက်သည်။

သူမသည် မျက်လုံးများကို ပြန်ဖွင့်လိုက်သောအခါ သွေးရောင်ဖျော့ဖျော့ရှိသော မျက်လုံးများက တုန်ယင်နေသော ခိုကို ကြောက်လန့်သွားစေသဖြင့် သတိမေ့မြောသွားလေသည်။

ယွင်ဟွားသည် ၎င်း၏ တင်းရင်းသော အသားကို ဆိတ်ကြည့်လိုက်ရာ စားချင်စိတ်ကြောင့် တံတွေးပင် သီးသွားတော့၏။

ယခု သူမသည် ကျင့်ကြံခြင်း လမ်းကြောင်းပေါ်တွင် ရှိနေပြီဖြစ်ရာ သူမ၏ စားသောက်မှုပမာဏမှာ ယခင်ကထက် အဆပေါင်းများစွာ ပိုများလာသည်။

“မီးမွှေးလိုက်... အသားကင်ပြီး စားလိုက်တော့မယ်..”

မည်မျှ တိုက်ဆိုင်လိုက်သနည်း။

သူမ အလွန်ဆာလောင်နေချိန်တွင် ဤအသားက သူမ၏ ခြေရင်းဆီသို့ အလိုအလျောက် ရောက်လာခဲ့သည်။ ၎င်းသည် သူမ၏ ဘဝတွင် မည်သို့ပင် ဖြစ်ပျက်နေပါစေ သူမအနေဖြင့် မစားဘဲ မနေနိုင်တော့ပေ။

ယွင်ဟွား ၎င်း၏ လည်ပင်းကို ညင်သာစွာ လိမ်ချိုးလိုက်ပြီး အမွေးများကို အလွန်စိတ်အားထက်သန်စွာ နုတ်နေစဉ် သေခြင်းရှင်ခြင်းစာအုပ်က ၎င်း၏ ခြေထောက်တွင် ချည်နှောင်ထားသည်ကို သတိပြုမိသွားကာ သတိပေးလိုက်လေသည်။

“ပန်းကလေး... ငါမှားမပြောဘူးဆိုရင် နင် စားတော့မယ့် ဒီအကောင်က စာပို့ခို မဟုတ်ဘူးလား…”

သူမ၏ သတင်းစကားကို ဟွားဟွားက ကြားဖြတ်ဖမ်းမိသွားသည့်အတွက် မည်သူကများ ကံဆိုးလိုက်သနည်းဟု တွေးမိသည်။

ယွင်ဟွားက ရပ်တန့်သွားပြီးနောက် သူမ၏ အပြစ်ကင်းစင်သော မျက်လုံးများကို မှိတ်တုတ်မှိတ်တုတ် လုပ်လိုက်သည်။

“သူက ပျံသန်းရင်း ပင်ပန်းသွားပြီး သတိလစ်ပြီး ငါ့လက်ထဲကို ရောက်လာတာ... ငါ သူ့လည်ပင်းကို လိမ်ချိုးလိုက်တဲ့အထိ သူက စာပို့ခိုမှန်း ငါမသိခဲ့ဘူး..”

၎င်းအတွက် သူမကို အပြစ်တင်၍ မရပေ။

မည်သို့ပင်ဆိုစေကာမူ သူမသည် အခြားသူများ၏ ကိုယ်ရေးကိုယ်တာများကို စပ်စုတော့မည် မဟုတ်ပေ။

"ဖြတ်" ဟူသော အသံဖြင့် သူမသည် ခို၏ ခြေထောက်များကို ချိုးဖဲ့ကာ ဘေးသို့ ချထားလိုက်ပြီး နောက်မှ ပိုင်ရှင်ကို ရှာရန် ရည်ရွယ်လိုက်သည်။

မကြာမီပင် မွှေးပျံ့နေသော ခိုကင်မှာ အဆင်သင့် ဖြစ်သွားသည်။

သေခြင်းရှင်ခြင်းစာအုပ်သည် တိတ်ဆိတ်နေလျက် ပန်းကလေး ဘေးသို့ ချထားသည့် ခိုခြေထောက်ကို ကြည့်လိုက်သည်။ မီးရောင်အောက်တွင် ၎င်းသည် ရင်းနှီးနေသော အမှတ်အသားတစ်ခုကို မြင်လိုက်ရသည်။

သေခြင်းရှင်ခြင်းစာအုပ်တွင် ဆိုးရွားသော ခံစားချက်တစ်ခု ဖြစ်ပေါ်လာသဖြင့် စစ်ဆေးရန် ချက်ချင်း ပျံသန်းသွားလေ၏။

ချက်ချင်းပင် သူ၏ မျက်လုံးများမှာ ပြူးကျယ်သွားသည်။

“ပန်းကလေး... ဒီစာပို့ခိုက မင်းသားစုရဲ့ အိမ်တော်ကလေ..”

ယွင်ဟွားသည် အသားတစ်ကိုက် စားတော့မည့် ဆဲဆဲတွင် သူမ၏ လက်များ တုန်ယင်သွားပြီး အသစ်ကင်ထားသော ခိုက မြေပြင်ပေါ်သို့ လိမ့်ကျသွားသည်။

သူမအနေဖြင့် ခဏမျှပင် စိတ်မကောင်းမဖြစ်နိုင်ခင် မြေပြင်ပေါ်မှ ခုန်ထလိုက်သည်။

သူမသည် ယခင်က စွန့်ပစ်ထားသည့် ခိုခြေထောက်ကို ပြန်ကောက်လိုက်သည်။

ယွင်ဟွားသည် မင်းသားစု၏ အိမ်တော်တွင် ရက်အနည်းငယ် နေခဲ့ဖူးသဖြင့် ၎င်းကို သဘာဝအတိုင်း မှတ်မိလိုက်သည်။

“ရှောင်ရှူးရှူး... အခု ဘယ်လိုလုပ်ကြမလဲ..”

ယွင်ဟွားက အနည်းငယ် အပြစ်ရှိသလို ခံစားလိုက်ရပြီး ဆက်ပြောလိုက်သည်။

“အခု ငါ ခိုခြေထောက်တွေကို မင်းသားစုရဲ့ အိမ်တော်ဆီ ပို့ပေးလိုက်ရင်ကော…”

သူမ အထဲကို မကြည့်ခဲ့သည်ဖြစ်ရာ မင်းသားစုအနေဖြင့် သူမကို အပြစ်တင်မည် မဟုတ်ပေ။

တရားသူကြီး၏စုတ်တံသည် ယွင်ဟွား၏ လက်ထဲရှိ ခိုခြေထောက်ကို စပ်စုစွာ ဝိုင်းရံလိုက်ပြီး စာလွှာ၏ အစိတ်အပိုင်းအချို့မှာ ပေါ်ထွက်နေသည်။

“သခင်လေး... ရေနှင့် ပတ်သက်ပြီး... ဘယ်နေရာရောက်နေမှန်း မသိရ... အရှင်မင်းသား... ယွင်မိသားစုရဲ့ စတုတ္ထသခင်မလေး... ကံကြမ္မာဟောသူ..”

“ဟွားဟွား... ဒီမှာ နင့်အကြောင်း ပြောထားပုံပဲ…”

တရားသူကြီး၏စုတ်တံက သူမြင်လိုက်ရသည့် အစိတ်အပိုင်းလေးကို အသံထွက် ဖတ်ပြလိုက်သည်။

ယွင်ဟွားမှာ တုန်လှုပ်သွားပြီး စာလွှာကို ချက်ချင်း ဖွင့်ကြည့်လိုက်သည်။ ၎င်းကို ရှောင်လီဟွာက ရေးသားထားခြင်း ဖြစ်သည်။

သူမ အမြန်ကြည့်လိုက်ရာ အနှစ်ချုပ်မှာ - သူတို့ ဓားပြများနှင့် ကြုံတွေ့ရပြီး ရန်သူများလွန်းလှသဖြင့် ထွက်ပြေးစဉ် သခင်လေးမှာ ရေထဲသို့ ပြုတ်ကျကာ ပျောက်ဆုံးသွားကြောင်း၊ မင်းသားကို လူအင်အားစုဆောင်းပေးရန် တောင်းဆိုထားပြီး သခင်မလေးယွင်အနေဖြင့် သခင်လေးအတွက် ကံကြမ္မာ ဟောကိန်းထုတ်ပေးရန် မျှော်လင့်ကြောင်း ဖြစ်၏။

ယွင်ဟွား၏ နှလုံးသားမှာ ချက်ချင်းပင် နစ်မြုပ်သွားကာ သူမ၏ ခန္ဓာကိုယ်တစ်ခုလုံးတွင် စိတ်ပျက်မှုများ ပြည့်နှက်နေပြီး စာလွှာကို လက်သေးသေးလေးများဖြင့် တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်လိုက်သည်။

“ရှောင်ရှူးရှူး... သူ့ရဲ့ ဇာတာခွင်ကို စစ်ဆေးပေးလို့ ရမလား…”

ရှောင်ယွမ်ယွမ်မှာ သူမ၏ မောင်လေးဖြစ်ရာ သူ့ကို ဘာမှမဖြစ်စေလိုပေ။

သေခြင်းရှင်ခြင်းစာအုပ်သည် မင်းသား၏ ကံကြမ္မာစာမျက်နှာမှာ နတ်ဘုရားတို့၏ လျှို့ဝှက်ချက်ဖြစ်သည့် အဖြူရောင်မြူခိုးများဖြင့် ဖုံးလွှမ်းထားကြောင်း ပြန်လည်အောက်မေ့လိုက်သည်။

ယခုအခါ ၎င်းကို လုံးဝ ကြည့်၍ မရတော့ပေ။

“ပန်းကလေး... အဲ့သခင်လေးက နင်နဲ့ တူတယ်...အတိဒုက္ခမျိုးစုံကို ဖြတ်သန်းနေရတဲ့ တန်ခိုးကြီးပုဂ္ဂိုလ်တစ်ယောက် ဖြစ်မယ်ထင်တယ်... ငါ သူ့ကံကြမ္မာကို မမြင်နိုင်တော့ဘူး..”

ယွင်ဟွား၏ လေးနက်သော အမူအရာမှာ ချက်ချင်းပင် တောင့်ခဲသွားသည်။

“သူကလည်း အတိဒုက္ခမျိုးစုံကို ဖြတ်သန်းနေရတဲ့ တန်ခိုးကြီးပုဂ္ဂိုလ် တစ်ယောက်လား..”

သူမမှာ နားမလည်နိုင်စွာဖြင့် ရပ်တန့်သွားပြီး ပြောလိုက်သည်။

“ဒါပေမယ့် ရှောင်ရှူးရှူး... နင် သူ့ကံကြမ္မာကို အရင်က စစ်ဆေးဖူးတယ်လေ... သူက သက်တမ်းတိုမယ်... အများဆုံး နှစ်နှစ်ခွဲလောက်ဆို သေမယ်လို့ ပြောခဲ့တယ်မဟုတ်လား... ဘာလို့ အခုမှ တန်ခိုးကြီးပုဂ္ဂိုလ် ဖြစ်လာရတာလဲ..”

သေခြင်းရှင်ခြင်းစာအုပ်က တွေးတောလိုက်သည်။

ယွင်ဟွားအနေဖြင့် နားမလည်နိုင်ပေ။

တရားသူကြီး၏စုတ်တံက သူတို့ကို မျက်လုံးပြူးကာ စိုက်ကြည့်နေသည်။

“ပန်းကလေး... ဒါ နင်နဲ့ ပတ်သက်နေမယ်လို့ ငါသံသယရှိတယ်... နင် သူ့ကို နင့်ရဲ့နောက်လိုက်အဖြစ် လက်ခံလိုက်တဲ့အခါ သူ့ကံကြမ္မာက နားမလည်နိုင်စရာ အဖြူရောင်မြူခိုးတွေအဖြစ် ပြောင်းလဲသွားတယ်... နင်တို့နှစ်ယောက်ကြားမှာ တစ်ခုခု ချိတ်ဆက်မှု ရှိနေလို့ ဖြစ်မယ်..”

ဤအကြောင်းရင်းသည်သာ သေခြင်းရှင်ခြင်းစာအုပ် ကောက်ချက်ချနိုင်သည့် တစ်ခုတည်းသော အချက်ဖြစ်သည်။

ယွင်ဟွားသည် သူမ၏ မေးစေ့ကို ပွတ်သပ်လိုက်သည်။

“ငါကတော့ သူ့ရဲ့ ဘဝဟောင်းမှာ သူက နတ်ဘုရားလား လူသားလားဆိုတာကို စိတ်ဝင်စားနေတာ..”

“ဒါပေမယ့် ငရဲပြည်မှာ ပြန်လည်မွေးဖွားပြီး အတိဒုက္ခခံစားနေရတဲ့သူ ဘယ်သူရှိလဲဆိုတာ ငါ မကြားဖူးဘူး..”

သူမအနေဖြင့် လက်အောက်ငယ်သား တစ်ယောက်ကို လက်ခံလိုက်သည့် သာမန်လုပ်ရပ်က ဩဇာကြီးမားသူတစ်ယောက်နှင့် ပတ်သက်နေလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။

“မေ့လိုက်တော့... သူ့ဘဝဟောင်းမှာ ဘယ်သူပဲဖြစ်ဖြစ် ငါ့ထက်တော့ ပိုတော်မှာ မဟုတ်ပါဘူး... သူက နတ်ဘုရားအငယ်လေး တစ်ယောက်ပဲဖြစ်ပြီး အမှားတစ်ခုခုလုပ်မိလို့ လူ့ပြည်ကို အလည်လာတာ ဖြစ်မှာပါ..”

သေခြင်းရှင်ခြင်းစာအုပ်ကလည်း ပန်းကလေး ပြောသမျှကို သဘောတူလိုက်သည်။

သူသည် မသန်မစွမ်းဖြစ်ပြီး ငယ်ရွယ်စဉ်မှာပင် သေဆုံးခဲ့သူ ဖြစ်၏။ ရှောင်ဟွားဟွားနှင့် ပတ်သက်မှု မရှိခဲ့ပါက သူ၏ ဘဝမှာ စကားလုံးအနည်းငယ်မျှဖြင့်သာ အဆုံးသတ်သွားမည် ဖြစ်သည်။

“အခု ပန်းကလေး ဘာလုပ်ကြမလဲ... ငါ သူ့ကံကြမ္မာကို မဟောနိုင်သလို သူ့ခြေရာကိုလည်း မရှာနိုင်ဘူး..”

သေခြင်းရှင်ခြင်းစာအုပ်က ဤလူလိမ် ပန်းကလေးမှာ အဖော်ခံရမလားဟု တွေးမိသည်။

“ငါတို့ ဒါကို လျှို့ဝှက်ထားလိုက်ကြမလား... သူ မသေဘူးလို့ ငါထင်တယ်..”

ယွင်ဟွား၏ မျက်နှာတွင် ပဋိပက္ခများ ပြည့်နှက်နေသည်။ ရှောင်ယွမ်မှာ သူမ၏ မောင်လေးဖြစ်ပြီး အစ်မတစ်ယောက်အနေဖြင့် အကျင့်စာရိတ္တ မကောင်းသလို မနေနိုင်ပေ။

သူမ ခေါင်းလှည့်ကြည့်လိုက်ရာ တရားသူကြီး၏စုတ်တံက သူမကို မျှော်လင့်ချက်ဖြင့် စိုက်ကြည့်နေသည်ကို မြင်လိုက်ရသဖြင့် စိတ်ကူးသစ်တစ်ခု ပေါ်လာသည်။

“ရေကြေးမုံ..”

ယွင်ဟွားက စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်ပြီး ရှောင်ရှူး ငရဲမင်းထံမှ လုယူခဲ့သော ရေကြေးမုံမှာ အသုံးဝင်လာတော့သည်။

သေခြင်းရှင်ခြင်းစာအုပ်၏ မျက်လုံးများ ချက်ချင်းပင် အရောင်လက်သွားသည်။

ဟီးဟီး…

သူ ခိုးယူခဲ့သည့် ရတနာမှာ အမှိုက်မဟုတ်ပေ။

ယွင်ဟွားနှင့် အကောင်သေးသေးလေး နှစ်ကောင်သည် ၎င်းကို ခဏမျှ ကိုင်တွယ်လိုက်ရာ ရေကြေးမုံတွင် ရုပ်ပုံများ ဖြည်းညင်းစွာ ပေါ်လာသည်။

မီးအလင်းရောင် အားနည်းသော အခန်းတစ်ခန်းအတွင်း၌ နန်ကုန်းယွမ်မှာ အိပ်ရာပေါ်တွင် လဲလျောင်းနေပြီး ဆံပင်များ ရှုပ်ပွကာ မျက်လုံးများ ပိတ်လျက် မျက်နှာမှာလည်း ဖျော့တော့နေသည်။

ရှုပ်ပွနေသော အသွင်အပြင်ရှိသော်လည်း သူ၏ ခန္ဓာကိုယ်မှ အေးစက်သော အငွေ့အသက်မှာ ထွက်ပေါ်နေဆဲဖြစ်၏။

ယွင်ဟွားက သူ့ပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။

အခန်းမှာ ရိုးရှင်းလှပြီး ရွှံ့နံရံများရှိကာ စားပွဲနှင့် ဗီရိုမှလွဲ၍ အခြား ပရိဘောဂများ မရှိပေ။

သူတို့မှာ ဆင်းရဲနွမ်းပါးသော မိသားစုဖြစ်မည်မှာ သေချာပြီး ရှောင်ယွမ်ယွမ်မှာ တစ်စုံတစ်ယောက်၏ ကယ်တင်ခြင်းကို ခံလိုက်ရခြင်း ဖြစ်ပေလိမ့်မည်။

ယွင်ဟွားမှာ သက်ပြင်းချလိုက်သည်။ ဘာမှမဖြစ်သွားသဖြင့် ကံကောင်းလှသည်။

ထိုစဉ်မှာပင်။

ရေကြေးမုံထဲမှ တံခါးသံတစ်ခု ထွက်ပေါ်လာသည်။

တံခါးမှာ ပွင့်သွားပြီး နန်ကုန်းယွမ်၏ အေးစက်သော မျက်လုံးများမှာ ထိုအသံကြောင့် ချက်ချင်း ပွင့်သွားလေသည်။

"သခင်လေး..."

အလွန်တင်းကျပ်လွန်း၍ နားထောင်ရခက်သော အမျိုးသမီးတစ်ဦး၏ အသံမှာ ထွက်ပေါ်လာပြီး ယွင်ဟွား၏ ခန္ဓာကိုယ်တစ်ခုလုံးတွင် ကြက်သီးများပင် ထသွားတော့သည်။

"ထွက်သွားကြ..."

နန်ကုန်းယွမ်သည် ဝင်လာသူကို ကြည့်လိုက်ရာ သူ၏ ဖျော့တော့နေသော မျက်နှာမှာ ချက်ချင်းပင် မည်းမှောင်သွားလေသည်။

အခန်း (၁၃၈) အိမ်ရှေ့စံ၏ လူပျိုစင်ဘဝ အန္တရာယ်ကျရောက်နေပြီး ငရဲလကျောက်မှ ၎င်း၏ အဆုံးစွန်သော စွမ်းအင်ကို ထုတ်လွှတ်လိုက်ခြင်း

"သခင်လေး..."

နန်ကုန်းယွမ်၏ ဒေါသတကြီး ကြိမ်းမောင်းလိုက်မှုကြောင့် သူမမှာ တွန့်ဆုတ်သွားလေ၏။ သူ၏ အေးစက်လှသော အသံမှာ ဆောင်းရာသီနှောင်းပိုင်းကဲ့သို့ ဖြစ်နေပြီး သူမ၏ ကျောရိုးတစ်လျှောက် ချက်ချင်းပင် ကြက်သီးထသွားစေသည်။

သူမ ရောက်ဖူးသမျှ အဝေးဆုံးနေရာမှာ မြို့ထဲအထိသာ

ဖြစ်ပြီး ထိုနေရာရှိ အမျိုးသားများသည် နေ့စဉ်နှင့်အမျှ လယ်ကွင်းများထဲတွင် ကောင်းကင်ကိုကျောခိုင်းကာ မြေကြီးကို မျက်နှာမူလျက် ပင်ပန်းဆင်းရဲစွာ အလုပ်လုပ်ကြပြီး အသားအရေမည်းညစ်ကာ ညစ်ပတ်ပေရေနေကြ၏။

ယခု သူမရှေ့ရှိ အမျိုးသားမှာ သူမ တစ်သက်နှင့်တစ်ကိုယ် မြင်ဖူးသမျှထဲတွင် အချောမောဆုံး အမျိုးသားပင် ဖြစ်ပေသည်။

သူ၏ ခြေနှစ်ဖက်စလုံး မသန်မစွမ်း ဖြစ်နေသော်လည်း သူ၏ အထွေထွေ အမူအရာနှင့် တန်ဖိုးကြီးမားသော အဝတ်အစားများက သူသည် ချမ်းသာကြွယ်ဝသော မိသားစုမှ သခင်လေးတစ်ဦးဖြစ်ကြောင်း ရှင်းလင်းစွာ ဖော်ပြနေလေသည်။

သူမသည် ကောင်းမွန်သော ဘဝတစ်ခုကို လိုချင်ပြီး ခြေပေါ်လက်တင်ထိုင်ကာ အစေခံခံရသည့် ဘဝမျိုးကို လိုလားနေ၏။

လွန်ခဲ့သော ရက်အနည်းငယ်က။

သူမ၏ ဇာတာခွင်သည် စိတ်ကျန်းမာရေးချို့တဲ့သူများအတွက် ကံကောင်းစေသည်ဟု ယူဆထားသောကြောင့် မြို့ထဲရှိ သခင်ကြီးကျင်း၏ စိတ်ကျန်းမာရေးချို့တဲ့နေသော သားဖြစ်သူထံသို့ ဇနီးအဖြစ် ရောင်းစားရန် သူမ၏ အဖွားဖြစ်သူက စီစဉ်နေသည်ကို သူမ ကြားသိခဲ့ရလေသည်။

ထို့အပြင် သူမ၏ အဖွားသည် စရန်ငွေကိုပင် လက်ခံရယူပြီး ဖြစ်ပေသည်။

သူမအနေဖြင့် ထိုင်၍ သေမည့်ရက်ကို စောင့်မနေနိုင်ပေ။ သူမက နည်းလမ်းမျိုးစုံဖြင့် ကြိုးစားနေစဉ်မှာပင် လွန်ခဲ့သော နှစ်ရက်က သူမ၏ အဘိုး ခေါ်ဆောင်လာခဲ့သော အမျိုးသားမှာ သူမ၏ မျက်စိထဲသို့ ဝင်လာခဲ့၏။

ဤအမျိုးသားသည် သူမ၏ တစ်ခုတည်းသော ထွက်ပေါက်ပင် ဖြစ်သည်။

"သခင်... သခင်လေး... ချွေ့ယာက... သခင်လေးကို တကယ် အရမ်းသဘောကျတာပါ..."

သူမသည် ခေါင်းကို ငုံ့ထားပြီး သူ၏ထံမှ ထွက်ပေါ်လာသော ကြောက်မက်ဖွယ်ကောင်းသည့် အရှိန်အဝါကို တတ်နိုင်သမျှ သည်းခံနေလေသည်။ အကယ်၍ သူမသည် သူ့ကို အမြန် မသိမ်းသွင်းနိုင်ခဲ့လျှင်…

သန်ဘက်ခါတွင် သူမ၏ အဖွားက သူမကို ကျင်းမိသားစုထံသို့ ပို့ဆောင်တော့မည် ဖြစ်ပေသည်။

"ငါ ထပ်ပြောမယ်... ဒီနေရာကနေ အခုချက်ချင်း ထွက်သွားစမ်း..."

ဤအခိုက်အတန့်တွင် နန်ကုန်းယွမ်၏ မျက်နှာမှာ အလွန်တရာ မှုန်မှိုင်းနေ၏။ မနေ့က သူ နိုးလာကတည်းက ဤတောသူမလေး၏ မျက်လုံးများထဲရှိ အကြံအစည်များကို လျစ်လျူရှုရန် ခက်ခဲနေခဲ့သည်။

သူမ တစ်ယောက်တည်း မဟုတ်ပေ။ မိသားစုထဲရှိ သက်ကြီးရွယ်အိုမှစ၍ ကလေးငယ်များအထိ လူတိုင်းတွင် ၎င်းတို့၏ ကိုယ်ပိုင် လျှို့ဝှက်အကြံအစည်များ ရှိနေကြပြီး သိသာထင်ရှားလှပေသည်။

သူက သွယ်ဝိုက်သော နည်းလမ်းဖြင့် ကျေးဇူးဆပ်ရန်ပြောဆိုခဲ့ပြီး သူ၏ ခန္ဓာကိုယ်ပေါ်ရှိ တန်ဖိုးကြီးပစ္စည်းများကို ရေထဲမှ ကယ်တင်ပေးခဲ့သည့် ကျေးဇူးအတွက် ပြန်လည်ပေးဆပ်ခြင်းဟု ယူဆသင့်ကြောင်းနှင့် ဆေးကုသမှုနှင့် နာလန်ထူရန် ကိစ္စများမှာမူ သီးခြားကိစ္စများ ဖြစ်ကြောင်းပင် ဆင်ခြေပေးခဲ့လေသည်။

သူ၏ ကိုယ်ရေးကိုယ်တာ ပစ္စည်းများနှင့် ငွေစအချို့မှာ အနည်းဆုံး ငွေတုံး ထောင်ပေါင်းများစွာ တန်ကြေးရှိပေသည်။

မျှော်လင့်ထားသည့်အတိုင်း သူတို့သည် လောဘကြီးလွန်းလှပေသည်။

ချွေ့ယာမှာမူ လှုပ်ရှားခြင်း မရှိပေ။ မည်သို့ပင်ဖြစ်စေ သူက မလှုပ်ရှားနိုင်သဖြင့် သူမအနေဖြင့် သတ္တိမွေးကာ သူမ၏ အဝတ်အစားများကို ချွတ်၍ သူ၏ ဘေးတွင် ဝင်အိပ်လိုက်ရန်သာ လိုအပ်လေသည်။

အကယ်၍ သူမ၏ အဖွားက မနက်ဖြန် မနက်တွင် ဤမြင်ကွင်းကို မြင်သွားခဲ့လျှင် သူမသည် ကျင်းမိသားစုထံသို့ ပို့ဆောင်ခံရတော့မည် မဟုတ်ပေ။

လူမိုက်တစ်ယောက်၏ ဇနီးဖြစ်ရခြင်းထက် ဤချောမောသော သခင်လေး၏ ကိုယ်လုပ်တော် ဖြစ်ရခြင်းက ပို၍ ကောင်းမွန်လေသည်။

"သခင်လေး... စိတ်မပူပါနဲ့... ချွေ့ယာက သခင်လေးရဲ့ လူဖြစ်သွားတာနဲ့ သခင်လေးကို သေချာဂရုစိုက်ပေးပါ့မယ်..."

ထိုသို့ ပြောပြီးနောက် သူမ၏ မျက်နှာပေါ်တွင် ရှက်ရွံ့သော အပြုံးတစ်ခု ပေါ်လာပြီး သူမ၏ ခန္ဓာကိုယ်ပေါ်ရှိ ခါးပတ်ကြိုးကို စတင် ဖြုတ်ချလိုက်လေသည်။

နန်ကုန်းယွမ်သည် ထိုတောသူမလေး၏ လှုပ်ရှားမှုများကို ကြည့်နေစဉ် သူ၏ နက်မှောင်သော မျက်လုံးအိမ်များအတွင်း ကြက်သီးထဖွယ် အေးစက်မှုတစ်ခု လင်းလက်သွားပြီး သူ၏ အသံမှာလည်း တိုးညှင်းကာ ရေခဲတမျှ အေးစက်နေ၏။

"အကယ်၍ မင်းက နောက်ထပ် အဝတ်တစ်ထည်ကို ထပ်ချွတ်ရဲမယ်ဆိုရင်... သေချင်စိတ်ပေါက်သွားအောင် ငါ လုပ်ပစ်မယ်..."

သူသည် ရင်ဘတ်တွင် ဒဏ်ရာရထားပြီး မလှုပ်ရှားနိုင်၍သာ ဖြစ်သည်။ ထိုသို့မဟုတ်လျှင် လှုပ်ရှားမှု တစ်ချက်တည်းဖြင့် သူမကို ငရဲမင်းနှင့် သွားတွေ့ရန် ပို့ဆောင်ပေးနိုင်ပေသည်။

ချွေ့ယာ၏ လက်များမှာ တောင့်ခဲသွားလေ၏။

သူမက မော့ကြည့်လိုက်ရာ ထိုနက်ရှိုင်း၍ မှောင်မိုက်နေသော မျက်လုံးများကြောင့် သူမ၏ သူငယ်အိမ်များမှာ ချက်ချင်းပင် ကျုံ့ဝင်သွားတော့သည်။

ချွေ့ယာသည် အလိုအလျောက်ပင် နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်သွားလေ၏။

ထိုအမျိုးသားထံမှ ထွက်ပေါ်လာသော ဒေါသများက အစွမ်းထက်သော အရှိန်အဝါဖြင့် သူမအပေါ်သို့ ရိုက်ခတ်လာရာ မြေပြင်ပေါ်သို့ ပြိုကျလုနီးပါး ဖြစ်သွားစေသည်။

သူမ၏ မျက်နှာမှာ ဖြူရော်သွား၏။

ကျင်းမိသားစုထံသို့ ရောင်းစားမခံရစေရန်အတွက် သူမသည် မသက်မသာဖြစ်မှုကို သည်းခံကာ သူမ၏ အပြင်ရုံအင်္ကျီများကို ဆက်လက် ချွတ်ချလိုက်ရာ ပန်းရောင် မန်ဒရင်ဘဲလေးများ ပုံဖော်ထားသော ရင်ခံအင်္ကျီလေး ပေါ်ထွက်လာပြီးနောက် အနည်းငယ် မနှစ်မြို့ဖွယ် စကားများကို ပြောဆိုရင်း နန်ကုန်းယွမ်ဆီသို့ တစ်လှမ်းချင်း လျှောက်သွားလေသည်။

"သခင်လေး... ညဥ့်နက်နေပါပြီ... ချွေ့ယာက သခင်လေး အဝတ်အစားတွေ ချွတ်ဖို့ ကူညီပေးပါရစေလား..."

"စိတ်မပူပါနဲ့... သခင်လေးက အခု ဒဏ်ရာရနေတော့ ချွေ့ယာက ဘာမှလုပ်လို့ မရပါဘူး... သခင်လေး သက်သာလာတဲ့အခါကျရင် ကျွန်မ သေချာ ဂရုစိုက်ပေးပါ့မယ်..."

ထိုသို့ ပြောပြီးနောက် ချွေ့ယာသည် နှုတ်ခမ်းကို ကိုက်ကာ သနားစရာကောင်းသော အသွင်အပြင်ကို ပြုလုပ်လိုက်ရာ နန်ကုန်းယွမ်၏ မျက်နှာသာပေးမှုကို အလိုရှိနေသည့်အလားပင် ဖြစ်သည်။

"ထွက်သွားစမ်း... ငါ့အနားကို မကပ်နဲ့... ရွံစရာကောင်းလွန်းတယ်..."

နန်ကုန်းယွမ်၏ မျက်လုံးများမှာ သွေးရောင်လွှမ်းသွားပြီး ဒေါသတကြီး ဟိန်းဟောက်လိုက်ကာ သူ၏ အတွင်းအားကို အတင်းအဓမ္မ စုစည်း၍ တစ်ချက်တည်းဖြင့် သူမကို သတ်ပစ်ရန် ပြင်ဆင်လိုက်လေသည်။

“ဘုရားရေ..”

ယွင်ဟွားသည် ဤမြင်ကွင်းကို မျက်လုံးပြူးကာ စိုက်ကြည့်နေမိ၏။ သူမ မုဆိုးမ ဖြစ်ချင်ခဲ့စဉ်ကဆိုလျှင် သူမအနေဖြင့် အလွန်ဆုံး စကားအနည်းငယ်မျှသာ မြည်တွန်တောက်တီးပြီး သူနှင့် ကိုယ်ရေးကိုယ်တာအရ ဆက်ဆံရေးကောင်းမွန်အောင် ကြိုးစားခဲ့ရုံသာ ဖြစ်သည်။ ဤမိန်းမက သူ၏အပေါ်ကို အမှန်တကယ် အတင်းအဓမ္မ ပြုကျင့်လိမ့်မည်ဟု သူမ လုံးဝ မမျှော်လင့်ထားခဲ့ပေ။

“ကျွတ် ကျွတ် ကျွတ်..”

“သူမက ငါ့ရဲ့ မောင်လေးကို ဘယ်လောက်တောင် ဒေါသထွက်အောင် လုပ်လိုက်လဲ ကြည့်ပါဦး…”

“ဟေး... ဟွားဟွား... နင့်ရဲ့ မောင်လေးကို မကယ်တော့ဘူးလား... နင် အမြန်တစ်ခုခု မလုပ်ဘူးဆိုရင် သူ့ရဲ့ လူပျိုစင်ဘဝ ဆုံးရှုံးသွားတော့မယ်…”

သေခြင်းရှင်ခြင်းစာအုပ်က ကြင်နာစွာဖြင့် သတိပေးလိုက်လေသည်။

ယွင်ဟွားမှာ အံ့အားသင့်သွား၏။

သူမသည် အတင်းအဖျင်းများထဲတွင် နစ်မြုပ်နေသဖြင့် သူမ၏ ကာကွယ်မှုအောက်တွင် ရှိနေသော သူမ၏ နောက်လိုက်ဖြစ်သည်ကို မေ့လျော့နေခဲ့ရာမှ အသိပြန်ဝင်လာလေသည်။

“ရှောင်ပေပေ့... နင့်ဆီမှာ ရှောင်ယွမ်ယွမ်ရဲ့ လူပျိုစင်ဘဝကို ကာကွယ်ပေးနိုင်မယ့် ရတနာတွေများ ရှိလား..”

ထိုစကားကို ကြားသောအခါ တရားသူကြီး၏စုတ်တံသည် သူ၏ အတွင်းထဲသို့ နှိုက်ယူလိုက်သော်လည်း နောက်ဆုံးတွင် ရပ်တန့်သွားပြီး သူ၏ ဝိုင်းစက်နေသော မျက်နှာလေးမှာ ရှုံ့မဲ့သွားလေ၏။

ယွင်ဟွားက စိတ်လှုပ်ရှားစွာ ကြည့်လိုက်သည်။

"နင် ရှာတွေ့ပြီလား..."

တရားသူကြီး၏စုတ်တံက ခေါင်းခါလိုက်ရာ ရွှေရောင် မျက်ရည်ပေါက်လေး နှစ်ပေါက်က မျက်လှည့်ပြသကဲ့သို့ ကျဆင်းလာပြီး ရုတ်တရက် ယွင်ဟွား၏ ပါးပြင်ကို ဖက်တွယ်လိုက်လေသည်။

“ဝါး... ဟွားဟွား..”

“ပေပေ့က တော်တော်လေး အသုံးမကျဘူး မဟုတ်လား... သူက လူတွေကို ကယ်ဖို့အတွက် ငရဲပြည်ကနေ ရတနာတစ်ခုတောင် လုမယူနိုင်ခဲ့ဘူး..”

ယွင်ဟွား တုံ့ပြန်မှု မလုပ်နိုင်မီ သေခြင်းရှင်ခြင်းစာအုပ်က ထိုငိုကြွေးနေသော ကောင်လေးကို ရိုက်ထုတ်လိုက်လေသည်။

“ဘာတွေ ငိုနေတာလဲ... မရှိရင်လည်း မရှိဘူးပေါ့... ဒါ့အပြင် အဲ့မင်းသားက သေသွားတာမှ မဟုတ်တာ... သူက မိန်းမလှလေးတွေကြားထဲမှာ ပျော်ပါးနေတာလေ... တခြားသူတွေဆိုရင် သူ့နေရာကို လိုချင်ကြမှာ... သူကတော့ မလိုချင်ဘူးတဲ့... ဘာတွေ အလောတကြီး ဖြစ်နေရတာလဲ..”

အကယ်၍ အရင်ကသာဆိုလျှင် ပန်းကလေးသည် သူ၏ မုဆိုးမလေး ဖြစ်လာရမည့် အမှတ်တရကို မြတ်နိုးနေဆဲ ဖြစ်ပြီး ၎င်းက သူ၏ အပျိုစင်ဘဝကို အသက်ပေးကာ ကာကွယ်ရန် ကျိန်ဆိုခဲ့မည် ဖြစ်၏။

အခုတော့ သူက ပန်းကလေး၏ နောက်လိုက်တစ်ယောက်သာ ဖြစ်နေပြီဖြစ်ရာ ဤအတိုင်းသာ ထားလိုက်ကြပါစို့။

သေခြင်းရှင်ခြင်းစာအုပ်က ရေကြေးမုံကို လှမ်းကြည့်ကာ ပြောလိုက်သည်။

“ဒါ့အပြင် ငါတို့ သူ့ကို ကယ်ချင်ခဲ့တယ် ဆိုပေမယ့် ဟွားဟွားရဲ့ စွမ်းအားက ကန့်သတ်ချက်ရှိနေပြီး နင့်ရဲ့ ရတနာသိုက်ထဲမှာလည်း ကောင်းတဲ့ပစ္စည်းတွေမှ မရှိတာ... စိတ်ပူနေမယ့်အစား ငါတို့တွေ ပြဇာတ်ကို ဆက်ကြည့်နေတာကမှ ပိုကောင်းလိမ့်မယ်..”

ယွင်ဟွားက တွေးတောကြည့်လိုက်ရာ သဘောတူမိလေသည်။

ယနေ့ည သူမ စုပ်ယူခဲ့သော ယင်စွမ်းအင်များသည် သူမကို သရဲတစ္ဆေ လမ်းကြောင်းပေါ်တွင် ထောက်ပံ့ပေးနိုင်ရန် များစွာ လိုအပ်နေသေးရာ သူမတွင် ဆန္ဒရှိသော်လည်း စွမ်းအား မရှိဖြစ်နေ၏။

အဆိုးဆုံးအခြေအနေမှာ သူမအနေဖြင့် နောက်မှ သူမ၏ မောင်လေးအတွက် တရားမျှတမှုကို ရှာဖွေပေးနိုင်ပေသည်။

“ကောင်းပြီလေ... လောလောဆယ်တော့ ငါတို့ရဲ့ အစားအစာကို ဆက်လက် ခံစားကြတာပေါ့... ပြီးမှ မင်းသားစုရဲ့ အိမ်တော်ကို သွားကြ..”

ယွင်ဟွား စကားပြော၍ပင် မဆုံးသေးပေ။

ရုတ်တရက် သေခြင်းရှင်ခြင်းစာအုပ်၏ သိုလှောင်နယ်မြေထဲရှိ ငရဲလကျောက်မှ ပြင်းထန်သော အဖြူရောင်အလင်းတန်းများ ပေါက်ကွဲထွက်ပေါ်လာပြီး အစုလိုက်အပြုံလိုက် သင်္ချိုင်းမြေ ဧရိယာတစ်ခုလုံးကို နေ့ခင်းဘက်ကဲ့သို့ စူးရှစွာ လင်းထိန်သွားစေသည်။

ဤထူးဆန်းသော ဖြစ်စဉ်ကြောင့် သူမ၏ သခင်ဖြစ်သူကို ရှာဖွေရန် အပြေးအလွှား ရောက်လာသော ရှောင်ထောင်ဟွာမှာ ချက်ချင်းပင် အေးခဲသွားတော့သည်။

သူမ ရောက်လာချိန်တွင် သင်္ချိုင်းမြေထဲ၌ မီးပုံတစ်ခုနှင့် စောင်တစ်ထည်သာရှိပြီး သူမ၏ သခင်ဖြစ်သူကို မည်သည့်နေရာတွင်မှ မတွေ့ရပေ။

သူမသည် စောစောက ရှောင်ရှူးရှူး၏ အသံကို ရှင်းလင်းစွာ ကြားလိုက်ရလေသည်။

မြင်ကွင်းမှာ ပြောင်းလဲသွား၏။

ယွင်ဟွား၏ မျက်လုံးများမှာ အဖြူရောင် အလင်းတန်းများကြောင့် အလွန်တောက်ပနေသဖြင့် သူမ ဖွင့်၍ပင် မရနိုင်တော့ချေ။

သူမ မျက်လုံးများကို ပြန်ဖွင့်လိုက်သောအခါ မရင်းနှီးသော ခြံဝင်းတစ်ခုအတွင်း၌ ရပ်နေသည်ကို တွေ့လိုက်ရသည်။

“ရှောင်... ရှောင်ရှူးရှူး... ခုနက ဘာတွေ ဖြစ်သွားတာလဲ..”

ယွင်ဟွား၏ မျက်နှာမှာ လေးနက်နေပြီး ပတ်ဝန်းကျင်ကို သတိထားကာ အကဲခတ်ကြည့်လိုက်သည်။ သူမသည် အစုလိုက်အပြုံလိုက် သင်္ချိုင်းမြေထဲတွင် ရှိနေခဲ့ရာမှ မရင်းနှီးသော နေရာတစ်ခုသို့ ရုတ်တရက် မည်သို့များ ရောက်ရှိလာရသနည်း။

“ပန်းကလေး... ငါလည်း သေချာမသိဘူး..”

ဤအခိုက်အတန့်တွင် သေခြင်းရှင်ခြင်းစာအုပ်မှာလည်း လုံးဝကို အံ့အားသင့် တွေဝေနေမိ၏။ ၎င်းသည် သိုလှောင်နယ်မြေထဲရှိ ပုံမှန်ထက် မှေးမှိန်နေသော ငရဲလကျောက်ကို လှမ်းကြည့်လိုက်သော်လည်း အကြောင်းရင်းကို မတွေးတတ်အောင် ဖြစ်နေသည်။

ဤအသုံးမကျသော အရာသည် တစ်ခါတစ်ရံတွင် အလုပ်လုပ်ပြီး တစ်ခါတစ်ရံတွင် လုံးဝ အလုပ်မလုပ်ပေ။ ဤတစ်ကြိမ်တွင် မည်သို့သော ပြဿနာမျိုးကို ဖန်တီးလိုက်ပြန်သနည်း။

“ဟွားဟွား... ပေပေ့ နည်းနည်း ကြောက်နေတယ်..”

တရားသူကြီး၏စုတ်တံမှာ ဤထူးဆန်းသော မြင်ကွင်းကြောင့် ထိတ်လန့်ကြောက်ရွံ့နေလေ၏။

၎င်းသည် အမြဲတမ်း သတ္တိနည်းတတ်သူ ဖြစ်သည်။ ၎င်းသည် ငရဲပြည်မှ ဝိညာဉ်တစ်ခု ဖြစ်သော်လည်း ခက်ထန်ကြမ်းတမ်းသော ဟွားဟွား ပေါ်လာချိန်အထိ လူများ၏ အနိုင်ကျင့်မှုကို အမြဲခံခဲ့ရပြီး ထိုအချိန်မှစ၍ နာမည်အနည်းငယ်ရနေသော ထိုသေမင်းတမန်များက ၎င်းတို့ကိုယ်၎င်းတို့ ထိန်းချုပ်လာခဲ့ကြသည်။

ယွင်ဟွားသည် ၎င်း၏ ခေါင်းပေါ်ရှိ ဖရိုဖရဲ ဖြစ်နေသော ဆံပင်များကို သပ်တင်ပေးလိုက်သည်။ ရိုးရိုးသားသား ပြောရလျှင် စောစောက သူမလည်း အနည်းငယ် ကြောက်ရွံ့မှုတစ်ခုကို ခံစားခဲ့ရလေသည်။

ရုတ်တရက် ဖြစ်ပေါ်လာသော အခြေအနေက သူမကို သတိဝီရိယ ရှိလာစေသည်။

"နင် မိန်းမယုတ်... ဒီနေရာကနေ ထွက်သွားစမ်း..."

All Chapters