အမြီးက ဘယ်ပျောက်နေတာလဲ
Vol. 12 Ch. 1162
အော်သံကြီးက အလွန်အားကောင်းလှသဖြင့် ကောင်းကင်ဧကရာဇ်ဝိရူပက္ခနှင့် စီမာယွမ်ဟွာတို့နှစ်ယောက်လုံးကို လန့်ဖျပ်ကာ နားများအူထွက်သွားစေပြီး ကောင်းကင်နှင့်မြေကြီးကို တုန်ခါသွားစေတော့သည်။
အားလုံးအထဲ ကို့ရိုးကားရားအဆန်ဆုံးမှာ စီမာယွမ်ဟွာသည် ဤအသံကို မမှတ်မိ၍ သူ၏ မိတ်ဆွေဖြစ်သည့် အနှီပုဂ္ဂိလ်က မည်သူဖြစ်သည်ကို မသိချင်ဘဲ မနေနိုင်တော့ပေ။
ဂူထျန်ကျွင်း၊ ချိန်စုနှင့် သက်တော်ရှည်ဝိညာဥ်တို့သည်လည်း လုံးလုံးလျားလျား အံအားသင့်သွားကြပြီး ထွက်ပေါက်၏ အပြင်ဘက်နားတွင် ရပ်နေသည့် မိစ္ဆာဧကရာဇ်နှင့် သူတော်စင်ဧကရာဇ်သည်လည်း ထိုနည်းတူပင်။ သူတို့အားလုံးအတွက် ၄င်းမှာ လုံးဝအဓိပ္ပါယ်မရှိသော အခြေအနေကြီးတစ်ခုလားပင်။
အမှန်ပင် ယခုလေးတင် အော်လိုက်သည့်လူကား ပိုင်ရှောင်ချန်းက လွဲ၍ တခြားမဟုတ်ပေ။။
သူ့အတွက် မိုးမြေဧကရာဇ်အသားမှာ ထပ်အရေးမကြီးတော့ပေ။ ဆန့်ကျင်ဘက် မိတ်ဆွေဆက်ဆံရေးကား အရေးကြီးသည်။ ထို့အကြောင်းကြောင့်ပင် သူသည် သူတော်စင်ဧကရာဇ်နိုင်ငံ၏ အခြားကောင်းကင်ဧကရာဇ်များနှင့်သာမက ကုန်းစွန်းဝမ်အာဖြင့်ပင် အသားကို ခွဲယူခဲ့ခြင်း ဖြစ်သည်။
သူသည် အမှန်တကယ်တွင် သူ့အပေါ် အခြားကောင်းကင်ဧကရာဇ်များ၏ အမြင် ပြောင်းလဲနေသည်နှင့်ပတ်သက်၍ အလွန်ကျေနပ်နေ၏။ ယခုအချိန်တွင် စီမာယွမ်ဟွာ ဒုက္ခရောက်နေလေပြီ။ သူက သေလောက်မည် မဟုတ်သော်လည်း ဝိရူပက္ခသာ သူ့ကို ဖမ်းလျှင် စီမာယွမ်ဟွာသည် ပိုင်ရှောင်ချန်း သူ့ကို ပေးခဲ့သည့် မိုးမြေဧကရာဇ်အသားတုံးကို ဆုံးရှုံးလောက်မည် ဖြစ်သည်။
ထိုမျှသာမက ၄င်းသည် မိစ္ဆာဧကရာဇ်နှင့် သူတော်စင်ဧကရာဇ်တို့၏ ရှေ့မှောက်တည့်တည့်တွင် ဖြစ်ပျက်လာခဲ့ခြင်း ဖြစ်သည်။ ဝိရူပက္ခ တောက်ပလာမည်ဖြစ်ပြီး ခြုံငုံပြောရလျှင် ပင့်ကူအိမ်ကြီးအတွင်း၌ သူ ရှုံးနိမ့်ခဲ့ရပါသော်လည်း အနည်းဆုံးတော့ ဆုလာဘ်တစ်ခု ထိုက်တန်သည့် မင်းတာဝန်ကို ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပေမည်။
ဆန့်ကျင်ဘက်အားဖြင့် စီမာယွမ်ဟွာမှာ မိုးမြေဧကရာဇ်အသားကိုသာ ဆုံးရှုံးရမည်သာမက မျက်နှာလည်း ပျက်ရပေမည်။ ကောင်းကင်ဧကရာဇ်များအတွက် ထိုအရာမျိုးသည် အလွန်အရေးပါ၏။
ပိုင်ရှောင်ချန်းက ထိုအရာအားလုံးကို အချိန်တိုလေးအတွင်း သဘောပေါက်လိုက်သည်။ သူ့အတွက် ဤအခွင့်အရေးသည် သိုးကလေးတစ်ကောင်နှင့်တူပြီး သူက မီးခိုးရောင်ဝံပုလွေကြီးတစ်ကောင်ပင်။ သူက မျက်လုံးများ လင်းလက်တောက်ပနေလျက် ထိုအခွင့်အရေးက သူထံရောက်လာသည်နှင့်တစ်ပြိုင်နက် အမိအရဖမ်းဆုပ်လိုက်သည်။ သူက တုံ့ဆိုင်းမနေဘဲ မြောက်ပိုင်း၏ မဟာဓားကို ထုတ်ပြီး ဝိရူပက္ခထံ ခုတ်ပိုင်းလိုက်သည်။
ထို့ပြင် အမှန်ပင် သူသည် တိုက်ခိုက်လိုက်စဥ် သင့်တော်သောအရာတစ်ခုကို အော်ဟစ်ရန် မမေ့ပေ။
" ပြေး စီမာ မိတ်ဆွေကြီး။ ကျုပ်ကို စိတ်မပူနဲ့။ ကျုပ် သူ့ကို ထိန်းထားပေးမယ် "
သူ၏ စကားလုံးများက စိတ်နှလုံးဆွတ်ပျံ့ဖွယ်လွန်းသော်လည်း စောင့်ကြည့်နေသည့် မည်သူမဆို သူ ပြောသည့်အတိုင်းလုပ်ရန် ရည်ရွယ်ထားကြောင်း မြင်နိုင်ပေသည်။ သူသည် အမှန်ပင် သူ့ကိုယ်သူ အန္တရာယ်တွင်းထဲ အကျခံ၍ စီမာယွမ်ဟွာကို ကူညီရန် အစွမ်းကုန် အားထုတ်နေလေသည်။
စီမာယွမ်ဟွာသည် ပုံမှန်အားဖြင့် ရက်စက်သောလူတစ်ယောက်ဖြစ်သော်လည်း ဤအခိုက်အတန့်တွင် သူက ထူးထူးခြားခြား စိတ်နှလုံးလှုပ်ရှားလာပြီး ရုတ်တရက် သူ့အတွက် အလွန်စိမ်းသော ခံစားချက်များကို တွေ့ကြုံလိုက်ရတော့သည်။
" ကျုပ် ခင်ဗျားကို ထားခဲ့မှာ မဟုတ်ဘူး မိတ်ဆွေကြီးပိုင် "
သူက အော်သည်။
ဤသို့ဖြင့် ပိုင်ရှောင်ချန်းနှင့် စီမာယွမ်ဟွာက ကောင်းကင်ဧကရာဇ်ဝိရူပက္ခကို တန်ပြန်ထိုးနှက်ရန် သူတို့၏ အစွမ်းထက်ဆုံးဝှက်ဖဲများကို ဆင့်ခေါ်လိုက်ကြသည်။
တဝုန်းဝုန်းပေါက်ကွဲသံများ အရပ်မျက်နှာတစ်ခွင် မြည်ဟည်းသွားပြီး ပြင်းထန်သောလေပြင်းများ ပတ်ဝန်းကျင်ကို လှဲကျင်းတိုက်ခတ်သွား၏။ စီမာယွမ်ဟွာသည် ကျင့်ကြံခြင်းအခြေခံအရ ကောင်းကင်ဧကရာဇ်ဝိရူပက္ခအတွက် ပြိုင်ဘက်မဟုတ်သော်လည်း အတွေ့အကြုံများစွာရှိသောကြောင့် အလွန်ထိရောက်သောအပြုအမူဖြင့် တိုက်ခိုက်လိုက်လေသည်။
အလယ်ပိုင်းကောင်းကင်ဧကရာဇ်အဆင့်တွင် ဖြစ်သည့်တိုင် ပိုင်ရှောင်ချန်းက အပြာရောင်အလင်းများ တလက်လက်တောက်ပသွားသော ကမ္ဘာရတနာတစ်ပါးဖြင့် ဝိရူပက္ခကို ရက်ရက်စက်စက် တိုက်ခိုက်လိုက်သည်။
ကောင်းကင်ကို ဖျက်စီးပြီး မြေပြင်ကို ပျက်သုဥ်းသွားစေနိုင်သည့် ပုံပေါ်သော စွမ်းအားများ ပေါ်ထွက်လာလေသည်။ စီမာယွမ်ဟွာက တိုက်ကွက်များ၏ အပြင်းဆုံးဒဏ်ကို ခံစားလိုက်ရရာ သူ၏ရင်ဘတ်ကြီး ချိုင့်ဝင်ပြီး ပါးစပ်မှ သွေးများ ပန်းထွက်သွားသည်။ အရေးကြီးဆုံးအခိုက်အတန့်တွင် ပိုင်ရှောင်ချန်းက သူ၏ဓားဖြင့် သူ့ကို ခုခံပေးပြီးနောက် ပခုံးကို လှမ်းဆွဲလိုက်သည်။
ထို့နောက် သူတို့နှစ်ယောက် အမြန်ဆုံးအရှိန်ဖြင့် နောက်သို့ ပျံလိုက်သဖြင့် တရပ်စပ်ပေါက်ကွဲသံများအား ကြားလိုက်ရ၏။
စီမာယွမ်ဟွာမှာ အမှန်စင်စစ် စိတ်နှလုံးလှုပ်ရှားနေပြီး ပိုင်ရှောင်ချန်းကို ဆန့်ကျင်ရန် အပြင်းအထန်ကြိုးစားနေခဲ့သည့်အချိန်ကို ပြန်တွေးလိုက်သည်။ ပထမဆုံးအနေဖြင့် သူသည် ထိုအကြောင်းနှင့်ပတ်သက်၍ အတန်ငယ် အပြစ်ရှိသလို ခံစားမိသွားသည်။ ထိုအချိန်တွင် သူတို့နှစ်ယောက်ကြောင့် နတ်ဘုရားအတတ်များ နှိမ်နင်းခံလိုက်ရသည့် ဝိရူပက္ခမှာ ဒေါသူပုန်ထလာတော့သည်။
" သေချင်နေလား ပိုင်ရှောင်ချန်း "
သူက အော်ဟစ်လိုက်သည်။ ထို့နောက် သူက ယခု ပိုင်ရှောင်ချန်းကြောင့် သူ၏လက် မည်သို့ပြတ်ထွက်သွားသည်ကို တွေးပြီး အမျက်ဒေါသများဖြင့် မျက်ဝန်းများ သွေးချင်းချင်းနီလာတော့သည်။ သူ့ရင်ဘတ်သူ တဘုန်းဘုန်းထုကာ သူက သူ၏ကျင့်ကြံခြင်းအခြေခံကို အားဖြည့်ပြီး နောက်ထပ် တဟုန်ထိုးထွက်ရန် သူ၏တာအိုသစ်စေ့ကို ပို၍ပင် ထိခိုက်အောင်လုပ်လိုက်သည်။ သူက အရှေ့တွင် သူ၏လက်မောင်းများကို ဆန့်ထုတ်လိုက်ပြီး စီမာယွမ်ယာမဟုတ်ဘဲ ပိုင်ရှောင်ချန်းကို ရွယ်လိုက်သည်။
" မင်းကို လာကယ်မယ့်သူရှိမလား ကြည့်ကြတာပေါ့ "
သို့သော် ဝိရူပက္ခ တိုက်ခိုက်ရန် ပြင်လိုက်ချိန်မှာပင် စီမာယွမ်ဟာက အံကြိတ်၍ သူ့ကို လက်သီးဖြင့် ထိုးချလိုက်သည်။ သူသည် ယခုလေးတင် ပိုင်ရှောင်ချန်း၏အကယ်ခံရပြီးနောက် သူ့ကို ယတိပြတ် ပစ်မထားနိုင်ပေ။ သူတို့နှစ်ယောက်တည်းရှိနေပါက ထိုအချက်ကို စဥ်းစားကောင်း စဥ်းစားနိုင်သော်လည်း လူများစွာ စောင့်ကြည့်နေကြရာ ထိုသည်က အလွန်သိက္ခါကျဖွယ်ဖြစ်ပေမည်။
တချိန်တည်းမှာပင် သက်ေတာ်ရှည်ဝိညာဥ်နှင့် ချိန်စုသည် တခဏကြာ ချီတုံချတုံဖြစ်ပြီးနောက် လှည့်လိုက်ကြသည်။ သူတို့ ဘာမှမလုပ်ခဲ့ခြင်းကြောင့် ပိုင်ရှောင်ချန်းနှင့် စီမာယွမ်ဟွာ အဖမ်းခံရလျှင် သူတော်စင်ဧကရာဇ်က သူတို့ကို နည်းနည်းလေးမှ စိတ်ကျေနပ်မည်မဟုတ်ပေ။
ထိုမျှသာမက အခြေအနေများ မည်သို့ ဖြစ်ပျက်ပြောင်းလဲခဲ့ပုံကို စဥ်းစားလျှင် စီမာယွမ်ဟွာသည် သူတို့ မကူညီပါက သူတို့ကို ရန်ငြိုးထားမည်ဖြစ်သည်။
ဂူထျန်ကျွင်းလည်း တခဏတုံ့ဆိုင်းပြီးနောက် သက်ပြင်းချ၍ ကူညီရန် လှည့်လိုက်သည်။ သူတို့သုံးယောက်လုံး တချိန်တည်းတိုက်ခိုက်လိုက်ကြပြီး ပိုင်ရှောင်ချန်းနှင့် စီမာယွမ်ဟွာ၏ တန်ပြန်တိုက်ကွက်ဖြင့် ပူးပေါင်းသွားသောအခါ ဧရာမမှော်မုန်တိုင်းတစ်လုံးဖန်တီးလိုက်ကာ ကောင်းကင်ဧကရာဇ်ဝိရူပက္ခအပေါ် တည့်တည့်ဝင်လာတော့သည်။
" ဒါဘယ်လိုလုပ်ဖြစ်နေနိုင်မှာလဲ "
ကောင်းကင်ဧကရာဇ်ဝိရူပက္ခက ပင့်သက်ရှိုက်၍ ပြောလိုက်သည်။ သူသည် သူတော်စင်ဧကရာဇ်နိုင်ငံမှ ကောင်းကင်ဧကရာဇ်များအားလုံးကို သိထားပြီး အရှုံးအနိုင်တွင် အကျိုးအမြတ်တချို့ မရှိသရွေ့ ဤကဲ့သို့ အတူတကွလုပ်လိုက်မည် မဟုတ်ကြောင်း သေချာလေသည်။ ထို့ပြင် သူတို့သည် ဝေစုများအငြင်းပွားနေခဲ့ပါက သေချာပေါက် ထိုသို့လုပ်မည် မဟုတ်ပေ။
ယခု သူ မြင်နေရသည်မှာ လုံးဝဖြစ်နိုင်သည့်ပုံမပေါ်ပေ။ ကံဆိုးစွာပင် အင်အားကြီးသော ဝိရူပက္ခပင် အခြားကောင်းကင်ဧကရာဇ်များ၏ ပူးပေါင်းတိုက်ကွက်ကို မတောင့်ခံနိုင်ပေ။ သူက သွေးများအန်ကာ ခန္ဓာကိုယ် ပျက်စီးတော့မတတ်ဖြစ်ရလျက် နောက်သို့ လွင့်ထွက်သွားလေသည်။
ဝိရူပက္ခအား ယာယီ မောင်းထုတ်ပြီးနောက် ပိုင်ရှောင်ချန်းက စီမာယွမ်ဟွာကို ဆွဲ၍ ထွက်ပေါက်ထံ တတ်နိုင်သမျှ မြန်မြန် တဟုန်ထိုးသွားလိုက်သည်။ ထို့နောက် သူတို့ ငါးယောက်လုံး အသက်မနည်းရှူကာ အပြင်ထွက်လာကြသဖြင့် မိစ္ဆာဧကရာဇ်နှင့် သူတော်စင်ဧကရာဇ်မှာ အံ့အားသင့်သွားတော့သည်။
ဤအချိန်တွင် ဂူထျန်ကျွင်းပင် စိတ်သက်သာရာရကာ သက်ပြင်းချလိုက်သည်။ စီမာယွမ်ဟွာမှာမူ အသက်ရှူချောင်သွားသည့်ပုံပေါ်ပြီး အလျင်အမြန်လက်ယှက်၍ ပိုင်ရှောင်ချန်းကို ဦးညွှတ်လိုက်သည်။ သူက ဘာမှမပြောသော်လည်း သူ၏မျက်လုံးများထဲရှိ အကြည့်အရ ယခုလေးတင် ဖြစ်ပျက်ခဲ့သည့်အရာကို သူမေ့လိမ့်မည်မဟုတ်ကြောင်း သိသာလေသည်။
ပိုင်ရှောင်ချန်းက အလွန့်အလွန် ဂုဏ်ယူနေသော်လည်း သူ၏မျက်နှာပေါ်တွင် မပြသပေ။ ထိုအစား သူက အသံကိုနှိမ့်ပြီး အခြားကောင်းကင်ဧကရာဇ်များအားလုံးကို မည်သို့နေသည်နှင့် အဆင်ပြေသည်လား မေးမြန်းလိုက်သည်။
မိစ္ဆာဧကရာဇ်နှင့် သူတော်စင်ဧကရာဇ်နှစ်ပါးမှာမူ တစ်ယောက်က ညိုမဲနေပြီး တစ်ယောက်က အံ့အားသင့်နေ၏။ တစ်ယောက်မှ ဘာမှမပြောကြပေ။
မကြာမီ ကောင်းကင်ဧကရာဇ်ဝိရူပက္ခက မည်းမှောင်နေသည့်အမူအရာဖြင့် ဗိုက်ကိုဆုပ်ကိုင်ရင်း ထွက်ပေါက်မှ ထွက်လာသည်။ တခဏကြာသော် ဝိညာဥ်ဝါးမျိုသခင် နှင့် မူလနတ်ဆိုးမင်းသားရောက်လာ၏။
ထို့နောက် ကောင်းကင်ဧကရာဇ် ကျဲ့တိ၊ ကောင်းကင်တံတားတာအိုနှင့် ကုန်းစွန်းဝမ်အာဖြစ်သည်။ မကြာမီ အဘွားကြီးက လွဲ၍ ကောင်းကင်ဧကရာဇ်များအားလုံး အပြင်ရောက်လာကြ၏။ ကောင်းကင်ဧကရာဇ်ဝိရူပက္ခက သူမ၏ တာအိုသစ်စေ့ကို ထုတ်ပြီး ကမ်းပေးလိုက်သောအခါ မိစ္ဆာဧကရာဇ်မှာ သူ၏မျက်နှာပေါ်ရှိ တင်းမာခက်ထန်မှုကို အလွယ်တကူ မဖုံးကွယ်နိုင်တော့ပေ။
ဆန့်ကျင်ဘက်အနေဖြင့် သူတော်စင်ဧကရာဇ်က တဟားဟား အားပါးတရ အော်ရယ်တော့သည်။
သူက သူ၏ကောင်းကင်ဧကရာဇ်များကို ကြည့်ရင်း ပြောသည်။
" သိပ်ကောင်းတယ်။ တော်တယ်။ ငါကိုယ်တော်ရဲ့ ကောင်းကင်ဧကရာဇ်တို့။ အခု ကျေးဇူးပြုပြီး မင်းတို့ရဲ့ အောင်မြင်မှုအသီးအပွင့်တွေကို ထုတ်လိုက်ကြပါ။ ငါအရင်က ပြောခဲ့သလိုပဲ ပါဝင်တဲ့လူတိုင်းကသူတို့ရဲ့တာဝန်ကျေပွန်မှုအတွက် ဆုလာဘ်ချီးမြှင့်ခံရမယ် "
ဂူထျန်ကျွင်းက ချောင်းဟန့်ပြီး စိတ်လှုပ်တရှားရှေ့တက်လိုက်သည်။ သူက အင်္ကျီလက်စကိုခါရမ်းရင်း မိုးမြေဧကရာဇ်အသားတုံးပေါင်းများစွာကို ပို့လွှတ်လိုက်၏။ တချိန်တည်းမှာပင် ချိန်စု၊ ကောင်းကင်ဧကရာဇ်သက်တော်ရှည်ဝိညာဥ်နှင့် စီမာယွမ်ဟွာတို့အားလုံး ထိုနည်းတူလုပ်လိုက်ကြသည်။ ဤသည်ကို မြင်သောအခါ ပိုင်ရှောင်ချန်းသည်လည်း သူတို့နှင့်အတူ ပူးပေါင်းလိုက်၏။
မိစ္ဆာဧကရာဇ်နိုင်ငံမှ ကောင်းကင်ဧကရာဇ်များ တမင်တကာ စိတ်ပျက်စေရန် ဖြစ်ကောင်းဖြစ်နိုင်သည်၊ ဂူထျန်ကျွင်းက အတုံးများအားလုံး နေရာချရန် ဦးဆောင်လိုက်လေသည်။ ထိုအချိန်တွင် ပိုင်ရှောင်ချန်းမှာ ရင်တဒိန်းဒိန်းခုန်လာသော်လည်း ဝမ်းနည်းဖွယ်ကောင်းစွာ ဖြစ်ပျက်နေသည့်အရာကို ရပ်တန့်ရန် သူ ဘာမှမတတ်နိုင်ပေ။
မကြာခင် ဖွတ်ကြီး ရုပ်လုံးပေါ်လာရာ သူတော်စင်ဧကရာဇ်၏ မျက်လုံးများ တောက်ပလင်းလက်လာပြီး မိစ္ဆာဧကရာဇ်၏ မျက်လုံးများ၌ သတ်ဖြတ်လိုစိတ်များ ပေါ်ပေါက်လာလေသည်။
သို့သော် အပိုင်းများအားလုံးအတူတကွ ပေါင်းစပ်ပြီးနောက် ဖွတ်ကြီးမှာ ခြေတစ်ဝက်နှင့်အတူ အမြီးပါပျောက်နေကြောင်း သဘောပေါက်လိုက်သဖြင့် ရှိသမျှလူတိုင်း၏ မျက်နှာပေါ်တွင် ထူးဆန်းသော အမူအရာများ ပေါ်ပေါက်လာ၏။
ဘေးရှိ ကုန်းစွန်းဝမ်အာ၏ မျက်နှာလေးမှာ ရှက်သွေးဖြာသွား၏။ တခဏကြာသော် သူမက ရှေ့တက်လိုက်သည်။ ထို့နောက် သူမက သူမ၏အိတ်ထဲမှ ခြေတစ်ဝက်ကိုထုတ်ပြီး အရှေ့ပစ်ချလိုက်လေရာ သူမ၏ သွေးသောက်ရဲဘော်များ မယုံနိုင်အောင် ဖြစ်သွားလေသည်။
မိစ္ဆာဧကရာဇ်၏ အမူအရာမှာ ထိုအခြင်းအရာကြောင့် ဝင်းလက်သွားပြီ ကုန်းစွန်းဝမ်အာကို လှမ်းကြည့်၍ အသိအမှတ်ပြုကာ ခေါင်းညိတ်လိုက်သည်။
သို့သော် ကုန်းစွန်းဝမ်အာ ပေးအပ်သည့် ပျောက်ဆုံးနေသော ခြေတစ်ဝက်ဖြင့်ပင် ဖွတ်ကြီးက တစ်ကောင်လုံး မဖြစ်သေးပေ။
ထိုအချိန်တွင် နှစ်နိုင်ငံလုံးမှ ကောင်းကင်ဧကရာဇ်များက ပိုင်ရှောင်ချန်းကို တဖြေးဖြေးလှည့်ကြည့်လိုက်ရာ မိစ္ဆာဧကရာဇ်နှင့် သူတော်စင်ဧကရာဇ်တို့မှာ ပါးစပ်အဟောင်းသားဖြစ်သွားကြတော့သည်။