← Chapters

အခန်း (၁၀၅-၁၀၆)

Vol. 11 Ch. 105-106

အခန်း (၁၀၅-၁၀၆)

Vol. 11 Ch. 105-106

အခန်း (၁၀၅)

ခွေးသူခိုးအိုကြီး မပြေးနဲ့လေ

ခန္ဓာကိုယ်တွင်းမှ သွေးမျိုးဆက်စွမ်းအား တစ်ဟုန်ထိုးထွက်ပေါ်လာပြီး ချပ်ဝတ်အပေါ်ရှိလက်ညိုးရာအပေါက်ကို ချက်ချင်းပြုပြင်လိုက်၏။

ယေဘူယျပြောရလျှင် သာမန်ကျောက်တုံးလူသားသွေးမျိုးဆက်အတွက် ဘုရင်ချပ်ဝတ်ကို အသက်သွင်းလျှင် စဦးမြေကမ္ဘာအဆင့်နှင့်သာ ယှဥ်နိုင်မည်ဖြစ်သည်။

သို့ပေမယ့် သူ၏သွေးမျိုးဆက် သန့်စင်ထားပြီဖြစ်ရာ မြေကမ္ဘာအဆင့် အလယ်အလတ်အဆင့်နှင့် ညီမျှ၏။ အဆင့်မြင့်နှင့်တောင် နီးကပ်တာပဲဖြစ်သည်။

ဤအချက်ကြောင့်ပဲ မုန့်ချန်ချင်း လင်းလုံမဟာကြော့ကွင်းကောင်းကင်ကို ပထမအခိုက်အတန့်မှာ အသုံးမပြုပဲ နေရဲတာဖြစ်သည်။

"တာအိုဖန်တီးခြင်းနယ်ပယ်ဆိုတဲ့အတိုင်းပဲ..."

မုန့်ချန်ချင်း နတ်ဆိုးဂိုဏ်းအကြီးအကဲကို ကြည့်လိုက်သည်။

ဓားချီနှင့် တကယ်တော့ သူ၏ဓားသိုင်းစွမ်းအားက သာမန်တာအိုဖန်တီးခြင်းနယ်ပယ်ထက် အားမနည်းပေ။

သို့ပေမယ့် အခြားမယှဥ်နိုင်သည့် ကဏ္ဍတွေလည်း ရှိ၏။ ဥပမာ အရှိန်ကဲ့သို့ပင်။

စစ်မှန်အနှစ်သာရဖြင့်အသက်သွင်းသည့် အရှိန်မှာ အလွန်မြန်ပြီး ပယ်လယ်ခွဲခြမ်းခြင်းနယ်ပယ်တွေကို သတိမထားမိစေပဲ သတ်နိုင်တာပဲဖြစ်သည်။

"ကြည့်ရတာ လျို့ဝှက်နည်းစနစ်သုံးရတော့မယ့်ပုံပဲ... မဟုတ်ရင် တာအိုဖန်တီးခြင်းနယ်ပယ်ရဲ့ ပြိုင်ဘက်ဘယ်တော့မှ ဖြစ်လာမှာမဟုတ်ဘူး.... ကွာဟချက်က ကြီးမားလွန်းတယ်...."

အသက်ပြင်းပြင်းရူပြီး အပြုံးတစ်ခု မုန့်ချန်ချင်းမျက်နှာပေါ်မှာ ပေါ်လာခဲ့သည်။

ထိုအရာက လှုပ်ရှားမှုတစ်ခုသာဖြစ်သော်လည်း သူ့ရင်ထဲရှိများစွာသောသံသယတွေကို အတည်ပြုပေးခဲ့သည်။

နောက်ထပ်က အလေးအနက်လုပ်ရမည့်အချိန်ဖြစ်သည်။

"ကောင်လေး, မင်းရဲခုခံရေးသိုင်းပညာက မဆိုးပါဘူး... ဒါပေမယ့် ဒါနဲ့ ငါ့ကိုနိုင်ချင်နေတယ်ဆိုရင်တော့ စိတ်ကူးယဥ်ဆန်လွန်းသွားပြီ..."

နတ်ဆိုးဂိုဏ်းအကြီးအကဲ အလေးအနက်ပြောလိုက်သည်။

"ဆက်တိုက်ရင် မင်းသိလာမှာပဲမဟုတ်ဘူးလား..."

မုန့်ချန်ချင်း လက်တစ်ဖက်ဖြင့်ဓားကိုင်ထားပြီး လင်းလုံမဟာကြော့ကွင်းကောင်းကင်ကို တိတ်တဆိတ် အသက်သွင်းလိုက်သည်။

သူ့တစ်ကိုယ်လုံး၏အော်ရာတွေလည်း အလျှင်အမြန် တိုးတက်လာခဲ့သည်။

"ကောင်းပြီ, ကောင်းပြီ, မင်းက အရမ်းမောက်မာတာပဲ... မင်းလိုလူမျိုး ငါ အရင်က တစ်ခါမှ မမြင်ဖူးဘူး..."

"ခဏနေရင်, နယ်ပယ်နှစ်ခုကြားကွာဟချက်က ဘာလဲဆိုတာ မင်းကို ပြပေးမယ်...."

နတ်ဆိုးဂိုဏ်းအကြီးအကဲ၏အသံ အေးစက်နေခဲ့သည်။

ထို့နောက် နောက်တစ်ကြိမ်တိုက်ခိုက်လိုက်ပြီး အရှိန်က ပို့လို့တောင်မြန်လာခဲ့သည်။

နောက်ခံပုံရိပ်တွေကိုမမြင်နိုင်တော့ပဲ မှိန်ဖျော့သည့်သွေးအလင်းတန်းတစ်ခု လေထုထဲ ဖြည်းဖြည်းချင်းပျောက်ကွယ်သွားခဲ့သည်။

"သေစမ်း...."

ချက်ချင်းပဲ သူက မုန့်ချန်ချင်းနောက် ရောက်လာခဲ့သည်။

ဤလက်သည်းချက်က စွမ်းအားပြည့်မသုံးထားတောင် အနည်းဆုံး ၈၀ ရာနိုင်နှုန်းလောက်လောက်ရှိ၏။

ပင်လယ်ခွဲခြမ်းနယ်ပယ်နှင့် အဆင့်တူလူအချို့တောင် ဒဏ်ရာအပြင်းအထန်ရသွားမည်ဖြစ်သည်။

သို့ပေမယ့် နတ်ဆိုးဂိုဏ်းအကြီးအကဲ ကောက်ကျစ်သည့်အပြုံးတစ်ခု ထုတ်ဖော်ပြသတော့မည့်အချိန်မှာပဲ....

ထန်!

ထိုကောင်၏ခုခံရေးသိုင်းပညာ ကျိုးပျက်သွားပြီး နှလုံးပေါက်ထွက်သွားသည့်မြင်ကွင်းက မျှော်လင့်ထားသလိုဖြစ်မလာပဲ....

ဆန့်ကျင်ဘက်အနေဖြင့် သူ၏လက်ငါးချောင်းက ချပ်ဝတ်မျက်နှာပြင်ပေါ်မှာ ရပ်တန့်ခံရပြီး ရှေ့ဆက်မတိုးနိုင်တော့ပေ။

"ဒါဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ..."

ဤလက်သည်းချက်က ယခင်ကထက် အများကြီးပိုသန်မာ၏။

မထိုးဖောက်နိုင်စရာအကြောင်းမရှိပေ။

ခဏနေအုန်း...

နတ်ဆိုးဂိုဏ်းအကြီးအကဲ၏မျက်ခွံတွေ ရုတ်တရက် ကျုံ့သွား၏။

အဘယ်ကြောင့်ဆိုသော် ချပ်ဝတ်ပေါ်မှ ရင်းနှီးသည့်ခံစားချက်တစ်ခုကို ရလိုက်သောကြောင့်ဖြစ်သည်။

ထိုအရာက....

"စစ်မှန်အနှစ်သာရ..."

နတ်ဆိုးဂိုဏ်းအကြီးအကဲ မယုံနိုင်စွာရေရွတ်လိုက်ပြီး မျက်နှာ၌ ထိတ်လန့်မှုတွေ ပေါ်လာခဲ့သည်။

ပင်လယ်ခွဲခြမ်းခြင်းနယ်ပယ်ကျင့်ကြံသူတစ်ယောက်၌ ဘာကြောင့် စစ်မှန်အနှစ်သာရရှိနေရလဲ သူနားမလည်နိုင်ပေ။

ထိုအရာက တာအိုဖန်တီးခြင်းနယ်ပယ်ရောက်မှသာ ရနိုင်သည့် အရာဖြစ်သည်မဟုတ်လား။

"မင်းမှန်တယ်, ဒါပေမယ့် ဆုလာဒ်တော့မရှိဘူး..."

မုန့်ချန်ချင်း ရုတ်တရက် တစ်ဖက်လှည့်လာပြီး ဓားဖြင့် ခုတ်ချလိုက်၏။

ရွစ်!

နတ်ဆိုးဂိုဏ်းအကြီးအကဲ အလျှင်အမြန် အသိပြန်ဝင်လာပြီး လှုပ်ရှားမှုနည်းစနစ်သုံးကာ သွေးရောင်အလင်းတန်းဖြင့်ပြောင်း၍ ရှောင်တိမ်းလိုက်သည်။

သူက လျှပ်တပြတ်ဆိုသလို မီတာဒါဇင်နှင့်ချီ အဝေးကိုရောက်သွား၏။

သို့ပေမယ့် မုန့်ချန်ချင်း လှည့်လည်သွားလာနေသည့်နဂါးတစ်ကောင်ကဲ့သို့ နောက်မှ ကပ်ပါလာခဲ့သည်။

စစ်မှန်အနှစ်သာရနှင့်ဆို သူက လိုက်မှီနိုင်တာပဲဖြစ်သည်။

အဆုံးမှာတော့ ဓားချီက ဓားသိုင်းပညာအတွက်သာ အသုံးပြုနိုင်သော်လည်း စစ်မှန်အနှစ်သာမှာ သိုင်းပညာအားလုံးအတွက် အသုံးပြုနိုင်၏။

"မင်းက ဘယ်လိုမကောင်းဆိုးဝါးမျိုးလဲ...."

နတ်ဆိုးဂိုဏ်းအကြီးအကဲ ဆက်တိုက်ဆိုသလို နောက်ဆုတ်နေရသည်။

ဤလူက တကယ်ပဲ ပင်လယ်ခွဲခြမ်းခြင်းနယ်ပယ်ဆိုတာ သေချာ၏။

သို့ပေမယ့် ဘာကြောင့် ပင်လယ်ခွဲခြမ်းခြင်းနယ်ပယ်တစ်ယောက်က စစ်မှန်အနှစ်သာရရှိနေရသနည်း။

ဤအခိုက်အတန့်၌ မုန့်ချန်ချင်း ဘုရင်ချပ်ဝတ်ကိုအသက်သွင်းထားရာ သူ့ခန္ဓာကိုယ်ပေါ်ရှိ များစွာသောထူးဆန်းသည့်အနက်ရောင်စာလုံးတွေကို သတိမထားမိအောင် ဖြစ်စေ၏။။

မဟုတ်လျှင် လျို့ဝှက်နည်းစနစ်အချို့၏တိုးမြှင့်မှုကြောင့်ဆိုတာ တိုက်ရိုက်သိသွားမည်ဖြစ်သည်။

"ခွေးသူခိုးအိုကြီး, မပြေးနဲ့လေ... မင်း စောနက ပျော်နေတာမဟုတ်ဘူးလား..."

မုန့်ချန်ချင်း နှုတ်ခမ်း အနည်းငယ်တွန့်ကွေးသွား၏။

သူ့လက်ထဲရှိ စိတ်ဝိညာဥ်ဓားက အလင်းတန်းတွေ ထုတ်လွတ်နေခဲ့သည်။

ဤအရာကိုကြားသည့်အခါ နတ်ဆိုးဂိုဏ်းအကြီးအကဲ နောက်ထပ်စကားမပြောတော့ပေ။

ထိုအစား ထွက်ပြေးသည့်အပေါ်၌သာ အာရုံစိုက်လိုက်သည်။

ဤအခိုက်အတန့်၌ သူက နောက်ဆုံး ဤကောင်လေး ဘာကြောင့် တစ်ယောက်တည်းလာရဲလည်းဆိုတာ နားလည်သွားခဲ့သည်။

တာအိုဖန်တီးခြင်းနယ်ပယ်က ပင်လယ်ခွဲခြမ်းခြင်းနယ်ပယ်ထက် ဘာကြောင့်ပိုသန်မာရသနည်း။

စစ်မှန်အနှစ်သာရကြောင့်ပင်။

သို့ပေမယ့် ယခု, ဤကောင်လေးက စစ်မှန်အနှစ်သာရကိုတောင် ထုတ်သုံးနိုင်နေခဲ့သည်။

ဘယ်လိုဟာသကြီးနည်း။

သူ၏အကြီးမားဆုံးအားသာချက်မှာ ပျောက်ကွယ်သွားပြီဖြစ်သည်။

သူက တာအိုဖန်တီးခြင်းနယ်ပယ်ဖြစ်သော်လည်း ကိုယ့်ကိုယ်ကို ကောင်းကောင်းနားလည်၏။

မကြာသေးခင်ကမှ ကံကောင်းပြီး အဆင့်တက်နိုင်ခဲ့တာဖြစ်ပြီး ဤနယ်ပယ်၌ အတွေ့အကြုံမရှိသေးပေ။

ထို့ပြင် မကြာသေးခင်က ကြောက်စရာဓားသမားတစ်ယောက်၏ ဓားချက်ကြောင့်လည်း ဒဏ်ရာရထားသေးရာ ခွန်အားတစ်ဝက်လောက် ဆုံးရှုံးထား၏။

တူညီသည့်အခြေအနေအောက်၌ သူက ပါရမီရှင်အဆင့်ရန်သူ၏ ပြိုင်ဘက်တစ်ယောက် မဖြစ်နိုင်ပေ။

"သေစမ်း, တကယ်ကို ရှေးဟောင်းဂိုဏ်းက ပျိုးထောင်ပေးထားတဲ့ လူထူးဆန်းကောင်ပဲ... ဘယ်လိုဖြစ်ပြီး ဒီလောက်များတဲ့ ပုံမှန်မဟုတ်တဲ့တပည့်တွေရှိနေရတာလဲမသိဘူး..."

နတ်ဆိုးဂိုဏ်းအကြီးအကဲ ခါးသီးမှုကိုခံစားလိုက်ရသည်။

ဂုဏ်သရေရှိ တာအိုဖန်တီးခြင်းနယ်ပယ်တစ်ယောက်က ပင်လယ်ခွဲခြမ်းခြင်းနယ်ပယ်၏ လိုက်သတ်ခြင်းကို ခံနေရသည်။

သမိုင်းမှာ သူက ပထမဆုံးဖြစ်မည်ပင်။

ဘယ်လိုပဲဖြစ်ဖြစ်, အရှက်ရမှုက လုံလောက်နေပြီဖြစ်သည်။

ဤကိစ္စသာအနာဂတ်မှာ ပျံ့သွားလျှင် သူ အခြားသူတွေကို မျက်နှာပြရဲတော့မည်မဟုတ်ပေ။

အခုတော့ အနာဂတ်ကိစ္စတွေမေ့ထားရမယ်... ဒီနေ့ ဒီမကောင်းဆိုးဝါးလက်က လွတ်ပါ့မလားတောင် မသေချာသေးဘူး...

"ဒီနတ်ဆိုးအိုကြီးရဲ့လှုပ်ရှားမှုနည်းစနစ်က ငါ့ထက်ပိုကောင်းတာပဲ... သူသာ ထွက်ပြေးဖို့ပဲ အာရုံစိုက်နေရင် ငါလိုက်လို့မှီမှာမဟုတ်ဘူး..."

မုန့်ချန်ချင်း နောက်မှ နီးကပ်စွာ လိုက်လာနေ၏။

သူ၏ ကောင်းကင်တိမ်လွာနဂါးခြေလှမ်းက ယခုချိန်မှာ စဦးအဆင့်သာရှိ၏။

သို့ပေမယ့် နတ်ဆိုးဂိုဏ်းအကြီးအကဲ၏ လျှပ်တပြတ်သွေးကြောမှာ တစ်စိတ်တစ်ပိုင်းကျွမ်းကျင်အဆင့်ဖြစ်၏။

"နောက်ပိုင်းကျရင် ငါ ဒီလှုပ်ရှားမှုနည်းစနစ်ကို မြန်မြန်တိုးတက်အောင်လုပ်ရမယ်... မဟုတ်ရင်လည်း လှုပ်ရှားမှုအထူးပြုတဲ့လူတွေနဲ့ မိတ်ဆွေဖွဲ့ရမယ်...."

ယေဘူယျပြောရလျှင် မည်သူမှ လှုပ်ရှားမှုနည်းစနစ်ကို အထူးမပြုပေ။

အားလုံးက အရံအဖြစ်သာကျင့်ကြံမည်ဖြစ်သည်။

အဆုံးမှာတော့ လူသားစွမ်းအင်ကကန့်သတ်ချက်ရှိပြီး အရာရာမှာ ကျွမ်းကျင်ဖို့က မဖြစ်နိုင်ပေ။

ဤအရာကိုတွေးပြီး မုန့်ချန်ချင်း ရုတ်တရက် ရပ်တန့်လိုက်သည်။

လင်လုံးမဟာကြော့ကွင်းကောင်းကင်အသက်သွင်းခြင်းမှာ အချိန်အကန့်အသတ်ရှိပြီး အမွေးတိုင်တစ်တိုင်စာသာဖြစ်သည်။

ဤကဲ့သို့ လိုက်ဖမ်းနေဖို့က မဖြစ်နိုင်ပေ။

ထို့ကြောင့် လက်ရှိထက်ပိုဝေးမသွားခင် အသန်မာဆုံးဓားသိုင်းသုံးပြီး အသေသတ်ရန်သာရှိတော့သည်။

"မပျော်ရဘူးပဲ..."

မုန့်ချန်ချင်း တကယ်ပဲ တာအိုဖန်တီးခြင်းနယ်ပယ်နှင့် ကောင်းကောင်းတိုက်ခိုက်ချင်၏။

ထိုအရာက သေချာပေါက် အကျိုးများမည်ဖြစ်သည်။

သို့ပေမယ့် ကံမကောင်းစွာပဲ တစ်ဖက်လူက ထွက်ပြေးဖို့သာအားသာနေရာ အခြားနည်းလမ်းမရှိတော့ပ။

"မဟာနက်နဲခြင်း- ဓားတစ်သောင်းစုဝေးခြင်း..."

အသက်ပြင်းပြင်းရူပြီး သူ့ကိုယ်ထဲရှိဓားသန္ဓေသား ရူးသွပ်စွာစတင်လည်ပတ်လာခဲ့သည်။

ထိုအခါ မရေမတွက်နိုင်သည့် ရွှေရောင်ဓားချီတွေ ထွက်ပေါ်လာပြီး ကျယ်ပြောသည့်ဓားပင်လယ်အဖြစ် ပြောင်းလဲသွားခဲ့သည်။

ထို့နောက် ခမ်းနားသည့်ဖိအားဖြင့် နတ်ဆိုးဂိုဏ်းအကြီးအကဲဆီ တိုးဝင်သွားတော့သည်။

"ဒါက..."

နောက်ရှိ ကြောက်မက်ဖွယ်စွမ်းအားကိုခံစားမိတော့ နတ်ဆိုးဂိုဏ်းအကြီးအကဲ မနေနိုင်ပဲ ခေါင်းလှည့်ကြည့်လိုက်သည်။

သို့ပေမယ့် သူမြင်လိုက်ရတာက ကောင်းကင်အပြည့် ရွှေရောင်ဓားချီတွေဖြစ်ပြီး ကျယ်ပြောသည့်တောင်တန်းနှင့် မြစ်တွေကို ဖုံးလွမ်းထားခဲ့သည်။

ရှောင်တိမ်းဖို့နေရာမရှိပေ။

"သွားပြီ... တကယ်ကို ပြီးပြည့်စုံခြင်းအဆင့် မဟာနက်နဲခြင်းရွှေရောင်ဓားသိုင်းပဲ..."

နတ်ဆိုးဂိုဏ်းအကြီးအကဲမျက်နှာ ရုတ်တရက် ဖြူဖြော့သွား၏။

သူ၏လှုပ်ရှားမှုနည်းစနစ်က ကောင်းသော်လည်း ဘယ်လိုလုပ် ဤကဲ့သို့ ဖျက်ဆီးအားပြင်းသည့်ဓားချက်ကို ရှောင်တိမ်းနိုင်မည်နည်း။

"ငါသာ စောစောသိခဲ့ရင်, ဒီစခန်းကို လာခဲ့မှာမဟုတ်ဘူး...."

ထိုအတွေးပေါ်လာသည့်အခိုက်အတန့် မရေမတွက်နိုင်သည့်ဓားချီတွေ ကျဆင်းလာပြီး သူ့ကို တိုက်ရိုက်ဖုံးလွမ်းသွားခဲ့သည်။

ဘုန်း! ဘုန်း! ဘုန်း!

ဖုန်မှုန့်တွေပျောက်ကွယ်သွားသည့်အခါ မီတာတစ်ရာအတွင်း အရာအားလုံးပျောက်ကွယ်သွားပြီး စုတ်ပြတ်ပျက်စီးနေခဲ့သည်။

အဆုံးမှာတော့ ဤအရာက စစ်မှန်အနှစ်သာရဖြင့် အသက်သွင်းထားသည့် ဓားချက်ဖြစ်သည်။

ချီမဟုတ်ပေ။

ဖြတ်ခနဲဆိုသလိုပဲ မုန့်ချန်ချင်းပုံရိပ် နေရာတစ်ခုမှာပေါ်လာသည်။

ဤနေရာ၌ နတ်ဆိုးဂိုဏ်းအကြီးအကဲ အလောင်း လဲလျောင်းနေပြီး အကောင်းပကတိတိုင်းရှိနေသေးကာ လက်တစ်ဖက်နှင့်ခြေထောက်တစ်ဖက်သာ ပျောက်နေ၏။

တစ်ကိုယ်လုံးလည်း ဓားရာတွေဖုံးလွမ်းနေပြီး သွေးအလိမ်းလိမ်းဖြစ်နေကာ အသက်မရူတော့ပဲ လုံးဝသေသွားပြီဖြစ်သည်။

ဤဓားချက်၌ မုန့်ချန်ချင်း ခွန်အားကုန်သုံးထားတာဖြစ်သည်။ စစ်မှန်အနှစ်သာရဖြင့် အသက်သွင်းထားရုံသာမက ဓားချီကိုပါ ထည့်သွင်းအသုံးပြုခဲ့သည်။

တာအိုဖန်တီးခြင်းနယ်ပယ်ဝင်ရောက်ကာစ နတ်ဆိုးဂိုဏ်းအကြီးအကဲ ခုခံနိုင်သည့် အရာမဟုတ်ပေ။

ဟူး....

ဖြူနက် ချီနှစ်မျှင် နတ်ဆိုးဂိုဏ်းအကြီးအကဲ၏ခန္ဓာကိုယ်မှထွက်ပေါ်လာပြီး ယခင်နတ်ဆိုးကျင့်ကြံသူတွေထက် သိသိသာသာ ပိုထူထည်းနေခဲ့သည်။

သူတစ်ယောက်တည်းနှင့်ကို အစောပိုင်းရခဲ့တာထက် တစ်ဝက်လောက်ရှိသည်ဟု ပြောနိုင်၏။

ရွပ်!

ရှင်သန်ခြင်းနှင့် သေခြင်းချီကို စုပ်ယူပြီးနောက် မုန့်ချန်ချင်း နတ်ဆိုးဂိုဏ်းအကြီးအကဲခေါင်းကိုဖြတ်ကာ လက်ထဲကိုင်ထားပြီး ကစားနေလိုက်သည်။

အခန်း (၁၀၆)

အောင်မြင်စွာပေါင်းထည့်ခြင်း၊ အပိုဆောင်းဆုလဒ်-ဓားရည်ရွယ်ချက်သန္ဓေသား

ဤပစ္စည်းနှင့် သူက ကျမ်းဆောင်စောင့်အကြီးအကဲကို မိတ်ဆွေအဖြစ်ပေါင်းထည့်နိုင်ပြီဖြစ်သည်။

မုန့်ချန်ချင်း သက်သာရာရစွာ သက်ပြင်းချလိုက်ပြီး တောက်ပသည့်အလင်းရောင်တစ်ခုလည်း မျက်လုံးထဲမှာ ပေါ်လာခဲ့သည်။

ကျွမ်းကျင်အဆင့် သန့်စင်သောဝိညာဥ်သတ်ဖြတ်ခြင်းဓားသိုင်း၏ စွမ်းအားမှာ ဘယ်လောက်တောင် သန်မာလိုက်မည်နည်း။

"ဒီဓားနည်းစနစ်နဲ့ဆို နောက်ပိုင်း တာအိုဖန်တီးခြင်းနယ်ပယ်ကို ရောက်ခဲ့ရင်တောင် အဲ့ဒီထိပ်တန်းပါရမီရှင်တွေနဲ့ ယှဥ်ပြိုင်ဖို့ ယုံကြည်ချက်ရှိပြီ..."

မုန့်ချန်ချင်း စိတ်ထဲမှာ တွေးလိုက်သည်။

မူလက သူထင်ထားခဲ့တာ တောင်ထိပ်အသီးသီးမှထိုထိပ်တန်းပါရမီရှင်တွေမှာ မြေကမ္ဘာအလယ်အလတ်အဆင့် သိုင်းပညာတွေသာ ကျင့်ကြံထားသည်ဟူ၍ပင်။

သို့ပေမယ့် ကျမ်းဆောင်စောင့်အကြီးအကဲထံမှလက်ဆောင်နှင့် ထိုလူတွေ မြေကမ္ဘာအဆင့်မြင့်တွေ ကျင့်ကြံနေကြောင်း ကောက်ချက်ချနိုင်ခဲ့သည်။

ဂိုဏ်း၏အမာခံတပည့်များဖြစ်သည်နှင့်အညီ အဆင့်မြင့်သိုင်းပညာတွေ မကျင့်ကြံဘူးဆိုတာ မဖြစ်နိုင်ပေ။

ထို့ကြောင့် မဟာနက်နဲခြင်းရွှေရောင်ဓားသိုင်းတစ်ခုတည်းနှင့်ဆိုလျှင် သူက သူတို့၏ပြိုင်ဘက်ဖြစ်မည်မဟုတ်ပေ။

အများဆုံးမှ ယှဥ်တိုက်နိုင်ရုံလောက်သာ ဖြစ်မည်။

အဆုံးမှာတော့ သိုင်းပညာအဟုန်က...

ထိုထိပ်တန်းပါရမီရှင်တွေမှာလည်း ရှိနိုင်၏။

ထိုအရာက သူ၏မူပိုင်မဟုတ်ပေ။

လင်လုံမဟာကြော့ကွင်းကောင်ကင်လို လျို့ဝှက်နည်းစနစ်အတွက်တော့ ဂိုဏ်းထဲ၌ တစ်ခုရှိမလား သူလည်း မသိပေ။

ဘယ်လိုပဲဖြစ်ဖြစ် ၎င်းမှာ မသေချာသောအချက်သာဖြစ်သည်။

သို့ပေမယ့် ယခုတော့ အနည်းဆုံး သူက တူညီသောစမှတ်ရှိတော့မည်ဖြစ်သည်။

မုန့်ချန်ချင်း အရာရာကို ဘက်ပေါင်းစုံမှ တွေးတောရတာကို သဘောကျ၏။

ဤနည်းနှင့်ဆို အနည်းဆုံး နောက်ဆုံးရလဒ်က မျှော်လင့်ထားသည်နှင့် အများကြီးသွေဖယ်မည်မဟုတ်ပေ။

အတွေးတွေပြန်စုစည်းပြီး မုန့်ချန်ချင်း နတ်ဆိုးဂိုဏ်းအကြီးအကဲ၏သိုလှောင်လက်စွပ်ကိုကောက်ယူလိုက်သည်။

ထို့နောက် စခန်းကိုပြန်ပြီး တစ်ယောက်ချင်းစီ၏သိုလှောင်လက်စွပ်တွေကို လိုက်သိမ်းတော့သည်။

ဘယ်အချိန်ကစတင်ခဲ့လဲသူမသိပေ။ သတ်ဖြတ်ပြီးနောက် အလောင်းကိုရှာဖွေသည့်အလေ့အကျင့်က ဖြစ်တည်နေပြီဖြစ်သည်။

သိုင်းကျမ်းဆောင်၌ နေဝင်ဆည်းဆာချိန်ကို ရောက်နေပြီဖြစ်သည်။

မိုးကုတ်စက်ဝိုင်း၌ ကြက်သွေးရောင်တိမ်တိုက်တွေလောင်ကျွမ်းနေပြီး အတော်လေးလှပလှ၏။

ယွင်ပုကျွယ် တောင်ထိပ်အစွန်းမှာရပ်နေပြီး ထိုပုံရိပ်မြင်ကွင်းမှပျောက်ကွယ်သွားမှသာ ဖြည်းဖြည်းချင်း အကြည့်ပြန်ရုတ်လိုက်၏။

"အထက်ပိုင်းလူကြီးတွေ ဒီလိုပါရမီရှင်မျိုးကို ဘယ်လိုလုပ် လျစ်လျူရှုထားတာလဲလို့...."

"လက်စသတ်တော့ အခြားအစီအစဥ်ရှိနေတာကိုး..."

ယွင်ပုကျွယ် အနည်းငယ်ခေါင်းခါယမ်းလိုက်သည်။

"ကံကောင်းစွာလို့ စီနီယာအကို ငါ့ကိုလာရှာလို့သာပေါ့... မဟုတ်ရင် ငါ နောက်တစ်ကြိမ် ဆူခံရတော့မှာ..."

စီနီယာအကိုက အပြစ်ပေးတောင်ထိပ်ကို နှစ်ပေါင်း ၁၀၀ ကျော်ကြာအောင် တာဝန်ယူခဲ့တာဖြစ်သည်။

လွန်ခဲ့နှစ်တွေ ထိုမတော်တဆမှုဖြစ်ပြီးကတည်းက သူက ဘက်လိုက်မှုမရှိပဲ တင်းကြပ်သူတစ်ယောက်ဖြစ်လာခဲ့သည်။

ဘယ်လောက်သေးငယ်သည့်ကိစ္စဖြစ်ပါစေ ပြင်းထန်စွာအပြစ်ပေးတတ်၏။

ဂိုဏ်းခေါင်းဆောင်တောင် အပြစ်ပေးရာမှ မလွတ်မြောက်ပေ။

သူလုပ်ခဲ့သည့် ဂိုဏ်းကန့်သတ်နည်းစနစ်ကို သင်ကြားပေးခြင်းက အပြင်းအထန် စည်းကမ်းချိုးဖောက်ခြင်းဖြစ်သည်။

"ဒါပေမယ့် အခု ငါ ခွင့်ပြုချက်ရသွားပြီ... စီနီယာအကို နောက်တစ်ကြိမ်အပြစ်ပေးတော့မှာမဟုတ်ဘူး...."

ယွင်ပုကျွယ် အနည်းငယ်သက်သာရာရသွားပြီး တစ်ချိန်တည်းမှာပဲ သက်ပြင်းချလိုက်သည်။

"ဒီလိုနေ့ရက်တွေ ဘယ်အချိန်မှကုန်ဆုံးမလဲဆိုတာ ငါသိချင်မိတယ်..."

ဝှစ်!

ရုတ်တရက် ရွှေရောင်ဓားအလင်းတန်းတစ်ခု ကောင်းကင်ကိုထိုးခွဲပြီး သူ့ရှေ့ကို ပြင်းထန်စွာ ဆင်းသက်လာခဲ့သည်။

ဖုန်မှုန့်တွေတထောင်းထောင်းထသွားပြီး လှိုင်းလုံးတွေကဲ့သို့ပင်။

သို့ပေမယ့် ယွင်ပုကျွယ်ရှေ့ရောက်သည့်အခါ ရပ်တန့်သွား၏။

"အကြီးအကဲ, ကျွန်တော်ပြန်လာပြီ..."

ရောက်လာသူမှာ မုန့်ချန်ချင်းဖြစ်သည်။

သူက ဖြည်းညင်းစွာမတ်တပ်ရပ်ပြီး မျက်လုံးတွေက ကြယ်တွေကဲ့သို့တောက်ပနေကာ အမူအရာကပေါ်လွင်လှ၏။

သွေးနီရောင်ဝတ်ရုံကလည်း ကိုယ်ပေါ်မှာ တွဲလောင်းကျနေကာ သတ်ဖြတ်လိုစိတ်တွေပြည့်နှက်နေပြီး သွေးကန်ထဲမှထွက်လာသလိုပင်။

အထူးသဖြင့် ညာလက်ရှိ ဦးခေါင်းပြတ်ဖြစ်၏။

မြင်ရသူကို တုန်လှုပ်သွားစေသည်။

ယွင်ပုကျွယ် လေးလေးနက်နက်ကြည့်လိုက်၏။

မုန့်ချန်ချင်း သန့်စင်သောဝိညာဥ်သတ်ဖြတ်ခြင်းဓားသိုင်းကို စဦးနားလည်ခြင်းအဆင့်သို့ ရောက်သွားပြီဆိုတာ သူသိ၏။

ထို့ပြင် သူ့အကြည့် နတ်ဆိုးဂိုဏ်းအကြီးအကဲ၏ဦးခေါင်းပြတ်ပေါ်ရောက်သွားသည့်အခါ တုန်လှုပ်သည့်အရိပ်အယောင်အချို့ သူ့မျက်လုံးထဲ ပေါ်လာခဲ့သည်။

မုန့်ချန်ချင်း အမှန်တကယ်လုပ်နိုင်ခဲ့မည်ဟု သူမထင်ထားပေ။

သူက မနက်မှာထွက်ခွာသွားပြီး ညနေမစောင်းခင် ပြန်ရောက်လာခဲ့သည်။

လုပ်ဆောင်ချက်မှာ အတော်လေးကောင်း၏။

နတ်ဆိုးဂိုဏ်းအကြီးအကဲမှာ တာအိုဖန်တီးခြင်းနယ်ပယ်ဝင်ကာစဖြစ်ပြီး သူ့ကြောင့်ဒဏ်ရာရထားသော်လည်း ပင်လယ်ခွဲခြမ်းခြင်းနယ်ပယ် ယှဥ်နိုင်သည့်အရာမဟုတ်ပေ။

အခြားသူတွေကိုသတ်ပြီး နတ်ဆိုးအကြီးအကဲလက်မှထိခိုက်ဒဏ်ရာမရှိပဲ ပြန်လာနိုင်ရင်ကို လုံလောက်ပြီဖြစ်သည်။

သို့ပေမယ့် ရလဒ်က... နတ်ဆိုးဂိုဏ်းအကြီးအကဲ သေသွားပြီဖြစ်သည်။

တာအိုဖန်တီးခြင်းနယ်ပယ်ကျင့်ကြံသူက ပင်လယ်ခွဲခြမ်းခြင်းနယ်ပယ်ကျင့်ကြံသူလက်ထဲမှာ သေသွားခဲ့သည်။

ထို့ပြင် မုန့်ချန်ချင်းမှာ ဒဏ်ရာအနည်းငယ်တောင် ရခဲ့ပုံမပေါ်ပေ။

"ဟ...ဟ...ဟ..."

ခဏတိတ်ဆိတ်နေပြီးနောက် ယွင်ပုကျွယ် ကျယ်လောင်စွာထရယ်လိုက်၏။

သူ့ရယ်သံ အူလိုက်သည်းလိုက်ဖြစ်ပြီး ကောင်းကင်တစ်လျှောက်ပဲ့တင်ထပ်နေခဲ့သည်။

"ကောင်းတယ်, ကောင်းတယ်, ကောင်းတယ်..."

"မင်းက တကယ်ကို ပါရမီရှင်ပဲ..."

"ငါအမြင်မမှားဘူး..."

ရယ်ပြီးနောက် ယွင်ပုကျွယ် လျှောက်လမ်းလာပြီး မုန့်ချန်ချင်းပုလုံးကို ပြင်းထန်စွာ ပုတ်လိုက်သည်။

"အကြီးအကဲမြှောက်ပင့်လွန်းနေပါပြီ... ဒီလူက သတိမထားမိဖြစ်သွားရုံပါ..."

မုန့်ချန်ချင်း အနည်းငယ်ပြုံးပြီး နှိမ့်ချစွာ ပြောလိုက်သည်။

နှိမ့်ချမှုက လိုအပ်တာပဲဖြစ်သည်။

ပင်လယ်ခွဲခြမ်းခြင်းနယ်ပယ်နှင့် တာအိုဖန်တီးခြင်းနယ်ပယ်ကို သတ်ဖြတ်ခြင်းက ရိုးရိုးသားသားပြောရလျှင် အနည်ငယ်ချဲ့ကားရာရောက်၏။

အကယ်၍ သူသာ နတ်ဆိုးဂိုဏ်းမှာဆို ဤလောက်ထိ ကြွားကြွားဝါဝါလုပ်ရဲမည်မဟုတ်ပေ။

သို့ပေမယ့် ထိုက်ရွမ်ဂိုဏ်းက မတူပေ။

၎င်းမှာ ဖြောင့်မတ်လမ်းစဥ်ဖြစ်ပြီး ဂိုဏ်းအတွင်းလေထုမှာ အမြဲလိုလိုကောင်းမွန်ကာ တပည့်တွေကိုအကျပ်ကိုင်မှုတွေ ဘယ်သောအခါမှ မရှိခဲ့ဘူးပေ။

ဘဝ၌ တစ်ခါတစ်ရံစွန့်စားရပြီး အထူးသဖြင့် အနိုင်ရဖို့အခွင့်အရေးများနေချိန်ဖြစ်သည်။

"နှိမ့်ချဖို့မလိုပါဘူး... ရဲရဲဝင့်ဝင့်နေစမ်းပါ... ငယ်ရွယ်တဲ့ပါရမီရှင်တွေမှာ ငယ်ရွယ်တဲ့တက်ကြွမှုနင့် ကြိုးစားချင်စိတ်ရှိရတယ်..."

"ဂိုဏ်းထဲမှာ မင်းပိုထူးချွန်လေလေ, အာရုံစိုက်ခံရလေလေဖြစ်ပြီး ပိုများတဲ့အရင်းအမြစ်တွေ ရလိမ့်မယ်...."

"ကြီးမြတ်မှုအတွက်ရုန်းကန်တယ်ဆိုတာ တစ်ဦးတစ်ယောက်ချင်းစီရဲ့စွမ်းအားပဲ..."

"မင်းက အရမ်းနှိမ့်ချလွန်းနေရင် အခွင့်အရေးတွေနဲ့ လွဲချော်သွားလိမ့်မယ်...'

ယွင်ပုကျွယ်ပြောလိုက်သည်။

"ပြီးတော့ သံသယတွေအများကြီးထားဖို့မလိုဘူး... ငါတို့ဂိုဏ်းက နတ်ဆိုးဂိုဏ်းလိုမဟုတ်ဘူး, ဘယ်လိုဖိနှိပ်မှုမျိုးမှ ရှိမှာမဟုတ်ဘူး..."

"ရဲရဲဝံ့ဝံ့သာ ရှေ့ကိုလှမ်း..."

"လောကကြီးတစ်ခုလုံး၊ စကြဝဠာကြီးတစ်ခုလုံးကို မင်းရဲ့ပြိုင်ဘက်ကင်းပုံစံကို မြင်တွေ့ခွင့်ပြုလိုက်စမ်းပါ..."

ပြောပြီးနောက်...

သန်မာသည့်အော်ရာတစ်ခု ယွင်ပုကျွယ်ဆီမှ တစ်ဟုန်ထိုးထွက်ပေါ်လာပြီး ကောင်းကင်နှင့်မြေကြီးကိုတောင် ခွဲခြေနိုင်သလိုပင်။

ထိုအရာက ဓားချီဖြစ်၏။

မုန့်ချန်ချင်းမျက်နှာ၌ ခံစားချက်အချို့ပြသလာ၏။

ကျမ်းဆောင်စောင့်အကြီးအကဲ ဤကဲ့သို့စကားပြောဖို့ တကယ်ပဲ မျှော်လင့်မထားပေ။

ထို့ပြင် စကားလုံးတိုင်းမှာ သူ့ရင်ထဲထိနေခဲ့သည်။

နှစ်ဘဝအတွေ့အကြုံဖြင့် သူ့စိတ်က တကယ်ပဲ ရွယ်တူတွေထက် အများကြီးကျော်လွန်နေခဲ့သည်။

ကဏ္ဍတိုင်း၌ ဘက်ပေါင်းစုံမှတွေးပြီး အမှန်အမှား၊ ကောင်းကျိုးဆိုးကျိုး အစရှိသဖြင့် ချင့်ချိန်တတ်၏။

အတိုချုပ်ပြောရလျှင် သူ၏အသက်အရွယ်ထက် ပိုရင့်ကျက်နေပြီဖြစ်သည်။

သို့ပေမယ့် လူငယ်စတိုင်မှာ ထိုရင့်ကျက်မှုမှ လာတာမဟုတ်ပေ။

တစ်ခါတစ်ရံ ၎င်းမှာ မယိမ်းယိုင်သည့်ယုံကြည်မှုနှင့် မိမိကိုယ်ကိုယ်ထုတ်ပြချင်သည့် ဆန္ဒဖြစ်သည်။

ငါသန်မာချင်တယ်, စင်မြင့်ထက်မှာ ရပ်တည်ချင်တယ်, အရာရာကိုလွမ်းမိုးချင်တယ် ဟူ၍ပင်။

သို့ပေမယ့် မုန့်ချန်ချင်း သူမှားတယ်လို့တော့ မထင်ပေ။

မရင်းနှီးသောအခြေအနေများတွင် ဂရုစိုက်တာ ပိုကောင်း၏။ အရာအားလုံးရှင်းလင်းသွားမှသာ မိမိကိုယ်ကိုယ် ထုတ်ပြတာ အကောင်းဆုံးဖြစ်သည်။

"အကြီးအကဲစကားတွေ တပည့်မှတ်ထားပါ့မယ်..."

"ဒါပေမယ့် မနက်ကကတိကို ခု ဖြည့်ဆည်းပေးလို့ရမလား..."

မုန့်ချန်ချင်း အနည်းငယ်ပြုံးလိုက်သည်။

"မင်းကောင်လေး, မင်းက စိတ်အားထက်သန်မှုဆိုတာကို လုံးဝမသိဘူးပဲ..."

"ဒီနေရာမှာ အခြားတပည့်တွေသာဆိုရင် လှိုက်လှိုက်လှဲလှဲနဲ့ စိတ်လှုပ်ရှားလွန်းလို့ မျက်နှာတွေနီရဲပြီး အထွတ်အမြတ်သခင်နေရာအတွက် ယှဥ်ပြိုင်မယ်လို့ ရဲရဲဝံ့ဝံ့ကြေညာလိမ့်မယ်..."

ယွင်ပုကျွယ် အပြုံးတစ်ခုနှင့် ခေါင်းခါယမ်းပြီး အမူအရာလေးနက်လာခဲ့သည်။

"ငါက အမြဲကတိတည်လာတာ... ကတိပေးပြီးမှတော့ သေချာပေါက်ဖြည့်ပေးမှာပါ..."

"မင်းအလားအလာတွေနဲ့လုပ်ဆောင်မှုတွေအရ ငါ့မိတ်ဆွေဖြစ်ဖို့ လုံလောက်ပါတယ်..."

"ခုကစပြီး ငါတို့က ရွယ်တူတွေပဲ..."

သူပြောပြီးသည်နှင့်...

ဒင်!

[ယွင်ပုကျွယ်ကို မိတ်ဆွေအဖြစ်ပေါင်းထည့်ပြီးပါပြီ]

[လက်ရှိနှစ်သက်မှု- ကြယ် ၁ လုံး]

[စွမ်းရည် ရွေးချယ်ပါ]

[အပိုဆောင်းဆုလဒ်- ဓားရည်ရွယ်ချက်သန္ဓေသား]

All Chapters