← Chapters

အခန်း (၉၉-၁၀၀)

Vol. 11 Ch. 99-100

အခန်း (၉၉-၁၀၀)

Vol. 11 Ch. 99-100

အခန်း (၉၉)

ပိုင်စုရှီ၏စာနှင့် အတုမဲ့အာဏာစက်နတ်ဆိုးနည်းစနစ်

"နောက်ထပ်ကိစ္စတစ်ခုရှိသေးတယ်, နင်သိပြီးပြီလားတော့ ငါမသိဘူး..."

ကုန်းလင်းရွယ်ပြောလိုက်သည်။

"ဘာကိစ္စလဲ..."

မုန့်ချန်ချင်းမေးလိုက်သည်။

ရိုးရိုးသားသားပြောရလျှင် သူက တစ်ကိုယ်တည်းကျင့်ကြံနေပြီး သတင်းတွေကို မကြာခဏလျစ်လျူရှုထား၏။

လူတိုင်းသိသည့်ကိစ္စတွေကို သူသိချင်မှသိမည်ဖြစ်သည်။

"ဂိုဏ်းက အဆင့် ၁ကို တိုးမြှင့်ဖို့ပြင်နေတယ်..."

ကုန်းလင်းရွယ်မျက်လုံးတွေတောက်ပနေပြီး အသံထဲ၌ စိတ်လှုပ်ရှားမှုတွေရှိနေခဲ့သည်။

"အဆင့် ၁?..."

မုန့်ချန်ချင်းမျက်ခွံတွေ အနည်းငယ်ကျုံ့သွား၏။

ဤအရာက ကောင်းကင်နှင့်မြေကြီးကို တုန်လှုပ်သွားစေမည့် ကိစ္စကြီးတစ်ခုဖြစ်သည်။

ချက်ချင်းပဲ ဂိုဏ်းက တောင်ထိပ် ၇ခုသိုင်းပြိုင်ပွဲကာလအတွင်း ဘာကြောင့် ပုန်းကွယ်နဂါးစာရင်းတိုက်ပွဲကို ဖွင့်လှစ်ခဲ့ရလဲဆိုတာ သူနားလည်သွားခဲ့သည်။

ထိုအရာအားလုံးက အဆင့် ၁ ကို တိုးမြှင့်ဖို့ပဲဖြစ်သည်။

ကျင့်ကြံရေးလောက၌ အဆင့် ၁ သို့တိုးမြှင့်ချင်သည့်အင်အားစုအားလုံး အခြေအနေများစွာလိုအပ်၏။

ဥပမာ ပုန်းကွယ်နဂါးစာရင်းရယူခြင်းပင်။

သူတို့က အနည်းဆုံး နေရာ ၃ ပုံ ၁ ပုံရဖို့ လိုအပ်၏။

"အခု ငါတို့ဂိုဏ်းက ၃၃ နေရာပိုင်ဆိုင်ထားပြီဆိုတော့ လိုအပ်ချက်ပြည့်မှီသွားပြီလို့ ပြောလို့ရတယ်..."

မုန့်ချန်ချင်း ပြောလိုက်သည်။

"ဟုတ်တယ်, မြေကမ္ဘာအဆင့်အတွက်တော့ စီနီယာတွေပဲ ကိုင်တွယ်ရမှာ... ငါတို့စိတ်ပူဖို့မလိုဘူး...."

ကုန်းလင်းရွယ် ခေါင်းညိတ်လိုက်၏။

"အနာဂတ် ဂိုဏ်းအဆင့်မြင့်သွားတဲအခါ ထျန်လင်းစီရင်စုကို ငါတို့တစ်ဂိုဏ်းတည်းက အုပ်စိုးလိမ့်မယ်... အင်အားစုကြီးလေးခုဆိုတာ ရှိတော့မှာမဟုတ်ဘူး..."

မုန့်ချန်ချင်း ပြောလိုက်သည်။

"အဆင့်တက်သွားရင် ပတ်ဝန်းကျင်ကအင်အားစုတွေလည်း နယ်မြေနဲ့အရင်းအမြစ်အများအပြား ပေးအပ်ရမှာ... အချိန်ကြာလာတာနဲ့ ကြားမှာရှိတဲ့ကွာခြားချက်တွေက ပိုကျယ်လာဖို့ပဲရှိတယ်..."

မုန့်ချန်ချင်း ဆက်ပြောလိုက်၏။

"အခြားအင်အားစုသုံးခု အလွယ်တကူ လက်လျော့မယ်လို့တော့ ငါမထင်ဘူး... သေချာပေါက် တားဆီးဖို့ နည်းလမ်းပေါင်းစုံသုံးကြမှာပဲ..."

မုန့်ချန်ချင်းပြောလိုက်သည်။

"ဟုတ်တယ်, ဒါပေမယ့် အထက်ကြီးလူတွေ ဒါကိုစဥ်းစားမိမှာပဲ... စကားပုံတောင်ရှိသေးတယ်လေ, "ရန်သူတက်လာရင် ငါတို့နောက်ဆုတ်မယ်, ရန်သူနောက်ဆုတ်သွားရင် ငါတို့တက်မယ်" ဆိုတာလေ..."

ကုန်းလင်းရွယ် ယုံကြည်မှုရှိစွာပြောလိုက်ပြီး အတွင်းပိုင်းသတင်းတွေကို သိထားသလိုပင်။

ဤအရာကိုမြင်တော့ မုန့်ချန်ချင်း နောက်ထပ်မမေးတော့ပေ။

ဘယ်လိုပဲဖြစ်ဖြစ်, သူက ယခု ကျင့်ကြံရေးမှာပဲ အာရုံစိုက်ရမည်ဖြစ်သည်။

အခြားကိစ္စတွေကိုတော့ စိုးရိမ်ဖို့မလိုပေ။

"ဒါနဲ့စကားမစပ် စီနီယာအမကုန်း, ဒီနေ့မင်းဒီကိုလာတာ ဒီအကြောင်းတကူးတက လာပြောတာလား..."

မုန့်ချန်ချင်း မေးလိုက်သည်။

"ဒါက ကဏ္ဍတစ်ခုပဲ..."

ကုန်းလင်းရွယ် သူမနဖူးကို အသာအယာပုတ်လိုက်သည်။

"ဒါ့အပြင် အခြားကိစ္စတစ်ခုရှိသေးတယ်... နင် ပိုင်စုရှီဆိုတဲ့တစ်ယောက်ကို သိလား..."

"ပိုင်စုရှီ..."

မုန့်ချန်ချင်း အနည်းငယ်အံ့အားသင့်သွား၏။

သူက ဤနာမည်ကို ကုန်းလင်းရွယ်ဆီမှကြားဖို့မမျှော်လင့်ထားပေ။

"သိတယ်, သူမဘာဖြစ်လို့လဲ..."

"ဘာမှတော့မဟုတ်ပါဘူး, နင်စိတ်ဝိညာဥ်တောင်ကထွက်သွားတဲ့နေ့က သူမနင့်ကိုလာရှာတယ်... ဒါပေမယ့် နင်က မရှိတော့ဘူးလေ... ဒါနဲ့ သူမ ငါ့ဆီစာတစ်ဆောင်ထားခဲ့တယ်..."

ကုန်းလင်းရွယ်ပြောပြီး သိုလှောင်လက်စွပ်ထဲမှ အပြာဖျော့စာတစ်ဆောင်ကို ထုတ်ယူလိုက်သည်။

တစ်ချက်ကြည့်ရုံဖြင့် မဖောက်ရသေးတာ သိသာ၏။

"စာတစ်ဆောင်?..."

မုန့်ချန်ချင်း ယူလိုက်၏။

လူကိုယ်တိုင်မပြောပဲ စာနှင့်ရေးပြာရလောက်အောင် ဘယ်လိုအရာနည်း။

တစ်ခဏ သူအနည်းငယ် နိမိတ်မကောင်းသလိုခံစားလိုက်ရသည်။

"ကောင်းပြီ, ငါဂျူနီယာညီမပိုင်ရဲ့တောင်းဆိုမှုကို ဖြည့်ဆည်းပေးပြီးပြီ... နင့်ဘာသာနင်ဖတ်လိုက်ပါ.... ငါအခုသွားတော့မယ်..."

ကုန်းလင်းရွယ် ချိုသာစွာပြုံးလိုက်သည်။

"နောက်မှ လာလည်အုန်းမယ်..."

ထို့နောက် သူမထွက်သွားခဲ့သည်။

သို့ပေမယ့် တစ်ဖက်လှည့်လိုက်သည်နှင့် သူမနှုတ်ခမ်းတွေ အနည်းငယ်ဖိကပ်ထားပြီး အမူအရာက အတော်လေး ရှုပ်ထွေးနေခဲ့သည်။

ထိုဂျူနီယာညီမပိုင်၏ရုပ်ရည်က သူမထက်မနိမ့်ကျပေ။

ဂျူနီယာမောင်လေးမုန့်နှင့် သူမ၏ဆက်ဆံရေးကလည်း ထူးဆန်း၏။

"ကောင်းပြီ, စီနီယာအမကုန်း ဂရုစိုက်ပါ.."

မုန့်ချန်ချင်း ပြောလိုက်သည်။

စီနီယာအမကုန်းက စဥ်းစားပေးပြီး သူ့အား တစ်ယောက်တည်းနေရန် အချိန်ပေးခဲ့သည်။

အနီးနားရှိကျောက်တုံးထိုင်ခုံပေါ်မှာထိုင်ပြီး မုန့်ချန်ချင်း စာကိုဖြည်းညင်းစွာ ထုတ်ယူလိုက်သည်။

ပထမဆုံးစာကြောင်း သူ့အမြင်ထဲဝင်ရောက်လာခဲ့သည်။

"ဒီစာကိုမြင်ရင် လူကိုယ်တိုင်တွေ့ရသလိုပါပဲ..."

"စီနီယာအကိုမုန့်, ငါ အကြောင်းပြချက်အချို့ကြောင့် ထွက်သွားတော့မယ်, ပြောပြလို့တော့မရဘူး... ဒါပေမယ့် အကိုစိတ်ချလက်ချနေပါ... အနာဂတ်မှာ ငါတို့လမ်းကြောင်းတွေ ဘယ်လိုပဲမတူပါစေ နင်က ငါ့နှလုံးသားထဲမှာ အမြဲ စီနီယာအကိုတစ်ယောက်ဖြစ်နေမှာပါ..."

စာကားလုံးတွေကနည်းသော်လည်း မုန့်ချန်ချင်းလက်အနည်းငယ် တင်းကြပ်သွား၏။

'ဒီကောင်မလေး အတိအကျဘာတွေလုပ်နေတာလဲ...'

သူတို့က ထိုက်ရွမ်ဂိုဏ်းကို ဝင်ရောက်ပြီးပြီဖြစ်သည်။

သူမ၏ပါရမီနှင့် အနာဂတ်မှာ သေချာပေါက် ဂိုဏ်း၏အာရုံစိုက်မှုရပြီး တောက်ပလာမည်ဖြစ်သည်။

"ပိုင်စုရှီ..."

မုန့်ချန်ချင်း မနေနိုင်ပဲ သူတို့ပထမဆုံးတွေ့သည့်အချိန်ကို သတိရလိုက်သည်။

ဤမိန်းခလေး၌ ဇတ်လမ်းအများအပြားရှိပုံရပြီး ထျန်လင်းစီရင်စုကတောင်မဟုတ်ပေ။ ဝေးကွာလှသည့် ထျန်းယွင်စီရင်စုမှဖြစ်၏။

ထျန်းယွင်စီရင်စု၌လည်း အင်အားကြီးဂိုဏ်းတွေရှိရာ ဤလောက်အဝေးကြီးသွားဖို့ မလိုပေ။

အကျပ်အတည်းကိစ္စတစ်ခုခုမရှိလျှင်ပေါ့...

"ခဏနေအုန်း, ငါ့မှာမိတ်ဆွေစာရင်းရှိတာပဲ... အချို့အခြေခံအချက်အလက်တွေကို စစ်ဆေးနိုင်တယ်..."

မုန့်ချန်ချင်း အမှတ်ရသွားပြီး အလျှင်အမြန်ပဲ ဇယားကိုဖွင့်ကြည့်လိုက်သည်။

[မိတ်ဆွေ- ရှဟန်၊ ပိုင်စုရှီ၊ ချင်ဖန်း၊ ကုန်းလင်းရွယ်၊ ရှီဂွမ်း၊ ရှီယောင်၊ ...]

သူက ပိုင်စုရှီရုပ်ပုံကိုနှိပ်လိုက်ရာ ချက်ချင်း သူမအချက်အလက်တွေ ပေါ်လာ၏။

[မိတ်ဆွေ- ပိုင်စုရှီ]

[မျိုးနွယ်- လူသား]

[ကျင့်ကြံရေး- ပင်လယ်ခွဲခြမ်းခြင်းနယ်ပယ် အဆင့် ၁]

[အမြစ်ရိုး- အဆင့် ၂]

[နားလည်နိုင်စွမ်း- သာလွန်]

[ပါရမီစွမ်းရည်- ကျွမ်းကျင်လက်]

[ကျင့်ကြံရေးနည်းစနစ်နှင့် သိုင်းပညာ- အတုမဲ့အာဏာစက်နတ်ဆိုးနည်းစနစ်-ပထမပိုင်း (စဦးအဆင့်)၊ သွေးနတ်ဆိုးဓား ပျံ၇ချောင်း (စဦးအဆင့်)၊ ပင်လယ်နက်မူလသို့ပြန်ခြင်း (အဆင့် ၄)၊ ... ]

စွမ်းရည်တွေပုံမှန်ဖြစ်ပေမယ့် ကျင့်ကြံရေးနည်းစနစ်တွေကိုမြင်သည့်အခါ မုန့်ချန်ချင်းအကြည့်တွေ လေးနက်သွား၏။

ဤသိုင်းပညာနှစ်မျိုးက နတ်ဆိုးလမ်းစဥ်နည်းစနစ်တွေဖြစ်ပုံပင်။

ပိုင်စုရှီ နတ်ဆိုးနည်းစနစ်တွေ ကျင့်ကြံနေသည်လား?

ဤအရာက အဓိပ္ပာယ်ရှိ၏။

ဂိုဏ်းထဲ၌ နတ်ဆိုးသိုင်းပညာကျင့်ကြံခြင်းကိုတားမြစ်ထားရာ ရှာတွေ့လျှင် အကျိုးဆက်က ပြင်းထန်မည်ဖြစ်သည်။

ပိုင်စုရှီ နတ်ဆိုးလမ်းစဥ်ကိုရွေးချယ်မှတော့ ဤနေရာမှာ ဆက်နေလို့ရမည်မဟုတ်ပေ။

သို့ပေမယ့် ဤမိန်းခလေးက ဘာကြောင့် နတ်ဆိုးလမ်းစဥ်ကို ကျင့်ကြံရသနည်း။

နတ်ဆိုးသိုင်းပညာတွေက အစွမ်းထက်သော်လည်း ဘေးထွက်ဆိုးကျိုးလည်း သိသိသာသာများ၏။

တဖြည်းဖြည်း လူတစ်ယောက်၏ လူသားဆန်မှုနှင့် ကျိုးကြောင်းဆင်ခြင်နိုင်စွမ်းတွေ ပျောက်ဆုံးလာပြီး ရူးသွပ်သည့်နတ်ဆိုးတစ်ကောင်ဖြစ်လာမည်ဖြစ်သည်။

"နတ်ဆိုးလမ်းစဥ်..."

မုန့်ချန်ချင်း ခေါင်းအနည်းငယ်ခါယမ်းလိုက်သည်။

ထိုက်ရွမ်ဂိုဏ်းက ဖြောင့်မတ်ဂိုဏ်းတစ်ခုဖြစ်၍ သဘာဝအတိုင်း သူက ဤဘက်မှာရှိိမည်ဖြစ်သည်။

ဤနည်းဖြင့် သူနှင့်ပိုင်စုရှီ ဆန့်ကျင်ဘက်တွေ ဖြစ်သွားမည်ပင်။

"သူမလေ့ကျင့်တဲ့နတ်ဆိုးသိုင်းပညာတွေက အဆင့်မြင့်တွေဖြစ်ဖို့ မျှော်လင့်တယ်..."

မုန့်ချန်ချင်းအကြည့် နတ်ဆိုးသိုင်းပညာတွေအပေါ် ကျရောက်သွား၏။

နတ်ဆိုးသိုင်းပညာအားလုံးက အသွားနှစ်ဖက်ရှိသည့်ဓားတွေမဟုတ်ပေ။

ပြောကြတာတော့ အဆင့်မြင့်လေလေ ဘေးထွက်ဆိုးကျိုးနည်းလေလေဖြစ်သည်။

ထို့ပြင် ဤနတ်ဆိုးသိုင်းပညာတွေ၏နာမည်အရ အတော်လေးအဆင့်မြင့်ပုံရ၏။

"အတုမဲ့အာဏာစက်နတ်ဆိုးနည်းစနစ်..."

မုန့်ချန်ချင်း ရေရွတ်လိုက်သည်။

သူ အရင်က ဤကဲ့သို့ ရှည်လျားသည့်နာမည်နှင့် နည်းစနစ်တစ်ခုမှ မတွေးဖူးပေ။

"ဒါ အစွမ်းထက်နည်းစနစ်တစ်ခုဖြစ်သင့်တယ်... မဟုတ်ရင်, ဒီကောင်မလေး နတ်ဆိုးသိုင်းပညာကိုလေ့ကျင့်မှာမဟုတ်ဘူး..."

မုန့်ချန်ချင်း ခန့်မှန်းလိုက်ပြီး အနည်းငယ်သက်ပြင်းချလိုက်သည်။

ထို့နောက် ဇယားပိတ်ကာ ဖြည်းညင်းစွာမတ်တပ်ရပ်ပြီး အဝေးရှိတိမ်ပင်လယ်ကို ကြည့်လိုက်သည်။

ယခု သူ့၌ မိတ်ဆွေအတော်များများရှိနေသော်လည်း မိတ်ဆွေဖြစ်ဖို့ထိုက်တန်တာ ၄ ယောက်သာရှိ၏။

ပိုင်စုရှီ၊ ကုန်းလင်းရွယ်၊ ရှီမိသားစုမှ ရှီညီအကိုတို့ပင်...

သူ့ဒေါ်လေးအတွက်တော့, သူမကို မိတ်ဆွေအဖြစ်ရေတွက်လို့မရပေ။

"ဒါ ဘဝပဲ..."

မုန့်ချန်ချင်းမျက်လုံးတွေ လှုပ်ရှားသွား၏။

လူလောက၌ ကိစ္စအချို့ကြောင့် တွေ့ဆုံကြရပြီး ရွေးချယ်မှုအချို့ကြောင့် ခွဲခွာကြရ၏။

အဆုံးမှာတော့ သူတို့က တစ်ယောက်ကိုတစ်ယောက် မေ့သွားကြမည်ဖြစ်သည်။

ဤအခြေအနေမှာ စကားပုံတစ်ခုကို သက်သေပြနေခဲ့သည်။

"ဘဝက ငါတို့ကို မတူတဲ့ဦးတည်ချက်တွေဆီ လမ်းညွှန်နေတယ်... မင်းလမ်းမင်းသွား, ငါ့လမ်းငါသွား..." ဟူ၍ပင်။

အခန်း (၁၀၀)

နတ်ဆိုးချောက်နက်နှင့် သားရဲနယ်မြေ

ထျန်လင်းစီရင်စုအပြင်ဘက်၌ မြစ်ကြီးတစ်စင်း လှိုင်းထန်ပြီး အရှေ့ရပ်ကိုစီဆင်းနေခဲ့သည်။

မြစ်ရေမျက်နှာပြင်ပေါ်၌ ကြီးမားသည့်လှေတစ်စင်း အလွန်မြန်သည့်အရှိန်ဖြင့်ရွက်လွင့်နေသဖြင့် ဘေးဘယ်ညာရှိရှုခင်းတွေ ဝေဝါးနေခဲ့သည်။

ဤအချိန်, လှေဦးပိုင်း၌ လူတစ်ယောက်ရပ်နေပြီး ဓားရှည်တစ်ချောင်းကိုင်ထားရာ ဓားထိပ်ဖျားမှ သွေးတွေတစ်စက်ပြီးတစ်စက်ကျနေ၏။

နောက်ဘက်၌လည်း အလောင်း ၁၀ လောင်းကျော် လဲလျောင်းနေခဲ့သည်။

ပုံရိပ်ဓားရှည်ကို ညင်သာစွာဝှေ့ယမ်းပြီး ဖြည်းဖြည်းခြင်း တစ်ဖက်လှည့်လာခဲ့သည်။

မုန့်ချန်ချင်းသာ ဤနေရာမှာရှိလျှင် သူမက ပိုင်စုရှီဆိုတာ သေချာပေါက် မှတ်မိမည်ဖြစ်သည်။

သို့ပေမယ့် ဤအခိုက်အတန့်ပိုင်စုရှီမှာ သိသိသာသာပြောင်းလဲနေခဲ့သည်။

အတိတ်ကမိုးပြာရောင်ဝတ်စုံမှာလည်း အနက်ရောင်ချပ်ဝတ်အဖြစ် ပြောင်းလဲသွားပြီး ဆံပင်ရှည်ကိုလည်း မြင်းမြီးပုံစံစည်းနှောင်ထားသည်။

မျက်နှာပေါ်ရှိကလေးဆန်မှုလည်း ပျောက်ကွယ်လုနီးပါးဖြစ်နေပြီး သူရဲကောင်းဆန်မှုနှင့် ရက်စက်သည့်အော်ရာတွေသာ ကျန်တော့၏။

သူမက ထိုက်ရွမ်ဂိုဏ်းဦးတည်ရာသို့ကြည့်လိုက်ပြီး မျက်လုံးထဲ၌ ညှိုးငယ်သည့်အရိပ်အယောင်အချို့ဖြတ်ပြေးသွားသည်။

ယနေ့ခွဲခွာပြီးနောက် အနာဂတ်၌တွေ့ဆုံဖို့ နောက်ထပ်အခွင့်အရေးရှိသေးသလား သူမမသိပေ။

"မစိုးရိမ်ပါနဲ့, အနာဂတ်မှာ နင်က သူ့ကိုသေချာပေါက် ကျော်တက်သွားမယ်ဆိုပေမယ့် အဲ့ဒီကလေးရဲ့အလားအလာနဲ့ သေချာပေါက် ထျန်လင်းစီရင်စုကထွက်ပြီး ပိုကျယ်ပြောတဲ့လောကကြီးကို သွားမှာပါ..."

"နင် သူ့နဲ့ နောက်တစ်ကြိမ်တွေ့ဖို့ အခွင့်ရေးရှိလာအုန်းမှာပါ..."

အိုမင်းသည့်အသံ သူမကို ဖျောင်းဖြလိုက်၏။

ပင်လယ်ခွဲခြမ်းခြင်းနယ်ပယ်က အလှည့်အပြောင်းတစ်ခုဖြစ်၏။

ပင်လယ်ခွဲခြမ်းခြင်းနယ်ပယ်ကိုရောက်သည့်အခါ သူမက သူမ၏ရှေဟောင်းနတ်ဆိုးအမွေအနှစ်ကိုဆက်ခံနိုင်မည်ဖြစ်သည်။

သို့ပေမယ့် တစ်ချိန်တည်းမှာပဲ စစ်မှန်ချီက နတ်ဆိုးချီအဖြစ်ပြောင်းလဲသွားမည်ဖြစ်သည်။

ထိုအရာက ဖုံးကွယ်ထားလို့မရသည့်အရာတစ်ခုဖြစ်၏။

ထို့ကြောင့် ထိုက်ရွမ်ဂိုဏ်းမှာ နောက်ထပ်နေလို့မရတော့ပဲ ထွက်သွားဖို့သာ ရွေးချယ်နိုင်၏။

"ဆရာ, နင့်ရဲ့နတ်ဆိုးကျင့်စဥ်တွေက ငါ့စိတ်အပေါ်တော့ သက်ရောက်မှုမရှိဘူးမလား..."

ပိုင်စုရှီ မေးလိုက်သည်။

"သေချာပေါက် မရှိဘူးပေါ့..."

အိုမင်းသည့်အသံ ယုံကြည်မှုရှိစွာ ပြောလိုက်သည်။

"ဒီနေ့ခေတ်နတ်ဆိုးကျင့်စဥ်တွေကို နတ်ဆိုးကျင့်စဥ်လို့ကို ခေါ်လို့မရဘူး... ငါမြင်ရသလောက်တော့ အကုန်လုံးက အမှိုက်တွေကြီးပဲ... အမှောင်ကျင့်စဥ်လို့ခေါ်တာ ပိုမှန်လိမ့်မယ်...."

"ကိုယ့်ကိုယ်ကို လူမဟုတ် သစ္ဆေမဟုတ်ပြောင်းနေကြတာ..."

"ပြီးတော့ နောက်ဆုံးမှာ သူတို့က ကောင်းကင်နတ်ဆိုးနဲ့ မြေနတ်ဆိုးတို့ရဲ့ ကျွန်တွေဖြစ်လာလိမ့်မယ်...."

"တကယ်ကို နိမ့်ကျတဲ့လမ်းစဥ်ပဲ..."

အသံ အထင်မြင်သေးစွာပြောလိုက်သည်။

ယနေ့ခေတ်နတ်ဆိုးကျင့်စဥ်တွေ၏ အဓိပ္ပာယ်မှာ နတ်ဆိုးမျိုးနွယ်၏ကြမ်းကြုတ်မှုကိုအတုယူထားခြင်း ဒါမှမဟုတ် အစွမ်းထက်နတ်ဆိုးတွေကိုဝတ်ပြုဆုတောင်းခြင်းဖြင့် စွမ်းအားတွေရရှိခြင်းကိုဆိုလိုသည်။

သို့ပေမယ့် စစ်မှန်သည့်နတ်ဆိုးကျင့်ကြံရေးမှာ ဤကဲ့သို့မဟုတ်ပေ။

၎င်းမှာ နတ်ဆိုးဖြစ်တည်မှုတွေကို ကျွန်ခံခြင်းမဟုတ်ပဲ ထိန်းချုပ်ခြင်းဖြစ်သည်။ ဒါမှမဟုတ် မိမိကိုယ်ကိုမြှင့်တင်ဖို့ ၎င်းတို့စွမ်းအားကို တိုက်ရိုက်ဝါးမျိုတာဖြစ်သည်။

နတ်ဆိုးမျိုးနွယ်၏ လက်ပါးစေတစ်ယောက် ဘယ်လိုလုပ်ဖြစ်လာနိုင်မည်နည်း။

"နတ်ဆိုးဘုရင်မျိုးဆက်အများအပြားကို ငါမှတ်မိသေးတယ်... စစ်မှန်တဲ့နတ်ဆိုးကျင့်စဥ်ကို တတ်မြောက်ပြီးရင် သူတို့က နတ်ဆိုးချောက်နက်ကိုသွား, နတ်ဆိုးမျိုးနွယ်ကို နှိမ်နှင်းခဲ့ပြီး ကောင်းကင်နဲ့မြေကြီးကိုတောင် ဝါးမျိုခဲ့ကြတာ.."

"အစပိုင်းအဆင့်က နည်းနည်းခက်ပေမယ့် နတ်ဆိုးတွေကိုဝါးမျိုပြီး ပိုသန်မာလာဖို့က ဖြစ်နိုင်ပါသေးတယ်...."

အသံပြောလိုက်သည်။

"ဒီနေ့ခေတ်မှာ လူသားမျိုးနွယ်က လောကကြီးကိုအုပ်စိုးနေပေမယ့် နတ်ဆိုးမျိုးနွယ်နဲ့ သားရဲမျိုးနွယ်တွေလည်း ပျောက်ကွယ်မသွားသေးဘူး... ပထမတန်းစားဂိုဏ်းတွေမှာ နတ်ဆိုးချောက်နက် ဒါမှမဟုတ် သားရဲနယ်မြေတွေ ရှိနေသေးပုံရတယ်..."

"အချိန်ကျလာရင် ငါ့အကူအညီနဲ့ နင် အဲ့နေရာတွေကို ခိုးဝင်လို့ရတယ်..."

"ကောင်းပြီ..."

ဤအရာကိုကြားသည့်အခါ ပိုင်စုရှီလက်အနည်းငယ်တင်းကြပ်သွားပြီး မျက်လုံးထဲမှာ ခိုင်မာမှုတစ်ခု ပေါ်လာ၏။

ထိုက်ရွမ်ဂိုဏ်းမှာနေခြင်းက သူမအနာဂတ်အောင်မြင်မှု သေချာပေါက် ကောင်းမွန်မည်ဖြစ်သော်လည်း မလုံလောက်သေးပေ။

သူမမိသားစုကိုဖျက်ဆီးခဲ့သည့်အင်အားစုက ထိုက်ရွမ်ဂိုဏ်းထက်ပိုသန်မာ၏။

"တကယ်တော့, ထိုက်ရွမ်ဂိုဏ်းက မရိုးစင်းဘူး..."

အသံ ရုတ်တရက် စဥ်းစဥ်းစားစားပြောလိုက်သည်။

"ဟမ်?.."

ပိုင်စုရှီ အနည်းငယ် အံ့အားသင့်သွား၏။

ထိုက်ရွမ်ဂိုဏ်းက အဆင့် ၂ ဂိုဏ်းတစ်ခုသာဖြစ်သည်။

ဘာတွေများထူးခြားနေလို့နည်း။

"လွန်ခဲ့တဲ့လ နင်ရှာတွေ့တဲ့ စိတ်ဝိညာဥ်သစ်သီးကိုဝါးမြိုပြီးတော့ ငါ ဝိညာဥ်စွမ်းအား အတော်လေးတိုးတက်လာပြီး လျို့ဝှက်နည်းစနစ်အများအပြားကို အသုံးပြုနိုင်လာတယ်..."

"ဒါပေမယ့် အဲ့အချိန်မှာပဲ ငါ ပြင်းထန်တဲ့စိတ်မအေးမှုကို ခံစားမိလာတယ်..."

"ထိုက်ရွမ်ဂိုဏ်းအနက်ပိုင်းမှာ ထူးဆန်းတဲ့တည်ရှိမှုတစ်ခုခုရှိတယ်..."

အသံပြောလိုက်သည်။

"ပြီးတော့ ဒါက ငါထွက်လာချင်ရတဲ့ နောက်ထပ်အကြောင်းပြချက်တစ်ခုပဲ... ဒီဂိုဏ်းရဲ့ အုတ်မြစ်က အပေါ်ယံပြထားသလောက် မရိုးစင်းဘူး..."

"အဲ့လိုလား..."

ပိုင်စုရှီ ခေါင်းညိတ်လိုက်သည်။

ဤအရာက သူမဆရာ ဤအရာကို ပြောတာ ပထမဆုံးအကြိမ်ကြားဖူးတာဖြစ်သည်။

သို့ပေမယ့် ကိစ္စမရှိပေ။

သူမက ထွက်ခွာလာခဲ့ပြီဖြစ်ရာ စီနီယာအကိုမုန့်မှလွဲ၍ အနာဂတ်ထိုက်ရွမ်ဂိုဏ်းဘာဖြစ်မည်က သူမနှင့်မဆိုင်ပေ။

ဓားကိုဓားအိမ်ထဲပြန်ထည့်ပြီး ပိုင်စုရှီတစ်ဖက်လှည့်လာသည်။

သူမနောက်ရှိလူတွေမှာ ဓားပြတွေဖြစ်ပြီး လှေသမားတွေအဖြစ် ဟန်ဆောင်ခဲ့ကြတာဖြစ်သည်။

သူတို့ သူမနှင့်တွေ့တာတော့ စိတ်မကောင်းစရာပင်။

"ရှေးဟောင်းကလန်..."

ပိုင်စုရှီ အဝေးကိုကြည့်ပြီး မျက်လုံးထဲမှာသတ်ဖြတ်လိုစိတ်တွေဖြင့် ပြည့်နှက်နေခဲ့သည်။

.....

"ဖြစ်နိုင်ရင်, ဒီနတ်ဆိုးကျင့်စဥ်တွေကို စုံစမ်းရမယ်..."

မုန့်ချန်ချင်း အကြည့်ပြန်ရုတ်လိုက်၏။

ဂိုဏ်းက မရှာနိုင်သော်လည်း ဝမ်ရှန်းအဆောက်အဦး ရှာနိုင်၏။

အဆုံးမှာတော့ ကုန်းလင်းရွယ်ပြောသလို ဤအင်အားစုက သတင်းအချက်အလက်နှင့်နာမည်ကြီးပြီး အကုန်သိဟုတောင်ခေါ်ကြသည်။

ထိုအကြောင်းနောက်ထပ်မတွေးတော့ပဲ မုန့်ချန်ချင်းတစ်ဖက်လှည့်ပြီး နေအိမ်ဆီလျှောက်သွားလိုက်သည်။

ဆက်ကျင့်ကြံရမည့်အချိန်ပင်။

မကြာမီ, နောက်တစ်လ ကုန်ဆုံးသွား၏။

ဂိုဏ်းလည်း ရုတ်ရုတ်သည်းသည်းဖြစ်နေခဲ့သည်။

အဆုံးမှာတော့ ဂိုဏ်းအဆင့်မြင့်တင်မည့်အကြောင်းကို လူတိုင်းသိကြ၏။

လူတိုင်းစိတ်လှုပ်တရှား မျှော်လင့်နေကြသည်။

သို့ပေမယ့် မကြာမီ သတင်းဆိုးတွေလည်း ထွက်လာသည်။

ထိုအရာက နေမီးတောက်တောင်ကြားလည်း နေရာသုံးဆယ်ကျော် ပိုင်ဆိုင်လာပြီး ထိုက်ရွမ်ဂိုဏ်းနှင့် အဆင့်တူဖြစ်လာခဲ့သည်။

နောက်သတင်းဆိုးတစ်ခုက မြင်းနက်တစ်ကောင်ပေါ်လာတာပင်။

ပုံမှန်ဆိုတိတ်ဆိတ်နေသည့် ဝိညာဥ်ဘီးလူးဂိုဏ်း မမျှော်လင့်ပဲမြှင့်တက်လာပြီး နေရာသုံးဆယ်ကျော်ပိုင်ဆိုင်ခဲ့သည်။

လေတိမ်မြို့၏ နဲ့မိသားစုသာ လုံးဝကျဆင်းသွားပြီး တစ်နေသာ ကျန်တော့၏။

လူများစွာ ဤအချက်အပေါ် မတူညီသည့်ထင်မြင်ချက်တွေ ရှိလာသည်။

ထိုအရာမှာ သူတို့ဂိုဏ်းအား ပူးပေါင်းကြံစည်နေသည်ဟု ခံစားလာရ၏။

ပုန်းကွယ်နဂါးစာရင်းအဆင့် ပြောင်းလဲမှုများက ကလေးကစားစရာမဟုတ်ပေ။

ဤကဲ့သို့ကြီးမားသည့်ပြောင်းလဲမှုမျိုး ဘယ်လိုလုပ်ရှိနိုင်မည်နည်း။

လေတိမ်မြို့ရှိ နဲ့မိသားစုမှာ အဓိကအင်အားစုကြီးလေးခုထဲမှ တစ်ခုဖြစ်ရာ တစ်နေရာတည်းရတာ လုံးဝမဖြစ်နိုင်ပေ။

သေချာပေါက် တစ်ခုခုမှားနေတာပင်။

"ငါ အထက်လူကြီးတွေဆီက ကြားခဲ့တယ်... မြေကမ္ဘာစာရင်းတိုက်ပွဲမှာ ငါတို့ဂိုဏ်း အနိုင်ရခဲ့တယ်တဲ့..."

"အခု, ပုန်းကွယ်နဂါးစာရင်းပဲ ကျန်တော့တယ်..."

"အစက, နေရာသုံးဆယ်ကျော်ရရင် ငါတို့ အဆင့်တက်နိုင်ပြီ... ဒါပေမယ့် နေမီးတောက်တောင်ကြားနဲ့ ဝိညာဥ်ဘီးလူးဂိုဏ်းရဲ့ ရုတ်တရက်မြှင့်တက်လာမှုက ဒါကိုပယ်ဖျက်ပြီး ငါတို့ကို မတိုးသာမဆုတ်သာ အခြေအနေရောက်သွားစေတယ်...."

ဂိုဏ်းထဲ၌ လူများစွာ ဆွေးနွေးနေခဲ့ကြသည်။

မည်သည့်အင်အားစုမဆို အဆင့်မြှင့်တင်ရန်မှာ ခက်ခဲလှသည်။

အထူးသဖြင့် အဆင့် ၁ ကိုတက်လှမ်းခြင်းဖြစ်သည်။

သတ်မှတ်ထားသည့် အခြေအနေအရပ်ရပ်နှင့် ကိုက်ညီဖို့ လိုအပ်၏။

တစ်ခုမှ လစ်ဟင်းလို့မရပေ။

ဤအရာက အထွတ်အမြတ်နယ်မြေမှ ထုတ်ပြန်ထားသည့် စည်းမျဥ်းဖြစ်သည်။

"ဒါကြောင့် ကျန်အင်စားစုသုံးခုက အခုလိုပူပေါင်းလိုက်တာပဲ... ထိုက်ရွမ်ဂိုဏ်း ပုန်းကွယ်နဂါးစာရင်းမှာ တိုးတက်မှုမရှိသရွေ့ ဘယ်တော့မှ အဆင့် ၁ ဂိုဏ်းဖြစ်လာမှာမဟုတ်ဘူး..."

"ထျန်လင်းစီရင်စုက မူလအခြေအနေမှာပဲရှိနေပြီး အဓိကအင်အားစုကြီးလေးခု ညီတူညီမျှအုပ်ချုပ်လိမ့်မယ်..."

လူတိုင်း ရုတ်တရက် နားလည်လိုက်သည်။

"တကယ်ကို စက်ဆုပ်ဖို့ကောင်းတာပဲ..."

"ဒီလူတွေက အရမ်းယုတ်မာတာပဲ..."

အချို့ နုံအသည့်တပည့်မအချို့ မကျေမနပ်ဖြစ်နေကြသည်။

"ဒါဆို ငါတို့ အခုဘာလုပ်သင့်လဲ..."

"ပုန်းကွယ်နဂါးစာရင်းက ငါတို့ကန့်သတ်ချက်ကိုရောက်နေပြီ... နောက်ထပ်နေရာတွေရဖို့က မဖြစ်နိုင်တော့ဘူး..."

"ငါတို့ဂိုဏ်းအဆင့်တက်မယ့်ကိစ္စက ဒီလိုပဲ ကျရှုံးသွားပြီလား..."

"လောလောဆယ်တော့ မသေချာသေးဘူး... ဒါပေမယ့် ဖြေရှင်းမယ့်နည်းလမ်းတစ်ခုခုတော့ ရှိမှာပါ.."

All Chapters