← Chapters

အခန်း (၁၀၁-၁၀၂)

Vol. 11 Ch. 101-102

အခန်း (၁၀၁-၁၀၂)

Vol. 11 Ch. 101-102

အခန်း (၁၀၁)

သိုင်းကျမ်းဆောင်သို့နောက်တစ်ကြိမ်ရောက်လာခြင်း၊ သန့်စင်သောဝိညာဥ်သတ်ဖြတ်ခြင်းဓားသိုင်း

အဆောက်အဦးထဲ၌ အမွေးတိုင်ရနံ့တစ်ခု ရစ်ဝဲနေခဲ့သည်။

ဤအခိုက်အတန့်၌ မုန့်ချန်ချင်း ရုတ်တရက် မျက်လုံးဖွင့်လာပြီး ၎င်းတို့ထဲမှာ အလင်းတန်းတွေရှိနေသလိုပင်။

ကျင့်ကြံရေးလည်း မမျှော်လင့်ပဲ အကြီးအကျယ်တိုးတက်လာပြီး ပင်လယ်ခွဲခြမ်းခြင်းနယ်ပယ် အဆင့် ၇ ကို ရောက်သွားခဲ့သည်။

တစ်လတည်းနှင့် အဆင့် ၃ ဆင့် တက်ခြင်း၊ ဤကဲ့သို့အရှိန်ကို အံ့အားသင့်စရာဟု ဖော်ပြနိုင်၏။

"တောင်ထိပ် ၇ ခုသိုင်းပြိုင်ပွဲရောက်ဖို့ လဝက်ပဲလိုတော့တယ်... ဒီအချိန်အတွင်း တာအိုဖန်တီးခြင်းနယ်ပယ်ချိုးဖျက်ဖို့က အတော်ခက်မယ်..."

မုန့်ချန်ချင်း တစ်ယောက်တည်းရေရွတ်လိုက်သည်။

နားလည်ခြင်းကို မလိုအပ်တော့သော်လည်း အချိန်က အရမ်းကပ်နေပြီဖြစ်သည်။

အဆင့် ၂ အမြစ်ရိုးနှင့်တောင် ဤလောက်အလျှင်အမြန်တိုးတက်ဖို့က မဖြစ်နိုင်ပေ။

အဆင့် ၁ အမြစ်ရိုးဆိုလျှင်တော့ တစ်မျိုးဖြစ်သည်။

သို့ပေမယ့် အဆင့် ၁ အမြစ်ရိုး...

သူက ဤကဲ့သို့ပါရမီမျိုး မည်သူတစ်ဦးတစ်ယောက်ဆီမှာမှ မမြင်ဖူးပေ။

တောင်ထိပ်အသီးသီး၏ ထိပ်တန်းပါရမီရှင်တွေဆီ၌သာ ရှိနိုင်၏။

"လမ်းလျှောက်ထွက်ကြတာပေါ့..."

မုန့်ချန်ချင်း အနည်းငယ်ခေါင်းခါယမ်းလိုက်သည်။

အချိန်အတော်ကြာအပြင်းအထန်ကျင့်ကြံပြီးနောက် သူ့ခန္ဓာကိုယ်နှင့်စိတ်က အတော်လေး ပင်ပန်းနွမ်းနယ်နေပြီဖြစ်သည်။

ဤကဲ့သို့သာဆက်သွားနေလျှင် ရလဒ်က ပိုနှေးလာမည်ဖြစ်၏။

ထို့ကြောင့် အလုပ်နှင့် အနားယူခြင်းကို ညီမျှအောင်လုပ်ရမည်ပင်။

"ငှားထားတဲ့စာအုပ်တွေပြန်ပေးရီရင်း သိုင်းကျမ်းဆောင်ထဲက စာအုပ်အချို့သွားဖတ်ရမယ်..."

မုန့်ချန်ချင်း ဆုံးဖြတ်လိုက်သည်။

ထို့ပြင် ကျမ်းဆောင်စောင့်အကြီးအကဲနှင့်လည်း စကားပြောချင်ပြီး ဆက်ဆံရေးပိုနက်ရှိုင်းချင်သည်။

အဆုံးမှာတော့ သူက "သန့်စင်သောဝိညာဥ်သတ်ဖြတ်ခြင်းဓားသိုင်း"ကို အတော်လေးစိတ်ဝင်စား၏။

သိုင်းကျမ်းဆောင်က တောင်ထိပ်ထက်၌ မားမားမတ်မတ် ရှိနေဆဲဖြစ်ပြီး လေပြေလေညင်းတွေ တိုက်ခတ်နေခဲ့သည်။

ကြည့်ရတာ ယနေ့၌ လူများစွာ မရှိပုံပင်။

မုန့်ချန်ချင်းရောက်သည့်အခါ တစ်ယောက်မှမတွေ့ပေ။

ကျမ်းဆောင်စောင့်အကြီးအကဲ လှုပ်ကုလားထိုင်မှာထိုင်နေဆဲဖြစ်ပြီး အရှေ့၊အနောက် လွဲယမ်းနေခဲ့သည်။

အတော်လေးသက်တောင့်သက်သာရှိလှ၏။

လက်ထဲ၌ စာအုပ်တစ်အုပ်ကိုင်ဖတ်နေပြီး ရံဖန်ရံခါ မျက်လုံးတွေထဲ၌ အလင်းတန်းတွေ တောက်ပလာ၏။

"အကြီးအကဲ..."

မုန့်ချန်ချင်း ချည်းကပ်လာသည်။

အသံကြားသည့်အခါ ကျမ်းဆောင်စောင့်အကြီးအကဲ ရုတ်တရက် မကျေနပ်သည့်အမူအရာပြသလာပြီး နှောက်ယှက်ခံရတာကို မကြိုက်ပုံပင်။

သို့ပေမယ့် ထိုအရာက မုန့်ချန်ချင်းဆိုတာ မြင်သည့်အခါ မနေနိုင်ပဲ တက်ကြွသွား၏။

"ကောင်လေး, မင်းပဲ..."

ကျမ်းဆောင်စောင့်အကြီးအကဲ ချက်ချင်း စာအုပ်ချကာ မတ်တပ်တောင်ရပ်ပြီး မုန့်ချန်ချင်းကို လှည့်ပတ်ကြည့်လိုက်၏။

ဤအရာက အရင်က တစ်ခါမှမဖြစ်ဖူးသည့် ကိစ္စဖြစ်သည်။

တပည့်အားလုံး၏ထင်မြင်ချက်၌ ကျမ်းဆောင်စောင့်အကြီးအကဲက ဘယ်သောအခါမှ ကုလားထိုင်မှ မထပေ။

သို့ပေမယ့် ယနေ့ မမျှော်လင့်ထားတာဖြစ်လာခဲ့သည်။

"တကယ် ပင်လယ်ခွဲခြမ်းခြင်းနယ်ပယ် အဆင့် ၇ ရောက်သွားပြီပဲ... မင်းကျင့်ကြံရေးအရှိန်ကို မိုးပေါ်ပျံတက်တယ်လို့ပဲ ဖော်ပြနိုင်တော့မယ်..."

"တကယ်ကို ပါရမီရှင်တစ်ယောက်ပဲ..."

ကျမ်းဆောင်စောင့်အကြီးအကဲ အနည်းငယ်ခေါင်းညိတ်ပြီး သဘောကျသည့်အမူအရာ ပြသလိုက်၏။

"အကြီးအကဲ, မင်းက ကြင်နာလွန်းနေပါပြီ..."

မုန့်ချန်ချင်း နှိမ့်ချစွာပြောလိုက်သည်။

ကျမ်းဆောင်စောင့်အကြီးအကဲ ပြောလိုက်သည်။

"မကြာသေးခင်က မင်းလုပ်ဆောင်ချက်တွေကို ငါကြားပြီးပါပြီ... တော်တယ်... ပင်လယ်ခွဲခြမ်းခြင်းနယ်ပယ်ရောက်ရုံလေးနဲ့ ပုန်းကွယ်နဂါးအဆင့် ၃၈ က ချွေးချန်းကို အနိုင်ရပြီး ငါတို့ဂိုဏ်းအတွက် တစ်နေရာစာ ယူပေးခဲ့တယ်..."

"ဒါ တပည့်လုပ်သင့်တဲ့အရာပါ..."

မုန့်ချန်ချင်း ခပ်ဖွဖွပြုံးလိုက်သည်။

"ဟ..ဟ.., ဟုတ်တယ်, စည်းလုံးခြင်းက ဂိုဏ်းထဲမှာ ရှေ့ဆက်သွားဖို့ သော့ချက်ပဲ..."

ကျမ်းဆောင်စောင့်အကြီးအကဲပြောလိုက်သည်။

"ဒါနဲ့, မင်းမှာဆရာရှိပြီလား..."

"ဆရာ?..."

မုန့်ချန်ချင်း အနည်းငယ်ကြောင်သွားပြီး ခေါင်းခါယမ်းလိုက်သည်။

"ခုချိန်ထိမရှိသေးပါဘူး..."

"စိတ်ဝင်စားစရာပဲ... မင်း ဂိုဏ်းအထက်ပိုင်းတွေကို ရန်စမိထားတာများရှိလား?.. ဒီလိုမျိုးစေ့ကောင်းကို တစ်ယောက်မှ တပည့်ခေါ်ဖို့ စိတ်မဝင်စားဘူးဆိုတော့လေ..."

ကျမ်းဆောင်စောင့်အကြီးအကဲ အတော်လေး ထူးဆန်းသလို ခံစားရ၏။

ယခင်က အများစု တံခါးပိတ်နေ၍ ထွက်မလာနိုင်တာကို သူနားလည်ပေးနိုင်၏။

သို့ပေမယ့် ယခုက နှစ်လကျော်တောင်ကြာသွားပြီဖြစ်သည်။

ထို့ပြင် ဤကောင်လေးက ပုန်းကွယ်နဂါးစာရင်းအဆင့်တောင် ဝင်ခဲ့၏။

တစ်ယောက်မှ တပည့်အဖြစ် မခေါ်တာက မဖြစ်သင့်ပေ။

သူသာ တစ်ယောက်တည်းနေရတာ အလေ့အကျင့်ဖြစ်မနေလျှင် လှုပ်ရှားပြီးပြီဖြစ်သည်။

"ကျွန်တော်မသေချာဘူး..."

မုန့်ချန်ချင်း တည်ငြိမ်နေခဲ့သည်။

ယခင်ပြောခဲ့သလို စနစ်ရှိနေ၍ သူက ဆရာတစ်ယောက်ရှာဖို့ မလိုအပ်ပေ။

မိတ်ဆွေဖွဲ့ဖို့သာ လို၏။

သို့ပေမယ့် လက်ရှိအခြေအနေက တကယ်ကို ပုံမှန်မဟုတ်ပေ။

ရှီညီအကိုဆို အတွင်းစည်းတပည့်အဆင့်မှာတင် ကြိုတင်သတ်မှတ်ခံထားရပုံပေါ်သည်။

သူ့အတွက်တော့...

ယခုချိန်ထိ တစ်ယောက်မှ ပေါ်မလာသေးပေ။

"ဒီနေ့ကျွန်တော်လာတာ အရင်ငှားထားတဲ့စာအုပ်တွေ လာပြန်ပေးတာ..."

မုန့်ချန်ချင်း "အင်ပါယာဖျက်ဆီးခြင်းနေမီးတောက်နည်းစနစ်"၊ "ဓားခြေလှမ်း"၊ "မဟာနက်နဲခြင်းရွှေရောင်ဓားသိုင်း" တို့ကို ထုတ်ယူလိုက်သည်။

"ပြောသံကြားတာတော့ မင်း "မဟာနက်နဲခြင်းရွှေရောင်ဓားသိုင်းကို ပြီးပြည့်စုံခြင်းအဆင့် ရောက်သွားပြီဆို..."

ကျမ်းဆောင်စောင့်အကြီးအကဲ ကျင့်စဥ်စာအုပ်တွေကို ယူလိုက်သည်။

"ဟုတ်ပါတယ်..."

"ဒီလိုတိုးတက်မှုက တကယ်ကို စိတ်ကူးမကြည့်နိုင်အောင်ပဲ... ဒါပေမယ့် မင်းက ဓားချီကို အပ်စိုက်မှတ်ဖွင့်ခြင်းနယ်ပယ်ကတည်းက နားလည်ထားတာဆိုတော့ ဒါကို နားလည်ပေးလို့ရပါတယ်... ဒီသိုင်းပညာက မင်းအတွက် ဘယ်လိုလုပ် ခက်တော့မှာလဲ..."

ကျမ်းဆောင်စောင့်အကြီးအကဲ ခေါင်းညိတ်လိုက်ပေမယ့် သူ့မျက်လုံးထဲ၌ တုန်လှုပ်မှုတွေ ရှိနေဆဲဖြစ်သည်။

မဟာနက်နဲခြင်းရွှေရောင်ဓားသိုင်းက မထင်ရှားသည့်သိုင်းပညာမဟုတ်ပဲ စစ်မှန်သည့် မြေကမ္ဘာအဆင့်သိုင်းပညာဖြစ်၏။

ဂိုဏ်းထဲရှိထိပ်တန်းပါရမီရှင်တွေတောင် ကျမ်းကျင်ဖို့ နှစ်ဝက်လောက်အချိန်ယူရ၏။ ဒါတောင် အရင်းအမြစ်လုံလောက်မှဖြစ်သည်။

သူ ယခင်က မွေးရာပါဓားခန္ဓာကို မှတ်မိသေး၏။

သူတောင်(ဓားခန္ဓာ) ငါးလလောက်အချိန်ယူလိုက်ရသည်။

ဤကောင်လေးကတော့ တစ်လကျော်တည်းနှင့် အောင်မြင်သွားခဲ့သည်။

သူ့မှာသာ ဤကဲ့သို့ ကောင်းကင်ဆန့်ကျင်သည့်နားလည်နိုင်စွမ်းမျိုးရှိခဲ့လျှင် သန့်စင်သောဝိညာဥ်သတ်ဖြတ်ခြင်းဓားသိုင်းကို ပြီးပြည့်စုံခြင်းအဆင့် ရောက်နေပြီဖြစ်သည်။

"မင်းပြခဲ့တဲ့ အလားအလာကိုစဥ်းစားပြီး ငါ မင်းကို နည်းနည်းကူညီပေးလိုက်မယ်..."

ခဏစဥ်းစားပြီးနောက် ကျမ်းဆောင်စောင့်အကြီးအကဲ ဂိုဏ်းစည်းမျဥ်းကိုဆန့်ကျင်သည့် ဆုံးဖြတ်ချက်တစ်ခု ချလိုက်ပုံပင်။

"ဟမ်?..."

မုန့်ချန်ချင်း အနည်းငယ် ကြောင်သွား၏။

ထို့နောက် ကျမ်းဆောင်စောင့်အကြီးအကဲ သိုလှောင်လက်စွပ်ထဲမှ လျို့ဝှက်စာအုပ်တစ်အုပ်ထုတ်ပြီး သူ့ကို ပေးတာ မြင်လိုက်၏။

အပေါ်၌စာလုံးအချို့ရေးထားခဲ့သည်။

"သန့်စင်သောဝိညာဥ်သတ်ဖြတ်ခြင်းဓားသိုင်း..."

လျို့ဝှက်စာအုပ်မှာ နှစ်အချို့ကြာမြှင့်ခဲ့ပုံရပြီး ဝါးကြန့်ကြန့်နှင့် စာရွက်တွေတွန့်ကြေနေခဲ့သည်။

သို့ပေမယ့် သူ့အကြည့် ထိုအရာအပေါ်ကျရောက်သွားသည့်အခိုက်အတန့် ထိတ်လန့်ဖွယ်ခံစားမှုတစ်ခု ကျောရိုးတစ်လျှောက် ပျံ့နှံ့သွားခဲ့သည်။

အကန့်အသတ်မရှိသည့်ထက်ရှမှုနှင့် သတ်ဖြတ်လိုစိတ်တွေ အထဲ၌ ပုန်းကွယ်နေပြီး စာအုပ်ထဲမှထွက်ကာ လောကကြီးကို သတ်ဖြတ်တော့မလိုပင်။

"ဒါ ကျမ်းဆောင်စောင့်အကြီးအကဲပိုင်တဲ့ အထွတ်အထိပ်နည်းစနစ်မလား..."

မုန့်ချန်ချင်း အသိပြန်ဝင်လာပြီး စိတ်ထဲမှာ တွေးလိုက်သည်။

ဤအရာက သူတောင့်တနေသည့်အရာလည်း ဖြစ်ပြီး မိတ်ဆွေဖွဲ့ပြီးရယူဖို့ ရည်ရွယ်ထားခဲ့သည်။

သို့ပေမယ့် မမျှော်လင့်ပဲ ကျမ်းဆောင်စောင့်အကြီးအကဲက ဦးစွာလာပေးနေခဲ့သည်။

ဖြစ်နိုင်လျှင် သူက ကျမ်းဆောင်စောင့်အကြီးအကဲဆီမှ တိုက်ရိုက်ယူရတာကို ပိုသဘောကျ၏။

အဆုံးမှာတော့ ထိုအရာက ကျမ်းကျင်အဆင့်ရောက်ထားပြီးဖြစ်သည်။

သို့ပေမယ့် ဤနည်းအတိုင်းရတာလည်း ကောင်း၏။

အနည်းဆုံးတော့ အနာဂတ်မှာ ပေါ်ပေါ်ထင်ထင် အသုံးပြုလို့ရတာပဲဖြစ်သည်။

မဟုတ်လျှင် သူပေါင်းစပ်ပြီးလျှင်တောင် အသုံးပြုနိုင်မည်မဟုတ်ပေ။

ဂိုဏ်းက သိုင်းပညာတွေနှင့်ပတ်သက်လျှင် အလွန်စည်းကမ်းတင်းကြပ်၏။

"ယူလိုက်ပါ..."

ကျမ်းဆောင်စောင့် အကြီးအကဲ မုန့်ချန်ချင်းကို လက်ကမ်းပေးလိုက်သည်။

"မင်းရဲ့နားလည်နိုင်စွမ်းနဲ့ ဒါအမှိုက်ဖြစ်မသွားဘူးလို့ ငါယုံတယ်..."

"ကျေးဇူးတင်ပါတယ် အကြီးအကဲ... ဒီသိုင်းပညာက ဘယ်အဆင့်လဲ သိလို့ရမလား..."

မုန့်ချန်ချင်း မငြင်းပဲ အလေးအနက်မေးလိုက်သည်။

ကျမ်းဆောင်စောင့်အကြီးအကဲလို တစ်စုံတစ်ယောက်ဆီမှ လက်ဆောင်က သူငြင်းနိုင်သည့်အရာမဟုတ်ပေ။

ဤကဲ့သို့လူများမှာ အားနားလွန်းသည့်အမူအရာများကို အမုန်းဆုံးဖြစ်သည်။

"သိပ်မမြင့်ပါဘူး, မြေကမ္ဘာအဆင့်မြင့်လေးတင်ပါ.."

"အဆင့်မြင့်..."

မုန့်ချန်ချင်း အသက်ပြင်းပြင်းရူလိုက်သည်။

မမျှော်လင့်ပဲ ၎င်းမှာ မဟာနက်နဲခြင်းရွှေရောင်ဓားသိုင်းထက် အဆင့်သေး ၂ ဆင့် ပိုမြှင့်နေခဲ့သည်။

ထိုအရာက သူမျှော်လင့်ထားတာကို ကျော်လွန်နေခဲ့သည်။

ယခင်သူ့ခန့်မှန်းချက်အရ မြေကမ္ဘာအလယ်အလတ်အဆင့်လောက်ဟု ထင်ခဲ့သည်။

ယခုတော့ အဆင့်မြင့်ဖြစ်နေခဲ့သည်။

၎င်းအထက်၌ ဒဏ္ဍာရီလာ ကောင်းကင်အဆင့်သာ ကျန်တော့သည်။

ဂိုဏ်းထဲ၌ ၎င်းမှာ အရေးတကာ့အရေးပါဆုံးဖြစ်ပြီး အလွန်အမင်းအဆင့်မြင့်သည့်လူတွေသာ ကျင့်ကြံဖို့ အရည်အချင်းပြည့်မှီ၏။

အမှန်ပင်, သူထင်တာမမှားပေ။ ဤကျမ်းဆောင်စောင့်အကြီးအကဲက တကယ်ကို အကောင်ကြီးကြီးတစ်ယောက်ဖြစ်ရမည်ပင်။

ဤအရာကိုတွေးပြီး မုန့်ချန်ချင်း ကြည့်ရှုရေးမျက်လုံးကို ဖွင့်လိုက်သည်။

ထိုအခါ ကျမ်းဆောင်စောင့်အကြီးအကဲ၏ အချက်အလက်တွေ သူမျက်လုံးထဲ ပေါ်လာခဲ့သည်။

အခြေခံအချက်အလက်-

[အမည်- ယွင်ပုကျွယ်]

[မျိုးနွယ်- လူသား]

[ကျင့်ကြံရေး- ပင်လယ်ခွဲခြမ်းခြင်းနယ်ပယ် အဆင့် ၇ (ယာယီ)]

ပင်ကိုယ်ပါရမီအချက်အလက်-

[အမြစ်ရိုး- အဆင့် ၃]

[နားလည်နိုင်စွမ်း- သာလွန်]

[ကျင့်ကြံရေးနည်းစနစ်- သန့်စင်သောဝိညာဥ်သတ်ဖြတ်ခြင်းဓားသိုင်း (ကျွမ်းကျင်)၊ မြေကြီးတစ်လက်မကျုံ့ခြင်းကျင့်စဥ်( တစ်စိတ်တစ်ပိုင်းကျွမ်းကျင်)၊ မဟာဂရုဏာလေစကြဝဠာလက်ဝါး (တစ်စိတ်တစ်ပိုင်းကျွမ်းကျင်) ]

အခန်း (၁၀၂)

အကြီးအကဲ, မင်းနားလည်မှုလွဲနေပြီ

"ယာယီ..."

ဤစကားလုံးက အဓိပ္ပာယ်များစွာဖော်ဆောင်နေသည်။

တစ်ခုက သူ့ဒေါ်လေးကဲ့သို့ ကျင့်ကြံရေး ကျဆင်းသွားတာဖြစ်သည်။

အခြားတစ်ခုက လူတစ်ယောက်၏ကျင့်ကြံရေးကို ရည်ရွယ်ချက်ရှိရှိ ဖုန်းကွယ်ထားတာဖြစ်သည်။

ဒေါ်လေးဖြစ်သူ၏ဇယားမှာ ကျင့်ကြံရေးကျဆင်းထားကြောင်း ရှင်းလင်းစွာဖော်ပြထားသည်။

အဘယ်ကြောင့်ဆိုသော် အမြစ်ရိုးထိခိုက်ထားပြီး ဝိညာဥ်မျက်လုံးချိပ်ပိတ်ထားသောကြောင့်ပင်။

သို့ပေမယ့် ကျမ်းဆောင်စောင့်အကြီးအကဲဇယားက ပုံမှန်မဟုတ်ပေ။

ထို့ကြောင့် ဒုတိယဖြစ်နိုင်ချေသာ ဖြစ်နိုင်၏။

"ဒီဓားနည်းစနစ်က အလွန်နက်နဲပြီး တစ်ယောက်တည်း ကျင့်ကြံနေတာထက် အဆက်မပြတ်သတ်ဖြတ်နေဖို့လိုအပ်တယ်..."

ကျမ်းဆောင်စောင့်အကြီးအကဲ ပြောလိုက်သည်။

"အတိအကျကို ကျင့်စဥ်ထဲမှာ ဖော်ပြထားတယ်..."

"သတိပေးလို့ကျေးဇူးတင်ပါတယ်, အကြီးအကဲ... ကျွန်တော် သေချာပေါက် ကြိုးကြိုးစားစားကျင့်ကြံပြီး အကြီးအကဲမျှော်လင့်ချက်ကို မပျက်စီးစေရပါဘူး..."

မုန့်ချန်ချင်း လက်ချင်းယှက်လိုက်သည်။

သူက ရိုးရိုးရှင်းရှင်းစကားပြောချင်ပေမယ့် မမျှော်လင့်ပဲ တစ်စုံတစ်ခု ရရှိခဲ့သည်။

အမှန်ပင်, လူတွေက တကယ်ပဲ ထူးချွန်ဖို့ လိုအပ်၏။

သင်သာ လုံလောက်အောင်ထူးချွန်နေသ၍ များစွာသော မမျှော်လင့်ထားသည့် လက်ဆောင်တွေကို ရရှိမည်ဖြစ်သည်။

"ငါ့ကိုကျေးဇူးတင်ဖို့ မလိုပါဘူး... ဒါက သာမန်ပစ္စည်းတစ်ခုပါပဲ... ဂိုဏ်းအထက်ပိုင်းတွေ မင်းကို အာရုံမစိုက်ရင်, ငါက သူတို့ကိုယ်စား ပျိုးထောင်ပေးရမှာပေါ့..."

ကျမ်းဆောင်စောင့်အကြီးအကဲ သူ၏အဖြူရောင်မုတ်ဆိတ်တွေကို အသာအယာပွတ်သပ်လိုက်သည်။

ဤအရာကိုကြားသည့်အခါ မုန့်ချန်ချင်း ပြုံးလိုက်သည်။

ဤအကြီးအကဲက တကယ်ကို ပွင့်လင်းလှ၏။

ထို့နောက် သူ့အကြည့် စားပွဲပေါ်ရောက်သွားပြီး လဲနေသည့်ဝိုင်ခရားတစ်ခုရှိနေခဲ့သည်။

"ဒါ့ပြင်, ငါကတပည့်လက်မခံဘူးလေ... ဒါကြောင့် မင်းစိုးရိမ်ဖို့မလိုပါဘူး..."

ကျမ်းဆောင်စောင့်အကြီးအကဲ ထပ်ပေါင်းပြောလိုက်သည်။

ဤနှစ်တွေတစ်လျှောက် သူက တပည့်အချို့ကို လမ်းညွှန်မှုပေးခဲ့ပေမယ့် အဆုံးမှာ သူတို့အားလုံးက သူ့တပည့်ဖြစ်ရေး နည်းမျိုးစုံကြိုးပမ်းလာကြသည်။

ဝိုင်ပို့ခြင်းနှင့် ကြိုက်နှစ်သက်ရာတွေ ပို့ပေးခြင်းအစရှိသဖြင့်ပင်။

သူကတော့ အားလုံးကို ငြင်းဆန်ခဲ့သည်။

"အကြီးအကဲ, မင်းနားလည်မှုလွဲနေပြီး... မင်းတပည့်ဖြစ်လာတာနဲ့ယှဥ်ရင် ကျွန်တော် အကြီးအကဲနဲ့ မိတ်ဆွေဖြစ်ရတာကို ပိုသဘောကျတယ်..."

ဤအခိုက်အတန့်၌ မုန့်ချန်ချင်း အနည်းငယ်ရဲတင်းလာခဲ့သည်။

ဤအရာက ပုံမှန်ရွယ်တူမိတ်ဆွေဖွဲ့ချင်းမျိုးမဟုတ်ပဲ စီနီယာအရပဲဖြစ်ဖြစ်၊ ခွန်အားအရပဲဖြစ်ဖြစ် နှစ်ယောက်ကြား ကွာဟချက်က ကြီးမားလွန်းလှသည်။

သို့ပေမယ့် အခြားနည်းလမ်းမရှိပေ။

ကျမ်းဆောင်စောင့်အကြီးအကဲ၏စွမ်းရည်တွေက ဆွဲဆောင်မှုရှိလွန်းနေသည်မဟုတ်လား။

ထို့ပြင် သူ့၌လည်း စွမ်းရည်ရွေးချယ်ကဒ် ၁ ကဒ်ရှိသေး၏။

ကျမ်းဆောင်စောင့်အကြီးအကဲ မိတ်ဆွေဖြစ်ဖို့ သဘောတူသရွေ့ သူက သန်စင်သောဝိညာဥ်သတ်ဖြတ်ခြင်းဓားသိုင်းကို တိုက်ရိုက်ယူနိုင်တာပဲဖြစ်သည်။

ထိုအခါ ကျွမ်းကျင်ကဒ် ၃ ကဒ်ထိ ချွေတာနိုင်ပြီဖြစ်သည်။

ဤအရာကိုကြားသည့်အခါ ကျမ်းဆောင်စောင့်အကြီးအကဲ ကြောင်သွား၏။

ကြည့်ရတာ ဤကဲ့သို့စကားမျိုး တပည့်တစ်ယောက်၏ပါးစပ်မှ တစ်ခါမှမကြားဖူးသလိုပင်။

မိတ်ဆွေဖြစ်မယ်?...

ဂျူနီယာတစ်ယောက်က သူနှင့် မိတ်ဆွေဖြစ်ချင်နေခဲ့သည်?

ဘယ်လိုဟာသနည်း။

သူတို့ကြားရှိစီနီယာကွာခြားမှုကိုကော ထိုကောင်သိရဲ့လား။

"ကောင်လေး, ရဲတင်းလှချည်လား... မင်းက ကိစ္စတွေကို ငါနဲ့တန်းတူဆွေးနွေးချင်တာလား..."

"သတ္တိကတော့ မဆိုးဘူးပဲ..."

အသိပြန်ဝင်လာပြီးနောက် ကျမ်းဆောင်စောင့်အကြီးအကဲ ဒေါသထွက်လွန်း၍ အဖြူရောင်မုတ်ဆိတ်မွေးတွေ တုန်ယင်နေခဲ့သည်။

သို့ပေမယ့် သူ့မျက်လုံးထဲ၌ ဒေါသအများကြီးမရှိပဲ ထိုအစား သဘောကျမှုတွေသာ တဖြည်းဖြည်း ပေါ်လာခဲ့သည်။

ဓားသမားတစ်ယောက်အနေဖြင့် လူတစ်ယောက်က ဤကဲ့သို့စိတ်ဓာတ်မျိုးရှိသင့်၏။

တပည့်ခံရန်တိုက်ရိုက်လာသူများကို သူက ကြည့်တောင်မကြည့်ချင်ပေ။

မုန့်ချန်ချင်း ပြုံးရုံသာပြုံးပြီး ဘာမှမပြောပေ။

သူက စမ်းကြည့်ရုံသာဖြစ်ပြီး ကျမ်းဆောင်စောင့်အကြီးအကဲ သဘောတူလိမ့်မယ်လို့ မမျှော်လင့်ထားပေ။

"ဟ...ဟ...ဟ..."

ကျမ်းဆောင်စောင့်အကြီးအကဲ ရုတ်တရက်ထရယ်လိုက်ပြီး သူ့အသံက တောင်ထိပ်မှာ ပဲ့တင်ထပ်နေခဲ့သည်။

တစ်ခဏကြာပြီးနောက် ရပ်တန့်သွား၏။

ဤအခိုက်အတန့်၌ ကျမ်းဆောင်စောင့်အကြီးအကဲအမူအရာမှာ အကြီးအကျယ်ပြောင်းလဲသွားသလိုပင်။

ပုံမှန်လို ပေါ့ပေါ့ပါးပါးနှင့် နူးညံ့ညင်သာမှုတွေ မရှိတော့ပဲ ကြီးကျယ်မြင့်မြတ်လာ၏။

ဆံချည်မျင်တစ်မျှင်တိုင်း နောက်ဆုံး မုတ်ဆိတ်မွေးတွေ၌တောင် ဓားအော်ရာတွေ ပါဝင်နေသလိုပင်။

"မင်းအလားအလာနဲ့ အနာဂတ်မှာ တကယ်ပဲ ကိစ္စတွေကို ငါနဲ့တန်းတူဆွေးနွေးနိုင်ပါတယ်..."

"ဒါပေမယ့် အခုတော့ မဟုတ်သေးဘူး..."

ကျမ်းဆောင်စောင့်အကြီအကဲ ပြောလိုက်သည်။

"ဘယ်လိုလုပ်မှလုံလောက်မှာလဲ..."

ဤစကားတွေကြားသည့်အခါ မုန့်ချန်ချင်း နှလုံးသား ပျော်ရွင်သွား၏။

သူက မမျှော်လင့်ပဲ အခွင့်အရေးတစ်ခုရရှိခဲ့သည်။

"ဂိုဏ်းရဲ့မြောက်ဘက်မိုင်လေးရာအကွာမှာ ချီဖုန်းတောင်လို့ ခေါ်တဲ့ နေရာတစ်ခုရှိတယ်... အဲ့နေရာမှ စမ်းချောင်းဝါနတ်ဆိုးဂိုဏ်းရဲ့ ရှေ့တန်းအခြေစိုက်စခန်းတစ်ခုရှိတယ်..."

"အထဲမှာ သိုင်းပညာရှင် နှစ်ရာကျော်လောက်ရှိပြီး တာအိုဖန်တီးခြင်းနယ်ပယ် နတ်ဆိုးကျင့်ကြံသူတစ်ယောက်လည်းရှိတယ်..."

"သူတို့ခေါင်းတွေကိုပြန်ယူလာခဲ့... ငါမင်းနဲ့ မိတ်ဆွေဖြစ်ပေးမယ်..."

ကျမ်းဆောင်စောင့်အကြီိးအကဲ လက်နှောက်ပစ်ရပ်နေပြီး အော်ရာက ဓားတစ်ချောင်းကဲ့သို့ထက်ရှကာ ခြိမ်းခြောက်နိုင်စွမ်းကြီး၏။

"ကောင်းပြီလေ..."

မုန့်ချန်ချင်း လုံးဝတွေဝေမနေပေ။

"ကျွန်တော် အခုပဲသွားလိုက်မယ်..."

"အင်း.."

ကျမ်းဆောင်စောင့်အကြီးအကဲ ခေါင်းညိတ်လိုက်၏။

တစ်ချိန်တည်းမှာပဲ သူက မြေပုံတစ်ခုပစ်ပေးလိုက်သည်။

ထိုအထဲ၌ သက်ဆိုင်ရာ အချက်အလက်တွေ ပါဝင်နေခဲ့သည်။

မုန့်ချန်ချင်း ဖမ်းယူပြီး ချက်ချင်းတစ်ဖက်လှည့်ကာ တွေဝေမနေပဲ ထွက်ခွာသွားခဲ့သည်။

"ဒီကောင်လေး, တာအိုဖန်းတီးခြင်းနယ်ပယ် နတ်ဆိုးကျင့်ကြံသူကို မကြောက်ဘူးလား..."

မုန့်ချန်ချင်းပုံရိပ် ပျောက်ကွယ်သွားတာကိုကြည့်ပြီး ကျမ်းဆောင်စောင့်အကြီးအကဲ အံ့အားသင့်နေခဲ့သည်။

ထိုနတ်ဆိုးကျင့်ကြံသူက တာအိုဖန်တီးခြင်းနယ်ပယ်ကို ဝင်ကာစဖြစ်ပြီး သူ့ကြောင့် ခွန်အားတစ်ဝက်လောက်အားနည်းနေပြီဖြစ်သော်လည်း စစ်မှန်အနှစ်သာရကို အသုံးပြုနေနိုင်ဆဲဖြစ်သည်။

ပင်လယ်ခွဲခြမ်းခြင်းနယ်ပယ် ယှဥ်နိုင်သည့်အရာ မဟုတ်ပေ။

"စိတ်ဝင်စားစရာပဲ..."

ကျမ်းဆောင်စောင့်အကြီးအကဲ မုန့်ချန်ချင်းကဲ့သို့ပါရမီရှင်တစ်ယောက် ဤလောက်ရဲတင်းမည်ဟု ထင်မထားခဲ့ပေ။

သူ့၌ အနိုင်ရဖို့ ယုံကြည်ချက်အချို့ရှိပုံရ၏။

"ခေါင်းတွေသာပြန်ယူလာနိုင်ရင် ဒီကလေးရဲ့ခွန်အားက နည်းနည်းများလွန်းသွားပြီ... အပေါ်ယံမှာပြထားတာထက် အများကြီးသာသွားပြီ..."

ကျမ်းဆောင်စောင့်အကြီးအကဲ မျက်နှာ၌ အပြုံးတစ်ခုပေါ်လာခဲ့သည်။

သူ့အသက်အရွယ်၌ ဤကဲ့သို့ပါရမီရှင်တပည့်တစ်ယောက်နှင့်တွေ့ရတာ တကယ်ကို ပျော်စရာကိစ္စတစ်ခုဖြစ်သည်။

ထို့ပြင် နောက်ဆုံး၌ သူကိုယ်တိုင်ဖန်တီးထားသည့်ဓားသိုင်းမှာ သင့်တော်သည့် အမွေဆက်ဆံသူကို ရှာတွေ့သွားပြီဖြစ်သည်။

ဤအရာကိုတွေးပြီး ကျမ်းဆောင်စောင့်အကြီးအကဲ သက်ပြင်းချပြီး တစ်ဖက်လှည့်လိုက်၏။

သို့ပေမယ့် နောက်တစ်ခဏမှာပဲ သူ့မျက်ခွံတွေကို အနည်းငယ်ကျုံံ့သွားစေခဲ့သည်။

"မင်းပဲ, စီနီယာအကို..."

....

လေထဲ၌ ရွှေရောင်ဓားအလင်းတန်းတစ်ခု တိမ်တိုက်နှင့်လေထုကို ထိုးခွဲနေခဲ့သည်။

ထိုအရာက မုန့်ချန်ချင်းပင်။

သာမန်အလည်သွားမှုတစ်ခုမှ ဤကဲ့သို့ကြီးမားသည့်ရရှိမှုကြီး ရလိမ့်မည်ဟု သူမျှော်လင့်မထားပေ။

သန့်စင်သောဝိညာဥ်သတ်ဖြတ်ခြင်းဓားသိုင်းကို ရရှိခဲ့ရုံသာမက အကြီးအကဲနှင့်မိတ်ဆွေဖြစ်ဖို့ အခွင့်အရေးပါရရှိခဲ့သည်။

"ဒါကို မတူညီတဲ့မျိုးဆက်တွေကြားက မိတ်ဆွေဖွဲ့မှုလို့ ယူဆလို့ရလောက်လား?..."

မုန့်ချန်ချင်း နှုတ်ခမ်းတွေ အနည်းငယ်တွန့်ကွေးသွား၏။

ဤကဲ့သို့အကြီးအကဲတစ်ယောက်နှင့်မိတ်ဆွေဖွဲ့တာ ဤအရာက သူ့အတွက် ပထမဆုံးအကြိမ်ဖြစ်သည်။

သို့ပေမယ့် ယခုချိန်မှာ ထိုအကြောင်းတွေးတာက အနည်းငယ် စောသေး၏။

အရင်ဆုံး သူက ကျမ်းဆောင်စောင့်အကြီးအကဲ၏တာဝန်ကို ပြီးမြောက်အောင်လုပ်ရမည်ဖြစ်သည်။

ထိုအခါမှသာ မိတ်ဆွေဖြစ်ဖို့ စဥ်းစားနိုင်မည်ဖြစ်သည်။

အာရုံပြန်စုစည်းပြီး မုန့်ချန်ချင်း သန့်စင်သောဝိညာဥ်သတ်ဖြတ်ခြင်းဓားသိုင်းကို ထုတ်ယူကာ စတင်ဖတ်တော့၏။

ကျင့်စဥ်စာအုပ်က အတော်လေးသာမန်ဆန်သော်လည်း ကျမ်းဆောင်စောင့်အကြီးအကဲနှင့် အချိန်အတော်ကြာအတူရှိခဲ့၍ ဖြစ်နိုင်၏။ ၎င်းအပေါ်၌ သူ့အော်ရာ အနည်းငယ်ရှိနေခဲ့သည်။

ဤအော်ရာက ထက်ရှပြီး သတ်ဖြတ်လိုသည့်ခံစားချက်ကို ပေးစွမ်း၏။

သာမန်လူတစ်ယောက် ထိုအရာကို ကိုင်တွယ်နိုင်မည်မဟုတ်ပေ။

၎င်းအနားရှိရုံနှင့်တင် မသက်မသာခံစားရစေပြီး အပ်တွေအပေါ်ထိုင်နေရသလိုပင်။

သို့ပေမယ့် မုန့်ချန်ချင်းက ဓားသမားတစ်ယောက်ဖြစ်ရာ သဘာဝအတိုင်း ဤကဲ့သို့မခံစားရပေ။

ခဏကြာပြီးနောက် မုန့်ချန်ချင်း စာအုပ်ကိုပိတ်လိုက်ပြီး အေးစက်မှုတစ်ခုကို ခံစားလိုက်ရသည်။

အဘယ်ကြောင့်ဆိုသော် ဤဓားသိုင်း၏ကျင့်ကြံရေးနည်းလမ်းက တကယ်ထူးခြားပြီး အကြွင်းမဲ့သတ်ဖြတ်ရေးဓားတာအိုတစ်ခုဖြစ်၏။

၎င်းမှာ ပြီးပြည့်စုံခြင်းအဆင့်ထိရောက်ဖို့ မရေမတွက်နိုင်အောင်သတ်ဖြတ်ရမည်ဖြစ်သည်။

ဓားနည်းစနစ်၌ အပိုင်း ၂ ပိုင်းရှိ၏။

ပထမအပိုင်းက အသက်ဓာတ်ကိုနှုတ်ယူပြီး သန့်စင်သောဝိညာဥ်ချိပ်ပိတ်စည်းအဖြစ် ပြောင်းလဲကာ အရေးကြီးအခိုက်အတန့်တွေ၌ သေစေနိုင်သည့်ဒဏ်ရာတွေကို ခုခံနိုင်မည်ဖြစ်သည်။

ဒုတိယအပိုင်းက သတ်ဖြတ်ခြင်းချီဟု လူသိများသည့် သေခြင်းချီကိုထုတ်ယူခြင်းဖြစ်သည်။

အလုံအလောက်စုစည်းပြီးသည့်အခါ နှလုံးသားကျင့်စဥ်ဖြင့် အစွမ်းထက်သတ်ဖြတ်ခြင်းဓားချီကို သိပ်သည်းနိုင်မည်ဖြစ်သည်။

ဓားတစ်ချက်က ကမ္ဘာကြီးကို အဆုံးသတ်ပေးနိုင်ပြီး အလောင်းတောင်နှင့် သွေးပင်လယ်ကို ဖြစ်ပေါ်စေနိုင်သည်။

ထို့ပြင် အသက်ဓာတ်စုစည်းဖို့ပဲဖြစ်ဖြစ် သေခြင်းချီစုဆောင်းဖို့ပဲဖြစ်ဖြစ် သတ်ဖြတ်ဖို့လိုအပ်သည်။

"ဒီတော့ ကျမ်းဆောင်စောင့်အကြီးအကဲတာဝန်က ဒီဓားသိုင်းကျင့်ကြံဖို့ ငါ့ကိုကူညီလိုက်တာပဲ..."

မုန့်ချန်ချင်း အရူးမဟုတ်ပေ။

အနည်းငယ်တွေးကြည့်ရုံဖြင့် အချို့အရာတွေကို သဘောပေါက်သွားခဲ့သည်။

All Chapters