အခန်း (၁၀၃-၁၀၄)
Vol. 11 Ch. 103-104
အခန်း (၁၀၃)
ယင်းယန်ထိုက်ချီပုံသဏ္ဍာန်
"ဒါ့ပြင်, ဂိုဏ်းက ဒီခံတပ်ကိုရှာတွေ့မှတော့ တပည့်တွေအတွက်စမ်းသပ်ရေးနေရာတစ်ခုအဖြစ် သတ်မှတ်လိုက်တာ ဖြစ်နိုင်တယ်..."
"အရင် ပိုင်ယွင်တောင်က ဓားပြတွေလိုပဲ..."
မုန့်ချန်ချင်းမျက်လုံးတွေ လှုပ်ရှားသွား၏။
သူသာ လင်းလုံမဟာကြော့ကွင်းကောင်းကင်ကို ပြီးပြည့်စုံခြင်းအဆင့်မရောက်ထားလျှင် ဤအကြောင်းကို တကယ်စဥ်းစားရမည်ဖြစ်သည်။
အဆုံးမှာတော့ အဓိကနယ်ပယ်ကြီးနှစ်ခုခြားရှိကွာဟချက်က အလွယ်တကူကျော်ဖြတ်လို့ရသည့်အရာမဟုတ်ပေ။
သို့ပေမယ့် ယခုတော့ သူက လင်လုံမဟာကြော့ကွင်းကောင်းကင်ကို အသုံးပြုလိုက်လျှင် စစ်မှန်ချီကို စစ်မှန်အနှစ်သာရအဖြစ်ပြောင်းနိုင်တာပဲဖြစ်သည်။
ထို့ကြောင့် သူနှင့်တာအိုဖန်တီးခြင်းနယ်ပယ်ခြားရှိကွာခြားချက်က သိပ်မကြီးပေ။
များစွာသောဝှက်ဖဲတွေနှင့်ဆိုလျှင် သတ်ဖြတ်ဖို့ လုံလောက်တာပဲဖြစ်သည်။
ထို့ပြင် ကျမ်းဆောင်စောင့်အကြီးအကဲပြောသည့်အတိုင်း နတ်ဆိုးကျင့်ကြံသူက တာအိုဖန်တီးခြင်းနယ်ပယ်ဝင်ရောက်ကာစဖြစ်သည်။
"ဒီနတ်ဆိုးကျင့်ကြံသူတွေကိုသုံးပြီး ငါ့ရဲ့ဓားနည်းစနစ်အုတ်မြစ်ကို ပုံသွင်းရမယ်..."
မုန့်ချန်ချင်း လျို့ဝှက်စာအုပ်ကို ဂရုတစိုက်ထပ်ဖတ်လိုက်၏။
ဘယ်လိုပဲဖြစ်ဖြစ် သူက အရင်ဆုံး အနည်းငယ်လေ့ကျင့်ရမည်ဖြစ်သည်။
မဟုတ်လို့ မည်သည့်တိုးတက်မှုမှမရှိပဲပြန်သွားလျှင် လက်ခံနိုင်စရာမရှိပေ။
ချီဖုန်းတောင်တန်း...
၎င်းက တကယ်ကို မိုင်ရာချီရှည်လျားသည့် တောင်တန်းနယ်မြေတစ်ခုဖြစ်ပြီး တောင်ထိပ်တစ်ခုတည်းမဟုတ်ပေ။
ဤတောင်းတန်း၌ အန္တရာယ်ရှိတောင်ထိပ်တွေပြည့်နေပြီး ကြမ်းတမ်းသည့်မြေအနေအထားနှင့် နတ်ဆိုးသားရဲတွေ လှည့်လည်သွားလာနေခဲ့သည်။
လူသွားလူလာလည်း အတော်နည်း၏။
လူအချို့အတွက် ၎င်းမှာ ပုန်းကွယ်ဖို့ နေရာကောင်းတစ်ခုဖြစ်ပြီး အထဲဝင်သွားသည့်အခါ ရှာတွေ့ဖို့ခက်တာပဲဖြစ်သည်။
အကယ်၍ ဖုံးကွယ်ရေးအစီရင်တစ်ခုသာရှိနေခဲ့လျှင် ပိုလို့တောင် စူးစမ်းဖို့ ခက်သွားပြီဖြစ်သည်။
နေ့ဝက်ကြာပြီးနောက်, မုန့်ချန်ချင်း နေရာသို့ ရောက်လာခဲ့သည်။
လေထဲ၌ရပ်နေပြီး အောက်သို့ငုံ့ကြည့်လိုက်ရာ...မိုးထိအောင်မြင့်မားသည့်တောင်တန်းတွေအဆက်ဆက်ဖြစ်နေပြီး မြူတွေဝန်းရံနေကာ အမြင်အာရုံကို နှောက်ယှက်နေ၏။
"အကြီးအကဲပေးလိုက်တဲ့မြေပုံသာမရှိရင် ရှာတွေ့ဖို့မလွယ်ဘူး..."
မုန့်ချန်ချင်း မြေပုံထုတ်လိုက်ရာ ထိုအပေါ်၌ လမ်းကြောင်းကို ရှင်းလင်းစွာ မှတ်သားထားခဲ့သည်။
ကျောဘက်၌ ထိုနတ်ဆိုးကျင့်ကြံသူတွေနှင့်ပတ်သက်သည့် သတင်းအချက်အလက်တွေ ပါဝင်၏။
"ဒီနတ်ဆိုးကျင့်ကြံသူတွေအကုန်လုံး ရှာတွေ့ခံရပေမယ့် သိသေးပုံမပေါ်ဘူး..."
"ဂိုဏ်းရဲ့စွမ်းဆောင်ရည်ကတော့ တကယ် အံ့မခန်းပဲ..."
မုန့်ချန်ချင်း သက်ပြင်းချလိုက်သည်။
အမှန်ပင်, ၎င်းမှာ ထျန်လင်းစီရင်စုအုပ်စိုးသူအင်အားစုဖြစ်ပြီး အကြွင်းမဲ့ထိန်းချုပ်ထား၏။
အချက်အလက်စုဆောင်းမှု ဤလောက်ထိအားကောင်းပါလျှက်နှင့် ဘယ်လိုလုပ် ပိုင်ချန်ခဲ့ ဂိုဏ်းအနီးနား၌ပေါ်လာပြီး ပြစ်မှုတွေ ကျူးလွန်နိုင်ရသနည်း။
ဟာကွက်တစ်ခုခုရှိနေတာ ဖြစ်ကောင်းဖြစ်နိုင်၏။
အာရုံပြန်စိုက်ပြီး မုန့်ချန်ချင်း အောက်ဘက်သို့ ပျံသန်းသွားသည်။
အနာဂတ်၌ မဟာနက်နဲခြင်းရွှေရောင်ဓားသိုင်း၏စွမ်းအားမှာ သန့်စင်သောဝိညာဥ်သတ်ဖြတ်ခြင်းဓားသိုင်းလောက် မသန်မာသော်လည်း ဤပျံသန်းနိုင်သည့်နည်းစနစ်မှာ တကယ်ပဲ အသုံးဝင်၏။
ဝှစ်!
ဓားအလင်းတန်း နေတစ်စင်းကဲ့သို့ တိမ်တိုက်တွေကိုထိုးခွဲလာခဲ့သည်။
ဝိညာဥ်မျက်လုံး၏အကျိုးသက်ရောက်မှုနှင့် အမြင်ဟန့်တားမှုအားလုံး ပျောက်ကွယ်သွားပြီး စမ်းချောင်းဝါနတ်ဆိုးဂိုဏ်း၏ စခန်းကို မြင်လိုက်သည်။
၎င်းမှာ တောင်ထိပ်များစွာ၏ကြား၌ တည်ရှိနေတာဖြစ်သည်။
အဆောက်အဦးနှင့်ခန်းမများစွာရှိပြီး အချိန်အတော်ကြာကတည်းက ဤနေရာမှာ တည်ဆောက်ထားပုံပင်။
စင်္ကြန်လမ်းတွေ၌ လူသွားလူလာတွေရှိနေပြီး အတော်လေးများ၏။
မြေပုံမှာပြထားသည့်အချက်အလက်တွေအရ နတ်ဆိုးကျင့်ကြံသူအများစုက သွေးကြောပုံသွင်းခြင်းနယ်ပယ်နှင့် အပ်စိုက်မှတ်ဖွင့်ခြင်းနယ်ပယ်တွေဖြစ်၏။
ပင်လယ်ခွဲခြမ်းခြင်းနယ်ပယ်လည်း အနည်းငယ်များကာ အဆင့်မြင့်ကြီးကြပ်ရေးမှုးတွေအဖြစ် ထမ်းဆောင်ကြ၏။
တာအိုဖန်တီးခြင်းနယ်ပယ်အတွက်တော့ တစ်ယောက်သာရှိပြီး နတ်ဆိုးဂိုဏ်း၏အကြီးအကဲဖြစ်သည်။
"တစ်ယောက်ယောက် လာနေတယ်..."
မုန့်ချန်ချင်း သူ့အော်ရာကို ဖုံးကွယ်မထားရာ ချက်ချင်းပဲ ပေါ်သွားခဲ့သည်။
အနက်ရောင်ပုံရိပ်အများအပြားပေါ်လာပြီး အများစုက မျက်နှာတစ်ဝက်မျက်နှာဖုံးကိုတပ်ဆင်ထားပြီး မျက်လုံးတွေကိုသာ ဖော်ထားကြ၏။
အဝတ်အစားတွေ ဒါမှမဟုတ် ကျောဘက် ဒါမှမဟုတ် အင်္ကျီလက်တွေ၌ "စမ်းချောင်းဝါ" ဆိုသည့်စကားလုံးတွေကို ရေထိုးထားကြသည်။
စမ်းချောင်းဝါနတ်ဆိုးဂိုဏ်းမှာ နတ်ဆိုးလမ်းစဥ်ဂိုဏ်း ၁၀ ဂိုဏ်းထဲမှ တစ်ခုဖြစ်၏။
၎င်းတို့၏ခွန်အားမှာ အောက်ဆုံးဖြစ်သော်လည်း အမှိုက်တွေတော့မဟုတ်ပေ။
ဆန့်ကျင်ဘက်အနေဖြင့် အတော်လေး သန်မာ၏။
ထျန်လင်းစီရင်စုက သူတို့တပ်စွဲထားသည့် နယ်မြေလေးတစ်ခုသာဖြစ်သည်။
"စတင်ပြီ..."
မုန့်ချန်ချင်း ခါးမှဓားရှည်ကိုဖြည်းညင်းစွာဆွဲထုတ်ပြီး သန့်စင်သောဝိညာဥ်သတ်ဖြတ်ခြင်းဓားသိုင်းကို အသက်သွင်းလိုက်၏။
ဤဓားနည်းစနစ်က မဆက်မပြတ်သတ်ဖြတ်နေမှသာ ပြီးပြည့်စုံလာနိုင်တာဖြစ်သည်။
ထို့ပြင် သတ်ဖြတ်ခြင်းတာအိုကလည်း လူတစ်ယောက်၏ စိတ်စွမ်းအားကို အကြီးအကျယ်စမ်းသပ်၏။
"ထိုက်ရွမ်ဂိုဏ်း စစ်မှန်တပည့်..."
တစ်စုံတစ်ယောက် မုန့်ချန်ချင်းအဝတ်မှတစ်ဆင့် မှတ်မိသွားခဲ့သည်။
လူတိုင်းမျက်ခွံတွေ ရုတ်တရက်ကျုံ့သွား၏။
ဘယ်လိုလုပ် ထိုက်ရွမ်ဂိုဏ်းစစ်မှန်တပည့်က ဤနေရာကိုရှာတွေ့သွားရသနည်း။
သို့ပေမယ့် ထိုအကြောင်းတွေးနေဖို့ အချိန်မရှိပေ။
နတ်ဆိုးကျင့်ကြံသူများစွာ ပျံ့ကျဲသွားပြီး မုန့်ချန်ချင်းကို ဝန်းရံကာ ထွက်လမ်းမရှိအောင်ပိတ်လှောင်ထားလိုက်၏။
ရွစ်!
သို့ပေမယ့် နောက်တစ်ခဏ၌ မရေမတွက်နိုင်သည့် ရွှေရောင်ဓားအလင်းတန်းတွေ မျက်စိကျိန်းလောက်အောင်တောက်ပလာပြီး အလွန်မြန်သည့်အရှိန်ဖြင့် နတ်ဆိုးကျင့်ကြံသူတွေ၏ရင်ဘတ်တွေကို ထိုးဖောက်သွားကြသည်။
ဤလူတွေက သွေးကြောပုံသွင်းခြင်းနယ်ပယ်နှင့် အပ်စိုက်မှတ်ဖွင့်ခြင်းနယ်ပယ်တွေသာဖြစ်ရာ လုံးဝ မခုခံနိုင်ကြပေ။
အသက်ရူချိန်အနည်းငယ်အတွင်းမှာပဲ အယောက် ၅၀ ထက်ကျော်သည့် နတ်ဆိုးကျင့်ကြံသူတွေ သွေးကန်ထဲလဲလျောင်းကုန်သည်။
ထိုအခါ မျက်စိဖြင့်မြင်နိုင်သည့် အနက်နှင့်အဖြူရောင်ချီတွေ နတ်ဆိုးကျင့်ကြံသူတွေ၏ခန္ဓာကိုယ်မှ ထွက်ပေါ်လာပြီး တဖြည်းဖြည်း မုန့်ချန်ချင်း ဆီပျံသန်းလာခဲ့သည်။
ထို့နောက် တစ်ခုပြီးတစ်ခု သူ၏ညာလက်ဖမိုးပေါ်၌ ပေါင်းစပ်လာကြပြီး အဖြူနက် ထိုက်ချိစက်ဝိုင်းပုံသဏ္ဍာန်တစ်ခု ထွက်ပေါ်လာခဲ့သည်။
အနက်ရောင်က အေးစက်ပြီးသတ်ဖြတ်လိုစိတ်ပြင်းထန်ကာ တစ်ချက်ကြည့်ရုံဖြင့် လူတစ်ယောက်ကို ရေခဲတိုက်ထဲရောက်သွားသလို ဒါမှမဟုတ် ချောက်နက်အစွန်းမှာရပ်နေသလို ခံစားရစေ၏။
အဖြူရောင်ကတော့ တောက်ပနေပြီး လေပြင်းလေညင်းအောက်မှာ နေပူဆာလုံနေသကဲ့သို့ပင်။
စွမ်းအားနှစ်ခုက လုံးဝကို ဆန့်ကျင်ဘက်ဖြစ်နေပေမယ့် တစ်ချိန်တည်းမှာပဲ အတူတကွရှိနေခဲ့သည်။
"ရှင်သန်ခြင်းချီ နဲ့ သေခြင်းချီ... မြေကမ္ဘာအဆင့်မြင့်သိုင်းပညာဖြစ်ဖို့ ထိုက်တန်တယ်... ဒီလိုသဘာဝစွမ်းအားတွေကိုတောင် ထုတ်ယူနိုင်တယ်..."
မုန့်ချန်ချင်း စိတ်ထဲမှာ ခေါင်းညိတ်လိုက်၏။
"ဒါပေမယ့် အရမ်းနည်းနေသေးတယ်, အရမ်းနည်းနေသေးတယ်... စဦးဉာဏ်အလင်းပွင့်တဲ့အဆင့်ထိလေ့ကျင့်ဖို့ဆို အနည်းဆုံး လူတစ်ရာလောက်သတ်ဖို့ လိုအပ်တယ်..."
ထို့ပြင် ဤလူတစ်ရာက သာမန်လူဖြစ်လို့မရပဲ သိုင်းပညာရှင်တွေဖြစ်မှရမည်ဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် သာမန်လူတွေ၏ ရှင်သန်ခြင်းချီနှင့် သေခြင်းချီကလည်း အားနည်းလွန်းသောကြောင့်ဖြစ်သည်။
"ဒီမှာရှိတဲ့နတ်ဆိုးကျင့်ကြံသူအရေအတွက်က ကွက်တိပဲ..."
မုန့်ချန်ချင်းနှုတ်ခမ်း အနည်းငယ်တွန့်ကွေးသွား၏။
ကျမ်းဆောင်စောင့်အကြီးအကဲက အတိအကျတွက်ချက်ထားခဲ့သည်။
ဝှစ်!
ပုံရိပ်သုံးခုပြေးဝင်လာ၏။
၎င်းတို့မှာ နတ်ဆိုးဂိုဏ်း၏ အထက်ပိုင်းတွေဖြစ်ပြီး ပင်လယ်ခွဲခြမ်းခြင်းနယ်ပယ် အဆင့် ၉ ဖြစ်၏။
အပြင်ဘက်ရှိဆူညံသံတွေကြားသည့်အခါ သူတို့က ချက်ချင်းထွက်လာကြပေမယ့် မြေပြင်ပေါ်ပြန့်ကျဲနေသည့် အလောင်းတွေကိုသာ မြင်လိုက်ရသည်။
"ထိုက်ရွမ်ဂိုဏ်း စစ်မှန်တပည့်..."
သုံးယောက်သာ အကြည့်ချင်းဖလှယ်လိုက်ကြပြီး မျက်လုံးတွေထဲ၌ တုန်လှုပ်မှုနှင့် ဒေါသတွေရှိနေခဲ့သည်။
သိသာစွာပင် စခန်းမှာ အချိန်အတော်ကြာကတည်းက ရှာတွေ့ခံလိုက်ရပြီဆိုတာ နားလည်လိုက်ကြ၏။
ထို့ပြင် ယခု ထိုက်ရွမ်ဂိုဏ်းက လေ့ကျင့်ရေးနယ်မြေတစ်ခုအဖြစ် အသုံးပြုနေခဲ့သည်။
မဟုတ်လျှင် ယနေ့လာသူမှာ တပည့်တစ်ယောက်ထက် အကြီးအကဲတွေဖြစ်နေမည်ဖြစ်သည်။
"ပင်လယ်ခွဲခြမ်းခြင်းနယ်ပယ်ရောက်ကာစလေးနဲ့ ဒီကိုလာရဲတယ်ပေါ့... သေချင်နေတာပဲ..."
သူတို့ထဲရှိတစ်ယောက် ရက်စက်စွာ ပြောလိုက်သည်။
ထိုက်ရွမ်ဂိုဏ်းစစ်မှန်တပည့်တွေက အလွန်အစွမ်းထက်ပြီး သူက ပြိုင်ဘက်မဟုတ်ပေမယ်ယခု သူတို့ဘက်၌ သုံးယောက်ရှိနေခဲ့သည်။
ထပ်ပေါင်းပြောလျှင် စခန်း၌ အကြီးအကဲတစ်ယောက်လည်းရှိသည်။
ဘယ်လိုအကြောင်းကြောင်းနှင့်မှ မရှုံးနိုင်ပေ။
ထိုကောင်က ပါရမီရှင်တစ်ယောက်ဖြစ်နေလျှင်တောင် ပင်လယ်ခွဲခြမ်းခြင်းနယ်ပယ်နှင့် တာအိုဖန်တီးခြင်းနယ်ပယ်ကို သတ်နိုင်မည်မဟုတ်ပေ။
ဤအရာကိုတွေးပြီး...
သုံးယောက်သား အနည်းငယ်သက်သာယာရသွားသည်။
ထို့ပြင် သူ့နောက်၌ ပင်လယ်ခွဲခြမ်းခြင်းနယ်ပယ်ကျင့်ကြံသူ ၅ ယောက် ရောက်လာ၏။
သူတို့က အဆင့် ၈၊ အဆင့် ၉ တွေမဟုတ်ကြသော်လည်း အဆင့် ၅၊ အဆင့် ၆ လောက်တော့ရှိ၏။
၈ယောက် ၁ ယောက်...
ကံကြမ္မာက သူတို့ဘက်မှာ ရှိနေခဲ့သည်။
"ကောင်လေး, မင်းဘယ်သူလဲ..."
ယောက်ျားကြီးတစ်ယောက် မေးလိုက်သည်။
သို့ပေမယ့် သူ့ကိုပြန်ဖြေလိုက်တာက ထက်ရှသည့်ဓားအလင်းတန်းတစ်ခုပင်။
"မဟာနက်နဲခြင်း- ကောင်းကင်ကြာပန်းဓားဘီး..."
ဘုန်း!
ကြီးမားသည့်ဓားဘီးကြီး ကောင်းကင်ထက်၌ ပေါ်လာပြီး ကြာပန်းပွင့်ကြီးကဲ့သို့ ဖူးပွင့်သွားခဲ့သည်။
မရေမတွက်နိုင်သည့်ရွှေရောင်ဓားချီတွေ တဝီဝီမြည်နေပြီး လူ ၈ ယောက်၏မျက်နှာတွေကို အကြီးအကျယ်ပြောင်းလဲသွားစေခဲ့သည်။
အခန်း (၁၀၄)
ကံမကောင်းစွာနဲ့, ဒီနေ့ မိတ်ဆွေနေရာတွေပြည့်သွားပြီ
"မဟာနက်နဲခြင်းရွှေရောင်ဓားသိုင်း..."
တစ်စုံတစ်ယောက် အာမေဠိတ်သံပြုလိုက်သည်။
ဤအရာက ထိုက်ရွမ်ဂိုဏ်း၏ အစွမ်းထက်ဓားနည်းစနစ်ဖြစ်ရာ ချက်ချင်းမှတ်မိလိုက်၏။
ထို့ပြင် ကျွမ်းကျင်မှုကလည်း အတော်မြင့်ပုံရပြီး စတင်ကျင့်ကြံသူတစ်ယောက်မဟုတ်ပေ။
ရွစ်!
ပင်လယ်ခွဲခြမ်းခြင်းနယ်ပယ်အဆင့် ၅ ကျင့်ကြံသူတစ်ယောက် ဓားချီကြောင့်လွင့်ပျံသွားပြီး အပိုင်းပိုင်းဖြစ်သွားသည်။
နီရဲပူနွေးသည့်သွေးတွေ နေရာအနှံ့ဖြန်းပက်သွားပြီး မြေကြီးကို အနီရောင်ပြောင်းသွားစေသည်။
အခြားနတ်ဆိုးကျင့်ကြံသူတွေလည်း မိန်မောနေရာမှ နိုးနိုးကြားကြားဖြစ်သွားကြ၏။
သူတို့လည်း သူတို့ကြားရှိကွားဟချက်ကိုသိပြီး အနိုင်ရရှိမှုဆိုတာ အရေအတွက်ပေါ်မူတည်သည့်ကိစ္စမဟုတ်ပေ။
ကျူးကျော်လာသူမှာ ထိုက်ရွမ်ဂိုဏ်း၏ ထိပ်တန်းပါရမီရှင်တစ်ယောက်ဖြစ်ရမည်ပင်။
အဆင့်တူမှာ ပြိုင်ဘက်ကင်း၏။
"ပြေး..."
တွေဝေမနေတော့ပဲ နတ်ဆိုးကျင့်ကြံသူတွေ တစ်ဖက်လှည့်ကာ ပြေးတော့သည်။
သို့ပေမယ့် ရွှေရောင်ဓားချီတွေက ပတ်ဝန်းကျင်၌ ပြည့်နှက်နေပြီး ၎င်းတို့၏လွတ်မြောက်ရာလမ်းကြောင်းအားလုံးကို ပိတ်ဆို့ထားသည်။
ဘန်း!
အသက်ရူချိန် တစ်ဒါဇင်လောက်ကြာပြီးနောက် နောက်ဆုံးနတ်ဆိုးကျင့်ကြံသူ မြေပြင်ပေါ် လဲကျသွားသည်။
ပတ်ပတ်လည်၌ သက်ရှိအရိပ်အယောင်တစ်ခုမှမရှိတော့ပေ။
မြေကြီးက သွေးရောင်ပြောင်းနေပြီး စမ်းချောင်းကဲ့သို့စီးဆင်းနေရာ တောင်ကြားထဲရှိမြူတွေတောင် အနီရောင်စွန်းထင်နေ၏။
အနက်နှင့် အဖြူချီတွေလည်း မဆက်မပြတ်ထွက်ပေါ်နေပြီး မုန့်ချန်ချင်းဆီ တိုးဝင်နေခဲ့ကာ လက်ပခုံပေါ်မှာ စုစည်းကုန်၏။
"သတ်ဖြတ်ခြင်းတာအို..."
မုန့်ချန်ချင်း အသက်ပြင်းပြင်းရူလိုက်၏။
ဤအခိုက်အတန့်၌ သူ့စိတ်အခြေအနေက သိသိသာသာပြောင်းလဲသွားပြီး ယခင်ကနှင့်မတူတော့ပဲ သတ်ဖြတ်လိုစိတ်တွေဖြင့် ပြည့်နှက်နေခဲ့သည်။
မျက်လုံးတွေတောင် အရိုးထဲထိအေးစိမ့်သွားစေမည့် အအေးဓာတ်တွေနှင့် ပြည့်နှက်နေ၏။
သူအရင်က လူသတ်ဖူး၏။ ပိုင်ယွင်တောင်တုန်းကဆို များစွာသောလူတွေကိုတောင် သတ်ဖူး၏။
သို့ပေမယ့် ဤအချိန်က မတူပေ။
နှလုံးသားနည်းစနစ်ကို လည်ပတ်ထားပြီး ဖြူနက်ချီကို ပေါင်းစပ်နေရာ သူ့စိတ်အား တစ်စုံတစ်ခုက သက်ရောက်နေပုံပေါ်၏။
၎င်းမှာ သတ် သတ် သတ် ဆိုတာပဲ အဆက်မပြတ်အော်နေခဲ့သည်။
"သတ်ဖြတ်ခြင်းတာအို လွမ်းမိုးမှု..."
မုန့်ချန်ချင်း မျက်လုံးမှိတ်လိုက်သည်။
လျို့ဝှက်စာအုပ်ထဲ၌ မှတ်တမ်းတွေရှိ၏။
ဤဓားနည်းစနစ်မှာ ကျင့်ကြံပြီးနောက် အလွန်အမင်းအစွမ်းထက်သော်လည်း ၎င်း၏လိုအပ်ချက်ဖြစ်သည့် အများအပြားသတ်ဖြတ်ခြင်းနှင့် သတ်ဖြတ်ခြင်းအော်ရာကိုစုပ်ခြင်းကြောင့် လုပ်ဆောင်နေစဥ်အတောအတွင်း သက်ရောက်ခံရမည်ဖြစ်သည်။
စိတ်ဆန္ဒအားနည်းသူတွေဆို သတ်ဖြတ်ခြင်းတာအိုအတွင်း လုံးဝကို ကျရောက်သွားမည်ဖြစ်သည်။
"တကယ်ကို မြေကမ္ဘာအဆင့်မြင့်နည်းစနစ်ပဲ... တကယ်ကျင့်ကြံဖို့မလွယ်ဘူး..."
မုန့်ချန်ချင်း မျက်လုံးပြန်ဖွင့်လာပြီး နှလုံးသားနည်းစနစ်လည်ပတ်နေတာကို ရပ်တန့်လိုက်၏။
ထိုအခါ သူ့နားထဲရှိ ခပ်ဖျော့ဖျော့အသံလည်း ပျောက်ကွယ်သွားခဲ့သည်။
"ဒါပေမယ့် ဒါက ငါ့အတွက် ပြဿနာကြီးမဟုတ်ဘူး..."
မုန့်ချန်ချင်း ခပ်ဖွဖွပြုံးလိုက်သည်။
သူက ဤလောက်များသည့်သက်ရှိတွေကို သတ်ဖို့မလိုပေ။ အတားအဆီးနှင့်တွေ့သည်နှင့် စနစ်သုံးပြီး ကြားအဆင့်တွေကို ကျော်လိုက်လို့ရတာပဲဖြစ်သည်။
"ဒါပေမယ့် စိတ်စွမ်းအားကတော့ ဆက်လက်တိုးတက်ဖို့လိုသေးတယ်..."
အတွေးပြန်ရုတ်သိမ်းပြီး မုန့်ချန်ချင်းအမူအရာ တည်ငြိမ်လာခဲ့သည်။
သိုင်းပညာနယ်ပယ်တိုးတက်လာသည်နှင့် လူတစ်ယောက်၏ စိတ်အခြေအနေနှင့် စိတ်စွမ်းအားမှာလည်း ပိုပိုအရေးကြီးလာသည်။
မဟုတ်လျှင် အလွယ်တကူလမ်းကြောင်းမှသွေဖယ်ပြီး နတ်ဆိုးလမ်းစဥ်သို့ ကျရောက်သွားနိုင်တာပဲဖြစ်သည်။
"စုစုပေါင်း တစ်ရာနဲ့နှစ်ဆယ့်သုံးယောက်..."
"အခု နောက်ဆုံးတစ်ယောက်ပဲ ကျန်တော့တယ်..."
မုန့်ချန်ချင်း ရှေ့တက်လာသည်။
သူ့ကိုယ်ပေါ်ရှိ အဖြူရောင်ဝတ်စုံမှာလည်း သွေးရောင်ပြောင်းနေပြီး နတ်ဆိုးလမ်းစဥ်ကျင့်ကြံသူတစ်ယောက်လို ပုံပေါ်စေ၏။
ဘုန်း!
တောင်ကြားအနက်ပိုင်း၌....
အစွမ်းထက်အော်ရာတစ်ခု ရုတ်တရက် ခန်းမတစ်ခုထဲမှ လိမ့်တက်လာခဲ့သည်။
ချက်ချင်းပဲ ဖုန်မှုန့်နှင့် ကျောက်တုံးတွေ လွင့်ပျံကုန်ပြီး မြေပြင်တုန်ခါလာ၏။
ထိုနောက် ခန်းမအမိုးပြိုကျသွားပြီး ပုံရိပ်တစ်ခု လေထဲခုန်တက်လာကာ မည်သည့်အကူအညီမှမရှိပဲ လေထဲမှာ မတ်တပ်ရပ်နေခဲ့သည်။
ဤလူမှာ အနက်ရောင်ဝတ်စုံကိုဝတ်ဆင်ထားပြီး အဖြူရောင်ဆံပင်တွေက ညင်သာစွာ လွဲယမ်းနေခဲ့သည်။
အနီရောင်မြေပြင်ကိုမြင်သည့်အခါ ဒေါသအရိပ်အယောင်တစ်ခု သူ၏အနည်းငယ်ရီဝေသည့်မျက်လုံးထဲ၌ ပေါ်လာခဲ့သည်။
အစောပိုင်း သူက တံခါးပိတ်ပြီး ဒဏ်ရာကုသနေရာ သူ့စခန်း ထိုးဖောက်ခံရပြီး သုတ်သင်ခံရမည်ဟု မျှော်လင့်မထားပေ။
ထို့ပြင် အရမ်းမြန်လွန်း၏။
"ထိုက်ရွမ်ဂိုဏ်းတပည့်..."
နတ်ဆိုးဂိုဏ်းအကြီးအကဲအကြည့် မုန့်ချန်ချင်းဆီရောက်သွားသည်။
တစ်ကိုယ်လုံး၌လည်း သတ်ဖြတ်ခြင်းအော်ရာတွေပြည့်နှက်နေပြီး မျက်ခွံတွေကို ကျုံ့နေစေသည်။
ထို့ပြင် အကြောင်းပြချက်အချို့ကြောင့် သူ့နှလုံးသားထဲ၌ မလွယ်ကူမှုကို ခံစားနေရသည်။
"အဓိပ္ပာယ်မရှိတာ..."
အလျှင်အမြန် အာရုံပြန်စုစည်းပြီး နတ်ဆိုးဂိုဏ်းအကြီးအကဲ ဤထူးဆန်းသည့်အတွေးကို ဖယ်ထုတ်လိုက်သည်။
ကျူးကျော်လာသူမှာ ပင်လယ်ခွဲခြမ်းခြင်းနယ်ပယ် အဆင့် ၇ သာရှိပြီး တာအိုဖန်တီးခြင်းနယ်ပယ်မဟုတ်တာ သူမြင်နေရ၏။
သူက တာအိုဖန်တီးခြင်းနယ်ပယ်ဝင်ကာစဆိုသော်လည်း နယ်ပယ်နှစ်ခုကြား၌ ကြီးမားသည့်ကွာဟချက်ရှိနေဆဲဖြစ်သည်။
သူက ထိုကောင်ကို အလွယ်တကူ ခြေမွပစ်နိုင်သည်။
"ရဲတင်းလိုက်တာ, တစ်ယောက်တည်းလာရဲတယ်ပေါ့..."
"မတော်တဆလား ဒါမှမဟုတ် ဂိုဏ်းက စီစဥ်ပေးလိုက်တာလား..."
နတ်ဆိုးဂိုဏ်းအကြီးအကဲ ပတ်ဝန်းကျင်ကို စစ်ဆေးလိုက်သည်။
သို့ပေမယ့် ဤနေရာ၌ တစ်ယောက်မှရှိမနေခဲ့ပေ။
"စစ်ဆေးဖို့မလိုပါဘူး... ငါတစ်ယောက်တည်းပဲလာခဲ့တာ..."
မုန့်ချန်ချင်း ဖြည်းညင်းစွာချည်းကပ်လာပြီး နတ်ဆိုးဂိုဏ်းအကြီးအကဲကို အဝေးမှ မျက်နှာချင်းလိုက်၏။
တစ်ချိန်တည်းမှာပဲ သူ၏ ကြည့်ရှုရေးမျက်လုံးကို အသက်သွင်းလိုက်သည်။
အဆုံးမှာတော့ ထိုအရာက တာအိုဖန်တီးခြင်းနယ်ပယ်ဖြစ်၏။
စွမ်းရည်တွေက အတော်လေးကောင်းသင့်သည်မဟုတ်လား?..
အခြေခံအချက်အလက်-
[အမည်- ထျန်းပန်]
[မျိုးနွယ်- လူသား]
[ကျင့်ကြံရေး- တာအိုဖန်တီးခြင်းနယ်ပယ်အဆင့် ၁]
ပင်ကိုယ်ပါရမီအချက်အလက်-
[အမြစ်ရိုး- အဆင့် ၃]
[နားလည်နိုင်စွမ်း- သာမန်]
[သိုင်းပညာနှင့် နည်းစနစ်- စမ်းချောင်းဝါသွေးဝါးမျိုခြင်းနည်းစနစ် (တစ်စိတ်တစ်ပိုင်းကျွမ်းကျင်)၊ မြေအောက်ကမ္ဘာနှလုံးဖောက်လက်သည်း (ပြီးပြည့်စုံခြင်းအဆင့်)၊ လျှပ်တပြတ်သွေးကြော (တစ်စိတ်တစ်ပိုင်းကျွမ်းကျင်)]
"ဇယားကတော့ သာမန်ပါပဲ..."
မုန့်ချန်ချင်းမျက်လုံးတွေ အနည်းငယ်လှုပ်ရှားသွား၏။
ကြည့်ရတာ ဤအဆင့်မှာ ဤကောင်၏ကန့်သတ်ချက်ဖြစ်ပုံပင်။
အနာဂတ်၌ အံ့ဖွယ်ဆေးနှင့် ဆေးလုံးတွေမရှိလျှင် နောက်ထပ်တိုးတက်မည်မဟုတ်ပေ။
သိုင်းပညာနှင့် နည်းစနစ်အတွက်တော့ အားလုံးက နတ်ဆိုးနည်းစနစ်တွေဖြစ်ပြီး သင်ယူလို့မရပေ။
"ကံမကောင်းစွာနဲ့, ဒီနေမိတ်ဆွေစာရင်းပြည့်နေတယ်..."
မုန့်ချန်ချင်း မျက်လုံးပိတ်ပြီး ညင်သာစွာ ပြောလိုက်သည်။
"မင်းဘာတွေပြောနေတာလဲ..."
နတ်ဆိုးဂိုဏ်းအကြီးအကဲ ကြောင်သွား၏။
ဘာကိုမိတ်ဆွေစာရင်းလဲ?
သူက လုံးဝကို နားမလည်ပေ။
သို့ပေမယ့် သူသာ အဓိပ္ပာယ်ကိုသိခဲ့လျှင် ထအော်ဆဲနေပြီဖြစ်သည်။
ဇယားကသာမန်လည်းဆိုကော မိတ်ဆွေစာရင်းပြည့်သွားပြီဖြစ်သည်။
ထိုအရာမှာ လူမျိုးရေးခွဲခြားတာမဟုတ်လား။
"မင်းက တစ်ယောက်တည်းလာရဲတယ်ဆိုတော့ မင်းခွန်အားမင်းယုံကြည်မှုရှိတာလား ဒါမှမဟုတ် တာအိုဖန်တီးခြင်းနယ်ပယ်ကို လျော့တွက်တာလား..."
အများကြီးမတွေးပဲ နတ်ဆိုးဂိုဏ်းအကြီးအကဲ၏မျက်နှာ မဲမှောင်သွား၏။
ဘယ်လိုပဲဖြစ်ဖြစ် ဤနေရာက ယခု ပေါ်သွားပြီဖြစ်သည်။
ပြန်ရောက်လျှင်ရှင်းပြဖို့တစ်ခုတည်းသောနည်းလမ်းမှာ ဤထိုက်ရွမ်ဂိုဏ်းတပည့်ကို သတ်ဖို့ပဲဖြစ်သည်။
မဟုတ်လျှင် အဆင့်မြင့်စခန်းတစ်ခု ဤကဲ့သို့ပျက်စီးသွားတာ သေချာပေါက် အပြစ်ပေးခံရမည်ဖြစ်သည်။
ထို့ပြင် နတ်ဆိုးဂိုဏ်း၏အပြစ်ပေးမှုက ဟာသမဟုတ်ပေ။
"စကားပြောတာ တော်လောက်ပြီ, တာအိုဖန်တီးခြင်းနယ်ပယ်ရဲ့စွမ်းအားကို ကြည့်ပါရစေ..."
မုန့်ချန်ချင်းပြန်မဖြေပဲ ထိုအစား စိတ်ဝိညာဥ်ဓားကို ဖြည်းညင်းစွာဝှေ့ယမ်းလိုက်သည်။
ထိုအခါ သန်မာသည့်တိုက်ခိုက်လိုစိတ်တွေ သူ့မျက်လုံးထဲ၌ ပေါ်လာခဲ့သည်။
နယ်ပယ်ပိုမြင့်လေလေ တိုက်ခိုက်လိုစိတ် ပိုပြင်းထန်လေလေဖြစ်သည်။
ဤအရာကို သူ့ဘဝမှာ ပထမဆုံးဟု ပြောနိုင်၏။
အဆုံးမှာတော့ သူ၏ယခင်ဘဝနားလည်နိုင်စွမ်းအရ နယ်ပယ်နှစ်ခုကြားကွာဟချက်မှာ ကောင်းကင်နှင့်မြေကြီးကဲ့သို့ဖြစ်ပြီး ကျော်လွားဖို့မဖြစ်နိုင်ပေ။
"မောက်မာတယ်..."
သတ်ဖြတ်လိုစိတ်တစ်ခု နတ်ဆိုးဂိုဏ်းအကြီးအကဲမျက်လုံးတွေထဲမှာ ပေါက်ကွဲထွက်လာခဲ့သည်။
ထို့နောက် သူ့ပုံရိပ်ရုတ်တရက် ပျောက်ကွယ်သွားသည်။
ပြန်ပေါ်လာသည့်အခါ မုန့်ချန်ချင်းရှေ့ကို ရောက်နေပြီဖြစ်ပြီး ညာလက်မြောက်ကာ အစွမ်းထက်အနက်ရောင်စစ်မှန်ချီတွေ တစ်ဟုန်ထိုးထွက်ပေါ်လာ၏။
"မြန်လှကြီလား..."
မုန့်ချန်ချင်းမျက်လုံးတွေ အနည်းငယ် ကျုံ့သွားသည်။
တစ်ချိန်တည်းဆိုသလိုပဲ အချိန်အတော်ကြာပြင်ဆင်ထားသည့် ဘုရင်ချပ်ဝတ် ပေါ်လာခဲ့သည်။
လက်ငါးချောင်းကျဆင်းလာသည့်အခါ မိန်ဖျော့ဖျော့ရွှေရောင်ချပ်ဝတ်က ဝတ်ဆင်ပြီးနေပြီဖြစ်သည်။
ထန်!
ထိပ်တိုက်တွေ့သွားသည့်အခိုက်အတန့် ရှေးဟောင်းခေါင်းလောင်းတီးခတ်လိုက်သလို အသံတစ်ခု ပဲ့တင်ထပ်ထွက်ပေါ်လာခဲ့သည်။
လက်ငါးချောင်း ချပ်ဝတ်ကိုမထိုးဖောက်နိုင်ပဲ ရုတ်ချည်းရပ်တန့်ခံလိုက်ရ၏။
"ဒါ ဘာနည်းစနစ်လဲ..."
နတ်ဆိုးဂိုဏ်းအကြီးအကဲ၏အမူအရာ အနည်းငယ် ရှုပ်ထွေးသွား၏။
သူ၏ မြေအောက်ကမ္ဘာနှလုံးကွဲကြေလက်ည်းက အဆင့်နိမ့်မြေကမ္ဘာနည်းစနစ်ဖြစ်ပြီး ပြီးပြည့်စုံခြင်းအဆင့်ကို ရောက်နေပြီဖြစ်သည်။
သဘောတရားအရ ပင်လယ်ခွဲခြမ်းခြင်းနယ်ပယ်ကျင့်ကြံသူ အဆင့်တူခုခံရေးနည်းစနစ်သုံးပြီး ခုခံလျှင်တောင် ရပ်တန့်ဖို့ဖြစ်နိုင်မည်မဟုတ်ပေ။
အဆုံးမှာတော့ သူက စစ်မှန်အနှစ်သာရကို အသုံးပြုခဲ့တာဖြစ်သည်။
သို့ပေမယ့် ယခုတော့ ဤကောင်လေး၏ခုခံရေးသိုင်းပညာမှာ ခုခံနိုင်ခဲ့သည်။
အဖြေက တစ်ခုသာရှိတော့၏။
ဤခုခံရေးသိုင်းပညာမှာ အနည်းဆုံး မြေကမ္ဘာအလယ်အလတ်အဆင့်ဖြစ်ရမည်ပင်။
ရွစ်!
ဓားအလင်းတန်းချည်းကပ်လာ၏။
အများကြီးတွေးနေဖို့ အချိန်မရှိပဲ နတ်ဆိုးဂိုဏ်းအကြီးအကဲ နောက်ဆုတ်လိုက်သည်။
မီတာဒါဇင်နှင့်ချီဆုတ်ပြီးမှ သူ့မျက်လုံးထဲမှာ လေးနက်သည့်အမူအရာတစ်ခု ရှိနေခဲ့သည်။
"မင်းတစ်ယောက်တည်းလာရဲတာ မအံ့သြတော့ပါဘူး... မင်းက တကယ်ကို တစ်ခုခုတော့တစ်ခုခုပဲ...."