အခန်း (၅၇၁-၅၇၃)
Vol. 39 Ch. 571-573
အခန်း (၅၇၁) - အမြုတေ ဖွဲ့စည်းခြင်း အဆင့် ရှစ် (၂)
အလှည့်ခုနစ်ကြိမ် ရွှေအမြုတေ မှ အလှည့်ရှစ်ကြိမ် ရွှေအမြုတေ အဖြစ်သို့ အသွင်ပြောင်းလဲခြင်းမှာ ယခင်ကထက် များစွာ ပိုမို ခက်ခဲ နက်နဲမည်မှာ သေချာလှ၏။
စုယွီသည် ခေါင်းကို ညင်သာစွာ ခါယမ်းလိုက်ပြီး သူ၏ စိတ်အာရုံကို ကျွမ်းကျင်မှု မျက်နှာပြင် ထံသို့ ပို့ဆောင်လိုက်၏။
[ကျင့်ကြံခြင်း - အမြုတေ ဖွဲ့စည်းခြင်း အဆင့် ရှစ်]
[သက်တမ်း - ၂၀၇/၁၂၈၅ နှစ်]
[ကျင့်စဉ်များ - ဓာတ်ကြီးငါးပါး ကျင့်စဉ် (အမြုတေ ဖွဲ့စည်းခြင်း အဆင့် ရှစ်၊ ကျွမ်းကျင်မှု ၀.၀၁%)၊ အင်မော်တယ် ခန္ဓာ ကျင့်စဉ် (အဆင့် ၃၊ ကျွမ်းကျင်မှု ၉၆.၁၉%)၊ သွေးဝေလငါး လမင်းမြို သိုင်းကျမ်း (အဆင့် ၃၊ ကျွမ်းကျင်မှု ၉၀%)၊ အထက်ဘုံ သန့်စင်သော မူလတာအို နိယာမ (ကျွမ်းကျင်အဆင့်၊ ကျွမ်းကျင်မှု ၉၁.၆၇%)၊ ...၊ ရွှေပုစဉ်းရင်ကွဲ ကျင့်စဉ် (အဆင့် ၄၊ ကျွမ်းကျင်မှု ၉.၃၇%)]
[မန္တန်များ - သစ်သားနွယ်ပင် မန္တန် (ကျွမ်းကျင်အဆင့်)... ယင်ယန် ထွက်ပြေးခြင်းယင်ယန် လွတ်မြောက်ခြင်း နည်းစနစ် (ကျွမ်းကျင်အဆင့်)၊ ပုစဉ်း ပိုးတုံးလုံး အချိန်တာအို ကျင့်စဉ် (အခြေခံအဆင့်၊ ကျွမ်းကျင်မှု ၉၇.၂၁%)၊ ကောင်းကင်ပိုင်းဖြတ် နတ်ဘုရား ကျင့်စဉ် (အစပြုအဆင့်၊ ကျွမ်းကျင်မှု ၈၈.၇၄%)၊ ဟင်းလင်းပြင် လွတ်မြောက်ခြင်းဟင်းလင်းပြင် ခွဲထွက်ခြင်း နည်းစနစ် (အခြေခံအဆင့်၊ ကျွမ်းကျင်မှု ၄.၈၂%)]
ဤတစ်ကြိမ်တွင် အမြုတေ ဖွဲ့စည်းခြင်း သတ္တမအဆင့်မှ အဋ္ဌမအဆင့်သို့ တက်လှမ်းရန် အတွက် စုယွီ အနေဖြင့် ဆယ့်ကိုးနှစ်တိုင်တိုင် အချိန်ယူခဲ့ရသည်။ သို့သော်လည်း သူ၏ အမှန်တကယ် သက်တမ်းမှာမူ ဆယ့်ငါးနှစ်သာ ကြီးရင့်သွားခဲ့ခြင်း ဖြစ်၏။ ဆိုလိုသည်မှာ သူသည် ပုစဉ်း ပိုးတုံးလုံး အချိန်တာအို ကျင့်စဉ်ကို အသုံးပြု၍ သူ၏ သက်တမ်းကို လေးနှစ်မျှ အောင်မြင်စွာ တိုးမြှင့်နိုင်ခဲ့ခြင်းပင် ဖြစ်၏။ ထို့အပြင် ယခု အဆင့်ချိုးဖြတ်သွားမှုကြောင့် သူ၏ စုစုပေါင်း သက်တမ်းမှာ နောက်ထပ် ခြောက်ဆယ့်ငါးနှစ်တိတိ တိုးပွားလာခဲ့တော့၏။
'နောက်ဆုံးတော့... ငါ့ရဲ့ ချီစွမ်းအင် ကျင့်ကြံမှု ကလည်း အမြုတေ ဖွဲ့စည်းခြင်း အဆင့် ရှစ် ကို ရောက်သွားပြီ...'
စုယွီ လေကို ဖွဖွလေး မှုတ်ထုတ်လိုက်ပြီး သူ၏ မျက်ဝန်းများ ထဲတွင် ပီတိ အရိပ်အယောင်များ ဝင်းလက် သွား၏။ သဘာဝ ကျင့်ကြံခြင်း ပါရမီရှင် ဖြစ်သော မာထျန်းလင်၏ ကျင့်ကြံခြင်း နှုန်းထားလောက် မမြန်ဆန်သော်ငြားလည်း အခြားသော သာမန် ပါရမီရှင် များနှင့် နှိုင်းယှဉ်လိုက်ပါက သူ၏ တိုးတက်မှု နှုန်းမှာ သိပ်ပြီး နောက်ကောက်ကျ ကျန်ရစ်နေခြင်း မရှိလှချေ။
မျက်နှာပြင် ပေါ်ရှိ အင်မော်တယ် ခန္ဓာ ကျင့်စဉ် ကို ဆက်လက် ကြည့်ရှုလိုက်သောအခါ... သူ၏ မျက်ခုံးတန်းများ အနည်းငယ် တွန့်ချိုးသွားပြီး စဉ်းစား တွေးတော နေမိသည်။
'တတိယအဆင့် ရဲ့ ပြီးပြည့်စုံတဲ့ အနေအထား ကို ရောက်ဖို့ သိပ်မလိုတော့ဘူးပဲ...'
ယခင်က သူသည် အင်မော်တယ် ခန္ဓာ ကျင့်စဉ်၏ အလယ်ပိုင်း ကျင့်စဉ် ကို ရှာဖွေ တွေ့ရှိခဲ့ပြီး ဖြစ်၏။ ထို့ကြောင့် စတုတ္ထအဆင့် သို့ ဆက်လက် တက်လှမ်းရန် အတွက် မည်သည့် အခက်အခဲမျှ ရှိလာမည် မဟုတ်ချေ။ အကယ်၍ အင်မော်တယ် ခန္ဓာ ကျင့်စဉ် ကိုသာ စတုတ္ထအဆင့် သို့ အောင်မြင်စွာ တက်လှမ်းနိုင်ခဲ့မည် ဆိုလျှင်... မူလ ဝိဉာဉ်အဆင့် (၁) ရှိသော အရှင်သခင် တစ်ပါးကို သူ အမှန်တကယ်ပင် ယှဉ်ပြိုင် တိုက်ခိုက်နိုင်စွမ်း ရှိလာပေလိမ့်မည်။
"ငါ အဆင့်ချိုးဖြတ်ဖို့ သိပ်မလိုတော့ဘူး... အမြန်ဆုံး အဆင့်ချိုးဖြတ်နိုင်ဖို့ ပိုပြီး ကြိုးစားအားထုတ်ရမယ်... အဲဒီအချိန်ကျရင်... ငါ့ခန္ဓာကိုယ် ရဲ့ စွမ်းအား က မူလ ဝိဉာဉ်အဆင့် နဲ့ တန်းတူ ဖြစ်သွားမှာပဲ..."
စုယွီ၏ မျက်ဝန်းများ ထဲတွင် မျှော်လင့်ချက်များ နှင့် စိတ်လှုပ်ရှားမှုများ တောက်ပ ဝင်းလက် နေတော့၏။
ထို့နောက် အခြားသော ကျင့်စဉ်များကို သူ ဆက်လက် ကြည့်ရှုလိုက်သည်။ အထက်ဘုံ သန့်စင်သော မူလတာအို နိယာမ မှာ ကျွမ်းကျင်အဆင့် တွင်သာ ရှိနေဆဲ ဖြစ်ပြီး ပြီးပြည့်စုံခြင်း အဆင့်သို့ ရောက်ရှိရန် သိပ်မလိုတော့ချေ။
အလှည့်ရှစ်ကြိမ် ရွှေအမြုတေ အဖြစ်သို့ အသွင်ပြောင်းလဲရန် အတွက်... ဦးစွာ အထက်ဘုံ သန့်စင်သော မူလတာအို နိယာမ ကို ပြီးပြည့်စုံခြင်း အဆင့်သို့ ရောက်ရှိအောင် အရင်ဆုံး မြှင့်တင်ရန် လိုအပ်မည်ဟု စုယွီ ခံစားမိသည်။ ထိုမှသာ အဆင့်ချိုးဖြတ်ရန် အခွင့်အရေး ရရှိလာပေလိမ့်မည်။ ရွှေပုစဉ်းရင်ကွဲ ကျင့်စဉ်ကို နှစ်ပေါင်းများစွာ လေ့ကျင့်လာခဲ့ပြီးနောက် ၎င်း၏ တိုးတက်မှု နှုန်းမှာ တတိယအဆင့် တုန်းကနှင့် နှိုင်းယှဉ်လျှင် အတော်လေး နှေးကွေး သွားခဲ့၏။ သို့သော် သူ၏ ဝိညာဉ်မှာ ယခင်ကထက် များစွာ ပိုမို အားကောင်း လာခဲ့ပြီ ဖြစ်ကြောင်းကိုတော့ စုယွီ ရှင်းလင်းစွာ ခံစား သိရှိနေရသည်။
'နောက်တစ်ဆင့် ထပ်တက်ဖို့ အချိန် သိပ်မလိုလောက်တော့ဘူး...'
အောက်ဘက်ရှိ မန္တန်များတွင်မူ ပုစဉ်း ပိုးတုံးလုံး အချိန်တာအို ကျင့်စဉ် နှင့် အခြား မန္တန်များ၏ ကျွမ်းကျင်မှု ပမာဏမှာ အနည်းငယ်မျှသာ တိုးတက်လာခဲ့သည်။ သာမန် မန္တန်များ နှင့် နှိုင်းယှဉ်လိုက်ပါက ဤကဲ့သို့သော ထူးကဲ အစွမ်းထက်သည့် မန္တန်များ၏ ကျွမ်းကျင်မှု တိုးတက်နှုန်းမှာ အလွန်တရာ နှေးကွေး လွန်းလှ၏။
သူ၏ နေ့စဉ် ကျင့်ကြံမှုများကို အဆုံးသတ်ပြီးနောက် စုယွီသည် ပုစဉ်း ပိုးတုံးလုံး အချိန်တာအို ကျင့်စဉ်ကို ရုပ်သိမ်းလိုက်ပြီး တံခါးပိတ် ကျင့်ကြံခြင်းမှ ထွက်ပေါ်လာခဲ့သည်။
ထိုညတွင် သူသည် သူ၏ ကျင့်ကြံခြင်း အဆင့်ချိုးဖြတ်သွားမှုကို ဂုဏ်ပြုသည့် အနေဖြင့် လင်းချင်းရှား၊ လင်းပင်း နှင့် ယန်ယွီမင် တို့ သုံးဦးနှင့်အတူ ခမ်းနား ကြီးကျယ်လှသော စားသောက်ပွဲကြီး တစ်ခုကို ထပ်မံ ကျင်းပခဲ့၏။ သူတို့၏ နေ့ရက်များမှာ အလွန်တရာ ပျော်ရွှင် ချမ်းမြေ့ဖွယ် ကောင်းလှ၏။
တစ်လကျော် ကုန်လွန်သွားပြီးနောက် စုယွီသည် အင်မော်တယ် ဂိတ်တံခါး သို့ ထပ်မံ ပြန်လည် ရောက်ရှိလာခဲ့သည်။
တာ့ယွီ တောင်ထွတ်သို့ ရောက်သောအခါ..
တောအုပ် အတွင်းရှိ ကျောက်သား လမ်းငယ်လေး အတိုင်း တောင်ခါးပန်းဆီသို့ လျှောက်လှမ်းလာစဉ်... သူ၏ ကျောက်ဂူစံအိမ် ဘေးတွင် သစ်သား အိမ်အသစ် တစ်လုံး ရုတ်တရက် ပေါ်ပေါက် နေသည်ကို မြင်လိုက်ရသဖြင့် စုယွီ အံ့အားသင့် သွားရ၏။
(စာဖတ်သူများသို့ တောင်းပန်ချက်.. ယခင်အပိုင်းများက စုယွီ၏ ဆရာ နေထိုင်ရာ တောင်ထွတ်ကို တာ့ယွဲ့ တောင်ထွတ် ဟု သုံးနှုန်းရေးသားထားခဲ့ပါသည်။ ယခု တာ့ယွီ* တောင်ထွတ် ဟု ပြင်ဆင် ဖတ်ရှုပေးပါရန်..)
"ဟင်..."
"ဝှစ်... ဝှစ်..."
ထိုအချိန်တွင် ကောင်းကင်ယံမှ ခရမ်းရင့်ရောင် ပုံရိပ်တစ်ခု ထိုးဆင်းလာပြီး မြေပြင်အောက်မှလည်း ခရမ်းရောင် ပုံရိပ်တစ်ခု တိုးထွက်လာကာ စုယွီ၏ အနီးသို့ ရောက်ရှိလာကြသည်။
"ကွီး..."
ထိုက်ရွှီသည် စုယွီ၏ အရှေ့သို့ ဆင်းသက်လိုက်၏။ ၎င်း၏ ခန္ဓာကိုယ် အရွယ်အစားမှာ ယခင်ကထက် များစွာ ကြီးမားလာပြီး ပေသုံးဆယ်ကျော် အထိ မြင့်မားနေလေပြီ။ သို့သော် ပုံစံကတော့ အလုံးကြီး အတိုင်းပင် ရှိနေဆဲ ဖြစ်၏။
ဤအခိုက်အတန့်တွင် စုယွီ၏ အရှေ့သို့ ရောက်ရှိလာသော အခါ ထိုက်ရွှီက အနည်းငယ် ဂျီကျသည့် အသံဖြင့် အော်ဟစ်လိုက်ပြီး အသံထဲတွင် အလိုမကျမှု အရိပ်အယောင်များ ပါဝင်နေ၏။
ဘာပဲပြောပြော ၎င်း၏ သခင် ဖြစ်သူ စုယွီကို မတွေ့ရသည်မှာ အတော်လေး ကြာမြင့်နေခဲ့ပြီ ဖြစ်၏။
မိမျကို အစာမကျွေးတာ ဘယ်လောက်တောင် ကြာပြီလဲ။ ၎င်း ဘယ်လောက်တောင် ပိန်သွားပြီလဲ ဆိုတာ သခင် မမြင်ဘူးလား။
ကောင်းကင် မိုးကြိုးကြွက်ဘုရင် ကတော့ ဂျီကျရဲသည့် သတ္တိ မရှိချေ။ ၎င်းသည် မြေကြီးအောက်မှ တိုးထွက်လာပြီးနောက် စုယွီအား ရိုသေ ကျိုးနွံစွာဖြင့် ဦးညွှတ် နှုတ်ဆက်လိုက်သည်။
"သခင်... ပြန်ရောက်လာပြီလား ခင်ဗျာ..."
"အင်း..."
စုယွီက ချီသန့်စင်အိုးကို ဆင့်ခေါ်လိုက်ပြီး သူ၏ လက်ချောင်း တစ်ချက် အသာအယာ လှုပ်ရှားမှုဖြင့် စတုတ္ထအဆင့် အဆင့်နိမ့် ဝိညာဉ်အရည် နှစ်စက်ကို ထိုက်ရွှီ နှင့် ကောင်းကင် မိုးကြိုးကြွက်ဘုရင် တို့ထံသို့ အသီးသီး လွှင့်ပျံသွားစေလိုက်၏။
စတုတ္ထအဆင့် အဆင့်နိမ့် ဝိညာဉ်အရည် ထံမှ ဖြာထွက်နေသော ပြင်းထန်လှသည့် ဝိညာဉ်စွမ်းအင် များကို ရှူရှိုက် မိလိုက်သောအခါ ထိုက်ရွှီ နှင့် ကောင်းကင် မိုးကြိုးကြွက် တို့၏ မျက်လုံးများမှာ ဝင်းလက် တောက်ပ သွားကြပြီး... ထို ဝိညာဉ်အရည် စက်များကို မျိုချရန် အငမ်းမရ ပါးစပ် ဟလိုက်ကြတော့သည်။
"ဘုန်း..."
စတုတ္ထအဆင့် အဆင့်နိမ့် ဝိညာဉ်အရည် များသည် သူတို့၏ ဝမ်းဗိုက် အတွင်းသို့ ဝင်ရောက်သွားသည် နှင့် တစ်ပြိုင်နက် မယုံကြည်နိုင် လောက်အောင် များပြားလှသော စွမ်းအင်များ အဖြစ် ပြောင်းလဲသွားပြီး သူတို့၏ ခန္ဓာကိုယ် တစ်လျှောက် ဒလဟော စီးဆင်း သွားကြတော့၏။
ထိုက်ရွှီ နှင့် ကောင်းကင် မိုးကြိုးကြွက်ဘုရင် တို့ နှစ်ကောင်စလုံးမှာ သက်သောင့်သက်သာ ဖြစ်မှုကြောင့် မနေနိုင် မထိုင်နိုင် အော်ဟစ် ညည်းတွား လိုက်ကြသည်။
“အွီ…”
အစာစားပြီး သွားသောအခါ ထိုက်ရွှီသည် ချက်ချင်းပင် ဝမ်းသာအားရ အော်ဟစ်လိုက်၏။ ၎င်း၏ သခင်ကိုယ်တိုင် အစာကျွေးခြင်းထက် ပို၍ ကောင်းမွန်သော အရာသည် ဤလောကတွင် လုံးဝ မရှိတော့ချေ။
ကောင်းကင် မိုးကြိုးကြွက်ဘုရင် ကလည်း ခေါင်းကို ညွှတ်ကာ ရိုသေစွာ ပြောလိုက်သည်။
"ကျေးဇူးတင်ပါတယ် သခင်... ဟဲဟဲ..."
စုယွီသည် ခြံဝင်းငယ်လေးကို လှမ်းကြည့်လိုက်ပြီး မေးမြန်းလိုက်၏။
"ဒီနေရာမှာ ဘာတွေ ဖြစ်နေတာလဲ..."
ကောင်းကင် မိုးကြိုးကြွက်ဘုရင် ၏ မျက်လုံးများ အရောင်လက်သွားပြီး ရှင်းပြလိုက်သည်။
"သခင် မေ့သွားပြီလား... အရင်တုန်းက ဆရာသခင်က တပည့်အသစ် တစ်ယောက် လက်ခံလိုက်ပြီး သခင့်ရဲ့ ဆရာ ကို ခဏလောက် စောင့်ရှောက်ပေးဖို့ အကူအညီ တောင်းထားတာလေ... အခု ဒီခြံဝင်း က သခင့်ရဲ့ တူမ တပည့်လေး ဆောက်ထားတာပါ..."
'ဩော်... အဲဒီလို ကိစ္စမျိုး ရှိခဲ့တာပဲ...'
စုယွီ တကယ်ကို မေ့နေခဲ့ခြင်း ဖြစ်၏။ ပြန်လည် စဉ်းစားကြည့်တော့မှ သူ၏ ဆရာ ဖြစ်သူက ပြောဖူးသည်ကို သတိရသွားသည်။ ယခင်က သူက ဤကိစ္စကို အလေးအနက် မထားခဲ့မိချေ။
ထိုအချိန်တွင် မလှမ်းမကမ်းမှ အဖြူရောင် ပုံရိပ်တစ်ခု ထွက်ပေါ်လာသည်။
သူမ၏ ဂါဝန်ရှည်လေးမှာ လေထဲတွင် လွင့်မျောနေပြီး... သုံးထောင်သော ဆံနွယ်မျှင်များမှာလည်း လေနှင်ရာသို့ ယိမ်းနွဲ့ နေကြ၏။ သူမ၏ ခါးသွယ်သွယ်လေးကို ပိုးသား အနက်ရောင် ဖဲကြိုးလေးဖြင့် စည်းနှောင်ထားပြီး သူမ၏ ကျော့ရှင်းလှသော ခန္ဓာကောက်ကြောင်းကို ပိုမို ပေါ်လွင် ထင်ရှားစေသည်။
စုယွီ လှည့်ကြည့်လိုက်သောအခါ သူ၏ မျက်ခုံးများ အနည်းငယ် ပင့်တက်သွားရ၏။
သူမ၏ မျက်နှာလေးမှာ မက်မွန်ပွင့်လေး အလား လှပ နုနယ်နေပြီး နှုတ်ခမ်းများမှာ ရဲရဲနီနေ၏။ ဖီးနစ်ငှက် အလား လှပသော မျက်လုံးအစုံ ရှိပြီး မျက်နှာပေါ်တွင်လည်း အပြုံးရိပ်လေး တစ်ခု သီးဝေ နေ၏။ သူမသည် မက်မွန်ပန်းများ ပွင့်လန်းလာသည့် အလား ညှို့ယူ ဖမ်းစားနိုင်စွမ်း ရှိသော်ငြားလည်း... သူမ၏ မျက်ဝန်းများ ထဲတွင် စူးစမ်း အကဲခတ်နေသော အရိပ်အယောင် အချို့ကို စုယွီ မြင်တွေ့လိုက်ရ၏။
သူမသည် စုယွီ၏ အရှေ့သို့ လျှောက်လာပြီး ရိုသေ ကျိုးနွံစွာ ဦးညွှတ် နှုတ်ဆက်လိုက်ကာ သူမ၏ အသံလေးမှာ ရွှေပြည်စိုး ငှက်ကလေး တစ်ကောင်အလား ကြည်လင် အေးမြ နေ၏။
"ဖန်ရှောင် က ဦးလေးငယ် ယွီ ကို ဂါရဝပြုပါတယ် ရှင်..."
စုယွီ၏ မျက်ခုံးများ ပြေလျော့သွားပြီး ခပ်ဟဟ ရယ်လိုက်သည်။
"ဒီလောက် ယဉ်ကျေးနေစရာ မလိုပါဘူး..."
ဖန်ရှောင် သည် ခါးကို ပြန်ဆန့်လိုက်ပြီး စုယွီကို နောက်တစ်ကြိမ် လှမ်းကြည့်လိုက်၏။ သူမ၏ မျက်လုံးများ အနည်းငယ် အရောင်လက်သွားပြီး ပြောလိုက်သည်။
"ဦးလေးငယ် ယွီ က ကျွန်မ ထင်ထားတာထက် ပိုပြီး ငယ်ရွယ် နုပျိုပြီး ဆွဲဆောင်မှု ရှိတာပဲ..."
စုယွီ ခေါင်းကို ညင်သာစွာ ခါယမ်းလိုက်ပြီး ပြောလိုက်၏။
"ငါ ဆရာ့ ဆီ သွားပြီး ဂါရဝပြုမလို့... မင်း လိုက်ဦးမလား..."
ဖန်ရှောင် က ပြန်ဖြေလိုက်သည်။
"ဟုတ်ကဲ့... လိုက်ပါ့မယ်..."
သူတို့ နှစ်ဦးသည် တာအိုဆရာ ထျန်းယွီ ၏ ဝါးခြံစည်းရိုး ခြံဝင်းလေး ဆီသို့ လျှောက်လှမ်း သွားကြရင်း စကားစမြည် ပြောဆိုသွားကြ၏။ သူတို့ စကားပြောဆို နေစဉ် အတွင်း ဤ ဖန်ရှောင် ဆိုသော မိန်းကလေးမှာ တိလင် အင်မော်တယ် မြို့တော် ရှိ ကျင့်ကြံသူ မိသားစု တစ်ခု ဖြစ်သော ဖန် မိသားစုမှ ဆင်းသက်လာကြောင်းကို စုယွီ အံ့အားသင့်ဖွယ်ရာ သိရှိလိုက်ရသည်။
'ဖန် မိသားစု ဟုတ်လား...'
တိလင် အင်မော်တယ် မြို့တော်မှ ဖန် မိသားစုမှ အမျိုးသမီး ကျင့်ကြံသူ တစ်ဦးသည် ဆေးဖော်စပ်ရန် အတွက် ပူးပေါင်း ဆောင်ရွက်လိုကြောင်း လာရောက် ကမ်းလှမ်းခဲ့ဖူးသည်ကို လင်းပင်း ပြောပြခဲ့ဖူးကြောင်း စုယွီ ပြန်လည် သတိရသွား၏။
သူမသည် ထိုတူမ တပည့်လေး၏ မိသားစုနှင့် တစ်မိသားစုတည်းများ ဖြစ်နေမလား။
သူက အများကြီး ထပ်မမေးမြန်းတော့သလို မှောင်ခိုဈေး အကြောင်းကိုလည်း လုံးဝ ထုတ်ဖော် ပြောဆိုခြင်း မပြုခဲ့ချေ။
သူတို့ ဝါးခြံစည်းရိုး ခြံဝင်းလေး အတွင်းသို့ ဝင်ရောက် သွားသောအခါ တာအိုဆရာ ထျန်းယွီ နှင့်အတူ ခေတ္တမျှ စကားစမြည် ပြောဆိုကြပြီးနောက် ဖန်ရှောင်၏ တောင်းဆိုမှု အရ သူမနှင့် တစ်ပွဲခန့် သိုင်းယှဉ်ပြိုင် ကစားခဲ့ကြသည်။
ဤတူမ တပည့်လေးမှာ တကယ့်ကို ထူးကဲသော ပါရမီ ရှိသူ ဖြစ်ပြီး သူမ၏ ပြောစကားများ အရ ဆိုလျှင် ကောင်းကင် ဝိညာဉ်အမြစ်ကို ပိုင်ဆိုင်ထားသူ ပင်တည်း။
ယခင်က သူ ပြန်ရောက်လာချိန်တွင် သူမသည် အမြုတေ ဖွဲ့စည်းခြင်း ပထမအဆင့် တွင်သာ ရှိသေးသည်ဟု ကြားသိခဲ့ရ၏။ သို့သော် ယခုတစ်ခေါက် တွင်မူ သူမသည် အမြုတေ ဖွဲ့စည်းခြင်း ဒုတိယအဆင့် သို့ပင် ရောက်ရှိ နေခဲ့လေပြီ။ ထို့အပြင် သူ၏ ဆရာ ဖြစ်သူ တာအိုဆရာ ထျန်းယွီ ကလည်း အထက်ဘုံ သန့်စင်သော မူလတာအို နိယာမ ကို အားကိုး၍ ဖန်ရှောင်၏ ရွှေအမြုတေမှာ အသွင်ပြောင်းလဲခြင်း သုံးကြိမ်တိုင်အောင် ဖြစ်ပေါ်ခဲ့ပြီးပြီဟု ပြောပြခဲ့သည်။ ထိုကဲ့သို့သော ပါရမီရှင်မျိုးမှာ အမှန်တကယ်ပင် ရင်သပ်ရှုမောဖွယ် ကောင်းလှ၏။
စုယွီသည် ဖန်ရှောင်နှင့် တူညီသော အမြုတေ ဖွဲ့စည်းခြင်း ဒုတိယအဆင့် ကျင့်ကြံမှုဖြင့် သိုင်းယှဉ်ပြိုင် ကစားခဲ့၏။ 'ပြင်းထန်လှသော' တိုက်ပွဲ တစ်ပွဲ အပြီးတွင်... စုယွီသည် သီသီလေး အနိုင်ရရှိသွားပြီး ဖန်ရှောင် အား နောက်ဆုတ် သွားစေကာ ဂိုဏ်းတူ အစ်ကို တစ်ယောက်၏ ဂုဏ်သိက္ခာကို အောင်မြင်စွာ ကာကွယ်နိုင်ခဲ့လေသည်။
အင်မော်တယ် ဂိတ်တံခါး တွင် စုယွီ နေထိုင်စဉ် အတွင်း ဖန်ရှောင် သည် သူနှင့် မကြာခဏ ဆိုသလို သိုင်းယှဉ်ပြိုင် ကစားလေ့ ရှိ၏။
သူတို့ နှစ်ဦးစလုံး အရှုံးအနိုင် အလှည့်ကျ ရှိခဲ့ကြသည်။
*
နှစ်ဝက် ကုန်လွန်သွားပြီးနောက် အင်မော်တယ် ဂိတ်တံခါး ၏ တာဝန်မှာ ပြီးမြောက် သွားခဲ့လေပြီ။
စုယွီသည် တာအိုဆရာ ထျန်းယွီ အား ကပျာကယာ နှုတ်ဆက်လိုက်ပြီး ထိုက်ရွှီ နှင့် ကောင်းကင် မိုးကြိုးကြွက်ဘုရင် တို့ အတွက် အရင်းအမြစ် အချို့ကို ချန်ထားရစ်ခဲ့သည်။ ထို့နောက် သူသည် အင်မော်တယ် ဂိတ်တံခါး မှ ထွက်ခွာခဲ့ပြီး အရှင်သခင် ဆယ်ပါး အင်မော်တယ် မြို့တော် ရှိ မှောင်ခိုဈေး သို့ ပြန်လည် ရောက်ရှိလာကာ... ဖန်ရှောင် ၏ အနှောင့်အယှက် ပေးမှုများမှ အောင်မြင်စွာ လွတ်မြောက်လာခဲ့လေတော့၏။
ဤကောင်မလေးမှာ အလွန် ငယ်ရွယ်သေးပြီး အသက် ကိုးဆယ်ပင် မပြည့်သေးချေ။
ယှဉ်ပြိုင်ရသည်ကို နှစ်သက်သော အရွယ်တွင် ရှိနေသေးသည့်အပြင် သူမ ကိုယ်တိုင်ကလည်း အပြိုင်အဆိုင် ဝါသနာပါသူ ဖြစ်နေသောကြောင့်... သူမသည် လုံးဝ ဇွဲမလျှော့တတ်သော မိန်းကလေး ပင် ဖြစ်၏။
သူမကို မရင်ဆိုင်နိုင်သည့် အဆုံးတွင် စုယွီ အနေဖြင့် သူမကို ရှောင်ပုန်း နေရုံမှ လွဲ၍ အခြား ရွေးချယ်စရာ မရှိတော့ချေ။
တစ်နှစ် ကုန်လွန်သွားခဲ့လေပြီ။
စုယွီသည် အရှင်သခင် ဆယ်ပါး အင်မော်တယ် မြို့တော် ၏ အခြေစိုက် စခန်းသို့ ရောက်ရှိလာပြီး လော့ချန်ယွီ၊ တာအိုဆရာမ ချင်းချွမ် နှင့် တာအိုဆရာ ရှုဟိုင် တို့ကို သွားရောက် တွေ့ဆုံခဲ့သည်။ ညီအစ်မ နှစ်ဦး ဖြစ်သော ကျန်းမန်သဲ့ နှင့် ကျန်းမန်ယောင် တို့လည်း ထိုနေရာတွင် ရှိနေကြ၏။
လူတိုင်းသည် ခြံဝင်း အတွင်းရှိ ကျောက်စားပွဲ ဘေးတွင် ဝိုင်းထိုင်ကာ မီးဖိုပေါ်တွင် လက်ဖက်ရည် ကျိုနေကြသည်။
လော့ချန်ယွီ သည် စုယွီအား စူးစမ်း သိချင်စိတ်များ အပြည့်ဖြင့် ကြည့်ကာ မေးမြန်းလိုက်၏။
"မကြာသေးခင်က မင်း ဘာတွေ အလုပ်ရှုပ် နေတာလဲ..."
စုယွီသည် ခေါင်းကို ညင်သာစွာ ခါယမ်းလိုက်သည်။
"ကျွန်တော် ခရီးတွေ ထွက်နေတာပါ... ကံကောင်းမယ့် အခွင့်အရေးများ ရှိမလားလို့ လိုက်ရှာနေတာလေ..."
"နင့်ရဲ့ တပည့်လေးကို သွားကြည့်တာ မဟုတ်ဘူးလား..."
တာအိုဆရာမ ချင်းချွမ် က ပါးစပ်ကို အုပ်ကာ ရယ်လိုက်ပြီး ဝင် ပြောလိုက်ခြင်းပါ။
လော့ချန်ယွီကလည်း စုယွီကို စိုက်ကြည့်ရင်း ခစ်ခနဲ ရယ်လိုက်သည်။
ထိုအခါ စုယွီ က ပြန်လည် ဖြေကြားလိုက်၏။
"ကျွန်တော် သူ့ကို တစ်ခါပဲ သွားကြည့်တာပါ..."
အချိန် အတန်ကြာ စကားစမြည် ပြောဆိုပြီးနောက် လော့ချန်ယွီ သည် သူတို့ စုဝေးရခြင်း၏ ရည်ရွယ်ချက်ကို စတင် ပြောဆိုလာသည်။
"အင်မော်တယ် တစ်သောင်း နန်းတော် က မကြာခင်မှာ အများပြည်သူ အတွက် အပျက်အစီး နယ်မြေ တစ်ခုကို ဖွင့်ပေးတော့မယ် တဲ့... မင်း သွားကြည့်ချင်လား..."
"အဲဒီ အပျက်အစီး နေရာ က အရင် မြေကမ္ဘာ အင်မော်တယ် နယ်မြေက ချန်ရစ်ခဲ့တာလို့ ကြားတယ်... ပြီးတော့ အဲဒီထဲမှာ မူလ ဝိဉာဉ်အဆင့် ရောက်ဖို့ အခွင့်အရေး တွေတောင် ရှိနိုင်တယ် တဲ့..."
ထိုစကားကို ကြားလိုက်ရသောအခါ စုယွီ၏ ရင်ထဲတွင် လှုပ်ရှားသွားရ၏။ အတန်ကြာ စဉ်းစား တွေးတော ပြီးနောက် သူသည် လော့ချန်ယွီ တို့နှင့်အတူ အင်မော်တယ် တစ်သောင်း နန်းတော် သို့ သွားရောက်ရန် ဆုံးဖြတ်လိုက်သည်။ သို့သော် သူသည် အပျက်အစီး နယ်မြေ အတွက် သွားရောက်ခြင်း မဟုတ်ဘဲ အပျက်အစီး နယ်မြေ ပတ်ဝန်းကျင်ရှိ အင်မော်တယ် မြို့တော် သို့မဟုတ် အင်မော်တယ် တစ်သောင်း နန်းတော် အတွင်းရှိ အခြားသော အဓိက အင်မော်တယ် မြို့တော် ကြီးများတွင် နေရာရွှေ့ပြောင်း အခင်းအကျင်းနေရာရွှေ့ပြောင်း အခင်းအကျင်း တည်ဆောက်ရန် အတွက် လိုအပ်သော ကုန်ကြမ်းများ ရှိမရှိ စူးစမ်း လေ့လာလိုခြင်း ဖြစ်၏။
လွန်ခဲ့သော နှစ်များ တစ်လျှောက် အရှင်သခင် ဆယ်ပါး မြို့တော် ၏ မှောင်ခိုဈေး တွင် သူ၏ ယွင်ရှောင် ဆေးလုံး စံအိမ်ကို ဖွင့်လှစ် လုပ်ကိုင် လာခဲ့ရာ... အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး တစ်သန်း နီးပါးခန့်ပင် စုဆောင်း ရရှိခဲ့လေပြီ။
သို့သော် နေရာရွှေ့ပြောင်း အခင်းအကျင်းနေရာရွှေ့ပြောင်း အခင်းအကျင်း အတွက် လိုအပ်သော ကုန်ကြမ်းများကို ရှာဖွေ စုဆောင်းရခြင်းမှာ အလွန်တရာ ခက်ခဲလှ၏။ အကယ်၍ သူသာ ကုန်ကြမ်းများ အားလုံးကို အပြည့်အစုံ စုဆောင်း လိုပါက... အချိန်နှင့် လုပ်အား အများအပြား ရင်းနှီး မြှုပ်နှံရပေဦးမည်။
အခန်း (၅၇၂) - အင်မော်တယ် တစ်သောင်း နန်းတော်၏ တာအိုသားတော်နှင့် ဝိညာဉ် ခန္ဓာကိုယ် ထပ်မံ ပေါ်ထွက်လာခြင်း (၁)
အရှင်သခင် ဆယ်ပါး အင်မော်တယ် မြို့တော် နှင့် မြေကမ္ဘာ အင်မော်တယ် နယ်မြေ တို့၏ တည်နေရာသည် တာ့ချန် ကျင့်ကြံခြင်း လောက၏ အလယ်ဗဟိုမှ တောင်ဘက်သို့ အနည်းငယ် ယွန်းလျက် ရှိသည်။ အင်မော်တယ် တစ်သောင်း နန်းတော်၏ ပိုင်နက် နယ်မြေကမူ အလယ်ဗဟို အတိအကျတွင် တည်ရှိပြီး ထိပ်သီး အင်မော်တယ် ဂိုဏ်းဆယ်ဂိုဏ်း အနက် အကြီးမားဆုံးသော နယ်မြေကို ပိုင်ဆိုင်ထား၏။
"ကောလဟာလတွေ အရဆိုရင်တော့... အင်မော်တယ် တစ်သောင်း နန်းတော်က ဒီခေတ်ကာလက အဖွဲ့အစည်း မဟုတ်ဘူး... ရှေးဟောင်းခေတ် ကတည်းက တည်ရှိလာခဲ့ပြီး အခုချိန်ထိ ဆက်ခံလာခဲ့တာတဲ့... ဒီလောက် နှစ်ပေါင်းများစွာ ကြာလာခဲ့တာတောင်မှ... အင်မော်တယ် တစ်သောင်း နန်းတော်ရဲ့ အင်အားက ခိုင်မာ တောင့်တင်း နေတုန်းပဲ..."
"အခုချိန်ထိတောင် အင်မော်တယ် တစ်သောင်း နန်းတော်က ထိပ်သီး အင်မော်တယ် ဂိုဏ်းဆယ်ဂိုဏ်း ရဲ့ ခေါင်းဆောင် နေရာကို အမြဲတမ်း ထိန်းသိမ်းထားနိုင်တယ်... သူတို့ရဲ့ အင်အားနဲ့ စွမ်းဆောင်ရည် အတိုင်းအတာက တကယ့်ကို အံ့မခန်းပဲ... ဒါပေမဲ့ သူတို့ဆီမှာ ဘယ်လောက်တောင် ကြွယ်ဝတဲ့ အရင်းအမြစ်တွေ ရှိနေသလဲ ဆိုတာကတော့ လျှို့ဝှက်ချက် တစ်ခုပဲ ဖြစ်နေတုန်းပဲ..."
စုယွီ၊ တာအိုဆရာမ ချင်းချွမ်၊ လော့ချန်ယွီ နှင့် အခြားသူများ အနောက်မှ လိုက်ပါလာသော တာအိုဆရာ ရှုဟိုင် သည် စကားများများစားစား ပြောလေ့ မရှိချေ။ သို့သော် မြေကမ္ဘာ အင်မော်တယ် နယ်မြေတွင် ကျင့်ကြံ နေထိုင်ခဲ့ရသော နှစ်များအတွင်း သူ၏ ကျင့်ကြံခြင်း အဆင့်နှင့် ဗဟုသုတများမှာ သိသိသာသာ တိုးတက်လာခဲ့သည်။
ယခုအခါ အင်မော်တယ် တစ်သောင်း နန်းတော်၏ အုပ်ချုပ်မှု အောက်တွင် ရှိသော ဖူတုန်း အင်မော်တယ် မြို့တော် အမည်ရှိ နေရာတစ်ခုသို့ သွားရောက်နေစဉ် အတွင်း... တာအိုဆရာ ရှုဟိုင် သည် အင်မော်တယ် တစ်သောင်း နန်းတော်နှင့် ပတ်သက်၍ သူ သိရှိထားသော အချက်အလက်များကို မျှဝေ ပြောပြနေ၏။
"အင်မော်တယ် တစ်သောင်း နန်းတော် မှာ ပြိုင်ဘက်ကင်းတဲ့ အချက် သုံးချက် ရှိတယ်... ပထမ တစ်ချက်က သူတို့ရဲ့ စစ်ရေး အင်အားပဲ... အင်မော်တယ် တစ်သောင်း နန်းတော် ဆီမှာ ရှေးဟောင်းခေတ် ကတည်းက လေ့ကျင့် သင်ကြားပြီး ဆက်ခံလာခဲ့တဲ့ အစွမ်းထက် စစ်သည်တော်တွေ မရေမတွက်နိုင်အောင် ရှိတယ်... ဒီ စစ်သည်တော်တွေ... ဒါမှမဟုတ် ကျင့်ကြံသူ တွေက ရန်လိုတဲ့ တိုက်ခိုက်ရေး ဗျူဟာတွေကို အဓိက အာရုံစိုက်ကြတယ်... ဒါကြောင့် သူတို့က တိုက်ပွဲဝင်ဖို့ အတွက် မွေးဖွားလာကြပြီး ဘယ်တော့မှ ရပ်တန့်မသွားနိုင်ဘူး..."
"ဒုတိယ အချက်ကတော့ အခင်းအကျင်းတွေပဲ... အင်မော်တယ် တစ်သောင်း နန်းတော် ရဲ့ အကျော်ကြားဆုံး အခင်းအကျင်း ဖြစ်တဲ့ 'ဝိညာဉ် တစ်သောင်း အင်မော်တယ် သတ်ဖြတ်ခြင်း အခင်းအကျင်း' က လက်ရှိ တာ့ချန် ကျင့်ကြံခြင်း လောကမှာ အစွမ်းထက်ဆုံး အခင်းအကျင်း အဖြစ် အသိအမှတ် ပြုခံထားရတယ်... သာမန် အမြုတေ ဖွဲ့စည်းခြင်း အဆင့် တပည့် တစ်ယောက်က ဒီအခင်းအကျင်းကို အသုံးပြုပြီး ဝိညာဉ် ခွဲထွက်ခြင်း အဆင့်က အစွမ်းထက် ပုဂ္ဂိုလ်ကြီး တစ်ပါးကိုတောင် အနိုင်ယူနိုင်တယ်..."
"တတိယ အချက်ကတော့ အင်မော်တယ် တစ်သောင်း နန်းတော် ရဲ့ အမွေအနှစ်ပဲ... အင်မော်တယ် တစ်သောင်း နန်းတော် ဟာ ရှည်လျားတဲ့ သမိုင်းကြောင်း ရှိပြီး တာ့ချန် ကျင့်ကြံခြင်း လောကမှာ အများဆုံး၊ အပြည့်စုံဆုံး နဲ့ အစွမ်းထက်ဆုံး တာအို အမွေအနှစ် တွေကို ပိုင်ဆိုင်ထားတယ်..."
တာအိုဆရာ ရှုဟိုင် သည် တည်ငြိမ်အေးဆေးစွာ ဆက်ပြောပြလာသည်။
"ဒါကြောင့်... အင်မော်တယ် တစ်သောင်း နန်းတော် က သာမန် အင်မော်တယ် ဂိုဏ်းတွေနဲ့ လုံးဝ ကွာခြားတယ်..."
"အင်မော်တယ် တစ်သောင်း နန်းတော် ဆီမှာ ဧရာမ စစ်သည်တော် တပ်မကြီး... ကျင့်ကြံသူ တပ်မကြီး တစ်ခု ရှိတယ်..."
"လူတစ်ထောင်ကျော် ပါဝင် ဖွဲ့စည်းထားတယ်လို့ ပြောကြတယ်... ပြီးတော့ အမြုတေ ဖွဲ့စည်းခြင်း အဆင့် မရှိတဲ့ ကျင့်ကြံသူ တွေက အဲဒီ တပ်မကြီး ထဲကို ဝင်ခွင့် မရှိဘူး တဲ့..."
"ဒီ တပ်မကြီး က တာ့ချန် ကျင့်ကြံခြင်း လောကမှာ 'နတ်မိမယ် တပ်မတော်' လို့ ခေါ်ဆိုနိုင်တဲ့ တစ်ခုတည်းသော အင်အားစုပဲ..."
စုယွီ၊ တာအိုဆရာမ ချင်းချွမ်၊ လော့ချန်ယွီ၊ ကျန်းမန်သဲ့ နှင့် ကျန်းမန်ယောင် တို့၏ မျက်နှာ အမူအရာများ အားလုံးမှာ လေးနက် တည်ကြည် သွားကြ၏။
လူတစ်ထောင် ပါဝင်သော တပ်မကြီး ပေလော။
တစ်ယောက်စီတိုင်းက အနည်းဆုံး အမြုတေ ဖွဲ့စည်းခြင်း အဆင့်တွင် ရှိနေကြသည် ဆိုလျှင်... ထိုအင်အားကြီးက ဘယ်လောက်တောင် ကြောက်စရာ ကောင်းလိုက်သနည်း။
ဝိညာဉ် ခွဲထွက်ခြင်း အဆင့်ရှိ အစွမ်းထက် ပုဂ္ဂိုလ်ကြီး များကိုတောင် တွန်းလှန်နိုင်စွမ်း ရှိသည်တဲ့လား။
ဒီအတွေး တစ်ခုတည်းနှင့်တင် ကြက်သီးမွေးညင်းတွေ ထောင်ထ သွားစေနိုင်လောက်၏။
ဒါက အင်မော်တယ် တစ်သောင်း နန်းတော်၏ တပည့်များ၊ အကြီးအကဲများ နှင့် အခြားသူများ၏ အင်အားကို မထည့်တွက်ရသေးဘဲ အင်မော်တယ် တစ်သောင်း နန်းတော်၏ အမိန့်ပေး ကွပ်ကဲမှု အောက်တွင် ရှိသော စစ်သည်တော် တပ်မကြီး ၏ အင်အား သက်သက်ကိုသာ ဆိုလိုခြင်း ဖြစ်၏။
ထိုစကားကို ကြားပြီးနောက် စုယွီ အနေဖြင့် အံ့အားသင့် ထိတ်လန့်မှု ကို မထိန်းချုပ်နိုင်တော့ချေ။
"ဒီလို အရင်းအမြစ်တွေနဲ့ ဆိုရင်... ငါ နောက်ထပ် အနှစ်တစ်ထောင် လောက် ကျင့်ကြံရင်တောင် သူတို့ကို ယှဉ်နိုင်ပါ့မလား..."
သူက သူ့ကိုယ်သူ တီးတိုး ရေရွတ်လိုက်သည်။
သူ မသေချာချေ။
သို့သော်ငြားလည်း ကျင့်ကြံခြင်း လမ်းစဉ်တွင် ရှေ့သို့ တက်လှမ်းလေလေ... အချိန် ပိုယူရလေလေ ဖြစ်ကြောင်းကိုမူ သူ ကောင်းစွာ မှန်းဆနိုင်၏။ ကျင့်ကြံခြင်း အလွှာ တစ်ခုစီတိုင်းကို ချိုးဖျက် ဝင်ရောက်ရန် ဆိုသည်မှာ လွယ်ကူသော ကိစ္စ မဟုတ်ချေ။ မူလ ဝိဉာဉ်အဆင့် သို့မဟုတ် ဝိညာဉ် ခွဲထွက်ခြင်း အဆင့်သို့ ရောက်ရှိလာသော အခါ ထိုကျင့်ကြံခြင်း အလွှာကို ချိုးဖျက် ဝင်ရောက်ရန် အတွက် ဆယ်စုနှစ်ပေါင်း များစွာ အချိန်ယူရပေလိမ့်မည်။ မိမိ၏ ကိုယ်ပိုင် စွမ်းအားများ နှင့် လက်လှမ်းမီသော အာဏာ၊ အရင်းအမြစ် များကို ဖြည်းဖြည်းချင်း စုဆောင်း တည်ဆောက်ခြင်း ဖြင့် အင်မော်တယ် တစ်သောင်း အင်မော်တယ် ဂိုဏ်း၏ ဧရာမ အင်အားကြီးကို သူ ရင်ဆိုင်နိုင်မည်လား ဆိုသည်ကို စုယွီ မသေချာချေ။
ဘာပဲပြောပြော... ဒါက မရေမတွက်နိုင်သော နှစ်ပေါင်းများစွာ တည်ရှိလာခဲ့ပြီး ထိုနှစ်များ တစ်လျှောက်လုံး အင်အားများ စုဆောင်းလာခဲ့သော အင်မော်တယ် ဂိုဏ်းကြီး တစ်ခု ဖြစ်၏။
မည်သူမဆို အလွယ်တကူ စိန်ခေါ်နိုင်သော အရာမျိုး လုံးဝ မဟုတ်ချေ။
အကယ်၍ စုယွီ ထံတွင် ကျွမ်းကျင်မှု မျက်နှာပြင်သာ မရှိခဲ့ဘူး ဆိုလျှင်... ထို့အပြင် အင်မော်တယ် တစ်သောင်း နန်းတော်၏ နက်ရှိုင်းမှုကိုသာ နားလည် သဘောပေါက်ခြင်း မရှိခဲ့ဘူး ဆိုလျှင်... အနှစ်တစ်ထောင်ခန့် အင်အား စုဆောင်းပြီးနောက် ၎င်းတို့နှင့် ယှဉ်ပြိုင်နိုင်မည်ဟု သူ ဘယ်သောအခါမှ တွေးတောမိမည် မဟုတ်ချေ။
သို့သော် သူ၏ ကိုယ်ပိုင် စွမ်းအားကိုသာ အားကိုးနေရုံဖြင့် လုံလောက်မည် မဟုတ်ပေ။ အကယ်၍ မြေကမ္ဘာ အင်မော်တယ် နယ်မြေ၏ အင်အားကိုပါ အားကိုးမည် ဆိုပါက... သူ့အတွက် အခွင့်အရေး တစ်ခုတော့ ရှိလာနိုင်၏။
"ဝီ..."
အရှင်သခင် ဆယ်ပါး အင်မော်တယ် မြို့တော် ၏ နေရာရွှေ့ပြောင်း အခင်းအကျင်းနေရာရွှေ့ပြောင်း အခင်းအကျင်းမှ တစ်ဆင့်... တစ်ဖွဲ့လုံးသည် အင်မော်တယ် တစ်သောင်း နန်းတော်၏ ဖူတုန်း အင်မော်တယ် မြို့တော် သို့ ရောက်ရှိသွားကြသည်။
ဤမြို့တော်သည် အင်မော်တယ် တစ်သောင်း နန်းတော်၏ ဗဟို နယ်မြေတွင် တည်ရှိသော ဧရာမ အင်မော်တယ် မြို့တော်ကြီး တစ်ခု ဖြစ်၏။
၎င်းကို အဆုံးအစမဲ့ တောင်တန်းများက ဝိုင်းရံထားသည်။ ဤတစ်ကြိမ် ဖူတုန်း အင်မော်တယ် မြို့တော် တွင် ပေါ်ထွက်လာသော ရှေးဟောင်း အပျက်အစီး နယ်မြေမှာ လွန်ခဲ့သော နှစ်ပေါင်းများစွာက ပေါ်ထွက်ခဲ့ဖူးသော မြေကမ္ဘာ အင်မော်တယ် နယ်မြေ၏ ရှေးဟောင်း အပျက်အစီးများ ပင် ဖြစ်၏။
အချိန် အပိုင်းအခြား တစ်ခု ရောက်တိုင်း... အင်မော်တယ် တစ်သောင်း နန်းတော်သည် ၎င်းကို ဖွင့်လှစ်ပေးပြီး အခြား အင်အားစုများမှ ပါရမီရှင်များကို ဖိတ်ကြားကာ ၎င်းတို့၏ တပည့်များ နှင့်အတူ တူးဖော် ရရှိလာမည့် အရင်းအမြစ်များ အတွက် ယှဉ်ပြိုင်စေလေ့ ရှိ၏။
ဥပမာ အားဖြင့်... အမြုတေ ဖွဲ့စည်းခြင်း အတွက် အထောက်အကူ ပြုသော ဝိညာဉ် ဆေးဝါးများ နှင့် ကောင်းကင် ရတနာများ ကဲ့သို့သော အရာများ ဖြစ်၏။ သူတို့၏ အဓိက ရည်ရွယ်ချက်မှာ ၎င်းကို သူတို့ ကိုယ်ပိုင် ဂိုဏ်းမှ တပည့်များ အတွက် လေ့ကျင့်ရေး ကွင်းပြင် တစ်ခု အဖြစ် အသုံးပြုရန်ပင် ဖြစ်၏။ အပျက်အစီး နယ်မြေ အတွင်းရှိ ရှေးဟောင်း အခွင့်အရေး များကို အင်မော်တယ် တစ်သောင်း နန်းတော်က လုယူ သိမ်းပိုက်သွားခဲ့သည်မှာ ကြာလှပြီ ဖြစ်၏။ အပျက်အစီး နယ်မြေကို ဖွင့်လှစ်ရန် လဝက်ခန့် လိုပါသေးသည်။
ထိုအချိန် အတွင်း စုယွီသည် သူ၏ အသွင်အပြင်ကို ပြောင်းလဲရန် နှင့် သူ၏ ကျင့်ကြံခြင်း အရှိန်အဝါကို ဖုံးကွယ်ထားရန် အခွင့်အရေး ယူလိုက်သည်။ သူသည် ဖူတုန်း အင်မော်တယ် မြို့တော် အတွင်း၌ နေရာရွှေ့ပြောင်း အခင်းအကျင်းနေရာရွှေ့ပြောင်း အခင်းအကျင်း အတွက် သင့်လျော်သော ပဉ္စမအဆင့် ကုန်ကြမ်းများကို ရှာဖွေ နေခဲ့၏။ သူ အတော်လေး ကံကောင်းခဲ့ပြီး မြို့တော် အတွင်းရှိ ကြီးမားသော ကုန်သွယ်ရေး နေရာများတွင် ကုန်ကြမ်း အမျိုးအစား နှစ်မျိုးကို ရှာဖွေ တွေ့ရှိခဲ့သည်။ ကုန်ကြမ်း အမျိုးအစား နှစ်မျိုးစလုံး အတွက် ခြောက်ပုံတစ်ပုံ သို့မဟုတ် ငါးပုံတစ်ပုံခန့် ပမာဏကိုသာ စုဆောင်းနိုင်ခဲ့သော်လည်း ဤရလဒ်မှာ အတော်လေး ကောင်းမွန်နေပြီ ဖြစ်၏။
"နောက်ခြောက်နှစ် နေရင် ဖူတုန်း အင်မော်တယ် မြို့တော် မှာ အကြီးစား လေလံပွဲကြီး တစ်ခု ကျင်းပမယ် ဟုတ်လား..."
ကုန်သွယ်ရေး ဌာန တစ်ခုထံမှ ဤသတင်းကို ကြားသိပြီးနောက် စုယွီ မှတ်သားထားလိုက်သည်။ အကယ်၍ ထိုအချိန်တွင် သူ့၌ အချိန် ရမည် ဆိုပါက သူ ဝင်ရောက် ဆင်နွှဲပြီး နေရာရွှေ့ပြောင်း အခင်းအကျင်းနေရာရွှေ့ပြောင်း အခင်းအကျင်း အတွက် ကုန်ကြမ်းများ ရနိုင်မရနိုင် သွားရောက် ကြည့်ရှုနိုင်၏။
အချိန်များ လျင်မြန်စွာ ကုန်လွန်သွားပြီးနောက် လဝက်မျှ အချိန်ပြည့်သွားခဲ့လေပြီ။
လော့ချန်ယွီ နှင့် အခြားသူများ ခြံရံလျက် စုယွီ သည်လည်း မြို့တော်မှ ထွက်ခွာလာခဲ့၏။ အခြားသော အင်မော်တယ် ဂိုဏ်းများနှင့် အင်အားစုများမှ တပည့်များသည် သူတို့၏ ယာဉ်ပျံများ၊ မျိုးစုံသော စီးတော်သားရဲများ ဖြင့် အပျက်အစီး နယ်မြေ တည်ရှိရာ တောင်တန်း ရှိရာသို့ ပျံသန်း သွားနေကြသည်ကို သူတို့ မြင်တွေ့လိုက်ကြရသည်။
ဖူတုန်း အင်မော်တယ် မြို့တော် နှင့် မိုင်တစ်သောင်းခန့် ကွာဝေးသော တောင်ထိပ် တစ်ခု ပေါ်တွင်...
အင်မော်တယ် တစ်သောင်း နန်းတော်မှ မူလ ဝိဉာဉ်အဆင့်ရှိ အရှင်သခင် အကြီးအကဲ တစ်ဦး နှင့် နန်းတော်မှ ပါရမီရှင် တပည့် အယောက်နှစ်ဆယ်ခန့် သည် တိတ်ဆိတ်စွာ ရပ်၍ စောင့်ဆိုင်း နေကြ၏။ တောင်တန်း၏ ပတ်လည်နှင့် ဝန်းကျင် လေထု အတွင်း၌ အခြား အင်အားစု အသီးသီးမှ ပါရမီရှင် တပည့်များလည်း ထွက်ပေါ် လာကြသည်။
"ဝှစ်..."
အင်အားစု အသီးသီးမှ တပည့်များ၏ ခြေရာ အတိုင်း လိုက်ပါလာသော စုယွီ နှင့် အခြားသူများ စီးနင်းလာသည့် ယာဉ်ပျံ သည်လည်း ပေါ်ထွက်လာပြီး အောက်သို့ ဆင်းသက်လိုက်လေတော့၏။
အခန်း (၅၇၃) - အင်မော်တယ် တစ်သောင်း နန်းတော်၏ တာအိုသားတော်နှင့် ဝိညာဉ် ခန္ဓာကိုယ် ထပ်မံ ပေါ်ထွက်လာခြင်း (၂)
စုယွီသည် အခြားသော အင်အားစုများ၏ ယာဉ်ပျံများ ပြင်ပတွင်သာ ရပ်နားထားစေရန် သူ၏ ယာဉ်ပျံကို ထိန်းချုပ်လိုက်သည်။
သူသည် ပတ်ဝန်းကျင်ကို တစ်ချက် ဝေ့ကြည့်လိုက်ပြီး... သူ၏ ရင်ထဲတွင် အနည်းငယ် ကြက်သီးထဖွယ် ကြောက်ရွံ့မှု တစ်ခုကို ခံစားလိုက်ရ၏။
အင်မော်တယ် နန်းတော်၏ ရှေးဟောင်း အပျက်အစီး နယ်မြေ ဖွင့်လှစ်မှုသည် အင်အားစု အသီးသီးမှ လက်ရွေးစင် ပါရမီရှင် တပည့် အယောက် တစ်ထောင်ခန့်ကို ဆွဲဆောင် စုရုံးနိုင်ခဲ့လေပြီ။
သူ စောင့်ကြည့် အကဲခတ်နေရင်း... ဤလူများ အားလုံး၏ ကျင့်ကြံခြင်း အဆင့်များမှာ အမြုတေ ဖွဲ့စည်းခြင်း အဆင့်တွင် ရှိနေကြပြီး... အများစုမှာ အလယ်အလတ် သို့မဟုတ် နောက်ပိုင်း အဆင့်များတွင် ရှိနေကြကြောင်းကို သတိပြုမိလိုက်၏။ အမြုတေ ဖွဲ့စည်းခြင်း နဝမအဆင့်သို့ ရောက်ရှိနေသူများ ပင်လျှင် အများအပြား ရှိနေ၏။
မူလ ဝိဉာဉ်အဆင့် နှင့် ပတ်သက်၍မူ...အင်မော်တယ် နန်းတော်မှ မူလ ဝိဉာဉ်အဆင့် အရှင်သခင် အကြီးအကဲ မှလွဲ၍... အခြား မည်သည့် အင်အားစုများ ထံမှ မူလ ဝိဉာဉ်အဆင့် အရှင်သခင် တစ်ပါးမှ ရောက်ရှိနေပုံ မရချေ။
ဒါက ထိပ်သီး ပါရမီရှင် တပည့်များ လေ့ကျင့်ရန် သီးသန့် ရည်ရွယ်ထားသော ရှေးဟောင်း အပျက်အစီး နယ်မြေ တစ်ခုမျှသာ ဖြစ်၏။
သူ နာရီဝက်ခန့် စောင့်ဆိုင်းနေလိုက်၏။
အင်မော်တယ် နန်းတော်မှ မူလ ဝိဉာဉ်အဆင့်ရှိ အရှင်သခင် အကြီးအကဲသည် သူ၏ အရှိန်အဝါကို စုစည်းလိုက်ရာ... ထိုအရှိန်အဝါသည် ပတ်ဝန်းကျင် တစ်ခုလုံးကို လွှမ်းခြုံသွားသည်။ သူ၏ အစွမ်းထက်သော လွှမ်းမိုးမှု အရှိန်အဝါသည် ထိုနေရာတွင် ရှိနေသူ အားလုံး၏ အာရုံစိုက်မှုကို ဖမ်းစားလိုက်၏။
"ဒီက အပျက်အစီး နယ်မြေကို ဂူအပျက်အစီး လို့ ခေါ်တယ်... တစ်ချိန်တုန်းက ရှေးဟောင်း ကောင်းကင် အင်မော်တယ်တွေ ချန်ရစ်ခဲ့တဲ့ အခိုင်အမာ စခန်း တစ်ခု ဖြစ်တယ်..."
"ဒီတစ်ကြိမ်မှာ အပျက်အစီး နယ်မြေကို တစ်နှစ်တိတိ ဖွင့်ပေးထားမယ်..."
"မှတ်ထားကြ... မင်းတို့ အားလုံး တစ်နှစ် အတွင်းမှာ အပျက်အစီး နယ်မြေ ထဲကနေ ပြန်ထွက်လာရမယ်... အဲဒီလိုမှ မဟုတ်ရင်... အပျက်အစီး နယ်မြေ ပိတ်သွားတာနဲ့ တပြိုင်နက်... နောက်ထပ် အနှစ်သုံးဆယ် အထိ စောင့်ပြီးမှ ပြန်ထွက်လာလို့ ရလိမ့်မယ်..."
"ကောင်းပြီ... ငါ အခု အပျက်အစီး နယ်မြေကို ဖွင့်ပေးမယ်... မင်းတို့ ဝင်သွားလို့ ရပြီ..."
"ဝီ..."
မူလ ဝိဉာဉ်အဆင့် အရှင်သခင် အကြီးအကဲ၏ အသံ ဆုံးသွားသည်နှင့် တစ်ပြိုင်နက်... သူ၏ လက်များဖြင့် အခင်းအကျင်း တံဆိပ် တစ်ခုကို ဖန်တီးလိုက်ရာ... သူ၏ အနောက်ဘက်ရှိ ဟင်းလင်းပြင်သည် ရေကန် တစ်ခု အတွင်းမှ ဝဲဂယက် တစ်ခု ပေါ်ပေါက်လာသကဲ့သို့ လှိုင်းထ လာတော့သည်။ ထိုဝဲဂယက်၏ အချင်းမှာ ပေတစ်ရာခန့် ရှိ၏။
"ဝှစ်... ဝှစ်... ဝှစ်..."
မူလ ဝိဉာဉ်အဆင့် အရှင်သခင် အကြီးအကဲ၏ ဘေးတွင် ရပ်နေကြသော အင်မော်တယ် နန်းတော်၏ တပည့်များက အရင်ဆုံး ဝင်ရောက် သွားကြသည်။
ထို့နောက် အခြား အင်အားစုများမှ ထိပ်သီး ပါရမီရှင် များသည်လည်း သူတို့၏ ယာဉ်ပျံများ ၊ စီးတော်သားရဲများ ဖြင့် အပျက်အစီး နယ်မြေ အတွင်းသို့ အလုအယက် ပြေးဝင် သွားကြတော့၏။
စုယွီသည် အနည်းငယ် တွန့်ဆုတ် နေသော်လည်း... နောက်ဆုံးတွင်တော့ လော့ချန်ယွီ နှင့် အခြားသူများ၏ နောက်မှ လိုက်ပါကာ အပျက်အစီး နယ်မြေ အတွင်းသို့ ဝင်ရောက် သွားသည်။
သို့သော်ငြားလည်း အပျက်အစီး နယ်မြေ အတွင်းသို့ ရောက်ရှိသွားသည်နှင့် တစ်ပြိုင်နက်... စုယွီ၊ လော့ချန်ယွီ နှင့် အခြားသူများ အားလုံးသည် အတူတကွ နေထိုင်မည့် အစား... မိမိတို့၏ ကိုယ်ပိုင် အခွင့်အရေးများ နှင့် ကံကြမ္မာများကို ရှာဖွေရန် အတွက် လမ်းခွဲ ထွက်သွားကြလေတော့၏။
ရက်အနည်းငယ် ကုန်လွန်သွားခဲ့လေပြီ။
တောင်တန်း တစ်ခု၏ အောက်ခြေတွင်... စုယွီသည် ဂူစံအိမ်ငယ်လေး တစ်ခုကို တူးဖော်လိုက်ပြီး... မိမိကိုယ်ကို ဖုံးကွယ်ထားရန် အတွက် စတုတ္ထအဆင့် အဆင့်နိမ့် ကိုယ်ပျောက် အခင်းအကျင်း နှင့် အရှိန်အဝါ ဖုံးကွယ်ခြင်း အခင်းအကျင်း တို့ကို ခင်းကျင်းလိုက်သည်။
သူသည် ဂူစံအိမ်၏ အလယ်ဗဟိုတွင် တင်ပျဉ်ခွေ ထိုင်လိုက်ပြီး မျက်လုံးများကို မှိတ်ထားလိုက်၏။
သို့သော် သူ၏ စိတ်အာရုံ အတွင်း၌မူ မန္တန်တစ်ခုကို ရွတ်ဆိုလိုက်ရာ... သူ၏ ဝိညာဉ်သည် အတောင်ပံ နှစ်ဖက် ပါရှိသော ရွှေရောင် ပုစဉ်း တစ်ကောင် အဖြစ်သို့ မျက်စိတစ်မှိတ် အတွင်း အသွင်ပြောင်း သွားသည်။ ရွှေပုစဉ်း၏ မျက်လုံးများမှာ တောက်ပစွာ ဝင်းလက်နေပြီး... ထိုအကြည့် အောက်တွင် စုယွီသည် အပျက်အစီး နယ်မြေ အတွင်းရှိ နေရာအသီးသီးကို အတိုင်းသား မြင်တွေ့နေရသည်။
ဟင်းလင်းပြင် ကို ဖောက်ထွင်းပြီး... တောင်တန်းများ၊ ထူထပ်သော သစ်တောများ နှင့် နတ်ဘုရား အာရုံကို ဖုံးကွယ် တားဆီးနိုင်သော အခင်းအကျင်း အကြွင်းအကျန်များ နှင့် မြူခိုးများကိုပင် ကျော်လွန် ဖောက်ထွင်း မြင်နိုင်စွမ်း ရှိ၏။
စုယွီသည် အပျက်အစီး နယ်မြေ အတွင်းရှိ အခွင့်အရေး များကို ဂရုတစိုက် စူးစမ်း ရှာဖွေ နေ၏။
"ဒီ အပျက်အစီး နယ်မြေ က တော်တော်လေး ကြီးမား ကျယ်ပြန့်တာပဲ..."
အပျက်အစီး နယ်မြေ အတွင်းရှိ သဘာဝ ဝိညာဉ်စွမ်းအင် သိပ်သည်းဆမှာ တာ့ယွဲ့ မဟာမိတ်အဖွဲ့၏ လျှို့ဝှက် နယ်မြေများလောက် မကောင်းမွန်ဘဲ... တတိယအဆင့် နှင့် စတုတ္ထအဆင့် ဝိညာဉ်သွေးကြော ကြားတွင်သာ ရှိနေသော်ငြားလည်း။
၎င်း လွှမ်းခြုံထားသော ဧရိယာမှာ အမှန်တကယ်ပင် ကြီးမားလှပြီး... စတုရန်းမိုင် တစ်ရာခန့် ရှိနိုင်၏။
တောင်တန်းများမှာ မိုးထိအောင် မြင့်မားနေပြီး... နေရာတိုင်းတွင် မြူခိုးများ အလွှာလိုက် ဖုံးလွှမ်းနေ၏။ အမြုတေ ဖွဲ့စည်းခြင်း အဆင့်ရှိ တပည့်များ ပင်လျှင် သူတို့၏ နတ်ဘုရား အာရုံ ဖိနှိပ်ခံရမည် ဖြစ်ပြီး... ပေတစ်ရာ ပတ်လည် အတွင်း၌သာ စူးစမ်း ရှာဖွေ နိုင်စွမ်း ရှိကြ၏။
"ငါ့ရဲ့ မူလ ဝိဉာဉ်အဆင့် အတွက် လိုအပ်တဲ့ ကံကြမ္မာ အခွင့်အရေး က... စတုတ္ထအဆင့် ဝိညာဉ် ဆေးပင်တွေ နဲ့ ဝိညာဉ် ဆေးဝါးတွေ ဖြစ်ရမယ်... ဘယ်နေရာမှာများ ရှာတွေ့နိုင်မလဲ မသိဘူး..."
စုယွီ၏ ဝိညာဉ် မျက်လုံးများသည် သူ၏ တောင်တန်း ဝန်းကျင်မှ စတင်ကာ ရှာဖွေ စူးစမ်း နေ၏။
သူ၏ ဘယ်ဘက် မိုင်နှစ်မိုင်ခန့် အကွာတွင်... အခြား အင်အားစုများမှ ထိပ်သီး ပါရမီရှင် တပည့် အချို့ကို သူ သတိပြုမိလိုက်၏။
သို့သော် စုယွီ၏ အကြည့်များ သူတို့ကို ဖြတ်ကျော်သွားချိန်တွင် သူတို့ ဘာတစ်ခုမှ သတိမထားမိကြချေ။
အချိန်အတန်ကြာ ရှာဖွေပြီးနောက် စုယွီသည် သူ၏ ဝိညာဉ်စွမ်းအင်ကို ပြန်လည် ဖြည့်တင်းရန် ခေတ္တ ရပ်နားလိုက်ပြီး... ထို့နောက် ဆက်လက် ရှာဖွေသည်။
ဤသို့ဖြင့် နေဝင်ဆည်းဆာ အချိန်သို့ ရောက်ရှိလာသော အခါ... စုယွီသည် နောက်ဆုံးတွင် တောင်ကြား တစ်ခု အတွင်း၌ စတုတ္ထအဆင့် ဝိညာဉ် ဆေးဝါး တစ်ပင်ကို ရှာဖွေ တွေ့ရှိသွားသည်။
ထိုဆေးပင်ကို မြင်လိုက်ရသည်နှင့် တစ်ပြိုင်နက်... သူ၏ မျက်လုံးများမှာ ဝင်းလက် တောက်ပ သွားတော့၏။
"ဝီ..."
ဟင်းလင်းပြင် တစ်လျှောက် လှိုင်းဂယက်များ အက်ကွဲသွားမှုနှင့် အတူ... စုယွီသည် သူ၏ လက်ကို ဆန့်ထုတ်လိုက်သည်။ ထိုဆေးပင်မှာ မိုင်ဆယ်မိုင်ကျော် ကွာဝေးသော နေရာတွင် ရှိနေသော်ငြားလည်း... စုယွီ လက်ဆန့်ထုတ်လိုက်သည့် အခိုက်အတန့် တွင်ပင်... တောင်ကြား အတွင်းမှ စတုတ္ထအဆင့် ဝိညာဉ် ဆေးဝါးမှာ စုယွီ၏ လက်ထဲသို့ ချက်ချင်း ရောက်ရှိလာတော့သည်။
ဝိညာဉ် ဆေးဝါး နှင့် မလှမ်းမကမ်းတွင်... အစောင့်အဖြစ် ခိုအောင်းနေသော တတိယအဆင့် အဆင့်မြင့် မှော်သားရဲ တစ်ကောင် ရှိနေ၏။
ဟင်းလင်းပြင် လှိုင်းထသွားသည့် အခိုက်အတန့် တွင်... ထိုမှော်သားရဲကြီးမှာ လန့်နိုးသွားပြီး ခေါင်းကို မော့ကြည့်လိုက်သည်။
ဘယ်ကမှန်း မသိသော လက်တစ်ဖက် ရုတ်တရက် ထွက်ပေါ်လာပြီး လှမ်းယူလိုက်သည်ကို မြင်လိုက်ရ၏။ ထို့နောက်... နှင်းကဲ့သို့ ဖြူဖွေးနေသော ကြာပန်းနီ တစ်ပွင့်နှင့် တူပြီး... မှိန်ဖျော့ဖျော့ အင်မော်တယ် အလင်းရောင်များ ဖြာထွက်နေသော ထိုဆေးပင်မှာ ချက်ချင်းပင် ပျောက်ကွယ်သွားတော့၏။
ထိုမှော်သားရဲကြီးမှာ မှင်သက် ငေးမော သွားသည်။
၎င်း ပြန်လည် သတိဝင်လာချိန်တွင်... ၎င်း ဆယ်စုနှစ် တစ်ခုကျော်တိုင်အောင် စောင့်ကြပ်လာခဲ့သော ဝိညာဉ် ဆေးဝါးမှာ ဘာအရိပ်အယောင်မျှ မကျန်ရစ်ဘဲ လုံးဝ ပျောက်ကွယ် သွားခဲ့လေပြီ။
"ဝေါင်း..."
ဒေါသတကြီး ဟိန်းဟောက်လိုက်သော မှော်သားရဲကြီး၏ အသံသည် သစ်တော တစ်ခုလုံးတွင် ပဲ့တင်ထပ် သွားတော့၏။
နောက်ထပ် တစ်လကြာသော အခါ...
စုယွီသည် တောင်တန်း အောက်ရှိ ပေရာချီ နက်ရှိုင်းသော ဂူစံအိမ် အတွင်း၌သာ ဆက်လက် နေထိုင်နေခဲ့သည်။ သူသည် အပျက်အစီး နယ်မြေ အတွင်းရှိ အခွင့်အရေး များကို ရှာဖွေရန် အတွက် ပုစဉ်းမျက်လုံး ၏ နတ်ဘုရား စွမ်းရည် များကိုသာ အားကိုး နေခဲ့၏။
ဤရက်များ တစ်လျှောက် ရှာဖွေမှုများမှ တဆင့်... အမြုတေ ဖွဲ့စည်းခြင်း ဆေးလုံး သုံးလုံးကို ဖော်စပ်ရန် လုံလောက်သော ကုန်ကြမ်းများကို သူ ရှာဖွေ တွေ့ရှိခဲ့လေပြီ။
ထို့အပြင် စတုတ္ထအဆင့် ဝိညာဉ် ဆေးဝါးများ တွင် အသုံးပြုသော ဆေးပင် အပင်နှစ်ဆယ်ကျော်ကိုလည်း သူ ရှာဖွေ တွေ့ရှိခဲ့သေးသည်။
ဟင်းလင်းပြင် စွမ်းအား၏ အကူအညီဖြင့်... သူသည် အခြားသော ပါရမီရှင်များ သို့မဟုတ် ဆေးပင်များကို စောင့်ကြပ်နေသော မှော်သားရဲများ နှင့် ယှဉ်ပြိုင် လုယူရန် မလိုအပ်ဘဲ ဝိညာဉ် ဆေးဝါးများကို လွယ်ကူစွာ သိမ်းပိုက်နိုင်ခဲ့သည်။ ဂူစံအိမ် အတွင်းမှ အပြင်သို့ ထွက်စရာ မလိုဘဲ ကြီးမားလှသော အကျိုးအမြတ် များကို ရိတ်သိမ်းနိုင်ခဲ့ခြင်း ပင်တည်း။
"ဟင်..."
တစ်နေ့တွင် ယခင်ကကဲ့သို့ပင် စုယွီသည် အပျက်အစီး နယ်မြေကို စူးစမ်း လေ့လာရန် နှင့် အခွင့်အရေး များကို ရှာဖွေရန် ပုစဉ်းမျက်လုံး ကို အသုံးပြု နေ၏။
ရုတ်တရက်... အမြုတေ ဖွဲ့စည်းခြင်း ပဉ္စမအဆင့် တွင်သာ ရှိသေးသော လူငယ် တစ်ဦးသည် ရေခဲ မန္တန်တစ်ခုကို ဖန်တီးရန် လက်တစ်ချက် ဝှေ့ယမ်းလိုက်သည်ကို သူ သတိပြုမိလိုက်၏။ အံ့အားသင့်ဖွယ် ကောင်းလှသည်မှာ... ထိုလူငယ်သည် တတိယအဆင့် အဆင့်မြင့် မှော်သားရဲ တစ်ကောင်ကို ရေခဲရုပ်တု တစ်ခု အဖြစ်သို့ ပြောင်းလဲပစ်လိုက်ခြင်းပင် ဖြစ်သည်။
နောက်တစ်စက္ကန့်တွင်... ထိုလူငယ်က လက်ကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်၏။
"ဘုန်း..."
ရေခဲရုပ်တုသည် မျက်စိတစ်မှိတ် အတွင်းမှာပင် ဖုန်မှုန့်များ အဖြစ်သို့ အမှုန့်ကြိတ် ခံလိုက်ရပြီး... တတိယအဆင့် အဆင့်မြင့် မှော်သားရဲကြီးမှာ ထိုနေရာတွင်ပင် အသက်ပျောက် သွားတော့၏။
ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ စုယွီ၏ မျက်လုံးအိမ်များ ကျုံ့ဝင်သွားပြီး... အံ့အားသင့်မှု ကြောင့် သူ၏ မျက်နှာ အမူအရာ အနည်းငယ် ပြောင်းလဲ သွားရသည်။
"အမြုတေ ဖွဲ့စည်းခြင်း ပဉ္စမအဆင့် က တတိယအဆင့် အဆင့်မြင့် မှော်သားရဲ တစ်ကောင်ကို ဒီလို လွယ်လွယ်ကူကူ ရေခဲရိုက်ပြီး သတ်ပစ်လိုက်နိုင်တယ် ဟုတ်လား..."
ထိုလူငယ် နှင့် မလှမ်းမကမ်းတွင်... အမြုတေ ဖွဲ့စည်းခြင်း နဝမအဆင့် ရှိသော အင်မော်တယ် နန်းတော်မှ တပည့် အချို့ စောင့်ဆိုင်း နေကြ၏။
လူငယ်လေးက မှော်သားရဲကို အလွယ်တကူ နှိမ်နင်းလိုက်သည်ကို မြင်တွေ့ပြီးနောက်... ထိုလူများ သည် လူငယ်လေး ထံသို့ ရိုသေ ကျိုးနွံစွာ ချဉ်းကပ်လာကြပြီး... မြှောက်ပင့် ဖားယားသော စကားများဖြင့် ချီးမွမ်း ပြောဆိုကြသည်။
"တာအိုသားတော်... သခင်လေးရဲ့ မန္တန် က တစ်နေ့တခြား ပိုပိုပြီး အစွမ်းထက် လာတယ်နော်... ကျွန်တော်တို့တောင် ရင်ထဲမှာ ကြက်သီး ထမိတယ်..."
"ဒါပေါ့... တာအိုသားတော် က ရေခဲငှက်မွှေး ဝိညာဉ် ခန္ဓာကိုယ် ကို ပိုင်ဆိုင်ထားတာလေ... သန်းတစ်ထောင်မှာ တစ်ယောက်တောင် ရှာတွေ့ဖို့ ခဲယဉ်းတဲ့ ပါရမီရှင်ပဲ... တာအိုသားတော် သာ အမြုတေ ဖွဲ့စည်းခြင်း နှောင်းပိုင်းအဆင့် ကို ရောက်သွားပြီ ဆိုရင်... မူလ ဝိဉာဉ်အဆင့် အစောပိုင်း ကာလက အရှင်သခင် တွေတောင်မှ တာအိုသားတော် ရဲ့ ရေခဲ စွမ်းအား ကို ကြောက်လန့် နေရလိမ့်မယ်..."
"တာအိုသားတော် က မကြာခင် အနာဂတ်မှာ... မဟာ အင်မော်တယ် ဂိုဏ်းတွေကို ပေါင်းစည်းနိုင်အောင် ကျွန်တော်တို့ကို ဦးဆောင်နိုင်လိမ့်မယ် လို့ ကျွန်တော် အပြည့်အဝ ယုံကြည်ပါတယ်..."
ထူးကဲသော ပါရမီ အစွမ်းအစများဖြင့် ပြည့်စုံပြီး အမြုတေ ဖွဲ့စည်းခြင်း နဝမအဆင့်သို့ ရောက်ရှိနေကြသော အင်မော်တယ် နန်းတော်၏ တပည့် တစ်ဦးစီတိုင်းသည်... ထိုလူငယ်လေးကို မြှောက်ပင့် ဖားယား နေကြသည်။
ထိုလူငယ်လေး အပေါ် ထားရှိသော သူတို့၏ အကြည့်များတွင် အစွန်းရောက် ကိုးကွယ် ယုံကြည်မှု အရိပ်အယောင်များ ပင် ပါဝင်နေ၏။ သူတို့၏ တိုက်ခိုက်လိုစိတ် အရှိန်အဝါများမှာ အလွန်တရာ သိသာ ထင်ရှားလွန်းလှသဖြင့်... အဝေးမှနေ၍ပင် ဤလူငယ်လေး အပါအဝင် ထိုလူများ ထံမှ ဖြာထွက်နေသော ပြင်းပြသည့် တိုက်ခိုက်လိုစိတ် များကို စုယွီ ရှင်းလင်းစွာ ခံစား သိရှိနေရ၏။
လူငယ်လေးသည် အေးစက်စက် အမူအရာဖြင့် ရှိနေပြီး... သူတို့ အထဲမှ တစ်ဦးကို စတုတ္ထအဆင့် ဝိညာဉ် ဆေးပင် သွားယူရန် အမိန့်ပေးလိုက်သည်။
ထို့နောက် သူက မေးလိုက်၏။
"အခြား အင်မော်တယ် ဂိုဏ်းတွေ က ပါရမီရှင် တွေရဲ့ တည်နေရာ တွေကို မင်းတို့ ရှာတွေ့ပြီလား..."
ထိုအခါ.. သူတို့ အထဲမှ တစ်ဦးက ချက်ချင်းပင် ဖြေကြားလိုက်သည်။
"သုံးယောက်ရဲ့ တည်နေရာကိုတော့ ရှာတွေ့ထားပါပြီ... ယွီလုံ နန်းတော်၊ ကျိုလင် တောင် နဲ့ ရွှမ်ဟွမ် အင်မော်တယ် နန်းတော် က ပါရမီရှင် တွေကို အခု လိုက်လံ စောင့်ကြည့် နေပါတယ်..."
"သွားကြစို့..."
"ယွီလုံ နန်းတော် ကို အရင် သွားမယ်..."
အမြုတေ ဖွဲ့စည်းခြင်း နဝမအဆင့် ကျင့်ကြံသူ၏ လမ်းပြမှု အောက်တွင်... လူငယ်လေး နှင့် အခြားသူများ သည် အပျက်အစီး နယ်မြေ အတွင်း အခွင့်အရေး များကို ရှာဖွေ စူးစမ်းနေကြသော ယွီလုံ နန်းတော်မှ ပါရမီရှင် များကို ရှာဖွေ တွေ့ရှိသွားကြသည်။
ကျောက်ဂူ အပျက်အစီးများ သို့ လာရောက်ခဲ့ကြသော ယွီလုံ နန်းတော်မှ တပည့် အယောက် နှစ်ဆယ်ခန့် ရှိ၏။
အင်မော်တယ် နန်းတော်မှ လူများသည် ယွီလုံ နန်းတော်မှ တပည့် ရှစ်ယောက် ပါဝင်သော အဖွဲ့ တစ်ဖွဲ့ကို ရှာတွေ့ခဲ့ကြပြီး... ထိုအထဲတွင် သုံးယောက်မှာ အမြုတေ ဖွဲ့စည်းခြင်း နဝမအဆင့် သို့ ရောက်ရှိနေကြသူများ ဖြစ်၏။
ထိုရှစ်ယောက်ကို မြင်လိုက်ရသောအခါ လူငယ်လေးသည် အေးအေးလူလူ လျှောက်လှမ်း သွားပြီး... ဂရုမစိုက်သော လေသံဖြင့် ပြောလိုက်သည်။
"မင်းတို့ အားလုံး... တစ်ပြိုင်တည်း ဝင်လာခဲ့ကြ..."
"ငါ က မင်းတို့ကို သတ်မယ်... ဒါမှမဟုတ် မင်းတို့ က ငါ့ကို သတ်မယ်... တတိယမြောက် ရွေးချယ်စရာ လမ်း လုံးဝ မရှိဘူး..."
"ဘုန်း..."
လူငယ်လေး၏ ရန်စ စိန်ခေါ်မှုကြောင့် ယွီလုံ နန်းတော်မှ ပါရမီရှင် ရှစ်ဦးစလုံး သည် တစ်ပြိုင်နက်တည်း တိုက်ခိုက်လာကြ၏။ သို့သော်ငြားလည်း... လူငယ်လေး ပိုင်ဆိုင်ထားသော ရေခဲငှက်မွှေး ဝိညာဉ် ခန္ဓာကိုယ်၏ ကြောက်မက်ဖွယ် စွမ်းအား အောက်တွင်... အသက် တစ်ရာ ရှူစာ အချိန်လေး အတွင်းမှာပင် သူတို့ အားလုံးသည် ရေခဲရုပ်တုများ အဖြစ်သို့ ပြောင်းလဲ သွားကြတော့သည်။
"ဒိုင်း..."
နောက်တစ်စက္ကန့်တွင်... ထိုလူ ရှစ်ဦးစလုံး သည် ယခင်က မှော်သားရဲကြီး ကဲ့သို့ပင် အပိုင်းပိုင်း အစစီ ကွဲအက် သွားကြပြီး... ငှက်မွှေးများ သဖွယ် ပေါ့ပါးသော ရေခဲပွင့်လေးများ အဖြစ် ပြောင်းလဲကာ မြေပြင်ပေါ်သို့ ပြန့်ကျဲ ကျဆင်း သွားကြတော့၏။
ဆယ်ရက်တာ ကာလ အတွင်း...
အင်မော်တယ် နန်းတော်မှ ဤတာအိုသားတော် သည် အဓိက ဂိုဏ်းကြီး သုံးဂိုဏ်းမှ တပည့် သုံးဆယ်ကျော်ကို ရက်ရက်စက်စက် သတ်ဖြတ်ခဲ့လေပြီ။
ဤသတင်းသည် အပျက်အစီး နယ်မြေ တစ်ခုလုံးသို့ လျင်မြန်စွာ ကျော်ကြားခဲ့ပြီး... ကျန်ရှိနေသေးသော ဂိုဏ်းများ အားလုံးကို အကြီးအကျယ် အံ့အားသင့် ထိတ်လန့် သွားစေခဲ့တော့သည်။
ဤအချိန်တွင် စုယွီသည် လော့ချန်ယွီ၊ တာအိုဆရာမ ချင်းချွမ် နှင့် တာအိုဆရာ ရှုဟိုင် တို့၏ တည်နေရာများကို ရှာဖွေ တွေ့ရှိခဲ့လေပြီ။ သူသည် ပုစဉ်းမျက်လုံး ကို အသုံးပြု၍ အမြွှာ ညီအစ်မ နှစ်ဦး ဖြစ်သော ကျန်းမန်သဲ့ နှင့် ကျန်းမန်ယောင် တို့၏ တည်နေရာကို ဆက်လက် ရှာဖွေရန် ပြင်လိုက်စဉ်... သူ၏ မျက်နှာ အမူအရာ အနည်းငယ် ပြောင်းလဲ သွားရသည်။
မိုင်သုံးဆယ်ခန့် အကွာတွင်... အမြွှာ ညီအစ်မ နှစ်ဦး ဖြစ်သော ကျန်းမန်သဲ့ နှင့် ကျန်းမန်ယောင် တို့သည် အခြားသော ဂိုဏ်း အသီးသီးမှ ပါရမီရှင် ငါးဆယ် နီးပါးခန့်ကို စုစည်း ထားကြသည်။ သို့သော်ငြားလည်း... စစ်သည်တော် ကျင့်ကြံသူ ဖြစ်သော အင်မော်တယ် နန်းတော်၏ တာအိုသားတော် သည် သူ၏ အဖွဲ့နှင့်အတူ ထိုနေရာသို့ ချဉ်းကပ် လာနေလေပြီ။