အခန်း (၅၈၀-၅၈၂)
Vol. 39 Ch. 580-582
အခန်း (၅၈၀) - အဋ္ဌမအဆင့် ရွှေအမြုတေ၏ တံခါးဝ (၁)
စုယွီ၏ မျက်နှာမှာ ကွက်ခနဲ ပျက်သွားပြီး ကျောရိုးတစ်လျှောက် စိမ့်တက်သွားသည်။ အပြင်ဘက်ရှိ ပုံရိပ်ကို အာရုံခံမိလိုက်သည့် အခိုက်အတန့်၌ သူ၏ တစ်ကိုယ်လုံး ကြက်သီးမွေးညင်းများ ထသွားပြီး အပြင်သို့ ပြေးထွက်မည့် အဟုန်ကို ရုတ်ချည်း ရပ်တန့်ပစ်လိုက်တော့၏။
ကံကောင်းထောက်မစွာဖြင့် ရွှေပုစဉ်းရင်ကွဲ နတ်ဘုရားစွမ်းရည်များကို အသက်သွင်းကာ စောင့်ကြည့်နေခြင်းဖြစ်ရာ ယွင်ရှောင်ဆေးလုံး စံအိမ်အတွင်းသို့ ခိုးကြောင်ခိုးဝှက် ဝင်ရောက်လာသော ထိုပုံရိပ်မှာ လုံးဝ ရိပ်မိခြင်း မရှိချေ။
သူ၏ စူးရှသော အကဲခတ်မှုအောက်တွင် ထိုပုံရိပ်၏ မည်သူမည်ဝါဖြစ်ကြောင်းကို ရှင်းလင်းစွာ မြင်တွေ့လိုက်ရရုံသာမက ၎င်း၏ ခွန်အားအတိုင်းအတာကိုပါ တိတိကျကျ ခန့်မှန်းနိုင်ခဲ့သည်။
လေအေးတစ်ချက်ကို ရှူသွင်းလိုက်မိ၏။
'မူလဝိညာဉ်အဆင့် အထွတ်အထိပ်... နေပါဦး... ဒါ လူမှ မဟုတ်တာ... ပင်လယ်မျိုးနွယ်စုက ရွှမ်လိပ် (ပင်လယ်လွှမ်းမိုးလိပ်)ကြီးပဲ... ဒါဆို ပင်လယ်မျိုးနွယ်စုရဲ့ စတုတ္ထအဆင့် အထွတ်အထိပ် သားရဲလို့ ပြောရမှာပေါ့...'
စုယွီ မသဲမကွဲ ရေရွတ်လိုက်မိသည်။
ရွှေပုစဉ်းရင်ကွဲ ဝိညာဉ် ကိန်းအောင်းနေသော သူ၏ နိုးကြားထက်မြက်သည့် မျက်လုံးများအောက်တွင် ခြံဝင်းအတွင်းရှိ ပုံရိပ်မှာ ပေဒါဇင်ချီ ကြီးမားလှသော ဧရာမ ရွှမ်လိပ် (ပင်လယ်လွှမ်းမိုးလိပ်)ကြီး တစ်ကောင်အဖြစ် အထင်အရှား ပေါ်လွင်နေ၏။
ဖုံးကွယ်ထားသော ၎င်း၏ ရက်စက်ကြမ်းကြုတ်သည့် အရှိန်အဝါကြောင့် စုယွီ၏ ဦးရေပြားများပင် ထုံကျဉ်သွားရသည်။
ယုံမှားဖွယ်မရှိ ပင်လယ်မျိုးနွယ်စုမှ ရွှမ်လိပ် (ပင်လယ်လွှမ်းမိုးလိပ်)ကြီး ပေတကား။
စတုတ္ထအဆင့် အထွတ်အထိပ် ပင်လယ်မျိုးနွယ်စုဝင် တစ်ဦးက တိတ်တဆိတ် ထိုးဖောက်ဝင်ရောက်လာပြီး တစ်စုံတစ်ရာကို သည်းကြီးမည်းကြီး ခြေရာခံ ရှာဖွေနေပုံရလေ၏။
မျက်စိတစ်မှိတ်အတွင်းမှာပင် စုယွီ အသိစိတ်များ ပြန်လည်ဝင်ရောက်လာတော့သည်။
'ငါ့ဆီမှာရှိနေတဲ့ ရှေးဟောင်း ဝိညာဉ်သားရဲ ရွှမ်လိပ် (ပင်လယ်လွှမ်းမိုးလိပ်)လေးကိုများ လာရှာနေတာလား... ဒီရှေးဟောင်း ရွှမ်လိပ် (ပင်လယ်လွှမ်းမိုးလိပ်)လေး မွေးဖွားလာတာကို ပင်လယ်မျိုးနွယ်စုက ရွှမ်လိပ် (ပင်လယ်လွှမ်းမိုးလိပ်)ကြီးက သိနေတာလား...'
ဤအဖြစ်အပျက်က မယုံကြည်နိုင်စရာ ကောင်းလွန်းလှ၏။ သာမန် သားရဲဥကဲ့သို့သော ရှေးဟောင်းအမွေအနှစ်လေး တစ်ခုက ဖူလင်း သမုဒ္ဒရာရေပြင် နက်ရှိုင်းရာတွင် ကျက်စားသော ပင်လယ်မျိုးနွယ်စုကို ဤမျှ ထိတ်လန့်တုန်လှုပ်သွားစေလိမ့်မည်ဟု သူ တစ်ခါမှ မတွေးထင်ထားခဲ့ဖူးချေ။
ယခုမူ သူတို့သည် သူ၏ အနီးအနားအထိပင် ရောက်ရှိလာခဲ့လေပြီ။
'ဒါဆို ရွှမ်လိပ် (ပင်လယ်လွှမ်းမိုးလိပ်)လေးက ငါ့လက်ထဲမှာ ရှိနေတယ်ဆိုတာ သူ သိနေတာလား... ငါ့ရဲ့ ဇာစ်မြစ် အစစ်အမှန်ကိုရော သူ သိနေပြီလား...'
စုယွီ၏ ခေါင်းထဲတွင် အတွေးပေါင်းများစွာ ရှုပ်ယှက်ခတ် နေတော့သည်။ သူ၏ နတ်ဘုရားမျက်လုံးများသည် အပြင်ဘက်ရှိ ပုံရိပ်ထံတွင်သာ အသေအချာ စူးစိုက်ထားပြီး အကယ်၍ ထိုအကောင်သာ အတင်းအဓမ္မ ထိုးဖောက် ဝင်ရောက်လာပါက ဟင်းလင်းပြင် လွတ်မြောက်ခြင်းဟင်းလင်းပြင် ခွဲထွက်ခြင်း နည်းစနစ်ကို ချက်ချင်း အသုံးပြုရန် အသင့်ပြင်ထားလိုက်သည်။
သို့သော် သူ၏ စောင့်ကြည့်မှုအောက်တွင် ထိုပုံရိပ်သည် ဆေးလုံး စံအိမ် ခြံဝင်းအတွင်းသို့ ခိုးဝင်လာသော်ငြားလည်း အခန်းများအတွင်းသို့ ဝင်ရောက် စူးစမ်းခြင်း မပြုခဲ့ချေ။ အခန်းတစ်ခန်းစီကို တိတ်တဆိတ် အကဲခတ်ပြီးနောက် ထိုပုံရိပ်၏ မျက်ခုံးတန်းများ တွန့်ချိုးသွားသည်။
"ဒီမှာ မရှိဘူးပဲ"
ထိုပုံရိပ်က ခပ်ဖွဖွ ရေရွတ်လိုက်၏။ ၎င်း၏ မျက်နှာပေါ်တွင် ဖော်မပြနိုင်သော စိတ်ပျက်အားငယ်မှုများ အထင်အရှား ပေါ်လွင်နေ၏။
အချိန်အတော်ကြာအောင် ရှာဖွေခဲ့ပြီးနောက် အရှင်သခင် ဆယ်ပါး အင်မော်တယ်မြို့တော် တစ်ခုလုံးကို ဇောက်ထိုးမိုးမျှော် မွှေနှောက်ပြီး ဖြစ်၏။ သို့တိုင်အောင် ထိုရှေးဟောင်း သွေးမျိုးဆက်ကို ရှာမတွေ့ခဲ့ချေ။ သည်အတိုင်းသာ ဆက်သွားနေပါက ဘိုးဘေးဆရာသခင်ကြီးများထံ မည်သို့ သတင်းပြန်ပို့ရမည်နည်း။
ယွင်ရှောင်ဆေးလုံး စံအိမ်တွင် မည်သည့်အရာမှ ရှာမတွေ့သောအခါ ထိုပုံရိပ်သည် မည်သူ့ကိုမျှ အသိမပေးဘဲ ခြံဝင်းအတွင်းမှ တိတ်တဆိတ် ထွက်ခွာသွားပြီး ဘေးနားရှိ ဆိုင်ခန်းခြံဝင်းအတွင်းသို့ ဆက်လက် ခိုးဝင်ရှာဖွေတော့သည်။
စုယွီက မမှိတ်မသုန် စောင့်ကြည့်နေ၏။ ထိုပုံရိပ်သည် ဆိုင်ခန်းများကို တစ်ခန်းပြီးတစ်ခန်း ဆက်တိုက် ရှာဖွေနေသည်ကို မြင်တွေ့ရသောအခါမှသာ စုယွီ သက်ပြင်းချကာ စိတ်သက်သာရာ ရသွားတော့သည်။
ကြည့်ရသည်မှာ ထိုပုံရိပ်က သူ့ကို တိုက်ရိုက် ပစ်မှတ်ထားနေခြင်း မဟုတ်ချေ။
'ဒီပုံစံအရဆိုရင် သူက ဧရိယာကျယ်ကြီးကို လိုက်ရှာနေတုန်းပဲ ဖြစ်ရမယ်... အဲဒီလိုဆိုရင်တော့ ကံတရားအပေါ်မှာပဲ မူတည်သွားပြီလေ... ဘာပဲပြောပြော မှော်လက်နက်တွေနဲ့ သားရဲယဉ်ပါးအိတ်တွေက နေရာတိုင်းမှာ ရှိနေတာပဲကိုး...'
စုယွီသည် စိတ်ထဲမှ မှန်းဆနေမိ၏။
ပင်လယ်မျိုးနွယ်စုမှ ထိုပုံရိပ် ထွက်ခွာသွားသည်ကို မြင်တွေ့ရချိန်မှသာ သူ၏ နတ်ဘုရား အကြည့်ကို ရုပ်သိမ်းလိုက်ပြီး မျက်မှောင်ကြုတ်လိုက်၏။ ပင်လယ်မျိုးနွယ်စုသည် အရှင်သခင် ဆယ်ပါး အင်မော်တယ်မြို့တော်သို့ မည်သို့မည်ပုံ ရောက်ရှိလာခဲ့သနည်း။
'သူတို့က ရွှမ်လိပ် (ပင်လယ်လွှမ်းမိုးလိပ်)သွေးမျိုးဆက်ရဲ့ တည်နေရာကို အာရုံခံနိုင်တာလား... ဒါပေမဲ့ ငါ့ဆီကို တိုက်ရိုက် ရောက်မလာတာကို ထောက်ရင် သူတို့ရဲ့ အာရုံခံနိုင်စွမ်းက ခန့်မှန်းခြေလောက်ပဲ ဖြစ်ရမယ်...'
သူ၏ ခန့်မှန်းချက် မှန်ကန်မည်ဟု သူ ယုံကြည်သည်။ ဤအချက်ကသာ ပင်လယ်မျိုးနွယ်စု၏ ရွှမ်လိပ် (ပင်လယ်လွှမ်းမိုးလိပ်)ကြီးသည် ဤနေရာအထိ ရောက်လာသော်လည်း သူ၏အနားသို့ တိုက်ရိုက် မလာခြင်းကို ရှင်းပြနိုင်ပေလိမ့်မည်။
သို့ဖြစ်၍ ဤအကြောင်းကို စဉ်းစားပြီးနောက် စုယွီသည် ရွှမ်လိပ် (ပင်လယ်လွှမ်းမိုးလိပ်)လေးကို ခေါ်ဆောင်ကာ မြေကမ္ဘာအင်မော်တယ်နယ်မြေသို့ ပြန်သွားရန် အစီအစဉ်ကို ဖျက်သိမ်းလိုက်တော့သည်။
မည်သို့ပင်ဆိုစေကာမူ ရွှမ်လိပ် (ပင်လယ်လွှမ်းမိုးလိပ်) ပင်လယ်မျိုးနွယ်စုမှ စတုတ္ထအဆင့် အထွတ်အထိပ် စစ်သည်တော် တစ်ဦးက ကုန်းမြေပေါ်ရှိ အင်မော်တယ်နယ်မြေများအတွင်းသို့ ခိုးဝင်လာပြီး ရွှမ်လိပ် (ပင်လယ်လွှမ်းမိုးလိပ်)သွေးမျိုးဆက် ရှိမရှိ တိတ်တဆိတ် ရှာဖွေနေခြင်း ဖြစ်၏။ အကယ်၍ သူတို့သာ ရှာမတွေ့ခဲ့လျှင် ဒီအတိုင်း လွယ်လွယ်လေး လက်လျှော့သွားပါမည်လော။
စုယွီသည် လေကို ပြင်းပြင်းရှူသွင်းလိုက်ပြီး မသိမသာ ရေရွတ်လိုက်၏။
"အရှင်သခင် ဆယ်ပါး အင်မော်တယ်မြို့တော်မှာ အဖြစ်အပျက်ကြီး တစ်ခု ဖြစ်လာတော့မယ်လို့ ငါ ကြိုတင် ခံစားနေရတယ်"
မကြာသေးမီကမှ ခန္ဓာကိုယ်သန့်စင်ခြင်း အဆင့်လေးသို့ အောင်မြင်စွာ ချိုးဖျက်ဝင်ရောက်ထားပြီး မူလဝိညာဉ်အဆင့် ပထမအဆင့် စစ်မှန်သောအရှင်သခင် တစ်ပါးနှင့် တန်းတူ ခွန်အားရှိနေပြီဖြစ်သော သူ့အတွက်ပင် ဤအတွေးက စိတ်မအေးစရာ ဖြစ်စေသည်။
အချိန်အတော်ကြာပြီးနောက် စုယွီသည် မိမိကိုယ်ကို အပြည့်အဝ တည်ငြိမ်အောင် ထိန်းချုပ်လိုက်ပြီး နောက်ထပ် ခြေလှမ်းကို စဉ်းစားရန် ရွှေပုစဉ်းရင်ကွဲ ကျင့်စဉ်ကို ဖော်ဆောင်ကာ ဝိညာဉ်အာရုံနယ်ပယ်သို့ ဝင်ရောက်သွားတော့၏။
သူသည် တိတ်ဆိတ်စွာ တွက်ချက် စဉ်းစားနေ၏။
ပထမအချက်အနေဖြင့် အရှင်သခင် ဆယ်ပါး အင်မော်တယ်မြို့တော်၏ လုံခြုံရေးသည် ရေတိုကာလအတွက် စိတ်ချရ၏။ အကြောင်းမူကား ၎င်းသည် သေးငယ်သော အင်အားစုတစ်ခု မဟုတ်ဘဲ အင်မော်တယ်ဂိုဏ်းများပင် ဤနေရာ၌ ပဋိပက္ခ မစတင်မီ နောက်ဆက်တွဲ ဆိုးကျိုးများကို ချင့်ချိန်ရမည် ဖြစ်သောကြောင့်တည်း။
ဒုတိယအချက်အနေဖြင့် ရွှမ်လိပ် (ပင်လယ်လွှမ်းမိုးလိပ်)မျိုးနွယ်စုဝင်သည် အစွမ်းထက်လှသော်ငြား စတုတ္ထအဆင့် အထွတ်အထိပ်တွင်သာ ရှိနေသဖြင့် အရှင်သခင် ဆယ်ပါး အင်မော်တယ်မြို့တော်ကို မွှေနှောက်ချောက်ခြားရန် မစွမ်းသာချေ။
နောက်ဆုံးအနေဖြင့် အကယ်၍ ရွှမ်လိပ် (ပင်လယ်လွှမ်းမိုးလိပ်) ပင်လယ်မျိုးနွယ်စုသည် အမှန်တကယ် ပြဿနာရှာလိုပါကလည်း သူတို့၏ အင်အားစုများသည် ဖူလင်း သမုဒ္ဒရာ နယ်မြေအတွင်းပိုင်းတွင်သာ ရှိပြီး ကုန်းမြေပေါ်ရှိ အင်မော်တယ်နယ်မြေများသို့ လာရောက်ခြင်းမှာ ကိုယ့်သေတွင်းကိုယ်တူးခြင်းသာ ဖြစ်ပေလိမ့်မည်။
'တစ်ချက်ပဲ ရှိတယ်... တာ့ချန် အင်မော်တယ်နယ်မြေက မိစ္ဆာမျိုးနွယ်စုရဲ့ အင်အားကို သူတို့ ငှားရမ်းနိုင်ရင်တော့ တစ်မျိုးပေါ့... ဒါပေမဲ့ မိစ္ဆာမျိုးနွယ်စုကရော အရှင်သခင် ဆယ်ပါး အင်မော်တယ်မြို့တော်ကို ရင်ဆိုင်ရဲပါ့မလား... တာ့ချန် အင်မော်တယ်နယ်မြေ တစ်ခုလုံးက မိစ္ဆာမျိုးနွယ်စုတွေ အုံကြွမလာသရွေ့ ဒါက မဖြစ်နိုင်တဲ့ ကိစ္စပဲ...'
တည်ငြိမ်စွာ အတန်ကြာ စဉ်းစားတွက်ချက်ပြီးနောက် စုယွီသည် သက်ပြင်းသဲ့သဲ့တစ်ချက် ချလိုက်ပြီး စိတ်သက်သာရာ ရသွားသည်။
"ငါ မြေကမ္ဘာအင်မော်တယ်နယ်မြေမှာ ဆက်မနေဘဲ ဝိညာဉ်ကျောက်တုံးလေးတွေ ရှာဖို့ အရှင်သခင် ဆယ်ပါး အင်မော်တယ်မြို့တော်ရဲ့ မှောင်ခိုဈေးကို လာခဲ့တာ ကံကောင်းသွားတယ်"
"မဟုတ်ရင် ပင်လယ်မျိုးနွယ်စုက ရွှမ်လိပ် (ပင်လယ်လွှမ်းမိုးလိပ်)တွေဆီကနေ ပြဿနာတွေကို ငါ ဆွဲခေါ်သွားသလို ဖြစ်နေတော့မှာ"
ဤအခြေအနေတွင် သူ၏ လက်ရှိ ဘေးကင်းရာ ခိုလှုံရာဖြစ်သော မြေကမ္ဘာအင်မော်တယ်နယ်မြေအပေါ် ကပ်ဘေးတစ်ခု ကျရောက်လာမည်ကို သူ လုံးဝ အလိုမရှိချေ။ အရှင်သခင် ဆယ်ပါး အင်မော်တယ်မြို့တော်နှင့် ပတ်သက်၍မူ သူ အနည်းငယ်မျှပင် ဂရုမစိုက်ပါချေ။
လျှို့ဝှက်ခန်းအတွင်းမှ မထွက်ခွာမီ စုယွီသည် အပြင်ဘက်နှင့် အနီးနားရှိ ဆေးလုံး စံအိမ်များကို နောက်တစ်ကြိမ် ထပ်မံ စောင့်ကြည့် အကဲခတ်လိုက်သေးသည်။ ပင်လယ်မျိုးနွယ်စုမှ အစွမ်းထက်ပုဂ္ဂိုလ်၏ ပုံရိပ်ကို မတွေ့ရတော့သည့်နောက်မှသာ သူသည် သတိကြီးစွာဖြင့် အပြင်သို့ ထွက်လာခဲ့သည်။
အချိန် အနည်းငယ် ကြာပြီးနောက်။
စုယွီသည် လင်းချင်းရှား၊ လင်းပင်း နှင့် ယန်ယွီမင် တို့ကို ဆင့်ခေါ်လိုက်ပြီး တည်ငြိမ်စွာ ညွှန်ကြားလိုက်၏။
"ဒီရက်ပိုင်း အပြင်မထွက်ကြနဲ့... ဆေးလုံး စံအိမ်ထဲမှာပဲ နေကြပါ"
လင်းချင်းရှား၊ လင်းပင်း နှင့် ယန်ယွီမင် တို့၏ မျက်နှာများမှာ တည်ကြည်လေးနက် သွားကြသည်။ အံ့အားသင့်မှု၊ သံသယဖြစ်မှုတို့ဖြင့် လင်းချင်းရှားက တိုးညင်းစွာ မေးလိုက်သည်။
"ဆရာသခင်... ဘာတွေ ဖြစ်လို့လဲ ရှင်"
စုယွီက အများကြီး အကျယ်တဝင့် ရှင်းပြလိုခြင်း မရှိသော်ငြား လင်းချင်းရှားတို့သည် ရွှမ်လိပ် (ပင်လယ်လွှမ်းမိုးလိပ်)လေး အကြောင်းကို အစောကတည်းက သိထားကြသည်ဖြစ်ရာ ဝိညာဉ်အာရုံဖြင့် ဆက်သွယ်၍ ပြောလိုက်တော့သည်။
"အရင်တုန်းက မင်းတို့ မြင်ခဲ့ဖူးတဲ့ ရွှမ်လိပ် (ပင်လယ်လွှမ်းမိုးလိပ်)လေးလေ... သူ့မျိုးနွယ်စုဆီက အကြီးအကဲ တစ်ယောက်က လူယောင်ဖန်ဆင်းပြီး သူ့ကို လိုက်ရှာနေတယ်”
အခန်း (၅၈၁) - အလှည့်ရှစ်ကြိမ် ရွှေအမြုတေ၏ တံခါးဝ (၂)
လင်းချင်းရှားတို့ အမျိုးသမီး သုံးဦး၏ မျက်နှာများ ချက်ချင်းပင် ပြောင်းလဲသွားကြ၏။
"ဒါပေမဲ့ သူတို့ ပင်လယ်လိပ် လျှို့ဝှက်ချက်က ငါ့ဆီမှာ ရှိနေတာကိုတော့ မသိသေးဘူး..."
စုယွီက ဆက်ပြောလိုက်၏။
"ဒါကြောင့် မင်းတို့အားလုံး အဲဒီကိစ္စကို နှုတ်ဆိတ်နေဖို့တော့ လိုမယ်..."
လင်းချင်းရှား၊ လင်းပင်း နှင့် ယန်ယွီမင် တို့ သုံးဦးက တစ်သံတည်း ပြန်လည်ဖြေကြားလိုက်ကြ၏။
"စိတ်ချပါ သခင်... ကျွန်မတို့ လုံးဝ နှုတ်ဆိတ်နေပါ့မယ် ရှင်..."
ထိုစဉ် အစိမ်းဖျော့ရောင် ဂါဝန်ကို ဆင်မြန်းထားသော အမျိုးသမီး တစ်ဦးသည် ဆေးလုံး စံအိမ် အတွင်းသို့ ဝင်ရောက်လာပြီး မေးမြန်းလိုက်သည်။
"ဒီမှာ လူရှိလား ရှင်..."
ထိုအသံကို ကြားလိုက်ရသောအခါ လင်းချင်းရှားက ချက်ချင်း ပြောလိုက်၏။
"သခင်... ကျွန်မ ဧည့်သည် သွားကြည့်လိုက်ပါ့မယ်..."
လင်းချင်းရှား အပြင်သို့ လျင်မြန်စွာ ထွက်သွားစဉ် စုယွီက ဆေးလုံး စံအိမ် အပြင်ဘက်သို့ လှမ်းကြည့်လိုက်ပြီး သူ၏ ဝိညာဉ်အမြင် ဖြင့် ဧည့်သည်ကို စူးစမ်းလိုက်သည်။ ကြည့်လိုက်သောအခါ သူ အနည်းငယ် အံ့အားသင့် သွားရ၏။
ရောက်လာသူ အမျိုးသမီးမှာ မကြာသေးမီကမှ မြေကမ္ဘာ အင်မော်တယ် ဂိုဏ်းချုပ်၏ တပည့် ဖြစ်လာခဲ့သော သူ၏ ဂျူနီယာ ညီမငယ် ဖန်ရှောင် နှင့် ရုပ်သွင်ချင်း အတော်လေး ဆင်တူနေ၏။
ထိုဧည့်သည်သည် သာမန် တတိယအဆင့် ဆေးလုံးများကို ဝယ်ယူသွားရုံ သာမက အကောင်းဆုံး အရည်အသွေးရှိ ရွှေအမြုတေ ဆေးလုံး သုံးလုံးကိုပါ ဈေးကြီးပေး၍ ဝယ်ယူသွားခဲ့ပြီး မျက်နှာပေါ်တွင် အလွန် ကျေနပ် အားရသော အပြုံးများဖြင့် ထွက်ခွာ သွားတော့သည်။
လင်းချင်းရှား ပြန်ဝင်လာသော အခါ စုယွီက မေးလိုက်ပါ၏။
"သူ့နာမည် ဘယ်သူတဲ့လဲ..."
လင်းချင်းရှား က ပြန်ဖြေလိုက်သည်။
"သူ့မျိုးရိုး နာမည် က ဖန် လို့တော့ ထင်တာပဲ ရှင်... နာမည် အပြည့်အစုံ ကိုတော့ မသေချာဘူး... သူက အရင်က ဒီကို တစ်ခေါက် ရောက်ဖူးတယ် လို့ ပြောတယ်... ဒါပေမဲ့ ကျွန်မတို့ ဆေးလုံး စံအိမ် က ဆေးဖော်စပ်ဖို့ အပ်နှံတာတွေကို လက်မခံတော့ ဝယ်ဖို့ သက်သက် နောက်တစ်ခေါက် ထပ်လာခဲ့ရတာတဲ့..."
ထိုအမျိုးသမီးမှာ တိလင် အင်မော်တယ် မြို့တော်မှ ကျင့်ကြံသူ မိသားစု တစ်ခု ဖြစ်သော ဖန် မိသားစု၊ ဖန်ရှောင်၏ မိသားစုမှ ဖြစ်ရမည်မှာ သေချာလှ၏။
အခုလေးတင် လာသွားသော အမျိုးသမီး နှင့် ပတ်သက်၍မူ သူမသည် ဖန်ရှောင်၏ အစ်မများ ဖြစ်နေမလား။ သူမ၏ သက်စောင့်စွမ်းအင်မှာ ဖန်ရှောင် ထက် ပိုမို အားကောင်းနေပြီး သူမ၏ ကျင့်ကြံခြင်း အဆင့်မှာလည်း အမြုတေ ဖွဲ့စည်းခြင်း နယ်ပယ် သတ္တမအဆင့် တွင် ရှိနေကာ အမြုတေ ဖွဲ့စည်းခြင်း အထွတ်အထိပ် သို့ ရောက်ရှိရန် သိပ်မလိုတော့ချေ။
'ဖန် မိသားစု က ဘာဖြစ်လို့ အကောင်းဆုံး အရည်အသွေးရှိ တတိယအဆင့် ဆေးလုံးတွေ အများကြီးကို လိုက်ဝယ်နေရတာလဲ မသိဘူး...'
စုယွီက ထိုအကြောင်းကို အကြာကြီး စဉ်းစားမနေတော့ဘဲ သူ၏ ခေါင်းထဲမှ အမြန် ဖယ်ထုတ်ပစ်လိုက်သည်။
ရွှမ်လိပ် (ပင်လယ်လွှမ်းမိုးလိပ်) ပင်လယ် မျိုးနွယ်စု ၏ သတင်းများကို သိရှိပြီးနောက် စုယွီသည် ဆေးလုံး စံအိမ် အတွင်း၌ အချိန် အတန်ကြာ နေထိုင်ခဲ့ပြီး ကျင့်ကြံခြင်း နှင့် ဆေးဖော်စပ်ခြင်း တို့ကိုသာ အာရုံစိုက်ကာ ဆိုင်အတွက် ကုန်ပစ္စည်းများ စုဆောင်း နေခဲ့၏။
တစ်နှစ် ကုန်လွန်သွားပြီးနောက် သူ၏ ရွှေပုစဉ်းရင်ကွဲ ကျင့်စဉ် စတုတ္ထအဆင့် ၏ ကျွမ်းကျင်မှု ပမာဏမှာ ၁၀ ရာခိုင်နှုန်း သို့ ရောက်ရှိလာခဲ့လေပြီ။ သူ၏ ဝိညာဉ် စွမ်းအားများ သိသိသာသာ တိုးတက်လာပြီး ပိုမို သိပ်သည်း လာကြောင်းကို စုယွီ ရှင်းလင်းစွာ ခံစား သိရှိနေရ၏။
မူလ ဝိဉာဉ်အဆင့် ဒုတိယအဆင့် ရှိ အရှင်သခင်ကြီး တစ်ပါး နှင့် တန်းတူညီမျှသော ဝိညာဉ် စွမ်းအား ပင်တည်း။
ရွှေပုစဉ်းရင်ကွဲ ကျင့်စဉ် တွင် အဆင့်ငယ် တစ်ခု တက်လှမ်း နိုင်ခဲ့ပြီးနောက် စုယွီသည် အိမ်မှ ထွက်ခွာ လာခဲ့ပြီး အထက်ဘက်ရှိ အရှင်သခင် ဆယ်ပါး အင်မော်တယ် မြို့တော် သို့ ဟင်းလင်းပြင် လွတ်မြောက်ခြင်းဟင်းလင်းပြင် ခွဲထွက်ခြင်း နည်းစနစ်ကို အသုံးပြု၍ သွားရောက်ခဲ့၏။ ထိုနေရာတွင် ဆေးဖော်စပ်ရန် ကုန်ကြမ်းများ နှင့် အရသာရှိသော အစားအစာ များကို ဝယ်ယူခဲ့ပြီး ဆေးလုံး စံအိမ် သို့ အကောင်းဆုံး အရည်အသွေးရှိ ဝိညာဉ် သေရည် အိုးအချို့ကို သယ်ဆောင် လာခဲ့သည်။
ထိုညတွင် သူသည် သူ၏ စွမ်းအားများ တိုးတက်လာမှုကို ဂုဏ်ပြုသည့် အနေဖြင့် လင်းချင်းရှား၊ လင်းပင်း နှင့် ယန်ယွီမင် တို့ နှင့်အတူ သေရည် အတူတကွ သောက်သုံးခဲ့ကြ၏။ သူတို့၏ နေ့ရက်များမှာ အလွန်တရာ သာယာ ချမ်းမြေ့ နေ၏။
အချိန်များ လျင်မြန်စွာ ကုန်လွန်သွားပြီး နောက်ထပ် နှစ်နှစ် ပြည့်မြောက်သွားခဲ့ ပြန်လေပြီ။
အထက်ဘုံ သန့်စင်သော မူလတာအို နိယာမ သည်လည်း ပြီးပြည့်စုံခြင်း အဆင့်သို့ ချောမွေ့စွာ ရောက်ရှိ သွားခဲ့၏။ မကြာမီ မှာပင် စုယွီသည် အဋ္ဌမအဆင့် ရွှေအမြုတေ သို့ တက်လှမ်းရန် ချဉ်းကပ် နေပြီ ဖြစ်ပြီး သူ၏ ခန္ဓာကိုယ် အတွင်းရှိ ရွှေအမြုတေ ပေါ်တွင် ဝိုးတဝါး တာအို အမှတ်အသား တစ်ခု စတင် ထွက်ပေါ်လာသည်။
အဋ္ဌမမြောက် တာအို အမှတ်အသား ထွက်ပေါ်လာမှု က စုယွီကို ဝမ်းသာ ပီတိ ဖြစ်သွားစေ၏။
အကယ်၍ သူသာ အလှည့်ရှစ်ကြိမ် ရွှေအမြုတေ ၏ တံခါးဝကို အာရုံခံ နိုင်ခဲ့မည် ဆိုလျှင် အဋ္ဌမအဆင့် ရွှေအမြုတေ တာအို အခြေခံ အုတ်မြစ်ကို အောင်မြင်စွာ တည်ဆောက် နိုင်ရန် အချိန် အများကြီး ယူရတော့မည် မဟုတ်ချေ။
နဝမအဆင့် ရွှေအမြုတေ သို့ ရောက်ရှိရန် ဆိုသော သူ၏ ရည်မှန်းချက်မှာ လည်း သိပ်ပြီး ဝေးကွာလွန်းတော့မည် မဟုတ်ပေ။
အထက်ဘုံ သန့်စင်သော မူလတာအို နိယာမ ၏ တိုးတက်မှု အပြင် သူ၏ မန္တန် နည်းစနစ် တစ်ခု ဖြစ်သော ပုစဉ်း ပိုးတုံးလုံး အချိန်တာအို ကျင့်စဉ် မှာလည်း အလယ်အလတ်အဆင့် သို့ အောင်မြင်စွာ ရောက်ရှိသွားခဲ့လေပြီ။ ဤ မန္တန်ကို အသုံးပြုခြင်းဖြင့် သူ၏ သက်တမ်း ကုန်ဆုံးမှု နှုန်းကို အနည်းဆုံး ၄၀ ရာခိုင်နှုန်း ခန့် လျှော့ချ နိုင်ပြီ ဖြစ်ကြောင်း သူ ခံစား သိရှိနေရ၏။
ဆိုလိုသည်မှာ အပြင်လောက တွင် ဆယ်နှစ် ကုန်လွန်သွားသည့် တိုင်အောင် ပုစဉ်း ပိုးတုံးလုံး အချိန်တာအို ကျင့်စဉ် ၏ လွှမ်းမိုးမှု အောက်တွင် သူ၏ သက်တမ်း ခြောက်နှစ်သာ ကုန်ဆုံးမည် ဖြစ်၏။
ပုစဉ်း ပိုးတုံးလုံး အချိန်တာအို ကျင့်စဉ် ကို အသုံးပြုနေစဉ် အတွင်း လှုပ်ရှား၍ မရခြင်း ကဲ့သို့သော ကန့်သတ်ချက် အချို့ ရှိနေသော်ငြားလည်း ဤ မန္တန် ဖြင့် သူသည် သူ၏ သက်တမ်း အများအပြားကို ချွေတာနိုင်ပြီး ပိုမို ရှည်ကြာစွာ အသက်ရှင် နေထိုင်နိုင်မည် ဖြစ်၏။
သူ၏ ကျန်ရှိနေသေးသော သက်တမ်းမှာ နှစ်ပေါင်း တစ်ထောင်ကျော် ရှိနေသေးရာ... သူသည် အသက် နှစ်ထောင် နီးပါး အထိပင် အသက်ရှင် နိုင်ကောင်း ရှင်နိုင်ပေလိမ့်မည်။
ကျင့်ကြံခြင်း၊ တာအို အခြေခံ အုတ်မြစ်၊ မန္တန် နှင့် အခြား ကဏ္ဍများတွင် ချောမွေ့စွာ တိုးတက် အောင်မြင် နေမှုများကြောင့် စုယွီသည် အခြား ကိစ္စရပ်များကို စတင် စဉ်းစား တွေးတော လာခဲ့သည်။ ဥပမာ အားဖြင့် စတုတ္ထအဆင့် ဆေးလုံးများ၊ စတုတ္ထအဆင့် အဆောင်များ၊ စတုတ္ထအဆင့် အခင်းအကျင်းများ နှင့် စတုတ္ထအဆင့် ရုပ်သေးများ စသည်တို့ ဖြစ်၏။
'ငါ့ရဲ့ လက်ရှိ ချီစွမ်းအင် နဲ့ အခြေခံ အုတ်မြစ် တွေနဲ့ ဆိုရင် စတုတ္ထအဆင့် ဆေးလုံးတွေ ဖော်စပ်ဖို့၊ စတုတ္ထအဆင့် အဆောင်တွေ ဖန်တီးဖို့ နဲ့ စတုတ္ထအဆင့် ရုပ်သေးတွေ တည်ဆောက်ဖို့ စမ်းသပ်သင့်တဲ့ အချိန် ရောက်ပြီ...'
စုယွီက သူ့ကိုယ်သူ တီးတိုး ရေရွတ်လိုက်သည်။
သူသည် ပင်လယ်လိပ်လေး ပုန်းအောင်း နေထိုင်ရာ မှော်လက်နက် နန်းတော် ကို လင်းချင်းရှား ၏ စောင့်ရှောက်မှု အောက်တွင် အပ်နှံထားခဲ့၏။
ထို့နောက် စုယွီသည် တိတ်တဆိတ် ထွက်ခွာ လာခဲ့ပြီး အရှင်သခင် ဆယ်ပါး အင်မော်တယ် မြို့တော် ၏ နေရာရွှေ့ပြောင်း အခင်းအကျင်းနေရာရွှေ့ပြောင်း အခင်းအကျင်း မှ တဆင့် အင်မော်တယ် နယ်မြေ သို့ ပြန်လည် ရောက်ရှိလာခဲ့သည်။
သူသည် အင်မော်တယ် ဂိတ်တံခါး ၏ ပင်မ တောင်ထွတ် ဖြစ်သော တာဝန် ခွဲဝေရေး ခန်းမဆောင် သို့ ရောက်ရှိ နေခဲ့ပြီ ဖြစ်၏။
စုယွီသည် လွန်ခဲ့သော နှစ်အနည်းငယ် အတွင်း စုပုံ နေခဲ့သော နေ့စဉ် တာဝန် အချို့ကို ရွေးချယ် ယူဆောင်လိုက်သည်။ သူသည် ဆေးလုံး စံအိမ် သို့ သွားရောက်၍ ဆေးဖော်စပ် ရမည့် တာဝန် တစ်ခုကို ရွေးချယ်ခဲ့၏။ ထို့နောက် သူက စာရင်း တစ်ခုကို ထုတ်ယူလိုက်ပြီး တာဝန် ခွဲဝေရေး ခန်းမဆောင် မှ တပည့်များအား လဲလှယ်ရန် အတွက် ဂိုဏ်းထည့်ဝင်မှု ရမှတ် မည်မျှ လိုအပ်မည်ကို တွက်ချက် ခိုင်းလိုက်သည်။
အဓိက အရာမှာ အကောင်းဆုံး အရည်အသွေးရှိ စတုတ္ထအဆင့် အဆင့်နိမ့် ရုပ်သေး တစ်ရုပ် ဖြစ်သော 'အရိပ်ဓား အစစ်အမှန် ရုပ်သေး' ကို တည်ဆောက်ရန် လိုအပ်သည့် ကုန်ကြမ်း အစုံအလင် ပင် ဖြစ်၏။
အကယ်၍ သူသာ ထို ကုန်ကြမ်းများကို အပြင်လောက တွင် လိုက်လံ စုဆောင်း ဝယ်ယူမည် ဆိုပါက အလယ်အလတ်အဆင့် ဝိညာဉ် ကျောက်တုံး လေးသိန်း မှ ငါးသိန်း အထိ ကုန်ကျ နိုင်၏။
အင်မော်တယ် ဂိတ်တံခါး အတွင်း၌ တော့ အနည်းငယ် ပို၍ စျေးသက်သာ နိုင်သော်လည်း ဂိုဏ်းထည့်ဝင်မှု ရမှတ်များ လိုအပ်၏။
အလယ်အလတ်အဆင့် ဝိညာဉ် ကျောက်တုံးများကို ဂိုဏ်းထည့်ဝင်မှု ရမှတ်များ အဖြစ် လဲလှယ်၍ ရနိုင်သော်ငြားလည်း တန်ဖိုး အရမူ သိပ်ပြီး တွက်ခြေကိုက်ချင်မှ ကိုက်မည် ဖြစ်၏။
အရာအားလုံးကို ခြုံငုံ စဉ်းစားကြည့်မည် ဆိုပါက စျေးနှုန်း ကွာဟချက်မှာ သိပ်ပြီး ကြီးမားလှမည် မဟုတ်ဘဲ ပိုမို အဆင်ပြေ လွယ်ကူရုံ သက်သက်သာ ဖြစ်ပေလိမ့်မည်။
"ဦးလေး... တွက်ချက်မှု ပြီးပါပြီ ခင်ဗျာ... ဂိုဏ်းထည့်ဝင်မှု ရမှတ် လေးသိန်းနှစ်သောင်းခုနစ်ထောင့်နှစ်ရာ ကုန်ကျမှာပါ..."
တာဝန် ခွဲဝေရေး ခန်းမဆောင် မှ တပည့်သည် အံ့အားသင့်နေသော မျက်နှာထားဖြင့် စာရင်းကို ရိုသေ ကျိုးနွံစွာ ပြန်လည် ကမ်းပေးလိုက်သည်။
သူသည် ဤစာရင်း ၏ ရည်ရွယ်ချက်ကို သဘာဝကျစွာပင် သိမြင်နိုင်စွမ်း ရှိ၏။ ဒါက စတုတ္ထအဆင့် အဆင့်နိမ့် ရုပ်သေး တစ်ရုပ် တည်ဆောက်ရန် လိုအပ်သော ကုန်ကြမ်းများ ဖြစ်ကြောင်း ထင်ရှားနေ၏။
မဟာယွီ တောင်ထွတ် တွင် အတော်လေး ဩဇာတိက္ကမ ရှိသော သူ၏ အရှေ့မှ ဤ ဦးလေး သည် စတုတ္ထအဆင့် ရုပ်သေး တစ်ရုပ်ကို တည်ဆောက်ရန် ကြိုးပမ်း နေသည်တဲ့လား။
ဒါပေမဲ့ သူက... သူက အမြုတေ ဖွဲ့စည်းခြင်း အဆင့်မှာပဲ ရှိသေးတာလေ။
စုယွီ ထံတွင် ဂိုဏ်းထည့်ဝင်မှု ရမှတ် တစ်သောင်းခန့်သာ ကျန်ရှိတော့၏။ သူသည် အစိမ်းရောင် သစ်သား လက်စွပ် အတွင်းမှ အလယ်အလတ်အဆင့် ဝိညာဉ် ကျောက်တုံး အချို့ကို ထုတ်ယူကာ ဂိုဏ်းထည့်ဝင်မှု ရမှတ်များ ဖြင့် လဲလှယ်လိုက်ပြီး တာဝန် ခွဲဝေရေး ခန်းမဆောင် မှ ကုန်ကြမ်းများကို ယူဆောင်၍ ထွက်ခွာ လာခဲ့သည်။
တာဝန် ခွဲဝေရေး ခန်းမဆောင် မှ တပည့်မှာ အံ့အားသင့် ထိတ်လန့်စွာဖြင့် ကျန်ရစ် ခဲ့တော့၏။
'ဒီ ဦးလေး က တကယ့်ကို ဝ တာပဲ... အဲ... မဟုတ်ဘူး... တကယ့်ကို ချမ်းသာတာပဲ... အလယ်အလတ်အဆင့် ဝိညာဉ် ကျောက်တုံး သိန်းချီ ကို ပေါ့ပေါ့ပါးပါး ထုတ်ပေးသွားတာ ပါလား...'
အခြား တစ်ဖက်တွင်မူ။
စုယွီသည် ဆေးလုံး စံအိမ် သို့ တိုက်ရိုက် မသွားဘဲ မဟာယွီ တောင်ထွတ် သို့ အရင် ပြန်သွားခဲ့ပြီး အရိပ်ဓား အစစ်အမှန် ရုပ်သေး တည်ဆောက်ရေး နှင့် ပတ်သက်၍ စဉ်းစား တွေးတော နေမိသည်။
'ဒီလို အစစ်အမှန် ရုပ်သေး မျိုးကို တည်ဆောက်ဖို့ ဆိုရင်... ဆယ်နှစ်လောက် အချိန်ယူရမယ် ထင်တယ်... ကုန်ကြမ်း စရိတ် ကတင် လေးသိန်းကျော် နေပြီ... အဲဒီအပြင် ဆယ်နှစ်လောက် အလုပ် လုပ်ရဦးမယ်... စျေးကွက်ထဲက စတုတ္ထအဆင့် ရုပ်သေး တွေ စျေးကြီးတာ မဆန်းပါဘူး...'
သူက စိတ်ထဲမှ သက်ပြင်း တစ်ချက် ချလိုက်၏။ သူ အပြည့်အဝ အာရုံစိုက်ပြီး လုပ်ဆောင်မည် ဆိုလျှင်တောင် ဆယ်နှစ်ခန့် အချိန် ယူရပေလိမ့်မည်။
ပြီးတော့ သူက သူ၏ အားလပ်ချိန် အနည်းငယ်ကိုသာ အသုံးပြုနိုင်မည် မဟုတ်ပါလော။
ဒီလို ဆိုရင် ဒါကို ပြီးမြောက်ဖို့ အတွက် နှစ်ဆယ်ကျော် လောက်တောင် အချိန် ယူရနိုင်တာလား။
မဟာယွီ တောင်ထွတ် သို့ ပြန်ရောက်သော အခါ မိမိ၏ ဆရာ ဖြစ်သူ တာအိုဆရာ ထျန်းယွီ ကို မတွေ့ရချေ။
သို့သော် ဂျူနီယာ ညီမငယ် ဖန်ရှောင် ကတော့ ထိုနေရာတွင် ရှိနေဆဲ ပင်။
"ဦးလေး ယွီ... ဆရာဘိုးဘိုး က အာရုံလှည့်စားမှု ရွှံ့ညွန်တော ကို သွားတယ်... လွန်ခဲ့တဲ့ နှစ်ဝက် လောက်က သွားတာ... ပြန်ရောက်လာဖို့ အချိန် နည်းနည်းတော့ ကြာဦးမယ် ထင်တယ်..."
အဖြူရောင် ဂါဝန်ကို ဆင်မြန်းထားသော ဖန်ရှောင် သည် စုယွီ၏ ကျောက်ဂူ ဘေးတွင် သူမ တည်ဆောက်ထားသော ခြံဝင်းငယ်လေး ၏ အရှေ့တွင် ရပ်ကာ စုယွီအား ပြုံးရွှင်စွာ ပြောလိုက်သည်။
ဤတစ်ကြိမ် သူမ ပြန်ရောက်လာသော အခါ သူမ၏ ကျင့်ကြံခြင်း မှာ အမြုတေ ဖွဲ့စည်းခြင်း ပဉ္စမအဆင့် သို့ပင် ရောက်ရှိနေခဲ့လေပြီ။ ထို့အပြင် သူမ၏ တာအို အခြေခံ အုတ်မြစ် မှာလည်း တိုးတက်မှု ရှိလာခဲ့ပြီး ယခုအခါ စတုတ္ထအဆင့် ရွှေအမြုတေ သို့ ရောက်ရှိ နေပြီ ဖြစ်၏။
စုယွီ ပြန်ရောက်ရောက်ချင်း ပင် ဖန်ရှောင် သည် တူညီသော ကျင့်ကြံခြင်း အဆင့်ဖြင့် သူမနှင့် သိုင်းယှဉ်ပြိုင် ကစားရန် စိန်ခေါ်လိုက်သည်။
"ဘုန်း..."
ဖန်ရှောင် သည် သူမ၏ မန္တန် ကို စတင် ထုတ်ဖော်လိုက်သည့် အခိုက်အတန့် တွင်ပင်... စုယွီ၏ ပုံရိပ်သည် လေထဲရှိ ရေပူဖောင်းလေး တစ်ခု အလား ကွဲအက် ပျောက်ကွယ် သွားပြီး အရိပ်အယောင် တစ်ခုမျှပင် မကျန်ရစ်ခဲ့ချေ။
"ဦးလေး မှာ အလုပ်လေး နည်းနည်း ရှိသေးလို့... နောက်မှပဲ ကစားကြတာပေါ့... နောက်မှပဲ လာခဲ့မယ်..."
စုယွီ လျင်မြန်စွာ ရှောင်တိမ်း ထွက်ပြေး သွားသည်။ ဤ ကောင်မလေး မှာ တကယ့်ကို အစွမ်းထက် လွန်းလှပြီး အကယ်၍ သူမ နှင့်သာ ရှုပ်ယှက်ခတ် သွားမည် ဆိုပါက လွတ်မြောက်ရန် လွယ်ကူမည် မဟုတ်ချေ။ သူမကို အနှောင့်အယှက် မပေးချင်တော့ပေ။
ဖန်ရှောင် သည် မျက်စိတစ်မှိတ် အတွင်း ပျောက်ကွယ်သွားသော ဦးလေးငယ် ကို လှမ်းကြည့်လိုက်ပြီး သူမ၏ မျက်လုံးများမှာ အံ့အားသင့်မှု ကြောင့် ပြူးကျယ် သွားရသည်။
"ဒီလောက် မြန်တဲ့ အရှိန်နှုန်း က..."
စုယွီ ဘယ်အချိန် က ထွက်သွားမှန်း သူမ တကယ်ကို သတိမထားမိလိုက်ချေ။
စုယွီ ပျောက်ကွယ် သွားပြီး နောက်မှပင် သူမ သတိထားမိလိုက်ခြင်း ဖြစ်၏။
ဖန်ရှောင်၏ မျက်နှာလေး ခေတ္တမျှ လေးနက် တည်ကြည် သွားပြီး မျက်မှောင် အနည်းငယ် ကြုံ့ကာ စုယွီ၏ စွမ်းအားကို ပြန်လည် အကဲဖြတ် နေမိသည်။
'ဦးလေး က သူ့ရဲ့ စွမ်းအားကို ဖုံးကွယ်ထားတာလား...'
ဖန်ရှောင် က သူမကိုယ်သူမ တီးတိုး ရေရွတ်လိုက်၏။
ဒီလောက် အချိန်တွေ အကြာကြီး နေခဲ့တာတောင် အခုလေးတင်မှ သဲလွန်စလေး တစ်ခုကို မြင်တွေ့လိုက်ရခြင်း ပင်တည်း။
*
ထိုအချိန်တွင် ဆေးလုံး စံအိမ် ၌ လအနည်းငယ်ကြာ အချိန်ဖြုန်းပြီးနောက် စုယွီသည် အင်မော်တယ် ဂိတ်တံခါး အတွက် သူ၏ နေ့စဉ် တာဝန်များကို ပြီးမြောက် အောင်မြင် ခဲ့လေပြီ။
ထို့နောက် စုယွီသည် တာ့ယွဲ့ တောင်ထွတ် သို့ သွားရောက်ကာ လော့ချန်ယွီ၊ တာအိုဆရာမ ချင်းချွမ် နှင့် တာအိုဆရာ ရှုဟိုင် တို့နှင့် နာရီဝက်ခန့် တွေ့ဆုံ စကားပြောဆို ခဲ့သည်။ ထို့နောက် သူသည် အရှင်သခင် ဆယ်ပါး အင်မော်တယ် မြို့တော် သို့ ပြန်လည် ရောက်ရှိလာခဲ့ပြီး ယွင်ရှောင် ဆေးလုံး စံအိမ် တွင် သူ၏ ငွေရှာရေး စီမံကိန်း ကြီးကို ဆက်လက် အကောင်အထည် ဖော်နေခဲ့၏။
သူ၏ တာအို ရုပ်သေး ဖြစ်သော အရိပ်နီ ရုပ်သေး ကို လွန်ခဲ့သော နှစ်များ တစ်လျှောက် အဆက်မပြတ် ပြုပြင် မွမ်းမံ လာခဲ့ရာ ယခုအခါ လုံးဝ ကောင်းမွန်သော အခြေအနေ သို့ ရောက်ရှိရန် သိပ်မလိုတော့ချေ။
သို့သော် အရိပ်နီ ရုပ်သေး သည် အကောင်းဆုံး အရည်အသွေးရှိ စတုတ္ထအဆင့် အဆင့်နိမ့် ရုပ်သေး တစ်ရုပ်သာ ဖြစ်၏။ ၎င်း၏ အမြင့်ဆုံး စွမ်းအားမှာ မူလ ဝိဉာဉ်အဆင့် တတိယအဆင့် ရှိ အရှင်သခင်ကြီး တစ်ပါး နှင့်သာ တန်းတူညီမျှ သည်။
အကယ်၍ သူသာ တာအို ရုပ်သေး ၏ စွမ်းအားကို မြှင့်တင် လိုပါက ငွေရှာပြီး ကုန်ကြမ်းများ ဆက်လက် စုဆောင်း နေရန် လိုအပ်မည်မှာ သေချာလှ၏။ ကုန်ကြမ်းများ ရရှိလာပါက သူသည် တာအို ရုပ်သေး ကို ၎င်း၏ ရုပ်သေး ဝိညာဉ် စွမ်းရည်ကို အသုံးပြု၍ စတုတ္ထအဆင့် ရုပ်သေး အဖြစ်သို့ ချိုးဖျက် ဝင်ရောက်ခွင့် ပေးနိုင်မည် ဖြစ်ပြီး... သို့မဟုတ် သူကိုယ်တိုင် ကုန်ကြမ်းများ စုဆောင်းကာ စတုတ္ထအဆင့် အလယ်အလတ် ရုပ်သေး တစ်ရုပ်ကို တည်ဆောက် နိုင်မည် ဖြစ်၏။
မည်သည့် အစီအစဉ် ကို ရွေးချယ်သည် ဖြစ်စေ... အရင်းအမြစ် အမြောက်အမြား လိုအပ်နေမည်မှာ သေချာလှ၏။
စတုတ္ထအဆင့် ဆေးလုံးများ၊ အဆောင်များ၊ အခင်းအကျင်းများ နှင့် နေရာရွှေ့ပြောင်း အခင်းအကျင်းနေရာရွှေ့ပြောင်း အခင်းအကျင်း တစ်ခု အတွက် ရင်းနှီးမြှုပ်နှံ ရမည့် အရာများ အပြင်...
သူ လိုအပ်နေသော ဝိညာဉ် ကျောက်တုံး ပမာဏ မှာ မိုးပေါ်ပျံ နေဆဲ ပင်တည်း။
"ငါ ဆက်ပြီး ကြိုးစား အားထုတ် ရဦးမယ်..."
စုယွီ သည် တာအို ရုပ်သေး ကို တာ့ယွဲ့ အင်မော်တယ် မြို့တော် မှ ထွက်ခွာစေပြီး... ငွေရှာရန် အတွက် ဆန်းမူ ( ပိုးစာပင်) အင်မော်တယ် မြို့တော် သို့မဟုတ် ဟွမ်လင်း ကျွန်း သို့ ပြန်လည် စေလွှတ်ရန် ပြင်ဆင်လိုက်သည်။ မကြာသေးမီ က ထပ်နေသော တောင်တန်းများ ပင်လယ်ပြင် နယ်မြေ တွင် ပင်လယ် မိစ္ဆာ လှိုင်းလုံးများ နှင့် ပတ်သက်သော သတင်း အချက်အလက် များစွာ မကြားရတော့ချေ။
ထိုအရပ်ဘက်က အခြေအနေ တွေ ဘယ်လို ရှိနေလဲ၊ ဟွမ်လင်း ကျွန်း ပေါ်က မိစ္ဆာ အသိုက်ကြီးကရော အကောင်းတိုင်း ရှိနေသေးရဲ့လား ဆိုသည်ကို သူ သေချာ မသိသေးပါ။
အခန်း (၅၈၂) - စတုတ္ထအဆင့် ဆေးပညာရှင်၊ အဆောင်ဆရာအဖြစ်သို့ တက်လှမ်းခြင်း (၁)
စုယွီသည် သူ၏ တာအိုကိုယ်ပွား ရုပ်သေးအား ဆန်းမူ ( ပိုးစာပင်) အင်မော်တယ်မြို့တော်သို့ တိတ်တဆိတ် ထွက်ခွာသွားရန် စီစဉ်ညွှန်ကြားလိုက်၏။ ထို့နောက် သူကိုယ်တိုင်မှာမူ စတုတ္ထအဆင့် ဝိညာဉ်ဆေးဝါးများ၊ အဆောင်လက်ဖွဲ့များ၊ အခင်းအကျင်းများနှင့် ရုပ်သေးများကို ဖန်တီးတည်ဆောက်ရန် ပြင်ဆင်မှုများကို စတင်တော့သည်။
အင်မော်တယ် တစ်သောင်း နန်းတော်မှ တိုက်ခိုက်ရေး တာအိုသားတော် တစ်ပါး ထွက်ပေါ်လာခဲ့ခြင်းကြောင့် ဖူတုန်း အင်မော်တယ်မြို့တော်၏ ရှေးဟောင်းအပျက်အစီးနယ်မြေ အတွင်းမှ တိုက်ပွဲသတင်းများမှာ နှစ်အနည်းငယ်အတွင်း တစ်စတစ်စ ပြန့်နှံ့သွားခဲ့လေပြီ။ တာ့ချန် ကျင့်ကြံခြင်းလောကရှိ အင်အားစု အသီးသီး၏ ကြားတွင်လည်း ထိုအကြောင်းအရာက အပူတပြင်း ဆွေးနွေးစရာ ကိစ္စရပ်တစ်ခု ဖြစ်လာခဲ့ပေ၏။
စုယွီသည် နေရာရွှေ့ပြောင်းခြင်း နည်းစနစ်ကို အသုံးပြု၍ အရှင်သခင် ဆယ်ပါး အင်မော်တယ်မြို့တော်၏ အပေါ်ယံ မြေပြင်သို့ ရောက်ရှိလာခဲ့သည်။ ကုန်သွယ်ရေး ဌာန အသီးသီးထံမှ ဆေးဖော်စပ်ရန်နှင့် အဆောင်ဖန်တီးရန် ကုန်ကြမ်းများကို ဝယ်ယူရန် ရည်ရွယ်ထားသော်ငြား လမ်းမပေါ်တွင် ဖြတ်သန်းသွားလာနေကြသော ကျင့်ကြံသူများ၏ ပူညံပူညံ ဆွေးနွေးသံများကို သူ ရှင်းလင်းစွာ ကြားလိုက်ရတော့သည်။
“အင်မော်တယ် နန်းတော်ကနေ တိုက်ခိုက်ရေး ကျင့်ကြံသူလည်းဖြစ်တဲ့ ဝိညာဉ်ခန္ဓာကိုယ် တာအိုသားတော် တစ်ပါး ထွက်ပေါ်လာတယ်လို့ ကြားတယ်ဗျ။ အပျက်အစီးနယ်မြေ တစ်ခုထဲမှာဆိုရင် သူက အမြုတေဖွဲ့စည်းခြင်း ပဉ္စမအဆင့်လောက်နဲ့တင် ရွှေအမြုတေ ပါရမီရှင် ဒါဇင်ချီကို တစ်ယောက်တည်း ရင်ဆိုင်တိုက်ခိုက်ခဲ့တာတဲ့။ အဲဒီအထဲမှာ အမြုတေဖွဲ့စည်းခြင်း နှောင်းပိုင်းအဆင့်တွေနဲ့ အထွတ်အထိပ် ရောက်နေတဲ့ သူတွေတောင် ပါသေးတယ်ဆိုပဲ”
“အဲဒါကြီးကတော့ အရမ်းလွန်လွန်းနေပြီ။ ဝိညာဉ်ခန္ဓာကိုယ် ဆိုတာ အဲဒီလောက်တောင် ကြောက်စရာ ကောင်းတာလား။ သာမန် အရှင်သခင် တစ်ပါးတောင် ကိုယ်နဲ့ အဆင့်တူ ကျင့်ကြံသူ ဒါဇင်ချီကို တစ်ပြိုင်တည်း မရင်ဆိုင်နိုင်ဘူးလေ။ အဆင့်ကျော် တိုက်ခိုက်ဖို့ ဆိုတာကတော့ ပြောနေစရာတောင် မလိုတော့ဘူးပေါ့”
“မင်းပြောတာ မှန်တယ်။ ဝိညာဉ်ခန္ဓာကိုယ် တွေက သဘာဝအရကို အစွမ်းထက်ကြတာပဲလေ။ ဝိညာဉ်ခန္ဓာကိုယ် တွေကို ခဏထားဦး ရွှေအမြုတေကို သန့်စင်ဖွဲ့စည်းထားနိုင်တဲ့ ပါရမီရှင်တွေကတောင် မင်းတို့လိုကောင်ဆယ်ယောက်ကို တစ်ယောက်တည်း အေးဆေး နှိမ်နင်းနိုင်တယ်။ ဝိညာဉ်ခန္ဓာကိုယ် ဆိုရင်တော့ ဟင်း လူဒါဇင်ချီ ရာချီလောက်ကို အနိုင်ယူဖို့ ဆိုတာ သူတို့အတွက် သာမန်ကိစ္စလေးတစ်ခုပဲကွ။ မင်းတို့ သိထားသင့်တာက ဝိညာဉ်ခန္ဓာကိုယ် ဆိုတာ ကျင့်ကြံသူ သန်းထောင်ချီမှာမှ တစ်ယောက်လောက်ပဲ ရနိုင်တဲ့ ကောင်းကင်ဘုံကို ဆန့်ကျင်နိုင်တဲ့ တည်ရှိမှုမျိုးပဲ”
“ဘုရားရေ... တိုက်ခိုက်ရေး ကျင့်ကြံသူတဲ့လား။ ဘာလို့များ တိုက်ခိုက်ရေး ကျင့်ကြံသူ ဖြစ်နေရတာလဲ။ အင်မော်တယ် နန်းတော်က တိုက်ခိုက်ရေး ကျင့်ကြံသူ တွေဆိုတာ ရက်စက်ကြမ်းကြုတ်ပြီး သွေးဆာနေတဲ့သူတွေချည်းပဲလို့ ကြားဖူးတယ်။ ဟိုးအရင် အတိတ်ကာလတုန်းက အင်မော်တယ် နန်းတော်က တိုက်ခိုက်ရေး ကျင့်ကြံသူ တစ်ယောက်ဟာ လူသားမျိုးနွယ်စုရဲ့ အင်အားစုတွေကို သတ်ဖြတ်ချေမှုန်းခဲ့ဖူးတဲ့ ဖြစ်ရပ်တစ်ခုတောင် ရှိခဲ့သေးတယ်ဆိုပဲ”
“အင်မော်တယ် နန်းတော်ကနေ အခုလို ဝိညာဉ်ခန္ဓာကိုယ် တိုက်ခိုက်ရေး တာအိုသားတော် တစ်ပါး ပေါ်ထွက်လာတာကို အခြား အင်မော်တယ် ဂိုဏ်းတွေနဲ့ အင်အားစု တွေက ဘယ်လိုများ တုံ့ပြန်ကြမလဲ မသိဘူးနော်။ တကယ်လို့များ ဒီတာအိုသားတော်သာ အစွမ်းထက်လာခဲ့မယ်ဆိုရင် အဲဒီ အင်အားစုတွေ အားလုံး ကြောက်လန့်တုန်လှုပ် သွားရလိမ့်မယ်”
“လာမယ့် နှစ်ရာချီ အတွင်းမှာ တာ့ချန် ကျင့်ကြံခြင်း လောကကြီး တစ်ခုလုံး ကမ္ဘာပျက်မတတ် ပြောင်းလဲမှုကြီးတွေနဲ့ ရင်ဆိုင်ရတော့မယ်လို့ ငါ့စိတ်ထဲမှာ မကောင်းတဲ့ ကြိုတင်နိမိတ်တွေ ခံစားနေရတယ်။ အင်မော်တယ် နန်းတော်က ဝိညာဉ်ခန္ဓာကိုယ် တိုက်ခိုက်ရေး တာအိုသားတော် ပေါ်ထွက်လာတာက တကယ့်ကို သာမန် မဟုတ်တဲ့ ကိစ္စကြီးပဲ”
“ဟူး... နတ်ဘုရားတွေ တိုက်ခိုက်ကြရင် သေတတ်တဲ့ လူသားတွေပဲ မြေစာပင် ဖြစ်ကြရတာလေ။ အခုလို အင်အားစုကြီးတွေ အချင်းချင်း အားပြိုင်ကြပြီဆိုရင် သာမန်လူတွေ ကိုထား ငါတို့လို အောက်ခြေက ကျင့်ကြံသူ အသေးအမွှားလေး တွေနဲ့ အင်အားစုငယ်လေး တွေပါ ဒုက္ခရောက်ကြရတော့မှာပဲ”
“ဝိညာဉ်ခန္ဓာကိုယ် တာအိုသားတော် တစ်ပါးတော့ ပေါ်ထွက်လာခဲ့ပြီ။ ရှေ့ဆက်ပြီး ဘယ်လို ဝိညာဉ်ခန္ဓာကိုယ်တွေ ဒါမှမဟုတ် တာအိုသားတော်တွေ ထပ်ပေါ်လာဦးမလဲ မသိဘူး”
လမ်းမထက်ရှိ လဖက်ရည်ဆိုင်များ၊ သေရည်ဆိုင်များနှင့် နေရာအနှံ့အပြားတွင် ထိုအကြောင်းအရာနှင့် ပတ်သက်၍ အပူတပြင်း ဆွေးနွေးပြောဆိုနေကြလေသည်။
စုယွီ၏ မျက်ခုံးတန်းများ အနည်းငယ် တွန့်ချိုးသွား၏။
'ဟိုးအရင်တုန်းက အင်မော်တယ် နန်းတော်က တိုက်ခိုက်ရေး ကျင့်ကြံသူတွေဟာ လူသားမျိုးနွယ်စုရဲ့ အင်အားစုတွေကို သတ်ဖြတ်ချေမှုန်းခဲ့ဖူးတယ် ဟုတ်လား...'
သူသည် ဤလျှို့ဝှက်ချက်နှင့် ပတ်သက်၍ သိပ်ပြီး ရင်းနှီးကျွမ်းဝင်မှု မရှိလှချေ။ သို့သော်ငြားလည်း အပျက်အစီးနယ်မြေ အတွင်း၌ သူကိုယ်တိုင် ကြုံတွေ့ခဲ့ရသော ထိုတာအိုသားတော်၏ အပြုအမူများနှင့် စရိုက်လက္ခဏာများ အရ ဆိုလျှင် အင်မော်တယ် နန်းတော်မှ ဤတိုက်ခိုက်ရေး ကျင့်ကြံသူများသည် အမှန်တကယ်ပင် အလွန်တရာ အန္တရာယ်များပြီး ခန့်မှန်းရခက်သော အရာများ ဖြစ်နေ၏။ အကယ်၍ ထိုသူအား ဆက်လက် ကြီးထွားခွင့် ပေးထားမည် ဆိုပါက မြေကမ္ဘာ အင်မော်တယ် နယ်မြေ အတွက် ကြီးမားသော ခြိမ်းခြောက်မှုကြီး တစ်ခု ဖြစ်လာနိုင်ချေ ရှိပေ၏။
စုယွီ၏ ရင်တွင်း၌ အချိန်မဆွဲသင့်တော့ကြောင်း အရေးပေါ် ခံစားချက်တစ်ခု ပိုမို ပြင်းထန်လာသည်။ သူသည် ယခုအခါ အဋ္ဌမအဆင့် ရွှေအမြုတေ၏ တံခါးဝသို့ ရောက်ရှိနေပြီ ဖြစ်သော်ငြားလည်း ဝိညာဉ်ခန္ဓာကိုယ် ကဲ့သို့သော ဘီလူးသတ္တဝါ ပါရမီရှင်မျိုးကို ရင်ဆိုင်ရာတွင်မူ သူ လုံးဝ မောက်မာဝံ့ကြွားခြင်း မရှိချေ။
“အရေးအကြီးဆုံး ကိစ္စကတော့ ငါ့ရဲ့ ကိုယ်ပိုင် စွမ်းအားတွေကို ဆက်ပြီး မြှင့်တင်နေဖို့ပဲ။ ခွန်အားဆိုတာ အရာအားလုံးရဲ့ အခြေခံ အုတ်မြစ်ပဲလေ”
စုယွီသည် ထိုသို့ ခပ်တိုးတိုး ရေရွတ်လိုက်ပြီး သူ၏ ခြေလှမ်းများကို အနည်းငယ် ခပ်သွက်သွက် လှမ်းလိုက်သည်။ မကြာမီမှာပင် ကုန်သွယ်ရေး ဌာနတစ်ခု၏ အဝင်ဝသို့ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ရှိသွားပြီး အတွင်းသို့ ခြေလှမ်းကျဲကျဲဖြင့် ဝင်ရောက်သွားတော့၏။ သူသည် ဆိုင်ရှင်ရှိရာသို့ တန်းတန်းမတ်မတ် လျှောက်သွားလိုက်ပြီး စာရင်းတစ်ခုကို လှမ်းပေးလိုက်၏။
“ဒီစာရင်းထဲက ကုန်ကြမ်းတွေ ခင်ဗျားတို့ဆီမှာ ပမာဏ ဘယ်လောက်လောက် သိုလှောင်ထားတာ ရှိလဲဗျ”
အပြင်လောကတွင် အလုပ်လုပ်ကိုင်နေကြသော အင်အားစု အသီးသီးမှ လူများသည် အများအားဖြင့် အမြုတေဖွဲ့စည်းခြင်း အဆင့်လောက်သာ ရှိကြ၏။ သဘာဝကျစွာပင် သူတို့သည် စုယွီ၏ ပြိုင်ဘက်များ လုံးဝ မဟုတ်ကြချေ။
ဆိုင်ရှင်သည် စာရင်းကို လက်ခံရယူလိုက်ပြီး တစ်ချက် ကြည့်လိုက်သည်နှင့် မျက်နှာ ကွက်ခနဲ ပျက်သွားကာ လွန်စွာ အံ့အားသင့် မှင်သက်သွားတော့သည်။
'ဒီစာရင်းထဲက ဟာတွေ အားလုံးက တတိယအဆင့် နဲ့ စတုတ္ထအဆင့် ကုန်ကြမ်းတွေချည်းပဲ ပါလား။ ဆေးဖော်စပ်ဖို့၊ အဆောင်ဖန်တီးဖို့၊ အခင်းအကျင်း ခင်းကျင်းဖို့ နဲ့ ရုပ်သေး တည်ဆောက်ဖို့ ကုန်ကြမ်းတွေ အကုန်လုံး အစုံအလင် ပါနေပါလား။ ပြီးတော့ လိုချင်တဲ့ ပမာဏ ကလည်း အများကြီးပဲ'
'ဒီလူက ဘယ်သူများလဲ...'
ဆိုင်ရှင်က စုယွီအား ဧည့်ခန်းဆောင် အတွင်းသို့ ဖိတ်ခေါ်ကာ အသေးစိတ် ဆွေးနွေး တိုင်ပင်ရန် ကြိုးပမ်းသော်လည်း စုယွီက လုံးဝ ငြင်းဆန် ပယ်ချလိုက်သည်။
နောက်ဆုံးတွင် စုယွီ၏ တောင်းဆိုမှု အရ ထိုဌာနသည် စာရင်းထဲတွင် ပါဝင်သော ပစ္စည်းများ အားလုံးကို အတော်လေး သင့်လျော်သော စျေးနှုန်းဖြင့် ရောင်းချပေးလိုက်ရ၏။ သူသည် တတိယအဆင့် ဝိညာဉ်ဆေးဝါး ကုန်ကြမ်း အစုံ နှစ်ထောင် နီးပါးနှင့် စတုတ္ထအဆင့် အဆင့်နိမ့် ဝိညာဉ်ဆေးဝါး ကုန်ကြမ်း အစုံ ရာပေါင်းများစွာကို ဝယ်ယူခဲ့သည်။ ထို့နောက် ဒုတိယမြောက် ဌာန၊ တတိယမြောက် ဌာန စသဖြင့် ဆက်တိုက် သွားရောက်ခဲ့တော့သည်။
တစ်ရက်တာ အချိန်တိုလေး အတွင်းမှာပင် စုယွီသည် အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး သိန်းချီတိုင်အောင် အသုံးပြုကာ အရှင်သခင် ဆယ်ပါး အင်မော်တယ်မြို့တော် အတွင်း၌ ရူးသွပ်စွာ ဈေးဝယ်ထွက်ခဲ့သည်။ အဆုံးတွင် သူသည် ဝိညာဉ်ဆေးဝါး ကုန်ကြမ်း အစုံ တစ်သောင်းကျော်၊ တတိယအဆင့်နှင့် စတုတ္ထအဆင့် အဆောင်ဖန်တီးရန် ကုန်ကြမ်း အစုံ နှစ်သောင်းကျော်တို့ကို ဝယ်ယူ စုဆောင်းနိုင်ခဲ့၏။ ထို့အပြင် စတုတ္ထအဆင့် အခင်းအကျင်း နှင့် ရုပ်သေး ကုန်ကြမ်းများ အမြောက်အမြား ကိုပါ သိမ်းကျုံး ဝယ်ယူခဲ့သေးသည်။
စုယွီ တစ်ယောက် တာအိုဆရာ အရိပ်နီ အဖြစ် အသွင်ပြောင်းကာ ယွင်ရှောင် ဆေးလုံး စံအိမ်သို့ လျှို့ဝှက်စွာ ပြန်လည်ရောက်ရှိသွားချိန် တွင်မူ အရှင်သခင် ဆယ်ပါး အင်မော်တယ်မြို့တော် အတွင်း၌ သတင်းတစ်ပုဒ်မှာ မီးလောင်ရာ လေပင့်သကဲ့သို့ ပျံ့နှံ့နေခဲ့လေပြီ။ တစ်စုံတစ်ယောက်သည် အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး သန်းဆယ်ချီမှ ရာချီ အထိ အသုံးပြုကာ မြို့တော် အတွင်းရှိ တတိယအဆင့် နှင့် စတုတ္ထအဆင့် ကုန်ကြမ်း သိုလှောင်မှု အားလုံးနီးပါးကို သိမ်းကျုံး ဝယ်ယူသွားခဲ့သည် ဟူသော သတင်းပင်တည်း။
ဤသတင်းကြောင့် အရှင်သခင် ဆယ်ပါး အင်မော်တယ်မြို့တော် နှင့် မှောင်ခိုဈေး အတွင်းရှိ ဝိညာဉ်ဆေးဝါးများ၊ အဆောင်များ နှင့် အခြားသော အချောထည် ပစ္စည်းများ အပြင် ကုန်ကြမ်းများ၏ စျေးနှုန်းများမှာ လျင်မြန်စွာ မြင့်တက်သွားခဲ့ပြီး နှစ်ရက် အတွင်းမှာပင် ဆယ်ရာခိုင်နှုန်း အထိ ထိုးတက် သွားခဲ့သည်။ တစ်ချိန်တည်းမှာပင် ကောလဟာလ မျိုးစုံ ထွက်ပေါ်လာခဲ့ပြီး မိစ္ဆာမျိုးနွယ်စုကြီး သည် အရှင်သခင် ဆယ်ပါး အင်မော်တယ်မြို့တော် ကို ဝင်ရောက် တိုက်ခိုက်တော့မည် ဖြစ်သောကြောင့် ယခုကဲ့သို့ အလုအယက် ဝယ်ယူ စုဆောင်းနေကြခြင်း ဖြစ်သည် ဟုပင် ထင်ကြေး ပေးနေကြတော့၏။
စုယွီကတော့ အပြင်ဘက်မှ ဆူညံ ပွက်လောရိုက်နေမှု များကို အနည်းငယ်မျှပင် ဂရုမစိုက်ချေ။
ယွင်ရှောင် ဆေးလုံး စံအိမ်..ဆေးဖော်စပ်ရာ အခန်းအတွင်း၌ ..စုယွီသည် စတုတ္ထအဆင့် အဆင့်နိမ့် သားရဲအနှစ်သာရ ဆေးလုံး အတွက် လိုအပ်သော ကုန်ကြမ်းများကို သေချာစွာ စီစဉ် ပြင်ဆင်နေ၏။
၎င်းသည် စတုတ္ထအဆင့် သားရဲယဉ်ပါး ကျင့်စဉ်များအတွက် အသုံးများသော ဆေးလုံးဖြစ်ပြီး စတုတ္ထအဆင့် မှော်သားရဲများ ကျင့်ကြံရာတွင် အလွန်တရာ အကျိုးကျေးဇူး များလှ၏။
“သက်တမ်း တစ်ရာရှိတဲ့ သားရဲအနှစ်သာရ ဝိညာဉ်သစ်သီး... သက်တမ်း တစ်ရာရှိတဲ့ မိစ္ဆာဝိညာဉ် မှိုပွင့်... သက်တမ်း တစ်ရာရှိတဲ့ သွေးသန့်စင် ပန်းပွင့်...”
သူသည် ခပ်တိုးတိုး ရေရွတ်လိုက်ရင်း ဤကုန်ကြမ်းများ၏ ဆေးဘက်ဝင် သတ္တိများနှင့် အရည်အသွေးများကို ဖြည်းညင်းစွာ အာရုံခံ ကြည့်ရှုလိုက်သည်။ အရာအားလုံး အသင့်ဖြစ်သွားသောအခါ စုယွီသည် သူ၏ အရှေ့ရှိ အကောင်းဆုံး အရည်အသွေးရှိ မှော်လက်နက် ဆေးဖိုကြီးကို နောက်တစ်ကြိမ် သန့်စင်လိုက်၏။ ထို့နောက် တင်ပျဉ်ခွေ ထိုင်ချလိုက်ပြီး လက်တစ်ဖက်ကို ဆေးဖိုပေါ်သို့ တင်ကာ ချီစွမ်းအင်များကို ဒလဟော စီးဆင်း ဝင်ရောက်စေလိုက်၏။
ဖောင်းခနဲ အသံနှင့်အတူ အစိမ်းရောင် မီးတောက်လုံးကြီး တစ်ခုသည် ရုတ်တရက် ထတောက်လာတော့သည်။
စုယွီသည် မိစ္ဆာဝိညာဉ် မှိုပွင့်မှ စတင်ကာ ဆေးဖိုအတွင်းသို့ ပစ်ထည့်လိုက်ပြီး ဆေးမီးတောက်ဖြင့် သန့်စင်လိုက်သည်။ ထို့နောက် သားရဲများ၏ သွေးမျိုးဆက်အတွက် အကျိုးရှိစေသော သွေးသန့်စင် ပန်းပွင့်ကို ဆက်လက် ပစ်ထည့်လိုက်၏။ ဆေးပင်များကို တစ်ပင်ပြီးတစ်ပင် ဆေးဖိုအတွင်းသို့ ပစ်ထည့်ကာ သန့်စင်လိုက်သည်နှင့်အမျှ နောက်ဆုံးတွင် ကုန်ကြမ်းများ အားလုံးသည် ဆေးရည်ကန် တစ်ခု အဖြစ်သို့ အောင်မြင်စွာ ပြောင်းလဲသွားပါလေ၏။