ဖဲမျက်လှည့်
Vol. 5 Ch. 264
“လေကျောင်းတော်ရဲ့မှော်ပညာက လေဓားသွားတွေနဲ့ပဲ တိုက်ခိုက်ဖို့မွေးဖွားလာတာ မဟုတ်ဘူး။ ငါတို့တွေရဲ့မှော်ပညာက အမြန်နှုန်းမြှင့်တင်ခြင်းဆိုတာထက်လည်း နက်နဲတယ်။”
လေကျောင်းတော်ရဲ့အဖွဲ့ဝင်သစ်တွေရှေ့မှာ ရှားလော့ခ်က ရပ်နေပြီး လေကျောင်းတော်ရဲ့မှော်ပညာအကြောင်းကို ရှင်းပြနေခဲ့တယ်။ ရှားလော့ခ် အယ်ဒါရာထူးကိုရရှိပြီးတည်းက လေကျောင်းတော်ရဲ့လေထုဟာ အခုလိုဖြစ်နေတာကြာပါပြီ။ ရှားလော့ခ်ဟာ သာမန်အယ်ဒါတွေနဲ့မတူဘဲ မှော်ပညာတွေကို နက်နက်ရှိုင်းရှိုင်းနားလည်ထားပြီး မျှဝေပေးဖို့အတွက် အမြဲအသင့်ဖြစ်နေခဲ့တာ။
“ ဥပမာအနေနဲ့ အလယ်အလတ်အဆင့် ဂါထာတွေဖြစ်တဲ့ အသံပို့လွှတ်ခြင်းနဲ့ အသံပိတ်လှောင်ခြင်းပေါ့။ ပထမတစ်ခုက အဝေးကြီးမှာရှိတဲ့ လူတစ်ယောက်ကို လေလှိုင်းတွေကိုအသုံးပြုပြီး သတင်းပို့နိုင်စွမ်း ရှိတယ်။ ဒုတိယတစ်ခုကတော့ ရန်သူတွေကို အချိန်တစ်ခဏတာ ဂါထာမရွတ်နိုင်အောင် တားဆီးပေးနိုင်တဲ့ ဂါထာတစ်ခုပဲ။ လူတိုင်းက ဂါထာကင်းမဲ့နယ်မြေကို ဖန်တီးနိုင်တာမဟုတ်ပေနဲ့ ရန်သူ့ဂါထာတွေကိုနှောင့်ယှက်ဖို့ နည်းလမ်းမရှိတာတော့ မဟုတ်ဘူး။”
ရှားလော့ခ်က လူသစ်တွေကို ဂါထာတွေနဲ့မိတ်ဆက်ပေးပြီးနောက် တစ်ဆင့်ချင်းစီ ရှင်းပြပါတယ်။ ဂါထာရွတ်ဆိုရာမှာအသုံးပြုရမယ့် အသံအနိမ့်အမြင့်တွေ၊ မှော်နှင်တံလှုပ်ရှားမှုတွေ စသည်ဖြင့်ပေါ့။ အားလုံးပြီးတဲ့နောက်မှာတော့ ရှားလော့ခ်က အဖွဲ့ဝင်တွေကို လက်တွေ့လေ့ကျင့်စေပါတယ်။
ရှားလော့ခ်ကတော့ လက်ကိုနောက်ပစ်လျှောက်ရင်း အခက်အခဲ တွေ့နေတဲ့အဖွဲ့ဝင်သစ်တွေကို ကိုယ်တိုင်လိုက်လံရှင်းပြတဲ့အတွက် မြန်မြန်ဆန်ဆန်ပဲ တတ်မြောက်ကုန်ကြတယ်။
“ကဲ... ဒီလောက်ဆိုရင် နောက်တစ်ခန်းတက်လို့ရပြီထင်တယ်။” အတန်းထဲက နောက်အကျဆုံးကျောင်းသားတတ်မြောက်ပြီးတဲ့ အချိန်မှာတော့ ရှားလော့ခ်က ပြုံးလိုက်တယ်။ ဒါပေမဲ့ သူတို့ ရှေ့မဆက်ခင် ခြံဝင်းထဲကို ဆီနိတ်တာတစ်ယောက် အပြေးရောက်လာပြီး ပြောလိုက်ပါပြီ။
“လေပြေအရှင်မကို သတင်းပို့ပါတယ်။ အမှောင်ကျောင်းတော်နဲ့ ရိုမြူလက်ချက်ကျောင်းစစ်ပွဲပြီးသွားပြီ။ ညမင်းသားရိုဝင် အသတ်ခံလိုက်ရပြီ။”
ဖျောက်....
အဲဒီစကားနဲ့အတူ ရှားလော့ခ်လက်ထဲမှာကိုင်ထားတဲ့ မှော်နှင်တံ ပြုတ်ကျသွားခဲ့တယ်။
...
အသုဘအခမ်းအနားတစ်ခု။
ကျောင်းတော်မင်းသားတစ်ပါးရဲ့နောက်ဆုံးခရီစဥ်ကို လိုက်လံ ပို့ဆောင်ပေးမယ့်သူများများ ရှိသင့်တယ်ဆိုပေမဲ့လို့ ဒီနေရာမှာ လူအနည်းငယ်သာရှိနေခဲ့တယ်။ ညအရှင်ဖြစ်တဲ့ လောဟန်နဲ့ ဆီနိတ်တာရော့ဝဲလ်တို့ကိုသာတွေ့ရပြီး တခြားဆီနိတ်တာတွေကို ရှားလော့ခ်မမြင်ရဘူး။
“ အမှောင်ကျောင်းတော်က ဒီလောက်ထိ ဆုတ်ယုတ်သွားတာလား။” ရှားလော့ခ်ကိုယ်တိုင်လည်း မယုံနိုင်ခဲ့ဘူး။ အမှောင်ကျောင်းဟာ ကျောင်းခြောက်ကျောင်းရဲ့ အင်အားအကြီးဆုံးအဖွဲ့တွေထဲမှာပါတယ်။ ဒါပေမဲ့ဒီနှစ်တွေထဲမှာ ဆီနိတ်တာအများအပြားအသတ်ခံခဲ့ရပြီး ညအရှင်ကိုယ်တိုင်ပါ ဒဏ်ရာရခဲ့တယ်။ အခုတော့ ညမင်းသားအသတ်ခံလိုက်ရပြီး စစ်ဖြစ်ရတဲ့အကြောင်းအရင်းကိုပါ ဆုံးရှုံးလိုက်ရပြီလေ။
“အင်အား... မျိုးဆက်သစ်နဲ့မဟာမိတ်တွေပါ ကျုပ်တို့မှာ မရှိတော့ဘူး။”
ရှားလော့ခ်က ရိုဝင်ရဲ့ခေါင်းတလားရှေ့မှာရပ်လိုက်ပြီး ပြောတဲ့စကားကိုကြားသွားတဲ့ ညအရှင်လောဟန်က ရှားလော့ခ်နားကို ရောက်လာတယ်။ ခါတိုင်းထက် ဆယ်စုနှစ်တစ်ခုစာလောက် အိုစာသွားတဲ့အဖိုးကြီးရဲ့ လက်ထဲမှာတော့ လသားအရွယ်ကလေးလေးကို ချီထားလို့။
“ကျုပ်မှာ အနာဂတ်ဆိုလို့ ဒီကောင်လေးတစ်ယောက်ပဲ ကျန်တော့တယ်။”
ရှားလော့ခ်ကလည်း ပင်ကိုယ်ဗီဇအတိုင်းပဲ ကလေးကိုကြည့်တော့ ကလေးရဲ့မျက်လုံးတွေက ရိုဝင်နဲ့ သိပ်ကိုတူနေခဲ့တယ်လေ။
“အဲဒီမိန်းမရဲ့ကလေးလား...” ရှားလော့ခ်က အေးစက်စက်နဲ့ပဲ ပြောခဲ့တယ်။ အဲဒီတုန်းက အဖြစ်အပျက်တွေကို ရှားလော့ခ် မမေ့နိုင်သေးဘူး။
လောဟန်စီနီယာကလည်း သက်ပြင်းချလိုက်ပြီးတော့ “သမီးရှားလော့ခ်၊ ဒီကလေးက ဗျာတိတ်တစ်ခုနဲ့ မွေးလာတာ။ သူ့ဘဝက အများကြီးခက်ခဲလိမ့်မယ်။ ဦးမင်းကို အများကြီး မတောင်းဆိုပါဘူး။ အခါအခွင့်သင့်တဲ့အခါ သူ့ကို စောင့်ရှောက် ပေးစေချင်ရုံပါပဲ။”
ရှားလော့ခ်ရဲ့မျက်လုံးစိမ်းတွေက လောဟန်ကို မုန်းတီးမှုအပြည့်နဲ့ စိုက်ကြည့်နေခဲ့တယ်။ သူ့ရဲ့ကိုယ်ဟန်အနေအထားဟာ ဒေါသ ထွက်နေတဲ့ ဒေါင်းဘုရင်မတစ်ကောင်လိုပဲ။
“ဒီကညအရှင်က ကျွန်မကို သစ္စာဖောက်သွားတဲ့ ယောက်ျား တစ်ယောက်ရဲ့ကလေးကို ကာကွယ်ပေးစေချင်နေတာလား။ ကျွန်မကိုယ်တိုင် အဲဒီကလေးကိုအဆုံးသတ်ပစ်လိုက်မှာ မကြောက်ဘူးလား။”
လောဟန်က သက်ပြင်းရှည်ကြီးချလိုက်တယ်။ “ကျုပ်လွန်မှန်း သိပါတယ်။ ဒါပေမဲ့ကျုပ်မှာ တခြားရွေးချယ်စရာရှိတာမဟုတ်ဘူး။ ညကျောင်းတော်က ပြိုလဲနေပြီ။ ရိုဝင်ယုံကြည်ရတဲ့ နောက်ဆုံးလူက မင်းပဲ။”
“ကျွန်မကတော့ ရိုဝင်ကိုသိပ်မုန်းတယ်။”
“ဂရိတွေ ပြောလေ့ပြောထရှိတာတစ်ခုရှိတယ်။ အချစ်နဲ့အမုန်းဟာ ဒင်္ဂါးပြားတစ်ခုတည်းရဲ့မတူညီတဲ့ မျက်နှာပြင်တွေပါတဲ့။ မင်းက ရိုဝင်ကိုသိပ်ချစ်ခဲ့လို့ အခုလိုမုန်းသွားတာ သဘာဝကျပါတယ်။ အခုလည်း ရိုဝင်ကြောင့် ဒီကလေးကိုမုန်းတီးနေပေမဲ့ တစ်ချိန်မှာ မင်းစိတ်ပြောင်းရင် ပြောင်းသွားဦးမှာပါ။”
လောဟန်က ရှားလော့ခ်ကို ဆက်ပြီးဖိအားပေးမနေတော့ဘဲ ထွက်ခွာသွားခဲ့တယ်။ ရှားလော့ခ်တစ်ယောက်တည်းသာ အတွေးများစွာနဲ့ ကျန်ရစ်ခဲ့တာပေါ့။
....
“ဆိုလစ်ဒမ် အဲရစ်....” ရှားလော့ခ်က နောက်ဆုတ်ပြီးရင်း ဆုတ်နေရင်းကနေ လေထုကို ဂါထာတစ်ခုနဲ့ သိပ်သည်းအေးခဲစေပြီး နံရံတစ်ခုသဖွယ်ဖြစ်စေကာ ဟာ့ပါရဲ့လက်သီးချက်ကို တားဆီးလိုက်တယ်။
ဘုန်း...
ဟာ့ပါရဲ့လက်သီးဟာ လေထုထဲမှာပဲ နံရံတစ်ခုကိုထိုးမိသလိုမျိုး ရပ်တန့်သွားခဲ့ပေမဲ့ အလျော့မပေးဘဲ ဆက်လက်ထိုးနှက်နေဆဲ။ လက်သီးချက် တစ်ချက်နဲ့တစ်ချက်ကြားမှာရှိတဲ့ ခွန်အားကလည်း တဖြည်းဖြည်းတိုးတက်လာခဲ့တယ်။
“ရေသူမလက်စွပ်... ဒီလက်စွပ်ရဲ့ရေလှိုင်းစွမ်းအားကိုသုံးပြီး နင့်ခွန်အားကို မြှင့်တင်ထားတာလား။ နင့်ခန္ဓာကိုယ်က ဘာ်လောက်ထိခံနိုင်မလဲ ကြည့်ရအောင်....”
ရှားလော့ခ်က ဟာ့ပါကို မျက်လုံးမှေးပြီး စိုက်ကြည့်လိုက်တယ်။ ဘဏ္ဍာစိုးဝတ်စုံနဲ့အမျိုးသမီးဟာ အယ်ဒါအဆင့်မဟုတ်ပါဘူး။ ဒီအတိုင်း လက်နက်လမ်းစဥ်လျှောက်လှမ်းသူ အဆင့်မြင့် ဆီနိတ်တာတစ်ယောက်ဖြစ်တယ်။ ဒါပေမဲ့ အထွတ်အမြတ် ရတနာတစ်ခုနဲ့ တွဲလိုက်ချိန်မှာတော့ ရှားလော့ခ်ကို ခြိမ်းခြောက်နိုင်တဲ့ ခွန်အားမျိုးရှိလာခဲ့တယ်။
“အဲရစ် အိတ်စပန်းဆီယန်....” ရှားလော့ခ်က သူသိပ်သည်းထားတဲ့ လေထုကို အားနဲ့ပြန့်ကားသွားအောင် ပြုစားလိုက်ပြန်ပါတယ်။ ရုတ်တရက်အပြောင်းအလဲကြောင့် ဟာ့ပါရဲ့ခန္ဓာကိုယ်လည်း ကျယ်ပြန့်လာတဲ့လေထုနဲ့အတူ ကန်ထုတ်ခြင်းခံလိုက်ရပြီးတော့ အဝေးကိုလွင့်စင်သွားလေရဲ့။
ရှားလော့ခ်ကတော့ အိမ်တော်ထဲမှာမျောလွင့်နေဆဲဖြစ်တဲ့ ရေသူမပုံရိပ်ကိုကြည့်လိုက်ပြီး သူ့ရဲ့နတ်ဘုရားခန္ဓာကိုယ်ကို ပြန်သိမ်းလိုက်ပါပြီ။
“ဂါထာကင်းမဲ့နယ်မြေက အသုံးမဝင်တော့ဘူးဆိုတော့ မြန်နှုန်းချင်း ပြိုင်ကြတာပေါ့။”
ရှားလော့ခ်ရဲ့ကျောနောက်မှာ အတောင်ပံသုံးစုံပေါက်လာတယ်။ အဲဒီနောက်တော့ သူ့လက်ထဲက မှော်နှင်တံက ကျာပွတ်တစ်ခုအဖြစ် ပြောင်းလဲသွားပြီးနောက် လေနဲ့အတူမျောလွင့်နေတဲ့ ဟာ့ပါနောက်ကို ပြေးလိုက်ပါတော့တယ်။
‘ကောင်လေး၊ ငါ့ရဲ့ယုံကြည်မှုတွေကို အလကားမဖြစ်စေနဲ့။' ရှားလော့ခ်က နက်ဆန်ဘက်ကတိုက်ပွဲကိုတစ်ချက်ကြည့်ပြီး ဟာ့ပါကို အချိန်ဆွဲမနေဘဲအနိုင်ယူဖို့စလုပ်တယ်။
နက်ဆန်ဟာ သူမုန်းလည်းမုန်း ချစ်လည်းချစ်တဲ့သူရဲ့သားပါ။ အစကတော့ ရိုဝင်လိုပဲ ကိုယ်ချစ်တဲ့သူတစ်ယောက်ကလွဲရင် တခြားဘယ်သူ့ကိုမှ ဂရုမစိုက်ဘူးလို့ထင်ခဲ့ပေမဲ့ နက်ဆန်ဟာ ရိုဝင်လက်သစ်ဆိုတာထက်ပိုနေခဲ့တာ သူမြင်တွေ့ခဲ့ရပြီးပြီလေ။ ကိုယ့်ကိုယ်ဂရုစိုက်တဲ့သူတိုင်းအတွက် ပြန်ကြင်နာပေးတတ်တဲ့ လူတစ်ယောက်ကို သူကူညီပေးချင်မိတယ်။
ညအရှင်လော့ဟန် စောင့်ရှောက်ပေးဖို့အတွက် တောင်းဆိုခဲ့တဲ့ နေ့ကလို နက်ဆန်ဟာ လသားကလေးမဟုတ်တော့ဘဲ သူ့ထက် စွမ်းအားကြီးနေပြီဆိုပေမဲ့ သူ့ရဲ့ကာကွယ်ပေးမှုကို မလိုအပ် တော့တာမှမဟုတ်တာ။
“ကောင်စုတ်လေး၊ ငါ့တပည့်လေးကို အနိုင်ကျင့်ရဲကျင့်ကြည့်” ရှားလော့ခ်က အချိန်တိုအတွင်းမှာပဲ ဟာ့ပါကိုလိုက်မီလာပြီးနောက် ကျာပွတ်နဲ့ရိုက်ချတယ်။ ဟာ့ပါကလည်းလက်ကိုကြက်ခြေခတ်ဟန် ထားပြီးတော့ ခန္ဓာကိုယ်ရဲ့အဓိက အစိတ်အပိုင်းတွေကို ကာကွယ်လိုက်တယ်။
...
နက်ဆန်က လက်ထဲမှာ တံစဥ်ကိုကိုင်ထားပြီး ကျောနောက်မှာ ရှိနေတဲ့ နာတာရှာရဲ့တောင်ပံတွေအားကိုးနဲ့ ဘန်နီဆီကို ပြေးဝင်တယ်။ ဒါပေမဲ့ ဘန်နီလေပေါ်မြောက်တင်လိုက်တဲ့ ဖဲချပ်တွေက ချက်ချင်းပြန့်ကားလာပြီး သုံးမီတာလောက် အရွယ်အစားရှိတဲ့ ရုပ်သေးမကောင်းဆိုးဝါးကြီးတွေ အဖြစ်ကိုပြောင်းလဲသွားတော့တာပဲ။
“ဘယ်သူက ရှင်နဲ့ထိပ်တိုက်ရင်ဆိုင်မယ်လို့ ပြောလို့လဲ၊ ညအရှင်ရဲ့။ ရှင့်အတောင်ပံတွေရဲ့မြန်နှုန်းကို ကျွန်မ လိုက်မမီဘူးလေ။ ဒီတော့ ကျွန်မရဲ့ဖဲမျက်လှည့်ရှိုးပွဲလေးကိုပဲ ဖိတ်ခေါ်ပါရစေ။”
ကင်းနဲ့ကွင်းဖဲချပ်တွေထဲကနေ ဓားကိုင်ထားတဲ့ဘုရင်က နက်ဆန်ကို ဓားနဲ့ပိုင်းချလိုက်ပြီး ဝတ်ရုံရှည်ကြီးနဲ့ဘုရင်မက သူ့ဝတ်ရုံခါးစည်းတွေကိုသုံးကာ နက်ဆန်ကိုဖမ်းဆီးဖို့အတွက် ကြိုးစားနေတယ်။ ပုဆိန်ကြီးနဲ့ဂျက်နဲ့ ပါးစပ်ကျယ်ကြီးရှိတဲ့ ဂျိုကာတို့ကတော့ အိုလီရာနာနဲ့ ဆယ်ဗီတို့နောက်ကို လိုက်သွားကြပါပြီ။
ထန်း...
နက်ဆန်ရဲ့တံစဥ်နဲ့ ဘုရင်ရဲ့ဓားတို့ ရင်ဆိုင်မိတဲ့အချိန်မှာ မီးပွားတွေဖြာထွက်လာပြီးနက်ဆန့်လက်မောင်းတစ်ခုလုံး ထုံကျင်သွားတယ်။
“ဒီဖဲချပ်ကောင်တွေက အယ်ဒါအဆင့်မှာပဲ။” နက်ဆန် ချက်ချင်း မျက်နှာပျက်သွားတယ်။ သူ့အတွက် စိုးရိမ်တယ်ဆိုတာထက် ဒဏ်ရာရနေတဲ့ဆယ်ဗီကို အိုလီရာနာမကာကွယ်နိုင်မှာ စိုးရိမ်နေတာပါ။
ဘန်နီကတော့ ကင်းနဲ့ကွင်းကြားမှာ အခက်တွေ့နေတဲ့နက်ဆန်ကို ကြည့်နေရင်းကနေ ရယ်မောလှောင်ပြောင်နေလေရဲ့။ “အာရုံတွေ များနေပြီလား၊ ညအရှင်။ ရှင်စိုးရိမ်ရင်လည်း စိုးရိမ်စရာပဲနော်။ အဲဒီကောင်မလေးက သစ်ပင်တစ်ပင်ဖြစ်ပြီးတော့ ပဲပင်ဂျက်က သစ်ခုတ်သမားဖြစ်နေတာမဟုတ်လား။”
နက်ဆန်က အံ့ကိုတင်းတင်းကျိတ်လိုက်ပြီး အမှောင်ထုစွမ်းအားကို အသုံးပြုကာ ကင်းနဲ့ကွင်းကိုထိုးဖောက် ဘန်နီကိုတိုက်ရိုက်သတ်ဖို့ စကြံစည်တယ်။ နက်ဆန်ဟာ ခန်းမထဲမှာပျောက်သွားပြီး ဘန်နီရပ်နေတဲ့နေရာရဲ့အရပ်ရှစ်မျက်နှာမှာ ပုံစံရှစ်မျိုးနဲ့ ပေါ်လာပြီး တံစဥ်နဲ့ ဘန်နီကိုပိုင်းချလိုက်တယ်။
“သေစမ်း...”
ဒါပေမဲ့ ဘန်နီကတော့အပြုံးမပျက်ပါဘူး။ နက်ဆန်ရဲ့တံစဥ်တွေက လေထုကိုသာခုတ်မိသွားပြီး တခြားအခန်းထောင့်တစ်ခုမှာ ဘန်နီက ပြန်ပေါ်လာတယ်။ အဲဒီနောက်တော့ ဗိုက်ကိုနှိပ်ပြီး ရယ်တော့တာပါပဲ။
ဟားဟားဟား... ခစ်ခစ်ခစ်....
“ညအရှင်... ရှင့်ရဲ့အမှောင်ထုထဲမှာ ကြိုက်သလိုပေါ်လာနိုင်တဲ့ စွမ်းအားက ကြောက်စရာကောင်းပါတယ်။ ဒါပေမဲ့ ရှင်တို့တွေ ဒီထဲဝင်လာကတည်းက ကျွန်မရဲ့မြူလောကထဲမှာ ရှင်တို့ ရောက်နေပြီးပြီ။ ဒီနေရာမှာလည်း ကျွန်မကရှင့်လိုပဲ စိတ်ကြိုက်သွားလာလို့ရတယ်။”
နက်ဆန်ထပ်ပြီး မတုံ့ပြန်နိုင်ခင် ဘန်နီ့ရဲ့လက်ထဲမှာ နောက်ထပ် ဖဲချပ်တွေပေါ်လာပြန်တယ်။
“ဒါနဲ့၊ ညအရှင်မေ့နေတာ တစ်ခုခုရှိတယ်လို့မထင်ဘူးလား။”
နက်ဆန် နေရာမှာတင် တောင့်တောင့်ကြီးဖြစ်သွားတဲ့အတွက် ကွင်းရဲ့ခါးစည်းကြိုးတွေနဲ့ ချည်တာခံရလုနီးပါးဖြစ်သွားပြီး နာတာရှာက သူ့သဘောနဲ့သူအတောင်ပံခတ်လိုက်လို့သာ သီသီလေး လွတ်သွားတယ်။
“သခင်... အဲဒီကောင်မကို ကျွန်မတို့ ဆက်လွှတ်ထားလို့ မဖြစ်တော့ဘူး။ ဖဲထုပ်တစ်ထုပ်မှာ ကင်း၊ကွင်းနဲ့ဂျက်က လေးကောင်စီပါတာ။ သူကိုင်ထားတဲ့ကတ်တွေရဲ့ပုံစံက အလယ်ခေတ်စတိုင်မလို့ ဂျိုကာလည်းသုံးကောင်ရှိလိမ့်မယ်။”
နက်ဆန်က ကြားကြားချင်းမှာပဲ သတိပြန်ဝင်လာပြီးတော့ ဘန်နီနေက်ကိုဆက်လိုက်တယ်။ ဒါပေမဲ့ဘန်နီက တစ္ဆေတစ်ကောင်လိုမျိုး ဖြစ်နေပြီးတော့ဖဲချပ်တွေကို ဆက်ဖြန့်နေတယ်။
နောက်ဆုံးမှာတော့ ခန်းမထဲမှာ အယ်ဒါအဆင့်နဲ့ ညီမျှတဲ့ခွန်အားရှိတဲ့ ကင်းလေးကောင်၊ ကွင်းလေးကောင်၊ ဂျက်လေးကောင်နဲ့ ဂျိုကာသုံးကောင်ရှိနေပြီ။ ဖဲချပ်အစေခံတွေကို ထုတ်လို့ပြီးသွားတဲ့နောက်မှာတော့ ဘန်နီက ဧည့်ခန်းထဲမှာရှိတဲ့ စားပွဲဝိုင်းပေါ်မှာ ပြန်ပေါ်လာပြီး ပေါင်တစ်ဖက်ကိုထောင်၊ တစ်ဖက်ကိုချထားတဲ့အနေအထားနဲ့ တက်ထိုင်လိုက်တယ်။
“ညအရှင်... ကြည့်ရတာ ကျွန်မတို့ရဲ့ရှိုးပွဲလေးက ပြီးတော့မယ့်ပုံပဲ။” ဘန်နီက လက်ရှိအခြေအနေကို ကြည့်ရင်းနဲ့ ပြောလိုက်တယ်။
ဟက်အုပ်စုက ကင်း၊ ကွင်းနဲ့ဂျက်အပြင် ဂျိုကာတစ်ကောင်က နက်ဆန်ကို တစ်ပြိုင်နက်တည်း တိုက်ခိုက်လိုက်တယ်။ စပိတ်အုပ်စု ကတ်တွေကတော့ အိုလီရာနာနောက်ကိုလိုက်နေပြီဖြစ်ပြီးတော့ ဒိုင်းမွန်းအုပ်စုနဲ့ဒုတိယဂျိုကာကတော့ ကျဥ်းထဲကျပ်ထဲ ရောက်နေတဲ့ဟာ့ပါကို သွားကူညီတယ်။ ကလပ်ကတ်တွေနဲ့ တတိယဂျိုကာကတော့ တိုက်ပွဲနဲ့ဝေးရာမှာရှိနေတဲ့ ဒီရေဂိုကိုကာကွယ်ပေးလို့ပေါ့။
နက်ဆန်ဟာ သူ့ကိုယ်သူ လုံးဝချောင်ပိတ်မိသွားပြီမှန်း သိလိုက်ရပြီ။ ဒါပေမဲ့ သူလက်မလျှော့နိုင်သေးဘူး။ သူ့လက်ထဲက တံစဥ်ကို လက်ကနေလွတ်ချပြီးတဲ့နောက်မော်လီကို အမိန့်ပေးလိုက်တယ်။
“မော်လီ... အိုလီရာနာကို သွားကူတော့။” သူကိုယ်တိုင်ကတော့ ပါစီဗယ်ကနေ အသွင်ပြောင်းထားတဲ့ ငွေဓားကိုကိုင်လိုက်ပါပြီ။
“ဟေးဟေး... မင်းက ဘာလို့ငါ့ကို နောက်ဆုံးမှအမြဲတမ်း ထုတ်ရတာလဲ။”
“ပါးစပ်ပိတ်ပြီး ဒီသောက်ဖဲချပ်တွေကို ငါ့အတွက် ဖျက်ဆီးပေးစမ်း။”
“ငါက မဒမ်မူဆဲဆယ်ဗီအတွက်ပဲ အလုပ်လုပ်တာကွ။” ပါစီဗယ်က ဘုကန့်လန့်ပြောနေပေမဲ့ နက်ဆန်နဲ့ချက်ချင်းပဲပူးပေါင်းလိုက်ပြီ။ မဟုတ်ရင် ဒီနေရာကနေ ဘယ်သူမှလွတ်မှာမဟုတ်ဘူး။