← Chapters

အခန်း (၃၁၆-၃၁၈)

Vol. 22 Ch. 316-318

အခန်း (၃၁၆-၃၁၈)

Vol. 22 Ch. 316-318

အခန်း-(၃၁၆)

ကျိူးလီဇီနောက်ကို လိုက်နေရင်းနဲ့ပဲ ချင်လူဇီမှာ အတွေးထဲနစ်မြုပ်သွားတယ်။ ပစ္စည်းတွေသွားယူတဲ့အခါတိုင်းမှာ သူ့ရဲ့ခယ်မက ဘာတစ်ခုမှ မထားခဲ့တဲ့အတွက် ကပ်စေးနဲပြီး လောဘကြီးတဲ့သူလို့ သူအမြဲတွေးနေခဲ့တယ်။

ဒါပေမယ့်လည်း သူမက ရွှီချွန်းကို ပစ္စည်းတွေ အများကြီးပေးတယ်ဆိုတာ သိလိုက်ရတဲ့အခါမှာတော့ သူ့အတွေးတွေကို သံသယဝင်လာခဲ့တယ်။ အခုတစ်ခါမှာလည်း သူမက ဆရာ၊ ဆရာမတွေနှင့်ကလေးတွေကို ပစ္စည်းတွေပေးနေတာ မြင်လိုက်ရတော့ သူမက သူထင်ထားတာထက်ကို ပိုရှုပ်ထွေးတယ်ဆိုတာ သဘောပေါက်လာတယ်။

သူမက လူကောင်းတစ်ယောက် မဟုတ်သလို လူဆိုးတစ်ယောက်လည်း မဟုတ်ပါဘူး။ အတော်ကြာ စဉ်းစားပြီးတဲ့နောက်မှာတောင် သူမရဲ့စရိုက်ကို သူ လုံးဝ နားမလည်နိုင်ခဲ့ဘူး။

နာရီစင်မှ ထွက်ခွာလာပြီးနောက်မှာတော့ သူတို့နှစ်ယောက်က အဖွဲ့နှင့် ပြန်လည်ပူးပေါင်းခဲ့တယ်။ သူတို့နှစ်ယောက် ဘေးကင်းစွာပြန်လာတာကို မြင်သောအခါမှ ကျန်းယွမ်က သက်ပြင်းချလိုက်သည်။ ကပ္ပတိန်မရှိတဲ့အချိန်မှာ သူမသာ တစ်ခုခုဖြစ်သွားခဲ့ပါက ကပ္ပတိန်ပြန်လာသောအခါတွင် သူ ဒုက္ခရောက်ပေလိမ့်မည်။

ကျိူးလီဇီက ကျန်းယွမ်ရဲ့အကြည့်ကိုသတိပြုမိလိုက်ပြီး သူမရဲ့ လုပ်ရပ်များအကြောင်း စဉ်းစားမိပြီးနောက်မှာတော့ အခြားသူများရဲ့အမြင်တွင်တော့ သူမလုပ်ခဲ့သည်မှာ ပေါ့ဆမှုတစ်ခုသာဖြစ်ကြောင်း သဘောပေါက်လိုက်တယ်။

ဝိညာဉ်ရေးရာနေရာလွတ်ကို ပိုင်ဆိုင်ထားတာကြောင့် အခြေအနေက ဘယ်လောက်ပဲ အန္တရာယ်များပါစေ သူမ အသက်ရှင်နိုင်မယ်ဆိုတာကို သူမ သိပါတယ်။ ဒါပေမယ့်လည်း သူမရဲ့နေရာ၏ အထူးစွမ်းရည်ကို သူမရဲ့ချစ်သူကလွဲလို့ ဘယ်သူကမှ မသိကြပါဘူး။ ဒါကြောင့်ပဲ သူတို့စိုးရိမ်ပူပန်တာကို နားလည်နိုင်ပါတယ်။

ဒါကို သဘောပေါက်သွားတဲ့အခါမှာတော့ ကျိူးလီဇီက ကျန်းယွမ်ကို ရှက်ရွံ့စွာပြုံးပြပြီး "ဒုကပ္ပတိန် ၊ မင်းကို စိတ်ပူစေမိလို့ တောင်းပန်ပါတယ်" လို့ ပြောလိုက်တယ်။

ဒါက သူမ သူ့ကို ဒုကပ္ပတိန်လို့ ပထမဆုံးအကြိမ် ခေါ်လိုက်တာဖြစ်ပြီး အားလုံးက အံ့အားသင့်သွားကြတယ်။ ကပ္ပတိန်က ဘာမှမပြောပေမယ့် သူမရဲ့ရာထူးက ကျင်းရွှီယန်းနှင့် တန်းတူနီးပါး တူညီတယ်ဆိုတာကို သူတို့ လက်ခံပြီးသားပါ။ ဒါကြောင့်ပဲ သူမက ကျန်းယွမ်ကို သူ့ရဲ့ ရာထူးတပ်မခေါ်တဲ့အခါမှာ ဘယ်သူကမှ ဘာမှမပြောကြပါဘူး။

သူမရဲ့အမှားကို သဘောပေါက်သွားတာကိုမြင်တော့ ကျန်းယွမ်ကလည်း သူမအတွက် ခက်ခဲအောင် မလုပ်တော့ပါဘူး။ "ခယ်မ၊ နောက်တစ်ခါကြရင်သာ မလုပ်ခင်မှာ နှစ်ခါပြန်စဉ်းစားပါ။ မီတာ ၅၀၀ ပတ်လည်ပြင်ပက အခြေအနေကို ငါတို့ မသိနိုင်ဘူး။ မင်းတစ်ယောက်တည်း သွားတာက အန္တရာယ်များတယ်" လို့ ပြောလိုက်တယ်။

ကျိူးလီဇီက ခေါင်းညိတ်ပြီး "ဒုကပ္ပတိန် ကျွန်မနားလည်ပါတယ်။ တိုက်ပွဲထဲမှာပဲ စိတ်ရောက်နေလို့ အန္တရာယ်ကို သတိမထားမိခဲ့ဘူး။ နောက်တစ်ခါကြရင် ပိုဂရုစိုက်ပါ့မယ်" လို့ ပြန်ဖြေတယ်။

ကျန်းယွမ်က သူမကိုကြည့်ပြီး သက်ပြင်းချလိုက်တယ်။ ဘာပဲဖြစ်ဖြစ် သူမက အသက်နှစ်ဆယ်တောင်မပြည့်သေးတဲ့ မိန်းကလေးငယ်တစ်ယောက်ပါ။ သူမအတွက်တော့ ပေါ့ပေါ့ဆဆပြုမူတာက ပုံမှန်ပါပဲ။

"မင်းနားလည်တာကောင်းတယ်" ဟု သူက ပြောလိုက်သည်။

စကားပြောပြီး သိပ်မကြာခင်မှာပဲ အဝေးဆီကနေ ဇွန်ဘီတွေရဲ့ ဟိန်းဟောက်သံတွေကြားလိုက်ရကာ မြေကြီးကလည်းတုန်ဟီးလာသည်။

"ချီးပဲ ၊ ဘာတွေဖြစ်နေတာလဲ" ရှောင်ချီက အံ့အားသင့်စွာဖြင့် အော်ပြောလိုက်သည်။

သူတို့ရဲ့ ကပ္ပတိန်ထံမှ ဆွဲဆောင်ခံရတဲ့ ဇွန်ဘီအရေအ‌တွက်က မျှော်လင့်ထားတာထက် ပိုများနိုင်တယ်ဆိုတာကို သတိပြုမိတဲ့အခါမှာဝောာ့ ဝိန့်ညီအစ်ကိုတွေဟာ နံရံကနေ မီတာအနည်းငယ်အကွာမှာ သတ္တုပလက်ဖောင်းတစ်ခု ထပ်မံတည်ဆောက်ခဲ့ကြသည်။

နတ်ဆိုးအဖွဲ့ဝင်များက ပလက်ဖောင်းပေါ်သို့ ခုန်တက်သွားကြသည်။ မြေပြင်မှ ငါးမီတာအမြင့်သို့ ရောက်ရှိသောအခါ တွင်မှ အခြေအနေကို ရှင်းရှင်းလင်းလင်း မြင်နိုင်သွားကြသည်။

ကျောင်းဝင်းအပြင်ဘက်တွင် ကျင်းရွှီယန်းက အရှေ့မှပြေးနေပြီး အနောက်မှာတော့ ထောင်ပေါင်းများစွာသော ဇွန်ဘီများက လိုက်လာနေသည်။ သူရဲ့ ကနဦးအစီအစဉ်မှာ အနီးနားရှိ ဇွန်ဘီများကို ဆွဲဆောင်ရန်သာဖြစ်သည်။

ဒါပေမယ့်လည်း ဧရိယာတစ်ခုချင်းစီကို ရှင်းလင်းဖို့က ဘယ်လောက်တောင် စိတ်အနှောင့်အယှက်ဖြစ်စရာကောင်းမလဲဆိုတာကိုတွေးပြီး ဇွန်ဘီတွေကို သူတတ်နိုင်သလောက် ဆွဲထုတ်ဖို့ ဆုံးဖြတ်လိုက်တယ်။ တစ်ပြိုင်နက်တည်းမှာပဲ အားလုံးကို ရှင်းလင်းလိုက်တာက ပိုကောင်းတယ်။ ဒါကြောင့်ပဲ သူပြန်လာဖို့ကို အချိန်အတော်ကြာနေခဲ့တာပါ။

သူ့အဖွဲ့က ဒီအရေအတွက်ကို ကိုင်တွယ်နိုင်လိမ့်မယ်လို့ သူသေချာတယ်။ ဘာပဲဖြစ်ဖြစ်၊ အဖွဲ့ဝင်နည်းခဲ့တဲ့အချိန်မှာတောင် ဇွန်ဘီ ၅၀,၀၀၀ ကျော်ကို ရှင်းလင်းနိုင်ခဲ့တယ်။ အခုက အဖွဲ့ဝင်တွေပိုများလာပြီမို့ ဇွန်ဘီ ၂၀,၀၀၀ ကနေ ၃၀,၀၀၀ အထိကို ရှင်းလင်းဖို့ဆိုတာက သူတို့အတွက် လွယ်လွယ်လေးပါပဲ။

သတ္တုနံရံကိုမြင်တော့ သူက ဒူးကိုကွေးပြီး နံရံပေါ်ခုန်တက်လိုက်တယ်။ နံရံပေါ်မှာရပ်ပြီး ပြုံးကာ လက်ကိုမြှောက်လိုက်သည်။

သူ့အောက်မှ ဇွန်ဘီတွေကတော့ သူတို့ရဲ့ပုပ်နေတဲ့လက်တွေကိုမြှောက်ပြီး ကြမ်းတမ်းစွာ ဟိန်းဟောက်ကာ သူ့ကို အောက်သို့ဆွဲချနိုင်ဖို့ ကြိုးစားနေကြသည်။

သူ့ရဲ့ခေါင်းပေါ်မှာ ဧရာမအနက်ရောင်မီးတောက်ကြီးတစ်ခု လွင့်မျောနေသည်။ အနက်ရောင်မီးတောက်က ပိုကြီးလာတာနဲ့အမျှ အပူချိန်ကလည်း မြန်မြန်မြင့်တက်လာသည်။ ဆယ်စက္ကန့်ကျော်ကြာပြီးနောက်မှာတော့ ကျင်းရွှီယန်းက ခုန်ပြီး အနက်ရောင်မီးတောက်ကို ဇွန်ဘီအုပ်ဆီ ပစ်ပေါက်လိုက်သည်။

နောက်တစ်ခဏချင်းမှာပဲ သူ့ရဲ့ဓားရှည်ကို ဓားအိမ်ကနေ ဆွဲထုတ်ကာ အလျားလိုက် ခုတ်ပိုင်းလိုက်သည်။ လခြမ်းပုံသဏ္ဍာန် မီးဓားတစ်ချောင်းက အနက်ရောင်မီးလျှံကြီးဆီကို မြန်ဆန်တဲ့အမြန်နှုန်းနဲ့ ပြေးဝင်သွားသည်။ မီးတောက်ဓားက အနက်ရောင်မီးလျှံနဲ့ ပေါင်းစပ်သွားတာ သူ့ရဲ့အလျားနှင့် အနံဟာလည်း အဆပေါင်းများစွာ တိုးလာသည်။

မီတာနှစ်ဆယ်ရှည်ပြီး သုံးမီတာကျယ်သော မီးတောက်ဓားက ဇွန်ဘီများကို ဖြတ်ကျော်ကာပျံသန်းသွားပြီး ချက်ချင်းပင် ဇွန်ဘီများက ပြာမှုန်များအဖြစ်သို့ ပြောင်းလဲသွားသည်။

မြင့်မားသော ပလက်ဖောင်းပေါ်တွင် ရပ်နေသော အဖွဲ့ဝင်များကတော့ သူတို့ရဲ့အသင်းခေါင်းဆောင်၏ လွှမ်းမိုးနိုင်စွမ်းကို ကျင့်သားရနေကြပါပြီ။ သို့သော် အဖွဲ့ဝင်အသစ်များအတွက်တော့ ဤစွမ်းအားပြသမှုက အလွန်အံ့အားသင့်စရာကောင်းသဖြင့် လီချီရွှမ်နှင့် မိုဂျွန်ဂျီတို့သည် ၎င်းတို့ရဲ့အကြည့်များကို ထိုနေရာမှမခွာနိုင်ခဲ့ပေ။

ရတနာတစ်ခုကို ရှာဖွေတွေ့ရှိမှုကြောင့် မိုဂျွန်ဂျီရဲ့မျက်လုံးတွေထဲမှာ ရူးသွပ်မှုနှင့်ပြည့်နှက်နေချိန်မှာ လီချီရွှမ်ရဲ့မျက်လုံးတွေထဲမှာတော့ အံ့အားသင့်မှုနှင့် စိတ်ရှုပ်ထွေးမှုများဖြင့် ပြည့်နှက်နေပါသည်။

စက်ရုံမှထွက်ခွာလာပြီးနောက်ပိုင်း ကျင်းရွှီယန်းအကြောင်း သူစုဆောင်းရရှိသော အချက်အလက်များအရဆို သူရဲ့စွမ်းရည်နှင့်ပတ်သက်သည့် သတင်းအချက်အလက် လုံးဝမရှိပါဘူး။ ထို့ကြောင့်ပဲ အနက်ရောင်မီးတောက်ကို မြင်သောအခါတွင် ၎င်းဟာ ကမ္ဘာပျက်ပြီးနောက်မှာမှ ကျင်းရွှီယန်းဆီမှာ နိုးထလာသည့် စွမ်းရည်တစ်ခုဟု သူထင်ခဲ့သည်။

ဒါပေမယ့် သူ့ရဲ့စွမ်းအားနှင့် ပိုင်ဆိုင်ထားတဲ့ စွမ်းအင်ပမာဏကိုကြည့်ရရင်တော့ သူဟာ ကမ္ဘာပျက်ကပ်မတိုင်ခင်ကတည်းက သူ့ရဲ့စွမ်းရည်က နိုးထခဲ့တာဖြစ်ရမယ်။ ဒါပေမယ့်လည်း တကယ်လို့သာ အဲဒီလိုဖြစ်ခဲ့ရင် စက်ရုံထဲမှာ သူ့အကြောင်း သတင်းအချက်အလက်တွေ ရှိသင့်တယ်။

အကြောင်းရင်းကို သူနားမလည်နိုင်သေးတာကြောင့် ဒီကိစ္စကို ခဏလောက် ဆိုင်းငံ့ထားလိုက်ရုံပဲတတ်နိုင်တယ်။ နတ်ဆိုးအဖွဲ့က မိတ်ဆွေလား၊ ရန်သူလားဆိုတာကို ကောက်ချက်မချခင်မှာ နောက်ထပ်အချက်အလက်တွေ ရှာဖို့ လိုအပ်နေပါသေးတယ်။

သူတို့ဘာတွေတွေးနေမှန်းမသိတဲ့ ကျင်းရွှီယန်းကတော့ ဇွန်ဘီအုပ်စုကြီးတစ်စုကို သတ်ပြီးတဲ့နောက်မှာ သတ္တုပလက်ဖောင်းပေါ်ကို ပြန်ခုန်တက်လိုက်သည်။ သူက သူ့ချစ်သူကို သွားစစ်ဆေးလိုက်ပြီးမှ "ငါမရှိတုန်း တစ်ခုခုဖြစ်သွားလား" လို့ မေးလိုက်တယ်။

ကျိူးလီဇီ စကားတစ်လုံးမှ မပြောနိုင်ခင်မှာပဲ ချင်လူဇီက "ကပ္ပတိန်၊ ကလေး ၅၀ လောက်နဲ့ ဆရာ ၄ ယောက်ကို နာရီစင်မှာ တွေ့လိုက်တယ်။ ခယ်မက သူတို့ကို ပစ္စည်းတချို့နဲ့ လင်အန်းမြို့ အခြေစိုက်စခန်းသွားနိုင်မယ် မြေပုံပေးခဲ့တယ်" လို့ သတင်းပို့လိုက်တယ်။

ဒါကိုကြားတော့ ကျင်းရွှီယန်းက ခေါင်းညိတ်ပြီး "နောက်မှ သူတို့အတွက် စီစဉ်ပေးမယ်။ ဇွန်ဘီတွေကို အရင်ရှင်းပစ်မယ်" လို့ ပြောလိုက်တယ်။

"နားလည်ပါပြီ"

အခန်း-(၃၁၇)

သူတို့ရဲ့ကပ္ပတိန် ပြန်ရောက်လာတဲ့အခါမှာတော့ နတ်ဆိုးအဖွဲ့ဝင်တွေဟာ အရင်ကလောက် စိတ်ပူစရာမလိုတော့ပါဘူး။ အားလုံးကတိုက်ခိုက်နေချိန်မှာပဲ ကျိူးလီဇီက ချန်ကျိရိဆီသွားပြီး ရေခဲအမျိုးအစား အမြုတေတွေကို ပေးလိုက်ပါတယ်။

ဒါကိုမြင်တော့ ကျောင်းလီရှင်းက "ညီမလေး၊ ဘာလို့ ကျွန်မတို့ကို အမြုတေတွေ ဒီလောက်အများကြီးပေးတာလဲ။ ကျွန်မတို့မှာ တချို့တလေကျန်သေးတယ်" လို့ ပြောလိုက်တယ်။

ကျိူးလီဇီက ချန်ကျိရိရဲ့ဒဏ်ရာကို စစ်ဆေးလိုက်ပြီး "ဒဏ်ရာမှာ ဗီဇပြောင်းလဲမှု လက္ခဏာတွေ မပြတော့ပေမယ့် အစ်ကိုချန်ရဲ့ လက်ရှိအဆင့်က သူ့ခန္ဓာကိုယ်ထဲက ဇွန်ဘီဗိုင်းရပ်စ်ကို နှိမ်နင်းနိုင်မှာ မဟုတ်ဘူး။ ရှင်သန်နိုင်ခြေ မြှင့်တင်ဖို့အတွက် အဆင့်တစ်ကို ချိုးဖျက်နိုင်ရမယ်" လို့ ပြောလိုက်တယ်။

ဒါကိုကြားတော့ ချန်ကျိရိ အံ့အားသင့်သွားတယ်။ ခဏနေရင် သူအဆင်ပြေသွားမယ်လို့ပဲ သူထင်ခဲ့တယ်။ ဒါပေမယ့် သူမရဲ့စကားတွေကို ကြားပြီးတဲ့နောက်မှာ‌တော့ သူ့ခြေလက်တွေက အရင်ကထက် ပိုတောင့်တင်းနေတာကို သတိထားမိလိုက်တယ်။

လုပ်ငန်းစဉ်က သိပ်မမြန်ပေမယ့် သူက အမှန်တကယ်ကို ဇွန်ဘီတစ်ကောင်အဖြစ် တဖြည်းဖြည်းပြောင်းလဲလာခဲ့တယ်။ ဒါကို သဘောပေါက်သွားပြီးနောက်မှာတော့ သူ့အကြည့်ကို နှိမ့်ချကာ "ငါ နားလည်ပါတယ်" လို့ ပြောလိုက်တယ်။

"ယောင်္ကျား ၊ အဆင့်ကိုအတင်းချိူးဖောက်တာက အန္တရာယ်များနိုင်တယ်" ဟု ကျောင်းလီရှင်းက စိုးရိမ်စွာ ပြောလိုက်သည်။

"ကိုယ်သာ အသက်ရှင်နိုင်ပြီး ကိုယ့်လက်ကိုလည်း ဆက်ထိန်းထားနိုင်မယ်ဆိုရင် အန္တရာယ်ကို ရင်ဆိုင်ပါ့မယ်" ဟု ချန်ကျိရိက အပြုံးဖြင့် ပြန်ဖြေသည်။

သူ့မျက်လုံးတွေထဲက စိတ်ပိုင်းဖြတ်မှုကိုမြင်တော့ ကျောင်းလီရှင်းက သူ့ကို နားချဖို့ကြိုးစားတာ ရပ်လိုက်တယ်။

ကျိူးလီဇီက အမြုတေတွေကို သူ့ဆီပေးပြီး "အစ်ကိုချန်၊ ရှင့်ရဲ့စိတ်ကို စုစည်းထား တခြားဘာကိုမှ မစိုးရိမ်ပါနဲ့။ ကျွန်မကဒီမှာနေပြီး အစ်ကျောင်းနဲ့အတူ ရှင့်ကိုစောင့်ရှောက်ပေးမယ်။ ရှင်အဆင်ပြေသွားလိမ့်မယ်" လို့ ပြောလိုက်တယ်။

"အိုကေ"

ချန်ကျိရိက အမြုတေတွေကနေ စွမ်းအင်ကို စုပ်ယူနေချိန်မှာ ကျိူးလီဇီက "စွမ်းအင်ကိုစုပ်ယူပြီးရင် ဦးနှောက်ထဲမှာ တိုက်ရိုက်မသိမ်းလိုက်နဲ့။ မင်းရဲ့ မဒီတျန်တွေမှာ ပိတ်ဆို့နေတဲ့အရာတွေကိုဖယ်ရှားပြီး မင်းရဲ့ခန္ဓာကိုယ်ကို သန့်စင်ဖို့ စွမ်းအင်ကို အသုံးပြုပါ" လို့ ညွှန်ကြားပေးတယ်။

သူမရဲ့ညွှန်ကြားချက်တွေကို လိုက်နာရင်းနဲ့ပဲ ချန်ကျိရိဟာ ကွာခြားချက်ကို တဖြည်းဖြည်းချင်းခံစားလိုက်ရသည်။ အရင်ကဆို သူ့စွမ်းရည်‌တွေတိုးလာအောင် စွမ်းအင်စုပ်ယူဖို့ပဲ အာရုံစိုက်ခဲ့တယ်။

ဒါပေမယ့် အခုလို စွမ်းအင်ကိုအသုံးပြုပြီး မဒီတျန်တွေကိုရှင်းလင်းလို့ သူ့ခန္ဓာကိုယ်ကို သန်မာစေပြီးနောက်မှာ‌တော့ သူစုပ်ယူနိုင်တဲ့ စွမ်းအင်ပမာဏက အရင်ကထက် ပိုများလာတယ်လို့ ခံစားလိုက်ရသည်။

ငါးမိနစ်အတွင်းမှာပဲ အမြုတေတစ်ခုက အမှုန်အဖြစ် ပြောင်းလဲသွားခဲ့ပါတယ်။

ပိုမိုသန်မာသော ခန္ဓာကိုယ်နှင့် ပိုမိုကျယ်ပြန့်သော မဒီတျန်များနဲ့ စွမ်းရည်အသုံးပြုသူအတွက်ကတော့ တိုက်ပွဲအတွင်းမှာပဲ စွမ်းအင်ကိုစုပ်ယူရင်း အသုံးပြုဖို့ရန်က ပိုမိုလွယ်ကူမည်ဖြစ်သည်။

သူ အမြုတေတွေကို စုပ်ယူနေတုန်းမှာ သူ့ကိုကြည့်နေတဲ့ လီချီရွှမ်က သူ့ရဲ့စုပ်ယူမှုနှုန်းက ဘယ်လောက်တောင်မြန်လဲဆိုတာကိုမြင်တော့ အံ့အားသင့်သွားခဲ့တယ်။

သူ့လို အရည်အချင်းမြင့်တဲ့သူတောင်မှ အမြုတေတစ်ခုကို စုပ်ယူဖို့ အနည်းဆုံး မိနစ်နှစ်ဆယ်လောက် လိုအပ်သေးတယ်။ ဒါဆို ပျမ်းမျှအရည်အချင်းပဲရှိတဲ့သူက ဘယ်လိုလုပ်ပြီး သူ့ထက် ပိုမြန်မြန်နှင့် အမြုတေကို စုပ်ယူနိုင်မှာလဲ။

ချန်ကျိရိကို သူကြည့်နေတုန်းမှာ ဖုန်းယွင်ရဲ့အကြည့်တွေကတော့ သူ့(လီချီရွှမ်)ဆီမှာပဲ ရှိနေတယ်။ လီချီရွှမ်က ချန်ကျိရိရဲ့လက်ထဲက အမြုတေတွေကို ကြည့်နေတာ သတိထားမိတဲ့အခါမှာတော့ သူ့ (လီချီရွှမ်)အကြည့်တွေကို တားဆီးဖို့ ဖုန်းယွင်က သူ့ခန္ဓာကိုယ်ကို ရွှေ့လိုက်သည်။

သူတို့ရဲ့အကြည့်တွေ ဆုံသွားတဲ့အခါမှာ‌တော့ ဖုန်းယွင်က ပြုံးပြီး "အစ်ကိုလီ၊ တိုက်ပွဲအတွင်းမှာ အာရုံပျံ့လွင့်နေရင် အသက်ဆုံးရှုံးသွားနိုင်တယ်။ ဒါကြောင့် မင်းရှေ့ကရန်သူတွေကိုပဲ အာရုံစိုက်သင့်တယ်" လို့ ပြောလိုက်တယ်။

အေးစက်စက်မျက်လုံးတွေနှင့် ဆုံတဲ့အခါမှာတော့ လီချီရွှမ်က ပြန်ပြုံးပြပြီး "ငါပင်ပန်းနေတဲ့အခါမှာဆို အလွယ်တကူ အာရုံပျံ့လွင့်သွားတတ်တယ်။ အခုက အနားယူဖို့ လိုအပ်နေပြီလေ ၊ ငါ ဆက်မတိုက်ခိုက်နိုင်တော့ဘူး" လို့ ပြန်ဖြေလိုက်တယ်။

ဒါကိုကြားတော့ ဖုန်းယွင်က အံ့သြသွားဟန်ဆောင်ပြီး "အစ်ကိုလီ၊ မင်းက မစွမ်းဆောင်နိုင်ဘူးဆိုတာကို ကျွန်တော်မသိခဲ့ဘူး" လို့ အော်ပြောလိုက်တယ်။

ထိုစကားများကိုကြားလိုက်ရသည့်အခိုက်တွင်တော့ လီချီရွှမ် က အံကြိတ်လိုက်သည်။ မစွမ်းဆောင်နိုင်သူဟု အခေါ်ခံရခြင်းကို မည်သူကမျှ လက်ခံမည်မဟုတ်ပါ။ သူက အတင်းပြုံးလိုက်ပြီး "ညီလေးဖုန်း၊ မင်းရဲ့စကားတွေကို သတိထားသင့်တယ်နော်။ ငါက အရမ်းစွမ်းဆောင်နိုင်သူပဲ၊ အိုကေလား။အခုက ငါပင်ပန်းနေလို့ပါ" ဟု ပြောလိုက်သည်။

"ဪ ၊ ဒါပေမယ့်လည်း မင်းကဆက်မလုပ်နိုင်တော့ဘူးလို့ ပြောခဲ့တယ်လေ " ဟု ဖုန်းယွင်က သံသယဖြင့် ပြောလိုက်သည်။

အခုအချိန်မှာတော့ ဒီလူက သူ့ကို လှောင်ပြောင်နေတယ်လို့ပဲ လီချီရွှမ်က ခံစားလိုက်ရတယ်။ သူကသာ ပင်ပန်းနေတယ်လို့ ပြောလိုက်ရင် သူ့ကိုယ်သူ မစွမ်းဆောင်နိုင်ဘူးလို့ ဝန်ခံလိုက်တာနဲ့ အတူတူပဲ။ ဒါပေမယ့် သူ စွမ်းဆောင်နိုင်တယ်လို့ ပြောလိုက်ရင်တော့ ချန်ကျိရိကို မစောင့်ကြည့်နိုင်တော့ဘဲ သူ့ရဲ့ မြန်ဆန်တဲ့ စုပ်ယူမှုနှုန်းရဲ့ နောက်ကွယ်က အကြောင်းရင်းကိုလည်း ရှာမတွေ့နိုင်တော့ပါဘူး။

ခဏတာ တွန့်ဆုတ်နေပြီးနောက်မှ သူက "ငါ မပင်ပန်းပါဘူး။ ငါ လုပ်နိုင်ပါတယ်" လို့ ပြောလိုက်တယ်။

ဖုန်းယွင်က ဒါကိုကြားတော့ ပြုံးလိုက်ပြီး သူ့ပခုံးကိုပုတ်ကာ "ဒါဆို ရန်သူတွေကို အာရုံစိုက်ထားနော်။ အစ်ကိုချန်အတွက် မပူပါနဲ့။ ခယ်မနဲ့ အစ်မကျောင်းတို့က သူ့ကိုစောင့်ရှောက်ပေးထားရင် သူအဆင်ပြေသွားလိမ့်မယ်" လို့ ပြောလိုက်တယ်။

သူဒီလိုပြောလိုက်ပြီးကတည်းက လီချီရွှမ်ဟာ ဇွန်ဘီတွေကိုသတ်ဖို့ပဲ အာရုံစိုက်နိုင်တော့တယ်။ တခြားကိစ္စအတွက်ကတော့ နောက်မှ သူစဉ်းစားနိုင်တော့မယ်။ အနာဂတ်မှာက အချိန်တွေ အများကြီးရှိသေးပြီး အလျင်စလိုလုပ်စရာမလိုပါဘူး။

တစ်ချိန်တည်းမှာပဲ မိုဂျွန်ဂျီကလည်း သူတို့ရဲ့ စကားပြောဆိုမှုကို ကြားသွားပြီး ကျိူးလီဇီကို လှမ်းကြည့်လိုက်တယ်။ ဇွန်ဘီတွေဆီကနေရလာတဲ့ အမြုတေတွေနဲ့ သူမပေးတဲ့ အမြုတေတွေရဲ့ကြားက ကွာခြားချက်ကို သူ သတိထားမိလိုက်တယ်။

ဇွန်ဘီတွေဆီကရတဲ့ အမြုတေတွေနဲ့မတူဘဲ သူမ ပေးတဲ့ အမြုတေတွေမှာတော့ မသန့်စင်မှုတွေ မပါဝင်တာကြောင့် စုပ်ယူမှုနှုန်းက ပိုမြင့်ပြီး ပိုမြန်တယ်။ သူမက အမြုတေတွေကို ဘယ်ကရလာလဲ ဒါမှမဟုတ် မသန့်စင်မှုတွေကို ဘယ်လိုဖယ်ရှားလိုက်လဲဆိုတာကို သူ မသိပေမယ့် ဒါက သူမရဲ့နေရာလွတ် ဒါမှမဟုတ် ရေနဲ့တော့ တစ်ခုခု သက်ဆိုင်နေမယ်ဆိုတာ သူသေချာတယ်။

သုတေသီတစ်ယောက်အနေနဲ့သူဟာ သူမရဲ့ အာကာသနှင့်ရေအမျိုးအစားစွမ်းရည်ကို သူ စပ်စုချင်ခဲ့တယ်။ ဒါပေမယ့်လည်း သင့်တော်တဲ့ ကိရိယာတန်ဆာပလာတွေနဲ့ စက်တွေမရှိတာကြောင့် စမ်းသပ်မှုတွေ ပြုလုပ်ချင်တယ်ဆိုရင်တောင် အခုချိန်မှာတော့ သူ လုပ်နိုင်မှာမဟုတ်ဘူး။ ဒါကြောင့်ပဲ ဓာတ်ခွဲခန်းထဲ ဝင်ချင်စိတ်ကို ထိန်းထားရတယ်။

အဖွဲ့ဝင်တွေရဲ့စိတ်ထဲမှာ အတွေးအမျိုးမျိုး ရောထွေးနေတဲ့ကြားထဲမှာပဲ ကျိူးလီဇီက ချန်ကျိရိကို ကာကွယ်စောင့်ရှောက်ပေးနေခဲ့တယ်။

ကျောင်းလီရှင်းက ကုသပေးသူဖြစ်ပေမယ့် သူမရဲ့ ကုသနိုင်စွမ်းက အဆင့်တစ်တောင် မရောက်သေးတဲ့အတွက် သူမဟာ ခင်ပွန်းဖြစ်သူရဲ့ ခန္ဓာကိုယ်ထဲကစွမ်းအင်တွေကို လမ်းညွှန်ပေးပြီး ဘေးကင်းစွာ ဖောက်ထွက်နိုင်အောင် ကူညီပေးဖို့က မဖြစ်နိုင်ပါဘူး။

ဒီအချိန်မှာပဲ ကျိူးလီဇီက ချန်ကျိရိရဲ့ လက်ကောက်ဝတ်ပေါ်ကို လက်ချောင်းတွေတင်ပြီး သူမရဲ့ စွမ်းအင်ကို သူ့ခန္ဓာကိုယ်ထဲကို ပို့လွှတ်နေခဲ့တယ်။ စွမ်းအင်ကို စုပ်ယူဖို့ပဲ သူကအာရုံစိုက်နေတာကြောင့် မသိရသေးတဲ့ အေးတဲ့စွမ်းအင်တစ်ခုက သူ့ခန္ဓာကိုယ်ထဲကို ဝင်ရောက်လာတာကို သတိမထားမိခဲ့ပါဘူး။

သူမရဲ့ စွမ်းအင်တွေက ခန္ဓာကိုယ်အတွင်းပိုင်းကို ထိုးဖောက်ဝင်ရောက်သွားပြီးနောက် ဇွန်ဘီဗိုင်းရပ်စ်နဲ့ ထိတွေ့မိတဲ့အခါမှာတော့ ကျိူးလီဇီ အံ့အားသင့်သွားခဲ့တယ်။ သူမက ဗိုင်းရပ်စ်ကို သူမရဲ့ စွမ်းအင်နဲ့ထုပ်ပိုးပြီး သူမရဲ့ အာကာသထဲကို သိမ်းဆည်းဖို့ ကြိုးစားခဲ့ပါတယ်။

ဒီနည်းလမ်းက ဖြစ်နိုင်ပါ့မလားဆိုတာကို သူမ မသိပေမယ့် စမ်းကြည့်တာတော့ မဆိုးပါဘူး။ ဒါကြောင့်ပဲ သူမ ဆုံးဖြတ်ချက်ချပြီးတဲ့နောက်မှာ "စုဆောင်း" လို့ တွေးလိုက်တယ်။

အခန်း-(၃၁၈)

နောက်တစ်ခဏမှာပဲ ဇွန်ဘီဗိုင်းရပ်စ်က သူမရဲ့စွမ်းအင်အနည်းငယ်နှင့်အတူ သူမရဲ့နေရာလွတ်ထဲသို့ ဝင်ရောက်လာခဲ့သည်။ စွမ်းအင်က ရုတ်တရက်ကြီးပျောက်ကွယ်သွားသောကြောင့် ချန်ကျိရိရဲ့ခန္ဓာကိုယ်ထဲရှိ စွမ်းအင်စီးဆင်းမှုကို အနှောင့်အယှက်ဖြစ်စေခဲ့တယ်။

စွမ်းအင်တွေက ထိန်းမနိုင်သိမ်းမရ ဖြစ်သွားပြီး သွေးတစ်လုတ်ကို ပါးစပ်အပြည့် သူကအန်ထုတ်လိုက်သည်။

"အဟွတ် အဟွတ် အဟွတ်"

အံ့အားသင့်သွားသော ကျောင်းလီရှင်းက သူမရဲ့စွမ်းအင်ကို လျင်မြန်စွာအသုံးပြု၍ သူမရဲ့ခင်ပွန်းကို ကုသပေးခဲ့သည်။ ဒဏ်ရာရနေစဉ်တွင်တောင် ချန်ကျိရိက အမြုတေများကို ဆက်လက်စုပ်ယူနေပြီး သူ့ကိုယ်အတွင်းရှိ ကြမ်းတမ်းသော စွမ်းအင်များကိုဖိနှိပ်ရန် စွမ်းအင်ကို အသုံးပြုခဲ့သည်။

ကျိူးလီဇီကလည်း အံ့အားသင့်ပြီး သူ့ရဲ့ခန္ဓာကိုယ်မှ ဇွန်ဘီဗိုင်းရပ်စ်များ စုဆောင်းခြင်းကို ရပ်တန့်လိုက်သည်။

ဒီနည်းလမ်းက ဇွန်ဘီဗိုင်းရပ်စ်ကို ဖယ်ရှားရာမှာ ပိုမြန်ပေမယ့် အရမ်းအန္တရာယ်များပါတယ်။ ဒါကြောင့် ချန်ကျိရိက အဆင့်ထိုးဖောက်ဖို့ အာရုံစိုက်နေချိန်မှာ သူမရဲ့စွမ်းအင်ကို သူ့ရဲ့ဒဏ်ရာတွေကိုကုသပေးဖို့နှင့် ဗိုင်းရပ်စ်ကို နှိမ်နင်းဖို့ပဲ အသုံးပြုနိုင်ခဲ့တယ်။

နှစ်နာရီအကြာတွင် ချန်ကျိရိရဲ့ ခန္ဓာကိုယ်မှ စွမ်းအင်လှိုင်းများပျံ့နှံ့လာပြီး အဆင့်တစ်သို့ သူရောက်ရှိသွားသည်။

တခြားသူတွေနဲ့မတူဘဲ သူ့ရဲ့အဆင့်တက်မှုက‌တော့ ချောမွေ့မနေပါဘူး။ စွမ်းအင်လှိုင်းတွေ ပျံ့နှံ့လာတာနဲ့ သူလည်းရုတ်တရက်လဲကျသွားပြီး သူ့အရေပြားပေါ်မှာ ရေခဲအလွှာတစ်ခုဖွဲ့စည်းလာကာ ဖြည်းဖြည်းချင်းဖြင့် သူ့ကိုဖုံးအုပ်လို့သွားပါတယ်။

ဒါကိုမြင်တော့ ကျိူးလီဇီက သူမရဲ့ချစ်သူ ရှိရာဘက်ကို လှည့်ပြီး "အစ်ကိုယန်း၊ ကျွန်မတို့ ရှင့်ရဲ့အကူအညီ လိုအပ်တယ်" လို့ အော်ပြောလိုက်တယ်။

ဒါကိုကြားတာနဲ့ ကျင်းရွှီယန်းက သူ့ရဲ့ဓားရှည်ကို ဓါးအိမ်ထဲထည့်လိုက်ပြီး သူတို့ဆီကို ခုန်တက်သွားတယ်။ သူရောက်လာတဲ့အခါမှာ ချန်ကျိရိရဲ့လက်မောင်းကိုဆွဲပြီး သူ့စွမ်းအင်ကို ခန္ဓာကိုယ်ထဲကို ပို့လွှတ်လိုက်သည်။ စက္ကန့်အနည်းငယ်အတွင်းမှာပဲ သူ့ခန္ဓာကိုယ်ကို ဖုံးအုပ်ထားတဲ့ ရေခဲတွေဟာ လုံးဝပျောက်ကွယ်သွားတဲ့အထိ ဖြည်းဖြည်းချင်း အရည်ပျော်သွားသည်။

သူ့ရဲ့စွမ်းအင်ကို ချန်ကျိရိရဲ့ခန္ဓာကိုယ်ထဲကို ပို့လွှတ်နေတုန်းမှာပဲ "သူ့ရဲ့စွမ်းအင်ကို အလွန်အကျွံသုံးမိသွားတယ်။ ရက်အနည်းငယ် အနားယူပြီးရင် သူအဆင်ပြေသွားလိမ့်မယ်" ဟု ပြောလိုက်တယ်။

ကျိူးလီဇီက ခေါင်းညိတ်ပြီး သူ့နားကို တိုးကပ်သွားကာ "အစ်ကိုယန်း ၊ မင်းက မီးအမျိုးအစား စွမ်းရည်အသုံးပြုသူဖြစ်ပြီး အစ်ကိုချန်ကတော့ ရေခဲအမျိုးအစား စွမ်းရည်အသုံးပြုသူပဲ။ မင်းရဲ့ စွမ်းအင်ကို ဒီလိုမျိူးသာ သူ့ဆီလွှဲပြောင်းပေးနေရင် သူ့ရဲ့အင်္ဂါအစိတ်အပိုင်းတွေကို ပျက်စီးစေမှာလား" ဟု မေးလိုက်သည်။

ကျင်းရွှီယန်းက ခေါင်းညိတ်ပြီး "သူက စွမ်းအားချင်း သဟဇာတမဖြစ်မှုကြောင့် ထိခိုက်ဒဏ်ရာရလိမ့်မယ်။ ဒါပေမယ့်လည်း ကိုယ့်အပြင် ဘယ်သူကမှ စွမ်းအင်ကို မြန်မြန်ဆန်ဆန် လွှဲပြောင်းပေးနိုင်မှာ မဟုတ်ဘူး" လို့ ပြန်ဖြေလိုက်တယ်။

သူမအရင်က မြင်တွေ့ခဲ့ရတဲ့ အစိမ်းရောင်အရည်ကို ပြန်သတိရသွားပြီး ကျိူးလီဇီ "အစ်ကို ယင်းယွီရှန်းကို စမ်းကြည့်ခိုင်းရင်ကောင်းမလား" လို့ မေးလိုက်တယ်။

သူ့ရဲ့အရင်ဘဝတုန်းကဆိုလည်း ကိုယ်ပိုင်စွမ်းအင်ကို အသုံးပြုပြီး တခြားသူတွေကို ကုသပေးနိုင်တဲ့ သစ်သားအမျိုးအစား စွမ်းရည်အသုံးပြုသူတစ်ယောက် ရှိခဲ့တာကြောင့် ကျင်းရွှီယန်းက ခေါင်းညိတ်ပြီး "ယွီရှန်း ၊ လာပြီး ချန်ကျိရိ ဆီ မင်းရဲ့စွမ်းအင်ကို လွှဲပြောင်းပေးလိုက်" လို့ ပြောလိုက်တယ်။

ဒါကိုကြားတော့ လူတိုင်းက အံ့အားသင့်သွားကြတယ်။ သူတို့ရဲ့စွမ်းအင်ကို တခြားသူတွေဆီ လွှဲပြောင်းပေးနိုင်တယ်ဆိုတာကို ဒါက ပထမဆုံးအကြိမ် ကြားဖူးတာပဲ။

သူက သံသယဝင်နေသော်လည်း ယင်းယွီရှန်းက လျှောက်သွားပြီး "ကပ္ပတိန်၊ ကျွန်တော်က ဘယ်လိုလုပ်ရမလဲ" ဟု မေးလိုက်သည်။

"မင်းက သူနဲ့ အရေပြားချင်းထိတွေ့လိုက်ပြီးမှ မင်းရဲ့စွမ်းအင်ကို မင်းလက်ထဲကို စုစည်းရမယ်။ ပြီးရင် စွမ်းအင်ကို သူ့ခန္ဓာကိုယ်ထဲ ပို့လိုက်ရုံပဲ။ အရင်စမ်းကြည့်ဖို့ မမေ့နဲ့ စွမ်းအင်အများကြီးလည်း မသုံးနဲ့၊ မဟုတ်ရင်တော့ မင်းသူ့ကို မတော်တဆ သတ်မိသွားနိုင်တယ်" ဟု ကျင်းရွှီယန်းက ပြောလိုက်သည်။

ဒါကိုကြားတော့ ယင်းယွီရှန်းက ခေါင်းညိတ်ပြီး သူ့ကပ္ပတိန်ညွှန်ကြားတဲ့အတိုင်း လုပ်လိုက်သည်။ ချန်ကျိရိရဲ့ခန္ဓာကိုယ်ထဲကို သူ့ရဲ့စွမ်းအင်တွေပို့လွှတ်နေတုန်းမှာပဲ နေကြာပန်းလေးက သူ့လက်ကောက်ဝတ်ကနေ ရုတ်တရက်ထွက်လာတယ်။

သူ့သခင်က တခြားလူတစ်ယောက်ဆီကို စွမ်းအင်လွှဲပြောင်းပေးနေတာကိုမြင်တော့ သူစိတ်မကောင်းဖြစ်မိသွားတယ်။ သူ ကြီးထွားလာဖို့ကလည်း စွမ်းအင်လိုအပ်တယ်လေ။ သူ့သခင်ရဲ့စွမ်းအင်ကို တခြားသူတွေအတွက် အလဟဿဖြုန်းတီးစေမယ့်အစား သူ့ဘာသာသူ စားသုံးလိုက်တာက ပိုကောင်းတယ်။

နေကြာပန်းလေးက ဒါကို စဉ်းစားလိုက်ပြီးတဲ့အခါမှာပဲ ယင်းယွီရှန်းရဲ့စွမ်းအင်ကို ရုတ်တရက် စုပ်ယူလိုက်သည်။ နေကြာပန်းက သူ့ရဲ့ စွမ်းအင်ကို ယူသွားတယ်လို့ ခံစားမိတော့ "မင်း ဘာလုပ်နေတာလဲ" လို့ မေးလိုက်တယ်။

သူ့စကားကို နားလည်နေသလိုပဲ နေကြာပန်းလေးက သူ့ရဲ့အရွက်တွေကိုသုံးပြီး သူ့ရဲ့သေးငယ် ရိုးတံလေးကို ထိလိုက်တယ်။ ငါးမိနစ်အကြာတွင်တော့ နေကြာပန်း‌လေးက အနည်းငယ်ကြီးထွားလာသည်။ ဗိုက်ပြည့်သွားတယ်လို့ ခံစားရတဲ့အခါမှာပဲ ပါးစပ်ဟပြီး ချန်ကျိရိကို တံတွေးနဲ့ထွေးလိုက်တယ်။

ယခင်တစ်ခါက အစိမ်းရောင်အရည်နှင့်မတူဘဲ ယခုတစ်ကြိမ်တွင်တော့ ၎င်းက စေးကပ်ကပ်နှင့် ကြည်လင်သော အရည်တစ်ခုကို ထွေးထုတ်လိုက်သည်။ ထိုအရည်က ချန်ကျိရိရဲ့ အရေပြားကို ထိလိုက်တာနှင့် ချွေးပေါက်များမှတစ်ဆင့် သူ့ခန္ဓာကိုယ်ထဲသို့ စိမ့်ဝင်သွားသည်။

နေကြာပန်းလေးက အလုပ်ကြိုးစားတဲ့ ပန်းလေးတစ်ပွင့်ပါ။ သူ့ရဲ့သခင်က ဒီလူကို ကူညီချင်နေတာကြောင့် သူ့ရဲ့မျက်နှာဆီကို ဆက်တိုက် ထွေးထုတ်နေခဲ့တယ်။

" ထွီး ထွီး ထွီး ထွီး ထွီး "

ဒါကိုကြည့်ရင်း လူတိုင်းက မှင်သက်သွားကြတယ်။ ရှောင်ချီဟာလည်း အံ့သြမှင်သက်သွားတာကြောင့် သတိပြန်ရလာဖို့ အတော်ကြာအောင် အချိန်ယူလိုက်ရပြီး "ဒီနေကြာပန်းလေးက အရမ်းရိုင်းတာပဲ။ အစ်ကိုချန်ကို တံတွေးထွေးနေတာ"ဟု လို့ ပြောလိုက်တယ်။

အားလုံး အံ့သြမှင်သက်နေချိန်မှာ ကျိူးလီဇီကတော့ ကျင်းရွှီယန်းနှင့် အကြည့်ချင်းဖလှယ်လိုက်တယ်။ တစ်ချိန်တည်းမှာပဲ မိုဂျွန်ဂျီကလည်း နေကြာပန်းလေးကို စိုက်ကြည့်ရင်း မျက်လုံးတွေ တောက်ပလာတယ်။

ဒီအချိန်မှာ သူလုပ်ချင်တာတစ်ခုကတော့ ယင်ယွီရှန်းရဲ့ လက်ကောက်ဝတ်ကိုဖြတ်ပြီး နေကြာပန်းလေးကို ဓာတ်ခွဲခန်းထဲ ယူသွားကာ စမ်းသပ်ကြည့်ချင်ရုံပါပဲ။ ဒီလောက်ရှားပါးတဲ့ ပန်းမျိုးစိတ်ကို သုတေသနလုပ်ပြီး အကျိုးကျေးဇူးတွေကို မရှာဖွေရင် အလဟဿဖြစ်သွားလိမ့်မယ်။

ရုတ်တရက် ၊ နေကြာပန်းလေးက တုန်ရီလာပြီး ခေါင်းလှည့်လိုက်တယ်။ မိုဂျွန်ဂျီရဲ့ ထူးဆန်းတဲ့အပြုံးကို တွေ့လိုက်တာနဲ့ အော်ဟစ်လိုက်ပြီး အစိမ်းရောင်စွမ်းအင်အဖြစ် ပြောင်းလဲသွားကာ သူ့သခင်ရဲ့ခန္ဓာကိုယ်ထဲမှာ ပုန်းအောင်းလိုက်တယ်။

"ဘယ်ရောက်သွားတာလဲ" ဟု မိုဂျွန်ဂျီက မေးလိုက်သည်။

ဘယ်သူမှ သူ့ကို ပြန်မဖြေနိုင်ခင်မှာပဲ ချန်ကျိရိက မျက်လုံးတွေကို ဖွင့်လာတယ်။ သူက ခဏတာမျှ ငေးမောနေပြီးကာမှ "ကျွန်တော် အသက်ရှင်နေသေးတာလား" လို့ မေးလိုက်တယ်။

ဒီလောက်မိုက်မဲတဲ့မေးခွန်းကို မေးနိုင်သေးတာကိုမြင်တော့ ကျင်းရွှီယန်းက "မင်းမသေသေးဘူး" လို့ ပြောလိုက်တယ်။

ထို့နောက်မှာတော့ သူက မတ်တပ်ထရပ်ပြီး "အားလုံးပဲ နေမဝင်ခင်မှာ ဇွန်ဘီတွေအားလုံးကို ဖယ်ရှားလိုက်ကြ" ဟု အမိန့်ပေးလိုက်သည်။

"ဟုတ်ကဲ့၊ ကပ္ပတိန်" ဟု အဖွဲ့ဝင်များက တညီတညွတ်တည်း ပြန်ဖြေကြသည်။

အနောက်ဘက် မိုးကုပ်စက်ဝိုင်းဆီက နေမင်းကြီး တဖြည်းဖြည်းချင်း နိမ့်ဆင်းသွားသောအခါမှာပဲ နောက်ဆုံးသော ဇွန်ဘီကို သူတို့သတ်ပစ်လိုက်သည်။ ကျင်းရွှီယန်းက ဇွန်ဘီများရဲ့ အလောင်းအားလုံးကို မီးရှို့လိုက်ပြီး တိုက်ပွဲကွင်းကို သန့်ရှင်းရေးလုပ်ကာ ရှောင်ချီနှင့် ဖုန်းယွင်တို့က‌တော့ အမြုတေများကို စုဆောင်းကြသည်။

သတ္တုနံရံနှင့်ပတ်သက်လျှင်တော့ ဝိန့်မိုက တံခါးတစ်ခုဖောက်လိုက်ကာ သတ္တုပလက်ဖောင်းကိုတော့ နံရံတစ်ခုအဖြစ် ပြောင်းလဲကာ ကျောင်းဧရိယာကို လုံးလုံးလျားလျား ကာရံထားလိုက်သည်။

"ကပ္ပတိန် ၊ ကျောင်းဧရိယာတစ်ခုလုံးက ရှင်းလင်းနေပါပြီ" ဟု ချင်လူဇီက သူ့စိတ်မြေပုံကို ကြည့်ပြီးနောက်တွင် ပြောလိုက်သည်။

"ငါတို့က ဒီမှာ တစ်ညနေပြီး မနက်ဖြန်မနက်မှာ ထွက်ခွာမယ်။ အနားယူပြီး အလှည့်ကျ ကင်းလှည့်ကြမှာပါ" ဟု ကျင်းရွှီယန်းက ညွှန်ကြားလိုက်သည်။

သူ့ရဲ့အမိန့်အရ အဖွဲ့ဝင်တွေက ကျိူးလီဇီကိုသွားရှာပြီး သူတို့ရဲ့ခန္ဓာကိုယ်က အနက်ရောင်သွေးတွေနှင့် ပုပ်နေတဲ့အသားတွေကို ဆေးကြောဖို့ ရေအနည်းငယ်တောင်းလိုက်သည်။ ပြီးတော့မှ အလိုအလျောက်အပူပေးရတဲ့ အစားအစာတွေကို ထုတ်ယူပြီး စားကြတယ်။

All Chapters