အခန်း (၃၁၉-၃၂၁)
Vol. 22 Ch. 319-321
အခန်း-(၃၁၉)
အားလုံးကစားသောက်နေချိန်မှာ ကျောင်းဝန်ထမ်းအဖွဲ့က သူတို့ကို ကော်ဖီဆိုင်ကနေ ကြည့်နေကြတယ်။ ကျောင်းကို စတုရန်းမီတာ ၅၀၀၀ ကျယ်ဝန်းတဲ့ နေရာမှာ ဆောက်လုပ်ထားပြီး ကော်ဖီဆိုင်က ကားရပ်နားရာနေရာနားမှာ ရှိတာကြောင့် နတ်ဆိုးအဖွဲ့က ဘာတွေလုပ်နေလဲဆိုတာကို သူတို့ မြင်နိုင်ပါတယ်။
ချင်လူဇီသည် သူတို့အနီးနားရှိ အဖြူရောင်အစက်များကို သတိပြုမိပြီး ခေါင်းလှည့်ကြည့်လိုက်တယ်။ သူတို့ကိုကြည့်နေတာ မြင်သည်နှင့် ဝန်ထမ်းများက လျင်မြန်စွာထိုင်ချလိုက်ကြသည်။
အဲဒီအဖွဲ့ရဲ့ အင်အားကို သူတို့မြင်ပြီးပြီမို့ သူတို့နောက်ကို လိုက်ဖို့ အစီအစဉ်မရှိပါဘူး။ လေထဲမှာ ပျံ့လွင့်လာတဲ့ အစားအစာတွေရဲ့ရနံ့ကို ရှူရှိုက်မိတဲ့အခါမှာတော့ အလိုလျောက် အပူပေးတဲ့ အစားအစာတွေကို မစိုက်ကြည့်ဘဲ မနေနိုင်ကြတော့ဘူး။
အားလုံးကအနားယူနေချိန်မှာ ကျင်းရွှီယန်းက အနီးနားရှိ အဆောက်အအုံတစ်ခုကို သွားစစ်ဆေးလိုက်သည်။ ဒီအဆောက်အအုံငယ်လေးက ကင်းစခန်းပါ။ အထဲမှာက အခန်းသုံးခန်းရှိပြီး တစ်ခန်းစီမှာ နှစ်ထပ်ကုတင်လေးလုံးစီ ရှိပါတယ်။ ကုတင်အရေအတွက်က မလုံလောက်ပေမယ့် အမျိုးသားတွေဖြစ်တာကြောင့် ကြမ်းပြင်ပေါ်မှာ အိပ်နိုင်ပါတယ်။
အခန်းတွေက သန့်ရှင်းနေတာကြောင့် သူက ကျန်းယွမ်ဆီ လျှောက်သွားပြီး "အားလုံးက စားသောက်လို့ပြီးသွားရင် ဒီအဆောက်အဦးမှာ အနားယူကြမယ်" လို့ ပြောလိုက်တယ်။
"နားလည်ပါပြီ" ကျန်းယွမ်က ခေါင်းညိတ်ပြီး အဖွဲ့ဝင်တွေကို အသိပေးဖို့ သွားလိုက်ပါတယ်။
ကျင်းရွှီယန်းက သူ့ချစ်သူဆီ လျှောက်သွားပြီး "အာဇီ ၊ ဒီညတော့ ကိုယ်တို့ ခုတင်ပေါ်မှာ အိပ်လို့ရတယ်" လို့ ပြောလိုက်တယ်။
ကျိူးလီဇီက ခေါင်းညိတ်ပြီး ပေါ့ပေါ့ပါးပါး ပြန်ဖြေသည် "ကောင်းပြီ"
ဒါကိုကြားတော့ ကျင်းရွှီယန်းက သူမကို အဓိပ္ပာယ်ပါပါ ကြည့်လိုက်ပေမယ့် အသေးစိတ်ကိုတော့ မပြောပါဘူး။ လနီက ကောင်းကင်မှာတော့ ထွက်ပေါ်လာတဲ့အခါမှာ လူတိုင်းက ကင်းစခန်းကို သွားကြသည်။ အမျိုးသမီးတိုင်းကို အိပ်ယာတစ်ခုစီပေးပြီး ကျန်တဲ့ အိပ်ယာတွေကိုတော့ အမျိုးသားတွေက မျှဝေသုံးစွဲကြပါတယ်။
ကျိူးလီဇီမှာက သူမရဲ့ နေထိုင်မှုအခြေအနေအတွက် အထူးလိုအပ်ချက်တွေ မရှိပါဘူး။ ဒီလို သန့်ရှင်းတဲ့အခန်းထဲမှာမပြောနဲ့ ဇွန်ဘီအလောင်းတွေနဲ့ ပြည့်နေတဲ့ စစ်မြေပြင်မှာတောင် သူမ အိပ်နိုင်ပါတယ်။
အဖွဲ့ဝင်တွေနဲ့ အခန်းအတူမျှဝေနေရပေမယ့် သူမက လုံးဝမသက်မသာဖြစ်မိပါဘူး။ ဘာပဲဖြစ်ဖြစ် သူမတို့ဟာ အတူတကွ ရှင်သန်ရပ်တည်ခဲ့ကြတဲ့ ရဲဘော်ရဲဘက်တွေပါ။
သူမ ကုတင်ပေါ်လှဲလိုက်ပြီး မကြာခင်မှာပဲ သူမရဲ့ချစ်သူက လျှောက်လာပြီး "အာဇီ ကိုယ်အတွက် နေရာဖယ်ပေးပါအုံး" လို့ ပြောလိုက်တာကို ကြားလိုက်ရသည်။
သူက ထိုင်ချင်တယ်လို့ သူမထင်လိုက်တာကြောင့် နေရာရွှေ့ပေးလိုက်တယ်။ မျှော်လင့်ထားမျိူးသလိုမဟုတ်ဘဲ ကျင်းရွှီယန်းဟာ ဂျာကင်အင်္ကျီကိုချွတ်ပြီးတဲ့နောက်မှာပဲ သူမရဲ့ဘေးမှာလှဲအိပ်ပြီး သူမကို သူ့ရင်ခွင်ထဲ ဆွဲသွင်းလိုက်သည်။
သူတို့နှင့်အတူ အခန်းထဲမှာနေထိုင်တဲ့ အဖွဲ့ဝင်တွေကတော့ ချက်ချင်းပဲ အခြားတစ်ဖက်ကိုလှည့်ပြီး မမြင်ချင်ယောင် ဆောင်လိုက်ကြသည်။
ကျိူးလီဇီက သူမရဲ့ချစ်သူ၏ ရင်ဘတ်ကိုရိုက်လိုက်ပြီး "အစ်ကိုယန်း၊ ဘာလုပ်နေတာလဲ" လို့ မေးလိုက်တယ်။
"ကိုယ် အိပ်နေတယ် " ဟု ကျင်းရွှီယန်းက မျက်လုံးမှိတ်ထားရင်း ပြန်ဖြေသည်။
သူ့ရဲ့ မောပန်းနွမ်းနယ်နေတဲ့ မျက်နှာကိုမြင်တော့ ကျိူးလီဇီက သူ့ကို ဒီအတိုင်းထားလိုက်ဖို့ပဲ ဆုံးဖြတ်လိုက်သည်။ ဘာပဲဖြစ်ဖြစ် အဖွဲ့ဝင်တွေရှေ့မှာ မျက်နှာပျက်တာက သူပဲလေ။ သူကတောင် ဂရုမစိုက်ဘူးဆိုမှတော့ ဘာလို့ သူမက ဂရုစိုက်ရမှာလဲ။
ဒီအတွေးနဲ့ပဲ သူ့ရင်ဘတ်ကိုမှီပြီး သူမအိပ်ပျော်သွားတယ်။
အားလုံးအနားယူနေချိန်မှာ ကုရှကျယ် နှင့် ရုန်မိုအာတို့ကတော့ ရုန်ချင်ယုနှင့်အတူ အခြေစိုက်စခန်းကို ရောက်ရှိလာခဲ့တယ်။ သူတို့က တိုက်ရိုက်ပြန်မလာဘဲ ဇွန်ဘီတွေကို ရှင်းလင်းသေးပြီး ရိက္ခာတွေရှာဖွေဖို့လည်း သွားခဲ့တာကြောင့် သူတို့ရဲ့ နေ့တစ်ဝက်ဆယ်နာရီနီးပါးဟာ နှောင့်နှေးသွားခဲ့ပါတယ်။
သူတို့ရောက်လာတဲ့အခါမှာတော့ စခန်းက ဂိတ်ကို ပိတ်ပြီးသားပါ။
နံရံထိပ်တွင်ရပ်နေတဲ့ စစ်သားများဟာ စခန်းဆီသို့ ကားတစ်စီးချဉ်းကပ်လာတာကို သတိပြုမိကြတယ်။ စစ်ဘက်မှန်ပြောင်းဖြင့် တစ်ယောက်ယောက်က ကားကိုစစ်ဆေးလိုက်တယ်။ မောင်းနှင်သူက ကုရှကျယ် ဖြစ်ကြောင်းမြင်သောအခါမှာတော့ စစ်သားဖြစ်သူက သူတို့ရဲ့ကြီးကြပ်ရေးမှူးထံ သွားအသိပေးခဲ့သည်။
အခြေစိုက်စခန်းကိုမြင်တော့ ဂိတ်ရဲ့အပြင်ဘက်မှ ရုန်ချင်ယုဟာ အံ့အားသင့်သွားသည်။ စခန်းက သေးငယ်ပုံရသော်လည်း ဂိတ်တံခါးက အတော်လေးခိုင်ခံ့တယ်။ ၎င်းက ငါးမီတာအမြင့်ရှိပြီး တံတိုင်းရဲ့ထိပ်တွင် လူများရပ်နေသောကြောင့် တံတိုင်းရဲ့အကျယ်မှာ အနည်းဆုံး နှစ်မီတာရှိပုံရသည်။
ရုန်မိုအာနှင့် ကုရှကျယ်တို့ပင် အခြေစိုက်စခန်းရဲ့ ပြောင်းလဲမှုများကို မြင်တွေ့ရတော့ အံ့အားသင့်သွားကြသည်။ သူတို့ ထွက်ခွာလာတာ နှစ်ရက်ပဲ ရှိသေးပေမယ့် ဂိတ်ကတော့ တစ်မျိုးတစ်ဖုံ ဖြစ်နေပါပြီ။ အခြေစိုက်စခန်း တည်ဆောက်ရန်အတွက် စွမ်းရည်အသုံးပြုသူများနှင့် သာမန်လူများကို ငှားရမ်းသည့် မူဝါဒက အလွန်ကောင်းမွန်စွာ အလုပ်ဖြစ်နေပုံရသည်။
"မိုအာ၊ ဂိတ်ပိတ်ထားတယ်။ ဒီည အနားယူဖို့ နေရာတစ်ခုလောက် ရှာသင့်လား" ဟု ရုန်ချင်ယုက မေးလိုက်သည်။
"မလိုပါဘူး။ သိပ်မကြာခင်မှာပဲ စခန်းထဲ ဝင်ရလိမ့်မယ်" ဟု ကုရှကျယ်က ပြန်ဖြေသည်။
မကြာခင်မှာပဲ ဂိတ်တံခါးပွင့်သွားပြီး ဝမ်ဟန်လီက အပြင်ထွက်လာကာ ကင်းသမားနှစ်ယောက်ကလည်း အနောက်ကလိုက်ပါလာကြသည်။
သူ့ကိုမြင်တော့ ကုရှကျယ်က ကားပြတင်းပေါက်မှန်ကို နှိမ့်ချပြီး "မင်္ဂလာညနေခင်းပါ၊ ရဲဘော်ဝမ်" လို့ နှုတ်ဆက်လိုက်တယ်။
ဝမ်ဟန်လီက သူ့ကို ခေါင်းညိတ်ပြပြီး "ရဲဘော်ကု ၊ စခန်းထဲဝင်ခွင့်မပေးခင် မင်းနဲ့ မင်းရဲ့အဖွဲ့ကို အရင်စစ်ဆေးရပါမယ်" လို့ ပြောလိုက်တယ်။
"ပြဿနာမရှိပါဘူး" ကုရှကျယ်က အလွယ်တကူပဲ သဘောတူလိုက်သည်။
ကင်းသမားတစ်ဦးက အမျိုးသမီးဖြစ်သောကြောင့် ရုန်မိုအာသည် နှစ်နာရီစောင့်ရန် မလိုအပ်ပါ။ စစ်ဆေးပြီးနောက်မှာတော့ ၎င်းတို့ကို အခြေစိုက်စခန်းထဲသို့ ဝင်ရောက်ခွင့်ပြုခဲ့သည်။
ထွက်ခွာမသွားခင်မှာ ကုရှကျယ်က ကားနောက်ခန်းကို ဖွင့်လိုက်ပြီး "ရဲဘော်ဝမ်၊ ကျွန်တော်တို့က ပစ္စည်းတွေ ယူလာခဲ့ပါတယ်။ခင်ဗျား သွားကြည့်လို့ရတယ်" လို့ ပြောလိုက်တယ်။
ထိုစကားကြောင့် ဝမ်ဟန်လီရဲ့ မျက်လုံးတွေက တောက်ပသွားသည်။ ယဉ်ကျေးဟန်မဆောင်တော့ဘဲ ကားနောက်ခန်းကို စစ်ဆေးဖို့ လျှောက်သွားလိုက်သည်။ အထဲကို ကြည့်လိုက်တော့ အိတ်တွေနှင့် သေတ္တာတွေ အများကြီးကို တွေ့လိုက်ရတယ်။ စပ်စုချင်စိတ်နဲ့ အိတ်တစ်လုံးကို ဖွင့်ကြည့်လိုက်တော့ အထဲမှာ အဖြူရောင် ကီနိုအာကို တွေ့လိုက်ရသည်။
အခြားကောက်နှံများနှင့် နှိုင်းယှဉ်ပါက ကီနိုအာက ပရိုတင်းဓာတ် အပြည့်အဝပါဝင်ပြီး သူ့ရဲ့အာဟာရဓာတ်နှင့် ကျန်းမာရေးတန်ဖိုးကြောင့် စူပါအစားအစာ ဟု ခေါ်ဆိုလေ့ရှိကြသည်"၎င်းတွင် အစေ့အဆန်အရသာ ခပ်ပျော့ပျော့လည်းရှိပြီး၊ စနစ်တကျ ချက်ပြုတ်လိုက်ပါက ပွပွအိအိနှင့် နူးညံ့သော အထိအတွေ့ကို ရရှိစေပါသည်။
သူတို့သာ ကီနိုအာ ဂိုဒေါင်အတော်များများကို စုဆောင်းနိုင်ခဲ့မယ်ဆိုရင် အချိန်အတော်ကြာတဲ့အထိ အစားအစာတွေ ကုန်သွားမှာကို စိတ်ပူစရာမလိုတော့ပါဘူး။
ဒီအတွေးနှင့် ဝမ်ဟန်လီက အိတ်တစ်လုံးကိုယူပြီး "ရဲဘော်ကု ၊ ဒီ ကီနိုအာကို ဘယ်မှာတွေ့ခဲ့တာလဲဆိုတာ ပြောပြပေးနိုင်မလား" လို့ မေးလိုက်တယ်။
ဒါကိုကြားတော့ ကုရှကျယ်က ပြုံးပြီး "ကောင်းပြီ၊ မင်းကိုပြောပြရမလား မပြောပြရဘူးလားဆိုတာကို ဆုံးဖြတ်နိုင်ဖို့ ကျွန်တော့်ရဲ့ကပ္ပတိန်ကို အရင်အကြောင်းကြားလိုက်အုံးမယ်" လို့ ပြန်ဖြေလိုက်တယ်။
သူမှာ ကောက်ပဲသီးနှံတွေ ရှာတွေ့ပြီဆိုတော့ သူ့အဖွဲ့ကို အရင်သတင်းပို့တာက ကျိုးကြောင်းဆီလျော်ပါတယ်။ မူဝါဒအသစ်အရဆို နတ်ဆိုးအဖွဲ့ဟာ ကောက်ပဲသီးနှံတွေကို ပြန်ယူလာနိုင်ရင်တောင်မှ S-grade အဖွဲ့အနေနဲ့ သူတို့ရှာတွေ့တဲ့ ပစ္စည်းတွေရဲ့ ၂၀% ကို အခြေစိုက်စခန်းကို ပေးဆောင်ရဦးမှာပါ။
ဒီအကြောင်းစဉ်းစားပြီး ဝမ်ဟန်လီက အတင်းအကျပ်မလုပ် တော့ဘဲ "ဒါဆို မင်းရဲ့သတင်းကို ငါတို့စောင့်နေမယ်" လို့ ပြောလိုက်တယ်။
ကုရှကျယ်က ခေါင်းညိတ်ပြီး "စည်းမျဉ်းတွေအရဆို အပြင်မှာရှာတွေ့တဲ့ ပစ္စည်းတွေရဲ့ ၂၀% ကို ပေးသွင်းရမယ်။ မင်းကြိုက်တာယူသွားလို့ရတယ်" လို့ ထပ်ပြောလိုက်တယ်။
"ကျွန်တော်တို့က ကောက်ပဲသီးနှံတွေကို ယူလို့ရမလား" ဟု ဝမ်ဟန်လီက မေးလိုက်သည်။
"ပြဿနာမရှိပါဘူး"
ရိက္ခာပစ္စည်းများရဲ့ ၂၀% ကိုယူပြီးတဲ့နောက်မှာတော့ ကုရှကျယ်က လက်ဆောင်အဖြစ် အစောင့်များအား သကြားလုံးနှစ်ထုပ်ပေးပြီးနောက်မှ ကားမောင်းထွက်သွားခဲ့သည်။
သူတို့ထွက်သွားပြီးနောက်တွင် အစောင့်များက ဂိတ်တံခါးကိုပြန်ပိတ်လိုက်ပြီး ဝမ်ဟန်လီကတော့ ရွှမ်းချီထံ သတင်းပို့ရန် သွားလိုက်သည်။
အခန်း - (၃၂၀)
နောက်တစ်နေ့နံနက်အစောပိုင်း မိုးသောက်ချိန်တွင် နတ်ဆိုး အဖွဲ့ဝင်တွေ နိုးထလာကြပြီး သူတို့ရဲ့ ပစ္စည်းကိရိယာများကို စစ်ဆေးပြီးသည်နှင့် နေမင်းက အရှေ့ဘက် မိုးကုပ်စက်ဝိုင်းတွင် ထွက်ရှိလာသောအခါမှာ မနက်စာစားခဲ့ကြသည်။
ကျိူးလီဇီက သူမရဲ့ချစ်သူကို သွားရှာပြီး "အစ်ကိုယန်း ၊ ကလေးတွေနဲ့ ဆရာတွေအတွက် ဘာလုပ်သင့်တယ် ထင်လဲ" လို့ မေးလိုက်တယ်။
ကျင်းရွီယန်းက ခဏလောက် စဉ်းစားပြီးမှ "သူတို့နဲ့ အရင်တွေ့ကြရအောင်" လို့ ပြောလိုက်တယ်။
"အိုကေ"
သူတို့နှစ်ယောက် နာရီစင်ဆီ ရောက်သွားတော့ ကလေးတွေက ခန်းမထဲမှာ အိပ်နေကြတုန်းပဲဆိုတာ တွေ့လိုက်ရတယ်။ ဆရာ၊ ဆရာမတွေကတော့ ခြေသံကြားတာနဲ့ နိုးလာကြတယ်။
ကမ္ဘာပျက်ပြီးနောက်ပိုင်းရဲ့ ညဘက်တွေမှာ သူတို့ဟာ ငြိမ်းချမ်းစွာ အိပ်မပျော်နိုင်ကြပါဘူး။ အိပ်မက်ဆိုးတွေ ဒါမှမဟုတ် ကြောက်ရွံ့မှုများကြောင့် ညသန်းခေါင်မှာ နိုးလာလေ့ရှိပါတယ်။ ဒါကြောင့်ပဲ သူတို့ရဲ့ပုံစံက ဖြူဖျော့နေရုံသာမကဘဲ မျက်လုံးအောက်မှာလည်း ကြီးမားတဲ့ အနက်ရောင်အဝိုင်းတွေ ရှိနေတတ်ပါတယ်။
ကျိူးလီဇီကို မြင်သောအခါတွင်မှ ဆရာ၊ ဆရာမများက စိတ်သက်သာရာရသွားကြသည်။ သူတို့ထဲမှ တစ်ယောက်က ထရပ်လာပြီး "ရဲဘော်၊ ကျွန်တော်တို့ဆီက တစ်ခုခု လိုအပ်ပါသလား" ဟု မေးလိုက်သည်။
"ဆရာ ၊ ဒါက ကျွန်မရဲ့ စေ့စပ်ထားသူပါ။ ကျွန်မတို့အသင်းရဲ့ အသင်းခေါင်းဆောင်လည်း ဟုတ်တယ်။ ရှင်တို့ရဲ့ အခြေအနေကို ကျွန်မ သူ့ကို ပြောပြပြီးပြီ။ ဒီနေ့တော့ ကျွန်မတို့က ရှင်တို့အားလုံးနဲ့ တစ်ခုခု ဆွေးနွေးဖို့ လာခဲ့ကြတာပါ" ဟု ကျိူးလီဇီက ရှင်းပြသည်။
သူမရဲ့စကားတွေကိုကြားတော့ ဆရာ၊ ဆရာမတွေရဲ့မျက်လုံးတွေက တောက်ပသွားပြီး ဆရာတစ်ယောက်က "ရဲဘော်၊ ကျွန်တော်တို့ကို အခြေစိုက်စခန်းဆီ လိုက်ပို့ပေးမှာလား" လို့ မေးလိုက်တယ်။
ကျင်းရွှီယန်းက ခေါင်းခါပြီး "ကျွန်တော့်တို့အဖွဲ့က ခင်ဗျားတို့နဲ့ ကလေးတွေကို လိုက်ပို့ပေးဖို့က မဖြစ်နိုင်ဘူး။ ခင်ဗျားတို့ကို ကူညီချင်ရင်တောင် လုပ်ရမယ့် ကိုယ်ပိုင်တာဝန်ရှိနေတယ်။ ဒါကြောင့်ပဲ အခြေစိုက်စခန်းကိုသွားနိုင်ဖို့က ခင်ဗျားတို့ကိုယ်တိုင်အပေါ်မှာပဲ မှီခိုရတော့မယ်။ ဒါပေမယ့် ကျွန်တော်တို့က ခင်ဗျားတို့ကို လက်နက်တွေပေးပြီး ကားတွေ ဒါမှမဟုတ် ဘတ်စ်ကားတွေ ရှာပေးနိုင်ပါတယ်" လို့ ပြန်ဖြေလိုက်တယ်။
ဒီစကားကိုကြားတော့ သူတို့ကစိတ်ပျက်သွားကြပေမယ့် အခြေအနေကို နားလည်သွားကြပါတယ်။ လက်နက်နှင့် ယာဉ်ရှိရင် ခရီးကပိုလွယ်သွားလိမ့်မယ်။
ဆရာ၊ ဆရာမများက အပြန်အလှန်ပဲအကြည့်ချင်းဖလှယ်လိုက်ကြပြီး သူတို့ထဲကတစ်ယောက်က "ရဲဘော်၊ ကူညီပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ကျွန်တော်တို့က ကိုယ့်ဘာသာသွားပါ့မယ်" ဟု ပြောသည်။
ကျင်းရွှီယန်းက ခေါင်းညိတ်ပြီး "ကလေးတွေကို နှိုးပြီး တစ်ခုခုကို အရင်စားသင့်တယ်။ ကျွန်တော်တို့အဖွဲ့က ယာဉ်တွေနဲ့ လက်နက်တွေကို ပြင်ဆင်ပေးပါ့မယ်။ ခင်ဗျားတို့နဲ့ ကလေးတွေ အဆင်သင့်ဖြစ်ရင် ကားပါကင်မှာ ကျွန်တော်တို့ကို လာရှာလိုက်" လို့ ပြောလိုက်တယ်။
"အိုကေ"
နာရီစင်မှ ထွက်ခွာလာပြီးနောက်တွင် ကျင်းရွှီယန်းက သူ့အဖွဲ့ဝင်များကို စုဝေးခိုင်းပြီး "နာရီစင်မှာ ကလေး ၅၀ နှင့် ဆရာ ၄ ယောက် ရှိတယ်။ သူတို့ကို အခြေစိုက်စခန်းဆီ ပို့ရမယ် ဒါကြောင့် ဘတ်စ်ကားနှစ်စီး ရှာဖို့ လိုတယ်" ဟု ပြောလိုက်သည်။
ဒါကိုကြားတော့ ကျန်းယွမ်က မေးတယ် "ကပ္ပတိန်၊ ဘယ်သူက သူတို့ကို လိုက်ပို့ပေးမှာလဲ"
"ငါတို့က သူတို့ကို လိုက်မပို့နိုင်ဘူး။ လက်နက်တွေပေးပြီး သူတို့ဘာသာ သွားခွင့်ပြုလိုက်မယ်" ဟု ကျင်းရွှီယန်းက ပြန်ဖြေသည်။
အဖွဲ့ဝင်တွေက အကြည့်ချင်းဖလှယ်လိုက်ကြပေမယ့် ဘယ်သူကမှ စကားတစ်လုံးမှ ထွက်မပြောကြဘူး။ ဘာပဲဖြစ်ဖြစ် ဒီတစ်ခါကတော့ သူတို့ရဲ့ မိသားစုဝင်တွေကိုရှာဖို့ မြို့တော်ကို သွားကြမှာ။
ကလေးတွေနှင့် ဆရာ၊ ဆရာမတွေက စခန်းကို ဘေးကင်းစွာရောက်ရှိနိုင်ခြေနည်းပေမယ့် သူတို့ကို လိုက်ပို့ပေးဖို့ အချိန်မဖြုန်းချင်ကြပါဘူး။ သူတို့ မိသားစုတွေ အန္တရာယ်ကြုံနေရချိန်မှာ သူတို့က သွားလာနေရင်းနဲ့ အချိန်တွေ ဖြုန်းတီးမိနေရင်ကော။
ဒီအတွေးနဲ့ပဲ အဖွဲ့ဝင်တွေက သူတို့ရဲ့ အသင်းခေါင်းဆောင်၏ဆုံးဖြတ်ချက်ကို သဘောတူခဲ့ကြတယ်။
"အဘ်ိုးကြီးချင်၊ ဖုန်းယွင် မင်းတို့နှစ်ယောက်က ဘတ်စ်ကားတွေကို သွားရှာကြ။ ဝိန့်မို၊ ဝိန့်ခိုင် မင်းတို့နှစ်ယောက်က ဓားလေးချောင်းနဲ့ ဓားမြှောင်လေးချောင်း လုပ်ကြ" ဟု ကျင်းရွှယန်းက ညွှန်ကြားချက်များပေးလိုက်သည်။
သူ ဒီလိုပြောပြီးတဲ့နောက်မှာပဲ လီချီရွှမ်က ရုတ်တရက်ကြီး သူ့လက်ကို မြှောက်လိုက်တာကိုမြင်တော့ စကားပြောဖို့ကို လက်ဟန်ပြလိုက်တယ်။
"ကပ္ပတိန် ၊ ကျွန်တော့်မှာက မိသားစု မရှိတော့ဘူးလေ။ ကလေးတွေကို အခြေစိုက်စခန်းကို ပြန်လိုက်ပို့ပေးရင်ကောင်းမလားလို့ပါ" ဟု သူက မေးသည်။
ဒါကိုကြားတော့ မိုဂျွန်ဂျီက မျက်ခုံးပင့်လိုက်တယ်။ သူသိသလောက်ဆို လီချီရွှမ်မှာက အဘိုး၊ အဖေ၊ မိထွေးနှင့် မောင်နှမတွေ အများကြီးရှိသင့်တယ်။ မိသားစုမရှိတော့ဘူးလို့ ပြောနေတာက သူတို့ကို ကျိန်ဆဲနေတာလား။
သူဘာတွေးနေမှန်း မသိကြတဲ့ အဖွဲ့ဝင်တွေကတော့ လီချီရွှမ်ကို စာနာတဲ့အကြည့်နဲ့ ကြည့်ကြတယ်။ ကျင်းရွှီယန်းက ခဏလောက် စဉ်းစားပြီးမှ "ကောင်းပြီ။ မင်း သူတို့နဲ့အတူ အခြေစိုက်စခန်းကို ပြန်သွားရမယ်" လို့ ပြောလိုက်တယ်။
အခြေစိုက်စခန်းမှာ သူရှိနေတာကြောင့် ဒုတိယအကြိမ် မိုးမရွာခင်မှာ သူတို့အဖွဲ့ ပြန်မလာနိုင်ရင်တောင် သူ့ရဲ့စွမ်းအားက အခြေစိုက်စခန်းထဲကလူတွေရဲ့ ရှင်သန်နိုင်ခြေကို တိုးစေနိုင်သည်။
ခဏတာတွေ့ဆုံပြီးနောက်မှာတော့ ချင်လူဇီနှင့် ဖုန်းယွင်တို့က ဘတ်စ်ကားများကိုရှာဖွေရန် ထွက်သွားကြသည်။ ကျောင်းက မြို့လယ်ခေါင်တွင်တည်ရှိသောကြောင့် ဘတ်စ်ကားရှာရန်လွယ်ကူသည်။ သူတို့က ဘတ်စ်ကားနှစ်စီးကိုတွေ့ရှိပြီး ဓာတ်ဆီဆိုင်ငယ်လေးတစ်ခုတွင် ဓာတ်ဆီဝင်ဖြည့်ခဲ့ကြသည်။ ထို့နောက်မှာတော့ ဘတ်စ်ကားများကို ဖုန်းယွင်က သူ့နေရာလွတ်တွင် သိမ်းဆည်းထားလိုက်သည်။
သူတို့ရောက်နှင့်နေပြီဖြစ်သောကြောင့် ဓာတ်ဆီဆိုင်ကိုလည်း စစ်ဆေးလိုက်ကြသည်။ ဂိုဒေါင်တွင် သိမ်းဆည်းထားသော ဆီတိုင်ကီများကို ထုတ်ယူပြီး ဓာတ်ဆီများ ဖြည့်ခဲ့ကြသည်။ စုစုပေါင်း တိုင်ကီ ၂၀၀ ရှိပြီး တစ်တိုင်ကီလျှင် ဆီ ၂၀၈ လီတာခန့် ဆံ့သည်။
ဂိုဒေါင်နှင့် မီနီမားကတ်ထဲမှာ ပစ္စည်းတွေ စုဆောင်းပြီးတဲ့နောက်တော့မှ သူတို့နှစ်ယောက်က ကျောင်းကို ပြန်လာခဲ့ကြသည်။ သူတို့ ပြန်ရောက်တဲ့အခါတွင် ကလေးတွေနှင့် ဆရာ၊ ဆရာမတွေက သူတို့ကို စောင့်ကြိုနေကြပါပြီ။
ချင်လူဇီက သူ့စိတ်မြေပုံကို စစ်ဆေးကြည့်လိုက်တော့ သူ့မြေပုံရှိ အစိမ်းရောင်အစက်များသည် အမှန်တကယ်တွင်တော့ ဆရာများမဟုတ်ကြဘဲ ကလေးများသာဖြစ်ကြောင်း တွေ့ရှိလိုက်ရသောအခါတွင် အံ့အားသင့်သွားသည်။ ကလေး ၅၀ တွင် စွမ်းရည်များ နိုးကြားနေပြီဖြစ်သော ကလေး ၆ ဦးရှိ နေသည်။
သူက ကလေးတွေကို လက်ညှိုးထိုးပြပြီး "ကပ္ပတိန်၊ အဲဒီကလေးတွေက စွမ်းရည်အသုံးပြုသူတွေပါ" လို့ သတင်းပို့လိုက်တယ်။
ကျင်းရွှီယန်းနှင့် အဖွဲ့ဝင်တွေဟာ သူ့ရဲ့စကားကြောင့် အံ့အားသင့်သွားကြသည်။ သူညွှန်ပြတဲ့ ကလေးတွေက အသက် ခုနစ်နှစ် ရှစ်နှစ်ပဲ ရှိပါသေးတယ်။ သူ့ရဲ့စိတ်မြေပုံသာ မရှိရင်၊ ဒီလိုရှက်တတ်တဲ့စရိုက်နှင့် ကလေးတွေမှာ စွမ်းရည်တွေရှိတယ်ဆိုတာကို ဘယ်သူကမှ မသိလိုက်နိုင်ဘူး။
ကလေးတွေရဲ့ အလားအလာက အကန့်အသတ်မရှိပါဘူး။ ကံမကောင်းစွာနဲ့ပဲ သူတို့က ငယ်ရွယ်နေသေးပြီး သူတို့ရဲ့ စွမ်းရည်တွေကို ဘယ်လိုအသုံးပြုရမလဲဆိုတာကို နားမလည်ကြဘူး။ ဒါကြောင့်ပဲ စွမ်းရည်တွေနိုးထလာပြီးတဲ့ ကလေးအများစုဟာ ကမ္ဘာပျက်ကပ်အစမှာတင် အချိန်မတန်ခင် သေဆုံးသွားကြပါတယ်။
သူ့အစီအစဉ်တွေကို စဉ်းစားရင်း ကျင်းရွှီယန်းက လီချီရွှမ်ဘက်လှည့်ကာ ပြောလိုက်တယ် "သူတို့က စွမ်းရည်အသုံးပြုသူတွေဖြစ်တဲ့အတွက် အခြေစိုက်စခန်းကိုရောက်တာနဲ့ ရွှီချွန်းကိုအသိပေးပြီး သူတို့ကို ကောင်းကောင်းဂရုစိုက်ပေးဖို့ ပြောလိုက်"
ဒါကိုကြားတော့ ကျန်းယွမ်က မေးလိုက်တယ် "ကပ္ပတိန် ၊ ကလေးတွေကို စုဆောင်းဖို့ စီစဉ်ထားတာလား"
ကျင်းရွှီယန်းက သူ့ကို အတည်ပြုချက်မပေးဘဲ "အဲဒါက သူတို့ရဲ့ အပြုအမူပေါ်မှာ မူတည်လိမ့်မယ်။ သူတို့က စွမ်းရည်အသုံးပြုသူတွေ ဖြစ်နေရင်တောင် ငါတို့အဖွဲ့က ရှက်တတ်တဲ့ စရိုက်နဲ့ အားနည်းတဲ့ စိတ်စွမ်းအားရှိသူတွေကို လက်မခံဘူး" လို့ ပြောလိုက်တယ်။
နတ်ဆိုးအဖွဲ့က ကလေးတွေရဲ့ အနာဂတ်အကြောင်း ဆွေးနွေးနေတုန်းမှာ ဆရာ၊ ဆရာမတွေက သူတို့ရဲ့ စကားတွေကို ကြားသွားပြီး စွမ်းရည်တွေ နိုးထလာပြီးတဲ့ ကလေးတွေကို မှတ်သားထားလိုက်ကြသည်။ ဒီငရဲကနေ လွတ်မြောက်နိုင်ဖို့ကို တစ်ယောက်ယောက်က ကျောထောက်နောက်ခံပေးလိမ့်မယ်လို့ ဆရာ၊ ဆရာမတွေက စိတ်ရင်းမှန်နဲ့ မျှော်လင့်ခဲ့ကြသည်။
အခန်း-(၃၂၁)
မနက်ကိုးနာရီမှာ လီချီရွှမ်၊ ကလေးတွေနှင့် ဆရာ၊ ဆရာမတွေက ဘတ်စ်ကားပေါ်တက်သွားကြသည်။ သူတို့ထွက်ခွာမသွားခင်မှာ လမ်းခရီး၌ အစားအသောက်ရှာမတွေ့နိုင်တဲ့ အခြေနေမျိူးအတွက်ရည်ရွှယ်ပြီး ကျိူးလီဇီက အစာခြောက်နှင့်ရေတချို့ပေးခဲ့သည်။
"စခန်းကိုရောက်ရင် ချက်ချင်းသတင်းပို့ပါ" ဟု ကျင်းရွှီယန်းက မြေပုံတစ်ချပ်ကို လီချီရွှမ်ထံ ပေးရင်း ပြောလိုက်သည်။
လီချီရွှမ်က မြေပုံကိုယူလိုက်ပြီး အပြုံးဖြင့် "နားလည်ပါပြီ" ဟု ပြန်ဖြေသည်။
ကျင်းရွှီယန်းက သူ့အဖွဲ့ဝင်တွေဘက်ကို လှည့်ကြည့်ပြီး "အားလုံးပဲ ၊ အခု စထွက်ကြမယ်" လို့ ပြောလိုက်တယ်။
သူ့ဆီကအမိန့်ကိုကြားတာနဲ့ လူတိုင်းက သံချပ်ကာယာဉ်တွေအပေါ်တက်ပြီး ကျောင်းထဲကနေ မောင်းထွက်သွားကြသည်။
ကော်ဖီဆိုင်ထဲမှ ဝန်ထမ်းတွေက သူတို့ထွက်သွားတာကို ကြည့်နေကြပြီး သူတို့ထဲတစ်ယောက်က "အခုက သူတို့ထွက်သွားပြီဆိုတော့ ကျွန်တော်တို့ ဘာလုပ်သင့်လဲ" လို့ မေးလိုက်တယ်။
"ငါတို့က ဒီမှာနေမှာ။ သူတို့က သတ္တုတံတိုင်းကို ဆောက်ထားပေးပြီး တံခါးကို ပြင်ထားပြီးပြီဆိုတော့ ငါတို့အတွက် အလုပ်လုပ်ပေးဖို့ လူတွေကို ထပ်စုဆောင်းလို့ရတယ်။ သူတို့သာ ဒီဘေးကင်းတဲ့နေရာမှာ နေချင်ရင် ပစ္စည်းတွေနဲ့ ပေးချေရမှာပဲ" ဟု အခြားဝန်ထမ်းတစ်ဦးက ပြန်ဖြေသည်။
ကျောင်းမှထွက်ခွာလာပြီးနောက်တွင် လီချီရွှမ်က လင်အန်းမြို့သို့ ဦးတည်သွားခဲ့ပြီး နတ်ဆိုးအဖွဲ့ကတော့ မြို့လယ်သို့ သွားခဲ့သည်။ သူတို့က အစားအစာ၊ ရေ ၊ လက်နက်များကဲ့သို့သော ရိက္ခာနှင့် ပစ္စည်းများကို မယူဆောင်သွားကြဘဲ အခြေစိုက်စခန်းတည်ဆောက်ရာတွင် အသုံးပြုနိုင်သည့် မီးစက်များ၊ စက်ပစ္စည်းများ၊ ကိရိယာတန်ဆာပလာများနှင့် အခြားအရေးကြီးသောအရာများကို ယူဆောင်သွားခဲ့ကြပါတယ်။
ဓာတ်ဆီဆိုင်ကြီးတစ်ဆိုင်ကို သူတို့ရှာတွေ့တဲ့အခါတွင်တော့ မြေအောက်သိုလှောင်ကန်များကို ကျိူးလီဇီက သူမရဲ့နေရာလွတ်ထဲသို့ ယူဆောင်သွားခဲ့သည်။ အခြေစိုက်စခန်းတည်ဆောက်ပြီးလို့ စက်ပစ္စည်းတွေအများကြီးအသုံးပြုလာတဲ့အခါကြရင် နေ့စဉ်လောင်စာဆီသုံးစွဲမှုတွေက အရမ်းကိုများလာမှာပါ။
သူမက ချွေးတောင်မထွက်ဘဲ မြေအောက်သိုလှောင်ကန်တွေအများကြီးကို ယူသွားတာ မြင်လိုက်ရတဲ့အချိန်မှာတော့ သူတို့ရဲ့ ခယ်မ၏ စိတ်စွမ်းအားက ဘယ်လောက်တောင်မှအားကောင်းလဲဆိုတာကို နောက်ဆုံးတော့ နတ်ဆိုးအဖွဲ့သားတွေ သဘောပေါက်သွားကြသည်။ သူမနဲ့သာ ယှဉ်လိုက်ရင် ဖုန်းယွင်ဆိုတာက ဘာမှမဟုတ်တော့ပါဘူး။
သူတို့ဟာ လမ်းတစ်လျှောက်မှာ လှည့်လည်သွားလာနေတဲ့ ဇွန်ဘီတွေအပြင် အဆောက်အအုံတွေထဲမှာ ပိတ်မိနေတဲ့ဇွန်ဘီတွေကိုလည်း ရှင်းလင်းခဲ့ကြသည်။ သူတို့က ဇွန်ဘီတွေကို ရှင်းလင်းလိုက်ပြီးတဲ့အခါမှာတော့ ပုန်းအောင်းနေတဲ့ အသက်ရှင်ကျန်ရစ်သူတွေဟာ နောက်ဆုံးတော့ ရိက္ခာတွေကို ရှာဖွေဖို့ ရဲရဲဝံ့ဝံ့ ထွက်လာခဲ့ကြပါသည်။
ရိက္ခာပစ္စည်းတွေ ရပြီးတဲ့နောက်မှာတော့ အဝေးဆီက သတ္တုတံတိုင်းကို နေရောင်ထိုးမှုကြောင့် ထင်ဟပ်နေတဲ့ အလင်းကိုမြင်ပြီး သတိထားမိလိုက်ကြသည်။ မြင့်မားတဲ့ တံတိုင်းကြီးကိုမြင်တော့ လုံခြုံတဲ့နေရာတစ်ခုကို ရှာဖို့ရန်အတွက် အားလုံးက အဲဒီကို လျှောက်သွားကြသည်။
နတ်ဆိုးအဖွဲ့ရဲ့ ဝင်ရောက်စွက်ဖက်မှုနဲ့အတူ ကောင်တီမြို့ငယ်လေးဟာ အခြေစိုက်စခန်းငယ်လေးတစ်ခု ဖြစ်လာဖို့ ရွေ့လျားနေခဲ့ပါသည်။
တစ်ချိန်တည်းမှာပဲ လင်အန်းမြို့အခြေစိုက်စခန်းတွင် ရွှီချွန်းနဲ့ သူ့အဖွဲ့တို့ အစည်းအဝေးတစ်ခုလုပ်နေကြသည်။ သူတို့ထဲက တစ်ယောက်က ထရပ်ပြီး "ဗိုလ်ကြီး၊ ဗိုလ်မှူးကြီးတွေနဲ့ အဖွဲ့တွေက ဗိုလ်ကြီးနဲ့တွေ့ဖို့ တောင်းဆိုနေကြတယ်" လို့ သတင်းပို့တယ်။
ဒါကိုကြားတော့ ရွှီချွန်းက မျက်ခုံးပင့်ပြီး မေးလိုက်တယ် "သူတို့က သူတို့ကို ပေးအပ်ထားတဲ့ တာဝန်တွေ လိုက်နာနေကြလား"
စစ်သားက ခေါင်းညိတ်ပြီး "သူတို့ထဲက တချို့က နာခံမှုရှိရှိနဲ့ ပေးအပ်ထားတဲ့ တာဝန်တွေကို ထမ်းဆောင်ခဲ့ကြပေမယ့် အများစုကတော့ ပေါ့လျော့ဖို့ကြိုးစားပြီး အစောင့်တွေကို လာဘ်ထိုးခဲ့ကြတယ်" လို့ ပြန်ဖြေပါတယ်။
ရွှီချွန်းက ရယ်လိုက်ပြီး "သူတို့အားလုံးကို ငါ့ဆီခေါ်လာခဲ့" လို့ ပြောလိုက်တယ်။
အမိန့်ကိုလက်ခံရရှိပြီးနောက်မှာပဲ စစ်သားအတော်များများသည် ဗိုလ်မှူးကြီးများနှင့် သူတို့ရဲ့ လက်အောက်ငယ်သားများကို ခေါ်ဆောင်ရန်အတွက် အစည်းအဝေးခန်းမှ ထွက်ခွာလိုက်ကြသည်။ မိနစ်နှစ်ဆယ်အကြာတွင် စစ်သားများက ကားပေါ်မှဆင်းလိုက်ပြီး တံတိုင်းတည်ဆောက်နေသည့် မြို့အပြင်ဘက်ကို လမ်းလျှောက်ကာသွားကြသည်။
စစ်သားများကိုမြင်သောအခါတွင် အစောင့်များထဲက တစ်ယောက်ကလျှောက်လာပြီး အလေးပြုကာ "ဆရာ၊ ဒီနေ့က ဒီကိုရောက်လာတာက ဘာကိစ္စများလဲ" ဟု မေးလိုက်သည်။
" ဗိုလ်မှူးကြီးတွေနဲ့ သူတို့ရဲ့လူတွေကို စစ်ဆေးမေးမြန်းဖို့အတွက် သွားခေါ်ဖို့ကို ဗိုလ်ကြီးက ကျွန်တော်တို့ကို အမိန့်ပေးထားတယ်"
သူဒီလိုပြောလိုက်အပြီးမှာပဲ အစောင့်တွေက အကြည့်ချင်းဖလှယ်လိုက်ကြပြီး လူတွေကိုခေါ်ဖို့ သွားကြသည်။ သူတို့ပြန်ရောက်လာတဲ့အခါမှာတော့ ဗိုလ်မှူးကြီးတစ်ယောက်က "ရွှီချွန်းက ငါ့တို့ဆီက ဘာလိုချင်လို့လဲ" လို့ မေးလိုက်တယ်။
"ဗိုလ်မှူးကြီးက ဗိုလ်ကြီးနဲ့တွေ့ရင် သိပါလိမ့်မယ်" ဟု စစ်သားက ပြန်ဖြေပြီး သူ့အဖွဲ့ဝင်များကို လူများအား ခေါ် ဆောင်သွားရန် လက်ဟန်ပြလိုက်သည်။
သူတို့ထွက်ခွာခင်မှာ စစ်သားက အစောင့်တွေဘက်လှည့်ပြီးပြောလိုက်တယ် "သတိပေးချက်ပါ။ လက်ကို သန့်ရှင်းအောင်ထားပါ။ ဗိုလ်ကြီးက သစ္စာမရှိတဲ့သူတွေနဲ့ အဂတိလိုက်စားတဲ့သူတွေကို မထားပါဘူး"
သူဒီလိုပြောလိုက်ပြီးတာနဲ့ အစောင့်တွေရဲ့မျက်နှာက ချက်ချင်းပဲ ဖြူဖျော့သွားကြသည်။ သူတို့ထဲကအများစုဟာ နံရံတည်ဆောက်မှုကိုကြီးကြပ်ဖို့အတွက် စခန်းကနေ စုဆောင်းခံထားရတာဖြစ်ပြီး လေ့ကျင့်ထားတဲ့ စစ်သားတွေ မဟုတ်ကြပါဘူး။ သူတို့က စွမ်းရည်အသုံးပြုသူတွေဖြစ်ပေမယ့် သေနတ်တွေကိုတော့ ယှဉ်ပြိုင်နိုင်စွမ်း မရှိကြသေးပါဘူး။
ထို့ကြောင့်ပဲ သူတို့သည် စစ်သားများကင်းလှည့်နေချိန်တွင် အခြားသူများကို ဖိနှိပ်ရန်အတွက် မိမိတို့ရဲ့ လုပ်ပိုင်ခွင့်နှင့် အာဏာကို ပွင့်ပွင့်လင်းလင်း အသုံးမပြုဝံ့ကြပေ။ သို့သော်လည်း မိမိတို့အတွက် အကျိုးအမြတ်အနည်းငယ် ရယူခြင်းက ပြသနာမရှိဟု ယူဆပြီး လာဘ်ပေးလာဘ်ယူမှူများကို လက်ခံခဲ့ကြသည်။
အခုလို စစ်သားရဲ့သတိပေးချက်ကြောင့်ပဲ အရာအားလုံးက ဗိုလ်ကြီးရဲ့ စောင့်ကြည့်မှုနဲ့ ထိန်းချုပ်မှုအောက်မှာ ရှိနေတယ်ဆိုတာကို နောက်ဆုံးတော့ သူတို့သဘောပေါက်သွားကြပါတယ်။ သူတို့ရဲ့ အဂတိလိုက်စားမှုတွေကို ဆက်လက်လုပ်ဆောင်နေမယ်ဆိုရင် ရာထူးကနေ ဖယ်ရှားခံရတာက အသေးအဖွဲကိစ္စဖြစ်နိုင်သလို အဆိုးဆုံးအခြေအနေကတော့ သတ်ပစ်ခံရနိုင်ပါတယ်။
စစ်သားများသည် နောက်ထပ် မိနစ်နှစ်ဆယ်ကြာအတွင် ဗိုလ်မှူးကြီးများနှင့် ၎င်းတို့ရဲ့လက်အောက်ခံများနှင့်အတူ အစည်းအဝေးခန်းသို့ ပြန်ရောက်လာကြသည်။ အခန်းထဲသို့ ဝင်သွားသောအခါတွင် ဗိုလ်မှူးကြီးများက ရွှီချွန်းကို စိုက်ကြည့်နေကြသော်လည်း မည်သူကမျှ သူ့ကို ပွင့်ပွင့်လင်းလင်း မဆူပူရဲကြပေ။ ဘာပဲဖြစ်ဖြစ် ၊ ထိုသူဟာ မျက်တောင်တစ်ချက်မှ မခတ်ဘဲနှင့်တောင် လူနှစ်ယောက်ကို မည်သို့သတ်ခဲ့တာကို သူတို့ မှတ်မိနေကြဆဲဖြစ်သည်။
"ဗိုလ်ကြီး၊ ကျွန်တော်တို့က လူတွေကို ခေါ်လာပါပြီ" ဟု စစ်သားက အစီရင်ခံသည်။
ရွှီချွန်းက ခေါင်းညိတ်ပြီး စစ်သားတွေကို ဘေးမှာရပ်ဖို့ လက်ဟန်ပြလိုက်တယ်။ ပြီးတော့မှ သူက ဗိုလ်မှူးကြီးတွေနှင့် သူတို့ရဲ့လူတွေကို ခဏလောက်ကြည့်နေလိုက်ပြီး "အားလုံးပဲ ၊ ဒီစခန်းမှာ ဘာတွေဖြစ်နေလဲဆိုတာကို ခင်ဗျားတို့အားလုံး သဘောပေါက်ပြီးသားလို့ ကျွန်တော်ထင်တယ်" လို့ ပြောလိုက်တယ်။
သူ့ရည်ရွယ်ချက်ကို သူတို့မသိပေမယ့် သူတို့အတွက် ကောင်းတဲ့အရာတစ်ခုမဟုတ်ဘူးဆိုတာတော့ ဗိုလ်မှူးကြီးတွေက သေချာတယ်။ ဒါနဲ့ပဲ ဗိုလ်မှူးကြီးတစ်ယောက်ကမေးလိုက်တယ် "ရွှီချွန်း ၊ မင်း ဘာလိုချင်လို့လဲ"
ရွှီချွန်းက လက်ချောင်းတွေကို စားပွဲပေါ်ခေါက်နေပြီး "လူတွေက ကျွန်တော်နောက်ကွယ်မှာ လှည့်ဖြားဖို့ ကြိုးစားနေတာတွေကို ကျွန်တော်မုန်းတယ်။ အခုဆို ဒီအခြေစိုက်စခန်းက ကျွန်တော့်ရဲ့ထိန်းချုပ်မှုအောက်မှာရှိနေပြီဆိုတော့ ကျွန်တော့်ရဲ့အခွင့်အာဏာကို ဆန့်ကျင်ပြီး စည်းမျဉ်းတွေကို ချိုးဖောက်နိုင်မယ့် ဘယ်သူ့ကိုမှ ကျွန်တော်က အခွင့်ပေးတော့ဘူး။ ဒါကြောင့်ပဲ ကျွန်တော်က ခင်ဗျားတို့ကို ရွေးချယ်စရာ နှစ်ခုပေးမယ်" လို့ ပြောလိုက်တယ်။
"ဘာရွေးချယ်စရာတွေလဲ"
ရွှီချွန်းက လက်ညှိုးတစ်ချောင်းထောင်ပြီး "ပထမတစ်ခုက ခင်ဗျားတို့ ကျွန်တော့်စခန်းမှာ ဆက်နေနိုင်တယ်။ ဒါပေမယ့် ခင်ဗျားတို့ရဲ့ စစ်ဘက်ရာထူး ဒါမှမဟုတ် ဘွဲ့တွေကို စွန့်လွှတ်ရမယ်။ ခင်ဗျားတို့ကိုလည်း သာမန်အသက်ရှင်ကျန်ရစ်သူတွေလိုပဲ ဆက်ဆံလိမ့်မယ်" လို့ ပြောလိုက်တယ်။
နောက်ထပ်လက်ညှိုးတစ်ချောင်းကိုထောင်ပြီး သူကဆက်ပြောတယ် "ဒုတိယအချက်အနေနဲ့ကတော့ ဒီစခန်းကနေ ထွက်သွားလို့ရပေမယ့် ရိက္ခာပစ္စည်းတွေ၊ လက်နက်တွေတော့ မပေးဘူး။ အသက်ရှင်နိုင်မလား မရှင်နိုင်ဘူးလားဆိုတာက ခင်ဗျားတို့ကိုယ်တိုင်အပေါ်မှာပဲ မူတည်တယ်"
သူ့စကားတွေကြောင့် သူတို့ အံ့အားသင့်သွားကြသည်။ သူတို့ရဲ့ စစ်ရေးအာဏာကို စွန့်လွှတ်ရန် သို့မဟုတ် အကာအကွယ်မရှိဘဲ အခြေစိုက်စခန်းမှ ထွက်ခွာရန်ကို ဘယ်သောအခါမှ သူတို့ မစဉ်းစားခဲ့ကြပေ။ ထို့ကြောင့်ပဲ ရွေးချယ်စရာများကို ကြားသောအခါတွင် နှစ်ခုစလုံးကို မရွေးချယ်လိုကြပေ။