အခန်း (၃၂၂-၃၂၄)
Vol. 22 Ch. 322-324
အခန်း -(၃၂၂)
ဒါပေမယ့် ဗိုလ်မှူးကြီးတွေဟာ ရွှီချွန်းရဲ့ အေးစက်စက်အကြည့်ကို မြင်တဲ့အခါမှာတော့ အကောင်းဆုံးရွေးချယ်မှုက ထွက်သွားဖို့ပဲဆိုတာ သူတို့ သဘောပေါက်သွားကြတယ်။ သူ့လို ရက်စက်ပြီး ဆုံးဖြတ်ချက်ပြတ်သားတဲ့ သူတစ်ယောက်ကသာ အခြေစိုက်စခန်းပိုင်ရှင်ဖြစ်နေရင် ဆက်နေဖို့ အတင်းအကျပ်ပြောပြီး သူ့ရဲ့အာဏာကို စိန်ခေါ်တာက အသက်ဆုံးရှုံးသွားနိုင်တယ်။
ဒီအချိန်မှာ သူတို့အားလုံးက အကြည့်ချင်းဖလှယ်လိုက်ကြပေမယ့် ဒီကိစ္စကို တစ်ယောက်နှင့်တစ်ယောက်က မဆွေးနွေးကြပါဘူး။ တစ်ယောက်အပေါ်တစ်ယောက် နားလည်မှုအပေါ် အခြေခံပြီးသိရလောက်ဆို သူတို့တစ်ယောက်ချင်းစီဟာ အန္တရာယ်နဲ့ ရင်ဆိုင်ရတဲ့အခါဆို ကိုယ့်အသက်ကို ကယ်တင်ဖို့ တခြားသူတွေကို ဒိုင်းအဖြစ် အသုံးပြုဖို့ တွန့်ဆုတ်မှာ မဟုတ်ဘူး။ ဒါကြောင့်ပဲ အတူတူသွားတာက ကောင်းတဲ့ ရွေးချယ်မှု မဟုတ်ဘူး။
ခဏအကြာတွင် ရွှီချွန်းက မျက်ခုံးပင့်ပြီး "ခင်ဗျားတို့အားလုံး ဆုံးဖြတ်ချက်ချပြီးပြီလား" လို့ မေးလိုက်တယ်။
သူ့အသံထဲက စိတ်မရှည်မှုကို သတိပြုမိတော့ ဗိုလ်မှူးကြီးတစ်ယောက်က "ငါနဲ့ ငါ့လူတွေ စခန်းကနေ ထွက်သွားပါမယ်" လို့ ပြောလိုက်တယ်။
သူ့စကားကို ရွှီချွန်းက ခေါင်းညိတ်ပြပြီး "ကောင်းပြီ။ ဟန်လီ ၊ မင်းက သူတို့ကို ကိုယ်တိုင်သွားပို့ပေးရမယ်။ ငါတို့စခန်းကနေ ဘာကိုမှမယူသွားတာ သေချာပါစေ" လို့ ပြောလိုက်တယ်။
သူ့နောက်မှာရပ်နေတဲ့ ဝမ်ဟန်လီက "နားလည်ပါပြီ" လို့ ပြန်ဖြေလိုက်တယ်။
သူတို့ထဲက တစ်ယောက်က ဆုံးဖြတ်ချက်ချလိုက်တာနဲ့ ကျန်တဲ့သူတွေကလည်း သူတို့ရဲ့ ဆုံးဖြတ်ချက်ကို တစ်ယောက်ပြီးတစ်ယောက် ပြန်ဖြေပေးလာတယ် "ငါလည်း စခန်းကနေ ထွက်သွားမယ်"
ဗိုလ်မှူးကြီးတွေက ဆုံးဖြတ်ချက်တွေချနေချိန်မှာ သူတို့ရဲ့ လက်အောက်ငယ်သားတချို့ကတော့ ထွက်သွားဖို့ကို မလိုလားကြပါဘူး။ သူတို့ဟာ နေ့တိုင်းမှာ အလုပ်တွေကို ပင်ပင်ပန်းပန်း လုပ်ရပေမယ့် တစ်နေ့ကို သုံးကြိမ် နွေးနွေးထွေးထွေး အစားအစာတွေ စားသုံးနိုင်ပြီး လုံခြုံတဲ့ နေရာတစ်ခုမှာ နေထိုင်နိုင်ခဲ့ကြသည်။
သူတို့သာထွက်သွားပြီးရင် အခုလိုမျိူး သက်တောင့်သက်သာရှိတဲ့ဘဝကို ထပ်ပိုင်ဆိုင်ရလိမ့်ဆိုတာက သိပ်မသေချာတော့ပါဘူး။ ဒါ့အပြင် ဗိုလ်မှူးကြီးတွေနဲ့သာအတူဆိုရင် လစာက မရဘဲ သူတို့ကို ကာကွယ်ပေးရပြီး ရိက္ခာတွေပါ ရှာဖွေပေးရဦးမှာပါ။
အားသာချက်၊ အားနည်းချက်များကို စဉ်းစားပြီးနောက်တွင်တော့ လက်အောက်ငယ်သားတစ်ဦးက ရုတ်တရက် ပြောလိုက်သည်"ဗိုလ်ကြီးရွှီ၊ ကျွန်တော် မထွက်သွားချင်ဘူး။ အခြေစိုက်စခန်းမှာနေပြီး အလုပ်လုပ်ဖို့ ရွေးချယ်ပါတယ်"
တစ်ယောက်ယောက်က သူ့အမြင်ကို စတင်ထုတ်ဖော်ပြောဆိုလိုက်တဲ့အခါမှာတော့ ကျန်တဲ့ လက်အောက်ငယ်သားတွေကလည်း သူတို့ရဲ့အမြင်တွေကို ထုတ်ဖော်ပြောဆိုလာကြပါတယ်။ ထွက်သွားဖို့ ရွေးချယ်ခဲ့တဲ့ ဗိုလ်မှူးကြီးတွေနဲ့ မတူဘဲ သူတို့လက်အောက်က စစ်သားအားလုံးကတော့ ဆက်နေဖို့ ရွေးချယ်ခဲ့ကြပါတယ်။
ဒါကိုမြင်တော့ ရွှီချွန်းရဲ့နှုတ်ခမ်းထောင့်တွေက မြင့်တက်သွားသည်။ ဒီရလဒ်ကို သူခန့်မှန်းထားပြီးသားပဲ။ သူတို့ကို အခြေစိုက်စခန်းက ကောင်းကောင်းမွန်မွန်ဆက်ဆံခဲ့ပုံအရဆို အဲဒီအဖိုးကြီးတွေနဲ့ လိုက်သွားဖို့က မဖြစ်နိုင်ပါဘူး။
အသုံးမဝင်တဲ့ နိုင်ငံရေးသမားတွေကို မောင်းထုတ်ချင်ပေမယ့် စစ်သားတွေကိုတော့ ဆက်ထားချင်နေတုန်းပဲ။ ဘာပဲဖြစ်ဖြစ် သူတို့က အမိန့်တွေကိုသာ လိုက်နာနေကြတာဖြစ်ပြီး အခုအချိန်ထိ ဘာအမှားတစ်ခုမှမှ မလုပ်ခဲ့ကြပါဘူး။
နောက်ထပ် တစ်လခန့် လေ့ကျင့်ပေးပြီးနောက်မှ သူတို့ကို အစောင့်များအဖြစ် စုဆောင်းရန် သူစီစဉ်ထားပါသည်။ လေ့ကျင့်ထားသော စစ်သားများကို တံတိုင်းများတည်ဆောက်ရာတွင် ကူလီများအဖြစ် အသုံးပြုခြင်းက အလဟဿဖြစ်နေပါလိမ့်မည်။
ရွှီချွန်းက ဒီရလဒ်ကို ကျေနပ်နေချိန်မှာ ဗိုလ်မှူးကြီးတွေက ဒေါသထွက်နေကြသည်။ သူတို့က သူတို့ရဲ့ လက်အောက်ငယ်သားတွေကို စိုက်ကြည့်ပြီး ဒေါသတကြီး အော်ဟစ်ကြတယ် "မျက်လုံးဖြူ ဝံပုလွေတွေ။ ငါကတော့ မင်းတို့ကို ကောင်းကောင်းမွန်မွန်ဆက်ဆံခဲ့တယ်။ မင်းတို့ကတော့ ငါ့ကို ဒီလိုမျိူးပဲ ပြန်ပေးဆပ်မှာလား"
စစ်သားတွေက သူတို့လုပ်ခဲ့တာ မှားတယ်လို့ မခံစားရတဲ့အတွက် သူတို့ရဲ့အကြည့်တွေကို မရှောင်ခဲ့ကြဘူး။ အရင်ကဆို သူတို့ရဲ့ ကိုယ်ကျင့်တရားနဲ့ ဆန့်ကျင်နေတဲ့အချိန်မှာတောင် အမိန့်တွေကို လိုက်နာခဲ့ကြတယ်။ အခုက ရွေးချယ်ခွင့်ရှိနေပြီဆိုတော့ ဘာလို့ ဒီအကျင့်ပျက်တဲ့လူတွေနောက်ကို လိုက်ရမှာလဲ။
သူတို့က ဆက်ပြီး အော်ဟစ်နေကြချိန်မှာပဲ ရွှီချွန်းက ခေါင်းကိုက်လာတာကြောင့် "တော်ပြီ" လို့ ပြောလိုက်တယ်။
"ဟန်လီ၊ ဒီအဖိုးကြီးတွေကို ခေါ်ထုတ်သွားပြီး အခြေစိုက်စခန်းရဲ့ ပတ်ပတ်လည်ကနေ ထွက်သွားပြီဆိုတာ သေချာအောင်လုပ်ခဲ့ပါ" ဟု သူက အေးစက်စက်ပြောလိုက်သည်။
"နားလည်ပါပြီ" ဝမ်ဟန်လီက ခေါင်းညိတ်ပြပြီးမှ အစောင့်များကို ကြည့်လိုက်သည်။
အချက်ပြမှုကို လက်ခံရရှိတဲ့ အစောင့်များဟာ ချက်ချင်းပဲ ဗိုလ်မှူးကြီးများကို ဆွဲထုတ်ခဲ့ကြသည်။ သူတို့ထွက်သွားပြီးနောက်တော့မှ အစည်းအဝေးခန်းက ပြန်လည်ငြိမ်သက်သွားခဲ့သည်။
ရွှီချွန်းက သူ့နဖူးကိုပွတ်သပ်ရင်း ပြောလိုက်တယ် " မင်းတို့အားလုံးက အခြေစိုက်စခန်းမှာနေပြီး အလုပ်လုပ်ဖို့ ဆုံးဖြတ်လိုက်ကြပြီဆိုတော့ မတရားဆက်ဆံခံရမှာ မဟုတ်ဘူး"
"ပြဿနာမရှိဘဲ မင်းတို့ရဲ့တာဝန်တွေကို ပြီးမြောက်အောင်လုပ်ဆောင်နိုင်သရွေ့တော့ တစ်လကြာတာနဲ့ လိုအပ်ချက်တွေနဲ့ ကိုက်ညီတဲ့သူအားလုံးကို အစောင့်တွေအဖြစ် ရာထူးတိုးမြှင့်ပေးလိမ့်မယ်။ မင်းတို့ရဲ့လစာနဲ့ အကျိုးခံစားခွင့်တွေကလည်း အခြေစိုက်စခန်းက ငှားရမ်းထားတဲ့ ကျန်တဲ့အစောင့်တွေနဲ့ အတူတူပဲဖြစ်လိမ့်မယ်"
ဤစကားကိုကြားသည်နှင့် စစ်သားတို့ရဲ့မျက်လုံးများသည် ဝမ်းမြောက်မှုဖြင့် တောက်ပသွားကြတယ်။ အခြေစိုက်စခန်းတွင်နေထိုင်ခြင်းဆိုတဲ့ မှန်ကန်သောဆုံးဖြတ်ချက်ချခဲ့ကြောင်း သူတို့သိလိုက်ကြသည်။ သူတို့က ရွှီချွန်းကို အလေးပြုပြီး "ဗိုလ်ကြီး၊ ကျွန်ုပ်တို့ရဲ့သစ္စာစောင့်သိမှုကို သက်သေပြဖို့နဲ့ အခြေစိုက်စခန်းကို ကာကွယ်ဖို့ အကောင်းဆုံးကြိုးစားပါမည်" ဟု တစ်ပြိုင်နက်တည်း ဂတိပေးကြသည်။
ရွှီချွန်းက ခေါင်းညိတ်ပြပြီး "မင်းတို့ရဲ့အလုပ်တွေကို ပြန်လုပ်နိုင်ပြီ" လို့ ပြောလိုက်တယ်။
"နားလည်ပါပြီ"
စစ်သားများဟာ မြို့ပြင်ဆီသို့ပြန်သွားပြီး တံတိုင်းတည်ဆောက်မှုကို ဆက်လက်လုပ်ဆောင်ခဲ့ကြသည်။ သို့သော် ဗိုလ်ကြီးရဲ့ကတိစကားဖြင့် သူတို့ရဲ့အနာဂတ်ဟာ မှောင်မိုက်နေသည်ဟု သူတို့ မခံစားရတော့ပါ။ ယခုအခါတွင်တော့ ရည်မှန်းချက်တစ်ခုကို စိတ်ထဲမှာထား၍ ပုံမှန်ထက် ပိုမိုကြိုးစားကာလုပ်ဆောင်ပြီး တံတိုင်းတည်ဆောက်မှုရဲ့ အမြန်နှုန်းကို မြှင့်တင်ခဲ့ကြသည်။
အစည်းအဝေးခန်းမှ ထွက်ခွာလာပြီးနောက်တွင် ဝမ်ဟန်လီနှင့် စစ်သားများဟာ ဗိုလ်မှူးကြီးများကို ကားများဆီသို့ လိုက်ပို့ခဲ့ကြသည်။
စခန်းကနေ သူတို့ကားမောင်းထွက်လာတဲ့အခါတွင်မှ ဗိုလ်မှူးကြီးတစ်ယောက်က "ဝမ်ဟန်လီ၊ မင်းက ရွှီချွန်းရဲ့အနောက်ကို အကြာကြီး လိုက်လာခဲ့ပေမယ့် သူကတော့ မင်းကို သူ့ရဲ့ နာခံမှုရှိတဲ့ ခွေးတစ်ကောင်လို ဆက်ဆံနေတုန်းပဲ။ မင်းက တစ်သက်လုံး သူ့ကို အလုပ်အကျွေးပြုဖို့ ဆန္ဒရှိလား" လို့ မေးလိုက်တယ်။
ဝမ်ဟန်လီက ထိုအဖိုးကြီးကို တစ်ချက်မျှပင်မကြည့်ဘဲ လမ်းကိုသာ ဆက်ကြည့်နေခဲ့သည်။ ဒီနှစ်ပေါင်းများစွာအတွင်းတွင် သူရဲ့ကပ္ပတိန်က သူ့ကို မည်သို့ဆက်ဆံခဲ့သည်ကို သူ ကောင်းစွာ သိတယ်။
လူတိုင်းက စွမ်းရည်အသုံးပြုသူတွေကို စုဆောင်းပြီး သူတို့ယုံကြည်ရတဲ့ လက်ထောက်တွေကို အစားထိုးနေချိန်မှာ သူ့ရဲ့ ကပ္ပတိန်ကသာ အဖွဲ့ဝင်တွေကို ဘယ်တုန်းကမှ မဖယ်ရှားဘဲ အရေးကြီးတဲ့ကိစ္စတွေကို သူတို့ဆီပဲ ယုံကြည်စွာ အပ်နှံထားခဲ့သည်။
သူတို့က အခြေစိုက်စခန်းပြင်ပမှာ မစ်ရှင်တွေ မလုပ်ခဲ့ကြပေမယ့် အခြေစိုက်စခန်းကို စီမံခန့်ခွဲနေတဲ့ သူတို့ရဲ့ အရေးပါမှုက မစ်ရှင်တွေ ထွက်သွားတဲ့ စစ်သားတွေထက် အများကြီး သာလွန်ပါတယ်။
အဲဒီအဖွဲ့တွေက ဘယ်လောက်ပဲ အင်အားကြီးနေပါစေ သူတို့က သူ့ဆီမှာ အစီရင်ခံရဦးမှာပဲ။ သူ့ရဲ့ လက်ရှိရာထူးနဲ့ဆိုရင် အခြေစိုက်စခန်း ခေါင်းဆောင်ကလွဲရင် သူ့ထက်မြင့်တဲ့ ရာထူး မရှိတော့ဘူး။
ရွှီချွန်း စစ်တပ်ထဲဝင်ပြီးကတည်းက နောက်လိုက်တစ်ယောက်ဖြစ်ခဲ့တဲ့ ဝမ်ဟန်လီရဲ့သစ္စာစောင့်သိမှုဟာ စကားအနည်းငယ်ထဲနဲ့ လွှမ်းမိုးခံရနိုင်တာမျိူး မဟုတ်ပါဘူး။ သူ့ရဲ့ ကပ္ပတိန်အပေါ် မကျေမနပ်ဖြစ်မယ့်အစား ဗိုလ်မှူးကြီးကိုသာ မထီမဲ့မြင်ပြုတဲ့အကြည့်နဲ့ ကြည့်ခဲ့ပါတယ်။
ဤဉာဏ်ရည်အဆင့်ဖြင့်ဆိုရင် အစွမ်းထက်သော ကျောထောက်နောက်ခံသာမရှိလျှင် ဤအဖိုးကြီးသည် နောက်ထပ်နှစ်တစ်ရာ အသက်ရှင်လျှင်ပင် ဗိုလ်ချုပ်ရာထူးသို့ ရောက်ရှိရန် မဖြစ်နိုင်ပေ။
နာရီဝက်လောက် မောင်းနှင်လာပြီးတဲ့နောက်မှာတော့ စစ်သားတွေက ကားတွေကို လမ်းဘေးမှာ ထိုးရပ်လိုက်ပြီး ကားတွေပေါ်ကနေ တစ်ယောက်ပြီးတစ်ယောက် ဆင်းလိုက်ကြသည်။ ပြီးတာနဲ့ အနောက်ခန်းတံခါးတွေကိုဖွင့်ပြီး ဘာမှ မပြောဘဲ ဗိုလ်မှူးကြီးတွေကို ဆွဲထုတ်လိုက်ကြသည်။
အခန်း-(၃၂၃)
ဗိုလ်မှူးကြီးများကို ကားများထဲမှဆွဲထုတ်ပြီးနောက်မှ စစ်သားများက ကားများထဲသို့ ပြန်ဝင်သွားကြသည်။ ထွက်ခွာခြင်းမပြုမီတွင် ဝမ်ဟန်လီက ဗိုလ်မှူးကြီးများဘက်သို့လှည့်၍ အဓိပ္ပာယ်ရှိသော အပြုံးဖြင့် "လူကြီးမင်းများ ခင်ဗျာ၊ မြို့တော်သို့ ချောမွေ့စွာ သွားလာနိုင်ပါစေ။ ကံကောင်းပါစေ" ဟု ပြောကြားခဲ့သည်။
သူတို့ ဘာမှမပြောနိုင်ခင်မှာပဲ ဝမ်ဟန်လီနှင့် စစ်သားတွေက အခြေစိုက်စခန်းကို ကားမောင်းကာပြန်သွားကြသည်။ ဒီနေရာက အခြေစိုက်စခန်းတဝိုက်က ဘေးကင်းတဲ့နေရာပါ။ ဒီကနေ မီတာ ၅၀၀ အချင်းဝက်ထက်ကျော်လွန်သွားရင်တော့ ဇွန်ဘီတွေနဲ့ မတွေ့ရဘူးလို့ အာမ မခံနိုင်တော့ဘူး။
သူတို့ကြုံတွေ့ရမဲယ့် အန္တရာယ်ရှိသောအခြေအနေများကို သဘောပေါက်သွားတဲ့အခါမှာတော့ အားလုံးရဲ့မျက်နှာတွေကဖြူဖျော့သွားကြသည်။ ပတ်ပတ်လည်ကိုကြည့်လိုက်တော့ လမ်းဘေးမှာ ဆိုင်တွေအတော်များများကို တွေ့လိုက်ရသည်။ ဆိုင်တွေကသေးငယ်ပေမယ့် အထဲမှာတော့ လက်နက်တချို့ရှိသင့်သည်။
သူတို့အများစုဟာ အဆင့်မြှင့်ရာထူးတာဝန်တွေယူပြီးကတည်းက စစ်မြေပြင်ကို မရောက်ကြတော့ပေမယ့် အခြေခံရှင်သန်ရပ်တည်ရေးစွမ်းရည်တွေကိုတော့ သိကြပါ သေးတယ်။ ဒါကြောင့်ပဲ ခဏလောက်တော့ အတူတူခရီးသွားဖို့ကို ဆုံးဖြတ်လိုက်ကြသည်။
ထိုအဖိုးကြီးတွေအဖွဲ့ဆီမှ ထွက်ခွာလာပြီးနောက်မှာတော့ ဝမ်ဟန်လီက အခြေစိုက်စခန်းသို့ပြန်လာကာ ရွှီချွန်းထံ သတင်းပို့သည်။
တစ်ချိန်တည်းမှာပဲ အသက်ရှင်ကျန်ရစ်သူအုပ်စုများစွာဟာ အခြေစိုက်စခန်းသို့ရောက်ရှိလာပြီး မှတ်ပုံတင်ရန် တန်းစီနေကြသည်။
လူရာပေါင်းများစွာထဲမှ ဘေ့စ်ဘောဦးထုပ်ဆောင်းထားသော လင်ဖေးသည် သူ့နဖူးမှချွေးများကိုသုတ်ပြီး လက်ဖြင့်ယပ်ခတ်ကာ "ကျင်ဇီချင်၊ ဒီအခြေစိုက်စခန်းက ကောလာဟလတွေလိုပဲ ကောင်းတယ်လို့ မင်းထင်လား" ဟု မေးလိုက်သည်။
"ကျွန်တော် မသိဘူး။ ဒါပေမယ့် ခရီးသွားနေမယ့်အစား ဘေးကင်းတဲ့နေရာတစ်ခုရှာတာက ပိုကောင်းတယ်။ အနာဂတ်မှာက ဘာတွေဖြစ်လာမလဲဆိုတာကို ကျွန်တော်တို့ မသိနိုင်ဘူး။ အိမ်လို့ခေါ်နိုင်တဲ့ နေရာတစ်ခုရှိတာက အမြဲတမ်းကောင်းတယ်" ဟု ကျင်ဇီချင်က သူ့အစ်မထံကို ရေဗူးတစ်ဗူးကမ်းပေးရင်း ပြန်ဖြေသည်။
ကျင်ဟွမ်းဟွမ်းက ရေကို အရင်သောက်လိုက်ပြီးမှ "ကျွန်မတို့ အရင်ကတွေ့ခဲ့တဲ့ စစ်သားတွေဆီကသတင်းကြားခဲ့တာ။ သူတို့ကတော့ ကျွန်မတို့ကိုလိမ်မယ်လို့ မထင်ဘူး။ ဘာပဲဖြစ်ဖြစ် စခန်းထဲဝင်ဖို့က ဝင်ကြေးပေးဆောင်ရဦးမှာပဲ။ စည်းမျဉ်းတွေသာရှိရင် ဒီစခန်းက အခြားအသက်ရှင်ကျန်ရစ်သူစခန်းတွေနဲ့ယှဉ်ရင် ပိုပြီးစနစ်တကျဖြစ်သင့်တယ်" လို့ ဆက်ပြောလိုက်တယ်။
သူတို့ပြောနေတဲ့စကားတွေကို သူတို့ပတ်ဝန်းကျင်ကလူတွေလည်း ကြားလိုက်ကြတယ်။ တချို့က ဇွန်ဘီတွေကို ရှင်းလင်းဖို့ ဒါမှမဟုတ် ရိက္ခာရှာဖို့ထွက်လာတဲ့ စစ်သားတွေနှင့် တွေ့ဆုံပြီးနောက်မှာ ဒီကိုရောက်လာကြတာဖြစ်သည်။ တချို့ကတော့ လူအများကြီးက ဒီဘက်ကိုဦးတည်လာတာမြင်ပြီး လိုက်လာကြသည်။
အများစုက သူတို့ရဲ့ရိက္ခာတွေကို အသုံးပြုပြီးသွားပြီဖြစ်ပြီး ရှင်သန်ရပ်တည်ရေးလမ်းကြောင်းကို ရှာတွေ့ဖို့ မျှော်လင့်ပြီး ဒီနေရာကိုလာ၀ကြတာပါ။ ဒါကြောင့် အခြေစိုက်စခန်းထဲဝင်ဖို့ ပေးချေမှုလုပ်ရမယ်ဆိုတာ ကြားတဲ့အခါမှာတော့ထိတ်လန့်တုန်လှုပ်ကုန်ပြီး စိုးရိမ်ပူပန်မှုတွေ ဖြစ်လာကြပါတယ်။
ဒီလ်ိုဆိုရင်တောင် နာရီပေါင်းများစွာ တန်းစီပြီးနောက်မှာတော့ ထွက်သွားဖို့ကို သူတို့ မလိုလားကြတော့ပါဘူး။
နေရောင်အောက်မှာကြာကြာရပ်နေပြီး လူတိုင်းက အပူရှပ်တော့မယ့်အချိန်မှာပဲ စစ်သားအုပ်စုအတော်များများက စခန်းထဲကနေထွက်လာကြပြီး အုပ်စုတစ်စုစီမှာ ရေတိုင်ကီတစ်လုံးစီ သယ်ဆောင်လာကြပါတယ်။
လူတိုင်းရဲ့အကြည့်အောက်မှာ ကုရှကျယ်ကပြောလိုက်တယ် "ရဲဘော်၊ ရေတိုင်ကီတွေကို တဲနားမှာပဲထားလိုက်ပါ။ ရာသီဥတုက အရမ်းပူတယ်လေ။ နေလောင်ခံလိုက်ရလို့ ငါ့ရည်းစားက ငါ့ကို ပစ်သွားမှာမျိုး မလိုချင်ဘူး"
သူ့စကားတွေကိုကြားတော့ စစ်သားတွေက မျက်လုံးလှန်ကြည့်ကြတယ်။ ပြီးတော့ နတ်ဆိုးအဖွဲ့ဝင်တွေက ဘာလို့ ရည်းစားရှိတာကို ကြွားလုံးထုတ်ချင်ကြတာလဲလို့လည်း တွေးနေကြတယ်။ ရည်းစားရှိတာက သူတို့ကို ပိုသန်မာစေတာလား၊ ပိုချောစေတာလား။
သူတို့ရဲ့ ဗိုလ်ကြီးသာ ရည်းစားရှာတွေ့ရင် သူတို့လည်း ရည်းစားရလိမ့်မယ်။ ဒါကြောင့် ဗိုလ်ကြီးရွှီကို ရည်းစားရှာဖို့ တိုက်တွန်းသင့်လား။
သူ့ရဲ့စွမ်းအင်ကို အကြိမ်ကြိမ်သုံးစွဲပြီး ပြန်စုပ်ယူပြီးနောက်မှာတော့ သူ့ရဲ့စွမ်းအင်ကတိုးလာခဲ့ပြီး အခုဆိုရင် စွမ်းအင်မကုန်ဆုံးခင်မှာ ရေ ၂၅၀၀ လီတာလောက်အထိ ထုတ်လုပ်နိုင်နေပါပြီ။
သူ့အဖွဲ့မှာက ရေအများကြီးမလိုအပ်တဲ့အတွက် အခြေစိုက်စခန်းရဲ့ ရေလှောင်ကန်နေရာကို ရေဖြည့်ဖို့သူသွားလေ့ရှိပါတယ်။ တစ်ဖက်မှာတော့ ဒါက သူ့စွမ်းရည်ကို တိုးတက်စေခဲ့ပြီး တစ်ဖက်မှာလည်း ရေ ၁၀ လီတာတိုင်းအတွက် အမြုတေ ၁ ခု ရရှိခဲ့ပါတယ်။
သူဟာ တစ်နေ့မှာ ရေ ၅၀၀၀လီတာ ထုတ်လုပ်နိုင်ခဲ့ပြီး သူ့ရဲ့ စွမ်းအင်တွေပြန်လည်ရရှိဖို့ ရေအမျိုးအစားအမြုတေ ရှစ်ခုသာလိုအပ်ချိန်မှာ ရေဖြည့်ပေးခြင်းရဲ့အဖိုးအခအတွက်တော့ အမြုတေ ၅၀၀ ရရှိခဲ့သည်။ သူ့ရဲ့ ရှာဖွေနိုင်တဲ့နှုန်းနဲ့ဆို မကြာခင်မှာပဲ သူဟာ ချမ်းသာတဲ့ ပါရမီရှင်တစ်ယောက် ဖြစ်လာတော့မှာပါ။
စစ်သားတွေရဲ့ ရူးသွပ်တဲ့ အတွေးတွေကိုမသိလိုက်တဲ့ ကုရှကျယ်က သူတို့ကို ရေတိုင်ကီအဖုံးတွေဖယ်ရှားခိုင်းပြီး သူ့လက်ကို မြှောက်လိုက်တယ်။ စက္ကန့်အနည်းငယ်အတွင်းမှာပဲ ရေလုံးကြီးတစ်ခုက ရေတိုင်ကီရဲ့အပေါ်မှာ ပေါ်လာတယ်။ သူ့လက်ကောက်ဝတ်ကို တစ်ချက်လှုပ်ရှားလိုက်ရုံနဲ့ ရေလုံးက တိုင်ကီထဲကို ဝင်သွားသည်။
ရေတိုင်ကီတစ်ခုက ရေ ၅၀၀ လီတာဆံ့ပြီး ရေဘောလုံးတစ်ခုစီက ၁၀၀ လီတာနှင့် ညီမျှသည်။ သူက ရေဘောလုံးငါးလုံးဖန်တီးပြီး ရေတိုင်ကီကို ဖြည့်ခဲ့သည်။
ရေတိုင်ကီ ငါးလုံး,လုံး ကို ရေဖြည့်ပြီးတဲ့နောက်မှာတော့ စူးရှတဲ့နာကျင်မှုတစ်ခုကို သူ့ခေါင်းထဲမှာ ခံစားလိုက်ရတယ်။ အခုဆို သူဟာ ရေ ၂၅၀၀ လီတာ ထုတ်လုပ်နိုင်ပေမယ့် သူ့ရဲ့ကန့်သတ်ချက်ကို ရောက်နေတုန်းပဲ။
သူ့ရဲ့ဖြူဖျော့နေတဲ့မျက်နှာကို သတိထားမိတော့ ရုန်မိုအာက သူ့ကိုတွဲကူဖို့သွားလိုက်ပြီး နှစ်ယောက်သားက တဲထဲကို ဝင်သွားကြသည်။
တဲအတွင်းကိုရောက်တာနဲ့ သူမက ရေအမျိုးအစား အမြုတေ အတော်များများကိုထုတ်ယူပြီး သူ့ကို ပေးလိုက်တယ် "ရှကျယ် ကန့်သတ်ချက်ကို ရောက်တဲ့အထိ မင်းကိုယ်မင်း တအားတွန်းအားမပေးသင့်ဘူး။ အဲဒီအတွက် မင်းဒဏ်ရာရသွားရင် ဘယ်လိုလုပ်မလဲ"
"ကန့်သတ်ချက်ကို မကျော်လွန်ရင် မင်းကို ကာကွယ်နိုင်ဖို့ ငါက ဘယ်လိုလုပ်ပြီးပိုအားကောင်းလာမှာလဲ" ကုရှကျယ်က ပြုံးရွှင်စွာပြောပြီး အမြုတေရဲ့စွမ်းအင်ကို စုပ်ယူလိုက်သည်။
သူ့ရည်းစားရဲ့လက်ကိုကိုင်ပြီး သူက ဆက်ပြောတယ် "မိုအာ ၊ ဒီတစ်လျှောက်လုံးမှာ ငါ့ကိုကာကွယ်ပေးခဲ့တာက မင်းပဲ။ မင်းရဲ့ယောက်ျားတစ်ယောက်အနေနဲ့ မင်းကိုကာကွယ်နိုင်ဖို့ ငါပိုအားကောင်းလာချင်တယ်။ မင်းရဲ့အနောက်မှာပဲ အမြဲရပ်နေချင်တာမဟုတ်ဘူး"
ဒါကိုကြားတော့ ရုန်မိုအာက သူ့ကိုနားချတာရပ်လိုက်တယ်။ ဒီလောကမှာသာ ကောင်းကောင်းနေချင်ရင် သူတို့ ပိုအားကောင်းလာရမယ်ဆိုတာ သူမသိတယ်။ ခွန်အားမရှိရင် အနာဂတ်အကြောင်း ပြောပိုင်ခွင့်မရှိဘူး။
ဒီလိုအတွေးနဲ့ သူမက ဆုံးဖြတ်ချက်ချပြီး "ရှကျယ် ၊ ငါ အခြေစိုက်စခန်းနဲ့ ပူးပေါင်းပြီး မစ်ရှင်တစ်ခု လုပ်ချင်တယ်" လို့ ပြောလိုက်တယ်။
ဒါကိုကြားတာနဲ့ ကုရှကျယ်က ချက်ချင်းငြင်းလိုက်တယ် "မရဘူး"
သူရဲ့ ဒီလိုတုံ့ပြန်မှုကို သူမ မျှော်လင့်ထားပြီးဖြစ်တာကြောင့် ဒေါသမထွက်ခဲ့ပါဘူး။ အဲဒီအစား "ရှကျယ် ၊ မင်းက ငါ့ကိုကာကွယ်ဖို့ ပိုအားကောင်းလာချင်သလိုပဲ မင်းဘေးမှာရပ်တည်နေနိုင်ဖို့ ငါလည်း ပိုအားကောင်းလာချင်တယ်" လို့ ပြောလိုက်တယ်။
"ငါ စစ်သားတွေနဲ့အတူ လိုက်သွားမယ်။ အဲဒါက အခြေစိုက်စခန်းက ဖွဲ့စည်းထားတဲ့ အဖွဲ့တစ်ဖွဲ့ပဲ။ သူတို့က ဗိုလ်ကြီးရွှီရဲ့ လက်အောက်မှာရှိပြီး နတ်ဆိုးအဖွဲ့ဝင်တစ်ယောက်အနေနဲ့ ငါ့ရဲ့သရုပ်ကြောင့်လည်း သူတို့က ငါ့ကို ဘာမှ လုပ်ရဲမှာ မဟုတ်ဘူး"
အခန်း-(၃၂၄)
သူမရဲ့ရည်းစားက သဘောမတူသေးတာကိုမြင်တော့ ရုန်မိုအာက ထပ်ပြောလိုက်တယ် "ရှကျယ် အပြင်သွားရင် ငါတစ်ယောက်တည်း မသွားပါဘူး။ ငါ့ရဲ့ဝမ်းကွဲကလည်း ငါနဲ့အတူ လိုက်ခဲ့လိမ့်မယ်။ ငါကတိပေးပါတယ်၊ ငါသတိထားပြီး ဘေးကင်းကင်းနဲ့ပြန်လာပါ့မယ်"
သူမရဲ့ စိတ်ပိုင်းဖြတ်မှုကို သတိပြုမိတဲ့အခါမှာတော့ ကုရှကျယ်က သက်ပြင်းရှည်ကြီးချပြီး "မင်းကိုယ်မင်း ကောင်းကောင်းကာကွယ်ရမယ်။ မင်းသာ အန္တရာယ်ထဲ ရောက်သွားရင် ငါ မင်းကို ဘယ်တော့မှ အပြင်ထွက်ခွင့်မပေးတော့ဘူး" လို့ ပြောလိုက်တယ်။
သူက အာဏာရှင်ဆန်ပြီး ထိန်းချုပ်တတ်ပေမယ့် ရုန်မိုအာကတော့ ဂရုမစိုက်ပါဘူး။ သူမရဲ့ ချို့ယွင်းချက်တွေကို သူကလက်ခံပေးနိုင်တာကြောင့် သူရဲ့ချို့ယွင်းချက်တွေကိုလည်း သူ့မက ငြင်းပယ်မှာ မဟုတ်ပါဘူး။
သူမက သူ့အနားကို ပိုတိုးကပ်သွားကာ သူ့ရဲ့ ဖြူဖျော့ဖျော့နှုတ်ခမ်းလေးတွေကို နမ်းလိုက်ပြီး "ကောင်းပြီ" လို့ပြောလိုက်တယ်။
သူမရဲ့ အနမ်းကြောင့် ကျေနပ်သွားတဲ့ ကုရှကျယ်က ပိုပြီး ရဲရင့်စွာ မေးလိုက်တယ် "ရည်းစားလေး ၊ မင်းက ငါ့ကို အနမ်းတစ်ပွင့်တည်းနဲ့ လာဘ်ထိုးနေတာလား"
ရုန်မိုအာက ရယ်ပြီး "ရည်းစားလေး၊ မင်းက အခုထိ စွမ်းအင်တွေ စုပ်ယူနေတုန်းပဲလေ။ ကောင်းကောင်းနေ" လို့ ပြောလိုက်တယ်။
သူ့လက်ဖဝါးထဲက အမြုတေတွေက အမှုန်တွေအဖြစ် ပြောင်းလဲသွားတာနဲ့ ကုရှကျယ်က လက်လှမ်းလိုက်ပြီး သူမကို ပိုနီးလာအောင်ဆွဲလိုက်ကာ သူမရဲ့လည်ပင်းကို ဆုပ်ကိုင်လိုက်တယ်။ ပြီးတော့ သူမဆီကိုတိုးကပ်သွားပြီး အချိန်အတော်အကြာ နမ်းလိုက်သည်။
တဲထဲရှိ သူတို့က ရင်းနှီးတဲ့ အခိုက်အတန့်လေးတွေကို မျှဝေနေကြတုန်းမှာ အပြင်ဘက်က စစ်သားတွေကတော့ အလုပ်ရှုပ်နေကြသည်။
စစ်သားတစ်ယောက်က အော်လန်ကိုင်ပြီးပြောလိုက်တယ် "အားလုံးပဲ ရေဘူးတွေကို ပြင်ဆင်ထားပြီး တန်းစီလိုက်ကြပါ လူတိုင်းက ရေနှစ်လီတာစီ အခမဲ့ရရှိမှာပါ"
ဤစကားကိုကြားတော့ အသက်ရှင်ကျန်ရစ်သူများက အံ့အားသင့်သွားပြီး ပျော်ရွှင်သွားကြသည်။ရေက အကန့်အသတ်နဲ့ရှိနေပြီး ရေအရင်းအမြစ်များကလည်း ဇွန်ဘီဗိုင်းရပ်စ်ကြောင့် ညစ်ညမ်းသွားပြီဖြစ်သည်။
ရေရဖို့ဆိုရင် ရေအမျိုးအစား စွမ်းရည်အသုံးပြုသူဆီကနေ ဝယ်ရလေ့ရှိပါတယ်။ ဈေးနှုန်းမြင့်မားတာကို ထည့်မပြောနဲ့အုံး သူတို့ကို ရောင်းပေးချင်တဲ့သူဆိုတာက ရှားတယ်။
ရေတိုင်ကီငါးလုံးကို ထုတ်လာနိုင်ပြီး အခမဲ့ဝေငှပေးရန် ဆန္ဒရှိသူတစ်ဦးကို သူတို့ ပထမဆုံးအကြိမ် မြင်တွေ့ဖူးခြင်း ဖြစ်သည်။
သူတို့ တန်းစီနေချိန်မှာပဲ ကျင်ဟွမ်းက "ဒီစခန်းရဲ့ ခေါင်းဆောင်က တကယ်ကို ရက်ရောပြီး ထက်မြက်တယ်" လို့ ပြောလိုက်တယ်။
"အစ်မ ၊ ဘာလို့ အဲ့လိုပြောတာလဲ" ဟု ကျင်ဇီချင်က မေးလိုက်သည်။
"ဝင်ကြေးကြောင့် အသက်ရှင်ကျန်ရစ်သူအများအပြားက ဒီအခြေစိုက်စခန်းထဲကိုဝင်ဖို့ အစီအစဉ်တွေကို ဖျက်သိမ်းလိုက်ကြတာလေ။ အထဲမှာက ဘယ်လိုအခြေအနေရှိလဲဆိုတာကို ဘယ်သူမှ မသိကြဘူး။ ဝင်ကြေးပေးပြီး ဝင်လိုက်ပြီးတဲ့အခါကြမှ တခြား အသက်ရှင်ကျန်ရစ်သူစခန်းတွေနဲ့ ဘာမှမကွာခြားဘူးဆိုတာ သိရရင် ဘယ်လိုလုပ်မလဲ" ဟု ကျင်ဟွမ်းက မေးလိုက်သည်။
"အန္တရာယ်များပေမယ့် ဒီလောကမှာက အလကားရတဲ့နေ့လည်စာဆိုတာ မရှိဘူး။ အထဲက အခြေအနေတွေက တခြားနေရာတွေနဲ့ အတူတူပဲဆိုရင်တောင် အနည်းဆုံးတော့ ဒီနေရာမှာက အစောင့်တွေနဲ့ မြင့်မားတဲ့ တံတိုင်းတွေ ရှိတယ်။ဒါကြောင့် လုံခြုံရေးက ပိုကောင်းသင့်တယ်" ဟု လင်ဖေးက ပြောလိုက်သည်။
ကျင်ဟွမ်းက ခေါင်းညိတ်ပြီး "ဒါပေမယ့်လည်း လူတိုင်းကတော့ ဝင်ကြေးမြင့်မြင့်ကြီးပေးဖို့ကို တတ်နိုင်တာမဟုတ်ဘူး။ ဒါကြောင့် သူတို့က တွန့်ဆုတ်နေကြတာ" လို့ ပြောလိုက်တယ်။
"အစ်မ ၊ အဲဒါက အခြေစိုက်စခန်းက အခမဲ့ရေပေးတာနဲ့ ဘာဆိုင်လို့လဲ" ဟု ကျင်ဇီချင်က မေးလိုက်သည်။
"ငါတို့ပတ်ဝန်းကျင်ကလူတွေကို ကြည့်လိုက်အုံး" ဟု ကျင်ဟွမ်းက ပြောလိုက်သည်။
ဒါကိုကြားတော့ ကျင်ဇီချင်နှင့် လင်ဖေးတို့က ပတ်ဝန်းကျင်ကိုကြည့်လိုက်တယ်။ အသက်ရှင်ကျန်ရစ်သူတွေရဲ့ မျက်နှာပေါ်က စိုးရိမ်ပူပန်မှုတွေ ပျောက်ကွယ်သွားတာကို သတိထားမိလိုက်တယ်။ အခုဆို သူတို့ရဲ့မျက်နှာမှာ အပြုံးတွေရှိနေပြီး မျက်လုံးတွေထဲမှာတော့ မျှော်လင့်ချက်တွေနဲ့ ပြည့်နှက်နေခဲ့ပါပြီ။
"ဒီအခမဲ့ရေပေးဝေတဲ့လုပ်ရပ်က စခန်းက ပြည်သူတွေကို ဂရုစိုက်တယ်ဆိုတာ ပြသနေတာပဲ။ စခန်းအတွက်တော့ ရေတစ်မျိူးတည်းက ဘာမှမကုန်ကျပေမယ့် လူတွေအတွက်ကတော့ ဒါဟာ အသက်ကယ်လမ်းကြောင်းတစ်ခုပဲ။ စခန်းရဲ့ကြင်နာမှုကို ရရှိပြီးတဲ့နောက်မှာဆို နောက်ပိုင်းတွေမှာ အလုပ်ကောင်းကောင်းရမရ သူတို့က စခန်းကို သစ္စာဖောက်မှာမဟုတ်တော့ဘူး" ဟု ကျင်ဟွမ်းက ရှင်းပြသည်။
သူမရဲ့စကားတွေကိုကြားပြီးနောက်တော့မှ လင်ဖေးနှင့် ကျင်ဇီချင်တို့ နှစ်ယောက်စလုံးဟာ အခြေစိုက်စခန်းခေါင်းဆောင်ရဲ့ ပါးနပ်မှုကို နောက်ဆုံးတော့ နားလည်သွားကြပါသည်။ ရေအနည်းငယ်အားပေးခြင်းဖြင့် အခြေစိုက်စခန်းထဲမဝင်ခင်ကတည်းကပင် လူတွေရဲ့နှလုံးသားကို ဝယ်ယူပြီးသားဖြစ်ခဲ့ပါတယ်။
အသက်ရှင်ကျန်ရစ်သူများက အခြေစိုက်ခေါင်းဆောင်အား ရက်ရောပြီး ကြင်နာတတ်သူဟု ချီးကျူးနေကြသော်လည်း ပတ်ဝန်းကျင်ရှိ အသက်ရှင်ကျန်ရစ်သူစခန်းများသို့ ဖုန်းခေါ်ဆိုနေသော ရွှီချွန်းကတော့ ဒီအကြောင်းကို ဘာမှမသိပေ။
ရေအခမဲ့ဝေငှရေးအကြံအစည်က ကုရှကျယ်ရဲ့ အကြံအစည်ဖြစ်သည်။ သူမှာက နာမည်ကောင်းရရှိဖို့ဆိုတဲ့ ရည်ရွယ်ချက်မရှိပါဘူး။ အဘယ်ကြောင့်ဆိုသော် သူရဲ့စွမ်းရည်ကို လေ့ကျင့်ရန်နှင့် တစ်ချိန်တည်းတွင် ကလေးများနှင့် သက်ကြီးရွယ်အိုများကို ကူညီရန်သာ လိုချင်သောကြောင့်ဖြစ်သည်။
သူက လူကြီးတွေကို လျစ်လျူရှုနိုင်ပေမယ့် ကလေးတွေနှင့် သက်ကြီးရွယ်အိုတွေအပေါ်မှာတော့ နူးညံ့တဲ့စိတ်သဘောထားရှိတယ်။ သူတို့က ကွယ်လွန်သွားပြီဖြစ်တဲ့ အစ်ကိုဖြစ်သူနှင့် အဘိုးအဘွားတွေကို သူ့အားသတိရစေသည်။
ဒီအချိန်မှာပဲ ရွှီချွန်းက ဖုန်းခေါ်ဆိုမှုတစ်ခုကို အပြီးသတ်လိုက်ပြီး စာရင်းထဲက တခြားနာမည်တစ်ခုကို ဖျက်ပစ်လိုက်သည်။ သူ့နှာခေါင်းကို ညှစ်ပြီး သက်ပြင်းချကာ "ဒီလူတွေက သူတို့အတွက် ဘာကကောင်းလဲဆိုတာ တကယ်မသိဘူး" လို့ ပြောလိုက်တယ်။
"ဗိုလ်ကြီး၊ သူတို့က ခင်ဗျားရဲ့စေတနာကို မသိကြဘူးဆိုမှတော့ ဘာလို့သတိပေးနေရမှာလဲ။ နောက်တစ်ခါ မိုးရွာလာရင် ဖြစ်လာမယ့်အကျိုးဆက်တွေကို သူတို့ ရင်ဆိုင်ရလိမ့်မယ်" ဟု စစ်သားတစ်ဦးက ပြောလိုက်သည်။
ရွှီချွန်းက သူ့ခွက်ကိုကောက်ယူပြီး ရေတစ်ငုံသောက်လိုက်ပြီးနောက်မှ ပြန်ဖြေသည် "ငါက ဒါကို သူတို့အတွက် လုပ်နေတာ မဟုတ်ဘူး၊ သာမန်လူတွေအတွက်ပဲ။ လူတစ်ယောက်ကို ကယ်တင်နိုင်ရင် ဇွန်ဘီတစ်ကောင် လျော့သွားမှာ။ ဒါက ငါတို့ ရင်ဆိုင်နေရတဲ့ အန္တရာယ်ကို လျှော့ချပေးရုံသာမကဘဲ လူသားတွေရဲ့ ရှင်သန်နိုင်ခြေကိုပါ တိုးစေတယ်"
"ဗိုလ်ကြီး၊ သူတို့က ခင်ဗျားရဲ့ ကမ်းလှမ်းချက်ကို ငြင်းပယ်လိုက်တာဆိုတော့ အခုက ကျွန်တော်တို့ ဘာလုပ်သင့်လဲ" ဟု ဝမ်ဟန်လီက မေးလိုက်သည်။
ရွှီချွန်းက ခဏလောက်စဉ်းစားပြီးမှ ပြောလိုက်တယ်"အထက်လူကြီးတွေကို ဆွဲဆောင်လို့မရတဲ့အတွက် လူတွေကိုပဲ ဆွဲဆောင်လို့ရတော့မယ်။ ဟန်လီ ၊ အခု ငါတို့မှာ ရိက္ခာဘယ်လောက်ရှိလဲ"
ဝမ်ဟန်လီက သူ့မှတ်စုစာအုပ်ကိုဖွင့်လိုက်ပြီး "ကပ္ပတိန်ကျင်းတို့ ထွက်ခွာမသွားခင်ပေးခဲ့တဲ့ ရိက္ခာပစ္စည်းတွေ ပါ ထပ်ထည့်ရင် လူ ၁၀၀,၀၀၀ ကို ခြောက်လစာ ထောက်ပံ့ဖို့ လုံလောက်ပါတယ်" လို့ ပြန်ဖြေတယ်။
"ရေကော" ဟု ရွှီချွန်းက ထပ်မေးလိုက်သည်။
"နတ်ဆိုးအဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ကုရှကျယ်က တစ်နေ့ကို ရေ ၅၀၀၀ လီတာ ထောက်ပံ့ပေးနိုင်တယ်။ သူက အဖွဲ့ထဲကို ပါဝင်လာတဲ့အတွက် ကျွန်တော်တို့ရဲ့ ရေပေးဝေမှုမှာ ဘာပြဿနာမှ မရှိပါဘူး"
သူ ဒီလိုပြောလိုက်ပြီးတာနဲ့ အားလုံးကအံ့သြသွားကြတယ်။ စုဆောင်းရေးအကြောင်းကြားစာတင်ပြီးတာနဲ့ ရေအမျိုးအစားစွမ်းရည်အသုံးပြုသူ ၃၇ ယောက်က မှတ်ပုံ လာတင်သွားကြသည်။
သူတို့ထဲမှအများစုက အဆင့်သုညစွမ်းရည်အသုံးပြုသူများဖြစ်ပြီး နှစ်ယောက်ကသာ အဆင့်တစ်ကိုရောက်ရှိခဲ့ပါတယ်။ အဆင့်တစ် စွမ်းရည်အသုံးပြုသူများက တစ်နေ့ကို ရေ ၅၀၀ လီတာပေးနိုင်ပြီး ကျန်တဲ့သူတွေကတော့ ၂၀၀ လီတာလောက်ပဲ ထောက်ပံ့ပေးနိုင်ပါတယ်။
အဆင့်တစ် စွမ်းရည်အသုံးပြုသူဖြစ်သော ကုရှကျယ်နှင့် နှိုင်းယှဉ်ပါက သူတို့ စုစည်းထားတဲ့ စွမ်းရည်အသုံးပြုသူများရဲ့ စွမ်းရည်များကြား ကွာခြားချက်မှာ ကောင်းကင်နှင့် မြေကြီး ကဲ့သို့ ဖြစ်နေသည်။
သတင်းကြောင့် လူတိုင်းကအံ့အားသင့်သွားကြပေမယ့် ရွှီချွန်းကတော့ ဘုန်းတော်ကြီးတစ်ပါးလို တည်ငြိမ်နေခဲ့တယ်။ ကျိူးလီဇီရဲ့ ရေအမျိုးအစားစွမ်းရည်က ကုရှကျယ်ရဲ့စွမ်းရည်ထက် အများကြီးပိုအစွမ်းထက်တယ်ဆိုတာကို ဝေယင်းဆီက သူသိခဲ့ရသည်။