← Chapters

လျှို့ဝှက်ချက်ကြီးတစ်ခု

Vol. 12 Ch. 1168

လျှို့ဝှက်ချက်ကြီးတစ်ခု

Vol. 12 Ch. 1168

ပိုင်ရှောင်ချန်းက စိတ်ပြန်တည်ငြိမ်ရန် အချိန်အတော်ကြာလိုက်လေသည်။ ထိုအချိန်တွင် ဖက်တီးကျန်းကြီးက သူ၏အရက်အိုးကို နောက်တစ်ကျိုက်မော့ပြီး တခဏတာတုံ့ဆိုင်းနေပြီးနောက် အသံကိုနှိမ့်၍ ပြောလေသည်။

" ရှောင်ချန်း … ငါ တကယ့်လျှို့ဝှက်ချက်အကြီးကြီးတစ်ခု ရှာတွေ့ခဲ့တယ်။ ငါ အဲဒါကို ကျယ်ကျယ်တောင်ပြောသင့််လား မသေချာဘူး… "

ပိုင်ရှောင်ချန်းမှာ သိသိသာသာ အံ့အားသင့်လျက် သူ့ကို ကြည့်သည်။ ဖက်တီးကျန်းကြီးက သူသိသည့်အရာကို ပြောပြချင်သော်လည်း တချိန်တည်းမှာပင် လျှို့ဝှက်ချက်အဖြစ်ထားချင်သည့်အလား မည်သို့လုပ်ရမည်ကို တွေဝေနေပုံရကြောင်း သူ မြင်နိုင်သည်။

အခြားလူတစ်ယောက်သာဆိုလျှင် တမင်တွေဝေနေဟန် ဆောင်နေသည်ဟု သူ ယူဆမည်ဖြစ်သည်။ သို့သော် ဖက်တီးကျန်းကြီးဖြစ်နေ၍ ထိုသို့လုပ်မည် မဟုတ်ကြောင်း သူ သိလေသည်။ ထိုမျှသာမက ပိုင်ရှောင်ချန်း၏ ကျင့်ကြံခြင်းအခြေခံအဆင့်ကို စဥ်းစားကြည့်ပါက ဖက်တီးကျန်းကြီး၏ စိတ်ဆန္ဒက အခြားသူများနှင့် ကွာခြားကြောင်း သူ အာရုံရနိုင်သည်။

ဖက်တီးကျန်းကြီးသည် ယင်ယန်ဝိညာဥ်အဆင့်ကျင့်ကြံသူတစ်ယောက်သာ ဖြစ်နေသေးသော်လည်း သူ၏စိတ်ဆန္ဒစွမ်းအားကား နတ်ဘုရားတစ်ပိုင်းအဆင့်ကျင့်ကြံသူအများစုထက် သာလွန်ပြီး ကောင်းကင်ဧကရာဇ်တစ်ပါးနှင့်ပင် နီးကပ်နေလေသည်။

ကောင်းကင်တံတားဒေသမှာတုန်းက ပိုက်ရှောင်ချန်း ပြောနိုင်မည် မဟုတ်ပေ။ သို့သော် ကောင်းကင်ဧကရာဇ်တစ်ပါးအနေဖြင့် သူသည် ပို၍ကြီးမားသော ကမ္ဘာကြီးက မည်သို့အလုပ်လုပ်သည်ကို များစွာပို၍ နားလည်လာသည်။

ဖက်တီးကျန်းကြီးနှင့်ပတ်သက်၍ တစ်စုံတစ်ခုထူးခြားသည့်အရာရှိသည်ဆိုပါက ၎င်းမှာ သူ၏ကိုယ်ပိုင်စွမ်းရည်များက သူ့စိတ်ဆန္ဒနှင့်ပတ်သက်နေခြင်း ဖြစ်သည်။ သူက စိတ်ဆန္ဒဖြင့် ထူးခြားစွာ ကောင်းချီးပေးခံရသည့်အလားပင်။

စိတ်ဆန္ဒ၏ သဘောအရ ဖက်တီးကျန်းကြီး စိတ်စွမ်းအင်မြှင့်တင်မှုများ စတင်လာခဲ့သည်မှာ နှစ်ပေါင်းများစွာရှိပြီ ဖြစ်သည်။ ထိုသည်က ၄င်းနှင့် များစွာပတ်သက်နေသည်။

" ဒါကြောင့် သူ ကောင်းကင်တံတားဒေသက ထွက်သွားဖို့ အိပ်မက်မက်ခဲ့တာများလား... "

ပိုင်ရှောင်ချန်းက တွေးလိုက်သည်။ ထို့နောက် သူက ညာလက်ကိုဝှေ့ယမ်းကာ ကျင့်ကြံခြင်းအခြေစွမ်းအားအချို့ပို့လွှတ်၍ သံရုံးကို ကာကွယ်ထားသည့် မန္တန်ဝင်္ကပါကို အကာအကွယ် အလွှာများ ထပ်ထည့်လိုက်သည်။

ဖက်တီးကျန်းကြီး၏ စိတ်ထဲသို့ နတ်ဘုရားအာရုံဖြင့် ဝင်ရောက်၍ သူက ပြောသည်။

" အစ်ကိုကြီး … နတ်ဘုရားအာရုံနဲ့ ကျွန်တော့်ကိုပြော။ အသက်ရှူချိန်ဆယ်ကြိမ်အတွင်း လောကနတ်ဘုရားတစ်ပါးတောင် ကျွန်တော်တို့ကို ခိုးနားထောင်မရတာ ကျွန်တော် အာမခံတယ် "

ဖက်တီးကျန်းကြီးမှာ သိသိသာသာ စိတ်အေးသွားပြီး တစ်ချက်လေးပင် တုံ့ဆိုင်းမနေဘဲ နတ်ဘုရားအာရုံမှတစ်ဆင့် ရှင်းပြလေသည်။

" ရှောင်ချန်း ငါ မိစ္ဆာဧကရာဇ်နဲ့ပတ်သတ်တဲ့လျှို့ဝှက်ချက်တစ်ခုသိတယ်။ ရှင်းပြဖို့တကယ်ခက်တယ်ကွ။ ငါ စကားနဲ့ ဘယ်လိုပြောရမှန်းတောင် မသိဘူး။ ပြီးတော့ ငါ မင်းကို အဲဒီအကြောင်းပြောရမှာ စိတ်ပူတယ်။ မင်း စီမံထားတဲ့ အကာအကွယ်တွေနဲ့တောင်မှ ကပ်ဘေးကြီး တစ်ခုကို ဦးတည်သွားနိုင်တာမလို့ပဲ။ မင်း အသေးစိတ်သိချင်ရင် အကောင်းဆုံးက ငါ မင်း ကိုယ်တိုင်မြင်ဖို့ ခေါ်သွားပေးတာပဲ။ ဒါဆို မင်းနားလည်လိမ့်မယ် "

ဖက်တီးကျန်းကြီး၏ နတ်ဘုရားအာရုံမှာ သူ၏စိတ်ဆန္ဒစွမ်းအားကြောင့် ဖြစ်ကောင်းဖြစ်နိုင်သည်၊ မယုံကြည်နိုင်ဖွယ် အမြန်နှုန်းဖြင့် ဆောင်ရွက်သွားသည်။ အသက်ရှူချိန်ဆယ်ကြိမ်လေးအတွင်း သူသည် ဤလျှို့ဝှက်ချက်ကိုဝန်းရံနေသည့် အခြေအနေများနှင့်ပတ်သက်၍ တတ်နိုင်သမျှ ရှင်းပြလေသည်။

သူ သရဲမယ်တော်၏စစ်သင်္ဘောကြီးအပေါ်မှ ထာဝရအင်မော်တယ်နယ်မြေများကို ရောက်ခဲ့တုန်းက စိတ်စွမ်းအင်အဆင့်မြှင့်တင်ခြင်းဆိုသည်မှာ ထာဝရအင်မော်တယ်နယ်မြေရှိ တစ်စုံတစ်ယောက်မှ ကြားပင် မကြားဖူးသော အရာဖြစ်သည်။

ဖက်တီးကျန်းကြီး၏ စွမ်းရည်များ လူသိများလာသည်နှင့်တစ်ပြိုင်နက် မိစ္ဆာဧကရာဇ်နိုင်ငံတော်တွင် အုတ်အော်သောင်းနင်း ဖြစ်သွားလေသည်။ မိစ္ဆာဧကရာဇ်ကိုယ်တိုင်ပင် မျှော်လင့်ချက်များဖြင့် သွေးရူးသွေးတမ်း အခြေအနေတစ်ခုသို့ ဆိုက်ရောက်ခဲ့၏။ သူက ရလဒ်များကို ကြည့်ရန် ဖက်တီးကျန်းကြီးကို မရေမတွက်နိုင်သော စိတ်စွမ်းအင်အဆင့်မြှင့်တင်မှူများ ဆောင်ရွက်စေခဲ့သည်။ ထို့နောက် သူက ဖက်တီးကျန်းကြီးကို မြင့်မားသောရပ်တည်ချက်တစ်ခု ပေးသည်သာမက တာဝန်တစ်ခုပေးအပ်ရန် အမိန့်ထုတ်ပြန်ခဲ့လေသည်။

ထိုတာဝန်မှာ မိစ္ဆာဧကရာဇ်မြို့တည်ရှိသည့် အရိုးနဂါးကြီးရစ်ပတ်ထားသော သုံးခွမှိန်ကြီးအပေါ်တွင် စိတ်စွမ်းအဆင့်မြှင့်တင်မှု ဆောင်ရွက်ရန်ဖြစ်သည်။

ထိုအကြောင်းကြောင့် ဖက်တီးကျန်းကြီးသည် မိစ္ဆာဧကရာဇ်နိုင်ငံ၌ အထူးနေရာတစ်နေရာ ရရှိလာခဲ့ပြီး အတော်လေးနာမည်ကြီးလာခဲ့၏။ သို့သော် ဖက်တီးကျန်းကြီးက သူ၏အကန့်အသတ်များကို သိထားသည်။ သာမန်ပစ္စည်းများအပေါ်တွင် စိတ်စွမ်းအင်မြှင့်တင်မှုများ ဆောင်ရွက်ပါက ရှုံးနိမ့်မှူများမှာ သူစိုးရိမ်မည့်အရာမဟုတ်ပေ။ သို့သော် ထို မှိန်းကြီးနှင့် ပတ်သက်လျှင် အကယ်၍ သူအဆင့်မြှင့်တင်ရာတွင် မအောင်မြင်ပါက မှိန်းကြီးက တန်ပြန်အားကြီးတစ်ခုကို ခံစားရပေမည်။ အဆိုးဆုံးဖြစ်ရပ်မှာ မှိန်းကြီးပြိုကျသွားခြင်း ဖြစ်သည်။ ထို့ပြင် ထိုသည်က သူ၏သေခြင်းအဖြစ် ရလဒ်ထွက်လာလောက်မည်။

ထို့ကြောင့် ဖက်တီးကျန်းကြီးမှာ ချုပ်တည်းထားလိုက်သည်။ သူက မိစ္ဆာဧကရာဇ်ကို သူသည် ငါးဆစိတ်စွမ်းအင်မြှင့်တင်ခြင်း ဆောင်ရွက်ရန်အထိသာ အစွမ်းရှိပြီး ၄င်းကို အန္တရာယ်ကင်းကင်းပြီးမြောက်ရန် နှစ်ခြောက်ဆယ်ရပ်ဝန်းတိတိ ကြာမည်ဟု ပြောခဲ့လေသည်။

သူတစ်ယောက်တည်းသာ မိစ္ဆာဧကရာဇ်နိုင်ငံတွင် စိတ်စွမ်းအင်အဆင့်မြှင့်တင်နိုင်သည့် လူဖြစ်၍ သူအမှန် ပြောနေသည်လား ဆုံးဖြတ်ရန် မည်သူ့အတွက်မှ မဖြစ်နိုင်ပေ။ သူတို့က သူ အမှန်ပြောနေခြင်းမဟုတ်ဟု သံသယဝင်လျှင်တောင်မှ ၄င်းကို အတည်ပြုရန် နည်းလမ်းမရှိပေ။ ထို့ကြောင့် အနည်းငယ်စဥ်းစားပြီးနောက် မိစ္ဆာဧကရာဇ်က သဘောတူလိုက်၏။

သို့သော် မိစ္ဆာဧကရာဇ်နိုင်ငံသားများက စိတ်စွမ်းအင်အဆင့်မြှင့်တင်မှုများကို ဆက်လက်လေ့လာကြသည်။ နောက်ဆုံးတွင် ကောင်းကင်တံတားဒေသ ပျက်စီးပြီး ၄င်း၏လူအများ နေရာအနှံ့ကွဲကွာကုန်ကြသည်။ ထိုသို့ဖြစ်ပျက်သွားစဥ် မိစ္ဆာဧကရာဇ်နိုင်ငံက စိတ်စွမ်းအင်အဆင့်မြှင့်တင်ခြင်းလျှို့ဝှက်ချက်များကို ဖောက်ထုတ်ရန် မျှော်လင့်ချက်များအားလုံးဖြင့် သူတို့ကို ကျွန်ပြုလာကြလေသည်။

ဖက်တီးကျန်းကြီးက ပိုင်ရှောင်ချန်းကို လျှို့ဝှက်ချက်မှာ သူ ထိုသုံးခွမှိန်းအပေါ် ဆောင်ရွက်ခဲ့သည့် စိတ်စွမ်းအင်အဆင့်မြှင့်တင်မှုများနှင့် သက်ဆိုင်သည်။ ယခုအချိန်ထိ သူသည် သုံးခွမှိန်းကြီးကို သုံးဆစိတ်စွမ်းအင်အဆင့်မြှင့်တင်မှုအထိ ဆောင်ရွက်ခဲ့သည်။

သူ အဆင့်မြှင့်တင်မှုတစ်ကြိမ် ဆောင်ရွက်သည့် အချိန်တိုင်း သူသည် သူ့အတွက် ထူးခြားသော အမြင့်အာရုံတစ်ခုကို ကြုံတွေ့ရသည်။

ဖက်တီးကျန်းကြီး၏ ခန့်မှန်းချက်မှာ ၄င်းသည် သူ၏စိတ်စွမ်းအင်အဆင့်မြှင့်တင်ခြင်းစွမ်းရည်များဖြင့် တစ်ခုခုပတ်သက်နေသောကြောင့် ဖြစ်သည်ဟူ၍။ မိစ္ဆာဧကရာဇ်ပင် သူ၏အမြင်အာရုံကို သတိမထားမိခဲ့ပေ။

ပိုင်ရှောင်ချန်းသည် ဖက်တီးကျန်းကြီး မည်မျှသတိထားပြီး ထိုကိစ္စကို မည်မျှအလေးအနက်ထားနေကြောင်း မြင်နိုင်၏။ သူက မျက်လုံးများတဖျပ်ဖျပ်လက်နေလျက် ဝေ့လည်ကြောင်ပတ်မလုပ်ရန် ဆုံးဖြတ်လိုက်သည်။

" ကျွန်တော် ဘယ်အချိန် မြင်နိုင်မလဲ "

သူက မေးသည်။

" အခုပဲ"

ဖက်တီးကျန်းကြီးက ပြန်ဖြေ၏။ သူသည် ဤလျှို့ဝှက်ချက်ကို သူ၏နှလုံးသားထဲ၌ အလွန့်အလွန်ကြာရှည်စွာ ထိန်းသိမ်းထားခဲ့ရပြီး ၄င်းအကြောင်း တွေးပင် မတွေးရဲခဲ့ပေ။ ၄င်းမှာ ထာဝရအင်မော်တယ်နယ်မြေများအားလုံးကို သက်ရောက်နိုင်သည့် အလွန်အရေးပါသော လျှို့ဝှက်ချက်တစ်ခု ဖြစ်လေသည်။

ထိုအတွက်ကြောင့် သူက ပိုင်ရှောင်ချန်းကို ပြောပြရန် ချက်ချင်း ဆုံးဖြတ်ချက်ချလိုက်ခြင်း ဖြစ်၏။ အကယ်၍ တစ်နေ့တွင် သူ မထင်မှတ်ထားဘဲ သေဆုံးခဲ့ပါက လျှို့ဝှက်ချက် တိမ်ကောနစ်မြုပ်သွားမည်ကို စိတ်ပူလေသည်။ နောက်တစ်ချက်က မှိန်းကြီးအပေါ် နောက်ထပ်စိတ်စွမ်းအင်အဆင့်မြှင်တင်ခြင်းဆောင်ရွက်သည့်အခါတိုင်း အမြင်အာရုံက ပို၍ မြင်ရခက်လာမည် ဖြစ်သည်။

" နောက်ထပ် အဆင့်မြင့်တင်မှုနှစ်ခါနဲ့ဆို အဲဒါ ထာဝရပျောက်ကွယ်သွားမယ်ဆိုတာ ငါလောင်းရဲတယ်။ မှိန်းကြီးအပေါ် ထပ်ပြီးအဆင့်မြှင့်တင်မှုတွေ ဆောင်ရွက်ရင်တောင်မှ အမြင်အာရုံကို ထုတ်ပေးမှာ မဟုတ်တော့ဘူး "

သူက တစ်ချက်လေးပင် တုံ့ဆိုင်းမနေဘဲ ထရပ်လိုက်သည်။

ပိုင်ရှောင်ချန်းက ဤသည်မှာ အရေးကြီးတကာ့အရေးကြီးဆုံး ကိစ္စတစ်ရပ်ဖြစ်ကြောင်း ပြောနိုင်၏။ သူ၏အရှိန်အဝါနှင့် ဖက်တီးကျန်းကြီးကို ဖုံးကွယ်၍ သူက လက်ကိုဝှေ့ယမ်းလိုက်ရာ သူတို့နှစ်ယောက် ပျောက်ကွယ်သွားပြီး မိစ္ဆာဧကရာဇ်မြို့အပြင်ဘက်တွင် ပြန်ပေါ်လာသည်။

ဖက်တီးကျန်းကြီးက မြို့တော်နှင့် အလွန်ကျွမ်းဝင်သဖြင့် ပိုင်ရှောင်ချန်းကို တောင်ကြားရှိ အလွန်ချောင်ကျသောနေရာတစ်နေရာကို ဦးတည်နေသည့် လမ်းသွယ်လေးတစ်လျှောက် အလျင်အမြန် ဦးဆောင်ခေါ်သွား၏။

၄င်းသည် ဧရာမသုံးခွမှိန်းကြီး၏ ဘေးတည့်တည့် မှိန်းကြီးနှင့် ၄င်းပတ်လည်ရှိ မြေပြင်များအကြားက အဟသေးသေးလေးဖြစ်သော လျှိုမြောင်တစ်ခုအတွင်း တည်ရှိ၏။

ဤနေရာသည် မိစ္ဆာဧကရာဇ်က ဖက်တီးကျန်းကြီးအတွက် မှိန်းအပေါ် စိတ်စွမ်းအင်မြှင့်တင်မှုဆောင်ရွက်ရာတွင် လွယ်ကူအောင် သူ့ကို ပေးခဲ့ခြင်းဖြစ်သည်။ နန်းတော်၏အပြင်ဘက်ကား လှံကြီးတစ်လက်တည်းသာ ရှိ၏။

ဤနေရာမှ ဖက်တီးကျန်းကြီး ယခင်က ဆောင်ရွက်ခဲ့သည့် အောင်မြင်သောစိတ်စွမ်းအင်မြှင့်တင်မှုများ၏ သက်သေဖြစ်သော ငွေရောင်အမှတ်အသားသုံးခုကို မြင်နိုင်လေသည်။

ဤအချိန်တွင် ဖက်တီးကျန်းကြီးက ဘာမှမပြောဘဲ မှိန်းကြီးကိုသာ လက်ညှိုးထိုးပြလိုက်သည်။

ဖက်တီးကြီးမဟုတ်ဘဲ အခြားသူတစ်ယောက်ဆိုလျှင် ပိုင်ရှောင်ချန်းသည် ဖြစ်ပျက်နေသောအရာ၏ မသင်္ကာဖွယ်သဘောတရားကြောင့် ချီတုံချတုဖြစ်မည်ဖြစ်သည်။ သို့သော် ယခုတွင် သူက တုံ့နှေးခြင်းအလျဥ်းမရှိ၊ မှိန်းကြီးထံ တန်းတန်းမတ်မတ်လမ်းလျှောက်သွား၏။

အနားရောက်သွားသည်နှင့် ရေတွက်၍ပင် မရသည့် အသက်ပေါင်းမြောက်မြားစွာကို သတ်ခဲ့သည့်အလား မှိန်းကြီးမှ လာနေသော ရက်စက်သည့်အရှိန်အဝါတစ်ခုကို အာရုံရလိုက်သည်။ သူ၏ခန္ဓာကိုယ်ပေါ်ရှိ အမွှေးများအားလုံး ထောင်မတ်လာတော့သည်။ သူက သေစေနိုင်သော စစ်မြေပြင်ပေါ်သို့ သက်ဆင်းတော့မည့်အလား ခံစားလိုက်ရသည်။

ကံကောင်းထောက်မစွာ မှိန်းကြီးကို ထိုအရှိန်အဝါအများစု လွတ်မြောက်ခြင်းမှ ကာကွယ်ထားသည့် ပိတ််လှောင်အမှတ်အသားတစ်ခုဖြင့် ကာကွယ်ထားလေသည်။ သို့ထိတိုင် ယင်ယန်ဝိညာဥ်ကျင့်ကြံခြင်းအခြေခံ သို့မဟုတ် ထို့ထက်မြင့်သော တစ်စုံတစ်ယောက်သာ ၄င်းအနားကပ်နိုင်မည် ဖြစ်သည်။ မဟုတ်လျှင် ထိုမှိန်းကြီးအပေါ်တွင် တွဲလောင်းကျနေသည့် အရိုးများအပေါ်ရှိ မိစ္ဆာဧကရာဇ်မြို့ကို တည်ဆောက်ရန်ပင် ခက်ခဲမည် ဖြစ်သည်။

" ငါ တကယ် စိတ်စွမ်းအင်အဆင့်မြှင့်တင်မှုတစ်ခု ဆောင်ရွက်ဖို့ လိုတာလား "

သူက တွေးလိုက်သည်။ သူ၏စိတ်စွမ်းအင်အဆင့်မြှင့်တင်ခြင်းနည်းလမ်းများသည် အခြားသူများနှင့် ကွဲပြား၏။ သို့သော် အဆုံးသတ်တွင် နည်းလမ်းများအားလုံးက ယေဘုယျအခြေခံသဘောတရာများကို အရင်းခံလေသည်။ အဆင့်မြင့်သော မြှင့်တင်ခြင်းများဖြင့် ပတ်သက်လျှင် သူက သူ၏လိပ်ဒယ်အိုးကို အသုံးပြုမည်ဖြစ်သည်။ ထို့ပြင် အဆင့်နိမ့်မြှင့်တင်ခြင်းများအတွက်ပင် လိပ်ဒယ်အိုးသာ သုံးသည်က ပို၍ ရိုးရှင်းလေသည်။ သို့သော် လေးဆမြှင့်တင်မှုလေးသာဆိုပါက လိုအပ်လျှင် သူ့ဘာသာသူလုပ်နိုင်၏။ သူက စိတ်စွမ်းအင်အဆင့်မြှင့်တင်ခြင်းများ၏ အိမ်ဖြစ်သော မြေရိုင်းဒေသတွင် လေ့လာခဲ့သည့် အာကာသအောက်လမ်းဆရာတစ်ယောက်ဖြစ်သည် မဟုတ်ပါလော။

သူက လက်လှမ်း၍ လေးရောင်ခြယ်မီးတောက်ကို ဆင့်ခေါ်ပြီး မှိန်း၏ မျက်နှာပြင်ပေါ်တွင် ဂရုတစိုက် တင်လိုက်သည်။

သူ၏လက်က မှိန်းကြီးကို ထိသွားသည်နှင့်တစ်ပြိုင်နက် မီးတောက်များ ၄င်းအထဲ အရည်ပျော်သွားပြီး သူ၏မျက်နှာအမူအရာ ရိပ်ခနဲဖြစ်သွား၏။ ထိုအခိုက်အတန့်တွင် သူ၏ခေါင်းထဲ၌ မချိတင်ကဲ အော်သံတစ်သံ ကြားလိုက်ရလေသည်။

" ငါ ဒါကို လက်မခံနိုင်ဘူး။ ငါ … ငါ့ဘိုးဘေးကို အရှက်ရအောင် မလုပ်နိုင်ဘူးကွ "

အော်ဟစ်သံနှင့်အတူ အံ့အားသင့်ဖွယ် မြင်ကွင်းတစ်ရပ် ကပ်ပါလာ၏။

အံ့သြတုန်လှုပ်ဖွယ်ကောင်းစွာ သူက မိစ္ဆာဧကရာဇ်ဖြစ်သည်။

သို့သော် မိစ္ဆာဧကရာဇ်တစ်ယောက်တည်းသာမဟုတ်၊ နှစ်ယောက်ဖြစ်နေသည်။

သူတို့သည် လောလောဆယ်တွင် သူသေကိုယ်သေ တိုက်ခိုက်နေကြ၏။ မြင်ကွင်းက မပြတ်သားသော်လည်း ပိုင်ရှောင်ချန်းသည် လျှပ်စီးလက်သည့်အလား တိုက်ကွက်များကို သဲသဲကွဲကွဲမြင်နိုင်ပြီးနောက် မိစ္ဆာဧကရာဇ်တစ်ယောက် သေဆုံးသွား၏။

သူက ဤမှိန်းကြီးဖြင့် သေသည်အထိ စိုက်ခံရကာ အော်ဟစ်လျက် သေဆုံးသွားလေသည်။ မှိန်းကြီးကို သူ၏ခန္ဓာကိုယ်မှ ဆွဲထုတ်လိုက်ချိန် သူသည် ခန္ဓာကိုယ်သာမက ဝိညာဥ်ပါ ဇီဝိန်ချုပ်သွားလေသည်။ ထို့နောက် သူ၏ခန္ဓာကိုယ်ကား တစတစ ပျောက်ကွယ်သွားတော့သည်။

All Chapters