← Chapters

အခန်း (၃၅၉-၃၆၀)

Vol. 31 Ch. 359-360

အခန်း (၃၅၉-၃၆၀)

Vol. 31 Ch. 359-360

အပိုင်း (၃၅၉)

အောက်ချီက မေးလိုက်၏။ “ကျုပ် ပုန်ကန်မှုကို ရပ်တန့်လိုက်ရင် အဖေက မူလရာထူးကို ပြန်ရနိုင်မလား။”

ယွင်ကျုံးဟဲ့က ပြန်ဖြေလိုက်သည်။ “အချိန်တိုအတွင်းတော့ မဖြစ်နိုင်ဘူး။ အနာဂတ်မှာ တာယင်အင်ပါယာနဲ့ စစ်ဖြစ်လာမှပဲ အဖေက ပြန်လည် တာဝန်ထမ်းဆောင်နိုင်မှာပါ။ အစ်ကို ပုန်ကန်မှုကို ရပ်တန့်လိုက်ရင် အဖေက အပြစ်ကင်းလွတ်ခွင့် ရနိုင်တယ်။ ဧကရာဇ်က ကျုပ်ကို ရာဇသံ ပေးထားတယ်။ ပထမလ ကိုးရက်နေ့မှာ တောင်ပိုင်း ပုန်ကန်မှုကို မနှိမ်နင်းနိုင်ဘူးဆိုရင် ဧကရာဇ်က ကျုပ်တို့ အောက်မိသားစု တစ်စုလုံးကို သတ်ပစ်မယ်တဲ့။”

အောက်ချီက မေးလိုက်၏။ “အဖေက မူလရာထူး ပြန်မရဘူးဆိုရင် ကျုပ်တို့ရဲ့ ဒေသခံ သန်းနှစ်ဆယ်ကို ဘယ်သူက ကာကွယ်ပေးမှာလဲ။”

ယွင်ကျုံးဟဲ့က ပြန်ဖြေလိုက်သည်။ “ကျုပ် ကာကွယ်ပေးမယ်။”

အောက်ချီက မေးလိုက်၏။ “ခင်ဗျားက ကာကွယ်ပေးမယ်။ ခင်ဗျားမှာ ဘာရာထူး ရှိလို့လဲ။”

ယွင်ကျုံးဟဲ့က ပြန်ဖြေလိုက်သည်။ “အခု ကျုပ်မှာ ဘာရာထူးမှ မရှိသေးဘူး။ ဒါပေမဲ့ မကြာခင်မှာ တာ့ကျိုးအင်ပါယာမှာ ကျုပ် အရမ်း အောင်မြင်လာမယ်ဆိုတာ ယုံကြည်ပါတယ်။ အဲဒီအခါကျရင် တောင်ပိုင်း ဒေသခံတွေကို ကာကွယ်ပေးနိုင်တဲ့ စွမ်းရည် ရှိလာမှာပါ။”

အောက်ချီက မေးလိုက်၏။ “ခင်ဗျား ဘယ်လိုများ အရမ်း အောင်မြင်လာမလဲဆိုတာ ကျုပ် သိချင်လိုက်တာ။”

ယွင်ကျုံးဟဲ့ ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် မေးလိုက်သည်။ “အစ်ကို... မင်းသမီး ရှန်ရှန်းကို သိလား။”

အောက်ချီက ပြန်ဖြေလိုက်၏။ “သေချာပေါက် သိတာပေါ့။ သူက ဧကရာဇ်ဟောင်းနဲ့ ဧကရာဇ်တို့ရဲ့ အဖိုးတန် ရတနာလေးလေ။ တာ့ကျိုးအင်ပါယာရဲ့ နံပါတ်တစ် အလှတရားပိုင်ရှင်ပဲ။”

ယွင်ကျုံးဟဲ့က ပြောလိုက်သည်။ “မိသားစုကို ကာကွယ်ဖို့၊ တောင်ပိုင်း ဒေသခံတွေကို ကာကွယ်ဖို့အတွက် ကျုပ် နန်းတွင်းမှာ အမြန်ဆုံး အောင်မြင်လာအောင် ကြိုးစားရလိမ့်မယ်။”

သူ စကားကို ရှင်းရှင်းလင်းလင်း မပြောခဲ့ချေ။

သူ မည်သို့ အမြန်ဆုံး အောင်မြင်လာနိုင်မည်နည်း။ သေချာပေါက် မင်းသမီး ရှန်ရှန်းကို လက်ထပ်ပြီး တာ့ကျိုးအင်ပါယာ၏ သမက်တော် ဖြစ်လာကာ ဧကရာဇ်ဟောင်း၏ လူဖြစ်လာခြင်းပင် ဖြစ်သည်။

အောက်ချီသည် ယွင်ကျုံးဟဲ့ကို အတန်ကြာ စိုက်ကြည့်နေပြီးနောက် သက်ပြင်းတစ်ချက် ချလိုက်သည်။ သူသည် ဖူကျနှင့် မတူညီချေ။ သူသည် မူလတည်းက ရည်မှန်းချက် ကြီးမားသူ တစ်ဦး မဟုတ်ဘဲ ဒေသခံများကို ကာကွယ်ပေးလိုစိတ်သာ ရှိသူ ဖြစ်၏။

ယခုအခါ ယွမ်ထျန်းရှဲ့လည်း မရှိ၊ ဖူကျ လည်း သေဆုံးသွားပြီဖြစ်ပြီး မရေမတွက်နိုင်သော ဒေသခံ ပုန်ကန်သူများ၏ စိတ်ဓာတ်များမှာလည်း ကျဆင်းနေသည်။ အရေးအကြီးဆုံးမှာ သူသည် အောက်ရှင်း အပေါ် အဖေတစ်ဦးကဲ့သို့ သံယောဇဉ် ရှိနေခြင်း ဖြစ်သည်။

သူ၏ စိတ်ထဲတွင် တာ့ကျိုး အပေါ် မကျေနပ်မှုများ ရှိနေပြီး တောင်ပိုင်း ဒေသခံများ၏ လွတ်လပ်ရေးကို မျှော်လင့်နေဆဲ ဖြစ်သော်လည်း သူသည် အမှန်တကယ်ပင် ပုန်ကန်လိုစိတ် မရှိတော့ချေ။

ထို့ကြောင့် ဒေသခံ တစ်သိန်းကို ခေါ်ဆောင်ကာ တောင်ပိုင်းမှ ထွက်ခွာပြီး အနောက်ဘက်ရှိ တောနက်ကြီး ထဲသို့ သွားရောက်ကာကိုယ်ပိုင် အိမ်ရာအသစ် တည်ဆောက်ခြင်းမှာ အကောင်းဆုံး ရွေးချယ်မှု ဖြစ်ကောင်း ဖြစ်နိုင်သည်။

ယွင်ကျုံးဟဲ့တွင်လည်း မပြောရသေးသော စကားများ ရှိနေသေး၏။

အောက်ချီက ဒေသခံ ပုန်ကန်သူ တစ်သိန်းကို ခေါ်ဆောင်ကာ တောင်ပိုင်းမှ ထွက်ခွာသွားခြင်းသည် အောက်ရှင်းနှင့် ယွင်ကျုံးဟဲ့ တို့အတွက်လည်း အကျိုးရှိသည်။ အနာဂတ်တွင် ဤတပ်တော် တစ်သိန်းသည် သူ၏ အကူအညီ ဖြစ်လာနိုင်ခြေ အလွန်များသည်။

သို့ပေမည့် ထိုအချိန်၌ ရုတ်တရက် ဒေသခံ ပုန်ကန်သူ စစ်သူကြီး တစ်ဦးသည် ယိုင်လဲသွားပြီး မြေပြင်ပေါ်သို့ လဲကျသွားတော့၏။

ထို့နောက် ဒုတိယမြောက်၊ တတိယမြောက်၊ စတုတ္ထမြောက် ခန်းမကြီးအတွင်းရှိ ဒေသခံ ပုန်ကန်သူ စစ်သူကြီး ဆယ်ယောက်ကျော် အားလုံး မေ့လဲသွားကြတော့သည်။

အောက်ချီ၏ မျက်နှာမှာ ရုတ်တရက် ပျက်ယွင်းသွားပြီး ယွင်ကျုံးဟဲ့နှင့် အလျင်အမြန် မျက်လုံးချင်း ဆုံလိုက်ကြ၏။

ထို့နောက် သူသည် ဗိုက်ကိုဖိကာ မျက်နှာတစ်ခုလုံး ဖြူရော်သွားပြီး မြေပြင်ပေါ်သို့ လဲကျသွားတော့သည်။

“ဒီ... ဒီအရက်ထဲမှာ အဆိပ်ပါတယ်...” အောက်ချီက တုန်ယင်စွာဖြင့် ပြောလိုက်ပြီး လီဝမ်ဖာကို လက်ညှိုးထိုးပြလိုက်၏။

ယခင် တာ့ကျိုးအင်ပါယာ၏ သစ္စာရှိမြို့စား၊ ပုန်ကန်သူ စစ်သူကြီး လီဝမ်ဖာက ပြောလိုက်သည်။ “တောင်းပန်ပါတယ် ဘုရင်ကြီး အောက်ချီ... ဒါပေမဲ့ စိတ်ချပါ။ ကျုပ် ခတ်ထားတဲ့ အဆိပ်က ခန္ဓာကိုယ်ကို ထုံကျင်ပြီး မေ့လဲသွားစေရုံလောက်ပါပဲ။ မသေနိုင်ပါဘူး။”

အောက်ချီက တုန်ယင်စွာဖြင့် မေးလိုက်၏။ “ဘာဖြစ်လို့လဲ... ဘာဖြစ်လို့လဲ...”

လီဝမ်ဖာက ပြန်ဖြေလိုက်သည်။ “အရှင်မင်းကြီးဟာ ဘုရင်ကြီး ဖူကျနဲ့ မတူဘူး။ အရှင်မင်းကြီးမှာ အဲဒီလောက် ကြီးမားတဲ့ ရည်မှန်းချက်တွေ မရှိသလို ပုန်ကန်လိုစိတ်လည်း အဲဒီလောက် မပြင်းထန်ဘူး။ အရှင်မင်းကြီးဟာ အောက်ယွီရဲ့ ဖျောင်းဖျမှုကို ခံရပြီး တကယ်ပဲ ပုန်ကန်မှုကို ရပ်တန့်သွားမှာကို ကျုပ် စိုးရိမ်လို့ပါ။ ဒါကြောင့် အရှင်မင်းကြီး မပုန်ကန်လို့ မရတော့အောင် ကျုပ် တွန်းပို့ပေးရတာပါ။”

အောက်ချီက တုန်ယင်စွာဖြင့် မေးလိုက်၏။ “ခင်ဗျား ဘာလုပ်မလို့လဲ... ခင်ဗျား ဘာလုပ်ချင်လို့လဲ...”

လီဝမ်ဖာက ပြန်ဖြေလိုက်သည်။ “အခု အပြင်ဘက်မှာ သုံ့ပန်း ခြောက်ထောင် ဒူးထောက်နေတယ်။ အားလုံးက တောင်ပိုင်းမှာရှိတဲ့ တာ့ကျိုးအင်ပါယာရဲ့ အထက်တန်း ခေါင်းဆောင်တွေနဲ့ တော်ဝင်မိသားစုဝင်တွေချည်းပဲ။ ကျုပ် ဒီသုံ့ပန်း ခြောက်ထောင်လုံးကို သတ်ပစ်လိုက်မယ်။ ပြီးရင် ဒီ အောက်ယွီကိုပါ သတ်ပစ်လိုက်မယ်။

အဲဒီလိုဆိုရင် အရှင်မင်းကြီးမှာ တခြား ရွေးချယ်စရာ လမ်းမရှိတော့ဘဲ ပုန်ကန်မှုကို အဆုံးထိ ဆက်လုပ်ရုံပဲ ရှိတော့မယ်။ အရှင်မင်းကြီး မပုန်ကန်ရင်တောင် တာ့ကျိုး ဧကရာဇ်က တောင်ပိုင်း ဒေသခံတွေကို လွှတ်ပေးတော့မှာ မဟုတ်ဘူး။

တောင်းပန်ပါတယ်။ ဘုရင်ကြီး အောက်ချီ... ကျုပ်က အရှင်မင်းကြီး ဆုံးဖြတ်ချက် ချနိုင်အောင် ကူညီပေးရုံပါပဲ။ ကျုပ် ဒီလူတွေကို သတ်ပြီးသွားရင် အရှင်မင်းကြီးဟာ ကျုပ်ရဲ့ ဘုရင်ကြီး ဖြစ်နေတုန်းပါပဲ။”

လီဝမ်ဖာက အသံကျယ်ကျယ်ဖြင့် အမိန့်ပေးလိုက်၏။ “အမိန့်ပေးလိုက်... တောင်ပိုင်းကျိုးအင်ပါယာက သုံ့ပန်း ခြောက်ထောင်လုံးကို သတ်ပစ်လိုက်။”

ထို့နောက် သူသည် ဓားကို ဆွဲထုတ်ကာ ယွင်ကျုံးဟဲ့၏ အရှေ့သို့ ရောက်ရှိလာပြီး ကြောက်မက်ဖွယ် ကောင်းအောင် ပြုံးကာ ပြောလိုက်သည်။ “အောက်ယွီ... ခင်ဗျား သေသွားရင် ခင်ဗျားရဲ့ မိဘတွေလည်း မြေအောက်မှာ ခင်ဗျားနဲ့ မကြာခင် လာဆုံလိမ့်မယ်။”

ထို့နောက် သူ၏ ဓားသည် ယွင်ကျုံးဟဲ့ ထံသို့ ပြင်းထန်စွာ ခုတ်ချလိုက်တော့၏။

သို့ပေမည့် နောက်တစ်စက္ကန့်တွင် သူ၏ ဓားကို လုံးဝ ခုတ်ချ၍ မရတော့ကြောင်း တွေ့ရှိလိုက်ရ၏။ အဘယ်ကြောင့်ဆိုသော် သံမဏိတိုင်ကြီးကဲ့သို့ သန်မာထွားကျိုင်းသော အောက်ချီသည် လျှပ်စီးလက်သကဲ့သို့ သူ၏ အရှေ့သို့ ရောက်ရှိလာပြီး လက်ချောင်း နှစ်ချောင်းဖြင့် သူ၏ ဓားကို ညှပ်ထားလိုက်ခြင်း ဖြစ်သည်။

“လီဝမ်ဖာ... ကျုပ်က ကောက်ကျစ်စဉ်းလဲမှု မရှိပေမဲ့ ကျုပ်က အရူးတော့ မဟုတ်ဘူး။” အောက်ချီက ဖြည်းညင်းစွာ ပြောလိုက်၏။

ထို့နောက် လီဝမ်ဖာ၏ လက်ထဲမှ ဓားကို လုယူကာ ပြင်းထန်စွာ ခုတ်ချလိုက်ပြီး လီဝမ်ဖာ၏ ခေါင်းကို တိုက်ရိုက် ဖြတ်ချလိုက်တော့သည်။

ဆက်လက်၍ အောက်ချီသည် လီဝမ်ဖာ၏ ခေါင်းကို ယွင်ကျုံးဟဲ့ ထံသို့ ကမ်းပေးကာ ပြောလိုက်၏။ “ညီလေး... ဒီခေါင်းက ခင်ဗျားအတွက်ပဲ။ ဧကရာဇ်ဆီကို ပြန်ယူသွားပြီး အလုပ်အပ်လိုက်တော့။”

တာ့ကျိုးအင်ပါယာရှိ လူအများစုအတွက်မူ တောင်ပိုင်းနယ်မြေတွင် အမှန်တကယ် မည်သို့ ဖြစ်ပျက် နေသည်ကို မသိရှိကြဘဲ တောင်ပိုင်း ပုန်ကန်မှု၏ အဓိက လက်သည်တရားခံကို လီဝမ်ဖာ ဟုသာ ထင်မှတ်ထားကြသည်။

ယခင်က ဧကရာဇ်၏ လျှို့ဝှက်အမိန့်တော်တွင်လည်း လီဝမ်ဖာကို သတ်ဖြတ်နိုင်ပါက မြို့စားအဖြစ် ခန့်အပ်မည်ဟု ရှင်းလင်းစွာ ဖော်ပြထားခဲ့သည်။ ထို့ကြောင့် လီဝမ်ဖာ၏ခေါင်း ပြတ်သွားခြင်းသည် ပုန်ကန်မှု ငြိမ်းအေးသွားခြင်းကို ကိုယ်စားပြုနေ၏။

အောက်ချီသည် လီဝမ်ဖာ၏ ခေါင်းကို ယွင်ကျုံးဟဲ့ ထံသို့ ကမ်းပေးပြီးနောက် အပြင်ဘက်သို့ လျှောက်သွားလိုက်၏။ ယခုအချိန်တွင် တာ့ကျိုးအင်ပါယာမှ သုံ့ပန်း ခြောက်ထောင်လုံးမှာ မြေပြင်ပေါ်တွင် ဒူးထောက်လျက် ကံကြမ္မာ၏ အဆုံးအဖြတ်ကို စောင့်မျှော်နေကြဆဲ ဖြစ်သည်။

အောက်ချီက အမိန့်ပေးလိုက်၏။ “သူတို့ အားလုံးကို လွှတ်ပေးလိုက်။”

ဤစကားကို ကြားလိုက်ရချိန်မှာတော့ သုံ့ပန်း ခြောက်ထောင်လုံးမှာ အလွန် ဝမ်းသာသွားကြပြီး မေ့လဲလုမတတ်ပင် ဖြစ်သွားကြသည်။

လူအများအပြားမှာ ဝမ်းသာလွန်းသောကြောင့် မခံစားနိုင်တော့ဘဲ မြေပြင်ပေါ်သို့ လဲကျသွားကြတော့၏။

သူတို့ ဖမ်းဆီးခံထားရသည်မှာ နှစ်လကျော် ကြာမြင့်နေပြီဖြစ်ပြီး နေ့စဉ် သေမင်းနှင့် အနီးကပ် ရင်ဆိုင် နေခဲ့ရသည်။

အထူးသဖြင့် လွန်ခဲ့သော နှစ်ရက်က လူတိုင်းကို အပြင်သို့ ဆွဲထုတ်လာခဲ့ပြီး ခေါင်းဖြတ်သမားများပါ အသင့် ရှိနေခဲ့သောကြောင့် သူတို့ အမှန်တကယ်ပင် သေရတော့မည်၊ ဤတစ်သက်တာ၏ ချမ်းသာကြွယ်ဝမှုများ အဆုံးသတ်တော့မည်ဟု ထင်မှတ်ခဲ့ကြ၏။

ယခုတော့ နောက်ဆုံးတွင် အသက်ရှင်ခွင့် ရရှိသွားပြီ ဖြစ်သည်။

တောင်ပိုင်း စစ်သေနာပတိချုပ် မြို့စားကြီး ကျိုးလုံသည် ခက်ခဲစွာဖြင့် မတ်တတ်ရပ်ကာ ရှေ့သို့တက်လာပြီး အောက်ချီ၏ လက်နှစ်ဖက်ကို ဆုပ်ကိုင်ကာ ပြောလိုက်၏။ “သခင်ကြီး အောက်ချီ... အမှားအမှန်ကို ခွဲခြားသိမြင်ပြီး ကြီးမားတဲ့ ကျေးဇူးပြုခဲ့တဲ့အတွက် ကျုပ် ဧကရာဇ်မင်းမြတ်ဆီ စာချွန်လွှာ တင်ပြီး ဆုချီးမြှင့်ဖို့ တောင်းဆိုပေးပါ့မယ်။ သခင်ကြီးကို နယ်စားအဖြစ် ခန့်အပ်ဖို့တင် မကဘဲ ကွမ်ကျွန်း စစ်သူကြီးချုပ်နဲ့ တောင်ပိုင်းပြည်နယ် စစ်သေနာပတိချုပ် ရာထူးတွေပါ ပေးအပ်ဖို့ ထောက်ခံပေးပါ့မယ်။”

ယခုအခါ ဤလူများ၏ အသက်သည် အောက်ချီ၏ လက်ထဲတွင် ရှိနေသောကြောင့် မြို့စားကြီး ကျိုးလုံ အနေဖြင့် အောက်ချီအား ရာထူးတံဆိပ်များ ရရှိမည်ဟု အစွမ်းကုန် ကတိပေးရမည်သာ ဖြစ်သည်။

အောက်ချီသည် မျက်နှာသေဖြင့်မြို့စားကြီး ကျိုးလုံ၏ လက်ထဲမှ သူ၏ လက်များကို ရုန်းထွက်လိုက်၏။ သူသည် ဤလူနှင့် ပြောစရာ စကား မရှိချေ။

မြို့စားကြီး ကျိုးလုံသည် လူဆိုးတစ်ယောက်၊ အမတ်ဆိုး တစ်ယောက်လား။ လုံးဝတော့ မဟုတ်ချေ။ သူသည် အောက်ရှင်း၏ နေရာကို ဆက်ခံကာ တောင်ပိုင်း စစ်သေနာပတိချုပ် ဖြစ်လာပြီးနောက်တွင်လည်း အောက်ရှင်း၏ မူဝါဒများကိုသာ ဆက်လက် ကျင့်သုံးခဲ့သည်။

သို့ပေမည့် သူ ရာထူးတက်လာပြီးနောက်တွင် တာ့ကျိုးမှူးမတ်များသည် တောင်ပိုင်းသို့ အလုအယက် လာရောက်ကာ အကျိုးအမြတ်များကို ရှာဖွေကြပြီး ဒေသခံများကို ဖိနှိပ်ခဲ့ကြ၏။

ယခင်က အောက်ရှင်း ရှိနေစဉ်က မည်သူမဆို လက်ဆန့်ထုတ်လာပါက မည်မျှပင် အာဏာကြီးပါစေ ချက်ချင်း လက်ကို ဖြတ်ပစ်လေ့ ရှိသည်။

သို့ပေမည့် ကျိုးလုံကမူ မတူညီချေ။ သူသည် လူမှုဆက်ဆံရေးကို ပိုမို နားလည်ပြီး တောင်ပိုင်း၏ အကျိုးအမြတ်များကို အသုံးပြုကာ လူအများအပြားကို စည်းရုံးပြီး ကြီးမားသော အကျိုးစီးပွားရှာဖွေသည့် အုပ်စုကြီးတစ်ခုကို ဖွဲ့စည်းခဲ့သည်။ မှူးမတ်များ၏ တောင်ပိုင်းရှိ သောင်းကျန်းမှုများကိုလည်း မျက်စိတစ်ဖက် ပိတ်ထားလေ့ ရှိ၏။

သူ၏ လျစ်လျူရှုမှုအောက်တွင် ဒေသခံများမှာ ပို၍ပို၍ ဖိနှိပ်ခံလာရသည်။ ငလျင်များ လှုပ်ခတ်ပြီး ကပ်ရောဂါများ ပျံ့နှံ့လာချိန်မှာတော့ ယွမ်ထျန်းရှဲ့က အခွင့်ကောင်းယူ၍ အင်အားကြီးမားလာပြီး နောက်ဆုံးတွင် ဤပုန်ကန်မှုကို ဖြစ်ပေါ်စေခဲ့ခြင်း ဖြစ်သည်။

ထို့ကြောင့် ယခု တောင်ပိုင်း ပုန်ကန်မှုတွင်မြို့စားကြီး ကျိုးလုံသည် ကြီးမားသော တာဝန်ရှိပြီး အဓိက လက်သည်တရားခံများထဲမှ တစ်ဦး ဖြစ်၏။

အောက်ချီသည် ဖြောင့်မတ်တည်ကြည်သူ တစ်ဦးဖြစ်ရာ ကျိုးလုံ ကဲ့သို့သော လူမျိုးနှင့် လုံးဝ စကား မပြောလိုသောကြောင့် လှည့်ထွက်သွားတော့သည်။

“ကျုပ်ညီ အောက်ယွီ သာ မရှိခဲ့ရင် ခင်ဗျားတို့ အားလုံး ခေါင်းပြတ်ကုန်ပြီပဲ။” အောက်ချီသည် ထွက်ခွာသွားစဉ် သတ်ဖြတ်လိုစိတ်များ ပြည့်နှက်နေသော စကားတစ်ခွန်းကို ချန်ထားရစ်ခဲ့၏။

ထိုအချိန်တွင် ယွင်ကျုံးဟဲ့ ထွက်လာခဲ့၏။ မြို့စားကြီး ကျိုးလုံ၏ မျက်နှာမှာ အကြိမ်ကြိမ် ပြောင်းလဲသွားပြီး အောက်ယွီကို မည်သို့သော မျက်နှာထားဖြင့် ဆက်ဆံရမည်ကို ချက်ချင်း မသိနိုင်အောင် ဖြစ်သွားသည်။

ခဏအကြာတွင် သူသည် ပြုံးရွှင်သော မျက်နှာဖြင့် ပြောလိုက်၏။ “တူတော်လေး... နေကောင်းရဲ့လား။”

ယွင်ကျုံးဟဲ့က ပြောလိုက်သည်။ “မြို့စားကြီး ကျိုးလုံ... အထဲဝင်ပြီး စကားပြောရအောင်။”

စစ်သေနာပတိရုံး အတွင်း၌ ယွင်ကျုံးဟဲ့ နှင့် မြို့စားကြီး ကျိုးလုံတို့ လျှို့ဝှက် ဆွေးနွေးနေကြ၏။

“အချိန် အရမ်း နီးကပ်နေပြီမို့လို့ ပွင့်ပွင့်လင်းလင်းပဲ ပြောကြတာပေါ့။”

ယွင်ကျုံးဟဲ့က ပြောလိုက်သည်။ “ခင်ဗျားနဲ့ ကျုပ်က ရန်သူတွေ မဟုတ်ဘူး။”

မြို့စားကြီး ကျိုးလုံက မျက်မှောင်ကြုတ်သွား၏။ “ရန်သူ မဟုတ်ဘူး ဟုတ်လား။”

ဤပုန်ကန်မှုကြီးတွင် ကျိုးလုံ အနေဖြင့် မည်သို့ပင်ဖြစ်စေ တာဝန်ခံရမည်ဖြစ်ပြီး အနည်းဆုံးတော့ အစွမ်းအစ မရှိသည့် တာဝန်ကို ယူရမှာဖြစ်သည်။

ယခုအခါ ဤပုန်ကန်မှုကို အောက်ယွီ တစ်ယောက်တည်းက နှိမ်နင်းလိုက်နိုင်သောကြောင့် သူ ကျိုးလုံမှာ ပို၍ပင် အစွမ်းအစမရှိသကဲ့သို့ ဖြစ်မသွားဘူးလား။

ထို့ကြောင့် အောက်ချီ၏ ဒေသခံ ပုန်ကန်သူ တစ်သိန်းကိုသာ မကြောက်ရလျှင် ကျိုးလုံသည် လူသတ်ပြီး အကျိုးဆောင်မှုကို လုယူပြီးလောက်ပြီ ဖြစ်၏။

မြို့စားကြီး ကျိုးလုံတွင် လူကောင်းတစ်ယောက်ဟူသော အမည်နာမ ရှိနေရုံဖြင့် လူမသတ်တတ်ဟု မထင်လိုက်ပါနှင့်။ ထိုလူကောင်းဟူသော အမည်မှာ သူ၏ ဟန်ဆောင်မှုတစ်ခုသာ ဖြစ်ပြီး အကျိုးစီးပွား အတွက်ဆိုလျှင် သူ ဘာမဆို လုပ်ရဲသည်။

…………………..

အပိုင်း (၃၆၀)

ယွင်ကျုံးဟဲ့က ပြောလိုက်၏။ “မြို့စားကြီး ကျိုးလုံ... ခင်ဗျားရဲ့ အစစ်အမှန် ရန်သူက ဖူယန်ထူ ပဲ။ သူက တပ်တော် နှစ်သိန်းကျော်ကို ဦးဆောင်ပြီး တောင်ပိုင်းကို ပုန်ကန်မှု နှိမ်နင်းဖို့ လာနေတာ ဘာအတွက်လို့ ထင်လဲ။”

မြို့စားကြီး ကျိုးလုံက ပြန်ဖြေလိုက်သည်။ “သေချာပေါက် အကျိုးဆောင်မှုအတွက်ပေါ့။ တောင်ပိုင်း ပုန်ကန်မှုကို နှိမ်နင်းပြီးရင် သူက ဖျောက်ချီ စစ်သူကြီးချုပ် အသစ် ဖြစ်လာမှာလေ။”

ယွင်ကျုံးဟဲ့က မေးလိုက်၏။ “ဖျောက်ချီ စစ်သူကြီးချုပ် ဖြစ်လာပြီးရင် သူက စစ်တပ်ထဲ တိုက်ရိုက် ဝင်ပြီး ဆူမီယွမ် ရာထူးကို ယူမယ်လို့ ထင်နေတာလား။”

မြို့စားကြီး ကျိုးလုံက ပြန်ဖြေလိုက်သည်။ “အဲဒီလိုတော့ မဟုတ်လောက်ဘူး။”

ယွင်ကျုံးဟဲ့က ပြောလိုက်၏။ “သူက ခင်ဗျားရဲ့ နေရာကို အစားထိုးပြီး တောင်ပိုင်း စစ်သေနာပတိချုပ် ဖြစ်လာလိမ့်မယ်။”

မြို့စားကြီး ကျိုးလုံက ပြန်ပြောလိုက်သည်။ “ဒီရာထူးကို ကျုပ် ဆက်ထိန်းထားနိုင်အုံးမယ်လို့ ခင်ဗျား ထင်နေတာလား။ ကျုပ်ကို ဖမ်းဆီးပြီး မြို့တော်ကို မခေါ်သွားဘဲ ရာထူးချ၊ ဘွဲ့ရုပ်သိမ်းရုံလောက်နဲ့တင် တော်တော် ကံကောင်းနေပြီ။ ဒီတောင်ပိုင်း စစ်သေနာပတိချုပ် ရာထူးကို ဘယ်လိုလုပ် ဆက်ထိန်းထားနိုင်မှာလဲ။”

ယွင်ကျုံးဟဲ့က ပြောလိုက်၏။ “မစမ်းကြည့်ဘဲ ဘယ်သိမလဲ။ ဒီတစ်ကြိမ် ပုန်ကန်မှုကို ကျုပ် နှိမ်နင်းခဲ့တာမှန်ပေမယ့် ကျုပ် လုပ်ခဲ့တာတွေ အားလုံးက လျှို့ဝှက်ချက်တွေချည်းပဲ။ ဧကရာဇ်မင်းမြတ် တစ်ပါးတည်းသာ သိတယ်။ ပြီးတော့ ဒီအကျိုးဆောင်မှုကို ထုတ်ဖော်ကြေညာလို့ မရဘူး။”

မြို့စားကြီး ကျိုးလုံလည်း ခဏ စဉ်းစားကြည့်ပြီးနောက် သဘောပေါက်သွားသည်။

‘တောင်ပိုင်း ပုန်ကန်မှုကို နှိမ်နင်းဖို့ တပ်တော် သိန်းချီကို စေလွှတ်ခဲ့တယ်။ ဒါပေမဲ့ တပ်တော်ကြီး မရောက်လာခင်မှာတင် ပုန်ကန်မှုက ငြိမ်းအေးသွားပြီ။ ပြီးတော့ အဲဒါကို ယွင်ကျုံးဟဲ့ တစ်ယောက်တည်းက လုပ်ဆောင်ခဲ့တာ။

အဲဒီလိုဆိုရင် တောင်ပိုင်းဟာ အောက်မိသားစုရဲ့ တောင်ပိုင်း ဖြစ်တယ်ဆိုတာကို လောကကြီးကို ပြောပြလိုက်သလို ဖြစ်မနေဘူးလား။ အရင်တုန်းက အောက်ရှင်း၊ အခုက အောက်ယွီ တစ်ယောက်တည်းနဲ့ ပုန်ကန်မှုကို နှိမ်နင်းနိုင်ခဲ့တာလေ။

ပြီးတော့ အဲဒီလို လုပ်လိုက်ရင် ဧကရာဇ်မင်းမြတ်က တပ်တော် သိန်းချီကို စေလွှတ်ပြီး ပုန်ကန်မှု နှိမ်နင်းဖို့ ကြိုးစားခဲ့တာက အချည်းနှီး ဖြစ်သွားသလို ဖြစ်မနေဘူးလား။လူတစ်ယောက်တည်း စေလွှတ်လိုက်ရုံနဲ့ ပုန်ကန်မှုကို နှိမ်နင်းနိုင်တာကို ဘာဖြစ်လို့ တပ်တော် သိန်းချီကို အကြီးအကျယ် စေလွှတ်ခဲ့ရတာလဲ။ ဒါက အခြေအနေကို သေချာ မသုံးသပ်နိုင်တာ မဟုတ်ဘူးလား။’

ယွင်ကျုံးဟဲ့က ဆက်ပြောလိုက်၏။ “ဒါကြောင့် ကျုပ်ရဲ့ ပုန်ကန်မှု နှိမ်နင်းရေး အကျိုးဆောင်မှုကို ဧကရာဇ်မင်းမြတ် သိရင် လုံလောက်ပါပြီ။ ဒီတစ်ကြိမ် ပုန်ကန်မှု နှိမ်နင်းရေးမှာမြို့စားကြီး ကျိုးလုံ လည်း ပါဝင်ခဲ့ပြီး ကြီးမားတဲ့ အကျိုးဆောင်မှု ရှိတယ်လို့ သတ်မှတ်လို့ ရပါတယ်။”

မြို့စားကြီး ကျိုးလုံ၏ မျက်လုံးများ လင်းလက်သွားသည်။

ယွင်ကျုံးဟဲ့က ပြောလိုက်၏။ “မြို့စားကြီး ကျိုးလုံ... ဒါကြောင့် အခု ခင်ဗျား လုပ်ရမှာက အစိုးရရဲ့ အုပ်ချုပ်ရေး ယန္တရားကို ချက်ချင်း ပြန်လည် ထူထောင်ဖို့ပဲ။ ပြီးတော့ လျှို့ဝှက်သံတမန် စေလွှတ်ပြီး မြို့တော်ကို အောင်ပွဲသတင်း ပို့ရမယ်။

နောက်တစ်ခုက ခင်ဗျား ချက်ချင်း မြောက်ဘက်ကို တက်ပြီး ဖူယန်ထူကို တားဆီးရမယ်။ သူ့ကို တောင်ပိုင်းထဲ ဝင်လာခွင့် မပေးရဘူး။ ပုန်ကန်မှု ငြိမ်းအေးသွားပြီဖြစ်လို့ တပ်တော်ကြီး ထပ်ဝင်လာရင် ပြဿနာတွေ ဖြစ်လာနိုင်တယ်လို့ အကြောင်းပြရမယ်။”

မြို့စားကြီး ကျိုးလုံ၏ မျက်လုံးများ ဆက်လက် တောက်ပနေဆဲ ဖြစ်သည်။

ယွင်ကျုံးဟဲ့က ဆက်ပြောလိုက်၏။ “မြို့စားကြီး ကျိုးလုံ... ခင်ဗျား ကိုယ်စားပြုနေတာက လူတစ်ယောက်တည်း မဟုတ်ဘူး။ အကျိုးစီးပွားရှာဖွေတဲ့ အုပ်စုကြီးတစ်ခုလုံးကို ကိုယ်စားပြုနေတာ။ အကယ်၍ ဖူယန်ထူသာ တောင်ပိုင်းထဲ ဝင်လာခဲ့ရင် တောင်ပိုင်းမှာရှိတဲ့ ခင်ဗျားရဲ့ အကျိုးစီးပွားရှာဖွေတဲ့ အုပ်စုကြီးတစ်ခုလုံး လုံးဝ ပျက်စီးသွားမှာပဲ။

ဘာလို့လဲဆိုတော့ ဖူယန်ထူရဲ့ နောက်ကွယ်မှာလည်း အကျိုးစီးပွားရှာဖွေတဲ့ အုပ်စုတွေ ရှိနေပြီး သူက အရမ်း ဆာလောင်နေတာမို့ အကုန်လုံးကို ဝါးမျိုပစ်ချင်နေတာ။ ခင်ဗျားတို့ နှစ်ဖွဲ့က လုံးဝ ညှိနှိုင်းလို့ ရမှာ မဟုတ်ဘူး။”

မြို့စားကြီး ကျိုးလုံက ရုတ်တရက် မေးလိုက်သည်။ “အောက်ချီရဲ့ လက်ထဲမှာ ပုန်ကန်သူ တစ်သိန်း ရှိနေသေးတယ်လေ။ သူ့ကို ဘယ်လို လုပ်မလဲ။”

ယွင်ကျုံးဟဲ့က ပြန်ဖြေလိုက်၏။ “သူတို့ ထွက်သွားလိမ့်မယ်။ တောင်ပိုင်းကနေ လုံးဝ ထွက်ခွာသွားလိမ့်မယ်။ ခင်ဗျား လက်ထဲမှာ တပ်တော် ဘယ်လောက် စုစည်းနိုင်သေးလဲ။”

မြို့စားကြီး ကျိုးလုံက ပြန်ဖြေလိုက်သည်။ “ကျုပ်တို့ နန်ကျိုးမှာ မူလက ကာကွယ်ရေးတပ် သိန်းချီ ရှိတယ်။ ဒါပေမဲ့ အားလုံးနီးပါးက လီဝမ်ဖာရဲ့ လက်အောက်မှာ ရှိပြီး သူက ပုန်ကန်သွားတာလေ။ ဒီတပ်တော် သိန်းချီဟာ အရင်ဆုံး ကပ်ရောဂါ ကူးစက်ခံရပြီး နောက်တော့ မေ့မြောနေချိန်မှာ လက်နက်ဖြုတ်သိမ်း ခံလိုက်ရတာ။ အခု တစ်ဝက်တောင် မကျန်တော့ဘူး။ ပြီးတော့ အားလုံးက သံကြိုးတွေ ခတ်ခံရပြီး အလုပ်ကြမ်း လုပ်နေရတယ်။”

ယွင်ကျုံးဟဲ့က ပြောလိုက်၏။ “အောက်ချီ ထွက်သွားပြီးတာနဲ့ ဒီသုံ့ပန်း စစ်သည် သောင်းချီကို ချက်ချင်း လွှတ်ပေးလိုက်လိမ့်မယ်။ ခင်ဗျား သူတို့ကို ချက်ချင်း လက်နက်တပ်ဆင်ပေးပြီး နောက်ထပ် လူသောင်းချီကို ထပ်စုဆောင်းကာ စစ်သည် တစ်သိန်း ပြည့်အောင် ဖွဲ့စည်းရမယ်။ အနည်းဆုံးတော့ ဖူယန်ထူ နဲ့ ရင်ဆိုင်နိုင်တဲ့ အင်အား ရှိရမယ်။”

မြို့စားကြီး ကျိုးလုံ၏ မျက်လုံးများ ဆက်လက် တောက်ပနေဆဲ ဖြစ်သည်။

ယွင်ကျုံးဟဲ့က ပြောလိုက်၏။ “မြို့စားကြီး ကျိုးလုံ... ခင်ဗျား ဘာစောင့်နေသေးတာလဲ။ ခင်ဗျားနဲ့ ဖူယန်ထူ ကြားမှာ ညှိနှိုင်းစရာနေရာ လုံးဝ မရှိဘူး။ သူ တောင်ပိုင်းကို အုပ်ချုပ်ခွင့် ရသွားတာနဲ့ ပထမဆုံး ဖယ်ရှားပစ်မယ့်သူက ခင်ဗျားပဲ။”

မြို့စားကြီး ကျိုးလုံသည် အံကို တင်းတင်းကြိတ်ကာ ပြောလိုက်သည်။ “ကောင်းပြီ။ စွန့်စားကြည့်တာပေါ့။”

နောက်တစ်နေ့တွင် အောက်ချီသည် အထူးရွေးချယ်ထားသော ဒေသခံ စစ်သည် ခြောက်သောင်းကို ဦးဆောင်ကာ နန်ကျိုးမှ ထွက်ခွာသွားတော့၏။

မူလက လူတစ်သိန်း ရှိခဲ့သော်လည်း သူနှင့်အတူ လိုက်ပါရန် ဆန္ဒရှိသူမှာ ခြောက်သောင်းသာ ရှိသည်။ အဘယ်ကြောင့်ဆိုသော် ဤဒေသခံများသည် တောင်ပိုင်း၏ သာယာလှပသော ဘဝကို အသားကျနေပြီဖြစ်ရာ အရိုင်းဆန်သော တောနက်ကြီးထဲသို့ ထပ်မံ မဝင်ရောက်လိုကြတော့ချေ။

ကျန်ရှိနေသော သောင်းချီသော လူများထဲမှ အချို့မှာ ထွက်ပြေးကာ မိမိတို့၏ ဇာတိရွာများသို့ ပြန်သွားကြပြီး အချို့မှာမူ မြို့စားကြီး ကျိုးလုံ၏ ဖျောင်းဖျမှုကြောင့် တောင်ပိုင်း၏ ကာကွယ်ရေးတပ်အဖြစ် ဆက်လက် တာဝန်ထမ်းဆောင်ရန် ကျန်ရစ်ခဲ့ကြသည်။

ယမန်နေ့က ပုန်ကန်သူများ ဖြစ်ခဲ့သော်လည်း ယနေ့တွင် အစိုးရတပ်များ ဖြစ်သွားကြပြီဖြစ်ရာ ဤကမ္ဘာ လောကတွင် အရာအားလုံး ဖြစ်နိုင်၏။

ယွမ်ထျန်းရှဲ့ ပျောက်ကွယ်သွားပြီးနောက် ဒေသခံများ၏ ယုံကြည်မှုလည်း ချက်ချင်း ပြိုကျသွားခဲ့သည်။ ယခင်က စည်းလုံးညီညွတ်ပြီး ဂုဏ်ယူဝင့်ကြွားကာ စိတ်အားထက်သန်ခဲ့သော ဒေသခံ လူမျိုးများမှာ ညတွင်းချင်း ပျောက်ကွယ်သွားသကဲ့သို့ ဖြစ်သွားရသည်။

“အစ်ကို... အနာဂတ် တစ်နေ့နေ့မှာ ကျုပ်တို့ ပြန်ဆုံတွေ့နိုင်ကောင်းတွေ့နိုင်ပါလိမ့်မယ်။”

ယွင်ကျုံးဟဲ့က ပြောလိုက်၏။ “အဲဒီအချိန်ရောက်ရင် ခင်ဗျားတို့အတွက် နေစရာ နေရာလေးတစ်ခု ရှိလာမှာပါ။”

အောက်ချီက တုန်ယင်စွာဖြင့် ပြောလိုက်သည်။ “အောက်ယွီ... အဖေ တောင်ပိုင်းမှာ ရှိနေတုန်းက ကျုပ်တို့က ကိုယ့်ကိုယ်ကိုယ် တာ့ကျိုးလူမျိုးလို့ တကယ် ထင်ခဲ့တာ။ နောက်ထပ် အနှစ်နှစ်ဆယ်၊ သုံးဆယ်လောက် နေရင် ဒေသခံ ဆိုတဲ့ အခေါ်အဝေါ်တောင် ရှိတော့မှာ မဟုတ်ဘဲ အားလုံး အတူတူ ဖြစ်သွားလိမ့်မယ်လို့ ကျုပ်တွေးခဲ့ဖူးတယ်။”

ယွင်ကျုံးဟဲ့ လည်း အလွန် ဝမ်းနည်းသွားမိသည်။ ပုံမှန်အတိုင်းသာ ဆက်သွားမည်ဆိုပါက နောက်ထပ် အနှစ်နှစ်ဆယ်၊ သုံးဆယ်အတွင်းမှာ တောင်ပိုင်းရှိ ဒေသခံ သန်းနှစ်ဆယ်ကျော်သည် လုံးဝ ရောနှောသွားမှာ ဖြစ်ပြီး တာ့ကျိုးအင်ပါယာ၏ ခွဲခြား၍မရသော အစိတ်အပိုင်းတစ်ခု ဖြစ်သွားမည်မှာ သေချာ၏။

ဝမ်းနည်းစရာ ကောင်းသည်မှာ နိုင်ငံတော်၏ သစ္စာဖောက်အချို့က ငါးနှစ်၊ ခြောက်နှစ်တည်းသော အချိန်တို အတွင်းမှာပင် ရောနှောသွားနိုင်သော ဒေသခံများကို လူမျိုးခြားများ အဖြစ်သို့ ပြောင်းလဲသွားအောင် တွန်းပို့ခဲ့ခြင်းပင် ဖြစ်သည်။

သူတို့ ဉာဏ်မကောင်းလို့လား။ ဤသဘောတရားများကို နားမလည်၍လား။

သေချာပေါက် မဟုတ်ပေ။ သူတို့ အလွန် ဉာဏ်ကောင်းကြသည်။ သို့ပေမည့် အကျိုးအမြတ်ကိုသာ ကြည့်သောကြောင့် ဖြစ်သည်။

“နှုတ်ဆက်ပါတယ် အစ်ကို။” ယွင်ကျုံးဟဲ့က လက်ပြနှုတ်ဆက်လိုက်၏။

အောက်ချီက ပြန်ပြောလိုက်သည်။ “ကျုပ်က လူသောင်းချီကို ဦးဆောင်ပြီး အနောက်ဘက်က အစစ်အမှန် တောရိုင်းနယ်မြေထဲကို သွားပြီး အိမ်ရာအသစ် တည်ဆောက်မယ်။ အနာဂတ်မှာ ကျုပ်လည်း မသေသေးဘူး၊ အိမ်ရာအသစ်လည်း အောင်မြင်စွာ တည်ဆောက်နိုင်ခဲ့မယ်ဆိုရင်၊ ပြီးတော့ ခင်ဗျားနဲ့ အဖေလည်း တာ့ကျိုးမှာ ဆက်နေဖို့ အဆင်မပြေတော့ဘူးဆိုရင် ကျုပ်တို့ရဲ့ အိမ်ရာအသစ်ကို လာဖို့ ဖိတ်ခေါ်ပါတယ်။ တာ့ကျိုးက ကျုပ်တို့ကို လက်မခံနိုင်ပေမယ့် ကျုပ်ကတော့ ခင်ဗျားတို့ကို လက်ခံပေးနိုင်ပါတယ်။”

ထို့နောက် အောက်ချီသည် ဒေသခံစစ်သည် ခြောက်သောင်းကို ဦးဆောင်ကာ ခမ်းနားကြီးကျယ်စွာ ထွက်ခွာသွားတော့၏။

ယွင်ကျုံးဟဲ့သည် သူတို့ မိုးကုပ်စက်ဝိုင်းတွင် ပျောက်ကွယ်သွားသည်အထိ ငေးကြည့်နေမိသည်။

အောက်ချီကို ပို့ဆောင်ပြီးနောက် ယွင်ကျုံးဟဲ့ လည်း မနေတော့ဘဲ တာ့ကျိုးအင်ပါယာ၏ ဟေးပင်းထိုင် စစ်သည်များနှင့် ချက်ချင်း ပူးပေါင်းကာ လီဝမ်ဖာ၏ ခေါင်းနှင့်မြို့စားကြီး ကျိုးလုံ၏ စာချွန်လွှာကို ယူဆောင်၍ မြောက်ဘက်သို့ အလျင်အမြန် ချီတက်သွားတော့၏။

ယနေ့သည် ဆယ့်နှစ်လပိုင်း ဆယ့်ခုနစ်ရက်နေ့ ဖြစ်နေပြီ ဖြစ်သည်။

ဧကရာဇ်က ရှင်းလင်းစွာ ပြောထားခဲ့၏။ နောက်ဆုံး သတ်မှတ်ရက်မှာ ပထမလ ကိုးရက်နေ့ ဖြစ်သည်။ သူသည် အောက်ရှင်းကို မသတ်ချင်သော်လည်း ပုန်ကန်သော တပ်ဖွဲ့မှာ အောက်ရှင်း၏ မွေးစားသား နှစ်ဦး ဖြစ်နေပြီး သူကိုယ်တိုင် တည်ထောင်ခဲ့သော ကာကွယ်ရေးတပ် ဖြစ်နေသည်။

အကယ်၍ ဤသတ်မှတ်ရက်အတွင်း ပုန်ကန်မှုကို မနှိမ်နင်းနိုင်ပါက၊ အကယ်၍ ဖူယန်ထူ၏ တပ်တော်ကြီး တောင်ပိုင်းသို့ ဝင်ရောက်၍ ပုန်ကန်မှုကို နှိမ်နင်းရမည်ဆိုပါက အောက်ရှင်းကို မသတ်ဘဲ နေ၍ မရနိုင်တော့ချေ။

ယခုအခါ ပထမလ ကိုးရက်နေ့သို့ ရောက်ရန် နှစ်ဆယ့်နှစ်ရက်သာ လိုတော့သည်။

နန်ကျိုးမှ တာ့ကျိုးမြို့တော်သို့ မိုင်တစ်သောင်းနီးပါး ကွာဝေးရာ ယွင်ကျုံးဟဲ့သည် နေ့စဉ် နေ့မနား ညမနား ခရီးမိုင် လေးရာခန့် နှင်ရမှာဖြစ်သည်။ တစ်ရက်လေးပင် အချိန်ဆွဲ၍ မရနိုင်ချေ။

ယွင်ကျုံးဟဲ့သည် မြင်းမစီးတတ်သောကြောင့် ပုံမှန်အားဖြင့် မြင်းလှည်းကိုသာ စီးနင်းလေ့ရှိသော်လည်း ယခုအခါတွင်မူ မြင်းလှည်းမှာ အလွန် နှေးကွေးသောကြောင့် မြင်းကို မဖြစ်မနေ စီးရတော့မှာဖြစ်သည်။

ဟေးပင်းထိုင်၏ သိုင်းပညာရှင် စစ်သည် ဆယ်ယောက်ကျော်သည် ယွင်ကျုံးဟဲ့ကို အစောင့်အရှောက်များဖြင့် မြောက်ဘက်သို့ အလျင်အမြန် ခရီးနှင်ကြပြီး မိုင်တစ်ရာတိုင်းတွင် မြင်းလဲလှယ်ကြ၏။

ယွင်ကျုံးဟဲ့သည် မြင်းကျောပေါ်တွင် အိပ်စက်ရန် မသင်ယူနိုင်သောကြောင့် နေ့ဘက်တွင် မြင်းစီးပြီး ညဘက်တွင် မြင်းလှည်း စီးရသည်။

“မြန်မြန်... မြန်မြန်... မြန်မြန်...

……………………

ဆယ့်နှစ်လပိုင်း နှစ်ဆယ့်ရှစ်ရက်နေ့…

အောက်ရှင်း၏ အကြီးမားဆုံး ရန်သူဖြစ်သော စစ်သူကြီး ဖူယန်ထူ၊ တောင်ပိုင်း စစ်သေနာပတိချုပ်သည် စစ်သည် နှစ်သိန်းကျော်ကို ဦးဆောင်ကာ တောင်ဘက်သို့ ခမ်းနားကြီးကျယ်စွာ ချီတက်နေ၏။

သူ မြို့တော်မှ စစ်မြေပြင်သို့ ထွက်ခွာမည့် စစ်သည်များ၏ သစ္စာဆိုပွဲ ကျင်းပပြီး ထွက်ခွာလာခဲ့သည်မှာ လေးဆယ့်ရှစ်ရက် တိတိ ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

ယခုအခါ သူသည် နန်ကျိုးနှင့် မည်မျှ ဝေးကွာနေသေးသနည်း။ မိုင်ငါးထောင်နီးပါး ကွာဝေးနေသေးသည်။ တောင်ပိုင်း နှင့် မိုင်သုံးထောင်ကျော် ကွာဝေးနေသေး၏။

သေချာပေါက် သူ၏ ရှေ့ပြေးကင်းထောက်တပ်ဖွဲ့မှာ တောင်ပိုင်းနှင့် မိုင်တစ်ထောင်ကျော်ခန့်သာ ကွာဝေးတော့သည်။

စစ်သူကြီး တစ်ယောက် အဝေးမှာ တာဝန်ထမ်းဆောင်နေချိန် ဧကရာဇ်ရဲ့ အမိန့်ကိုတောင် မနာခံနိုင်တဲ့ အခြေအနေမျိုး ရှိနိုင်တယ် ဟူသော စကားတစ်ခွန်း ရှိ၏။

သေချာပေါက် ဖူယန်ထူက ဤသို့ လုပ်ဆောင်ရန် ရည်ရွယ်ထားခြင်း မဟုတ်သော်လည်း ဤစကားက စစ်သူကြီး တစ်ဦး အဝေးတွင် တပ်တော်ကို ဦးဆောင်နေချိန်၌ သူ၏ ဩဇာအာဏာမှာ အလွန် ကြီးမားကြောင်းကို သက်သေပြနေပြီး တစ်ခါတစ်ရံတွင် ဧကရာဇ်ကိုယ်တိုင်ပင်လျှင် အလျှော့ပေးရလေ့ ရှိသည်။

ဖူယန်ထူ သာမက အောက်ရှင်း တပ်တော်ကို ဦးဆောင်နေစဉ်ကလည်း ဤသို့ပင် ဖြစ်ပြီး ဧကရာဇ်က မကြာခဏဆိုသလို နှစ်သိမ့်မှုများ ပေးလေ့ရှိ၏။

ယခုအခါ ဖူယန်ထူ၏ လက်ထဲတွင် စစ်သည် နှစ်သိန်းကျော် ရှိနေပြီး နေ့စဉ်နေ့တိုင်း စာပေါင်းများစွာကို လက်ခံရရှိနေသည်။ နိုင်ကော်မှ၊ ဆူမီယွမ်မှ၊ ထို့အပြင် ဧကရာဇ်ထံမှ စာများလည်း ပါဝင်သည်။

ဧကရာဇ်၏ နှစ်သိမ့်မှုများမှာ တစ်ကြိမ်ထက် တစ်ကြိမ် ပို၍ ရင်းနှီးလာပြီး ဆုလာဘ်များမှာလည်း တစ်ကြိမ်ထက် တစ်ကြိမ် ပို၍ ကြီးမားလာ၏။

ယခုအခါ တပ်တော်ကြီးမှာ တောင်ပိုင်းသို့ မဝင်ရောက်ရသေးဘဲ မိုင်သုံးထောင်ခန့် ကွာဝေးနေသေး သော်လည်း ဧကရာဇ်က ဖူယန်ထူတွင် အကျိုးဆောင်မှု ရှိသည်ဟုဆိုကာ သူ၏ ညီတစ်ဦးကို မြို့စားငယ် အဖြစ်ပင် ခန့်အပ်လိုက်သေးသည်။

အဘယ်ကြောင့်ဆိုသော် ဧကရာဇ်က သူ အစွမ်းကုန် မကြိုးစားမည်ကို စိုးရိမ်နေသောကြောင့်ပင်။

အခြားသူများက တောင်ပိုင်း၏ အခြေအနေကို မသိရှိကြသော်လည်း ဧကရာဇ်ကမူ အလွန် ရှင်းလင်းစွာ သိရှိထားပြီး အခြေအနေမှာ အလွန် ဆိုးရွားနေကာ တစ်ရက် နောက်ကျသွားသည်နှင့် ကြောက်မက်ဖွယ် ကောင်းသော အကျိုးဆက်များ ဖြစ်ပေါ်လာနိုင်ကြောင်း သိရှိထားသည်။

သို့ပေမည့် ဧကရာဇ် အနေဖြင့် အပြစ်တင်၍ မရသလို ချီတက်မှု အမြန်နှုန်းကိုလည်း အတင်းအကျပ် တောင်းဆို၍ မရနိုင်ချေ။

အဘယ်ကြောင့်ဆိုသော် ဖူယန်ထူသည် စစ်သည် နှစ်သိန်းကျော်ကို ဦးဆောင်ကာ တစ်နေ့လျှင် မိုင်ဆယ်ချီ ချီတက်နေခြင်းမှာ အတော်လေး မြန်ဆန်နေပြီ ဖြစ်သောကြောင့်ပင်။

ဤအချိန်သည် စစ်သူကြီးများအတွက် အဖိုးတန်ဆုံး အချိန်ဖြစ်ပြီး ဧကရာဇ်ထံမှ မည်သည့် တောင်းဆိုချက်ကိုမဆို တောင်းဆိုနိုင်သည်။

All Chapters