← Chapters

အခန်း (၃၆၅-၃၆၆)

Vol. 37 Ch. 365-366

အခန်း (၃၆၅-၃၆၆)

Vol. 37 Ch. 365-366

အခန်း (၃၆၅) ဗုဒ္ဓတစ်သောင်း မဟာအစီအရင်

တိတ်ဆိတ်သွားသည်။ လက်ဖက်ရည်တစ်ခွက် သောက်စာ ကြာမြင့်ချိန်အတွင်း ပူဇော်ပွဲကွင်းပြင်တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားခဲ့၏။

သို့သော် မကြာမီမှာပင် ပေါင်ရှန့်နိုင်ငံနှင့် လှို့ဝှက်ဗုဒ္ဒကျောင်းတော်မှ ပညာရှင်များ သတိပြန်ဝင်လာသည်။ သူတို့က အဓိပ္ပာယ်ပါသော အကြည့်ချင်း ဖလှယ်လိုက်ကြပြီး တစ်ပြိုင်နက်တည်း ဟစ်အော်လိုက်ကြ၏။

“ဒီကောင်က လက်ပေါက်ကပ်တယ်ဟ။ အားလုံးပေါင်းပြီး ဖမ်းကြစမ်း”

“သဘောတူတယ်”

နီဗားနားရှင်သန်ခြင်းအဆင့် အစွမ်းထက်ပုဂ္ဂိုလ်များသည် သူတို့၏ ဂုဏ်သိက္ခာကို ငဲ့ကွက်မနေနိုင်ကြတော့ပေ။ အကယ်၍ ဤလူစုက ပေါင်ရှန့်တိုင်းပြည်၏ အနာဂတ်အရှင်သခင်ကို သူတို့မျက်စိရှေ့မှောက်မှာတင် နှိမ်နင်းသွားခဲ့ပါက သူတို့နိုင်ငံသည် လူရယ်စရာ ဖြစ်ပေတော့မည်။

နိုင်ရုံသာနိုင်ပါစေ။ ဂုဏ်သိက္ခာ အနည်းငယ် ညှိုးနွမ်းသွားသည်မှာ ကိစ္စမရှိပေ။

လူတို့သည် အောင်နိုင်သူကိုသာ မှတ်မိကြပြီး အရှုံးသမားကို အမြဲပင် မေ့လျော့တတ်ကြသည်။

အတိတ်က နျဲ့မျိုးနွယ်စုကြီးကိုပင် အားလုံးက မေ့သွားကြပြီ မဟုတ်လော။

ဒင်

ဇီသာသံတစ်ချက် ရုတ်တရက် ထွက်ပေါ်လာပြီး နီဗားနားရှင်သန်ခြင်းအဆင့် ကျင့်ကြံသူ တစ်ဒါဇင်ကျော်၏ လမ်းကို ပိတ်ဆို့လိုက်သည်။

ယဲ့ပေ့ရွှမ်သည်လည်း ရှေ့သို့တစ်လှမ်း တက်လာပြီး သူ့လက်ထဲမှ အတုပယောင်ဟုန်မန်ကြေးမှုံကို ကစားရင်း ပြုံးလျက် ပြောလိုက်သည်။

“ငါ့ရဲ့ ဒုတိယစီနီယာအစ်ကိုက ပြောတယ်။ မင်းတို့ ပြိုင်ဘက်က ငါတို့ပဲတဲ့။ ဒုတိယစီနီယာအစ်ကိုရဲ့ ကိစ္စတွေထဲကို ဝင်မရှုပ်ကြနဲ့။ မင်းတို့ သူ့ကို စိတ်အနှောင့်အယှက် ဖြစ်အောင်လုပ်ရင် သူ့ဂျူနီယာဖြစ်တဲ့ ငါလည်း အတော်လေး စိတ်တိုမိလိမ့်မယ်”

သူ့စကားအဆုံးတွင် စွမ်းအင်အရှိန်အဝါများ စတင် ထွက်ပေါ်လာတော့၏။

နီဗားနားရှင်သန်ခြင်းအဆင့် ကျင့်ကြံသူ တစ်ဒါဇင်ကျော်သည် ယဲ့ပေ့ရွှမ်၏ ကျင့်ကြံခြင်းအဆင့်ကို အာရုံခံမိသွားပြီး သူတို့မျက်လုံးထဲတွင် ပြင်းထန်သော ဒေါသရိပ်များ ဖြတ်ပြေးသွားကြသည်။

နီဗားနားရှင်သန်ခြင်းအဆင့်ကျင့်ကြံသူ တစ်ဦး ဟိန်းဟောက်လိုက်သည်။

“တာအိုပေါင်းစည်းခြင်းအဆင့် ကျင့်ကြံသူလေးကများ ငါတို့ကို ပိတ်ဆို့ရဲတယ်ပေါ့။ သေတွင်းတူးနေတာပဲ။ အသက်ကို ပေးလိုက်တော့။ နဂါးဖမ်းလက်”

ပြောပြောဆိုဆိုနှင့်ပင် ထိုနီဗားနားရှင်သန်ခြင်းအဆင့် ကျင့်ကြံသူသည် သူ့လက်ဖဝါးကို လက်သည်းသဏ္ဌာန် ပြောင်းလဲကာ ယဲ့ပေ့ရွှမ်ထံသို့ လှမ်းဖမ်းလိုက်၏။

ရွှေရောင်ဖျော့ဖျော့ လက်သည်းကြီးတစ်ခုသည် ကောင်းကင်ယံမှ ကျဆင်းလာပြီး ယဲ့ပေ့ရွှမ်ကို အလုံးစုံ လွှမ်းခြုံသွားတော့သည်။

ယဲ့ပေ့ရွှမ် ပေါ့ပေါ့ပါးပါးပင် လက်ကို ဆန့်ထုတ်လိုက်ရာ သူ့အတွင်းအားများမှာ ခရမ်းရောင် ဓားရိပ်တစ်ခုအဖြစ် စုစည်းသွားသည်။

“ဖြတ်တောက်စမ်း”

သူ့စကားအဆုံးတွင် ဥပဒေသ၏ သရုပ်သဏ္ဌာန် ပေါ်ပေါက်လာသည်။

ဓားရိပ်သည် စက္ကူကို ဖောက်ထွက်သွားသည့်အလား လက်သည်းကြီးကို ဖြတ်သန်းကာ နီဗားနားရှင်သန်ခြင်းအဆင့် ကျင့်ကြံသူထံသို့ ပျံသန်းသွားလေ၏။

“သတိထား”

ဘေးပတ်ဝန်းကျင်ရှိ နီဗားနားရှင်သန်ခြင်းအဆင့် ကျင့်ကြံသူများ မြင်မြင်ချင်း အော်ဟစ် သတိပေးလိုက်ကြသည်။

သို့သော် နောက်ကျသွားပြီဖြစ်၏။ ခရမ်းရောင် ဓားရိပ်သည် ထိုနီဗားနားရှင်သန်ခြင်းအဆင့် ကျင့်ကြံသူ၏ ခန္ဓာကိုယ်ကို ဖောက်ထွက်သွားပြီး မြင့်မားသော စင်မြင့်ထက်တွင် စိုက်ထူလိုက်တော့သည်။

ဤမြင်ကွင်းကြောင့် ရေမြေပူဇော်ပွဲသို့ တက်ရောက်လာကြသော ကျင့်ကြံသူအားလုံး မှင်တက်သွားကြရ၏။

“ဒီလူစုက တကယ်ပဲ ဘယ်က လာတာလဲ။ အဆင့်ကျော်ပြီး စိန်ခေါ်တာက သူတို့အတွက် ထမင်းစားရေသောက်သလိုပဲလား”

“နျဲ့ရှို့ယွမ်က ဝမ်တောက်ကျောင်းတော်ကို ဝင်သွားတယ်လို့ ကြားဖူးသလိုပဲ။ သူတို့က ကျောင်းတော်က ပါရမီရှင်တွေများလား”

“ဖြစ်နိုင်တယ်။ ဒါပေမဲ့ ဒီလူတွေအကြောင်းကို ဘာလို့ တခါမှ မကြားဖူးတာပါလိမ့်”

“…”

အံ့အားသင့်ဆုံးမှာ ပေါင်ရှန့်တိုင်းပြည်နှင့် လှို့ဝှက်ဗုဒ္ဓကျောင်းတော်မှ ကျင့်ကြံသူများပင်။

တခဏအတွင်းမှာပင် နီဗားနားရှင်သန်ခြင်းအဆင့် ပညာရှင်နှစ်ဦး ဆုံးရှုံးသွားလိမ့်မည်ဟု သူတို့ လုံးဝ မထင်ထားခဲ့ပေ။

ထိုအထဲတွင် ပေါင်ရှန့်တိုင်းပြည်၏ ဘုရင်အဆင့် အစွမ်းထက် ပုဂ္ဂိုလ်တစ်ဦးပင် ပါဝင်နေခဲ့၏။

ဓမ္မရုပ်သွင်ဗုဒ္ဓသားတော်သည် ဆက်၍ သည်းမခံနိုင်တော့ပေ။ သူ ဘေးနားရှိ ကျင်းလွန်အား အော်ပြောလိုက်သည်။ “မြန်မြန် တပ်ကူခေါ်တော့။ ဒီနတ်ဆိုးတွေကို နှိမ်နင်းဖို့ ဗုဒ္ဒတစ်သောင်း မဟာအစီအရင်ကို သုံးစမ်း”

“အမိန့်အတိုင်းပါ”

ဘုရင်ကျင်းလွန်က ပြန်ထူးလိုက်ပြီး သူ့သိုလှောင်လက်စွပ်ထဲမှ စစ်သေနာပတိ တံဆိပ်ပြားကို ထုတ်ကာ ကောင်းကင်သို့ မြှောက်တင်လိုက်ရင်း အော်ဟစ်လိုက်သည်။

“ဗုဒ္ဓစစ်သည်တော်တို့၊ ငါ့ကို ကူညီကြလော့”

ဗုဒ္ဓရောင်ခြည်လက်ဖွဲ့တစ်ခု စစ်သည်တော် အင်အားသောင်းချီကို ဆင့်ခေါ်လိုက်သည်။

ကောင်းကင်ယံတွင် ဗုဒ္ဓစစ်သည်တော် အမြောက်အမြားသည် သိပ်သည်းစွာ ပေါ်ပေါက်လာလေ၏။

တစ်ဦးချင်းစီ၏ မျက်နှာတွင် ကြည်ညိုဖွယ်ကောင်းသော အမူအရာများ ရှိနေကြသည်။

သူတို့ထံတွင် သတ်ဖြတ်လိုသော အရှိန်အဝါများ မရှိသော်လည်း ကောင်းကင်ယံရှိ သူတို့၏ တည်ရှိမှုက မြို့ကို ဖိနှိပ်ထားသော မည်းမှောင်သည့် မိုးတိမ်များကဲ့သို့ ခံစားရစေသည်။

“ပေါင်ရှန့်တိုင်းပြည်ရဲ့ အစွမ်းထက်ဆုံးလက်နက် ဗုဒ္ဓတစ်သောင်းတပ်ဖွဲ့ ရောက်လာပြီ”

“ဒါက ပေါင်ရှန့်တိုင်းပြည်အတွက် အရပ်မျက်နှာ အနှံ့အပြားကို သိမ်းပိုက်ပေးခဲ့တဲ့ တပ်ဖွဲ့ပဲ။ သွားလေရာမှာ အောင်ပွဲရခဲ့တာ။ သူတို့ တည်ဆောက်တဲ့ အစီအရင်က မဟာပဏ္ဍိတ အဆင့်အောက်က ဘယ်သူမှ မဖျက်ဆီးနိုင်ဘူးလို့ ပြောကြတယ်”

“ဒီဗုဒ္ဓတပ်ဖွဲ့က တစ်ခါက ဘုရင်အဆင့် အစွမ်းထက်ပုဂ္ဂိုလ်တစ်ယောက်ကိုတောင် သတ်ဖြတ်ခဲ့ဖူးတယ်လို့ ကြားတယ်။ နျဲ့ရှို့ယွမ်တို့အုပ်စုတော့ ဒီတစ်ခါ တကယ် ဒုက္ခရောက်ပြီ”

လူတို့ စကားပြောနေကြစဉ် လူတိုင်း၏ အကြည့်သည် နျဲ့ရှို့ယွမ်ထံသို့ အလိုအလျောက် ရောက်သွားကြ၏။

နျဲ့ရှို့ယွမ်၏ မျက်နှာတွင် စိတ်လှုပ်ရှားမှု အရိပ်အယောင် မရှိပေ။ ကျင်းလွန်နှင့် ဝူရှဟူသော ဘုရင်အဆင့် ပညာရှင်နှစ်ဦးထံသို့သာ စူးစိုက်ကြည့်နေခဲ့သည်။

“ဒါ မင်းတို့ရဲ့ နောက်ဆုံးဝှက်ဖဲလား”

ကျင်းလွန်ဝမ် အေးစက်စွာ ပြောလိုက်သည်။

“မင်း ငါ့ကို အကျပ်ကိုင်ခဲ့တာပဲ။ မင်းကို မနှိမ်နင်းနိုင်ဘူးဆိုတာ ငါ လုံးဝ မယုံဘူး။ မင်းကို မသတ်နိုင်ရင်တောင် မင်းရဲ့ ဂိုဏ်းတူညီအစ်ကိုတွေကတော့ ဗုဒ္ဓတစ်သောင်း မဟာအစီအရင်အောက်မှာ အပိုင်းပိုင်း ပြတ်သွားကြလိမ့်မယ်”

“ဟုတ်လို့လား ငါတော့ မယုံဘူး”

နျဲ့ရှို့ယွမ်၏ လေသံမှာ အလွန်ပင် တည်ငြိမ်နေပြီး ဤဗုဒ္ဓစစ်သည် တစ်သောင်းကို အမှုမထားသည့် အလားပင်။

“အစီအရင်ခင်းကြ”

ကောင်းကင်ယံတွင် ဗုဒ္ဓစစ်သည်များကို ကွပ်ကဲနေသော နီဗားနားရှင်သန်ခြင်းအဆင့် ဘုန်းကြီးအိုက အစီအရင်အလံကို ဝေ့ယမ်းလိုက်သည်။ သူ့အမိန့်အရ ဗုဒ္ဓစစ်သည် တစ်သောင်းသည် ချက်ချင်းပင် နေရာယူလိုက်ကြပြီး စကြာပုံသဏ္ဌာန် စစ်ပွဲအစီအရင်ကို ဖော်ဆောင်လိုက်ကြသည်။

အစီအရင် ပေါ်ပေါက်လာသည်နှင့် သူတို့ တစ်ဦးချင်းစီထံမှ ထွက်ပေါ်လာသော ဗုဒ္ဓရောင်ခြည် ဖျော့ဖျော့သည် ပေါင်းစည်းသွားကာ ကောင်းကင်တစ်ခုလုံးကို ရွှေရောင် လွှမ်းသွားစေခဲ့၏။

“နှိမ်နင်းစမ်း”

တပ်ဖွဲ့ကို ကွပ်ကဲနေသော နီဗားနားရှင်သန်ခြင်းအဆင့် ဘုန်းကြီးက ဟိန်းဟောက်လိုက်ရာ အစီအရင်အတွင်းမှ နားကွဲမတတ် အသံကြီး ထွက်ပေါ်လာသည်။

“နှိမ်နင်းစမ်း”

ဗုဒ္ဓရောင်ခြည်များဖြင့် ဖွဲ့စည်းထားသော ကြီးမားလှသည့် ပုံရိပ်ကြီးသည် ကောင်းကင်မှ ကျဆင်းလာတော့၏။

“ဗုဒ္ဓအသိဉာဏ်ကို ရုပ်လုံးဖော်နိုင်တာပဲ။ ပေါင်ရှန့်တိုင်းပြည်ရဲ့ အစွမ်းထက်ဆုံး လက်နက်လို့ ခေါ်ထိုက်ပါတယ်။ ဗုဒ္ဓစစ်သည် တစ်သောင်းက ဗုဒ္ဓလမ်းစဉ်ရဲ့ တစ်ကယ့်အနှစ်သာရကို အထွတ်အထိပ်အဆင့်ထိ ရုပ်လုံးဖော်နိုင်တယ်”

လူတိုင်း၏ အကြည့်သည် နျဲ့ရှို့ယွမ်နှင့် သူ့အဖွဲ့ထံသို့ ကျရောက်နေသည်။ သို့သော် အံ့ဩစရာကောင်းသည်မှာ နျဲ့ရှို့ယွမ်ရော ရှေ့သို့ တက်လာကြသူများပါ လှုပ်ရှားမည့် အရိပ်အယောင် မပြကြခြင်းပင်။

လူအုပ်ထဲမှနေ၍ ရိုးသားသော အသွင်အပြင်ရှိသည့် ဝတုတ်တုတ် လူငယ်လေးတစ်ဦး ဖြည်းဖြည်းချင်း လမ်းလျှောက်ထွက်လာသည်။ လူတိုင်း၏ ရှေ့မှောက်တွင် သူသည် အလွန်နှေးကွေးပြီး သာမန်ကာလျှံကာဟု ထင်ရသော လက်သီးကွက်တစ်ခုကိုသာ ထုတ်ဖော်လိုက်၏။

ဗုဒ္ဓရောင်ခြည်များ ကျဆင်းလာခါနီးတွင် သူသည် ပွေ့ပိုက်ထားသည့် အနေအထားကို ယူလိုက်သည်။ သူ့လက်ထဲတွင် ထိုက်ချီစက်ဝိုင်းတစ်ခု ပေါ်လာပြီး ရှေ့သို့ ပြင်းထန်စွာ တွန်းထုတ်လိုက်သည်။

ထိုက်ချီစက်ဝိုင်းမှာ ရှေ့သို့ အရှိန်အဟုန်ဖြင့် ထွက်ပေါ်လာ၏။

ဝုန်း

ကြီးမားလှသော ပေါက်ကွဲသံကြီးနှင့်အတူ ဖုန်မှုန့်တိမ်တိုက်ကြီးများ အလိပ်လိုက် တက်လာသည်။

‘ပြီးသွားပြီလား’

ဤအတွေးသည် လူတိုင်း၏ စိတ်ထဲတွင် ပေါ်လာလေ၏။

ဖုန်မှုန့်များ ငြိမ်သက်သွားသောအခါ ထိုဝတုတ်တုတ် လူငယ်လေးမှာ ဒဏ်ရာအနာတရ တစ်စုံတစ်ရာ မရှိဘဲ မတ်တပ်ရပ်နေသည်ကို လူတိုင်း မြင်တွေ့လိုက်ရသည်။

“နောက်ထပ် ပညာရှင် တစ်ယောက်ပဲ”

“နျဲ့ရှို့ယွမ်က ဒီတစ်ခါတော့ ပါရမီရှင်တွေ အများကြီး ခေါ်လာခဲ့တာပဲဟ”

“…”

ဝမ်ပေါင်လဲ့က ကောင်းကင်ရှိ ဗုဒ္ဓစစ်သည် တစ်သောင်းကို ကြည့်ပြီး ပြုံးလျက် ပြောလိုက်သည်။

“နည်းနည်းလောက် ပိုကြိုးစားပေးကြပါဦး။ ကျုပ် ခံနိုင်ပါသေးတယ်”

အစောပိုင်းက သူ၏ ဒုတိယစီနီယာအစ်ကိုသည် သူ့အား နီဗားနားရှင်သန်ခြင်းအဆင့် ပညာရှင်များကို နှိမ်နင်းခွင့် မပေးသဖြင့် သူ အနည်းငယ် စိတ်ပျက်နေခဲ့၏။ ယခုမူ သူ လှုပ်ရှားရမည့် အလှည့်ရောက်လာပြီ ဖြစ်သဖြင့် သူ ကောင်းကောင်း လက်စွမ်းပြလိုနေသည်။

“စီနီယာအစ်ကို ကျွန်မလည်း တိုက်ချင်တယ်”

ပိုင်ကျင်း ဝမ်ပေါင်လဲ့၏ ဘေးနားတွင် မည်သည့်အချိန်က ရောက်လာသည်မသိ ဂျီကျပြောလိုက်သည်။

“ကောင်းပြီလေ”

ဝမ်ပေါင်လဲ့က လူအုပ်ဘက်သို့ လှည့်ကာ ပြောလိုက်၏။

“စီနီယာ အစ်ကိုတို့၊ ဂျူနီယာ ညီအစ်ကို မောင်နှမတို့... အားလုံး အတူတူ တက်ကြရအောင်။ ဗုဒ္ဓတစ်သောင်းမဟာအစီအရင် ဆိုတာက ကျုပ်တို့ကို ပိတ်မိအောင် လုပ်နိုင်မလား ကြည့်ကြတာပေါ့”

“ကောင်းပြီ”

ရွှီချိုက်ချန် ပထမဆုံး သဘောတူလိုက်သည်။ သူက လှုပ်ရှားချင်နေသည်မှာ ကြာပြီ ဖြစ်သော်လည်း အခွင့်အရေး မရခဲ့ခြင်း ဖြစ်သည်။

ဟန်ပင်း စကားမပြောဘဲ ခေါင်းညိတ်ပြလိုက်သည်။ သူ့ဘေးနားမှ ချူချိုက်ယီမှာ ရှေ့သို့ လှမ်းထွက်လာပြီး သူမ ခန္ဓာကိုယ်မှ လုံးဝ ကွဲပြားခြားနားသော အရှိန်အဝါ နှစ်ခု ထွက်ပေါ်လာလေ၏။

“ကောင်းပြီ။ ငါပဲ ရှေ့ဆုံးကနေ တိုက်မယ်”

ဝမ်ပေါင်လဲ့သည် သိုလှောင်လက်စွပ်ထဲမှ ထင်းခုတ်ဓားတစ်လက်ကို ထုတ်ယူလိုက်သည်။ သူ့ပုံစံမှာ ရယ်စရာကောင်းသော်လည်း မည်သူမျှ သူ့ကို မရယ်ရဲကြပေ။

အစောပိုင်းက သူပြခဲ့သော လှုပ်ရှားမှုက လူတိုင်းကို ယုံကြည်သွားစေ၏။

ဝမ်ပေါင်လဲ့သည် လေထဲသို့ ခုန်တက်လိုက်ပြီး ကောင်းကင်ယံရှိ စစ်ပွဲအစီအရင်ဆီသို့ ပျံသန်းသွားသည်။

သူ့နောက်မှနေ၍ ဝမ်တောက်ကျောင်းတော်၏ အဖွဲ့ဝင်အားလုံးသည်လည်း လိုက်ပါသွားကြလေသည်။

ပေါင်ရှန့်တိုင်းပြည်နှင့် လျှို့ဝှက်ဗုဒ္ဓကျောင်းတော်မှ နီဗားနားရှင်သန်ခြင်းအဆင့် ပညာရှင်များသည် သူတို့ကို တားဆီးရန် အကြံမရှိပေ။ အစီအရင်အတွင်းသို့ တမင်တကာ ဝင်ခွင့်ပေးလိုက်ကြသည်။

၎င်းကို မြင်တော့ ကျင်းလွန် ရက်စက်စွာ ပြုံးလိုက်၏။

“ဟားဟားဟား... နျဲ့ရှို့ယွမ်၊ မင်းရဲ့ ဂျူနီယာက မင်းလို ဦးနှောက်မရှိတာပဲ။ သူသာ အစီအရင်အပြင်ဘက်မှာ နေခဲ့ရင် စစ်သည်တွေနဲ့ အချိန်အတော်ကြာ တိုက်နိုင်ဦးမှာ။ အခုတော့ အစီအရင်ထဲ ဝင်သွားပြီဆိုတော့ သေချာပေါက် သေတွင်းတူးတာပဲ။ ဒီနေ့တော့ သူတို့ကိုပါ မင်းနဲ့အတူ သေလမ်းကို လိုက်ခိုင်းလိုက်မယ်”

“မင်း ဝမ်းသာတာ စောလွန်းသေးတယ်”

နျဲ့ရှို့ယွမ်က တည်ငြိမ်စွာ ပြောလိုက်သည်။

“ငါမှတ်မိသလောက်ဆိုရင် ဗုဒ္ဓတစ်သောင်းမဟာအစီအရင်ဆိုတာ မဟာပဏ္ဍိတအဆင့်အောက်မှာ အနိုင်မတိုက်နိုင်တဲ့ အရာတစ်ခုမဟုတ်ဘူး။ အစီအရင်ထဲက ဗုဒ္ဓလမ်းစဉ်ရဲ့ အနှစ်သာရကို ချိုးဖျက်ဖို့အတွက် မတူညီတဲ့ အထွတ်အထိပ်အနှစ်သာရ သုံးမျိုးပဲ လိုအပ်တာ။ အဲဒီလိုဆိုရင် ဒီ ဗုဒ္ဓစစ်သည်တစ်သောင်းဟာ အဆင့်နိမ့် ကျင့်ကြံသူတွေထက် ဘာမှ မပိုတော့ဘူး”

၎င်းကို ကြားတော့ ကျင်းလွန် လှောင်ပြုံး ပြုံးလိုက်သည်။

“နျဲ့ရှို့ယွမ် မင်းရဲ့ ဂျူနီယာတွေက အနှစ်သာရ သုံးမျိုးကို အထွတ်အထိပ်အထိ ကျင့်ကြံထားတယ်လို့တော့ မပြောနဲ့”

“မကြာခင် မင်း သိရမှာပါ။ အခုတော့ ငါ့ဓားချက်ကို အရင် မြည်းစမ်းကြည့်လိုက်ဦး”

နျဲ့ရှို့ယွမ် ပြောနေစဉ်မှာပင် သူ့လက်ထဲမှ ဓားမှာ ဆွဲထုတ်လိုက်၏။

အခန်း(၃၆၆) ပေါင်ရှန့်ဘုရားကျောင်းမှ ပြင်းထန်သည့် တိုက်ပွဲ

ကလန်

နျဲ့ရှို့ယွမ် သူ့ဓားကို ခုတ်ပိုင်းလိုက်သည့်အခိုက် ရေမြေဓမ္မပူဇော်ပွဲ၏ ငြိမ်းသက်မှုမှာ နောက်တစ်ကြိမ် ပျက်ပြားသွားတော့သည်။

ချောင်ရို့ချန် အပိုစာသား ထပ်မပြောတော့ချေ။ သူ မြို့စားငါးယောက်ထံသို့ ပျံသန်းသွား၏။ ချင်းချင်းသည် ဇီသာကြိုးကို တီးခတ်နေဆဲပင်။ ဂီတသံသည် နီဗားနားရှင်သန်ခြင်းအဆင့် ကျင့်ကြံသူများ၏ နားဝယ် ရစ်သိုင်းနေပြီး ထိုသူတို့၏ စိတ်ကို လှိုင်းထန်သွားစေသည်။

ယဲ့ပေရွှမ် သူ့စိတ်ဝိညာဉ်စွမ်းအားများကို အသက်သွင်းလိုက်၏။ အတုအယောင်ဟုန်မန်ကြေးမုံသည် ဟုန်မန်အလင်းတန်းတို့ တောက်ပလာပြီး နီ‌ဗားနားရှင်သန်ခြင်းအဆင့်ကျင့်ကြံသူများကို ဖုံးအုပ်သွားတော့သည်။

ရှောင်ချန်း သူ့ဓားကို မြှောက်ပြီး ဓမ္မရုပ်သွင်ဗုဒ္ဓသားတော်ကို အမူအရာမဲ့စွာ ချိန်လိုက်သည်။ သူ ဘာမှ မပြောသော်လည်း သူ့အမူအရာက စကားလုံးများထက် ရှင်းလင်းနေ၏။

ချင်ယွမ်နှင့် ရှီမန်ယဲ့တို့သည် ထောင့်တစ်ထောင့်၌ ရပ်ကာ ရှေ့က မြင်ကွင်းကို ကြောင်အစွာ ကြည့်နေသည်။

‘သန်မာလွန်းတယ်။ အရမ်းသန်မာလွန်းတယ်’

သူတို့ ဆရာဦးလေးနှင့် ဆရာအဒေါ်တို့သည် စိတ်ကူးမယဉ်နိုင်လောက်အောင် သန်မာလွန်းလှ၏။

‘ငါတို့လည်း ရှေ့တက်ပြီး တိုက်ခိုက်ချင်တယ်’

“ပေါင်ရှန့်ဉာဏလက်ဖဝါး”

“ငါးရောင်ခြယ်ဗုဒ္ဓရောင်ခြည်တော်”

ဘုရင်ကျင်းလွန် နဂါးဆင်ပုံရိပ်ကြီး ပေါ်နေသည့် လက်ဖဝါးကို ထုတ်လွှတ်လိုက်ပြီး ဓားနှင့် ထိပ်တိုက်ရင်ဆိုင်စေလိုက်သည်။

ဘုရင်ဝူရှ တင်ပျဉ်ခွေ ချိတ်ထိုင်လိုက်ပြီး လက်ဖဝါးတစ်ချက် ရိုက်သွင်းလိုက်သည်။ သူမ ကိုယ်ပေါ်မှ ငါးရောင်ခြယ် အလင်းတန်းတို့ တောက်ပလာ၏။

တစ်ခဏအတွင်းမှာပင် မိုးမြေ အရောင်ပြောင်းသွားသည်။ ပေါင်ရှန့်ကျောင်းတော် တည်ရာ တောင်ပင် ပြိုကျတော့မည့်အလား ပြင်းထန်စွာ တုန်ယင်လာသည်။

ထိုသည်ကို မြင်သော် စုဝေးပွဲမှ ကျင့်ကြံသူများသည် သူတိုတပည့်များနှင့် အတူ တိုက်ပွဲနောက်ဆက်တွဲလှိုင်းဂယက်များကြား ပါမည်ကို ကြောက်ရွံ့၍ ပျံသန်း ထွက်ပြေးကြတော့၏။

ကျင်းကွမ်သာ သူ့ခုံတွင် ထိုင်နေပြီး မျက်လုံးထဲတွင် ရှုပ်ထွေးမှု၊ အကြောက်တရားနှင့် မလွယ်ကူများ ပြည့်နှက်နေသည်။

စုဝေးပွဲ အပြင်တွင်လည်း ပေါင်ရှန့်တိုင်းပြည်မှ သူများနှင့် ပွဲတော် လာဆင်နွှဲသော ကျင့်ကြံသူများသည် ကြောင်အနေကြသည်။ ဤအရာများသည် ပူဇော်ပွဲ၏ အစိတ်အပိုင်းမဟုတ်ပေ။

သူတို့ တောင်ပေါ်တွင် မရေမတွက်နိုင်သော ကျင့်ကြံသူများ ပျံသန်းနေကြသော်လည်း ယခုမှ ပြဿနာရှာမည့်သူများ ဖြစ်ကြောင်း သိလိုက်ရသည်။ ရန်ငြိုးဟောင်းများ လာရောက်ဖြေရှင်းသည့်ဟန်ပင်။

ဓမ္မရုပ်သွင်ဗုဒ္ဓသားတော် နျဲ့ရှို့ယွမ်၏ ဓားကို မြင်သော် ထိုင်မနေနိုင်တော့ချေ။ သူ မျက်လုံးများကို ပိတ်ပြီး လက်ဖဝါးကို အတူတကွ ကပ်ကာ ရှေ့သို့ ညွှန်ပြလိုက်သည်။

“အဆုံးမဲ့ ဗုဒ္ဓ အဆုံးအမတော်များ”

ပထမဆုံး သူ့ရင်ဘက်ပေါ်တွင် ဗုဒ္ဓရောင်ခြည်တော်များ ပေါ်လာ၏။ ထို့နောက် ကျန့်တစ်သောင်းရှည်လျားသော အလင်းတန်းများ ထွက်ပေါ်လာသည်။

ထိုအခိုက် ဓမ္မရုပ်သွင်ဗုဒ္ဓသားတော်၏နားတွင် အေးစက်သည့် အသံတစ်သံ ထွက်လာသည်။

“ငါ မင်းကို ဝင်မပါဖို့ ပြောသားပဲ”

ချွင်

ဓားသည် လွယ်လင့်တကူဖြင့် ဗုဒ္ဓရောင်ခြည်ကို ချိုးဖျက်၍ ဓမ္မရုပ်သွင်ဗုဒ္ဓသားတော်ထံ အလင်းအလျှင်ဖြင့် ဆက်လက်တိုးဝင်သွားတော့သည်။

နျဲ့ရှို့ယွမ် သူ့ဓားကို ပေါ့ပေါ့ပါးပါး လွှဲယမ်းသည်။ ဓားသွားသည် နဂါးဆင်နှင့် ငါးရောင်ခြယ်ဗုဒ္ဓ‌ရောင်ခြည်တော်တို့ကို အားပင် မစိုက်ထုတ်ရဘဲ ဖြတ်ကျော်သွားပြီး ဘုရင်ဝူရှနှင့် ဘုရင်ကျင်းလွန်တို့ကိုပါ ဖြတ်တောက်သွား၏။

သူတို့နှစ်ဦး နောက်သို့ လွင့်ထွက်သွားပြီး စင်မြင့်နောက်က ပုလ္လင်ကို သွားစောင့်ပြီး မြေပြင်ပေါ်သို့ ပြုတ်ကျသွားသည်။

ဖွီး

သူတို့ ပြုတ်ကျသွားပြီးနောက် ပါးစပ်အပြည့် သွေးတစ်လုတ် အန်ထုတ်လိုက်ရသည်။

သူတို့ ပျံသန်းထွက်ပြေးရန် ကြိုးစားသော်လည်း သွေးကြောများ ပြင်းထန်စွာ ထိခိုက်သွားသလို ဒန်ထျန်းလည်း ပျက်စီးသွားကြောင်းတွေ့လိုက်ရသည်။ သူတို့ ဝိညာဉ်ပင် ထိခိုက်သွားပြီး ထွက်ပြေးရန် မဖြစ်နိုင်တော့ပေ။

သူတို့ စကားမပြောခင် ဓားဖြင့် ခုတ်ပိုင်းခံလိုက်ရ၍ ခြေလှမ်းများစွာ နောက်ဆုတ်လိုက်ရသော ဓမ္မရုပ်သွင်ဗုဒ္ဓသားတော်သည် ပြောလာသည်။ သူ့နှုတ်ခမ်းမှ သွေးများ စီးကျလာပြီး ညည်းညူသံများ ထွက်လာသည်။

“မင်း ဘယ်သူလဲ။ မင်းက ဓားတာအိုအနှစ်သာရကို နားလည်ထားတာလား”

ဓမ္မရုပ်သွင်ဗုဒ္ဓသားတော်သည် သူ့ရှေ့က လူငယ်ကို မယုံကြည်နိုင်စွာ ကြည့်နေသည်။ လျှို့ဝှက်ဗုဒ္ဓကျောင်းတော်မှ ခုခံရေးရတနာကြောင့်သာ မဟုတ်လျှင် သူ အလောင်းအဖြစ်သို့ ပြောင်းလဲသွားလောက်ပေပြီ။

ရှောင်ချန်း တည်ငြိမ်စွာ ပြောသည်။ “ကျုပ်က ဝမ်တောက်ကျောင်းတော်က မြင့်မြတ်သားတော် ရှောင်ချန်း”

“ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ”

ဓမ္မရုပ်သွင်ဗုဒ္ဓသားတော်သည် ထိုနာမည်ကို ရင်းနှီးပေသည်။ လက်ရှိခေတ်၏ ပြိုင်ဘက်ကင်းပါရမီရှင်ပေ။

ရှောင်ချန်း မဖြေပေ။ သူ ဓားကို ထပ်မြှောက်လိုက်သည်။

“ခင်ဗျား ကျုပ်ဓား ထက်မထက် စမ်းကြည့်ချင်သေးလား”

ထိုသည်ကို ကြားသော် ဓမ္မရုပ်သွင်ဗုဒ္ဓသားတော် ခေါင်းခါပြီး နောက်သို့အတော်လေး ဆုတ်လိုက်မိသည်။ သူ့စိတ်ထဲတွင် ထွက်ပြေးချင်သည့် အတွေးများ ပေါ်လာသည်။

ထိုလှုပ်ရှားမှုလေးက ဘုရင်ကျင်းလွန်၏ မျက်လုံးထဲမှ မလွတ်မြောက်သွားပေ။

“နျဲ့ရှို့ယွမ် မင်းဘာလို့ ငါ့ကို မသတ်သေးတာလဲ”

နျဲ့ရှို့ယွမ် အေးစက်စွာ ပြောသည်။ “ ကျင်းမိသားစုနဲ့ ယန်မိသားစု ပျက်စီးသွားတာကို မင်း ကိုယ်ပိုင်မျက်လုံးနဲ့ မြင်အောင် လုပ်ပေးမလို့”

ဘုရင်ကျင်းလွန် ရယ်မောသည်။ “ဟားဟားဟားဟား မင်း နျဲ့မိသားစုကို ငါတို့ကျင်းနဲ့ ယန်မိသားစုပဲ ရှင်းထုတ်လိုက်တယ်လို့ တကယ်ကြီးထင်နေတာလား”

“သေချာပေါက် မဟုတ်ဘူးပေါ့။ ဒါပေမဲ့ မင်းတို့နှစ်မိသားစုကို ရှင်းထုတ်လိုက်ရင် နောက်ကွယ်က ကြိုးကိုင်သူတွေက သူ့အလိုလို ထွက်လာလိမ့်မယ်”

နျဲ့ရှို့ယွမ် ရည်ရွယ်ချက်ရှိရှိ တစ်ခဏ ရပ်လိုက်ပြီးမှ ဆက်ပြောသည်။

“ဒါပေမဲ့ ငါ မင်းရဲ့ မိသားစုတွေ တစ်ယောက်ပြီးတစ်ယောက်သေတာကို ကိုယ်တိုင် ထိုင်ကြည့်နေရအောင် လုပ်ပေးမယ်။ စိတ်ပျက်နားကျည်းမှုတွေ မင်းကို ဝါးမြိုပြီး သေသွားတော့မှ ငါ့အမုန်တရားတွေကို ကြေအေးပေးနိုင်မှာ”

“နျဲ့ရှို့ယွမ်”

ဘုရင်ဝူရှ ကယောင်ချောက်ချား အော်ဟစ်လိုက်သည်။

“နင်က လူမဟုတ်ဘူး။ မိစ္ဆာပဲ”

နျဲ့ရှို့ယွမ် နှာခေါင်းရှုံ့သည်။

“ ကမ္ဘာကြီးက ငါ့ကို လူသားလို့ပဲ ခေါ်ခေါ် နတ်ဆိုးလို့ပဲခေါ်ခေါ် ဘာအရေးလဲ။ ငါ့ရည်ရွယ်ချက်က ဉာဏ်အလင်းပွင့်ပြီး လွတ်လပ်စွာ လှည့်လည်သွားလာဖို့ပဲ”

ဘုရင်ကျင်းလွန် ကျယ်လောင်စွာ ရယ်မောသည်။ “ မင်းလို ယင်ကောင်သေးသေးလေးက နျဲ့မျိုးနွယ်က ဝိညာဉ်တွေကို ဖြေသိမ့်ပေးနိုင်မယ်ထင်လား။ ငါ ငရဲကို အရင်သွားရရင်တောင် မင်းကို စမ်းချောင်းဝါလမ်းကြောင်းမှာ စောင့်နေမယ်”

သူစကားအဆုံးတွင် ဗုဒ္ဓတစ်သောင်းမဟာအစီအရင်၌ အပြောင်းအလဲများ ဖြစ်ပေါ်လာသည်။

ပထမဆုံး အစီအရင်ထက်တွင် ဧရာမပုံရိပ်ကြီးတစ်ခု ပေါ်လာသည်။ ထို့အပြင် လပြည့်ဝန်းတစ်ခု တွဲပေါ်လာပြီး ညနေခင်းအလင်းရောင်တို့ကို မည်းမှောင် ဖုံးလွှမ်းသွားစေ၏။

ထို့နောက် နောက်ထပ်ပုံရိပ်တစ်ခု ပေါ်လာသည်။ ထိုလပြည့်ဝင်း၏ နောက်တွင် ပြန်လည်ဝင်စားခြင်းလမ်းစဉ်ခြောက်သွယ် ပေါ်လာပြီး သေခြင်းနယ်မြေကို မြင်လိုက်ရ၏။

နတ်ဆိုးဘုရားနှစ်ပါး၏ ပုံရိပ်သည် ဗုဒ္ဓတစ်သောင်းမဟာအစီအရင်ကို ပြင်းထန်စွာ တုန်ယင်လာပြီး ဗုဒ္ဓအလင်းများကို မှေးမှိန်သွားစေသည်။

“ဒါက မဟာပြီးပြည့်စုံခြင်း ထိုက်ယင်နဲ့ ပြန်လည်ဝင်စားခြင်းအနှစ်သာရပဲ”

ဓမ္မရုပ်သွင်ဗုဒ္ဓသားတော်သည် နားမလည်နိုင်သဖြင့် ရေရွတ်လိုက်မိ၏။

‘တာအိုအနှစ်သာရကို နားမလည်သေးတဲ့သူတစ်ယောက်က ဘယ်လိုလုပ်ပြီး ဖရိုဖရဲနတ်ဆိုးဘုရားနဲ့ ဆက်သွယ်နိုင်ရတာလဲ’

ရှောင်ချန်း ပြုံးကာ ကြည့်သည်။ “ကြည့်ရတာ ဗုဒ္ဓတစ်သောင်းမဟာအစီအရင်က ကျိုးပျက်တော့မယ်ထင်တယ်”

သူပြောပြီးသည်နှင့် ကောင်းကင်ယံတွင် မိုးကြိုးငါးသွယ် လင်းလက်လာသည်။

နားပင်းစေလောက်မည့် အက်ကွဲသံကျယ်ကြီး ဗုဒ္ဓတစ်သောင်းအစီအရင်ထဲတွင် ပျံ့လွင့်လာသည်။

ထို့နောက် အစီအရင်က တုန်ယင်လာပြီး ပျက်စီးသွားရ၏။ မိုးမြေကြားတွင် နတ်ဘုရားမိုးကြိုးငါးသွယ်ကို ထုတ်သုံးနေသည့် ကိုးမြီးမြွေခွေးနတ်ဆိုးတစ်ကောင် ရပ်နေသည်။

တိုင်းပြည်ပျက်လောက်မည့် အလှတရားကို ပိုင်ဆိုင်ထားသော အမျိုးသမီး နတ်ဆိုးဘုရားပုံရိပ်နှစ်ခုအောက်မှ သက်ရှိများကို နိမ့်ချကြည့်လာသည်။ သူမသည် နတ်ဆိုးဘုရားပြည်လည်ဝင်စားခြင်းကို ကိုယ်စားပြုနေသည့်အလား အင်မော်တယ်နှင့် ဗုဒ္ဓများပင် ခြေသုံးလှမ်းဆုတ်ပေးလိုက်ရသည်။

ပေါင်ရှန့်ကျောင်းတော်မှ ကျင့်ကြံသူများသည် ရုပ်တုများကို မှင်သေစွာ ကြည့်နေမိကြသည်။

ထင်းခုတ်ဓားမကို သုံးနေသော ဝမ်ပေါင်လဲသည် အစီအရင်ထဲမှ နီဗားနားရှင်သန်ခြင်းအဆင့်ကျင့်ကြံသူများကို ပြင်းထန်စွာ လိုက်လံတိုက်ခိုက်နေသည်။

ရွှီချိုက်ချန်၊ ဟန်ပင်း၊ ချန်ကျင်းကျင်းနှင့် ကျန်သောသူတို့သည်လည်း သူတို့၏ ထူးခြားသော နည်းစနစ်များကို ထုတ်ပြ၍ ဗုဒ္ဓစစ်သည်များကို ဂျုံရိတ်သိမ်းနေသည့်အလား တိုက်ခိုက်နေသည်။

ကောင်းကင်ယံတွင် သွေးမိုးများ ပက်ဖြန်းနေပြီး ထိတ်လန့်တကြား အော်သံများ ပြည့်နှက်နေ၏။

ပေါင်ရှန့်ဘုရားကျောင်းတွင် ချောင်ရို့ချန်သည် မြို့စားနှစ်ဦးကို ဖိနှိပ်ထားသည်။ ကျန်သည့် မြို့းစားသုံးဦးမှာ ဆုတ်ခွာသွားပြီး ထပ်မံမနှောင့်ယှက်ရဲတော့ပေ။

နီဗားနားရှင်သန်ခြင်းအဆင့်ကျင့်ကြံသူများထဲမှ တစ်ဝက်ကျော်သည် ချင်းချင်းနှင့် ယဲ့ပေရွှမ်တို့လက်ချက်ဖြင့် သေသွားကြသည်။ ကျန်ရစ်နေသည့် ရှင်သန်သူများကလည်း စိတ်နောက်သွားကြပြီး အချင်းချင်းသတ်ဖြတ်နေကြ၏။

ထိုသည်ကို ကြည့်ရင်း ဓမ္မရုပ်သွင်ဗုဒ္ဓသားတော်သည် နောက်သို့ ခြေလှမ်းတစ်ဝက်ဆုတ်ပေးလိုက်မိသည်။

‘သွားပြီ။ ငါတို့တော့ ကိစ္စတုံးပြီ’

သို့သော် သူ့စိတ်ကို ပြန်တင်းလိုက်သည်။

‘မဟုတ်ဘူး။ ဒီမိစ္ဆာတွေကို ဆက်ပြီး သောင်းကျန်းခွင့် ပေးလို့မဖြစ်ဘူး။ မဟုတ်ရင် ငါ့ရဲ့ဗုဒ္ဓသားတော်နေရာ ဆုံးရှုံးသွားလိမ့်မယ်။ ဒီနေ့ ငါ သူတို့အားလုံးကို နှိမ်နှင်းမှ ဖြစ်မယ်။ ဒါမှ လျှို့ဝှက်ဗုဒ္ဓကျောင်းတော်ကို မျက်နှာပြန်ပြနိုင်မှာ’

“ရပ်လိုက်ကြ”

ဓမ္မရုပ်သွင်ဗုဒ္ဓသားတော် အော်သံသည် လူတိုင်းကို ရပ်တန့်သွားစေသည်။

နျဲ့ရှို့ယွမ်နှင့် ကျန်သည့်သူများပင် သူ့ကို ကြည့်လာကြ၏။

All Chapters