← Chapters

အခန်း (၃၆၉-၃၇၀)

Vol. 37 Ch. 369-370

အခန်း (၃၆၉-၃၇၀)

Vol. 37 Ch. 369-370

အခန်း (၃၆၉) ဤခေတ်၏ မဟာပဏ္ဍိတများကြားမှ အဆုံးအဖြတ်တိုက်ပွဲ

“ကျွန်တော်က ချူဖုန်းပါ”

ကောင်းကင်ထက်ဝယ်

ချူဖုန်းသည် မဟာပဏ္ဍိတရှန့်ရှင်း၏ အကြည့်ကို တည့်တည့် ရင်ဆိုင်ရင်း ပြောလိုက်သည်။

ခုနလေးတင် သူသည် မြောင်တောင်ပေါ်၌ ငါးမျှားနေစဉ် ဂိုဏ်းချုပ်က ရုတ်တရက် ဆင်းသက်လာပြီး သူ့တပည့်များ အန္တရာယ်ကြုံနေရသည်ဟု ပြောလာသည်။ ထို့နောက် ချူဖုန်းကို နေရာရွှေ့ပြောင်းခြင်းအစီအရင်တစ်ခုမှတစ်ဆင့် ခေါ်ဆောင်လာရာ ပေါင်ရှန့်တိုင်းပြည်သို့ ချက်ချင်းဆိုသလို ရောက်လာခဲ့၏။

ဤနေရာတွင် ဖြစ်ပျက်နေသည်များကို သူ သေချာနားမလည်သေးမီ ရုပ်တုအတွင်းမှ အဘိုးကြီးက နျဲ့ရှို့ယွမ်ကို ဖမ်းဆီးခေါ်ဆောင်သွားချင်နေသည်ကို ကြားလိုက်ရသဖြင့် ယခုကဲ့သို့ ကြားဖြတ်ဝင်ရောက်လိုက်ခြင်း ဖြစ်သည်။

“မဟာပဏ္ဍိတမိုးမြေ၊ သူက တစ်ကမ္ဘာလုံးမှာကျော်ကြားတဲ့ မဟာပဏ္ဍိတမိုးမြေပဲ”

ချူဖုန်း၏ အမည်ကို ကြားလိုက်ရသည်နှင့် ပတ်ဝန်းကျင်ရှိ ကြည့်ရှုသူများထံမှ အံ့ဩတုန်လှုပ်သံများ ဟိန်းထွက်လာတော့သည်။

“မဟာပဏ္ဍိတမိုးမြေရဲ့ တပည့်ဖြစ်လာပြီးမှ နျဲ့ရှို့ယွမ် ပေါင်ရှန့်တိုင်းပြည်ကို လာပြီး ကလဲ့စားချေရဲတာ မဆန်းတော့ဘူးပဲ။ ဒီတစ်ခါတော့ ပေါင်ရှန့်တိုင်းပြည်က တကယ့်ကို ဒုက္ခရောက်တော့မှာပဲ”

“အဲဒီလောက်လည်း မသေချာသေးပါဘူး။ မဟာပဏ္ဍိတမိုးမြေက ဘယ်လောက်ပဲ အစွမ်းထက်ပါစေ သူက မဟာမဟာပဏ္ဍိတ တစ်ပါးတည်းပဲလေ။ မဟာပဏ္ဍိတရှန့်ရှင်းကတော့ အချိန်မရွေး သူတော်စင်အဆင့် ထဲကို ဝင်ရောက်နိုင်တဲ့သူ။ သူက သူတော်စင်ဘွဲ့အမည်သာ မရှိတာ သူတော်စင်တစ်ပါးရဲ့ အစွမ်းကို ပိုင်ဆိုင်ထားတာလေ”

“…”

“အော်မီထောဖော”

မဟာပဏ္ဍိတရှန့်ရှင်း၏ အားနည်းလှသော အသံသည် ရွှေရောင်ဗုဒ္ဓရုပ်ပွားတော်အတွင်းမှ တစ်ဖန် ထွက်ပေါ်လာပြန်သည်။

“မဟာပဏ္ဍိတမိုးမြေ ကိုယ်တိုင်ပါလား။ ဒီဘုန်းကြီးက ဂါရဝပြုပါတယ်”

ချူဖုန်းကလည်း လက်နှစ်ဖက်ကို အသာအယာ ဆုပ်ကိုင်ကာ ပြန်လည်နှုတ်ဆက်လိုက်သည်။

“ဂါဝရပြုပါတယ် ဆရာတော်”

သူတို့နှစ်ဦး၏ ယဉ်ကျေးပျူငှာမှုကြောင့် လူတိုင်း ဝေခွဲမရ ဖြစ်သွားကြသည်။

သူတို့နှစ်ယောက်ကြားတွင် တိုက်ပွဲဖြစ်တော့မည့် အရိပ်အယောင်တောင် မတွေ့ရပေ။ ပဋိပက္ခက ငြိမ်းငြိမ်းချမ်းချမ်း ပြေလည်သွားနိုင်သည်လော။

မဟာပဏ္ဍိတရှန့်ရှင်း မေးမြန်းလိုက်သည်။

“မဟာပဏ္ဍိတမိုးမြေက နျဲ့ရှို့ယွမ်နဲ့ တခြားသူတွေကို ခေါ်သွားဖို့ လာတာလား”

“မဟုတ်ပါဘူး၊ မဟုတ်ပါဘူး”

ချူဖုန်း ပြုံးလိုက်သည်။

“ကျွန်တော်က ရှို့ယွမ်ရဲ့ ဆန္ဒကို ဖြည့်ဆည်းပေးဖို့ပဲ လာတာပါ။ ဒီနေ့ကစပြီး ကောင်းကင်ယံက ငှက်တွေ လွတ်လွတ်လပ်လပ် ပျံသန်းဖို့ ကျယ်ပြောလာလိမ့်မယ်၊ သမုဒ္ဒရာကလည်း ငါးတွေ ခုန်ပေါက်ဖို့ ကျယ်ပြောလာလိမ့်မယ်။ နောင်တစ်ချိန်မှာ ဝမ်တောက်ကျောင်းတော်ရဲ့ မြင့်မြတ်တဲ့ ဘုရင်တွေနဲ့ ဧကရာဇ်တွေကြားမှာ သူ့အတွက် နေရာတစ်ခု ရှိနေမှာပါ”

ထိုလူငယ်လေး ဘေးမသင့်စေရန် ရည်ရွယ်၍ အင်မော်တယ်ဧကရာဇ်ဟူသော စကားလုံးကို သူ တမင်တကာ ရှောင်ကြဉ်လိုက်သည်။

ပွဲကြည့်နေသူများသည် ထိုစကားကို ကြားပြီးနောက် အသက်ကို ပြင်းပြင်းရှူလိုက်ကြ၏။

ဝမ်တောက်ကျောင်းတော်၏ ပါရမီရှင်များ တစ်ယောက်ပြီးတစ်ယောက် ဘာကြောင့် ဤမျှ မာန်တက်နေကြသနည်းဆိုသည်ကို သူတို့ နောက်ဆုံးတွင် နားလည်သွားကြ၏။ အကြောင်းမှာ သူတို့တွင် မဟာပဏ္ဍိတမိုးမြေကဲ့သို့ ဆရာတစ်ဦး ရှိနေသောကြောင့်ပင်။

မဟာပဏ္ဍိတရှန့်ရှင်း အမျက်မထွက်ဘဲ ဆက်ပြောသည်။

“ဒါဆိုရင် မဟာပဏ္ဍိတမိုးမြေက ပေါင်ရှန့်တိုင်းပြည်ရဲ့ သတ္တဝါတွေ ဒုက္ခရောက်ပြီး အလောင်းတွေ ပြန့်ကျဲနေတာကို ဒီအတိုင်း ကြည့်နေတော့မယ်လို့ ဆိုလိုတာလား”

“ကြည့်နေမယ်ဆိုရင်ရော… မကြည့်ဘူးဆိုရင်ရော”

ချူဖုန်း ခဏရပ်ကာ သူ့ခေါက်ယပ်တောင်ကို ဖြန့်လိုက်ပြီး ပြောလိုက်သည်။

“ပေါင်ရှန့်တိုင်းပြည်ရဲ့ မြစ်ရေတွေ သွေးချင်းချင်းနီသွားမှ ရှို့ယွမ်ရဲ့ ကလဲ့စားချေမှု ပြီးမြောက်မယ်ဆိုရင်လည်း တိုင်းပြည်ရဲ့ မြစ်တွေကို သွေးချင်းချင်း နီပါစေတော့”

“အော်မီထောဖော မဟာပဏ္ဍိတမိုးမြေက သူ့တပည့် စည်းကမ်းမဲ့ သတ်ဖြတ်မှုကို အလိုတူအလိုပါ ခွင့်ပြုနေမယ်ဆိုရင်တော့ ဒီဘုန်းကြီးကပဲ ဆွေးမြည့်နေတဲ့ ခန္ဓာကိုယ်ကို ရင်းပြီး မဟာပဏ္ဍိတမိုးမြေရဲ့ နက်ရှိုင်းတဲ့ နည်းစနစ်တွေကို ကြည့်ရှုရတော့မှာပေါ့”

မဟာပဏ္ဍိတရှန့်ရှင်း၏ လေသံမှာ ပြောင်းလဲခြင်းမရှိသော်လည်း သူ ထုတ်လွှတ်လိုက်သော ဖိအားမှာ ပို၍ပင် ထိတ်လန့်စရာ ကောင်းလာလေ၏။

“ဘုန်းကြီးအိုကြီး၊ သူတစ်ပါး ခံစားနေရတဲ့ ဒုက္ခကို ကိုယ်တိုင်မကြုံဖူးဘဲ မဝေဖန်နဲ့။ သူတစ်ပါးကို သဘောထားကြီးဖို့ လာမဖြောင်းဖျနဲ့။ ကျွန်တော်က ခင်ဗျားရဲ့ မိသားစုဝင်အားလုံးကို သတ်ပစ်လိုက်မယ်ဆိုရင် ခင်ဗျား အခုလို တည်တည်ငြိမ်ငြိမ် စကားပြောနိုင်ဦးမလား။ တကယ်လို့ ပြောနိုင်တယ်ဆိုရင်တော့ ကျွန်တော့်တပည့်တွေ အားလုံးကို ခေါ်ပြီး လိုလိုလားလား ထွက်သွားပေးမယ်။ ဘယ်လိုလဲ”

ချူဖုန်း လှောင်ပြုံးဖြင့် ပြန်ချေပလိုက်သည်။

တိတ်ဆိတ်သွား၏။

မဟာပဏ္ဍိတရှန့်ရှင်း၏ တိတ်ဆိတ်မှုသည် ချူဖုန်းကို အဖြေပေးလိုက်သည့်အလားပင်။

ချူဖုန်း၏ မျက်နှာပေါ်မှ အပြုံးများ ပျောက်ကွယ်သွားပြီး အေးအေးဆေးဆေးပင် ပြောလိုက်သည်။

“ခင်ဗျားလည်း အဲဒီလို မလုပ်နိုင်ဘူး ထင်ပါရဲ့။ ဒါဆိုရင် တိုက်ပွဲနဲ့ပဲ အဆုံးအဖြတ် ပေးကြတာပေါ့”

“အော်မီထောဖော”

မဟာပဏ္ဍိတရှန့်ရှင်း တီးတိုး ရေရွတ်သည်။

“ကောင်းပါပြီ၊ ကောင်းပါပြီ။ အခြေအနေက ဒီလိုမှတော့ ဒီဘုန်းကြီးက ဒကာကြီးရဲ့ နက်ရှိုင်းတဲ့ နည်းစနစ်တွေကို မြည်းစမ်းကြည့်ရမှာပေါ့။ ဒါပေမဲ့ ဒီဘုန်းကြီးအိုက ဒကာကြီးကို သတိပေးပါရစေ။ ကျုပ် ကျင့်ကြံတဲ့ ဗုဒ္ဓလမ်းစဉ်မှာ တစ်ပတ်လည်တိုင်း စစ်မှန်တဲ့ အဓိပ္ပာယ် (၁၀၈) မျိုး ပါဝင်တယ်။ ကိုးပတ်ပြည့်သွားရင် အထွတ်အထိပ်သူတော်စင်အဆင့်ထဲကို ရောက်သွားလိမ့်မယ်။ လောလောဆယ်မှာတော့ ဒီဘုန်းကြီးက သုံးပတ်ပဲ ကျင့်ကြံရသေးတယ်။ တိုက်ကွက်တွေက ပြင်းထန်လွန်းလို့ ဒကာကြီးကို ဖိနှိပ်မိသွားရင် အဝါရောင်စမ်းချောင်းကနေ ဒီဘုန်းကြီးအိုကို အငြိုးမထားဖို့ မျှော်လင့်ပါတယ်”

ဤစကားကို ကြားသောအခါ ကျင့်ကြံသူအားလုံး မျက်နှာပျက်သွားကြ၏။ နတ်ဘုရားကျောင်းတော်မှ မဟာပဏ္ဍိတကျန်းယန် ကဲ့သို့သော အစွမ်းထက် ပုဂ္ဂိုလ်များပင် မဟာပဏ္ဍိတရှန့်ရှင်းကို ပိုမိုသတိထား၍ ကြည့်လာကြသည်။

သူမက မှတ်ချက်ပေးသည်။

“မဟာပဏ္ဍိတရှန့်ရှင်းက နာမည်နဲ့လိုက်အောင် တကယ်ကို အစွမ်းထက်တာပဲ။ တာအိုအနှစ်သာရ သုံးရာကျော်ကို နားလည်သဘောပေါက်ထားတာ။ မောင်လေးရီရှန်း၊ စီနီယာချူ အနိုင်ရမယ်လို့ နင်ထင်လား”

မဟာပဏ္ဍိတရီရှန်း အစပိုင်းတွင် ခေါင်းခါရန် ရည်ရွယ်ထားသော်လည်း အကြောင်းပြချက် မရှိဘဲ ခေါင်းညိတ်လိုက်မိ၏။

“မဟာပဏ္ဍိတမိုးမြေက ကျိန်းသေ အနိုင်ရမှာပါ။ ကျွန်တော့်နှလုံးသားထဲမှာ သူက ကျောင်းအုပ်ကြီးပြီးရင် ဒုတိယပဲ”

မဟာပဏ္ဍိတကျန်းယန် “...”

ချူဖုန်း ပြုံးလိုက်သည်။

“ဘုန်းကြီးအိုကြီး ခင်ဗျားကလည်း မူဝါဒရှိတဲ့သူပဲ။ ဒါဆိုရင် ကျွန်တော်လည်း ဖုံးကွယ်မထားတော့ဘူး။ တာအိုအနှစ်သာရတွေကို နားလည်သဘောပေါက်ဖို့ ကျွန်တော် လျှောက်လှမ်းခဲ့တဲ့ လမ်းက ခင်ဗျားထက် အများကြီး ပိုဝေးတယ်။ တကယ်လို့ ကျွန်တော် ခင်ဗျားကို မတော်တဆ သတ်မိသွားရင်တော့ ဘုန်းကြီးအိုကြီးကို လာပြီး အနိုင်ကျင့်တယ်လို့ မစွပ်စွဲနဲ့”

ကျင့်ကြံသူများ အသက်ရှူမှားသွားကြ၏။ နှစ်ဦးစလုံးက လေသံအေးအေးဖြင့် ပြောနေကြသော်လည်း သူတို့စကားလုံးများမှာ အပ်နှင့်ဆူး ရင်ဆိုင်နေရသကဲ့သို့ တစ်ဦးကိုတစ်ဦး လျှော့မပေးကြချေ။

သူတို့ကို အထိတ်လန့်ဆုံး ဖြစ်စေသည်မှာ နှစ်ဦးစလုံးသည် တာအိုအနှစ်သာရများကို နားလည်သဘောပေါက်သည့် နေရာတွင် မဟာပဏ္ဍိတများ ကျော်လွန်သွားကြခြင်းပင်။

ရွှေရောင်ဗုဒ္ဓရုပ်ပွားတော်အတွင်းမှ မဟာပဏ္ဍိတရှန့်ရှင်းသည် ချူဖုန်း၏ စကားကြောင့် တုန်လှုပ်ခြင်း မရှိပေ။ သူ့စိတ်နှလုံးသည် ငြိမ်သက်နေသော ကန်ရေပြင်အလား ဖြည်းဖြည်းချင်း ပြောလိုက်သည်။

“အဲဒီလိုဆိုရင်တော့ ဒီဘုန်းကြီးအိုအနေနဲ့ ဒကာကြီးမိုးမြေရဲ့ နည်းစနစ်တွေကို ကြည့်ရမှာပေါ့”

စကားဆုံးသည်နှင့် ရွှေရောင်ဗုဒ္ဓရုပ်ပွားတော်မှ လီပေါင်းတစ်သောင်းမက ကျယ်ပြန့်သော ဗုဒ္ဓအလင်းတန်းများ ပေါက်ကွဲထွက်လာ၏။ ရုပ်တုကြီး ပျောက်ကွယ်သွားပြီး ငါးရောင်ခြည် ဗုဒ္ဓကြာပန်းထက်တွင် ရပ်နေသော အနီရောင်သင်္ကန်း ဝတ်ဆင်ထားသည့် ဘုန်းကြီးအိုတစ်ပါး ပေါ်လာသည်။

သူ့မျက်နှာမှာ ညှိုးရော်နေပြီး ခန္ဓာကိုယ်မှာလည်း ထင်းခြောက်ကဲ့သို့ ပိန်ချောင်နေရာ လေတိုက်ရုံနှင့် လဲကျသွားတော့မည့်အတိုင်းပင်။

သို့သော် ထိုဘုန်းကြီးသည် ကောင်းကင်ထက်ဝယ် ရပ်နေရုံမျှဖြင့် မိုင်တစ်ရာအတွင်းရှိ သတ္တဝါအားလုံးကို အလိုအလျောက် ကြည်ညိုလေးစားစိတ် ဖြစ်ပေါ်စေ၏။

အားနည်းသော ကျင့်ကြံသူအချို့မှာ တိုက်ရိုက်ပင် ဒူးထောက်လိုက်ကြပြီး မြတ်စွာဘုရားကို ရှိခိုးပါ၏ဟု တီးတိုးရွတ်ဆိုကာ အကြိမ်ကြိမ် ဦးချနေကြတော့သည်။

ချူဖုန်းသည် ဘုန်းကြီးကို တည်ငြိမ်စွာ ကြည့်နေသော်လည်း သူ့မျက်လုံးများထဲတွင် စိတ်လှုပ်ရှားမှုများဖြင့် တောက်ပသွားသည်။

တပည့်များကို လက်ခံပြီးတည်းက သူ ပြိုင်ဘက်ကောင်းတစ်ယောက်နှင့် ပထမဆုံးအကြိမ် တွေ့ဆုံရခြင်းပင်။

သူ ယပ်တောင်ကို ခေါက်လိုက်ပြီး နွေးထွေးစွာ ပြုံးလိုက်သည်။

“ဆရာတော်၊ အရင်စတင်လိုက်ပါ”

“အော်မိထောဖော”

မဟာပဏ္ဍိတရှန့်ရှင်း ကရုဏာသက်သော မျက်နှာထားဖြင့် ဆိုလိုက်၏။

“ဒကာကြီး၊ ငါ့အား ခွင့်လွှတ်ပါလော့”

သူ့လက်ထဲတွင် နဂါးကဲ့သို့ ရှည်လျားသော ပုတီးကုံး သုံးကုံး ပေါ်လာသည်။ တစ်ကုံးချင်းစီတွင် တာအိုအနှစ်သာရများကို ထုတ်လွှတ်နေသည့် ပုတီးစေ့ (၁၀၈) စေ့စီ ပါဝင်နေ၏။

ပုတီးများ ပေါ်လာသည်နှင့် မဟာပဏ္ဍိတရှန့်ရှင်းမှာ ပြန်လည် နုပျိုလာသည်။

ဆွေးမြည့်နေသော အရိပ်အယောင်များ ပျောက်ကွယ်သွားပြီး သန့်ရှင်းမြင့်မြတ် အစွမ်းထက်သော သက်စောင့်အားအင်များ အစားထိုးဝင်ရောက်လာ၏။

သူက တင်ပျဉ်ခွေထိုင်ကာ မျက်စိမှိတ်လျက် ပုတီးကို အဆက်မပြတ် စိပ်နေတော့သည်။ ရွှေရောင်ဓမ္မပုံရိပ်တစ်ခုက သူ့ကို တစ်ခုလုံး လွှမ်းခြုံထားသည်။

“သတ္တဝါဝေနေယျ အပေါင်းကို ကယ်တင်အံ့”

ထိုစကားလုံးများ ထွက်ပေါ်လာသည်နှင့် ဓမ္မပုံရိပ်သည် တောက်ပလွန်းသော အလင်းတန်းများဖြင့် တောက်လောင်လာ၏။

နေနှင့်လမှာ မှေးမှိန်သွားပြီး ကောင်းကင်နှင့် မြေကြီးသည်လည်း အရောင်အဝါများ ဆုံးရှုံးသွားရသည်။

အတိုင်းအဆမဲ့သော ဗုဒ္ဓအလင်းတန်းများသာ ကျန်ရှိတော့ပြီး ထိုအလင်းတန်းများထဲတွင် ဝာာအိုအနှစ်သာရများဖြင့် ဖွဲ့စည်းထားသည့် ဗုဒ္ဓပုံရိပ်ယောင်မှာ ခပ်ဝါးဝါး ပေါ်လာသည်။

ကျင့်ကြံသူများသည် ထိုမြင်ကွင်းကို ကြည့်ရင်း ရင်ထဲမှ တုန်လှုပ်သွားကြ၏။

မဟာပဏ္ဍိတအချို့ မအောင့်နိုင်ဘဲ ရေရွတ်မိကြသည်။

“မဟာပဏ္ဍိတရှန့်ရှင်းက တကယ်ကို ကြောက်စရာ ကောင်းတာပဲ”

သို့သော် လူတိုင်း မဟာပဏ္ဍိတမိုးမြေ မည်သို့ ပြန်လည် တုံ့ပြန်မည်ကို အသိချင်ဆုံး ဖြစ်နေကြသဖြင့် သူတို့အကြည့်များကို ချူဖုန်းထံသို့ လှည့်လိုက်ကြသည်။

ချူဖုန်းမှာ ဗုဒ္ဓနယ်ပယ်၏ ပုံရိပ်ယောင်ထဲသို့ တဖြည်းဖြည်း ဝါးမြိုခံနေရသည်ကို သူတို့ မြင်တွေ့နေရ၏။ သို့သော် သူသည် လုံးဝ တုန်လှုပ်ခြင်းမရှိဘဲ ကျောက်ရုပ်ကဲ့သို့ ငြိမ်သက်စွာ ရပ်နေခြင်းပင်။ သူတို့ အံ့ဩသွားရသည်။

အချိန်များ တရွေ့ရွေ့ ကုန်ဆုံးသွားသည်။ ချူဖုန်း၏ ပုံရိပ်တစ်ခုလုံး ပျောက်ကွယ်သွားတော့မည့် အချိန်လေးတွင်မှ လှုပ်ရှားလာသည်။

အခန်း (၃၇၀) ဒီအရှင်ရဲ့ အစစ်အမှန်စွမ်းအားကို သေသေချာချာ ကြည့်ရှုရမယ့်အချိန်ပဲ

ကောင်းကင်ထက်ဝယ် ချူဖုန်းသည် သူ့ညာလက်ကို ဖြည်းညှင်းစွာ မြှောက်လိုက်သည်။

လက်ချောင်းနှစ်ချောင်းကြားတွင် စစ်တုရင် နယ်ရုပ်တစ်ခုကို ညှပ်ထားပြီး ကောင်းကင်ယံဆီသို့ လွှတ်လိုက်လေ၏။

ထိုနယ်ရုပ်လေးတစ်ခုတည်းကပင် ထာဝရကာလကို ဖြတ်သန်းကာ ရေတွက်၍မရနိုင်သော အချိန်နှင့်အာကာသ တို့ကို ကျော်လွှားလျက် စိတ်ကူးယဉ် ဗုဒ္ဓနယ်ပယ်မှ လက်တွေ့ကမ္ဘာထဲသို့ ကြွေဆင်းလာသည့်အလားပင်။

“ဒေါက်”

နယ်ရုပ် ကျရောက်သွားသည့် ခဏတွင် ကောင်းကင်နှင့် မြေကြီးမှာ အရောင်အသွေး ပြောင်းလဲသွားပြီး အသံဟူသမျှ တိတ်ဆိတ်သွားတော့၏။

ကောင်းကင်ပေါ်ရှိ စိတ်ကူးယဉ် ဗုဒ္ဓနယ်ပယ်မှာ ပျောက်ကွယ်သွားပြီး အရာအားလုံး ပုံမှန်အတိုင်း ပြန်ဖြစ်သွားသည်။

သို့သော် နောက်တစ်စက္ကန့်တွင် ကောင်းကင်နှင့် မြေကြီးသည် ဧရာမစစ်တုရင်ခုံကြီးတစ်ခုအဖြစ် ပြောင်းလဲသွားသည်ကို လူတိုင်း ထိတ်လန့်တကြား မြင်တွေ့လိုက်ကြရ၏။

မဟာပဏ္ဍိတရှန့်ရှင်းသည် ကောင်းကင် စစ်တုရင်ခုံ အတွင်း ပိတ်မိနေပြီး စစ်တုရင်နယ်ရုပ်လေးတစ်ခုအဖြစ်သို့ ကျဆင်းသွား၏။

ချူဖုန်းသည် ယခုအခါ ကောင်းကင်နှင့် မြေကြီးအကြားတွင် ငြိမ်သက်စွာ ရပ်နေ၏။ သူ့လက်ထဲတွင် အခြားသော အနက်ရောင်စစ်တုရင်နယ်ရုပ်တစ်ခု ပေါ်လာပြီး စစ်တုရင်ခုံပေါ်သို့ ဆင်းသက်သွားပြန်သည်။

နယ်ရုပ်သည် စစ်တုရင်ခုံကို မထိမီမှာပင် ကောင်းကင်ထောက်တိုင်ကြီးသဖွယ် ဧရာမလက်ဝါးကြီးအဖြစ် ပြောင်းလဲသွားသည်။ ထိုလက်ဝါး၏ ဗဟိုချက်တွင် ဗုဒ္ဓအက္ခရာကြီးတစ်ခု တောက်ပနေ၏။

ဤသည်ကို မြင်လိုက်ရသောအခါ လူတိုင်း အသက်ရှူ မှားသွားကြသည်။

မဟာပဏ္ဍိတမိုးမြေက ဗုဒ္ဓဂိုဏ်းကို တိုက်ခိုက်ရန် ဗုဒ္ဓနည်းစနစ်ကို ပြန်လည်အသုံးပြုလိမ့်မည်ဟု သူတို့ မထင်ထားခဲ့ပေ။

“ဌာနမှူးချူက ဗုဒ္ဓလမ်းစဉ်ရဲ့အနှစ်သာရတွေကို နားလည်သဘောပေါက်ထားတာလား”

မဟာပဏ္ဍိတကျန်းယန် ရေရွတ်လိုက်မိသည်။

သူမ ဘေးရှိ မဟာပဏ္ဍိတရီရှန်း ပြောလိုက်သည်။

“ဌာနမှူးချူက စီနီယာရွှေတောင်ပံကို မဟာပဏ္ဍိတအဆင့် တက်လှမ်းနိုင်ဖို့ လမ်းညွှန်ပေးခဲ့ဖူးတယ်။ စီနီယာရွှေတောင်ပံက ဗုဒ္ဓလမ်းစဉ်ရဲ့ အနှစ်သာရတွေကို ကျင့်ကြံတယ်လို့ ကျွန်တော်ကြားဖူးတယ်”

“ဗုဒ္ဓတရားတော်ဟာ အတိုင်းအဆမရှိ ကျယ်ပြောလှပေတယ်”

မဟာပဏ္ဍိတရှန့်ရှင်း အော်ဟစ်လိုက်သည်။

ချက်ချင်းဆိုသလိုပင် တောက်ပလှသော ဗုဒ္ဓရောင်ခြည်တော်များသည် မီးတောင်ပေါက်ကွဲသကဲ့သို့ ပန်းထွက်လာပြီး ကောင်းကင်ယံဆီသို့ တည့်တည့်မတ်မတ် ထိုးတက်သွားလေ၏။

ဝုန်း

မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်သော အသံကြီးနှင့်အတူ ဧရာမလက်ဝါးကြီး ပျောက်ကွယ်သွားပြီး စစ်တုရင်ခုံကြီးလည်း ပြင်းထန်စွာ တုန်ခါသွားသည်။

တစ်ချိန်တည်းမှာပင် မဟာပဏ္ဍိတရှန့်ရှင်း၏ ခန္ဓာကိုယ်မှ မရေမတွက်နိုင်သော ကိုယ်ပွားများ ထွက်ပေါ်လာသည်။ ကိုယ်ပွားတစ်ခုချင်းစီသည် စစ်တုရင်ခုံပေါ်တွင် ခြေလှမ်းအနည်းငယ် လှမ်းလိုက်တိုင်း စစ်တုရင်ခုံ၏ စွမ်းအားများကြောင့် အစိပ်စိပ်အမွှာမွှာ ဖျက်ဆီးခြင်း ခံကြရသည်။

သို့သော် ကိုယ်ပွားတစ်ခု ပျက်စီးသွားတိုင်း စစ်တုရင်ခုံ၏ အလင်းရောင်သည် အနည်းငယ် မှိန်ဖျော့သွားလေ၏။

အဆုံးတွင် မဟာပဏ္ဍိတရှန့်ရှင်း ဖန်တီးထားသော ကိုယ်ပွားသုံးရာထဲမှ တစ်ခုသည် စစ်တုရင်ခုံပေါ်မှ ထွက်လာနိုင်ခဲ့သည်။

စစ်တုရင်ခုံ ပျောက်ကွယ်သွားသည်နှင့် ကောင်းကင်နှင့် မြေကြီးကြားတွင် ငြိမ်သက်ခြင်း ပြန်လည်ရောက်ရှိလာသည်။

မိုးကုတ်စက်ဝိုင်းတွင် နံနက်ခင်းနေရောင်ခြည် ထွက်ပေါ်လာပြီး မြေပြင်ပေါ်သို့ နွေးထွေးမှုကို ဆောင်ကြဉ်းပေးလိုက်တော့၏။

လူတိုင်း စိတ်လှုပ်ရှားမှုကို ခံစားလိုက်ကြရသည်။ ဤမဟာပဏ္ဍိတနှစ်ဦးသည် မျက်မှောက်ခေတ်၏ အထွတ်အထိပ် ပညာရှင်များဟူသော ဂုဏ်သတင်းနှင့် အမှန်တကယ်ပင် ထိုက်တန်လှပေသည်။

တာအို အပေါ် နားလည်သဘောပေါက်မှုတွင် ဖြစ်စေ နတ်ဘုရားစွမ်းရည်များကို ကျွမ်းကျင်ပိုင်နိုင်မှုတွင် ဖြစ်စေ သူတို့သည် သာမန်မဟာပဏ္ဍိတများထက် များစွာ သာလွန်နေကြလေ၏။

စစ်တုရင်ခုံ ပျောက်ကွယ်သွားသည်ကို မြင်သော်လည်း ချူဖုန်းက စိတ်ပျက်သည့်ဟန် မပြပေ။ ထိုသို့အစား သူက စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။

“ဘုန်းကြီးအိုကြီး ခင်ဗျားမှာ တကယ်ပဲ အရည်အချင်းရှိတာပဲ။ ဒါပေမဲ့ ခင်ဗျားမှာ ဒီလောက်ပဲရှိတာဆိုရင်တော့ ကျွန်တော့်ရဲ့ အစွမ်းကုန်ကို မြင်ရဖို့ အရည်အချင်းမရှိသေးဘူး”

“အော်မီထောဖော”

မဟာပဏ္ဍိတရှန့်ရှင်းက တိုးညှင်းစွာ ရွတ်ဆိုလိုက်သည်။

“ဒကာကြီးမိုးမြေရဲ့ နတ်ဘုရားစွမ်းရည်တွေက အတိုင်းအဆမရှိပါပဲ။ ဒီဘုန်းကြီးက တကယ်ပဲ အထင်ကြီးမိပါတယ်။ ဒီဘုန်းကြီးအိုရဲ့ ဝှက်ဖဲကို တွေ့ချင်တယ်ဆိုမှတော့ ကိုယ့်အရှက်ကိုယ်ပဲ ခွဲရတော့မှာပေါ့”

ထိုသို့ပြောပြီးနောက် သူ ပုတီးကုံးကို အားပြင်းစွာ မြှောက်လိုက်သည်။

ဖြောက်ခနဲ အသံနှင့်အတူ ပုတီးကြိုး ပြတ်ထွက်သွား၏။ ပုတီးစေ့များသည် ကောင်းကင်အနှံ့ လွင့်စင်သွားပြီး ဗုဒ္ဓရောင်ခြည်များက မဟာပဏ္ဍိတရှန့်ရှင်းကို လွှမ်းခြုံထားလိုက်သည်။

တစ်ချိန်တည်းမှာပင် ရွှေရောင်ဗုဒ္ဓဓာတ်တော်တစ်ဆူမှာ သူ၏ခန္ဓာကိုယ်ထဲမှ ပျံထွက်လာပြီး ယူဇနာပေါင်းသောင်းချီသော ဗုဒ္ဓရောင်ခြည်တော်များကို ဖြာထွက်စေသည်။

ဤခိုက်အတန့်တွင် မဟာပဏ္ဍိတရှန့်ရှင်း၏ အရှိန်အဝါမှာ ကြောက်မက်ဖွယ်ကောင်းစွာ ကြီးမားလာပြီး ချက်ချင်းပင် ဗုဒ္ဓအဖြစ်သို့ ရောက်ရှိတော့မည့်အလား ခံစားချက်ကို ပေးစွမ်းနေတော့၏။

ကြည့်ရှုနေသူများထဲတွင် ဗဟုသုတကြွယ်ဝသူများစွာ ရှိနေပေသည်။ ဤသည်ကို မြင်သောအခါ သူတို့က အော်ဟစ်လိုက်မိကြသည်။

“မဟာပဏ္ဍိတရှန့်ရှင်းက တိုက်ပွဲအတွက် သူ့ရဲ့သက်တမ်းကို လောင်မြိုက်နေတာပဲ”

“မဟာပဏ္ဍိတမိုးမြေ ဒီတစ်ခါတော့ အန္တရာယ်ရှိပြီ”

“…”

ဤသည်ကို မြင်သောအခါ ချူဖုန်း၏ နှုတ်ခမ်းတွင် ပြုံးယောင်သန်းသွားသည်။

“အင်း ဒါမှ တိုက်ပွဲနဲ့ တူတာပေါ့။ အခြေအနေက ဒီလိုမှတော ဒီအရှင်ရဲ့ အစစ်အမှန်စွမ်းအားကို ခင်ဗျားသေသေချာချာ ကြည့်ရမယ့်အချိန်ပဲ”

သူပြောလိုက်သည်နှင့် ချူဖုန်း၏ခန္ဓာကိုယ်မှ နတ်ဘုရားအလင်းတန်းနှစ်ခု ပေါက်ကွဲထွက်လာခဲ့သည်။

ထိုအလင်းနှစ်ခုမှာ တစ်ခုနှင့်တစ်ခု ရစ်ပတ်သွားပြီး ကြောက်မက်ဖွယ်ကောင်းသော ဓမ္မရုပ်ပုံလွှာ နှစ်ခုအဖြစ် ပြောင်းလဲသွားလေ၏။

တစ်ခုမှာ ခရမ်းမူလချီများဖြင့် လွှမ်းခြုံထားပြီး အခြားတစ်ခုမှာမူ ငရဲဘုံကိုးထပ်၏ အထက်တွင် ရပ်တည်နေခဲ့သည်။

ဤခိုက်အတန့်တွင် သူသည် လူသားတို့အကြားရှိ စစ်မှန်နတ်ဘုရားတစ်ပါးအလား သက်ရှိအားလုံး ဒူးထောက်အညံ့ခံနေကြရသည့်အလားပင်။

ကြည့်ရှုနေသူများသည် ဤမြင်ကွင်းကို လည်ပင်းညှစ်ခံထားရသော ဘဲများကဲ့သို့ စကားတစ်လုံးမှ မဟနိုင်ဘဲ ငေးကြည့်နေကြရသည်။

အတန်ကြာမှ လူအုပ်ကြီးထဲမှ ဟစ်အော်သံများ ဆူညံစွာ ထွက်ပေါ်လာ၏။

“နတ်ဘုရားခန္ဓာနှစ်မျိုး”

“မဟာပဏ္ဍိတမိုးမြေက နတ်ဘုရားခန္ဓာနှစ်မျိုးကို တကယ်ပဲ နိုးထနိုင်ခဲ့တာလား”

“…”

အမြဲတမ်း တည်ငြိမ်နေလေ့ရှိသော မဟာပဏ္ဍိတရီရှန်းပင် မှင်တက်သွားလေသည်။

“အကြီးအကဲချူ ဘာကြောင့် ဒီလောက်အရှိန်အဟုန်နဲ့ တက်လှမ်းလာနိုင်လဲဆိုတာ မဆန်းတော့ဘူး။ သွေးမျိုးဆက်ပါရမီတစ်ခုတည်းနဲ့တင် ကျွန်တော်တို့ လိုက်လို့မမီနိုင်တဲ့ အဆင့်မှာရောက်နေတာပဲ”

ဝမ်တောက်ကျောင်းတော်မှ လူများစွာသည် ချူဖုန်းတွင် မည်သည့်နတ်ဘုရားခန္ဓာရှိနေသနည်းဟု တွေးဆခဲ့ကြသော်လည်း နှစ်မျိုးရှိနေလိမ့်မည်ဟု မည်သူမျှ မထင်မှတ်ထားခဲ့ပေ။

“နတ်ဘုရားခန္ဓာနှစ်မျိုးတင် မကဘူး။ ပိုအရေးကြီးတာက အကြီးအကဲချူက နှစ်ခုလုံးကို ပြီးပြည့်စုံတဲ့အဆင့်အထိ သန့်စင်ထားပြီးသားပဲ”

မဟာပဏ္ဍိတကျန်းယန် ချူဖုန်း၏ နောက်ကွယ်မှ ဓမ္မရုပ်ပုံလွှာနှစ်ခုကို ရိုသေလေးစားမှု၊ အံ့ဩထိတ်လန့်မှုများ ပြည့်နှက်နေသော မျက်လုံးများဖြင့် စိုက်ကြည့်နေမိလေ၏။

ပရိသတ်များ လုံးဝ ဆွံ့အသွားကြသည်။ သူတို့ဘဝတစ်လျှောက် မြင်တွေ့ခဲ့သမျှ အရာအားလုံးမှာ ယနေ့မြင်ကွင်းနှင့် နှိုင်းယှဉ်လျှင် အရာမထင်တော့သကဲ့သို့ ခံစားလိုက်ရသည်။

ချောင်ရို့ချန်သည် သူ့နဖူးမှ ချွေးအေးများကို မသိမသာ သုတ်လိုက်ရင်း တီးတိုးမေးလိုက်သည်။

“စီနီယာအစ်ကို... ကျွန်တော်တို့ တစ်သက်လုံး ကြိုးစားရင်တောင် ဆရာ့ရဲ့အဆင့်ကို တစ်သောင်းပုံတစ်ပုံလောက် ရောက်နိုင်ပါဦးမလား”

ရှောင်ချန်း လေးနက်စွာ ဆို၏။

“အရင်ကတော့ သူတော်စင်တစ်ယောက်ဖြစ်ရင် ရပြီလို့ ငါထင်ခဲ့တာ။ အခုမှပဲ သိတော့တယ်။ အင်မော်တယ်ဧကရာဇ် ဖြစ်လာမှသာ ဆရာ့ရဲ့ကျောပြင်ကို ငေးကြည့်ဖို့ အရည်အချင်းရှိမှာ”

ချင်းယွမ်နှင့် ရှီးမန်ယဲ့တို့မှာ လုံးဝ အံ့အားသင့်နေကြသည်။ သူတို့ဆရာဘိုးဘိုးမှာ နေ့စဉ် ဘာမှမလုပ်ဘဲ ဆရာအဒေါ် နှစ်ယောက်ကို စနောက်နေခြင်း သို့မဟုတ် ငါးဖမ်းနေခြင်းဖြင့်သာ အချိန်ကုန်ဆုံးနေသည်ကို မြင်ခဲ့ကြသည်။

ဆရာဘိုးဘိုးတွင် ဤမျှ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားမျိုး ရှိနေလိမ့်မည်ဟု သူတို့ အိပ်မက်ပင် မမက်ခဲ့ဖူးချေ။

“စီနီယာအစ်ကို ရှီးမန်... အစ်ကို နောင်တရနေလား”

ချင်းယွမ် မေးလိုက်သည်။

“ငါ သောင်းပြောင်းပညာရပ်ဌာနကို စောစောမဝင်ခဲ့မိတာကိုပဲ နောင်တရတယ်”

ရှီးမန်ယဲ့ ပြန်ဖြေသည်။

အထက်ကောင်းကင်ယံတွင် ဝမ်တောက်ကျောင်းတော်၏ ကျောင်းအုပ်ကြီးမှာ ဤမြင်ကွင်းကို ကြည့်ကာ သူ့ဘေးမှ နားရွက်တွဲလွဲကျနေသော ကတုံးဘုန်းကြီးကို ပြုံး၍ ကြည့်လိုက်သည်။

“တာအိုရောင်ရင်းတုန်းလိုင် ရှောင်ဖုန်းလေးကို ဘယ်လိုမြင်လဲ”

သူတော်စင်တုန်းလိုင်သည် ဤအဖိုးကြီးမှာ တမင်ဂုဏ်ဖော်ပြနေမှန်း ကောင်းကောင်းသိနေ၏။ အကယ်၍ သူသာ ကျောင်းအုပ်ကြီးကို အနိုင်တိုက်နိုင်ခဲ့ပါက လက်ပါမိပေလိမ့်မည်။

“မိုးမြေမှာ အင်မော်တယ်ဧကရာဇ်တစ်ဦးရဲ့ အငွေ့အသက်တွေ ရှိနေတယ်”

“ပျင်းစရာကြီး... ပျင်းစရာကြီး”

ကျောင်းအုပ်ကြီး ပြုံးလျက် လက်ဝှေ့ယမ်းလိုက်သည်။ တိတ်ဆိတ်နေသူမှာ မဟာပဏ္ဍိတရှန့်ရှင်းသာ။

သူ့အမူအရာမှာ တည်ငြိမ်နေပုံပေါ်သော်လည်း နှလုံးသားထဲတွင်မူ ထိတ်လန့်တုန်လှုပ်မှုများဖြင့် ပြည့်နှက်နေ၏။

သို့သော် ဤအခြေအနေသို့ ရောက်မှတော့ နောက်ဆုတ်စရာ လမ်းမရှိတော့ပေ။

မဟာပဏ္ဍိတရှန့်ရှင်းသည် လက်ဝါးနှစ်ဖက်ကို ရင်ဘတ်ရှေ့တွင် ကပ်လိုက်ပြီး အပေါ်သို့ အားပြင်းစွာ တွန်းတင်လိုက်၏။

“ဗုဒ္ဓတစ်သောင်း ဂါရဝပြုခြင်း”

ထိုစကားလုံးများ ထွက်ပေါ်လာသည်နှင့် ကောင်းကင်တွင် လွင့်မျောနေသော ပုတီးစေ့တိုင်းသည် မြင့်မားလှသော ဗုဒ္ဓရုပ်ပွားတော်များအဖြစ်သို့ ပြောင်းလဲသွားသည်။

ခဏချင်းတွင်ပင် ကောင်းကင်ယံ၌ ဗုဒ္ဓရုပ်ပွားတော်များဖြင့် ပြည့်နှက်သွားတော့၏။

ထိုဗုဒ္ဓများအားလုံးသည် ချူဖုန်းရှိရာအရပ်သို့ လက်ဖဝါးတစ်ဖက်စီဖြင့် တစ်ပြိုင်နက်တည်း ရိုက်ချလိုက်ကြသည်။

ဗုဒ္ဓတို့၏ တန်ခိုးအရှိန်အဝါမှာ ကောင်းကင်နှင့် မြေကြီးကို တုန်ခါသွားစေသည်။ ရုပ်ပုံလွှာများသာ ဖြစ်သော်လည်း ကမ္ဘာလောကကြီးကိုပင် အရောင်အသွေး မှိန်ဖျော့သွားစေ၏။

ဟိန်းထွက်လာသော အသံကြီးနှင့်အတူ ပေါင်ရှန့်ကျောင်းတော်ကြီးမှာ ပြိုကျသွားသည်။ တောင်တန်းများ ပြိုကျပြီး မြေကြီးများမှာ အက်ကွဲကုန်ကြ၏။

ကျောင်းတော်အတွင်းရှိ ကျင့်ကြံသူများမှာလည်း အသက်လု၍ ထွက်ပြေးကြရလေသည်။

ချူဖုန်းက ဤသည်ကို အမူအရာမပျက် ကြည့်နေခဲ့၏။ သူ သိုလှောင်လက်စွပ်အတွင်းမှ အဖိုးတန်ဓားတစ်လက်ကို အမှတ်မထင် ထုတ်ယူလိုက်သည်။ လျှပ်စီးကဲ့သို့ လျင်မြန်သော အရှိန်ဖြင့် ဓားကို အိမ်မှဆွဲထုတ်ကာ နတ်ဗုဒ္ဓများ ပြည့်နှက်နေသော ကောင်းကင်ယံဆီသို့ အားပြင်းစွာ ပိုင်းချလိုက်လေသည်။

ချွင်

ဓားတစ်ချက်က ကောင်းကင်ကိုးထပ်ကို တုန်လှုပ်စေပြီး ဓားအရှိန်အဝါက လောကသုံးထောင်ကို ဖြတ်သန်းသွားသည်။

ဓားချက် ကျရောက်သွားသည်နှင့်အသံဟူသမျှ တိတ်ဆိတ်သွားပြီး နတ်ဗုဒ္ဓများ မှိန်ဖျော့သွားကြသည်။

ဓားအရှိန်အဝါ ဖြတ်သန်းသွားရာ နေရာတိုင်းတွင် အရာအားလုံးမှာ တိမ်တိုက်များသဖွယ် ပျောက်ကွယ်သွားတော့၏။

ဗုဒ္ဓရုပ်ပုံလွှာများ တစ်ပြိုင်နက်တည်း ပျောက်ကွယ်သွားပြီး ဗုဒ္ဓရောင်ခြည်များ၏ နေရာတွင် နေရောင်ခြည်က ပြန်လည်အစားထိုးဝင်ရောက်လာသည်။

ဓားချက် ပြီးဆုံးသွားသောအခါ ဘာမျှမဖြစ်ခဲ့သကဲ့သို့ အရာအားလုံးမှာ ငြိမ်သက်ခြင်းသို့ ပြန်လည်ရောက်ရှိသွားလေတော့သည်။

All Chapters