← Chapters

အခန်း (၂၉၃-၂၉၄)

Vol. 30 Ch. 293-294

အခန်း (၂၉၃-၂၉၄)

Vol. 30 Ch. 293-294

အခန်း (၂၉၃) - ဝံပုလွေနှင့် မြေခွေး ယှဉ်တွဲလျက် (၁)

လင်းထျန်းလုံ၏ ကြီးမားလှသော ငွေရောင်ပုံရိပ်သည် လေထဲတွင် ဝဲပျံနေပြီး သူ၏ ခန္ဓာကိုယ်ကို ရစ်ပတ်နေသော ငွေဖြူရောင် လျှပ်စီးများက တောင်ကြားတစ်ခုလုံးကို နေ့ခင်းဘက်အလား လင်းထိန်သွားစေသည်။

ဝံပုလွေဘုရင်နယ်ပယ်၏ အရိုးခိုက်လောက်အောင် အေးစက်မှုနှင့် ကောင်းကင်ဘုံကိုးထပ် မိုးကြိုးအကျဉ်းထောင်၏ ကြီးကျယ်ခမ်းနားသော ကောင်းကင်ဘေးဒဏ်တို့ရောယှက်ကာ အသက်ရှူကျပ်စေသော ဖိအားပေးမှု ခံစားချက်တစ်ခု ဖြစ်ပေါ်လာပြီး သက်ရှိတိုင်း၏ နှလုံးသားကို လွှမ်းခြုံသွားသည်။

သူ၏ အကြည့်များသည် အတိကျဆုံး စကင်ဖတ်စက်တစ်ခုအလား အောက်ဘက်ရှိ သနားစရာလူသားဘုရင်သုံးဦးအပေါ် ချက်ချင်း ဖြတ်သန်းသွားသည်။ ငွေပြာဧကရာဇ်မျက်ဝန်းများသည် အပြည့်အဝအလုပ်လုပ်နေပြီး သူ၏မျက်ဝန်းထဲတွင် မရေမတွက်နိုင်သော ဒေတာစီးကြောင်းများ ဖြတ်ပြေးသွားကာ ရှင်းလင်းသော အချက်အလက် မျက်နှာပြင်သုံးခု အသိစိတ်တွင် ပေါ်လာသည်။

[အမည် - အရိပ်မဲ့ပျံသန်းသူ]

[အဆင့် - အဆင့် ၄၁ (ဒုတိယဘုရင်အဆင့်)]

[ပင်ကိုလက္ခဏာရပ်များ -]

[ ဗလာဟင်းလင်းပြင် ခြေလှမ်း (ရွှေရောင် အဆင့်မြင့်) - အကွာအဝေးတို ဟင်းလင်းပြင် ခုန်ပျံမှုများကို ခွင့်ပြုသည်၊ ရွေ့လျားမှု လမ်းကြောင်းများကို ဖမ်းယူရန် ခက်ခဲပြီး အအေးခံချိန် အလွန်တိုတောင်းသည်]

[ဓားနှလုံးသား ကြည်လင်မှု (ရွှေရောင် အဆင့်မြင့်) - အလွန်မြင့်မားသော ဓားလမ်းစဉ် နယ်ပယ်၊ ပြိုင်ဘက်၏ တိုက်ခိုက်မှု လမ်းကြောင်းကို ကြိုတင်ခန့်မှန်းနိုင်စွမ်းရှိပြီး ဓားနည်းစနစ်စွမ်းအားကို ၅၀ ရာခိုင်နှုန်း တိုးစေသည်]

[ကျွမ်းကျင်မှု လက္ခဏာရပ်များ -]

[ အရိပ်မဲ့ဓားပညာ (ရွှေရောင် အဆင့်မြင့်) - ဓားချက်များသည် အရိပ်မရှိဘဲ တိုက်ခိုက်သည်၊ တိုက်ခိုက်မှုများတွင် ဟင်းလင်းပြင်ဆုတ်ဖြဲခြင်း အကျိုးသက်ရောက်မှုပါဝင်ပြီး ရုပ်ပိုင်းဆိုင်ရာ ကာကွယ်မှု ၃၀ ရာခိုင်နှုန်း ကို လျစ်လျူရှုနိုင်သည်]

[ ဗလာဟင်းလင်းပြင် ထိုးဖောက်ခုတ်ပိုင်းခြင်း (ခရမ်းရောင် အဆင့်မြင့်) - စွမ်းအင်အကာအကွယ်များကို ဆုတ်ဖြဲနိုင်သည့် ထိုးဖောက်နိုင်စွမ်းမြင့်မားသော ဓားချီကို ထုတ်လွှတ်သည်]

[အခြေအနေ - ဒဏ်ရာအနည်းငယ်၊ စွမ်းအင်သုံးစွဲမှု ၃၅ ရာခိုင်နှုန်း၊ တိုက်ပွဲဝင်လိုစိတ် - သတိထားနေသည်]

[လုယူနိုင်သော လက္ခဏာရပ်များ (ခန့်မှန်းခြေ) - ဗလာဟင်းလင်းပြင် ခြေလှမ်း၊ ဓားနှလုံးသား ကြည်လင်မှု]

[အမည် - ကျောက်တောင်ဖြိုခွဲသူ]

[အဆင့် - အဆင့် ၄၀ (ဒုတိယဘုရင်အဆင့်)]

[ပင်ကိုယ် လက္ခဏာရပ်များ -]

[တောင်တုန်လှုပ်ခန္ဓာ (ရွှေရောင် အဆင့်မြင့်) - အလွန်အားကောင်းသော ရုပ်ပိုင်းဆိုင်ရာ ကာကွယ်မှု၊ ရုပ်ပိုင်းဆိုင်ရာ ခုခံနိုင်စွမ်း ၈၀ ရာခိုင်နှုန်း တိုးလာပြီး ထိန်းချုပ်မှု ကျွမ်းကျင်မှုများကို မြင့်မားစွာ ခုခံနိုင်သည်]

[ ဆူပွက်နေသော တိုက်ပွဲဝင်လိုစိတ် (ခရမ်းရောင် အဆင့်မြင့်) - တိုက်လေပိုရဲရင့်လေဖြစ်သည်၊ ဒဏ်ရာရပြီးနောက် တိုက်ခိုက်မှုစွမ်းအား အနည်းငယ် တိုးလာသည်]

[ကျွမ်းကျင်မှု လက္ခဏာရပ်များ -]

[ချော်ရည်ကောင်းကင်ပြိုကျလက်သီး (ရွှေရောင် အဆင့်မြင့်) - လက်သီးခွန်အားတွင် ချော်ရည်စွမ်းအားပါဝင်ပြီး ထပ်ဆောင်း လောင်ကျွမ်းခြင်းနှင့်ဖြိုခွဲခြင်း အကျိုးသက်ရောက်မှုများနှင့်အတူ ကြီးမားသော ဖျက်ဆီးနိုင်စွမ်းကို ဖြစ်ပေါ်စေသည်]

[ မြေကြောတုန်ခါမှု (ခရမ်းရောင် အဆင့်မြင့်) - ခြေဆောင့်ခြင်းမှတစ်ဆင့် ဧရိယာအလိုက် ရိုက်ခတ်လှိုင်းများကို ဖြစ်ပေါ်စေပြီး ရန်သူ၏ ဟန်ချက်နှင့် ဖွဲ့စည်းပုံကို အနှောင့်အယှက်ပေးသည်]

[အခြေအနေ - ဒဏ်ရာအလယ်အလတ်၊ စွမ်းအင်သုံးစွဲမှု ၄၀ ရာခိုင်နှုန်း၊ တိုက်ပွဲဝင်လိုစိတ် - ရူးသွပ်နေသည်]

[လုယူနိုင်သော လက္ခဏာရပ်များ (ခန့်မှန်းခြေ) - ချော်ရည် ကောင်းကင်ပြိုကျလက်သီး၊ တောင်တုန်လှုပ်ခန္ဓာ]

[အမည် - သွေးဓားမြှောင်]

[အဆင့် - အဆင့် ၃၉ (ပထမဘုရင်အဆင့်)]

[ပင်ကိုလက္ခဏာရပ်များ -]

[ သွေးသောက်သူ (ရွှေရောင် အဆင့်မြင့်) - တိုက်ခိုက်မှုများသည် မိမိကိုယ်ကို ပြန်လည်ကောင်းမွန်စေရန် ပစ်မှတ်၏ စွမ်းအားကို စုပ်ယူနိုင်သည်၊ တက်ကြွသော အသက်စွမ်းအင်ရှိသည့် ပစ်မှတ်များအပေါ် ပိုမိုထိရောက်သည်]

[ ရူးသွပ်ခြင်း (ခရမ်းရောင် အဆင့်မြင့်) - စွမ်းအားနည်းလေ တိုက်ခိုက်မှုနှင့်ရွေ့လျားမှု အမြန်နှုန်း ပိုမြန်လေဖြစ်သည်]

[ကျွမ်းကျင်မှု လက္ခဏာရပ်များ -]

[ သွေးမိစ္ဆာဓားမြှောင်နယ်ပယ် (ရွှေရောင် အဆင့်မြင့်) - သွေးရောင်နယ်ပယ်တစ်ခုကို ဖြန့်ကျက်ပြီး နယ်ပယ်အတွင်းရှိ ရန်သူများ၏ အသက်စွမ်းအင်ကို အဆက်မပြတ် တိုက်စားကာ မိမိ၏ ဓားမြှောင် နည်းစနစ် စွမ်းအားကို အားဖြည့်ပေးသည်]

[ထောင်ချီသွေးဓားမြှောင် (ခရမ်းရောင် အဆင့်မြင့်) - ကျယ်ပြန့်သော ဧရိယာကို ဖုံးလွှမ်းပြီး ရှောင်တိမ်းရန် ခက်ခဲစေသည့် သွေးရောင်ဓားမြှောင်ချီအများအပြားကို ချက်ချင်း ထုတ်လွှတ်သည်]

[အခြေအနေ - ဒဏ်ရာအပြင်းအထန်၊ စွမ်းအင်သုံးစွဲမှု ၅၀ ရာခိုင်နှုန်း၊ တိုက်ပွဲဝင်လိုစိတ် - လောဘကြီးနေသည်/သတိထားနေသည်]

[လုယူနိုင်သော လက္ခဏာရပ်များ (ခန့်မှန်းခြေ) - သွေးသောက်သူ၊ သွေးမိစ္ဆာဓားမြှောင်နယ်ပယ်]

“မျှော်လင့်ထားတဲ့အတိုင်းပဲ သူတို့သုံးယောက်ပဲ...”

လင်းထျန်းလုံ ရှင်းလင်းစွာ နားလည်သွားသည်။

“သူတို့ရဲ့ အဆင့်တွေ အတော်လေးတက်လာပြီး ပင်ကိုလက္ခဏာရပ်တွေနဲ့ ကျွမ်းကျင်မှုတွေလည်း တိုးတက်လာတယ်”

“အရိပ်မဲ့ပျံသန်းသူရဲ့ ဟင်းလင်းပြင်စွမ်းရည်က အကြီးမားဆုံး ခြိမ်းခြောက်မှုဖြစ်ပြီး ကျောက်တောင်ဖြိုခွဲသူက မျက်နှာချင်းဆိုင် တိုက်ခိုက်မှုစွမ်းရည် အားကောင်းပြီး‌တော့ သွေးဓားမြှောင်က ရေရှည်တိုက်ပွဲနဲ့ ပြန်လည်ကောင်းမွန်နိုင်စွမ်းမှာ ကျွမ်းကျင်တယ်... အခြေအနေကို အနှောင့်အယှက်အပေးနိုင်ဆုံးသူကို အရင်ဆုံး ကိုင်တွယ်ဖို့ လိုတယ်”

ရန်သူ၏ အခြေအနေကို လျင်မြန်စွာ ခွဲခြမ်းစိတ်ဖြာနေစဉ် တောင်ကြား အစွန်အဖျားမှ စနစ်ကျသော ပြေးလွှားသံများနှင့် တိုးညင်းသော ဝံပုလွေဟိန်းဟောက်သံများ ထွက်ပေါ်လာသည်။ ငွေရောင်ဒီရေတစ်ခုအလား ဝံပုလွေအုပ်စု၏ အဓိကတပ်ဖွဲ့ ရောက်ရှိလာပြီဖြစ်သည်။

ရန့်မြဲ့က ဦးဆောင်သည့် ငွေမီးခိုးရောင်ပုံရိပ်သည် မဟာနှင်းအစောင့်အရှောက်ဆယ်ဦးကို ရွေ့လျား‌နေသည့် ရေခဲနံရံတစ်ခုအလား ဦးဆောင်လျက် စစ်မြေပြင်သို့ လျင်မြန်စွာ ဖြတ်ဝင်လာပြီး ရှေ့တန်းကို ပိတ်ဆို့လိုက်သည်။

မဟာနှင်းအကာအကွယ်အလင်းရောင်သည် တစ်ဆက်တည်းဖြစ်သွားပြီး သူတို့နောက်ရှိ ကျန်ရှိနေသော မြေခွေးမျိုးနွယ်စုကို ကာကွယ်ပေးထားသည်။

ထျန်းပင်းက စိတ်လှုပ်ရှားစွာ ဟိန်းဟောက်လိုက်သည် ရွှေရောင်ရင့်ရင့်ပုံရိပ်သည် တောင်နံရံရှိတွင်းထဲမှ ရုန်းထွက်လာခါစဖြစ်သော ကျောက်တောင်ဖြိုခွဲသူအပေါ် တိုက်ရိုက် ချိပ်ပိတ်လိုက်သည်။

ယင်းဖုန်း၏ကွပ်ကဲမှုအောက်ရှိ နှင်းခဲအရိပ်လျှို့ဝှက်အစောင့်အရှောက် များသည် တစ္ဆေများအလား ပြန့်ကျဲသွားပြီး စစ်မြေပြင်တစ်လျှောက် အရိပ်များထဲသို့ ပျောက်ကွယ်သွားကာ ရန်သူကိုချေမှုန်းရန် သွေးဆာသတ်ဖြတ်လိုသည့်စိတ်များက အသင့်ဖြစ်နေသည်။

သွေးမိစ္ဆာ၏ မျက်လုံးများမှာ ပိုမိုနီရဲနေပြီး သူ၏ ဒဏ်ရာများကို သက်သာစေရန် စစ်မြေပြင်၏ သွေးချီစွမ်းအင်များကို စုပ်ယူရန် ကြိုးစားနေသည့် သွေးဓားမြှောင်ကို စူးစိုက်ကြည့်နေသည်။

ကောင်းကင်သတ်ဖြတ်ခြင်းစစ်သူရဲသွေးသည် ဆူပွက်နေပြီဖြစ်၍ ခုန်အုပ်ပြီး သူ့ကို အပိုင်းပိုင်း ဆုတ်ဖြဲပစ်ရန် မစောင့်ဆိုင်းနိုင်တော့ပေ။

ဝံပုလွေအုပ်စု ရောက်ရှိလာခြင်းက စစ်မြေပြင် အခြေအနေကို ချက်ချင်း ပြောင်းပြန်ဖြစ်သွားစေပြီး လူသားဘုရင်သုံးဦးကို တန်ပြန် ဝိုင်းရံလိုက်သည်။

ယွဲ့ရီသည် ဒဏ်ရာများနှင့် စိတ်ပိုင်းဆိုင်ရာ ပင်ပန်းနွမ်းနယ်မှုကို သည်းခံကာ မတ်တတ်ရပ်ရန် ရုန်းကန်လိုက်သည်။

သူမ၏ အမြီးရှည်ကိုးချောင်းသည် အနည်းငယ် မှေးမှိန်နေသော်လည်း ခိုင်မာစွာ ထောင်မတ်နေဆဲဖြစ်သည်။

တစ်လှမ်းချင်းစီ လျှောက်ကာ လင်းထျန်းလုံ၏ ဘေးသို့ သွားရပ်လိုက်ပြီး သူမ၏ ခရမ်းရောင်သလင်းကျောက် မြေခွေးမျက်ဝန်းများက အရိပ်မဲ့ပျံသန်းသူသုံးဦးကို ကြည့်ရှုလိုက်ကာ သူမ၏အသံမှာ အေးစက်ပြီး ပြတ်သားနေသည်။

“ဝံပုလွေဘုရင်၊ ဒီတိုက်ပွဲမှာ ငါ မင်းနဲ့အတူ ရှိတယ်”

ဤအခိုက်အတန့်တွင် သူမသည် အကူအညီတောင်းခံနေသော မဟာမိတ်တစ်ဦးမျှသာ မဟုတ်တော့ဘဲ အားကောင်းသော ရန်သူကို အတူတကွ ရင်ဆိုင်မည့် စစ်ဘက်ရဲဘော်တစ်ဦး ဖြစ်သွားပြီဖြစ်သည်။

လင်းထျန်းလုံ၏ ကြီးမားလှသော ခန္ဓာကိုယ်ဘေးတွင်ရပ်လျက် နယ်ပယ်နှစ်ခုမှ ယူဆောင်လာသော ကာကွယ်မှုနှင့်စွမ်းအားများကို ခံစားရသောအခါ မျိုးနွယ်စုဝင်များ သေဆုံးမှုကြောင့် ခံစားရသော ဝမ်းနည်းမှုနှင့် အားကိုးရာမဲ့မှုတို့သည် အားကောင်းသော လုံခြုံမှုခံစားချက်နှင့် ပခုံးချင်းယှဉ် တိုက်ပွဲဝင်မည့် ဆုံးဖြတ်ချက်တို့ဖြင့် အစားထိုး နေရာယူလာသည်။

သူမ အသက်ပြင်းပြင်းရှူလိုက်သောအခါ လေထုထဲတွင် ကြက်သီးထလောက်စရာ အားတက်ဖွယ် မိုးကြိုးရောင်ဝါများပြန့်နှံ့လာသည်။

အရိပ်မဲ့ပျံသန်းသူသည် ပြောင်းပြန်ဖြစ်သွားသော အခြေအနေနှင့် သူ့အပေါ် ကြီးမားလှသော ဖိအားများ ယူဆောင်လာသည့် ကောင်းကင်ယံရှိ ငွေရောင်ဝံပုလွေကို ကြည့်လိုက်ရာ အကြည့်များမှာ အလွန်လေးနက်သွားသည်။ သူက အခြားနှစ်ဦးထံ လျင်မြန်စွာ စိတ်အာရုံဆက်သွယ်ခြင်း ဖြင့် ပြောလိုက်သည်။

“အခြေအနေ ပြောင်းသွားပြီ၊ ဒီဝံပုလွေဘုရင်ရဲ့ ခွန်အားက ငါတို့ ခန့်မှန်းထားတာထက် အများကြီး သာလွန်နေတယ်”

“ ပြီးတော့ သူ့မှာ နယ်ပယ်စွမ်းအားရှိတယ်... သူ့ကို မျက်နှာချင်းဆိုင် ရင်ဆိုင်လို့မရဘူး၊ ဖောက်ထွက်ဖို့ အခွင့်အရေးရှာ”

“ဖောက်ထွက်မယ်၊ ငါ တိုက်လို့ မဝသေးဘူး”

ကျောက်တောင်ဖြိုခွဲသူက သွေးတစ်ပွက် ထွေးချလိုက်ရာ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးရှိ ချော်ရည်ပုံစံများ တစ်ဖန် လင်းလက်လာသည်။

ဒဏ်ရာရထားသော်လည်း သူ၏ ကြမ်းတမ်းသော စွမ်းအားများသည် ပိုမိုတိုးလာကာ ထျန်းပင်းကို စူးစိုက်ကြည့်ရင်း စမ်းသပ်ကြည့်ချင်စိတ် ပြင်းပြနေသည်။

သွေးဓားမြှောင်က လေထုထဲတွင် ပျံ့နှံ့နေသော သွေးချီစွမ်းအင်များကို (အဓိကအားဖြင့် သူ၏ ယခင် မြေခွေးမျိုးနွယ်စုကို သတ်ဖြတ်မှုကြောင့် ဖြစ်ပေါ်လာခြင်းဖြစ်သည်) လောဘတကြီး ရှူရှိုက်လိုက်ရာ မိစ္ဆာဓားပေါ်ရှိ ရက်စက်ယုတ်မာသော စွမ်းအင်အနည်းငယ် ပြန်လည်ရှင်သန်လာသည်။ သူက လင်းထျန်းလုံနှင့် ယွဲ့ရီကို ကြမ်းကြုတ်စွာ စိုက်ကြည့်ကာ ရွေးချယ်စရာများကို ချိန်ဆနေပုံရသည်။

“ထွက်သွားချင်တာလား”

လင်းထျန်းလုံ၏အသံ တည်ငြိမ်စွာ ထွက်ပေါ်လာပြီး ခဏတာ တိတ်ဆိတ်မှုကို ဖြိုခွဲလိုက်သည်။

“ငါ့လက်သည်းတွေကို မေးပြီးပြီလား”

သူ ဆက်ပြီး စကားမပြောတော့ပေ။ အတွေးတစ်ချက်ဖြင့် ဝံပုလွေဘုရင်နယ်ပယ်၏ အအေးဒဏ် ရုတ်တရက် ပြင်းထန်လာပြီး လေထဲတွင် စုစည်းလာသော အမည်းရောင်ရေခဲသလင်းကျောက်များသည် အသက်ဝင်လာသကဲ့သို့ မရေမတွက်နိုင်သော သေးငယ်သည့် ရေခဲဓားသွားများအဖြစ် ပြောင်းလဲသွားသည်။

ကောင်းကင်ဘုံကိုးထပ် မိုးကြိုးအကျဉ်းထောင်မှ ဖြာထွက်လာသော သေးငယ်သည့် မိုးကြိုးမြွေရာပေါင်းများစွာနှင့်အတူ သူတို့သုံးဦးကို ကြမ်းတမ်းသော မုန်တိုင်းတစ်ခုအလား လွှမ်းခြုံသွားသည်။

ဤသည်မှာ သေစေရန် ရည်ရွယ်၍မဟုတ်ဘဲ သူတို့၏ လှုပ်ရှားမှုများကို အနှောင့်အယှက်ပေးရန်၊ ဖိနှိပ်ရန်နှင့် ကန့်သတ်ရန်ဖြစ်သည်။

တစ်ချိန်တည်းမှာပင် သူ၏ ညွှန်ကြားချက်များကို စိတ်အာရုံဆက်သွယ်ခြင်းမှတစ်ဆင့် တိကျစွာ ပို့လွှတ်လိုက်သည်။

“ရန့်မြဲ့၊ ကာကွယ်ရေးမျဉ်းကို တည်ငြိမ်အောင်လုပ်၊ မြေခွေးမျိုးနွယ်စုကို ကာကွယ်ထား၊ ပြီးတော့ သူတို့သွေးရူးသွေးတန်းလျှောက်မလုပ်အောင် တားဆီး”

“ထျန်းပင်း၊ ယင်းဖုန်း၊ မင်းတို့နှစ်ယောက် ပူးပေါင်းပြီး ကျောက်တောင်ဖြိုခွဲသူကိုနှိမ်နင်း၊ သူ့ရဲ့ ချော်ရည်လက်သီးခွန်အားနဲ့ မြေကြောတုန်ခါမှုတွေကို သတိထား”

“သွေးမိစ္ဆာ မင်းရဲ့သွေးအစွယ်‌တော်အစောင့်အရှောက်တွေကိုခေါ်ပြီး သွေးဓားမြှောင်ကိုရစ်ပတ်ထား…သူ့ကို အားပြန်ပြည့်အောင် သွေးစုပ်ခွင့် မပေးနဲ့၊ သေတဲ့အထိ အားယုတ်စေ”

“ယွဲ့ရီ မင်း ငါ့ကိုကူညီပေး၊ အရိပ်မဲ့ပျံသန်းသူရဲ့ ဟင်းလင်းပြင်ခံစားသိမြင်နိုင်စွမ်းကို အနှောင့်အယှက်ပေးဖို့ ပုံရိပ်ယောင်တွေကို အဓိကထား အသုံးပြု”

“ဟုတ်ကဲ့ပါ”

ဝံပုလွေများက ပြိုင်တူ တုံ့ပြန်လိုက်ပြီး ချက်ချင်း လှုပ်ရှားသွားကြတော့သည်။

အခန်း (၂၉၄) - ဝံပုလွေနှင့် မြေခွေး ယှဉ်တွဲလျက် (၂)

ထျန်းပင်းက ကောင်းကင်တုန်လှုပ်မတတ် ဟိန်းဟောက်လိုက်ပြီး ရူးသွပ်သောချီတက်ခြင်းကို အသက်သွင်းကာ အမြောက်မှ ပစ်လွှတ်လိုက်သော ကျည်ဆန်တစ်တောင့်အလား ကျောက်တောင်ဖြိုခွဲသူဆီသို့ တိုက်ရိုက် ပြေးဝင်သွားသည်။

သူ၏ ရွှေရောင်ရင့်ရင့် အမွေးအမျှင်များသည် နယ်ပယ်အတွင်း နှင်းခဲများနှင့်မိုးကြိုးအလင်းတန်းများ အလွှာတစ်ခု ဖုံးလွှမ်းနေပုံရကာ အရှိန်အဟုန်မှာ တားဆီးမရနိုင်ပေ။

“လာခဲ့စမ်း”

ကျောက်တောင်ဖြိုခွဲသူက စိန်ခေါ်လိုက်ပြီး ရှောင်တိမ်းခြင်း မပြုလုပ်ဘဲ ချော်ရည်ကောင်းကင်ပြိုကျလက်သီးဖြင့် တိုက်ခိုက်မှုကို ရဲဝံ့စွာ ရင်ဆိုင်လိုက်သည်။ အနီရောင်ရင့်ရင့် ချော်ရည် လက်သီးခွန်အားသည် နှင်းခဲများနှင့် မိုးကြိုးအလင်းတန်းများ ဖုံးလွှမ်းနေသော ထျန်းပင်း၏ လက်သည်းများနှင့် ပြင်းထန်စွာ ဝင်တိုက်လိုက်သည်။

“ဝုန်း…”

ဧရာမ ပေါက်ကွဲမှုကြီးကြားတွင် လေလှိုင်းများ လိမ့်တက်သွားသည်။

ထျန်းပင်း ခြေလှမ်းအနည်းငယ် နောက်ဆုတ်သွားသည်။ လက်သည်းများမှ ပူလောင်သော နာကျင်မှုတစ်ခု ထွက်ပေါ်လာသော်လည်း တိုက်ပွဲရူးသွပ်ခြင်း လက္ခဏာရပ် အလုပ်လုပ်လာသည်နှင့်အမျှ သူ၏ ရွှေရောင်ရင့်ရင့် မျက်လုံးများရှိ တိုက်ပွဲဝင်လိုစိတ်မှာ ပိုမိုအားကောင်းလာသည်။

ကျောက်တောင်ဖြိုခွဲသူလည်း သူ၏ လက်သီး ထုံကျင်သွားသည်ကို ခံစားလိုက်ရသည်။ ပြိုင်ဘက်၏ခွန်အားက သူမျှော်လင့်ထားသည်ထက် များစွာ သာလွန်နေသည်။

ထိုအချိန်တွင် ကျောက်တောင်ဖြိုခွဲသူ၏ ခြေအောက်ရှိ အရိပ်ထဲမှ အသံမထွက်ဘဲ အမည်းရောင်ဓားအလင်းတန်းတစ်ခု ထိုးထွက်လာပြီး သူ၏ ခြေကျင်းဝတ်ကို တိုက်ရိုက်ဦးတည်သွားသည်။၎င်းမှာယင်းဖုန်းဖြစ်သည်။

အရိပ်တိုက်စားခြင်း၏ စွမ်းအားက သူ၏ တောင်တုန်လှုပ်ခန္ဓာ ကာကွယ်မှုကို ထိုးဖောက်ရန် ကြိုးစားသည်။

ကျောက်တောင်ဖြိုခွဲသူ အလွန်လျင်မြန်စွာ တုံ့ပြန်လိုက်ပြီး ခြေကို ပြင်းပြင်းထန်ထန် ဆောင့်လိုက်ရာ မြေကြော တုန်ခါမှု အသက်ဝင်လာသည်။

မြေကြီးသည် ပြင်းထန်စွာလှုပ်ခတ်သွားပြီး ယင်းဖုန်းကို စောစီးစွာ ဆုတ်ခွာရန် ဖိအားပေးလိုက်သည်။ သို့သော် ဤအနှောင့်အယှက်က ထျန်းပင်းကို အခွင့်အရေးရယူကာ တစ်ဖန် ပြန်လည်ခုန်အုပ်နိုင်စေခဲ့သည်။

အခြားတစ်ဖက်တွင် သွေးမိစ္ဆာသည် သွေးအစွယ်‌တော်အစောင့်အရှောက်ဆယ်ဦးကို ဦးဆောင်ကာ သွေးရောင်လေဆင်နှာမောင်း ဆယ့်တစ်ခုအလား သွေးဓားမြှောင်ကို ဝိုင်းရံထားသည်။

သွေးဆာရူးသွပ်မှုနှင့် သွေးဆုတ်ဖြဲလက်သည်းတို့က သွေးဓားမြှောင်ကို ရူးသွပ်စွာ တိုက်ခိုက်နေသဖြင့် သူ တုံ့ပြန်ရန် ဓားကို အဆက်မပြတ် လွှဲယမ်းနေရသည်။

သွေးဓားမြှောင်၏ သွေးမိစ္ဆာဓားမြှောင်နယ်ပယ် ဖြန့်ကျက်ရန် ကြိုးစားသော်လည်း လင်းထျန်းလုံ၏ ကောင်းကင်ဘုံကိုးထပ် မိုးကြိုးအကျဉ်းထောင် ဖိနှိပ်မှုအောက်တွင် ၎င်း၏ အကွာအဝေးသည် အကန့်အသတ်မဲ့ ဖိသိပ်ခံရပြီး ၎င်း၏ ထိရောက်မှုကြီးမားစွာ လျော့ကျသွားသည်။

သူ့ကို ပို၍ စိတ်ပျက်စေသည်မှာ သွေးအစွယ်‌တော်အစောင့်အရှောက်များ၏ တိုက်ခိုက်မှုများတွင် တိုက်ပွဲဝင်သွေးတိုက်စားခြင်း အကျိုးသက်ရောက်မှု ပါဝင်နေပြီး အသက်စွမ်းအင် ပြန်လည်ကောင်းမွန်မှုကို အဆက်မပြတ် ဟန့်တားနေကာ သူ၏ သွေးသောက်သူပင်ကိုစွမ်းရည်ကို အပြည့်အဝ အလုပ်လုပ်ရန် ခက်ခဲစေသည်။

သူ၏ ဓားနည်းစနစ်များသည် ရက်စက်ပြီး သွေးအစွယ်‌တော်အစောင့်အရှောက်တစ်ဦးကို ရံဖန်ရံခါ ခုတ်ပိုင်းဒဏ်ရာရစေနိုင်သော်လည်း အခြား အစောင့်အရှောက်များက ချက်ချင်း ဝင်ရောက်နေရာယူကြသည်။

ဒဏ်ရာကိုဒဏ်ရာဖြင့် ပြန်လည်တုံ့ပြန်သည့် ဝံပုလွေအုပ်စု၏ အကြောက်အလန့်ကင်းပြီး ရူးသွပ်သော တိုက်ခိုက်ရေးပုံစံက သူ့ကို လောလောဆယ် လွတ်မြောက်နိုင်စွမ်းမရှိစေပေ။

ထို့ပြင် စစ်မြေပြင်၏ အလယ်ဗဟို၊ အန္တရာယ်အများဆုံး ဧရိယာတွင် လင်းထျန်းလုံ၊ ယွဲ့ရီနှင့် အရိပ်မဲ့ပျံသန်းသူတို့၏ ထိပ်တိုက်ရင်ဆိုင်မှု ဖြစ်ပွားနေသည်။

အရိပ်မဲ့ပျံသန်းသူသည် ဗလာဟင်းလင်းပြင် ခြေလှမ်းကို ၎င်း၏ အကန့်အသတ်အထိ တွန်းတင်လိုက်ပြီး သူ၏ ပုံရိပ်သည် မီတာတစ်ရာ ပတ်လည်အတွင်း အဆက်မပြတ် လင်းလက်ကာ ပျောက်ကွယ်သွားပြီး ယွဲ့ရီကို တိုက်ခိုက်ရန် သို့မဟုတ် ဖောက်ထွက်ရန် အခွင့်အရေးရှာဖွေနေရင်း လင်းထျန်းလုံ၏ ချိပ်ပိတ်မှုကို ဖယ်ရှားရန် ကြိုးစားနေသည်။

သူ၏ အရိပ်မဲ့ဓားပညာသည် ရံဖန်ရံခါ ထိုးထွက်လာပြီး ၎င်း၏ ပွင့်လင်းမြင်သာသော ဓားချီသည် လှည့်စားပြီး ရက်စက်သောထောင့်များမှ လေကိုဆုတ်ဖြဲလာသည်။

သို့သော် လင်းထျန်းလုံ၏ ဗလာလေပြင်းထွက်ပြေးခြင်းက အမြန်နှုန်းနှင့်ပျော့ပျောင်းမှု နှစ်ခုလုံးတွင် သာလွန်နေသည်။

သူ၏ ကြီးမားလှသော ခန္ဓာကိုယ်သည် အရွယ်အစားနှင့်မလိုက်အောင် သွက်လက်မှုကို ပြသနေသည်။

အရိပ်မဲ့ပျံသန်းသူ ပေါ်လာသည့် အခိုက်အတန့်တွင် လင်းထျန်းလုံက သူ ဆင်းသက်မည့် နေရာကို ကြိုတင်ခန့်မှန်းပြီးသား ဖြစ်နေလေ့ရှိသည်။

နက်နဲရေခဲကောင်းကင်ဆုတ်ဖြဲလက်သည်း၏ ဆုတ်ဖြဲနိုင်သော စွမ်းအားကို သယ်ဆောင်လာသည့် လက်သည်းများက ရက်စက်စွာ ရိုက်ချလာသည်။ ကောင်းကင်ဘုံကိုးထပ် မိုးကြိုးအကျဉ်းထောင်မှ လျှပ်စီးကြောင်းတစ်ခုက တိကျစွာ ကျဆင်းလာသဖြင့် အရိပ်မဲ့ပျံသန်းသူမှာ ဦးတည်ချက်ကို အဆက်မပြတ် ပြောင်းလဲနေရပြီး ထိရောက်သော တိုက်ခိုက်မှုတစ်ခုကို လုံးဝမစီစဉ်နိုင်တော့ပေ။

အရိပ်မဲ့ပျံသန်းသူကို ပို၍ စိတ်ပျက်စေသည်မှာ ယွဲ့ရီ၏ ပုံရိပ်ယောင်အနှောင့်အယှက်များဖြစ်သည်။

သူမသည် ကြီးမားသော ပုံရိပ်ယောင်ကို မဖန်တီးဘဲ သူမ၏ စိတ်စွမ်းအင်များကို ပိုးကြိုးမျှင်များအဖြစ် စုစည်းကာ အနုစိတ်ဆုံး စူးစမ်းလေ့လာရေး ကိရိယာများအလား အရိပ်မဲ့ပျံသန်းသူ၏ ခံစားသိမြင်မှုကို ကျူးကျော်ဝင်ရောက်ရန်နှင့် ဟင်းလင်းပြင် အကဲဖြတ်ချက်ကို အနှောင့်အယှက်ပေးရန် အဆက်မပြတ် ကြိုးစားနေသဖြင့် သူ၏ ဗလာဟင်းလင်းပြင်ခြေလှမ်း ဆင်းသက်သည့် နေရာများ ရံဖန်ရံခါ အနည်းငယ် သွေဖယ်သွားစေသည်။

ဤသွေဖယ်မှု အနည်းငယ်က ပုံမှန်အားဖြင့် အရေးမကြီးသော်လည်း လင်းထျန်းလုံကဲ့သို့သော ပြိုင်ဘက်နှင့် တိုက်ပွဲတွင်မူ သေစေလောက်သည်။

ယွဲ့ရီသည် အပြည့်အဝအာရုံစိုက်ထားပြီး သူမ၏ ခရမ်းရောင်မျက်ဝန်းများသည် အရိပ်မဲ့ပျံသန်းသူ၏ လှုပ်ရှားမှုတိုင်းကို စိုက်ကြည့်နေကာ သူမ၏ စိတ်ထဲတွင် အတွေးတစ်ခုတည်းသာ ရှိသည်။

‘သူ့ကို ဝံပုလွေဘုရင်နဲ့ ငါ့မျိုးနွယ်စုဝင်တွေကို ထပ်ပြီး ခြိမ်းခြောက်ခွင့် ဘယ်တော့မှ မပေးဘူး’

ပခုံးချင်းယှဉ်တိုက်ပွဲဝင်ပြီး အချင်းချင်း ကာကွယ်ပေးရသည့် ဤခံစားချက်က လင်းထျန်းလုံအပေါ် သူမ၏ ကိုယ်ပိုင်သတ်မှတ်ချက်ကို ပို၍မြင့်မားစေသည်။

“ချီ”

အခြား ဟင်းလင်းပြင် အက်ကွဲကြောင်းတစ်ခုကို နက်နဲရေခဲကောင်းကင်ဆုတ်ဖြဲလက်သည်းက ဆုတ်ဖြဲလိုက်ပြီး အရိပ်မဲ့ပျံသန်းသူ၏အဝတ်စကို ရှပ်ထိသွားကာ အေးခဲသွားပြီးနောက် သူ၏အဝတ်အစားသည် တစ်စိတ်တစ်ပိုင်း စုတ်ပြဲသွားသည်။

အရိပ်မဲ့ပျံသန်းသူ၏ နဖူးတွင် ချွေး‌စေးများ ကျလာသည်။ ဤအတိုင်း ဆက်သွားပါက ဤနေရာတွင် အမှန်တကယ် ကျဆုံးသွားနိုင်ကြောင်း သူ သဘောပေါက်လိုက်သည်။

“ငါ ထပ်ပြီး အင်အားချန်ထားလို့ မရတော့ဘူး”

အရိပ်မဲ့ပျံသန်းသူ၏ မျက်လုံးများတွင် ပြတ်သားမှု အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားသည်။

သူသည် လင်းလက်နေသော သူ၏ ပုံရိပ်ကို ရုတ်တရက်ရပ်တန့်လိုက်ရာ လက်ထဲရှိရှေးဟောင်းဓားရှည်မှ ကြည်လင်သော ဓားမြည်သံတစ်ခု ထွက်ပေါ်လာသည်။

သူ့ပတ်လည်ရှိ ဟင်းလင်းပြင်စွမ်းအားများ ပြင်းထန်စွာ လှုပ်ခတ်လာပြီး ယခင်ကထက် ပိုမိုအန္တရာယ်များသော စွမ်းအားတစ်ခု ပျံ့နှံ့လာသည်။ နယ်ပယ်ကို အတင်းအဓမ္မ ဖောက်ထွက်ပြီး လွတ်မြောက်ရန် အခွင့်အရေးတစ်ခု ဖန်တီးပြီး လျှို့ဝှက်နည်းစနစ်ကို ထုတ်သုံးရန် ပြင်ဆင်နေသည်။

လင်းထျန်းလုံ၏ ငွေပြာဧကရာဇ်မျက်ဝန်း ကျဉ်းမြောင်းသွားသည်။ သူ၏ အချက်အလက် မျက်နှာပြင်မှတစ်ဆင့် အရိပ်မဲ့ပျံသန်းသူသည် စွမ်းအင်များကို ပုံမှန်မဟုတ်ဘဲ စုစည်းနေသည်ကို မြင်လိုက်ရသည်။

“အစွမ်းကုန် ကြိုးစားချင်တာလား”

သူ၏အတွေးများ လျင်မြန်စွာ လည်ပတ်သွားပြီး မျက်တောင်တစ်ခတ်အတွင်း ဆုံးဖြတ်ချက်တစ်ခု ချလိုက်သည်။

ဇာစ်မြစ်မသိသော အသက်စွန့် တိုက်ခိုက်မှုတစ်ခုကို မျက်နှာချင်းဆိုင် ရင်ဆိုင်ခြင်းသည် မိုက်မဲရာကျသော်လည်း ဂုဏ်သိက္ခာအရ ပြိုင်ဘက်ကို ဆန္ဒရှိသလို လာချင်တိုင်းလာ၊ ပြန်ချင်တိုင်းပြန်ခွင့်ပြုမည်မဟုတ်။

အရိပ်မဲ့ပျံသန်းသူ၏ ဓားအဟုန်အမြင့်ဆုံးသို့မရောက်မီ တစ်ခဏလေးတွင် လင်းထျန်းလုံသည် လိုက်လံတိုက်ခိုက်ခြင်းကို ရပ်လိုက်ပြီး သူ၏ စိတ်အာရုံကို ဝံပုလွေဘုရင်နယ်ပယ်နှင့် ကောင်းကင်ဘုံကိုးထပ် မိုးကြိုးအကျဉ်းထောင်ထဲသို့ နစ်မြုပ်လိုက်သည်။

“ဝီ…”

နယ်ပယ်၏စွမ်းအား ရုတ်တရက်ထပ်မံတိုးလာသည်။ ရေခဲနှင့်နှင်းများ ပိုမိုအေးစက်လာပြီး လျှပ်စီးများ ပိုမိုအား‌ကောင်းလာသည်။

တောင်ကြားတစ်ခုလုံးသည် ရေခဲနှင့်လျှပ်စီးတို့၏ အကြွင်းမဲ့အကျဉ်းထောင်တစ်ခုအဖြစ် ပြောင်းလဲသွားပုံရသည်။ တစ်ချိန်တည်းမှာပင် ယွဲ့ရီထံသို့ အတွေးတစ်ခု ပို့လွှတ်လိုက်သည်။

ယွဲ့ရီ ချက်ချင်း နားလည်သွားသည်။ သူမ၏ ခရမ်းရောင်မျက်ဝန်းတွင် အလင်းရောင်များ စူးရှစွာ တောက်ပလာသည်။

သိမ်မွေ့သော အနှောင့်အယှက်ပေးခြင်းကို ရပ်တန့်လိုက်ပြီး ကျန်ရှိနေသော သူမ၏ စိတ်စွမ်းအင်များကို အားကောင်းသည့် စိတ်ပိုင်းဆိုင်ရာ ရိုက်ခတ်မှုအဖြစ် ပြောင်းလဲလိုက်သည်။ အရိပ်မဲ့ပျံသန်းသူ၏ ဝိညာဉ်ကိုဦးတည်ခြင်းမဟုတ်ဘဲ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားများကို စုစည်းနေသည့် လက်ထဲရှိဓားရှည်ဆီသို့ ဖြစ်သည်။

အရိပ်မဲ့ပျံသန်းသူက တိုးညင်းစွာ ညည်းတွားလိုက်ပြီး သူ၏ဓားအဟုန်သည် တစ်ခဏမျှ ရပ်တန့်သွားသည်။

ထိုရပ်တန့်သွားသည့် အခိုက်အတန့်လေးတွင်…

“ဝုန်း”

ယခင်ကထက် များစွာ ပိုမိုထူထဲပြီး သန့်စင်ကာ ၎င်းအတွင်း၌ မရေမတွက်နိုင်သော မိုးကြိုးဂါထာအက္ခရာများ တောက်ပနေသည့် ငွေဖြူရောင်နတ်ဘုရားမိုးကြိုးတစ်ခုသည် နတ်ဘုရားဒဏ်ခတ်မှု လှံတစ်စင်းအလား နယ်ပယ်ဟင်းလင်းပြင်ကို ဆုတ်ဖြဲသွားသည်။ အကွာအဝေးကို လျစ်လျူရှုကာ အရိပ်မဲ့ပျံသန်းသူသည် အပြီးသတ်တော့မည့် ဓားအဟုန်၏ အလယ်ဗဟိုကို တိုက်ရိုက် ဝင်တိုက်လိုက်သည်။

“ဖောက်…”

အရိပ်မဲ့ပျံသန်းသူသည် ပြင်းထန်သော ထိုးနှက်မှုကိုခံရသကဲ့သို့ ဖြစ်သွားပြီး သွေးများအများအပြား အန်ထွက်လာသည်။

စုစည်းထားသော ဓားအဟုန်သည် အတင်းအဓမ္မ အနှောင့်အယှက်ခံလိုက်ရသဖြင့် ပြင်းထန်သော တန်ပြန်ရိုက်ခတ်မှုကို ဖြစ်ပေါ်စေသည်။

ခန္ဓာကိုယ်တစ်ခုလုံး လျှပ်စီးများဖြင့် လွှမ်းခြုံခံရပြီး ကြိုးပြတ်သွားသော စွန်တစ်ခုအလား နောက်သို့ လွင့်စင်သွားသည်။ သူ၏ စွမ်းအားတစ်ဝက်ကျော်သည် ချက်ချင်း ယုတ်လျော့သွားပြီး လက်ထဲရှိဓားရှည်သည် လွတ်ကျလုနီးပါး ဖြစ်သွားသည်။

သူ၏ပုံရိပ်ကို အတင်းအဓမ္မ တည်ငြိမ်စေလိုက်ပြီး အံ့အားသင့်မှုနှင့် အကြောက်တရားအရိပ်အယောင်တို့ဖြင့် ပြည့်နှက်နေသော မျက်လုံးများဖြင့် လင်းထျန်းလုံကို ကြည့်လိုက်သည်။

အချိန်ကိုက်မှုနှင့်စွမ်းအား ထိန်းချုပ်မှုအပေါ် ပြိုင်ဘက်၏ ကျွမ်းကျင်မှုသည် စိတ်ကူးမရနိုင်လောက်သော အဆင့်သို့ ရောက်ရှိနေပြီဖြစ်သည်။

သူ ထပ်မံမတုံ့ဆိုင်းတော့ဘဲ သူ၏ နောက်ဆုံးခွန်အားကို အသုံးပြု၍ ကျောက်တောင်ဖြိုခွဲသူနှင့်သွေးမိစ္ဆာတို့ကို “သွားမယ်” ဟု အမိန့်ပေးလိုက်သည်။

တစ်ချိန်တည်းမှာပင် အသက်ကယ်အဆောင်ကျောက်စိမ်းတစ်ခုကို ချေမွလိုက်ရာ ဟင်းလင်းပြင်လှုပ်ခတ်မှုတစ်ခုက သူ့ကို ချက်ချင်း လွှမ်းခြုံသွားသည်။

ယင်းကို မြင်သောအခါ ကျောက်တောင်ဖြိုခွဲသူနှင့် သွေးဓားမြှောင်တို့သည်လည်း သူတို့၏အခြေအနေမှာ မျှော်လင့်ချက်မရှိတော့ကြောင်း သိလိုက်ကြသည်။

ကျောက်တောင်ဖြိုခွဲသူသည် ထျန်းပင်း၏ လက်သည်းချက်တစ်ချက်ကို ခံယူလိုက်ပြီး အင်အားကို အသုံးပြုကာ နောက်သို့ လွင့်စင်သွားရင်း လက်သီးတစ်ချက်ကို မြေကြီးပေါ်သို့ ရိုက်ချကာ လိုက်လံတိုက်ခိုက်မှုကို ဟန့်တားရန် ကြီးမားသော ချော်ရည်ပေါက်ကွဲမှုတစ်ခုကို ဖန်တီးလိုက်သည်။

သွေးဓားမြှောင်က ပို၍ပင် ပြတ်သားပြီး သူ၏သွေးအနှစ်သာရ တစ်စိတ်တစ်ပိုင်းကို တိုက်ရိုက် လောင်ကျွမ်းကာ သွေးထွက်ပြေးခြင်း နည်းစနစ်ကို အသုံးပြု၍ သွေးရောင်အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲကာ တောင်ကြားထဲမှ ပြေးထွက်သွားတော့သည်။

All Chapters