← Chapters

ဆုလာဘ်ရရှိသော ခရီးမှ ပြန်ရောက်ခြင်း

Vol. 12 Ch. 1173

ဆုလာဘ်ရရှိသော ခရီးမှ ပြန်ရောက်ခြင်း

Vol. 12 Ch. 1173

အမုန်းဝိညာဥ်များမှာ သက်ရှိများ၏ နှလုံးသားထဲ အကြောက်တရားများ ရိုက်ထည့်နေကျ ဖြစ်သည်။ ထို့ပြင် သူတို့တည်ရှိသည့် ဤမရဏကမ္ဘာမှာ ထိုတိကျသောရည်ရွယ်ချက်အတွက် ဖန်တီးခံခဲ့ရခြင်း ဖြစ်သည်။

သို့သော် ယခု ဤနေရာသို့ ပထမဆုံးအကြိမ်အဖြစ် အာကာသအောက်လမ်းဆရာ ပိုင်ရှောင်ချန်း အလည်အပတ် ရောက်လာခဲ့လေပြီ။ သူ၏ဝိညာဥ်စုစည်းဆေးလုံးများဖြင့် သူက ယပ်တောင်အစုတ်ကြီး တစ်ခါမှ မမြင်ခဲ့ဖူးသော၊ အရာရာတိုင်းကို ဖျက်စီးပစ်နိုင်သော မုန်တိုင်းကြီးတစ်လုံး ဖန်တီးလိုက်လေသည်။

ထစ်ခြုန်းမြည်ဟည်းသံများ တစ်ကမ္ဘာလုံး ပြည့်နှက်သွား၏။ ထာဝရအင်မော်တယ်နယ်မြေများတွင် နေချိန်တုန်းက ပိုင်ရှောင်ချန်းသည် အရန်ထားသည့် ဆေးလုံးများကို ဆင့်ခေါ်ခဲ့သော်လည်း သူ၏ဝိညာဥ်စုစည်းဆေးလုံးတစ်လုံးမှ မပါခဲ့ပေ။ သို့ဖြစ်၍ သူ့လက်ဝယ်တွင် ဝိညာဥ်စုစည်းဆေး တစ်ပုံတခေါင်း ရှိလေသည်။

မြေရိုင်းဒေသမှာတုန်းက သူသည် အတော်များများစုဆောင်းခဲ့မိ၏။ ထိုနည်းအားဖြင့် အကယ်၍ သူ အမုန်းဝိညာဥ်များနှင့် ကြုံရာနေရာများတွင် မမျှော်လင့်ဘဲ ကြုံတွေ့ခဲ့ပါက ၄င်းတို့ သူ့လက်ထဲရောက်စေရန် အထောက်အကူပြုမည် ဖြစ်သည်။

သို့သော် ထာဝရအင်မော်တယ်နယ်မြေများတဝိုက် မျောလွင့်နေသည့် အမုန်းဝိညာဥ်များ မရှိလုနီးပါးပင်။ ထို့ကြောင့် သူ့လက်များမှာ ယခင်အလေ့အကျင့်များကို ပြန်သွားရန် မကြာခဏ ယားနေခဲ့လေသည်။ ယခု သူ့ရင်ထဲတွင် စိတ်လှုပ်ရှား ပျော်ရွှင်မှုများဖြင့် ပြည့်လျှံနေတော့သည်။

ဝိညာဥ်များကား အလွန်များပြားလွန်းလေသည်။ ဤအဆင့်မှာ သူ့ကို ယခင်အဆင့်များမှ မည်သည့်ဆုလာဘ်မဆိုထက် သာလွန်သော အကျိုးအမြတ်များပေးနေပြီး သေချာပေါက် သူ့အတွက် ပွပေါက်ကြီးတစ်ခုဖြစ်သည်။ တကယ်တမ်း ဤအဆင့််တွင် အဆုံးသတ်၌ ဆုလာဘ်သတ်သတ်မှတ်မှတ် မရှိလျှင်တောင်မှ အခြားမည်သည့်အဆင့်မဆိုထက် သာဦးမည် ဖြစ်သည်။

သူ့အတွက် သူ ရနိုင်သည့် အမုန်းဝိညာဥ်များမှာ စိတ်ကြိုက်အကောင်းဆုံးဆုလာဘ် ဖြစ်တော့သည်။

" ဝိညာဥ်လေးရေ လိမ္မာတယ်လေ မပြေးပါနဲ့။ ကိုယ်တော်ပိုင်က လူကောင်းတစ်ယောက်ပါ။ သူက မင်းတို့ကောင်တွေကို အနိုင်ကျင့်မှာ မဟုတ်ပါဘူးကွ"

သူက မျက်လုံးများ တဖျပ်ဖျပ်လက်နေလျက် ဝိညာဥ်စုစည်းဆေးလုံးများအား ပစ်ပေါက်လိုက်၊ ၄င်းတို့ ဖြစ်ပေါ်သွားသည့် ဝိညာဥ်စက်လုံးများကို ဆတ်ခနဲဆွဲရင်း သူ၏ အိတ်ထဲ ထည့်လိုက်နှင့် ဟိုဟိုသည်သည် ခုန်ပေါက်နေတော့သည်။

" ငါ ဝိညာဥ်တွေကို ဆတ်ခနဲယူနေတာလေးပဲကို "

သူ့ကို စိတ်ပျက်စေသည့် တစ်ခုတည်းသောအရာကား ဝိညာဥ်များအား ပို၍မြန်မြန်မစုဆောင်းနိုင်ဘဲ သူ့တွင် လက်နှစ်ဖက်သာ ရှိခြင်းပင်။ သူက အဆင့်မှ ထုတ်ပယ်ခံရမည်ကို စိုးရိမ်၍ မည်သည့်အားထုတ်မှုမှ အလေအလွင့်အဖြစ်မခံဘဲ တတ်နိုင်သမျှ အမုန်းဝိညာဥ်များစွာ အသည်းအသန်စုဆောင်းနေတော့သည်။

" အဲဒီမှာရပ် မင်းတို့အားလုံး။ လိမ္မာကြကွာ။ ချီးတဲ့မှပဲ ဒီကိုပြန်လာခဲ့ကြ "

မကြာမီ အမုန်းဝိညာဥ်ပမာဏ သိသိသာသာ လျှော့ချခံလိုက်ရစဥ် ကျန်ရှိသောဝိညာဥ်များမှာ ကြောက်လန့်တကြား ဆက်လက်ထွက်ပြေးနေကြတော့သည်။

ပိုင်ရှောင်ချန်းက အမုန်းဝိညာဥ် နှစ်ဆယ်၊သုံးဆယ် ရာခိုင်နှုန်းခန့် စုဆောင်းပြီးသည့် အချိန်တစ်ဝိုက်တွင် အစောင့်အရှောက်ဝိညာဥ် နောက်ဆုံး၌ နိုးထလာလေပြီ။ သူ၏မျက်လုံးများကို ဖွင့်လိုက်သည်နှင့်တစ်ပြိုင်နက် သူသည် ပိုင်ရှောင်ချန်းက အဆင့်တစ်ဆင့်ကို စိန်ခေါ်နေသည့်ခုလတ်တွင် ဖြစ်ကြောင်း သဘောပေါက်လိုက်သည်။ နတ်ဘုရားအာရုံတချို့ ပို့လွှတ်လိုက်သည်တွင် အဆင့်ရှစ်ဆယ့်လေး၌ ဖြစ်ပျက်နေသော ကြောက်ခမန်းလိလိ မြင်ကွင်းကြီးကို မြင်လိုက်ရ၏။

အစောင့်အရှောက်ဝိညာဥ်မှာ အလွန်မှင်သက်နေသဖြင့် သူမြင်နေသည့်အရာအား မယုံကြည်နိုင်လောက်အောင် ဖြစ်နေပြီး အချိန်ပိုအတွက်ပင် မတုံ့ပြန်နိုင်တော့ပေ။

" ဒါ... ဒါ... "

အမှန်တွင် သူက ငို၍မရသော်လည်း ဤအခိုက်အတန့်တွင် ငိုလိုက်သည်က သေချာပေါက် သူလုပ်ချင်နေသည့် အရာပင်။

" သေချင်းဆိုး ပိုင်ရှောင်ချန်း" သူက ဟိန်းဟောက်လိုက်၏။

" ငါ့ဝိညာဥ်တွေ ၊ ငါ့ဝိညာဥ်တွေ၊ အရှင်မိုးမြေဧကရာဇ်ကြီးက သေခြင်းတရားနဲ့ ရှင်သန်ခြင်းရဲ့ တာာအိုကို ပြီးမြောက်ဖို့ သွေး၊ချွေး ၊မျက်ရည်တွေ ရင်းပြီး ဒီဝိညာဥ်တွေကို ဘာမှမရှိတဲ့အရာကနေ ဖန်တီးခဲ့ရတာကွ “

" ဘုရားဘုရား … အဲဒီဝိညာဥ်တစ်ကောင်စီမှာ သေခြင်းတရားနဲ့ရှင်သန်ခြင်းရဲ့ တာအိုအနှစ်သာရက နည်းနည်းစီပါတယ်။ သူတို့က အဖိုးမဖြတ်နိုင်ဘူး "

အစောင့်အရှောက်ဝိညာဥ်မှာ ရူးမတတ်ဖြစ်လာကာ သူ၏နတ်ဘုရားအာရုံတချို့အား အဆင့်ထဲ ပို့လွှတ်၍ ပိုင်ရှောင်ချန်းကို အဆင့်မှ တတ်နိုင်သမျှမြန်မြန် ထုတ်ရန် ယပ်တောင်အစုတ်ကြီးဖြင့် သူ၏လုပ်ပိုင်ခွင့်အာဏာကို တုံ့ဆိုင်းခြင်းမရှိ အသုံးပြုလိုက်သည်။

အဆင့်၏ ကမ္ဘာထဲတွင် ဖရိုဖရဲအခြေအနေများက အပေါ်ထက်မှ ဆင်းသက်လာသည့် ပြင်းထန်သော ဆွဲအားကြီးတစ်ခုအသွင် ပေါက်ကွဲသွားပြီး ပိုင်ရှောင်ချန်းကို ရစ်ပတ်ကာ အဆင့်၏ အပြင်သို့ အတင်းအကြပ် ဆွဲထုတ်တော့သည်။

ပိုင်ရှောင်ချန်းမှာ ချက်ချင်း စိုးရိမ်လာလေသည်။

" မင်းဘာလုပ်နေတာလဲ အစောင့်အရှောက်ဝိညာဥ်လေး။ မင်း မသမာနည်းသုံးနေတာပဲကွ။ ငါအခုထက်ထိ အဆင့်ကို မပြီးသေးဘူး။ ဘာလို့ငါ့ကို ကျော်ဖြတ်ခွင့်ပေးနေတာတုန်း “

" မင်းက အစောင့်အရှောက်ဝိညာဥ်လေ။ နည်းနည်းပါးပါးလေးစားသမှုရှိစမ်းပါ။ မင်း ဘယ်လိုလုပ် အခု အညံ့ခံနိုင်တာတုန်း။ ငါ့ကို လွှတ်။ ငါ ဒီအဆင့်ကို ကျော်ဖြတ်ဖို့ ငါ့အစွမ်းအပေါ်ငါ အားထားနိုင်တယ် "

ကံဆိုးစွာပင် ပိုင်ရှောင်ချန်းမှာ သူ့ခန္ဓာကိုယ်သူ မထိန်းချုပ်နိုင်ပေ။ ဆွဲအားက သူ့ကို ကောင်းကင်ထဲ ဆွဲခေါ်သွားပြီး ဝိညာဥ်များမှာ တဖြေးဖြေးဝေးဝေး ကျန်ရစ်ခဲ့တော့သည်။

" အသုံးမကျတဲ့ မလောက်လေး မလောက်စား အစောင့်အရှောက်ဝိညာဥ် "

သူက ဒေါသတကြီး အော်လိုက်သည်။ သူက တန်ပြန်တိုက်ခိုက်ရန် ယပ်တောင်စုတ်ကြီးအတွင်းရှိ သူ၏လုပ်ပိုင်ခွင့်ကိုပင် ဆင့်ခေါ်လိုက်၏။

" ပိတ်ထား၊ ပိတ်ထား၊ ပိတ်ထားစမ်း" အစောင့်အရှောက်ဝိညာဥ်မှာ တခြားမည်သည့်အရာပြောရမည်ကို မသိသဖြင့် အော်ဟစ်လိုက်သည်။ ဤအချိန်တွင် သူနှင့် ပိုင်ရှောင်ချန်းသည် ယပ်တောင်အတွင်း လုပ်ပိုင်ခွင့်အာဏာ အဆင့်တူလုနီးပါးဖြစ်၍ ပိုင်ရှောင်ချန်းက ဟန်ချက်ထိန်းနိူင်လိုက်လေသည်။ ထို့နောက် သူက ဆေးလုံးများ ထပ်ပစ်၍ ဝိညာဥ်စက်လုံးများအား စတင်စုဆောင်းတော့သည်။

အစောင့်အရှောက်ဝိညာဥ်မှာ ရူးသွပ်သည်အထိ ဒေါသထွက်သွားလေသည်။ ယခုလေးတင်မှ နိုးထလာသည့်တိုင် သူက ပိုင်ရှောင်ချန်းအား ဤအဆင့်မှ တည်နေရာရွှေ့ပြောင်းရန်အလို့ငှာ အကုန်လုံးပုံအော၍ သူ့ကိုယ်သူပင် အထိအခိုက်ခံရန် ဆုံးဖြတ်လိုက်သည်။

နောက်ဆုံးတွင် ပိုင်ရှောင်ချန်း ပျောက်ကွယ်သွားသောအခါ အစောင့်အရှောက်ဝိညာဥ်မှာ နတ်ဘုရားအာရုံ အားနည်းလျက် စိတ်ကုန်ခမ်းသွားကာ ခြေကုန်လက်ပန်းကျသွားလေသည်။

သူက နောက်တစ်ဆင့်တွင် ပိုင်ရှောင်ချန်းကို ဖျက်စီးမည်ဟု ကျမ်းကျိန်ရန် တွေးလိုက်သော်လည်း ထိုကဲ့သို့ သူ မည်မျှ ကျမ်းကျိန်ခဲ့စေကာမူ ပိုင်ရှောင်ချန်းသာ အလှည့်တိုင်း သူ့ကို အနိုင်ယူသွားသည်ကို စဥ်းစား၍ ၄င်းက လုပ်ရန် အကောင်းဆုံးအရာ မဟုတ်လောက်ကြောင်း ဆုံးဖြတ်လိုက်သည်။

" သူက ငါ့ရဲ့ အကုသိုလ်အရှုပ်ထုပ်ကြီးလိုပဲ "

သူက နောင်တများဖြင့် ပြည့်နှက်ပြီး ပင်ပန်းနွမ်းနယ်သောခံစားချက်များ လွှမ်းမိုးနေလျက် ချက်ချင်းအိပ်ပျော်သွားတော့သည်။

ယပ်တောင်အစုတ်ကြီးအပေါ်ရှိ အဆင့်၏အပြင်ဘက်တွင် ပိုင်ရှောင်ချန်းမှာ ဒေါသထွက်နေသော အမူအရာဖြင့် ရင်တဒိန်းဒိန်းခုန်လျက် ပြန်ပေါ်လာ၏။ သူက အဆင့်ထဲ ပြန်ဝင်ရန် ကြိုးစားလိုက်သော်လည်း အမှောင်သမားတော်များကမ္ဘာနည်းတူ ထိုသို့မလုပ်နိုင်ပေ။ မည်မျှကြိုးစားစေကာမူ အောက်မြင်မှုအရိပ်အယောင်တစ်ခုလေးနှင့်ပင် မတွေ့ဆုံပေ။ နောက်ဆုံး၌ သူက သက်ပြင်းသာချလိုက်သည်။

" အဲဒီ အစောင့်အရှောက်ဝိညာဥ်က သိပ်ကပ်စေးနှဲလိုက်တာ။ ဝိညာဥ်နည်းနည်းပါးပါးလေးက ဘာများရေးကြီးခွင်ကျယ် ဖြစ်နေလို့တုန်း။ ဒီယပ်တောင်က ဘယ်လိုနေနေ နောက်ဆုံး ငါ့ဟာ ဖြစ်မှာပဲကို။ ငါပိုင်တာ ငါ့ဘာသာငါယူတာ အဆင်ပြေရင် ဘာအတွက် လိုက်နှောက်နေတာတုန်းကွ "

သူက နှာမှုတ်ရင်း သူ၏အိတ်ကို ပုတ်ကာ ဝိညာဥ်များအားလုံး နေသားတကျရှိကြောင်း စစ်ဆေးလိုက်သည်။ ထိုအချိန်တွင် သူ၏နှလုံးသားတစ်ခုလုံး ဒုန်းဆိုင်းခုန်လာလေသည်။

" ငါ့မှာ ဝိညာဥ်အများကြီးမရှိတာတောင် ကြာခဲ့ပြီပဲ "

သူက တွေးလိုက်၏။ သူ လက်များယားနေကာ မီးတောက်အနည်းငယ်စတင် ဖန်တီးတော့သည်။ ရောင်စုံမီးတောင်တစ်ခုပြီးတစ်ခု ပေါ်လာသဖြင့် အလင်းများ ပြိုးပြိုးပြက်ပြက်လက်နေလေသည်။ ယခုလောလောဆယ် သူသွားနိုင်သည့် အမြင့်ဆုံးက ဆယ့်ငါးရောင်ခြယ်မီးတောက်ဖြစ်သော်လည်း ထိုမီးတောက်အတော်များများ စုဆောင်းနိုင်လိုက်လေသည်။

ဆယ့်ငါးရောင်နောက်ပိုင်း ခက်ခဲမှုအဆင့်က များစွာပို၍ မြင့်တက်လာပြီး လုပ်ငန်းမှာလည်း ပို၍ကုန်းခမ်းလေ့ရှိသည် မဟုတ်ပါလော။ သူသည် ဝိညာဥ်ပမာဏများစွာ ရရှိခဲ့သော်လည်း အလျင်အမြန်တွက်ချက်မှုများ ပြီးနောက် သူက နှစ်ဆယ့်နှစ်ရောင်ခြယ်မီးတောက်တစ်ခု ဖန်တီးရန် လုံလောက်မှုမရှိကြောင်း အတန်အသင့် သေချာနေသည်။

" ငါ နည်းနည်းလောက်ထပ်ရရင် နှစ်ဆယ့်နှစ်ရောင်ခြယ်ရနိုင်တယ် "

သူ၏လက်ပေါ်ရှိ မီးပွားသဏ္ဍာန်အမှတ်အသားကို ကြည့်၍ သူက နောက်ထပ်အသက်ပြင်းပြင်းတစ်ချက်ရှူပြီး ယပ်တောင်အစုတ်ကြီး၏ ပိုင်ရှင်အစစ်အမှန်ဖြစ်လာပါက အဆင့်ရှစ်ဆယ့်လေးတွင် ကျန်ရှိသည့် ဝိညာဥ်များအားလုံး ပြန်သွားယူမည်ဟု ကျိန်ဆိုလိုက်လေသည်။

သူ၏ မီးတောက်ဖန်တီးခြင်းကဏ္ဍပြီးဆုံးရန် သူ့အတွက် လဝက်ကြာသွားသည်။ ထိုအချိန်တွင် သူ၏ အိတ်ထဲ၌ အလွန်တရာ သင့်တော်သော ရောင်စုံမီးတောက်ပမာဏရှိနေပြီဖြစ်သည်။ သူက အတော်လေးကျေနပ်နေလျက် ယပ်တောင်ကြီးကို လှည့်ပတ်ကြည့်ပြီး ထာဝရအင်မော်တယ်နယ်မြေများသို့ ပြန်သင့်ကြောင်း ဆုံးဖြတ်လိုက်သည်။

မကြာမီ သူသည် မိစ္ဆာဧကရာဇ်မြို့ရှိ သံရုံးထဲက သူ၏သီးသန့်အခန်းတွင် ပြန်လည်အကောင်အထည်ပေါ်လာ၏။

" ဘယ်လောက် တန်လိုက်တဲ့ ခရီးလဲ "

သူက စိတ်အားတက်ကြွပြီး သတ္တိများပြည့်နှက်လျက် သူတံခါးပိတ်ကျင့်ကြံနေစဥ် ဖြစ်ပျက်ခဲ့သည့်အရာများ၏ အစီရင်ခံစာ တင်ပြရန် သူ၏နတ်ဘုရားတစ်ပိုင်းအဆင့် လက်အောက်ငယ်သားများကို ဆင့်ခေါ်လိုက်သည်။ သူတို့ကို ပြန်လွှတ်ပြီးနောက် သူက တင်ပျဥ်ခွေ၍ တရားအားထုတ်လေသည်။

မျက်စိတစ်မှိတ်အတွင်း ခုနစ်ရက် ကုန်ဆုံးသွား၏။ သူ၏ကျင့်ကြံခြင်းအခြေခံသည် ထိပ်ဆုံးအနေအထားသို့ ပြန်ရောက်သွားပြီး ယပ်တောင်အစုတ်ကြီးထံ ပြန်သွားရန် အဆင့်သင့်ပြင်နေချိန်မှာပင် မိစ္ဆာဧကရာဇ်နန်းတော်မှ တော်ဝင်အမိန့်ပြန်တမ်းတစ်ခု ကျရောက်လာ၏။ မည်သူမှ မတုံ့ပြန်နိုင်ခင် သြဇာအာဏာပြည့်စုံသော အသံကြီးတစ်သံက သံရုံးတွင် ပဲ့တင်ထပ်သွားတော့သည်။

" သူတော်စင်ဧကရာဇ်နိုင်ငံ၏ သံအမတ်ပိုင်အား ဧကရာဇ်ထံ အခစားဝင်ဖို့ နန်းတော်သို့ ဆင့်ခေါ်လိုက်သည် "

သံရုံးရှိ ကျင့်ကြံသူများအားလုံး သိသိသာသာတုန်လှုပ်သွားပြီး ပိုင်ရှောင်ချန်းက မည်သို့တုံ့ပြန်မည်ကို လှမ်းကြည့်လိုက်ကြသည်။

ပိုင်ရှောင်ချန်းမှာ အတန်ငယ် ချီတုံချတုံဖြစ်သွားပြီး မိစ္ဆာဧကရာဇ်က သူ့ကို ကောင်းကင်တံတားတာအိုဖြင့် မတော်တဆမှုကြောင့် အပြစ်ပေးရန်ကြံစည်နေသည်လား သိချင်သွား၏။

" သူက သဘောထားတော့ မသေးသိမ်လောက်ဘူးမလား ... "

နောက်ဆုံးတွင် သူက ထိုအကြောင်းကြောင့် မဟုတ်တန်ကြောင်း ဆုံးဖြတ်လိုက်သည်။ သူသည် သူတော်စင်ဧကရာဇ်တစ်နိုင်ငံလုံး၏ သံအမတ်ဖြစ်ပြီး ကြီးလေးသောပြစ်မှုကြီးတစ်ခု မကျူးလွန်သရွေ့ အပြစ်ပေးခံရမည် မဟုတ်သည် မဟုတ်ပါလော။

သူသာ ကောင်းကင်ဧကရာဇ်တစ်ပါးမဟုတ်လျှင် အကြောင်းကိစ္စများကား ခက်ခဲကောင်း ခက်ခဲနိုင်လောက်သော်လည်း သူက ကောင်းကင်ဧကရာဇ်ဖြစ်၍ အလွန်ယုံကြည်ချက်ရှိလေသည်။

" အင်း ငါ ဘယ်လိုနေနေ ငြင်းလို့ရတဲ့ ပုံမပေါ်ဘူး။ ကဲကွာ ထားပါတော့။ သွားကြည့်တာပဲ ကောင်းတယ်"

သူက အတန်ငယ်စိတ်လေးနေဆဲဖြစ်ကာ အသက်တစ်ချက်ရှူသွင်းပြီး နဂါးကြီး၏ဦးခေါင်းခွံပေါ်က အင်ပါယာနန်းတော်ထံ ဦးတည်လိုက်လေသည်။

All Chapters