← Chapters

အစောင့်အရှောက်ဝိညာဥ် လှုပ်ရှားလာခြင်း

Vol. 12 Ch. 1180

အစောင့်အရှောက်ဝိညာဥ် လှုပ်ရှားလာခြင်း

Vol. 12 Ch. 1180

အချိန်များ ကုန်လွန်လာသည်နှင့်အမျှ ပိုင်ရှောင်ချန်းမှာ သွေးရူးသွေးတမ်း ဖြစ်သည့်အဆင့်သို့ တဖြေးဖြေး သက်ဆင်းလာတော့သည်။ သူ့ဘဝတွင် ယပ်တောင်အစုတ်ကြီးထဲက အဆင့်များကို ကျော်ဖြတ်ရန်နှင့် နှစ့်ဆယ့်သုံးရောင်ခြယ်မီးတောက်ဖော်စပ်ရန်ဆိုသော လိုအင်ဆန္ဒသာ တည်ရှိသည့်အလားပင်။

မိစ္ဆာဧကရာဇ်မြို့တော်ကို သူ ပြန်ခဲ၏။ ကျင့်ကြံအားထုတ်ခြင်းအပေါ် သူ လွန်ကဲစွာ အာရုံစိုက်ထားခြင်းနှင့် အဆင့်များ၏အဆုံးသတ်၌ သူရရှိသော ဆုလာဘ်များကြောင့် သူ၏ကျင့်ကြံခြင်းအခြေခံက ကြောက်ခမန်းလိလိ တိုးတက်နေတော့သည်။

အဆင့်များအရ သူ၏တိုးတက်မှုကား မမြန်ဆန်ပေ။ သို့သော် သူ မည်မျှအထိ အပြင်းအထန်ကြိုးပမ်းနေပုံနှင့် သူ၏ ပြန်လည်ကုစားခြင်းစွမ်းအားကို ထည့်တွက်ပါက နောက်ဆုံး၌ သူသည် အဆင့်ကိုးဆယ့်ခြောက်၊ ကိုးဆယ့်ခုနစ် မှတစ်ဆင့် အဆင့်ကိုးဆယ့်ရှစ်သို့ရောက်သွား၏။

ရက်အနည်းငယ်ကြာသော် သူသည် အဆင့်ကိုးဆယ့်ရှစ်ကို ကျော်ဖြတ်နိုင်ပြီး ..... အဆင့်ကိုးဆယ့်ကိုးသို့ ရောက်ရှိသွားလေသည်။

အစောင့်အရှောက်ဝိညာဥ်က တစ်ခါမှ မျက်နှာပေါ်မလာပေ။ သို့သော် ပိုင်ရှောင်ချန်းသည် ပို၍အဆင့်တက်သည်နှင့်အမျှ သတိရှိလာတော့သည်။ အစောင့်အရှောက်ဝိညာဥ်က နောက်ဆုံးနှစ်ဆင့်အနက် တစ်ဆင့်တွင် လှုပ်ရှားလောက်မည် ဖြစ်ကြောင်း သူသိသည်။

ပိုင်ရှောင်ချန်း၏ ခန့်မှန်းချက်က အဆင့်တစ်ရာတွင် လာလိမ့်မည်ဟူ၍။ သို့သော် သူ အဆင့်ကိုးဆယ့်ကိုးကို ရောက်ရှိသောအခါ အစောင့်အရှောက်ဝိညာဥ်က မိုးမြေဧကရာဇ်၏လက်ကို ရရှိရန် ယပ်တောင်အစုတ်ကြီး၏ စွမ်းအားကို ဆင့်ခေါ်ပြီးနောက် ပထမဆုံး အကြိမ် နိုးလာ၏။

" အဆင့်ကိုးဆယ့်ကိုးတဲ့လား " အစောင့်အရှောက်ဝိညာဥ်က မျက်လုံးဖွင့်သည်နှင့် လွှတ်ခနဲပြောလိုက်သည်။ အမှန်မှာ သူသည် အဆင့်ကိုးဆယ့်ကိုး၌ ထိုအဆင့်ကို ပိုင်ရှောင်ချန်း ရောက်လျှင် သူ့ကို နှိုးပေးမည့် အရာဝတ္ထုတစ်ခုကို ချန်ထားခဲ့သည်။

ပုံမှန်အခြေအနေတွင် သူသည် အလွန်တရာ အားအင်ကုန်ခမ်းစေသော တုန်လှုပ်ချောက်ချားဖွယ် အတွေ့အကြုံမှ အပြည့်အဝသက်သာသည့်တိုင်အောင် အနားသာယူနေမည်ဖြစ်သည်။ သို့သော် သူက ပိုင်ရှောင်ချန်းကို အလွန်မုန်းတီးနေ၍ လိုအပ်လာပါက နိုးလာစေရန် နည်းလမ်းတစ်ခုကို စီစဥ်ခဲ့လေသည်။

" ကောင်းပြီ ပိုင်ရှောင်ချန်း။ အစောင့်အရှောက်ဆရာကြီးက မင်းကို တားဖို့ နောက်ဆုံး အားထုတ်မှုတစ်ခုကို လုပ်တော့မယ်ကွ။ မင်းအောင်မြင်ရင်တော့ ကောင်းကင်ဘုံက ချမှတ်ထားတဲ့ ကံကြမ္မာကို ကြိတ်မှိတ်လက်ခံရတော့မှာပေါ့ "

အစောင့်အရှောက်ဝိညာဥ်က တုန်တုန်ရီရီဖြင့် သက်ပြင်းပြင်းတစ်ချက် ရှူလိုက်သည်။ သူက သူ၏နောက်ဆုံးနှောင့်ယှက်မှုအပေါ် ယုံကြည်ချက်လုံးလုံး မရှိပေ။ သူ အသာစီးရမည်ဟု သေချာခဲ့သော အတိတ်က အခြေအနေမြောက်မြားစွာမှာပင် ပိုင်ရှောင်ချန်းက သူ့ကို မထင်မှတ်ထားခြင်း၊ အရှက်တရားကင်းမဲ့မှုနှင့်..... လိမ်လည်ခြင်းတို့၏ သရုပ်သကန်ကို ပြသခဲ့သည်။

ဤအချိန်တွင် အစောင့်အရှောက်ဝိညာဥ်မှာ အရာအားလုံးက ကံစီမံရာသာဖြစ်ခဲ့ကြောင်း အမှန်တကယ် ယုံကြည်ခဲ့ပြီဖြစ်သည်။ သူက သက်ပြင်းချ၍ လက်ရှိနေရာမှ ပျောက်ကွယ်ကာ အဆင့်ကိုးဆယ့်ကိုးတွင် ပြန်ပေါ်လာတော့သည်။

***

အချိန်အနည်းငယ်အလိုက ...

အဆင့်ကိုးဆယ့်ကိုးသည် အခြားမည်သည့်အဆင့်နှင့်မှ မတူပေ။ ၄င်း၌ လေထဲတွင် ရပ်တန့်နေသော ကြီးမားသော ဧရာမ နန်းတော်ကြီးတစ်ခု ပါရှိ၏။ နန်းတော်ကြီး၏ ပင်မခန်းမဆောင်သည် သူတော်စင်ဧကရာဇ်တစ်နိုင်ငံလုံး၏ တစ်ဝက်နီးပါးခန့် ကြီးမားသည်။ ထို့ပြင် ခန်းမ၏ အဆုံးသတ်တွင် ဧရာမရုပ်တုကြီးတစ်ရုပ်ရှိလေသည်။

၄င်းက အဝေးကိုကြည့်နေသည့် တာအိုဝတ်ရုံနှင့် သက်လတ်ပိုင်းအမျိုးသားတစ်ယောက်ကို သရုပ်ဖော်ထား၏။ ရုပ်တုကြီး၏ အရှိန်အဝါသည် လောကနတ်ဘုရားအဆင့်ထက် များစွာသာလွန်ပြီး ဟင်းလင်းပြင်ကြီးဖြင့် အတူယှဥ်တွဲတည်ရှိပုံရသည်။

ပိုင်ရှောင်ချန်းမှာ ထိုမြင်ကွင်းကြောင့် မသိမသာ ပင့်သက်ရှိုက်မိသွား၏။ သူ့အပေါ်သို့ ကြီးမားသောဖိအားကြီးတစ်ခု သက်ရောက်နေရာ သူ အံ့သြတုန်လှုပ်ကာ အသက်ရှူရခက်သွားတော့သည်။ သူ၏ကျင့်ကြံခြင်းအခြေခံပင် အတန်ငယ်မတည်မငြိမ်ဖြစ်သွား၏။

ရုပ်တုကြီး၏ နဖူးအတွင်း ပလ္လင်တစ်ခုတည်ရှိသော အခန်းငယ်တစ်ခုလည်းရှိ၏။ ကျင့်ကြံသူတစ်ယောက် ထိုပလ္လင်ပေါ်တွင် ထိုင်နေသည်ကို မြင်နိုင်သော်လည်း ဤအကွာအဝေးမှ သူ၏ပုံပန်းသွင်ပြင်များကို အဆင့်အတွင်း ကန့်သတ်ခံထားရသည့် နတ်ဘုရားအာရုံဖြင့် ကြည့်ရန်ပင် ခက်ခဲလေသည်။

ပိုင်ရှောင်ချန်းမှာ နတ်ဘုရားအာရုံဖြင့်သော်လည်းကောာင်း၊ ပကတိမျက်လုံးဖြင့်သော်လည်းကောင်း မည်မျှအားစိုက်ကြည့်စေကာမူ ပလ္လင်ပေါ်က ပုဂ္ဂိုလ်သည် မိုးမြေဧကရာဇ်တစ်ပါးဖြစ်ကြောင်း အတန်အသင့်သေချာသော်လည်း မည်သည့်အသေးစိတ်အကြောင်းအရာကိုမှ ရှာမတွေ့ပေ။ ဖြစ်နိုင်ချေအရှိဆုံးမှာ ၄င်းသည် ယပ်တောင်အစုတ်ကြီးကို အစကတည်းက ဖန်တီးခဲ့သည့် ပုဂ္ဂိုလ်၊ သေခြင်းတရားနှင့် ရှင်သန်ခြင်း၏တာအိုအနှစ်သာရနှင့်စပ်လျဥ်းသည့် ဉာဏ်အလင်းပွင့်ခြင်းကိုရောက်ရှိခဲ့သော မိုးမြေဧကရာဇ် ဖြစ်နိုင်သည်။

ထိုပုဂ္ဂိုလ်တစ်ဦးသာ ပတ်ပတ်လည်ရှိ နန်းတော်၏ အရာအားလုံးကို စိုးမိုးနေသည့် ယင်းကဲ့သို့ ပလ္လင်ကို သိမ်းပိုက်နိုင်မည့်ပုံပေါ်လေသည်။

ပိုင်ရှောင်ချန်းက ထိုရုပ်တု၏ နဖူးထဲက အထင်ကြီးဖွယ် ပုဂ္ဂိုလ်၏ အသေးစိတ်များသိရှိရန် အားစိုက်လိုက်ချိန်မှာပင် သူရပ်နေသည့် နန်းတော်၏ ခြံဝင်းထဲသို့ အေးစက်စက် အသံတစ်သံ ပဲ့တင်ထပ်လာသည်။

" မင်း ကြည့်မနေတော့ရင် ကောင်းမယ် "

စကားလုံးများ ပဲ့တင်ထပ်လာချိန် ပိုင်ရှောင်ချန်းက ရုတ်တရက် ချာခနဲလှည့်ကြည့်လိုက်ရာ သူ၏နောက် မီတာ သုံးရာခန့်တွင် ရပ်နေသော သက်လတ်ပိုင်းအမျိုးသားတစ်ယောက်ကို တွေ့လိုက်ရသည်။

သူက ရိုးရိုးရှင်းရှင်း သာမန်အဝတ်အစားများ ဝတ်ဆင်ထားပြီး သဘာဝကြီးနှင့် လိုက်လျောညီထွေရှိဟန်တူသည်။ သို့သော် သူက ကမ္ဘာကြီးနှင့် တစ်သားတည်းဖြစ်နေပုံရပြီး ကျောနောက်တွင် လက်နှစ်ဖက်ကို ပစ်ထားသော်လည်း သူ့ပတ်လည်တွင် တည်ရှိသည့် အရှိန်အဝါအားလုံးကို စုပ်ယူနိုင်သည့် တွင်းနက်ကြီးအလား ဖြစ်လေသည်။

" အဲဒါက အရှင်မိုးမြေဧကရာဇ်ရဲ့ ရုပ်တုပဲ "

ထိုလူက ဆက်ပြောသည်။

" ပြီးတော့ အဲဒီရုပ်တုထဲကဟာက မိုးမြေဧကရာဇ်ကိုယ်တိုင်ရဲ့ ပုံရိပ်ပဲ။ သူက မင်းကို ကြည့်နေတာ “

" မင်းက ဒါကို ဖန်တီးခဲ့ကတည်းက နှစ်ပေါင်းများစွာအတွင်း ဒီအဆင့်ကို ရောက်လာတဲ့ ပထမဆုံးလူပဲ။ မင်းကိုယ်ထဲမှာ အင်မော်တယ်ကမ္ဘာရဲ့ သွေးတွေ မရှိရင်မရှိလောက်ပေမယ့် မင်းက ထာဝရကမ္ဘာက မွေးခဲ့တာဆိုတော့ အမွေအနှစ်ကိုရယူဖို့ အရည်အချင်းပြည့်မီတယ် “

" ဒါပေမဲ့ အဲဒီလိုရဖို့ နောက်ဆုံးအဆင့်နှစ်ဆင့်ကို မင်းကျော်ဖြတ်ရမယ် “

" ငါက အစွမ်းထက် တန်ခိုးရှင်တစ်ဦးမဟုတ်ပဲ လောကနတ်ဘုရားတစ်ပါးသာ ဖြစ်တယ်။ ငါက လူမဟုတ်ဘူး ကိုယ်ပွားဖြစ်လို့ ဒါက ငါ အနားယူတဲ့နေရာပဲ “

" ငါ့လက်သီးချက်တစ်ချက်ကို မသေဘဲ ခံနိုင်တဲ့ ဘယ်စိန်ခေါ်သူမဆို ဒီအဆင့်ကို ကျော်ဖြတ်နိုင်တယ်"

ထိုလူက ပိုင်ရှောင်ချန်း သဘောတူတူ၊မတူတူ မေးမြန်းမနေပေ။ သူက ရှေ့တက်ပြီး လက်သီးဆုပ်၍ မီတာ သုံးရာခန့်အဝေးမှာသာ ရှိသေးသည့် ပိုင်ရှောင်ချန်းကို ထိုးချလိုက်သည်။

အဆင့်ကိုးဆယ့်ကိုး တစ်ခုလုံး ကောင်းကင်ဧကရာဇ်တစ်ပါးထက် အလွန်တရာသာလွန်သော ဖိအားကြီးဖြင့် ပြည့်နှက်သွားတော့သည်။ ၄င်းက မည်သည့်အရာကိုမဆို နင်းခြေနိုင်သော၊ လေထုကို စုတ်ဖြဲပစ်နိုင်သော၊ မည်သည့်သက်ရှိအသွင်ကိုမဆို ဖျက်စီးနိုင်သော အခိုးအငွေ့များဖြင့် လောကနတ်ဘုရားအရှိန်အဝါ တစ်ခု ဖြစ်သည်။ ထို့ပြင် ၄င်းသည် ပိုင်ရှောင်ချန်းထံ တန်းတန်းမတ်မတ် ဦးတည်နေလေသည်။

" လောကနတ်ဘုရား "

သူက ရေရွတ်လိုက်သည်။ ဤအဆင့်အတွက် လိုအပ်ချက်က လောကနတ်ဘုရားတစ်ပါး၏ တိုက်ရိုက်ထိုးချက်ကို ခုခံပြီး အသက်ရှင်ကျန်ရစ်ရန် ဖြစ်မည်ဟု သူတစ်ခါမှ စိတ်မကူးခဲ့ဖူးပေ။

တွေးရန်သော်လည်းကောင်း၊ အစီအစဥ်ချရန်သော်လည်းကောင်း အချိန်မရှိပေ။ ဤလူထံမှ ဖိအားကြီးက ပိုင်ရှောင်ချန်းကို လိပ်ပြာလွင့်မတတ် ကြောက်သွားစေသည့် အန္တရာယ်အာရုံကြီးတစ်ခုဖြင့် ပြည့်နှက်သွားစေတော့သည်။ သူက သူ၏ခုခံမှုများအား အမြင့်ဆုံးအထိ တွန်းပို့၍ ကျင့်ကြံခြင်းအခြေခံစွမ်းအားအားလုံး ပစ်လွှတ်ကာ ရှေ့သို့ လက်ဆန့်ထုတ်လိုက်သဖြင့် သူ၏အပြင်အားများ ဝုန်းခနဲ အသက်ဝင်လာလေသည်။

ကျောက်တုံးကျောက်ခဲများ သူ့ပတ်လည်တွင် ဖြစ်တည်လာကာ သူ၏အသက်ဝင်တောင်ဂါထာသည် သူ့ကို ဧရာမကျောက်ဘီလူးကြီးအသွင် ပြောင်းလဲပေးရန် ပုံစံဖြစ်ပေါ်လာ၏။ ထို့နောက် သူက လျှပ်စီးတိမ်တိုက်ဘိုးအေအသွင်ပြောင်းလဲခြင်းကို အသုံးပြုလိုက်သဖြင့် ထစ်ခြုန်းမြည်ဟည်းသံများ လေထဲ ပြည့်နှက်သွားလေသည်။ ကံဆိုးစွာပင် ထိုသည်မှာ ပေါက်ကွဲစေတတ်သော လက်သီးချက်ကြီး သူ့အပေါ်ရောက်မလာခင် သူလုပ်နိုင်သမျှအကုန် ဖြစ်သည်။

၄င်းသည် ကျောက်တုံးကြီးတစ်တုံးက ဖန်ခွက်တစ်ခွက်ကို ချေမွလိုက်သည့်ပမာ ၄င်း၏လမ်းကြောင်းရှိ မည်သည့်အရာကိုမဆို လွင်လင့်တကူ ဖျက်စီးနိုင်သော လက်သီးမျိုး ဖြစ်သည်။ ၄င်းက သူ့ထံမှ မီတာ သုံးဆယ် ဝေးနေဆဲတွင် သူ၏ခန္ဓာကိုယ်မှာ တုန်ခါလာပြီး ကျောက်တုံးကျောက်ခဲများ အရပ်မျက်နှာတစ်ခွင် လွင့်ထွက်သွားကာ အသက်ဝင်တောင်ဂါထာ ကြေမွသွားလေသည်။ သူ၏လျှပ်စီးတိမ်တိုက်ဘိုးအေအသွင်မှာလည်း အားကို မခံနိုင်ဘဲ လက်သီးကြီးက နှစ်ဆယ့်လေးမီတာ အဝေးရောက်ချိန်တွင် အစိတ်စိတ်အမြွှာမြွာ ကွဲကြေသွားတော့သည်။

ထိုဖြစ်စဥ်အတောအတွင်း သူ၏ပါးစပ်မှ သွေးများစတင်စီးကျလာပြီး သူက နောက်တစ်ဖန် လက်ကိုဆန့်ထုတ်၍ သူ၏ထာဝရအသက်ရှည်မီးအိမ်ကို အသုံးပြုလိုက်သည်။

မရေမတွက်နိုင်သော အသက်ရှည်မီးအိမ်များ ပေါ်ပေါက်လာပြီး ပိုင်ရှောင်ချန်းပင် မီးအိမ်တစ်လုံးအသွင် ပြောင်းသွား၏။ တစ်ကမ္ဘာလုံးမှာ အသက်ရှည်မီးအိမ်များဖြင့် ပြည့်နှက်သွားသည့်အလားပင်။

သို့ထိတိုင် လက်သီးချက်ကြီးနှင့်ယှဥ်လျှင် ထိုအရာအားလုံးမှာ စစ်ရထားကို တားရန်ကြိုးစားနေသည့် ဓားခုတ်ကောင်တစ်ကောင် အလားပင်။ လက်သီးကြီးက ဆယ့်ငါးမီတာအဝေးမှာပင် အသက်ရှည်မီးအိမ်များအားလုံး ပျက်စီးသွားလေသည်။ ပိုင်ရှောင်ချန်းမှာ ပုံပျက်ဆင်းပျက်ဖြစ်နေပြီဖြစ်သည်။ သူ့ပါးစပ်မှ သွေးများပန်းထွက်သွားပြီး သူက မဟာဓားကို ဆင့်ခေါ်၍ လက်သီးကြီးကို ခုတ်ပိုင်းကာ နောက်ဆုတ်လိုက်သည်။

ယနေ့ထိ တစ်ခါမှ မရှုံးနိမ့်ခဲ့ဖူးသော ဧရာမဓားကြီးမှာ လက်သီးကြီးကြောင့် ပိုင်ရှောင်ချန်းထံသို့ တန်းတန်းမတ်မတ် တန်ပြန်အားတစ်ခု ပို့လွှတ်ကာ နောက်ကန်ထွက်သွားသဖြင့် တဂျိန်းဂျိန်းထစ်ခြုန်းသံများ ပဲ့တင်ထပ်သွားတော့သည်။

သူ၏ပါးစပ်မှ သွေးတုံးကြီးတစ်တုံး ပန်းထွက်သွားပြီး သူ၏လက်မှ မဟာဓား လွှတ်ထွက်သွား၏။ မီးတစ်ခတ်သာ ကြာလိုက်သည့်အချိန်အတောအတွင်း အံ့သြတုန်လှုပ်ဖွယ် အန္တရာယ်အခိုက်အတန့်ကြီးတစ်ခု ပေါ်ပေါက်လာခဲ့လေပြီ။ မြောက်ပိုင်း၏မဟာဓားက သူ့ထံမှ လည်ထွက်သွားစဥ် အံ့သြတုန်လှုပ်ဖွယ် ဖျက်စီးခြင်းလေပွေတစ်ခုဖြစ်သော လက်သီးချက်ကြီးက သူ့ကို ဝင်တိုက်လိုက်သည်။

နောက်ဆုံးအခိုက်အတန့်တွင် လိပ်ဒယ်အိုးကလွဲ၍ တခြားမဟုတ်သော အနက်ရောင်စီးကြောင်းတစ်ကြောင်း ထွက်လာ၏။ တစ်ကမ္ဘာလုံးကို ဖျက်စီးပစ်ရန် လုံလောက်သည်အထိ ပြင်းထန်ပုံရသော ပေါက်ကွဲသံအကျယ်ကြီး ဝုန်းခနဲ မြည်ဟည်းသွားလေသည်။ တချိန်တည်းမှာပင် ပိုင်ရှောင်ချန်းသည် မဖော်ပြနိုင်လောက်အောင် ဖျက်စီးနိုင်သောစွမ်းအားကြီးက ဒယ်အိုးအား ထိမှန်သွားသည်ကို ခံစားလိုက်ရသည်။ ၄င်းသည် မည်သည့်ကျင့်ကြံခြင်းအခြေခံအမျိုးအစားကိုမဆို ဖျက်စီးနိုင်သည့် အမျိုးအစားဖြစ်ပြီး သူ၏ပြန်လည်ကုစားခြင်းစွမ်းအားများကို နောက်ဆုံးအကန့်အသတ်အထိ ချက်ချင်းတွန်းပို့လိုက်တော့သည်။ သူ၏ပါးစပ်မှ သွေးများပန်းထွက်သွားပြီး သူက ကြိုးဖြတ်ခံလိုက်ရသည့်စွန်အလား အဝေးသို့ လွင့်ထွက်သွားလေသည်။

သူ၏ယင်အင်္ဂါ ငါးခုနှင့် ယန်အင်္ဂါ ခြောက်ခုတို့အားလုံး ပေါက်ကွဲတော့မတတ် တုန်ခါသွားလေသည်။ လိပ်ဒယ်အိုးကပေးသော အကာအကွယ်ဖြင့်ပင် သူ့ခန္ဓာကိုယ်ရှိ အရိုးအများစု ကျိုးကြေသွားပြီဖြစ်သည်။ ထို့နောက် သူက ငရဲတံခါးဝတည့်တည့်တွင် ဒယိမ်းဒယိုင်ဖြစ်နေသည့်အလား သူ၏အမြင်အာရုံများ တစတစပျောက်ကွယ်ကာ မြေကြီးနှင့်မိတ်ဆက်သွားတော့သည်။ သူ၏ အံ့ဖွယ်ထူးကဲသော အပြင်အားများသာ မရှိပါက သူသည် ခန္ဓာကိုယ်နှင့်တကွ ဝိညာဥ်ပါ အသတ်ခံရမည်ဖြစ်သည်။ ထို့ပြင် ထိုအရာအားလုံးက ဤသက်လတ်ပိုင်းအမျိုးသား၏ လက်သီးချက်လေးတစ်ချက်မှ လာခဲ့ပေသည်။

ထိုးနှက်ချက်ကို ခုခံပြီးနောက် လိပ်ဒယ်အိုးက အနက်ရောင်စီးကြောင်းအသွင်ပြောင်း၍ သူ့ခန္ဓာကိုယ်ထဲ ပြန်ဝင်သွား၏။ သိသာစွာပင် သူသည် ၄င်းကို လတ်တလော ထပ်မံဆင့်ခေါ်နိုင်တော့မည် မဟုတ်ပေ။

သူက အသက်မနည်းရှူ၍ အားတင်းကာ ထရပ်ပြီး လက်သီးကိုတဖြေးဖြေးချကာ သူ့ကိုပြန်ကြည့်လိုက်သော သက်လတ်ပိုင်းလူကြီးကို လှမ်းကြည့်လိုက်သည်။

ထိုလူက အသိအမှတ်ပြုလျက် ပြုံး၍ ပြောသည်။

" မင်း အဆင့်ကို အောင် ... "

ထိုအခိုက်အတန့်မှာပင် သူ၏မျက်လုံးများ ငေးကြောင်ကြောင်ဖြစ်သွားလေရာ ပိုင်ရှောင်ချန်းမှာ စိုးရိမ်ထိတ်လန့်ကာ ရင်တဒိန်းဒိန်းခုန်လာတော့သည်။ ထိုလူက ယခင်ကထက်ပို၍ စူးရှပြတ်သားသောလေသံဖြင့် နောက်တစ်ဖန်စကားပြောပြန်၏။

" ငါ့လက်သီးချက်တစ်ချက်ကို ခံနိုင်တဲ့ ဘယ်စိန်ခေါ်သူမဆို ဒီအဆင့်ကို ကျော်ဖြတ်နိုင်တယ် " ထို့နောက် သူက နောက်ထပ်လက်သီးချက်တစ်လုံးပစ်သွင်းရန် စတင်တော့သည်။

" အစောင့်အရှောက်ဝိညာဥ်။ အခုချက်ချင်း မင်းမျက်နှာပြစမ်း "

ပိုင်ရှောင်ချန်းက ခါးခါးသီးသီးအော်၏။

" မင်းတော့သေပြီသာမှတ် "

All Chapters