← Chapters

ငါ့မျိုးရိုးနာမည်ကို မပြောင်းပါဘူးလို့ သစ္စာဆိုစမ်း

Vol. 12 Ch. 1181

ငါ့မျိုးရိုးနာမည်ကို မပြောင်းပါဘူးလို့ သစ္စာဆိုစမ်း

Vol. 12 Ch. 1181

ပိုင်ရှောင်ချန်းမှာ ယမ်းပုံမီးကျ ဒေါသထွက်နေပြီး အစောင့်အရှောက်ဝိညာဥ်ကို မိုးမွှန်အောင် ကျိန်ဆဲကာ နောက်သို့ ဆုတ်သွားသည်။ ထိုအစောင့်အရှောက်ဝိညာဥ်လေးကို သူ မည်သို့မျှ လုပ်၍မရသော အချက်ကြောင့်သာ မဟုတ်ပါက ထိုဝိညာဥ်လေးအား အရှင်လတ်လတ် အရေဆုတ်ပြီးနေမည်မှာ အမှန်ပင်။

" ငါမင်းကို မုန်းတယ် "

သူက စိတ်ပျက်လက်ပျက်ဖြင့် အော်ဟစ်လိုက်သည်။ ထိုစဥ် သက်လတ်ပိုင်းလူကြီးမှာ ရှေ့သို့တစ်လှမ်းထပ်လှမ်းလာပြီး သူ၏လက်သီးဖြင့် ထိုးနှက်လိုက်ပြန်သည်။ ထိုအခါ ကောင်းကင်ကြီး မည်းမှောင်သွားပြီး ထိုနေရာတစ်ဝိုက်တွင် ပြင်းထန်သောဖိအားများ သက်ရောက်လာတော့သည်။

ဤလက်သီးချက်နှင့်အတူ ဧရာမ မိုးသက်မုန်တိုင်းကြီးတစ်ခု တိုက်ခတ်လာပြီး ယခင်ကထက် အနည်းငယ်မျှ အားအင်လျော့နည်းနေသည့်ပုံစံ ပေါက်နေပါသော်လည်း လောကနတ်ဘုရားအဆင့် ကျင့်ကြံသူတစ်ယောက်၏ စွမ်းအားများ ပါဝင်နေဆဲပင်။ ထိုလက်သီးချက်ကြီးကို ထုတ်လွှတ်လိုက်သောအခါ တောင်တန်းများကိုပြိုလဲသွားစေနိုင်ပြီး ပင်လယ်များကို ခန်းခြောက်သွားစေနိုင်သည့် အားတစ်မျိုး ပိုင်ရှောင်ချန်းထံ တည့်မတ်စွာ ဦးတည်လာတော့သည်။

လေထုကြီးပင် အစိတ်စိတ်အမြွှာမြွှာ ကြေမွသွားပြီး ဤကမ္ဘာကြီးကိုဖန်တီးထားသည့် ကောင်းကင်နှင့် မြေကြီးတို့မှာ ပြိုလဲပျက်ဆီးကာ အငွေ့ပျံသွားတော့မည့်အလား ဖြစ်နေပြီ ဖြစ်သည်။

ပိုင်ရှောင်ချန်းက စူးရှစွာ အော်ဟစ်လိုက်တော့သည်။ လက်ရှိအခြေအနေကို သုံးသပ်ကြည့်လိုက်သောအခါ အခြားရွေးချယ်စရာ မရှိတော့ကြောင်း သူက သိလိုက်သည်။ လက်သီးချက်ကြီးဖြစ်သော မိုးသက်မုန်တိုင်းကြီး အနီးသို့ရောက်လာသောအခါ သူသည် လက်များကိုမြှောက်လိုက်ပြီး မြေပြင်ပေါ်သို့ ရိုက်ချလိုက်သည်။

လေပြင်းများ သူ၏မျက်နှာကို ဟပ်နေစဥ် သူက အော်ဟစ်လိုက်သည်။

" ရွှယ်ကျဲကော်တု "

ထိုအခါ တဂျိန်းဂျိန်းမြည်သံများ ပေါ်ထွက်လာပြီး ထိုနေရာကြီးတစ်ခုလုံး တုန်ရီသွားကာ လှိုင်းဂယက်ထနေသည့် အငွေ့အသက်များမှာ အရပ်မျက်နှာအနှံ့သို့ ပျံ့နှံ့သွားကြသည်။ တချိန်ထဲမှာပင် တစ်ကမ္ဘာလုံး ရွှံ့အိုင်ကြီးအဖြစ် ပြောင်းလဲသွားတော့သည်။

ရေငွေ့များ မြင့်တက်လာပြီး ရှေးခေတ်မှ ပဲ့တင်ထပ်၍ ထွက်ပေါ်လာဟန်ရှိသော အော်သံကြီးတစ်သံကိုလည်း ကြားလိုက်ရသည်။ အနည်းငယ်အကြာတွင် မရေမတွက်နိုင်သော ဆူးချွန်များစွာ ထိုးထွက်လာတော့သည်။

ပိုင်ရှောင်ချန်း၏ စွမ်းအားအကြီးဆုံး ဝှက်ဖဲများထဲမှ တစ်ခုဖြစ်သော ရွှယ်ကျဲကော်တု ပေါ်ထွက်လာပြီဖြစ်သည်။

တောင်ထိပ်များနှင့်ဆင်တူသောအရာများ လေပေါ်သို့မြင့်တက်လာသောအခါ တစ်ကမ္ဘာလုံးတွင် တဂျိန်းဂျိန်းမြည်သံများဖြင့် ပြည့်နှက်သွားသည်။ ဟိန်းဟောက်သံကြီးမှာလည်း အဆက်မပြတ်ပေါ်ထွက်နေဆဲဖြစ်ပြီး မျက်စိတစ်မှိတ်အတွင်း လောကနတ်ဘုရားအဆင့် လက်သီးချက်ကြီးက ရွှယ်ကျဲကော်တုကို ထိုးနှက်မိသွားတော့သည်။

ထိုသို့ ထိုးနှက်မိရာမှ ထွက်ပေါ်လာသော အုန်းခနဲမြည်သံကြီးကြောင့် ကမ္ဘာကြီး အပြင်းအထန်တုန်ရီသွားရသည်။ ရွှယ်ကျဲကော်တု၏ ဆူးချွန်များနှင့် တောင်ထိပ်များမှာမူ လောကနတ်ဘုရားအဆင့် လက်သီးချက်ကြီးကို တောင့်ခံနိုင်စွမ်းမရှိသည့်ပုံပေါ်နေရုံသာမက ပိုင်ရှောင်ချန်း ဆင့်ခေါ်ထားသည့် အရာအားလုံး ပြီးဆုံးသွားတော့မည်ကဲ့သို့ ဖြစ်နေပြီ ဖြစ်သည်။

သို့သော် ရွှယ်ကျဲကော်တု ပြိုလဲပျက်ဆီးသွားတော့မည့် အခြေအနေတွင် ယခင်ကနှင့်လုံးဝမတူသော ဖီဆန်လိုစိတ်အပြည့်ပါနေသည့် ဟိန်းဟောက်သံကြီး လေထဲတွင် ပြည့်နှက်သွားတော့သည်။ ပိုင်ရှောင်ချန်းမှာ ယခုလေးတင် ရွှယ်ကျဲကော်တုကို ထပ်မံအသုံးချလိုက်ခြင်း ဖြစ်သည်။ သူ နှစ်ကြိမ်ဆက်အသုံးပြုလိုက်ခြင်းပင်။

ဝုန်းးးးး

တောင်တန်းများစွာ ဖုံးအုပ်နေသည့် ကုန်းမြေထုကြီး နှစ်ခု မြင့်တက်လာမည့်ပုံ ပေါ်နေသည်။ ထိုတောင်တန်းများမှာ တုန်လှုပ်ခြောက်ခြားဖွယ်ကောင်းစွာပင် သွားများနှင့် ဆင်တူနေသည်။ ကုန်းမြေထုကြီး နှစ်ခုမှာမူ ပိုင်ရှောင်ချန်း၏ သက်စောင့်ဝိညာဥ်၏ ဧရာမ မေးရိုးကြီးများပင် ဖြစ်သည်။

၎င်းမှာ ရှေးပဝေသဏီက ရှင်သန်ခဲ့သော မိကျောင်းတူသားရဲကြီးတစ်ကောင်ပုံစံရှိပြီး အလွန်အမင်း ရက်စက်ကြမ်းကြုတ်နေသည့် အမူအရာဖြင့် လောကနတ်ဘုရားအဆင့် လက်သီးချက်ဖြစ်သော မိုးသက်မုန်တိုင်းကြီးထံ ပျံတက်သွားသည်။ ကမ္ဘာကြီးမှာမူ ပျက်သုဥ်းသွားတော့မည့်အလား တုန်ရီနေပြီဖြစ်သည်။ သို့သော်လည်း ပိုင်ရှောင်ချန်းမှာ လောကနတ်ဘုရားအဆင့် ကျင့်ကြံခြင်းအဆင့်ကို မပိုင်ဆိုင်ထားသဖြင့် သူ၏ ရွှယ်ကျဲကော်တုမှာ မည်မျှပင် စွမ်းအားကြီးမားနေစေကာမူ သူ၏ကျင့်ကြံခြင်းအခြေခံမှာ ၎င်းကို ထောက်ပံ့ပေးရာတွင် အခက်တွေ့နေရသည်။ ထို့နောက် ဖီဆန်မှုများပြည့်နှက်နေသည့် ဟိန်းဟောက်သံကြီးတစ်သံ ပဲ့တင်ထပ်၍ ထွက်ပေါ်လာပြီး ရွှယ်ကျဲကော်တု လုံးဝပျောက်ကွယ်သွားတော့သည်။

လောကနတ်ဘုရားအဆင့် လက်သီးချက်၏ မိုးသက်မုန်တိုင်းကြီးမှာမူ ပိုင်ရှောင်ချန်းထံ ဆက်၍ ချီတက်လာပြန်သည်။

သို့သော် မည်သည့်အကြောင်းကြောင့်တော့ မသိပေ။ ဤလက်သီးချက်မှာ ယခင်အကြိမ်က လက်သီးချက်ထက် များစွာ အားအင်လျော့နည်းနေသည်ဖြစ်ပြီး ရွှယ်ကျဲကော်တုနှင့် ရင်ဆိုင်ခဲ့ရပြီးနောက် ၎င်းမှာ ပို၍ပင် အားအင်အားအင်လျော့နည်းသွားပြီဖြစ်သည်။

ပိုင်ရှောင်ချန်းမှာ တွေးတောငေးမောနေရန် အချိန်မရှိပေ။ သူ၏ရွှယ်ကျဲကော်တု ပျောက်ကွယ်သွားပြီးနောက် သူသည် အော်ဟစ်လိုက်ပြီး သူ၏အပြင်ခန္ဓာကိုယ်မှ ပြင်းထန်သောစွမ်းအားများကို ထုတ်လွှတ်လိုက်ပြီး သူ၏ကျင့်ကြံခြင်းအခြေခံကိုပါ လည်ပတ်စေလိုက်သည်။ ရုတ်တရက် သူ၏ကောင်းကင်တံတား ဓမ္မမျက်လုံး ပွင့်လာပြီး မျက်စိကျိန်းမတတ် စူးရှသော ခရမ်းရောင်အလင်းတန်းများ ဖြာထွက်လာသည်။ တစ်ပြိုင်နက်ထဲမှာပင် သူ၏လိပ်ပုံစံဒယ်အိုးလေးမှာ သူ၏ရှေ့တွင် တစ်ဖန်ပြန်၍ ပေါ်လာပြန်သည်။

ထိုဖြစ်ရပ်များမှာ အချိန်ပေး၍ ဖော်ပြနေရပါသော်လည်း လက်တွေ့တွင် မျက်စိတစ်မှိတ်အတွင်း ဖြစ်ပျက်သွားသည်သာဖြစ်သည်။ ထို့နောက် လောကနတ်ဘုရားအဆင့် လက်သီးချက်ကြီး ရောက်ရှိလာတော့သည်။ ပိုင်ရှောင်ချန်း၏ အပြင်ခန္ဓာကိုယ်မှာ အရေခွံဆုတ်ခံထားရသကဲ့သို့ ဆုတ်ပြဲနေပြီဖြစ်ပြီး သူ၏ ကျင့်ကြံခြင်းအခြေခံမှာလည်း ပျက်ဆီးလုဆဲဆဲဖြစ်နေပြီဖြစ်သည်။ သူ၏ပါးစပ်ထဲမှ သွေးများပန်းထွက်လာပြီး ကောင်းကင်တံတားဓမ္မမျက်လုံးမှ ခရမ်းရောင်အလင်းတန်းများမှာ လက်သီးချက်ကြီးနှင့် ထိတွေ့သွားတော့သည်။

နောက်ဆုံးကျန်ရစ်ခဲ့သော အရာကား လိပ်ပုံစံဒယ်အိုးလေးပင် ဖြစ်သည်။ လေထဲတွင် အုန်းခနဲအသံကျယ်ကြီးတစ်သံ မြည်ဟည်းထွက်ပေါ်လာပြီး ကမ္ဘာကြီး သိမ့်ခနဲတုန်ရီသွားကာ ပိုင်ရှောင်ချန်းမှာလည်း ကြိုးပြတ်သွားသည့် စွန်တစ်ခုကဲ့သို့ နောက်သို့လွင့်စင်သွားသည်။ သူ၏ယင်အင်္ဂါအစိတ်အပိုင်း ငါးခုနှင့် ယန်အင်္ဂါအစိတ်အပိုင်း ခြောက်ခုမှာ ပျက်စီးလုနီးပါးဖြစ်သွားပြီး သူ၏ပြန်လည်ကုစားနိုင်စွမ်းများမှာ ထိုဒဏ်ရာများကို ကုစားနိုင်ရန်အတွက် အစွမ်းကုန် အလုပ်လုပ်နေရပြီဖြစ်သည်။

သို့သော် လက်သီးချက်ကြီးမှာ မရပ်တန့်သွားသေးပဲ ပိုင်ရှောင်ချန်းမှာလည်း နောက်သို့ ပျံသန်းသွားနေဆဲပင်။ လက်သီးချက်ကြီးက အားအင်လျော့နည်းနေပြီဖြစ်သော်လည်း ကြောက်မက်ဖွယ်ကောင်းလောက်အောင် စွမ်းအားကြီးမားနေဆဲပင်။

ပိုင်ရှောင်ချန်းမှာ လိပ်ဒယ်အိုးလေးကို သတ်မှတ်ချိန်ထက် ပို၍စောလျင်စွာ ဆင့်ခေါ်ထားခဲ့သည်ဖြစ်ရာ ၎င်းမှာ ထိုပြင်းထန်သော ထိုးနှက်ချက်ကြီးကို ရင်ဆိုင်လိုက်ရပြီးနောက်တွင် သူ့ထံသို့ပင် ပြန်မလာနိုင်တော့ပေ။ ၎င်းမှာ ဘေးဘက်သို့ လွင့်ထွက်သွားပြီး ဖျော့တော့တော့ အလင်းရောင်တစ်ခုက ၎င်းကို ဖုံးလွှမ်းသွားတော့သည်။

ထိုအလင်းရောင်မှာ အစောင့်အရှောင်ဝိညာဥ်ထံမှ ပေါ်ထွက်လာခြင်းပင်ဖြစ်သည်။

သူသည် တအံ့တသြဖြစ်နေသည့် အမူအရာဖြင့် အော်ပြောလိုက်တော့သည်။

" ဒီလက်သီးချက်ပြီးလို့ မင်းဒီအဆင့်ကို ကျော်နိုင်မယ်ဆိုရင် ငါမင်းကို ချက်ချင်းလက်ငင်း ဦးညွှတ်ပြီး အရိုအသေးပေးမယ် ပိုင်ရှောင်ချန်း "

" ဦးညွှတ်မယ် ဟုတ်လား။ အေးအေး မင်းစောင့်နေနှင့်ဦးပေါ့ ခွေးကောင် "

ပိုင်ရှောင်ချန်း၏ရင်ထဲတွင် အန္တရာယ်ကြီးတစ်ခုနှင့် ထိပ်တိုက်တွေ့ဆုံနေရသည့် ခံစားချက်ကြီး ပြည့်နှက်သွားတော့သည်။ လက်သီးချက်ကြီး၏ မိုးသက်မုန်တိုင်းက သူ့ဘက်သို့ ဦးတည်၍လာနေဆဲ မဟုတ်ပါလော။

" ဖြစ်ချင်ရာဖြစ်တော့ကွာ "

သူက အော်ဟစ်လိုက်တော့သည်။ ထို့နောက် နောက်သို့မဆုတ်ပဲ တောင်ဖြိုသိုင်းကို အသုံးပြုလိုက်သည်။ သို့သော် ထိုမျှနှင့် ရပ်မသွားပေ။ သူသည် ထာဝရပြုစားခြင်းအတတ်ကိုသုံး၍ အရှိန်မြှင့်တင်လိုက်ပြီး တပြိုင်နက်ထဲဆိုသလိုပင် သူ၏လက်သီးကိုဆုပ်လိုက်သည်။

" ထာဝရဧကရာဇ်လက်သီး "

သူက အသံကုန်အော်ဟစ်လိုက်တော့သည်။ ချက်ချင်းပင် ဝိုးတဝါးဧကရာဇ်တစ်ပါး ပုံရိပ်ကြီးတစ်ခု သူ၏နောက်တွင် ပေါ်လာတော့သည်။ ယခုတွင်မူ ဤလက်သီးချက်မှာ မူလလက်သီးချက်ထက် အဆပေါင်း မည်မျှပို၍ စွမ်းအားကြီးမားနေကြောင်းကို သူကမသိတော့ပေ။ သို့သော် သူသည် နောက်တွန့်မနေပဲ ကြယ်ပျံတစ်လုံးကဲ့သို့ သူ့ထံ ဦးတည်လာနေသည့် လက်သီးချက်ကြီးဆီသို့ တည့်မတ်စွာ ပျံသန်းသွားတော့သည်။

နားများအူသွားစေနိုင်သည့် တဂျိန်းဂျိန်းမြည်သံများ တုန်ရီနေသည့် ကမ္ဘာကြီးထဲတွင် ပြည့်နှက်သွားသည်။ ဧရာမနန်းတော်ကြီးက ထိုဒဏ်ကို မခံနိုင်သဖြင့် ပြိုလဲပျက်စီးသွားပြီး ရုပ်ထုကြီးတစ်ခုသာ လေပေါ်တွင်မျောလွင့်၍ ကျန်ရစ်ခဲ့တော့သည်။

လက်သီးချက်ကြီး၏ မိုးသက်မုန်တိုင်းမှာမူ တစ်ကြိမ်ပြီးတစ်ကြိမ် အားအင်လျော့နည်းသွားခဲ့သည့်အတွက် နောက်ဆုံးအကြိမ်အဖြစ် ပိုင်ရှောင်ချန်းအား ဝင်တိုက်လိုက်ပြီးနောက် လွင့်စင်ပျောက်ကွယ်သွားတော့သည်။ ပိုင်ရှောင်ချန်းမှာမူ သူအန်ခဲ့ရသည့် သွေးပွက်အရေအတွက်ကိုပင် မမှတ်မိတော့ပေ။ သူ့အပေါ်သို့ ကျဆင်းလာနေသည့် စွမ်းအားကြီးက သူ့အား အမှုန့်ချေပစ်နိုင်စွမ်းရှိကြောင်းကို သူကသိသည်။ ထိုသို့ သေရေးရှင်ရေးတမျှ အရေးကြီးနေသောအချိန်တွင် သူသည် နတ်ဘုရားဇီဝိန်ချုပ်သိုင်းကို ထုတ်သုံးလိုက်တော့သည်။

သူ၏ ပတ်ပတ်လည်တွင် သွေးမြူခိုးများဝန်းရံလာပြီးနောက် သူက အဝေးသို့ ပျံထွက်သွားသည်။ သို့သော် လက်သီးချက်ကြီး၏ အဖျက်စွမ်းအားမှာ သူနှင့်ချိတ်ဆက်ပြီးသားဖြစ်နေကြောင့် ပယ်ရှားရန် မဖြစ်နိုင်တော့ပေ။ ထိုစွမ်းအားကြီးမှာ သူ၏ခန္ဓာကိုယ်တစ်ခုလုံးကိုဖုံးလွှမ်းကာ အရပ်မျက်နှာအနှံ့သို့ ဖြာထွက်သွားပြီးနောက် တစ်ဖန်ပြန်လည်ပေါင်းစည်း၍ ပြင်းထန်လှသောအရှိန်ဖြင့် သူ့အားထပ်မံ ရိုက်နှက်လိုက်ပြန်သည်။ ထိုကဲ့သို့ ရှစ်ကြိမ်တိတိ ဖြစ်ပျက်သွားပြီးနောက် ထိုစွမ်းအားမှာ ကုန်ဆုံးပျောက်ကွယ်သွားတော့သည်။ ထိုအချိန်တွင် ပိုင်ရှောင်ချန်းက ကျယ်လောင်စွာ ရယ်မောလိုက်တော့သည်။

" ငါဒီအဆင့်ကို အောင်ပြီဟေ့ "

" မဖြစ်နိုင်တာ "

အစောင့်အရှောက်ဝိညာဥ်လေးမှာ အလွန်အမင်း အံ့အားသင့်သွားပြီး လွှတ်ခနဲ ရေရွတ်မိလိုက်သည်။ သူသည် ဤအဆင့်ကို ပိုင်ရှောင်ချန်း မကျော်ဖြတ်နိုင်စေရန် ဉာဏ်အကုန်သုံး၍ ကြိုးစားခဲ့ရသည် မဟုတ်ပါလော။ သို့သော် အခက်အခဲအဆင့်ကို အံသြဖွယ်ကောင်းလောက်အောင် မြှင့်တင်ထားသည့်တိုင်အောင် ပိုင်ရှောင်ချန်းမှာ အောင်မြင်သွားဆဲပင်။

ထို့အပြင် ယခုအကြိမ်၏ နောက်ဆုံးအခိုက်အတန့်တွင် သူသည် လိပ်ဒယ်အိုးလေး၏ အကူအညီကိုပင် မရယူခဲ့ပေ။ ထိုဒယ်အိုးလေးကို ပိုင်ဆိုင်ထားခဲ့မည်ဆိုလျှင်တောင် အခြား ကောင်းကင်ဧကရာဇ်အဆင့် ကျင့်ကြံသူအများစုမှာ တစ်စစီ ဖျက်ဆီးခံလိုက်ရမည်သာ ဖြစ်သည်။

ဤဖြစ်ရပ်ကြီးမှာ အံ့သြမှင်တက်ဖွယ် ကောင်းလွန်းလှသဖြင့် နောက်ဆုံးတွင် အစောင့်အရှောက်ဝိညာဥ်လေး၏ နှလုံးသားထဲတွင် ပိုင်ရှောင်ချန်းကို လေးစားကြည်ညိုသွားသည့်စိတ်များ အနည်းငယ် ပေါ်ထွက်လာတော့သည်။ သို့သော် သူသည် သူ၏ အနာဂတ်တွင်ကြုံတွေ့ရမည့် ကံကြမ္မာအကြောင်းကို တွေးလိုက်မိသောအခါ ကလန်ကဆန်လေသံဖြင့် အော်ပြောလိုက်တော့သည်။

" မိုးမြေဧကရာဇ်ရဲ့အရှေ့ ဒီနေရာမှာ အခုချက်ချင်း သစ္စာဆိုစမ်း။ ငါ့ရဲ့ အရှင်သခင်ဖြစ်ပြီးသွားတဲ့အချိန်ရောက်ရင် ငါ့မျိုးရိုးနာမည်ကို မပြောင်းပါဘူးလို့ သစ္စာဆိုစမ်း "

" ဘာပြောလိုက်တယ် "

ပိုင်ရှောင်ချန်းမှာ အံ့အားသင့်သွားသည့် မျက်နှာအမူအရာဖြင့် ရေရွတ်လိုက်သည်။

" သစ္စာဆိုစမ်းပါ "

ပိုင်ရှောင်ချန်းမှာ ဤအဆင့်များအားလုံးတွင် အစောင့်အရှောက်ဝိညာဥ်လေး သူ့အပေါ်လုပ်ခဲ့သည့် လုပ်ရပ်များအားလုံးကို ပြန်တွေးမိလိုက်သောအခါ စူးရှစွာစိုက်ကြည့်၍ ပြန်ပြောလိုက်တော့သည်။

" တော်စမ်းပါ။ မင်းက ငါ့ကိုအရူးထင်နေတာလား။ ဘာကိုမှ သစ္စာမဆိုနိုင်ဘူး။ ပြီးတော့ ငါက မင်းရဲ့မျိုးရိုးနာမည်ကို သေချာပေါက် ပြောင်းကိုပြောင်းဦးမှာ "

" အားးးးးး "

ပိုင်ရှောင်ချန်းမှာ သူ၏စကားကြောင့် အစောင့်အရှောက်ဝိညာဥ်လေး ယခုကဲ့သို့ ဖြစ်သွားလိမ့်မည်ဟု မည်သည့်အတွက်ကြောင့် တွေးမိလိမ့်မည်နည်း။ ရုတ်တရက်ပင် ဖျက်ဆီးနိုင်စွမ်း အပြည့်ပါသော လက်သီးချက်များကို ထုတ်လွှတ်ခဲ့သည့် သက်လတ်ပိုင်းလူကြီးက ရှေ့သို့ထပ်၍လှမ်းလာပြီး လက်သီးများဆုပ်လိုက်ပြန်တော့သည်။

ပိုင်ရှောင်ချန်းမှာ မျက်လုံးများ ကျွတ်ထွက်လုမတတ် ဖြစ်သွားတော့သည်။ အကယ်၍ ထိုလူသာ နောက်ထပ်လက်သီးချက်တစ်ချက် ထုတ်လွှတ်လိုက်မည်ဆိုပါက သူအသက်ရှင်နိုင်ခြေ ရှိလောက်မည် မဟုတ်ပေ။ သူသည် ချက်ချင်းပင် ပါးစပ်ဟလိုက်ပြီး အစောင့်အရှောင်ဝိညာဥ်လေးအား ချော့မော့ရန် ပြင်လိုက်သည်။

ထိုအချိန်တွင် ရုပ်ထုကြီး၏ နဖူးထဲရှိ လှိုဏ်ဂူကဲ့သို့သော အခန်းငယ်ထဲတွင် ထိုင်နေသည့် လူက ဖြည်းညင်းစွာ မတ်တတ်ထလာတော့သည်။ ထို့နောက် မိုးခြိမ်းသံကဲ့သို့သော အသံကြီးတစ်သံပဲ့တင်ထွက်လာပြီး ကမ္ဘာကြီးထဲတွင် အေးဆေးငြိမ်သက်မှုများဖြင့် ပြည့်နှက်သွားတော့သည်။

" တော်လောက်ပြီ ရှောင်ချီ။ စိန်ခေါ်သူ .... မင်းဒီအဆင့်ကို အောင်သွားပြီ "

All Chapters