← Chapters

အခန်း (၂၀၁-၂၀၂)

Vol. 21 Ch. 201-202

အခန်း (၂၀၁-၂၀၂)

Vol. 21 Ch. 201-202

အခန်း ၂၀၁: ခေတ်တွေဘယ်လောက် ကြာသွားပြီလဲ... နောက်ဆုံးတော့... ငါ စောင့်နေခဲ့တာ...

လော့ကျဲ့ရှန်းသည် တိတ်ဆိတ်စွာ မတ်တတ်ရပ်နေပြီး သူမ၏ဖြူဖွေးသောဝတ်ရုံက ဆီးနှင်းများထက်ပင် ပို၍ဖြူဆွတ်နေကာ ပတ်ဝန်းကျင်ရှိ ဆူပွက်နေသော ဆူညံသံများနှင့် လုံးဝအဆက်အသွယ် ပြတ်နေပုံရသည်။ သူမမျက်လုံးများ၏ နက်ရှိုင်းသော နေရာတွင် တိုက်ခိုက်လိုခြင်း စိတ်ဆန္ဒ အရိပ်အယောင်တစ်ခု ဖျတ်ခနဲ လင်းလက်သွားပြီးနောက် ပျောက်ကွယ်သွားသည်။

လူသားဧကရာဇ်ငယ် ရွှမ်ယွမ်ဖိုသည် သူ၏ ကဏဦး ထိတ်လန့်တုန်လှုပ်မှုမှ လုံးလုံးလျားလျား ပြန်လည်ကောင်းမွန်လာခဲ့လေပြီ။ သူ၏ ရင်ဘတ်ထဲတွင် သူရဲကောင်းဆန်သော စိတ်ဓာတ်တစ်ခု လှိုင်းထလာပြီး ခေါင်းလောင်းကြီးတစ်လုံးအလား ဖြစ်သော သူ၏ အသံက ပတ်ဝန်းကျင်ရှိ ဆူညံသံများကို ယာယီဖိနှိပ်လိုက်သည်။

"ကောင်းတယ်...ကောင်းတယ်...အရမ်းကောင်းတယ်... ဟား ဟား ဟား...ကောင်းကင်တက်လှမ်းခြင်းလှေကားက သူ့အလိုလို ဆင်းသက်လာပြီးတော့ ရှေးဟောင်းတာအိုပုံရိပ်ယောင်တွေက အရိုအသေပေးနေတယ်.... ဒါက မဟာ တာအို ရဲ့ အသိအမှတ်ပြုမှုကို ခံရတဲ့ ကောင်းကင်နဲ့မြေကြီးရဲ့ ပူးတွဲအောင်ပွဲခံမှု တစ်ခုပဲ.... ငါတို့ လူသားမျိုးနွယ်စုက နောက်ထပ် စစ်မှန်တဲ့ ပြိုင်ဘက်ကင်း အစွမ်းထက်သူတစ်ယောက်ကို မွေးထုတ်ပေးလိုက်ပြီ.... ဒါက လူသားမျိုးနွယ်စု ကြီးမားစွာ ဖွံ့ဖြိုးတိုးတက်မှုရဲ့ လက္ခဏာရပ်တစ်ခုပဲ..."

သူ၏ရယ်မောသံသည် ရင်ထဲမှလာပြီး ချုပ်တည်းမှု ကင်းမဲ့ကာ မည်သည့်မနာလိုမှုမျှ မပါဝင်ဘဲ သန့်စင်သော စိတ်လှုပ်ရှားမှု သက်သက်သာ ပါဝင်သည်။

လူသားမျိုးနွယ်စု၏ ကံကြမ္မာကြောင့် မျက်နှာသာပေးခံရသူ တစ်ဦးအနေဖြင့် ပါရမီရှင်များ ပေါ်ထွက်လာကာ အထူးသဖြင့် မူလဘူတ သဘာဝလွန်ဖြစ်စဉ်များကို ဖြစ်ပေါ်စေနိုင်သော ဤကဲ့သို့ ပြိုင်ဘက်ကင်း ပုဂ္ဂိုလ်များ ပေါ်ထွက်လာသည်ကို မြင်ရသည့်အတွက် သူ ဝမ်းသာမိသည်။

ဤလူက သူ၏အဆင့်အတန်းကို စိန်ခေါ်ခြင်းရှိမရှိဆိုသည့် အချက်အတွက်မူ...

ရွှမ်ယွမ်ဖို၏စိတ်နှလုံးသားတွင် လောင်ကျွမ်းနေသော တိုက်ခိုက်လိုခြင်း စိတ်ဆန္ဒဖြင့်သာ ပြည့်နှက်နေခဲ့သည်။ လူသားမျိုးနွယ်စု၏နောက်တွင် ကြီးမားသောတာဝန်ကို ထမ်းဆောင်နိုင်သူ တစ်ဦး ရှိနေရပေမည်။

အကယ်၍ ထိုလူသည် လူသားမျိုးနွယ်စုကို ပို၍ကြီးမားသော အမြင့်ဆီသို့ အမှန်တကယ် ဦးဆောင်သွားနိုင်မည် ဆိုပါက သူ ရွှမ်ယွမ်ဖို သည် ထိုလူ့ကို လိုလိုလားလား အစေခံပေမည်။

ဤသည်မှာ သူ၏ ကြီးမြတ်သော သဘောထား ဖြစ်ပြီး သူ၏ ဧကရာဇ်တာအို နှလုံးသားလည်း ဖြစ်ပေ၏။

ရွှမ်ယွမ်ဖို၏ သူရဲကောင်းဆန်သော စိတ်လှုပ်ရှားမှုနှင့် လုံးဝဆန့်ကျင်ဘက်အနေဖြင့် မင်ကျိုးယို၏အမူအရာမှာ ရေများ ယိုကျလာနိုင်လောက်အောင် မှိုင်းညို့နေသည်။

သူ၏နံဘေးပတ်လည်ရှိ မြေအောက်ကမ္ဘာ အင်မော်တယ်ချီများမှာ တလိမ့်လိမ့်ထနေခြင်း မရှိတော့ဘဲ အရိုးထိအောင် အေးစက်သော အေးစိမ့်မှုလှိုင်းများကို ထုတ်လွှတ်နေသည်။

သူ၏ ကျဉ်းမြောင်းပြီး ရှည်လျားသော မျက်လုံးများတွင် မနာလိုမှု၊ မလိုမုန်းထားမှု၊ ထိတ်လန့်မှု နှင့် လောဘတို့ကဲ့သို့ အပျက်သဘောဆောင်သည့် စိတ်ခံစားမှုများ အရူးအမူး လှိုင်းထနေပေ၏။

"ဖရိုဖရဲ ခန်းမဆောင် ... မွေးရာပါ ဖရိုဖရဲစွမ်းအား ... အဲ့ဒီအခွင့်အရေးက ငါ့အတွက် ဖြစ်သင့်တာ..."

သူက သူ၏စိတ်နှလုံးသားထဲတွင် ရူးသွပ်စွာ အော်ဟစ်လိုက်သည်။

"ဘယ်ကနေ ထွက်လာမှန်း မသိတဲ့ အောက်ဘုံက ပုရွက်ဆိတ် တစ်ကောင်... ဘာလို့လဲ...ဘာလို့ သူက ဒီလောက်ထိ မျက်နှာသာပေးခံရတာလဲ....ငါ ဒါကို လက်မခံနိုင်ဘူး..."

သို့ရာတွင် မည်သို့ပင်ဆိုစေကာမူ သူသည် သူ့မျိုးဆက်၏မြေအောက်ကမ္ဘာသားတော် တစ်ပါးဖြစ်ပြီး အလွန်နက်ရှိုင်းကာ တွက်ချက်မှုများ ရှိနေသည်။

သူ၏ လှိုင်းထနေသော စိတ်ခံစားမှုများကို အတင်းအကျပ် ဖိနှိပ်ထားလိုက်ကာ သူ၏ မျက်လုံးများထဲ၌ နက်နဲသိမ်မွေ့ပြီး နားမလည်နိုင်သော အရိပ်အယောင်များ ထင်ဟပ်လာသည်။ သူက လျှင်မြန်စွာ စတင်၍ စဥ်းစားတွေးတောလိုက်သည်။

"ဒီလူရဲ့မူရင်းဇစ်မြစ်က မသိရဘူး....ပြီးတော့ သူ့ရဲ့စွမ်းအားကိုလည်း အတည်မပြုနိုင်သေးဘူး.... ဒါပေမဲ့ ဒီလို သဘာဝလွန်ဖြစ်စဉ်မျိုးကို ဖြစ်ပေါ်စေနိုင်တာက သူက သေချာပေါက် ကိုင်တွယ်ဖို့ လွယ်ကူတဲ့သူ မဟုတ်ဘူး... ငါ သူနဲ့ ထိပ်တိုက်ရင်ဆိုင်လို့ မရနိုင်ဘူး... ကောင်းကင်တက်လှမ်းခြင်း လျှို့ဝှက်နယ်မြေ ... ဟုတ်တယ်... လျှို့ဝှက်နယ်မြေ ထဲမှာ ပြောင်းလဲနိုင်တဲ့ အရာတွေက အဆုံးမရှိဘူး... သူက ဖရိုဖရဲ အမွေအနှစ်ကို ရခဲ့ပေမဲ့ အဲ့ဒါကို သူ ကျေညက်နိုင်မှ ကျေညက်နိုင်လိမ့်မယ်... ဒါဆိုရင် ငါ သူနဲ့ ပူးပေါင်းလို့ ရနိုင်လောက်တယ်..."

သူ၏စိတ်ထဲတွင် ဆိုးရွားသော အစီအစဉ်များ တစ်ခုပြီးတစ်ခု တိတ်ဆိတ်စွာ စတင်ပေါက်ဖွားလာသည်။

တစ်ချိန်တည်းမှာပင် အဝေးရှိ ဝေးလံခေါင်သီသော ရေခဲတောင်ထွတ်၏ အောက်တွင် ဖန်ရွှမ်၏လက်သီးမှ အက်ကွဲသံများ ထွက်ပေါ်လာသည်။ သူ၏လက်ဆစ်များ ဖြူရော်သွားကာ သူ၏လက်များရှိ အရိုးများကိုပင် ခြေမွှမိလုနီးပါး ဖြစ်သွားခဲ့လေ၏။ သူသည် အံ့တင်းတင်းကြိတ်လိုက်ရာ ပြင်းထန်သော သွေးညှီနံ့က သူ၏ပါးစပ်ထဲတွင် ပြည့်နှက်သွားသည်။ ဤသည်မှာ သူ့လျှာကို သူ ပြန်ကိုက်မိသွားခြင်းပင်။

"ဘာလို့... ဘာလို့ သူ ဖြစ်ရတာလဲ..."

သူ၏မျက်လုံးများမှာ သွေးရောင်လွှမ်းနေပြီး တင်းကြပ်စွာ ပိတ်ထားသော ဧရာမဖရိုဖရဲဂိတ်တံခါးကြီးကို စူးစူးဝါးဝါး ကြည့်ရှုနေသည်။ သူသည် ယခင်က သူ၏အင်မော်တယ်ဆေးလုံးကို လူယူသွားသည့် အတွင်းရှိ ပုံရိပ်ကို မြင်တွေ့နိုင်ရန် ကြိုးစားနေသည့်အလား စိုက်ကြည့်နေခဲ့လေ၏။

"ငါ ရှင်းရှင်းလင်းလင်း... ရှင်းရှင်းလင်းလင်း ခံစားခဲ့ရတယ်....အပြာရောင် ပုလင်းငယ်ကလည်း ပဲ့တင်ထပ်နေခဲ့တယ်... အဲ့ဒါက ငါ့ဟာ.... ဖရိုဖရဲ ခန်းမဆောင်ရဲ့ အမွေအနှစ်က ငါ့အပိုင် ဖြစ်သင့်တယ်...အဲ့ဒါက ကောင်းကင်ဘုံတွေကြားမှာ ငါ တက်လှမ်းဖို့ ဝမ်တန်ကို ဖိနှိပ်ဖို့ ထိပ်သီးပါရမီတွေအားလုံးကို ဖယ်ရှားဖို့ နဲ့ နောက်ဆုံးမှာ အထွတ်အထိပ်ကို ရောက်ရှိဖို့ ငါ့အတွက် စမှတ်ပဲ..."

"အဲ့ဒါက ဘယ်လိုလုပ် သူ့ကို ကြိုဆိုနေရတာလဲ..."

သူ၏ရင်ခွင်ထဲရှိ အပြာရောင် ပုလင်းငယ်မှာ အနည်းငယ် တုန်ယင်နေဆဲ ဖြစ်သော်လည်း ထိုပုလင်းငယ်က ပေးပို့သောအရာမှာ ဆန္ဒနှင့် လမ်းညွှန်မှု မဟုတ်တော့ဘဲ ငိုကြွေးလုနီးပါးဖြစ်သော အညံ့ခံခံမှုနှင့် အကြောက်တရားတို့သာ ဖြစ်သည်။ ဤသည်မှာ ရက်စက်သော အမှန်တရားတစ်ခုကို သူ့အား ပြောပြနေသည့်အလား ပင်။ သူသည် ဖရိုဖရဲခန်းမဆောင်မှ စောင့်မျှော်နေသော သခင် မဟုတ်ချေ။ သူ ခံစားခဲ့ရသော ထိုအရာမှာ ခန်းမဆောင်မှ ဖြန့်ကျက်ထားသော မှုန်ဝါးသည့် အလင်းရောင်တစ်ချက်သာ ဖြစ်ပြီး စစ်မှန်သော သခင်က ပြန်ရောက်နေလေပြီ။

အကန့်အသတ်မဲ့ နာကြည်းမှု၊ ရူးသွပ်သော မလိုလားမှု နှင့် ကံကြမ္မာ၏ လှောင်ပြောင်မှုကို ခံရခြင်း၏ မျှော်လင့်ချက်မဲ့မှုတို့က ဖန်ရွှမ်၏ နှလုံးသားကို အဆိပ်ပြင်းသော မြွေများအလား ကိုက်ဖြတ်နေခဲ့သည်။

ရိုးရိုးသားသား ပြောရလျှင် သူ၏ စိတ်ပိုင်းဆိုင်ရာကာကွယ်မှုများမှာ ယခုအချိန်၌ လုံးလုံးလျားလျား ကျိုးပျက်သွားလေပြီ။

မည်သို့ပင်ဆိုစေကာမူ သူသည် ယခုလေးတင် လီမြောင်ယန်ကို ကြွားလုံးထုတ်ခဲ့သည်။

ယခု၌မူ သူသည် လူပုံအလယ်မှာ အရှက်ခွဲခြင်းခံနေရလေ၏။

သူ၏နေရာတွင် မည်သူက ဒေါသမထွက်ဘဲ နေမည်နည်း....

သူ၏ခန္ဓာကိုယ်သည် လွန်ကဲသော စိတ်ခံစားမှုများကြောင့် အနည်းငယ် တုန်ရီနေပြီး သူ၏ ဒဏ်ရာများ ပို၍ဆိုးရွားလာပုံရသော်လည်း သူက လုံးဝသတိမထားမိဘဲ သူ၏စိတ်နှလုံးသားထဲတွင် ထပ်ခါတလဲလဲ အော်ဟစ်နေခဲ့သည်။

"မင်း ငါ့ရဲ့ အင်မော်တယ်ဆေးလုံးကို ခိုးသွားတယ်... ပြီးတော့ အခု မင်းက ငါ့ရဲ့ဖရိုဖရဲခန်းမဆောင် အခွင့်အရေးကို ခိုးသွားတယ်... စူးချန်ကဲ မင်းနဲ့ငါ ထာဝရရန်သူတွေ ဖြစ်သွားပြီလို့ ငါ ကျိန်ဆိုတယ်.... ကောင်းကင်တက်လှမ်းခြင်း လမ်းကြောင်း ပေါ်မှာ ငါ မင်းကို သတ်မယ်... ငါ မင်းကို သတ်မယ်..."

သူ၏နံဘေးတွင်...

"သူက ဘယ်သူလဲ... ငါ့မှာ ဘာလို့ ရင်းနှီးတဲ့ ခံစားချက်မျိုး ရှိနေရတာလဲ..."

လီမြောင်ယန်၏မျက်လုံးများတွင် ထိတ်လန့်တုန်လှုပ်မှုများသာမက အစိမ်းရောင်ဝတ်ရုံဝတ်လူ၏အထောက်အထားကို ခန့်မှန်းရန် ကြိုးစားနေသည့် တွေးတောမှု အရိပ်အယောင်တစ်ခုလည်း ရှိနေသည်။ အစောပိုင်းက ဖရိုဖရဲချီများမှာ အလွန်သိပ်သည်းလွန်းနေသည်။ သူမသည် သူ၏ မျက်နှာကို မမြင်ရသော်လည်း သူ၏ အရှိန်အဝါမှာ အနည်းငယ် ရင်းနှီးနေပုံရသည်။

ဧရာမဖရိုဖရဲဂိတ်တံခါးကြီး၏ အတွင်းပိုင်းသည် လုံးဝမတူညီသော ကမ္ဘာတစ်ခုပင်။

ဤနေရာ၌ သူ မျှော်လင့်ထားသည့် ပြင်းထန်သော ဖရိုဖရဲချီစီးကြောင်းများ မရှိသလို ရှုပ်ထွေးသော ဝင်္ကပါလျှို့ဝှက်နယ်မြေလည်း မရှိချေ။

သူ့ရှေ့တွင် ထွက်ပေါ်လာသောအရာမှာ အစိုင်အခဲဖြစ်သွားသော သမိုင်းမြစ်တစ်စင်း ပင်။

စူးချန်ကဲ ရပ်နေသည့် နေရာသည် အကန့်အသတ်မဲ့ ဟင်းလင်းပြင်၏ ကမ်းခြေနှင့် တူပြီး တစ်ဖက်ကမ်းတွင် ကြီးကျယ်ခမ်းနားမှုနှင့် ရှေးဟောင်းဆန်မှုတို့ဖြင့် ပြည့်နှက်နေသော ခန်းမဆောင်တစ်ခု၏ ပုံရိပ်ယောင် ရှိနေသည်။

ထိုအရာမှာ စစ်မှန်သော အဆောက်အအုံ တစ်ခု မဟုတ်ဘဲ အချိန်မြစ်၏ အထက်ပိုင်းမှ ဤနေရာသို့ ထင်ဟပ်လာသော အမှတ်အသား တစ်ခုနှင့် ပို၍တူညီသည်။ ထိုအရာကို အခြေခံအကျဆုံး ဖရိုဖရဲချီဖြင့် ပုံဖော်ထားပြီး ခေတ်ကာလများအားလုံးနှင့် ကောင်းကင်ဘုံများကို ဖိနှိပ်နိုင်စွမ်းရှိသော အမြင့်မြတ်ဆုံး အရှိန်အဝါတစ်ခုကို ထုတ်လွှတ်ထားပေ၏။

ခန်းမဆောင်၏တိုင်များသည် မမြင်နိုင်သော အမိုးခုံးအတွင်းသို့ ထိုးတက်နေပြီး ကောင်းကင်နှင့်မြေကြီး ဖန်တီးခြင်း၊ စိတ်ဝိညာဉ် အသင်္ချေ၏ ဆင့်ကဲဖြစ်စဥ်နှင့် ကြယ်များ၏ မွေးဖွားခြင်းနှင့် ဖျက်ဆီးခြင်း မြင်ကွင်းများကို ရေးထွင်းထားသည်။ ထိုပန်းပုတစ်ခုစီတိုင်းတွင် ရှေးဟောင်းသမိုင်းတစ်ခု ပါဝင်နေသည့်အလားပင်။

ခန်းမဆောင်၏ရှေ့တွင် ပုံရိပ်မြောက်မြားစွာ မတ်တတ်ရပ်နေကြသည်။

ဤပုံရိပ်များမှာ ကောင်းကင်တက်လှမ်းခြင်း လှေကား၏ တစ်ဖက်တစ်ချက်စီရှိ ပုံရိပ်ယောင်များထက် ပို၍ကျစ်လစ်သိပ်သည်းပြီး ပီပြင်ရှင်းလင်းသည်။

ပုံရိပ်ယောင်တချို့က သားရဲသားရေများကို ဝတ်ဆင်ကာ ကျောက်ပုဆိန်များကို ကိုင်ဆောင်ထားသည်။ သူတို့၏အရှိန်အဝါမှာ ရိုင်းစိုင်းပြီး ရက်စက်ကာ အစောဆုံး မွေးရာပါနတ်ဘုရား မိစ္ဆာများအလား ဖြစ်နေသည်။ ပုံရိပ်ယောင်တချို့က ရိုးရှင်းသော တာအိုဝတ်ရုံများကို ဝတ်ဆင်ထားကာ ဆံပင်နှင့်မုတ်ဆိတ်များ ဖြူဖွေးနေပြီး သန့်စင်သောချီများဖြင့် ဝန်းရံထားကာ ရှေးဟောင်းအင်မော်တယ်အရှင်များအလား ဖြစ်နေလေ၏။

တခြားသူများ၏ခန္ဓာကိုယ်များကို သန့်စင်သော အလင်းမီးတောက်များဖြင့် ဖုံးလွှမ်းနေပြီး သူတို့၏ကျောတွင် အတောင်ပံများနှင့် သူတို့၏ နဖူးပေါ်တွင် နတ်ဘုရားအမှတ်အသားများ ရှိနေသည်။ သူတို့သည် ကောင်းကင်အလွန်မှ နတ်ဘုရားများအလားပင်။ ထို့ပြင် တခြားသူများသည် လူလည်းမဟုတ် သားရဲလည်းမဟုတ်သည့် ထူးဆန်းသောပုံစံများ ရှိကြပြီး ဥပဒေသ ၏သရုပ်သကန်ထင်ဟပ်မှုများ ဖြစ်နိုင်သည်။

သူတို့သည် ရုပ်ထုများအလား မလှုပ်မယှက် မတ်တတ်ရပ်နေကြသော်လည်း သူတို့တစ်ယောက်စီတိုင်းက စူးချန်ကဲကိုပင် ရင်တုန်သွားစေနိုင်လောက်အောင် ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါတစ်ခုကို ထိန်းသိမ်းထားကြ၏။

သူတို့သည် ခန်းမဆောင်ကို ပုံစံအမျိုးမျိုးဖြင့် မျက်နှာမူထားကြသည်။ ပုံရိပ်ယောင်တချို့က ဦးညွှတ်နေကာ တချို့က ဒူးထောက်နေပြီး တချို့က ရိုးရာဓလေ့များ ပြုလုပ်နေကာ ဤဖရိုဖရဲခန်းမဆောင်ကို အရိုအသေပေးနေသည့်အလားပင်။

အဆုံးမဲ့ခေတ်ကာလများကို ဖြတ်သန်းသွားသော တည်ကြည်လေးနက်မှုနှင့် တိတ်ဆိတ်မှု တစ်ခုက ဤအချိန်နှင့်နေရာကို လွှမ်းခြုံထားခဲ့သည်။

ဤနေရာသည် ဖရိုဖရဲခန်းမဆောင်၏ အတိတ်မှ ဂုဏ်ကျက်သရေ၏အရိပ်တစ်ခု ဖြစ်ပုံရပြီး တစ်ချိန်က မဟာတာအိုအသင်္ချေ၏ ကိုးကွယ်မှုကို ခံခဲ့ရပြီး သူတော်စင်များအားလုံး၏ လေးစားမှုကို ခံခဲ့ရကြောင်း သက်သေပြနေသည်။

"ခေတ်ပေါင်းဘယ်လောက်တောင် ကြာသွားပြီလဲ... နောက်ဆုံးတော့... ငါ စောင့်နေခဲ့တာ..."

ရှေးကျပြီး ပင်ပန်းနွမ်းနယ်နေသော်လည်း ဖော်ပြ၍မရနိုင်သော စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်နေသည့် အသံတစ်ခုက ဤအစိုင်အခဲဖြစ်သွားသော အချိန်နှင့်လေဟာနယ်တွင် ရုတ်တရက် ပဲ့တင်ထပ်သွားပြီး မူလက တိတ်ဆိတ်မှုကို ချိုးဖျက်လိုက်၏။

စူးချန်ကဲက အသံလာရာဆီသို့ ကြည့်လိုက်လေသည်။ ခါးအနည်းငယ်ကုန်းနေသော ပုံရိပ်တစ်ခုက ခမ်းနားသော ခန်းမဆောင် ပုံရိပ်ယောင်၏ ပင်မ အဝင်ဝတွင် ပေါ်လာသည်ကို သူ မြင်လိုက်ရသော်လည်း မည်သည့်အချိန်ကမှန်း သူ မသိချေ။

ထိုလူသည် ဆံဖြူအဖိုးအိုတစ်ဦးပင်။ သူ၏ ဆံပင်များက ဆီးနှင်းအလား ဖြူဆွတ်နေကာ သူ၏ပခုံးများပေါ်တွင် ပြန့်ကျဲနေပြီး သူ၏ မျက်နှာ၌ နက်ရှိုင်းသော အရေတွန့်များဖြင့် ဖုံးလွှမ်းနေကာ တစ်ခုစီတိုင်းက အချိန်၏ အပြောင်းအလဲများနှင့် ခေတ်ကာလများ၏ ဖုန်မှုန့်များဖြင့် ရေးထွင်းထားသည့်အလားပင်။

သူသည် အလွန်ရိုးရှင်းသော မီးခိုးရောင်လျှော် ဝတ်ရုံကို ဝတ်ဆင်ထားပြီး ခြေဗလာဖြင့် ဖြစ်နေသည်။

အထင်ရှားဆုံးအရာမှာ သူ၏မျက်လုံးများပင်။ သူ၏မျက်လုံးသူငယ်အိမ်များမှာ သာမန် အရောင်များမဟုတ်ဘဲ ဖြစ်တည်ခြင်းနှင့်ပျက်စီးခြင်း တလှည့်စီ အဆက်မပြတ် ဖြစ်ပေါ်နေသည်။ ထိုအရာများသည် နက်ရှိုင်းပြီး ရှေးကျကာ အရာအားလုံးကို ဝါးမျိုနိုင်စွမ်းရှိပုံရသော်လည်း ကောင်းကင်နှင့်မြေကြီး မခွဲခြားမီ အချိန်က လျှို့ဝှက်ချက်များအားလုံး ပါဝင်နေသည့် ဖြည်းညင်းစွာ လည်ပတ်နေသော ဖရိုဖရဲ တွင်းနက်ကြီးနှစ်ခုအလားပင်။

အဖိုးအိုသည် နေရာတွင် တိတ်ဆိတ်စွာ မတ်တတ်ရပ်နေပြီး သူ၏နောက်ရှိ ကြီးကျယ်ခမ်းနားသော ခန်းမဆောင်ပုံရိပ်ယောင်နှင့် သူ၏နံဘေးပတ်လည်တွင် အရိုအသေပေးနေကြသော ရှေးဟောင်းပုံရိပ်များနှင့် နှိုင်းယှဉ်ပါက သာမန်ဖြစ်ပြီး အရေးမပါပုံရသည်။

သို့သော် စူးချန်ကဲ၏စိတ်နှလုံးသား ချက်ချင်းလေးလံသွားပေ၏။ အဘယ်ကြောင့်ဆိုသော် ဤသက်ကြီးရွယ်အိုပုံပေါက်နေသော အဖိုးအိုထံမှ မွေးရာပါ အမြင့်မြတ်ဆုံး ဖိနှိပ်မှုအသိတစ်ခုကို သူ ခံစားလိုက်ရသောကြောင့်ပင်။ ဤဖိအားက အပြင်ဘက်တွင် တွေ့ခဲ့ရသော ပါရမီရှင်များအားလုံးထက် ကျော်လွန်နေပြီး ထိုအင်မော်တယ်ချီထက် ကျော်လွန်ကာ မဟာတာအို၏ မူလအစဆီသို့ တိုက်ရိုက်ညွှန်ပြနေသည်။

ဤသည်မှာ သွေးမျိုးဆက်ကိုယ်တိုင်မှ မြစ်ဖျားခံလာသော ဖိနှိပ်မှုတစ်ခုပင်။

စကားများ ထပ်ပြောရန်မလိုဘဲ စူးချန်ကဲသည် အဖိုးအို မည်သူမည်ဝါဖြစ်ကြောင်းကို သိရှိပြီး ဖြစ်သည်။

မွေးရာပါ ဖရိုဖရဲရုပ်ခန္ဓာကိုယ်...

စူးချန်ကဲသည် သူ၏စိတ်နှလုံးသားထဲတွင် နားလည်သဘောပေါက်သွားပြီး သူ၏လက်များကို အနည်းငယ်ပူးဆုပ်ကာ ပြောလိုက်၏။

"ဂျူနီယာ စူးချန်ကဲက စီနီယာကို နှုတ်ဆက်ပါတယ်..."

ဖရိုဖရဲ သူငယ်အိမ်များရှိသည့် ဆံဖြူအဖိုးအိုက စူးချန်ကဲကို သေသေချာချာ စူးစိုက်၍ ကြည့်လိုက်သည်။ အထူးသဖြင့် စူးချန်ကဲ၏ ခန္ဓာကိုယ်အတွင်းရှိ မွေးရာပါ ဖရိုဖရဲ နှလုံးသား၏ နှေးကွေးသော်လည်း အစွမ်းထက်သော နှလုံးခုန်နှုန်းကို သူ အာရုံခံမိသောအခါ သူ၏ဖရိုဖရဲတွင်းနက် မျက်လုံးများတွင် ထူးဆန်းသော အကြည့်တစ်ခု ဖျတ်ခနဲ လင်းလက်သွားသည်။

"ဒါက ထူးဆန်းတယ်..."

"မွေးရာပါ ဖရိုဖရဲနှလုံးသားက သန့်စင်ပြီး အပြစ်အနာအဆာကင်းတယ်....ဖရိုဖရဲရဲ့ စစ်မှန်တဲ့ အနှစ်သာရကို ရရှိထားတယ်... အဲ့ဒါရဲ့ အခြေခံအုတ်မြစ်က အရမ်းရှားပါးပြီးတော့ ခေတ်အဆက်ဆက် မမြင်ဖူးဘူး... ဒါပေမဲ့ ဖရိုဖရဲ ရုပ်ခန္ဓာကိုယ်မပါဘဲ ဖရိုဖရဲ နှလုံးသား ကို ပိုင်ဆိုင်ထားတာ...အဲ့ဒါက တကယ့်ကို ထူးခြားတာပဲ..."

အဖိုးအို၏အသံတွင် အံ့အားသင့်မှု အရိပ်အယောင်တစ်ခု ပါဝင်နေပေ၏။

အခန်း ၂၀၂:မင်းမှာ မကောင်းတဲ့ ရည်ရွယ်ချက် တွေ ရှိမှန်း ငါ သိသားပဲ...

စူးချန်ကဲသည် ပြန်မဖြေခဲ့ဘဲ သူ၏ရှေ့ရှိ အဖိုးအိုကိုသာ တည်ငြိမ်စွာ ကြည့်နေခဲ့သည်။

"ထူးဆန်းတယ်လား... အဲ့ဒါက အဓိပ္ပါယ်ရှိတာပဲလေ..."

စနစ်ကပေးတဲ့ ဘယ်အရာမဆို ထူးဆန်းတာကလွဲပြီး တခြားဘာဖြစ်နိုင်အုံးမှာလဲ...

"ဟင်..."

"မင်းရဲ့ တာအို..."

အဖိုးအိုက နောက်တစ်ကြိမ် အံ့အားတသင့် ရေရွတ်လိုက်သည်။ ဤသည်မှာ စူးချန်ကဲ လျှောက်လှမ်းနေသော ယှဉ်ပြိုင်၍မရနိုင်အောင် နက်ရှိုင်းသည့် တာအို၏အရိပ်အယောင်တစ်ခုကို သူ ဖမ်းဆုပ်မိလိုက်သည့်အလားပင်။ အဆုံးသတ်တွင် သူ ကြောင်အမ်းသွားသည်အထိ ဖြစ်သွားလေ၏။

ဒီလောက်ထိ ကြီးကျယ်ခမ်းနားတဲ့ အခြေခံအုတ်မြစ်ကြီး...

ဒါဆို ပိုတောင် ကောင်းသေးတယ်...

သို့ရာတွင် အဆုံးမဲ့နှစ်ကာလများကို ဖြတ်သန်း အသက်ရှင်ခဲ့သဖြင့် သူသည် လျင်မြန်စွာ တည်ငြိမ်သွားကာ စူးချန်ကဲကိုကြည့်ပြီး တီးတိုးပြောလိုက်သည်။

"ကောင်လေး... မင်း ဒီနေရာကို ရောက်လာနိုင်တာက ဘာအဓိပ္ပာယ်လဲဆိုတာ မင်း သိလား..."

စူးချန်ကဲက တည်ငြိမ်သော အကြည့်ဖြင့် ပြောလိုက်သည်။

"ကျေးဇူးပြုပြီး ကျွန်တော့်ကို ဉာဏ်အလင်းပြပေးပါ စီနီယာ..."

ဖရိုဖရဲစိတ်ဝိညာဉ်က ခေါင်းမော့လိုက်ရာ သူ၏ပုံရိပ်ယောင်မှတစ်ဆင့် အပြင်ဘက်ရှိ ကောင်းကင်သို့ရောက်ရှိသော ဂိတ်တံခါးများ ဆယ့်ခြောက်ခုကို မြင်တွေ့နေရသည့်အလားပင်။ သူက ဖြည်းညှင်းစွာ ပြောလိုက်၏။

"အပြင်ဘက်က ဂိတ်တံခါးဆယ့်ခြောက်ခုက 'ကောင်းကင်သို့ရောက်ရှိသော'ဆိုပြီး နာမည်ပေးထားပေမဲ့ တကယ်တော့ သခင်ကို ရွေးချယ်ဖို့ပဲ.. အဲ့ဒီထဲက ဆယ့်ငါးခုက ကောင်းကင်တက်လှမ်းခြင်းလမ်းကြောင်းရဲ့ အခွင့်အရေးကို အာရုံခံမိပြီးတော့ ကောင်းကင်နဲ့မြေကြီးရဲ့ စွမ်းအားကို ငှားရမ်းခဲ့တဲ့ နှောင်ပိုင်းခေတ်တွေက အစွမ်းထက်ပုဂ္ဂိုလ်တွေ ဖန်တီးခဲ့တာ...အဲ့ဒါတွေကို အတုအယောင်တွေနဲ့ အရန်လမ်းကြောင်းတွေလို့ သတ်မှတ်နိုင်တယ်... ဒီဖရိုဖရဲခန်းမဆောင်ရဲ့ ဂိတ်တံခါးတစ်ခုတည်းကသာ ပင်မဂိတ်တံခါးပဲ..."

"ဒီဂိတ်တံခါးကို ကောင်းကင်တက်လှမ်းခြင်း လမ်းကြောင်းအတွက် တည်ဆောက်ခဲ့တာ မဟုတ်ဘူး... အဲ့ဒါက ငါတို့ ဖရိုဖရဲ ခန်းမဆောင်က မရေမတွက်နိုင်တဲ့ ခေတ်အဆက်ဆက်ရဲ့ အရင်က မဟာတာအိုရဲ့ အပြောင်းအလဲတွေကို အာရုံခံမိပြီးတော့ အမွေအနှစ် ပြတ်တောက်သွားလိမ့်မယ်လို့ ကြိုမြင်ခဲ့လို့ပဲ... ဒါကြောင့် ငါတို့က ငါတို့ရဲ့ နောက်ဆုံး မူလအစကို အကုန်အစင် အသုံးပြုပြီးတော့ ပုံရိပ်ယောင် တစ်ခုကို ဖယ်ထုတ်ပြီး အချိန်နဲ့ဟင်းလင်းပြင်ရဲ့ အက်ကွဲကြောင်းတွေထဲမှာ အိပ်စက်နေခဲ့တယ်.... အထူးသဖြင့် စစ်မှန်တဲ့ မွေးရာပါ ဖရိုဖရဲ ကံကြမ္မာကို သယ်ဆောင်လာတဲ့သူ တစ်ယောက် ထွက်ပေါ်လာမယ့်အချိန်ကို စောင့်ဖို့ပဲ...တကယ်လို့ ဒီဂိတ်တံခါးသာ ထွက်ပေါ်မလာဘူးဆိုရင် ကောင်းကင်ကိုရောက်ရှိတဲ့ ဂိတ်တံခါးဆယ့်ခြောက်ခုလို့ခေါ်တဲ့ အရာတွေက ဆယ့်ငါးခုပဲ ရှိလိမ့်မယ်....ပြီးတော့ ကောင်းကင်တက်လှမ်းခြင်း လျှို့ဝှက်နယ်မြေက အဲ့ဒီတံခါးတွေကို ဖွင့်ပေးမှာ မဟုတ်ဘူး..."

ဤစကားများကို ကြားသောအခါ စူးချန်ကဲက ဂရုမစိုက်ဘဲ နေနေပြီး သူ၏မျက်လုံးများတွင် တွေးတောနေမှု အရိပ်အယောင်တစ်ခုသာ ထွက်ပေါ်လာသည်။ ဤဖရိုဖရဲ ခန်းမဆောင်ဆိုသည်ကို သူ မကြားဖူးသော်လည်း ကောင်းကင်တက်လှမ်းခြင်းလမ်းကြောင်းနှင့် သက်ဆိုင်သော မည်သည့်အရာမဆို အားနည်းနေရန် မဖြစ်နိုင်ပေ။

ဖရိုဖရဲစိတ်ဝိညာဉ်က သူ၏ အတွေးများကို ထိုးထွင်းသိမြင်သွားပုံရပြီး ခေါင်းညိတ်လိုက်၏။

"အမှန်ပဲ... အိပ်မောကျနေတဲ့ ခန်းမဆောင် ပုံရိပ်ယောင်ကို နိုးထစေပြီးတော့ ဒီဂိတ်တံခါးကို ထွက်ပေါ်လာစေဖို့ လှုံ့ဆော်ပေးခဲ့တာက မင်းရဲ့ ခန္ဓာကိုယ်ထဲက သန့်စင်တဲ့ မွေးရာပါ ဖရိုဖရဲချီတွေပဲ... ဂိတ်တံခါး ထွက်ပေါ်လာတာနဲ့ ကောင်းကင်တက်လှမ်းခြင်း လမ်းကြောင်းရဲ့ ချီတွေက ပဲ့တင်ထပ်သွားပြီးတော့ တခြား ဂိတ်တံခါး ဆယ့်ငါးခုက ဖြစ်တည်လာပြီး ဒီ အခွင့်အရေးရဲ့ အပြင်အဆင်ကို အတူတကွ ဖွဲ့စည်းခဲ့တယ်... မင်းက ဒီအရာတွေ အားလုံးရဲ့ အကြောင်းရင်းခံပဲ..."

သူ စကားပြောဆိုနေစဉ် တခဏခန့် ရပ်တန့်ကာ သူ၏လေသံ များစွာပို၍ တည်ကြည်လေးနက်လာခဲ့သည်။

"ဒီဂိတ်တံခါးထဲမှာ ဖရိုဖရဲခန်းမဆောင်ရဲ့ အမွေအနှစ်ဖြစ်တဲ့ ဖရိုဖရဲ မူလအစ တာအိုစည်းတံဆိပ်နဲ့ ငါ့ရဲ့ နှစ်တစ်သန်းသက်တမ်းရှိတဲ့ မူလအစစွမ်းအား အစအနလေးတစ်ခု ရှိတယ်... ဒီနှစ်ခုကိုရယူတာက ဖရိုဖရဲကို အသစ်ပြန်လုပ်ဆောင်ပြီးတော့ အမြင့်မြတ်ဆုံး ဖရိုဖရဲ မဟာတာအိုကို မြင်တွေ့ဖို့ မျှော်လင့်နိုင်တဲ့ တစ်ခုတည်းသော နည်းလမ်းပဲ... ဒါပေမဲ့ မင်းရဲ့ အခြေအနေက နည်းနည်းထူးခြားတယ်... တကယ်လို့ မင်းမှာသာ ပြီးပြည့်စုံတဲ့ မွေးရာပါ ဖရိုဖရဲ ရုပ်ခန္ဓာကိုယ် ရှိမယ်ဆိုရင် အဆင်ပြေမှာပါ...ဒါပေမဲ့ မင်း ဒီလိုလုပ်တာက ကျဆုံးနိုင်တဲ့ အန္တရာယ် သေချာပေါက် ရှိနေတယ်... မင်း ဒီ အမွေအနှစ်ကို လက်ခံဖို့ ဆန္ဒရှိလား..."

"ကျွန်တော် ဆန္ဒရှိပါတယ်..."

စူးချန်ကဲက ဂရုမစိုက်စွာ ပြောလိုက်ပြီး ဝမ်းသာခြင်း သို့မဟုတ် ဝမ်းနည်းခြင်း ကင်းမဲ့သော အမူအရာဖြင့် အဖိုးအိုကို တစ်ချက်ကြည့်လိုက်သည်။

"ကောင်းတယ်...ဟား ဟား ဟား..."

အဖိုးအိုက စိတ်ကျေနပ်စွာ ရယ်မောလိုက်ရာ သူ၏အသံက ဟင်းလင်းပြင်ကို တုန်ခါသွားစေပြီးနောက် သူက ကျယ်လောင်စွာ ပြောဆိုလိုက်၏။

"ကောင်လေး... ရှေ့ကို လာခဲ့...ဖရိုဖရဲ အမွေအနှစ်ကို ငါ မင်းဆီ လက်ဆင့်ကမ်းပေးမယ်..."

သူ၏ အသံ ပျောက်ကွယ်သွားသည်နှင့် လည်ပတ်နေသော ဖရိုဖရဲ တွင်းနက်ကြီးများအလား ဖြစ်နေသော ဆံဖြူအဖိုးအို၏မျက်လုံးများထဲရှိ မျှော်လင့်ချက်နှင့် စိတ်ကျေနပ်မှု အမူအရာမှာ ပို၍ပင် အားကောင်းလာကာ ရူးသွပ်လုနီးပါး အရေးတကြီးဖြစ်မှု တစ်ခုကိုပင် သယ်ဆောင်လာသည်။ သူက သစ်ကိုင်းခြောက်တစ်ခုအလား ညှိုးနွမ်းနေသော လက်တစ်ဖက်ကို ဆန့်တန်းလိုက်ရာ သူ၏လက်ဝါးက အထက်သို့ မျက်နှာမူနေပြီး မြင်နိုင်စွမ်းမရှိသော ရတနာတစ်ခုကို ကိုင်ဆောင်ထားသည့်အလား ဖြစ်နေကာ စူးချန်ကဲကို "ကျေးဇူးပြုပြီး နီးနီးလာပါ" ဟု အချက်ပြလိုက်သည်။

စူးချန်ကဲက လိုက်နာကာ သူ၏အမူအရာမှာ တည်ငြိမ်နေဆဲပင်။ သူ ရှေ့သို့လျှောက်လှမ်းသွားသည်နှင့်အမျှ သူ၏ခြေလှမ်းများ တည်ငြိမ်နေကာ သူနှင့်အဖိုးအိုကြားရှိ အကွာအဝေးမှာ လျှင်မြန်စွာ တိုတောင်းလာခဲ့သည်။

ဆယ်ကျန်း....ငါးကျန်း...သုံးကျန်း...

စူးချန်ကဲက အဖိုးအို၏ သုံးကျန်းအကွာအဝေး အတွင်းသို့ ခြေချလိုက်သည့် အချိန်အခိုက်အတန့်မှာပင်...

ရုတ်တရက် အပြောင်းအလဲတစ်ခု ဖြစ်ပေါ်လာပေ၏။

ကြင်နာတတ်ကာ ကျေနပ်နေပြီး သေလုမြောပါး ဖြစ်နေပုံရသော ဆံဖြူအဖိုးအို၏ မျက်နှာပေါ်ရှိ စိတ်လှုပ်ရှားမှုနှင့် ကြင်နာမှုများအားလုံး ချက်ချင်းပျောက်ကွယ်သွားသည်။ ထိုနေရာတွင် အလွန်အမင်း လောဘကြီးမှု၊ ကြမ်းကြုတ်မှု နှင့် စိတ်မရှည်မှုတို့ဖြင့် အစားထိုးခံလိုက်ရသည်ကို စူးချန်ကဲက မြင်တွေ့လိုက်ရသည်။

သူ၏ခါးကုန်းနေသော ခန္ဓာကိုယ် ရုတ်တရက် မတ်မတ်ဖြစ်သွားပြီး သူ၏မီးခိုးရောင်လျှော် ဝတ်ရုံက လေမတိုက်ဘဲ တဖျပ်ဖျပ် မြည်ဟီးကာ ပြင်းပြင်းထန်ထန် လှုပ်ခတ်သွားလေ၏။ သူ၏ခန္ဓာကိုယ်နံဘေးပတ်လည်ရှိ မူလက လေးလံထိုင်းမှိုင်းပြီး ရှေးကျသော အရှိန်အဝါက ပြင်းထန်စွာ ပေါက်ကွဲထွက်လာသည်။ ထိုအရာသည် ဝေဝါးသော ဖိနှိပ်မှုအသိတစ်ခု မဟုတ်တော့ဘဲ ကြယ်များကို ခြေမွှနိုင်စွမ်းရှိသော စစ်မှန်ပြီး ကြောက်မက်ဖွယ်ကောင်းသည့် စွမ်းအား တစ်ခုပင်။

"ဟင်းလင်းပြင်တာအို နယ်ပယ်လား..."

စူးချန်ကဲ၏မျက်လုံးများ မှေးစင်းသွားပြီး တစ်ဖက်လူမှ လက်ရှိထုတ်လွှတ်နေသော စွမ်းအားအဆင့်ကို ချက်ချင်းအကဲဖြတ်လိုက်၏။ သို့ရာတွင် သူ၏စိတ်နှလုံးသားကို ပို၍ပင် လေးလဲသွားစေသောအရာမှာ ထိုစွမ်းအားများအတွင်း၌ ပါဝင်သော ဖရိုဖရဲချီများပင်။ ထိုအရာမှာ သူ၏ခန္ဓာကိုယ်အတွင်းရှိ မွေးရာပါ ဖရိုဖရဲနှလုံးသားနှင့် တူညီသော မူလအစ ဖြစ်သော်လည်း သန့်စင်ခြင်းမရှိချေ။

"ဟားဟားဟား ငါ စောင့်နေခဲ့တယ်... ငါ အဲ့ဒါကို အခုထိ စောင့်နေခဲ့ရတယ်... ဒါက ပြီးပြည့်စုံတဲ့ မွေးရာပါ ဖရိုဖရဲ ရုပ်ခန္ဓာကိုယ် မဟုတ်ပေမဲ့ ဒီ ဖရိုဖရဲနှလုံးသားက အရမ်းသန့်စင်ပြီးတော့ အခြေခံအုတ်မြစ်က အရမ်းထူထပ်သိပ်သည်းတဲ့အတွက် ငါ့ရဲ့ နတ်ဘုရားဝိညာဉ် မူလအစကို သယ်ဆောင်ဖို့ လုံလောက်တယ်... ကောင်းကင်က ငါ့ကို မဖျက်ဆီးဘူး... ကောင်းကင်က ငါ့ရဲ့ ဖရိုဖရဲခန်းမဆောင် မျိုးဆက်ကို မဖျက်ဆီးဘူး..."

ရိုင်းစိုင်းသော ရယ်မောသံများကြားတွင် အဖိုးအို၏ပုံစံက ထိတ်လန့်ဖွယ်ရာ အပြောင်းအလဲ တစ်ခုကို စတင်၍ ကြုံတွေ့လိုက်ရသည်။

သူ၏ခန္ဓာကိုယ်သည် ကြည်လင်လာပြီး အတွင်းပိုင်းသည် အသားနှင့်အရိုးများ မဟုတ်ဘဲ အဆက်မပြတ် ထွက်ပေါ်လာပြီး ပျောက်ကွယ်နေသည့် ဖရိုဖရဲမှော်စာလုံးများ မီးခိုးရောင် မူလအစ ချီအမျှင်များဖြင့် ဖွဲ့စည်းထားကြောင်း ရှင်းလင်းစွာ မြင်တွေ့နိုင်သည်။

ဖရိုဖရဲ တွင်းနက်ကြီးများအလား ဖြစ်သော သူ၏မျက်လုံးနှစ်လုံးမှာ ဤအချိန်အခိုက်အတန့်တွင် ရူးသွပ်စွာ လည်ပတ်နေပြီး စမီးခိုးရောင် အလင်းတန်းနှစ်ခုကို ထုတ်လွှတ်ကာ စူးချန်ကဲကို ချက်ချင်းချိတ်ပိတ်လိုက်၏။

"ဂျူနီယာ ငါ့ကို အပြစ်မတင်နဲ့... ငါက ဒီခန်းမဆောင်ရဲ့ ပထမဆုံး ခန်းမဆောင်သခင် မဟုတ်သလို သူ့ရဲ့အကြွင်းအကျန်စိတ်ဝိညာဥ်လည်း မဟုတ်ဘူး... ငါက ပထမဆုံး ခန်းမဆောင် သခင် ကွယ်လွန်သွားပြီးတဲ့နောက် သူ့ရဲ့အင်မော်တယ် မွေးရာပါ ဖရိုဖရဲ ရုပ်ခန္ဓာကိုယ်က အဆုံးမဲ့ နှစ်တွေကြာမြင့်တဲ့အချိန်မှာ ဒီနေရာက ကျန်ရစ်တဲ့ ခန်းမဆောင် မူလအစကို စုပ်ယူလိုက်တာကနေ မတော်တဆ မွေးဖွားလာတဲ့ အသိစိတ် အစအနလေးတစ်ခုပဲ... ငါ့ကို ဖရိုဖရဲစိတ်ဝိညာဉ်လို့ မင်း ခေါ်နိုင်တယ်..."

အဖိုးအို၏မောက်မာထောင်လွှားသော အသံက စူးချန်ကဲ၏ နတ်ဘုရားစိတ်ဝိညာဉ်ကို တိုက်ရိုက်တုန်ခါသွားစေခဲ့သည်။

ရုတ်ချည်းဆိုပင် သူက အနည်းငယ် မလိုလားသောအသံဖြင့် ပြောဆိုသည်။

"ငါ့မှာ ဟင်းလင်းပြင်တာအိုရဲ့စွမ်းအား ရှိတယ်.... ဒါပေမဲ့ ငါက ကောင်းကင်နဲ့မြေကြီးရဲ့ စည်းမျဉ်းတွေနဲ့ ဒီခန်းမဆောင် ပုံရိပ်ယောင်ရဲ့ အကျဉ်းချခံထားရတယ်... ငါ ထွက်သွားလို့ မရသလို အင်မော်တယ်ဘုရင် ကျန်ခဲ့တဲ့ အကြွင်းအကျန်တွေရဲ့ ပြီးပြည့်စုံတဲ့ ဖရိုဖရဲ စွမ်းအားကိုလည်း ငါ မထိန်းချုပ်နိုင်ဘူး..."

"ဒါကြောင့် ငါက အလားအလာတွေ အပြည့်ရှိတဲ့ ဖရိုဖရဲ ခန္ဓာကိုယ် အသစ်တစ်ခု လိုအပ်တယ်... ပြီးတော့ မင်းက ခေတ်အဆက်ဆက် ငါ စောင့်ဆိုင်းခဲ့တဲ့ ပြီးပြည့်စုံတဲ့ အခွံလွတ်ကြီးပဲ..."

'အမွေအနှစ်က အတုပဲ.... ခန္ဓာကိုယ်ကို လုယူတာ က အစစ်ပဲ... ဒါပေမဲ့ ငါ့ကို အသေးစိတ် မိတ်ဆက်ပေးဖို့ လိုလို့လား... ဒီကံကြမ္မာ ဗီလိန် တွေအားလုံးက စကားများကြတာလား...'

စူးချန်ကဲက အခြေအနေကို ချက်ချင်းနားလည်သွားသော်လည်း သူ၏မျက်လုံးများမှာ တည်ငြိမ်နေဆဲပင်။ ဤအရာကို သူ အစောကြီးကတည်းက မျှော်လင့်ထားသည့် ဂရုမစိုက်မှု အရိပ်အယောင်တစ်ခုပင် ပါဝင်နေကာ သူ၏ နှလုံးသားထဲတွင် တီးတိုးရေရွတ်လိုက်သည်။

တူညီသော မူလအစ ဖြစ်သော်လည်း ထူးဆန်းနေသောပြိုင်ဘက်၏ အရှိန်အဝါနှင့် အလွန်အမင်း အရေးတကြီးဖြစ်နေသော စိတ်ခံစားမှုကို သူ အာရုံခံမိချိန်ကတည်းက သူ ဤအရာကို သဘောပေါက်ပြီးဖြစ်သည်။

အရေးအကြီးဆုံးမှာ ဤအမွေအနှစ်ကို အလွန်မြန်ဆန်စွာ ပေးအပ်နေခြင်းပင်။

"ဟဲ ဟဲ...ငါ စကားများလွန်းတယ်လို့ မင်း ထင်နေတာလား...မင်း နှစ်အကန့်အသတ်မရှိ ပိတ်လှောင်ခံရကြည့်ပါလား..."

"ငါနဲ့ ပေါင်းစပ်နိုင်တာ....ငါ့ရဲ့ အသိစိတ်နဲ့ အင်မော်တယ်ဘုရင်ရဲ့ အကြွင်းအကျန်တွေက မူလအစရဲ့ အစိတ်အပိုင်းတစ်ခုကို သယ်ဆောင်နိုင်တာက မင်းရဲ့ အမြင့်မားဆုံး ကံကောင်းမှုပဲကြီး... ခုခံတာကို စွန့်လွှတ်လိုက်တော့... မင်းရဲ့ နတ်ဘုရားစိတ်ဝိညာဉ် မင်းရဲ့တာအိုအခြေခံအုတ်မြစ်နဲ့ မင်းမှာရှိတဲ့ အရာအားလုံးက ငါ ကမ္ဘာကြီးဆီ ပြန်လာဖို့ အခြေခံအုတ်မြစ် ဖြစ်လာလိမ့်မယ်... ဖရိုဖရဲစိတ်ဝိညာဉ် ခန္ဓာကိုယ် လုယူခြင်း..."

ဖရိုဖရဲစိတ်ဝိညာဉ်က ဟိန်းဟောက်လိုက်ပြီး သူ၏ ကြည်လင်သော စိတ်ဝိညာဉ်ခန္ဓာကိုယ် ပေါက်ကွဲသွားကာ မရေမတွက်နိုင်သော ဖရိုဖရဲ မှော်စာလုံးများဖြင့် ဖွဲ့စည်းထားသည့် လှိုင်းထနေသော မီးခိုးရောင်စီးကြောင်း တစ်ခုအဖြစ် ပြောင်းလဲသွားခဲ့သည်။ ထိုအရာအတွင်းတွင် အလွန်ခိုင်မာသော စိတ်ဝိညာဉ်အသိစိတ် ဗဟိုချက်တစ်ခုကို လွှမ်းခြုံထားပြီး ရှေးဟောင်းဆန်သည့် မကောင်းဆိုးဝါး ဆန္ဒ တစ်ခုကို ထုတ်လွှတ်ထားသည်။ ထိုအရာသည် လောဘကြီးသော သားရဲ တစ်ကောင်၏ ပါးစပ်အလား စူးချန်ကဲ၏မျက်ခုံးနှစ်ခုကြား ဆီသို့ ရူးသွပ်စွာ ခုန်ဝင်လာပေ၏။

ဟင်းလင်းပြင်တာအို နယ်ပယ်၏ စိတ်ဝိညာဉ် ဖိအားက ပေါက်ကွဲထွက်လာပြီး အကြွင်းမဲ့ ခွန်အားဖြင့် စူးချန်ကဲ၏အသိစိတ်ကို ခြေမွှဖျက်ဆီးကာ သူ၏ခန္ဓာကိုယ်ကို သိမ်းပိုက်ရန် ရည်ရွယ်ထားသည်။

ဤတိုက်ခိုက်မှုမှာ မြန်ဆန်ကာ ပြင်းထန်ပြီး အကြွင်းမဲ့အစွမ်းထက်သည်။

ထိုအရာအတွင်းတွင် အင်မော်တယ်ဘုရင်၏ အကြွင်းအကျန်မှ မွေးဖွားလာသော အသိစိတ် တစ်ခုက ခေတ်ကာလပေါင်း မရေမတွက်နိုင်အောင် စုဆောင်းထားသည့် ဆန္ဒနှင့်စွမ်းအားများ ပါဝင်နေပေ၏။ အကယ်၍ သာမန် အစစ်အမှန်သူတော်စင်တစ်ပါးသာ ဤတိုက်ခိုက်မှုကို ရင်ဆိုင်ရလျှင် သူ၏နတ်ဘုရား စိတ်ဝိညာဉ် လုံးဝခြေမွှဖျက်ဆီးခံရပြီး ဝါးမျိုခြင်းမခံရမီ အတွေးတစ်ခုတွေးရန်ပင် အချိန်ရမည်မဟုတ်ချေ။

သို့ရာတွင် အပြင်ဘက်ရှိ ပါရမီရှင်များ အားလုံးကို ထိတ်လန့်မှုဖြင့် ဖြူရော်သွားစေမည့် ဤ ခန္ဓာကိုယ်လုယူခြင်း တိုက်ခိုက်မှုကို ရင်ဆိုင်ရသောအခါ စူးချန်ကဲက နေရာတွင် တိတ်ဆိတ်စွာ မတ်တတ်ရပ်နေရုံသာဖြစ်ပြီး သူ၏ မျက်လုံးများတွင် ထိတ်လန့်မှုဟူ၍ အရိပ်အယောင်လေးမျှပင် မရှိခဲ့ချေ။

"မင်းမှာ မကောင်းတဲ့ ရည်ရွယ်ချက်တွေ ရှိမှန်း ငါ သိသားပဲ..."

သူက တီးတိုးပြောလိုက်ပြီး သူ၏အတွေးတစ်ချက် ရုတ်တရက် လှုပ်ရှားသွားသည်။

All Chapters