← Chapters

အခန်း (၁၂၁-၁၂၂)

Vol. 13 Ch. 121-122

အခန်း (၁၂၁-၁၂၂)

Vol. 13 Ch. 121-122

အခန်း (၁၂၁)

ဂီတခန်းမ

တစ်ဖက်လူ၏ မောက်မာမှုကို မြင်သောအခါ ရွှီပေါ်အန်းသည် ချက်ချင်းပင် အေးစက်သော အကြည့်ဖြင့် ကြည့် လိုက်ပြီး ခက်ထန်သော လေသံဖြင့် ပြောလိုက်လေ၏။

"ဒေါက်တာကျန်းက ငါ့ကို ဝင်ခွင့်ပြုထားတာ...၊ မင်းနဲ့ ဘာဆိုင်လို့လဲ...။"

စကားပြောရင်း ရွှီပေါ်အန်းသည် သူ၏ဖုန်းကို အနည်းငယ် ပွတ်ဆွဲနေခဲ့ပြီး တစ်ဖက်လူကို လုံးဝ ဂရုမစိုက်သည့် အလား အရေးမစိုက်သော အမူအရာကို ပြုလုပ်နေခဲ့လေသည်။

ထိုအရာကို မြင်သောအခါ လူငယ်ဆရာဝန်လေးမှာ ပို၍ ဒေါသထွက်သွားပြီး လှောင်ပြောင်လိုက်လေ၏။

"ဟွန့်...၊ ဒါကြောင့် ဆရာက ငါ့ကို သူ့ရုံးခန်းဆီ လာပြီး စာအုပ်တွေကို သော့ခတ်ထားတဲ့ ဗီရိုထဲ ပြန်ထည့်ခိုင်း တာကိုး...။ ဒီနေရာမှာ ဖိတ်မထားတဲ့ ဧည့်သည် ရောက်နေတာကိုး...။ ကျေးဇူးပြုပြီး ထွက်သွားပေးပါ...။"

ရွှီပေါ်အန်းက မကျေမနပ်ဖြင့် ပြန်လည်ချေပလိုက်လေ၏။

"ဖိတ်မထားတဲ့ ဧည့်သည် ဟုတ်လား...။ မင်းကသာ ဖိတ်မထားတဲ့ ဧည့်သည်လို့ ငါထင်တယ်...။ မင်းတို့ရဲ့ ဒုတိယ ညွှန်ကြားရေးမှူးစွန်းက ငါ့ကို ဒေါက်တာကျန်းနဲ့ တွေ့ဖို့ လွှတ်လိုက်တာ...။ ပြီးတော့ ဒေါက်တာကျန်းက သူ့ကို ဒီနေရာမှာ စောင့်နေဖို့ ပြောခဲ့တယ်.... မင်းက ဘယ်သူမို့လို့ ငါ့ကို နှင်ထုတ်နေရတာလဲ...။"

ဒုတိယညွှန်ကြားရေးမှူးစွန်း၏ အမည်ကို ကြားသော်လည်း လူငယ်ဆရာဝန်လေးမှာ တုန်လှုပ်သွားပုံ မရဘဲ ရွှီပေါ်အန်း၏ လက်ထဲရှိ စာအုပ်များကို လက်ညှိုးထိုးကာ ပြောလိုက်လေ၏။

"ဟွန့်...၊ ငါ့ကို လာခြောက်မနေနဲ့...။ ဆရာက မင်းကို စောင့်ခိုင်းထားရင်တောင် သူ့ရဲ့ ဆေးကျမ်းတွေကို ဖတ်ဖို့ ပြောမထားဘူးမလား...။ မင်းက ဘယ်လိုလုပ် သူ့ပစ္စည်းတွေကို ဒီလို ကိုင်တွယ်ရဲရတာလဲ...။"

ရွှီပေါ်အန်းသည် မျက်လုံးလှန်လိုက်မိပြီး ပြောလိုက်လေ၏။

"သူက မဖတ်ရဘူးလို့ မပြောထားဘူးလေ...၊ ဘာဖြစ်လို့လဲ...။ သူ မရှိတာနဲ့ပဲ ငါက ဒီမှာ ဘာမှမလုပ်ဘဲ ထိုင်နေ ရမှာလား...။ အိမ်သာသွားတာ ဒါမှမဟုတ် ရေသောက်တာလေးတောင် သူ့ကို အရင်သတင်းပို့ရဦးမှာလား...။ ဒါက စာအုပ်တစ်အုပ်ပဲလေ...၊ ဒါကို ဖတ်လို့ရမရ ငါက ဘယ်လိုလုပ် သိမှာလဲ...။ သူ့ရုံးခန်းထဲမှာ မသင့်တော်တဲ့ စာအုပ်တွေ ဒါမှမဟုတ် အန္တရာယ်ရှိတဲ့ စာအုပ်တွေ ရှိနေတာမှ မဟုတ်တာ...။"

လူငယ်ဆရာဝန်လေးက ပြောလေ၏။

"မင်းက ရိုင်းစိုင်းပြီး အဆင့်အတန်းမရှိတဲ့ကောင်ပဲ...။ မင်းက ဘာသိလို့လဲ...၊ ဒီစာအုပ်က ငါ့ဆရာရဲ့ မျိုးရိုးစဉ် ဆက် လက်ဆင့်ကမ်းလာတဲ့ အမွေအနှစ်ကွ...။ သူ့တပည့်ဖြစ်တဲ့ ငါတောင်မှ ဖတ်ခွင့်မရှိဘူး...၊ တခြားဘယ်သူမှ ကြည့်ခွင့်မရှိဘူး...။"

ရွှီပေါ်အန်းက အေးစက်စွာ လှောင်ပြောင်လိုက်လေသည်။

"အို...ဒီလိုဆိုရင် ငါသာ ဒီနေရာမှာ မရှိဘူးဆိုရင် မင်းက ဒီစာအုပ်ကို ခိုးဖတ်ဖို့ အခွင့်အရေး ရနေမှာပေါ့...။ ငါ ကောက်ချက်ချလိုက်လို့ ရမလား...၊ ဒါကြောင့် မင်းက ငါတို့တွေ့တွေ့ချင်းပဲ ငါ့ကို နှင်ထုတ်ချင်နေတာပေါ့...။"

သူ၏ အကြံအစည်ကို ရွှီပေါ်အန်းက ဖွင့်ချလိုက်သကဲ့သို့ ဖြစ်သွားသဖြင့် လူငယ်ဆရာဝန်လေးမှာ ဒေါသတ ကြီးဖြင့် ပြောလိုက်လေ၏။

"မင်း အဓိပ္ပာယ်မရှိတာတွေ ပြောမနေနဲ့...။ ငါက ဆရာ့ကို မလေးမစားလုပ်တဲ့ အဲဒီလိုကိစ္စမျိုး ဘယ်တော့မှ မလုပ်ဘူး...။ ဒါက အရမ်းကို ကိုယ်ကျင့်တရား ကင်းမဲ့လွန်းတယ်...။ ဒီနေရာကနေ ထွက်သွားစမ်း...၊ မဟုတ်ရင် ငါကိုယ်တိုင် အင်အားသုံးရလိမ့်မယ်...။"

ရွှီပေါ်အန်းက သူ၏လက်မောင်းကို မြှောက်ကာ ကြွက်သားများကို ညှစ်ပြရင်း ရယ်မောလိုက်လေ၏။

"ဟီးဟီး... ကိုယ်ကျင့်တရားကို ဘေးဖယ်ထားလိုက်ရင်တောင် မင်းက ရန်ဖြစ်တဲ့နေရာမှာ အသာစီးရမယ်လို့ ဘာကများ မင်းကို တွေးထင်စေတာလဲဆိုတာ ငါ တော်တော်လေး သိချင်မိတယ်...။"

ဤသည်မှာ ရွှီပေါ်အန်းအနေဖြင့် ခွန်အားကြီးမားသော ယောက်ျားတစ်ယောက် ဖြစ်ရခြင်း၏ ဂုဏ်ယူမှုနှင့် ကျေနပ်မှုကို ပထမဆုံးအကြိမ် ခံစားလိုက်ရခြင်းပင် ဖြစ်လေသည်။

"မင်းက ဒီလိုဆက်ပြီး ရန်လုပ်နေမယ်ဆိုရင် လုံခြုံရေးကို ခေါ်လိုက်မယ်...။"

ရွှီပေါ်အန်း၏ အင်အားသုံးမည့် အမူအရာကို မြင်သောအခါ လူငယ်ဆရာဝန်လေးမှာ ချက်ချင်းပင် လေသံကျ သွားခဲ့လေသည်။

လူငယ်ဆရာဝန်လေးနှင့် ဆက်လက်၍ အငြင်းပွားနေရန် ပျင်းရိသွားသဖြင့် ရွှီပေါ်အန်းသည် ဆေးကျမ်းကို ပိတ် လိုက်ပြီး မတ်တတ်ရပ်ကာ ပြောလိုက်လေသည်။

"ခွေးကောင်းဆိုတာ လမ်းမပိတ်ဘူးကွ...၊ ဖယ်စမ်း...။"

ထိုသို့ပြောပြီးနောက် သူသည် လူငယ်ဆရာဝန်လေး၏ ပခုံးကို အားပြင်းပြင်းဖြင့် တိုက်ကာ ထွက်လာခဲ့လေ တော့သည်။

ရွှီပေါ်အန်း ထွက်သွားသည်ကို မြင်သောအခါ လူငယ်ဆရာဝန်လေး၏ မျက်နှာမှာ ခက်ထန်သွားခဲ့လေ၏။ သူ သည် ရွှီပေါ်အန်း ပိတ်ထားခဲ့သော စာအုပ်ကို ဖွင့်လိုက်ပြီး ဖုန်းကိုထုတ်ကာ ဓာတ်ပုံများ စတင်ရိုက်ကူးလေ တော့သည်။ ထို့နောက် အံကြိတ်ကာ လက်ဖက်ရည်ပန်းကန်ကို ယူ၍ စာအုပ်ပေါ်သို့ လောင်းချလိုက်လေတော့ သည်။

ထို့နောက် သူသည် မကောင်းဆိုးဝါးဆန်သော အပြုံးတစ်ခုဖြင့် အခန်းထဲမှ ထွက်ခွာသွားခဲ့လေသည်။

ရွှီပေါ်အန်း အပြင်သို့ ရောက်လာပြီးနောက် သူသည် အလောတကြီး ထွက်မသွားခဲ့ချေ။

တုန်းကျန်းမြို့ အမှတ် (၂) ပြည်သူ့ဆေးရုံ၏ ခြံဝင်းမှာ အတော်လေး ကျယ်ဝန်းပြီး ဆေးရုံတက်နေရသော လူနာ များ အပန်းဖြေရန်နှင့် လမ်းလျှောက်ရန်အတွက် အရှေ့နှင့် အနောက်တွင် ပန်းခြံငယ်များ ရှိလေသည်။

ရွှီပေါ်အန်းသည် ပန်းခြံထဲတွင် ကျောက်တုံးခုံတစ်ခုကို ရှာတွေ့သဖြင့် ထိုင်ချလိုက်ပြီး မျက်လုံးများကို မှိတ်၍ အနားယူကာ သူ ယခုလေးတင် ဖတ်ခဲ့ရသော ဆေးညွှန်းကို တွေးတောနေခဲ့လေ၏။

ဒေါက်တာကျန်း၏ မျိုးရိုးစဉ်ဆက် ဆေးကျမ်းထဲတွင် ဆေးညွှန်းများနှင့် သရုပ်ဖော်ပုံများသာမကဘဲ အခြေခံ သဘောတရားများ၊ ခွဲခြမ်းစိတ်ဖြာချက်များ၊ မှတ်စုများ၊ ရှင်းလင်းချက်များနှင့် ရောဂါကုသမှု မှတ်တမ်းများ လည်း ပါဝင်နေလေသည်။

ကျွမ်းကျင်သူ တစ်ယောက်မဟုတ်သော ရွှီပေါ်အန်းလို လူတစ်ယောက်ပင်လျှင် ၎င်း၏ အချို့သော အစိတ်အပိုင်း များကို နားလည်နိုင်စွမ်း ရှိပေသည်။

အကယ်၍ ဤဗဟုသုတများကို ပေါင်းစပ်ပြီး လက်တွေ့အသုံးချနိုင်မည် ဆိုပါက အမွှေးတိုင် ပူဇော်မှုနှင့် ဆုတောင်း ပတ္ထနာပြုမှု စွမ်းအားသည် ထိုအရာကို ပြီးမြောက်အောင် စွမ်းဆောင်နိုင်မည်လားဟု သူ တွေးတော နေမိလေ၏။

နောက်တစ်ခဏတွင် ရွှီပေါ်အန်း ပြုံးလိုက်လေသည်။

အဘယ်ကြောင့်ဆိုသော် အမွှေးတိုင် ပူဇော်မှု စွမ်းအားများ တုန်ခါသွားသည်ကို သူ ရှင်းလင်းစွာ ခံစားလိုက် ရသောကြောင့် ပင်ဖြစ်၏။

မျှော်လင့်ချက် ရှိနေလေပြီ။

ဤသည်က ကိစ္စရပ်များကို အများကြီး ပိုမိုလွယ်ကူသွားစေသည်။

ရွှီပေါ်အန်းက သူ့စိတ်ထဲတွင် အလျင်အမြန် တွေးလိုက်လေ၏။

*ငါ ဒီဆေးပညာရပ်တွေကို ကျွမ်းကျင်တတ်မြောက်ရမယ်...။*

မကြာမီမှာပင် သူ၏ အမွှေးတိုင် ပူဇော်မှုနှင့် ဆုတောင်းပတ္ထနာပြုမှု စွမ်းအားများ လျော့ကျသွားသည်ကို ရွှီပေါ်အန်း ခံစားလိုက်ရလေသည်။

"ဟားဟား...၊ အလုပ်ဖြစ်တယ်ဟ...။"

"ဟင်..."

"မလုံလောက်သေးဘူးလား..."

ရွှီပေါ်အန်း၏ ပျော်ရွှင်မှုမှာ အချိန်တိုလေးသာ ခံလိုက်လေ၏။ မကြာမီမှာပင် ထိုဆေးပညာရပ်များနှင့် ပတ်သက် သော ပိုမိုနက်နဲသည့် နားလည်သဘောပေါက်မှုများ သူ၏ ခေါင်းထဲတွင် လျှပ်တစ်ပြက် ဖြတ်ပြေးသွားသည်ကို သူ တွေ့ရှိလိုက်ရလေသည်။

သို့သော် သူသည် ထိုဆေးပညာရပ်များကို အပြည့်အဝ မှတ်မိသွားပြီး ပိုမိုနက်နဲစွာ နားလည်သွားရုံသာ ဖြစ်ပုံ ရလေသည်။

တိရစ္ဆာန်များနှင့် ဆက်သွယ်ခြင်း သို့မဟုတ် မိမိကိုယ်ကို ခွန်အားကြီးမားလာအောင် ပြုလုပ်ခဲ့သည့် ယခင်အတွေ့ အကြုံများနှင့် မတူဘဲ ဤအရာက ပိုမိုနက်နဲသော သိမြင်နားလည်မှုများ သို့မဟုတ် ချက်ချင်းလက်ငင်း ရလဒ် များဆီသို့ ဦးတည်မသွားခဲ့ပေ။

*ဒါက ဆေးပညာရဲ့ အခြေခံလုပ်ဆောင်ချက်များ ဖြစ်နေလို့များလား…။*

ထိုအကြောင်းကို တွေးတောပြီးနောက် ရွှီပေါ်အန်း နားလည်သွားခဲ့လေသည်။

ဆေးပညာကို လေ့လာခြင်းသည် အမြဲတမ်း ခက်ခဲသော ကျွမ်းကျင်မှုတစ်ခု ဖြစ်ပြီး ယနေ့ခေတ် လူ့အဖွဲ့အစည်း တွင်ပင်လျှင် ဆေးကျောင်းသားများသည် အခြားဘာသာရပ်များမှ ကျောင်းသားများထက် ပိုမိုကြာရှည်သော လေ့လာသင်ယူမှု ကာလကို ဖြတ်သန်းကြရလေ့ရှိသည်။

သို့တိုင်အောင် ကျောင်းမှ သင်ယူခဲ့ရသော သီအိုရီပိုင်းဆိုင်ရာ အသိပညာများနှင့် အလုပ်သင် အတွေ့အကြုံများ ကို လက်တွေ့ဆေးခန်းများတွင် အသုံးချရာ၌ အချိန်ကြာမြင့်စွာ အသားကျအောင် နေထိုင်ရသည့် ကာလတစ်ခု ရှိနေသေးသည်။

ဤအချက်ကို တွေးမိသောအခါ ရွှီပေါ်အန်းသည် သွားကိုက်လိုက်ပြီး ပြတ်သားသော စိတ်ဓာတ်ဖြင့် ထပ်မံ၍ တွေးလိုက်လေ၏။

"ငါ ဒီဆေးပညာရပ်တွေကို အပြည့်အဝ ကျွမ်းကျင်တတ်မြောက်ချင်တယ်...။"

တစ်ခဏအတွင်းမှာပင် အမွှေးတိုင် နှစ်တိုင်စာ စွမ်းအားများ ပျောက်ကွယ်သွားခဲ့လေတော့သည်။

နောက်တစ်ခဏတွင် ရွှီပေါ်အန်း၏ မျက်နှာပေါ်၌ ပျော်ရွှင်မှုများ လွှမ်းခြုံသွားခဲ့လေ၏။

အဘယ်ကြောင့်ဆိုသော် သူ နားလည်သွားပြီဖြစ်ကြောင်း သူ့ကိုယ်သူ သိလိုက်ရသောကြောင့်ပင် ဖြစ်သည်။

ယခုလေးတင် ရွှီပေါ်အန်း၏ စိတ်ထဲတွင် ထွင်းထုထားသကဲ့သို့ ဖြစ်နေသော မှတ်ဉာဏ်အချို့က သူ၏ ခေါင်းထဲ၌ လျှပ်တစ်ပြက် ဖြတ်ပြေးသွားခဲ့လေသည်။

သူ၏ မှတ်ဉာဏ်ထဲတွင် သူသည် တောင်တန်းများကြား၌ မွေးဖွားခဲ့ပြီး ကလေးဘဝကတည်းက တောင်ပေါ်သို့ ပြေးတက်ရန် နှစ်သက်ခဲ့လေသည်။

တောင်တန်းများနှင့် လယ်ကွင်းများကြားမှ နေ၊ လ နှင့် ကြယ်များ ရွေ့လျားသွားသည်ကို စောင့်ကြည့်ခဲ့ကာ သစ်တောထဲတွင် ရာသီဥတုလေးမျိုးကို ဖြတ်သန်းခံစားခဲ့ရသည်။

သူ ကြီးပြင်းလာသောအခါ ဆေးခန်းတစ်ခုတွင် အလုပ်လုပ်ခဲ့လေ၏။

သူသည် ဆေးဖက်ဝင် အပင်များကို ခွဲခြားသိမြင်ရန်နှင့် ငွေအပ်များကို မည်သို့အသုံးပြုရမည်ကို သင်ယူခဲ့သည်။

တောင်တန်းများနှင့် ရင်းနှီးကျွမ်းဝင်မှုကြောင့် သူသည် နေ့ဖြစ်စေ ညဖြစ်စေ သူလိုအပ်သော ဆေးဖက်ဝင် အပင်များကို ရှာဖွေနိုင်ခဲ့လေသည်။

သူသည် ဆေးဖက်ဝင် အပင်များ၏ ပုံပန်းသဏ္ဍာန် အလက်တိုင်းကို လေ့လာခဲ့ပြီး ၎င်းတို့၏ ဆေးဘက်ဝင် အာနိသင်များကို မြည်းစမ်းခဲ့လေ၏။

သူသည် ငွေအပ်များ၏ အသုံးပြုပုံနှင့် အားအင် သုံးစွဲမှု၊ ထို့ပြင် အပ်စိုက်ရာ နေရာများနှင့် အနက်များကို ကျွမ်းကျင်လာစေရန် သူ၏ ခန္ဓာကိုယ်ပေါ်တွင် ကိုယ်တိုင် စမ်းသပ်ခဲ့လေသည်။

တဖြည်းဖြည်းဖြင့် ဆေးပညာနှင့် ရောဂါများအပေါ် သူ၏ နားလည်မှုမှာ ပိုမိုနက်ရှိုင်းလာခဲ့ပြီး ဆေးဆိုင်မှ ကောင်လေးတစ်ယောက် ဘဝမှသည် ဆေးဆိုင်တွင် ဆေးကုသပေးသော ဆရာဝန်တစ်ဦးအဖြစ် ကြီးပြင်းလာခဲ့ လေတော့သည်။

သူသည် ရေတွက်၍မရနိုင်သော လူနာများကို ကုသပေးခဲ့ပြီး သာမန်ရောဂါ အမျိုးမျိုးကို ပျောက်ကင်းအောင် ကုသပေးခဲ့လေ၏။

သူ၏ ဂုဏ်သတင်းမှာ တဖြည်းဖြည်း ကြီးမားလာခဲ့ပြီး သူ့ထံသို့ လာရောက်ပြသသူများလည်း ပိုမိုများပြား လာခဲ့လေသည်။

လူနာများကို ကုသပေးနေစဉ်အတွင်း သူသည် သူ၏ သိမြင်နားလည်မှုများနှင့် အတွေ့အကြုံများကိုလည်း မှတ်တမ်းတင်ထားခဲ့ပြီး ၎င်းတို့ကို ရှားပါးသော ဆေးကျမ်းတစ်အုပ်အဖြစ် ပြုစုခဲ့လေသည်။

ရွှီပေါ်အန်းသည် သက်ပြင်းရှည်ကြီး တစ်ချက်ချလိုက်ပြီး သူ၏ မှတ်ဉာဏ်များထဲမှ ပြန်လည် ရုန်းထွက်လာခဲ့ လေတော့သည်။

အချိန်တိုလေးသာ ကုန်ဆုံးသွားသကဲ့သို့ ထင်ရသော်လည်း မလှမ်းမကမ်းတွင် လမ်းလျှောက်နေသော အဘိုးအို နှစ်ဦးမှာ မီတာအနည်းငယ်ခန့်သာ လျှောက်ရသေးသည်ကို ရွှီပေါ်အန်း ကိုယ်တိုင် တွေ့မြင်လိုက်ရလေသည်။

သို့သော် ရွှီပေါ်အန်းမှာမူ သူ၏ မှတ်ဉာဏ်များထဲတွင် အလွန်တရာ ကြာရှည်သော အချိန်တစ်ခုအထိ နေထိုင်ခဲ့ရ သကဲ့သို့ ခံစားနေရလေ၏။

လွန်ခဲ့သော အချိန်များစွာက သူသည် ဤဆေးပညာရပ်များကို လေ့လာသင်ယူရန် အချိန်နှင့် ခွန်အားများစွာ ရင်းနှီးမြှုပ်နှံခဲ့ရပြီး အပ်တစ်ချောင်းစီနှင့် ဆေးတစ်ခွက်စီတိုင်းကို ကိုယ်တိုင်ကိုယ်ကျ ကြိုးစားပမ်းစား လေ့ကျင့် ခဲ့ရသကဲ့သို့ပင်။

*ဒါက အံ့မခန်းပဲ...။ ကျွမ်းကျင်မှုများစွာ ပိုင်ဆိုင်ထားရတဲ့ ကျေနပ်မှုကို ဘေးဖယ်ထားလိုက်ရင်တောင် ကိုယ့်ဝေ စုထက် ပိုရနေတာက အရမ်းကို ကောင်းမွန်တာပဲ...။*

တစ်ချက်ကြည့်လိုက်ရုံဖြင့် မလှမ်းမကမ်းတွင် ခပ်သုတ်သုတ် လျှောက်သွားသော ဒေါက်တာကျန်း၏ တပည့်ဟု ဆိုထားသည့် စိတ်အနှောင့်အယှက်ဖြစ်ဖွယ် လူငယ်ဆရာဝန်လေးသည် အမှန်တကယ်တော့ ပြင်းထန်သော ကျောက်ကပ်အားနည်းသည့် ရောဂါကို ခံစားနေရကြောင်း ချက်ချင်း သိမြင်နိုင်ပေသည်။ ထိုခံစားချက်က တော် တော်လေး ကောင်းမွန်လှ၏။

ဤကျွမ်းကျင်မှုကို တတ်မြောက်ပြီးနောက် ရွှီပေါ်အန်းသည် သူ၏ သာမန်လမ်းလျှောက်ခြင်းပင်လျှင် ပိုမို သပ်ရပ်လာသည်ဟု ခံစားလိုက်ရလေသည်။

ထိုကဲ့သို့ ခြေလှမ်းမျိုး လှမ်းခြင်းက ဒူးနှင့် ခြေကျင်းဝတ် အဆစ်များကို ကာကွယ်ရာတွင် ပိုမို ထိရောက်မှု ရှိပုံရလေသည်။

ဤအရှိန်အဟုန်က ခန္ဓာကိုယ်၏ အလုံးစုံ လုပ်ဆောင်ချက်များ ညီမျှမှုကို ထိန်းသိမ်းရန် ကူညီပေးပုံရလေ၏။

*အင်း... မဆိုးပါဘူး...၊ ဒါက အထင်ကြီးစရာပဲ...။*

ရွှီပေါ်အန်းသည် မျက်နှာပေါ်တွင် အပြုံးတစ်ခုဖြင့် ဆေးရုံထဲမှ ထွက်လာခဲ့လေသည်။

သူ ထွက်ခွာရန် အသုံးပြုရမည့် လမ်းဘေးရှိ အရေးပေါ်ဌာနဆီသို့ လှည့်လိုက်စဉ်မှာပင် ရုတ်တရက် လူနာ တင်ယာဉ် အများအပြားသည် တစ်စီးပြီးတစ်စီး အပြေးအလွှား ဝင်ရောက်လာကြလေတော့သည်။

ကား ရပ်သွားသည်နှင့် တစ်ပြိုင်နက် ဆေးဘက်ဆိုင်ရာ ဝန်ထမ်းတစ်စုသည် ဆီးကြိုရန် အပြေးအလွှား သွားကြ လေ၏။

တံခါးများ ပွင့်သွားသောအခါ လူနာများစွာကို ကားပေါ်မှ ဂရုတစိုက် တွဲချလာကြပြီး အချို့မှာ လမ်းလျှောက်ကာ အချို့မှာမူ မချလာခဲ့ကြရလေသည်။

ရွှီပေါ်အန်းသည် မသိမသာ လှမ်းကြည့်လိုက်ရာ ပိုင်စုစုက ဆံပင်အဖြူများ အပြည့်ရှိနေသော အဘွားအိုတစ်ဦး ကို လူနာတင်ယာဉ်ပေါ်မှ ဂရုတစိုက် တွဲချလာသည်ကို တွေ့လိုက်ရလေသည်။

ရွှီပေါ်အန်းက သူမကို နောက်ထပ် အကြိမ်အနည်းငယ် ကြည့်လိုက်ရာ အဘွားအို၏ တံတောင်ဆစ်မှာ ပြုတ်နေပုံ ရသည်ကို သတိထားမိလိုက်လေသည်။

သူ၏ ဆေးပညာစွမ်းရည်များကို စမ်းသပ်ရန်အတွက် ရွှီပေါ်အန်းသည် အမှတ်တမဲ့ဖြင့် ရှေ့သို့ ခြေလှမ်း အနည်း ငယ် တိုးသွားလိုက်ရာ သူသည် ပိုင်စုစု၏ လမ်းကို ပိတ်ရပ်ထားသကဲ့သို့ ဖြစ်နေသည်ကို တွေ့လိုက်ရလေ၏။

ပိုင်စုစုက သူမ၏ အဘွားဖြစ်သူကို ကားပေါ်မှ စိုးရိမ်တကြီးဖြင့် တွဲချလာခဲ့သည်။ သူတို့ အရေးပေါ်ခန်းထဲသို့ ဝင်ခါနီးတွင် တစ်စုံတစ်ယောက်က သူတို့၏ လမ်းကို ပိတ်ရပ်လိုက်လေ၏။

"တစ်ဆိတ်လောက်ပါ...၊ ကျေးဇူးပြုပြီး လမ်းဖယ်ပေးပါရှင်...၊ ကျေးဇူးတင်ပါတယ်...။"

ပိုင်စုစုက စိုးရိမ်တကြီးဖြင့် ခေါင်းမော့ကြည့်လိုက်ရာ သူမ၏ ရှေ့တွင် ရှိနေသော ရွှီပေါ်အန်းကို မြင်လိုက်ရလေ သည်။

သူမ ထပ်မံ၍ တစ်စုံတစ်ရာ မပြောနိုင်မီမှာပင် ရွှီပေါ်အန်းသည် ဘေးသို့ ဖယ်မပေးရုံသာမက ရှေ့သို့ တစ်လှမ်း တိုးကာ ပိုမို နီးကပ်လာခဲ့ပြီးနောက် သူမ၏ အဘွားဖြစ်သူထံသို့ လက်လှမ်းလိုက်လေတော့သည်။

"ဟေ့... ရှင် ဘာလုပ်နေတာလဲ...၊" ပိုင်စုစု၏ စကားဆုံးခါနီးမှာပင်။

ရွှီပေါ်အန်းက အဘွားအို၏ လက်မောင်းကို ဆုပ်ကိုင်ထားပြီးဖြစ်ကာ လက်တစ်ဖက်ဖြင့် သူမ၏ လက်မောင်း အထက်ပိုင်းကို ထိန်းထားပြီး အခြားလက်တစ်ဖက်ဖြင့် လက်ကောက်ဝတ်ကို ဆုပ်ကိုင်လိုက်လေ၏။

အနည်းငယ် အားစိုက်လိုက်သောအခါ ကြည်လင်ပြတ်သားသော "ဒေါက်" ဟူသည့် အသံတစ်သံ ထွက်ပေါ်လာ လေတော့သည်။

ပိုင်စုစုမှာ လုံးဝကို အံ့အားသင့်သွားခဲ့လေသည်။

သူမ၏ ဆေးပညာ ဗဟုသုတအပေါ် အခြေခံ၍ သူမ၏ အဘွားဖြစ်သူသည် ကားမတော်တဆမှုကြောင့် လက်မောင်းရိုး ကျိုးသွားသည်ဟု ကနဦး ကောက်ချက်ချထားခဲ့သော်လည်း အံ့ဩစရာကောင်းစွာဖြင့် ရွှီပေါ်အန်း က သူမ၏ အဘွားဖြစ်သူကို အရိုးဆက်ပေးရန် အလွယ်တကူ ကူညီပေးခဲ့လေသည်။

ဤသည်က ဘာကို ဖော်ပြနေပါသနည်း။

ဆိုလိုသည်က အဘွားဖြစ်သူတွင် သူမ ယူဆထားသကဲ့သို့ အရိုးကျိုးခြင်း မဟုတ်ဘဲ ပခုံးအဆစ်လွဲခြင်းသာ ဖြစ် ကြောင်း ပြသနေလေ၏။

ပိုင်စုစု၏ အဘိုးဖြစ်သူသည် နာမည်ကြီး တရုတ်ရိုးရာ ဆေးဆရာတစ်ဦး ဖြစ်လေသည်။ သူမသည် အနောက် တိုင်းဆေးပညာကို သင်ယူခဲ့သော်လည်း သူမအဘိုး၏ လွှမ်းမိုးမှုအောက်တွင် တရုတ်ရိုးရာ ဆေးပညာနှင့် ပတ် သက်၍ အတိုင်းအတာတစ်ခုအထိ နားလည်ထားဆဲပင်။

ထို့ကြောင့် သူမသည် ရွှီပေါ်အန်း၏ လုပ်ရပ်များကို တိကျစွာ ကောက်ချက်ချနိုင်ခဲ့ခြင်း ဖြစ်သည်။

ဤအရာက သူမ၏ မှားယွင်းသော ရောဂါရှာဖွေမှုအတွက် ပိုမို ရှက်ရွံ့လာစေပြီး ကြောက်ရွံ့လာစေခဲ့သည်။

အဆစ်လွဲခြင်းကို အရိုးကျိုးခြင်းဟု မှားယွင်းစွာ ရောဂါရှာဖွေမိခြင်းက အရေးပေါ်ခန်းထဲတွင် စိုးရိမ်တကြီး စောင့်ဆိုင်းနေသော သူမ၏ အဘိုးဖြစ်သူသာ ကြည့်လိုက်မည်ဆိုပါက ကွာခြားချက်ကို အများစုက သိနိုင်လိမ့် မည် ဖြစ်သော်လည်း ထိုအရာက သူမ၏ အဘွားဖြစ်သူကို အချိန်အတန်ကြာ အဆင်မပြေမှုများနှင့် နာကျင်မှု များကို ဖြစ်စေလိမ့်မည် ဖြစ်လေ၏။

"ကျေးဇူးတင်ပါတယ်ရှင်...။"

ပိုင်စုစုသည် ကိုယ့်ကိုယ်ကိုယ် အပြစ်တင်သည့် အရိပ်အယောင်ဖြင့် နှုတ်ခမ်းကိုစူကာ ရွှီပေါ်အန်းကို ကျေးဇူးတင် စကား ပြောလိုက်လေသည်။

ရွှီပေါ်အန်းက ပြုံးလိုက်ပြီး ညင်သာစွာ ပြောလိုက်လေ၏။

"ခင်ဗျား အလုပ်များနေတယ်မလား...၊ နောက်မှ တွေ့ကြတာပေါ့...။"

ထိုသို့ပြောပြီးနောက် သူသည် သူ့ဘာသာသူ ထွက်ခွာသွားခဲ့လေသည်။

ရွှီပေါ်အန်း လျှောက်သွားသောအခါ ပိုင်စုစုသည် သူ့ကို စပ်စုလိုစိတ်ဖြင့် လှမ်းကြည့်လိုက်လေ၏။

*သူ့အလုပ်က မြို့ပြအင်ဂျင်နီယာပိုင်းမှာ မဟုတ်ဘူးလား... သူက ဘယ်လိုလုပ် အရိုးဆက်တာကို သိနေရတာ လဲ...။ အဲဒါက တရုတ်ရိုးရာ ဆေးပညာလို့ ယူဆရတယ်လေ...။*

*ပြီးတော့ ခုနက သူက အဘိုးရဲ့ ရုံးခန်းထဲမှာ အဘိုးနဲ့အတူ တရုတ်ရိုးရာ ဆေးဖက်ဝင် အပင်တွေအကြောင်း ဆွေးနွေးနေခဲ့တာ ထင်တယ်...။*

ထိုအကြောင်းကို တွေးမိသောအခါ ပိုင်စုစုမှာ ပို၍ပင် ရှုပ်ထွေးသွားခဲ့လေသည်။

ပိုင်စုစု၏ အမူအရာကို မြင်သောအခါ အဘွားဖြစ်သူက မမေးဘဲ မနေနိုင်တော့ချေ။

"သမီးတို့ နှစ်ယောက် သိကြတာလား...။"

"အာ... မဟုတ်ပါဘူး... သမီးတို့ နှစ်ခါ သုံးခါလောက်ပဲ ဆုံဖူးတာပါ...။"

ပိုင်စုစုသည် အခြားသို့ အကြည့်လွှဲလိုက်ပြီး သူမ၏ အဘွားဖြစ်သူ လမ်းလျှောက်ရန် ဂရုတစိုက် ကူညီပေး လိုက်လေသည်။

အဘွားဖြစ်သူက အဓိပ္ပာယ်ပါပါ ပြောလိုက်လေသည်။

"ဟူး... သမီးတို့ ညီအစ်မ နှစ်ယောက်စလုံးက အလုပ်ရူးတွေပဲ...။ အဘွားက သမီးတို့အရွယ်တုန်းကဆိုရင် သမီးရဲ့ အမေက အလုပ်အကိုင်တွေတောင် လုပ်နိုင်နေပြီ...။"

ပိုင်စုစုမှာ မျက်နှာရဲသွားပြီး ပြောလိုက်လေ၏။

"အဘွားကလည်း ဒီကို ရောက်လာပြန်ပြီလား...၊ သမီး အဘွားကို ဂရုမစိုက်တော့ဘူး...။ အဘိုးက အထဲမှာ စိုးရိမ်တကြီးနဲ့ စောင့်နေတုန်းပဲ...၊ သွားကြရအောင်...။"

အဘွားဖြစ်သူသည် ပြုံးလိုက်ပြီး ပိုင်စုစု၏ တွဲကူမှုဖြင့် အရေးပေါ်ဌာနအတွင်းသို့ ဝင်ရောက်သွားခဲ့လေသည်။

ကားပေါ်သို့ ရောက်ပြီးနောက် ရွှီပေါ်အန်းသည် ကားစက်နှိုးရန် အလျင်မလိုခဲ့ချေ။

ဤဆေးဖက်ဝင် အပင်များ၏ အာနိသင်များအကြောင်းကို လေ့လာပြီးနောက် ဘွန်ဆိုင်းကမ္ဘာထဲရှိ ခေါင်ရှန်းရွာမှ ရွာသားများ ယခု ဘာတွေ လုပ်နေကြသလဲဆိုတာကို သူ မသိဘဲ မနေနိုင်အောင် ဖြစ်ချင်လာခဲ့လေသည်။

ယခုလေးတင် ကျိုချက်ထားသော အလွန် အရသာရှိသည့် ဟင်းချိုအိုးကြီးမှာ လူတစ်စု စိတ်ကြွဆေးများ သောက်သုံးနေရသကဲ့သို့ပင် ဖြစ်လေ၏။

ဘွန်ဆိုင်းကမ္ဘာကို ဆင့်ခေါ်စရာ မလိုဘဲ ရွှီပေါ်အန်းသည် ယခုအခါ ဘွန်ဆိုင်းအတွင်းရှိ ဧရိယာကို အလွယ်တကူ စောင့်ကြည့်နိုင်နေပြီ ဖြစ်လေသည်။

မကြာမီ ရွှီပေါ်အန်းသည် ကားထိုင်ခုံတွင် မှီထိုင်ရန် သက်တောင့်သက်သာရှိသော အနေအထားတစ်ခုကို ရှာတွေ့ သွားပြီး တူလို မြေနံရံအိမ်ရာထဲရှိ ခမ်းနားလှသော ပွဲတော်ကို သေချာစွာ စတင် စောင့်ကြည့်နေခဲ့လေသည်။

တောင်စောင့်နတ်မင်း နတ်ကွန်း တည်ရှိရာ တောင်ခြေတွင် နတ်ကွန်း ပြုပြင်မွမ်းမံရေးတွင် ပါဝင်ခဲ့ကြသော လီချိန်းရှီ နှင့် လူငယ်အချို့သည် တံတိုင်းလှေကားပေါ်မှ ဆင်းလာကြလေ၏။

သူတို့၏ လက်နှင့် မျက်နှာကို ဆေးကြောနေစဉ် အစားအသောက် အနံ့ကို ရှူရှိုက်လိုက်ကြသည်။

"ဝိုး... အဘိုးလောင်ဆန်း...၊ ဒီနေ့ ညစာက ဘာလဲဟင်...။ အနံ့က မွှေးနေတာပဲ...။"

လီလောင်ဆန်းက ရယ်မောလိုက်ပြီး ပြောလေ၏။

"မင်းတို့ ခုနက ကြားပြီးသား ဖြစ်မှာပါ...။ တောင်စောင့်နတ်မင်းကြီးက ပေးသနားတော်မူခဲ့တဲ့ နတ်ဘုရားနံ့သာခဲ လေ...။ ဟင်းလျာတွေနဲ့ ဟင်းချိုထဲကို ဒီအရာလေး နည်းနည်းလောက် ထည့်လိုက်တာနဲ့ ဝိုး...၊ အရသာက လုံးဝ ကို အံ့မခန်း ဖြစ်သွားတာပဲ...။"

အနီးနားတွင် ရပ်နေသော အခြား စားဖိုမှူးတစ်ဦးက ပြုံးလျက် ဝင်ပြောလေ၏။

"ဟုတ်တယ်... ဟုတ်တယ်....။ အဲဒီ အရသာလေး နည်းနည်းက ချက်ချင်းကို ထိမိသွားတာပဲ...။"

လီချိန်းရှီက အနည်းငယ် ရှက်ကိုးရှက်ကန်း ပြုံးလျက် ပြောလိုက်လေသည်။

"တကယ်လား...။ တောင်စောင့်နတ်မင်းကြီး ပြောတဲ့ 'နတ်ဘုရားနံ့သာခဲ' ဆိုတာ မီးရှို့လို့ရတဲ့ အမွှေးခဲ တစ်မျိုးလို့ ကျွန်တော် တွေးနေခဲ့တာ...။ အမှန်တော့ အဲဒါက ဟင်းခတ်အမွှေးအကြိုင် ဖြစ်နေတာကိုး...။"

လီလောင်ဆန်းမှာ ခေတ္တမျှ စကားဆွံ့အသွားခဲ့ပြီးနောက် ရယ်မောလိုက်ကာ ပြောလေ၏။

"အင်း... မင်းက ဒီလို တွေးတဲ့သူပဲလေ...။ ငါတို့ကတော့ အရင်က အဲဒီအကြောင်းတောင် မတွေးခဲ့မိဘူး...။"

လီခန့်ရှန်းလည်း ရောက်လာပြီး လီချိန်းရှီကို တိုက်တွန်းလေ၏။

"ကောင်လေး... ရေနည်းနည်းပဲ သုံးစမ်းပါ...။ ဖြုန်းတီးတတ်တဲ့ကောင်...။"

သူတို့ စကားပြောနေစဉ် သူက လီလောင်ဆန်းကို မေးလိုက်လေသည်။

"လောင်ဆန်း... စားရမယ့်အချိန် ရောက်ပြီလား...။ ရောက်ပြီဆိုရင် မြို့ရိုးကို စောင့်နေတဲ့ သူတွေကို တစ်ခုခု ထုပ်ပိုးပြီး သွားပေးလိုက်ပါဦး...။ သူတို့လည်း ပင်ပန်းနေကြရှာတယ်...။"

လီချိန်းရှီက အနည်းငယ် မလိုလားစွာဖြင့် ပြောလိုက်လေ၏။

"အဘိုး... သူတို့ကို ဘာလို့ ဒီလိုတွေ ပေးရတာလဲ...။ သူတို့မှာ စားစရာရှိရင်တောင် ကံကောင်းနေပြီ...၊ သူတို့ကို ဘာလို့ ခုလိုကောင်းတဲ့ အစားအစာတွေ ပေးရမှာလဲ...။ သူတို့က ဓားပြတွေလေ...။"

လီခန့်ရှန်းသည် လီချိန်းရှီကို ညင်သာစွာ ပုတ်လိုက်ပြီး ပြောလေ၏။

"အဓိပ္ပာယ်မရှိတာတွေ ပြောမနေနဲ့...။ တောင်စောင့်နတ်မင်းကြီးက သူတို့ကို ငါတို့နဲ့အတူ နေထိုင်ခွင့်ပြုထား ကတည်းက သူတို့က အပြန်အလှန် မှီခိုနေရတဲ့ အိမ်နီးချင်းတွေ ဖြစ်နေပြီ...။ ရှောင်ချီ...၊ စားဖို့ အလောတကြီး မလုပ်နဲ့ဦး...။ လူနှစ်ယောက်ခေါ်ပြီး သူတို့ကို အရင် သွားပို့လိုက်ဦး...။"

အနည်းငယ် မလိုလားသော်လည်း လီချိန်းရှီက တီးတိုးဖြင့် ပြန်ဖြေလိုက်လေသည်။

"ဟုတ်ကဲ့ အဘိုး...၊ အဘိုးလောင်ဆန်း...၊ အဘိုးက ထမင်းနဲ့ ဟင်းတွေကို အရင် ကူခူးပေးထားပါ...။ ခွန်အား သုံးရ သက်သာအောင် လက်တွန်းလှည်းကို ကျွန်တော် သွားတွန်းလာခဲ့မယ်...။"

"လောစရာမလိုပါဘူး...။ အစားအသောက်က နောက်ခဏနေရင် အဆင်သင့် ဖြစ်တော့မှာပါ...။ ဒါပေမဲ့ မိုးမချုပ်ခင် တော့ သေချာပေါက် စားရမှာပါ...။ သူတို့အတွက် ဟင်းချို အရင်လုပ်ပေးလိုက်ကြရအောင်...၊ အခုဆိုရင် အဆင်သင့်ဖြစ်လောက်ပြီ... အဲဒါကို အိုးနှစ်လုံးထဲ အပြည့်ထည့်လိုက်ရအောင်...။"

ခေါင်ရှန်းရွာမှ လူများ အသုံးပြုသော အိုးများမှာ မြေအိုးများနှင့် ဆင်တူပြီး ရွှီပေါ်အန်း ကြည့်ဖူးသော သမိုင်းဝင် ဇာတ်လမ်းတွဲများထဲမှ အသုံးအဆောင်များနှင့် တူသော်လည်း ၎င်းတို့မှာ အနည်းငယ် ကြမ်းတမ်းနေဆဲပင် ဖြစ် လေသည်။

သို့သော် အလုပ်ဖြစ်နေသရွေ့တော့ မည်သူကမျှ ညည်းညူကြမည် မဟုတ်ပေ။

မကြာမီ ဟင်းချိုအိုး နှစ်လုံးမှာ ပြည့်သွားခဲ့လေသည်။ လီခန့်ရှန်းသည် ဘေးတွင် ခေတ္တမျှ ရပ်နေခဲ့ပြီးနောက် ရုတ်တရက် ရေဆာလာသည်ဟု ခံစားလိုက်ရ၏။ သူသည် ချက်ချင်းပင် ဝါးကျည်တောက်တစ်ခုကို ယူ၍ လီလောင်ဆန်းအား ကမ်းပေးလိုက်လေသည်။

"ညီလေးသုံး... ငါ့ကို သောက်ဖို့ ဟင်းချို တစ်ဇွန်းလောက် ပေးပါဦး။ ငါ့ပါးစပ်တွေ ခြောက်နေလို့...။"

လီလောင်ဆန်းက ဟင်းချိုဇွန်းကို ကောက်ကိုင်လိုက်ပြီး ဟင်းချို တစ်ဝက်ခန့်ကို ခပ်ထုတ်လိုက်ကာ ထပ်မခပ်ဘဲ ရပ်လိုက်လေ၏။

လီခန့်ရှန်းက ရယ်မောလျက် ပြောလိုက်လေသည်။

"မင်းက တော်တော် ကပ်စေးနဲတာပဲ...။ ငါ့ကို ဒါလေးပဲ ပေးတာလား...။"

လျှို့ဝှက်ဆန်းကြယ်သော အပြုံးတစ်ခုဖြင့် လီလောင်ဆန်းက ပြောလိုက်လေသည်။

"စမ်းသောက်ကြည့်ပါဦး... ဒီဟင်းချိုက တောင်စောင့်နတ်မင်းကြီး ပေးသနားထားတဲ့ နတ်ဘုရားနံ့သာခဲကို ထည့်လိုက်ကတည်းက အရင်ကနဲ့ တော်တော်လေး ကွာခြားသွားပုံရတယ်...။"

"မင်း ပြောမှပဲ ငါ ပိုပြီးတော့တောင် သောက်ချင်လာပြီ...။"

ပြောရင်းဆိုရင်းပင် လီခန့်ရှန်းသည် လက်ကိုမြှောက်ကာ ဝါးကျည်တောက်ထဲရှိ ဟင်းချိုအားလုံးကို သောက် လိုက်လေတော့သည်။

တစ်ခဏအကြာတွင် လီခန့်ရှန်း၏ မျက်နှာအမူအရာမှာ ပြောင်းလဲသွားခဲ့လေသည်။

သူ၏ အသားအရေမှာ များစွာ ပိုမို နီမြန်းလာခဲ့ပြီး သူ၏ အမူအရာမှာ အနည်းငယ် သဘာဝမကျသလို ဖြစ်နေခဲ့ လေသည်။

လီလောင်ဆန်းသည် လီခန့်ရှန်း၏ ပြောင်းလဲမှုများကို ပြုံးလျက် စောင့်ကြည့်နေခဲ့ပြီး ညင်သာစွာ ပြောလိုက် လေသည်။

"ရွာလူကြီး... မြို့ထဲက အဲဒီ ဂီတခန်းမရှေ့မှာ ဒါတွေကို ရောင်းဖို့ လူတချို့ကို စီစဉ်ပေးလိုက်ရင် စီးပွားရေး တော်တော်လေး ကောင်းလာမယ်လို့ ထင်သလား...။"

ဘွန်ဆိုင်းကမ္ဘာကို အချိန်ကြာမြင့်စွာ အနီးကပ် အာရုံစိုက်နေခဲ့သော ရွှီပေါ်အန်းသည် ထိုစကားကို ကြားသော အခါ ရုတ်တရက် တက်ကြွသွားခဲ့လေတော့သည်။

*ဂီတခန်းမ...*

*အဲ့ဒီနေ့ရာ ဘယ်လိုနေရာလဲမျိုးလဲ...။*

*ငါ သီချင်းတချို့ နားထောင်လို့ ရမလား...။*

ရွှီပေါ်အန်းသည် "ဂီတခန်းမ" အကြောင်းကို သိရှိရန် စိတ်အားထက်သန်စွာ စောင့်ဆိုင်းနေစဉ် ရုတ်တရက် ဆင့်ခေါ် ခြင်း ခံစားချက်တစ်ခုက သူ့ထံသို့ ရောက်ရှိလာခဲ့လေ၏။

*ကဲ... ဌာနခွဲမှာ တစ်ခုခု ထပ်ဖြစ်ပြန်ပြီပဲ...။*

အခန်း (၁၂၂)

ရွှေမည်းကျောက်

ရွှီပေါ်အန်းသည် ဂီတခန်းမနှင့် ပတ်သက်၍ သူ၏ စပ်စုလိုစိတ်အတွက် အဖြေကို နောက်ဆုံးတွင် မရရှိခဲ့ချေ။

ဌာနခွဲဖြစ်သော ဟုန်ယာရွာရှိ မြေစောင့်နတ် နတ်ကွန်းထံမှ ရောက်ရှိလာသော ဆင့်ခေါ်မှုက ရွှီပေါ်အန်း၏ အာရုံကို ခေတ္တမျှ လွှဲပြောင်းသွားစေခဲ့လေသည်။

ကိစ္စရပ်များတွင် ဦးစားပေးရမည့် အစီအစဉ်များ ရှိကြောင်းကို ရွှီပေါ်အန်းက သဘာဝကျစွာပင် နားလည်ထား ပေသည်။

နောက်တစ်ခဏတွင် ရွှီပေါ်အန်းသည် သူ၏ အာရုံကို ဘွန်ဆိုင်းထဲရှိ တောင်စောင့်နတ်မင်း နတ်ကွန်းဆီသို့ အလျင်အမြန် စူးစိုက်လိုက်လေသည်။

ချက်ချင်းပင် တောင်စောင့်နတ်မင်း နတ်ကွန်း၏ ပုံရိပ်သည် ရွှီပေါ်အန်း၏ စိတ်ထဲတွင် ပေါ်လာခဲ့လေ၏။

လေထဲတွင် ပူဖောင်းနှစ်ခု ပေါ်နေပြီး ရွှီပေါ်အန်းသည် ဟုန်ယာရွာ ဌာနခွဲကို ကိုယ်စားပြုသော ပူဖောင်းကို ချက်ချင်း ရွေးချယ်လိုက်လေသည်။

ထို့နောက် မြင်ကွင်းက ပြောင်းလဲသွားပြီး ရွှီပေါ်အန်းသည် ဌာနခွဲ၏ ရင်းနှီးနေသော ရှုခင်းကို နောက်တစ်ကြိမ် မြင်တွေ့လိုက်ရလေသည်။

သို့သော် ယခုအချိန်တွင် ဤနေရာမှာ အခြေအနေဆိုးရွားနေပုံ ရလေသည်။

အမြင်အာရုံထဲတွင် အရာရာသည် ပုံမှန်ကဲ့သို့ စနစ်တကျ မရှိနေခဲ့ပေ။

၎င်းအစား လုံးဝ ဖရိုဖရဲ ဖြစ်နေပြီး တောင်စောင့်နတ်မင်းနှင့် မြေစောင့်နတ်မင်းတို့ အတူတကွ ကိန်းဝပ်စံပယ်ရာ မျက်လုံးတစ်ထောင် အတားအဆီး ဟူသော စာတန်းပါ မျက်နှာပြင်သည်ပင် မြေကြီးပေါ်သို့ တွန်းချခံထားရ လေသည်။

ရွှီပေါ်အန်းမှာ ခေတ္တမျှ အံ့အားသင့်သွားပြီး ဘာတွေဖြစ်နေသလဲဟု တွေးတောနေမိခဲ့လေသည်။

*ရှန်းယန်ခရိုင်ဝန်သည် အပြတ်အသတ် ရှုံးနိမ့်သွားပြီး ပုန်ကန်သူတပ်ဖွဲ့က ရှေ့သို့ ချီတက်လာခဲ့ပြီလား...။ ထိုရွာ ရှိ ဒေသခံ မြေစောင့်နတ် နတ်ကွန်းပင်လျှင် သက်ရောက်မှု ရှိနေခဲ့ပြီလား...။*

တစ်ခဏမျှ တွေးတောပြီးနောက် ရွှီပေါ်အန်းသည် သူ၏ အတွေးကို ပြန်လည် ပယ်ဖျက်လိုက်လေသည်။

နောက်တစ်ခဏတွင် သံသယများ ပြည့်နှက်နေသော ရွှီပေါ်အန်းသည် သူ၏ဘေးမှ ပုံရိပ်တစ်ခု လျှပ်တစ်ပြက် ဖြတ်သွားသည်ကို ရုတ်တရက် ခံစားလိုက်ရပြီးနောက် စုတ်ပြတ်နေသော လျှော်တေအဝတ်ကို ဝတ်ဆင်ထား သည့် အမျိုးသားတစ်ဦးက ရုပ်တု၏ အနောက်ဘက်မှ အရှေ့ဘက်သို့ ခြေဆွဲကာ လျှောက်လာသည်ကို မြင်လိုက် ရလေ၏။

လမ်းလျှောက်နေရင်း သူက ခါးပတ်ကို တင်းကျပ်စွာ ပတ်လိုက်ကာ တီးတိုးရေရွတ်နေခဲ့လေသည်။

"ဟွန့်... မင်းက ပစ္စည်းပေးတဲ့သူတွေအပေါ် ကျေးဇူးတင်ရမှာ ဖြစ်ပြီး သူတို့ရဲ့ အစားအစာကို စားသုံးဖို့ တာဝန် ရှိတယ်...။ မင်းက လုံးဝကို အကင်းမပါးဘူးလို့ ငါ ထင်တယ်...၊ မင်းက ဘာမှမလုပ်ဘဲ ပစ္စည်းတွေကို ယူနေ တာပဲ...။ ငါ နျူရှီအာရဲ့ ပစ္စည်းတွေကို အလွယ်တကူ ယူလို့မရဘူး...၊ ဒီမှာ မင်းအတွက် မြေကြီးပွသွားအောင် ဆီးသွားပေးလိုက်မယ်...။"

ရွှီပေါ်အန်းမှာ ပျို့အန်ချင်သလို ခံစားလိုက်ရလေ၏။

*ဘုရားရေ...၊ ဆိုတော့ ဒီကောင်က အနောက်ဘက်မှာရှိတဲ့ နတ်ဘုရားရုပ်တုပေါ်ကို သေးသွားပေါက်ခဲ့တာ ပေါ့...။*

ဤသည်က အလွန်တရာ လွန်ကဲလှပေသည်။ လုံးဝကို လွန်ကဲလွန်းလှပေ၏။

သူသည် အနံ့ခံနိုင်စွမ်း မရှိပုံရသော်လည်း ရွှီပေါ်အန်းသည် သူ၏အနောက်ဘက်မှ ဆီးနံ့တစ်မျိုးကို ခပ်ရေးရေး ရနေသကဲ့သို့ ခံစားလိုက်ရလေသည်။

ဤနေရာတွင် အမှန်တကယ်ပင် အေးစက်နေလေ၏။ တောကြီးမျက်မည်းထဲတွင် ငှက်အမျိုးမျိုးကို တွေ့နိုင် သည်ဆိုခြင်းမှာ အမှန်ပင် ဖြစ်သည်။ ဤနေရာသို့ လာရောက်၍ အမွှေးတိုင်ထွန်းကာ နတ်ဘုရားများကို ကိုးကွယ်ကြခြင်းမှာ မထူးဆန်းလှပေ။

ဒဏ္ဍာရီများတွင်ပင် အဆိုးရွားဆုံးသော လုပ်ရပ်များမှာ ပြင်းထန်သော မီးတောက်များကြားရှိ နတ်ကွန်းတစ်ခု အတွင်း၌ ကျူးလွန်သော လူသတ်မှုနှင့် ယုတ်မာမှုများထက် မပိုခဲ့ပေ။

တစ်စုံတစ်ယောက်က ဤနေရာတွင် ဆီးသွားနေခဲ့ခြင်း ဖြစ်သည်။ ဤသည်မှာ ရွှီပေါ်အန်း အနေဖြင့် ထိုသို့သော အဖြစ်အပျက်မျိုးကို ပထမဆုံးအကြိမ် မြင်ဖူးခြင်းပင် ဖြစ်လေ၏။

အကယ်၍ နတ်ဘုရားများက ဝင်ရောက်စွက်ဖက်ခြင်း မပြုလျှင် မင်းက ဒီနေရာတွင် ဆီးသွားနေ၍ ဘာထူး မည်နည်း။ မည်သူကမျှ သိမည်မဟုတ်ပေ။

အကယ်၍ သူတို့ကို ကိုယ်ထင်ပြစေခြင်းဖြင့် နတ်ဘုရားများကို စော်ကားမိလျှင်ရော ဘာအကျိုးရှိမည်နည်း။

ထို့အပြင် ဤကိစ္စသာ အပြင်သို့ ပေါက်ကြားသွားပါက အလွန် ရှက်စရာကောင်းလှပြီး မလိုအပ်သော ပြဿနာ များကိုသာ ဖြစ်ပေါ်စေလိမ့်မည် ဖြစ်၏။

ရွှီပေါ်အန်းမှာ လုံးဝကို တွေဝေသွားခဲ့ပြီး နျူရှီအာသည် အမှန်တကယ်ပင် ရူးသွပ်နေသည်ဟု ခံစားလိုက်ရလေ သည်။

နျူရှီအာတွင် သူ၏ကိုယ်ပိုင် အကြောင်းပြချက်များ ရှိနေလေ၏။ သူသည် ရွှီပေါ်အန်းကို အေးစက်ပြီး လှောင်ပြောင်သော အမူအရာဖြင့် ကြည့်ကာ ရန်စသည့်လေသံဖြင့် ပြောလိုက်လေသည်။

"ဟွန့်... မင်း အခု အများကြီး ပိုနေသာထိုင်သာ ရှိသွားပြီပေါ့...။ လောလောဆယ်တော့ မင်းကို ချမ်းသာပေး ထားလိုက်မယ်...။ ဒါပေမဲ့ ငါ မင်းကို ဘယ်တော့မှ ထပ်ပြီး ပူဇော်ပသတော့မှာ မဟုတ်ဘူး...။"

ထိုသူက ဒေါသထွက်နေရုံသာ ဖြစ်သောကြောင့် သူသည် ရိုးရိုးရှင်းရှင်း စိတ်ရောဂါ ခံစားနေရခြင်း မဟုတ်ပုံရ လေ၏။

နျူရှီအာ တစ်လှမ်းချင်း ယိုင်နဲ့နဲ့ လျှောက်သွားသည်ကို မြင်သောအခါ တစ်ဖက်လူသည် အရက်မူးနေခြင်း ဖြစ်နိုင်ကြောင်း ရွှီပေါ်အန်း သဘောပေါက်လိုက်လေသည်။

မကြာမီမှာပင် တစ်စုံတစ်ခု မှားယွင်းနေကြောင်း သူ သတိထားမိလိုက်သည်။ သူ၏ လမ်းလျှောက်ပုံမှာ မသန်စွမ်းမှုကြောင့်သာ ဖြစ်လေသည်။

ထူးဆန်းလှပေသည်။ တစ်ဖက်လူမှာ အရက်မူးနေခြင်း မဟုတ်သလို သူတို့၏ ဦးခေါင်းတွင်လည်း ချို့ယွင်းချက် မရှိပေ။ သူတို့က ဒေသခံ မြေစောင့်နတ် နတ်ကွန်းအပေါ် ဒေါသဖြေရန် မည်သည့်နေရာမှ ဤမျှလောက် ဒေါသ များ ရရှိလာခဲ့သနည်း။

ဤမျှအထိ ရောက်လာခဲ့ပြီဖြစ်ရာ ရွှီပေါ်အန်းမှာလည်း အလွန်တရာ ပျင်းရိနေခဲ့လေ၏။ ထိုလူ ထွက်သွားတော့ မည်ကို မြင်သောအခါ သူက ချက်ချင်းပင် အော်ခေါ်လိုက်လေသည်။

"ဟေ့... မင်း လူယုတ်မာ... အဲဒီမှာ ရပ်လိုက်စမ်း...။"

ထိုစကားကို ကြားသောအခါ နျူရှီအာသည် ရပ်တန့်သွားပြီးနောက် ဖြည်းညင်းစွာ လှည့်ကြည့်လာလေ၏။ သူ၏ အမူအရာတွင် အကြောက်တရား မရှိဘဲ စိတ်ရှုပ်ထွေးမှု အရိပ်အယောင် အနည်းငယ်သာ ရှိနေလေသည်။

"ဘယ်သူက ငါ့ကို ခေါ်လိုက်တာလဲ...။"

ရွှီပေါ်အန်းက စူးရှစွာ ပြန်လည်ချေပလိုက်လေသည်။

"အဓိပ္ပာယ်မရှိတာ...။ ဒီနတ်ကွန်းထဲမှာ ငါနဲ့ မင်းကလွဲရင် တခြားဘယ်သူ ရှိနေသေးလို့လဲ...။"

နျူရှီအာမှာ မကြောက်ရွံ့သည့်အပြင် ဆန့်ကျင်ဘက်အနေဖြင့် အနည်းငယ် ဒေါသထွက်နေခဲ့လေ၏။

"နတ်ဘုရား... မင်းက နတ်ဘုရားလို့ ပြောလိုက်တာလား...။"

"ဘာဖြစ်လို့လဲ...။"

ရွှီပေါ်အန်းက စပ်စုလိုစိတ်ဖြင့် မေးလိုက်လေသည်။

နျူရှီအာသည် သူ၏ မျက်နှာတွင် ဒေါသများ ပြည့်နှက်နေပြီး မကျေမနပ်ဖြင့် အော်ဟစ်လိုက်လေ၏။

"မင်းက နတ်ဘုရားလို့ ပြောတယ်...၊ ဒါပေမဲ့ မင်းက ဘာလို့ ဒီလောက်တောင် ကန်းနေရတာလဲ...။ ငါ နျူရှီအာက မင်းအပေါ် အရမ်းကို သဒ္ဓါတရား ကြည်ညိုခဲ့တာ...။ အားလပ်ရက်တွေမှာ မင်းကို အရက်တစ်ခွက် ပူဇော် တယ် ...။ လဆန်းတစ်ရက်နဲ့ လပြည့်နေ့တွေမှာ အမွှေးတိုင် သုံးတိုင် ထွန်းတယ်...။ ငါကိုယ်တိုင် မစားရက်တဲ့ သစ်သီး တွေကိုတောင် ခူးပြီး မင်းဆီကို ပူဇော်သက္ကာအဖြစ် လာပို့တယ်...။ ငါ့အဖေ အလုပ်သွားတဲ့အခါ သူ့ရဲ့ ဘေးကင်း လုံခြုံရေးကို ကာကွယ်ပေးဖို့ မင်းကို တောင်းပန်ခဲ့တယ်...။ မင်းက ငါ့ရဲ့ အမွှေးတိုင်နဲ့ ပူဇော်သက္ကာတွေကို လက်ခံခဲ့ပေမဲ့ ဘာလို့ သူ့ကို မကာကွယ်ပေးခဲ့တာလဲ...။"

နျူရှီအာ၏ ရှည်လျားလှသော စွပ်စွဲချက်များကြောင့် ရွှီပေါ်အန်းမှာ ချက်ချင်းပင် တွေဝေသွားခဲ့လေသည်။

သူသည် မည်သည့် အရက် သို့မဟုတ် အမွှေးအကြိုင်များကိုမှ မခံစားဖူးပေ။

*မင်းက ဒီအမွှေးတိုင်ကို ထွန်းခဲ့တာက မှန်ပေမယ့်လည်း ဒီဌာနခွဲမှာက ဒါက ဆင့်ခေါ်တဲ့ ရည်ရွယ်ချက်အတွက် ပဲ အသုံးပြုပြီး ငါက အမွှေးတိုင် ပူဇော်မှု ဒါမှမဟုတ် ဆုတောင်းပတ္ထနာပြုမှုကို မတိုးပွားစေဘူးလေ…။*

ရွှီပေါ်အန်းသည် သူ၏ အဓိကစခန်းဖြစ်သော ယွီတောင်ပေါ်ရှိ တောင်စောင့်နတ်မင်း နတ်ကွန်းတွင် အမွှေးတိုင် ပူဇော်ခြင်းကြောင့်သာ အမွှေးတိုင် ပူဇော်မှု စွမ်းအားကို တိုးပွားစေနိုင်ကြောင်းနှင့် နေ့စဉ် သန်းခေါင်ယံအချိန်တွင် အသစ်ပြန်လည် ရရှိသော အခြေခံ အမွှေးတိုင် ပူဇော်မှု စွမ်းအားတို့ကိုသာ ရရှိနိုင်ကြောင်းကို ကြာမြင့်စွာက တည်းက ရှာဖွေတွေ့ရှိခဲ့ပြီး ဖြစ်လေသည်။

ဌာနခွဲတွင်မူ ၎င်းသည် ဘေးထွက်တာဝန်တစ်ခုနှင့် ပိုတူလေ၏။ အမွှေးတိုင် ပူဇော်မှုနှင့် ဆုတောင်းပြည့်ဝမှု စွမ်းအားများသည် တစ်ဖက်လူ၏ ဆန္ဒများကို ပြည့်ဝအောင် ကူညီပေးခြင်းကဲ့သို့သော တာဝန်များကို ပြီးမြောက် သည့် အခါမှသာ ထွက်ပေါ်လာခြင်း ဖြစ်သည်။

သူ၏ရှေ့ရှိ နျူရှီအာနှင့် ပတ်သက်၍မူ သူသည် သူ့ကို တစ်ခါမှပင် မတွေ့ဖူးခဲ့ချေ။ သူ၏ ဆန္ဒကို ဖြည့်ဆည်းပေး ရန် ဆိုသည်မှာ ပို၍ပင် ဝေးကွာလှပေသည်။

သူ့အနေဖြင့် စော်ကားခံရရန်နှင့် ကျိန်ဆဲခံရရန် မည်သည့် အကြောင်းပြချက်မှ မရှိပေ။

ရွှီပေါ်အန်းက လည်ချောင်းဟန့်လိုက်ပြီး အာဏာပါပါဖြင့် ပြောလိုက်လေသည်။

"မင်း လူယုတ်မာ...၊ မင်းက သဒ္ဓါတရား ရှိတယ်လို့ ထပ်ခါတလဲလဲ ပြောနေပေမဲ့ ဘာလို့ ခုလို ပုန်ကန်ပြီး ဖောက်ပြန်တဲ့ အလုပ်မျိုးကို လုပ်ရတာလဲ...။ ငါ့ရုပ်တုဘေးမှာ မင်းက ဒီလောက် မလေးမစား လုပ်ရဲပြီး ဒီလို ညစ်ပတ်တဲ့ အလုပ်တွေကို လုပ်ရဲတယ်ပေါ့လေ...။"

နျူရှီအာက နောက်ဆုတ်မသွားဘဲ စူးရှစွာ ပြန်လည်ချေပလိုက်လေသည်။

"မင်းက ငါ့ရဲ့ ပူဇော်သက္ကာတွေကို လက်ခံပေမဲ့ ဘာမှ ပြန်မလုပ်ပေးဘူး...။ ငါက ဘာလို့ မင်းကို သဒ္ဓါတရား ကြည်ညိုရမှာလဲ...။ ဒီဆိုရင် မင်းက ဒါကို ဘယ်လိုလုပ် ပုန်ကန်မှုလို့ ခေါ်နိုင်မှာလဲ...။"

ရွှီပေါ်အန်းက ခက်ထန်စွာ ပြောလိုက်လေ၏။

"ငါက မင်းဆီကနေ အမွှေးတိုင် ဒါမှမဟုတ် ပူဇော်သက္ကာတွေကို ဘယ်တုန်းက တောင်းဆိုဖူးလို့လဲ...။ မင်းက မင်းဘာသာမင်း လာတယ်...၊ အမွှေးတိုင်တွေနဲ့ ပူဇော်သက္ကာတွေ ပူဇော်တယ်.။ ပြီးတော့ ငါ့ဆီကနေ တောင်းဆို မှုတွေ လုပ်ပြီး ငါ့ကို လိုက်လျောဖို့ မျှော်လင့်တယ်...။ ငါက မလိုက်လျောရင် မင်းက ငါ့ကို အသရေ ဖျက်တယ်၊ စော်ကားတယ်... ၊ပြီးတော့ ကျိန်ဆဲတယ်...။ အကယ်၍ ဒီလိုသာဆိုရင် ငါက ဘယ်လို နတ်ဘုရား မျိုးလဲ...။ ငါက မင်းရဲ့ အစေခံဖြစ်နေတာ ပိုကောင်းမယ်...။"

ဤစကားကို ကြားသောအခါ နျူရှီအာသည် ရွှီပေါ်အန်း၏ စကားများမှာ အတော်လေး ယုတ္တိရှိကြောင်း တွေ့ရှိသွားပုံရပြီး ဘာပြောရမည်ကို မသိတော့ဘဲ ခေတ္တမျှ တိတ်ဆိတ်သွားခဲ့လေသည်။

ရွှီပေါ်အန်းက ဆက်ပြောလေ၏။

"အကယ်၍ လူတစ်ယောက်က အမွှေးတိုင်၊ အရက်နဲ့ သစ်သီးတွေကို ပူဇော်ပြီး မနက်ဖြန် မိုးရွာဖို့ ဆုတောင်းရင် သူ့ရဲ့ ထီးတွေကို ရောင်းလို့ရမယ်...။ နောက်လူတစ်ယောက်က အမွှေးတိုင်၊ အသားနဲ့ အစားအစာတွေကို ပူဇော် ပြီး သာယာတဲ့ ရာသီဥတု ဖြစ်ဖို့ ဆုတောင်းရင် သူက အဝတ်အထည်တွေကို ဆေးဆိုးပြီး ရောင်းလို့ရမယ်...။ အဲဒီတော့ ငါက ဘယ်သူ့ရဲ့ ဆန္ဒတွေကို နားထောင်ရမလဲ...၊ ဘယ်သူ့ရဲ့ အလိုကို လိုက်ရမလဲ...။"

"အကယ်၍ ငါက လူတစ်ယောက်ကို ကျေနပ်အောင် လုပ်ပေးလိုက်ရင် အခြားတစ်ယောက်က မင်းလိုမျိုး အရှက်မရှိဘဲ ဒီကိုလာပြီး ဖျက်ဆီးတာ၊ စော်ကားတာနဲ့ ငါ့ကို စိတ်ကြိုက် အရှက်ခွဲတာတွေ လုပ်လို့ရသလား..။ ငါသာ သူတို့နှစ်ယောက်စလုံးကို မကျေနပ်စေဘူးဆိုရင် သူတို့နှစ်ယောက်က ပေါင်းပြီး နံရံတွေကို ရိုက်ချိုးတာ၊ အုတ်ကြွပ်တွေကို ဆွဲဖြဲတာနဲ့ ငါ့နတ်ကွန်းကို ဖျက်ဆီးတာတွေ လုပ်လို့ရသလား...။ ဒီလိုသာဆိုရင် ငါ ဘာလုပ်ရ မလဲ...။"

ထိုစကားကို ကြားသောအခါ နျူရှီအာမှာ ချွေးများ ပြန်လာပြီး တစ်ကိုယ်လုံး တုန်ယင်သွားခဲ့လေသည်။

"နိဂုံးချုပ်အနေနဲ့ နျူရှီအာ...၊ မင်းရဲ့ အပြစ်ကို မင်း သိရဲ့လား...။"

ရွှီပေါ်အန်းက အသံကိုမြှင့်ကာ ခက်ထန်စွာ အော်ဟစ်လိုက်လေ၏။

ထိုစကားကို ကြားသောအခါ နျူရှီအာမှာ လန့်ဖျပ်သွားခဲ့သည်။ သူ၏ ဒူးများ ခွေကျသွားပြီး နောက်ဆုံးတွင် ဒုန်းခနဲ ဒူးထောက်ကျသွားကာ သူ၏ ခေါင်းသည် မြေကြီးနှင့် ပြင်းထန်စွာ ဆောင့်မိသွားလေ၏။ သူ၏ မျက်နှာ ပေါ်တွင် မျက်ရည်များ စီးကျလာပြီး သူက ငိုကြွေးကာ အော်ဟစ်လိုက်လေတော့သည်။

"နျူရှီအာ အပြစ်ရှိပါတယ်... နျူရှီအာ အပြစ်ရှိပါတယ်..."

နျူရှီအာ ပြန်လည် မော့ကြည့်လာသောအခါ သူ၏ နဖူးတွင် တောက်ပသော အနီရောင်နှင့် ခရမ်းရောင် အရာများ ပြည့်နှက်နေသည်ကို ရွှီပေါ်အန်း မြင်လိုက်ရပြီး သူ အမှန်တကယ်ပင် ဦးတိုက်ရှိခိုးခဲ့ကြောင်း ရှင်းလင်းစွာ ဖော်ပြနေ လေသည်။

နျူရှီအာ၏ မျက်နှာပေါ်တွင် မျက်ရည်များ စီးကျနေသည်ကို မြင်သောအခါ ရွှီပေါ်အန်းက ဩဇာပါသော လေသံ ဖြင့် ပြောလိုက်လေသည်။

"စစ်မှန်တဲ့ ယောက်ျားတစ်ယောက်အနေနဲ့ မင်းက ဘာအတွက် ငိုနေရတာလဲ...။"

နျူရှီအာက အသံတိမ်ဝင်စွာဖြင့် ပြောလိုက်လေသည်။

"ကျွန်တော်က အရည်အချင်းမရှိလို့ အဖေ့ကိုယ်စား အလုပ်မလုပ်နိုင်တာကိုပဲ မုန်းတီးမိပါတယ်...။ ကျွန်တော့် အဖေက အိုမင်းမစွမ်း အရွယ်မှာ ဖျားနာနေတဲ့ ခန္ဓာကိုယ်ကြီးကို ဆွဲပြီး မိုင်းတွင်းကို သွားခဲ့ရတယ်..၊ နောက်ဆုံး တော့ သူလည်း ကျွန်တော့်လိုပဲ ဒုက္ခိတ ဖြစ်သွားခဲ့ရတယ်...။ သူက အိုမင်းတဲ့အရွယ်ကို ငြိမ်းချမ်းစွာ မဖြတ်သန်း နိုင်ခဲ့ဘူး...။"

ဤစကားကို ကြားသောအခါ ရွှီပေါ်အန်းမှာ သားအဖနှစ်ဦးအတွက် ဝမ်းနည်းစိတ်ကို မထိန်းနိုင်ခဲ့ချေ။ သူသည် သက်ပြင်းကို ညင်သာစွာ ချလိုက်ပြီး သူတို့ကို အကြံပေးလိုက်လေ၏။

"ဒီလောကရှိ အရာအားလုံးက အကြောင်းပြချက်တစ်ခုကြောင့် တည်ရှိနေတာပဲ...။ ဘဝဆိုတာ တိုတောင်းပြီး အတွေ့အကြုံတွေဆိုတာ ကံကြမ္မာပဲ...။ ဖြစ်လာဖို့ရှိတာတွေက ဖြစ်လာမှာပဲ...။ မင်းက ဘယ်လောက်ပဲ ငိုကြွေး ပြီး ပြဿနာရှာနေပါစေ မင်းအဖေရဲ့ ကျန်းမာရေး ပြန်လည်ကောင်းမွန်လာဖို့အတွက် ဘာမှ အထောက်အကူ ဖြစ်လာမှာ မဟုတ်ဘူး...။ မင်းက ဘဝကို ရင်ဆိုင်ပြီး အကောင်းဆုံး ကြိုးစားတာက ပိုကောင်းလိမ့်မယ်...။"

နျူရှီအာက တွေဝေစွာဖြင့် ပြောလေသည်။

"နတ်မင်းဘိုးဘိုးကြီး... ကျွန်တော် ဒုက္ခရောက်နေပါတယ်...။ ကျွန်တော့် မိဘတွေက အသက်လေးဆယ်ကျော်မှ အိမ်ထောင်ကျပြီး ကျွန်တော့်ကို မွေးခဲ့တာပါ...။ ကျွန်တော်က ကလေးဘဝကတည်းက ဒုက္ခရောက်ခဲ့ရတယ်...။ အသက်သုံးနှစ်မှာ အမေ့ကို ဆုံးရှုံးခဲ့ရပြီး အသက်ဆယ်နှစ်မှာ မသန်စွမ်း ဖြစ်သွားခဲ့ပါတယ်...။"

"အသက်သုံးဆယ်ကျော်တဲ့အထိ အိမ်ထောင်မကျခဲ့ပါဘူး...၊ တစ်ခါမှ ဗိုက်ပြည့်အောင် မစားခဲ့ရသလို ကောင်း ကောင်းလည်း မအိပ်ခဲ့ရပါဘူး...။ ကျွန်တော်က အသက်ရှင်ဖို့အတွက် အဖေ့ကို မှီခိုနေခဲ့ရပေမဲ့ နောက်တော့ သတ္တုတွင်း မတော်တဆမှုတစ်ခုကို ခံစားခဲ့ရတယ်...။ ကျွန်တော့်အဖေက သီသီလေး အသက်ရှင်ကျန်ရစ်ခဲ့ပေမဲ့ သူ့ကို ကုသဖို့ ကျွန်တော့်မှာ ပိုက်ဆံမရှိဘူး...။ ကျွန်တော် အရမ်းကို အပြစ်ရှိသလို ခံစားရတယ်...။"

ရွှီပေါ်အန်းက ပြောလိုက်လေ၏။

"သက်ရှိအားလုံးက ဒုက္ခရောက်ကြရတာပဲ...။ မင်းက အခုချိန်ထိ အသက်ရှင်နေပြီး ငါနဲ့ စကားပြောဖို့ ဒီမှာ ရပ်နေနိုင်တယ်ဆိုတဲ့ အချက်က မင်းဟာ တခြားလူများစွာထက် ပိုပြီး ဆင်းရဲဒုက္ခ မရောက်သေးဘူးဆိုတာကို ဆိုလိုတာပဲ...။ လူများစွာဟာ သူတို့ရဲ့ မိဘတွေကို တစ်ခါမှ မမြင်ဖူးသလို ရာသီဥတုတွေကိုလည်း မခံစားဖူးကြ ဘူး...။ ကိုယ့်အိမ်ကနေတောင် မထွက်နိုင်ဘဲ အုတ်ခုတင်စွန်းကနေတောင် မဆင်းနိုင်ကြဘူး...။ သူတို့နဲ့ ယှဉ်လိုက် ရင် မင်းရဲ့ အခက်အခဲတွေက ဘာများလဲ...။ မင်းအဖေက မင်းကို ဒီလို အခြေအနေမျိုးနဲ့ မြင်ချင်မယ်လို့ မင်း ထင်သလား...။"

ဤစကားများသည် သတိပေးခေါင်းလောင်းသံ တစ်ခုကဲ့သို့ပင် ဖြစ်လေ၏။ တစ်ခဏအတွင်းမှာပင် နျူရှီအာ၏ မျက်လုံးထဲမှ မျက်ရည်များ ရပ်တန့်သွားသကဲ့သို့ ဖြစ်သွားလေသည်။

နျူရှီအာသည် ပါးစပ်ကို အကြိမ်အနည်းငယ် လှုပ်ရှားလိုက်ပြီးမှ၊

"နတ်မင်းဘိုးဘိုးကြီး...၊ နတ်ကွန်းကို ခုလို ရှုပ်ပွနေအောင် လုပ်လိုက်တဲ့အတွက် ကျွန်တော့်ကို ဒေါသမထွက် ဘူးလား...။"

ရွှီပေါ်အန်းက ရယ်မောလိုက်ပြီး၊

"ဒါတွေအားလုံးက ယုံကြည်သက်ဝင်သူတွေ ပုံသွင်းထားတဲ့ ပြင်ပအရာတွေပါ...။ ငါက ဘာကို အပြစ်တင်ရ မှာလဲ...။ တကယ်လို့ တစ်ယောက်ယောက်က အပြစ်တင်သင့်တယ်ဆိုရင် အဲဒါက နတ်ကွန်းကို တည်ဆောက်ပြီး ကာကွယ်ပေးတဲ့ ရွာထဲက လူတွေပဲ ဖြစ်လိမ့်မယ်...။"

နျူရှီအာက အပြစ်ရှိသော အမူအရာဖြင့် ပြောလိုက်လေ၏။

"ကျွန်တော် မှားမှန်း သိပါပြီ...၊ ဒါတွေကို အခုပဲ ရှင်းလင်းပေးပြီး ရှင်းပြချက်တစ်ခု ပေးပါ့မယ်...။"

ရွှီပေါ်အန်းက တည်ငြိမ်စွာ ပြောလိုက်လေသည်။

"ရှင်းပြစရာ ဘာမှမရှိပါဘူး...။ တကယ်လို့ မင်းက ငါ့ကို ယုံကြည်တယ်ဆိုရင် ငါ သူ့ရဲ့ ကျန်းမာရေးကို စစ်ဆေး ပေးနိုင်အောင် မင်းအဖေကို ဒီကို ခေါ်လာဖို့ အချိန်နည်းနည်းလောက် ဘာလို့ မယူတာလဲ...။"

ဆေးပညာ ကျွမ်းကျင်မှုများကို တတ်မြောက်ထားသဖြင့် ရွှီပေါ်အန်းမှာ အလွန်တရာ ယုံကြည်မှု ရှိနေလေ၏။

နျူရှီအာ၏ မျက်နှာသည် ပျော်ရွှင်မှုများဖြင့် လင်းလက်သွားပြီး သူက ဦးတိုက်ကာ ပြောလိုက်လေသည်။

"နတ်မင်းဘိုးဘိုးကြီးရဲ့ ကောင်းချီးအတွက် ကျေးဇူးတင်ပါတယ်...။"

ခေတ္တရပ်နားပြီးနောက် သူက ပြောလေ၏။

"နတ်မင်းဘိုးဘိုးကြီး...၊ ဒီတစ်ကြိမ်မှာ ဒဏ်ရာရတဲ့သူတွေ အများကြီး ရှိတယ်...။ လူတိုင်းကိုပါ တစ်ပါတည်း လိုက်ခဲ့ဖို့ တောင်းဆိုလို့ ရမလား...။"

ရွှီပေါ်အန်းသည် ထူးကဲသော ဆေးပညာစွမ်းရည်များကို ယခုလေးတင် ကျွမ်းကျင်တတ်မြောက်ထားပြီး စိတ်အားထက်သန်မှု အပြည့်ရှိနေခဲ့လေသည်။

ကားမောင်းသင်ခါစ ယာဉ်မောင်းအသစ် တစ်ယောက်ကဲ့သို့ပင် သူတို့သည် ကားများကို ထိတွေ့ရခြင်းကို အထူးသဖြင့် နှစ်သက်ကြလေ၏။

သို့သော် လက်တွေ့ကမ္ဘာတွင်မူ အလွန်အမင်း ထင်ပေါ်ကျော်ကြားလွန်းခြင်းက မလိုအပ်သော ပြဿနာများကို ဆွဲဆောင်နိုင်သည်ဟူသော စိုးရိမ်မှုမျိုး ရှိနေပေသည်။

ဤအချိန်တွင် ဘွန်ဆိုင်းကမ္ဘာသည် သူ၏ ဆေးပညာစွမ်းရည်များကို ပြသရန် ပြီးပြည့်စုံသော အခွင့်အရေးတစ်ခု ဖြစ်ပြီး ၎င်းကို ဆေးဘက်ဆိုင်ရာ လက်တွေ့စမ်းသပ်မှု တစ်ခုအဖြစ်လည်း မှတ်ယူနိုင်ပေသည်။

ရွှီပေါ်အန်းက လိုလိုလားလားပင် သဘောတူလိုက်လေ၏။

"ပြဿနာ မရှိပါဘူး...၊ လာခဲ့ကြပါ...။ အမှတ်အသား အနေနဲ့ ငါ အမွှေးတိုင် ထွန်းထားပေးမယ်...၊ တကယ်လို့ ငါ အချိန်ရရင် မင်းတို့ကို လာရှာမယ်...။"

နျူရှီအာက ထပ်မံ၍ ဦးတိုက်လိုက်လေသည်။

"နတ်မင်းဘိုးဘိုးကြီးက ကရုဏာကြီးမားလှပါတယ်...။ နျူရှီအာက အရင်က မဆင်မခြင် လုပ်ခဲ့ပြီး နောက်ပိုင်း မှာ ရိုင်းစိုင်းခဲ့မိပါတယ်...။ နတ်မင်းဘိုးဘိုးကြီးရဲ့ ပြစ်ဒဏ်ကို ခံယူဖို့ ဆန္ဒရှိပါတယ်...၊ ကျေးဇူးပြုပြီး ကျွန်တော့် ကို အပြစ်ပေးပါ နတ်မင်းဘိုးဘိုးကြီး...။"

ရွှီပေါ်အန်းက ကြင်နာမှုနှင့် တင်းကျပ်မှု နှစ်မျိုးစလုံးကို အသုံးပြု၍ ပြောလိုက်လေ၏။

"မင်းရဲ့ သားသမီးဝတ္တရား သိတတ်မှုကို ထည့်သွင်းစဉ်းစားပြီး ဒီကိစ္စကို လောလောဆယ် ဒီမှာပဲ အဆုံးသတ် လိုက်မယ်...။ ဒါပေမဲ့ နောင်ကို မင်းက မလေးမစား ထပ်လုပ်မယ်ဆိုရင် မင်း အကျိုးဆက်တွေကို သေချာပေါက် ခံစားရစေမယ်...။"

နတ်ဘုရား၏ ခွင့်လွှတ်မှုကို နျူရှီအာ နားလည်သွားပြီး ချက်ချင်းပင် ကျေးဇူးတင် မျက်ရည်များဖြင့် ပြောလိုက် လေသည်။

"နတ်မင်းဘိုးဘိုးကြီး...၊ အခုကစပြီး ကျွန်တော့်ရဲ့ အပြုအမူကို စောင့်ကြည့်ပါ...။ ကျွန်တော် ဘယ်တော့မှ... ကျွန်တော်... ကျွန်တော်...။"

နျူရှီအာမှာ စိတ်လှုပ်ရှားလွန်းသဖြင့် စကားမပြောနိုင် ဖြစ်နေသည်ကို မြင်သောအခါ ရွှီပေါ်အန်းက ထပ်ပြော လိုက်လေသည်။

"ကောင်းပြီ...။ ဒီအကြောင်းကို ထပ်မပြောကြတော့ဘူး...၊ နျူရှီအာ... ငါ မင်းကို မေးပါရစေ...။ မင်းက သတ္တု တွင်းနယ်မြေမှာ ဘယ်လို သတ္တုရိုင်းမျိုးကို တူးဖော်မယ်လို့ ပြောခဲ့တာလဲ...။"

ဘွန်ဆိုင်းကမ္ဘာတွင် မည်သည့် စွမ်းအင်နှင့် သယံဇာတ အမျိုးအစားများ ရရှိနိုင်သနည်း ဆိုသည်ကို ရွှီပေါ်အန်း အလွန်တရာ သိချင်နေခဲ့လေသည်။

နျူရှီအာက သူ၏ မျက်ရည်များကို သုတ်လိုက်ပြီး ပြောလေ၏။

"နတ်မင်းဘိုးဘိုးကြီးကို ပြန်ဖြေရရင် အဲဒါက ရွှေမည်းကျောက် သတ္တုရိုင်းပါ...။"

"ရွှေမည်းကျောက် သတ္တုတွင်း...။ အဲဒါက ဘာလဲ...၊ ငါ့ကို အဲဒီအကြောင်း ပြောပြပါဦး...။"

ရွှီပေါ်အန်းက စပ်စုလိုစိတ်ဖြင့် မေးလိုက်လေသည်။

*ငါက ရွှေ၊ ပလက်တီနမ်၊ ရွှေဖြူနဲ့ ရောင်စုံရွှေတွေကိုတောင် ကြားဖူးတယ်...။ မဟာကျင့်မင်းဆက်ထဲက ရွှေတွေက အမည်းရောင် ဖြစ်နေလို့များလား...။*

နျူရှီအာက ရှင်းပြလေ၏။

"နတ်မင်းဘိုးဘိုးကြီး... ရွှေမည်းကျောက် သတ္တုရိုင်းဆိုတာ အမည်းရောင် တွင်းထွက်ပစ္စည်း တစ်မျိုးပါ...။ အဲဒါကို ထုတ်လုပ်ပြီးတဲ့နောက်မှာ ရွှေမည်းကျောက်လို့လည်း ခေါ်ကြပါတယ်...။ အဲဒါကို အနွေးဓာတ်ရဖို့နဲ့ ချက်ပြုတ်ဖို့ မီးမွှေးရာမှာ အသုံးပြုလို့ ရပါတယ်...။"

"အဲဒါက အရမ်း နွေးထွေးပြီး ရေဆူတာနဲ့ အစားအစာ ချက်ပြုတ်တာ အရမ်းမြန်တယ်...၊ အဲဒါက ထင်းထက် အများကြီး ပိုအားကောင်းပြီး လူတွေရဲ့ မျက်လုံးကို မကြာခဏ စပ်စေတဲ့ ထင်းတွေနဲ့ မတူဘဲ မီးခိုးလည်း မထွက်ပါဘူး...။ ဒါပေမဲ့ ဒီပစ္စည်းက အရမ်း ဈေးကြီးတယ်...၊ သာမန်လူတွေက အဲဒါကို မသုံးနိုင်ကြဘူး... ။ ချမ်းသာတဲ့သူတွေပဲ အဲဒါကို မီးရှို့နိုင်ကြလို့ သူ့ကို ရွှေမည်းကျောက် သတ္တုရိုင်းလို့ ခေါ်တာပါ...။"

နျူရှီအာ၏ အမြင်အရ ရွှေမည်းကျောက် သတ္တုရိုင်းသည် နတ်ဘုရားများအတွက် လုံးဝ အသုံးမဝင်သောကြောင့် နတ်မင်းဘိုးဘိုးကြီးအနေဖြင့် ရွှေမည်းကျောက် သတ္တုရိုင်း ဆိုသည်မှာ အဘယ်အရာဖြစ်ကြောင်း မသိခြင်းအ ပေါ် သူ မအံ့ဩခဲ့ချေ။

နတ်ဘုရားများသည် အပူချိန်ကို ဂရုမစိုက်သလို စားသောက်ရန်လည်း မလိုအပ်သောကြောင့် ဤအရာသည် အသုံးမဝင်သော ကျောက်တုံးတစ်တုံးသာ ဖြစ်လေသည်။

ရွှီပေါ်အန်းသည် ဤဇာတ်ကြောင်းမှာ ပို၍ ရင်းနှီးနေသကဲ့သို့ ခံစားလာရပြီး နောက်ဆုံးတွင်မူ သူ အတော်လေး တွေဝေသွားခဲ့လေ၏။

နျူရှီအာ ပြောခဲ့သော ရွှေမည်းကျောက် ဆိုသည်မှာ သူ ကလေးဘဝက မကြာခဏ တွေ့ဖူးသည့် ကျောက် မီးသွေးပင် ဖြစ်ပြီး ၎င်းသည် အန်သရာဆိုက် ကျောက်မီးသွေးပင် ဖြစ်နေလေသည်။

*ကျောက်မီးသွေးကို ရွှေမည်း လို့လည်း ခေါ်ဝေါ်ကြတာကို ငါ လုံးဝ မေ့နေခဲ့တာပဲ...။*

မည်သည့် ကမ္ဘာမျိုးတွင် နေထိုင်သည်ဖြစ်စေ စွမ်းအင်နှင့် သယံဇာတများသည် တန်ဖိုးကြီးမားသော အရာများ ဖြစ်ပုံရပေသည်။

ရွှီပေါ်အန်းက လေသံကို လျှော့ချလိုက်ပြီး ကြင်နာစွာ ပြောလိုက်လေ၏။

"ငါ သဘောပေါက်ပါပြီ...။ ရွှေမည်းကျောက် အများစုက မြေအောက်အနက်ပိုင်းမှာ ပုန်းကွယ်နေပြီး အနည်းငယ် လောက်ကပဲ မြေဆီလွှာ အပေါ်ယံလွှာမှာ ရှိနေတာ...။ ပြီးပြည့်စုံတဲ့ ဘေးကင်းရေး ကာကွယ်မှုမပါဘဲ အဲဒါကို တူးဖော်တဲ့အခါ ဒဏ်ရာရဖို့ အမှန်တကယ် လွယ်ကူတယ်...။"

နျူရှီအာမှာ မျက်လုံးပြူးသွားပြီး အလွန်တရာ စိတ်လှုပ်ရှားသွားခဲ့လေသည်။

နတ်ဘုရားများက အမှန်တကယ်ပင် နတ်ဘုရားများ ဖြစ်ပေသည်။ သူတို့သည် ရွှေမည်းကျောက် သတ္တုတွင်းဆို သည်မှာ အဘယ်အရာဖြစ်ကြောင်းပင် မသိကြသော်လည်း သူ ပြောသည်ကို နားထောင်ရုံဖြင့် ၎င်းသည် မည်သို့ သော တည်ရှိမှုမျိုးဖြစ်ကြောင်း သူ့အား ပြောပြနိုင်နေပြီ ဖြစ်လေ၏။

သူတို့သည် အနာဂတ်ကို ဟောကိန်းထုတ်ရာတွင် လုံးဝကို ကျွမ်းကျင်ကြပေသည်။

ရုပ်တုအပေါ် နျူရှီအာ၏ အကြည့်များမှာ မယုံနိုင်လောက်အောင် သဒ္ဓါတရား ပြည့်နှက်သွားခဲ့လေ၏။

"နတ်မင်းဘိုးဘိုးကြီး ပြောတာ လုံးဝ မှန်ကန်ပါတယ်...၊ နျူရှီအာက မိုက်မဲခဲ့ပါတယ်...။ ကျွန်တော်က အရင် တုန်းက နတ်မင်းဘိုးဘိုးကြီးကို တကယ် စော်ကားမိခဲ့တယ်...။ အခုကစပြီး နျူရှီအာက သေချာပေါက်...၊"

နျူရှီအာက သူ့ကို မြှောက်ပင့်ပြောဆို၍ မဆုံးမီမှာပင် ရွှီပေါ်အန်းသည် ပင်ပန်းနွမ်းနယ်မှု လှိုင်းတံပိုးတစ်ခု သူ့အပေါ် လွှမ်းခြုံလာသည်ကို ရုတ်တရက် ခံစားလိုက်ရလေသည်။

အလေ့အကျင့်အရ ယဇ်ပလ္လင်ပေါ်ရှိ အမွှေးတိုင်များကို လှမ်းကြည့်လိုက်ရာ သေချာပေါက်ပင် ၎င်းတို့မှာ ကုန်ခါနီး ဖြစ်နေပြီ ဖြစ်လေ၏။

ရွှီပေါ်အန်းက နျူရှီအာကို အလျင်အမြန် ဖြတ်ပြောလိုက်လေသည်။

"ကောင်းပြီ... အခု ငါ့မှာ လုပ်စရာ တခြားကိစ္စတွေ ရှိသေးလို့ ငါ အရင် သွားနှင့်တော့မယ်...။ မင်းအဖေကို ပြန်ခေါ်လာတဲ့အခါ ယုံကြည်မှုရဲ့ သင်္ကေတအနေနဲ့ အမွှေးတိုင် ထွန်းထားဖို့ မှတ်ထားပါ...။"

ထိုသို့ပြောပြီးနောက် ရွှီပေါ်အန်းသည် အပြင်သို့ ထွက်လာခဲ့ပြီး သူ၏ အကြည့်များကို ကားဆီသို့ ပြန်လည် ရွှေ့လိုက်လေ၏။

နတ်မင်းဘိုးဘိုးကြီး၏ အသံမှာ တဖြည်းဖြည်း ဝေးကွာသွားသည်ကို နျူရှီအာ ကြားလိုက်ရပြီး ၎င်းက သူ့ကို လေထဲတွင် လွင့်မျောနေသကဲ့သို့ ခံစားချက်မျိုး ပေးစွမ်းလေသည်။ သူ ထပ်မံ၍ မော့ကြည့်လိုက်သောအခါ ရုပ်တုတွင် ယခင်ကကဲ့သို့ ခမ်းနားပြီး ဩဇာတိက္ကမ ရှိသော အငွေ့အသက်မျိုး မရှိတော့ကြောင်း တွေ့ရှိ လိုက်ရလေတော့သည်။

ဤအရာမှာ နတ်မင်းဘိုးဘိုးကြီးသည် ရုပ်တုထဲမှ ထွက်ခွာသွားပြီဖြစ်ကြောင်း ခန့်မှန်းရစေလေသည်။

အချိန်မစောတော့သည်ကို မြင်သောအခါ ရွှီပေါ်အန်းသည် ကားစက်နှိုးလိုက်ပြီး ထွက်ခွာတော့မည် ဖြစ်လေ၏။

ရုတ်တရက် ခရီးသည်ဘက် တံခါးမှာ ပွင့်သွားခဲ့လေသည်။

အနီရောင် ဂါဝန်ဝတ် အမျိုးသမီးတစ်ဦးသည် သူမ၏ ရှည်လျားသော ခြေတံများဖြင့် ယာဉ်ပေါ်သို့ အလွယ်တကူ တက်လာခဲ့ပြီး ယာဉ်၏ ကိုယ်ထည်မှာ အလွန်မြင့်မားသောကြောင့် ရွှီပေါ်အန်းမှာ ဆွံ့အသွားခဲ့ရလေ၏။

ရွှီပေါ်အန်း စကားမပြောနိုင်မီမှာပင် အမျိုးသမီးက ကားတံခါးကို အလျင်အမြန် ပိတ်လိုက်ပြီး ဒေါသထွက်နေ သော အမူအရာဖြင့် အေးစက်သော လေသံဖြင့် ပြောလိုက်လေသည်။

"မောင်းတော့...။"

တစ်ဖက်လူက လူမှားနေသလားဟု ရွှီပေါ်အန်း မေးတော့မည့် ဆဲဆဲမှာပင် ခေါင်းမော့ထားသော မောက်မာသည့် အမျိုးသားတစ်ဦးသည် ကားရှေ့ မလှမ်းမကမ်းတွင် ပေါ်လာခဲ့လေ၏။

ထိုအမျိုးသားက လက်မောင်းကို မြှောက်ကာ ရွံရှာဖွယ် အမူအရာဖြင့် သူတို့အား လက်ညှိုးထိုးပြီး ကျယ်လောင် စွာ အော်ဟစ်လိုက်လေသည်။

"မင်း ဒီအလုပ်ကို လိုချင်သေးရင် ကားပေါ်ကနေ ဆင်းခဲ့...။ ပြီးတော့ မင်း... မင်းက လှုပ်ရဲလှုပ်ကြည့်စမ်း...။ မင်းရဲ့ကားကို ငါ ရိုက်ခွဲပစ်မယ်...။"

ရွှီပေါ်အန်းသည် အစပိုင်းက ဤကိစ္စတွင် ပါဝင်ပတ်သက်ရန် အစီအစဉ် မရှိခဲ့သော်လည်း ဤစကားကို ကြား သောအခါ သူက ချက်ချင်းပင် မျက်မှောင်ကြုတ်လိုက်လေ၏။

"ထိုင်ခုံခါးပတ် ပတ်ထား...။"

သူ၏ ညွှန်ကြားချက်များကို တီးတိုးပြောဆိုရင်း ရွှီပေါ်အန်းက လီဗာကို နင်းလိုက်ရာ ကားမှာ ပြင်းထန်စွာ မြည်ဟီးသွားခဲ့လေသည်။

ဆူညံသံကို ကြားသောအခါ သူက လက်ဘရိတ်ကို ဖြုတ်လိုက်ပြီး ကားမှာ မြှားတစ်စင်းကဲ့သို့ ထွက်ခွာသွားလေ တော့သည်။

All Chapters