← Chapters

အခန်း (၁၂၃-၁၂၄)

Vol. 13 Ch. 123-124

အခန်း (၁၂၃-၁၂၄)

Vol. 13 Ch. 123-124

အခန်း (၁၂၃) လက်ဖက်ရည် သောက်ခြင်း

ကားသည် မြို့ပတ်အမြန်လမ်းမကြီးတစ်လျှောက် အရှိန်ပြင်းစွာ မောင်းနှင်သွားစဉ် ရွှီပေါ်အန်း၏ စိတ်ထဲတွင် ခံစားချက်မျိုးစုံ ပြည့်နှက်နေခဲ့လေသည်။

ယခင်အချိန်က သူသည် ဤလမ်းပိုင်းတစ်နေရာ၏ မြေတိုင်းတာခြင်းနှင့် ပုံစံချခြင်း လုပ်ငန်းများတွင်ပင် ပါဝင်ခဲ့ဖူးလေသည်။

ထိုစဉ်က သူ၏ အကြီးမားဆုံး အိပ်မက်မှာ စီမံကိန်းမန်နေဂျာ၏ ယောက်ဖဖြစ်သူ ယာဉ်မောင်းအား ဂရုစိုက်နေ ရန် မလိုဘဲ မိမိ၏ ကိရိယာများကို သယ်ဆောင်ကာ သွားလိုရာသို့ သွားနိုင်ရန် ပစ်ကပ်ကား တစ်စီး ပိုင်ဆိုင်ခွင့်ရ ရေးပင် ဖြစ်ပေသည်။

အင်ဂျင်နီယာတစ်ဦးအဖြစ် အိပ်မက်မက်ခဲ့ရသော ဆယ်နှစ်တာ ကာလအပြီးတွင်တော့ နောက်ဆုံး၌ သူတို့သည် အောင်မြင်မှု အနည်းငယ်ကို ရရှိခဲ့ပြီ ဖြစ်လေ၏။

နောက်ထပ် နှစ်မိနစ်ခန့် မောင်းနှင်ပြီးနောက် ကားသည် ခုံးကျော်တံတားပေါ်သို့ တက်ရောက်သွားခဲ့လေသည်။

ခရီးသည်ထိုင်ခုံတွင် ထိုင်နေသော အမျိုးသမီးက ရုတ်တရက် စကားပြောလာခဲ့ပြီး သူမ၏ အသံတွင် လွမ်းဆွေး မှုများ ပြည့်နှက်နေလျက်ရှိနေခဲ့လေသည်။

"ကျေးဇူးပြုပြီး ကျွန်မကို ဒီနေရာမှာပဲ ချပေးပါ...။"

သူမ၏ အသံမှာ အလွန် သာယာနာပျော်ဖွယ် ကောင်းလှ၏။ သူမ ဆိုလိုက်သော စကားလုံးတိုင်းက သက်တောင့် သက်သာရှိသော ခံစားချက်ကို ပေးစွမ်းနိုင်လေသည်။ သူမ၏ စိတ်ဓာတ်ကျဆင်းနေမှု လွှမ်းမိုးမှုအောက်တွင် ၎င်း က အထီးကျန်မှုနှင့် စိတ်ပျက်အားငယ်မှု ခံစားချက်တို့ကို ဖော်ညွှန်းနေပုံရပြီး လူတိုင်းကို ကိုယ်ချင်းစာစိတ်နှင့် နားလည်မှုတို့ကို ခံစားရစေပေသည်။

ရွှီပေါ်အန်းသည် လူငယ်တစ်ဦး မဟုတ်တော့ဘဲ စိတ်ခံစားမှုများနှင့် ပတ်သက်လာလျှင်လည်း ထိုမျှလောက် အလွယ်တကူ ခံစားလွယ်သူ မဟုတ်ချေ။ ဤအသံကို အသံသရုပ်ဆောင်ရာတွင် အသုံးမပြုခြင်းမှာ နှမြောစ ရာကောင်းသည်ဟုပင် သူ ထင်မှတ်မိလေ၏။

ရွှီပေါ်အန်းသည် အပြင်ဘက်ရှိ ခုံးကျော်တံတား၏ အကာအရံကို လှမ်းကြည့်လိုက်ပြီး အခြေအနေကို ပေါ့ပါး သွားစေရန် ကြိုးပမ်းသည့်အနေဖြင့် ပြောလိုက်လေသည်။

"ဟေး မိန်းကလေး...၊ မင်းက ကျေးဇူးကို အငြိုးနဲ့ ပြန်ဆပ်ဖို့ အစီအစဉ် ရှိနေတာတော့ မဟုတ်ပါဘူးနော်...။"

ရွှီပေါ်အန်း၏ စကားကြောင့် ရှုပ်ထွေးသွားပုံရသော အမျိုးသမီးသည် သူ့ကို လှည့်ကြည့်လာခဲ့၏။ သူမသည် မျက်နှာတစ်ဝက်နီးပါးကို ဖုံးကွယ်ထားသော နေကာမျက်မှန်ကို တပ်ဆင်ထားသော်ငြားလည်း သူမ အံ့အားသင့် နေမည်ကို ရွှီပေါ်အန်း သိမြင်နိုင်ပေသည်။

ရွှီပေါ်အန်းက ဆက်ပြောလေသည်။

"တကယ်ပဲ မင်း ဒီနေရာမှာ ဆင်းချင်တာဆိုရင် အကာအရံကို ကျော်တက်ပြီး အောက်ကို ခုန်ချဖို့ စဉ်းစား နေတာ ဖြစ်ရမယ်...။"

"ဒီလို ကျော်တက်ဖို့က မင်းအတွက် တော်တော်လေး လွယ်ကူမှာပါ...။ မင်းမှာ ရှည်လျားတဲ့ ခြေတံတွေ ရှိနေ တော့ ခြေထောက်ကို မြှောက်ပြီး လှမ်းလိုက်ရုံပဲလေ...။ ခုန်ချဖို့ကလည်း လွယ်ပါတယ်...၊ မျက်လုံးကို မှိတ်ထား လိုက်ရုံပါပဲ...."

"ဒါပေမယ့် အဲဒီလုပ်ရပ်က ငါ့ကို ဒုက္ခရောက်စေလိမ့်မယ်ဆိုတာကို မင်း စဉ်းစားမိရဲ့လား...။ ဘာပဲဖြစ်ဖြစ် မင်းကို ဒီကို ခေါ်လာတာ ငါ့ကားလေ...၊ ဒီရက်ပိုင်း လမ်းပေါ်မှာ နေရာတိုင်း ကင်မရာတွေ ရှိနေတာ...။ ငါကတော့ ဘယ်လိုပဲဖြစ်ဖြစ် ပြဿနာကြီးကြီးမားမား တက်တော့မှာပဲ...။"

ရွှီပေါ်အန်း၏ စကားကို ကြားသောအခါ အေးစက်သော မျက်နှာအမူအရာဖြင့် စိတ်ဓာတ်ကျဆင်းနေခဲ့သော အမျိုးသမီးသည် ရုတ်တရက် အသံထွက်ကာ ရယ်မောလိုက်လေတော့သည်။

ပွင့်လန်းနေသော လှပသည့် ပန်းလေးတစ်ပွင့်ကဲ့သို့ သူမ၏ နှုတ်ခမ်းထောင့်များက အနည်းငယ် ကွေးညွတ်သွား ခဲ့လေသည်။ သူမ၏ မျက်နှာသွင်ပြင်ကို ပြင်ပအရာဝတ္ထုများက ဖုံးကွယ်ထားသော်လည်း သူမ၏ အလှတရားကို မူ လျစ်လျူရှု၍ မရနိုင်ပေ။

သူမ၏ အပြုံးက ကားယာဉ်မောင်းခန်းအတွင်းရှိ ဖိနှိပ်နေသော လေထုကို ပြယ်လွင့်သွားစေပုံရလေသည်။

"ရှင် တော်တော်ဆိုးတာပဲ...။ တံတားပေါ်ကနေ ခုန်ချမယ်လို့ ဘယ်သူက ပြောလို့လဲ...၊ လေညှင်းခံပြီး လမ်းလျှောက်ရင်း တစ်ယောက်တည်း အေးအေးဆေးဆေး နေချင်ရုံလေးပါ...။"

ထိုသို့ပြောရင်း အမျိုးသမီးသည် သူမ၏ နေကာမျက်မှန်ကို ချွတ်လိုက်ကာ နီရဲနေသော နှုတ်ခမ်းအစုံကို အနည်း ငယ် ဟဟလေးဖွင့်၍ ပြောလေ၏။

"ဒီနေ့ကိစ္စအတွက် တကယ်ပဲ တောင်းပန်ပါတယ်...။ ရှင့်ကို ဒုက္ခပေးမိသွားပြီ...။"

သူမ မျက်မှန်ကို ချွတ်လိုက်သောအခါ သူ့ရှေ့ရှိလူမှာ တုန်းကျန်း ရုပ်သံ မှ အစီအစဉ်တင်ဆက်သူ အလှမယ် အိုယန်နာကျား ဖြစ်နေကြောင်း ရွှီပေါ်အန်း သဘောပေါက်သွားခဲ့လေသည်။

ရွှီပေါ်အန်းသည် သူမ၏ လှပသော မျက်နှာကို ယခင်က ရုပ်မြင်သံကြားတွင် မကြာခဏ မြင်တွေ့ဖူးခဲ့ပြီး မကြာ သေးမီက တုန်းကျန်း ဟိုတယ် တွင်လည်း သူမနှင့် တစ်ကြိမ် ဆုံတွေ့ခဲ့ဖူးကာ စကားအနည်းငယ် ဖလှယ်ခဲ့ဖူး လေသည်။

သူမ နေကာမျက်မှန် တပ်ထားသည်မှာလည်း မဆန်းပေ။ အဘယ်ကြောင့်ဆိုသော် သူမသည် တုန်းကျန်းမြို့ ၏ လူသိများသော ပုဂ္ဂိုလ်တစ်ဦး ဖြစ်ပြီး လမ်းပေါ်တွင် သူမအား မှတ်မိရန် အလွန်လွယ်ကူသောကြောင့် ဖြစ် လေသည်။

ပွဲလမ်းသဘင်များ တက်ရောက်ခြင်း သို့မဟုတ် ဈေးဝယ်ထွက်ခြင်းများ ပြုလုပ်သည်ဖြစ်စေ၊ ပရိသတ်များနှင့် ဓာတ်ပုံရိုက်ခြင်းများ ပြုလုပ်သည်ဖြစ်စေ ကိစ္စမရှိပေ။ သို့သော် ထိုကဲ့သို့သော သူတစ်ဦးနှင့် ပဋိပက္ခဖြစ်ခြင်း သို့မဟုတ် အငြင်းပွားခြင်းများကို သူတစ်ပါး မြင်တွေ့သွားခြင်းမှာ ကောင်းသော ကိစ္စရပ် မဟုတ်ချေ။

ရွှီပေါ်အန်းသည် ကားမောင်းနေသဖြင့် ထိုလှပသော အမျိုးသမီးထံသို့ သူ၏ အာရုံကို မစူးစိုက်ရဲချေ။ သူသည် ရှေ့တည့်တည့်သို့သာ ကြည့်ကာ ပြုံးလျက် ပြောလိုက်လေ၏။

"ကျေးဇူးတင်စရာ မလိုပါဘူး...၊ စကားများလွန်းတဲ့ အဲဒီခွေးကောင်ရဲ့ အပြစ်တွေပါပဲ...။ မဟုတ်ရင် ကျွန်တော် လည်း ဝင်ပါချင်မှ ပါမိမှာ...။"

အိုယန်နာကျားသည် သူမ၏ ကော်လာနှင့် ဆံပင်ကို အနည်းငယ် ပြင်လိုက်ပြီး တည်ငြိမ်စွာ ပြောလိုက်လေသည်။

"ခုနက အဲဒီလို ဖြစ်သွားတာကို ရှင် မြင်သွားရတဲ့အတွက် တောင်းပန်ပါတယ်...။"

သူမ စကားမဆုံးမီမှာပင် ရုတ်တရက် ရပ်တန့်သွားပြီး သူမ၏ အကြည့်များသည် မသိစိတ်ကပင် တစ်ဖက်သို့ စူးစိုက်သွားခဲ့လေ၏။

ရွှီပေါ်အန်းသည် မသိစိတ်ကပင် လှမ်းကြည့်လိုက်ရာ သူမသည် ခရီးသည်ဘက်ရှိ နောက်ကြည့်မှန်ကို စူးစိုက်စွာ ကြည့်နေကြောင်း တွေ့လိုက်ရလေသည်။

ရွှီပေါ်အန်းသည် နောက်ကြည့်မှန်ကို ခေတ္တမျှ ကြည့်လိုက်ရာ အနီရောင် ဖာရာရီ စူပါကားတစ်စီး အနောက်မှ အနီးကပ် လိုက်လာသည်ကို သတိပြုမိသွားခဲ့လေ၏။

စူပါကား၏ မြင့်မားသော အရှိန်တင်စွမ်းဆောင်ရည်ကြောင့် ကားနှစ်စီးကြား အကွာအဝေးမှာ တဖြည်းဖြည်း ကျဉ်းမြောင်းလာပြီး စူပါကားက သူတို့ကို ကျော်တက်မည့် အရိပ်အယောင်များပင် ရှိနေလေသည်။

အမီလိုက်လာသောသူမှာ ယခင်က ထိုမောက်မာသောကောင် ဖြစ်ကြောင်းကို မခန့်မှန်းဘဲနှင့်ပင် သိသာ ထင်ရှားလှပေသည်။

တစ်ဖက်လူ၏ လက်မလျှော့သော သဘောထားကို မြင်သောအခါ ရွှီပေါ်အန်း၏ ပြိုင်ဆိုင်လိုစိတ်များလည်း နိုးကြွလာခဲ့လေတော့သည်။

ဘာပဲဖြစ်ဖြစ် အမျိုးသား အများစုအတွက် မိမိတို့၏ ကားသည် တစ်ဖက်လူထက် ညံ့ဖျင်းနေလျှင်တောင်မှ သူတစ်ပါးကား၏ အိတ်ဇောငွေ့များကို မရှူရှိုက်လိုကြပေ။ ထို့အပြင် ရွှီပေါ်အန်းသည် ကောင်းသောလုပ်ရပ် တစ်ခုကို အဆုံးတိုင်အောင် လုပ်ဆောင်ရန် ရည်ရွယ်ထားသဖြင့် သဘာဝကျကျပင် ထိုခွေးကောင်ကို အမီလိုက် ခွင့်မပေးလိုဘဲ အိုယန်နာကျားနှင့် ထပ်မံ၍ ရောထွေးပတ်သက်ခြင်းမျိုးကို မလိုလားခဲ့ချေ။

"သေချာလေး ကိုင်ထား...။"

ထိုသို့ပြောရင်း ရွှီပေါ်အန်းသည် လီဗာကို အားကုန် နင်းချလိုက်လေတော့သည်။

သို့သော် ရွှီပေါ်အန်းသည် ကြမ်းတမ်းသော အမှန်တရားကို မကြာမီပင် သဘောပေါက်သွားခဲ့လေသည်။

ကျယ်ဝန်းပြီး ပြန့်ပြူးသော လမ်းမပေါ်တွင် ရွှီပေါ်အန်းအနေဖြင့် လီဗာကို အဆုံးထိ နင်းထားလျှင်ပင် စူပါကား တစ်စီး၏ အမြန်နှုန်းကို မယှဉ်နိုင်ခဲ့ချေ။

ထို့အပြင် မြို့ပတ်အမြန်လမ်းမကြီးပေါ်တွင် ယာဉ်ကြောပိတ်ဆို့မှု ပြသသည့် မီးပွိုင့်များ မရှိသောကြောင့် မည်သည့် ထိန်းချုပ်မှုမျှမရှိဘဲ အရှိန်တင်ထားသော စူပါကားတစ်စီးမှာ လမ်းမပေါ်ရှိ ဘုရင်တစ်ပါးနှင့်ပင် တူညီနေလေတော့သည်။

ကားနှစ်စီး နီးကပ်လာသည်နှင့်အမျှ ရွှီပေါ်အန်းသည် သူ၏ ယာဉ်မောင်းကျွမ်းကျင်မှုကို မြှင့်တင်ရန် အမွှေးတိုင် ပူဇော်မှု စွမ်းအား ကို အသုံးပြုရန် စဉ်းစားမိလိုက်လေသည်။

ဤအတွေး ပေါ်လာသည်နှင့် တစ်ပြိုင်နက် ရွှီပေါ်အန်းသည် အမွှေးတိုင် ပူဇော်မှု စွမ်းအား၏ တုန်ခါမှုကို ရှင်းလင်းစွာ ခံစားလိုက်ရလေသည်။

ယင်းက အမွှေးတိုင် ပူဇော်မှုနှင့် ဆုတောင်းပတ္ထနာပြုမှု စွမ်းအားကို အသုံးပြု၍ သူ၏ ယာဉ်မောင်းစွမ်းရည်ကို မြှင့်တင်ရန် သူ၏ စိတ်ကူးသည် ဖြစ်နိုင်ခြေရှိကြောင်းကို ပြသနေခဲ့လေသည်။

သို့သော် ကားသည် လမ်းပေါ်တွင် အရှိန်ပြင်းစွာ မောင်းနှင်နေဆဲဖြစ်ရာ ဤအချိန်တွင် သူ၏ ယာဉ်မောင်း စွမ်းရည်ကို မြှင့်တင်ရန် ရွှီပေါ်အန်း လုံးဝ မရဲဝံ့ခဲ့ချေ။

အဘယ်ကြောင့်ဆိုသော် သူသည် သူ၏စွမ်းရည်များကို မြှင့်တင်ရန် အမွှေးတိုင် ပူဇော်မှုနှင့် ဆုတောင်းပတ္ထနာ ပြုမှု စွမ်းအားကို အားကိုးသည့် အကြိမ်တိုင်းတွင် ခေတ္တမျှ အာရုံလွင့်ပါးသွားသည့် အခြေအနေကို ကြုံတွေ့ရ မည်ကို သူ သိရှိထားသောကြောင့် ဖြစ်လေသည်။

ဤအချိန်ကာလမှာ စက္ကန့်အနည်းငယ်မှ ဆယ်စက္ကန့်ကျော်အထိသာ တိုတောင်းသော်ငြားလည်း မြင့်မားသော အရှိန်ဖြင့် မောင်းနှင်နေချိန်တွင် မသိစိတ်ကပင် မီတာရာပေါင်းများစွာ အထိ မောင်းနှင်သွားနိုင်သည်ဟု ဆိုလို ခြင်းဖြစ်ရာ အလွန်တရာ အန္တရာယ်များလှပေသည်။

ရွှီပေါ်အန်းသည် မျှော်လင့်မထားသော တစ်စုံတစ်ရာ ဖြစ်ပေါ်လာမည်ကို စိုးရိမ်မိသဖြင့် ထိုအတွေးကို ဖိနှိပ်ထားလိုက်လေ၏။

မည်သို့ပင်ဆိုစေကာမူ လူလတ်ပိုင်းအရွယ်ရှိ လူများသည် တည်ငြိမ်မှုကို ဦးစားပေးသင့်ပေသည်။

ထို့အပြင် ရွှီပေါ်အန်းသည် ယုံကြည်မှု အပြည့်အဝရှိနေပြီး ပိုမိုကောင်းမွန်သော ဘဝတစ်ခုကို ပွေ့ဖက်ရန် အဆင်သင့် ဖြစ်နေပြီဖြစ်ရာ သူ၏ ဘေးကင်းလုံခြုံရေးကို ဤအရာဖြင့် လုံးဝ လောင်းကြေးမထပ်လိုချေ။

ဤအရာကို တွေးမိသောအခါ ရွှီပေါ်အန်းသည် အဝေးသို့ လှမ်းကြည့်လိုက်ပြီး သူ၏ မျက်လုံးများကို အနည်းငယ် ကျဉ်းမြောင်းလိုက်ပြီးနောက် မျက်လုံးများ အရောင်လက်သွားပြီး ဘရိတ်ကို ညင်သာစွာ နင်း၍ အနည်းငယ် အရှိန်လျှော့လိုက်လေသည်။

ခရီးသည်ထိုင်ခုံတွင် ထိုင်နေသော အိုယန်နာကျားသည်လည်း ယာဉ်အရှိန်လျော့သွားသည်ကို ခံစားလိုက်ရလေ ၏။ သူမသည် နောက်ကြည့်မှန်ကို လှမ်းကြည့်လိုက်ရာ ဖာရာရီ စူပါကားမှာ အလွန် နီးကပ်နေပြီဖြစ်ပြီး မီးများ ဖွင့်ကာ ချဉ်းကပ်လာသည်ကို တွေ့လိုက်ရလေသည်။

အိုယန်နာကျားသည် လက်လျှော့လိုက်ဟန်ဖြင့် သက်ပြင်းချကာ ပြောလေ၏။

"ရှင် ဒုက္ခခံပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်...။ ကျွန်မ ဒီနေရာမှာပဲ ဆင်းပါတော့မယ်...။"

ပြောရင်းဆိုရင်း သူမသည် ထိုင်ခုံခါးပတ်ဆီသို့ လက်လှမ်းလိုက်လေသည်။

ရွှီပေါ်အန်းက တင်းမာစွာ ပြောလိုက်လေ၏။

"မလှုပ်နဲ့... ငြိမ်ငြိမ်ထိုင်နေ...။"

အိုယန်နာကျား တစ်စုံတစ်ရာ မေးခွန်းထုတ်ရန် အချိန်မရလိုက်မီမှာပင် ရွှီပေါ်အန်းသည် ရုတ်တရက် လီဗာကို ထပ်မံ နင်းလိုက်ရာ ယာဉ်သည် တစ်ဖန် အရှိန်ပြန်တက်လာခဲ့လေတော့သည်။

သူ၏ လုပ်ရပ်က အရှိန်စတင် လျှော့ချနေပြီဖြစ်သော အနောက်ဘက်မှ ဖာရာရီကား၏ ဒေါသကို ပိုမို ကြီးထွား လာစေခဲ့လေသည်။

" သောက်ကျိုးနည်း... မင်း ငါ့ကို လာကစားနေတာ မဟုတ်လား...။"

"စုတ်ပြတ်နေတဲ့ ပစ်ကပ်ကားတစ်စီးက ငါ့ရဲ့ စူပါကားကို ကျော်တက်ဖို့ ကြိုးစားနေတာလား...။ မင်း ရူးနေပြီ လား...။"

တစ်ခဏချင်းအတွင်းမှာပင် ဖာရာရီကားသည် အရှိန်ပြင်းစွာဖြင့် အမြန်ဆုံးနှုန်းသို့ ရောက်အောင် အမီလိုက်လာ ခဲ့လေသည်။

မကြာမီ ကားနှစ်စီးမှာ ယှဉ်လျက် မောင်းနှင်နေခဲ့လေသည်။

ဘေးရှိ ဖာရာရီကားသည် ပြတင်းပေါက်ကို ချကာ သူတို့ဘက်သို့ လှည့်၍ ရူးသွပ်စွာ ဆဲဆိုအော်ဟစ်နေလေ၏။

"အဲဒီနေရာမှာ ရပ်လိုက်စမ်း...၊ မဟုတ်ရင် မင်း နောင်တရသွားလိမ့်မယ်...။"

မြင့်မားသော အမြန်နှုန်းတွင် လေတိုက်ခတ်မှု ဒဏ်ကြောင့် အသံမှာ ပြတ်တောင်းပြတ်တောင်း ဖြစ်နေပြီး တစ်ဖက်လူ ဖော်ပြလိုသော ဒေါသနှင့် မောက်မာသော လေသံတို့မှာ လုံးဝ ပျောက်ကွယ်နေခဲ့လေသည်။

ရွှီပေါ်အန်းသည် တစ်ဖက်လူကို မထီမဲ့မြင်ဟန်ဖြင့် လှမ်းကြည့်လိုက်ကာ ပြုံးလိုက်ပြီး ရုတ်တရက် ဘရိတ်ကို တစ်ဖန် ပြန်နင်းလိုက်ကာ အဆုံးထိ ဖိနင်းထားလိုက်လေတော့သည်။

အားပြင်းသော အရှိန်အဟုန်ကြောင့် သူနှင့် အိုယန်နာကျားတို့သည် ရုတ်တရက် ရှေ့သို့ ထိုးကျသွားခဲ့လေ၏။

အိုယန်နာကျား၏ လှပသော ဆံကေသာများသည် လွင့်ပျံသွားပြီး ဆံပင်တစ်မျှင်က ရွှီပေါ်အန်း၏ နှာခေါင်းကို လာရောက်ပွတ်တိုက်သွားကာ သင်းပျံ့သော ရနံ့လေးတစ်ခုက သူ၏ နှာခေါင်းထဲသို့ ဝင်ရောက်လာပြီး သူ၏ ကိုယ်နှင့်စိတ်ကို လန်းဆန်းသွားစေခဲ့လေသည်။

ကားသည် ကျယ်လောင်သော အသံမည်ကာ အတန်အသင့် ဝေးကွာသော အကွာအဝေးတစ်ခုအထိ လျှော တိုက်သွားပြီးနောက် နောက်ဆုံးတွင် ရပ်တန့်သွားခဲ့ပြီး လမ်းပေါ်တွင် ရှည်လျားသော အမည်းရောင် မျဉ်းကြောင်း အချို့ကို ချန်ရစ်ထားခဲ့လေ၏။

လီဗာကို အဆုံးထိနင်းကာ အရှိန်ပြင်းစွာ မောင်းနှင်လာသော ဖာရာရီကားသည် တဘက်မှ ရုတ်တရက် ဘရိတ် အုပ်လိုက်သည်ကို မြင်သောအခါ သူ၏ အရေးပေါ် ဘရိတ်များကို အလျင်အမြန် အသုံးပြုလိုက်လေတော့သည်။

သို့သော် သူသည် ခြေလှမ်းတစ်လှမ်း နောက်ကျနေပြီ ဖြစ်သည့်အပြင် အရှိန်ကလည်း ပို၍ မြန်နေသောကြောင့် ဖာရာရီကားသည် ရွှီပေါ်အန်း၏ ဖို့ဒ် ရက်ပ်တာ ကားထက် မီတာတစ်ရာကျော်ခန့် အရှေ့သို့ ကျော်ထွက်သွားခဲ့ လေတော့သည်။

အဝေးပြေးလမ်းမကြီးများကဲ့သို့ပင် မြို့ပတ်အမြန်လမ်းမကြီးသည် တစ်လမ်းမောင်းသာ ဖြစ်လေသည်။ အခြား သော အဓိကလမ်းမကြီးများနှင့် ဆုံရာ လမ်းဆုံများတွင်သာ အထွက်ပေါက်များ ရှိပြီး လမ်းတံတားများနှင့် အကွေ့များမှ တစ်ဆင့် ယူကွေ့ ပြုလုပ်နိုင်ပေသည်။

ထို့ကြောင့် ဖာရာရီကားသည် ဘေးသို့ကပ်၍ ရပ်တန့်လိုက်သော်လည်း ယာဉ်ကြောရှုပ်ထွေးနေသော အမြန် လမ်းမကြီးပေါ်တွင် ချက်ချင်း ကွေ့ကာ ပြန်လည်မောင်းနှင်၍ မရနိုင်ပေ။

နီးကပ်လာရန် နည်းလမ်းနှစ်ခုသာ ရှိလေ၏။ တစ်ခုမှာ အန္တရာယ်ကို လျစ်လျူရှုကာ ရိုင်းစိုင်းစွာ နောက်ပြန်ဆုတ် ခြင်းဖြစ်ပြီး နောက်တစ်ခုမှာ ကားပေါ်မှဆင်း၍ လမ်းဘေး ပလက်ဖောင်းတစ်လျှောက် ပြေးလာခြင်းပင် ဖြစ်ပေ သည်။

ဖာရာရီကားထဲရှိ အမျိုးသားသည် ဒုတိယနည်းလမ်းကို ရွေးချယ်ခဲ့လေ၏။ သူသည် သူ၏ စုတ်ပြတ်နေသော အသက်ကို တန်ဖိုးထားနေဆဲ ဖြစ်ပုံရပေသည်။

ရွှီပေါ်အန်းသည် အေးအေးဆေးဆေးပင် စီးကရက်တစ်လိပ်ကို မီးညှိလိုက်ပြီး ထိုသူ ကားပေါ်မှ ဆင်းကာ ဆဲဆို ရင်း မီတာအနည်းငယ်ခန့် အမျက်ဒေါသဖြင့် ပြေးလာသည်ကို စောင့်ဆိုင်းနေခဲ့လေသည်။

ထိုသူသည် ဆယ်မီတာခန့် အကွာသို့ ရောက်ရှိလာချိန်တွင် ရွှီပေါ်အန်းသည် ရုတ်တရက် ကားကို စတင်လိုက်ပြီး ထိုသူ၏ ဒေါသတကြီး ကျိန်ဆဲသံများကြားမှ အရှိန်ပြင်းစွာဖြင့် မောင်းထွက်သွားလေတော့သည်။

ခရီးသည်ထိုင်ခုံတွင် ရှိနေသော အိုယန်နာကျားမှာ ရွှီပေါ်အန်း၏ လုပ်ရပ်ကြောင့် အတော်ပင် အံ့အားသင့်သွား ခဲ့လေသည်။

သူမသည် အတန်ကြာ ပြေးပြီးနောက် လက်လျှော့သွားသော ဒေါသထွက်နေသည့် အမျိုးသားကို နောက်ကြည့် မှန်မှတစ်ဆင့် လှမ်းကြည့်လိုက်ပြီးနောက် သက်ပြင်းတစ်ချက်ချကာ အသံထွက်၍ ရယ်မောလိုက်လေတော့ သည်။

"ရှင် တကယ်တော်တာပဲ...။ ဒါပေမယ့် သူက ကားပေါ်ကမဆင်းဘဲ နောက်ပြန်ဆုတ်လာရင် ဘယ်လိုလုပ်မ လဲ...။"

ရွှီပေါ်အန်းသည် ကားပြတင်းပေါက်မှ အပြင်ဘက်သို့ လက်ညှိုးထိုးပြကာ ပြောလိုက်လေ၏။

"ခုနက ငါတို့ ကားရပ်ခဲ့တဲ့ နေရာကနေ ညာဘက်ကို ကွေ့လိုက်ရင် တောင်ပေါ်တက်တဲ့ ဖြတ်လမ်းတစ်ခု ရှိတယ် လေ...။"

အိုယန်နာကျားသည် အနောက်သို့ ထပ်မံ လှမ်းကြည့်လိုက်ပြီး ပြောလေသည်။

"ဒါပေမယ့် အဲဒီမှာ လမ်းမှမရှိတာ...။"

ရွှီပေါ်အန်းသည် လမ်းညွှန်ဆိုင်းဘုတ်ကို ပုတ်လိုက်ပြီး ပြောလိုက်လေ၏။

"လောကကြီးမှာ မူလကတည်းက လမ်းဆိုတာ မရှိပါဘူး...။ လူတွေ အများကြီး လျှောက်လာကြတဲ့အခါ လမ်းတွေ ဖြစ်ပေါ်လာတာပါပဲ...။"

ရွှီပေါ်အန်း၏ ရုတ်တရက် စကားများကြောင့် အိုယန်နာကျားမှာ လုံးဝကို ဝေခွဲမရ ဖြစ်သွားခဲ့လေ၏။ ရွှီပေါ်အန်း က ဆက်ပြောလေသည်။

"ငါက ဒီလမ်းပိုင်း တည်ဆောက်ရေးမှာ ပါဝင်ခဲ့ဖူးတယ်...။ ခုနက ငါတို့ ကားရပ်ခဲ့တဲ့နေရာဘေးက မြက်ခင်းပြင် ပေါ်မှာ စွန့်ပစ်ထားတဲ့ တဲအိုတွေက ငါတို့ ချန်ထားခဲ့တာတွေပဲ...။ အဲဒီ မြက်ခင်းပြင်ကို ဖြတ်ကျော်သွားလိုက်တာ နဲ့ ကွေ့ကောက်နေတဲ့ တောင်ပေါ်လမ်းအတိုင်း မြို့အရှေ့ဘက်က ဟင်းသီးဟင်းရွက် လက်ကားဈေးကို ရောက်နိုင် တယ်...။ အဲဒီ စပေါ့ကားက လမ်းဘေး ပလက်ဖောင်းကိုတောင် ကျော်နိုင်မှာ မဟုတ်ပါဘူး...။"

အိုယန်နာကျားက ပြုံးလျက် ပြောလေ၏။

"ရှင့်လေသံက အနည်းငယ် စိတ်ပျက်နေတဲ့ပုံပဲ...။ ရှင်က ရှင့်ကားရဲ့ သာလွန်တဲ့ စွမ်းဆောင်ရည်ကို ကြွားလုံး ထုတ်နိုင်ဖို့ သူက ကားနဲ့ လိုက်ဖမ်းလာမှာကို မျှော်လင့်နေပုံပဲနော်...။"

ရွှီပေါ်အန်းက ပြုံးလျက် ပြောလေသည်။

"ဘာပဲဖြစ်ဖြစ် ဒါက ရှားပါးတဲ့ အခွင့်အရေးတစ်ခုပဲလေ...။ သာမန်အချိန်ဆိုရင် ငါ့ရဲ့ ကားသစ်ကို အဲဒီလို ဖျက်ဆီးပစ်ဖို့ ငါ ဘယ်တော့မှ ဆန္ဒရှိမှာ မဟုတ်ဘူး...။ ဒါက လမ်းကြမ်းမောင်းနှင်ဖို့အတွက် အခွင့်အရေး ကောင်းတစ်ခုပဲ...။ အကယ်၍ ကားသာ ပျက်စီးသွားရင် မင်းက ဒီအတိုင်း လက်ပိုက်ကြည့်နေမှာတော့ မဟုတ်ဘူးမလား...။"

အိုယန်နာကျားသည် ပါးစပ်ကိုအုပ်ကာ အတန်ကြာ ရယ်မောလိုက်ပြီးနောက် လုပ်ငန်းသုံး ကတ်ပြားတစ်ခုကို ထုတ်၍ ကားထဲတွင် တင်ထားခဲ့ကာ ပြောလိုက်လေသည်။

"ဒီနေ့အတွက် တကယ်ကို ကျေးဇူးတင်ပါတယ်...။ ရှေ့နားရောက်ရင် ညာဘက်ကို ကွေ့ပြီး ဝမ်တန်း ပလာဇာ အနောက်ဘက်က ဗဟိုဗီလာ ရဲ့ ပင်မဝင်ပေါက်မှာပဲ ကျွန်မကို ချပေးပါနော်...။"

ရွှီပေါ်အန်းမှာ မမေးဘဲ မနေနိုင်တော့ချေ။

"မင်း အဲဒီမှာ နေတာလား...။"

အိုယန်နာကျားက ခါးသက်စွာ ပြုံးရင်း ပြောလိုက်လေသည်။

"နားလည်မှု မလွဲပါနဲ့...၊ ယာယီ ငှားနေတာလေးပါ...။ အဲဒီလောက် ဈေးကြီးတဲ့ အိမ်ကို ကျွန်မ မတတ်နိုင်ပါ ဘူး...။"

ပေါ့ပေါ့ပါးပါး စကားအနည်းငယ် ပြောဆိုပြီးနောက် ရွှီပေါ်အန်း၏ ဖို့ဒ် ရက်ပ်တာ ကားသည် ဗဟိုဗီလာ ၏ ဂိတ်ပေါက်သို့ ရောက်ရှိနေပြီ ဖြစ်လေသည်။

ယာဉ်၏ အရှေ့ပိုင်းသည် အလိုအလျောက် ပွင့်သော ဂိတ်ပေါက်ဆီသို့ ဖြည်းညင်းစွာ ချဉ်းကပ်သွားပြီး တည့် တည့်တွင် ရပ်တန့်သွားလေ၏။

အိုယန်နာကျားသည် သူမ၏ ထိုင်ခုံခါးပတ်ကို ဖြုတ်လိုက်ပြီး ကြင်နာစွာ ပြောလိုက်လေသည်။

"ဝင်ပေါက်မှာပဲ ချပေးပါ...၊ ဒီနေရာက တင်းကျပ်တယ်...။ အထဲဝင်ဖို့ သိပ်မလွယ်ဘူး...။"

သူမ စကားပြောအပြီးမှာပင် ရွှီပေါ်အန်းသည် သူ၏ယာဉ်ကို အလိုအလျောက် ဂိတ်ပေါက်၏ အရှေ့သို့ မောင်းနှင် သွားလေတော့သည်။

ထို့နောက် ချက်ချင်းဆိုသလိုပင် ပေါင်းစပ်ထားသော အီလက်ထရောနစ် အသံတစ်ခု ထွက်ပေါ်လာလေသည်။

"ချစ်ခင်ရပါသော အိမ်ရှင်...၊ အိမ်အပြန်ကို ကြိုဆိုပါတယ်...။"

အိုယန်နာကျားမှာ အံ့အားသင့်သွားခဲ့လေသည်။ ထိုင်ခုံခါးပတ် ဖြုတ်နေသော လုပ်ရပ်မှာ ရုတ်တရက် ရပ်တန့် သွားပြီး သူမသည် ရွှီပေါ်အန်းကို သိသာထင်ရှားစွာ အံ့အားသင့်လျက် လှမ်းကြည့်လိုက်လေ၏။

ထို့နောက် တစ်ခဏချင်းအတွင်းမှာပင် သူမ စိတ်သက်သာရာ ရသွားခဲ့လေသည်။

သူမရှေ့ရှိ ဤအမျိုးသားသည် သန်းပေါင်းများစွာတန်သော ဧကရာဇ်ကျောက်စိမ်းတုံး ကိုပင် ပေါ့ပေါ့ပါးပါးပင် ပေးကမ်းနိုင်သူတစ်ဦး ဖြစ်ကြောင်း သူမ ရုတ်တရက် သဘောပေါက်သွားခဲ့လေသည်။

ဤမျှ ရက်ရက်ရောရော သုံးစွဲနိုင်သူများသည် သဘာဝကျကျပင် များပြားလှသော စည်းစိမ်ကြွယ်ဝမှုကို ပိုင်ဆိုင် ထားမည်ဖြစ်ရာ သူတို့ ဤနေရာတွင် ဗီလာတစ်လုံး ဝယ်ယူနိုင်ခြင်းမှာ အံ့သြစရာ မဟုတ်ပေ။

ရွှီပေါ်အန်းသည် ပခုံးတွန့်ကာ ရယ်မောလိုက်လေ၏။

"တိုက်ဆိုင်လိုက်တာ... ငါလည်း ဒီမှာ နေတာပဲ...။ မင်းအိမ်နံပါတ်က ဘယ်လောက်လဲ...၊ ငါတို့ အိမ်နီးချင်းတွေ ဖြစ်နေမလားလို့ပါ...။"

သေချာသည်မှာ လောကကြီးတွင် ထိုမျှလောက် တိုက်ဆိုင်မှုများစွာ မရှိနိုင်ချေ။ အိုယန်နာကျားသည် သူမ၏ လိပ်စာနံပါတ်ကို ပေါ့ပေါ့ပါးပါး ပေးလိုက်ရာ သေချာပေါက် သူမသည် ရွှီပေါ်အန်း၏ အိမ်နီးချင်း မဟုတ်ခဲ့ပေ။

ထို့အပြင် ထိုနှစ်ဦးမှာ အတော်လေး ဝေးကွာစွာ နေထိုင်ကြပြီး တစ်ဦးက အရှေ့ဘက်တွင် ရှိကာ နောက်တစ်ဦး က အနောက်ဘက်တွင် ရှိနေလေသည်။

ရွှီပေါ်အန်းကလည်း ပြုံးလျက် သူ၏ အိမ်နံပါတ်ကို သူမအား ပြောပြလိုက်လေ၏။

ရွှီပေါ်အန်း သူ၏လိပ်စာကို ပြောပြသည်ကို ကြားသောအခါ အိုယန်နာကျားသည် အကြောင်းပြချက်မရှိဘဲ စိတ်ပျက်သွားသကဲ့သို့ ခံစားလိုက်ရပြီး သူမ၏ စိတ်နှလုံးထဲသို့ နောင်တတရား အရိပ်အယောင်တစ်ခု ဝင်ရောက်လာသကဲ့သို့ပင်။

အိုယန်နာကျား နေထိုင်ရာ အိမ်ရှေ့တွင် ကားရပ်သွားခဲ့လေသည်။ အိုယန်နာကျားသည် သူမ၏ ဆံပင်ကို ပစ်ချ လိုက်ပြီး ကားတံခါးကိုဖွင့်ကာ လှည့်ကြည့်လိုက်ပြီး နှုတ်ခမ်းကိုစူကာ တုံ့ဆိုင်းစွာဖြင့် ပြောလေ၏။

"ဒီနေ့ ကူညီပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်...။ အိမ်မှာ ဘယ်သူမှ မရှိဘူး...၊ လက်ဖက်ရည် တစ်ခွက် လောက် ဝင်သောက်သွားပါလား...။"

*လက်ဖက်ရည်... ဘာလက်ဖက်ရည်လဲ...၊ လက်ဖက်ရည်စိမ်းလား...။*

*ဒါက မင်းရဲ့ တောင်းပန်မှုကို ဖော်ပြတဲ့ နည်းလမ်းလား...။*

ရိုးရှင်းပြီး တိုက်ရိုက်ကျသော်လည်း ယနေ့တွင်မူ ၎င်းသည် မျှော်လင့်ထားသည့်အတိုင်း ဖြစ်မလာခဲ့ချေ။

ရွှီပေါ်အန်းသည် ပြုံး၍ ခေါင်းခါကာ ပြောလိုက်လေသည်။

"မသောက်တော့ပါဘူး...။ ဒီရက်ပိုင်း အဖေနဲ့အမေ ငါ့ဆီ လာနေကြတာ...၊ သူတို့က အချိန်ရခဲတော့ ငါ ပြန်ပြီး သူတို့နဲ့ အချိန်ဖြုန်းရဦးမယ်...။"

အိုယန်နာကျားသည် ပြုံးလိုက်ပြီး ရွှီပေါ်အန်းကို ထပ်မံ ကျေးဇူးတင်စကား ဆိုကာ ကားပေါ်မှ ဆင်းသွားလေ တော့သည်။

ခြေလှမ်းအနည်းငယ် လှမ်းပြီးနောက် သူမ ပြန်လှည့်လာခဲ့လေသည်။

ရွှီပေါ်အန်းသည် ကားပြတင်းပေါက်မှန်ကို ချလိုက်ရာ အိုယန်နာကျားသည် ကားပြတင်းပေါက်ကို မှီကာ သတိ ပေးလိုက်လေသည်။

"ခုနက ကျွန်မ ပြောဖို့ မေ့သွားတယ်...။ အဲဒီလူက ကျွန်မရဲ့ ဆယ်နှစ်ကျော် သက်တမ်းရှိတဲ့ ရည်းစားပါ...၊ ဒါမှ မဟုတ် အခုတော့ ရည်းစားဟောင်းပေါ့...။ သူ့ရဲ့ ဦးလေးက တုန်းကျန်း ကုန်သည်ကြီးများအသင်း ရဲ့ ဥက္ကဋ္ဌကျိုက် လေ...။ အကယ်၍ သူက ရှင့်ကို ပြဿနာ ထပ်ရှာဖို့ ကြိုးစားရင် ကျွန်မကို မဖြစ်မနေ ပြောပြရမယ်နော်...။"

ရွှီပေါ်အန်းက ပေါ့ပေါ့ပါးပါးပင် ပြုံးပြလျက်၊

"ငါက မိန်းမတွေကို အားကိုးတတ်တဲ့ အကျင့် မရှိပါဘူး...။"

အိုယန်နာကျား၏ မျက်နှာ ရဲမြန်းသွားပြီးနောက် သူမ၏ မျက်နှာပေါ်တွင် နောက်ပြောင်လိုသော အပြုံးတစ်ခု ပေါ်လာခဲ့လေသည်။

ထိုအခါမှသာ မိမိ စကားမှားသွားကြောင်း ရွှီပေါ်အန်း သဘောပေါက်သွားခဲ့လေ၏။ တုန်းကျန်းမြို့ ၏ ဒေသသုံး စကားတွင် "အားကိုးသည်" ဟူသော စကားလုံးသည် တစ်ခါတစ်ရံ ဆွေမျိုးများနှင့် ပတ်သက်သော နှုတ်ခွန်းဆက် စကားနှင့် အသံထွက် ဆင်တူနေတတ်သောကြောင့် ဖြစ်ပေသည်။

ထိုအရာအားလုံးကို တွေးမိသောအခါ ရွှီပေါ်အန်းသည် အနေခက်စွာဖြင့် ခေါင်းညိတ်လိုက်လေ၏။ ထို့နောက် အိုယန်နာကျားသည် လှည့်ကာ ပြန်သွားလေတော့သည်။

အိုယန်နာကျား ထွက်ခွာသွားသော ကျောပြင်ကို ကြည့်ရင်း ရွှီပေါ်အန်းသည် ညင်သာစွာ သက်ပြင်းချလိုက် လေတော့သည်။

တုန်းကျန်း ကုန်သည်ကြီးများအသင်း ၏ ဥက္ကဋ္ဌဆိုတာ တုန်းကျန်းမြို့ ၏ အချမ်းသာဆုံးပုဂ္ဂိုလ် ကျိုက်ချင်းရှန်း မဟုတ်ပါလား။

ကျိုက်ချင်းရှန်း သည် တုန်းကျန်းမြို့ တွင် သိသာထင်ရှားသော ဩဇာလွှမ်းမိုးမှုကို ပိုင်ဆိုင်ထားသူ ဖြစ်လေသည်။

တုန်းကျန်း ဆောက်လုပ်ရေးအုပ်စု တွင်လည်း သူတို့က ရင်းနှီးမြှုပ်နှံပြီး ဖွံ့ဖြိုးတိုးတက်စေသော စီမံကိန်း အများ အပြား ရှိနေပြီး ၎င်းတို့မှာ ဒဏ္ဍာရီလာ "ဖောက်သည်များ" ပင် ဖြစ်ပေသည်။

တုန်းကျန်း ဒုတိယဆောက်လုပ်ရေးကုမ္ပဏီ ၏ အင်ဂျင်နီယာချုပ် ဆိုသော ရွှီပေါ်အန်း၏ အဆင့်အတန်း တစ်ခု တည်းကိုသာ အခြေခံရမည်ဆိုလျှင် သူသည် ထိုသူများနှင့် ယှဉ်ပြိုင်ရန် အရည်အချင်းပင် မရှိချေ။

ဤအရာကို တွေးမိသောအခါ ရွှီပေါ်အန်း၏ စိတ်ထဲတွင် နောင်တရသလို အနည်းငယ် ခံစားလိုက်ရလေ၏။

*အခြေအနေက ဒီအထိ ရောက်လာပြီဆိုတော့ အဲဒီ လက်ဖက်ရည်တစ်ခွက်ကို ငါ ထပ်သောက်လို့ ရနိုင်မယ် ထင်ပါတယ်လေ။ မင်း သောက်သည်ဖြစ်စေ မသောက်သည်ဖြစ်စေ သူတို့ကိုတော့ စော်ကားပြီးသွားပြီလေ…။*

ရွှီပေါ်အန်းသည် အိမ်သို့ အလျင်အမြန် ပြန်လာခဲ့လေသည်။

သူ တံခါးကို ဖွင့်ရန် ပြင်လိုက်စဉ်မှာပင် အထဲမှ တံခါးပွင့်လာခဲ့လေသည်။

ရွှီပေါ်အန်းကို အံ့အားသင့်စေသည်မှာ တံခါးဖွင့်ပေးသူက ချန်ဖိန်ဖိန် ဖြစ်နေခြင်းပင်။

ချန်ဖိန်ဖိန် ယခုအချိန်ဆိုလျှင် ပြန်သွားလောက်ပြီဟု သူ ထင်မှတ်ထားခဲ့လေသည်။

ရွှီပေါ်အန်း ဤမျှ စောစော ပြန်ရောက်လာမည်ကို ချန်ဖိန်ဖိန်လည်း အလွန် အံ့အားသင့်သွားပြီး မသိစိတ်ကပင် သူ့ကို နှုတ်ဆက်လိုက်လေ၏။

"ရှင် ပြန်ရောက်လာပြီလား...။"

စကားပြောနေစဉ်မှာပင် သူမသည် စကားတစ်ခွန်းမျှ မဆိုဘဲ ရွှီပေါ်အန်း၏ လက်ထဲမှ လက်ဆွဲအိတ်ကို လှမ်းယူ လိုက်လေသည်။

သူ၏ အိမ်စီးဖိနပ်များကို ထုတ်ပေးရန် ချန်ဖိန်ဖိန် ဒူးထောက်လိုက်သောအခါ ရွှီပေါ်အန်းသည် ရုတ်တရက် အိမ်ထောင်သည်ဘဝ၏ ခံစားချက်ကို ခံစားလိုက်ရလေသည်။

ယနေ့တွင် ချန်ဖိန်ဖိန်သည် မီးခိုးရောင် လက်တိုဂါဝန်ကို ဝတ်ဆင်ထားပြီး သူမ၏ နက်မှောင်သော ဆံကေသာကို ရှားရှားပါးပါး ဆံထုံး လှပစွာ ထုံးဖွဲ့ထားရာ ၎င်းက သူမ၏ နူးညံ့သိမ်မွေ့ပြီး ရင့်ကျက်သော အမူအကျင့်ကို ပိုမို ပေါ်လွင်စေခဲ့လေသည်။

အိမ်အဝင်ဝရှိ နံရံကပ်မီးခွက်၏ အလင်းရောင်အောက်တွင် ဆွဲဆောင်မှုရှိသော နူးညံ့သည့် အလင်းရောင် တစ်ခု က သူမ၏ ဖြူဖွေးနုနယ်သော လည်တိုင်လေးပေါ်သို့ ကျရောက်နေလေသည်။

အလင်းဖျော့ဖျော့ မီးခိုးရောင် ခြေအိတ်ရှည်များဖြင့် ဖုံးအုပ်ထားသော ခြေသလုံးလေးများသည် ဆောင့်ကြောင့် ထိုင်နေသော ကိုယ်ဟန်အနေအထားကြောင့် ကျန်းမာပြီး ကျက်သရေရှိသော အလှတရားကို ဖော်ပြနေခဲ့လေ သည်။

*ဒီဝတ်စုံက လေယာဉ်မယ်တစ်ယောက်ရဲ့ ဝတ်စုံနဲ့ နည်းနည်း တူနေတယ်...။*

ရွှီပေါ်အန်းက ချန်ဖိန်ဖိန်ကို အကဲခတ်နေစဉ် ချန်ဖိန်ဖိန်၏ နှလုံးသားမှာ ပြင်းထန်စွာ ခုန်ပေါက်နေခဲ့လေသည်။ လွန်ခဲ့သည့် မိနစ်အနည်းငယ်ကပင် သူမသည် အလုပ်မှ ပြန်လာကာစ သူမ၏ ခင်ပွန်းဖြစ်သူကို မျှော်လင့် စောင့်စားနေရသကဲ့သို့ ခံစားချက်မျိုးကို ခံစားခဲ့ရပုံပေါ်လေသည်။

ချန်ဖိန်ဖိန်သည် ထိုအတွေးကို အလျင်အမြန် ပယ်ဖျက်လိုက်ပြီး ညင်သာစွာဖြင့် ပြောလာလေ၏။

"ရှင် ထမင်းမစားရသေးဘူး မဟုတ်လား...။ အန်တီနဲ့ ဦးလေးက ခုလေးတင် စားပြီးလို့ လမ်းလျှောက်ထွက်သွား ကြတယ်...။ ရှင် ဘာစားချင်လဲ...၊ ကျွန်မ တစ်ခုခု လုပ်ပေးမယ်လေ...။"

ရွှီပေါ်အန်းသည် အပေါ်အင်္ကျီကို ချွတ်ကာ သဘာဝကျကျပင် ချန်ဖိန်ဖိန်ထံသို့ ကမ်းပေးလိုက်ပြီး ပြောလေသည်။

"မလိုပါဘူး... အိမ်မှာ လက်ဖက်ရည် ရှိရင် လက်ဖက်ရည် တစ်ခွက်လောက် ဖျော်ပေးပါလား...။"

ရွှီပေါ်အန်းသည် စောစောက သူ သောက်ခွင့်မရခဲ့သော လက်ဖက်ရည်တစ်ခွက် အကြောင်းကို တွေးတောနေခဲ့ ခြင်း ဖြစ်လေသည်။

"လက်ဖက်ရည်စိမ်း ရှိတယ်...။ လက်ဖက်ရည်စိမ်းက ဆီးချိုရောဂါကို ကာကွယ်နိုင်တယ်လို့ ကြားလို့ ကျွန်မ ဝယ်ထားလိုက်တာ...။"

ချန်ဖိန်ဖိန်၏ ရှင်းပြချက်မှာ အကြောင်းပြချက် ခိုင်လုံပြီး အသေးစိတ်ကျလှပေသည်။

မည်သို့ပင်ဆိုစေကာမူ ဗီလာအတွင်းရှိ အရာအားလုံးကို ဝယ်ယူခဲ့သူမှာ ချန်ဖိန်ဖိန် ဖြစ်ပြီး ရွှီပေါ်အန်းမှာ အသေး စိတ် စာရင်းပြုစုရန် အချိန်မရခဲ့ချေ။

အိမ်တွင် မည်သည့် အစားအသောက်နှင့် အချိုရည်များ ရှိနေကြောင်းကို သူကိုယ်တိုင်ပင် မသိရှိခဲ့ပေ။

ရွှီပေါ်အန်းသည် အားနာမနေတော့ဘဲ ခေါင်းညိတ်လိုက်သော်လည်း သူ၏ စိတ်ထဲတွင်တော့ တွေးနေခဲ့လေ၏။

*ဘုရားရေ... ငါ ဒီနေ့ အဲဒီ လက်ဖက်ရည်စိမ်း နဲ့ တကယ်ပဲ ငြိစွန်းရတော့မယ် ထင်တယ်...။*

*ငါ ခုလေးတင် တစ်ခွက်ကို ငြင်းပယ်ခဲ့တာ... အခု နောက်တစ်ခွက် သောက်ရတော့မယ်…။*

"အနားယူလိုက်ဦး... ခဏနေရင် ရပါပြီ...။"

ချန်ဖိန်ဖိန်က တုံ့ပြန်ပြောဆိုကာ ထွက်သွားလေသည်။

ရွှီပေါ်အန်းသည် ဆိုဖာပေါ်တွင် ထိုင်ကာ လက်ဖက်ရည်သောက်ရင်း သူ၏ ဖုန်းထဲရှိ အဖွဲ့၏ လုပ်ငန်းခွင် ဂရုထဲမှ မက်ဆေ့ခ်ျများကို ပွတ်ဆွဲဖတ်ရှုနေခဲ့လေ၏။ တိုးညင်းသော ခြေသံများကို ကြားလိုက်ရသဖြင့် ခေါင်းလှည့်ကြည့် လိုက်ရာ ရေဇလုံတစ်လုံးကို ကိုင်ဆောင်ကာ ပခုံးပေါ်တွင် မျက်နှာသုတ်ပဝါတစ်ထည် တင်ထားလျက် လျှောက် လာသော ချန်ဖိန်ဖိန်ကို တွေ့လိုက်ရလေသည်။

"ရှင် တစ်နေကုန် ပင်ပန်းထားတာပဲ...၊ ခြေထောက်ဆေးလိုက်ဦးလေ...။ ဒါက ရှင့်ကို သက်တောင့်သက်သာ ဖြစ်စေလိမ့်မယ်...။"

ချန်ဖိန်ဖိန်က ညင်သာစွာ ပြုံးလျက် ပြောလိုက်လေသည်။

ရွှီပေါ်အန်းသည် ရေခွက်ကို အနည်းငယ် အနေခက်စွာ ချထားလိုက်ပြီး၊

"ငါ့ဟာငါ လုပ်လိုက်ပါ့မယ်...။"

ချန်ဖိန်ဖိန်က ပြုံးလျက်၊

"ရှင်က ကျွန်မကို လစာတွေ အများကြီး ပေးထားတာလေ...။ နေ့တိုင်း ဒီလို အလုပ်နည်းနည်းလေးပဲ လုပ်ရတာ ကျွန်မ အားနာလို့ပါ...။ ဒါ့အပြင် ခြေဖဝါး နှိပ်နယ်တဲ့ နည်းစနစ်အချို့ကို ကျွန်မ ဘာသာကျွန်မ လေ့လာထားသေး တယ်...။ ရှင် စမ်းကြည့်ပါလား...။"

ထိုစကားကို ကြားသောအခါ ရွှီပေါ်အန်းသည် သဘောတူသည့်အနေဖြင့် ခေါင်းညိတ်လိုက်ပြီး ပြောလေသည်။

ရွှီပေါ်အန်း၏ ခြေထောက်များကို နှိပ်နယ်ပေးနေစဉ် ချန်ဖိန်ဖိန်က မေးနေခဲ့လေ၏။

"ဦးလေးနဲ့ အန်တီက အစက မနက်ဖြန် ပြန်မယ်လို့ ပြောထားတာ...။ ဒါပေမယ့် ဆက်နေဖို့ ကျွန်မ သူတို့ကို ဖျောင်းဖျထားတယ်...။ မြို့စွန်မှာရှိတဲ့ ဝမ်ချင်းတောင် ကို သွားကြမလို့ စဉ်းစားနေတာ...၊ ရှင်ရော လိုက်ခဲ့မ လား...။"

ရွှီပေါ်အန်းသည် ဖုန်းကို စူးစိုက်ကြည့်နေရင်း ခေါင်းခါကာ ငြင်းလိုက်လေသည်။

"ငါ လိုက်လို့မရဘူး...၊ အလုပ်များနေတယ်...။ မနက်ဖြန် မနက် အရေးကြီးတဲ့ အစည်းအဝေးတစ်ခု ရှိတယ်လို့ အခုလေးတင် အကြောင်းကြားစာ ရထားတာ...၊ ငါ မရှိ မရဘူး...။ မင်း ဒုက္ခခံပေးရတဲ့အတွက် ကျေးဇူးတင်ပါ တယ်...။ ကုန်ကျစရိတ်တွေ ရှိရင်လည်း ငါ့ကို ပြောပါ...။"

ပြောရင်းဆိုရင်း ရွှီပေါ်အန်းသည် မသိစိတ်ကပင် ချန်ဖိန်ဖိန်ကို လှမ်းကြည့်လိုက်မိသော်လည်း သူ၏ သွေးများ ချက်ချင်း ဆူပွက်သွားခဲ့လေသည်။

ချန်ဖိန်ဖိန်သည် သူ၏ ခြေထောက်များကို ဆေးကြောပေးရန် ဆောင့်ကြောင့် ထိုင်နေစဉ် သူမ၏ ခန္ဓာကိုယ်သည် မသိစိတ်ကပင် ရှေ့သို့ ကိုင်းညွတ်သွားပြီး သူမ၏ မီးခိုးရောင် ဂါဝန်၏ အဝိုင်းပုံ လည်ပင်းပေါက်မှာ ရုတ်တရက် ဟိုက်ဆင်းသွားခဲ့လေသည်။

တောက်ပပြီး သာယာသော နွေဦးရာသီ နေ့ရက်လေးတစ်ခုလိုပင်။

ရွှီပေါ်အန်းသည် အလျင်အမြန် အကြည့်လွှဲလိုက်ပြီး သူ၏ အနေရခက်နေမှုကို ချန်ဖိန်ဖိန် သတိမထားမိစေရန် အကြောင်းအရာ ပြောင်းလဲနိုင်မည့် ခေါင်းစဉ်တစ်ခုကို ရှာဖွေရန် ကြိုးပမ်းလေတော့သည်။

ရုတ်တရက် ဖုန်းမြည်လာခဲ့လေသည်။

"ဟယ်လို... ဒါက မစ္စတာရွှီလား ခင်ဗျာ...။ ကုမ္ပဏီရဲ့ စာပို့ခန်းမှာ ခင်ဗျားရဲ့ မြို့တွင်း ပို့ဆောင်ရေး ပါဆယ် ထုပ်တစ်ခု ကျွန်တော် ထားခဲ့ပါတယ်...။ သွားယူဖို့ မမေ့ပါနဲ့နော်...။"

သူနှင့် အမှန်တကယ် သက်ဆိုင်သော ဘွန်ဆိုင်းပင် ရောက်ရှိလာပြီဖြစ်ကြောင်း ရွှီပေါ်အန်း ရုတ်တရက် သဘော ပေါက်သွားခဲ့လေသည်။

ရွှီပေါ်အန်းမှာ ၎င်းကို မမျှော်လင့်ဘဲ မနေနိုင်တော့ချေ။

အခန်း (၁၂၄)

ပူဇော်ဆက်သထားသော သစ်ရွက်များ

နောက်တစ်နေ့နံနက်တွင် ရွှီပေါ်အန်းသည် တုန်းကျန်း ဒုတိယဆောက်လုပ်ရေးကုမ္ပဏီသို့ ရောက်ရှိလာခဲ့လေ သည်။

သူသည် လုံခြုံရေးဝန်ထမ်းအား မေးမြန်းရန်ပင် မစောင့်ဆိုင်းနိုင်တော့ဘဲ တစ်မြို့တည်းအတွင်း ပို့ဆောင်ပေး သော အမြန်ချောပို့ထံမှ ပါဆယ်ထုပ်မှာ ရုံးခန်းသို့ ရောက်ရှိနေပြီဖြစ်ကြောင်း သိလိုက်ရလေသည်။

ဤသည်မှာ ဂုဏ်သတင်း၊ ရာထူးနှင့် အာဏာတို့၏ ပြယုဂ်တစ်ခုပင် ဖြစ်ချေ၏။

လွန်ခဲ့သော ရက်အနည်းငယ်ကပင် သူသည် ပစ္စည်းများရွှေ့ပြောင်းခြင်း အပါအဝင် အရာအားလုံးကို ကိုယ်တိုင် လုပ်ဆောင်ရသည့် အရုပ်တစ်ရုပ်ကဲ့သို့ ဖြစ်နေခဲ့သည်ကို ရွှီပေါ်အန်း ရှင်းလင်းစွာ မှတ်မိနေခဲ့သေးသည်။

ရုံးခန်းသို့ ရောက်ရှိချိန်တွင် အခန်းမှာ အပြစ်ပြောစရာမရှိအောင် သန့်ရှင်းနေခဲ့လေပြီဖြစ်၏။

စားပွဲရှေ့ရှိ ကြမ်းပြင်ပေါ်တွင် ကော်ဖီစားပွဲထက် ကြီးမားသော သစ်သားသေတ္တာတစ်လုံး ရှိနေပြီး ၎င်းပေါ်တွင် မူလနေရာ ၊ လက်ခံမည့်သူနှင့် ပါဝင်သော ပစ္စည်းများကို ဖော်ပြထားသည့် ရိုးရှင်းသော စာရွက်တစ်ရွက်ကို ကပ်ထားလေ၏။

ရိယဲ့စတူဒီယိုတွင် ရှိနေစဉ်က ထိုအရာကို သူ မြင်တွေ့ခဲ့ဖူးသည်။ ၎င်းမှာ ဘွန်ဆိုင်းကို ပို့ဆောင်ရန်အတွက် အသုံးပြုသော ထုပ်ပိုးသေတ္တာပင် ဖြစ်လေသည်။

၎င်းသည် သစ်သားပြားများကို သံမှိုရိုက်၍ ပြုလုပ်ထားသော ခိုင်ခံ့သည့် သစ်သားသေတ္တာတစ်ခု ဖြစ်ပေသည်။ သို့မဟုတ်ပါက ဘွန်ဆိုင်း၏ အလေးချိန်ကို ခံနိုင်ရည်ရှိမည် မဟုတ်ပေ။

သေတ္တာပေါ်တွင် သံနုတ်တူတစ်လက်နှင့် ပလာယာတစ်ခုတို့ ရှိနေပြီး ၎င်းတို့၏ဘေးတွင် အသစ်စက်စက် ချည်လက်အိတ်တစ်စုံလည်း ရှိနေလေသည်။

သေချာသည်မှာ ဤသည်က ရိယဲ့စတူဒီယိုမှ အခမဲ့လက်ဆောင်ပေးလိုက်ခြင်း မဟုတ်ဘဲ ကုမ္ပဏီမှ တစ်စုံတစ် ယောက်က ထိုနေရာတွင် ထားပေးခဲ့ခြင်းသာ ဖြစ်ရပေမည်။

ဘဝတွင် အမှန်တကယ် အောင်မြင်နေချိန်၌ လောကကြီးတွင် သဘောကောင်းသူများစွာ ရှိနေကြောင်းကို သင် တွေ့ရှိရပေလိမ့်မည်။

သူသာ စကားတစ်ခွန်း ဟဟလေး ပြောလိုက်ရုံဖြင့် သေတ္တာကို ဖွင့်ပေးရန် တစ်စုံတစ်ယောက်က ချက်ချင်း ရောက်လာလိမ့်မည်ကိုပင် ရွှီပေါ်အန်း နားလည်ထားလေသည်။

သို့သော်လည်း ရွှီပေါ်အန်းသည် ဆောက်လုပ်ရေးလုပ်ငန်းခွင်၏ အခြေခံအကျဆုံး ရာထူးမှ စတင်ခဲ့သူဖြစ်သဖြင့် ထိုမျှလောက် ဟန်လုပ်နေတတ်သူတော့ မဟုတ်ချေ။

သူသည် လက်အိတ်များကို ချက်ချင်းစွပ်ကာ သံနုတ်တူကို ကိုင်၍ သစ်သားသေတ္တာအဖုံးမှ သံမှိုအားလုံးကို လျင်မြန်စွာ ဆွဲနုတ်လိုက်လေတော့သည်။

ထို့နောက် အဖုံးကို ဖွင့်လိုက်သောအခါတွင်မူ ရွှီပေါ်အန်းမှာ အံ့အားသင့်ကာ ကြက်သေသေသွားရလေတော့၏။

သေတ္တာအောက်ခြေရှိ ပျော့ပျောင်းသော အခုအခံများနှင့် အခြားအပိုပစ္စည်းများမှလွဲ၍ သေတ္တာထဲတွင် အခြား ဘာမျှ မရှိနေခဲ့ပေ။

ဤသစ်သားသေတ္တာမှာ လုံးဝဗလာကျင်းနေလေသည်။ ဘွန်ဆိုင်းမှာ ပျောက်ကွယ်သွားခဲ့လေပြီ။

ဤအရာက... အလွန်တရာ ထူးဆန်းနေလေ၏။

ဘာတွေဖြစ်နေသလဲဟု မေးမြန်းရန် ရိယဲ့စတူဒီယို၏ ပိုင်ရှင်ဖြစ်သော စုန့်ကျိချိုးထံသို့ ရွှီပေါ်အန်း ဖုန်းခေါ်ရန် ပြင်လိုက်သည်။

ထိုအချိန်မှာပင် ဘွန်ဆိုင်း အခြေစိုက်စခန်းဆီမှ ဆင့်ခေါ်ခံရသည့် ခံစားချက်တစ်ခုက သူ၏စိတ်ထဲသို့ ဝင်ရောက် လာခဲ့လေတော့သည်။

ရှင်းရှင်းလင်းလင်းပင် အခြေစိုက်စခန်းခွဲရှိ တစ်စုံတစ်ယောက်သည် အမွှေးတိုင်များ စတင် ပူဇော်နေပြန်လေပြီ။

ရင်းနှီးပြီးသား ရွေးချယ်မှုများကို ပြုလုပ်ပြီးနောက် ရွှီပေါ်အန်းသည် အခြေစိုက်စခန်းခွဲဖြစ်သော ဟုန်ယာရွာရှိ မြေစောင့်နတ် နတ်ကွန်းအတွင်းမှ မြင်ကွင်းကို ချက်ချင်း မြင်ယောင်လိုက်လေသည်။

နေရာအနှံ့အပြားတွင် လူအုပ်ကြီးကို မြင်တွေ့နေရလေ၏။

အချို့က မတ်တတ်ရပ်နေကြပြီး အချို့က နံရံကိုမှီ၍ ထိုင်နေကြကာ အချို့ကမူ မြေပြင်ပေါ်တွင် လဲလျောင်း နေကြလေသည်။

ထိုသူအများစုမှာ စုတ်ပြတ်နေသော အဝတ်အစားများကို ဝတ်ဆင်ထားကြပြီး အားအင်ကုန်ခမ်းနေပုံရသည်။ သူတို့ထဲမှ အများအပြားမှာ ညည်းတွားနေကြပြီး နာမကျန်းဖြစ်နေကြောင်း သိသာလှပေသည်။

မကြာမီမှာပင် ရွှီပေါ်အန်းသည် ရင်းနှီးနေသော သူတစ်ယောက်ကို တွေ့လိုက်ရလေသည်။ ထိုသူမှာ နျူရှီအာပင် ဖြစ်၏။

နျူရှီအာသည် အမွှေးတိုင်ပူဇော်ရာ စားပွဲ၏ အရှေ့ဆုံးတွင် ဒူးထောက်နေပြီး သူ၏အနောက်တွင် အခြားလူ အချို့လည်း မျှော်လင့်ချက်အပြည့်ရှိသော မျက်နှာများဖြင့် ဒူးထောက်နေကြလေသည်။

"နျူရှီအာ... မင်း ရောက်လာပြီပဲ...။"

ရွှီပေါ်အန်းက ဩရှရှအသံဖြင့် ဖြည်းညင်းစွာ ပြောလိုက်လေသည်။

"နတ်မင်းဘိုးဘိုးကြီး...၊ နတ်မင်းဘိုးဘိုးကြီး တန်ခိုးပြပြီ..."

"ဘုရားရေ... တကယ်ကြီး အလုပ်ဖြစ်တာပဲ...၊ နွားပေါက်လေးက ငါတို့ကို မလိမ်ခဲ့ဘူး...။"

အခန်းထဲရှိ လူအားလုံးမှာ ဝမ်းသာအားရ ဖြစ်သွားကြလေ၏။ မတ်တတ်ရပ်နေသူများနှင့် ထိုင်နေသူအများ အပြားမှာ ဒူးထောက်နိုင်ရန် အစွမ်းကုန် ကြိုးစားကြလေသည်။

မြေပြင်ပေါ်ရှိ ယာယီထမ်းစင်ပေါ်တွင် လဲလျောင်းနေသူတစ်ဦးပင်လျှင် ကိုယ်ကိုလှည့်၍ နတ်ရုပ်တုအား ရှိခိုးဦး တိုက်ရန် ကြိုးပမ်းနေခဲ့လေသည်။

နျူရှီအာက စိတ်လှုပ်ရှားစွာဖြင့် အော်ဟစ်လိုက်လေသည်။

"နတ်မင်းဘိုးဘိုးကြီး...၊ ကျွန်တော်မျိုး နျူရှီအာက အဖေ့ကိုရော ရွှေမည်းသတ္တုတွင်းက အလုပ်သမားတွေကိုပါ ခေါ်လာပြီး နတ်မင်းဘိုးဘိုးကြီးကို လာရောက် ဂါရဝပြုတာပါ...။"

ရွှီပေါ်အန်းသည် တစ်ခန်းလုံးကို အကဲခတ်ကြည့်လိုက်၏။ ဤလူအများစုမှာ ဖြူဖျော့နေသော အသားအရေရှိပြီး ပင်ပန်းနွမ်းနယ်နေပုံရကာ နေရောင်ပင်မမြင်ရဘဲ နှစ်ပေါင်းများစွာ ကြမ်းတမ်းသော အလုပ်များကို လုပ်ကိုင်နေ ရကြောင်း သိသာနေပေသည်။

ထို့ကြောင့် သူတို့ တူးဖော်နေသည့် ရွှေမည်းသတ္တုတွင်း ဆိုသည်မှာ မြေပြင်ပေါ်တွင် တူးဖော်ရသည့် သတ္တုတွင်း မျိုး မဟုတ်သည်မှာ သေချာသလောက်ပင် ဖြစ်နေလေ၏။

"နျူရှီအာ... ဒီအလုပ်သမားတွေက သတ္တုတွင်း ပြိုကျလို့ ဒဏ်ရာရလာကြတာလား...။"

ရွှီပေါ်အန်းက မေးလိုက်လေသည်။

နျူရှီအာက ဦးတိုက်လျက် ပြန်ဖြေလေ၏။

"နတ်မင်းဘိုးဘိုးကြီးက အရာရာကို သိမြင်တော်မူပါတယ်...၊ အမှန်ပါပဲ...၊ အလုပ်သမားခေါင်းဆောင်အသစ်က အလုပ်ကို ပြီးမြောက်ဖို့ သက်သက်ပဲ အလျင်စလို လုပ်ခိုင်းတယ်လို့ အဖေက ပြောပါတယ်...။ အလုပ်သက်သာ အောင်ဆိုပြီး ထောက်တိုင်တွေ မစိုက်ရသေးခင်မှာပဲ အားလုံးကို စတင် တူးဖော်ခိုင်းခဲ့တာ...၊ အဲဒီအကျိုးဆက်အ နေနဲ့ ရွှေမည်းသတ္တုတွင်းရဲ့ အပေါ်ပိုင်း ပြိုကျလာပြီး အလုပ်သမားတော်တော်များများ အထဲမှာ ပိတ်မိပြီး ပွဲချင်း ပြီး သေကုန်ကြပါတယ်...၊ ကျွန်တော်မျိုးရဲ့ အဖေနဲ့ တခြားသူတွေက အဝေးမှာ ရှိနေလို့သာ အသက်ရှင်ရက် လွတ်လာခဲ့တာပါ...။"

ကျောက်မီးသွေးတူးဖော်ခြင်းသည် မွေးရာပါ အန္တရာယ်များသော လုပ်ငန်းတစ်ခု ဖြစ်ပြီး နည်းပညာနှင့် စက်ကိရိ ယာများ အလွန်နောက်ကျနေသော ကမ္ဘာကြီးတွင် ဤလူများသည် အမှန်တကယ်ပင် ကံကောင်းထောက်မစွာ ဖြင့် အသက်ရှင်ကျန်ရစ်ခဲ့ခြင်း ဖြစ်လေသည်။

ထိုလူအများစုသည် အရိုးကျိုးခြင်းနှင့် အခြားဒဏ်ရာများကို ခံစားနေရကြောင်း ရွှီပေါ်အန်း သတိပြုမိလိုက်၏။

အခြားသူအချို့မှာမူ ထိတ်လန့်တုန်လှုပ်ခြင်းနှင့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုများ ခံစားနေရပြီး စိတ်ဝေဒနာများပင် ဖြစ်ပေါ်နေလေသည်။

ဤလူများသည် လုပ်ငန်းခွင်တွင် ဒဏ်ရာရခဲ့ခြင်း မဟုတ်ဘဲ အဝေးမှ ဆူညံသံများကို ကြားရပြီး အလျင်အမြန် ထွက်ပြေးလာကြခြင်း ဖြစ်နိုင်ကြောင်း ရွှီပေါ်အန်း ခန့်မှန်းမိလေ၏။

သို့သော်လည်း လမ်းတစ်လျှောက် ပြုတ်ကျလာသော ကျောက်တုံးများ၊ ကျောက်စများအပြင် မလွှဲမရှောင်သာ ခလုတ်တိုက်မိခြင်းများကြောင့် အချို့သော ဒဏ်ရာများကို ရရှိခဲ့ခြင်း ဖြစ်ပေမည်။

သို့မဟုတ်ပါက လုပ်ငန်းခွင် မျက်နှာပြင်ပေါ်တွင် ပြိုကျမှု ဖြစ်ပွားခဲ့လျှင် အသက်ရှင်ရန် မဆိုထားနှင့်၊ အလောင်း ပင် အပြည့်အစုံ ရှာတွေ့နိုင်မည် မဟုတ်ချေ။

အဆိုးရွားဆုံးအခြေအနေမှာ ထမ်းစင်ပေါ်တွင် လှုပ်ရှားမှုမရှိဘဲ လဲလျောင်းနေသူပင် ဖြစ်သည်။ သူ၏ အတွင်း ကလီစာများ ပျက်စီးနေပြီး ပြန်လည်သက်သာလာရန် မျှော်လင့်ချက် မရှိတော့ပုံပေါ်လေသည်။

ဤလူ၏ အခြေအနေမှာ သတ္တုတွင်းပြိုကျမှုကြောင့် ခေါင်မိုးပြိုကျခြင်း သို့မဟုတ် ဘေးနံရံ ပြိုကျခြင်းတို့ကို အမှန်တကယ် ကြုံတွေ့ခဲ့ရပြီး ဖိသိပ်မှုဒဏ်ကို ပြင်းထန်စွာ ခံခဲ့ရခြင်း ဖြစ်နိုင်ပေသည်။

ရွှီပေါ်အန်း သက်ပြင်းချလိုက်ပြီး ပြောလိုက်လေ၏။

"နျူရှီအာ...၊ ငါတို့တွေ ရေစက်ရှိလို့ ဆုံတွေ့ခဲ့ကြပြီဆိုတော့ ငါ မင်းတို့ကို ကူညီပေးပါ့မယ်...၊ ခဏလောက် စောင့်နေကြဦး...။"

"ကျေးဇူးတော်ကြီးမားလှပါတယ် နတ်မင်းဘိုးဘိုးကြီး...။"

လူအုပ်ကြီးက ခေါင်းငုံ့ကာ ပြန်လည်ဖြေကြားလိုက်ကြလေသည်။

မကြာမီ ရွှီပေါ်အန်းသည် အပြင်သို့ ထွက်လာခဲ့ပြီး အနီးရှိ မှန်ဗီဒိုဆီသို့ လျှောက်သွားကာ ဆောက်လုပ်ရေး လုပ်ငန်းခွင်တွင် အမြဲထားရှိသော ရှေးဦးသူနာပြုသေတ္တာထဲမှ ယူနန်ပိုင်ယောင် ဆေးမှုန့်ပုလင်းတစ်လုံးကို ထုတ်ယူလိုက်သည်။ ထို့နောက် လက်သည်းခွံခန့်ရှိသော ဆေးမှုန့်အနည်းငယ်ကို ယူ၍ ဆုတ်ဖြဲထားသော စာရွက်ပိုင်းလေးတစ်ခုပေါ်သို့ ညင်သာစွာ သွန်ချလိုက်လေသည်။

ထို့နောက် သူသည် အိုင်ဗျူပရိုဖန် ဆေးပြားတစ်ပြားကို ယူကာ လက်ချောင်းများဖြင့် ခြေမွလိုက်ပြီး စက္ကူ တစ်ရွက်ပေါ်တွင် တင်ထားလိုက်ပြန်သည်။

ရွှီပေါ်အန်းသည် သူ၏ ကြိုးပမ်းအားထုတ်မှု ရလဒ်များကို ကြည့်ကာ ကျေနပ်အားရစွာ ပြုံးလိုက်လေ၏။

ယခုတော့ အရာရာက ကွာခြားသွားခဲ့လေပြီ။ အရင်တုန်းကဆိုလျှင် သူသည် ပန်းသီးတစ်လုံးကိုပင် မချိုးဖဲ့နိုင် လောက်အောင် အားနည်းသူတစ်ဦး ဖြစ်ခဲ့သည် မဟုတ်ပါလား။

ဆေးနှစ်မျိုးကို ပြင်ဆင်ပြီးနောက် ရွှီပေါ်အန်းသည် ဟုန်ယာရွာရှိ တောင်စောင့်နတ်မင်းနှင့် မြေစောင့်နတ် နတ်ကွန်းများဆီသို့ ပြန်သွားကာ မတူညီသော ဆေးများပါရှိသည့် စက္ကူနှစ်ရွက်ကို အမွှေးတိုင်ပူဇော်ရာ စားပွဲပေါ်သို့ ညင်သာစွာ တင်ထားလိုက်လေသည်။

ယဇ်ပလ္လင်ပေါ်တွင် တောသစ်သီးမျိုးစုံဖြင့် ပြည့်နှက်နေပြီး အမွှေးတိုင် ဒါဇင်ပေါင်းများစွာကို တစ်ပြိုင်နက်တည်း ထွန်းညှိထားသဖြင့် အမွှေးတိုင်ငွေ့များ လွင့်ပျံနေသော မြင်ကွင်းကို ဖန်တီးထားလေ၏။

ရွှီပေါ်အန်းသည် စက္ကူအပိုင်းအစ သေးသေးလေးနှစ်ခုအတွက် နေရာရစေရန် အဝတ်အိတ်ငယ်လေး တစ်အိတ် ကို ညင်သာစွာ တွန်းဖယ်လိုက်လေသည်။

သတ္တုတွင်း အလုပ်သမားများအားလုံး ရုတ်တရက် ပေါ်လာသော အရာနှစ်ခုကို မြင်သောအခါ အံ့အားသင့် သွားကြပြီး ဗီဇအရပင် သူတို့၏ လည်ပင်းများကို ဆန့်ထုတ်ကာ ကြည့်လိုက်ကြလေ၏။

ထို့နောက် ရွှီပေါ်အန်းက ပြောလိုက်လေသည်။

"ဒါတွေက မင်းတို့ရဲ့ ရောဂါတွေကို ကုသပေးမယ့် ဆေးတွေပဲ...။ ဘယ်ဘက်က ပိုပြီး ညက်နေတဲ့ ဆေးကို တစ်နေ့ သုံးကြိမ်သောက်ရမယ်...၊ တစ်ကြိမ်ကို တောဟော်သွန်းသီး အရွယ်အစားလောက် သောက်ရမယ်...။ ဒါမှမဟုတ် ဒီဆေးတွေကို ထပ်ပြီး ခြေမွပြီးတော့ အနာတွေပေါ်မှာ လိမ်းပေးရင်လည်း ကောင်းမွန်တဲ့ ကုသမှု အာနိသင်ကို ရရှိနိုင်တယ်...။ ပိုကြမ်းတဲ့ ဆေးကိုတော့ ပြင်းထန်တဲ့ နာကျင်မှုတွေ ခံစားရတဲ့အခါမှာ အကိုက်အခဲ ပျောက်စေဖို့အတွက် တောဟော်သွန်းသီး အရွယ်အစားလောက် သောက်ရမယ်..."

ရွှီပေါ်အန်း၏ မျက်လုံးထဲတွင် ဆေးမှုန့်များက အမှန်တကယ် ညက်ညောနေသော်လည်း ဘွန်ဆိုင်းထဲသို့ ထည့် လိုက်သောအခါတွင် အစေ့အဆန်ပုံစံ ဖြစ်သွားသောကြောင့် ရွှီပေါ်အန်းက သူတို့ကို အထူး ညွှန်ကြားချက်များ ပေးခဲ့ခြင်း ဖြစ်လေသည်။

ရွှီပေါ်အန်း၏ ရှင်းပြချက်ကို ကြားပြီးနောက် ထိုလူများ၏ မျက်လုံးများတွင် ပြင်းပြသော မျှော်လင့်ချက်များ တောက်ပလာခဲ့၏။ အကယ်၍ ယခုအချိန်တွင် ရွှီပေါ်အန်းက အမိန့်ပေးလိုက်ပါက သူတို့သည် ရှေ့သို့ ပြေးထွက် သွားကြပြီး အသေအလဲ လုယူကြမည့်ပုံပင် ဖြစ်လေသည်။

ရွှီပေါ်အန်းက ထပ်မံ ညွှန်ကြားလိုက်လေသည်။

"နျူရှီအာ... ဒီဆေးတွေကို သိမ်းဆည်းဖို့နဲ့ ဖြန့်ဝေဖို့က မင်းရဲ့ တာဝန်ပဲ...၊ သူတို့ကို အလွန်အကျွံ မသောက်မိစေဖို့ သတိထားပါ...၊ မဟုတ်ရင် အသက်အန္တရာယ်ရှိနိုင်ပြီး သေမင်းလက်ကနေ လွတ်မြောက်နိုင်မှာ မဟုတ်ဘူး...။"

ထိုစကားကို ကြားသောအခါ နျူရှီအာက ကပျာကယာ ဦးတိုက်ကာ ပြောလိုက်လေ၏။

"နတ်မင်းဘိုးဘိုးကြီး ပြောတဲ့အတိုင်း ကျွန်တော်မျိုး သေချာပေါက် နားထောင်ပါ့မယ်...၊ နတ်မင်းဘိုးဘိုးကြီး...၊ လူတိုင်း ဒီဆေးကို သောက်လိုက်ရင် ချက်ချင်း ပြန်ပြီး ခုန်ပေါက်နိုင်သွားမှာလား...၊ ကျွန်တော်မျိုးလည်း နည်း နည်းလောက် သောက်လိုက်ရင် ကျွန်တော်မျိုးရဲ့ ခြေဆွံ့နေတာ ပျောက်သွားနိုင်မလား..."

ထိုစကားကို ကြားသောအခါ ရွှီပေါ်အန်းမှာ အလွန်အမင်း ရှက်ရွံ့သွားခဲ့လေသည်။

*ဘုရားရေ...၊ ဒီကောင်က ငါ့ကို တကယ်ပဲ နတ်ဘုရားလို့ ထင်နေတာပဲ...။*

ဒေါက်တာကျန်း၏ ဘိုးဘွားစဉ်ဆက် ဆေးကျမ်းကို ရရှိထားသော်လည်း သူသည် ဆေးပညာနှင့် ရောဂါများ အကြောင်းကို များစွာ နားလည်သဘောပေါက်ပြီး ကျွမ်းကျင်လာခဲ့သည်မှာ အမှန်ပင် ဖြစ်၏။

သို့သော် သူသည် စကားတစ်ခွန်းဖြင့် ဥပဒေသများကို ပြောင်းလဲနိုင်သော အစစ်အမှန် နတ်ဘုရားတစ်ပါး မဟုတ် ပေ။ သို့ဆိုလျှင် သူ၌ သေသူကို ရှင်စေပြီး ဒဏ်ရာရသူများကို ကုသပေးနိုင်သည့် စွမ်းရည် မည်သို့ရှိနိုင်မည်နည်း။

သို့သော်လည်း ရွှီပေါ်အန်းသည် ထိုအကြောင်းကို နျူရှီအာအား သဘာဝကျကျပင် သိခွင့်မပေးနိုင်ခဲ့ချေ။ ရွှီပေါ်အန်း က အေးစက်စွာ နှာမှုတ်လိုက်ပြီး အာဏာပါပါဖြင့် ပြောလိုက်လေသည်။

"ဟမ့်...၊ လောဘက အတိုင်းအဆမရှိပါလား...၊ မင်း တကယ်ပဲ ရဲရဲဝံ့ဝံ့ မေးရဲတာပဲ...။"

စကားပြောနေရင်း ရွှီပေါ်အန်းသည် ရုတ်တရက် အသံကို မြှင့်လိုက်ရာ နျူရှီအာနှင့် သူ၏အဖွဲ့မှာ လျှို့ဝှက်သော မိုးချုန်းသံတစ်ခု ထွက်ပေါ်လာသကဲ့သို့ ခံစားလိုက်ရလေ၏။ သူတို့ထဲမှ အများအပြားမှာ မသိစိတ်အရပင် မြေပြင်ပေါ်၌ ဒူးထောက်လိုက်ကြပြီး ခေါင်းပင် မမော့ရဲကြတော့ချေ။

နျူရှီအာသည် ထိုနေရာတွင် တုန်ယင်စွာ ဒူးထောက်နေပြီး ပြောလိုက်လေသည်။

"ကျွန်တော်မျိုးကို ခွင့်လွှတ်ပေးတော်မူပါ နတ်မင်းဘိုးဘိုးကြီး...၊ ကျွန်တော်မျိုးကို ခွင့်လွှတ်ပေးတော်မူပါ...။"

ရွှီပေါ်အန်းက တင်းမာစွာ ပြောလိုက်လေ၏။

"မင်းတို့ သေမျိုးတွေ...၊ သေသူကို ရှင်စေပြီး ဒဏ်ရာရသူတွေကို ကုသပေးနိုင်တဲ့ အကောင်းဆုံး နတ်ဆေးကို ပေးလိုက်ရင်တောင် မင်းတို့က ဘယ်လိုလုပ် ခံနိုင်ရည်ရှိမှာလဲ...၊ မင်းတို့တွေ ချက်ချင်း ပေါက်ကွဲပြီး သေသွား လောက်တယ်...၊ ဒါ့အပြင် အရာအားလုံးက အကြောင်းအကျိုး ဆက်စပ်နေတယ်...၊ မင်းတို့ရဲ့ ကံတရားက ဒီနတ်ဆေးရဲ့ ကောင်းချီးကို ခံစားခွင့်ပေးလိမ့်မယ်လို့ ဘာကြောင့် ထင်နေရတာလဲ...။"

နျူရှီအာက အလျင်အမြန် ပြောလိုက်လေသည်။

"နတ်မင်းဘိုးဘိုးကြီး ပြောတာ မှန်ပါတယ်...၊ ကျွန်တော်မျိုး နျူရှီအာက အဲဒီလောက်အထိ ယောင်ချာချာ မဖြစ် သင့်ပါဘူး...၊ ကျွန်တော်မျိုး အပြစ်လုပ်မိပြန်ပါပြီ...။"

ရွှီပေါ်အန်းက ဆက်ပြောလေ၏။

"ဒီဆေးတွေက မင်းတို့ထဲက အများစုကို ကုသဖို့ လုံလောက်ပါတယ်...၊ ဒါပေမဲ့ လက်ရှိ အခြေအနေကို ကြည့်ရရင် လူတိုင်းမှာ ကိုယ်ပိုင် ကံကြမ္မာတွေ ရှိကြတယ်...၊ ငရဲမင်းကြီးက တစ်စုံတစ်ယောက်ကို သန်းခေါင်ယံမှာ သေဖို့ အလိုရှိရင် ဘယ်သူကမှ မိုးလင်းတဲ့အထိ အသက်ရှင်အောင် မထားနိုင်ဘူး...၊ ဒါတွေ အားလုံးက... အခြေအနေကို လက်ခံပြီး ရှေ့ဆက်သွားတာ အကောင်းဆုံးပဲ...။"

နျူရှီအာ စကားမပြောနိုင်မီ ထမ်းစင်ပေါ်တွင် လဲလျောင်းနေသော လူသန်ကြီးက ခက်ခက်ခဲခဲ ပြောလိုက်လေ သည်။

"နတ်မင်းဘိုးဘိုးကြီးရဲ့ ပွင့်လင်းမှုအတွက် ကျေးဇူးတင်ပါတယ်...၊ ကျွန်တော်မျိုး ကျင်းတာ့ကျန့်က ကျွန်တော်မျိုး ရဲ့ နေ့ရက်တွေ နည်းနေပြီဆိုတာ သိပါတယ်...၊ အရှင်မင်းကြီးရဲ့ ကောင်းချီးကို ခံစားရပြီး ကျွန်တော်မျိုးရဲ့ နာကျင် မှု တစ်စိတ်တစ်ပိုင်းကို သက်သာရာရစေတာကတင် ကျွန်တော်မျိုး ဘဝရဲ့ ကောင်းချီးတစ်ခုပါပဲ...၊ ကျွန်တော်မျိုး ထပ်ပြီး မတောင်းဆိုရဲတော့ပါဘူး...။"

ထိုသူ၏ အဆုတ်နှင့် အတွင်းကလီစာများ ဒဏ်ရာရထားသော်လည်း သူ၏အသံမှာ နက်ရှိုင်းပြီး ဟိန်းထွက်နေဆဲ ဖြစ်သည်ကို ရွှီပေါ်အန်း မြင်လိုက်ရလေ၏။ သူသည် အနည်းငယ် မောဟိုက်နေသော်လည်း ၎င်းမှာ ဒဏ်ရာ ကြောင့်ဖြစ်ပြီး ရှောင်လွှဲ၍မရနိုင်ပေ။

*သူက အစစ်အမှန် ယောကျ်ားကောင်းတစ်ယောက်ပဲ…။*

*သူ့ကို တစ်ခါလောက် ကယ်တင်နိုင်ရင် သိပ်ကောင်းမှာပဲ…။*

ရွှီပေါ်အန်း ဤအတွေးကို တွေးမိလိုက်ချိန်မှာပင် ရုတ်တရက် အမွှေးတိုင်ပူဇော်မှု စွမ်းအားများ တုန်ခါသွားသည် ကို သူ ခံစားလိုက်ရလေ၏။

*ဘာဖြစ်တာလဲဟ...။*

*အမွှေးတိုင် ပူဇော်မှုနဲ့ ဆုတောင်းပတ္ထနာပြုမှု စွမ်းအားက သူ့ကို ကယ်တင်ပေးနိုင်လို့လား...။*

ရွှီပေါ်အန်းသည် တွေဝေနေခြင်းကို ချက်ချင်း ရပ်တန့်လိုက်ပြီး အကူအညီအတွက် တိတ်ဆိတ်စွာ ဆုတောင်း လိုက်လေသည်။

နောက်တစ်စက္ကန့်တွင် အမွှေးတိုင်စွမ်းအား ငွေ့တစ်တန်း ချက်ချင်း ပျောက်ကွယ်သွားသည်ကို ရွှီပေါ်အန်း ခံစား လိုက်ရလေသည်။

ထို့နောက် ရွှီပေါ်အန်းမှာ ဆွံ့အသွားခဲ့ရလေတော့သည်။

အမွှေးတိုင် ပူဇော်မှုနှင့် ဆုတောင်းပတ္ထနာပြုမှု ပျောက်ကွယ်သွားခြင်းက ထိုလူ၏ ပြန်လည်ကျန်းမာလာခြင်းကို တိုက်ရိုက် မဖြစ်ပေါ်စေခဲ့ချေ။

ထိုအစား ရွှီပေါ်အန်း၏ စိတ်ထဲတွင် သူ့ကို ကယ်တင်ရန် အခြားနည်းလမ်းတစ်ခု ပေါ်လာခဲ့လေသည်။

*ဝိုး... ဒါက အလုပ်ဖြစ်တာပဲ...။*

ရွှီပေါ်အန်းသည် အမွှေးတိုင်နှင့် ဆုတောင်းခြင်း၏ စွမ်းအားကြောင့် လှည့်စားခံလိုက်ရသကဲ့သို့ ရုတ်တရက် ခံစားလိုက်ရလေ၏။

ဖြေရှင်းနည်းများအားလုံးသည် တစ်စုံတစ်ယောက်၏ ဆန္ဒကို ချက်ချင်း ပြည့်ဝစေရန် အမွှေးတိုင်များနှင့် ဆုတောင်းပတ္ထနာများကို ရိုးရှင်းစွာနှင့် ကြမ်းတမ်းစွာ သုံးစွဲရန် မလိုအပ်ကြောင်း ထင်ရှားနေလေသည်။

သို့သော်လည်း ဖြေရှင်းနည်းတစ်ခု ရှိနေခြင်းက ကူကယ်ရာမဲ့ ဖြစ်နေခြင်းထက် အမြဲတမ်း ပိုကောင်းသဖြင့် ရွှီပေါ်အန်းသည် ရောင့်ရဲတင်းတိမ်ခြင်းက ပျော်ရွှင်မှုကို ဆောင်ကြဉ်းပေးသည်ဟူသော အတွေးဖြင့် သူ့ကိုယ်သူ ချက်ချင်း နှစ်သိမ့်လိုက်လေ၏။

အသစ်ထည့်သွင်းထားသော နည်းလမ်းများကို အနီးကပ် စစ်ဆေးကြည့်လိုက်သောအခါ ရွှီပေါ်အန်းသည် သူ၏နဖူးကို ရုတ်တရက် ရိုက်လိုက်မိလေသည်။

ခေါင်ရှန်းရွာ လက်ရှိနေရာရှိ တောင်စောင့်နတ်မင်း နတ်ကွန်းမှ အမွှေးတိုင်ပြာကို နတ်ဘုရားဆေးပင်နှင့် ပေါင်းစပ်အသုံးပြုခြင်းဖြင့် ကျင်းတာ့ကျန့်၏ ဒဏ်ရာများကို ကုသနိုင်လေသည်။

*အမွှေးတိုင်ပြာက ဒဏ်ရာတွေကို ကုသပေးနိုင်တယ်ဆိုတာကို ငါ ဘယ်လိုလုပ် မေ့နေရတာလဲ...။*

* ပြီးခဲ့တဲ့အကြိမ်က ငါ့ရဲ့ အစောင့်အရှောက်ဖြစ်တဲ့ ဝက်ဝံညိုကြီး ကျားနှစ်ကောင်နဲ့ တိုက်ခိုက်ရင်း ဒဏ်ရာရ တုန်းက သူ့ရဲ့ ဒဏ်ရာတွေကို ချက်ချင်း ကုသဖို့ အမွှေးတိုင်ပြာကို အားကိုးခဲ့ရတာ...၊ ပြီးတော့ အဲဒီအာနိသင်က ချက်ချင်းကို ထိရောက်တာပဲ...။*

နတ်ဘုရားဆေးပင်အတွက်ဆိုလျှင် ထိုအရာက ထျဲ့ဖီရှီဟူ ဆေးပင်ဖြစ်ကြောင်း ရွှီပေါ်အန်း သိထားပြီး ဖြစ်လေ သည်။ ခေါင်ရှန်းရွာမှ ရွာသားများ ချန်ထားခဲ့သော လက်ကျန်အချို့ သူ၌ ရှိနေသေးသည်။

ထိုအကြောင်းကို တွေးမိပြီးနောက် ရွှီပေါ်အန်းသည် အပြင်သို့ လျှောထွက်သွားကာ သူ၏ အခြေစိုက်စခန်း ဖြစ်သော တောင်စောင့်နတ်မင်း နတ်ကွန်း၌ လက်နှစ်ချောင်းကို အနည်းငယ် ပွတ်ဆွဲ၍ အမွှေးတိုင်ပြာ အနည်း ငယ်ကို ယူလိုက်ပြီးနောက် ဟုန်ယာရွာရှိ မြေစောင့်နတ် နတ်ကွန်းထဲသို့ ဝင်ရောက်သွားလေတော့သည်။

ပြီးခဲ့သည့်အကြိမ်က ဤအရာကို ဘွန်ဆိုင်းကမ္ဘာမှ ထုတ်ယူရန် ကြိုးစားခဲ့စဉ်က မမြင်နိုင်သော မှော်အတား အဆီးတစ်ခု ရှိနေသကဲ့သို့ အမွှေးတိုင်ပြာကို မည်သို့မျှ ယူဆောင်၍ မရခဲ့ကြောင်း ရွှီပေါ်အန်း ရှာဖွေတွေ့ရှိခဲ့ လေသည်။

သို့သော် ယခုအချိန်တွင်မူ သူသည် ထိုနေရာမှ ဤနေရာသို့ ပြောင်းရွှေ့လာခဲ့ခြင်းဖြစ်ပြီး တူညီသော ဘွန်ဆိုင်း ကမ္ဘာအတွင်း၌မူ အံ့သြစရာကောင်းလောက်အောင် လွယ်ကူနေခဲ့လေ၏။

အမွှေးတိုင်ပြာကို ဘွန်ဆိုင်းကမ္ဘာတွင် အသုံးပြုနိုင်သော်လည်း လက်တွေ့ကမ္ဘာတွင်မူ အသုံးပြု၍ မရနိုင်ချေ။

ရွှီပေါ်အန်းသည် ကျင်းတာ့ကျန့်၏ ထမ်းစင်ရှေ့တွင် အမွှေးတိုင်ပြာကို ညင်သာစွာ ချထားလိုက်ပြီး ဖြည်းညင်းစွာ ပြောလိုက်လေ၏။

"ကျင်းတာ့ကျန့်... မင်းက သေရမယ့် ကံမပါသေးဘူး...၊ ဒါကို မျိုချလိုက်ရင် မင်း အသက်ပြန်ရှင်လာလိမ့်မယ်...။ ပြန်သွားပြီးရင် တောရိုင်းနတ်ဘုရားဆေးပင်ကို ရှာ...၊ အဲဒါကို အခြောက်ခံပြီး ရေစိမ်သောက်...၊ ရက်တစ်ရာ ကြာရင် မင်း လုံးဝ ပြန်ကောင်းလာလိမ့်မယ်...။"

ရွှီပေါ်အန်းသည် ကျင်းတာ့ကျန့်ကို ထျဲ့ဖီရှီဟူ ဆေးပင်အား တိုက်ရိုက် မပေးသနားခဲ့ပေ။ ခေါင်ရှန်းရွာမှ ရွာသား များက ဤအရာကို လျစ်လျူရှုထားနိုင်သောကြောင့် ၎င်းမှာ မဟာကျင့်မင်းဆက်တွင် ဤကဲ့သို့သောအရာများ မရှားပါးကြောင်း ပြသနေလေသည်။

ထိုစကားကို ကြားသောအခါ ကျင်းတာ့ကျန့်မှာ တုန်လှုပ်သွားပြီး သူ၏ရှေ့တွင် ရုတ်တရက် ပေါ်လာသော မီးခိုး ရောင်သန်းနေသည့် အမည်းရောင်အရာကို ကပျာကယာ မျိုချလိုက်လေ၏။

ခြောက်သွေ့နေသော အမှုန့်ကြောင့် ကျင်းတာ့ကျန့်မှာ နှာမချေဘဲ မနေနိုင်အောင် ဖြစ်သွားခဲ့သည်။ အနီးတွင် ရပ် နေသော နျူရှီအာက သူ့အတွက် ရေတစ်ခွက်ကို အလျင်အမြန် ယူဆောင်လာပေးသဖြင့် ကျင်းတာ့ကျန့်မှာ အမွှေးတိုင်ကို အောင်မြင်စွာ သောက်သုံးနိုင်ခဲ့လေသည်။

ချက်ချင်းဆိုသလိုပင် ကျင်းတာ့ကျန့်သည် သူ၏ အားအင်ကုန်ခမ်းနေပြီဖြစ်သော ခန္ဓာကိုယ်ထဲတွင် အံ့သြဖွယ် ကောင်းလောက်အောင် သက်စွမ်းအင်များ ရုတ်တရက် ပြန်လည်ပြည့်ဝလာသကဲ့သို့ ခံစားလိုက်ရလေ၏။

"ဒါက... ဒါက...၊ ငါ တကယ် ပြန်ကောင်းသွားပြီပဲ...။"

စကားပြောနေရင်းပင် ကျင်းတာ့ကျန့်သည် လက်နှစ်ဖက်ဖြင့် မြေကြီးပေါ်တွင် ထောက်၍ ဖြည်းညင်းစွာ ထရန် ကြိုးစားလိုက်လေသည်။

သူ၏ လှုပ်ရှားမှုများမှာ နှေးကွေးပြီး အနည်းငယ်ပင် ခက်ခဲနေသော်လည်း သူသည် တဖြည်းဖြည်း မတ်တတ်ရပ် နိုင်ခဲ့လေသည်။

ဤဖြစ်ရပ်က လူတိုင်းကို အံ့အားသင့်သွားစေခဲ့သည်။

သူတို့အားလုံးမှာ အတူအလုပ်လုပ်သူများ ဖြစ်ကြပြီး ကျင်းတာ့ကျန့်၏ အခြေအနေကို သူတို့အားလုံး ကောင်းစွာ သိရှိထားကြလေသည်။

ကျင်းတာ့ကျန့်သည် အပြင်းထန်ဆုံး ဒဏ်ရာရထားသော လူနာဖြစ်ကြောင်း သင် သိထားသင့်သည်။ ကျင်းတာ့ကျန့်သည် သွေးဇလုံဝက်ခန့် အန်ထုတ်ခဲ့သည်ကို လူတိုင်း ကိုယ်တိုင် မျက်မြင်တွေ့ခဲ့ကြရခြင်း ဖြစ်၏။

*ဒါက ကုသလို့ရတာလား...။*

တစ်ခဏအတွင်းမှာပင် ရွှီပေါ်အန်းအပေါ် လူများ၏ ယုံကြည်မှုမှာ အထွတ်အထိပ်သို့ ရောက်ရှိသွားခဲ့လေ တော့သည်။

*ဒါဆိုရင် နတ်ဘုရားတွေက သေသူကို တကယ်ပဲ အသက်ပြန်ရှင်စေနိုင်ပြီး ဒဏ်ရာရသူတွေကို ကုသပေးနိုင် တာပဲ...။*

*ဒါပေမဲ့ ငါတို့က ဒီလောက်ကြီးမားတဲ့ ကံတရားနဲ့ အခွင့်အရေးတွေကို ခံစားခွင့်ရဖို့ ကံမကောင်းခဲ့တာပဲ...။*

ချက်ချင်းဆိုသလိုပင် လူအားလုံး မြေပြင်ပေါ်တွင် ဒူးထောက်ချလိုက်ကြပြီး အော်ဟစ်လိုက်ကြလေသည်။

"နတ်မင်းဘိုးဘိုးကြီးရဲ့ ကောင်းချီးအတွက် ကျေးဇူးတင်ပါတယ်...။"

"ကဲ... ဒီကိစ္စအတွက် လုံလောက်ပါပြီ...၊ ဆေးသောက်ဖို့နဲ့ ကျန်းမာရေးကို ဂရုစိုက်ဖို့ပဲ မှတ်ထားပါ...။"

ရွှီပေါ်အန်းက ညင်သာစွာ ညွှန်ကြားလိုက်လေ၏။

"နတ်မင်းဘိုးဘိုးကြီးရဲ့ ကောင်းချီးအတွက် ကျေးဇူးအများကြီးတင်ပါတယ်...။"

ကျေးဇူးတင်စကားသံများ တညီတညွတ်တည်း ထွက်ပေါ်လာပြန်လေသည်။

ကိစ္စများ ပြေလည်သွားပြီဖြစ်၍ ရွှီပေါ်အန်း ထွက်ခွာရန် ပြင်လိုက်ချိန်တွင် အမွှေးတိုင်ပူဇော်ရာ စားပွဲပေါ်ရှိ အဝတ်အိတ်ငယ်လေးထဲ၌ ရင်းနှီးနေသော သစ်ရွက်အချို့ တိတ်ဆိတ်စွာ ရှိနေသည်ကို ရုတ်တရက် သတိပြုမိ လိုက်လေ၏။

"နျူရှီအာ... အဲဒီအိတ်ထဲမှာ ဘာတွေပါလဲ...။"

ရွှီပေါ်အန်းက မေးလိုက်လေသည်။

နျူရှီအာက ရိုသေစွာဖြင့် ပြန်လည်ဖြေကြားလေ၏။

"နတ်မင်းဘိုးဘိုးကြီးကို အကြောင်းကြားပါတယ်...၊ ဒါက ရွာပြင်က တုန်းတောင်ကနေ ကျွန်တော်တို့ ခူးလာတဲ့ ပစ္စည်းကောင်းတစ်ခုပါ...။ ကျွန်တော်တို့က အဲဒါကို တုန်းတောင်သစ်ရွက်လို့ ခေါ်ပါတယ်...။ ဝါးစားရတာ အရမ်း လန်းဆန်းပြီး လူတိုင်း စားရတာကို သဘောကျကြပါတယ်...။ ဒါကို နတ်မင်းကြီးကို ဆက်သတဲ့ ပူဇော်ပစ္စည်း တစ်ဆယ့်ရှစ်မျိုးထဲက တစ်ခုအနေနဲ့ ယူလာခဲ့တာပါ...၊ နတ်မင်းကြီး သဘောကျလိမ့်မယ်လို့ မျှော်လင့် ပါတယ်...။"

*တုန်းတောင်က သစ်ရွက်တွေ ဟုတ်လား...။*

*နာမည်ကောင်းက အသံထွက်ရလွယ်တယ်...။*

*ဘာဖြစ်လို့ နည်းနည်း ရင်းနှီးနေသလို ခံစားရတာလဲ...။*

ရွှီပေါ်အန်းသည် အဝတ်အိတ်ထဲရှိ တုန်းတောင် သစ်ရွက်အချို့ကို ချက်ချင်း လက်လှမ်း၍ ယူလိုက်လေသည်။

မကြာမီ သစ်ရွက်များ ကြီးထွားလာခဲ့လေသည်။

ကြီးထွားလာသော သစ်ရွက်များကို ကြည့်ရင်း ရွှီပေါ်အန်းသည် ပြုံး၍ ခေါင်းကို အနည်းငယ် ခါယမ်းလိုက်သော် လည်း သူ၏မျက်လုံးထဲမှ ဝမ်းသာမှုကိုမူ ဖုံးကွယ်၍ မရနိုင်ခဲ့ချေ။

*အို... ဒါက အဲဒီလိုကိုး...။*

ဒီသစ်ရွက်တွေက သာမန်သစ်ရွက်တွေ မဟုတ်ဘူးဆိုတာ ပေါ်လွင်နေတာပဲ...။

All Chapters