အခန်း (၂၀၅-၂၀၆)
Vol. 21 Ch. 205-206
အခန်း ၂၀၅: ကောင်းကင်တက်လှမ်းခြင်း လျှို့ဝှက်နယ်မြေ ... ပွင့်ပြီ
ဤချီအမျှင်လေးတစ်ခုတည်းကတင် ထိုအရာ၏အဆင့်အတန်း အလားအလာတို့နှင့်အတူ ဟင်းလင်းပြင်တာအိုနယ်ပယ်တွင် အနှစ်တစ်ထောင်တိုင်တိုင် ခါးသီးစွာ ကျင့်ကြံခဲ့သူများ၏ တာအိုအသီးအပွင့်များကို ခြေမွှဖျက်ဆီးရန် လုံလောက်သည်ဟု စူးချန်ကဲကို ခံစားရစေသည်။
တစ်ချိန်တည်းမှာပင် ဖရိုဖရဲခန်းမဆောင် အမွေအနှစ်၏ အဓိကအစိတ်အပိုင်းမှ ဖွဲ့စည်းထားသော ထိုဖရိုဖရဲ မူလအစ တာအိုစည်းတံဆိပ်သည် သူ၏နတ်ဘုရားစိတ်ဝိညာဉ်နှင့် လုံးလုံးလျားလျား ပေါင်းစပ်သွားလေပြီ။
သို့ရာတွင် ထိုအရာမှာ ပြောင်းလဲမှုအားလုံး မဟုတ်ချေ။ ဤကမ္ဘာ၏ ဖရိုဖရဲချီများက သူ၏ခန္ဓာကိုယ်ဆီသို့ လုံးဝစုစည်းသွားခဲ့သည်။ မွေးရာပါ ဖရိုဖရဲ ရုပ်ခန္ဓာကိုယ်၏ ပြီးပြည့်စုံသော ပုံစံက မွေးဖွားလာတော့ပေမည်။
ဧရာမ ဖရိုဖရဲ ဂိတ်တံခါးကြီး၏ အပြင်ဘက်တွင်....
ဂိတ်တံခါးပေါ်ရှိ ရှေးဟောင်းနတ်ဘုရားပုံစံများ မှိတ်တုတ်မှိတ်တုတ် ဖြစ်နေသည်။ ဤသည်မှာ ဧရာမ ဖရိုဖရဲ နှလုံးသားကြီးတစ်ခု ဖြည်းညှင်းစွာ ခုန်နေသည့်အလားပင်။ ထိုအရာများ၏လင်းလက်မှု တစ်ခုစီတိုင်းက အပြင်ဘက်ရှိ ထောင်ပေါင်းများစွာသော ကျင့်ကြံသူများ၏ စိတ်ဝိညာဉ်များကို ဆွဲငင်နေပေ၏။
ယခင်က လွှမ်းမိုးနေသော ဖရိုဖရဲ ကောင်းကင်တက်လှမ်းခြင်းလှေကား၊ ဦးညွှတ်အရိုအသေပြုနေသော ရှေးဟောင်းပုံရိပ်ယောင်များနှင့် စကြဝဠာကို တုန်လှုပ်စေသော မဟာတာအိုခေါင်းလောင်းသံတို့သည် ဆုတ်ခွာသွားသော ဒီရေအလား ပျောက်ကွယ်သွားပြီး အဆုံးမဲ့ တုန်လှုပ်မှုနှင့် ခန့်မှန်းမှုများကိုသာ ချန်ထားရစ်ခဲ့သည်။
ဝမ်တန်နှင့်ကျန်းချီလီတို့က တစ်ယောက်ကိုတစ်ယောက် ကြည့်ကာ သူတို့၏စိတ်နှလုံးသားထဲရှိ လှိုင်းထနေသော စိတ်လှုပ်ရှားမှုနှင့် အံ့အားသင့်မှုတို့ကို ဖိနှိပ်ထားလိုက်ကြသည်။ သူတို့၏ အကြည့်များက လင်းယုန်ငှက်များအလား နောက်တစ်ကြိမ် စူးရှလာပြီး တောင်ကြား၏ အတွင်းနှင့်အပြင်ရှိ ဆူညံနေသော လူအုပ်ကြီးကို ဝှေ့ယမ်းကြည့်ရှုကာ ဂိတ်တံခါး အတွင်းတွင် ရှိနေဆဲဖြစ်သော စူးချန်ကဲကို မသိမသာ ကာကွယ်ပေးထားသည်။
အကယ်၍ တစ်ယောက်ယောက်က ရှေ့သို့တိုးလာလျှင် အပို စကားတစ်ခွန်းမှ မပြောဘဲ ထိုလူသည် ချက်ချင်းအသတ်ခံရပေမည်။
သူတို့သည် စူးချန်ကဲ ထွက်လာမည့်အချိန်ကို ဤနေရာတွင် စောင့်ပြီး သေချာစကားပြောရန်လည်း ရည်ရွယ်ထားလေ၏။
လော့ကျဲ့ရှန်း၏ခန္ဓာကိုယ်သည် အကာအကွယ်တစ်ခုအလား တာအိုစည်းချက်ဖြင့် လွှမ်းခြုံထားပြီး သူမက အနားယူရန် မျက်လုံးများကို စုံမှိတ်လိုက်သည်။
လူသားဧကရာဇ်ငယ် ရွှမ်ယွမ်ဖိုသည် သူ၏ဓားကိုကိုင်ကာ မတ်တတ်ရပ်နေပြီး သူ၏ သူရဲကောင်းဆန်သော အရှိန်အဝါမှာ လျော့ကျမသွားချေ။
မင်ကျိုးယို၏အမူအရာမှာ ခန့်မှန်း၍မရအောင် ပြောင်းလဲနေပြီး သူ၏စဥ်းစားတွက်ချက်နေသော အကြည့်က ဧရာမ ဖရိုဖရဲ ဂိတ်တံခါးကြီးနှင့် အဝေးရှိ ဖန်ရွှမ်ရှိနေသော ရေခဲတောင်ထွတ်ကြားတွင် ရွေ့လျားနေသည်။
ဘုန်းတော်ကြီးပုယွီက သူ၏လက်များကို လက်အုပ်ချီထားကာ သူ၏ခေါင်းကို ငုံ့ထားပြီး ကံကြမ္မာ၏စည်းချက်ကို အာရုံခံနေသည့်အလားပင်။
လီမြောင်ယန်၏ သေသပ်လှပသော မျက်ခုံးများက အနည်းငယ် တွန့်ကွေးသွားပြီး သူမ ကြောင်အမ်းအမ်း ဖြစ်သွားခဲ့သည်။
နောက်ဆုံးတွင် ဝေ့ရွှမ်က ထိတ်လန့်တုန်လှုပ်မှုမှ အနည်းငယ် ပြန်လည်ကောင်းမွန်လာခဲ့လေ၏။ သူ၏ရင်ဘတ်ကို ပုတ်ကာ သူ့နံဘေးရှိ ဘုန်းတော်ကြီးပုယွီကို တစ်ခုခု ပြောဆိုတော့မည့်အချိန်တွင် သတိပေးချက် မရှိဘဲ အပြောင်းအလဲတစ်ခု ပေါက်ကွဲထွက်လာသည်။
"ဝီ..."
ထိုအရာက မည်သည့် ကောင်းကင်သို့ရောက်ရှိသော ဂိတ်တံခါးများဆီကမှ လာခြင်းမဟုတ်သလို မည်သည့် အစွမ်းထက်သော ကျွမ်းကျင်သူထံမှ မြစ်ဖျားခံလာခြင်းလည်း မဟုတ်ချေ။
စိတ်ဝိညာဉ်ကို တုန်ခါသွားစေပြီး တာအိုတစ်သောင်းကို တုန်လှုပ်သွားစေသော ဤမြည်ဟီးသံက ဤလောကကြီးကိုယ်တိုင်မှ ပေါက်ကွဲထွက်လာပုံရသည်။
ရုတ်ချည်းဆိုသလိုပင်....
ဘုန်း...
မိုးကောင်းကင်ကြီး အက်ကွဲသွားလေပြီ...
မြင်နိုင်စွမ်းမရှိသော လက်ကြီးတစ်ဖက်က ပြင်းထန်စွာ ဆုတ်ဖြဲလိုက်သည့်အလား ထာဝရဆောင်းရာသီ တားမြစ်နယ်မြေကို ဖုံးလွှမ်းထားသော ထာဝရမီးခိုးရောင် ကောင်းကင်ကြီးက ပြင်းထန်စွာ စုတ်ပြဲသွားသည်ကိုကြည့်ရင်း လူတိုင်း ထိတ်လန့်တကြား မော့ကြည့်လိုက်ကြ၏။
တိုင်းတာ၍မရ ဖော်ပြ၍မရနိုင်လောက်အောင် တောက်ပသော နတ်ဘုရားအလင်းရောင်များက အက်ကွဲကြောင်းထဲမှ ပန်းထွက်လာသည်။ ဤအလင်းရောင်မှာ တောက်ပမှု သက်သက် မဟုတ်ချေ။ ထိုအရာတွင် အစိုင်အခဲဖြစ်နေသော ဥပဒေသမှော်စာလုံးများ စီးဆင်းနေပြီး အချိန်၏အပိုင်းအစများ လူးလွန့်နေသည်။
မျက်စိတစ်ဆုံးအကာအဝေးထိ ဟင်းလင်းပြင်သည် ရေအလား ပုံပျက်ပြီး လှိုင်းထနေပေ၏။ ဤအလွန်ကြီးမားသော အပြောင်းအလဲ၏အလယ်တွင် မိုးထိအောင် မြင့်မားသည့် ကောင်းကင်သို့ရောက်ရှိသော ဂိတ်တံခါးများ ဆယ့်ခြောက်ခုသည် ရေထဲသို့ ကျရောက်နေသော ရောင်ပြန်ဟပ်မှုများအလား စတင်၍ ဝေဝါးလာသည်။
"ကောင်းကင်တက်လှမ်းခြင်း လမ်းကြောင်း ... ပွင့်သွားပြီလား..."
ရှေးဟောင်းနယ်မြေတစ်ခုမှ သူတော်စင် တစ်ပါးက အံ့အားသင့်မှုဖြင့် ပြောလိုက်ကာ သူ၏ အသံတွင် မထိန်းချုပ်နိုင်သော စိတ်လှုပ်ရှားမှုများ ပါဝင်နေသည်။
နောက်တခဏတွင်....
"ရွှီ..."
"ရွှီ..."
"ရွှီ..."
လေကို ထိုးခွင်းသွားသည့် အသံများ...မဟုတ်သေး....ကမ္ဘာများကို ထိုးခွင်းသွားသည့် အသံများက အရပ်မျက်နှာအားလုံးမှ၊ ကမ္ဘာအသင်္ချေမှနှင့် မသိနိုင်သော ဝေးလံသည့် ထောင့်များမှ တပြိုင်နက်တည်း ထွက်ပေါ်လာသည်။
သူတို့ မည်သည့်နေရာ၌ ရှိနေပါစေ မည်သည့်အရာကို လုပ်ဆောင်နေပါစေ ကောင်းကင်တက်လှမ်းခြင်း ကျောက်စိမ်းပြားကို ကိုင်ဆောင်ထားသော မည်သည့်သက်ရှိကိုမဆို ခုခံ၍မရနိုင်သော စွမ်းအားတစ်ခုက ဤအခိုက်အတန့်တွင် ဖမ်းဆုပ်သွားပေ၏။
အရှေ့ပိုင်းနက်နဲသိမ်မွေ့နယ်မြေ....
ထိုက်ချင်ဂိုဏ်း ...
ဝူယာခြံဝင်း၌....
လျှိုရူယန်၏ခန္ဓာကိုယ် နံဘေးပတ်လည်တွင် ဖျော့တော့သော ရွှေရောင်မီးတောက်မြူခိုးများဝန်းရံနေသည်။ သူမသည် ပလ္လင်ခွေထိုင်ကာ သူမ၏အတိတ်ဘဝက ရှေးဟောင်း အပျက်အစီးနယ်မြေတစ်ခုမှ လျှို့ဝှက် နည်းစနစ်တစ်ခုကို ကျင့်ကြံနေလေ၏။ ထိုအချိန်မှာပင် သူမ၏ သိုလှောင်လက်စွပ်အတွင်းရှိ ကောင်းကင်တက်လှမ်းခြင်းကျောက်စိမ်းပြားက မျက်စိကျိန်းလောက်အောင် တောက်ပသော အလင်းရောင်တစ်ခု ရုတ်တရက် ပေါက်ကွဲထွက်လာပြီး ထိုအရာ၏ကိုယ်ထည် ပူလောင်လာခဲ့သည်။
"ဘာတွေ ဖြစ်နေတာလဲ..."
"ဒါက..."
လျှိုရူယန်က သူမ၏မျက်လုံးများကို ဖွင့်လိုက်ပြီး အနည်းငယ် အံ့အားသင့်သွားသည်။
နောက်တခဏတွင် သူမ၏ပုံရိပ်က ရေထဲရှိ မင်အလား ချက်ချင်းမှေးမှိန်သွားပြီး လျှို့ဝှက်ခန်း အတွင်းမှ ပျောက်ကွယ်သွားတော့သည်။
မြောက်ပိုင်းဒေသရှိ နင်မိသားစု တားမြစ်နယ်မြေ၏ နက်ရှိုင်းသော နေရာတွင်...
စိတ်ဝိညာဉ်ချီများ ပြည့်နှက်နေသော နွေးထွေးသည့် ခန်းမဆောင်တစ်ခုအတွင်း၌...
ခန်းမဆောင်အတွင်းတွင် အရွယ်အစား အမျိုးမျိုးရှိသော အောက်မေ့ဖွယ်ကျောက်ပြားများကို ထားရှိသည်။
နင်ဖူယောင်က ကျောက်ပြားနှစ်ခုရှေ့တွင် ဒူးထောက်ကာ ကလေးဘဝက သူမ၏ မိခင် ပေးထားသော ကျောက်စိမ်းဆွဲသီးတစ်ခုကို ကိုင်ထားလေ၏။ သူမမိဘများ၏ နာမည်များကို ကြည့်ရင်း သူမ၏မျက်လုံးများတွင် လွမ်းဆွတ်မှုများဖြင့် ပြည့်နှက်နေသည်။
"အဖေ... အမေ... ဖူယောင် ပြန်လာပြီ..."
"ကျွန်မ ပြောရအုံးမယ်...ထိုက်ချင် ဂိုဏ်း မှာ အရမ်းကြင်နာပြီး အစွမ်းထက်တဲ့ စီနီယာအစ်ကို တစ်ယောက်နဲ့ ကျွန်မ တွေ့ခဲ့တယ်..."
သူမက တီးတိုးရေရွတ်လိုက်သည်။ သူမ စကားမဆုံးမီ သူမ၏လက်ဝါးထဲရှိ ကျောက်စိမ်းဆွဲသီးက ရုတ်တရက် တောက်ပစွာ လင်းလက်လာပြီး ညင်သာသော်လည်း ခုခံ၍မရနိုင်သော စွမ်းအားတစ်ခုက သူမကို ရစ်ပတ်သွားသည်။
သူမ၏ပုံရိပ်သည် ကြယ်ပြာရောင်အစက်အပြောက်များအဖြစ်သို့ ပြောင်းလဲသွားပြီး ခန်းမဆောင်အတွင်းမှ သူမ ပျောက်ကွယ်မသွားမီ တိုတောင်းသော အံ့အားသင့်သည့် အော်ဟစ်သံတစ်ခုသံ ထုတ်လွှတ်ရန်သာ သူမ အချိန်ရလိုက်သည်။
တစ်ချိန်တည်းမှာပင် နင်မိသားစု၏ ကြီးကျယိခမ်းနားသော တခြားအခန်းတစ်ခန်းတွင်...
ထုယိုယိုသည် နူးညံ့သောကော်ဇောများဖြင့် ဖုံးအုပ်ထားသည့် ကျောက်စိမ်းကုတင်တစ်လုံးပေါ်တွင် ကွေးကွေးလေးအိပ်နေပြီး ညီညာစွာ အသက်ရှူနေကာ သူမ၏မျက်နှာလေး တည်ငြိမ်အေးချမ်းနေသည်။ ရှေးဟောင်းဆန်ပြီး လျှို့ဝှက်ဆန်းကြယ်သော အရှိန်အဝါတစ်ခုက သူမ၏ခန္ဓာကိုယ်အတွင်း၌ ဖြည်းညှင်းစွာ နိုးထလာချိန်တွင် သူမက နက်ရှိုင်းသော အိပ်စက်ခြင်းတစ်ခုသို့ ကျရောက်သွားပုံရသည်။
သူမ၏ခေါင်းအုံးနံဘေးတွင် ငှက်နက်ပုံစံများ ရေးထွင်းထားသော ရှေးဟောင်းပုံပေါက်သည့် ကောင်းကင်တက်လှမ်းခြင်း ကျောက်စိမ်းပြားတစ်ခုက အလိုအလျောက် ပျံဝဲလာသည်။ ထိုအရာသည် ညင်သာသော လရောင်အလား အလင်းရောင်တစ်ခုကို ထုတ်လွှတ်ကာ သူမ၏ ခန္ဓာကိုယ်လေးကို ညင်သာစွာ ရစ်ပတ်သွားလေ၏။
အလင်းရောင် ပျောက်ကွယ်သွားချိန်၌ ကျောက်စိမ်းကုတင်သည် လစ်ဟာနေလေပြီ။
အလားတူမြင်ကွင်းများက ကမ္ဘာအသင်္ချေ၏ မရေမတွက်နိုင်သော ထောင့်တစ်နေရာတိုင်းတွင် တပြိုင်နက်တည်း ဖြစ်ပေါ်နေသည်။
နက်ရှိုင်းသော တောနက်လှိုဏ်ဂူများတွင် တံခါးပိတ်ကျင့်ကြံနေသော မွန်းစတားအိုကြီးများ၊ စည်ကားသော မြို့တည်းခိုခန်းများတွင် အရက်သောက်နေသော လေလွင့်သူများ၊ လောကကြီးမှ ပုန်းကွယ်နေသော ရှေးဟောင်းမြင့်မြတ်နယ်မြေများအပြင် ကြယ်တာရာကောင်းကင်၏ နက်ရှိုင်းသော နေရာများတွင် ပုန်းကွယ်နေသော ရှေးဟောင်းကြယ်နယ်မြေတချို့၌...
သူတို့၏ကျင့်ကြံဆင့် သို့မဟုတ် သူတို့ တွေ့ကြုံနေရသောအရာ မည်သည့်အရာဖြစ်စေ သူတို့သည် ကောင်းကင်တက်လှမ်းခြင်း ကျောက်စိမ်းပြားကို ပိုင်ဆိုင်ထားသရွေ့ ဤအချိန်အခိုက်အတန့်တွင် ဤကမ္ဘာများရှိ သူတို့၏တည်ရှိမှုများ အတင်းအကြပ် ဖျက်ဆီးခံလိုက်ရသည်။
ယွမ်ယန်နယ်မြေ....
ထာဝရဆောင်းရာသီ တားမြစ်နယ်မြေရှိ ကောင်းကင်သို့ရောက်ရှိသော ဂိတ်တံခါးများ ဆယ့်ခြောက်ခု အပြင်ဘက်တွင်....
ဤနေရာရှိ မြင်ကွင်းသည် ကြောက်မက်ဖွယ်အကောင်းဆုံးပင်။
ကောင်းကင်ရှိ အက်ကွဲကြောင်းက အဆုံးမရှိအောင် ကျယ်ပြန့်သွားပြီဖြစ်ပြီး ဖြာထွက်လာသော နတ်ဘုရားအလင်းတန်းနှင့် ဥပဒေသများ၏စီးကြောင်းမှာ နောက်ခံ သက်သက် မဟုတ်တော့ဘဲ လောကကြီးကို ပြောင်းလဲစေသော စွမ်းအားတစ်ခုအဖြစ်သို့ ပြောင်းလဲသွားသည်။
သူတို့၏ခြေထောက်အောက်ရှိ ထာဝရ ရေခဲမြစ်များက အရည်ပျော်ပြီး ပြိုကွဲပျက်စီးနေပေ၏။ ပတ်ဝန်းကျင်ရှိ ဟင်းလင်းပြင်မှာ အက်ကွဲနေသော မှန်တစ်ချပ်အလား ဖြစ်နေပြီး မတူညီသော အချိန်နှင့်နေရာများ၏ ထူးဆန်းသော အပိုင်းအစများကို ဖော်ပြနေသည်။ အချိန်၏ စီးဆင်းမှုပင်လျှင် ဖရိုဖရဲ ဖြစ်လာခဲ့ပြီး လူတချို့က ချက်ချင်းအိုမင်းသွားသည်ကို ခံစားလိုက်ရပြီး တချို့ကမူ ကလေးဘဝသို့ ပြန်ရောက်သွားပုံ ရသည်။
"မင်းတို့ရဲ့ စိတ်ကို တည်ငြိမ်အောင်ထား... ဒါက လျှို့ဝှက်နယ်မြေက ကြိုဆိုတဲ့ အချိန်နဲ့ ဟင်းလင်းပြင် နေရာရွှေ့ပြောင်းမှုပဲ..."
ရွှမ်ယွမ်ဖိုက အော်ဟစ်လိုက်ပြီး သူ၏ဧကရာဇ် တာအိုအင်မော်တယ်ချီက ကိုယ့်ကိုယ်ကိုယ် ကာကွယ်ရန် ရွှေရောင်အလင်းအကာအကွယ်တစ်ခုအဖြစ် ပြောင်းလဲသွားသည်။ သူသည် အချိန်နှင့် ဟင်းလင်းပြင် ရှုပ်ထွေးမှုအသိတစ်ခုထဲသို့ ကျရောက်သွားသော ကျင့်ကြံသူများစွာကိုလည်း သတိပေးလိုက်၏။
နောက်တခဏတွင် ဟင်းလင်းပြင်းနေရာရွှေ့ပြောင်းမှု ပြီးစီးသွားသည်။
ဘုန်း...
ဤသည်မှာ ကောင်းကင်နှင့်မြေကြီး ပြောင်းပြန်ဖြစ်သွားပြီး ကြယ်စင်က နေရာရွှေ့ပြောင်းသွားသည့်အလားပင်။
စက်ဝိုင်းပုံတောင်ကြား၏ အတွင်းနှင့်အပြင်ရှိ လူတိုင်း သူတို့၏အမြင်အာရုံ မှုန်ဝါးသွားသည်ကို ခံစားလိုက်ရပြီး သူတို့၏ခြေထောက်များက ခိုင်မာသော မြေကြီးကိုရုတ်တရက် ထိမိသွားသည်။ ရုတ်ချည်းဆိုသလိုပင် လက်ရှိခေတ်၏ ဥပဒေသများကို ကျော်လွန်သော တာအိုစည်းချက်နှင့် ရောနှောနေသည့် ထူထပ်သိပ်သည်းပြီး ခွဲခြား၍မရနိုင်သော မူလဘူတအရှိန်အဝါတစ်ခုက သူတို့ဆီသို့ ခုန်ဝင်လာသည်။
အရိုးထိအောင် အေးစက်သော ထာဝရဆောင်းရာသီ တားမြစ်နယ်မြေ ပျောက်ကွယ်သွားလေ၏။
ထိုနေရာတွင် အဆုံးမဲ့ပြန့်ကျဲနေသော မူလဘူတ နတ်ဘုရားတောင်များ အစားထိုးဝင်ရောက်လာသည်။
တောင်များက နဂါးကျောရိုးများအလား မြင့်တက်နေပြီး အပြာရောင်ကောင်းကင်နှင့် ဆက်သွယ်နိုင်သည့်အလား တိမ်များထဲသို့ ထိုးတက်နေသည်။
ရှေးဟောင်းသစ်ပင်များက ကောင်းကင်ဆီသို့ ဆန့်တန်းနေကြပြီး ထိုအရာများ၏ အကိုင်းအခက်များက နဂါးများအလား တွန့်လိမ်နေကာ အရွက်များက အမိုးအကာများကဲ့သို့ ကြီးမားပြီး မြစိမ်းရောင် တောက်ပမှုဖြင့် လင်းလက်ကာ သက်စောင့်စွမ်းအား စီးဆင်းနေသည်။
အဝေးတွင် ရေတံခွန်များက ကြယ်မြစ်များအလား ကျဆင်းနေပြီး ပြင်းထန်သော ရေစီးဆင်းသံက နားကွဲလုမတတ်ဖြစ်ကာ ပန်းထွက်နေသော ရေခိုးရေငွေ့များက နေရောင်အောက်တွင် သက်တံတံတားများအဖြစ် အလင်းယိုင်နေသည်။
ကောင်းကင်ယံတွင် ရင်းနှီးသော နေ၊ လ သို့မဟုတ် ကြယ်များ မရှိဘဲ မတူညီသော အရောင်များရှိပြီး မတူညီသော တာအိုစည်းချက်များကို ထုတ်လွှတ်နေသည့် ရှေးဟောင်း ကောင်းကင်ခန္ဓာကိုယ်သုံးခုက ဖြည်းညင်းစွာ လှည့်ပတ်နေပြီး ထာဝရတောက်ပမှုများ ဖြာထွက်နေသည်။
ဤနေရာရှိ လေထုသည် လေးလံပြီး ကြီးမားသော ဖိအား ပါဝင်နေသော်လည်း အသက်ရှူလိုက်တိုင်း လူတစ်ယောက်က အသန့်စင်ဆုံး မွေးရာပါ အနှစ်သာရကို ရှူရှိုက်နေရသည့်အလား ခံစားရစေသည်။
"ဒါတွေက... အင်မော်တယ် ရှေးဟောင်းခေတ်က နတ်ဘုရား တောင်တွေလား... ငါတို့က ကောင်းကင်တက်လှမ်းခြင်း လျှို့ဝှက်နယ်မြေရဲ့ အလယ်ဗဟိုဧရိယာကို တိုက်ရိုက် ပို့ခံလိုက်ရတာလား..."
ကျန်းချီလီက အပြင်ဘက်နှင့် လုံးဝ ကွဲပြားသော ဤကမ္ဘာ့ပတ်ဝန်းကျင်နှင့် အသားကျရန် ကြိုးစားရင်း သူ၏ နေမင်း အင်မော်တယ်ချီ အနည်းငယ် လှိုင်းထနေကာ ပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။
"ဒါက ဟင်းလင်းပြင် နေရာရွှေ့ပြောင်းမှု သက်သက် မဟုတ်ဘူး... သမိုင်းနောက်ခံ ကတောင် ပြန်ပြီးသရုပ်ထင်ဟပ်လာပုံရတယ်..."
လော့ကျဲ့ရှန်းက တီးတိုးပြောလိုက်သည်။ သူမ၏ မွေးရာပါ တာအိုသန္ဓေသားက ဤနေရာရှိ ဥပဒေသများမှာ ပို၍ရှေးကျပြီး ပို၍တက်ကြွကာ ပို၍အစွမ်းထက်ကြောင်း တာအို တစ်သောင်း ယှဉ်ပြိုင်ပြီး အင်မော်တယ် အများအပြား ထကြွခဲ့သည့် ထိုဂုဏ်ကျက်သရေရှိသော ခေတ်တွင် အမှန်တကယ် ရှိနေသည့်အလား ထက်မြက်စွာ အာရုံခံမိသည်။
သို့ရာတွင် ဤကမ္ဘာကြီး ပြောင်းလဲသွားသည့် အဖြစ်အပျက်၏ တုန်လှုပ်မှုနှင့် လူတိုင်း အပြည့်အဝ အသားမကျနိုင်မီ ဆူညံသံများ ထွက်ပေါ်လာသည်။
"ဒုန်း..."
"ဒုန်း..."
"ဒုန်း..."
အခန်း ၂၀၆:နတ်ဘုရားများ ဆင်းသက်လာပြီး မွေးရာပါ ဖရိုဖရဲ ရုပ်ခန္ဓာကိုယ် နိုးထလာတယ်
နတ်ဘုရားတောင်၏ အပြင်ဘက်ရှိ လျှို့ဝှက်ဆန်းကြယ်သော ဟင်းလင်းပြင် တစ်ခုမှ လေးလံသော ခြေသံများ ပဲ့တင်ထပ်လာသည်။
ခြေလှမ်းတစ်လှမ်း ကျဆင်းသွားတိုင်း ထိုဟင်းလင်းပြင်ရှိကြယ်များ တုန်ခါသွားလေ၏။
ကြီးမားကျယ်ပြန့်ပြီး ကြောက်မက်ဖွယ်ကောင်းသော ဖိအားတစ်ရပ်က မြင်နိုင်စွမ်းမရှိသော လေပြင်းမုန်တိုင်းတစ်ခုအလား တိုက်ခတ်သွားခဲ့သည်။
မတူညီသော အရောင်များရှိသည့် နတ်ဘုရား အလင်းရောင်ငါးခုက ဟင်းလင်းပြင်ကို ရိုင်းစိုင်းစွာ ဆုတ်ဖြဲလိုက်ပြီး တစ်ခုစီတိုင်းက မျက်စိကျိန်းလောက်အောင် တောက်ပနေသည်။
ဒဏ္ဍာရီထဲမှ ထွက်ပေါ်လာသော ရှေးဟောင်း နတ်ဘုရား ငါးပါးအလား ပုံရိပ် ငါးခုက နတ်ဘုရား အလင်းရောင်များဖြင့် တည်ဆောက်ထားသော လှေကားထစ်များပေါ်တွင် ဖြည်းညှင်းစွာ ထွက်ပေါ်လာသည်။
သူတို့ကို ဦးဆောင်လာသူမှာ မှိတ်တုတ်မှိတ်တုတ် ဖြစ်နေသော အလင်းနှင့် အရိပ်များဖြင့် ဖုံးလွှမ်းထားသည့် ပုံရိပ်တစ်ခု ဖြစ်ပြီး အချိန်မရွေး ဟင်းလင်းပြင်ထဲသို့ ပေါင်းစပ်သွားနိုင်သည့်ပုံ ပေါက်နေလေ၏။
ထိုလူသည် သွယ်လျသောခန္ဓာကိုယ်နှင့် ဝေဝါးနေသော မျက်နှာရှိပြီး ငွေဖြူရောင် မျက်လုံး တစ်စုံကိုသာ မြင်ရကာ အေးစက်ပြီး ရက်စက်ကာ ထင်ယောင်ထင်မှားများအားလုံးကို ထိုးဖောက်ပြီး မူလအစကို တိုက်ရိုက်ထိုးနှက်နိုင်သည့်အလားပင်။
ထာဝရနတ်ဘုရား စက်ဝန်းတစ်ခုက သူ၏နောက်တွင် စုစည်းနေပြီး ကောင်းကင်နှင့်မြေကြီး၏ အခြေခံအကျဆုံး မှော်စာလုံးများကို ထူထပ်သိပ်သည်းစွာ ရေးထွင်းထားကာ သူသည် ထိုနေရာတွင် မတ်တတ်ရပ်နေသော်လည်း နေရာတိုင်းတွင် ရှိနေပုံရသည်။
ဤပုံရိပ်မှာ တခြားသူ မဟုတ်ဘဲ နတ်ဘုရားမျိုးနွယ်စု၏ တော်ဝင်မျိုးနွယ်စုငါးခုထဲမှ တစ်ခုဖြစ်သော ဟင်းလင်းပြင် နတ်ဘုရား မျိုးနွယ်စု၏ လက်ရှိ နတ်ဘုရားသားတော် ရွှီဝူဖာပင်။
သူ၏ဘယ်ဘက်တွင် ရွှေရောင် နတ်ဘုရား မီးတောက်များဖြင့် လုံးဝရစ်ပတ်ထားသော ကြီးကျယ်ခမ်းနားသည့် ပုံရိပ်တစ်ခု မတ်တတ်ရပ်နေသည်။
ထိုလူသည် အရပ်ဆယ်ပေကျော် မြင့်မားပြီး သူ၏ကြွက်သားများက နတ်ဘုရားရွှေဖြင့် သွန်းလုပ်ထားသည့်အလား ဖောင်းကြွနေပေ၏။ သူ၏ဆံပင်များက ခုန်ပေါက်နေသော ရွှေရောင် မီးတောက်များအလား ဖြစ်နေပြီး သူ၏ မျက်လုံးများက စုစည်းနေသော နေမင်း နှစ်စင်းအလားဖြစ်နေသည်။ သူ မျက်လုံးဖွင့်လိုက်ချိန်တွင် စူးရှသော ရွှေရောင်အလင်းတန်းများကို ထုတ်လွှတ်ထားသည်။
ဤသည်မှာ မီးတောက်နတ်ဘုရား တော်ဝင်မျိုးနွယ်စု၏ နတ်ဘုရားသားတော် ယန်ဟွမ်ကျင်းပင်။
သူသည် လမ်းလျှောက်နေသော ရှေးဟောင်း မီးတောင် တစ်ခုအလား ဖြစ်နေပြီး အပူရှိန်ကြောင့် ပတ်ဝန်းကျင်ရှိ ဟင်းလင်းပြင်ကို ပုံပျက်သွားစေခဲ့သည်။ နေမင်း နတ်ဘုရား မီးတောက်များက သူ၏နံဘေးပတ်လည်တွင် မူလဘူတ မှော်စာလုံးများအဖြစ် စုစည်းသွားကာ ကောင်းကင်နှင့်မြေကြီးကို တုန်ခါသွားစေသည်။
သူ၏ ညာဘက်တွင် ကြယ်ရောင်ဝတ်ရုံတစ်ထည်ကို ဝတ်ဆင်ထားသော ချောမောခန့်ညားသည့် အမျိုးသားတစ်ဦး ရှိနေသည်။
သူ၏ဆံပင်ရှည်များက ညအလား နက်မှောင်နေပြီး ကြယ်ရောင်အစက်အပြောက်လေးများဖြင့် အလှဆင်ထားသည်။ သူ၏မျက်နှာသည် အလွန် ပြီးပြည့်စုံလွန်းသဖြင့် အစစ်အမှန်နှင့် မတူဘဲ ပန်းချီကားတစ်ချပ်အလားပင်။ သူ၏နဖူး အလယ်ဗဟိုတွင် လှည့်ပတ်နေသော ကြယ် တွင်းနက်ငယ်တစ်ခု နစ်မြုပ်နေပေ၏။
သူသည် ကြယ်နတ်ဘုရား တော်ဝင်မျိုးနွယ်စု၏ နတ်ဘုရားသားတော် ရှင်းချန်ယောင်ပင်။
သူ၏လှုပ်ရှားမှုတိုင်းတွင် အဆုံးမရှိသော ကြယ်ရောင်များက သူ့နောက်သို့ လိုက်ပါလာပြီး သူသည် ကောင်းကင်ယံရှိ ကြယ်များအပေါ် အခွင့်အာဏာကို ကိုင်စွဲထားသည့်အလားပင်။ သူ၏အရှိန်အဝါသည် ကြယ်တာရာ ကောင်းကင်အလား နက်ရှိုင်းပြီး ကြီးမားကျယ်ပြန့်သည်။
နံဘေးဘက်သို့ အနည်းငယ်ရောက်သောနေရာတွင် ထူထပ်သော မြေကမ္ဘာအဝါရောင် နတ်ဘုရား အလင်းရောင်ဖြင့် ဖုံးလွှမ်းထားသော ပုံရိပ်တစ်ခု ရှိနေသည်။
ထိုသူက ထာဝရ မလှုပ်မယှက်တည်ရှိနေသော နတ်ဘုရားတောင်တစ်လုံးအလား သန်မာတောင့်တင်းသော ခန္ဓာကိုယ်ရှိသည်။ သူ၏ အသားအရေမှာ ရွှေနက်ရောင်ဖြစ်ပြီး သူ၏အရေပြားပေါ်တွင် မြေကမ္ဘာ သွေးကြောများနှင့်တူသော ပုံစံများ ရှိနေသည်။
သူသည် မြေကမ္ဘာနတ်ဘုရား တော်ဝင်မျိုးနွယ်စု၏ နတ်ဘုရားသားတော် ယွီဖန်ပင်။
ထိုသူသည် စကားနည်းသူတစ်ဦး ဖြစ်သော်လည်း သူ ထုတ်လွှတ်သော အရှိန်အဝါမှာ အခိုင်မာဆုံးနှင့် အလေးလံဆုံးပင်။ သူ၏ရုပ်ခန္ဓာကိုယ်သည် အမြင့်ဆုံး အသွင်ပြောင်းမှုသို့ ရောက်ရှိနေပြီး နတ်ဘုရား မျိုးနွယ်စုများကြားတွင် ယှဉ်ပြိုင်၍မရနိုင်သော ရုပ်ခန္ဓာကိုယ်အဖြစ် လူသိများကျော်ကြားသည်။
နောက်ဆုံးတစ်ယောက်မှာ လောကီရေးရာနှင့် ကင်းကွာသော အရှိန်အဝါများ ဖြာထွက်နေသည့် အမျိုးသမီးတစ်ဦးပင်။
သူမ၏အသွင်အပြင်မှာ တစ်နယ်ခြားဆန်ပြီး ဆွဲဆောင်မှုရှိကာ ရေတံခွန်တစ်ခုအလား ကျဆင်းနေသော မြစိမ်းရောင် ဆံပင်များနှင့် အစိမ်းရောင်မျက်လုံးများ ရှိသည်။ သူမ၏ အကြည့်များ ပြောင်းလဲသွားသည့်ကြားတွင် သေနေသော သစ်ပင်များကို အသက်ပြန်ရှင်လာစေနိုင်သည် သို့မဟုတ် သက်ရှိများကို အာဟာရများအဖြစ် ချက်ချင်းပြောင်းလဲပစ်နိုင်စွမ်း ရှိပုံ ရသည်။
ဤသည်မှာ အသက်နတ်ဘုရားမျိုးနွယ်စု၏ နတ်ဘုရားသမီးတော် ချင်းလော့ပင်။
နတ်ဘုရားမျိုးနွယ်စု၏ တော်ဝင်မျိုးနွယ်စု ငါးခုမှ အစွမ်းထက်ဆုံး နတ်ဘုရားသားတော် သမီးတော်များ အတူတကွ ရောက်ရှိလာခဲ့ကြလေပြီ။
ပြောရမည်ဆိုလျှင် သူတို့တစ်ယောက်စီသည် သူတို့၏လက်ထဲတွင် ကောင်းကင်တက်လှမ်းခြင်း ကျောက်စိမ်းပြားတစ်ခုစီကို ကိုင်ဆောင်ထားကြသည်။
"စူးယွီ လာမလားဆိုတာ ငါ သိချင်တယ်... တကယ်လို့ သူ မလာဘူးဆိုရင် ဒါက နည်းနည်း ပျင်းစရာ ကောင်းလိမ့်မယ်..."
ရွှီဝူဖာက ဂရုမစိုက်သောလေသံဖြင့် ပြောလိုက်သည်။ သူ၏မျက်လုံးထဲတွင် လူသားမျိုးနွယ်စုမှ စူးယွီ တစ်ယောက်တည်းသာ သူ့ကို ခြိမ်းခြောက်နိုင်လေ၏။
ယန်ဟွမ်ကျင်း၏ မီးတောက်မျက်လုံးများ မှေးစင်းသွားပြီး သူက ရယ်မောလိုက်သည်။
"ဒီတစ်ကြိမ်မှာ ကျန်းမိသားစုရဲ့ အဲ့ဒီနေမင်း နတ်ဘုရား ရုပ်ခန္ဓာကိုယ်ပိုင်ရှင်က ဘယ်အဆင့်ထိ ကျင့်ကြံထားလဲဆိုတာနဲ့ ငါ့ရဲ့ မူလအစ နတ်ဘုရားမီးတောက်တွေရဲ့ လောင်ကျွမ်းမှုကို သူ ခံနိုင်ရည် ရှိမရှိ ဆိုတာ ငါ ကြည့်ချင်တယ်..."
ရှင်းချန်ယောင်က ပြောလိုက်သည်။
"ဒီတစ်ကြိမ်မှာ ကမ္ဘာအသင်္ချေရဲ့ လူငယ် မျိုးဆက်တွေကို ဘာပဲပေးဆပ်ရပါစေ မျိုးဖြုတ်ပစ်ဖို့ နတ်ဘုရားအရှင်က ငါတို့ကို အမိန့်ပေးထားတယ်... နတ်ဘုရားအရှင်က အဲ့ဒါကို ဒီလောက် အရေးကြီးတယ်လို့ သတ်မှတ်ထားတာကြောင့် လူသားမျိုးနွယ်စုရဲ့ လူငယ်မျိုးဆက်တွေရဲ့ခွန်အားက အားမနည်းဘူးဆိုတဲ့ အဓိပ္ပာယ်ပဲ... ဒါကြောင့် အရမ်းမကစားကြနဲ့...မဟုတ်ရင် ရေတိမ်တဲ့ မြောင်းထဲမှာ ငါတို့ မှောက်သွားလိမ့်မယ်..."
"ဟား ဟား...မှောက်သွားမှာလား... "
ယန်ဟွမ်ကျင်းက အထင်သေးစွာ လှောင်ပြောင်လိုက်သည်။
"မင်းက ဒီအမှိုက်တွေကို အရမ်းအထင်ကြီးနေတာပဲ... တကယ်လို့ သူတို့ကို တစ်ယောက်ပြီး တစ်ယောက် သတ်ရမယ့် ကိစ္စဆိုရင် ငါ တစ်ယောက်တည်းနဲ့တင် လုံလောက်တယ်..."
ရှင်းချန်ယောင်က ဤသွေးပူနေသော လူငယ်ကို ဆုံးမရန် ရည်ရွယ်ကာ လှမ်းကြည့်လိုက်သော်လည်း အေးစက်သော အမျိုးသမီးအသံတစ်သံက ကြားဖြတ်ပြောဆိုလာခဲ့သည်။
"သွားကြရအောင်..."
"ဒါက စတော့မယ်..."
ချင်းလော့က တီးတိုးပြောလိုက်သည်။ တခြားသူများကို တစ်ချက်လေးမျှပင် မကြည့်ဘဲ သူမက ရှေ့သို့ခြေတစ်လှမ်း လှမ်းလိုက်ပြီး သူမ၏ ပုံရိပ်က ထိုနေရာမှ ပျောက်ကွယ်သွားသည်။
တခြားနတ်ဘုရားသားတော်များသည်လည်း ကောင်းကင်တက်လှမ်းခြင်း လျှို့ဝှက်နယ်မြေ အတွင်းသို့ တစ်ယောက်ပြီး တစ်ယောက် ခြေချလိုက်ကြ၏။
သူတို့ ပျောက်ကွယ်သွားပြီးနောက် ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါများကို ထုတ်လွှတ်ထားသည့် နတ်ဘုရားမျိုးနွယ်စုဝင် ရာပေါင်းများစွာက သူတို့၏ ကောင်းကင်တက်လှမ်းခြင်း ကျောက်စိမ်းများကို ထုတ်ယူ၍ တစ်ယောက်ပြီး တစ်ယောက် ဝင်ရောက်သွားကြသည်။ နတ်ဘုရားမျိုးနွယ်စုသည် လူသား မျိုးနွယ်စု ပါရမီရှင် များကို သတ်ဖြတ်ခြင်းဖြင့် အဆုံးမဲ့ ခေတ်ကာလများတလျှောက် စုဆောင်းထားခဲ့သော ကောင်းကင်တက်လှမ်းခြင်း ကျောက်စိမ်း အရေအတွက်မှာ အံ့အားသင့်ဖွယ်ကောင်းသော အဆင့်တစ်ခုသို့ ရောက်ရှိနေလေပြီ။
တစ်ချိန်တည်းမှာပင်....
ကောင်းကင်တက်လှမ်းခြင်း လျှို့ဝှက်နယ်မြေ ၏အပြင်ဘက်တွင်...
ရွှီချီသည် သူ၏လက်များကို နောက်ပစ်ကာ မတ်တတ်ရပ်နေပြီး ဂရုတစိုက် လေ့လာကြည့်ရှုနေရင်း တီးတိုးရေရွတ်လိုက်သည်။
"အင်မော်တယ် ရှေးဟောင်း ခေတ်... ဒီတစ်ကြိမ် ကောင်းကင်တက်လှမ်းခြင်း လမ်းကြောင်းက နည်းနည်းထူးခြားတယ်... အင်း... အထဲကိုဝင်ဖို့ အချိန်တန်ပြီ..."
နောက်တစ်စက္ကန့်တွင်....
သူ၏ပုံရိပ်သည်လည်း ပျောက်ကွယ်သွားခဲ့လေ၏။
ဧရာမ ဖရိုဖရဲ ဂိတ်တံခါးကြီးအတွင်းတွင်...
ဘုန်း...
ဖရိုဖရဲ အင်မော်တယ်ချီများ ပြင်းထန်စွာ တုန်ခါသွားပြီး စူးချန်ကဲနှင့် လုံးဝပေါင်းစပ်သွားကာ သူ့ထံမှ ခွဲခြား၍မရနိုင်အောင် ဖြစ်သွားခဲ့သည်။
သူ၏ခန္ဓာကိုယ်အတွင်းမှ ဖရိုဖရဲ အင်မော်တယ်ချီ အမျှင်လေးတစ်ခုလည်း ထွက်ပေါ်လာပြီး ဖရိုဖရဲ ကြာပန်းစိမ်း၏ နံဘေးပတ်လည်တွင် ရစ်ပတ်နေသည်။
အချိန်တခဏအကြာတွင် သူ၏ခန္ဓာကိုယ်အတွင်းရှိ အသွင်ပြောင်းမှုမုန်တိုင်း ဖြည်းညှင်းစွာ လျော့ကျသွားသည်။
စူးချန်ကဲက သူ၏မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်လိုက်၏။
သူ၏မျက်လုံးများမှ နက်ရှိုင်းသော နေရာများတွင် မူလက မွေးဖွားခြင်းနှင့် ဖျက်ဆီးခြင်း၏ အဆက်မပြတ် လည်ပတ်မှုထဲတွင် ရှိနေသော ဖရိုဖရဲ စကြဝဠာငယ် နှစ်ခုမှာ ယခုအချိန်၌ ထူးဆန်းသော ဟန်ချက်ညီမှုတစ်ခုသို့ ရောက်ရှိသွားပုံရသည်။
သူ၏ဘယ်ဘက်မျက်လုံးတွင် ဖရိုဖရဲက နစ်မြုပ်သွားပြီး မြေ၊ လေ၊ ရေ နှင့် မီး တို့အဖြစ် ဆင့်ကဲပြောင်းလဲသွားကာ ကမ္ဘာတစ်ခုကို ဖန်တီးနေသည့်အလားပင်။ သူ၏ ညာဘက်မျက်လုံးတွင် ဖရိုဖရဲက တက်လာပြီး အရာအားလုံးကို ဗလာနတ္တိအဖြစ်သို့ ပြန်လည်ရောက်ရှိစေကာ မူလအစ သို့ ပြန်လည်ရောက်ရှိသွားသည်။
တစ်ခုက ဘယ်၊ တစ်ခုက ညာ၊ တစ်ခုက မွေးဖွားခြင်း၊ တစ်ခုက ဖျက်ဆီးခြင်း ဖြစ်ပြီး ပြီးပြည့်စုံပြီး လျှို့ဝှက်ဆန်းကြယ်သော လည်ပတ်မှုတစ်ခုကို ဖွဲ့စည်းထားသည်။
အကယ်၍ ဤအချိန်အခိုက်အတန့်တွင် ကြေးမုံမှန်တစ်ချပ်သာ ရှိပါက စူးချန်ကဲသည် သူ၏ လက်ရှိအသွင်အပြင်မှာ ထိုဆံဖြူအင်မော်တယ် ဘုရင် နှင့် အလွန်ဆင်တူကြောင်း တွေ့ရှိရပေမည်။ တစ်ခုတည်းသော ကွာခြားချက်မှာသူ၏ ဆံပင်အရောင် ဖြစ်ကောင်းဖြစ်နိုင်သည်။ ထို့ပြင် သူ၏ခန္ဓာကိုယ်မှ မျက်စိကျိန်းလောက်အောင် တောက်ပသော နတ်ဘုရား အလင်းရောင်များဖြင့် ဖြာထွက်မနေတော့ဘဲ အခြေခံသို့ ပြန်လည်ရောက်ရှိသော ဖရိုဖရဲ အရောင်တစ်ခုကို ပြသနေသည်။
သူ၏ ကြွက်သားနှင့်အရိုး တစ်လက်မချင်းစီက အသန့်စင်ဆုံး ဖရိုဖရဲ မူလအစဖြင့် သွန်းလုပ်ထားသည့်အလားပင်။
အဓိကအကျဆုံး အပြောင်းအလဲမှာ သူ၏နှလုံးသားတွင် တည်ရှိသည်။
ထိုမွေးရာပါ ဖရိုဖရဲနှလုံးသား၏ ခုန်နှုန်းမှာ ယခုအချိန်၌ ဤကမ္ဘာ၏သွေးခုန်နှုန်းနှင့် လျှို့ဝှက်ဆန်းကြယ်သော ဖရိုဖရဲမဟာတာအို၏ စည်းချက်တို့နှင့် ပြီးပြည့်စုံစွာ ထပ်တူကျနေလေပြီ။
သူ၏ သွေးကြောအတွင်း စီးဆင်းနေသောအရာမှာ ဖရိုဖရဲ ရတနာသွေးပင်။ ထိုအရာသည် ပြဒါးအလား လေးလံပြီး ဖရိုဖရဲ တောက်ပမှုဖြင့် လင်းလက်ကာ အရာအားလုံးကို ဆင့်ကဲပြောင်းလဲနိုင်စွမ်းရှိသည်။
ဤသည်မှာ အပိုင်းအစ ဖြစ်နေသော နှလုံးသား တစ်ခု မဟုတ်တော့ဘဲ ကမ္ဘာအသင်္ချေတွင် မရေမတွက်နိုင်သော ခေတ်ကာလများတလျှောက် အဆင့်တစ်နေရာတွင် ရပ်တည်ခဲ့သော အစွမ်းအထက်ဆုံး ရုပ်ခန္ဓာကိုယ် ဖွဲ့စည်းတည်ဆောက်ပုံ၏ ပြီးပြည့်စုံသော ပုံစံပင်။
ဤအချိန်အခိုက်အတန့်တွင် ထိုအရာသည် စူးချန်ကဲ၏ခန္ဓာကိုယ်အတွင်းတွင် အမှန်တကယ်ကို နိုးထလာခဲ့လေပြီ။
မွေးရာပါ ဖရိုဖရဲ ရုပ်ခန္ဓာကိုယ်၏ ဖော်ပြချက်မှာ အလွန်ရိုးရှင်းလေသည်။ ထိုရုပ်ခန္ဓာကိုယ်ပိုင်ရှင်သည် နည်းလမ်းများအားလုံးကို ခုခံနိုင်စွမ်းရှိပြီး မဟာဧကရာဇ်တစ်ပါး ဖြစ်လာရန် ကံကြမ္မာပါသည်။
စူးချန်ကဲက သူ၏ လက်သီးကို ညင်သာစွာ ဆုပ်လိုက်၏။ မည်သည့် ဥပဒေသစွမ်းအားကိုမျှ အသုံးမပြုဘဲ သူ၏ရုပ်ပိုင်းဆိုင်ရာ ခွန်အားကို အနည်းငယ် စုစည်းလိုက်ရုံဖြင့် ပတ်ဝန်းကျင် ဟင်းလင်းပြင်က ဖိအားအရှိန်အဝါအောက်တွင်အက်ကွဲသွားသည်။ ဟင်းလင်းပြင်ဖွဲ့စည်းပုံသည် သန့်စင်သော ခွန်အားကြောင့် ပြိုကျလုနီးပါး ဖိညှစ်ခံနေရခြင်း၏ လက္ခဏာတစ်ရပ်အဖြစ် သေးငယ်သော အနက်ရောင် အက်ကွဲကြောင်းများ ထွက်ပေါ်လာခဲ့ပေ၏။
"မဆိုးဘူးပဲ..."
စူးချန်ကဲသည် သူ၏ခန္ဓာကိုယ်အတွင်းရှိ ကြီးမားကျယ်ပြန့်သော စွမ်းအားများက ကြယ်စင်မြစ်တစ်ခုအလား လှိုင်းထနေကာ သူ၏ကိုယ်ပိုင်ခြေလက်များအလား အလွယ်တကူ ထိန်းချုပ်နိုင်ကြောင်း ခံစားလိုက်ရပြီး သူ၏နှလုံးသား တည်ငြိမ်နေသည်။
နောက်တစ်စက္ကန့်တွင် သူက ဖရိုဖရဲ မဟာတာအိုအပေါ် သူ၏ နားလည်သဘောပေါက်ခြင်းကို တစ်ချက်ကြည့်လိုက်သည်။
【ဖရိုဖရဲ မဟာတာအို (၂ ရာခိုင်နှုန်း)】
"အရှိန်က တော်တော်လေးမြန်တယ်..တခြား မူလအစတွေထက် အများကြီး ပိုမြန်တယ်... ဒါက ငါ့ရဲ့ ရုပ်ခန္ဓာကိုယ် ဖွဲ့စည်းတည်ဆောက်ပုံ ကြောင့် ဖြစ်နိုင်တယ်..."
စူးချန်ကဲက တွေးတောလိုက်သည်။
ထို့နောက် အတွေးတစ်ခုဖြင့် လျှင်မြန်စွာ မှေးမှိန်လာပြီး လုံးဝပျောက်ကွယ်တော့မည့် ဤပုံရိပ်ယောင် ဟင်းလင်းပြင်၏ အဆုံးဆီသို့ သူ လှည့်ကြည့်လိုက်၏။
"ထွက်သွားရမယ့် အချိန်ရောက်ပြီ... အချိန်သိပ်မကြာလောက်သေးပါဘူး..."
တုံ့ဆိုင်းခြင်းမရှိဘဲ စူးချန်ကဲက ရှေ့သို့ ခြေတစ်လှမ်း လှမ်းလိုက်သည်။
ဖရိုဖရဲခန်းမဆောင်၏ နောက်ဆုံးပဲ့တင်သံများက သူ၏နောက်တွင် လုံးဝပျောက်ကွယ်သွားသည်နှင့်အမျှ စူးချန်ကဲသည် စိတ်ဝိညာဉ် ချီ များ အသက်ရှူမွန်းကြပ်လောက်အောင် သိပ်သည်းနေသော ဤရှေးဟောင်းနတ်ဘုရား တောင်၏အစွန်းတွင် သူတစ်ယောက်တည်း မတ်တတ်ရပ်နေခဲ့သည်။
သူ၏ခြေထောက်အောက်တွင် အေးခဲနေသော မြေကြီး မဟုတ်တော့ဘဲ မရေမတွက်နိုင်သော ထူးဆန်းသည့် အပင်များ ပေါက်ရောက်နေသည့် အရောင်ငါးမျိုး မြေဆီလွှာ ဖြစ်နေသည်။
လေထုထဲတွင် ထာဝရ ခေတ်ကာလများတလျှောက် အနည်ထိုင်နေခဲ့သော လူသူကင်းမဲ့သည့် တာအိုစည်းချက်များဖြင့် ပြည့်နှက်နေပေ၏။