← Chapters

ယူနီဂါ ၁ (၃)

Vol. 56 Ch. 976

ယူနီဂါ ၁ (၃)

Vol. 56 Ch. 976

ယခုတစ်ကြိမ်တွင်မူ သူတို့အားလုံး ရှင်းရှင်းလင်းလင်းကြားလိုက်ရသည်၊၊ အသံမှာ ရှေ့ရှိ ခန်းမ၏ ထောင့်တစ်နေရာမှ ထွက်ပေါ်လာခြင်းဖြစ်သည်။

“ငါ့ကို ထပ်အတုခိုးနေပြန်ပြီ ထွက်ခဲ့စမ်း”

ကီကီ၏ အကြည့်များ အေးစက်သွားပြီး သူမ၏ စိတ်စွမ်းအင်များကို ချက်ချင်းထုတ်ဖော်ကာ ထိုထောင့်သို့ ခြိမ်းခြောက်နိုင်စွမ်းအပြည့်ဖြင့် လှမ်းဖမ်းလိုက်သည်။ ရှေ့တွင်ရှိသော စားပွဲနှင့် ကုလားထိုင်များ စိတ်စွမ်းအင်ကြောင့် လွင့်စင်သွားပြီး ထိုထောင့်သို့ ပြင်းထန်စွာ တိုးဝင်သွားကာ ဖိအားလှိုင်းတစ်ခုကို ခွဲထုတ်ပစ်လိုက်သည်။

“မိပြီလား”

“မမိဘူး”

ကီကီက လေးနက်သောမျက်နှာအမူယာဖြင့် “အဲဒီဘက်က အသံကြားတာ သေချာတယ်”

“သတိထားကြ”

ထိုအချိန်တွင် လင်းရှန်သည် ဒရုန်းအစင်းပေါင်း ရာနှင့်ချီကို ဆင့်ခေါ်လိုက်ပြီးဖြစ်ရာ ၎င်းတို့သည် ခန်းမအတွင်း လျင်မြန်စွာ လှည့်လည်စကင်ဖတ်နေကြသည်၊၊ သံမဏိမိုးစက်ဒရုန်းများမှာ ရှေ့သို့ အရှိန်အဟုန်ဖြင့် တိုးဝင်သွားကြသလို သူသည် ဒရုန်းများကို ပိုမိုဆင့်ခေါ်နေသည်။ အကယ်၍ ထိုအရာသာ ရုပ်ပိုင်းဆိုင်ရာအရ ပျောက်ကွယ်သွားခြင်းမျိုး မဟုတ်ပါက မိရန် အခွင့်အလမ်းများစွာ ရှိသည်၊၊

ထိုအခိုက်တွင် လုရှင်းချန်၊ ရှောင်ချင်းနှင့် နန်ကျင်းတို့သည်လည်း စင်္ကြံလမ်းအသီးသီးမှ ပြေးဝင်လာကြသည်။ စွမ်းအားဝတ်စုံကို ဝတ်ဆင်ကာ ပျံသန်းဝင်ရောက်လာသည့် အားဖေးလည်း ခန်းမထဲသို့ ရောက်ရောက်ချင်းတစ်စုံတစ်ခုကို သတိပြုမိသွားသည် ။

“ကပ္ပတိန်လင်း… ခင်ဗျားအနောက်မှာ တစ်ယောက်ယောက်ရှိနေတယ်”

ဝူး။

ထိုအသံကို ကြားသည်နှင့် လင်းရှန်သည် သူ၏အနောက်ဘက်၌ AT စွမ်းအင်ဒိုင်းကို အလိုလျောက် ချက်ချင်းအသက်သွင်းလိုက်သည်။ သို့သော် နောက်တစ်စက္ကန့်တွင် မည်သည့်အရာမှ ဖြစ်မလာပေ။

“လင်း”

ရှီဇီသည်လည်း တစ်စုံတစ်ခုကို အာရုံခံမိသွားပြီး လင်းရှန်၏ ဘေးဘက်သို့ လက်ညှိုးထိုးကာ အော်ပြောသည်။ သူမ စကားပင်မဆုံးသေးမီ ဖြူဖျော့ဖျော့ ပိန်ရှည်ရှည်လူရိပ်တစ်ခုမှာ ရုတ်တရက်ပေါ်လာပြီး ဒရုန်းအချို့ကို ရိုက်ထုတ်ကာ လင်းရှန်ထံသို့ တိုက်ရိုက်ခုန်အုပ်လိုက်သည်၊၊

လင်းရှန်က လျင်မြန်စွာ တုံ့ပြန်ပြီး စူပါစထရင်း နူဓာတ်ပြုအဆင့်သက်တန့်ကွင်းကို ချက်ချင်း အသက်သွင်းလိုက်ရာ AT စွမ်းအင်ဒိုင်းမှာ လုံးဝန်းသော အကာအကွယ်အဖြစ် ပြန့်ကားသွားပြီး သူ၏ ဘေးဘက်မှ တိုက်ခိုက်မှုကို ပိတ်ဆို့လိုက်သည်။

ဝုန်း။

နောက်တစ်ခဏတွင် လျှပ်စစ်ဝါယာရှော့ဖြစ်သည့်အလား အလင်းတန်းများ ပေါက်ကွဲထွက်သွားသည်။ ထိုသတ္တဝါ၏ လျှပ်စီးများ ဖုံးလွှမ်းနေသော လက်တစ်ဖက်မှာ သူ၏ စွမ်းအင်ဒိုင်းကို အဝေးမှ လှမ်းကိုင်ထားသည်ကို လင်းရှန် မြင်လိုက်ရသည် ။ ပြင်းထန်သော စွမ်းအင်ကြောင့် လျှပ်စစ်ဓာတ်စီးဆင်းမှုကို သူ ခံစားလိုက်ရပြီး ဤတိုက်ခိုက်မှုမှာ အလွန်ပင် စွမ်းအားကြီးမားကြောင်း သိလိုက်သည်၊၊

“အစ်ကိုလင်း သတိထား”

လင်းရှန်က တိုက်ခိုက်မှုကို ခုခံထားစဉ် လုရှင်းချန်ကလည်း လျင်မြန်စွာ လှုပ်ရှားလိုက်သည်။ သူ၏ လက်ချောင်းထိပ်များမှ ပြင်းထန်သော မီးတောက်ဓားတစ်လက် ထွက်ပေါ်လာပြီး အသံထက်မြန်သော အရှိန်ဖြင့် ထိုသတ္တဝါ၏ ခန္ဓာကိုယ်ကို ထိုးဖောက်သွားသည်၊၊ တစ်ချိန်တည်းမှာပင် ထိုဖြူဖျော့ဖျော့သတ္တဝါ၏ ခန္ဓာကိုယ်မှ မိုက်ခရိုဝေ့ဖ်လှိုင်းများ ထွက်ပေါ်လာပြီး မီးတောက်ဓားကို ပိတ်ဆို့လိုက်သည်။ မီးပွားများမှာ စောင့်ကြည့်ရေးခန်းမအတွင်းရှိ ကွန်ပျူတာစက်ပစ္စည်းများပေါ်သို့ ပျံ့နှံ့သွားသည်။

ထိုအချိန်အတွင်း ကီကီကလည်း တိုက်ပွဲတွင် ပါဝင်လာပြီး စိတ်စွမ်းအင်ကို အသုံးပြုကာ ထိုသတ္တဝါကို ဖမ်းဆုပ်ကာ ထိန်းချုပ်လိုက်သည်။

“ဒါက ဘာကောင်ကြီးလဲ”

ကီကီက ဖမ်းချုပ်လိုက်ပြီးမှသာ ထိုအရာသည် လူတစ်ယောက်ဖြစ်နေကြောင်း လင်းရှန်နှင့် အခြားသူများ သိလိုက်ကြသည်၊၊

လူဟု ဆိုသော်လည်း ပုံပန်းသဏ္ဌာန်မှာ အလွန်ပင် ထူးဆန်းနေသည်။ ထိုသူ၏ အရေပြားမှာ တစ်ကိုယ်လုံး ပြာနှမ်းဖြူဖျော့နေပြီး အရပ်မှာ နှစ်မီတာကျော်ခန့် ရှည်လျားကာ ဓာတ်ခွဲခန်းမှ စမ်းသပ်ခံတစ်ခုနှင့် တူညီနေသည်။ မျက်နှာသွင်ပြင်မှာ အရည်ပျော်နေသည့် အသားစများကြောင့် ဖုံးကွယ်နေပြီး ပါးစပ်ကို အမည်းရောင်ကြိုးများဖြင့် ချုပ်ပိတ်ထားသည်။

သူ၏ အဝတ်မဲ့ခန္ဓာကိုယ်တွင် လက်မောင်းလေးဖက်ပါရှိပြီး လက်ချောင်းများမှာ ရေဘဝဲလက်တံများကဲ့သို့ တွန့်လိမ်လှုပ်ရှားနေကြသည်။ ၎င်း၏ ပါးစပ်မှာ ပိတ်ထားသော်လည်း ကီကီ၏ အသံက ထိုသတ္တဝါ၏ ဝမ်းဗိုက်ထဲမှ ဆက်တိုက်ထွက်ပေါ်နေသည်။

“ဒါက ဘာကောင်ကြီးလဲ”

“ငါ့ကို ထပ်အတုခိုးပြန်ပြီလား”

ကီကီက ပြောရင်းနှင့် ထိုအရာကို ချေမှုန်းရန် လက်မြှောက်လိုက်သည်။ လင်းရှန်သည် ထိုသတ္တဝါ၏ လက်လေးဖက်ပေါ်တွင် ဖုံးလွှမ်းနေသော အမှောင်စွမ်းအင်များကို သတိပြုမိသွားသည်၊၊ ၎င်းသည် ကီကီ၏ ထိန်းချုပ်မှုကို ခံထားရသော်လည်း ရုန်းကန်ခြင်းမရှိသည်ကို မြင်သောအခါ တစ်စုံတစ်ခုမှားယွင်းနေပြီဖြစ်ကြောင်း သူ ချက်ချင်း ရိပ်မိလိုက်သည်။

“သတိထားကြ”

လင်းရှန် လက်ဝေ့ယမ်းလိုက်ရာ သံမဏိအကာကွယ်ဒရုန်းများက ၎င်းတို့၏ ဒိုင်းများကို ဖြန့်ကျက်ပြီး ထိုသတ္တဝါကို ဝိုင်းပတ်ပိတ်ဆို့လိုက်သည်။ နောက်တစ်စက္ကန့်တွင် အလွန်ပူပြင်းသော အရှိန်အဝါတစ်ခု အတွင်းမှ ပေါက်ကွဲထွက်လာပြီး လုရှင်းချန်၏ မီးတောက်ဓားကဲ့သို့သော ဓားချက်ပေါင်းများစွာမှာ ဒိုင်းများ၏ ကြားမှတစ်ဆင့် အရပ်မျက်နှာအနှံ့သို့ ထိုးထွက်လာသည်။

ထိုအခိုက်တွင် လူတိုင်း လျင်မြန်စွာ ရှောင်တိမ်းလိုက်ကြသည်၊၊ လင်းရှန်က ရှီဇီကို ဆွဲခေါ်သွားပြီး နန်ကျင်းက ကြောင်အမ်းနေသော အားဖေးကို ဘေးသို့ တွန်းထုတ်လိုက်သည်။ ရှောင်ချင်းနှင့် ကီကီတို့ကမူ ပါးနပ်စွာ ရှောင်တိမ်းနိုင်ခဲ့ကြသော်လည်း လုရှင်းချန်ကတော့ အငိုက်မိသွားပြီး သူ၏ ကိုယ်ပိုင်စွမ်းအားနှင့် ဆင်တူသော ‘မီးတောက်ဓား’ ချက်ကြောင့် လွင့်စင်သွားသည်။ ကံကောင်းထောက်မစွာဖြင့် လင်းရှန်၏ စွမ်းအားဝတ်စုံကြောင့် ဒဏ်ရာမရရှိခဲ့သော်လည်း နံရံကို ပြင်းထန်စွာ ဆောင့်မိသွားသည်၊၊

“ဒီကောင်က... စွမ်းအားတွေကို စုပ်ယူနိုင်တာလား”

အားဖေးကို ဘေးသို့ တွန်းထုတ်ပြီးနောက် နန်ကျင်းက ချက်ချင်း သဘောပေါက်သွားသည်၊၊

“ဒါကတော့ အတော်လေး များသွားပြီ”

ထိုခဏတွင် လုရှင်းချန်သည် အပျက်အစီးများကြားမှ ဒေါသတကြီးထရပ်လိုက်သည်။ ကမ္ဘာပျက်ကပ်ကို ရက်ပေါင်းရာချီ စိုးမိုးလာခဲ့ပြီးမှ သူကိုယ်တိုင်ဖန်တီးထားသည့် မီးတောက်စွမ်းအားကြောင့် အငိုက်မိကာ အရှုံးကြီးရှုံးသွားရသဖြင့် သူသည် ဒေါသတကြီး ပြန်လည်တိုက်ခိုက်ရန် ပြင်လိုက်သည်။

သို့သော် လင်းရှန်က ဆက်သွယ်ရေးလိုင်းမှတစ်ဆင့် သူ့ကို ချက်ချင်း တားမြစ်လိုက်သည်၊၊

“မီးတောက်… ဘာမှမလုပ်နဲ့ဦး”

မီးတောက်၏ စွမ်းအားမှာ အလွန်ကျယ်ပြန့်စွာ ပေါက်ကွဲတတ်သည့် အမျိုးအစားဖြစ်သည်။ ယခု သူတို့ရောက်နေသည်မှာ မြေအောက်အခြေစိုက်စခန်းအတွင်းဖြစ်ရာ ကိုယ့်လူကိုယ်ပြန်ထိခိုက်ရန် လွယ်ကူလှသည်။ ထို့အပြင် ထိုသတ္တဝါမှာ စွမ်းအားများကို စုပ်ယူနိုင်လျှင် လုရှင်းချန်၏ မီးတောက်စွမ်းအားမှာ ပြန်လည်တိုက်ခိုက်ခံရနိုင်သဖြင့် ပို၍ အန္တရာယ်ကြီးမားကြောင်း လင်းရှန် ချက်ချင်း သတိပြုမိလိုက်သည်၊၊

လော့ယန်၏ တိုက်စစ်ကို တားမြစ်ပြီးနောက် ထိုထူးဆန်းသောသတ္တဝါသည် အလွန်ပူပြင်းသောအရှိန်ဖြင့် သံမဏိအကာကွယ်ဒရုန်းများကို နေရာအနှံ့အရည်ပျော်စေနေသည်ကို လင်းရှန် မြင်လိုက်ရသည်။ သူက သံမဏိအကာကွယ်ဒရုန်းများကို ပိုမိုစေလွှတ်ကာ ဝိုင်းပတ်ပိတ်ဆို့လိုက်သလို သံမဏိအကျဥ်းထောင်ဒရုန်းအများအပြားကိုလည်း ဗို့အားမြင့်လျှပ်စစ်လှိုင်းများ အသုံးပြုရန် ပြင်ဆင်ခိုင်းလိုက်သည်၊၊

“ကီကီ”

“နားလည်ပြီ”

ကီကီနှင့် လင်းရှန်တို့သာ် အပေးအယူအလွန်မျှသူများဖြစ်ကြသည်။ လင်းရှန်က ဒရုန်းများဖြင့် တိုက်ခိုက်ရန် ပြင်လိုက်သည်နှင့် သူမကလည်း စိတ်စွမ်းအင်ဖြင့် ထိုသတ္တဝါကို ချက်ချင်း ချုပ်နှောင်လိုက်သည်၊၊

ဘစ်ဇ်် ဘစ်ဇ်။

သံမဏိအကာကွယ်ဒရုန်းများမှ လျှပ်စစ်လှိုင်းများ ပေါက်ကွဲထွက်လာပြီး ပြင်းထန်သော အလင်းတန်းများက ခန်းမတစ်ခုလုံးကို လင်းထိန်သွားစေသည်။ ထိုပေါက်ကွဲမှုနှင့်အတူ ခန်းမတစ်ခုလုံး တိတ်ဆိတ်သွားသည်။

လင်းရှန် နောက်ထပ်အကွက်တစ်ခုအတွက် ပြင်ဆင်နေစဉ်မှာပင် စွမ်းအားဝတ်စုံစနစ်မှ ပြင်းထန်သော စွမ်းအင်သိပ်သည်းဆထွက်ပေါ်လာမှုကို ထောက်လှမ်းမိလိုက်သည်။ နောက်တစ်စက္ကန့်တွင် သံမဏိအကာကွယ်ဒရုန်းများဝိုင်းရံထားသည့် ထိုဖြူဖျော့ဖျော့သတ္တဝါထံမှ လျှပ်စစ်တန်းပေါင်း ထောင်ချီ၍ ရုတ်တရက် ပွင့်ထွက်လာသည်။

ထိုလျှပ်စစ်တန်းများမှာ လင်းရှန်၏ တိုက်ခိုက်မှုကို တုံ့ပြန်လိုက်ခြင်းဖြစ်ပြီး ၎င်းတို့၏ စွမ်းအားမှာ ပိုမိုကြီးမားကာ ကီကီ၏ စိတ်စွမ်းအင်ဒိုင်းကို ဖောက်ထွက်ပြီး ပတ်ဝန်းကျင်ရှိ စက်ပစ္စည်းအမြောက်အမြားကိုပါ ထိုးဖောက်သွားသည်။

“ဒီကောင်က စွမ်းအားတင်မကဘူး ရုပ်ပိုင်းဆိုင်ရာ စွမ်းအင်အားလုံးကိုပါ စုပ်ယူပြီး ပြန်ပြောင်းလဲနိုင်တာပဲ”

လင်းရှန်က AT စွမ်းအင်ဒိုင်းကို ပိတ်လိုက်သည်၊၊ ထိုဖြူဖျော့ဖျော့သတ္တဝါမှာ အရည်ပျော်နေသော ဒရုန်းအစိတ်အပိုင်းများကြားမှ အရှိန်အဟုန်ဖြင့် တိုးထွက်လာသည်၊၊ ထိုစဉ် လျှပ်စီးလက်သကဲ့သို့ အရှိန်ဖြင့် ရှောင်ချင်းက လေထဲတွင်ပင် ထိုသတ္တဝါ၏ လက်တစ်ဖက်ကို ဖြတ်ချလိုက်သည်။ စွမ်းအင်များ ထုတ်လွှတ်ပြီးချိန်ဖြစ်၍သော်လည်းကောင်း သို့မဟုတ် ဇီဝစွမ်းအင်ဒိုင်းကို အချိန်မီအသုံးမပြုနိုင်၍သော်လည်းကောင်း ထိုသတ္တဝါမှာ မြေပြင်ပေါ်သို့ လဲကျသွားသည်။ ရှောင်ချင်းက ချိတ်ကြိုးကို အသုံးပြုကာ ၎င်း၏ နဖူးတည့်တည့်သို့ပစ်သွင်းလိုက်ပြီး ကျည်ဆန်တစ်ခုကဲ့သို့ အနီးကပ်ချဉ်းကပ်သွားကာ လက်ထဲမှ သေနတ်ဓားဖြင့် ခေါင်းကို ဖြတ်ရန် ပြင်လိုက်သည်၊၊

သို့သော် ထိုသတ္တဝါသည် အန္တရာယ်ကို သိပုံရပြီး နဖူးမှ ချိတ်ကြိုးကို လက်တစ်ဖက်ဖြင့် ဖမ်းဆွဲလိုက်သည်။ ထို့နောက် ရှောင်ချင်းရှိရာဘက်သို့ ဦးတည်ကာ အမည်းရောင်ကြိုးဖြင့် ချုပ်ထားသော ပါးစပ်မှ အသံနိမ့်လှိုင်းတစ်ခု ထွက်ပေါ်လာသည်၊၊

ထိုအသံကြောင့် ပတ်ဝန်းကျင်ရှိ လေထုထဲတွင် တုန်ခါလှိုင်းများဖြစ်ပေါ်လာပြီး ရှောင်ချင်း၏ သေနတ်ဓားထိပ်ဖျားမှာ ချက်ချင်းပင် လိမ်ကောက်သွားသည်၊၊

All Chapters