← Chapters

ကိန်းဂဏန်းများ(၂)

Vol. 56 Ch. 981

ကိန်းဂဏန်းများ(၂)

Vol. 56 Ch. 981

ဒီအချိန်မှတ်စနစ်က ဘာကိုဆိုလိုတာလဲ။

ဘဝရဲ့ နောက်ဆုံးအချိန်လား။

အမည်မသိ ကပ်ဘေးလား။

ကမ္ဘာကြီးက ပြောင်းလဲသွားမှာလား။

အမှောင်ယဉ်ကျေးမှုက ဘာလို့ သူ့ကို သတ်ဖို့ လက်လျှော့လိုက်တာလဲ၊၊ ယူနီဂါ ၁ ဆိုတာ ဘယ်လိုမိစ္ဆာမျိုးလဲ၊၊ အဲဒါက ဂါလန်မီးတောင်နဲ့ ဘယ်လိုပတ်သက်လဲ… ချန်ယန်ရွှီ ပြောသွားတဲ့ အမှောင်ယဉ်ကျေးမှုဆီက သက်ရှိပေါင်းစည်းခြင်းဆိုတာကကော ဘာလဲ… တားမြစ်ပစ္စည်းအားလုံးကိုကော သုံးလို့ရပါဦးမလား…။

လင်းရှန် ဘာအဖြေမှ မရသေးချေ။

သူ အသက်ပြင်းပြင်း ရှူလိုက်သည်။

သူ၏ မျက်နှာဖုံးကို ဖွင့်ကာ သံမဏိစင်မြင့်၏ အစွန်းရှိ လက်ရန်းကို အားပြုရင်း ရှုပ်ထွေးနေသော အတွေးများကို ထိန်းချုပ်ရန် ကြိုးစားလိုက်သည်။ သူ၏ မျက်နှာပေါ်တွင် ချွေးစေးများ စီးကျလာသည်။ အခြားသူများလည်း အချင်းချင်းကြည့်လိုက်ကြသည်။ လင်းရှန်တစ်ခုခုနှင့် ကြုံတွေ့နေရသည်ကို ကီကီ သိသော်လည်း သူ၏ ရှုပ်ထွေးနေသော မျက်နှာအမူယာကြောင့် ဝင်မနှောင့်ယှက်ဘဲ တိတ်ဆိတ်စွာ ကြည့်နေလိုက်သည်။

လင်းရှန် မျက်စိမှိတ်လိုက်၊ ပြန်ဖွင့်လိုက်လုပ်သော်လည်း သူ၏ မျက်စိထဲ၌ ကိန်းဂဏန်းများမှာ ဖယ်ရှား၍မရသော HUD စနစ်တစ်ခုကဲ့သို့ အထင်အရှားရှိနေဆဲဖြစ်သည်။

သူ အသက်ကို မှန်မှန်ရှူရင်း ကိန်းဂဏန်းများ လျော့နည်းလာသည်ကို ကြည့်ကာ စိတ်ကို တည်ငြိမ်အောင် ပြန်ကြိုးစားလိုက်သည်။

ခဏအကြာတွင် လင်းရှန် စိတ်တည်ငြိမ်သွားပြီး အောက်ဘက်ရှိ နျူကလီးယားရေငုပ်သင်္ဘောကို ကြည့်ကာ ပြောလိုက်သည်၊၊

“အစ်မနန်… အစ်မတို့က ကီကီနဲ့ အားဖေးကို ခေါ်ပြီး ဆိပ်ကမ်းရဲ့ အဆင့်တိုင်းကို ရှာဖွေကြ… ဟိုရေငုပ်သင်္ဘောကိုလည်း စစ်ဆေးပါ။ ရှောင်ချင်း၊ မီးတောက်၊ ရှီဇီ… မင်းတို့က အပေါ်က အခြေစိုက်စခန်းကို သွားရှာကြ… စောစောက စမ်းသပ်ခံသတ္တဝါတွေကို သတိထားဦး။ ရေထုတ်မြောင်းကိုလည်း ဂရုစိုက်… အဲဒီထဲက မွန်းစတားတွေကို သွားမနှိုးမိစေနဲ့။ ငါ ဒရုန်းတွေ အကုန်လွှတ်ပြီး မင်းတို့နဲ့ ပူးပေါင်းပေးမယ်။ မိုးမလင်းခင် ဒီစခန်းတစ်ခုလုံးကို ပိုက်စိတ်တိုက်ရှာကြရအောင်။ အသုံးဝင်မယ့် အချက်အလက်၊ ရိက္ခာ၊ လက်နက်တွေနဲ့ မြေအောက်အပူပေးစနစ်တွေကိုပါ အသေအချာ စစ်ဆေးပါ”

အားဖေးနှင့် ရှီဇီကို ခွဲထားရခြင်းမှာ နှစ်ဦးလုံးက ကင်းထောက်စွမ်းရည်ရှိသောကြောင့် ဖြစ်သည်။ လင်းရှန်သည် ချူယန်၏ အသိစိတ်နှင့် ဆက်သွယ်ရန်နှင့် ဖီးနစ်နှင့် စကားပြောဖို့ ကြိုးစားရန် စီစဉ်ထားသည်။

နန်ကျင်းက ခေါင်းညိတ်သည်၊၊

“နားလည်ပြီ”

“စိတ်ချပါ အစ်ကိုလင်း”

ရှောင်ချင်းနှင့်အတူ လှုပ်ရှားရမည်ဖြစ်သဖြင့် လုရှင်းချန် တက်ကြွနေသည်။

“ရှင်ကရော” ကီကီက မေးသည်။

“ငါ ဒီမှာပဲရှိနေမယ်”

လင်းရှန်က အောက်က ရေငုပ်သင်္ဘောကို ညွှန်ပြလိုက်သည်၊၊

“ပြီးရင် ဒီက ကွပ်ကဲစင်တာမှာ ပြန်ဆုံကြမယ်”

အားလုံး ချက်ချင်း စတင် လှုပ်ရှားကြသည်။ လင်းရှန်က ဒရုန်း ၁၀၀၀ကျော်ကို လွှတ်လိုက်သည်။ သူ၏ ဒရုန်းအများစုမှာ ဗိုင်အိုလာနှင့်အတူ ကင်းထောက်ရန် ထွက်သွားကြပြီး လက်ရှိတွင် ဒရုန်းအချို့မှာ ပင်လယ်ကျောက်ဆောင်ကျွန်းမြို့ရှိ အနန္တရထားနှင့် ချိတ်ဆက်ရန် ကြိုးစားနေကြသည်။ အချက်အလက်များ ချိတ်ဆက်မိသည်နှင့် ဗိုင်အိုလာကို ချက်ချင်းခေါ်နိုင်မည် ဖြစ်သည်။

ဤအခိုက်အတန့်တွင် လင်းရှန်သည် သူ၏ အမြင်အာရုံထဲမှ အချိန်မှတ်စနစ်ကို ကြည့်ကာ စိတ်ကို ထိန်းချုပ်လျက် အပေါ်ဘက်ရှိ ရေငုပ်သင်္ဘောကွပ်ကဲစင်တာထဲသို့ ဝင်ကာ ထိုင်လိုက်သည်။ ထို့နောက် သူ၏ အသိစိတ်ကို ကြယ်နက်ပန်းပဲဖိုထဲသို့ နစ်မြှုပ်လိုက်သည်။

“ချူယန်”

မည်သည့်တုံ့ပြန်မှုမျှ မရှိပေ။ ဧရာမ ကြယ်အဖွဲ့အစည်းကြီးထဲတွင် ကောင်းကင်အမိုးခုံးရထားမှာ ဖြည်းညှင်းစွာ လည်ပတ်နေပြီး ယန္တရားလက်တံအချို့မှာ တိုက်သင်္ဘောကို တည်ဆောက်ရန် အလုပ်ရှုပ်နေကြသည်။ တစ်ချိန်တည်းမှာပင် ရွှမ်းဝူ၏ အကြွင်းအကျန်များမှာ အဝေးတွင် ငြိမ်သက်စွာ မျောပါနေသည်။ လင်းရှန် သူ၏ ယန္တရားဟင်းလင်းပြင်ကို ကြည့်ကာ မျက်နှာပျက်သွားသည်။

“ချူယန်...”

ဘယ်သူမှ ပြန်မထူးချေ။ ချူယန်နှင့် သူ၏ ဆက်သွယ်မှု ပျောက်ကွယ်သွားသည့်အလား ခံစားလိုက်ရသည်။ ဤခံစားချက်ကြောင့် လင်းရှန်၏ မျက်နှာအမူယာ အနည်းငယ် ပြောင်းလဲသွားသည်။

“ဘာတွေ ဖြစ်နေတာလဲ”

၃၄:၁၅:၂၂၊၊

အချိန်မှတ်စနစ်မှာ ပြောင်းလဲနေဆဲဖြစ်သည်။ အချိန်အရ ဆိုပါက ၃၄ နာရီသာ ကျန်တော့သည်။

လင်းရှန် စိတ်ထဲတွင် မသက်မသာခံစားရသဖြင့် ငွေကျည်ဆန်နှင့် အသိစိတ်ကို ချိတ်ဆက်ကာ ဂရေ့စ်ကို လှမ်းခေါ်လိုက်သည်။

“ဂရေ့စ်”

လင်းရှန် ဂရေ့စ်ကို ခေါ်လိုက်စဉ်မှာပင် သူ ချထားခဲ့သော သတ္တုအံစာတုံးက တည်နေရာရွေ့လျားသွားသည်ကို သတိပြုမိလိုက်သည်။

ထိုကိန်းဂဏန်းကို မြင်လိုက်ရသည့်ခဏ၌ လင်းရှန် ပထမဆုံးအနေဖြင့် မျက်မှောင်ကြုတ်မိသွားပြီးနောက် သူ၏ မျက်လုံးသူငယ်အိမ်က ရုတ်ခြည်း ကျုံ့သွားတော့သည်။

ဒီကိန်းဂဏန်းက ဘာလို့ ဒီလောက်ရင်းနှီးနေရတာလဲ။

လင်းရှန် မှတ်မိသွားသည်။ အံစာတုံး၏ ကိန်းဂဏန်းများမှာ ယခင်က သုံးကြိမ်ပြောင်းလဲခဲ့ဖူးသည်။

၎င်းတို့မှာ ၃၊ ၄၊ ၁ တို့ ဖြစ်ကြသည်။

ယခုမူ ၎င်းသည် ၄ သို့ ပြောင်းလဲသွားပြန်သည်။

၃၄၁၄ လား။

“ဒီကိန်းဂဏန်း... ငါ တစ်နေရာရာမှာ မြင်ခဲ့ဖူးသလိုပဲ”

သူ ပြန်လှည့်ကြည့်လိုက်သည့်အခါ လင်းရှန် အံ့အားသင့်သွားသည်။ သူ၏ မျက်စိထဲရှိ အချိန်မှတ်စနစ်၏ ကိန်းဂဏန်းများမှာ အခုလေးတင် ပြောင်းလဲသွားခြင်းဖြစ်သည်။

၃၄:၁၅:၀၀၊၊

၃၄:၁၄:၅၉၊၊

လင်းရှန် နားထဲ၌ အသံတစီစီမြည်လာခြင်းမှာ ပို၍ စူးရှလာသည်ဟု ခံစားလိုက်ရသည်။

သူသည် သတ္တုအံစာတုံးနှင့် သူ၏ မျက်ကြည်လွှာပေါ်ရှိ ရေတွက်နေသော အချိန်ရေတွက်မှုကို ငြိမ်သက်စွာ စိုက်ကြည့်နေမိသည်။ တစ်ကိုယ်လုံး တောင့်တင်းနေပြီး ဤခိုက်အတန့်တွင် သူ၏ ဦးနှောက်မှာလည်း နှေးကွေးသွားသယောင် ရှိလေ၏။

လင်းရှန်သည် နှုတ်ခမ်းကို အသာဟကာ အတွေးများကို ပြန်လည်စုစည်းရန် ကြိုးစားလိုက်သည်။

“ဂရေ့စ်... ဂရေ့စ်”

“ဂရေ့စ်”

အကယ်၍ ဂရေ့စ်သာပြန်မဖြေပါက ငွေကျည်ဆန်နှင့် သူ၏ ဆက်သွယ်မှုမှာ ပြတ်တောက်သွားခြင်းဖြစ်နိုင်ချေအလွန်မြင့်မားသည်။ လင်းရှန်သည် သူ၏ မျက်ခုံးနှစ်ခုကြားရှိ ထူးခြားသည့် တည်ရှိမှုကို အာရုံခံရန် ကြိုးစားသော်လည်း မျက်စိရှေ့ရှိ ကိန်းဂဏန်းများကြောင့် အာရုံစိုက်ရန် ခက်ခဲနေလေသည်။

“သောက်ကျိုးနည်း… ဘာတွေဖြစ်နေတာလဲ”

မကောင်းသော ခံစားချက်တစ်ခုသည် သူ၏နှလုံးသား အနက်ရှိုင်းဆုံးမှ ပေါ်ထွက်လာသည်။

လင်းရှန် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်၏။ အကယ်၍ သူသာ ဂရေ့စ်နှင့် အဆက်အသွယ်ပြတ်တောက်သွားပါက တောင်ဘက်ကောင်းကင်ဂိတ်ကို ထိန်းချုပ်နိုင်စွမ်းဆုံးရှုံးသွားမည်ဖြစ်သလို ချူယန်၏ အသိစိတ်နှင့် တိုက်ရိုက်ဆက်သွယ်မှုလည်း ပျက်ပြားသွားမည် ဖြစ်သည်။ ထိုသို့ဆိုလျှင် ဖီးနစ်၏ ကြယ်တာယာကောင်းကင်သုတေသနခန်းမှ ယခုအချိန်အထိ ကြိုးပမ်းခဲ့သမျှအားလုံးမှာ အချည်းနှီးဖြစ်သွားပေလိမ့်မည်။

သူသည် သတ္တုအံစာတုံးကို စိုက်ကြည့်ကာ အသက်ပြင်းပြင်းတစ်ချက်ရှူလိုက်ပြီး ကြယ်နက်ပန်းပဲဖိုအတွင်းမှ သူ၏ အသိစိတ်ကို ချက်ချင်း ပြန်လည်ရုပ်သိမ်းလိုက်သည်။ ထို့နောက် ငြိမ်သက်စွာ ထိုင်နေရင်း အသက်ရှူခြင်းကို ဆက်တိုက်ညှိယူနေလေသည်။

“ဖာ့ခ်... အာရုံစိုက်စမ်း”

ထို့နောက် လင်းရှန်သည် သူ၏ စွမ်းအားဝတ်စုံ လက်ဝဲဘက်ခြမ်းကို ဖွင့်ကာ အရန်သိမ်းထားသော အေးခဲ-အမှောင်ဆေးရည်ကို ထုတ်ယူ၍ နှလုံးသားထဲသို့ အားပြင်းစွာ ထိုးထည့်လိုက်သည်။

ရှီးး၊၊

အမှောင်စွမ်းအင်လှိုင်းတစ်ခုသည် သူ၏ ခန္ဓာကိုယ်အတွင်းသို့ ချက်ချင်းပင် လျှံတက်သွား၏။ လင်းရှန်သည် လက်သီးကို ဆုပ်လျက် နောက်တစ်ကြိမ် အာရုံစိုက်လိုက်ပြန်သည်။

“ဂရေ့စ်”

[ကျွန်မ ဒီမှာရှိပါတယ်]

ဂရေ့စ်၏ ကြည်လင်သော အသံကို နားထဲတွင် ကြားလိုက်ရသည့်အခါမှ လင်းရှန်သည် ခေါင်းထဲတွင် ဝုန်းခနဲ ဖြစ်သွားပြီး ရင်ထဲ၌ တစ်ဆို့နေသော အသက်ရှူသံမှာ အနည်းငယ်ချောမွေ့သွားတော့သည်။

“ဂရေ့စ်... ခုနက ဘာဖြစ်တာလဲ။ တောင်ဘက်ကောင်းကင်ဂိတ်မှာ ပုံမှန်မဟုတ်တာ တစ်ခုခုဖြစ်နေလို့လား”

[လွန်ခဲ့တဲ့ ၁၅ မိနစ်က ဂြိုဟ်ပတ်လမ်းအနီးရှိ ဆင်ဆာတွေကနေ ပုံမှန်မဟုတ်တဲ့ ဂန်မာရောင်ခြည်လှိုင်း ဖြတ်သန်းမှုတစ်ခုကို ဖမ်းယူရရှိခဲ့ပါတယ်။ အဲဒီရောင်ခြည်ရဲ့ အထွတ်အထိပ်က 3.15 TeV ရှိပြီး အရင်းအမြစ်က ထောင့်အကွာအဝေး ၁၇.၃ ဒီဂရီမှာ ဖြစ်ပါတယ်။ သုည ဒသမ ၄၂ စက္ကန့်ပဲ ကြာမြင့်ခဲ့ပေမဲ့ ရောင်ခြည်ဖြာထွက်မှု ကာကွယ်ရေးအလွှာကို ဖောက်ထွက်ပြီး ဗဟိုစနစ်အထိ ထိခိုက်သွားပါတယ်။ အခုတော့ အပျက်အစီးဖြစ်သွားတဲ့ အစိတ်အပိုင်းကို သီးသန့်ခွဲထုတ်ထားပြီး အရန်လျှပ်စစ်ပတ်လမ်းကို စတင်အသုံးပြုနေပါပြီ။ လောလောဆယ် စနစ်အတွင်းပိုင်းက ချို့ယွင်းချက်တွေကို စကင်ဖတ်စစ်ဆေးနေပါတယ်]

“ဂန်မာရောင်ခြည်လှိုင်း ဟုတ်လား။ အဲဒါက တောင်ဘက်ကောင်းကင်ဂိတ်အသုံးပြုမှုကို ထိခိုက်စေသလား”

[ဗဟိုစနစ်မှာ အားနည်းချက်တွေ ရှိနေတာကြောင့် လောလောဆယ် တောင်ဘက်ကောင်းကင်တံခါးကို အသုံးမပြုဖို့ အကြံပြုချင်ပါတယ်။ ကျွန်မ အမြန်ဆုံး ပြုပြင်သွားပါ့မယ်။ အရေးပေါ် အခြေအနေ ကြုံနေရလို့လား]

All Chapters