ဆင့်ကဲပြောင်းလဲခြင်း (၂)
Vol. 56 Ch. 978
“ခဗျားက ဉာဏ်ကောင်းတဲ့လူပဲ… ခင်ဗျား ခုနကပြောလိုက်တဲ့ စကားတွေက ဒီလူတွေရဲ့ အသက်ကို မိနစ် ၃၀ လောက် ယာယီကယ်တင်လိုက်တာပဲ”
လင်းရှန်သည် နန်ကျင်း၊ ကီကီ၊ လုရှင်းချန်တို့နှင့်အတူ လက်နက်အပြည့်အစုံ၊ ဒရုန်းများ ဝိုင်းရံလျက် ပေါ်လာသည်။ ခုနစ်ယောက်တည်းသာရှိသော်လည်း ထိုအချိန်တွင် သူတို့ ပြသထားသည့် လက်နက်အင်အားမှာ သံချပ်ကာတပ်ရင်းတစ်ခုနှင့်ပင် တူညီနေသည်။
ချန်ယန်ရွှီက ရှေ့ဆုံးမှ လင်းရှန်ကို ကြည့်ကာ တည်ငြိမ်စွာပင် ရပ်နေသည်၊၊
“ဟယ်လို… ကပ္ပတိန်လင်း”
“ခင်ဗျားက ကျုပ်ကို သိတာလား”
လင်းရှန်က ထိုသက်လတ်ပိုင်းအမျိုးသားကို အကဲခတ်လိုက်သည်၊၊ သူ၏အကြည့်က ငွေရောင်အိတ်ဆောင်နာရီပေါ်တွင် ရောက်သွားသောအခါ သတိကြီးသွားကာ မျက်လုံးများ လက်ခနဲ ဖြစ်သွားသည်၊၊
ချန်ယန်ရွှီက ပြုံးလိုက်သည်။
“ငါတို့ မင်းကို အကုန်သိပါတယ်… ငါ့နာမည်က ချန်ယန်ရွှီပါ၊၊ မင်းကြားဖူးလောက်မှာပါ”
ချန်ယန်ရွှီ၊၊
လင်းရှန် ထိုနာမည်ကို တစ်နေရာရာတွင် ကြားဖူးသည်ဟု တွေးလိုက်သည်။ ထိုအခိုက်တွင် ရှီဇီ၏ အသံက သတင်းအချက်အလက်အချို့နှင့်အတူ သူ၏ နားထဲသို့ ရောက်လာသည်၊၊
“သူက ဗျာဒိတ်တော်ဂိုဏ်းရဲ့ ခေါင်းဆောင်ပဲ၊၊ ရှန့်ထောင်ဆိုတဲ့ လူနဲ့အတူ ဗျာဒိတ်တော်ဂိုဏ်းကို တည်ထောင်ခဲ့တာပဲ၊၊ သူတို့က စွမ်းအားတွေနဲ့ တားမြစ်ပစ္စည်းတွေကို အရူးအမူးကိုးကွယ်တဲ့ အဖွဲ့အစည်းပဲ”
ရှေ့ရှိ မျက်နှာပြင်ပေါ်တွင် ချန်ယန်ရွှီ၏ အချက်အလက်များပေါ်လာသဖြင့် လင်းရှန်လည်း ရှေ့မှလူကို ကောင်းကောင်းသိသွားသည်။
“ထွက်ပြေးဖို့ ကြံနေတာလား”
ကီကီက အောက်ဘက်ရှိ တန်ချိန် ၅၀,၀၀၀ နီးပါးရှိသော ပိုင်ဖုန်း-၀၉ မဟာဗျူဟာမြောက် နူကလီးယားရေငုပ်သင်္ဘောကြီးကို စိတ်ဝင်တစားကြည့်ရင်း မေးသည်၊၊
“ဒီအချိန်ကြီးမှာပေါ့”
ချန်ယန်ရွှီက ပြန်ဖြေသည်။
“အမှောင်ထုဆိုတာ ရန်သူဖြစ်ချင်မှ ဖြစ်တာပါ… တစ်ခါတလေ အခက်အခဲတွေ ကြုံရတဲ့အခါ အမြင်ပြောင်းကြည့်လိုက်ရင် အရာအားလုံးက ရုတ်တရက် ရှင်းလင်းသွားတတ်ပါတယ်”
“အိုး”
လင်းရှန်က လေထဲတွင် တွဲလောင်းကျနေသော တော်ပီဒိုများကို လက်ညှိုးထိုးပြလိုက်သည်။
“ဒါတွေကို သုံးနေပြီးတော့များ အတော်လေးယုံကြည်ချက်ရှိနေတာပဲ၊၊ ခင်ဗျားတို့က အမှောင်ယဉ်ကျေးမှုဘက်မှာ ရှိနေတယ်လို့ ကျုပ်ထင်ထားတာ… အဲဒီထူးဆန်းတဲ့ သတ္တဝါတွေက ခင်ဗျားတို့ကို ဝါးမျိုမှာမဟုတ်ဘူးလို့များ ထင်နေလား”
လင်းရှန်၏ ဒရုန်းအုပ်စုက စင်္ကြံလမ်း၏ ဘေးတစ်ဖက်တစ်ချက်တွင် ဝဲပျံနေပြီး လျှပ်စစ်အမြောက်၏ အနီစက်များမှာ မြင့်မြတ်မြို့တော်အဖွဲ့ဝင်တိုင်း၏ နဖူးပေါ်တွင် ကျရောက်နေသည်၊၊ ချန်ယန်ရွှီသည် သံမဏိစင်မြင့်ပေါ်တွင် ရပ်နေရင်း ငွေရောင်အိတ်ဆောင်နာရီကို လက်ချောင်းများဖြင့် လှည့်ကစားနေသည်။ သူ၏ အကြည့်များမှာ အေးစက်တည်ငြိမ်နေသည်၊၊
“ကပ္ပတိန်လင်း”
သူက ဓာတ်ခွဲခန်းတစ်ခု၏ အပူချိန်ထိန်းစနစ်ကဲ့သို့ တည်ငြိမ်သောအသံဖြင့် စကားစလိုက်သည်။
“မင်းက ယဉ်ကျေးမှုတွေရဲ့ သာလွန်မှုအပေါ်မှာ ယုံကြည်ချက်ရှိလား”
“ခင်ဗျားက တရားလာဟောနေတာလား”
လင်းရှန်က ပြုံးလိုက်သည်၊၊
“ကျုပ် ခင်ဗျားတို့ကို အကုန်အပြတ်မရှင်းသေးတာ ဘာကြောင့်လဲဆိုတာ ခန့်မှန်းကြည့်မလား”
“မင်းရဲ့ ရည်ရွယ်ချက်ကို ငါ သေချာပေါက်သိတာပေါ့” ချန်ယန်ရွှီက ခပ်တိုးတိုး ရယ်မောရင်း ပြန်မေးလိုက်သည်။
“ဒါတွေအားလုံး ဘာလို့ဖြစ်ပျက်နေရတာလဲဆိုတာ မင်းမသိချင်ဘူးလား”
လင်းရှန်က ထိုစကားကို ခေါင်းညိတ်လက်ခံပြီး ခဏမျှ တိတ်ဆိတ်သွားသည်။ ထို့နောက် ချန်ယန်ရွှီကို စိုက်ကြည့်လိုက်သည်၊၊
“အိန်ဂျယ်စီမံကိန်းရဲ့ တားမြစ်ပစ္စည်းသုတေသနဌာနရဲ့ အကြီးအကဲဟောင်းက ဘယ်လိုဖြစ်ပြီး ဗျာဒိတ်တော်ဂိုဏ်းကို တည်ထောင်ပြီး အခု မြင့်မြတ်မြို့တော်ဖွဲ့ထဲ ရောက်နေရတာလဲဆိုတာကိုလည်း ကျုပ်သိချင်နေတာ”
“အိုး… မင်း နားလည်မှု လွဲနေပြီ ငါတို့က မြင့်မြတ်မြို့တော်အဖွဲ့ထဲကို ဝင်ထားတာ မဟုတ်ဘူး”
ချန်ယန်ရွှီက သူ၏ နေကာမျက်မှန်ကို ပင့်တင်ရင်း ပြုံးလိုက်သည်၊၊
“လူတိုင်းက သခင်ကြီးရဲ့ အမိန့်အောက်မှာ လှုပ်ရှားနေကြတာပဲ”
“ပြီးတော့... အထင်မလွဲပါနဲ့ဦး”
ချန်ယန်ရွှီက သူ၏လက်ထဲမှ ငွေရောင်အိတ်ဆောင်နာရီကို ပွတ်သပ်ရင်း လင်းရှန်ကို ပြောလိုက်သည်။
“ငါက ဓားကိုင်ဆောင်သူတစ်ယောက်ဖြစ်တဲ့ မင်းနဲ့ စကားပြောချင်ရုံတင်ပါ၊၊ အခု သခင်ကြီးက မင်းကို သတ်ဖို့ အမိန့်ကို ပယ်ဖျက်လိုက်ပြီဆိုတော့ ငါ မင်းကို တိုက်ခိုက်မှာ စိုးရိမ်စရာမလိုတော့ဘူး၊၊ ငါက မင်းရဲ့ ပြိုင်ဘက်မဟုတ်ရင်တောင် ငါက မင်းရဲ့ အကျဉ်းသားမဟုတ်ဘူး၊၊ ငါ ထွက်သွားချင်ရင် မင်း ငါ့ကိုတားနိုင်မှာမဟုတ်ဘူးဆိုတာကိုတော့ ယုံလိုက်”
လင်းရှန်၏ အကြည့်မှာ ထိုသူ၏လက်ထဲမှ ငွေရောင်အိတ်ဆောင်နာရီပေါ်တွင် ရပ်သွားပြီး တားမြစ်ပစ္စည်းမှ ထွက်ပေါ်နေသော တွန့်လိမ်နေသည့် အမှောင်စွမ်းအင်လှိုင်းများကို ခံစားလိုက်ရသည်။ သူ၏ ယန္တရားစွမ်းအားဖြင့် အလိုလျောက်စမ်းသပ်ကြည့်ရာ ထင်ထားသည့်အတိုင်းပင် ယန္တရားထိန်းချုပ်ခြင်းနှင့် ယန္တရားဝါးမျိုမှုတို့မှာ မည်သည့်သက်ရောက်မှုမျှ မရှိပေ။
“ဟေး… ရှင်က အတော်လေးကို ထောင်လွှားနေတာပဲ”
ကီကီက ထိုစကားကို ကြားသောအခါ မကျေမနပ်ဖြစ်သွားပြီး ချက်ချင်းပင် ပြောလိုက်သည်။
“ဒါဆိုရင် စမ်းကြည့်ကြတာပေါ့”
ပြောပြောဆိုဆိုနှင့် သူမက ချန်ယန်ရွှီကို ဖမ်းဆုပ်ရန် စိတ်စွမ်းအားကို တိုက်ရိုက်အသုံးပြုလိုက်သည်၊၊ သို့သော် သူမ လှုပ်ရှားလိုက်သည်နှင့် တစ်စုံတစ်ခုမှားယွင်းနေကြောင်း ချက်ချင်း သိလိုက်ရသည်။ သူမ၏ စိတ်စွမ်းအားမှာ ချန်ယန်ရွှီ၏ အနီးတွင် ပျောက်ကွယ်သွားပြီး ရွှံ့နွံထဲသို့ ကျဆင်းသွားသလို ဖြစ်နေသည်၊၊
“ဟင်…”
“ဒါကတော့...”
ချန်ယန်ရွှီက ခပ်ဖျော့ဖျော့ပြုံးလိုက်ပြီး ငွေရောင်အိတ်ဆောင်နာရီကို မြှောက်ကာ တည်ငြိမ်စွာပြောလိုက်သည်၊၊
“အမှတ်စဉ် SIID-05 ငွေရောင်အိတ်ဆောင်နာရီ၊ ဒီတားမြစ်ပစ္စည်းက တွင်းနက်ထဲက အချိန်-ဟင်းလင်းပြင်စွမ်းအားနယ်ပယ်နဲ့ ဆင်တူတဲ့ အချက်ကို အမြဲတမ်းထုတ်လွှတ်နေတယ်၊၊ သုံးမီတာ ပတ်လည်မှာ ခုနစ်စက္ကန့်စာလောက် အချိန်ဆွဲဆန့်မှုကို ဖြစ်ပေါ်စေတယ်၊၊ ဒါကြောင့် သီအိုရီအရ ငါထွက်သွားချင်ရင် မင်းတို့က ငါ့ကို ခုနစ်စက္ကန့်ကြာမှ သတိပြုမိလိမ့်မယ်၊၊ ငါ့အပေါ် ကျရောက်လာတဲ့ တိုက်ခိုက်မှုတိုင်းကလည်း နှေးကွေးသွားလိမ့်မယ် စိတ်ဝင်စားဖို့ကောင်းတယ် မဟုတ်လား”
ထိုစကားကို ကြားသောအခါ လင်းရှန်နှင့် အခြားသူများ၏ မျက်နှာထားများ အနည်းငယ် ပြောင်းလဲသွားသည်။ ချန်ယန်ရွှီက ဆက်ပြောသည်၊၊
“ဒါတင်မကဘူး… ငါ့မှာ ဒီတားမြစ်ပစ္စည်းတစ်ခုတည်းရှိတာမဟုတ်ဘူး၊၊ ဒါပေမဲ့ ငါ့လုံခြုံရေးအတွက်တော့ တစ်ခုချင်းစီရဲ့ စွမ်းဆောင်ရည်တွေကို အကုန်မပြောပြတော့ဘူး”
လင်းရှန်လည်း ထိုသူ့ကို ထူးဆန်းသလိုကြည့်လိုက်သည်၊၊
“ခင်ဗျားက ကြွားနေသလိုပဲ”
“မဟုတ်ပါဘူ… ဒီစွမ်းအားတွေက လူသားယဉ်ကျေးမှုထက် အများကြီးသာလွန်နေပြီး အရမ်းစိတ်ဝင်စားဖို့ကောင်းတယ်ဆိုတာကို ပြောချင်တာပါ” ထို့နောက် ချန်ယန်ရွှီက လင်းရှန်ကို ဆက်ပြောသည်။
“ဒါကြောင့်လည်း မင်းနဲ့ စကားပြောချင်တာပဲ… ဘာလို့လဲဆိုတော့ မင်းက သခင်ကြီး မျက်စိကျနေတဲ့သူဖြစ်နေလို့ပဲ… ဒါက အရာအားလုံးကိုပြောင်းလဲပစ်နိုင်မယ့် အခွင့်အရေးဆိုတာ မင်း သိချင်မှသိလိမ့်မယ်”
လင်းရှန် ခဏမျှ စဉ်းစားပြီး တိုက်ရိုက်မေးလိုက်သည်၊၊
“သခင်ကြီးက ကျုပ်ကို သတ်မယ့် အမိန့်ကို ပယ်ဖျက်လိုက်ပြီဆိုတာက ဘာကိုဆိုလိုတာလဲ”
“ရိုးရှင်းပါတယ်… အမှောင်ယဉ်ကျေးမှုက မင်းကို သတ်ချင်ခဲ့တယ်၊၊ ဒါပေမဲ့ အဲဒီအမိန့်ကို ပြန်ရုပ်သိမ်းလိုက်ပြီ… ဒါက သခင်ကြီးက မင်းအပေါ်မှာ တခြားအတွေးမျိုးရှိနေနိုင်တယ်လို့ ငါတို့ ယူဆတယ်”
“ခင်ဗျားက အကြောင်းရင်းကို မသိဘူးလား”
လင်းရှန်က ပြန်မေးသည်။
ချန်ယန်ရွှီက ခေါင်းခါပြသည်။
“တကယ်တော့ မင်းအများကြီးတွေးနေစရာမလိုပါဘူး၊၊ သခင်ကြီးက မင်းကို သေစေချင်ရင် မင်း ဒီကျွန်းပေါ်ကနေတောင် ထွက်သွားနိုင်မှာ မဟုတ်ဘူး”
ချန်ယန်ရွှီက ခပ်တိုးတိုးရယ်မောလိုက်သည်၊၊
“ကပ္ပတိန်လင်း... မင်း ဧရာမ သမုဒ္ဒရာနတ်ဘုရားကြောင့်ဖြစ်တဲ့ ဆူနာမီလှိုင်းကို မြင်ဖူးလား… တန်ချိန်သောင်းချီတဲ့ သင်္ဘောကြီးကို ကောင်းကင်ပေါ်အထိ လွှင့်ပစ်နိုင်တဲ့ စွမ်းအားမျိုးက သူ့အတွက်တော့ ပုံမှန်အသက်ရှူနေသလိုပဲ သဘာဝကျတယ်၊၊ အဲဒီလိုတည်ရှိမှုမျိုးက မင်းကို သတ်ချင်ရင် မင်းက ဒီမှာငါနဲ့ စကားပြောနေနိုင်ပါဦးမလား”
“ဒါကတော့ အမြဲတမ်း မမှန်နိုင်ပါဘူး”
ထိုခဏတွင် လင်းရှန်သည် သူ၏ စွမ်းအားဝတ်စုံမျက်နှာဖုံးကို ဖွင့်လိုက်ပြီး တည်ငြိမ်သောမျက်နှာဖြင့် ချန်ယန်ရွှီကို ကြည့်ကာ ပြောလိုက်သည်။
“ကျုပ် အတော်လေးခေါင်းမာတတ်တယ်.. ခင်ဗျားတို့ သခင်ကြီးက ကျုပ်ကို သတ်ချင်ပေမဲ့ မသတ်နိုင်လို့သာ ကျုပ်ဒီမှာရှိနေတာလို့ ခံစားရတယ်… ဘယ်လိုအကျိုးအမြတ်အတွက်နဲ့မှလည်း ကျုပ်ကိုသတ်ဖို့ လက်လျှော့မှာမဟုတ်ဘူးလို့ ထင်တယ် ဒါ့အပြင်...”
သူက အောက်ဘက်ရှိ ပိုင်ဖုန်း-၀၉ မဟာဗျူဟာမြောက် နူကလီးယားရေငုပ်သင်္ဘောကြီးကို လှမ်းကြည့်ရင်း လေးနက်စွာ ပြောလိုက်သည်၊၊
“ခင်ဗျားက အချိန်မရွေးထွက်သွားနိုင်တယ်လို့ ပြောပေမဲ့ ကျုပ်ကတော့ အဲဒီလိုမထင်ဘူး… ကျုပ်က ယန္တရားစွမ်းအားရှင်ဆိုတာကို ခင်ဗျားသိတယ်မလား ဒီအရာကြီးကို ဖျက်ဆီးပစ်ဖို့ဆိုတာ ကျုပ်အတွက်တော့ အရုပ်တစ်ခုကို ကစားရသလိုပဲဆိုတာ ခင်ဗျားသိသင့်တယ်”
ထိုစကားကို ကြားသောအခါ ချန်ယန်ရွှီ၏ မျက်ဝန်းများ အနည်းငယ်ကျုံ့သွားပြီး သူ၏ တည်ငြိမ်နေသော အမူအရာမှာ တစ်မျိုးပြောင်းလဲသွားသည်၊၊
“အမှောင်ထုက မင်းကို မသတ်နိုင်ဘူးလို့ မင်းထင်နေတာလား”
“ကျုပ်က ဒီမှာရပ်နေတာပဲ မဟုတ်ဘူးလား”
လင်းရှန်က ပြန်ချေပလိုက်သည်၊၊