အခန်း (၄၂၈-၄၂၉)
Vol. 40 Ch. 428-429
အခန်း ၄၂၈ - မဟူရာနတ်ဆိုးချောက်အတွင်းသို့ ဝင်ရောက်ခြင်းနှင့် လင်းယာအသွင်ပြောင်းလဲမှု
"အခုရော ကျန်းမိသားစုက ဆင်းရဲနေသေးလား"
သွေးရောင်ဝတ်စုံကို ဝတ်ဆင်ထားသော ကျိယွမ်သည် ပြိုင်ဘက်ကင်းသော အသွင်အပြင်ဖြင့် ကောင်းကင်မှ ညင်သာစွာ ဆင်းသက်လာ၏။
သူ၏ ရုပ်ရည်သွင်ပြင်မှာ ကျန်းရုဟွာကို မှင်သက်သွားစေသည်။
ကျိယွမ်က ဤမျှအထိ ခန့်ညားလွန်းနေသည်ကို သူ ဘာကြောင့် အရင်က သတိမထားမိခဲ့ပါလိမ့်။
"စီနီယာသာ ရှိနေရင် ကျန်းမိသားစုက မဆင်းရဲတော့ပါဘူး"
ကျန်းရုဟွာက မျက်နှာသေလေးဖြင့်ပပြန်ပြောလိုက်၏။ သို့သော် အတိတ်က သူသည် သွေးဝတ်စုံဓားနတ်ဘုရားကို မည်မျှအထိ လိုက်လံနှောင့်ယှက်ခဲ့သည်ကို ပြန်တွေးမိသောအခါ သိသိသာသာရှက်ရွံ့သွားရသည်။
ကံကောင်းသည်မှာ သွေးဝတ်စုံဓားနတ်ဘုရားက ထိုအရာများကို ဂရုမစိုက်ခြင်းပင်။ သို့မဟုတ်ပါက ကျိယွမ်က သူ၏အငွေ့အသက် အနည်းငယ်ကို ထုတ်လွှတ်လိုက်ရုံဖြင့် ကျန်းရုဟွာမှာ ဘဝပျက်သွားပေလိမ့်မည်။
ငါ့သမီးလေးမျက်နှာပဲ ..အဖိုးတန်သမီးလေး ။
ထိုအချိန်တွင် ကျိယွမ်၏ အကြည့်မှာ မြို့ကို ဝေ့ဝဲကြည့်လိုက်၏။ တစ်ချိန်က ခရမ်းရောင်နန်းတော်အဆင့် ကျင့်ကြံသူကိုပင် တွေ့ရခဲသော မြို့ငယ်လေးသည် ယခုအခါ အပေါ်ယံကြည့်လိုက်ရုံဖြင့်ပင် ယင်နတ်ဘုရား ဆယ်ပါးကျော်ကို အာရုံခံမိနေပြီ ဖြစ်သည်။
ရုတ်တရက် ကျိယွမ်၏ စိတ်ထဲတွင် အတွေးတစ်ခု ပေါ်လာ၏။
"မင်းတို့အားလုံးက ငရဲပြည်မှာ နေနေရသလိုပဲ။ တစ်နည်းအားဖြင့် ပြောရရင် ငါက မင်းတို့ကို တိရစ္ဆာန်တွေလို မွေးမြူထားသလို ဖြစ်နေတာ။ မင်းတို့အတွက် ခက်ခဲမှာပဲ"
အတိတ်က ဤလူများသည် မဟာကပ်ဘေးကြီး၏ ထောင်ချောက်အတွင်း ကျရောက်ခဲ့ပြီး သူတို့၏ အသက်မှာ ထိုဘေးဒုက္ခ၏ လက်ခုပ်ထဲ၌ ရှိခဲ့သည်။ ယခု မဟာကပ်ဘေးကြီး မရှိတော့သော်လည်း ထိုက်ဟွမ်နန်းတော်၏ ခြိမ်းခြောက်မှု ရှိနေသေး၏။
ဤလူများသည် ကန်းလန်နယ်မြေမှ ထွက်ခွာနိုင်ခြင်း မရှိသလို အထက်ဘုံသို့လည်း တက်လှမ်းနိုင်ခြင်း မရှိကြပေ။ တစ်နည်းအားဖြင့် ဆိုသော် "စားကျက်" ပိုင်ရှင်မှာ မဟာကပ်ဘေးကြီးမှ ကျိယွမ်အဖြစ်သို့ ပြောင်းလဲသွားခြင်းသာ ဖြစ်သည်။
"တိရစ္ဆာန် ဟုတ်လား။ ကျွန်တော်ကတော့ ဒီကန်းလန်နယ်မြေမှာ အဆင်ပြေပြေ နေနေရတာပဲ"
ကျန်းရုဟွာက မဆိုင်းမတွ ပြန်ပြောလိုက်၏။ စိတ်ဝိညာဉ်အဆင့် အရှင်သခင်တစ်ပါးအနေဖြင့် သူ၏ဘဝမှာ အတိတ်ကထက် ထူးပြီး ပြောင်းလဲသွားခြင်း မရှိပေ။
ပတ်ဝန်းကျင်ရှိ ယင်နတ်ဘုရားများသည် ကျိယွမ်၏ စကားကို ကြားသောအခါ မျက်နှာများ ဖြူလျော့သွားကြသည်။
"စီနီယာက ကျွန်တော်တို့ရဲ့ အသက်ကို ကယ်တင်ပေးခဲ့တာပါ။ ကျွန်တော်တို့ ဘယ်လိုလုပ် အာဃာတ ထားရဲမှာလဲ"
ထိုယင်နတ်ဘုရားများမှာ ကျိယွမ်၏ စကားနောက်ကွယ်တွင် တစ်စုံတစ်ခု ပါဝင်နေမည်ကို စိုးရိမ်ကာ ကြောက်လန့်နေကြခြင်း ဖြစ်သည်။
၎င်းကို မြင်သောအခါ ကျိယွမ်သည် တည်ငြိမ်စွာပင် ရှိနေ၏။ ဤအရာသည် "ရှင်ဘုရင်နဲ့ အတူနေရတာက ကျားနဲ့ အတူနေရသလိုပဲ" ဆိုသော စကားမျိုးလား။
သူက သာမန်စကားလေး ပြောလိုက်ရုံကိုပင် ဤလူများမှာ အလွန်အမင်း တွေးတောကာ သတိထားနေကြကုန်သည်။
"စီနီယာရဲ့ အလိုတော်က ကန်းလန်နယ်မြေရဲ့ အလိုတော်ပါပဲ။ အဲဒါက ကျွန်တော်တို့ရဲ့ ဆန္ဒလည်း ဖြစ်ပါတယ်"
ယင်နတ်ဘုရား အရှင်သခင်တစ်ပါးက သူတို့၏ နဖူးပေါ်တွင် "သစ္စာရှိမှု" ဟူသော စာလုံးကို ထွင်းထုထားချင်သကဲ့သို့ ရိုသေစွာ ပြောလေသည်။
"ဒီလိုမျိုးကြီး မလုပ်ကြပါနဲ့။ ငါက ဒီမိုကရေစီဆန်တဲ့ လူပါ။ ရက်စက်တဲ့ ဧကရာဇ်တစ်ယောက် ဖြစ်ချင်တဲ့ ရည်မှန်းချက်လည်း မရှိဘူး။"
"ဧကရာဇ် လုပ်ရတာက ပင်ပန်းပါတယ်။ သီချင်းနားထောင်ဖို့ ပြည့်တန်ဆာရုံတောင် သွားလို့မရဘူး။ ဒါက ငါလို လူမှုဆက်ဆံရေး ညံ့ဖျင်းတဲ့သူနဲ့ မသင့်တော်ပါဘူး"
ကျိယွမ်၏ လက်ရှိစွမ်းအားနှင့်သာ ကမ္ဘာမြေသို့ ပြန်သွားပါက ဧကရာဇ်တစ်ပါး ဖြစ်ရန်မှာ ပြဿနာ မဟုတ်ပေ။ သို့သော် သူကတော့ ငြင်းပယ်မည်မှာ သေချာသည်။
သူသည် "လူတွေကို ဆင်းရဲတွင်းက ကယ်တင်ခြင်း" ကိုလည်း မလုပ်ချင်ပေ။ ကမ္ဘာမြေမှာတုန်းက သူသည် အင်တာနက်ပေါ်၌ပင် ရန်ဖြစ်လျှင် နိုင်အောင် မပြောနိုင်ခဲ့သူ ဖြစ်သည်။
ယင်နတ်ဘုရား အရှင်သခင်များသည် တစ်ဦးကိုတစ်ဦး ကြည့်ကာ ကျိယွမ်၏ စကားများကို အဓိပ္ပာယ်ဖော်ရန် ကြိုးစားနေကြ၏။ သူတို့သည် သွေးဝတ်စုံဓားနတ်ဘုရား၏ စရိုက်ကို သီးသန့် ဆွေးနွေးခဲ့ကြသော်လည်း မည်သည့် ကောက်ချက်မှ မချနိုင်ခဲ့ကြပေ။
နောက်ဆုံးတွင် သူတို့သည် ထိတ်လန့်ဖွယ် ကောက်ချက်တစ်ခုကို ရရှိခဲ့ကြသည် -
သွေးဝတ်စုံဓားနတ်ဘုရား၏ အပြုအမူမှာ ထူးဆန်းလွန်းလှပြီး...
ဖြစ်နိုင်သည်မှာ... သူ၏ စိတ်ကျန်းမာရေးမှာ ပုံမှန်မဟုတ်ခြင်းပင်။
သို့သော် ယန်နတ်ဘုရားတစ်ပါးက မည်သို့ စိတ်မနှံ့ဘဲ ဖြစ်နေနိုင်မည်နည်း။
သူ၏ ထူးဆန်းသော အပြုအမူနောက်ကွယ်တွင် နက်နဲသော အစီအစဉ်များ ရှိနေမည်မှာ သေချာသည်ဟု သူတို့ ယူဆလိုက်ကြသည်။ ထို့ကြောင့်ပင် သူ့ကို မြှောက်ပင့်ပြီး သူ ဖန်တီးထားသော "လူရူး" ပုံစံအတိုင်းပင် ဆက်ဆံရန် ဆုံးဖြတ်လိုက်ကြလေသည်။
"ဧကရာဇ်တွေဆိုတာ လူတွေကို နှိပ်စက်တဲ့ အာဏာရှင်တွေပါ။ သူတို့က စီနီယာနဲ့ နှိုင်းယှဉ်ဖို့တောင် မတန်ပါဘူး"
လမ်းစဉ်ရှာဖွေရေးနန်းတော်၏ အရှင်သခင်က ချက်ချင်းပင် မြှောက်ပင့်ပြောလိုက်၏။
"မှန်ပါတယ်။ ဧကရာဇ်ဆိုတဲ့ ဘွဲ့က စီနီယာကို ဖော်ပြဖို့ မထိုက်တန်ပါဘူး"
အခြား ယင်နတ်ဘုရားများကလည်း ထောက်ခံကြလေသည်။
၎င်းကို ကြားသောအခါ ကျိယွမ်သည် ဝမ်းသာသွား၏။ ရှေးဧကရာဇ်များက ဘေးနားတွင် မြှောက်ပင့်သူများကို အဘယ်ကြောင့် ထားရှိကြသည်ကို ယခုမှ သူ နားလည်တော့သည်။ ဤစကားများမှာ နားဝင်ချိုလှပေသည်။
"အဟမ်း...ဒါက နည်းနည်းတော့ လွန်သွားပြီ။ လူတိုင်းက တန်းတူပဲ မဟုတ်ဘူးလား။ ဘာလို့ ဧကရာဇ်က ငါနဲ့ နှိုင်းယှဉ်လို့ မရရမှာလဲ။"
"ဪ... စကားမစပ်။ ကန်းလန်နယ်မြေရဲ့ ပတ်ဝန်းကျင်က သိပ်မကောင်းသေးဘူး။ ငါတို့ ပြုပြင်ပြောင်းလဲမှုတွေ ဆက်လုပ်ဖို့ လိုတယ်။ လူတွေက သဟဇာတဖြစ်ဖြစ် နေကြရမယ်"
ကျိယွမ်က လေးနက်စွာ ပြောလိုက်၏။
"မဟုတ်ရင် ရိုင်းစိုင်းတဲ့ စကားလုံးတွေကို အမြဲကြားနေရတာက ငါ့ရဲ့ စိတ်ခံစားချက်ကို ထိခိုက်စေတယ်"
"နားလည်ပါပြီ"
ယင်နတ်ဘုရားများက ဦးညွှတ်လိုက်ကြ၏။ ကျိယွမ် ပြောခဲ့သော ဒီမိုကရေစီနှင့် အာဏာရှင်မဟုတ်ကြောင်း စကားများကိုမူ သူတို့ မကြားချင်ယောင် ဆောင်လိုက်ကြသည်။ ကျင့်ကြံရေးလောက၏ အလေ့အကျင့်ဆိုးများကို အတင်းအကျပ် ဖယ်ရှားခြင်းက အာဏာရှင်ဆန်ခြင်း တစ်မျိုးပင် မဟုတ်ပါလား။
........
"မဟူရာနတ်ဆိုးချောက်ကို ဌာနခွဲ ခုနစ်ခု ခွဲထားတယ်။ ငါနေတဲ့ နေရာကတော့ ခရမ်းရောင်ကံကြမ္မာဌာနခွဲလို့ ခေါ်တယ်"
နွားချိုမမက ခရမ်းရောင်ဝတ်ရုံကို ဝတ်ဆင်လျက် ခန့်ညားစွာ ပြောလေသည်။
သူမသည် ကျိယွမ်ကို ချောက်နက်အတွင်းမှ ခေါ်ဆောင်လာပြီးနောက် မဟူရာနတ်ဆိုးချောက် ဌာနချုပ်သို့ ဦးဆောင်ခေါ်သွားခြင်း ဖြစ်သည်။
"ဌာနခွဲတိုင်းမှာ အနည်းဆုံး မဟာမူလသဘောတရားအဆင့် တစ်ယောက်စီ ရှိတာလား။ မင်းတို့ မဟူရာနတ်ဆိုးချောက်က တကယ်ပဲ အဲဒီလောက် အင်အားကြီးတာလား"
ကျိယွမ်က အံ့အားသင့်စွာ မေးလိုက်၏။
လနတ်ဘုရားနန်းတော်တွင် မဟာမူလသဘောတရားအဆင့် နှစ်ပါးသာ ရှိပြီး ထိုက်ဟွမ်နန်းတော်တွင် သုံးပါးသာ ရှိပုံရသဖြင့် မဟူရာနတ်ဆိုးချောက်တွင် ခုနစ်ပါးရှိသည်မှာ သူ့ကို အံ့သြသွားစေခြင်းပင်။
"ဟွန့်.. မူလသဘောတရားအဖွဲ့ချုပ်ကို ဖယ်လိုက်ရင် ငါတို့ မဟူရာနတ်ဆိုးချောက်က ကောင်းကင်ဘုံခြောက်ခုမှာ မဟာမူလသဘောတရားအဆင့် ယန်နတ်ဘုရား အများဆုံးရှိတာပဲ။ စုစုပေါင်း ကိုးပါး ရှိတယ်"
နွားချိုမမက ဂုဏ်ယူစွာ ဆို၏။
"ဒါဆို မဟူရာနတ်ဆိုးချောက်က ထိုက်ဟွမ်နန်းတော်ထက် ပိုအားကောင်းတာပေါ့။ ထိုက်ဟွမ်နန်းတော်ကို ချေမှုန်းဖို့ တစ်ယောက်ယောက်ကို အကူအညီတောင်းပေးလို့ ရမလား။ မဟုတ်ရင် ငါက ဖိအားတွေများလို့ ညဘက်တောင် အိပ်မပျော်ဘူး"
ကျိယွမ်က မျက်လုံးလေးကလယ်ကလယ်ဖြင့် ပြောလိုက်သည်။ အခြားသူ၏ အရှိန်အဝါကို အသုံးချကာ အေးဆေးနေရခြင်းက အကောင်းဆုံးပင်။
"အဟွတ်... အဟွတ်..."
နွားချိုမမမှာ အခက်တွေ့သွားရသည်။
"မဟူရာနတ်ဆိုးချောက်ရဲ့ ဘိုးဘေးတွေက နင့်အဖေမှ မဟုတ်တာ။ သူတို့က ဘာလို့ နင့်ကို ကူညီမှာလဲ"
အမှန်စင်စစ် မဟူရာနတ်ဆိုးချောက်တွင် မဟာမူလသဘောတရားအဆင့် ကျင့်ကြံသူများပြားသော်လည်း စုစုပေါင်း အင်အားမှာမူ ထိုက်ဟွမ်နန်းတော်ထက် အားနည်းသေး၏။ ထိုက်ဟွမ်နန်းတော်၏ အရှင်သခင်သည် မူလသဘောတရားကို အမှန်တကယ် နားလည်သဘောပေါက်ထားသူ ဖြစ်သည်။ မဟူရာနတ်ဆိုးချောက်တွင် မဟာမူလသဘောတရားအဆင့် ကိုးပါးရှိသော်လည်း ထိုသို့သော ပုဂ္ဂိုလ်ကို ရင်ဆိုင်ရန် မလွယ်ကူပေ။
"တကယ်လို့ ငါက သူတို့ရဲ့ အဖေ ဖြစ်လာရင်ကော။ သူတို့ ငါ့ကို ကူညီမှာလား"
ကျိယွမ်က စဉ်းစားခန်းဖွင့်ကာ ပြောလိုက်၏။
နွားချိုမမသည် ရယ်လည်းရယ်ချင်၊ ကြောက်လည်းကြောက်သွားရသည်။
"နင်က တကယ့်ကို သတ္တိကောင်းတာပဲ။ ဒီလိုစကားမျိုးကို ဒီမှာ ပြောရဲတယ်ပေါ့။ ဘိုးဘေးတွေ ကြားသွားမှာ မကြောက်ဘူးလား။ ငါတို့က မဟူရာနတ်ဆိုးချောက် နယ်မြေထဲ ရောက်နေပြီနော်"
"ဖြစ်နိုင်တာ ပြောတာလေ။ တကယ်လို့ ငါက သူတို့အဖေ ဖြစ်နေရင်ကော"
ကျိယွမ်က မကြောက်ရုံသာမက အကျယ်ကြီး ရယ်မောလိုက်လေသည်။
ဤကမ္ဘာတွင် မည်သည့်အရာမဆို ဖြစ်နိုင်သည် မဟုတ်ပါလား။
နွားချိုမမက ကျိယွမ်ကို ရှုပ်ထွေးသော အကြည့်ဖြင့် ကြည့်လိုက်၏။
"နင် ဒီလိုဖြစ်နေတာ ဘယ်လောက်ကြာပြီလဲ"
အစပိုင်းတွင် သူမသည် ကျိယွမ်၏ စရိုက်မှာ စိတ်ဝင်စားစရာ ကောင်းသည်ဟု ထင်ခဲ့သော်လည်း ယခုအခါမူ ၎င်းမှာ ထူးခြားသော စရိုက်မဟုတ်ဘဲ ရူးသွပ်နေခြင်းသာ ဖြစ်မည်ဟု သူမ ထင်နေမိသည်။
"ဘယ်လိုရောဂါလဲ။ ငါက ဆင်းရဲတဲ့ဒုက္ခ ခံစားနေရတာကို မင်းက ဘယ်လိုသိတာလဲ။ ဒါဆို မင်းက ငါ့ကို စောင့်ရှောက်မှာလား"
ကျိယွမ်က ချစ်စရာအမူအယာဖြင့် စနောက်လိုက်၏။
"ဟွန့်.. ငါက မကြာခင် ကောင်းကင်ယံမှာ တောက်ပမယ့် ယန်နတ်ဘုရား ဖြစ်တော့မှာ။ နင့်ကို စောင့်ရှောက်ဖို့က ဘာမှ မဟုတ်ပါဘူး"
နွားချိုမမက ဝင့်ကြွားစွာ ပြောလိုက်သည်။ သို့သော် ကျိယွမ်က ထိုက်ဟွမ်နန်းတော်ကို ရန်သူအဖြစ် သတ်မှတ်ထားသည်ကို သတိရကာ သူမက ဆက်ပြော၏။
"ဒါပေမဲ့ ငါက နင့်ရဲ့ မယားငယ်ပဲ လုပ်ချင်ပါတယ်"
သူမက ပြုံးလျက် ဆိုလေသည်။
"မင်းက လှပေမဲ့ မင်းရဲ့ အတွေးတွေက တော်တော်လေး အရိုင်းဆန်တာပဲ"
ကျိယွမ်က သက်ပြင်းချလိုက်၏။
"နင် တကယ်ပဲ ထိုက်ဟွမ်နန်းတော်ကို ဖြိုလဲနိုင်မယ်လို့ ထင်နေတာလား။ ပြီးတော့ ငါက ယန်နတ်ဘုရား ဖြစ်တော့မှာနော်။ ယန်နတ်ဘုရားတစ်ယောက်က မယားငယ်လုပ်ပေးမယ်ဆိုတာကို နင်က မကျေနပ်သေးဘူးလား။ နင်ရဲ့ကျင့်ကြံမှု အဆင့်က ဘယ်လောက်မို့လို့လဲ"
သူမက မကျေမနပ်ဖြင့် နှုတ်ခမ်းစူကာ မေးလိုက်သည်။
ကျိယွမ်မှာ စကားမပြောနိုင်တော့ဘဲ အနည်းငယ် ရှက်သွားရ၏။
"ငါက... ခရမ်းရောင်နန်းတော်အဆင့်မှာပဲ ရှိပါသေးတယ်"
သူက စိတ်ပျက်လက်ပျက် ပြန်ဖြေလိုက်သည်။
မှန်ပါသည်။
သူသည် ရှန်ကွမ်းဂိုဏ်း၏ ထိပ်တန်း ခရမ်းရောင်နန်းတော်အဆင့် ကျင့်ကြံသူမျှသာ ဖြစ်သည်။ ထိုဘွဲ့မှာ နိုင်ငံပေါင်းတစ်ရာရှိသော နယ်မြေတွင် ဟိတ်ဟန်ထုတ်၍ ရသော်လည်း အထက်ဘုံတွင်မူ အလွန်ပင် အားနည်းလှပေသည်။
"တကယ်လား။ အားနည်းသလို ဟန်ဆောင်နေတာက ဘာထူးမှာလဲ။ နင့်ရဲ့ အစစ်အမှန် ကျင့်ကြံမှုက မဟာအုပ်စိုးရှင်အဆင့်ထက် မနိမ့်ပါဘူးနော်"
နွားချိုမမက ညည်းတွားသလိုပြောလိုက်၏။
၎င်းကို ကြားသောအခါ ကျိယွမ် ပို၍ ရှက်သွားရသည်။ သူသည် ကျင့်ကြံရေးလောကတွင် လိုက်လျောညီထွေဖြစ်အောင် မဟာအုပ်စိုးရှင်အဆင့်ဟု ဟန်ဆောင်ထားခဲ့ခြင်း ဖြစ်သည်။
သို့သော် ယခုအခါ ထိုအဆင့်နှင့်ပင် အလှောင်ခံနေရ၏။ သူသည် ခရမ်းရောင်နန်းတော်အဆင့်မှာသာ ရှိနေသည်မှာ အမှန်ဖြစ်သဖြင့် ပြန်၍ ငြင်းချက်ထုတ်စရာ မရှိပေ။
"ဟင်း... ကျင့်ကြံရေးလောကရဲ့ ပတ်ဝန်းကျင်က တကယ်ဆိုးတာပဲ။ လူတိုင်းက တန်းတူပဲ မဟုတ်ဘူးလား။ ငါက ခရမ်းရောင်နန်းတော်အဆင့်မို့လို့ မင်းက ဘာလို့ ခွဲခြားဆက်ဆံနေတာလဲ"
ကျိယွမ်က မကျေမချမ်း ပြန်ပြောလိုက်လေသည်။
"နင်နဲ့ စကားများနေဖို့ ငါ့မှာ အချိန်မရှိဘူး"
နွားချိုမမက စိတ်ကြည်လင်စွာ ပြောလိုက်၏။ သွေးဝတ်စုံကဲ့သို့ လူကို သူမ အနိုင်ကျင့်ခွင့်ရသည်မှာ ဤတစ်ကြိမ်သာ ဖြစ်နိုင်သည် မဟုတ်ပါလား။
"ကဲ... ခရမ်းရောင်ကံကြမ္မာကောင်းကင်ကို ရောက်ပြီ။ လာ... စကားတွေကို ဆင်ခြင်ပြောဦး။ ဘိုးဘေးတွေ ကြားသွားရင် ငါတို့ ဒုက္ခရောက်ကုန်လိမ့်မယ်"
သူမက ညင်သာစွာ ပြောကာ ပျောက်ကွယ်သွားလေသည်။
ထိုအချိန်တွင် ခရမ်းရောင်ကံကြမ္မာကောင်းကင်၏ အပြင်ဘက်၌ မျက်လုံးနှစ်စုံသည် ဟင်းလင်းပြင်ကို ဖြတ်ကျော်ကာ နွားချိုမမနှင့် ကျိယွမ်တို့ကို စောင့်ကြည့်နေကြ၏။
"ခြောက်ယောက်မြောက်... ဒါ နင်ခေါ်လာတဲ့ လူသစ်လား။ ကြည့်ရတာတော့ သာမန်ပါပဲလား"
စကားပြောသူမှာ မဟူရာနတ်ဆိုးချောက်၏ တတိယမြောက်အကြီးအကဲ ဖြစ်သည်။ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးမှာ မှောင်မိုက်နေပြီး မျက်လုံးများသာ မြင်နေရ၏။ သူ၏ မျက်ဝန်းများအတွင်း မဟာတာအို၏ စွမ်းအားများနှင့် မူလသဘောတရား ကမ္ဗည်းစာသားများ စီးဆင်းနေလေသည်။
"သူ့ရဲ့ သွေးမျိုးဆက်က သာမန်မဟုတ်ဘူး။ သူက ငါတို့အဆင့်အထိ ရောက်နိုင်တဲ့ အလားအလာ ရှိတယ်။ မဟာမူလသဘောတရားအဆင့် ဖြစ်လာနိုင်တယ်"
ဆဌမမြောက်အကြီးအကဲ ဖြစ်သူ ခရမ်းရောင်ကံကြမ္မာဘိုးဘေးက ဂုဏ်ယူစွာ ပြောလိုက်၏။
"မဟာမူလသဘောတရားအဆင့် ဟုတ်လား..."
တတိယမြောက်အကြီးအကဲ၏ အကြည့်မှာ နက်ရှိုင်းသွားသည်။
"တကယ့်ကို မျိုးစေ့ကောင်းတစ်ခုပဲ"
ဤကဲ့သို့သော သွေးမျိုးဆက်မှာ မဟူရာနတ်ဆိုးချောက်တွင် ထိပ်တန်းအဆင့် ဖြစ်သဖြင့် ဘိုးဘေးများကိုပင် စိတ်လှုပ်ရှားစေနိုင်သည်။
"ကံကြမ္မာက ငါတို့ဘက်မှာ ရှိနေပုံရတယ်"
ခရမ်းရောင်ကံကြမ္မာဘိုးဘေးက ပိတီဖြစ်စွာဆို၏။
"အဓိက မျိုးဆက်ထဲမှာ ဓားနက်ရဲ့ သွေးမျိုးဆက်က ပိုပြီးတော့ အံ့သြစရာကောင်းတယ်"
"သူက ငါတို့ဆရာရဲ့ အချစ်ဆုံးတပည့်ပဲ။ မဟူရာနတ်ဆိုးချောက်က လင်းယာပြောင်းလဲမှုကို ရင်ဆိုင်ဖို့ သူ့ကိုပဲ အားကိုးရမှာ"
တတိယမြောက်အကြီးအကဲက လေးနက်စွာ ပြောလိုက်သည်။ သူတို့၏ ဆရာမှာ မဟူရာနတ်ဆိုးချောက်၏ ပထမမြောက်အကြီးအကဲ ဖြစ်သည်။
"လင်းယာအသွင်ပြောင်းလဲမှု ဟုတ်လား..."
ဆဌမမြောက်အကြီးအကဲ၏ မျက်နှာမှာ ပို၍ လေးနက်သွား၏။
"ထိုက်ဟွမ်နန်းတော်နဲ့ လနတ်ဘုရားနန်းတော်လို အင်အားစုတွေတောင် လင်းယာအသွင်ပြောင်းလဲမှုကို အပြည့်အဝ မခုခံနိုင်ဘူး။ ဓားနက်က အဲဒါကို ရင်ဆိုင်နိုင်ပါ့မလား"
"အနည်းဆုံးတော့ သူသာ မူလသဘောတရားကို နားလည်သွားရင် ငါတို့မှာ ယုံကြည်မှု အနည်းငယ် ရှိလာတာပေါ့။ မူလသဘောတရားဆွေးနွေးပွဲ စတော့မယ်။ ဓားနက်လည်း တက်ရလိမ့်မယ်။ အဲဒီမတိုင်ခင် ငါတို့ အကြီးအကဲ ရှစ်ယောက်ပေါင်းပြီး သူ့ရဲ့ သွေးကို သန့်စင်ပေးပြီး နားလည်မှုကို မြှင့်တင်ပေးရမယ်"
ဆဌမမြောက်အကြီးအကဲက ခေါင်းညိတ်လိုက်၏။
"သဘောတူတယ်။"
သွေးသန့်စင်ခြင်းနှင့် နားလည်မှုမြှင့်တင်ခြင်းမှာ သူတို့၏ အသက်စွမ်းအားအချို့ကို ပေးဆပ်ရမည် ဖြစ်သော်လည်း အနာဂတ်အတွက် ထိုက်တန်သော ပေးဆပ်မှု ဖြစ်သည်။
"မင်းခေါ်လာတဲ့ လူသစ်လည်း မဆိုးပါဘူး။ သွေးသန့်စင်တာကနေ ကျန်တဲ့ အကြွင်းအကျန်တွေကို သူ့ကို ပေးလို့ရတာပဲ။ သူ မဟာမူလသဘောတရားအဆင့် ဖြစ်လာရင် ဓားနက်ကို အလုပ်အကျွေး ပြုလို့ရတာပေါ့"
တတိယမြောက်အကြီးအကဲက အေးဆေးစွာ ပြောလိုက်၏။
ထိုစကားကို ကြားသောအခါ ဆဌမမြောက်အကြီးအကဲ မကျေမနပ် ဖြစ်သွားသည်။
"သွေးဝတ်စုံက ငါတို့ ခရမ်းရောင်ကံကြမ္မာကောင်းကင်ရဲ့ နတ်ဆိုးသားတော်ပဲ။ သူက ဘာလို့ အကြွင်းအကျန်တွေကိုပဲ ယူရမှာလဲ။ မဟုတ်ဘူး။ သူလည်း ဓားနက်လိုပဲ အခွင့်အရေး ရသင့်တယ်။ သူ့ရဲ့ အလားအလာကလည်း မဟာမူလသဘောတရားအဆင့်ပဲ မဟုတ်ဘူးလား"
"မဟာမူလသဘောတရားအဆင့်တွေကြားမှာလည်း ကွာခြားချက် ရှိတယ်လေ"
တတိယမြောက်အကြီးအကဲက တည်ငြိမ်စွာ ပြန်ပြောလိုက်၏။
"မလုံလောက်ဘူး။ အကြွင်းအကျန်တွေက မရဘူး။ အဲဒီလိုဆိုရင် ငါ ဒီအစီအစဉ်မှာ မပါဝင်နိုင်ဘူး။ အများဆုံး... ငါ့ရဲ့ မဟူရာနတ်ဆိုးချောက်ဘိုးဘေးသွေး ဝေစုကို စွန့်လွှတ်လိုက်မယ်"
ဆဌမမြောက်အကြီးအကဲက ဒေါသတကြီးအော်ဟစ်ကာ ပြောလေသည်။
တတိယမြောက်အကြီးအကဲမှာ အံ့အားသင့်သွား၏။ မဟူရာနတ်ဆိုးချောက်ဘိုးဘေးသွေးမှာ သူတို့အတွက် အလွန်တန်ဖိုးရှိလှသည်။ ဆဌမမြောက်အကြီးအကဲက ဤမျှအထိ ပေးဆပ်ရဲသည်ဆိုပါက ထိုလူသစ်၏ အလားအလာမှာ မဟာမူလသဘောတရားအဆင့်ထက် ပိုနေသလားဟုပင် သူ သံသယဝင်သွား၏။
"ခြောက်ယောက်မြောက်။ အမှန်အတိုင်း ပြောစမ်း။ သူ့ရဲ့ အလားအလာက သာမန် မဟာမူလသဘောတရားအဆင့်ထက် ပိုနေတာလား"
"ဟဲဟဲ... မဟုတ်ပါဘူး။ သူက သာမန် မဟာမူလသဘောတရားအဆင့်ပါပဲ။ ဓားနက်လောက်တော့ မကောင်းပါဘူး"
ဆဌမမြောက်အကြီးအကဲက ရှက်ရွံ့ခြင်းမရှိ ပြုံးလျက် လျောချလိုက်သည်။
တတိယမြောက်အကြီးအကဲသည် မျက်မှောင်ကြုတ်ကာ ကျိယွမ်ကို စိုက်ကြည့်လိုက်၏။ သို့သော် ကျိယွမ်မှာ ခရမ်းရောင်ကံကြမ္မာကောင်းကင်အတွင်း ရှိနေသဖြင့် သူ ဘာမှ သေချာမမြင်ရပေ။
"အင်း... မင်း တကယ်ပဲ ကံထူးတာ ဖြစ်မှာပါ။ ဖြစ်နိုင်တာက သူက ဓားနက်ထက် နည်းနည်းပဲ အားနည်းတာ ဖြစ်လိမ့်မယ်"
တတိယမြောက်အကြီးအကဲက ဆို၏။
"မှန်ပါတယ်။ သူက ဓားနက်ထက်တော့ အားနည်းတယ်"
ဆဌမမြောက်အကြီးအကဲက မကျေမနပ် လေသံဖြင့် ဝန်ခံ၏။
"ဟွန့်.. ဓားနက်ထက် နည်းနည်းပဲ အားနည်းတာကိုတောင် မင်းက မကျေနပ်သေးဘူးလား။ သူက ငါတို့ ကိုးယောက်ထက်တောင် သာသွားနိုင်တယ်။ ကောင်းကင်ဘုံခြောက်ခုလုံးမှာ သူက ထိပ်တန်း ဆယ်ယောက်စာရင်းထဲ ဝင်မှာပဲ"
တတိယမြောက်အကြီးအကဲ၏ မျက်လုံးများ တောက်ပသွား၏။
"အင်း... ငါတို့ ဒါကို လျှို့ဝှက်ထားရမယ်။ အကယ်၍ မဟူရာနတ်ဆိုးချောက်ကနေ မူလသဘောတရားကို နားလည်တဲ့ မဟာမူလသဘောတရားအဆင့် နှစ်ပါး ပေါ်လာရင်..."
"မင်း ဒါကို ဖုံးကွယ်ထားတာ ကောင်းပါတယ်။ ဓားနက်အကြောင်း သတင်းထွက်ကတည်းက လူအများကြီးက ငါတို့ဆီ အာရုံရောက်နေတာ။ အကယ်၍ သွေးဝတ်စုံအကြောင်းပါ ထပ်သိသွားရင်..."
"သွေးသန့်စင်တဲ့ ဖြစ်စဉ်မှာ ငါပဲ တာဝန်ယူမယ်။ အနှစ်သာရရဲ့ သုံးပုံတစ်ပုံကို သူ့အတွက် လျှို့ဝှက်ပြီး ဖယ်ထားပေးမယ်။ ဒါကို ဘယ်သူ့ကိုမှ မပြောနဲ့။ ပြီးတော့ မဟူရာနတ်ဆိုးချောက်ဘိုးဘေးသွေးကိုလည်း မင်းအတွက် ငါ မချန်ထားတော့ဘူးနော်"
"သုံးပုံတစ်ပုံက မလုံလောက်ဘူး"
"ဟွန့်... ဓားနက်ရဲ့ ပါရမီက အမြင့်ဆုံးပဲ။ သွေးဝတ်စုံက အားကောင်းရင်တောင် ရှန်လော့ကောင်းကင်က ထိပ်တန်းပါရမီရှင်တွေလောက်ပဲ ရှိမှာပါ။ ဓားနက်လောက်တော့ မဟုတ်ပါဘူး။"
"မင်းက သူ့ကို ဓားနက်နဲ့ ယှဉ်ပြိုင်စေချင်တာလား။ အကယ်၍ သူ နိုင်ရင် အနှစ်သာရရဲ့ သုံးပုံနှစ်ပုံကို ငါ လျှို့ဝှက်ပေးမယ်။ ဘယ်လိုလဲ"
"မင်း..."
ဆဌမမြောက်အကြီးအကဲ ဒေါသထွက်သွားရသည်။
"သူက မဟာအုပ်စိုးရှင်အဆင့်ပဲ ရှိသေးတာကို မင်းက ယန်နတ်ဘုရားတစ်ပါးနဲ့ ယှဉ်ခိုင်းတာလား။ မင်းမှာ ရှက်စိတ်မရှိဘူးလား"
"ဒါကို ဒီမှာတင် ဆုံးဖြတ်လိုက်ပြီ"
ထိုသို့ပြောကာ တတိယမြောက်အကြီးအကဲ ပျောက်ကွယ်သွားလေသည်။
အချိန်အတော်ကြာပြီးနောက် ဆဌမမြောက်အကြီးအကဲ၏ မျက်ဝန်းများအတွင်း အလင်းတန်းတစ်ခု ဖြတ်ပြေးသွား၏။
သူက တစ်ကိုယ်တည်း တိုးတိုးလေး ပြောလိုက်လေသည်။
"ကောင်းကင်ဘုံခြောက်ခုမှာ အမြင့်ဆုံး ပါရမီရှင် ဟုတ်လား"
"သုံးယောက်မြောက်။ မင်း တကယ်ပဲ မျက်စိဖွင့်ပြီး လောကကြီးကို ကြည့်သင့်နေပြီ"
............
အခန်း ၄၂၉ - ဘိုးဘေးသွေးအတတ်ပညာ
ခရမ်းရောင်ကံကြမ္မာဘိုးဘေးသည် ဝတ်ရုံနက်ကို ဆင်မြန်းကာ ရပ်နေပြီး သူ၏ ပတ်ဝန်းကျင်တွင် မူလသဘောတရား၏ စည်းမျဉ်းများ စီးဆင်းနေ၏။
သူ၏ ပုံသဏ္ဌာန်မှာ သက်ရှိတစ်ခုထက် ပိုမိုနက်နဲသော စည်းမျဉ်းများ စုစည်းနေသည့် အရာတစ်ခုနှင့် ပိုတူနေသည်။
သူသည် ကောင်းကင်ယံ၏ အပြင်ဘက်တွင် ရပ်လျက် နက်ရှိုင်းသော အကြည့်များဖြင့် ကြည့်နေ၏။
အတန်ကြာသော် ဝတ်ရုံနက်ဝတ်ထားသောအခြားလူတစ်ဦးက သူ၏ဘေးတွင် ပေါ်လာသည်။ ထိုသူထံမှ ပြင်းထန်သော အငွေ့အသက်များ ထွက်ပေါ်နေပြီး သူသည်လည်း မူလသဘောတရား အဆင့်ကို နားလည်ထားသူတစ်ဦး ဖြစ်သည်မှာ ထင်ရှားလှ၏။
ဘိုးဘေးများကို ဖယ်လိုက်လျှင် ဤသူသည် ခရမ်းရောင်ကံကြမ္မာကောင်းကင်တွင် အာဏာအရှိဆုံးသူ ဖြစ်ပြီး ၎င်းတို့ဌာနခွဲ၏ တစ်ဦးတည်းသော သာမန်မူလသဘောတရားအဆင့် ယန်နတ်ဘုရား ဖြစ်သည်။
ယန်နတ်ဘုရားများမှာ အလွန်ပင် ရှားပါးလှပြီး မူလသဘောတရား ကျင့်ကြံသူများမှာ ဆဌမမြောက်ကောင်းကင်ဘုံ၏ အထက်တန်းလွှာများ ဖြစ်ကြသည်။ ခရမ်းရောင်ကံကြမ္မာမျိုးနွယ်စုသည် သွေးမျိုးဆက်ပေါ်တွင် အခြေခံထားသဖြင့် အားသာချက်ရှိသလို ကန့်သတ်ချက်လည်း ရှိနေ၏။
သူတို့တွင် မဟာမူလသဘောတရား ကျင့်ကြံသူ တစ်ပါးရှိသော်လည်း ယန်နတ်ဘုရားများစွာ ပေါ်ထွန်းလာရန်မှာမူ စိန်ခေါ်မှုတစ်ခု ဖြစ်နေဆဲပင်။
အခြားတစ်ဖက်တွင် မိုလိုမျိုးနွယ်စုကဲ့သို့ မဟာမူလသဘောတရား ကျင့်ကြံသူ မရှိသော မျိုးနွယ်စုများတွင်မူ ယန်နတ်ဘုရားနှင့် မူလသဘောတရားအဆင့် ယန်နတ်ဘုရား အရေအတွက်မှာ ခရမ်းရောင်ကံကြမ္မာဌာနခွဲထက် များစွာ ပိုများလေသည်။
ထို့ကြောင့်ပင် ခရမ်းရောင်ကံကြမ္မာမျိုးနွယ်စုသည် အခြားသော သွေးမျိုးဆက်များကို စုပ်ယူကာ သူတို့၏ အင်အားကို တိုးချဲ့လေ့ရှိကြ၏။ သူတို့၏ မျိုးဆက်ထုံးစံများကြောင့် ယန်နတ်ဘုရား တစ်ပါး ပိုထွက်လာခြင်းမှာပင် သာမန်ကိစ္စ မဟုတ်ပေ။
"ဂါရဝပြုပါတယ် ဘိုးဘေး။ သွေးဝတ်စုံက ခရမ်းရောင်ကံကြမ္မာကောင်းကင်ကို ရောက်လာပါပြီ။ သူ့ကို တွေ့ဆုံဖို့ စီစဉ်ပေးရမလား"
ဝတ်ရုံနက်နှင့်လူက ရိုသေစွာ မေးလိုက်၏။ သူသည် ဘိုးဘေးကို တိုက်ရိုက် မကြည့်ရဲပေ။ သူ၏ အာရုံခံစားမှုတွင် ဘိုးဘေးမှာ ပုံသေကားချပ် မရှိဘဲ မူလသဘောတရား၏ ပြောင်းလဲနေသော ပုံရိပ်တစ်ခုသာ ဖြစ်သည်။
ခရမ်းရောင်ကံကြမ္မာဘိုးဘေးက ခေါင်းခါပြ၏။
"မလိုဘူး"
ဝတ်စုံနက်ဝတ်ထားသော ခရမ်းရောင်ကံကြမ္မာထန်သည် ဤစကားကြောင့် အံ့သြခြင်းမရှိပေ။
"သူ့ကို ဘယ်လိုမျိုး အခွင့်အရေးတွေ ပေးရမလဲ"
ခရမ်းရောင်ကံကြမ္မာထန်က မေးရင်း သွေးဝတ်စုံ၏ ပါရမီမှာ မည်မျှအဆင့် ရှိမည်ကို ခန့်မှန်းနေမိသည်။
"ခရမ်းရောင်ကံကြမ္မာကောင်းကင်မှာ သူ့ကို ယန်နတ်ဘုရားတွေရဲ့ အောက်မှာ အဆင့်အမြင့်ဆုံးအဖြစ် သတ်မှတ်လိုက်ပါ"
ဘိုးဘေးက အေးဆေးစွာ ပြန်ဖြေ၏။
"အမိန့်အတိုင်းပါ"
ဘိုးဘေးက စိတ်ဝင်တစား ရှိနေသည်ဆိုပါက သွေးဝတ်စုံ၏ ပါရမီမှာ အနည်းဆုံး မူလသဘောတရား ကျင့်ကြံသူ ဖြစ်လာနိုင်သည်အထိ မြင့်မားနေသည်မှာ သေချာသည်။
ထို့ကြောင့် ခရမ်းရောင်ကံကြမ္မာတာရွှယ်ထက် ပို၍ အခွင့်အရေးရခြင်းမှာ သဘာဝကျလှပေသည်။
"ဒါက သူ့အတွက် လက်ဆောင်ပဲ။ သူ့ကို ပေးလိုက်ပါ"
ဘိုးဘေးက အနက်ရောင် သိုလှောင်အိတ်တစ်ခုကို ထုတ်ပေးလိုက်၏။
ခရမ်းရောင်ကံကြမ္မာထန်သည် အိတ်ကိုယူကာ ခရမ်းရောင်ကံကြမ္မာကောင်းကင်၏ လက်ရှိ အခြေအနေကို တွေးတောနေမိသည်။
သူတို့တွင် ပါရမီရှင် လူငယ်များ နည်းပါးနေသဖြင့် ဘိုးဘေးက ဤမျှအထိ အာရုံစိုက်နေခြင်းမှာ မဆန်းပေ။
အခြားသော ဌာနခွဲများနှင့် ယှဉ်လျှင် သူတို့တွင် ယန်နတ်ဘုရား နည်းပါးနေခြင်းမှာ ဘိုးဘေးအတွက် အရှက်ရစရာ တစ်ခု ဖြစ်နေ၏။
"သူ့ကို 'ဘိုးဘေးသွေးအတတ်ပညာ' ကို ပေးလိုက်ပါ။ တကယ်လို့ သူက သတ္တမမြောက်အလွှာကို ရောက်ခဲ့ရင် ငါ့ဆီကို လာတွေ့ခိုင်းလိုက်။ ငါက သူ့ရဲ့ ဆန္ဒလေးတစ်ခုကို ဖြည့်ဆည်းပေးမယ်လို့ ပြောလိုက်ပါ"
ဘိုးဘေးက ညွှန်ကြားလိုက်၏။
"နားလည်ပါပြီ"
"ဪ... ဒါနဲ့ ဓားနက်က အဲဒီအတတ်ပညာမှာ ဘယ်အဆင့်ကို ရောက်နေပြီလဲ"
"သေချာတော့ မသိပေမဲ့ ကောလာဟလတွေအရ သူက အနည်းဆုံး နဝမမြောက်အလွှာကို ရောက်နေပြီလို့ ကြားပါတယ်"
၎င်းကို ကြားသောအခါ ဘိုးဘေး၏ လေသံမှာ အနည်းငယ် ပြောင်းလဲသွားသည်။
"သတ္တမမြောက်အလွှာက လွယ်လွန်းတယ်။ သူ နဝမမြောက်အလွှာကို ရောက်မှ ငါ့ဆီ လာတွေ့ခိုင်းလိုက်ပါ"
သူက ပြန်ပြင်ပြောလိုက်သည်။
ခရမ်းရောင်ကံကြမ္မာထန်မှာ စိတ်ထဲတွင် ပြုံးမိသွား၏။ ဘိုးဘေးမှာ တကယ်ကို အရှုံးမပေးလိုသူ ဖြစ်သည်။
ဘိုးဘေးသွေးအတတ်ပညာ၏ နဝမမြောက်အလွှာကို ရောက်ရန်မှာ အလွန် ခက်ခဲလှသည်။ ယန်နတ်ဘုရားတစ်ပါးပင် ထိုအဆင့်ကို ရောက်ရန် မလွယ်ပေ။
သူ၏ သမီးဖြစ်သူ ခရမ်းရောင်ကံကြမ္မာတာရွှယ်ပင် ယန်နတ်ဘုရား ဖြစ်လုနီးပါး ရှိသော်လည်း ဆဌမမြောက်အလွှာတွင်သာ ရှိနေသေးသည်။
ဤအတတ်ပညာမှာ သွေးမျိုးဆက် အင်အားအပေါ် ကိုးဆယ်ကိုးရာခိုင်နှုန်းမူတည်ပြီး ကိုယ်ပိုင်နားလည်မှုအပေါ် တစ်ရာခိုင်နှုန်းသာ မူတည်သော ထူးခြားသည့် အတတ်ပညာ ဖြစ်သည်။
ဓားနက်မှာ စတင်သင်ယူပြီး နှစ်ပတ်အတွင်း တတိယမြောက်အလွှာကို ရောက်ရှိခဲ့သဖြင့် လူတိုင်းကို အံ့အားသင့်စေခဲ့ဖူးသည်။ ၎င်းမှာ ဘိုးဘေး၏ ဆရာဖြစ်သူ မဟူရာနတ်ဆိုးချောက်၏ ပထမမြောက်အကြီးအကဲ၏ စံချိန်ထက်ပင် ပိုမြန်နေသောကြောင့်ဖြစ်၏။
သွေးဝတ်စုံကရော ဘယ်လိုသွေးမျိုးဆက်ဖြစ်မလဲ။
ဝတ်စုံနက်မှာ အတွေးများနေတော့သည်။
.........
"မင်းတို့ မဟူရာနတ်ဆိုးချောက်က တော်တော်လေး မှောင်ပြီး အုံ့မှိုင်းတာပဲ။ အရာအားလုံးက မီးခိုးရောင်တွေချည်းပဲ။ တရားဓမ္မနဲ့ ညီညွတ်တဲ့ ဂိုဏ်းတစ်ခုနဲ့တော့ မတူဘူးနော်"
ကျိယွမ်က ပတ်ဝန်းကျင်ကို ဝေ့ကြည့်ရင်း မှတ်ချက်ချလိုက်၏။ မြစ်ရေမှာပင် အနက်ရောင် ဖြစ်နေပြီး သစ်ပင်များမှာလည်း အသက်မဲ့နေသကဲ့သို့ ရှိနေသည်။
"ဘာလို့ အပြင်ပန်းကို ကြည့်ပြီး ဆုံးဖြတ်နေတာလဲ။ လူတိုင်း တန်းတူပဲလို့ မင်းပဲ ပြောခဲ့တာ မဟုတ်ဘူးလား"
ခရမ်းရောင်ကံကြမ္မာတာရွှယ်က ကျိယွမ်၏ စကားကိုပင် ပြန်သုံးကာ တုန့်ပြန်လိုက်သည်။
ကျိယွမ်မှာ ခဏမျှ ဆွံ့အသွားပြီး သက်ပြင်းချလေ၏။
"မဟူရာနတ်ဆိုးချောက်ထဲမှာ မင်းလို လူသားဆန်တဲ့သူတစ်ယောက် ရှိနေလိမ့်မယ်လို့ ငါ မထင်ထားခဲ့ဘူး။ မင်းက တကယ်ပဲ တန်းတူညီမျှမှုကို ယုံကြည်တာပဲ"
ထိုစဉ် ဟင်းလင်းပြင်မှာ တုန်ခါသွားပြီး ဝတ်ရုံနက်နှင့် လူတစ်ဦး ပေါ်လာသည်။ တာရွှယ်ကဲ့သို့ပင် ထိုသူ၏ ခေါင်းပေါ်တွင်လည်း ဦးချိုတစ်ခု ပါရှိသော်လည်း ကြမ်းတမ်းခြင်းမရှိဘဲ ခန့်ညားသော အသွင်ရှိလေသည်။
ကျိယွမ်သည် ထိုသူထံမှ ပြင်းထန်သော စွမ်းအားကို အာရုံခံမိသလို၊ သူ့ကို တိတ်တဆိတ် စောင့်ကြည့်နေသော အခြား အစွမ်းထက်သူ နှစ်ဦးကိုလည်း သတိပြုမိသည်။
တာရွှယ်သည် ထိုသူကို မြင်သောအခါ ဝမ်းသာသွား၏။
"ဖေဖေ။ သွေးဝတ်စုံကို သမီး ခေါ်လာခဲ့ပြီ"
သူမက ကလေးမလေးတစ်ယောက်ကဲ့သို့ အော်ပြောလိုက်သည်။ နွားချိုမမ၏ ကြမ်းတမ်းသော ဟန်မူရာများမှာ သူမ ဖခင်၏ ရှေ့တွင် ပျောက်ကွယ်နေလေသည်။
ခရမ်းရောင်ကံကြမ္မာထန်က ပြုံးလျက် သူမအား မေးလိုက်၏။
"သမီး ဒီတစ်ခါ ဘာလက်ဆောင် လိုချင်သေးလဲ"
မူလသဘောတရားအဆင့် ယန်နတ်ဘုရားတစ်ပါးအနေဖြင့် သမီးဖြစ်သူ၏ အကြံအစည်များကို သူ သိသော်လည်း အလိုလိုက်ချင်စိတ် ရှိနေသည်။
"သမီး တိမ်မည်းသွေးမြင်း လိုချင်တယ်"
တာရွှယ်က မျက်လုံးလေးများတောက်ပကာ ပြောလိုက်၏။
၎င်းမှာ ကျိယွမ်၏ အမြင်တွင်တော့ မော်တော်ဆိုင်ကယ်တစ်စီးနှင့် တူနေလေသည်။ သို့သော် ထိုမြင်းမှာ ဟင်းလင်းပြင်ကို ဖြတ်ကျော် ခုန်ပျံနိုင်စွမ်း ရှိသော်လည်း မည်သည့်နေရာသို့ ရောက်မည်ကို မည်သူမျှ မသိနိုင်ပေ။
"သမီးရဲ့ ဝမ်းကွဲအစ်ကိုတောင် အဲဒီမြင်းကို စီးရင်း ထူးဆန်းတဲ့ နေရာတစ်ခုမှာ သေသွားခဲ့တာ မဟုတ်လား။ သမီးက လိုချင်နေတုန်းပဲလား"
"ဖေဖေ... သမီး အရမ်း စိတ်မမြန်သင့်ဘူးဆိုတာ သိပါတယ်"
"စိတ်မြန်တာ မဟုတ်ပါဘူး။ သမီး ဝမ်းကွဲအစ်ကိုရဲ့ မြင်းက တော်တော်လေး ကောင်းတယ်။ သမီး လိုချင်လား"
တာရွှယ်က ခဏမျှ ကြောင်သွားပြီးမှ "လိုချင်တယ်" ဟု ပြန်ဖြေလိုက်၏။
"ဒါပေမဲ့ ဝမ်းကွဲအစ်ကိုဆီက သင်ခန်းစာကိုတော့ မှတ်ထားရမယ်။ ဘယ်သူ့ကိုမှ စွန့်စားခန်းတွေမှာ အတူမခေါ်သွားနဲ့"
"သမီး သိပါတယ် ဖေဖေ။ လျှောက်မသွားပါဘူး"
"မဟုတ်ဘူး။ ငါ ဆိုလိုတာက အိမ်ထောင်ရှိတဲ့ ယောက်ျားတွေကို အတူမခေါ်သွားနဲ့လို့ ပြောတာ။ သမီး ဝမ်းကွဲအစ်ကိုက အိမ်ထောင်ကျခါစ အမျိုးသမီးတစ်ယောက်ကို အတူခေါ်သွားရင်း၊ အဲဒီအမျိုးသမီးရဲ့ ခင်ပွန်းက ဆက်သွယ်ရေးကျောက်စိမ်းကနေ လှမ်းမေးတဲ့အခါ သူမက တခြားယောက်ျားနဲ့ ပျော်ပါးနေရင် မိုးကြိုးပစ်ပါစေလို့ ကျိန်ဆိုလိုက်တယ်။ တိုက်တိုက်ဆိုင်ဆိုင် သမီးအစ်ကိုက မိုးကြိုးနယ်မြေကို ဖြတ်နေတုန်း မိုးကြိုးပစ်ခံရပြီး စက်ချို့ယွင်းကာ သေသွားခဲ့တာ"
တာရွှယ်မှာ သူမ ဝမ်းကွဲအစ်ကို၏ သေဆုံးမှုနောက်ကွယ်တွင် ဤကဲ့သို့ ဇာတ်လမ်းရှိနေမည်ဟု မထင်ထားခဲ့ပေ။
ကျိယွမ်မှာလည်း ဘေးမှ နားထောင်ရင်း ဤခရမ်းရောင်ကံကြမ္မာ မိသားစုမှာ တစ်ခုခု လွဲနေသည်ဟု တွေးနေမိသည်။
ထိုစဉ် ခရမ်းရောင်ကံကြမ္မာထန်က ကျိယွမ်ကို ကြည့်လိုက်၏။
"သွေးဝတ်စုံ။ မင်း ခရမ်းရောင်ကံကြမ္မာမျိုးနွယ်စုထဲကို လက်ထပ်ဝင်ရောက်ဖို့ စိတ်ဝင်စားလား"
သူက တည်ငြိမ်စွာ မေးလိုက်၏။
"မဝင်ချင်ပါဘူး"
ကျိယွမ်က ခေါင်းခါကာ ချက်ချင်း ငြင်းသည်။
ဤမိသားစုမှာ သွေးမျိုးဆက်ကြောင့် တစ်ခုခု ချို့ယွင်းနေသည်မှာ သေချာလှသည်။
"အင်း...ဒါက ဘိုးဘေးက မင်းကို ပေးခိုင်းလိုက်တဲ့ 'ဘိုးဘေးသွေးအတတ်ပညာ' ပဲ။ မင်း နဝမမြောက်အလွှာကို ရောက်ရင် ဘိုးဘေးဆီကို သွားတွေ့ပြီး ဆန္ဒတစ်ခု တောင်းဆိုနိုင်တယ်"
ခရမ်းရောင်ကံကြမ္မာထန်က ကျိယွမ်ကို စာလိပ်တစ်ခု ထုတ်ပေးလိုက်၏။
ကျိယွမ်က စိတ်ဝင်တစား ယူလိုက်ရင်းမှ စပ်စုသလိုမေးသည်။
"ဒါက ကျင့်စဉ်လား"
"ကျင့်စဉ်လည်း ဟုတ်သလို မဟုတ်လည်း မဟုတ်ဘူး။ ဒါက ငါတို့ သွေးမျိုးဆက်တွေအတွက် သီးသန့် အတတ်ပညာပဲ။ မဟူရာနတ်ဆိုးချောက်မှာ သွေးမျိုးဆက်က အရာအားလုံးပဲ။ သွေးမျိုးဆက် အားကောင်းလေ အနာဂတ်မှာ ပိုပြီး အောင်မြင်လေပဲ။ အကယ်၍ မင်းသာ အမြင့်ဆုံး အလွှာကို ရောက်ခဲ့ရင် မင်း ဘာမှ မလုပ်ဘဲ အိပ်နေရင်တောင် မူလသဘောတရား အဆင့်ကို ရောက်လိမ့်မယ်"
"အိပ်နေရုံနဲ့ဆိုရင် ဘယ်လောက်ကြာမှာလဲ"
ကျိယွမ်က မျှော်လင့်တကြီး မေးလိုက်၏။
"နှစ်တစ်သောင်းပဲ ကြာမှာပါ"
"နှစ်တစ်သောင်းကို 'ပဲကြာမှာ" တဲ့လား"
ကျိယွမ်မှာ ဆွံ့အသွားရပြန်သည်။
ထိုမျှလောက် အချိန်ပေးရမည်ဆိုလျှင် မူလသဘောတရားပေါင်းစုံတံခါးထဲမှာပဲ သူ့ဘာသာဂိမ်းကစားနေတာ ပိုကောင်းပေလိမ့်မည်။
"သွေးဝတ်စုံ။ မင်းက သွေးမျိုးဆက် အားကောင်းပေမဲ့ အရမ်းတော့ လောမကြီးပါနဲ့။ မူလသဘောတရားအဆင့်က ရောက်ဖို့ မလွယ်ဘူး။ ဒါပေမဲ့ မင်းသာ ဒီအတတ်ပညာကို ကျွမ်းကျင်ရင် နှစ်တစ်ရာအတွင်း ယန်နတ်ဘုရား ဖြစ်လာလိမ့်မယ်လို့ ငါ ခန့်မှန်းတယ်"
၎င်းကို ကြားသောအခါ ခရမ်းရောင်ကံကြမ္မာထန်၏ မျက်လုံးများတွင် အားကျစိတ်များ ပေါ်လာသည်။ ကျိယွမ်၏ သွေးမျိုးဆက်မှာ သူ့ထက် များစွာ သာလွန်နေသည်မှာ သေချာလှပေသည်။
"ကြည့်ရတာတော့ အကျိုးအမြတ် သိပ်မများလှဘူးပဲ။ အားရင်တော့ စမ်းကြည့်တာပေါ့"
ကျိယွမ်က စိတ်သိပ်မပါတော့သဖြင့် ပျင်းရိစွာ ပြောလိုက်၏။ သို့သော် နဝမမြောက်အလွှာကို ရောက်လျှင် ဘိုးဘေးထံမှ ဆန္ဒတစ်ခု တောင်းဆိုနိုင်သည်မှာ တော့ မဆိုးပေ။
"ဒါက ဘိုးဘေးဆီက လက်ဆောင်ပဲ။ တခြားသူတွေကို မပြောပါနဲ့။ မဟုတ်ရင် သူတပါးရဲ့ မနာလိုမှုကို ခံရလိမ့်မယ်"
ခရမ်းရောင်ကံကြမ္မာထန်က သိုလှောင်အိတ်တစ်ခု ထုတ်ပေးလိုက်ပြန်သည်။
"သူတပါးရဲ့ မနာလိုမှုကို မခံရဘူးဆိုတာ သာမန်လူတွေပဲ ဖြစ်မှာပါ"
ကျိယွမ်က အေးဆေးစွာ ပြန်ပြောလိုက်၏။
ခရမ်းရောင်ကံကြမ္မာထန်က ရယ်လျက် "မင်း သဘောပါပဲ" ဟု ဆိုကာ ပျောက်ကွယ်သွားလေသည်။
တာရွှယ်က ကျိယွမ်ကို အားကျစွာ ကြည့်နေ၏။
"ငါတောင် ဘိုးဘေးဆီက လက်ဆောင် တစ်ခါပဲ ရဖူးတာ။ နင်က ရောက်ရောက်ချင်း ရတာပဲ။ ဟင်း... လူအချင်းချင်း နှိုင်းယှဉ်ရတာ စိတ်ပျက်ဖို့ ကောင်းတယ်"
"သတိပေးချက် - မင်းက လူမှ မဟုတ်တာ"
ကျိယွမ်က ပြင်ပေးလိုက်၏။ ခေါင်းပေါ်မှာ ဦးချိုပါနေသည်ကို သူမက လူသားဟု ပြောနေခြင်းမှာ မမှန်ကန်ပေ။
"ဘိုးဘေးက ဘာလက်ဆောင် ပေးလိုက်တာလဲ သိချင်လိုက်တာ။ တိမ်မည်းသွေးမြင်းထက် ပိုတန်ဖိုးရှိမလား"
တာရွှယ်က စူးစမ်းနေမိသည်။
"အရင်ဆုံး ငါနေမယ့် နေရာကို သွားရအောင်။ ငါက နေရာကောင်းကောင်း လိုချင်တယ်လို့ ပြောထားတယ်နော်"
ကျိယွမ်က သတိပေးလိုက်၏။
"နင်ကတော့ တကယ်ကို တောင်းဆိုချက် များတာပဲ။ နင့်ကို ဘိုးဘေးက ငါတို့ မျိုးဆက်ရဲ့ နံပါတ်တစ် နတ်ဆိုးသားတော်အဖြစ် ခန့်အပ်လိုက်တာ သိလား"
"နတ်ဆိုးသားတော် ဟုတ်လား"
ကျိယွမ်က ထိုဘွဲ့ကို သိပ်မကြိုက်ပေ။ သူက မိမိကိုယ်ကို လူကောင်းတစ်ယောက်ဟု ယူဆထားသူ ဖြစ်သည်။
ယခုတော့ နတ်ဆိုးသားတော် ဆိုသည့်အမည်က သူ၏ဖြူစင်မှုကို စွန်းထင်းစေသလို ခံစားရ၏။
"ငါတို့ဆီမှာ နတ်ဆိုးသားတော် လေးယောက် ရှိပြီးသား။ အခု နင်က ငါးယောက်မြောက် ဖြစ်လာတာ။ ဒါပေမဲ့ နင့်ကို နံပါတ်တစ်အဖြစ် သတ်မှတ်လိုက်တာဆိုတော့ တခြားသူတွေကတော့ ကျေနပ်မှာ မဟုတ်ဘူး"
သူတို့သည် စကားပြောရင်း ကောင်းကင်ယံရှိ တောင်ကြီးတစ်တောင်ပေါ်သို့ ရောက်လာ၏။
ထိုတောင်ပေါ်တွင် မည်သည့် အဆောက်အဦးမှ မရှိဘဲ ကျောက်ခဲများသာ ပြန့်ကျဲနေသည်။
"ကြည့်စမ်း... အဲဒါ နင်နေရမယ့် နေရာပဲ။ မိုက်တယ် မဟုတ်လား"
တာရွှယ်က လက်ညှိုးထိုးပြ၏။
ကျိယွမ်က ကြည့်လိုက်သောအခါ ကြောင်သွားရသည်။
"ဘာလို့... ငါနေမယ့် နေရာက ထူးဆန်းနေတာလဲ"
သူ့ရှေ့တွင် သံမဏိလုံးကြီး တစ်လုံး ရှိနေခြင်းကြောင့် ဖြစ်သည်။ ၎င်းမှာ သာ့ရှန်းတိုင်းပြည်ထက်ပင် ပိုမို ကြီးမား၏။
ကျင့်ကြံရေးလောကတွင် ဤကဲ့သို့သော သိပ္ပံဇာတ်လမ်းထဲမှ အရာမျိုး ရှိနေခြင်းမှာ ထူးဆန်းလှပေသည်။
"ဘာထူးဆန်းလို့လဲ။ ဒီနေရာကို ယွမ်ကြယ်စင်လို့ ခေါ်တယ်။ ကောင်းကင်မှာ တောက်ပနေတဲ့ ကြယ်တွေကို အတုယူပြီး လုပ်ထားတာ"
သာယာသော အသံတစ်ခု ထွက်ပေါ်လာ၏။
ထိုနေရာတွင် အမျိုးသမီး နှစ်ဦး ပေါ်လာသည်။ တစ်ယောက်မှာ ပန်းရောင်ဦးချိုနှင့် ချစ်စရာကောင်းသော အသွင်ရှိပြီး အပြာရောင် ဂါဝန်ကို ဝတ်ဆင်ထားသည်။
သူမ၏ အမည်မှာ ခရမ်းရောင်ကံကြမ္မာရှောင်လု ဖြစ်သည်။
အခြားတစ်ယောက်မှာမူ ဦးချိုမပါဘဲ အရပ်ရှည်ကာ ဆွဲဆောင်မှုရှိသော အသွင်ရှိလေသည်။ သူမ၏ အမည်မှာ အန်းရွှန်လု ဖြစ်သည်။
သူမသည် အစိမ်းရောင် ဂါဝန်တိုကို ဝတ်ဆင်ထားပြီး သူမ၏ ခြေတံရှည်များမှာ ပေါ်လွင်နေ၏။ ကျိယွမ်၏ အကြည့်မှာ အန်းရွှန်လုဆီသို့ ရောက်သွားသည်။ သူမ၏ အဝတ်အစားကြောင့် မဟုတ်ဘဲ သူမ၏ အမည်မှာ တစ်ခုခုနှင့် ဆင်တူနေသဖြင့် ဖြစ်လေသည်။
တစ်ချက်လောက် စဉ်းစားကြည့်ပါဦး။ သူမ၏ အမည်မှာ အန်းရွှန်လု... အသံထွက်က "အန်း-ရွှန်-လု"... တစ်ခုခုနဲ့ ဆင်မနေဘူးလား။
...........