အခန်း (၄၃၀-၄၃၁)
Vol. 40 Ch. 430-431
အခန်း ၄၃၀ - ငါက တကယ်ပဲ သူ့ရဲ့ ကွဲကွာနေတဲ့ အဖေမဟုတ်ဘူးလား
ခရမ်းရောင်ကံကြမ္မာတာရွှယ်က သာယာစွာ ပြုံးလျက် ဆို၏။
“ညီမလေး ရှောင်လုက စိတ်ထားကောင်းပြီး ကြင်နာတတ်တဲ့သူပါ။ အန်းရွှန်လုကတော့... လျှာအရမ်းစပ်တယ်၊ မနာလိုစိတ်ကြီးတယ်၊ ပြီးတော့ လူတွေကို ကွယ်ရာမှာ အတင်းပြောရတာ ဝါသနာပါတယ်၊ သူ့ကိုတော့ သတိထားပေါ့”
“ငါက လူတွေကို ကွယ်ရာမှာပဲ အတင်းပြောတာ မဟုတ်ဘူး၊ မျက်နှာချင်းဆိုင် ဆဲရတာလည်း ဝါသနာပါတယ်”
အန်းရွှန်လုက တာရွှယ်ကို သတ်ဖြတ်လိုသော အငွေ့အသက်များဖြင့် စိုက်ကြည့်လိုက်သည်။
၎င်းက ကျိယွမ်၏ သံသယကို အတည်ပြုပေးလိုက်သကဲ့သို့ ဖြစ်သွားသည်။
ခရမ်းရောင်ကံကြမ္မာကောင်းကင်ရှိ သွေးမျိုးဆက်မှာ တစ်ခုခု လွဲနေသည်မှာ သေချာလှ၏။ ဤနေရာမှ ကျင့်ကြံသူအားလုံးမှာ တစ်မျိုးစီ ထူးဆန်းနေကြသည် မဟုတ်ပါလား။
လနတ်ဘုရားနန်းတော် သို့မဟုတ် အခြားသော ဂိုဏ်းများတွင် လူတိုင်းမှာ အပေါ်ယံတွင် ယဉ်ကျေးပျူငှာကြသော်လည်း ဤနေရာမှာမူ ထိုသို့မဟုတ်ပေ။
“ဟွန့်... ခရမ်းရောင်ကံကြမ္မာကောင်းကင်ကို ရောက်ရောက်ချင်းမှာပဲ ငါတို့ နတ်ဆိုးသားတော်တွေရဲ့ ခေါင်းဆောင် ဖြစ်လာတယ်ပေါ့လေ။ နင့်မှာ ဘာအရည်အချင်းရှိလဲဆိုတာ ငါ ကြည့်ချင်သေးတယ်”
အန်းရွှန်လုမှာ စိတ်မြန်လက်မြန်ရှိသော အမျိုးသမီး ဖြစ်သည်။
ဤမြင်ကွင်းကို ကြည့်ကာ ကျိယွမ်မှာ မျက်တောင်တခတ်ခတ် ဖြစ်သွားရ၏။
ဤအရာမျိုးကသာ ကျင့်ကြံရေးလောကတွင် ရှိသင့်သော အဖြစ်အပျက်မျိုး မဟုတ်ပါလား။
သူ အရင်က ကြုံခဲ့ရသူများမှာ အလွန်အမင်း ယဉ်ကျေးလွန်းနေကြသည်။ ဥပမာအားဖြင့် ကျန်းမိသားစုသို့ သွားစဉ်က ပြဿနာရှာမည့်သူ တစ်ဦးတစ်လေမျှပင် မရှိခဲ့ပေ။
“နင့်ရဲ့ ကျင့်ကြံမှုအဆင့်က ဘယ်လောက်လဲ။ မတရားဘူးလို့ မပြောရအောင် ငါ့အဆင့်ကို နင်နဲ့တန်းတူဖြစ်အောင် နှိမ့်ပေးမယ်”
အန်းရွှန်လုက ခပ်ပြတ်ပြတ် ပြောလိုက်၏။
“ငါက ခရမ်းရောင်နန်းတော်အဆင့်မှာပဲ ရှိပါသေးတယ်”
ကျိယွမ်က တည်ငြိမ်စွာ ပြန်ဖြေသည်။
အန်းရွှန်လု၏ မျက်နှာမှာ ဒေါသကြောင့် ချက်ချင်း နီမြန်းသွား၏။
“အရှက်မရှိတဲ့ကောင်”
သူမ၏ အမြင်တွင် ကျိယွမ်သည် အားနည်းသလို ဟန်ဆောင်နေခြင်းသာ ဖြစ်သည်။
“ငါ တကယ်ပြောတာပါ၊ ငါ တကယ်ပဲ ခရမ်းရောင်နန်းတော်အဆင့်ပါ”
ကျိယွမ်က ရိုးသားသော မျက်နှာပေးဖြင့် ထပ်ပြောလေသည်။
တာရွှယ်မှာ အန်းရွှန်လု၏ ပုံစံကို ကြည့်ကာ အော်ရယ်တော့သည်။
“ငါ အာမခံပါတယ်၊ သူ တကယ်ပဲ ခရမ်းရောင်နန်းတော်အဆင့်ပါ”
“ဟွန့်..”
အန်းရွှန်လုမှာ ဒေါသကြောင့် ရင်ဘတ်များ နိမ့်ချည်မြင့်ချည် ဖြစ်နေပြီး လှည့်ထွက်သွားလေသည်။
ကျိယွမ်မှာ အနည်းငယ် စိတ်ပျက်သွား၏။ ဤကဲ့သို့ အင်အားကြီးအဖွဲ့အစည်းမှ ခရမ်းရောင်နန်းတော်အဆင့် ကျင့်ကြံသူတစ်ဦး၏ စွမ်းရည်မှာ မည်မျှရှိမည်ကို သူ သိချင်နေခဲ့ခြင်း ဖြစ်သည်။
တာရွှယ်က မျက်လုံးလေးမှေးကာ စနောက်လိုက်၏။
“ဘယ်လိုလဲ... ဖြူရဲ့လား၊ ကြီးရောကြီးရဲ့လား”
“ဗျာ...”
ကျိယွမ်က သူမ ဘာကို ဆိုလိုသည်ကို နားမလည်သဖြင့် ကြောင်ကြည့်နေမိသည်။
“ငါ ဆိုလိုတာက... မြည်းစမ်းကြည့်ချင်လားလို့”
တာရွှယ်က ပြုံးစိစိဖြင့် ပြောလိုက်၏။
“ဟေ့...မိန်းမလျာနှာဘူးကြီးတစ်ယောက်လို လုပ်နေတာကို ရပ်လို့ရမလား..ငါ့ကိုအန်အောင် မလုပ်နဲ့”
ကျိယွမ်မှာ စိတ်ပျက်သွားရသည်။ မဟူရာနတ်ဆိုးချောက်မှ လူများမှာ တကယ်ပင် ပုံမှန်မဟုတ်ကြပေ။
ဘေးတွင် ရပ်နေသော ရှောင်လုမှာမူ ရှက်လွန်းသဖြင့် မျက်နှာတစ်ခုလုံး နီမြန်းကာ သူမ၏ ဝတ်ရုံစကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားလေသည်။
“အစ်မက စတာပါ.. ဘာမှ လျှောက်မတွေးနဲ့ဦး၊ နင့်မှာ အခွင့်အရေးလည်း မရှိပါဘူး။ အန်းရွှန်လုမှာ စိတ်ဝင်စားနေတဲ့သူ ရှိတယ်... ဓားနက်လို လူမျိုးပေါ့”
ဓားနက်အကြောင်း ပြောသောအခါ တာရွှယ်၏ မျက်နှာမှာ ထူးထူးခြားခြား လေးနက်သွား၏။
“ ဒီလို ရိုင်းစိုင်းတဲ့ ကောလာဟလတွေကို လျှောက်မဖြန့်စမ်းပါနဲ့။ ငါက အန်းရွှန်လုကို စိတ်မဝင်စားပါဘူး"
ကျိယွမ်မှာ သည်းမခံနိုင်တော့ပေ။ မဟူရာနတ်ဆိုးချောက်မှ လူများမှာ ကောလာဟလ ဖြန့်ရာတွင် တကယ့်ကို ထူးချွန်ကြသည်။
“ဟင်း... နင်က တကယ်ကို ပျော်စရာမကောင်းဘူးပဲ။ ငါက စတာပါ။ ဒါနဲ့ ဓားနက်အကြောင်း ပြောပြချင်လို့ပါ”
“နေဦး... မင်းက ‘ဆဲလ် (Cells)’ တွေအကြောင်းကို ဘယ်လိုလုပ် သိနေတာလဲ”
ကျိယွမ်က သံသယဖြင့် မေးလိုက်၏။ သူမသည်လည်း ကမ္ဘာမြေမှ ဖြစ်နေနိုင်သလား။
“ငါတို့ မဟူရာနတ်ဆိုးချောက်က သွေးမျိုးဆက်တွေကို လေ့လာတဲ့သူတွေပဲ။ ဆဲလ်ဆိုတဲ့ စကားလုံးကို သုံးတာက ဘာဆန်းလို့လဲ”
တာရွှယ်က ကျိယွမ်ကို တောသားတစ်ယောက်လို ကြည့်လိုက်၏။
ယန်နတ်ဘုရားတစ်ပါးအနေဖြင့် ဆဲလ်အဆင့်အထိ မြင်နိုင်ခြင်းမှာ မဆန်းကြောင်း ကျိယွမ် နားလည်သွားသည်။
“ဘာပဲဖြစ်ဖြစ်... မင်း ဘိုးဘေးသွေးအတတ်ပညာကို ကြိုးစားကျင့်ကြံပြီး ဓားနက်ကို ကျော်ဖြတ်နိုင်အောင် လုပ်ပါ။ အဲဒီကောင်က မဟူရာနတ်ဆိုးနက်၏အလင်းရောင်လို့ အမည်ကြီးပေမဲ့ ငါကတော့ သူ့ကို မကြိုက်ဘူး”
တာရွှယ်က မဲ့ရွဲ့ကာဆိုသည်။
ဓားနက်သည် မဟူရာနတ်ဆိုးချောက်၏ အတော်ဆုံး ပါရမီရှင်အဖြစ် သတ်မှတ်ခံထားရပြီး မဟာမူလသဘောတရား ကျင့်ကြံသူ ဖြစ်လာမည့်သူ ဖြစ်သည်။
ထို့ကြောင့် တာရွှယ်ကဲ့သို့ ပါရမီရှင်များမှာပင် သူ့ကို အမြဲ အားကျနေရသဖြင့် သူမက မနာလို ဖြစ်နေခြင်း ဖြစ်သည်။
“စိတ်မပူပါနဲ့ နွားချိုမမ။ မင်း ငါ့ကို အရင်က ကူညီခဲ့ဖူးတာဆိုတော့ နောက်တစ်ခါ ဓားနက်ကို အနိုင်ယူဖို့ ငါ ကူညီပေးမယ်”
ကျိယွမ်က ရင်ဘတ်ကို ပုတ်ကာ ကတိပေးလိုက်၏။
“နင်က တကယ်ကြီး ပြောနေတာလား”
တာရွှယ်မှာ စိတ်ပျက်လက်ပျက် သက်ပြင်းချလိုက်သည်။ သို့သော် ကျိယွမ်က ထိုက်ဟွမ်နန်းတော်မှ ပုဂ္ဂိုလ်ကိုပင် ရန်သူအဖြစ် သတ်မှတ်ထားသဖြင့် ဓားနက်ကို အထင်မကြီးခြင်းမှာ မဆန်းဟု သူမ တွေးလိုက်မိသည်။
“ငါ ပြောရုံတင် ပြောတာပါ။ ဓားနက်ကို သွားပြီး ပြဿနာမရှာနဲ့ဦး၊ သူက ကြောက်စရာကောင်းတယ်။ သူက မဟူရာနတ်ဆိုးချောက် မူလဘိုးဘေးရဲ့ တပည့်ပဲ။ ငါတို့ ဘိုးဘေးကတောင် သူ့ကို ‘ညီငယ်’ လို့ ခေါ်ရတာ”
တာရွှယ်က သေသေချာချာသတိပေးလိုက်၏။
မဟူရာနတ်ဆိုးချောက် မူလဘိုးဘေးမှာ အကြီးအကဲ ကိုးဦးတွင် အကြီးဆုံး ဖြစ်ပြီး ကျန်အကြီးအကဲ ရှစ်ဦးမှာ သူ၏ တပည့်များ ဖြစ်ကြသည်။
ထို့ကြောင့် ဓားနက်၏ ရာထူးမှာ လူတိုင်းထက် မြင့်မားနေခြင်း ဖြစ်သည်။
“နင်နေရမယ့်နေရာက ဟိုရှေ့မှာပဲ။ ငါတော့ မဝင်တော့ဘူး။ ညီမလေး ရှောင်လုက အိမ်အလုပ်တွေမှာ တော်တယ်၊ သူ နင့်ကို ကူညီပေးလိမ့်မယ်”
တာရွှယ် ထွက်သွားပြီးနောက် ကျိယွမ်နှင့် ရှောင်လုတို့သာ ကျန်ရစ်ခဲ့၏။
ချိုပန်းရောင်ညီမလေး..သန့်ရှင်းရေးလုပ်ဖို့ မင်းကိုပဲ အားကိုးရတော့မယ်”
ကျိယွမ်က ရှောင်လုကို ပြုံးပြလိုက်ရာ သူမမှာ ရှက်လွန်းသဖြင့် မျက်နှာတစ်ခုလုံး နီမြန်းသွားရသည်။
“ဟုတ်ကဲ့”
သူမက တိုးတိုးလေး ပြန်ဖြေကာ ကျိယွမ်၏ သံမဏိခံတပ်ကြီးဆီသို့ ပျံသန်းသွားလေသည်။
ခဏချင်းမှာပင် ရှောင်လု၏ ကိုယ်ပွားပေါင်း ထောင်သောင်းချီ ပေါ်လာပြီး သံမဏိခံတပ်ကြီး၏ နေရာအနှံ့ကို သန့်ရှင်းရေး လုပ်ကြလေ၏။
၎င်းကို ကြည့်ကာ ကျိယွမ်က တစ်ခုခုကို အလေးအနက် စဉ်းစားနေမိသည်။
“တကယ်လို့ ငါက ရှောင်လုကို ကမ္ဘာမြေကို ခေါ်သွားပြီး သူမရဲ့ ကိုယ်ပွားတွေကို စက်ရုံတွေမှာ အလုပ်ခိုင်းရင် ဒါမှမဟုတ် တချို့နိုင်ငံတွေမှာ ဖုန်းတောင်းခိုင်းရင် ငါ အများကြီး ချမ်းသာသွားမှာ မဟုတ်ဘူးလား”
ထိုအတွေးက တကယ်ကို ပြောင်မြောက်လှသည်ဟု သူ ထင်နေမိသည်။
သို့သော် သူ ချက်ချင်းပင် စိတ်ကို ထိန်းလိုက်၏။ သူသည် သန့်ရှင်းပြီးသား အိမ်ထဲသို့ ဝင်ကာ ဘိုးဘေးသွေးအတတ်ပညာကို စတင် လေ့လာတော့သည်။
[၄င်းက သွေးမျိုးဆက် ကျင့်စဉ်တစ်ခု ဖြစ်သည်။ ချို့ယွင်းချက်များစွာ ပါဝင်နေ၏။ အကယ်၍ ပြုပြင်လိုက်ပါက... ကျင့်ကြံမှုနှုန်းမှာ အဆတစ်ရာ တိုးတက်သွားပေလိမ့်မည်။]
ကျိယွမ်၏ အာရုံခံစားမှုမှာ ကျင့်စဉ်အတွင်းရှိ ချို့ယွင်းချက်များကို ချက်ချင်း သိရှိသွား၏။
“ဒါဆို လမ်းစဉ်ပေါင်းစုံသိုင်းနတ်ဘုရားမှာလည်း ထူးခြားတဲ့ သွေးမျိုးဆက် ပါဝင်နေတာပေါ့။ ဝါးမြိုခြင်းမူလခန္ဓာကတော့ မဟုတ်ဘူးပဲ”
ဝူရှီမယ်တော် ပေးခဲ့သော ဝါးမြိုခြင်းမူလခန္ဓာမှာ သွေးမျိုးဆက်တစ်ခုဟု သူ ထင်ခဲ့သော်လည်း အမှန်မှာ လမ်းစဉ်ပေါင်းစုံသိုင်းနတ်ဘုရား သွေးမျိုးဆက် ဖြစ်နေခြင်းပင်။
“ဒီအတတ်ပညာကို ကျင့်ကြံခြင်းအားဖြင့် ငါ့ရဲ့ လမ်းစဉ်ပေါင်းစုံသိုင်းနတ်ဘုရား သွေးမျိုးဆက်ကို မြှင့်တင်နိုင်ပြီး စွမ်းအားတွေကို တိုးတက်စေမှာပေါ့”
ကြယ်တာရာကောင်းကင်မှ ပြန်လာကတည်းက သူ၏ သိုင်းလမ်းစဉ်မှာ အဆုံးသတ်သို့ ရောက်နေသကဲ့သို့ ရှိခဲ့သော်လည်း ယခုအခါ လမ်းစသစ်တစ်ခုကို တွေ့ရှိခဲ့ပြီ ဖြစ်သည်။
သူသည် ချက်ချင်းပင် ကျင့်စဉ်ကို ပြုပြင်ကာ စတင်ကျင့်ကြံလေတော့သည်။
သုံးရက်အကြာတွင် ကျိယွမ် မျက်လုံးကို ဖွင့်လိုက်၏။ သူ၏ မျက်ဝန်းများအတွင်း အနက်ရောင် အလင်းတန်းများ ဝေ့ဝဲနေသည်။
“ဘိုးဘေးသွေးအတတ်ပညာက ဒီလောက်တောင် အစွမ်းထက်တာလား”
သူသည် ပထမမြောက်အလွှာသို့ ရောက်ရှိသွားပြီး သူ၏ လမ်းစဉ်ပေါင်းစုံသိုင်းနတ်ဘုရား စွမ်းအားမှာလည်း နှစ်ဆခန့် တိုးတက်သွားပြီ ဖြစ်သည်။ ၎င်းမှာ အလွန်ပင် ကြောက်စရာကောင်းလှ၏။
“ယန်နတ်ဘုရားအဆင့်မှာ တိုးတက်ဖို့က အရမ်းခက်တယ်ဆို။ ဘာလို့ ငါ့အတွက်က ဒီလောက် လွယ်နေရတာလဲ”
ကျိယွမ်မှာ စိတ်ကြည်လင်သွား၏။
ပထမမြောက်အလွှာမှာပင် ဤမျှ စွမ်းအားကြီးနေပါက သူသာ အဆုံးအထိ ကျင့်ကြံနိုင်လျှင် မဟာမူလသဘောတရား ကျင့်ကြံသူများကိုပင် လက်သီးတစ်ချက်ဖြင့် အနိုင်ယူနိုင်ပေလိမ့်မည်။
သို့သော် သူက ဆက်၍ မကျင့်ကြံတော့ဘဲ အနားယူရန် ဆုံးဖြတ်လိုက်သည်။
“ဘိုးဘေးပေးတဲ့ လက်ဆောင်ကို ကြည့်ရအောင်”
ကျိယွမ်သည် သိုလှောင်အိတ်ကို ဖွင့်လိုက်သောအခါ အနက်ရောင် သွေးတစ်စက်ကို တွေ့လိုက်ရ၏။ ထိုသွေးစက်ထံမှ ထွက်ပေါ်နေသော အငွေ့အသက်မှာ ကြောက်စရာကောင်းလှပြီး ကမ္ဘာဂြိုဟ်တစ်ခုလုံးကိုပင် ဖျက်ဆီးပစ်နိုင်သကဲ့သို့ ရှိနေသည်။
[မဟူရာနတ်ဆိုးချောက်ဘိုးဘေးသွေး။ မဟူရာနတ်ဆိုးချောက် သွေးမျိုးဆက်၏ မူလအစ ဖြစ်သည်။]
သူ၏ ဘယ်ဘက်မျက်ခုံးမှာ ထိုအရာသည် အန္တရာယ်မရှိသော ရတနာဖြစ်ကြောင်း အချက်ပြနေ၏။
ကျိယွမ်သည် ဆာလောင်မှုကို ခံစားလိုက်ရသဖြင့် ထိုသွေးစက်၏ တစ်ဝက်ကို ချက်ချင်း မျိုချလိုက်သည်။
ခဏချင်းမှာပင် ကျိယွမ်၏ ခန္ဓာကိုယ်အတွင်း ပြောင်းလဲမှုများစွာ ဖြစ်ပေါ်လာ၏။ သူသည် ယခင်ကထက် များစွာ ပို၍ သန်မာလာသည်ဟု ခံစားရသည်။ သူ၏ စွမ်းအားများမှာ အလွန်အမင်း ပြည့်လျှံနေသဖြင့် ကမ္ဘာပတ်ကာ လျှောက်ပြေးချင်စိတ်ပင် ပေါက်နေမိသည်။
သို့သော် အတွေးတစ်ခုက သူ၏ စိတ်ထဲသို့ ဝင်လာ၏။
ခရမ်းရောင်ကံကြမ္မာဘိုးဘေးက သူ့ကို ဘာကြောင့် ဤမျှအထိ ကောင်းမွန်စွာ ဆက်ဆံနေရသနည်း။
ကျိယွမ်သည် အပြင်သို့ ထွက်လာသောအခါ ရှောင်လုမှာ တံခါးတစ်ခုကို သူမ၏ ဦးချိုဖြင့် တိုက်ကာ သန့်ရှင်းရေး လုပ်နေသည်ကို တွေ့လိုက်ရ၏။
“ချိုပန်းရောင်ညီမလေး”
ရှောင်လုက အလုပ်ရပ်ကာ ကျိယွမ်ရှိရာသို့ ပြေးလာသည်။
“စီနီယာသွေးဝတ်စုံအစ်ကို... ဘာကိစ္စရှိလို့လဲဟင်”
“ငါ မင်းကို လျှို့ဝှက်ချက်တစ်ခု မေးချင်လို့။ ဒါကို ဘယ်သူ့ကိုမှ မပြောဘူးလို့ ကတိပေးရမယ်နော်”
ရှောင်လုက ခေါင်းကို အပြင်းအထန် ငြိမ့်ပြလိုက်၏။
“စီနီယာအစ်ကို... ကြိုက်တာမေးပါ၊ ညီမလေး ဘယ်သူ့ကိုမှ မပြောပါဘူး”
“ငါ စဉ်းစားနေတာ... ခရမ်းရောင်ကံကြမ္မာဘိုးဘေးမှာ ကွဲကွာနေတဲ့ ဆွေမျိုးတွေ ရှိလားလို့။ ဥပမာ... အဖေတို့၊ အဖိုးတို့လိုမျိုးပေါ့”
ရှောင်လုမှာ ထိုမေးခွန်းကြောင့် ကြောင်သွားရသည်။
“ညီမလေး... မသိဘူး စီနီယာအစ်ကို”
“ဒါကို ဘာလို့ မေးတာလဲဟင်”
ရှောင်လုမှာ စိုးရိမ်သွားရသည်။ ဘိုးဘေးအကြောင်းကို ဤကဲ့သို့ ပြောဆိုခြင်းမှာ အန္တရာယ်များလှ၏။
“ဘိုးဘေးက ငါ့ကို ပေးတဲ့ လက်ဆောင်က တော်တော် တန်ဖိုးရှိလို့လေ...”
ကျိယွမ်က သိုလှောင်အိတ်ကို အနည်းငယ် ဖွင့်ပြလိုက်ရာ ရှောင်လုမှာ အံ့သြလွန်းသဖြင့် ပါးစပ်အဟောင်းသား ဖြစ်သွားရသည်။
“မဟူရာ.. နတ်ဆိုးချောက်..ဘိုးဘေးသွေး”
သူမ၏ နှလုံးခုန်သံများမှာ မြန်လာ၏။
ဤသွေးစက်မှာ အကြီးအကဲ ကိုးဦးသာ ရရှိနိုင်သော အရာ မဟုတ်ပါလား။ ဘိုးဘေးက ၎င်းကို သွေးဝတ်စုံကို ပေးလိုက်သည်မှာ အံ့သြစရာပင်။
“အဲဒီသွေးက ဒီလောက် တန်ဖိုးရှိတာကို ဘိုးဘေးက ငါ့ကို ပေးတယ်ဆိုတော့ အကြောင်းရင်း ရှိရမယ်။ ငါ စဉ်းစားနေတာ... ငါက တကယ်တော့ သူတို့ရဲ့ အပြင်မှာ ကျန်ခဲ့တဲ့ ဘိုးဘေးတစ်ယောက် ဖြစ်နေမလားလို့ပေါ့”
ကျိယွမ်က မေးကိုပွတ်ကာ စဥ်းစားရင်း ဆို၏။
သူက ဘိုးဘေး၏ သား ဖြစ်နိုင်မလား။
မဖြစ်နိုင်ပေ။
သူက ငယ်ငယ်ကတည်းက မိဘမဲ့တစ်ယောက် ဖြစ်သည်။ ထို့ကြောင့် သူက သူတို့၏ ဘိုးဘေးဖြစ်နေခြင်းကသာ ပို၍ ဖြစ်နိုင်ချေ ရှိသည်ဟု သူ ယူဆလိုက်သည်။
ရှောင်လုမှာ ထိတ်လန့်လွန်းသဖြင့် စကားပင် မပြောနိုင်တော့ပေ။
“စီနီယာအစ်ကို... ညီမလေး... တကယ် မသိပါဘူး...”
“ဟင်း...”
ကျိယွမ်က သက်ပြင်းချလိုက်၏။
“မင်းကို ဒုက္ခမပေးတော့ပါဘူး။ သန့်ရှင်းရေး ဆက်လုပ်ပါဦး၊ ငါ ခဏ အပြင်ထွက်လိုက်ဦးမယ်”
သူသည် တာရွှယ်နှင့် အန်းရွှန်လုတို့ကို သွားရောက်မေးမြန်းရန် ဆုံးဖြတ်လိုက်သည်။
တစ်ချိန်တည်းမှာပင် ကောင်းကင်ယံ၏ အပြင်ဘက်၌ ခရမ်းရောင်ကံကြမ္မာဘိုးဘေး၏ ခန္ဓာကိုယ်မှာ တုန်လှုပ်သွား၏။
ကျိယွမ်နှင့် ရှောင်လုတို့၏ စကားကို သူ အကုန်ကြားနေရသည်။
“ဒီ... လူမိုက်လေး”
“မင်း ဘာတွေ လျှောက်တွေးနေတာလဲ”
သူသည် နှစ်ပေါင်းများစွာ နေထိုင်ခဲ့သူ ဖြစ်သည်။ သူ့မှာ အပြင်မှာ ကျန်ခဲ့တဲ့ အဖေတို့ အဖိုးတို့ ရှိစရာ အကြောင်း မရှိပေ။
သို့သော် ရုတ်တရက် အတွေးတစ်ခုက သူ၏ စိတ်ထဲသို့ ဝင်လာပြီး သံသယများ ဖြစ်ပေါ်လာ၏။
“သူက တကယ်ပဲ... ငါ့ရဲ့ ဘိုးဘေးလေးများ ဖြစ်နေမလား...”
...........
စာစဉ် ၄၃၁ - ဘိုးဘေးသွေး အတတ်ပညာသတ္တမအဆင့်နှင့် ကြီးမားသော တိုးတက်မှု
ခရမ်းရောင်ကံကြမ္မာ ဘိုးဘေးသည် ကောင်းကင်ပြင်ထက်၌ ပျံဝဲနေ၏။
သူ၏ အကြည့်တို့ကလည်း နက်ရှိုင်းလှသည်..။
သူ၏အကြည့်သည် ကျိယွမ်ထံသို့ ကျရောက်သွားလေသည်။ ကျိယွမ်က ခရမ်းရောင်ကံကြမ္မာတာ့ရွှယ်(နွားချိုမမ)နှင့် သွားရောက်တွေ့ဆုံသည်ကို မြင်သောအခါ သူ၏ နှုတ်ခမ်းထောင့်တို့က မသိမသာ တွန့်ကွေးသွားရ၏။
နှစ်ပေါင်းများစွာ ကြာအောင် ရေတွင်းဟောင်းတစ်ခုကဲ့သို့ ငြိမ်သက်နေခဲ့သော သူ၏ နှလုံးသားသည် ယခုမူ ခံစားချက်တို့ဖြင့် လှုပ်ခတ်သွားရသည်။
"ဒီကောင့်.. ခေါင်းထဲက ဝက်အူတစ်ခုခု လျော့နေတာလား.."
အမှန်စင်စစ် ကျိယွမ်သည် ခရမ်းရောင်ကံကြမ္မာ တာ့ရွှယ်ကို တိတ်တဆိတ် သွားရှာခဲ့ခြင်းပင်။ သူမနှင့်တွေ့သည်နှင့် သူ၏ ပါးစပ်မှ ပထမဆုံး ထွက်လာသော စကားမှာ.. "မင်းကို တစ်ခုလောက် မေးစရာရှိတယ်.." ဟူ၍ ဖြစ်၏။
"ဘိုးဘေးမှာ ပျောက်နေတဲ့ အဖေတွေဘာတွေများရှိလား.."
ဘာ..။
"ဘိုးဘေးက ငါ့ကို တွေ့ဆုံလက်ဆောင်အဖြစ် မဟူရာချောက်ကမ်းပါး ဘိုးဘေးသွေး ပေးတယ်.. သူက ငါ့အပေါ် အရမ်းကောင်းလွန်းနေလို့ ငါ သံသယဝင်နေတာ.."
ခရမ်းရောင်ကံကြမ္မာ တာ့ရွှယ်ကို တွေ့ကာ မေးရုံမျှနှင့် ကျိယွမ်က မကျေနပ်သေးပေ။
ထို့နောက်တွင် သူသည် လမ်းဘေး တွင်တွေ့သမျှ တံမြက်စည်းလှည်းသူများ၊ အမှိုက်သိမ်းသူများနှင့် ငါးဖမ်းနေသူများကိုပါမကျန် ချဉ်းကပ်လေသည်။
မည်သူ့ကိုမဆို တွေ့သည့်အခါတိုင်း သူသည် ထိုမေးခွန်းနှစ်ခုကိုသာ ထပ်ခါတလဲလဲ မေးနေတော့၏..။
"ဘိုးဘေးမှာ ပျောက်နေတဲ့ အဖေရှိလား.." နှင့် "ဘိုးဘေးက ငါ့ကို မဟူရာချောက်ကမ်းပါး ဘိုးဘေးသွေး ပေးတယ်.." ဟူ၍ ဖြစ်သည်။
သူသည် လူတစ်ယောက်နှင့် တွေ့တိုင်း ထိုသို့ မေးမြန်းလေ၏။ သူ၏ လုပ်ရပ်က ခရမ်းရောင်ကံကြမ္မာ ကောင်းကင်ဘုံရှိ ကျင့်ကြံသူ အများအပြားကို ထိတ်လန့်သွားစေခဲ့သည်။
သူသည် မမွေးဖွားရသေးသော ကလေးငယ်များကိုပင် မေးမြန်းရန် ကြိုးစားခဲ့သေး၏။ ကိုယ်ဝန်ဆောင် အမျိုးသမီးများ၏ ဝမ်းဗိုက်မှတစ်ဆင့် စကားပြောကာ.. ဘိုးဘေးက သူ့ကို မဟူရာချောက်ကမ်းပါး ဘိုးဘေးသွေး ပေးထားသဖြင့် ဘိုးဘေးတွင် အပြင်၌ ကျန်ရစ်ခဲ့သော ပျောက်ဆုံးနေသည့် ဘိုးဘေးတစ်ယောက်ယောက် ရှိ၊ မရှိ မေးမြန်းနေပြန်သည်။
နာရီအနည်းငယ်အတွင်းမှာပင် ခရမ်းရောင်ကံကြမ္မာ ကောင်းကင်ဘုံရှိ လူပေါင်းထောင်ချီသည် ကျိယွမ်၏ မေးခွန်းထုတ်ခြင်းကို ခံလိုက်ရလေသည်။
ကျိယွမ်က ထိုမျှနှင့် အားရပုံမပေါ်ချေ။
နီရဲသော ချော်ရည်များ စီးဆင်းနေပြီး အပူရှိန်များ ထွက်ပေါ်နေသည့် မတ်စောက်သော တောင်ထိပ်တစ်ခုထံသို့ ပျံသန်းသွားပြန်သည်။ တောင်ထိပ်ပေါ်၌ မြေပြင်မှာ အက်ကွဲနေပြီး ချော်ရည်များက ရံဖန်ရံခါ ပွက်ပွက်ဆူနေ၏။
ကျိယွမ်သည် သူ၏ ခြေလှမ်းများကို ရပ်တန့်လိုက်သည်။
သူခြေချလိုက်သည်နှင့် နားထဲသို့ ပြတ်သားသော အသံတစ်သံ ဝင်လာ၏.။
"နင် ဒီမှာ ဘာလုပ်နေတာလဲ.."
စကားပြောလိုက်သူမှာ အခြားသူမဟုတ်ဘဲ အန်းရွှန်းလု ပင်ဖြစ်လေသည်။
သူမ၏ အမူအရာက အေးစက်နေပြီး လက်နှစ်ဖက်ကို ပိုက်ကာ ကျိယွမ်ကို သတိကြီးစွာဖြင့် ကြည့်နေ၏။ အမှန်စင်စစ် သူမသည် လွန်ခဲ့သော ရက်အနည်းငယ်က ကျိယွမ်ကို ရန်စခဲ့ဖူးသည်။ ယခု သူ့ကို ဤနေရာတွင် မြင်ရသောအခါ သူက လက်စားချေရန် လာသလားဟု သူမ မတွေးဘဲ မနေနိုင်တော့ပေ။
"မင်းကို တစ်ခုလောက် မေးမလို့ပါ.."
ကျိယွမ်က တိုးတိုးလေး ပြောလိုက်၏။
အန်းရွှန်းလုက မျက်မှောင်ကြုတ်လိုက်သည်။
"ဘာလဲ.."
"ဘိုးဘေးမှာ အပြင်မှာ ပျောက်နေတဲ့ အဖေရှိလားဆိုတာ နင် သိလား.."
ကျိယွမ်က တည်တည်ငြိမ်ငြိမ်ပင် ။
အန်းရွှန်းလုသည် ဓားနက်နှင့် နီးစပ်သူ ဖြစ်သည်။ ဓားနက်သည် မဟူရာချောက်ကမ်းပါး၏ နံပါတ်တစ် ပါရမီရှင်နှင့် အနာဂတ်၏ မျှော်လင့်ချက် ဖြစ်သောကြောင့် သူမအနေဖြင့် ဖုံးကွယ်ထားသော အသေးစိတ် အချက်အလက်များကို သိနိုင်ပေသည်။
"နင်.. ဘာတွေ ပြောနေတာလဲ.."
အန်းရွှန်းလုက ကျိယွမ်၏ မေးခွန်းကို နားမလည်နိုင် ဖြစ်သွားလေ၏။
"ဒီလိုလေ.. ဘိုးဘေးက ငါ့ကို လက်ဆောင်ပေးတယ် မဟုတ်လား.."
ကျိယွမ်က ဆက်ပြောလိုက်သည်။
အန်းရွှန်းလု ခေါင်းလှည့်သွား၏။
ချော်ရည်များ၏ အလင်းပြန်မှုက သူမ၏ ဖြူလျော့သော မျက်နှာပေါ်သို့ ကျရောက်နေပြီး သူမအား ပိုမိုနီရဲကာ တောက်ပနေစေသည်။
"အော်.. အဲဒါကို လာကြွားတာပေါ့လေ.."
သူမသည် ကျိယွမ်၏ အကြံအစည်ကို သိမြင်သွားပုံရပြီး စိတ်မဝင်စားတော့ဟန် ပြလိုက်၏။ ဘိုးဘေး၏ မျက်နှာသာပေးမှုကြောင့် လက်ဆောင်ရခြင်းမှာ အခြားသူများကို မနာလိုဖြစ်စေနိုင်သော်လည်း သူမကမူ ဂရုမစိုက်ပေ။
အဘယ်ကြောင့်ဆိုသော် သူမ၏ အနာဂတ်ခင်ပွန်းသည်မှာ ဓားနက် ဖြစ်သောကြောင့်ပင်..။ မဟူရာချောက်ကမ်းပါး၏ ဘိုးဘေးကိုးဦးစလုံးက အထူးတလည် ဂရုစိုက်ခြင်း ခံရသူ ဖြစ်၏။
"ကြွားတာလား.. မဟုတ်ပါဘူး.. ငါ တကယ် သိချင်လို့ပါ.."
ကျိယွမ်က ပြန်ပြောလိုက်ရင်း အနည်းငယ် စိတ်ပျက်သွားရသည်။
လူလူချင်း ယုံကြည်မှုက ဘယ်မှာလဲ..။ အော်.. နေဦး.. သူမက လူမှ မဟုတ်တာပဲ..။
"ဟွန်း.. ဘိုးဘေးက နင့်ကို ဘာလက်ဆောင် ပေးလိုက်လို့လဲ.."
အန်းရွှန်းလုက လှောင်ပြုံးဖြင့် မေးလိုက်၏။
ကျိယွမ်အနေဖြင့် ထိုအရာက အနည်းငယ် တန်ဖိုးရှိသောကြောင့် မကြွားဘဲ မနေနိုင်ဖြစ်နေသည်ဟု သူမ ထင်နေပေသည်။ သို့သော် သူမကမူ မတူပေ.. ဓားနက်နောက်သို့ လိုက်ပါရင်း ရတနာပေါင်းများစွာကို မြင်တွေ့ခဲ့ဖူးပြီးသား ဖြစ်သည်။
"ဘိုးဘေးက ငါ့ကို မဟူရာချောက်ကမ်းပါး ဘိုးဘေးသွေး ပေးတယ်.."
ကျိယွမ်က ပြောပြောဆိုဆိုနှင့် မဟူရာချောက်ကမ်းပါး ဘိုးဘေးသွေးကို ထုတ်ယူကာ တစ်ဝက်ခန့်ကို အန်းရွှန်းလုအား ပြလိုက်၏။
အန်းရွှန်းလု၏ မျက်စိသူငယ်အိမ်တို့မှာ ချက်ချင်း ကျဉ်းမြောင်းသွားပြီး အသက်ရှုသံများ မြန်ဆန်လာကာ ရင်ဘတ်မှာလည်း နိမ့်ချည်မြင့်ချည် ဖြစ်သွားရသည်.။
. "ဒါ.. ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ.."
ဘယ်လိုလုပ်ပြီး မဟူရာချောက်ကမ်းပါး ဘိုးဘေးသွေး ဖြစ်နိုင်မှာလဲ..။
ဒါက မဟူရာချောက်ကမ်းပါး ဘိုးဘေးသွေးပဲ..။
မဟူရာချောက်ကမ်းပါးအတွင်း၌ မဟူရာချောက်ကမ်းပါး ဘိုးဘေးသွေးသည် ဖန်ဆင်းရှင်အဆင့် ရတနာများထက်ပင် ပို၍တန်ဖိုးရှိသည်။ မူလသဘောတရား နယ်ပယ်မှ ယင်နတ်ဘုရားများပင်လျှင် ၎င်းကို ရယူနိုင်ခွင့် မရှိကြပေ။
မူလသဘောတရား နယ်ပယ်မှ မဟာ မူလသဘောတရား ဘိုးဘေးများသာလျှင် ၎င်းကို သုံးစွဲနိုင်ခွင့် ရှိ၏။
ထိုစဉ်က မိုလိုမျိုးနွယ်စု၏ မိုလိုရေတွင်းသည် မဟူရာချောက်ကမ်းပါး ဘိုးဘေးသွေး အနည်းငယ်ကို ဝါးမြိုခဲ့မိရုံနှင့်ပင် နှင်ထုတ်ခြင်း ခံခဲ့ရလေသည်။ ယခုအချိန်ထိပင် ဓားနက်သည်ပင် မဟူရာချောက်ကမ်းပါး ဘိုးဘေးသွေးကို ရယူရန် အရည်အချင်း မပြည့်မီသေးပေ။
ကျိယွမ်က အဘယ်ကြောင့် ရရှိထားသနည်း..။
"မဖြစ်နိုင်ဘူး.. မဟူရာချောက်ကမ်းပါး ဘိုးဘေးသွေးက ဘိုးဘေးရဲ့ အဖိုးတန်ဆုံး ရတနာပဲ.. သူက နင့်ကို ဘယ်လိုလုပ် ပေးမှာလဲ.."
အန်းရွှန်းလုက မယုံကြည်နိုင် ဖြစ်နေ၏။
သို့သော် သိုလှောင်အိတ်ထဲမှ ထွက်ပေါ်နေသော အရှိန်အဝါမှာ မှားယွင်းစရာမရှိဘဲ မဟူရာချောက်ကမ်းပါး ဘိုးဘေးသွေးအစစ်ပင် ဖြစ်ပေသည်။ မဟူရာချောက်ကမ်းပါး မျိုးရိုးရှိသူများအတွက် သူတို့၏ ဖခင်ကို မှားချင်မှားမည် ဖြစ်သော်လည်း မဟူရာချောက်ကမ်းပါး ဘိုးဘေးသွေးကိုမူ ဘယ်သောအခါမှ မှားမည်မဟုတ်ပေ။
"ဘာ.. သူ့ရဲ့ အဖိုးတန်ဆုံး ရတနာ ဟုတ်လား.. ဘိုးဘေးက ဘဲတစ်ကောင်လား ဘာလား.."
ကျိယွမ်က ဇဝေဇဝါ ဖြစ်သွားရ၏။
အန်းရွှန်းလုသည် အသက်ပြင်းပြင်းရှုကာ စိတ်ကို တည်ငြိမ်အောင် ထိန်းလိုက်သည်..။
"နင်တော့ ကံထူးတာပဲ.. ဘိုးဘေးက နင့်ကို မဟူရာချောက်ကမ်းပါး ဘိုးဘေးသွေး ပေးလိမ့်မယ်လို့ ငါ လုံးဝ မထင်ထားဘူး.."
"ဒါပေမဲ့.. မဟူရာချောက်ကမ်းပါး ဘိုးဘေးသွေး ရှိနေရင်တောင် မဟူရာချောက်ကမ်းပါးရဲ့ မျိုးဆက်သစ်တွေထဲမှာ နံပါတ်တစ်က ဓားနက်ပဲ.. နင် မဟုတ်ဘူး.."
"နင် ဘယ်လောက်ပဲ ကြိုးစားပါစေ.. နင်က ဓားနက်ရဲ့ ကျောပြင်ကိုပဲ မြင်ရမှာ.."
အန်းရွှန်းလုက ဂုဏ်ယူစွာဖြင့် ရင်ဘတ်ကို မော့လိုက်၏။
"ဟေး.. ငါက နံပါတ်တစ် ဘွဲ့အတွက် ဓားနက်နဲ့ ပြိုင်ဖို့ ကြိုးစားနေတာ မဟုတ်ပါဘူး.. နားလည်မှု မလွဲပါနဲ့.."
ကျိယွမ်က အားကိုးရာမဲ့စွာ ပြောလိုက်သည်။
သူသည် လူမှုဆက်ဆံရေး အားနည်းသူ တစ်ယောက်ဖြစ်ရာ အဘယ်ကြောင့် အနှစ်သာရမရှိသော ဘွဲ့ထူးတစ်ခုအတွက် ပြိုင်ဆိုင်နေရမည်နည်း..။
"ဟွန်း.."
အန်းရွှန်းလုက မောက်မာစွာ နှာခေါင်းရှုံ့ပြီး ထွက်သွားတော့၏။ သူမသည် ကျိယွမ်နှင့် ဆက်လက် စကားမပြောချင်တော့ပေ။
အမှန်တရားမှာ သူမသည် စိတ်ပျက်လွန်း၍ အံကြိတ်မိနေခြင်း ဖြစ်သည်။
ထိုအရာက မဟူရာချောက်ကမ်းပါး ဘိုးဘေးသွေးပင်..။
မဟူရာချောက်ကမ်းပါး မျိုးရိုးရှိသော ကျင့်ကြံသူ မည်သူမျှ ၎င်း၏ ဆွဲဆောင်မှုကို မတွန်းလှန်နိုင်ပေ။
"ဟူး.. ဒါကတော့ အဖြေမရှိတဲ့ ပဟေဠိတစ်ခု ဖြစ်ကျန်ရစ်တော့မှာပဲ.."
ကျိယွမ်က သက်ပြင်းချလိုက်၏။
ယုတ္တိဗေဒအရ ဆိုလျှင် ခရမ်းရောင်ကံကြမ္မာ ကောင်းကင်ဘုံ၏ ဘိုးဘေးကို တိုက်ရိုက်မေးမြန်းခြင်းက အကောင်းဆုံး ဖြစ်လိမ့်မည်။ မေးခွန်းတစ်ခုတည်းနှင့် အရာအားလုံးကို ဖြေရှင်းနိုင်ပေသည်။
သို့သော် မြင့်မားသော လူမှုဆက်ဆံရေး ဉာဏ်ရည်ရှိသည့် ကျိယွမ်အနေဖြင့် ဘိုးဘေးကို တိုက်ရိုက်မမေးနိုင်ပေ။ ထိုသို့မေးလျှင် စိတ်အနှောင့်အယှက် ဖြစ်စရာ ကောင်းပေလိမ့်မည်။
..........
ထိုအချိန်တွင် ကောင်းကင်ပြင်၏ အပြင်ဘက်၌ ခရမ်းရောင်ကံကြမ္မာ ဘိုးဘေး၏ နှုတ်ခမ်းမွှေးတို့က စိတ်ပျက်မှုကြောင့် တလှုပ်လှုပ် ဖြစ်နေ၏။
"ဒီကောင်ရဲ့ စရိုက်က အရမ်းကို မဆင်မခြင် နိုင်လွန်းတယ်.."
နာရီအနည်းငယ် အတွင်းမှာပင် သူ၏ ဂုဏ်သိက္ခာမှာ အဖတ်ဆယ်မရအောင် ပျက်စီးသွားခဲ့ရလေပြီ ။
ထိုစဉ် ဟင်းလင်းပြင်က လှုပ်ခတ်သွားပြီး မူလသဘောတရားမှ ဖြစ်ပေါ်လာသော ပုံရိပ်တစ်ခုက ခရမ်းရောင်ကံကြမ္မာ ဘိုးဘေး၏ ဘေးနားတွင် ပေါ်လာ၏။
"ခြောက်ယောက်မြောက်.. မင်းက သွေးဝတ်စုံကို တကယ်ပဲ မဟူရာချောက်ကမ်းပါး ဘိုးဘေးသွေး ပေးလိုက်တာလား.."
ရောက်ရှိလာသူမှာ အခြားသူမဟုတ်ဘဲ ခရမ်းရောင်ကံကြမ္မာ ဘိုးဘေးနှင့် မကြာသေးမီက လမ်းခွဲခဲ့သော တတိယမြောက် အကြီးအကဲ ဖြစ်လေသည်။ သူ၏ မျက်လုံးများထဲတွင် အံ့ဩမှုနှင့် ဇဝေဇဝါဖြစ်မှုတို့ ပြည့်နှက်နေ၏။
သွေးဝတ်စုံ၏ ပါရမီက မူလသဘောတရား နယ်ပယ် သို့မဟုတ် မဟာ မူလသဘောတရား နယ်ပယ်သို့ ရောက်ရန် လုံလောက်သည်ဆိုလျှင်တောင် သူ့ကို ပြုစုပျိုးထောင်ရန်အတွက် ဤမျှကြီးမားသော ရင်းမြစ်များကို စတေးရကျိုး မနပ်ပေ။
"အော်.. ငါတို့ဆီမှာ မကြာသေးခင်က မဟူရာချောက်ကမ်းပါး ဘိုးဘေးသွေးတွေ ပိုနေလို့ပါ.. အကုန်လုံး သုံးလို့မကုန်နိုင်လို့.."
ခရမ်းရောင်ကံကြမ္မာ ဘိုးဘေးက တိုက်ရိုက်အဖြေပေးရန် ဆန္ဒမရှိဘဲ ခပ်ပေါ့ပေါ့ ပြောလိုက်၏။
တတိယမြောက် အကြီးအကဲ၏ အမူအရာက အကြိမ်ကြိမ် ပြောင်းလဲသွားပြီးနောက် သူက သက်ပြင်းချလိုက်သည်.။
. "ခြောက်ယောက်မြောက်.. မင်းက ဆရာ့အပေါ် အငြိုးရှိနေတုန်းပဲ ထင်တယ်.. အဲဒီတုန်းက.."
ခရမ်းရောင်ကံကြမ္မာ ဘိုးဘေးသည် ထိုစကားကို ကြားသည်နှင့် သူ၏ မျက်နှာပေါ်မှ အပြုံးတို့ ပျောက်ကွယ်သွား၏။
"ဒါက ဆရာနဲ့ ဘာမှမဆိုင်ဘူး.."
သူက အေးစက်စွာ ပြန်ပြောလိုက်သည်။
တတိယမြောက် အကြီးအကဲက သူ့ကို မယုံကြည်သည်မှာ ထင်ရှားလှပေသည်။
"မင်းက သွေးဝတ်စုံကို မဟူရာချောက်ကမ်းပါး ဘိုးဘေးသွေး ပေးလိုက်တာက သူက ဓားနက်ကို အနိုင်ယူနိုင်ဖို့ မျှော်လင့်ချက်နဲ့ မဟုတ်လား.. မင်းမှန်တယ်ဆိုတာကို ဆရာ့ကို သက်သေပြချင်လို့လေ.."
"ဒါပေမဲ့.. ဓားနက်ရဲ့ အနှစ်သာရက မဟူရာချောက်ကမ်းပါး ဘိုးဘေးသွေးပဲ.. သွေးဝတ်စုံ ဘယ်လောက်ပဲ ပါရမီရှိပါစေ.. သူက ဓားနက်ရဲ့ ပြိုင်ဘက် မဖြစ်နိုင်ဘူး.."
တတိယမြောက် အကြီးအကဲက စိတ်မကောင်းစွာ ပြောလိုက်လေသည်။
အတိတ်က ဖြစ်ရပ်များမှာ နှစ်ပေါင်းများစွာ ကြာခဲ့သော်လည်း ခြောက်ယောက်မြောက်၏ စိတ်ထဲတွင် လေးလံနေဆဲ ဖြစ်ပုံရပေသည်။
"ဟွန်း.. ငါ ရှင်းပြဖို့ ပျင်းတယ်.. မင်း ကြိုက်သလိုသာ တွေးတော့.. ငါ့ကို လာမရှုပ်နဲ့.."
ခရမ်းရောင်ကံကြမ္မာ ဘိုးဘေးက လက်ဝှေ့ယမ်းလိုက်သည်နှင့် တတိယမြောက် အကြီးအကဲမှာ ပျောက်ကွယ်သွားတော့၏။ ယခုအခါ ကျယ်ပြောလှသော ဟင်းလင်းပြင်ထဲ၌ ခရမ်းရောင်ကံကြမ္မာ ဘိုးဘေး တစ်ဦးတည်းသာ ကျန်ရစ်တော့သည်။
သူ၏ မျက်နှာတွင် မကျေနပ်မှုများ ရှိနေ၏.. ။
"သူတို့က ငါ့ကို အဲဒီလောက် စိတ်ပုပ်တယ်လို့ တကယ်ကြီး ထင်နေတာလား.."
သို့သော် ထိုမကျေနပ်မှုတို့သည် ခပ်နောက်နောက် အပြုံးတစ်ခုအဖြစ် ပြောင်းလဲသွားလေသည်..။
"ဟဲဟဲ.. ဒါက ကောင်းပါတယ်.. အခုဆိုရင် သူတို့က သွေးဝတ်စုံအပေါ် အရမ်းကြီး အာရုံစိုက်တော့မှာ မဟုတ်ဘူး.."
.........
အချိန်တို့က တိတ်တဆိတ် ကုန်ဆုံးသွား၏။ သံမဏိ ခံတပ်အတွင်းမှာမူ အထူးပင် တိတ်ဆိတ်နေလေသည်။
သန့်ရှင်းရေး လုပ်နေခဲ့သော ခရမ်းရောင်ကံကြမ္မာ ရှောင်လုမှာ အလုပ်ပြီးသွားသည်မှာ ကြာပြီဖြစ်သဖြင့် ပျောက်ကွယ်သွားခဲ့လေပြီ။
အေးစက်သော အဆောက်အဦးထဲတွင် ကျိယွမ် တစ်ဦးတည်းသာ ကျန်ရစ်တော့သည်။
"ဘိုးဘေးသွေး အတတ်ပညာ.. သတ္တမအဆင့်.."
ကျိယွမ်သည် လန်းဆန်းစွာဖြင့် ထရပ်လိုက်၏။ သုံးလအကြာတွင် သူသည် "ဘိုးဘေးသွေး အတတ်ပညာ" ၏ သတ္တမအဆင့်သို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။
သူ၏ လမ်းစဉ်ပေါင်းစုံသိုင်းနတ်ဘုရား ကျင့်စဉ်မှာလည်း ခွန်အားများစွာ တိုးတက်လာခဲ့လေသည်။
"ငါသာ 'ဘိုးဘေးသွေး အတတ်ပညာ' ရဲ့ နဝမအဆင့်ကို ရောက်ရင် ငါ့ရဲ့ သိုင်းခွန်အားတစ်ခုတည်းနဲ့တင် မူလသဘောတရားအဆင့်ပြိုင်ဘက်ကို ရင်ဆိုင်နိုင်လိမ့်မယ်.."
"ငါသာ အဆင့်အားလုံးကို တတ်မြောက်သွားရင် မဟာ မူလသဘောတရား ပညာရှင်တစ်ယောက်ကိုတောင် အနိုင်ယူနိုင်မှာ မဟုတ်လား.."
ကျိယွမ်သည် စိတ်အခြေအနေ အလွန်ကောင်းနေ၏။ လူသားလောက၌ ရှိစဉ်က သူ၏ ကျင့်စဉ်မှာ ရပ်တန့်နေပြီး အနည်းငယ်မျှသာ တိုးတက်မှု ရှိခဲ့သည်။ ဂိမ်းကစားခြင်းနှင့် နှိုင်းယှဉ်လျှင် ထိုတိုးတက်မှုမှာ အလွန်နှေးကွေးလှ၏။
သို့သော် မမျှော်လင့်ဘဲ "ဘိုးဘေးသွေး အတတ်ပညာ" က ဝမ်းသာစရာ အံ့ဩဖွယ်တစ်ခုကို ယူဆောင်လာပေးခဲ့သည်။ သူ၏ လမ်းစဉ်ပေါင်းစုံသိုင်းနတ်ဘုရား ကျင့်စဉ် တိုးတက်လာသည်နှင့်အမျှ သူ၏ နတ်ဘုရားစွမ်းရည်ဖြစ်သော ပေါက်ကွဲငှက်လက်သီး မှာလည်း ပြောင်းလဲလာခဲ့ပေသည်။
သူသည် ဓားအသိကို မရေမရာ သိမြင်လာခဲ့ပြီး ရုတ်တရက် နားလည်မှု ရရှိကာ ပေါက်ကွဲငှက်ဓားနည်းစနစ်ကို ဖန်တီးခဲ့လေသည်။ ဤဓားမှာ လက်သီးထက် အဆပေါင်းများစွာ ပိုမိုအားကောင်း၏။ ငှက်မျိုးနွယ် သတ္တဝါများနှင့် ရင်ဆိုင်ရလျှင် အပိုဆောင်း ထိခိုက်မှုပါ ရှိပေသေးသည်။
"နှမြောစရာကောင်းတာက 'ဘိုးဘေးသွေး အတတ်ပညာ' က ကျင့်ကြံဖို့ အရမ်းခက်တာပဲ.. ငါ့အသက်ကို ရင်းပြီး မဟူရာချောက်ကမ်းပါး ဘိုးဘေးသွေးရဲ့ အကူအညီနဲ့တောင် သတ္တမအဆင့်ကို ရောက်ဖို့ သုံးလတောင် ကြာခဲ့တယ်.."
"ဟူး.. ငါ့ရဲ့ ပါရမီက အရမ်းနိမ့်ပါးလွန်းတယ်.. ငါသာ ဓားနက်လို ပါရမီရှိရင် အခုလောက်ဆို အဆင့်အားလုံး တတ်မြောက်နေလောက်ပြီ.."
"ပါရမီက မလုံလောက်ရင် ရင်းမြစ်တွေနဲ့ အစားထိုးရမှာပဲ.. ငါ ဘယ်လိုလုပ်ပြီး မဟူရာချောက်ကမ်းပါး ဘိုးဘေးသွေးတွေ ပိုရအောင် လုပ်ရမလဲ.."
ကျိယွမ် စဉ်းစားနေ၏။
မဟူရာချောက်ကမ်းပါး ဘိုးဘေးသွေးကို သုံးစွဲခြင်းက သူ၏ ကျင့်စဉ်ကို သံသယဖြစ်ဖွယ်မရှိ မြန်ဆန်စေမည် ဖြစ်သည်။ သို့သော် မဟူရာချောက်ကမ်းပါး ဘိုးဘေးသွေးမှာ အလွန်ရှားပါးပြီး တန်ဖိုးရှိ၏။
မဟာမူလသဘောတရား ပညာရှင် အနည်းငယ်မှလွဲ၍ ယန်နတ်ဘုရား အများစုမှာပင် ၎င်းကို ရယူရန် အရည်အချင်း မရှိကြပေ။
"ဘိုးဘေးရဲ့ ဘဏ္ဍာတိုက်ကို ဝင်စီးဖို့ နည်းလမ်းရှာရမယ်.. သွေးသစ္စာပြုပြီး သူ့ကို ငါ့အဖေအဖြစ် အသိအမှတ်ပြုခိုင်းရမလား.."
ကျိယွမ်၏ အတွေးတို့က ထုံးစံအတိုင်း စတင်လွင့်ပျံနေလေ၏။
ထိုစဉ် သာယာနာပျော်ဖွယ်ကောင်းသော အသံတစ်သံ ထွက်ပေါ်လာလေသည်။
"အစ်ကို သွေးဝတ်စုံ.. ရှိလား.."
"ပန်းရောင်ချိုညီမလေး.. ဝင်ခဲ့ပါ.."
ကျိယွမ်က လက်ဝှေ့ယမ်းလိုက်သည်နှင့် သူ၏ သံမဏိ စံအိမ် တံခါးကြီး ပွင့်သွားပြီး ပန်းရောင်စကတ် ဝတ်ဆင်ထားသော ခရမ်းရောင်ကံကြမ္မာ ရှောင်လု ဝင်လာလေသည်။
ကျိယွမ်၏ မျက်နှာကို မြင်သောအခါ သူမ၏ ပါးပြင်မှ နားရွက်များအထိ နီမြန်းသွားလေ၏။ သူမက ခေါင်းငုံ့ကာ တိုးတိုးလေး ပြောလိုက်သည်..။
"အစ်ကို သွေးဝတ်စုံ.. ထျန်းကျွင်းက တရားဟောတော့မှာမို့လို့ ညီမလေးက အစ်ကို့ကို လာဖိတ်တာပါ.. ယန်နတ်ဘုရားတွေရဲ့ သွန်သင်မှုကို အတူတူ သွားနားထောင်ရအောင်လေ.."
"ပြီးတော့.. ဒီတစ်ခါ ထျန်းကျွင်းက အရေးကြီးတဲ့ ကြေညာချက်တစ်ခုလည်း ထုတ်ပြန်ဖို့ ရှိတယ်.."
မဟူရာချောက်ကမ်းပါး၌ ရံဖန်ရံခါတွင် ယန်နတ်ဘုရား တစ်ပါးက တိုက်ရိုက် တရားဟောကြားလေ့ ရှိသည်။ မဟူရာချောက်ကမ်းပါး၏ အမာခံ ပါရမီရှင်များသာလျှင် တက်ရောက်ခွင့် ရှိခြင်း ဖြစ်သည်။ ခရမ်းရောင်ကံကြမ္မာ ကောင်းကင်ဘုံ တစ်ခုလုံးတွင် ပါရမီရှင် တစ်ရာခန့်ကပင် ထိုအခွင့်အရေးကို ရရှိကြ၏။
"အော်.. ဟုတ်လား.. အဲဒါဆိုရင်လည်း ညီမလေးနဲ့အတူ လိုက်ကြည့်ရတာပေါ့.."
ကျင့်စဉ်ကျင့်ကြံပြီးစဖြစ်သဖြင့် ကျိယွမ်သည် အနည်းငယ် ပင်ပန်းနေပြီး အနားယူရန် လိုအပ်နေသောကြောင့် သွားရောက် နားထောင်ရန် ဆုံးဖြတ်လိုက်၏။ အမှန်တရားမှာ လွန်ခဲ့သော သုံးလကပင် ခရမ်းရောင်ကံကြမ္မာ ရှောင်လုက သူ့ကို ဤတရားပွဲအတွက် ဖိတ်ကြားထားခဲ့လေသည်။
ထို့နောက် သူတို့နှစ်ဦးသည် ထျန်းကျွင်း၏ တရားပွဲသို့ ထွက်ခွာခဲ့ကြလေသည်။
"အစ်ကို သွေးဝတ်စုံ.. 'ဘိုးဘေးသွေး အတတ်ပညာ' ဘယ်လောက်အထိ တိုးတက်သွားပြီလဲ.."
ခရမ်းရောင်ကံကြမ္မာ ရှောင်လုက စပ်စုလိုက်၏။
"ငါ့ရဲ့ ပါရမီက နိမ့်ပါးလွန်းတော့ တိုးတက်မှုက နှေးနေတယ်.."
ကျိယွမ်က သက်ပြင်းချလိုက်သည်။
"ဘိုးဘေးသွေး အတတ်ပညာ" က တကယ်ကို ခက်ခဲလွန်းလှ၏။
"အစ်ကို သွေးဝတ်စုံက ပါရမီလည်း မြင့်ပြီး မဟူရာချောက်ကမ်းပါး ဘိုးဘေးသွေးလည်း ရှိနေတာပဲ.. အချိန်တစ်ခုပဲ လိုအပ်တာပါ.."
"ရင်းမြစ်တွေလည်း ပိုလိုသေးတယ်.. ငါတော့ မဟူရာချောက်ကမ်းပါး ဘိုးဘေးသွေးတွေ ပိုရချင်လိုက်တာ.."
ကျိယွမ်က လောဘတကြီး ပြောလိုက်၏။ အထက်လောကသည် ရတနာများဖြင့် ပြည့်နှက်နေလေသည်။
"ဘိုးဘေးဆီမှာတောင် မဟူရာချောက်ကမ်းပါး ဘိုးဘေးသွေး အများကြီး မရှိဘူး.. အစ်ကို သွေးဝတ်စုံ ရထားတာက တကယ်ကို အားကျစရာပါပဲ.."
ခရမ်းရောင်ကံကြမ္မာ ရှောင်လုက နူးညံ့စွာ ပြောလိုက်၏။
ရုတ်တရက် တစ်ခုခုကို သတိရသွားဟန်ဖြင့် သူမက အမြန်ဖြည့်စွက် ပြောလိုက်သည်.။
. "အစ်ကို သွေးဝတ်စုံ.. အစ်ကို မဟူရာချောက်ကမ်းပါး ဘိုးဘေးသွေး ရထားတဲ့ သတင်းက မဟူရာချောက်ကမ်းပါး တစ်ခုလုံးကို ပျံ့နှံ့နေပြီ.. ဒီတစ်ခါ ထျန်းကျွင်းရဲ့ တရားပွဲမှာ မကျေနပ်တဲ့သူတွေ အများကြီး ရှိနိုင်တယ်.. သတိထားဦးနော်.."
ခရမ်းရောင်ကံကြမ္မာ ရှောင်လုက စိုးရိမ်နေပုံရသည်။
သူမ၏ အစ်ကိုက အလွန်ချောမောလှ၏.. တစ်ယောက်ယောက်က သူ၏ ချောမောသော မျက်နှာကို ဖျက်ဆီးလိုက်လျှင် သူမ ဘယ်လိုလုပ်ပြီး တိတ်တဆိတ် ခိုးကြည့်နိုင်တော့မည်နည်း..။
"စိတ်မပူပါနဲ့.. ငါက အမြဲတမ်း လူတွေကို အကျိုးအကြောင်းနဲ့ပဲ အနိုင်ယူတာပါ.."
ကျိယွမ်က ဂရုမစိုက်လှပေ။
ထို့နောက် သူတို့နှစ်ဦးသည် တည်နေရာရွှေ့ပြောင်းအစီအရင် ထဲသို့ ဝင်ရောက်ကာ ခရမ်းရောင်ကံကြမ္မာ ကောင်းကင်ဘုံမှ ထွက်ခွာပြီး မဟူရာချောက်ကမ်းပါး ကောင်းကင်ဘုံ သို့ ဝင်ရောက်ခဲ့ကြလေသည်။ မဟူရာချောက်ကမ်းပါး ကောင်းကင်ဘုံမှာ ယခုတရားပွဲ ကျင်းပမည့် နေရာဖြစ်၏။
ခရမ်းရောင်ကံကြမ္မာ ရှောင်လု၏ လမ်းညွှန်မှုဖြင့် ကျိယွမ်သည် တောင်ထိပ်တစ်ခုသို့ ရောက်ရှိလာခဲ့သည်။
ထိုအချိန်တွင် တောင်ထိပ်၌ လူပေါင်းတစ်ထောင်နီးပါး ရှိနေ၏။ လူတိုင်းက အလွန်အစွမ်းထက်သော အရှိန်အဝါများကို ထုတ်လွှင့်နေကြသည်။ ဤနေရာရှိ မည်သူမဆို ပထမမြောက် ကောင်းကင်ဘုံ မြင့်မြတ်နယ်မြေ တစ်ခုတွင် မြင့်မြတ်သားတော် တစ်ယောက်အဖြစ် တာဝန်ထမ်းဆောင်ရန် လုံလောက်သော အရည်အချင်း ရှိကြသူများချည်းပင်။
ခရမ်းရောင်ကံကြမ္မာ တာ့ရွှယ်သည် ထိုနေရာ၌ ပျင်းရိစွာ လှဲလျောင်းနေပြီး ယဉ်ကျေးမှုကို လုံးဝ ဂရုမစိုက်ပေ။
"ဒီတရားပွဲအတွက် ပေးတဲ့ မိလော့ မသေမျိုးချီစွမ်းအားက ထက်ဝက်ကျော် လျော့သွားတယ်.. ငါတို့ မဟူရာချောက်ကမ်းပါးက ပြုတ်တော့မှာလား မသိဘူး.."
သူမက ဝိုင်ခွက်ကို တစ်ငုံသောက်လိုက်ပြီး မိလော့ မသေမျိုးချီစွမ်းအားကို အသက်ရှုကြိမ် တစ်ကြိမ်စာအတွင်းမှာပင် အကုန်သောက်လိုက်လေသည်။
သူမ၏ ဘေးနားတွင် နဖူးပေါ်၌ ငါးထောင့်ကြယ် အမှတ်အသားပါသော လူတစ်ယောက်က ခါးသီးစွာ ပြုံးလိုက်သည်.။
"စီနီယာ အစ်မ.. အဲဒီလို မပြောပါနဲ့.. အဲဒါက.. မိုလိုမျိုးနွယ်စုက ဒီတစ်ခါ အခွန်မဆက်သလို့ပါ.."
"ဘာ.."
ခရမ်းရောင်ကံကြမ္မာ တာ့ရွှယ်က အံ့ဩသွားရသည်.။
"အဲဒီ လူကြောက်တွေက အခွန်မဆက်သဘူး ဟုတ်လား.."
သူမသည် ပဉ္စမမြောက် ကောင်းကင်ဘုံသို့ သွားရောက်စဉ်က မိုလိုမျိုးနွယ်စု၏ ကြောက်ရွံ့သည့် အမူအရာများကို မြင်တွေ့ခဲ့ဖူးသည်။ မဟူရာချောက်ကမ်းပါးမှ တစ်ယောက်ယောက်နှင့် တွေ့သည့်အခါတိုင်း သူတို့သည် ချက်ချင်းပင် အဖေ၊ ဘိုးဘေး ဟု စတင်ခေါ်ဝေါ်လေ့ ရှိကြ၏။
ပွဲတော်ရက်များတွင်လည်း တစ်နေ့နေ့တွင် သူတို့သည် ဆဋ္ဌမမြောက် ကောင်းကင်ဘုံသို့ ပြန်ခွင့်ရရန် မျှော်လင့်ချက်ဖြင့် မဟူရာချောက်ကမ်းပါးထံသို့ တန်ဖိုးကြီး လက်ဆောင်များ ပေးပို့လေ့ ရှိကြ၏။
ယခုမူ သူတို့က ရုတ်တရက်ကြီး အခွန်မဆက်သဘဲနေရန် သတ္တိရှိသွားကြသည်လား..။
သူမ နားမလည်နိုင် ဖြစ်နေရသည်။
"ကျွန်တော်တို့လည်း သေချာမသိပါဘူး.. ဒါပေမဲ့.. မိုလိုမျိုးနွယ်စုက ထိုက်ဟွမ် နန်းတော် နဲ့ အပြည့်အဝ ပူးပေါင်းဖို့ ကြံစည်နေတာလည်း ဖြစ်နိုင်တယ်.."
ကြယ်အမှတ်အသားပါသော လူက ခန့်မှန်းလိုက်၏။ သူသည် ခရမ်းရောင်ကံကြမ္မာ ကောင်းကင်ဘုံ၏ မိစ္ဆာမျိုးဆက် ငါးဦးထဲမှ တစ်ဦး ဖြစ်သည်။
"ဟွန်း.. မိုလိုမျိုးနွယ်စုကတော့ သတ္တိတွေ ကောင်းနေပြီပဲ.."
ထိုစဉ် မကျေနပ်သော အသံတစ်သံ ထွက်ပေါ်လာပြီး အေးစက်ကာ ထက်ရှသော အရှိန်အဝါရှိသည့် အရပ်ရှည်ရှည် လူတစ်ယောက် ချဉ်းကပ်လာလေသည်။
သူ၏ တည်ရှိမှုမှာ နှင်းခဲဓား တစ်လက်ကဲ့သို့ အေးစက်လှသည်..။
ထိုနေရာရှိ ပါရမီရှင်များအားလုံး သူ့ကို မြင်သောအခါ လေးစားမှုနှင့် စိုးရိမ်ထိတ်လန့်မှုများ ပြသကြကုန်၏။
မဟူရာချောက်ကမ်းပါး၌ ဓားနက် မရှိသည့်အချိန်တွင် ဤလူသည် ထိပ်ဆုံးမှာ ရှိနေသူပင်။
နှင်းခဲဓားသည်လည်း ပထမတန်းစား ပါရမီရှင်များ၏ ခေါင်းဆောင်ဖြစ်ပြီး မူလသဘောတရား နယ်ပယ်သို့ တက်လှမ်းနိုင်မည့် အလားအလာရှိသော ပါရမီရှင်တစ်ဦး ဖြစ်သည်။ မဟူရာချောက်ကမ်းပါးတွင် နှင်းခဲဓားကဲ့သို့ ထိပ်တန်း ပါရမီရှင် သုံးဦး ရှိ၏။
အလားအလာ ရှိသည်ဆိုသော်လည်း မူလသဘောတရား နယ်ပယ်သို့ ရောက်ရှိရန်မှာမူ လွယ်ကူလိမ့်မည်တော့ မဟုတ်ပေ။
"ငါ ယန်နတ်ဘုရား နယ်ပယ်ကို တက်လှမ်းနိုင်တဲ့နေ့ကျရင် မိုလိုမျိုးနွယ်စုဆီကို ငါကိုယ်တိုင် သွားလည်မယ်.."
နှင်းခဲဓားက အေးစက်စွာပြောလိုက်၏။ သူ၏ အရှိန်အဝါက နှင်းခဲများကဲ့သို့ ထက်ရှလှပေသည်။
"စီနီယာ အစ်ကို နှင်းခဲဓားက 'ဘိုးဘေးသွေး အတတ်ပညာ' အဋ္ဌမအဆင့်ကို ရောက်နေပြီလို့ ကြားတယ်.. မကြာခင်မှာ ယန်နတ်ဘုရား နယ်ပယ်ကို တက်လှမ်းနိုင်မှာ သေချာပါတယ်.."
ပါရမီရှင်တစ်ဦးက သူ့ကို ချီးကျူးလိုက်၏။
နှင်းခဲဓား၏ မျက်လုံးတို့က နက်ရှိုင်းနေသည်..။
"နဝမအဆင့်ကို မရောက်မချင်း ဘာမှမဟုတ်သေးဘူး.."
သူသည် ဓားနက်ကို သူ၏ အဓိကပြိုင်ဘက်အဖြစ် အမြဲတမ်း သတ်မှတ်ထားသည်မှာ ထင်ရှားလှပေသည်။
"ဟွန်း.. ဓားနက်က 'ဘိုးဘေးသွေး အတတ်ပညာ' ဒသမအဆင့်ကို ရောက်နေပြီ.."
အန်းရွှန်းလုက မောက်မာစွာဖြင့် ရုတ်တရက် ဝင်ပြောလိုက်၏။
ထိုစကားကို ကြားသောအခါ ပါရမီရှင်များ အားလုံး တုန်လှုပ်သွားကြလေသည်။
"ဒသမအဆင့်တောင် ရောက်နေပြီလား.."
"စီနီယာ အစ်ကို ဓားနက်က 'ဘိုးဘေးသွေး အတတ်ပညာ' ကို ကျင့်ကြံတာ နှစ်ပေါင်းငါးထောင်တောင် မပြည့်သေးဘူး မဟုတ်လား.."
"အံ့ဩစရာပဲ.."
စုဝေးနေသော ပါရမီရှင်များအားလုံး စိတ်ဓာတ်ကျသွားကြရ၏။ ပျမ်းမျှအားဖြင့် သူတို့သည် "ဘိုးဘေးသွေး အတတ်ပညာ" ကို နှစ်ပေါင်းတစ်သောင်းကျော် ကြာအောင် ကျင့်ကြံနေခဲ့ကြခြင်း ဖြစ်သည်။
အများစုမှာ တတိယ သို့မဟုတ် စတုတ္ထအဆင့်သို့သာ ရောက်ရှိကြသေး၏။ ပဉ္စမ သို့မဟုတ် ဆဋ္ဌမအဆင့်သို့ ရောက်သူများမှာ သူတို့၏ ကောင်းကင်ဘုံများ၌ မိစ္ဆာမျိုးဆက်များအဖြစ် သတ်မှတ်ခြင်း ခံရပေသည်။ နှင်းခဲဓားကဲ့သို့ စစ်မှန်သော ပါရမီရှင်များသာ အဋ္ဌမအဆင့်သို့ ရောက်ရှိနိုင်၏။
ဓားနက်ကမူ ကျော်လွှားရန် မဖြစ်နိုင်သော မြင့်မားသည့် တောင်ကြီးတစ်လုံးကဲ့သို့ပင်..။
"ဟွန်း.. ငါသာ မဟူရာချောက်ကမ်းပါး ဘိုးဘေးသွေး ရခဲ့ရင် ငါလည်း ဒသမအဆင့်ကို ရောက်ဖို့ အခွင့်အရေး ရှိမှာပဲ.."
နှင်းခဲဓား၏ လေသံမှာ ခါးသီးမှုတို့ဖြင့် ပြည့်နှက်နေလေ၏။
...........